Maha Mon Myat Say ta nar Philanthropy Association - Yangon

မဟာမွန်မြတ်စေတနာ သည် (အခမဲ့) လူမူ့ကူညီရေးအသင်းဖြစ်ပါသည်။
09-260477786, 09-260977786, 09-265077786

24/10/2022

ဟိန္ဒူဘာသာဝင်များ၏
မီးထွန်းပွဲတော် ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အခါသမယတွင်
မြန်မာပြည်သူ ပြည်သားများ ၊ ကမ္ဘာသူ ကမ္ဘာသားများ အပေါ်သို့
ငြိမ်းချမ်းသာယာမူအပေါင်း ကျရောက်ပါစေ။
ပျော်ရွှင်ချမ်းမြေ့စွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း ပြည့်စုံမူများရရှိပြီး
ဘေးအန္တရာယ်ကင်းဝေးစွာ စီးပွားလာဘ်လာဘတွေ ပေါများကြွယ်ဝပါစေကြောင်း
မဟာမွန်မြတ်စေတနာ ပရဟိတအသင်း (ရန်ကုန်) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။








#မဟာမွန်မြတ်စေတနာပရဟိတအသင်း_ရန်ကုန်

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 05/02/2021

အစိုးရဆေးရုံမှာ ကုသနေသည့် ဆေးရုံစာအုပ်ပါလျှင်
အောက်ပါ မြို့နယ်အတွင်းရှိ ဆေးခန်းများတွင်

ငွေကြေးတတ်နိုင်သူများ စာရိတ်မျှပေးစနစ်ဖြင့်

ငွေကြေးမတတ်နိုင်သူများ အခမဲ့ စနစ်ဖြင့်

ကုသပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်း

Photos from မဟာမွန်မြတ်စေတနာ ပရဟိတအသင်း - ရန်ကုန်'s post 30/12/2020
08/11/2020

🗣 🔴 #လူပျောက်ကြော်ငြာ 🔴

ကိုဟန်မြင့်
အသက် (၆၄)နှစ်
အမှတ် ၁၁၈/3လွှာ #မြန်မာ့ဂုဏ်ရည်လမ်း
#၉၁လမ်းနှင့် #မန္တလေးလမ်းအကြား #သျှီလာစတိုးအပေါ်ထပ် ၊ #မင်္ဂလာတောင်ညွန့်မြို့နယ် ၊ #ရန်ကုန်မြို့။

နေထိုင်သူသည် ပျောက်သည့်နေ့ ၅.၁၁.၂၀၂၀ နံနက် ၇း၁၅ အချိန်တွင် #ပန်းဆိုးတန်းလမ်းဘက်သို့ လမ်းလျှောက်ထွက်သွားရာ ယနေ့ချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိပါသဖြင့် ပျောက်ဆုံးနေကြောင်း မြို့မ ရဲစခန်းတွင် #လူပျောက်ကြောင်း တိုင်ချက်ဖွင့်ဆိုထားပြီး ဖြစ်ပါသည်။

ဆေးရုံများနှင့် သွားလာတတ်သည့်နေရာများသို့လဲ လိုက်လံရှာဖွေခဲ့ရာ မည်သည့် သတင်းမှမရရှိပါ ယနေ့တိုင် ဆက်သွယ်လာခြင်းမရှိပါသောကြောင့် သုံးစွဲသူ မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ် သို့မဟုတ် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခု ပို့စ်အား ပြန်လည်မျှဝေပေးခြင်းဖြင့် ပျောက်ဆုံးနေသူ၏ မိသားစုဝင်များအား တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။

ဦးတင်ဦး - 09970707373
တောင်ညွန့်စခန်း - 01-291034 / ( 199 )

#လူပျောက်ကြော်ငြာ
#မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း
#မင်္ဂလာတောင်ညွန့်
#မဟာမွန်မြတ်စေတနာ
#ပရဟိတအသင်း
-19





#လူပျောက်ကြော်ငြာ

ကိုဟန်မြင့်
အသက် (၆၄)နှစ်
အမှတ် ၁၁၈/3လွှာ #မြန်မာ့ဂုဏ်ရည်လမ်း
#၉၁လမ်းနှင့် #မန္တလေးလမ်းအကြား #သျှီလာစတိုးအပေါ်ထပ် ၊ #မင်္ဂလာတောင်ညွန့်မြို့နယ် ၊ #ရန်ကုန်မြို့။

နေထိုင်သူသည် ပျောက်သည့်နေ့ ၅.၁၁.၂၀၂၀ နံနက် ၇း၁၅ အချိန်တွင် #ပန်းဆိုးတန်းလမ်းဘက်သို့ လမ်းလျှောက်ထွက်သွားရာ ယနေ့ချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိပါသဖြင့် ပျောက်ဆုံးနေကြောင်း မြို့မ ရဲစခန်းတွင် #လူပျောက်ကြောင်း တိုင်ချက်ဖွင့်ဆိုထားပြီး ဖြစ်ပါသည်။

ဆေးရုံများနှင့် သွားလာတတ်သည့်နေရာများသို့လဲ လိုက်လံရှာဖွေခဲ့ရာ မည်သည့် သတင်းမှမရရှိပါ ယနေ့တိုင် ဆက်သွယ်လာခြင်းမရှိပါသောကြောင့် သုံးစွဲသူ မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ် သို့မဟုတ် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခု ပို့စ်အား ပြန်လည်မျှဝေပေးခြင်းဖြင့် ပျောက်ဆုံးနေသူ၏ မိသားစုဝင်များအား တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။

ဦးတင်ဦး - 09970707373
တောင်ညွန့်စခန်း - 01-291034 / ( 199 )

#လူပျောက်ကြော်ငြာ
#မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း
#မင်္ဂလာတောင်ညွန့်
#မဟာမွန်မြတ်စေတနာ
#ပရဟိတအသင်း
-19

27/09/2020
Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 07/08/2020

Please Share This Post

လူပျောက် ကြော်ငြာ

ဦးစောလှိုင် (ခ) စလင်း (စိတ်ဝေဒ နာရှင်)
အသက် ၆၂ နှစ်
၆.၈.၂၀၂၀၂၀ နေ့ နေအိမ်သိုပြန်လည်မရောက်ရှိပဲ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါကအ ကြောင်းကြား ပေးပါကြရန်အကူအညီ တောင်းခံပါတရ်
Public Share လေးလုပ်ပေးကြပါ
တွေ့ရှိပါက U Tun Hlaing 095105842ကို ဆက်သွယ်ပေးကြပါ..

08/07/2020

08.07.2020 (Ambulance Service) (1)
မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)၏ အ​ရေး​ပေါ်​လူနာတင်​ယာဉ်သည် .08.07.2020 ရက်နေ့​(07:30)AMအချိန်တွင်​အဆုတ်ရောဂါလူနာတစ်ဦးအား ၂၈လမ်းအထက်လမ်းရှိနေအိမ်မှ ကုတင် ၅၀၀ ဆေးရုံသို့ကူညီပို့​ဆောင်​ပေးခဲ့သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#မဟာမွန်မြတ်စေတနာ

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 07/07/2020

07.07.2020 (Ambulance Service) (1)
မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)၏ အ​ရေး​ပေါ်​လူနာတင်​ယာဉ်သည် .07.07.2020 ရက်နေ့​(03:00)PMအချိန်တွင်​ဦးခေါင်းခွဲစိတ်လူနာတစ်ဦးအား Y.G.H မှ သင်္ကန်းကျွန်းမြို့နယ်ရှိနေအိမ်သို့ကူညီပို့​ဆောင်​ပေးခဲ့သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#မဟာမွန်မြတ်စေတနာ

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 04/07/2020

05.07.2020 (Ambulance Service) (1)
မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)၏ အ​ရေး​ပေါ်​လူနာတင်​ယာဉ်သည် .05.07.2020 ရက်နေ့​(02:40)AMအချိန်တွင်​ လေဖြတ်လူနာတစ်ဦးအား စမ်းချောင်းမြို့နယ်သီရိလမ်းရှိနေအိမ်မှY.G.Hသို့ကူညီပို့​ဆောင်​ပေးခဲ့သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#မဟာမွန်မြတ်စေတနာ

15/06/2020

#အလ်ဟမ်ဒိုလ္လိာဟ်
၁၅.၀၆.၂၀၁၅ မှ စ၍ ယနေ့ ၁၅.၀၆.၂၀၂၀ ရက်နေ့ထိ #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)သည် အများပြည်သူမိဘများကို #မော်တော်ယာဉ်ဖြစ်အကူအညီပေးခဲ့သည်မှာ #၅နှစ်တာကာလပြည့်မြောက်သည့် နေ့လေးပဲ ဖြစ်ပါတယ်။

#မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)ဟာဆိုရင် ၂၀၁၀ခုနစ်က စတင်ပြီး မရှိဆင်းရဲသားများ၏နာရေးကိစ္စများကို တတ်စွမ်းနိုင်သလောက် စိတ်တူကိုယ်တူ နာရေးကူညီမူများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

၅နှစ်တာကာလအတွင်း ယုံကြည်ချက်အပြည့်ဖြစ် အလ္လာဟ်အရှင်မြတ်၏ အကူအညီဖြစ် #လူမျိုးဘာသာမရွေး ( #အခမဲ့) ကူညီမူပေးရန် #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) ရည်မှန်းချက်အတိုင်းခံယူချက်ချကာဆုံးဖြတ်၍ ကူညီမူများကို ပြည့်ပြည့်ဝဝ ကူညီပေးခဲ့သည့်အပေါ်ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ များမြောင်စွာ မထင်မှတ်ထားသည့် အကွယ်မှ အကူအညီများကို ရရှိခဲ့သည်။

#အလ္လာဟ်အရှင်မြတ်၏ကူညီမူကြောင့် #မဟာမွန်မြတ်စေတနာပရဟိအသင်း(ရန်ကုန်) သည် အများပြည်သူမိဘများအကူအညီလိုအပ်ချိန် အကျိုးဖြစ်ထွန်းစေခဲ့သည့် အသင်းအဖွဲ့ တစ်ခုအဖြစ် ရပ်တည်စေခဲ့ပြီး အများပြည်သူမိဘများ၏ ယုံကြည်မူရရှိစေကာ အချိန်တိုအတွင်း တိုးတက်အောင်မြင်စေခဲ့သည်။

#၅နှစ်တာ ကာလအတွင်း #လူငယ်များတည်ထောင်သော #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)တစ်ရှိန်ဟုန်းထိုး တိုးတတ်အောင်မြင်လာမူအပေါ် #မသမာသူများ၏ #ဖျက်လို့ဖျက်ဆီးခြင်း #အတိုက်အခိုက်ပေါင်းများစွာ #အနှောင့်အယှက်ပေါင်းများစွာ #အခက်အခဲပေါင်းများစွာ #ရန်လိုအမုန်းပွားမူပေါင်းများစွာ ကို #ဖန်ဆင်းရှင် #အလ္လာဟ်အရှင်မြတ်ဘက်တော်မှ #ရဲရဲဝံ့ဝံ့ ဖြတ်ကျော်စေခဲ့ပြီး #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)ကို ယနေ့တိုင်ထိ တည်တံခိုင်မာစေတော်မူခဲ့သည်။

#မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)တွင် ပရဟိတစိတ်ဓာတ်ရှိသော အများပြည်သူများအား ကူညီမူပေးခြင်းကလွဲ၍ မည်သည့်လိုးလာမူမှ မရှိသော #​စေတနာ့ဝန်ထမ်းများသာ အများပြည်သူများကို ပေးဆပ်ကူညီနေခြင်းဖြစ်ပါသည်။

ယနေ့တိုင် #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)မှ ပရဟိတစိတ်ဓာတ်ရှိ၍ လာရောက်ကူညီလိုသူများကို အစဉ်အမြဲ ကြိုဆိုလျက်ပါ။ #မည်သူ့ကိုမှအသင်းမှထုတ်ပယ်ထားခြင်းမျိုးမရှိပါ။

သို့သော် တစ်ချို့လာရောက် ကူညီခဲ့ကြသူများ အကြောင်းအမျိုးမျိုးကြောင့် အသင်းနှင့် ဝေးကွာသွားသူများလဲရှိပါတယ်။တစ်ချို့မှာ #မိသားစုအရေးကြောင့် ကူညီမူတွင် မပါဝင်နိုင်ကြတော့သလို တစ်ချို့ဟာဆိုရင် အသင်းတွင် #အချိန်ပေးခြင်းဟန်ဆောင်ကာ #အသင်း၏အောင်မြင်မူ #လျှိုဝက်ချက်များကို ​လေ့လားသင်ယူကာ အသင်းကို အကြောင်းပြချက်မရှိ မိမိတို့ ဆန္ဒအလျှောက် အသင်းမှ ရှောင်ဖယ်သွားကြသူများလဲ ရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ အသင်းနှင့်ဝေးကွာခဲ့သည်ရှိသော မိမိတို့၏ #လူသားအကျိုးပြုခြင်း ကိစ္စများကို မရပ်တန့်ဖို့ရန်တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ဆန္ဒအလျောက်အများပြည်သူမိဘများကို တဖက်တလမ်းမှ ကူညီနေသည်ကို သိရှိရပါက #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)မှ များမြောင်စွာ ဝမ်းသာပီတိဖြစ်ရပါကြောင်း အသင်းတွင်ရှိသူများကော် အသင်းမှ ဝေးကွာ၍ တဖက်တလမ်းမှ လူသားအကျိုးပြုနေသူများကို အလ္လာဟ်အရှင်မြတ်ဘက်တော်မှ #ထာဝရ ငြိမ်းချမ်းသာယာမူအပေါင်းနှင့် #သေတဖန်သက်ဆုံး #လူသားအကျိုးပြုခြင်းများကို လုပ်ဆောင်ရင် #ကျန်းမားရေးကောင်းမွန်စွာဖြင့် မိမိတို့၏ #လုပ်ငန်းများကို တိုးတက်​အောင်မြင်မူများ ပေးသနားတော်မူပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

ယခုလို #မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) တည်တံ့ခိုင်မာစေပြီး တိုးတက်အောင်မြင်မူများကို အကွယ်မှ အကူအညီပေးခဲ့သည် ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ကို များမြောင်းစွာ ကျေးဇူးတင်အပ်ပါတယ်။

အိုအလ္လာဟ်အရှင်မြတ် ယနေ့တိုင် အရှင်မြတ်ထိန်းသိမ်းကာကွယ်ပြီး စုစုစည်းစည်း ချစ်ချစ်ခင်ခင် စိတ်တူကိုယ်တူ အများပြည်သူမိဘများကို ကူညီမူ ပေးနေသောမိတ်ဆွေများအားလုံးကို ကေယာမသ်နေ့တိုင်အထိ ချစ်ချစ်ခင်ခင် စုစုစည်းစည်း နဲ့ မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)ကို (ကမ္ဘာပျက်သည့်နေ့အထိ) ကေယာမသ်နေ့တိုင်အထိ တည်တံခိုင်မြဲစေကာ အနှောက်အယှက်ပေါင်းမှန်သမျှကို ဖယ်ရှားပြီး အများပြည်သူမိဘများကို ကူညီမူများပေးနေသော အသင်းကြီးအဖြစ် ဆက်လက်ထိန်းသိမ်းကာကွယ်ရင် အကွယ်မှ အကူအညီများပေးသနားတော်မူပါလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#လေးစားစွာဖြင့်
Zaw MinHtun @ပရဟိတကိုကို
#မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) #၅နှစ်ပြည့် အမှတ်တရ

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 09/06/2020

08.6.2020(Ambulance Service) (1)
မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)၏ အ​ရေး​ပေါ်​လူနာတင်​ယာဉ်သည် 08.6.2020ရက်နေ့​ ည(11:00)PMအချိန်တွင် အသည်းရောဂါဝေဒနာရှင်လူနာတစ်ဦးအား အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက်ဝါဦးလမ်းနေအိမ် မှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ကူညီပို့​ဆောင်​ပေးခဲ့သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#မဟာမွန်မြတ်စေတနာ

#အရေးပေါ်လူနာတင်ယာဥ်

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 07/06/2020

🚑 အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းခြင်း 🚑
༺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺༻

#မဟာမွန်မြတ်စေတနာ #ပရဟိတအသင်း(ရန်ကုန်)တွင်
အများပြည်သူမိဘများ၏ ကျန်းမားရေး ကိစ္စများတွင်
အရေးပေါ်လူနာတင်ယာဉ်အဖြင့် အသုံးပြုနိုင်ရန်အတွက် Alphard အမျိုးအစား မော်တော်ယာဉ် (၂)စီးအား
အောက်ပါအလှူရှင်များ၏ မွန်မြတ်သောအလှူ

👉 #မော်တော်ယာဉ် (၀၁)
2006 (Silver) #မော်တော်ယာဉ် နှင့်
#မော်တော်ယာဉ်အတွင်းပိုင်းလိုအပ်သည့်ပစ္စည်းများပြင်ဆင်မူအတွက်

( #ကွယ်လွန်သူ - #ဟာဂျီမီရားဟ်(ခ)ဦးလှဝင်း)အား ရည်စူး၍ အမှတ်-၆၃ ၊ ၁၂၄လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကျန်ရစ်သူမိသားစု မှ
#အလှူငွေ - (၆,၀၆၈,၀၀၀/-)
( #သိန်းခြောက်ဆယ်ခြောက်သောင်းရှစ်ထောင်ကျပ်)
တန်ဖိုးရှိ် #အရေးပေါ်လူနာတင်ယာဉ်(၁)စီး လှူဒါန်း

👉 #မော်တော်ယာဉ် (၀၂)

🚑 2006 (White) #​မော်တော်ယာဉ်အတွက်
#အလှူရှင်တစ်ဦး မှ
#အလှူငွေ - (၅,၀၀၀,၀၀၀/-)
( #သိန်းငါးဆယ်ကျပ်)တန်ဖိုးရှိ
#အရေးပေါ်လူနာတင်ယာဉ်(၁)စီး လှူဒါန်း

2006 (White) #မော်တော်ယာဉ်အတွင်းပိုင်းလိုအပ်သည့်ပစ္စည်းများပြင်ဆင်မူအတွက်

1️⃣ (ကွယ်လွန်သူ - ဟာဂျီမ ဒေါ်အမီနာဘီ)အားရည်စူး၍ အမှတ်-၁၁၄ ၊ ၃၁လမ်း (အလယ်) ၊ ပန်းဘဲတန်းမြို့နယ်နေ ကျန်ရစ်သူမိသားစု မှ

#အလှူတော်ငွေ - (၁,၀၀၀,၀၀၀/-)
( #ဆယ်သိန်းကျပ်)

2️⃣ ဟာဂျီမ ဒေါက်တာဇူဗေဒါ
အမှတ်-၁၁၄ ၊ ၃၁လမ်း (အလယ်) ၊ ပန်းဘဲတန်းမြို့နယ် မှ

#အလှူတော်ငွေ - (၃၀၀,၀၀၀/-)
( #သုံးသိန်းကျပ်)

3️⃣ (ကွယ်လွန်သူ - ဟာဂျီ အဗ္ဗဒူလ်မာလစ်က် + ဟာဂျီမ ဖာသွေမာဟ်ဘီဘီ )အားရည်စူး၍ အမှတ်- ၉/၁၀ ၊ သိမ်ဖြူစျေးဖြတ်လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကျန်ရစ်သူမိသားစု မှ

#အလှူတော်ငွေ - (၂၀၀,၀၀၀/-)
( #နှစ်သိန်းကျပ်)

4️⃣ ကိုအောင်ဝင်း (ရေမွေးမြို့တော်)

#အလှူတော်ငွေ - (၂၀၀,၀၀၀/-)
( #နှစ်သိန်းကျပ်)

5️⃣ ကိုခင်မောင်စိုး

#အလှူတော်ငွေ - (၃၀၀,၀၀၀/-)
( #သုံးသိန်းကျပ်)

အထက်ပါ အလှူရှင်များ၏ မွန်မြတ်လှသော အလှူတော်ငွေများကို မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)မှ လက်ခံရရှိခဲ့ပါသည်။

ယခုကဲ့သို့ အများပြည်သူမိဘများ၏ ကျန်းမားရေးအတွက် အထောက်အကူဖြစ်စေဖို့ရန် တစ်ဖက်တစ်လမ်းမှ သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်ကူညီလှှူဒါန်းခဲ့ကြသည့် အလှူရှင်များအား မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ ထာဝရ ပိုမိုအောင်မြင်ပြီး လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါမှ ကင်းဝေးပြီး ကျန်းမားရေးကောင်းမွန်စွာဖြင့် လူမူရေးကိစ္စရပ်များတွင် ယခုထက် ဆထက်ထမ်းပိုး ပါဝင်လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ယခုကဲ့သို့ မော်တော်ယာဉ်များ ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှ ပါဝင်ကူညီခဲ့သူ တစ်ဦးချင်စီအားလည်းကောင်း၊ အသင်းသူအသင်းသားများ နှင့် ကျေးဇူးတင်ထိုက်သူများအားလုံး အား ကျနော်များ မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။


#မဟာမွန်မြတ်စေတနာပရဟိတအသင်း
#အရေးပေါ်လူနာတင်ယာဉ်
#မော်တော်ယာဉ်
#မွန်မြတ်အလှူ
#ပရဟိတအသင်း

#ကမ္ဘာ့ကပ်ရောဂါဆိုးကြီး


🚑 အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းခြင်း 🚑
༺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺༻

#မဟာမွန်မြတ်စေတနာ #ပရဟိတအသင်း(ရန်ကုန်)တွင်
အများပြည်သူမိဘများ၏ ကျန်းမားရေး ကိစ္စများတွင်
အရေးပေါ်လူနာတင်ယာဉ်အဖြင့် အသုံးပြုနိုင်ရန်အတွက် Alphard အမျိုးအစား မော်တော်ယာဉ် (၂)စီးအား
အောက်ပါအလှူရှင်များ၏ မွန်မြတ်သောအလှူ

👉 #မော်တော်ယာဉ် (၀၁)
2006 (Silver) #မော်တော်ယာဉ် နှင့်
#မော်တော်ယာဉ်အတွင်းပိုင်းလိုအပ်သည့်ပစ္စည်းများပြင်ဆင်မူအတွက်

( #ကွယ်လွန်သူ - #ဟာဂျီမီရားဟ်(ခ)ဦးလှဝင်း)အား ရည်စူး၍ အမှတ်-၆၃ ၊ ၁၂၄လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကျန်ရစ်သူမိသားစု မှ
#အလှူငွေ - (၆,၀၆၈,၀၀၀/-)
( #သိန်းခြောက်ဆယ်ခြောက်သောင်းရှစ်ထောင်ကျပ်)
တန်ဖိုးရှိ် #အရေးပေါ်လူနာတင်ယာဉ်(၁)စီး လှူဒါန်း

👉 #မော်တော်ယာဉ် (၀၂)

🚑 2006 (White) #မော်တော်ယာဉ်အတွက်
အလှူရှင်တစ်ဦး မှ
#အလှူငွေ - (၅,၀၀၀,၀၀၀/-)
( #သိန်းငါးဆယ်ကျပ်)တန်ဖိုးရှိ
#အရေးပေါ်လူနာတင်ယာဉ်(၁)စီး လှူဒါန်း

2006 (White) #မော်တော်ယာဉ်အတွင်းပိုင်းလိုအပ်သည့်ပစ္စည်းများပြင်ဆင်မူအတွက်

1️⃣ (ကွယ်လွန်သူ - ဟာဂျီမ ဒေါ်အမီနာဘီ)အားရည်စူး၍ အမှတ်-၁၁၄ ၊ ၃၁လမ်း (အလယ်) ၊ ပန်းဘဲတန်းမြို့နယ်နေ ကျန်ရစ်သူမိသားစု မှ

#အလှူတော်ငွေ - (၁,၀၀၀,၀၀၀/-)
( #ဆယ်သိန်းကျပ်)

2️⃣ ဟာဂျီမ ဒေါက်တာဇူဗေဒါ
အမှတ်-၁၁၄ ၊ ၃၁လမ်း (အလယ်) ၊ ပန်းဘဲတန်းမြို့နယ် မှ

#အလှူတော်ငွေ - (၃၀၀,၀၀၀/-)
( #သုံးသိန်းကျပ်)

3️⃣ (ကွယ်လွန်သူ - ဟာဂျီ အဗ္ဗဒူလ်မာလစ်က် + ဟာဂျီမ ဖာသွေမာဟ်ဘီဘီ )အားရည်စူး၍ အမှတ်- ၉/၁၀ ၊ သိမ်ဖြူစျေးဖြတ်လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကျန်ရစ်သူမိသားစု မှ

#အလှူတော်ငွေ - (၂၀၀,၀၀၀/-)
( #နှစ်သိန်းကျပ်)

4️⃣ ကိုအောင်ဝင်း (ရေမွေးမြို့တော်)

#အလှူတော်ငွေ - (၂၀၀,၀၀၀/-)
( #နှစ်သိန်းကျပ်)

5️⃣ ကိုခင်မောင်စိုး

#အလှူတော်ငွေ - (၃၀၀,၀၀၀/-)
( #သုံးသိန်းကျပ်)

အထက်ပါ အလှူရှင်များ၏ မွန်မြတ်လှသော အလှူတော်ငွေများကို မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်)မှ လက်ခံရရှိခဲ့ပါသည်။

ယခုကဲ့သို့ အများပြည်သူမိဘများ၏ ကျန်းမားရေးအတွက် အထောက်အကူဖြစ်စေဖို့ရန် တစ်ဖက်တစ်လမ်းမှ သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်ကူညီလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ ထာဝရ ပိုမိုအောင်မြင်ပြီး လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါမှ ကင်းဝေးပြီး ကျန်းမားရေးကောင်းမွန်စွာဖြင့် လူမူရေးကိစ္စရပ်များတွင် ယခုထက် ဆထက်ထမ်းပိုး ပါဝင်လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ယခုကဲ့သို့ မော်တော်ယာဉ်များ ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှ ပါဝင်ကူညီခဲ့သူ တစ်ဦးချင်စီအားလည်းကောင်း၊ အသင်းသူအသင်းသားများ နှင့် ကျေးဇူးတင်ထိုက်သူများအားလုံး အား ကျနော်များ မဟာမွန်မြတ်စေတနာပရဟိတအသင်း(ရန်ကုန်) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။


#မဟာမွန်မြတ်စေတနာပရဟိတအသင်း
#အရေးပေါ်လူနာတင်ယာဉ်
#မော်တော်ယာဉ်
#မွန်မြတ်အလှူ
#ပရဟိတအသင်း

#ကမ္ဘာ့ကပ်ရောဂါဆိုးကြီး

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 30/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၎။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။

25/11/2019

MMMST NEW PROJECT...

Photos from Maha Mon Myat Say ta nar Philanthropy Association - Yangon's post 01/10/2019

၂၀၂၀ခုနှစ်တွင် မဟာမွန်မြတ်စေတနာ ရဲ့ လုပ်ဆောင်ချက်ခြေလှမ်း အသစ်ကတော့ #လူမျိုးဘာသာမရွေး #မိဘမဲ့ကလေးများ နှင့် #ဘိုးဘွားများအတွက် #ပရဟိတဂေဟာ တစ်ခုကို ရန်ကုန်-နေပြည်တော် လမ်းမကြီး မိုင်တိုင် ၁၅မိုင်၎ဖာလုံ (ရွှေပြည်အေးဘုရားအနီး) တွင် စတင်အကောင်အထည်ဖော် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မြေနေရာအတွက် လှူဒါန်း လိုသူများ
အဆောက်အအုံအတွက် လှူဒါန်း လိုသူများ

မဟာမွန်မြတ်စေတနာပရဟိတအသင်း (ရန်ကုန်) ရုံးခန်းသို့ ရုံးချိန်အတွင်း လာရောက် လှူဒါန်းနိုင်ပါသည်။

အမှတ် ၈၈ / ၉၀ ၊ ဒုတိယထပ် ၊ ၃၁လမ်း အောက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။
၀၉၂၆၀၄၇၇၇၈၆ ၊ ၀၉၂၆၀၉၇၇၇၈၆


#မဟာမွန်မြတ်စေတနာပရဟိတအသင်းအမြန်လမ်း၁၅မိုင်၎ဖာလုံ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11141

Other Retirement & Assisted Living Facilities in Yangon (show all)
L Naung L Naung
Yangon, 654321

Happy Baby

Shwe Myay Carton Box & Tissue Production. Shwe Myay Carton Box & Tissue Production.
Chaung Tar Street
Yangon

Daily use tissue supplying and carton box for packing your goods

Ma Shwe Eaint Online Shopping - Yangon Ma Shwe Eaint Online Shopping - Yangon
Yadanar Street, Kamayut Township
Yangon

Fair Price and Good Quality

Thida daiwee Thida daiwee
No 18 Eaindanilar St Kyaikkasan Street Bahan Tsp
Yangon, 100000