Aye Chan Moe-အညာမြေ online shop

Aye Chan Moe-အညာမြေ online shop

အညာမြေရှားစောင်းလက်ပတ်ချက်ဆေးပင်ရင်းဈေးအတိုင်း‌၊မြောက်ဒဂုံကိုယ်စားလှယ်09786257251/
09958537842

09/04/2024

အပူဒဏ်နဲ့နှလုံး

ဒီလို ရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်မှာ ကျွန်တော်တို့ နှလုံးကလည်း ပုံမှန်ထက် သွေးတွေညှစ်ပို့ အလုပ်ပိုလုပ်ရပါတယ်။ အရေပြားကို သွေးပိုရောက်ဖို့ ခန္ဓာကိုယ် အေးအောင် ချွေးထွက်များစေပြီး ထိန်းညှိရပါတယ်။ ဒီလို အပူချိန်ထိန်းညှိဖို့ ဟန်ချက်ညီညီ မလုပ်နိုင်တော့ဘူး ဆိုရင်တော့ တခြား ကိုယ်တွင်း အင်္ဂါ တွေ ထိခိုက်ပြီး အန္တရာယ်များတဲ့ heat stroke လို ခေါ်တဲ့ အပူရှပ်ဝေဒနာ ခံစားရမှာ ဖြစ်ပါတယ်။ နှလုံး ညှစ်အား မကောင်းတဲ့ ဝေဒနာရှင်တွေ ပုံမှန် လူတွေထက် ပိုဂရုစိုက်ရပါမယ်။

အပူရှိန် (> 40.5 C ) ထက် ပိုလာရင်တော့ ပုံမှန် လူတွေရော ၊တခြားရောဂါ အခံ ရှိသူများပါ အပူဒဏ် ကြောင့် နောက်ဆက်တွဲများ ဖြစ်နိုင်ပါပြီ။ အားလုံးဂရုပြုရပါတော့မယ်။

ဘယ်သူတွေ ပိုဖြစ် အန္တရာယ် ပိုများလဲ

၇၅ နှစ် အထက် အသက်အရွယ်ကြီးတဲ့သူတွေနဲ့ အရမ်းငယ်တဲ့ ကလေး တွေ မှာ စိတ်ပူရပါတယ်။ နှလုံး ရောဂါ ရှိသူများသာမက နာတာရှည် ရောဂါ ရှိတဲ့သူတွေ ဥပမာ ကျောက်ကပ်ရောဂါ ၊သွေးချို နဲ့ အာရုံ ကြော မကောင်းတဲ့ သူတွေလည်း အန္တရာယ် များသူများ ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာတွေ ပြမလဲ

heat exhaustion အပူရှပ်တဲ့ အစပိုင်းအဆင့်မှာတော့ ချွေးအများကြီး ထွက်မယ် ။နောက် ကိုယ်လက် အရေပြား အေးစက်လာမယ် ၊ နှုံးမယ်၊ ပျို့တာ မူးချင်လာတာ တွေ ဖြစ်လာပါမယ်။
နောက် heat stroke အဆင့်ဖြစ်လာရင်တော့ အဖျားတက်လာမယ်၊ပူမယ် အရေပြားခြောက် ချွေးမထွက်တော့၊ ရီဝေဝေ ဖြစ်မယ်၊ ပျို့ အန်၊ အာရုံ ရှုတ်ထွေးပြီး သတိလစ်တော့ မှာ ဖြစ်ပါတယ်။ အချိန်မှီ မကုသနိုင်ရင် သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ

ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ချွေးထွက်များစေတဲ့ အလုပ်နဲ့ လေ့ကျင့်ခန်းတွေ ရှောင်ကြဉ်ရပါမယ်။

ရေနဲ့ ဓာတ်ဆားရည် လုံလုံလောက်လောက် ရေငတ်တိုင်း ချွေးထွက်များတိုင်း သောက်သုံးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးများ ဥပမာ ဖရဲသီး နဲ့ အသီးဖျော်ရည်များလည်း သောက်လို့ရပါတယ်။

အရက်နဲ့ ကော်ဖီ ရှောင်ကြဉ်သင့်ပါတယ်။

အေးတဲ့ အရိပ်ရတဲ့ နေရာတွေကို ရွေးချယ် နေရပါမယ်။

အရောင်ဖျော့တဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေ ရွေးချယ် ဝတ်သင့်ပါတယ်။ အရောင်ရင့်ရင့် သည် အပူစုပ်ယူမူ့များပြီး အရောင်ဖျော့ အထူးသဖြင့် အဖြူရောင်သည် အရောင်ပြန်စေပါသည်။ အဲ့ဒါမှ ခန္ဓာကိုယ်ရဲ့ အပူထိန်း စနစ် မှန်ကန်စွာ လုပ်ဆောင်နိုင်ပြီး ချွေးထုတ်အပူလျော့အောင် ထိန်းညှိတာ အဆင်ပြေမှာ ဖြစ်ပါတယ်။

နှလုံးရောဂါဝေဒနာရှင်တွေ ဒီကာလ ဘာတွေ ထူး ဂရုစိုက်ရမလဲ

နှလုံးသွေးကြောကျဉ်း လူနာများ အောင့်ရင် ရှုတဲ့ ငုံတဲ့ GTN ( nitrate) ဆေးများက အပူရှပ်နေတဲ့ အချိန်တွေမှာ သွေးပေါင်ပိုကျ စေပြီး မူးဝေတာ ဖြစ်စေတတ်သဖြင့် ဂရုစိုက်သောက်သုံးကြပါ။

နှလုံးခုန်နှုန်း ထိန်းညှိဖို့ နှေးအောင် ပေးထားတဲ့ (beta blocker ) ဆေးသောက်သုံးနေသူတွေဟာ အပူရှိန် ထိန်းညှိတဲ့ ဇီဝ လှုပ်ရှားမူ့တွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အတွက် အပူ မရှပ်အောင် ဂရုပြုရပါမယ်။

နှလုံး ညှစ်အားနည်း လူနာများသည် ပုံမှန်အားဖြင့် ရေဓာတ် ထိန်းညှိနိုင်ဖို့ ခန္ဓာကိုယ်မှာ ရေပိုလျှံမူ့ မဖြစ်စေရေး အတွက် ဆီးဆေးများ ပေးထားခြင်း၊ သောက်ရေကို ၁ လီတာ ၂ လီတာ ထက် ပို မသောက်ရန် စသဖြင့် မှာကြားထားသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပူတဲ့ဒီကာလမှာတော့ ကုသပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဥပမာ အားဖြင့် ပူပြင်းတဲ့ ချွေးထွက်များတဲ့နေ့တွေမှာ ဆီးဆေးများ လျော့သောက်ခြင်း၊ ရေနဲ့ ဆားဓာတ် လိုအပ်ပါက ဖြည့်တင်း သောက်သုံးနိုင်ရန် အရေးကြီးပါတယ်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ပါစေ။

ဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)

# short note on hot weather, heat stroke and heart #
#အညာမြေonlineshop

09/04/2024

Morning 🙏🙏🙏

#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 08/04/2024

သိပ်လှတာလည်း အနိစ္စပါပဲ🥰
ဆေးဗူးလေးတွေက လှတယ်လို့❤️❤️
#အညာမြေonlineshop
#လက်လီလက်ကားကိုယ်စားလှယ်ကြီး

08/04/2024

အထက်အညာ မကွေးမြို့🥰🥰
နွေရာသီနှင့် အညာဒေသအလှအပများ♥️♥️

#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 08/04/2024

#အစာကြေစေ #အူသန့်စေ
#ဝမ်းကိုက် #ဝမ်းလျှော #ဝမ်းချုပ် #ဆီးပိုးဝင် သက်သာစေတဲ့ဘူးသီး

အပူငြိမ်းစေတယ်

ဘူးသီးက ခန္ဓာကိုယ် အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချွေး တအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။

နှာခေါင်း သွေးလျှံတာ၊ ဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးသီး စားပေးလို့ရပါတယ်။

အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်

ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ အူမကြီး ကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဝမ်းကိုက်နေတဲ့အခါ ဘူးသီးဖျော်ရည်ထဲကို ဆားနည်းနည်းထည့်ပြီး သောက်ပေးပါ။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဘူးသီးက အစာကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။

ဝိတ်ကျစေတယ်

ဘူးသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးသီးမှာ ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးသီး တစ်စိတ်စာကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

နှလုံး ကျန်းမာစေတယ်

ဘူးသီးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဘူးသီးမှာ ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆာင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

ရေဓာတ် ဖြည့်ပေးတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးသီးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြား အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးသီးက ကြွက်သားတွေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဘူးသီးလေးက ပေးတဲ့ ကျန်းမာရေး

စားလို့ အရသာရှိတဲ့ ဘူးသီးလေးက

အပူငြိမ်းစေတယ်

ဝိတ်ကျစေတယ်

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်

အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်

နှလုံး ကျန်းမာစေတယ်

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ရေဓာတ် ဖြည့်ပေးတယ်
#ဘူးသီး
#အညာမြေonlineshop
Crd
မြန်မာတိုင်းရင်းဆေး

08/04/2024

💠 အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

💠 တကယ်လို့ လူတယောက်ဟာ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။

💠 ရေကိုလုံလောက်စွာ မသောက်တဲ့အခါ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတခေါက်တော့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း အကြောင်း ပြောပြပေးချင်ပါတယ်။

💠 အမျိုးအစား-၂ ဆီးချိုရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနိုင်သလို ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်း အမျိုးအစား-၂ ဆီးချိုရောဂါပိုမိုဆိုးရွားစေနိုင်တယ်ဆိုတဲ့ သဘောပါ။

💠 အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

💠 ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့ အရည်ပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်ပါတယ်။

💠 Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) က ဆီးချိုရောဂါကို ဘယ်လိုဆိုးရွားစေသလဲ။

💠 ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ခန္ဓာကိုယ်ကဆုံးရှုံးမှုပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓာတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။

💠 ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းပါးလာတဲ့အခါမှာ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ကြွက်သားတွေဆီကို သွေးလုံလောက်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအချက်ဟာ အမျိုးအစား-၂ ဆီးချိုရောဂါကို ပိုမိုဆိုးရွားစေရာမှာ အရေးပါတဲ့အချက်တချက်ဖြစ်ပါတယ်။

💠 မိမိမှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုဖြစ်တာဟာ အလွန်အန္တရာယ်များတဲ့ ပြဿနာတခုဖြစ်ပါတယ်။

💠 Dehydration ကြောင့် သွေးဖိအားလျော့ကျလာချိန်မှာ ခန္ဓာကိုယ်မှာ Norepinephrine နဲ့ Epinephrine တို့လို Stress Hormones တွေ ထွက်ရှိလာတတ်ပါတယ်။

💠 အဆိုပါ ဟိုမုန်းတွေဟာ သွေးတွင်းသကြာပမာဏကို မြင့်မားသွားစေတာမို့ ဆီးချိုသမားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်လာတာပါ။ ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားလာချိန်တွေမှာ လူတွေဟာ ဆီးပိုသွားတတ်ကြပါတယ်။

💠 ဒီအချက်ကလည်း ရေဓာတ်ဆုံးရှုံးစေတဲ့အချက်တခုဖြစ်ပြီး ဆီးပိုသွားလေလေ ရေဓာတ်ဆုံးရှုံးလေလေဖြစ်သလို၊ ရေဓာတ်ဆုံးရှုံးလေလေ သွေးတွင်းသကြားပမာဏ ပိုမြင့်မားလာလေလေဖြစ်ကာ အဆိုးကျော့သံသရာ (Vicious Cycle) တခုပမာ သံသရာလည်နေတတ်ပါတယ်။

💠 Dehydration ဟာ အဖြစ်များတဲ့ ရောဂါလား

💠 Dehydration ဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နေ့စဉ် အသက်ရှူထုတ်လိုက်တဲ့ လေ၊ နေ့စဉ်ထွက်နေတဲ့ ချွေး၊ ဆီး၊ ဝမ်းတွေမှာ ရေဓါတ်တွေ ပါသွားလေ့ရှိပါတယ်။

💠 တကယ်လို့များ အဲ့ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိဘူးဆိုရင် ရေဓာတ်ဆုံးရှုံးမှုဝေဒနာကို ခံစားရပါလိမ့်မယ်။

💠 သင့်ခန္ဓာကိုယ်မှာ Dehydration ဖြစ်နေပြီဆိုရင် အောက်ပါ ရောဂါ လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။

💠 ရေဓာတ်ဆုံးရှုံးခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့

- ရေအလွန်အမင်းငတ်ခြင်း

- မူးဝေခြင်း (သို့) အထိုင်အထတွင် မိုက်ခနဲဖြစ်ခြင်း

- ရင်တုန်ခြင်း

- ဆီးနည်းလာခြင်း

- အာခေါင်ခြောက်ခြင်း

- ဆီးအရောင်ရင့်ခြင်း(အဝါရောင်ရင့်ရင့်)

- ကြွက်သားများအားနည်းခြင်း

- အရေပြားခြောက်သွေ့ခြင်း စတာတွေဖြစ်ပါတယ်။

💠 ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ပေါင်းစပ်သွားတဲ့အခါ

ရေဓာတ်ဆုံးရှုံးမှုဟာ မွေးကင်းစ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားပါတယ်။

💠 ဆီးချိုဝေဒနာခံစားနေရပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေ၊ ကိုယ်ကာယကို အားပြုပြီး အလုပ်လုပ်ကိုင်သူတွေ၊ ကျောက်ကပ်ရောဂါရှိသူနဲ့ အရက်စွဲသူတွေဟာ Dehydration မဖြစ်အောင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။

💠 အကြောင်းကတော့ ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ ပေါင်းစပ်မိပြီဆိုရင် အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးမှုကို ဦးတည်သွားတတ်တာကြောင့်ပါ။

💠 Journal Diabetologia ရဲ့ ဖော်ပြချက်တွေအရ ရေဓာတ်ဆုံးရှုံးမှုကြောင့် ဆီးချိုဝေဒနာပိုမိုဆိုးရွားလာမယ်ဆိုရင် ပုံမှန်ထက် ၂.၄ နှစ်ကနေ ၄ နှစ်အထိ ပိုမိုစောလျင်စွာ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

💠 ဒါ့အပြင် ဆီးချိုဝေဒနာသည် ၅ ဦးမှာ ၁ ဦးနှုန်းဟာ ရေဓာတ်ဆုံးရှုံးမှုနဲ့ဆက်နွယ်ပြီး အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းစပ်မိသွားတာဟာ အလွန်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

💠 ဒါကြောင့် မိမိမှာ ဆီးချိုဝေဒနာခံစားနေရတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် သတိပြုနေထိုင်ရမှာဖြစ်ပြီး Dehydration ဖြစ်နေတယ်လို့ ယူဆလာရင်လဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောပြီး အမြန်ဆုံးကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။
Credit to Helloဆရာဝန်
#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 08/04/2024

တားဆေးအရှိန်တွေကြောင့်ရာသီထိန်နေလား❓

ရာသီလာချိန်ကိုက်ခဲနေလား❓

ကလေးရဖို့ခက်ခဲနေလား❓

ဘာမှမပူနဲ့❌လပိုင်းအတွင်း

ကလေးရမြန်တဲ့အညာမြေချက်ဆေးကိုစားပါ💥

တစ်ဗူး 8️⃣5️⃣0️⃣0️⃣ကျပ်

#အညာမြေonlineshop

08/04/2024

Morning 🙏🙏🙏
လာဘ်လာဘတွေ လာကြ၊ လာဘ်လာဘတွေ လာကြ ✨

လုပ်ငန်းတစ်ခုမစတင်ခင် ရွတ်ဖတ်ပူဇော်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ မြေကြီးလက်ခတ်မလွဲ တိုးပွားလာစေပါလိမ့်မယ်ရှင် 🙏

#အညာမြေonlineshop

07/04/2024

လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်
အဓိကလိုအပ်ချက်ဟာ ကိုယ်ချင်းစာတရားပါပဲ။

ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ဖြစ်တော့မှ
စာနာပါလို့ အော်ခိုင်းတာမဟုတ်ဘူး။
သူ့နေရာမှာ ကိုယ်သာဆိုရင်ဘယ်လိုနေမလဲဆိုပြီး
မလုပ်ခင် ကြိုတွေးစေချင်တာပါ။

ဘုရားကို ဘယ်လောက်လှူလှူ
တရားဘယ်လောက် ထိုင်ထိုင်
ကိုယ်ချင်းစာတရား မရှိဘူးဆိုရင်
အဲဒီလူဟာလူပိုသာဖြစ်ပြီး အလကားလူသာဖြစ်တယ်။

ငပိဆားမရှိတာ ဝယ်လို့ရတယ်။
အသိတရားမရှိတာ ဝယ်လို့မရဘူး။
ငပိဆားပါမှ ဟင်းအရသာရှိသလို
အသိတရားရှိမှလူ့ဘဝဟာ တန်ဖိုးရှိတယ်။

လူထုဒေါ်အမာ

#အညာမြေonlineshop

07/04/2024

အမျိုးသမီးထုကြီးရေ ...
ရာသီထိန်နေတာ ပေါ့သေးသေးလို့ ထင်နေကြတုန်းလား ?

အညာမြေ ချက်ဆေးက တာဝန်ယူဖြေရှင်းပေးမှာပါ

သဘာဝစစ်စစ် မြန်မာ့ချက်ဆေးမို

ဘေးထွက်ဆိုးကျိုး ကင်းစင်စွာနဲ့

လစဥ်ရာသီမှန်ဖို့အတွက်ဆိုရင်

အညာမြေချက်ဆေးကို

ညစဥ်ပုံမှန်စားပေးဖို့တော့ လိုပါမယ်

သဘာဝစစ်စစ်ဆေးဖက်ဝင် ပစ္စည်းများ နှင့်

ရှေးမြန်မာနည်းအတိုင်း
အချိုးကျကျ ဖော်စပ်ထားသည့်အပြင်

ဓာတ်ခွဲစစ်ဆေးမူထောက်ခံချက် ရရှိပြီး

မှတ်ပုံတင်အမှတ် (၅ စက ၀၀၃၆၃) ဖြင့်

ဖြန့်ဖြူးနေသော
ရှေးမြန်မာတိုင်းရင်းဆေး 🌿 စစ်စစ် ဖြစ်ပါသည် ။

#အညာမြေonlineshop
#အညာမြေ
#အုန်းတစ်လုံးဆေး
#ရှားစောင်းလက်ပတ်ယို
#ရှားစောင်းလက်ပတ်ချက်ဆေး
#လက်လီလက်ကားကိုယ်စားလှယ်ကြီး

07/04/2024

၂/၃ လ လောက်ထိန်နေတဲ့ရာသီ

အညာမြေ ၇ရက်စားပြီး ပြန်ပေါ်လာခဲ့ပြီ😘
#အညာမြေonlineshop

07/04/2024

💠 ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု

💠 လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။

💠 အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအရ လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Credit to original uploader
#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 07/04/2024

Morning
မြသိန်းတန်စေတီ(မင်းကွန်း)💛

မင်းကွန်းမြသိန်းတန်ဘုရား ဖူးမျှော်ရင်း🙏
ရှုခင်းအလှအပများနှင့် ဓာတ်ပုံရိုက်လို့လဲကောင်း😍

Thet Htet Tan(photo credit)
#အညာမြေonlineshop

06/04/2024

ပူပြင်းလှတဲ့ နွေရာသီမှာ "
အပူဒဏ်မခံနိုင်သူများ" အတွက်
______________________

ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ “
ဆရာသာဂဒိုး” ရဲ့ နည်းလေးပါ။
ကျန်းမာတဲ့ လူတွေအတွက်တော့
သိပ်မသိသာပေမယ့် မကျန်းမာသူ ၊
အသက်ကြီးသူများအတွက်တော့
အလွန်သိသာပါတယ်။

ဆေးနည်းလေးက -

ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “
ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက
ရေနွေးကြမ်းကို ကျကျလေးနှပ် ၊
ုပြီးရင် လုံး၀, အေးသွားတဲ့ အထိ
အအေးခံထား။ နေ့လည်လောက်ဆို
သောက်လို့ရပြီ။ နေ့လည် အပူချိန်တက်နေတဲ့
အချိန်မှာ ရိုးရိုးရေမသောက်ဘဲ
အဲဒီ ရေနွေးကြမ်း အအေးကိုသာ
သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။

နေပူထဲမှာ ကားမောင်းနေရတဲ့
ဒရိုင်ဘာတွေလည်း မနက်ကတည်းက
ဒီလို ရေနွေးကြမ်း အအေးကို
ရေသန့်ဗူးလေးနဲ့ (၂)ဗူး (၃)ဗူးလောက်
ထည့်ထား။ ရိုးရိုးရေအစား
အဲဒါဘဲသောက်ကြည့်။
ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။

တစ်ခုသတိထားရမှာတော့
လဘ္ဘက်ခြောက်ကိုတော့
သိပ် အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။
တော်ကြာ ဆိုးဆေးတွေထပ်ဆိုးပြီး
အကြံအဖန်လုပ်ထားတဲ့ လဘ္ဘက်ခြောက်
အတုတွေနဲ့ တွေ့သွားပြီး “ဆေးမဖြစ်ဘဲ၊
ဘေးလည်းဖြစ်သွားဦးမယ်”။

ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ “
ရေခဲရေ” ပါဘဲ။ သောက်လိုက်တဲ့
ခဏတော့ အေးသွားသလို ရှိပေမယ့်
နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊
အဆင်မသင့်ရင် ဆီး၀မ်းပါချုပ်ပြီး ၊
ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။
လည်ချောင်းတွေ နာလာမယ်။
အာသီးတွေ ရောင်လာမယ်။
ချောင်းတွေ ဆိုးလာမယ်။
မျက်စေ့တွေ ဝေလာမယ်။

အသက်ငယ်သူတွေ ၊
ကျန်းမာရေး ကောင်းသူတွေတော့
မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့
ကျန်းမာရေး မကောင်းသူတွေအတွက်တော့
ဒီလောက်ပူပြင်းတဲ့ ရာသီမှာ “ရေခဲရေ” ဟာ
သိပ်အန္တရာယ် ကြီးပါတယ်။

နောက်ထပ် အပူငြိမ်းစေတဲ့
အစားအစာတစ်ခုလည်း
တင်ပြချင်ပါသေးတယ်။
အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ “
ထန်းလျှက်” ပါ။ “ထန်းလျှက်” ဟာ
အခုလို ပူပြင်းတဲ့ ရာသီမှာ
တကယ်စားသင့်တဲ့ အစာတစ်ခုပါ။
ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့
သက်စောင့်ဓာတ်ဖြစ်တဲ့ “၀မ်းမီး” ကို
အလွန်မှန်စေပါတယ်။ ချိုတာခြင်း
တူပေမယ့် “သကြား” “ကြံသကာ”
တွေနဲ့ မတူပါဘူး။

ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့
နေပူထဲက ပြန်လာရင် ရေမသောက်ခင်
ထန်းလျှက် တစ်လုံးနှစ်လုံးကို
အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့
ရှိပါတယ်။ ထန်းလျှက်ဟာ ကိုယ်တွင်း
အပူမီးကို ငြိမ်းစေတာကြောင့်
အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး
မဖြစ်စေဘူးလို့ ဆိုပါတယ်။ အပူလျှပ်ပြီး
ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီခေတ်မှာကလည်း
ထန်းလျှက်ဆိုတာ ကလေးတွေ
မစားကြတော့ဘူးခင်ဗျ။
(ကျွန်တော့် သားသမီးတွေဆို
ချော့ကျွေးကျွေး/ခြောက်ကျွေးကျွေး ,
ကျွေးလို့မရပါဘူး။ သားသမီးကို
မိဘ မနိုင်တဲ့ခေတ်)

“ထန်းလျှက်”မှာလည်း အရောင်ဖြူနေတဲ့
ထန်းလျှက်တွေဟာ အာနိသင် သိပ်မရှိဘူး။
အနီရောင်ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ
အာနိသင် ရှိပါတယ်။ ရန်ကုန်မှာတာ့ ဒီလို
ထန်းလျှက်မျိုး ရှာလို့ခက်ပါတယ်။
သိမ်ကြီးစျေး တစ်ဝိုက်မှာတော့ ရှိတတ်ပါတယ်။

ဒါကတော့ အပူဒဏ်ကို မခံနိုင်သူများ နဲ့
အပူဒဏ်ကို ကာကွယ်လိုသူများ
အတွက် ပို့စ်လေးတစ်ခုပါ။
အပူမကြောက်လည်း မကြောက် ၊
ရေခဲရေလည်း အလွန်ကြိုက်သူများအတွက်တော့
အကျိုးရှိမည် မဟုတ်ပါ။ ကျန်းမာချမ်းသာကြပါစေ။

မှတ်ချက်
———-
အပူဒဏ်ကြောင့် ချွေးများအရမ်းထွက်ပြီး
မောပန်းနွမ်းနယ်မှု များလွန်း နေလျှင် “
ဓာတ်ဆား” ရည် သောက်ရန် လိုပါလိမ့်မည်။
ဓာတ်ဆားရည်သည် “၀မ်းသွားမှ
သောက်ရန်မဟုတ်ပါ” ။
အပူဒဏ်ကြောင့်ပင်ပန်းနွမ်း
နယ်လွန်းလျှင်လည်း သောက်သင့်ပါသည်။
သွေးတိုးရှိသူများအတွက်တော့ ဆရာ၀န်နှင့်
တိုင်ပင်ပြီးမှသောက်ပါ။ ထန်းလျှက်ကလည်း
ဆီးချိုရှိသူများ သင့်တော်မည် မဟုတ်ပါ။ “
ရေနွေးကြမ်းအေး” ကတော့
မတည့်သည့်ရောဂါ မရှိသောကြောင့်
အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

#အညာမြေonlineshop

Credit: ဒေါက်တာတင်ဗိုလ်ဗိုလ်

06/04/2024

💠 ဝမ်းသွားရင် အမျှင်ဓာတ်မပါဘဲ ဝမ်းညှစ်ပြီး အိမ်သာအကြာကြီး ထိုင်ရလို့ လိပ်ခေါင်းဖြစ်သူများ၊ ဘာဆေးသောက်သောက် ဝမ်းချုပ်နေသူများအတွက် နည်းလမ်းကောင်း

💠 ရုံပတီသီး ပုံမှန်ဆိုဒ်နှစ်တောင့်ကို လေးခြမ်းခွဲ၍ ရေနွေးထဲစိမ်ပြီး ညအိပ်ခါနီးသောက်ပါ။

💠 ရုံပတီသီးအစေ့ကို စစ်ထုတ်ပြစ်ပါ။

💠 နေတိုင်းလုပ်သောက်ပါ။

💠 နှစ်တောင့်မရရင် သုံးတောင့်စိမ်သောက်ပါ။

💠 ဖြစ်နိုင်ရင် ရုံပတီသီး နုနုလေးရွေးစားပါ။ ဆော့ချဥ်နဲ့ တို့စားပါ။

💠 လုံးဝထူးခြားလာပါလိမ့်မယ်..
ဝမ်းချုပ်တာ သက်သာရုံမက ခြေထောက်ဒူးတွေညောင်းကိုက်တာ ချဉ်ဆီအားနည်းတာလည်း လုံဝသက်သာလာတယ်။ တပတ်လောက်ဆို သိသာလာပါတယ်။

💠 အရည်ကောအဖတ်ကော စားရပါတယ် ရုံပတီသီးကို နှစ်နာရီ၊ သုံးနာရီကြိုက်တဲ့ချိန် ကြိုပြီးစိမ်လို့ရပါတယ်။ တနေကုန်စိမ်လည်းရပါတယ်။ အဓိကက အရည်ပျစ်ဖို့နဲ့ ရုံပတီသိီး ပျော့ရင်ရပါပြီ။ ရေများများသောက်ပေးပါ။
Credit to original uploader
#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 06/04/2024

မင်မင်ရဲ့ နှိုးစက် ကမောင်အားမာန်ပါ😆
အိမ်က အားမာန်က သူ အီးပါ သေးပေါက် ချင်ရင်
လူကို လာနှိုးပီ
ခြင်ထောင်ဘေး ငုပ်တုပ်ထိုင်ပီး အပြင်သွားဖို့ လာအော်တော့တာပဲ
#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 06/04/2024

Morning 🙏🙏🙏
စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ ဗောဓိတစ်ထောင်နှင့် ရပ်တော်မူဘုရားကြီး
#အညာမြေonlineshop

Photos from Aye Chan Moe-အညာမြေ online shop's post 05/04/2024

🌿🥗မန်ကျည်းရွက်ထောင်း စိမ်းစိမ်းလေးနေဖို့🥗🥗🌿

💛ဆားကို အရင်ထောင်းရတာလေးက အသက်ပါ

💚အချဉ်နဲ့ပတ်သတ်တာတွေလုပ်စားရင် သံထည်ပစ္စည်းများ
အသုံးမပြုသင့်ပါ (မဲသွားစေနိုင်သောကြောင့်)
အရမ်းကြိုက်တဲ့ အစားအစာလေး🥰

#အညာမြေonlineshop

05/04/2024

❌ အတင့်မရဲလိုက်လေနဲ့ ❌

လူတွေရဲ့သဘောသဘာဝဟာ မလုပ်နဲ့ဆိုတဲ့အရာကိုမှ ပိုပြီးလုပ်ချင်စိတ်ပြင်းပြကြပါတယ်

အဲ့လိုပဲ
#အမျိုးသမီးတွေဟာလည်း

ရာသီလာနေချိန် (2-7)ရက်အတွင်းမှာ
#ခေါင်းမလျှော်နဲ့ ဆိုတဲ့စကားကို လိုက်နာဖို့တော်တော်ခက်ခဲကြပါတယ်

Period Time ဟာစိတ်ရှုတ်စရာကောင်းတော့ #စိတ်ရှင်းသွားအောင်ခေါင်းလျှော်ပစ်မယ်ဆိုတဲ့ အတွေးနဲ့

#လစဉ်ခေါင်းလျှော်နေကြတဲ့အမျိုးသမီးတွေ ဒုနဲ့ဒေးပါပဲ

ခုခေါင်းလျှော် #ခုဘာမှမဖြစ်ဘူးလို့
ပေါ့ပေါ့တွေးလို့ရပေမယ့်

#အခန့်မသင့်ရင်

✅ သွေးခဲပြီး သေသွားတာမျိုးတွေဖြစ်နိုင်ပါတယ်
✅ ပါးတစ်ခြမ်းရွဲ့/လေဖြတ်သွားတာမျိုးတွေလည်း ကြုံရတတ်ပါတယ်
✅ အသက်ကြီးလာချိန်မှာလည်း အာရုံကြောထိန်းချုပ်မှုအားနည်းပြီးခေါင်းတုန်တတ်ပါတယ်

#ဒါကြောင့်မပေါ့ဆသင့်ပါဘူး

❌ လုံးဝ အတင့်မရဲသင့်ပါဘူး ❌

ဥစ္စာ ကံ စောင့်
အသက် ညဏ် စောင့် ဆိုတဲ့ စကားလို

💛 မိမိရဲ့ကျန်းမာရေးကို မိမိကိုယ်တိုင်စောင့်ရှောက်မှသာ သက်ရှည်ကျန်းမာလှပနိုင်မှာဖြစ်ပါတယ်💛

#ရာသီချိန်ပြီးဆုံးမှသာပျော်ပျော်ပါးပါးခေါင်းလျှော်ပစ်လိုက်ပါနော်.


#အညာမြေonlineshop

05/04/2024

ဒီနေ့မှာ ကံကောင်းခြင်းတွေ ရောက်လာမှာမို့
အမြင်မတော်တာတွေ မြင်ရကြားရရင်
ဝေဖန်မိတာတွေ ဒေါသထွက်ဆဲဆိုမိတာတွေ
လျော့ချကြရအောင်...

ကောင်းသောအတွေး
ကောင်းသောစကားလုံးတွေနဲ့
ဒီနေ့တစ်ရက်လောက် နေကြည့်ကြရအောင် 💙🌿


#အညာမြေonlineshop

05/04/2024

ချုပ်နာတွေပျောက်ပြီး မှန်လာစေဖို့

အညာမြေကို နေ့စဥ်မှီဝဲစို့...

#အညာမြေonlineshop
#လျှားစောင်းလက်ပတ်ချက်ဆေး

05/04/2024

“ရေအကျိုး( ၁၀ )ပါး၊ မတောင်းဘဲပြည့်ပါတယ်” ရေဆာနေသူကို ရေလှူပါ 🤍

#အညာမြေonlineshop

05/04/2024

“နမောတဿ ဂါထာတော်ကြီး” ကို နေ့စဥ် တစ်နေ့( ၉ )ကြိမ် ရွတ်ဖတ်ပူဇော်ပေးပါ 🙏

မမြင်အပ်တဲ့ ဘေးရန်များမှ ကာကွယ်ပေးပြီး နတ်ကောင်းနတ်မြတ်များရဲ့ အကာအကွယ်အစောင့်အရှောက်ကို မလွဲဧကန်ရရှိပါလိမ့်မယ်ရှင် ✨

#အညာမြေonlineshop

#လျှားစောင်းလက်ပတ်ချက်ဆေး

Photos from Aye Chan Moe-အညာမြေ online shop's post 04/04/2024

page မှာ အညာမောင်ကိုတောင် သေချာ မ run ရသေးဘူးလေ
😁😁
အညာမောင်က pre orderနဲ့ လာဝယ်နေကြပီ

#အညာမြေonlineshop

04/04/2024

ကလေးမွေးပြီး သွေးသားပြောင်းလဲမူကြောင့်

သွေးသားပုံမှန်မဖြစ်သော ခလေးမေမေတို့အတွက်

အညာမြေလေးကအမြဲအသင့်ရှိနေပါတယ်ရှင့်

#အညာမြေonlineshop
#လျှားစောင်းလက်ပတ်ချက်ဆေး

04/04/2024

နေချင်သလို မနေရလို့
စိတ်ညစ်မနေပါနဲ့..

ဖြစ်ချင်တိုင်း ဖြစ်မလာလို့
စိတ်လည်တိုမနေပါနဲ့..

လုပ်ချင်သမျှ ရည်မှန်း ထားသမျှ
ဖြစ်မလာလို့ လည်း ဝမ်းနည်းမနေပါနဲ့..

လိုတိုင်းတ .,,တာရနေမယ်
ဖြစ်နေမယ်ဆိုရင်
လောကမှ...ဒုက္ခ ဆိုတာရှိလာမှာတောင်မဟုတ်တော့ဘူး၊

#ပန်းပျိုးလက် (NSM)
#အညာမြေonlineshop

04/04/2024

မကြောင့်မကြ၊ မတောင့်မတနေချင်ရင် “သမ္ဗုဒ္ဓေ” ကို အမြဲရွတ်ဖတ်ပါ 🙏🙏🙏

#အညာမြေonlineshop

03/04/2024

အညာနွေ ပူပြင်းလှပေမယ့်🌴🌹🌹
စကားပြောရင် အညာအကြောင်းမပါမပြီး
အညာမှာ သာယာတယ်ပြောရင် ကြည်နူးရပါတယ်

လွှမ်းဆွတ်တမ်းတ အောက်မေ့လျှက်

#အညာမြေonlineshop

03/04/2024

ရာသီလာချိန် ကိုက်ခဲတာ သက်သာတဲ့အပြင်

လေအောင့် ဝမ်းချုပ်တာကိုပါ သက်သာစေတဲ့

အညာမြေလျှားစောင်းလက်ပတ်ချက်ဆေး

#အညာမြေonlineshop
#လျှားစောင်းလက်ပတ်ချက်ဆေး

03/04/2024

သူငယ်ချင်း
ငါခင်ပြီဆိုရင်
စိတ်ရောကိုယ်ပါ ခင်တတ်တာမို့
မင်းအပေါ်ယုတ်မာမှာကို
ဘယ်တော့မှ မစိုးရိမ်ပါနဲ့ သူငယ်ချင်း
📖📖📖📖📖📖📖📖📖
ငါ့ဘက်က
အေးတိအေးစက်နိုင်တဲ့အခါ နိုင်မယ်
ဒါပေမယ့် မင်းသိထားပါ ...

ငါခင်ပြီဆိုရင်
အပေါ်ယံ ဟန်ဆောင်မှုတွေ မပါ
ရင်ထဲက စိတ်ရင်း နဲ့သာ
ပေါင်းတတ်သူ တစ်ယောက် ဆိုတာကို

*နောက် တစ်ခုလည်း
မင်း သိထားပါ
သူများ ချစ်ခင်နေ သူတွေကြား
ဘယ်တော့မှ ငါသွေး ဝင်မခွဲဘူး
ကိုယ့်ကို ပိုခင်လာ အောင်လည်း
နည်းလမ်း တွေသုံး ငါ မလုပ်တတ်ဘူး

*မင်း လိုအပ်တဲ့ အခါ ...
ငါ မင်းအနား နေပေးမယ် ...
အားပေးမယ် ...
နှစ်သိမ့်မယ် ...
မင်းမှီဖို့အတွက် ငါ ပခုံးငှားပေးမယ် ...

*ဒါပေမယ့် မင်းအတွင်းရေးတွေကို
ငါ့ နားနှစ်ဖက် အပြင်
တစ်ခြားလူ ထပ်မကြား စေရဘူး

*ဒါ့ကြောင့် ငါ့ကို ခင်နေပြီဆို
စိတ်ချ လက်ချ
မင်း ရင်ဖွင့် နိူင်ပါတယ်

*ငါလည်း လူသား တစ်ယောက်ပါ
ငါ စိတ်တိုတဲ့အချိန် ရှိမယ်
ဝမ်းနည်း အားငယ်တဲ့ အချိန် ရှိမယ်

*တခါတလေ ငါ့ဘက်က
လိုအပ်မှုတွေ ရှိ လာခဲ့ ရင်လည်း
မင်းပြန်နားလည်ပေးပါ သူငယ်ချင်း

*ငါ တို့တတွေ
ဟိုး ဘဝ နေဝင်ချိန်တွေ ထိ
နားလည်မှု
ခင်မင်မှု တွေနဲ့ တူတူ ...
ဆက်ခင်မင်
သွားကြရအောင်နော် သူငယ်ချင်းချင်း
သူငယ်ချင်းကောင်းများကိုMt ပြီးပိုမိုခင်သွားကြပါစေ..............

#အညာမြေonlineshop

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အထက်အညာ မကွေးမြို့🥰🥰နွေရာသီနှင့် အညာဒေသအလှအပများ♥️♥️#အညာမြေonlineshop
Reviews ပေးမယ်ပေးမယ်နဲ့ မပေးဖြစ်နေတာလေးမချယ်စားတာ ၄ ဘူးကျော်ပြီရာသီလာချိန်တိုင်း ဗိုက်မနာတဲ့အပြင်ဝမ်းလည်း နေ့တိုင်းမှန်တ...
🚫 ရာသီထိန်ခြင်း🚫 ရာသီလာချိန် နာကျင်ကိုက်ခဲ ခြင်း🚫 အဖြူဆင်းခြင်း🚫 ရာသီ မမှန်ခြင်း🚫 အနံ့ဆိုးထွက်ခြင်းမိန်းမကိုယ်  နဲ့🚫 အပူ...
အမျိုးသမီးလေးတွေ ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာသက်သာအောင် ဘယ်လိုလုပ်ရမလဲ✅ရှောင်ရန်များ✅#အညာမြေonlineshop #လျှားစောင်းလက်...
လက်လီလက်ကား အားပေးနိုင်ပါတယ်။📢📢ဆီး၊ဝမ်း၊သွေး၊လေမှန်ပီး အစဉ် ကျန်းမာ နုပျိုဖို့အညာမြေကို ဆောင်ထားစို့နော်Fresh dateတွေပါရ...
မအိပ်နိုင်အောင်ကို အရမ်းဝမ်းသာသွားလို့ပါရှင့်၅ နှစ်တောင် ကလေးမရတဲ့အမအညာမြေ ၃ ဘူး စားပြီးအခု ကလေးရသွားပြီဆိုပီးဖောင်ဖောင်...
အညာမြေ 🤎 ချစ်သူတို့အတွက် အထူးသတင်းကောင်း 🌿🌿ဖောင်ဖောင်ရဲ့ vedioကို အဆုံးထိ ကြည့်ပေးနော်#အညာမြေonlineshop
𝐋𝐨𝐜𝐚𝐥 𝐁𝐫𝐚𝐧𝐝စစ်စစ်တောရွာလေးက ထုတ်တဲ့ အညာမြေ🔥ဒီလောက် အများကြီးထုတ်ရမယ်လို့ဘယ်သူထင်မလဲ⁉️တောရွာက လူငယ် လူရွယ်အားလုံးရဲ့ကြိုး...
ရာသီ ထိန်နေသူတွေ ရှိလား ⁉️အရေးပေါ်တားဆေး ကြောင့်ရာသီ မမှန်သူတွေ ရှိလား ⁉️တားဆေး အမျိုးမျိုးကြောင့် ရာသီ 🩸မမှန်သူတွေအတွက်...
မေမေတို့အတွက် အညာမြေ🤎ချက်ဆေး#အညာမြေonlineshop #အညာမြေလျှားစောင်းလက်ပတ်ချက်ဆေး
အညာသူမို့ အညာရဲ့ ဓလေ့ အညာ‌ရဲ့ အငွေ့အသက်လေးတွေ အညာ‌ ဒေသရဲ့ အလှတရားတွေကို ချစ်မြတ်နိုးတယ်။♥️♥️#အညာမြေonlineshop #crd
အခုလို အစစအရာရာ ကုန်ဈေးနှုန်းတွေ တတ်နေချိန်မှာ70000 ဆိုတဲ့ပိုက်ဆံက သုံးလိုက်ရင် ဘာမှ အသုံးမခံဘူးနော် 😏😏😏ဒါပေမဲ့ အမျိုးသမ...

Category

Telephone

Website

Address

North Dagon
Yangon