Emerald Green Technology
One Stop Solution for Extra Low Voltage, Solar & Electrical System. We provide estimating & costing,
စမ်းချောင်း ဝေဠုဝံလမ်းမှာနေတဲ့ မိတ်ဆွေ အစ်ကို အတွက် 1000W Low Frequency အင်ဗာတာ တစ်လုံး၊ Blue Sun 12V, 200Ah GEL battery တစ်လုံးတို့ကို အိမ်အရောက် ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီအစ်ကိုက သူ့မှာ Installation အဖွဲ့ရှိပြီးနေတော့ သူကိုယ်တိုင် ကြီးကြပ်ပြီး ကိုယ်တိုင်ဆင်မှာပါတဲ့။
ဒီအစ်ကို အသုံးပြုချင်တာက သူ့ Design ဆွဲရင်သုံးတဲ့ PC နဲ့ မော်နီတာတစ်စုံ၊ အိမ်မှာရှိတဲ့ Lighting တချို့လောက်ကို မီးပျက်နေချိန် ၄ နာရီလောက် ဆက်တိုက် အသုံးပြုချင်တာပါ။
သူအသုံးပြုချင်တဲ့ Watt Load နဲ့ ကျတော်တို့ တွဲဆပ်ပေးထားတဲ့ အင်ဗာတာ+battery အတွဲလေးက အဆင်ပြေပြေနဲ့ သွားသွားနိုင်ပါလိမ့်မယ်။
Felicity မှ Felicity ဆိုတဲ့ မန္တလေးက မိတ်ဆွေအတွက် 51.2V, 100Ah battery လေးတစ်လုံးကို သေချာစစ်ဆေးပေးပြီး၊ ကားဂိတ်ချလို့ မန္တလေးကို ပို့ပေးခဲ့ပါတယ်။
20kVA Growatt 3 Phase Inverter ကို Solar Panel 39 ချပ် (3 Strings) နဲ့ တပ်ဆက်ထားတဲ့ စက်ရုံမှာ Testing and Commissioning လုပ်ပေးဖြစ်တုန်းလေး မှတ်တမ်းတင်ထားတာ။
ဆိုလာအင်ဗာတာ အမျိုးအစား ၃ မျိုးရှိတဲ့ အထဲက ဒီ Inverter လေးက On Grid Inverter ဆိုတော့ မီးလာမှ အလုပ်လုပ်မှာ ဖြစ်ပြီး၊ မီးပျက်ချိန်မှာတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် နေ့လည်ဖက် နေရောင် ရှိချိန်မှာ မီးလာ နေလဲ ဆိုလာအချပ်က ထုတ်တဲ့ လျှပ်စစ်ကိုပဲ ထုတ်သုံးစွဲမှာမို့ မီတာခ အများကြီးသက်သာ သွားနိုင်ပါတယ်။
နောက်ပြီး ကိုယ်တပ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံမှာ load အသုံးပြုစရာ မရှိတဲ့ အချိန်တွေမှာ (အလုပ်ပိတ်ရက် သို့ နားရက်တွေမှာ ) တခြားလိုအပ်တဲ့ နေရာတွေကို ပြန်ပေးသုံး (ရောင်းချ) နိုင်ပါမယ်။
နေ့လည်ဖက်မှာ Watt load အသုံးများပြီး၊ ညဖက် အသုံးမရှိတဲ့ စက်ရုံတွေ၊ ရုံးခန်းတွေ အတွက် အထူးသင့်လျှော်တဲ့ system တစ်ခုပါပဲ။
5kW Growatt Inverter က ၂လုံး၊ Jinko 555W Solar Panel က အချပ် ၂၀၊ Felicity 51.2V 200Ah Lithium Battery က ၂ လုံး။
သုံးချင်တာက 1.5HP အဲကွန်းက ၃ လုံး၊ 2HP အဲကွန်းက ၁ လုံး၊ တံခါး ၂ ချပ် ရေခဲသေတ္တာ ၁ လုံး၊ Laptop နဲ့ PC ၁၀ လုံးကျော်ကို ရုံးချိန်ဖြစ်တဲ့ တစ်နေ့ ၈ နာရီ လောက်ဆက်တိုက် သုံးချင်တာပါ။
အဲ့ဒါနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်ကြပြီး အပေါ်က Set ကို တပ်ပေးဖြစ်သွားပါတယ်။
တပ်ပြီး ၃ ရက် ၄ ရက်လောက် သုံးကြည့်လိုက်တာ မှန်းထားတဲ့ အချိန်အတိုင်း အသုံးပြုလို့ ရတယ်လို့ Customer ဆီက Feedback ပြန်ရတော့ ကျွန်တော်တို့ တပ်ဆင်ပေးရတာ ၀မ်းသာပီတိ ဖြစ်ရပါတယ်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
ဒီ Project ကတော့ တပ်ဆင်ဖူးသမျှဆိုဒ်တွေထဲမှာ အမှတ်တရ အဖြစ်ဆုံးပါပဲ။
ဘာလို့ဆိုတော့ ဘားအံ ခရီးကအပြန် ရန်ကုန်အရောက် အိမ်ကိုတောင် မ၀င်ရသေးပဲ တိုက်ရိုက်သွားပြီး တပ်ဆင်ပေးခဲ့ရလို့ပါ။
မီးပျက်ချိန်မှာ အဲကွန်းမသုံး၊ အိမ်မီးနဲ့ ရေခဲသေတ္တာ၊ TV ကြည့်၊ ဝိုင်ဖိုင်အသုံးလောက်ပဲလိုတာ ဆိုတော့ Schneider Electric ရဲ့ Homaya brand 1500VA နဲ့ Aokley တံဆိပ် 12V 200Ah, GEL Battery ၂လုံးတို့ကို တပ်ဆင်ပေးခဲ့ပါတယ်။
Inverter က customer choice ဖြစ်ပြီးတော့ battery ကတော့ GEL ထဲမှာ Deep Cycle ဖြစ်ပြီးအာမခံ ကောင်းတဲ့ Aokley တံဆိပ်ကို ကျတော်တို့ အကြံပြုတပ်ဆင် ပေးခဲ့တာပါဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
ဒီရက်ပိုင်း ပိုစ့်တွေသိပ်မတင်ဖြစ်တာ ခရီးတွေသွားနေ Installation တွေနဲ့ နည်းနည်းရှုပ်နေလို့ပါ။
ကရင်ပြည်နယ် ဘားအံမြို့မှာ အဲကွန်း ၂ လုံးကို တလှည့်စီ ဖွင့်ချင်တယ်ဆိုလို့ 3.5kVA MUST Inverter, 555W Jinko Solar ၂ ချပ်၊ Livguard 12V 200Ah Battery ၂ လုံးတို့ကို တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
အသွားအပြန်ခရီးကတော့ စွန့်စားခန်းလေးတွေ နည်းနည်းပါတယ်ပေါ့။
ဧည့်၀တ်ကျေပွန်လွန်းတဲ့ အိမ်ရှင် အစ်ကိုနဲ့ အစ်မကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ ဆောက်လက်စ လုံးခြင်း ၂ထပ်တိုက်သစ် ဆိုဒ်ထဲမှာ တပ်ဆင်ထားတဲ့ CCTV cameras တွေကို ၂၄ နာရီ မီးမပျက် ရရှိစေဖို့ power back up system အနေနဲ့ One HIS brand 1000W Inverter နဲ့ True Power Tall Tubular 12V 200Ah တစ်စုံကို မှာယူအားပေးတဲ့ အစ်ကို ချောချော 😁 ဆီကို ပို့ဆောင်ပေးဖြစ်ခဲ့ပါတယ်။
ပို့ပဲ ပို့ပေးပါ၊ ကျန်တာ ကိုယ့်ဟာကို ဆင်မယ်ဆိုလို့ အမြန်ဆုံးဖြစ်အောင် delivery လုပ်ပေး ခဲ့လိုက်ပါတယ်။
တပ်ဆင်ပြီးမှ ဆင်ထားတဲ့ ပုံလေးတွေ ပို့ပေးလို့ ကြည့်မိိပြီး၊ အဆင်ပြေပြေဖြစ်နေတော့ ၀မ်းသာရပါတယ်။ 🙂
ခုလို နေ့မကူး ချက်ချင်းအလောတကြီး အားပေးတဲ့ အစ်ကိုကြီး ကျေးဇူးပါဗျ။ 🙃
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
မြေနီကုန်း Dragon Centre အနောက်ဖက် ရှမ်းကုန်းလမ်းမှာနေတဲ့ အစ်ကို ချောချောရဲ့ တိုက်ခန်း အိမ်မှာ One တံဆိပ် 1000W Inverter + Aokly တံဆိပ် 12V, 200Ah GEL battery တစ်စုံကို တပ်ဆင်ပေးခဲ့ပါတယ်။
အိမ်ရှင်အစ်ကိုက တစ်အိမ်လုံးမှာ ရှိတဲ့မီးလုံး၊ မီးချောင်းတွေ၊ ရေခဲသေတ္တာ တစ်လုံး၊ TV+အောက်စက် တစ်စုံ၊ ပန်ကာ ၃ လုံးတို့ကို သုံးချင်တယ်ဆိုလို့ မီးလိုင်းပါ တခါတည်း ခွဲပေးခဲ့ပါတယ်။
ဒီ Project မှာ မှတ်မှတ်ရရကတော့ အိမ်ခန်းက ၆ လွှာမှာဆိုတော့ အရင် တစ်ခေါက်ကလို လက်မောင်းတွေ ကြီးလာမှာ ဆိုးလို့ Battery ကို လူငှားနဲ့ တင်ခဲ့ရတာပါပဲ 😂 ။
ဧရာ၀တီတိုင်း ဖျာပုံမြို့မှာ အိမ်မီးချောင်း၊မီးလုံး၊ ရေခဲသေတ္တာ၊ မတ်တပ်ရပ် ပန်ကာ နဲ့ TV+Satellite box တို့ကို တွဲသုံးချင်တယ်ဆိုလို့ Luminous 1400VA အင်ဗာတာ နဲ့ True Power 12V, 150AH Tall Tabular Battery အတွဲအဆပ်ကို တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
ခုတော့ ညဖက် မီးပျက်ချိန်မှာ အရင်လို အမှောင်ထဲ ထိုင်နေစရာ မလိုတော့ပဲ ပန်ကာလေးဖွင့်ပြီး TV ကို စိတ်အေးချမ်းသာ ကြည့်နေနိုင်ပြီဗျ။
အခုတပ်ဆင်ပေးခဲ့တဲ့ ကုန်ကျစရိတ် က Inverter နဲ့ Battery ၂ ခုပေါင်းကိုမှ ၉ သိန်းလောက်ပဲ ကျပါတယ်။
Luminous Inverter က India made ဖြစ်ပြီးတော့ True Power Tall Tubular Battery ကတော့ China made ပါ။ ၂ ခုစလုံးကို အာမခံ ၁ နှစ်ပေးပေးထားပါတယ်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
အင်းစိန်မြို့နယ် ပေါက်တော၀ မှတ်တိုင်နားက လုံးခြင်းတိုက်အိမ်မှာ နေတဲ့ သဘ်ောသား အစ်ကို က ခြံ၀န်းအတွင်းဖွင့်တဲ့ မီး၊ တစ်အိမ်လုံးမှာ ရှိတဲ့ မီးသီး၊ မီးချောင်း၊ ရေခဲသေတ္တာ၊ TV+ အောက်စက်၊ ပန်ကာ နဲ့ အင်တာနက် Router တို့ကို မီးပျက်နေတဲ့ အချိန်မှာ သုံးချင်လို့ Livfast Inverter (1100VA) နဲ့ Battery (12V, 200Ah) အတွဲအဖက်လေးကိုတပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
အိမ်မှာ တပ်ဆင်ထားတဲ့ DB box ထဲမှာ Lighting, လိုအပ်တဲ့ Power outlet တွေကို Inverter အောက်ထဲ ထည့်ပေးခဲ့ပြီး၊ A/C နဲ့ မလိုအပ်တဲ့ Power socket တွေကိုတော့ EPC တိုက်ရိုက်နဲ့ change breaker ခံပြီး မီးလိုင်းခွဲတဲ့ အလုပ်ကိုပါ တခါတည်း လုပ်ခဲ့ပေးလိုက်ပါတယ်။
အထက်က တပ်ဆင်တဲ့ အတွဲအဆက်ရဲ့ ကုန်ကျ စရိတ်က တပ်ဆင်ခအပြီး အစီးကို ၁၁ သိန်းခွဲလောက် ကျပါတယ်ဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
Myanmar Red Cross Society ရဲ့ မှာယူချက် အရ လိုအပ်နေတဲ့ Luminia 2.5kVA Inverter တစ်လုံး၊ Aokly 12V, 200Ah battery ၂ လုံး၊ Prolink 1.5kVA UPS ၁ လုံး၊ Aver Video Conference Camera ၁ လုံးတို့ကို သွားရောက် ပို့ဆောင်ပေးဖြစ်ခဲ့ပါတယ် ရှင့်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
ကျတော်တို့ 3.5kVA Inverter တပ်ဆင်ပေးထားတဲ့ ရုံးခန်းနဲ့ အိမ်တွဲဖွင့်ထားတဲ့ လှိုင်မြို့နယ် တိုက်ခန်းမှာ ဆိုလာတပ်ချင်တယ် ဆိုလို့ တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
တိုက်ခန်းဆိုတော့ ဆိုလာကို တိုက်ရဲ့ အပေါ်ဆုံး Roof top ခေါင်မိုးမှာ တပ်မှ အဆင်ပြေမှာမို့ (ခေါင်မိုးက လူ၀င်ပေါက်ပဲ ရှိတာ) Bluesun 585W ၂ ချပ်ကိုခေါင်မိုးပေါ် ခက်ခက်ခဲခဲတင်ပြီး တပ်ဆင်ပေးခဲ့ပါတယ်။
အခုတော့ ခုလို ပူအိုက်တဲ့ အချိန် မနက်နဲ့ နေ့လည်ဖက်မှာ အဲကွန်း တစ်လုံးကောင်းကောင်း ဖွင့်နိုင်သွားပြီပေါ့။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
Livfast tall Tubular battery အားပေးသွားတဲ့ လှိုင်မြို့နယ်က အစ်ကို ကို Emerald Green Technology မိသားစုမှ ကျေးဇူးတင်ရှိပါတယ်။
Battery မ၀ယ်ခင်မှာ ဆွေးနွေးတိုင်ပင်မှုများစွာလုပ်ပေးခဲ့၊ အစတည်းက ရင်းနှီးမှု ရှိနေပြီးသား ဆိုတော့ ငြင်းခုံမှုလေးတွေလဲ ပါတာပေါ့။ ရှိပြီးသား Inverter နဲ့တွဲစပ်ပြီး သုံးချင်တဲ့ Load နဲ့ကိုက်ညီမဲ့ Battery type နဲ့ Brand ပေါင်းစုံ၊ Ampere အကြီးအသေး ပေါင်းစုံကို အချိန်တစ်ခုယူ ဆွေးနွေးတိုင်ပင် ငြင်းခုံကြပြီးနောက် Livfast Tubular နဲ့ စိတ်တိုင်းကျစွာ ၀ယ်ယူအသုံးပြုနေပါပြီ။
ခုလို မိမိတပ်ဆင်ချင်တဲ့ အင်ဗာတာ၊ ဆိုလာ စနစ်တွေကို လိုအပ်ချက်နဲ့ ကိုက်ညီအောင် စိတ်တိုင်းကျ ဆွေးနွေးတိုင်ပင်ချင်တယ် ဆိုရင် ကျွန်တော်တို့ Emerald Green Technology ကို Hello သာ လုပ်လိုက်ပါခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
အခုချက်ချင်း ဖုန်းဆက် ချက်ချင်း လာပို့ခိုင်းပြီး နေ့ချင်းအပြီး ဆင်ခိုင်းတဲ့ ကျောက်မြောင်း အသောကလမ်းက အစ်ကို့အတွက် ကျတော်တို့ Installation team က စေတနာပါပါနဲ့ တပ်ဆင်ပေးခဲ့ပါတယ်။
တပ်ဆင်ပေးခဲ့တာကတော့ 1200W Inverter ကို 100Ah GEL type battery လေးပေါ့။
မီးချောင်းနဲ့ မီးသီးတွေ ဖွင့်မယ်၊ TV ကို အချိန် အနည်းငယ် ကြည့်မယ်၊ WiFi Router စက်သုံးမယ်၊ ဒီလောက်ပဲဆိုလို့ ကျတော်တို့ ရွေးပေးထားသော သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အတွဲအဆက်လေးပါ။
အခုလိုအားပေးတဲ့ အတွက် Emerald မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
တောင်ဥက္ကလာမြို့နယ် ဓမ္မရာဇာ လမ်းမှာ ရှိတဲ့ IT သင်တန်းကျောင်း တစ်ခုမှာ 1200W Pure Sine Wave Inverter နဲ့ 200Ah GEL type battery တစ်စုံကို တပ်ဆင်ပေးခဲ့ပါတယ်။
သုံးချင်တာက 55" Smart TV ၂ လုံး၊ သင်တန်းခန်းမမှာ ရှိတဲ့ lighting နဲ့ Probable air cooler တစ်လုံး၊ ရံဖန် ရံခါ ဖွင့်မဲ့ မတ်တပ်ရပ် ပန်ကာ ၁ လုံး၊ WiFi Router စက်တစ်လုံး တို့ပဲဖြစ်ပါတယ်။
လိုအပ်တဲ့ မီးလိုင်းတွေက ဒါးမိန်းနဲ့ ခွဲပြီးသား ဆိုတော့ ကျတော်တို့ Installation အဖွဲ့အနေနဲ့ အလုပ်သိပ်မများရတော့ဖူးပေါ့။
ခုလို အားပေးတဲ့ သင်တန်းကျောင်း ဆရာ၊ အစ်ကို့ ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ် ဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
1200W Inverter နဲ့ Tall Tubular 100Ah battery တစ်စုံ ၀ယ်ယူအားပေးသွားတဲ့ Installer အဖွဲ့ကို ကျတော်တို့ Emerald Green မိသားစုမှ ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။
Customer အိမ်မှာ တပ်ဆင်အပြီး ပြန်ပို့ပေးတဲ့ ဓါတ်ပုံလေးတွေမှာ လက်ရာ သေသေသပ်သပ်နဲ့ အဆင်ပြေပြေလေး ဖြစ်နေတော့ ပီတိဖြစ်ရပါတယ်ဗျ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
Solar မရှိရင် မှောင်လာမှ သိမယ်
ဒီနေ့ခေတ်က ထီးနဲ့ ဖိနပ်မပါ နွေခါမှ သိမယ့် ခေတ်မဟုတ်တော့ဘူး။ နေဝင်လို့ မှောင်လာတဲ့အခါ Solar တပ်မထားရင် အလင်းမရှိမယ့်ခေတ်။ နေ့လည်ဖက် ပူအိုက်ရင်လည်း မီးမရှိလို့ အဲကွန်း သို့ ပန်ကာလေးမှ ဖွင့်မထားနိုင်ရင် Solar နဲ့မှ အေးမယ့်ခေတ်ပေါ့ဗျာ။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံ တည်ရှိရာ ကမ္ဘာပေါ်က အရပ်ဒေသဟာ ဆောင်းနှောင်းရာသီကစလို့ မိုးတွေ စိုစွတ်တဲ့ကာလမတိုင်ခင် နွေအခါမှာ အလွန်ပင် ပူပြင်းပါတယ်။ ထို့ကြောင့် ရေအားလျှပ်စစ်တွေမှ တစ်ဆင့် လျှပ်စစ်အားအပြည့်အဝ မထုတ်ပေးနိုင်ရာက လျှပ်စစ်အားလျော့ချခြင်း၊ မီးပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒါဆို နွေခေါင်ခေါင် မီးမလာလို့ အိမ်ထဲမှာ မီးကမလင်း အမှောင်ထဲ အဲကွန်း၊ ပန်ကာလေးတောင် မဖွင့်ဘဲ ပူပူအိုက်အိုက် နေမလို့လား။ လျှပ်စစ်အားရှိမှ ကြည့်လို့ရမယ့် ဖုန်းတွေ၊ ကွန်ပျူတာ၊ တီဗီတွေကို ပိတ်ထားပြီး ထိုင်စိတ်ညစ် နေမှာလား။ အလုပ်က မောမောပန်းပန်း ပြန်လာပြီး မှောင်ထဲမှာ စိတ်တိုနေမှာလား။
ဒီနေ့ခေတ်ဟာ ပြဿနာတစ်ခု ဖြစ်လာရင် စိတ်ညစ်ပြီး အကြာကြီးတွေးနေ၊ ဖြေရှင်းနေရမယ့် ခေတ်မဟုတ်တော့ပါဘူး။ အချိန်တွေတိုင်းဟာ အဖိုးတန်နေပါတယ်။ အိမ်မှာဖြစ်စေ၊ ရုံးမှာဖြစ်စေ၊ လျှပ်စစ်ကို အဆက်မပြတ်ရနေဖို့ လိုအပ်တဲ့ခေတ်ကြီးပါ။ မီးပျက်နေတာကို ထိုင်စောင့်နေရမဲ့ ခေတ်မဟုတ်တော့ပါဘူး။ ဘဝရဲ့ နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းနိုင်ဖို့ အဖြေကတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ သဘာ၀က ပေးထားတဲ့ နေရောင်ခြည် စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုပြီး လျှပ်စစ်စွမ်းအား ကို ထုတ်ယူ သုံးစွဲဖို့ပါပဲ။ အဲ့ဒီလို စွမ်းအင် ထုတ်ယူသုံးစွဲရာမှာ လူကြီးမင်းတို့ လိုအပ်တဲ့ အကူအညီကို ကျတော်တို့ Emerald Green Technology ကတာ၀န်ယူ ကူညီပေးပါရစေ။
Emerald Green Technology ရဲ့ Solar System တွေက လူကြီးမင်းတို့ရဲ့ အလုပ်နှောင့်နှေးချိန်တွေ၊ စိတ်ညစ်နေချိန်တွေလို အမှောင်ထဲက ခက်ခဲတဲ့ ကာလတွေကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးသွားမှာပါ။ ကျွန်တော်တို့ဟာ နတ်သိကြားတွေ မဟုတ်တော့ လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို အရာရာတော့ မဖြေရှင်းပေးနိုင်ပါဘူး။ အထက်က ပြောခဲ့တဲ့ မီးပျက်ချိန်မှာ မှောင်မည်းမည်းထဲ နေရမယ့် အခက်အခဲတွေ၊ ရုံးလုပ်ငန်းတွေ နှောင့်နှေးပြီး ရှေ့မဆက်ဘဲ ရပ်နေတာတွေလိုမျိုးကိုတော့ ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင်ပါတယ်။
စုံစမ်းလိုက်ပါ၊ ဆက်သွယ်ကြည့်ပါ၊ Solar/ Inverter တွေကို ရောင်းရရင်ပြီးရော အတင်းမရောင်းပါဘူး။ Emerald Green Technology ရဲ့ Solar/ Inverter တွေနဲ့ လူကြီးမင်းတို့ရဲ့ အိမ်မှာ လက်ရှိသုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ Watt များနဲ့ ကိုက်ညီမှု ရှိမရှိ Customer နဲ့ သေချာဆွေးနွေးပြီးမှ ဘယ်လိုတပ်ဆင်သင့်လဲ ဆိုတာ ရှင်းလင်း ပြောပြသွားမှာပါ။ လိုအပ်လို့ Onsite Survey ပြုလုပ်ခြင်းတွေကို မပြုလုပ်ပဲနဲ့တော့ ရမ်းသန်းပြီး စျေးတွေ ကြိုမပြောပါဘူး။ Customer ဘက်ကလည်း နားလည်ကျေနပ်ပြီးမှ Solar/ Inverter System ကို တပ်ဆင်စေချင်တာ Emerald Green Technology ရဲ့ ပေးနိုင်တဲ့ Service ပါ။
ဒီအတွက် Solar System နဲ့ ပတ်သက်တဲ့ Consultant Idea ကို Emerald Green Technology ဆီက အခမဲ့ ယူပြီးမှ တပ်ဆင်ပါလို့ အကြံကောင်းလေး ပေးလိုက်ပါရစေ …
ဖုန်းဆက်ပြီးပဲ Hello လုပ်လုပ်၊ Messenger တို့ Viber တို့လို Online ကပဲ မေးမေး၊ ကျွန်တော်တို့ သေသေချာချာ ရှင်းလင်းပြောဆိုပေးသွားမှာပါ။
အလုပ်အကိုင်တွေ မနှောင့်နှေးဖို့နဲ့ မှောင်လာမှ အခက်မတွေ့စေဖို့။
Emerald Green Technology
Telephone - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
အဲကွန်းနှစ်လုံး (တစ်ပြိုင်တည်းမဖွင့်) LED မီးလုံး ၆ လုံး ၇ လုံးခန့်၊ Online Meeting လုပ်ဖို့ Laptops၊ Desktop တွေ၊ ၄၈ လက်မ Monitor TV တွေကို မီးပျက်ချိန်မှာ အလုပ်တွေ မပျက်သွားရလေအောင် အသုံးပြုချင်တဲ့ အိမ် နဲ့ ရုံးခန်း တွဲဖွင့်ထားသော လှိုင်မြို့နယ်နေ အစ်ကိုကြီး ဆီမှာ MUST တံဆိပ် 3kVA အင်ဗာတာ နဲ့ ODDO တံဆိပ် Tall Tubular ဘထ္ထရီ တစ်စုံကို တပ်ဆင်ပေးခဲ့ပြန်ပါတယ်။
အခုဆို Online Meeting ရှိချိန် မီးပျက်ချိန်နဲ့တိုးလို့ အပြင်ထွက်ပြီး Meeting သွားလုပ်ရတာတွေ၊ နေ့လည်နေ့ခင်း ပူအိုက်နေပေမယ့် မီးပျက်နေလို့ အဲကွန်း မဖွင့်ရလို့ သက်တောင့်သက်သာ မရှိမှူတို့ မခံစားရတော့လို့ အိမ်ရှင်အစ်ကိုကြီးက အတော်ကျေနပ်နေလေရဲ့။
အခုသူထပ်ပြီး ပြောတာက နွေမရောက်မှီ ဆိုလာအချပ်တွေ သူ့တိုက်ရဲ့ခေါင်မိုးပေါ်တင်ပြီး နွေရာသီ အပူဒဏ်ကို သဘာ၀ကနေ ရတဲ့ နေရောင်ခြည်စွမ်းအားနဲ့ တတ်နိုင်သလောက် ကာကွယ်မယ်တဲ့။ ကျတော်တို့ အခု သူ့အိမ်ခေါင်မိုးပေါ် တပ်ပြီး နေရောင်ခြည် အတက်အကျကို ဆာဗေးဆင်း စောင့်ကြည့်နေလေရဲ့။ စိတ်ကြိုက်အခြေအနေ ရရင်တော့ အစ်ကိုကြီး ဒီထပ်ပို စိတ်ချမ်းသာရအောင် တပ်ပေးလိုက်တော့မယ်ဗျာ။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
တောင်ဒဂုံ စက်မှုဇုံ ၂ အနီး ကြာကန်ကျောင်းတိုက်နားက အိမ်နဲ့ တွဲဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ဆိုလာ အင်ဗာတာ တက်ချင်တယ် ဆိုလို့ ဆာဗေးသွားဆင်းပြီး လိုအပ်တာတွေ ဆွေးနွေးပေးခဲ့ပါတယ်။
နောက်တစ်နေ့ကျ ဆိုင်ရှင်ညီလေးက အင်ဗာတာကို Lithium battery နဲ့ပဲ အသုံးပြုချင်တယ် ပြောလာလို့ အင်ဗာတာနဲ့ Lithium battery တွဲထားတဲ့ ထိုင်းနိုင်ငံထုတ် အင်ဗာတာစက်လေး တစ်လုံး တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
ဒီအင်ဗာတာလေးက output ကို 3.3kW ထုတ်ပေးနိုင်ပြီး၊ Hybrid system ဖြစ်လို့ ဆိုလာချပ် တွေနဲ့လဲ တွဲဖက် တပ်ဆင် အသုံးပြုနိုင်ပါတယ်။ Lithium battery တွေကလဲ စက်ရုံထုတ် ဆဲလ်အသစ်တွေ ဆိုတော့ ရေရှည်အသုံးပြုဖို့ အတွက် စိတ်ပူစရာ မရှိတော့ပါဘူး။
အခုတော့ ဒီအိမ်ဆိုင်လေးမှာ အဲကွန်း ၂ လုံး (၂ လုံးတစ်ပြိုင်တည်းတော့ အကြာကြီး မဆွဲဖို့ အကြံပေးခဲ့တယ်)၊ ရေခဲသေတ္တာ၊ အအေးပုလင်းတွေ ထည့်ဖို့ Chiller တစ်လုံး၊ ၄၈ လက်မ TV၊ မုန့်ဖုတ်ဖို့အတွက် မုန့်ဖုတ်စက် တစ်လုံး၊ အိမ်အပေါ်ထပ်နဲ့ အောက်ထပ် ဆိုင်အတွင်းရှိ မီးချောင်း၊ မီးလုံးအကုန် လုံးကို အဆင်ပြေပြေ အသုံးပြုနိုင်နေပါပြီ။ အရင် မီးစက်မောင်းရလို့ ပတ်၀န်းကျင်ဆူညံမှုတွေ၊ ဆီဖိုးကုန်ကျမှုတွေ သက်သာသွားပါပြီဗျ။
ဒီအင်ဗာတာ စက်ကလေးက Portable ဆိုတော့ အလွယ်တကူ နေရာပြောင်းလို့ရွှေ့လို့လဲ ရပါတယ်။ Warranty အနေနဲ့ ၁ နှစ်ပေးထားပြီး ဈေးက ၃၇ သိန်း ပတ်၀န်းကျင်လောက် ကျသင့်ပါမယ်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
လှည်းတန်း ပြည်ရိပ်မွန်အိမ်ယာမှာ နေတဲ့ အစ်မတွေအိမ်မှာ ကျတော်တို့ ဆင်ပေးနေကျ ထုံးစံအတိုင်း 1200W Inverter နဲ့ 200Ah Tall Tubular Battery တစ်စုံကို တပ်ဆင်ပေး ဖြစ်ခဲ့ပါတယ်။
၆ လွှာကို ဓါတ်လှေကား မပါပဲ လှေကားကနေ တပ်ရလို့ battery ကို လူငှားခေါ်ပြီး တင်ပေးရတာက အမှတ်တရပါပဲ။ 😁
အိမ်ရှင်အစ်မတွ လိုချင်တဲ့အတိုင်း မီးလိုင်းအနည်းငယ် ပြန်ခွဲပေးရပြီး ၊ တံခါး ၂ ပေါက် ရေခဲသေတ္တာတစ်လုံးကိုပါ အင်ဗာတာ အောက်ထဲ ထည့်ပေးခဲ့ပါတယ်။
အခု တပ်ဆင်ပေးခဲ့တဲ့ အင်ဗာတာ တစ်စုံကိုမှ ၁၀ သိန်းပတ်၀န်းကျင်လောက်ပဲ ကျသင့်ပါတယ်။
ဆိုလာ၊ အင်ဗာတာနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
၃၉ လမ်း၊ အောက်လမ်းမှာ ရှိတဲ့ ရုံးတစ်ရုံးမှာ၊ နေ့လည်ဖက် မီးပျက်ချိန်အတွင်း မဖြစ်မနေ အသုံးပြုဖို့လိုအပ်တဲ့ laptops (၈) လုံးခန့်၊ ရုံးချိန်အတွင်း လုံး၀ပိတ်သွားလို့မရတဲ့ Server ကဲ့သို့ အသုံးပြုနေတဲ့ Apple desktop ကွန်ပြူတာ၂ လုံး၊ အင်တာနက် မပျက်သွားစေဖို့ လိုအပ်တဲ့ Router စက်နဲ့ ရုံးခန်းအတွင်း မီးလိုင်းတချို့ကို ပျက်တောက်မှုမရှိ အသုံးပြုနိုင်ဖို့ အတွက် အင်ဗာတာ set လေး တစ်ခုကို တပ်ဆင် ပေးခဲ့ပြန်ပါတယ်ရှင့်။
အရင် မီးပျက်ချိန်တွေမှာ မီးစက်နှိုးရလို့၊ မလိုအပ်ပဲ ကုန်ကျနေတဲ့ မီးစက်ဆီဖိုးကို ချွေတာနိင်ပြီ ဖြစ်သလို၊ မီးစက်သံကြောင့်ပတ်၀န်းကျင် ဆူညံမှုကိုပါ မဖြစ်ပေါ်စေတော့လို့ အတော်အဆင် ပြေသွားပါပြီနော်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်မတို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Green Technology Page Messenger
1200W Inverter နဲ့ 12V 200Ah Tall Tubular Battery တွဲထားတဲ့ အင်ဗာတာစက်ကို အရှေ့ဒဂုံမှာ နေတဲ့ သဘောမနောကောင်း ဇနီး မောင်နှံအိမ်မှာ တပ်ပေးခဲ့ပါတယ်။
သူတို့နေ့စဉ် အသုံးပြုချင်တဲ့ တံခါးနှစ်ပေါက် ရေခဲသေတ္တာ၊ 0.5 pressure pump၊ TV+ Satellite box၊ WiFi (Router) နဲ့ အိမ်အတွင်း အပြင်၊ ခြံစည်းရိုး မီး တွေကို မီးပျက်နေချိန်အတွင်းမှာတောင် မီးလာနေသလိုပဲ အသုံးပြုနိုင်နေပါပြီရှင့်။
မီးပျက်ချိန် အနည်းဆုံး ၄ နာရီကနေ ၆ နာရီ၊ ၇ နာရီ အထိ အင်ဗာတာက ထိမ်း ေပးထားနိုင်ပါတယ်နော်။
အပေါ်က package လေးကို တပ်ဆင်ချင်တယ် ဆိုရင်တော့ ကုန်ကျစရိတ်က ၁၀ သိန်း ပတ်ချာလည် လောက်ပဲ ကျသင့်နိုင်ပါတယ်ရှင့်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
ကျွန်တော် ကျွန်မတို့ ဝန်ဆောင်မှုပေးခဲ့တဲ့ Projects များ
ထဲမှ တခု ဖြစ်တဲ့ ✨✨Star City Compound အတွင်း မှ
🏤 Smile Office အတွက် CCTV System & Door Lock
System တပ်ဆင်ပေးထားပုံ များကို မျှဝေပေးခြင်ပါ
တယ်။ 💁🏼♂️💁♀️
🌟 မိတ်ဆွေတို့ရဲ့ နေအိမ် အဆောက်အဦး၊ တိုက်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း များရဲ့ လိုအပ်ချက်များ ကို
ကျွန်တော်၊ ကျွန်မ တို့မှ ဝန်ဆောင် မှူ ပေးပါရစေ၊ ဆက်သွယ်ပါ၊ တိုင်ပင်ပါလို့ ဖိတ်ခေါ်ပါရစေ….
☎️ : 09 250 177 117
: 09 753 212 177
💌 : emeraldgreen.engineering .com
တောင်ဒဂုံက အစ်ကိုကြီးရဲ့ အိမ်မှာ အိမ်ခန်းတိုးချဲ့လိုက်လို့၊ ဆိုလာအင်ဗာတာကို အရင်ရှိတဲ့နေရာကနေ တိုးချဲ့လိုက်တဲ့ အခန်းထဲကို နေရာရွှေ့ပေးဖြစ်ခဲ့တယ်။ တစ်အိမ်လုံးရဲ့ မီးလိုင်းတွေပါ တစ်ခါတည်း ပြန်လိုက် (လိုအပ်တဲ့ မီးပွင့်နဲ့ ပါဝါလိုင်း အသစ်တွေပါ ထပ်ရိုက်ပေး) ပြီး၊ main မီးဘုတ်ကိုပါ တိုးချဲ့အခန်းထဲ ရွှေ့ပေးလိုက်ပါတယ်။
တလက်စတည်း အိမ်ရှင် ဘောစိအစ်ကိုက battery အက်ဆစ်အိုးအဆို သုံးနေရတာ အဆင်မပြေဖြစ်နေလို့ 48V-100Ah Lithium Ion battery ၂ လုံးပါတခါတည်း ဆင်ပေးလိုက်ပါတယ်။
Lithium ဆိုတဲ့အတိုင်းပဲ အဲကွန်းကို တညလုံး ဖွင့်တာတောင် မနက်ကျရင် battery အားက ၄၀ ၅၀% လောက်ကျန်နေသေးလို့ အိမ်ရှင်တွေလဲ ကျေနပ်၊ ၀န်ဆောင်မှု ပေးရတဲ့ ကျတော်တို့လဲ ပီတိဖြစ်ရပါတယ်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
Happy Valentine's Day to you all လို့ Emerald Green Technology မိသားစုမှ နွေးနွေးထွေးထွေး ဆုမွန်ကောင်းတောင်းပေးပါရစေရှင့်။
ချစ်သူများနေ့ အထိမ်းအမှတ် အနေနဲ့ ချောကလက်တွေလဲ များများလက်ဆောင်ရကြပါစေလို့ 🥳🥰။
ခုလို မီးတွေ နေ့တိုင်းပျက်နေချိန်မှာ အိမ်တစ်အိမ်ရဲ့ လိုအပ်ချက် ဖြစ်တဲ့ lighting (မီးသီး၊ မီးချောင်း), အသားငါးတွေ ထည့်ထားရင် မပုပ်သိုးအောင် မီးအပျက် မခံနိုင်တဲ့ ရေခဲသေတ္တာ၊ ဖျော်ဖြေရေးအတွက် TV, Satellite box၊ ကလေးတွေစာသင်ဖို့၊ လူကြီးတွေသတင်း အဆက်မပျက်ဖို့ အပျက်မခံနိုင်တဲ့ အင်တာနက် (Router) စတဲ့ အခြေခံ လိုအပ်ချက်တွေကို မီးပျက်နေချိန်မှာ မီးလာနေသလိုပဲ ဆက်လက်အသုံးပြုနိုင်အောင် ဖြည့်ဆည်း ပေးနိုင်မဲ့ Inverter System တစ်ခုကို ရန်ကုန်မြို့ထဲမှာ တပ်ပေးခဲ့ပါတယ်ရှင့်။
မီးပျက်နေချိန် အဲကွန်းဖွင့်လို့မရတာရယ်၊ ရေမော်တာ (ရေမော်တာက မထည့်ထားလို့) တင်လို့မရတာရယ်ကလွဲရင် မီးပျက်၊ မီးလာ မသဲကွဲတော့ပါဘူးရယ်။
၁၂၀၀ W Inverter ကို 220Ah battery နဲ့တွဲပေးထားတဲ့ set လေးပေါ့။ ဈေးနှုန်းလဲ အရမ်းအကြီးကြီး မဟုတ်ပဲ ယူတဲ့ battery အား (Ah)အပေါ် မူတည်ပြီး ၁၀ သိန်းအောက် (သို့) ၁၀ သိန်းအနည်းငယ်စွန်း၊ ပတ်ချာလည် လောက်ပဲ ကျသင့်ပါမယ်ရှင့်။ အဲ့ဒါက တပ်ဆင်ခ အပြီးအစီး ဈေးနှုန်းပါနော်။ ဒီအာဗာတာ က Pure Sine Wave အာဗာတာပါရှင့်။
တစ်ခုရှိတာက အိမ်ရဲ့မီးလိုင်းက Inverter တပ်ဖို့ လိုင်းပြန်ခွဲရမယ် ဆိုရင်တော့ မီးလိုင်းခွဲဖို့ သပ်သပ်ထပ်ကုန်ကျနိုင်ပါတယ်ရှင့်။
ဆိုလာ၊ အင်ဗာတာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်မတို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
တောင်ဒဂုံက အန်ကယ်ကြီးအိမ်မှာ အရင်တပ်ထားတဲ့ ဆိုလာ system ကို အိမ်တွင်းသုံး လိုအပ်ချက်အရ မလုံလောက်လို့ (အဲကွန်း ၂ လုံးကို တစ်ညလုံးနီးပါး ဖွင့်ချင်တာပါ) ဆိုလာ အချပ်ရည်တွေ ထပ်တိုးပြီး၊ battery လဲနောက်ထပ် ၄ လုံးထပ်တိုးပေးခဲ့ပါတယ်။
အခုတော့ အိမ်ရှင်စိတ်ကြိုက် အဲကွန်းကို တစ်ညလုံး run နိုင်ရုံသာမက နေ့လည်ဖက် နေသာနေချိန်မှာ မီးကိုအိမ်တွင်း စိတ်ကြိုက်သုံးနိုင်သလို battery ကိုလဲ လုံလုံလောက်လောက် အားဖြည့်ပေးနေနိုင်ပါပြီ။
ဆိုလာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Emerald Green Technology Page Messenger
🍀 မင်္ဂလာ ရှိသော နှစ်သစ်ဖြစ်ပါစေ၊ စီးပွါး လာဘ် လာဘ များ 💎 🌟ပေါများကြွယ်ဝ ပီး 💰ကျန်းမာ ကြပါစေ လို့ ၊
👨👩👧ကျွန်တော် ကျွန်မ တို့ Emerald Green Technology မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ 🙏❤️
အလုပ်လေးတွေ ဆက်တိုက်ဝင်နေတာနဲ့ page ဖက်ကို မလှည့်နိုင်ဖြစ်ပြီး page က update လေးမဖြစ်ဖူး ဖြစ်နေတယ်။
🍀နှစ်သစ်ရဲ့ ပထမဆုံး ဇန်နဝါရီ နဲ့ ဖေဖေါ်ဝါရီ လတွေ မှာ ကျွန်မတို့ Emerald Green Technology မှ ဝန်ဆောင်မှု ပေးခဲ့တဲ့ အိမ်ခန်း၊ ရုံးခန်း တွေရဲ့ Projects 🛠️လေးတွေကို page လေးလဲ update ဖြစ်အောင်လို့ဝေမျှပေးခြင် ပါတယ်။
🏡🏚️ Solar Inverter နဲ့ပက်သက်ပြီး လူနေအိမ်၊ တိုက်ခန်းများ အတွက် အဓိက လိုအပ်ချက်ဖြစ်နေတဲ့ မီးရရှိ ရေး၊ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက် များ လတ်ဆတ် နေ ဖို့အတွက် ရေခဲသေတ္တာ ပုံမှန် လည်ပတ် နိုင် ရေ:၊ Customer ရဲ့ လိုအပ်ချက် အရ pressure pump အသုံးပြု နိုင်ရန် နှင့် အခြေခံ ကျသော လျှပ်စစ်ဓါတ်အား အသုံးပြုရန် လိုအပ်မှူ တို့ ကို ငွေကုန် ကြေးကျ အသက်သာဆုံး တွက်ချက် ဆောင်ရွက်ပေးနေပါတယ်။
🏭🏢လုပ်ငန်း၊ ရုံးခန်း နေရာ များ အတွက် လုပ်ငန်းခွင် တွင်ကျယ် စေဖို့ နဲ့ လိုအပ်ချက် အရ တပ်ဆင် အသုံးပြုရသော CCTV System, Access Control System, Public Address System, Alarm System and Car Barrier System, AP (WiFi) System…. တို့ ကိုလဲ customer တွေလိုအပ်ချက်အတိုင်း ဆွေးနွေးတိုင်ပင်ပြီး Installation Service နဲ့ Maintenance service တွေကို အဆင်ပြေဆုံးနဲ့ အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေပါတယ်ရှင့်။
🌟 မိတ်ဆွေတို့ရဲ့ နေအိမ် အဆောက်အဦး၊ တိုက်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း များရဲ့ လိုအပ်ချက် များ ကို ကျွန်တော်၊ ကျွန်မ တို့မှ ဝန်ဆောင် မှူ ပေးပါရစေ၊ ဆက်သွယ်ပါ၊ တိုင်ပင်ပါလို့ ဖိတ်ခေါ်ပါတယ် 🤝
☎️ : 09 753 212 177
: 09 250 177 117
💌 : emeraldgreen.engineering .com
အစိမ်းရောင် ချစ်သူတို့ရေ သီတင်းကျွတ် အထိမ်းအမှတ် မုန့်ဖိုးလေးတွေ မျှဝေပေးလိုက်တယ်နော်။
PW - နှိစ်ုရြှိုစ်ငှိါးရြှိုစ်ခြွှိန်နှိစ်ု (IIVIIIVVIIIVIIII)
ပျော်စရာဖြစ်အောင် PW ကို နည်းနည်း ဖွတ်ထားတယ်နော်။
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
ရောဂါဘေး ကင်းဝေးပြီး ကပ်သုံးပါး ကင်းလွတ်နိုင်တဲ့ သီတင်းကျွတ် ဖြစ်ပါစေကြောင်း Emerald Green Technology မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
မြန်မာပြည်သူများ ကိုယ်စိတ်နှလုံး လုံလုံခြုံခြုံနဲ့ သီတင်းကျွတ် အချိန်သမယကို အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ကြပါစေ။
ကျတော်တို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ဗဟုသုတ အနေနဲ့ ပြန်ပြီးရှယ်ပေးချင်ပါတယ်။
တောင်ဒဂုံ စက်မှုဇုံအိမ် Project အတွက် ကျတော်တို့ ပထမလျာထားတာ 445Watt Solar panel အချပ်ရေ ၁၃ ချပ်တပ်ပေးဖို့ပါ။
ဒါပေမယ့် တပ်ဆင်ပြီး T&C လုပ်တဲ့အချိန်မှာ Solar Panels တွေကထွက်တဲ့ Volts က Inverter ရဲ့ MPPT (Maximum Power Point Tracking) အားအ၀င် Voc (Open Circuit Voltage) ထပ်ကျော်လွန်နေလို့ ဆိုလာ ၁ ချပ်ပြန်လျှော့ပေးခဲ့ရပါတယ်။
Growatt 5kVA Inverter တွေက Maximum PV lnput ကို 450 VDC အထိပဲ လက်ခံနိုင်ပါတယ်။
ဒါကြောင့်ကျတော်တို့ ၁၃ ချပ်နဲ့တပ်ပြီး run တဲ့အချိန်မှာ ဆိုလာကထွက်တဲ့ Voltage က ၄၅၀ ထပ်ကျော်နေတော့ Inverter မှာ High Input Voltage ဆိုတဲ့ warning sign တက်ပြီး Output ကိုဖြတ်ချနေခဲ့လို့၊ ဆိုလာ ၁ ချပ်ဖြုတ်ပြီး ၁၂ ချပ်နဲ့ ပြန် run တဲ့အချိန်မှသာ အဆင်ပြေသွားပါတယ်။
ကျတော်တို့ ဆိုလာတပ်တဲ့အခါမှာ အသုံးပြုချင်တဲ့ Inverter type, brand နဲ့ model ကိုရွေးပြီးရင် Inverter ရဲ့ Max Input Voltage, Current နဲ့ Power ကိုအခြေတည်ပြီး ဆိုလာ အချပ်ရေ အများဆုံး ဘယ်နှစ်ချပ်တပ်လို့ ရနိုင်မလဲ တပ်သင့်သလဲ ဆိုတာကို ပြန်တွက်ပေးရပါမယ်။ Hybrid Solar Inverter တွေက Current နဲ့ Power ကိုအနည်းနဲ့ အများ အမှားခံပေမယ့်၊ Voltage ကိုတော့ သူ့ရဲ့ Maximum Volts မကျော်သင့်ပါဘူး။ အခန့်မသင့်ရင် Inverter ရဲ့ MPPT ကို ပျက်ဆီးစေနိုင်ပါတယ်။
ဆိုလာ Panel တွေမှာ Voc ( Open Circuit Voltage) နဲ့ Vmp ( Maximum Power Voltage) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျတော်တို့တပ်ဆင်တဲ့ အချိန်မှာ Inverter ရဲ့ PV Max Input ကို ဆိုလာ Panel ရဲ့ Voc နဲ့ချိန်ပြီး သင့်တင့်မျှတစွာ တပ်ဆင်သင့်ပါတယ် ဆိုတာကို မျှဝေပေးပါရစေ။
Growatt 5kVA Inverter ရဲ့ Maximum Input Current နဲ့ Voltage တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။
Max PV Input Voltage - 450VDC (Voc)
Max Input Current - 18A
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Emerald Green Technology Page Messenger
ဒီတစ်ပတ်တော့ တောင်ဒဂုံ စက်မှုဇုံ ၂ ထဲမှာရှိတဲ့ ၃ ထပ်အိမ်တစ်လုံးကို 445Watt Jinko Solar ၁၂ ချပ်၊ 5kVA Growatt Inverter တစ်လုံး နဲ့ 12V Battery ၄ လုံးတို့ကို တပ်ဆင်ပေးဖြစ်ခဲ့ပါတယ်။
Growatt Inverter နဲ့ Batteries တွေကို အိမ်ရှင်အစ်ကိုက အရင်၀ယ်ထားပြီး၊ ကျတော်တို့က Solar Panels နဲ့ မီးလိုင်းတွေ၊ Inverter နဲ့ Batteries တပ်ဆင်ခြင်းတွေကို တာ၀န်ယူ လုပ်ဆောင်ပေးဖြစ်ခဲ့ပါတယ်။
အိမ်တွင်းမှာရှိတဲ့ ဝါယာကြိုးအဟောင်းတွေကို ကြိုးအသစ်နဲ့ လဲ၊ သုံးလို့အဆင်မပြေနိုင်တော့တဲ့ Breakers တွေကို အသစ်နဲ့ ပြောင်းပေးဖြစ်ခဲ့တယ်။
Inverter + Solar Panels + Batteries+ Breakers + Cables + Mounting Accessories နဲ့ လက်ခ အားလုံးပေါင်း သိန်းတစ်ရာ စွန်းစွန်းကုန်ကျပါတယ်။
အိမ်က ၃ထပ်အိမ်ဆိုတော့ အိမ်ရှင် အစ်ကိုနဲ့ တိုင်ပင်ပြီး မလိုအပ်တဲ့ ဝါယာကြိုးတွေရှင်း၊ ချိန်းသင့်တာချိန်း၊ လဲသင့်တာလဲ နဲ့ ကျတော်တို့ Installation အဖွဲ့သားတွေ တက်ညီလက်ညီ အောင်မြင်စွာ ၀န်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
ဆိုလာနဲ့ ပက်သက်ပြီး သိရှိလိုတာများကို အသေးစိတ် ဆွေးနွေး မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ အောက်ပါ ဖုန်းနံပါတ်နဲ့ Apps တွေကနေ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။
Ph - (09)753 212177, (09) 250 177117
Viber - (+959) 753212177
WhatsApp - (+959) 753212177
Telegram - (+959) 753212177
Green Technology Page Messenger
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
Monday | 09:00 - 18:00 |
Tuesday | 09:00 - 18:00 |
Wednesday | 09:00 - 18:00 |
Thursday | 09:00 - 18:00 |
Friday | 09:00 - 18:00 |
Saturday | 09:00 - 18:00 |
No. 40, 120st, Yaytwingone
Yangon, 111222
ဘထ္ထရီ၊ ဆိုလာ၊ အင်ဗာတာ နှင့်လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး
Oakkyin Railroad, Hlaing
Yangon
We can provide CCTV Installation, Services, Electrical Installation, Electrical Repairs, Maintenance
29 Street (Middle)
Yangon, 11141
အရည်အသွေးမြင့် အိမ်သုံးလျှပ်စစ်မီးဖိုအမျိုးမျိုးကို ရောင်းချပေးနေပါသည်
10(A)
Yangon, 11441
အိမ်တွင်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာ ပြုပြင်/တပ်ဆင်ပေးပါသည်။