Alex's Food Loft and Alex Deli Garden Cafe

Alex's Food Loft Restaurant is ready to cater the most discerning visitors. The 60 indoor seats venu

12/04/2024

💦 During the Thingyin Water Festival
We are offering Daily Freshly made bakery and pastries such as 💦

🥖🥖🥖 Cake, Cheesecake, Croissants, Pain au Chocolate croissants, various cookies and pizza 🍕🥪🥐🥞🍔

⏰ 30 % special discount From every 8 am until 6:00 pm.

🕕♣️ We will offer a 50% discount on all items after 6:00 pm.

🛃📦 For those who can't come, we will send them by Delivery Service.

🛃🎁 We will provide free delivery if you buy for a minimum of 35,000 Kyats.

📞 , Viber +95 9451102

12/04/2024

💦မဟာသကြ်န်ရက်များအတွင်း
နေ့စဉ်လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော💦

🥖🥖🥖ကိတ်မုန့်၊ ချိစ်ကိတ်၊ ပေါင်မုန့်၊ ခရိုဆွန်၊ ချောကလက်ခရိုဆွန်နဲ့ ကွတ်ကီးမျိုးစုံ နဲ့ ပီဇာ🍕🥪🥐🥞🍔 များကို

⏰မနက် ၈ နာရီ မှ ညနေ ၆ နာရီ အထိ
၃၀% စျေးလျော့ရောင်းပေးသွားပါ့မယ်၊

🕕♣️ညနေ ၆ နာရီနောက်ပိုင်းကိုတေါ့ ၅၀% တစ်ဝက်တိတိလျော့ချပြီး အထူးရောင်းချပေးသွားပါ့မယ်၊

🛃📦မလာနိုင်တဲ့သူများလည်း Deli ဖြင့်ပို့ပေးပါ့မယ် ၊

🛃🎁ကျပ် ၃ သောင်း ခွဲ ဖိုး အထက်ဝယ်ယူပါက အခမဲ့ Deli ဖြင့်ပို့ဆောင်ပေးပါ့မည့်အကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

📞, Viber +95 9451102352

Photos from Alex's Food Loft and Alex Deli Garden Cafe's post 09/03/2024

Shout out to my newest followers! Excited to have you onboard!

Sai Ohekar, Arkar Ko Ko Oo, May Thoon Kha

Photos from Alex's Food Loft and Alex Deli Garden Cafe's post 24/02/2024

Opening Announcements

24/02/2024

Mingalaba! 🙏

Photos from Alex's Food Loft and Alex Deli Garden Cafe's post 17/02/2024

Alex's ပြန်လည်ဖွင့်လှစ်ခြင်း

ပြင်သစ် အစားအစာ နဲ့ အနောက်တိုင်းအစားအစာများကို ဆယ်စုနှစ် ၂ စုတိုင်အောင် ပြည်တွင်းပြည်ပ ဧည့်သည်များအတွက်ချက်ပြုတ်ဧည်ခံခဲ့သော Inle Lake View resort နဲ့ ပြင်သစ်နာမည်ကြီးစားသောက်ဆိုင် များမှ စားဖိုမှုးကြီးများ ဉီးဆောင်ပြီး Alex's ကို ပြန်လည်ဖွင့်လှစ်တေါ့မည်ဖြစ်ပါတယ်။

-🌿အစားအသောက်များအားလုံးကို အချိုမှုန့် နှင့်တာရှည်ခံဆေးများလုံးဝမပါဝင်သော

-☘️အမျိုးသမီးစိုက်ပျိုးရေးပညာရှင် မှ ရှမ်းတောင်ကုန်းများတွင် သဘာဝမြေဩဇာအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ

-🐚🍤🦪ပင်လယ်ငါးဖမ်းသဘ်ောဒိုင်များမှ တိုက်ရိုက်ဝယ်ယူသော လတ်ဆတ်သော ငါး၊ ပုဇွန် နှင့်ပင်လယ်စာများ

🫕🫕🫕လူမျိုးဘာသာမရွေးစားသုံးနိုင်သောကြက်၊ အမဲ၊ သိုး နှင့်ဆိတ် သားများကို အသုံးပြုထားပြီး

-💕သားသား၊ မီးမီး စသောခလေးငယ်များ နဲ့ ဖိုးဖိုးဖွားဖွားများပါ ယုံကြည်စိတ်ချစွာစားသုံး နိုင်ပြီး ဖေဖေ၊ မေမေများပါ သွားပြီးရင် သွားချင်မဲ့ နေရာတစ်ခုဆို လွန်မယ်မထင်ပါဘူး
-ကလေးငယ်များ ခြံထဲမှာ ဆော့ကစာမယ်ဆိုလည်း ကျယ်၀န်းတဲ့ ပန်းခြံရှိပါသေးတယ်နော်

-✈️အစားအသောက်များကို အိမ်ကို ထုတ်ပိုးသယ်သွားမယ်ဆိုလည်း−−− အော်ဂဲနစ် ပစ္စည်းများနဲ့ ထုတ်လုပ်ထားသော ဘူး နှင့် ဇွန်းခရင်းများကို သာ အသုံးပြုထားပါသည်၊

🙏လစဉ် အကျိုးအမြတ်များမှ မိဘမဲ့ ဂေဟာများ၊ စစ်ဘေးရှောင်များ နဲ့ တိလေးများအတွက် လှူဒါန်းသွားမှာဖြစ်လ်ု့ စားနေသမျှ ကုသိုလ် အစဉ်ရနေမှာ ဖြစ်လို့

💰💰💰ပထမဉီးဆုံး ဧည်သည်အယောက် (၁၀၀) ကို Loyal patrons များအဖြစ် နဲ့ လာရောက်သုံးဆောင်တိုင်း ၁၅% လျော့စျေးခံစားခွင့် နှင့်အတူ အခြားအင်းလေး ရှိ Inle Lake View Resort & Spa နဲ့ ပုဂံရှိ Anāvila Bagan များတွင်ပါ ၁၀% လျော့စျေးကို ခံစားနိုင်မှာဖြစ်လို့ အခုဘဲ လာရောက်သူံးဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ် ။

☎️ 00959451102352
Viber -00959451102352

Lunch - 12:00-15:00
Dinner - 18:00-22:00

Photos from Alex's Food Loft and Alex Deli Garden Cafe's post 05/07/2023

@ The Loft Hotel Yangon ကျနော်တို့ဆိုင်လေးရဲ့ Special Menu လေးတွေကို သုံးဆောင်ရင်း အလှဓာတ်ပုံလေးတွေရိုက်ပြီး
10% Discount ကိုရယူလိုက်ကြရအောင်........
Face book မှာ location လေးနဲ့ ဆိုင်နာမည်လေး attached တွဲရုံနဲ့ 10% discount ရမှာနော်.........
July လ ကုန်အထိ သာဖြစ်လ်ု့ မြန်လေးသာလာခဲ့လိုက်ပါ...........The Loft Hotel Yangon Loft Hotel Yangon

10/02/2023

ချစ်သူများနေ့အတွက်

လူများနေလို့ garden လေးမှာ နေရာမရမှာစိုးလို့
ကြိုတင်အသိပေးပါရစေ..........

ကျနော်တို့ရဲ့ Alex's Deli cafe
မှာ Table reserve လေးတွေလုပ်လို့ရပြီနော်........

အသေးစိတ်ကိုတော့ cb မှာ သေချာလေးရှင်းပြပေးပါ့မယ်

ကျေးဇူးတင်စွာဖြင့်

Alex's Food Loft and Alex Deli Garden Cafe

Photos from Aye Myat Nandar's post 07/11/2022

လာအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် မ Aye Myat Nandar

Photos from 𝑲𝒚’𝒔 𝑷𝑳𝑬𝑨𝑺𝑼𝑹𝑬's post 21/09/2022

စားသုံးသူရဲ့ မှတ်ချက်တစ်ခုဟာ ဝန်ဆောင်မှုပေးရတဲ့ကျွန်မတို့အတွက် အလွန်အားရှိစေတဲ့ အားဆေးတစ်ခွက်ပါ …ကျေးဇူးပါရှင် 𝑲𝒚’𝒔 𝑷𝑳𝑬𝑨𝑺𝑼𝑹𝑬

Photos from Alex's Food Loft and Alex Deli Garden Cafe's post 24/08/2022

𝙉𝙤𝙣-𝙖𝙡𝙘𝙤𝙝𝙤𝙡𝙞𝙘 𝙋𝙖𝙨𝙨𝙞𝙤𝙣 𝙁𝙧𝙪𝙞𝙩 𝙈𝙤𝙟𝙞𝙩𝙤🍹
𝙋𝙧𝙞𝙘𝙚 -4'000 𝙆𝙮𝙖𝙩𝙨

Non alcoholic တွေအတွက် passion fruit လေးနဲ့ ဖျော်စပ်ထားတဲ့ Mojito ကို ဈေးနှုန်း သက်သက်သာသာဖြင့် လာရောက်သုံးဆောင်နိုင်ပါပြီနော်🍹

Photos from Alex's Food Loft and Alex Deli Garden Cafe's post 22/08/2022

𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐜𝐚𝐫𝐫𝐨𝐭 𝐣𝐮𝐢𝐜𝐞

သဘာ၀အတိုင်းဖျော်စပ်ထားပြီး သကြားပါ၀င်မှုနည်းပါးပါတယ်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီးတော့ mild in flavor ဖြစ်ပြီး ရေဓာတ်ပါ၀င်မှုလဲများပါတယ်။

Carrot Juice ပုံမှန်သောက်ခြင်းအားဖြင့် မျက်လုံး အမြင်အာရုံကို အထူးကောင်းမွန်စေတယ်။ အသည်းနှင့် နှလုံးကျန်းမာရေးကိုလဲကာကွယ်‌ပေးတယ့်အပြင် အသားအရေကိုလည်း လှစေပါတယ်။

သံပုရာသီးလေးကိုပါ ထည့်‌ပေးထားတဲ့အတွက် အကယ်၍သင်ဟာ carrot အနံ့ကိုမကြိုက်လည်း သံပုရာနံ့သင်းသင်းလေးနဲ့‌သောက်ရမှာနော်။

11/08/2022

အီစိမ့်မှုလုံး၀မရှိဘဲ seasoning ခပ်ထားပုံလေးက စားပြီးရင်းထပ်စားချင်အောင် ဆွဲဆောင်သွားမည့်
Alex's Deli Garden Cafe လေးက အရောင်းရဆုံး menu လေးတွေထဲက တစ်ခုဖြစ်တဲ့....

ᴳʳⁱˡˡᵉᵈ ᴾᵒʳᵏ ᶜʰᵒᵖˢ ʷⁱᵗʰ ᴮᵃᵏᵉᵈ ᴾᵒᵗᵃᵗᵒ

06/08/2022

Crispy crunchy french fries with valuable prices

Photos from Alex's Food Loft and Alex Deli Garden Cafe's post 19/07/2022

ဂျူလိုင် ၁၉ ၊ ၂၀၂၂ ခုနှစ်တွင်ကျရောက်သော
၇၅ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးဦးအား ရိုသေလေးစားဂါရ၀ပြုအပ်ပါတယ်🙏

Photos from Alex's Food Loft and Alex Deli Garden Cafe's post 15/07/2022

𝗛𝗲𝗹𝗹𝗼!!!!🏆
ချစ်ရတဲ့ customer များအတွက် ဓာတ်ပုံလဲ ရိုက်ရ၊ မုန့်လဲစားခွင့်ရမဲ့ အစီအစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေနော်🙋

Alex's deli မှာ ရိုက်ဖူးတဲ့ပုံ‌လေးတွေရှိရင် ယခုတင်လိုက်တဲ့ပိုစ့်အောက်မာ မန့်ပေးရုံပဲနော်💁

စည်းကမ်းချက်တွေကတော့
၁.Alex's deli page ကို like and follow လုပ်ရပါမယ်
၂.Check in ၀င်ပေးရမယ်
၃.Alex deli garden cafe လေးမှာ ရိုက်ထားသော ပုံ၃ပုံ ကိုpublic ဖွင့်ပြီး သူငယ်ချင်း ၅ယောက်ကို tagတွဲပြီး public နဲ့ share ပေးရပါမယ်
၄.Share ထားတဲ့ post လေးကို ယခုပိုစ့်အောက်တွင် မန့်ပေးရုံနဲ့ ပြိုင်ပွဲထဲ ၀င်ရောက်သွားပါပြီနော်

ပြိုင်ပွဲကာလလေး‌ကတော့ July 15 ရက်ကနေ July 31ထိပဲဖြစ်ပါတယ်နော်

🏆Winner announcement ကတော့ 7 August ဖြစ်ပါတယ်နော်🏆

🥇1st winner - 20'000ks spa voucher@The loft hotel
🥈2nd winner- 15'000ks meal voucher@Alex's deli
🥉3rd winner - 10'000ks meal voucher@Alex's deli

သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း လိုက်နာသူများရဲ့ Post like & share အများဆုံးရသူ ၃ ဦးကို ဆုချီးမြှင့်ပါမယ်။

Lucky charm လေးတွေဖြစ်ဖို့ ခုပဲ ပါ၀င်လိုက်ကြရအောင်နော်☘️

12/07/2022

သက္ကရာဇ် ၁၃၈၄ ခုနှစ်🙏
(၁၂.၇.၂၀၂၂ ခုနှစ်) ဝါဆိုလပြည့်၊ဓမ္မစကြာနေ့လေးမှာ ၇ရက်သားသမီးများအားလုံး ကပ်ရောဂါဘေးမှကင်းဝေးရပြီး နေ့ရက်တိုင်းကို စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Alex's deli မိသားစုမှ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်🙏

01/07/2022

Heyyy!!! It's Friday

တစ်ပတ်တာလုံး အလုပ်တွေလုပ်ပြီး ပင်ပန်းနေကြပြီလား?
ဒီနေ့ဟာ သောကြာနေ့ဆိုတာမေ့မထားကြနဲ့နော်။
ဘော်ဒါတွေနဲ့ တူတူဆုံပြီး Alex's deli garden လေးမှာ chill out လုပ်ဖို့ ခုပဲ သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်တော့နော်။

Chillax your night at Alex's deli garden with your friends.

☎️01-8372299,09-451102352
🏠No.33 , Yawmingyi street, Dagon township.

29/06/2022

"Cafes for Dates"

မင်္ဂလာပါ~ 🤗 NHZ က ကြိုဆိုပါတယ်။ ဒီနေ့ရဲ့ topic လေးကို မ‌ပြောခင် လေထဲက အငွေ့အသက်ကို ခံစားမိကြလား? 🤭
မခံစားရဘူးဆိုရင်တော့ NHZ က 'Love is in the air!💗' ဆိုပြီး announce လုပ်ချင်ပါတယ်။

'ဘာလဲ February တောင် မရောက်သေးဘူး' လို့ မပြောပါနဲ့နော်။ အခုလို မိုးအေးအေးလေး နဲ့ cafe မှာ ကိုယ်ချစ်ရတဲ့လူနဲ့ အတူ date လုပ်ဖို့ အရမ်းကောင်းတဲ့ အချိန်မို့လို့ပါ။ Forever single တွေလဲ ဝမ်းမနည်းပါနဲ့နော်😆။ ဒီနေ့ မိတ်ဆက်ပေးမယ့် cafe တွေက couple တွေရော၊ solo တွေအတွက်ရော၊ friend date တွေအတွက်ပါ အရမ်းအဆင်ပြေပါတယ်။
ဒါဆိုရင် 'Cafe for Date' recommendation လေးတွေ ကြည့်ကြလိုက်ရအောင်‌~ ✨✨

1. Alex Food Loft & Alex Deli Garden Cafe

💗 ပထမဦးဆုံး မိတ်ဆက်ပေးမဲ့ ဆိုင်ကတော့ Alex Food Loft & Alex Deli Garden Cafe ပဲဖြစ်ပါတယ်ရှင့်။

💁 ဒီနေရာလေးရဲ့ အားသာချက်ကတော့ တိတ်ဆိတ်ငြိမ်သက်တာပဲဖြစ်ပါတယ်။ ဆူညံသံတွေရဲ့ ဝေးရာကိုသွားပီး အေးအေးချမ်းချမ်း စကားပြောချင်သူတွေအတွက် ကွက်တိပါပဲ။ 🥰

✨ ဒါ့အပြင် outdoor date ထွက်ချင်သူများအတွက်လဲ ဆိုင်ရဲ့ outdoor garden မှာရှိ‌တဲ့ အပင်စိမ်းလေးများနှင့် ပန်းပင်တွေနဲ့အတူ 🌼📸 ဓာတ်ပုံလှလှ ‌တွေလဲရိုက်လို့ရပါတယ်‌နော်။ မြို့ပြရဲ့ မွန်းကြပ်မှု တွေကနေ ရုန်းထွက်ပြီး ချစ်သူနဲ့အနားယူ အပန်းပြေဖို့ အလွန်ကောင်းမွန်တဲ့ hot spot တစ်ခုပါ။ မိုးရွာလို့ cafe မထိုင်နိုင်မှာလဲ မစိုးရိမ်ပါနဲ့နော်၊ indoor restaurant လဲရှိတဲ့ အတွက် သက်တောင့်သက်သာ relax လုပ်လို့ ရပါတယ်။ ညဖက်မှာဆို ရင်လဲ မီးပုံးတွေ ထွန်းထားပေးတဲ့အတွက် romantic အရမ်းဆန်ပါတယ်။ 😍

☕ ဒီဆိုင်မှာ နာမည်အကြီးဆုံး ဟင်းလျာတွေက‌တော့ အင်းလေးငါးထမင်း၊ကြက်သားဘာဂါ၊ Spaghetti Bolognese နဲ့ ဆိတ်သားဟင်းထမင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အသင့်အတင့်ရှိပါတယ်ရှင့်။ 🙇

🕚 Opening hours တွေကတော့ မနက် ၇ နာရီ ကနေ ညနေ ၉ နာရီအထိ ဖွင့်ထားပါတယ်ရှင့်။

ထိုင်ခုံ‌‌နေရာ လှလှလိုချင်ပါက booking ကြိုလုပ်ရမယ်နော်။
☎️ 0942837257, 098372299

Address ကတော့ 👇
🏡 No. 33, Yaw Min Gyí Street, Dagon Township, Yangon
✓ Page Link
https://www.facebook.com/alexfoodloft/

2. Alinkar CafĂŠ House

💗 နောက် Zoner တို့ကို ပြသမဲ့ နေရာကတော့ Alinkar Café House ပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်က Industrial ဆန်ဆန် ခဲရောင်နဲ့ အမဲရောင်များကို အသုံးပြုထားတာဖြစ်ပြီး design က edgy ဖြစ်ပြီးအတော်မိုက်ပါတယ်။ အထူးသဖြင့် လူငယ် ယောက်ျား‌လေးတွေ ကြိုက်နှစ်သက်မဲ့ design မျိုးပါ။

☕ ဒီဆိုင်မှာ အဓိက recommend ပေးချင်တာကတော့ coffee တွေပဲဖြစ်ပါတယ်။ Coffee စေ့စစ်စစ် ကို သုံးစွဲထားပြီး cafe တစ်ခုလုံး အနံ့‌မွှေးကြိုင်နေပါ၏။ Yves ကတော့ cold brew coffee ကို ‌recommend ပေးပါတယ်နော်။ 🤗

🍽️ Foodie တွေကိုလည်း မမေ့ပါဘူးနော်။ အဲ့ဆိုင်မှာ‌တော့ Asian, European, Traditional Burmese cuisine ‌တွေလဲ အစုံအလင်ရနိုင်ပါတယ်။ လူကြိုက်များတဲ့ Menu ကတော့ ထားဝယ် မုန့်ဟင်းခါးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အသင့်အတင့်ရှိပြီး 💁 European ပွဲများတော့ နည်းနည်း‌စျေးများတဲ့ ဘက်ကိုရောက်ပါတယ်။

🕚 ဆိုင်ဖွင့်ချိန် တွေကတော့ မနက် ၆:၃၀ ကနေ ည ၈:၃၀ ဖြစ်ပါတယ်။

☎️ 09450993399, 09450990566, 099502069922

လိပ်စာကတော့ 👇
🏡 No.20/22, Shan Kone Street, Myanikone, Yangon
✓ Page Link
https://www.facebook.com/alinkar2021/

3. Aura Mille Crepe Cake Cafe

💗 ဒီပိုစ့်မှာ နောက်မိတ်ဆက်ပေးမဲ့ ဆိုင် ကတော့ Aura Mille Crepe Cake Cafe ဖြစ်ပါတယ်။ သူ့နာမည်အတိုင်း ဒီဆိုင်လေးက crepe cake specialty shop🍰ဖြစ်ပါတယ်။ Crepe cake crazy တွေ အကြိုက်ပေ့ါ။ အရသာအစုံအလင် ရှိပြီး Taro က ‌နေ Sakura Blossom flavor အထိတောင်ရှိပါတယ်။ Crepe cake ပဲရောင်းသော်လည်း variety စုံတဲ့အတွက် မရိုးစေရဘူးနော်။ 😚

✨ ဆိုင်ရဲ့ vibe ကတော့ ပျိုမေများ ကြိုက်နှစ်သက်မဲ့ fairy tale ဒီဇိုင်းဖြစ်ပါတယ်။ ဆိုင်‌ရဲ့ အရှေ့မှာ မှန်အိမ်ရှိပြီး အပြင်က စိမ်းစိမ်းစိုစို ပတ်ဝန်းကျင် ကို ငေးမောပြီး အပန်း‌ဖြေလို့ကောင်းပါတယ်။ ☕ နောက်ပီး ဒီဆိုင်ရဲ့ 🌺 Flower tea 🌺 ကိုလည်း recommend လုပ်ချင်ပါတယ်။ မိုးအုံ့အုံ့ weather ☁️ နဲ့ကွက်တိပဲ။ Tea လေးလည်းသောက် စကားလဲတစ်ပြော‌ပြောနဲ့ ချစ်သူနဲ့ အတူတူ ငြိမ်းချမ်း သာယာမဲ့ အချိန်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

🕚 မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ ဆိုင်ဖွင့်ပါသည်။

Booking တင်ချင်ပါက
☎️ 09777363666

Shop Address 👇
🏡 No.11C, Kyauk Kone Street, Yankin Township, Yangon
✓ Page Link
https://www.facebook.com/deauramm/

4. City Breeze

💗 နောက်ဆုံး ပြောပြသွားမဲ့ cafe ကတော့ City Breeze ပဲဖြစ်ပါတယ်။ Hole in the wall ဆိုင်လေးမို့ ရှုပ်ရှုပ်ယှက်ယှက် မရှိတာကို လုံး၀ အာမခံ ပါတယ်‌နော်။ Cafe မှာ လူများပြီး ဆူညံသံ ကို မုန်းတဲ့ သူများအတွက် perfect match ပါပဲ။ 😘 ဆိုင်က ရေကျော်နဲ့လည်း နီးတဲ့အတွက် street food date လေးလည်း လုပ်လို့ ရပါတယ်‌။

✨ ဆိုင်က နှစ်ထပ် ရှိပြီး အပေါ်ထပ် မှန်ပြတင်းပေါက်ကနေ ဗိုလ်ချုပ်လမ်းမပေါ်ကို ငေးမောပြီး စ‌ကား ဖယ်လယ်လို့ရပါတယ်။ Interior ကတော့ simple ဖြစ်ပြီး သပ်သပ်ရပ်ရပ်ရှိပါတယ်။ 🤗

☕ ဒီဆိုင်ရဲ့ အကောင်းဆုံး အချက်ကတော့ ချိုသာသော ဈေးနှုန်းပဲဖြစ်ပါတယ်။ Menu ကတော့ တော်တော် စုံစုံလင်လင်ရှိပြီး Asian food ဖြစ်တဲ့ Chinese, Thai, and Korean ဟင်းလျာများ ပိုမိုရှိပါတယ်ရှင့်။ ဒီဆိုင်ရောက်ရင်တော့ ကိုရီးယား ထမင်းသုပ် နဲ့ Brown Sugar milk tea ကို စားကိုစားခဲ့ပါလို့ ပြောချင်ပါတယ်။ 😚

🕚 ဆိုင်ဖွင့်အချိန် တွေကတော့ မနက် ၉ နာရီကနေ ည ၈ နာရီဖြစ်ပါတယ်ရှင်။

Address 👇
No.129, Between 47th and 48th Street, Bogyoke Road, Yangon
✓ Page Link
https://www.facebook.com/CityBreezeCoffee/

ဒါဆိုရင် Date ထွက်လို့ရမဲ့ နေရာလေးတွေ idea ရမယ်လို့ မျှော်လင့်ပါတယ်။ Happy Dating!!! 💖

Content by Yves
Graphic by Set Kyaw

Photos from Alex's Food Loft and Alex Deli Garden Cafe's post 19/06/2022

Rainbow crepe cake🎂

မွေးနေ့အတွက် မှာမလား၊ anniversary လေးမှာ အမှတ်တရcake လေးအဖြစ်မှာမလား။💕ရောင်စုံ layer🌈 လေးတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အရသာရှိလှတဲ့ ကိတ်ကလေးကို Alex's deli မှာ မှာယူလို့ရနေပြီနော်။ 🙈❣️

📌Preorder available now

☎️09-42837252,09451102352

🏠 Address -33/C , Yawminkyi street, Dagon township, Yangon.

19/06/2022

Happy father's Day

ကမ္ဘာပေါ်မှာ ရှိတဲ့‌ဖေဖေ အားလုံးကို ဂုဏ်ပြုပါတယ်။

ဖေဖေဆိုတာ အိမ်ကြီးတစ်လုံးနဲ့နှိုင်းယှဉ်ရရင် အမိုးတစ်ခုနဲ့တူတယ် ဘယ်လောက်ပဲအကာအရံတွေရှိပါစေ ခေါင်မိုးမရှိတဲ့အိမ်က လေဒဏ်၊မိုးဒဏ်၊‌နေဒဏ်ကို ခံနိုင်ရည်မရှိနိုင်ပူးမလား။ ဖေဖေဟာ တစ်မိသားစုလုံးကို အုပ်မိုးစောင့်‌ရှောက် လုံခြုံမှုအပြည့်ပေးတတ်တဲ့သူတစ်ယောက်ပါ။ မေမေ ထက်စာရင် အနေအေးလွန်းတဲ့ ဖေဖေဟာ သားသမီးတွေနဲ့ တိုင်ပင်‌ဖော်၊ ရင်းနှီးဖော်အရမ်းနည်းလွန်းတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဖေဖေဟာ သားသမီးတိုင်းရဲ့လိုအပ်ချက်ကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်တဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။ တခါတလေ ဖေဖေနဲ့စိတ်ဆိုးစိတ်ကောက်မိလို့ မခေါ်မပြောဖြစ်ခဲ့ကြရင် အနေအေးလွန်း တည်တံ့လွန်းပြီး မာကြောမယ်ထင်တဲ့ ဖေဖေ့ရဲ့နှလုံးသားဟာ ဖယောင်းပမာ ပျော့ပြောင်းသွားတတ်ပါတယ်။ သူချစ်တဲ့သားသမီးလေးတွေကို ဆူငေါက်ပြီးတဲ့အခါမှာ ချော့မြူမတတ်တဲ့သူဟာ တစ်ယောက်တည်းစိတ်မကောင်းဖြစ်နေတတ်တယ်။ သူတို့ရဲ့ခံစားချက်တွေကို သိပ်ထုတ်ဖော်မပြတတ်တဲ့ဖေဖေတွေ။ သားသမီးတိုင်းရဲ့ ဘ၀ပံ့ပိုးမှုမှာ တစ်စိတ်တစ်ပိုင်းပါ၀င်ပေးတဲ့ဖေဖေတွေ။ ဒီနေ့မှာ ကျရောက်တဲ့ဖေဖေများနေ့ မှာ ဖေဖေ့‌အပေါ်ဆိုးမိ၊ စိတ်ကောက်မိခဲ့တာတွေကို ၀န်ချတောင်းပန်ပြီး ဒီနေ့တစ်ရက်တာကို ဖေဖေနဲ့တူတူကုန်ဆုံးဖို့ မမေ့ကြပါနဲ့နော်။ ကမ္ဘာပေါ်မှာ ရှိတဲ့‌ဖခင်များနဲ့တကွ မကြာမီဖခင်ဖြစ်‌တော့မည့် သူရဲကောင်း‌များအားလုံးကို အဖေများနေ့မှာ ဂုဏ်ပြုလိုက်ရပါတယ်။

Happy father's Day

Dad is like a roof compared to a house. No matter how many shelters there are, can a house without a roof withstand the wind, the rain, and the sun? Dad is the one who provides security for the whole family. A father who is less closer than a mother is one. But a father is a person who can fully support the needs of every children. Sometimes, if you do not call because you are mad with your father, the heart of your father, who is too cold and hard to think, will soften like a candle. Fathers who rarely express their feelings sometimes upset themselves after being angry with their children. Fathers play a vital role in shaping the lives of their children. Today, on father's day, do not forget to apologize for the inconvenience and do not forget to spend the day with your dad.

Fathers and all the heroes who will soon become fathers are honored on Father's Day.

Photos from Alex's Food Loft and Alex Deli Garden Cafe's post 18/06/2022

ကောင်းမွန်သာယာတဲ့မနက်ခင်းလေးဖြစ်ကြပါစေရှင့်။

မနက်ဖြန် ၁၉.၆.၂၀၂၂ မှာ ကျရောက်မည့် 'အဖေများနေ့'ကို ဂုဏ်ပြုသောအားဖြင့် ဖေဖေနဲ့တူတူလာမည်ဆိုလျှင် 10% ရမည့်အခွင့်အရေးကို သတင်းကောင်းလေးပါးပါရစေနော်။ မိသားစုပုံ ဒါမှမဟုတ် ဖေဖေနဲ့မေမေကို အမှတ်တရ ပုံလှလှလေးတွေရိုက်ပေးမလား။ ပန်းပင်ပန်းခက်စိမ်းစိမ်းလေးတွေနဲ့ အရိပ်ရတဲ့ သက်တောင့်သက်သာလဲဖြစ်တဲ့ နေရာလေးမှာ မိသားစုတွေ လွတ်လွတ်လပ်လပ် အပန်းဖြေ၊ မုန့်စားပြီး စကားတွေပြောကြမလား။ဖေဖေကိုချစ်တဲ့သူလေးတွေ၊ မိသားစုတွေအမှတ်တရများစွာကိုဖန်တီးဖို့အတွက် Alex's deli garden cafe လေးကိုလာဖို့ဖိတ်ခေါ်ပါရစေနော်။

ဆိုင်ဖွင့်ချိန်လေးကတော့ မနက်7:00နာရီက‌နေ ည 9:00 အထိပဲဖြစ်ပါတယ်နော်။
နေရာကောင်းကောင်းလေးကို ကြိုတင်ဘိုကင်ယူချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်လေး‌များကိုဆက်သွယ်နိုင်ပါပြီနော်။
☎️0942837257,098372299။

In honor of Father's Day tomorrow, June 19, 2022, we would like to give offer getting 10% discount chance if you come with your father. Would you take a family photo or a nice photo of your mom and dad? In a shady place with green flowers and plants families can relax and make memorable moments.Will you enjoy food while talking. Come and visit Alex's deli garden cafe to create more family memories.
The cafe shop is open from 7:00 AM to 9:00 PM. If you want to book a nice view of place in advance, you can contact the following phone numbers.
☎️0942837257,098372299.

Photos from Alex's Food Loft and Alex Deli Garden Cafe's post 10/06/2022

Hello!!! ချစ်ရတဲ့ဧည့်သည်‌တော်တို့ရေ....

သစ်ပင်ပန်းမာန်လေးတွေနဲ့ ချစ်စရာပန်းချီကားချပ်လေး‌တွေနဲ့ Outdoor အပြင်အဆင်လေးတစ်ခုလုပ်ထားပေးတယ်နော်။ Photo ရိုက်ဝါသနာအိုးလေးတွေအတွက်လဲ ပုံရိုက်ဖို့အတွက် ကိုအဆင်ပြေစေမှာပါ။ဈေးနှုန်းလေးလဲ ချိုသာတယ်။ နေရာလေးကလဲ အရမ်းအဆင်ပြေတယ်ဆို‌တော့ Alex's deli garden cafe လေးကို လာခဲ့ဖို့ဖိတ်ခေါ်ပါရစေနော်❤️

Hello !!! To our lovely customers....

We made an outdoor decoration with beautiful flowers and trees. It is also suitable for photography enthusiasts. With the best price and comfortable place, we invite you to come and spend your day at Alex's deli garden cafe ❤️

Photos from Alex's Food Loft and Alex Deli Garden Cafe's post 06/06/2022

မင်္ဂလာပါရှင့်။🌴
ဒီတစ်ခါမှာတော့ Palm and Palm juice lover လေးတွေအတွက်လက်ဆောင် special drink အဖြစ်ယူဆောင်လာပါပြီ။

ဘာလေးလဲဆိုတော့.....🌴
အညာဒေသတွေမှာ‌ပေါများတဲ့ ထန်းသီးလေးနှင့်ဖျော်စပ်ထားတဲ့ ထန်းသီးဖျော်ရည်လေးပဲဖြစ်ပါတယ်။

အညာကိုသွားစရာမလိုတော့ပဲ လွယ်လင့်တကူ သုံးဆောင်နိုင်စေဖို့ ယခု Alex's မှာ ရရှိနိုင်ပါပြီနော်။

ချိုချိုမွှေးမွှေးfreshyဖြစ်တဲ့ထန်းသီးဖျော်ရည်လေးရဲ့
ဈေးနှုန်းလေးကလဲ 2500 kyats ထဲသာဆိုတော့ တန်မှတန်၊ကောင်းမှကောင်း တကယ်ကို လတ်လတ်ဆတ်ဆတ် ထန်းသီးအရသာကိုပေးစွမ်းနိုင်မှာ အမှန်ပါပဲနော်။

ထန်းသီးချစ်သူတို့အတွက် ထန်းသီးဖျော်ရည်လေးကို ကျွန်မတို့ Alex's deli garden cafe ‌မှာ လာရောက်
သုံးဆောင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းလေးပါးပါရစေနော်။

Special drink announcement...🌴
This time is for Palm and Palm juice lovers.

Palm which is commonly see throughout Myanmar especially in central myanmar.

Sweet and fragrant freshy palm juice. The price is only 2500 kyats, so you can really enjoy the taste of fresh palm fruit. For those who love palm fruit ,Palm juice come and enjoy at our Alex's deli garden cafe.🌴

Photos from Alex's Food Loft and Alex Deli Garden Cafe's post 05/06/2022

La saison des pluies🌧️⛈️

ချစ်ရတဲ့ customers တို့အတွက်
ဆိုင်ကိုလာတဲ့အခါ မိုးတွေရွာထားလို့ Garden ထဲမှာ မထိုင်ဖြစ်ခဲ့ရင်လဲ restaurant ထဲမှာထိုင်လို့ရပါတယ်နော်။ ပုံရိုက်ဝါသနာအိုးလေးတွေအတွက် lighting လဲဖွင့်ပေးထားတဲ့အတွက် ရိုက်ချက်တိုင်းကို လှပနေစေမှာပါ။နေ့ခင်းဘက်မှာ သဘာ၀အလင်းရောင်လေးနဲ့ ရိုက်လို့ရမဲ့အပြင် ညဘက်တွေဆိုရင်လဲ မီးပုံးလှလှလေးတွေနဲ့ရိုက်လို့ရပါတယ်နော်။ ဈေးနှုန်းချိုပြီး အရမ်းတန်တဲ့ အစားအသောက်ကောင်းများသာရောင်းပေးတဲ့အပြင် ဒီဇွန်လအတွင်းမှာဆိုရင် discount prices တွေလဲရမာဆိုတော့ ကိုချစ်မြတ်နိုးရတဲ့သူတွေကို ခေါ်ပြီး လာခဲ့လိုက်ပါတော့နော်။
သာယာ‌တဲ့နေ့ရက်လေးတရက်ဖြစ်ပါစေရှင့်။

If you could not sit in the garden because of the rain, you can sit in the restaurant. Lighting is also provided for photography enthusiasts. The setting is well-designed and the decoration is convenient for photographers.We invite you to come and enjoy at our Alex's deli cafe with your beloved ones.
Have a nice day!

04/06/2022

June Borns!!!

မိုးရာသီ ဇွန်လမှာ မွေးဖွားသူလေးတွေအတွက်....
Alex's ရဲ့ rainy season discounts လေးတွေထဲမှာ ဒီအစီအစဉ်လေးကိုထည့်ပေးလိုက်ပါတယ်နော်။

ဆိုင်ကိုလာတဲ့အခါ June born လေးတွေဖြစ်ကြောင်း Id card လေးပြပြီး 10% discount ယူလို့ရပြီနော်။

မိုးတွေရွာလို့ gardenထဲမှာ မထိုင်ဖြစ်ခဲ့ရင်လဲ restaurant ထဲမှာထိုင်လို့ရပါတယ်နော်။ ပုံရိုက်ဝါသနာအိုးလေးတွေအတွက် lighting လဲဖွင့်ပေးထားတဲ့အတွက် ရိုက်ချက်တိုင်းကို လှနေစေမှာနော်။အခင်းအကျင်းတွေကိုသေချာလေးချထားတဲ့အပြင် decorationပြုလုပ်ထားပုံလေးတွေက ပုံရိုက်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ဈေးနှုန်းချိုချိုလေးတွေနဲ့သာ ရောင်းပေးတဲ့အပြင် ခုလို discounts တွေပါထပ်ရမာဆိုတော့ ကို့ရဲ့သူငယ်ချင်း မိသားစု၀င်တွေထဲမှာ June ‌လ မွေးဖွားသူတွေရှိရင် ခေါ်ပြီး 10% discount အရယူလိုက်ပါတော့‌နော်။ ရက်အကန့်အသတ်လေး‌တွေလဲရှိလို့ မြန်မြန်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

June Borns !!!

This is one of Alex's rainy season discounts.
You can get 10% discount by showing your Id card that you were born in June when you come to the cafe. If you could not sit in the garden because of the rain, you can sit in the restaurant. Lighting is also provided for photography enthusiasts. The setting is well-designed and the decoration is convenient for photographers.We invite you to come as soon as possible due to the limited number of days.

29/05/2022

Rainy season special offer!!!🌧️

Alex's ရဲ့ မိတ်ဟောင်းမိတ်သစ် customers များအားလုံးအတွက် မနက်ဖြန် ၃၀.၅.၂၀၂၂ မှာ မိုးရာသီ အထူးအစီအစဉ်လေး‌အနေဖြင့် ၂၀,၀၀၀ နှင့်အထက် ၀ယ်ယူအားပေးကြမည့် ပထမဦးဆုံး table ၅ခုအတွက် ၁၀% discounts ပေးမည့်အကြောင်းကို သတင်းကောင်း‌လေးပါးပါရစေနော်။ Food and soft drinks အကုန်ပါ၀င်မှာဖြစ်တဲ့အတွက် ချစ်သောဧည့်သည်တော်တို့ အဆင်ပြေစေမှာပေါ့။ ရန်ကုန်မြို့လယ်ကောင်ရဲ့ တိတ်ဆိတ်အေးချမ်းလှတဲ့ နေရာလေးမှာ သီချင်းလေးနားထောင်မယ်၊အပန်းဖြေကြမယ်၊shutterbug လေးတွေအတွက်လဲ ပုံရိုက်လို့ရမည့်အပြင် discount prices လေးပါ တခါတည်းရမှာဆို‌တော့ အချိန်တွေဆိုင်းမနေကြတော့ပဲ ပထမဦးဆုံးcustomerလေးတွေဖြစ်ဖို့ ခုပဲAlex's deli garden cafe လေးကို ရောက်အောင် လှမ်းလာခဲ့လိုက်ပါတော့နော်။

ကြိုတင်ဘိုကင်လေးများလုပ်ချင်ပါက အောက်ပါဖုန်းနံပါတ်လေးတွေကို ဆက်လို့ရပါတယ်နော်။
☎️09428372527,018386646

ကောင်းမွန်သာယာတဲ့ နေ့ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

For all Alex's old and new customers,
tomorrow on May 30, 2022 we will be offering 10% discounts as "A special rainy season offer" for the first 5 tables which will be bought for 20,000 or more. All food and soft drinks will be included thus it is going to be convenient for our dear guests. Listening to music, feel relax, be shutterbug and get discounted prices at the same time in a quiet and peaceful place in downtown Yangon.

If you want to make a reservation in advance, you can call the following phone numbers.
☎️09428372527,018386646

Wishing you have a good day.

14/05/2022

ကဆုန်လပြည့် ဗုဒ္ဓအခါ‌တော်နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း‌တောင်းအပ်ပါတယ်။

Full Moon Day of Kason! We wish you all safe and well during this year.

Photos from Alex's Food Loft and Alex Deli Garden Cafe's post 10/05/2022

Bon appétit🍴

Alex' မှာ အရောင်းရဆုံး menu item လေးတွေ...🤤❤️

Inle fish rice salad၊
Chicken burger၊🍔
Spaghetti Bolognese၊🍝
Mutton curry with rice...🍲

ဈေးချိုချိုလေးတွေနဲ့ တိတ်ဆိတ်အေးချမ်းလှတဲ့ Garden လေးထဲမှာ လာရောက်သုံးဆောင်လို့ရနေပါပြီနော်။👀💞

Best Selling Items at Alex 's

Inle fish rice salad 👀💞
Chicken burger 🍔
Spaghetti Bolognese 🍝
Mutton curry with rice ...🍲

You can come and enjoy in the quiet Garden with cheap prices.

If you want to book for a table contact below numbers
☎️ 09-428372527,098372299

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

ALEX’S GASTRO BAR

The Loft restaurant " the Alex's Gastro Bar & Garden " are ready to cater the most discerning visitors. The 60 seats venue including a bar-lounge area and garden which has 50 seats venue or more will offer A la carte breakfast, lunch and dinner in the alchemy of tastes, colors and design .....

Alex ’s is a fusion restaurant that expertly combines Western and Asian influences, originating unique creations you will not find anywhere else.

The interior of the restaurant matches the Loft Hotel’s color palette: black, white and red, and presents a chic, yet mellow ambience. With décor lamps and statuettes brought in from neighbouring countries such as Hong Kong and Thailand, and oriental music selection, in Alex’s you will have the opportunity to experience a journey across Asian influences through your mouth, eyes and ears.

Videos (show all)

Thingyin Special Discount
30-50% discount
Crispy crunchy french fries with valuable prices
Come enjoy our live Myanmar band

Telephone

Address


33, Yaw Min Gi Street (former York Street) , Dagon
Yangon
11191

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Other Yangon restaurants (show all)
Le Planteur Restaurants & Lounge Le Planteur Restaurants & Lounge
80 University Avenue
Yangon, 11201

For any reservation, contact us on : +95 (0) 9791845419 / +95 (0) 9755011025

M3 Food Center M3 Food Center
West Shwe Gong Daing Road
Yangon

The official page for M3 Food Center at Bahan Sport Ground, near Shwedagon Pagoda. Feedback and enqui

50th Street Restaurant & Bar 50th Street Restaurant & Bar
9/13, 50th Street, Botahtaung Township
Yangon, 11162

We're proud to be named the Best Sports Bar in Yangon for 2016!

Mandalay Style Mandalay Style
No(37) Than Thu Mar Road, Thingangyun Township
Yangon

No Reservation

Garden by My Hill coffeehouse Garden by My Hill coffeehouse
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801

Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .

Food Lover Food Lover
Yangon

အကောင်းဆုံး စမိုင် နှင့် ကြက်သားပလာ?

Yummy Food Yummy Food
Thakata Township
Yangon, 780008644

SANAM YUM TRIP SANAM YUM TRIP
Yangon, THARKETA

100% Hala Fast Food

Zuru Zuru Zuru Zuru
Yangon

ဂျပန် ရာ့မင် ခေါက်ဆွဲခြောက်ထုပ်မျိ?

Healthy Food Lunch Box Services Healthy Food Lunch Box Services
Yangon

We provide Local Home Cook Service to people in Myanmar. Free delivery service provided with package.

My Day Food & Drink My Day Food & Drink
South Dagon
Yangon

Keep you Active