Kyawဆပ်ပြာဆီကုန်ကြမ်း

09961300345

23/03/2024
20/01/2024

လေဖြတ်ခြင်း၏ အကြောင်းတရားများ

ဦးနှောက်အစိတ်အပိုင်းတစ်ခုဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားသည့်အခါ လေဖြတ်ခြင်း ဖြစ်လာစေနိုင်ပါတယ်။ သွေးထဲမှာ အောက်စီဂျင်မရောက်တော့လျှင် ဦးနှောက်ဆဲလ်တွေက မိနစ်ပိုင်းအတွင်း စတင်သေဆုံးသွားပါလိမ့်မယ်။ လေဖြတ်ခြင်းကို ကာကွယ်နိုင်စေဖို့ လေဖြတ်စေနိုင်သည့် အကြောင်းအရာများကို သိရှိထားဖို့ လိုအပ်ပါတယ်။

#သွေးတိုးခြင်း
သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၏ အကြီးမားဆုံးသော အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ ၁၃၀/၈၀ သို့မဟုတ် ထိုထက်ပိုမြင့်မားလာလျှင် ဆရာဝန်နှင့်ပြသပါ။

#ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ လေဖြတ်ခြင်းအန္တရာယ်ကို ဖြစ်စေနိုင်သည့် အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။ နီကိုတင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းက လည်ပင်းအဓိကသွေးကြောထဲတွင် အဆီများဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါဟာသွေးကိုပျစ်လာစေပြီး သွေးခဲခြင်း ဖြစ်လာစေနိုင်ပါတယ်။ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်မိလျှင်တောင် ထိုဆိုးကျိုးကို ခံစားရစေနိုင်ပါတယ်။

#နှလုံးရောဂါ
ထိုအခြေအနေများတွင် နှလုံးအဆို့ရှင်များ ကောင်းစွာအလုပ်မလုပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည်တို့ ပါဝင်ပါတယ်။ အသက်ကြီးသူများကြားမှာ ထိုအကြောင်းအရာများကြောင့် လေဖြတ်ခြင်း ဖြစ်လာစေနိုင်ပါတယ်။ အဆီများစုဝေးလာခြင်းကြောင့် သွေးကြောများလည်း ပိတ်သွားနိုင်ပါတယ်။

#ဆီးချို
ဆီးချိုရှိသူများဟာ မကြာခဏဆိုသလို သွေးတိုးစေနိုင်ပါတယ်။ ထိုသူများဟာ အဝလွန်သူများလည်း ဖြစ်တတ်ကြပါတယ်။ သွေးတိုးနှင့်အဝလွန်ခြင်းတို့ကလည်း လေဖြတ်ခြင်းအန္တရာယ်ကို ပိုမြင့်မားစေပါတယ်။ ဆီးချိုဟာ သွေးကြောများကို ပျက်စီးစေနိုင်တာကြောင့် လေဖြတ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားသည့်အခါ လေဖြတ်နိုင်ပြီး ဦးနှောက်ထိခိုက်နိုင်ချေ ပိုမြင့်မားပါတယ်။

#ခန္ဓာကိုယ်အလေးချိန်နှင့်_လေ့ကျင့်ခန်း
သင်ဟာ အဝလွန်သူတစ်ယောက်ဖြစ်လျှင်လည်း လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ မြင့်မားပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းအားဖြင့် ထိုဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ မိနစ် (၃၀) ခန့် လမ်းလျှောက်ပါ။ သို့မဟုတ် အလေးမခြင်း၊ အိပ်ထမတင်လုပ်ခြင်း ကဲ့သို့သော ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

#တစ်ချို့သောဆေးဝါးများ
တစ်ချို့သောဆေးဝါးများဟာလည်း လေဖြတ်ခြင်းအန္တရာယ်ကို ပိုမြင့်မားစေပါတယ်။ ဥပမာ သွေးကျဲဆေးများဟာ တစ်ခါတရံ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးဆုံးချိန်ခံစားရသည့် လက္ခဏာများကို သက်သာစေဖို့ အသုံးပြုသည့် ဟော်မုန်းကုထုံးများကလည်း လေဖြတ်ခြင်းအန္တရာယ်နှင့် ဆက်စပ်နေပါတယ်။ သန္ဓေတားဆေးများမှာ ပါဝင်သည့် အီစရိုဂျင်ဟာလည်း ထိုအန္တရာယ်ကို မြင့်မားစေနိုင်ပါတယ်။

#အသက်အရွယ်
သားအိမ်ထဲရှိ ကလေးငယ်များအပါအဝင် အသက်အရွယ်မရွေးလေဖြတ်နိုင်ပါတယ်။ သို့သော် အသက်ကြီးလာလေ လေဖြတ်နိုင်သည့် အန္တရာယ် ပိုမြင့်မားလေဖြစ်ပါတယ်။ အသက် (၅၅) နှစ်နောက်ပိုင်းမှာ လေဖြတ်နိုင်ချေ (၂) ဆ လောက်အထိ ရှိပါတယ်။

#မိသားစုနောက်ခံ
မိသားစုဝင်ထဲမှာ လေဖြတ်ဖူးလျှင် သွေးတိုး၊ဆီးချိုများရှိခဲ့ဖူးလျှင် မျိုးရိုးဗီဇအရ သင်လည်းဖြစ်နိုင်ပါတယ်။

#လိင်အမျိုးအစား
အမျိုးသားများဟာ အမျိုးသမီးများထက် လေဖြတ်နိုင်သည့် အန္တရာယ် ပိုမြင့်မားပါတယ်။ သို့သော် အမျိုးသမီးများဟာလည်း အသက်ကြီးလာသည်နှင့်အမျှ လေဖြတ်နိုင်ချေများလာပြီး ပြန်လည်ကောင်းမွန်နိုင်ချေ နည်းပြီး သေဆုံးနိုင်ချေ ပိုမြင့်မားပါတယ်။

လေဖြတ်စေနိုင်သည့် အကြောင်းတရားများကို သိရှိထားပြီးဖြစ်တာကြောင့် လေဖြတ်ခြင်းမဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်ကြစေဖို့ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ကြစေရန် တိုက်တွန်းလိုက်ရပါတယ်။

.com

20/01/2024

လူမှုဖူလုံရေးကတ် (SSB Card) ရှိရုံဖြင့်
OSC ဆေးရုံကြီးတွင် ဆေးခန်းပြသနိုင်ပါပြီ...📣📣📣

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှ စတင်ပြီး SSB Card ရှိသူတိုင်း OSC ဆေးရုံကြီးသို့ လာရောက်ပြီး အောက်ပါ ဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

• အထွေထွေရောဂါကုဆရာဝန်နှင့် ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်ခြင်း

• ပြင်ပလူနာပြုစုကုသမှု (လတ်တလောရောဂါများ၊ နာတာရှည်ရောဂါများ၊ နောက်ဆက်တွဲဆိုးကျိုးများရှိသည့် တစ်မျိုးထက်မကသော ရောဂါများအတွက် စမ်းသပ်ကုသမှု) ခံယူနိုင်ခြင်း

• ကာကွယ်ဆေးထိုးနှံနိုင်ခြင်း(မေးခိုင်​ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး)

• ကိုယ်၀န်ဆောင်ပြင်ပလူနာလာရောက်ပြသနိုင်ခြင်း။

#အထက်ပါ ဝန်ဆောင်မှုများအပြင်

▶️ အထူးကုဆရာဝန်ကြီးများနှင့် ကုသမှုခံယူရန် လိုအပ်သော အခြေအနေများနှင့်၊ ပြည်သူ့ဆေးရုံနှင့်အလုပ်သမားဆေးရုံများတွင် တက်ရောက်ကုသမှုခံယူရန် လိုအပ်သောအခြေအနေများတွင်လည်း လိုအပ်သလို ချိတ်ဆက်လွှဲပြောင်းပေးခြင်း၊ တွဲဖက်ကုသခြင်းနှင့် ပြန်လည်လက်ခံကုသပေးခြင်းများကို ပြုလုပ်ပေးခြင်း၊

▶️ ရောဂါကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် လုပ်ငန်းခွင်ကျန်းမာရေးအကြောင်း အသိပညာပေးကုသခြင်းများကိုလည်း ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

မိမိ၏ လူမှုဖူလုံရေးကတ်(SSB Card) ကို ယူဆောင်လာပြီး OSC ဆေးရုံ၏ လူမှုဖူလုံရေး - OSC အထွေထွေရောဂါကုဆေးခန်း တွင် အထက်ပါ ဝန်ဆောင်မှုများအားလုံးကို (Gazetted Holiday) အများပြည်သူရုံးပိတ်ရက် များမှလွဲ၍ နေ့စဉ် မနက် (၈) နာရီမှ ညနေ (၆) နာရီအထိရယူနိုင်ပြီ ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက

01-4706622
09-43208326 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
===============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC ဆေးရုံမှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။
===============================

10/06/2023
Photos from Komodo Mobile Accessories Wholesales - Yangon's post 10/06/2023
15/05/2023
15/05/2023

အဆိပ်ကို ပိုက်ဆံပေးကာသောက်နေကြရတဲ့ဘဝများ

ဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်

တစ်ခါက ကျနော့်မိတ်ဆွေတဦး လာတိုင်ပင်ပါတယ် အချိုရည်ထုတ်ရောင်းဖို့ အရင်းနီးနဲနဲနဲ့ အမြတ်များများကျန်တဲ့လုပ်ငန်းတဲ့၊ သူပြောပြတာက ရေကို ဓာတုဗေဒအချိုခဲ၊ အချဉ်ခဲတွေနဲ့ ဖျော်မယ်၊ ပြီးရင် အရောင်ထည့်မယ်၊ နောက်အနံ့ထည့်မယ်၊ ပါကင်ဘူးလှလှလေးနဲ့ဈေးကွက်မှာ ဖြန့်လိုက်ရင် ခဏလေးနဲ့ ချမ်းသာသွားနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြပြီး ကျွန်တော့်ကို အကျိုးတူလုပ်ဖို့ စည်းရုံးခဲ့တယ်။

နမူနာလည်း လုပ်ပြခဲ့ပါတယ်၊ ဆေးသကြားနဲ့ အချဉ်ခဲနဲ့ဖျော်တယ် ပြီးရင် အဝါမှုန့်နဲ့ရောဖျော်တယ်၊ ပြီးရင်ဆေးပုလင်းလေးနဲ့ လိမ္မော်နံထည့်ပြီး ရောမွှေလိုက်တယ်၊ ထူးခြားတဲ့ လိမ္မော်ရနံနဲ့အရသာရှိတဲ့ လိမ္မော်ရည်ပေါ့ဗျာ၊ သူက သောက်ကြည့်ခိုင်းတယ်၊ ကျွန်တော်က သောက်ကြည့်တာ တကယ့်လိမ္မော်ရည်အစစ်အတိုင်းပါဘဲ။

ပြီးတော့ ဒီလိမ္မော်ရည်ကို ကြာရှည်ခံအောင် ဖော်မလင်ထည့် ပုလင်းလှလှ ပါကင်လှလှပိတ်ပြီးရောင်းလိုက်ရင် ရှယ်ဘဲတဲ့၊ တော်လိုက်တာဗျာ၊ သူက ဘယ်လိုလဲ သူနဲ့အကျိုးတူလုပ်မလားလို့ ကျွန်တော့်ကို မေးပါတယ်၊ ကျွန်တော် စဉ်းစားပါတယ် ဒီလိုလိမ္မော်ရည်အတု၊ အခြားအချိုရည်အတုတွေကို ထုတ်လုပ်ပြီးရောင်းရင် သောက်သုံးသူတွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကိုယ်တွေတော့ စီပွားဖြစ်နိုင်တယ်။

လုပ်သင့် မလုပ်သင့် စဉ်းစားရင်း မလုပ်သင့်တဲ့ဘက်ကို ဆုံးဖြတ်မိပါတယ်၊ သူက ကျွန်တော့်ကို သူတတ်ထားတဲ့ chemical ပညာနဲ့ ချမ်းသာစေချင်တာပေါ့၊ ကျွန်တော်ကတော့ ကိုယ်ချမ်းသာပြီး သူများဒုက္ခရောက်မည့် အတွေး၊ အကြံ၊ အပြော၊ အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အကျိုးတူမလုပ်နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ သူ့ရဲ့နည်းပညာများပြန့်ပွားပြီး ဈေးကွက်ထဲမှာ အချိုရည်ပေါင်းစုံကတော့ တောင်ပုံယာပုံပါဘဲ၊ အချိုရည်စက်ရုံတွေသွားစောင့်ကြည့် ဘာလိမ္မော်၊ ဘာသံပုရာ၊ ဘာအသီးမှ အထဲကိုသွင်းတာ မတွေ့ရသလို၊ ဘယ်နေရာမှာမှ စက်ရုံတွေက အသီးအနှံဝယ်တာ မတွေ့ရပါဘူး၊ အဲအချိုရည်စက်ရုံ တွေမှာ အလုပ်ဆင်းဘူးသူတိုင်း သိပါတယ်။

အဲဒါတွေသောက်ပြီး ခလေးတွေမှာ အသဲ၊ ကျောက်ကပ်တွေ ပျက်ဆီး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်နေကြတာလည်း အမြင်ပါဘဲ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နော် အချို့ကလေးတွေ အဲဒီအချိုရည်တွေ မသောက်ကြဘူး၊ သူတို့ မိဘတွေကလည်း ဝယ်မတိုက်ကြဘူး၊ အဲဒါကြောင့် ဘယ်ကလေးတွေက ပိုကျန်းမာနေလည်း ပတ်ဝန်းကျင်ကို လေ့လာရင်သိနိုင်ပါတယ်။

Credit (ကိုကိုမောင်)
source အလင်းရောင်

December 24, 2022 by ShweKhit

15/05/2023
15/05/2023

🥰တေးသံသာတဲ့ ငှက်မောင်နှံလေးတွေလို မွှေးရနံ့တွေထုံသင်းနေတဲ့ ပန်းပွင့်လေး နဲ့ ပန်းဝတ်ရည်သယ်ဆောင်သူ ပျားလေးတွေလိုပါပဲ တို့နှစ်ယောက်လည်း မခွဲအတူအမြဲတမ်းရှိနေမှာပါ. . .

💖ရင်ခုန်သံတစ်ချက်ခုန်လိုက်တိုင်း အချိန်နဲ့အမျှ တို့နဲ့အမြဲတူတူ ရှိနေမှာကတော့ AC နာရီလေးပဲပေါ့ . . .

✅Model No : AC1036MD/LDBSS
✅Movement: Japan Movement
✅Case: Stainless Steel Case
✅Band:Stainless Steel Band
✅Glass: Mineral Glass
✅Buckle: Safety Buckle
✅Water Resistant: 3 ATM
✅Case Size : 40 x47.mm&33x39.0mm
✅Price- AC1036MDBSSBU- 120,400 mmk
AC1036LDBSSBU- 120,400 mmk
✅2)Years Warranty

✅Yangon .....

Alexandre Christie Concept Store
CITY MALL, ST.JOHN
ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့် ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
09 426 771 162

✅Mandalay.....
Alexandre Christie Concept Store ,
Level-3, No (351/352), 73 Street,Ocean Mingalar Mandalay
09 257 115 949
online က မှာယူချင်သူတွေအတွက် Watch Bay Powered By CherryOo Page မှ တစ်ဆင့်မှာယူလို့ရတယ်နော်။
အမြို့မြို့ အနယ်နယ်တိုင်းမှာရှိတဲ့ ချယ်ရီဦး အရောင်းဆိုင်တိုင်းမှာလည်း ဝယ်ယူရရှိနိုင်ပါပြီရှင့် . . .

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

Yangon
Other Soup Restaurants in Yangon (show all)
SOUPer Fan - စွပ်ပြုတ်တစ်လိုင်း SOUPer Fan - စွပ်ပြုတ်တစ်လိုင်း
Bo Min Yaung Street, 42 Ward, North Dagon Township
Yangon, 11421

မဂၤလာပါ။ အရသာအရှိဆုံး စွှတ်ပြုတ်မျာ?

ဘောဂဆီချက်ကော်ရည် - Baw Ga ဘောဂဆီချက်ကော်ရည် - Baw Ga
737 Mahabandoola Road, 1st Ward, Latha Township, Chinatown
Yangon

Where the best steamed PORK RIBs, Si-Chat and Lor-Mee (starchy soup) come from. All of our main item

A'SE Cafe A'SE Cafe
Kamayut Township
Yangon, 11051

နူးအိနေအောင်ပေါင်းထားတဲ့ ဗမာကြက်ကောင်လုံး ဂျင်စင်းနှင့် ဆေးမြစ်စုံပေါင်း