V Turbo Automobile Service

V Turbo Automobile Service

Automobile Service

11/09/2022

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Unicode >>>

ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက်အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်းခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ်ဝှီးတပ်မှန်/ မမှန်
ချက်စီ (Chassis)ဘောင်နှင့်မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာသေချာအောင်ကညနရုံးမှာ ကားမဝယ်ခင်သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ဈေးပါတည့်ပြီးမှ final အနေနှင့်လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ်။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frameတွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေရှော့ဘားဘောင်တွေသေသပ်ရမယ်။
အင်ဂျင်ဂီယာဘောက်စ်အားလုံးကြည့်ကောင်းနေရမယ်။
အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။
Original Spotတွေ ချိတ်တွေဖြစ်ရမယ်။
ဘောနပ်အောက်ကချိတ်တွေဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန်နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ်။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ်RPM တက်တာမှန်လား။
ACအေးလားကြည့်မယ်။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေရှိနေမယ်ဆို အင်ဂျင်cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည်အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော်ဆေးသားအရောင်လွဲတာ မညီတာလှိုင်းတွေလိုမျိုး ဖြစ်နေတာအရိုးအစစ်တွေမညီတာတွေကသေချာကြည့်ရင်မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spotတွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင်အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်နဲ့တစ်ဖက်တူလားကြည့်ပါ။တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။

☑ ၅။အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ်။အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေသေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင်ဒက်ရ်ှဘုတ်ထိုင်ခုံဘေးကာဗာတွေ အခြေအနေ။ စတီရာရင်ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ်( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံအောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်ဘယ်လိုလဲ။ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင်)

🇲🇲 ကားများသည်brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ဈေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည်ကားအားလုံးကောင်းပြီးဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက်အရှေ့ရော အနောက်ပါ တိုက်ထားပြီးဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင်ဂီယာဘောက်စ်အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။

🇲🇲 သိသလောက်မှတ်သလောက်လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Original uploader

#ကားအကြောင်း

Photos from Mechanical Engineer's post 10/09/2022
08/09/2022

😁😁😁

Photos from V Turbo Automobile Service's post 11/07/2022

✨Mercedes GL Suspension services
✨lsuzu ELF Engine
Overhaul
✨Toyota Crown Engine Valve Cover Seal Change
✨ Toyota Prado Wheel Hub Ball Change
✨Mercedes GL Transmission Service
များပြုပြင်နေပုံ
လိပ်စာ No.99 Aung Zeya Road, Kyauk Kone,Yankin Township, Yangon.
Ph📞 09453890989,09797177772

Photos from V Turbo Automobile Service's post 29/06/2022

✨ Computer Diagnostic Service
✨ Car Body Repair and Paint Service
✨ Electric and Wiring service
✨ Car Parts Ordering. Service
✨ Engine,Transmission and
Suspension Repair Servrce
✨ Oil Change Service များကို
V Turbo Automobile Service တွင်စျေးနှုန်းမှန်ကန်စွာCustomer စိတ်တိုင်းကျ ကျွမ်းကျင်ဝန်ထမ်းများ ဖြင့် ဆောင်ရွက် ပေးနေပါသည်။
🚗 Address - No.99 Aung Zeya Road,Kyauk Kone,
Yankin Township, Yangon.
☎ Ph: 09453890989,09797177772

03/08/2020

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့ ထုံမွှမ်းပြီး ကိုယ်ရောစိတ်ပါ ချမ်းသာရွှင်ပြရှိကြပါစေကြောင်း ကျွန်တော်တို့ V Turbo Automobile Service မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။

05/03/2020

Next Generation !!!
D1S Night Breaker Laser

Photos from V Turbo Automobile Service's post 28/12/2019

Repair and Paint
Automobile Service

25/12/2019

Merry Christmas ပါနော်.....
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အားလုံးအစစအရာရာအစင်ပြေပါစေ....

Photos from V Turbo Automobile Service's post 25/12/2019

Wheel Fender Widening Rubber
Fiber Pattern
L Size
(1 set) - 100,000 MMK (include installation)

Photos from V Turbo Automobile Service's post 02/12/2019

1.2TSI DSG Mechatronic Unit Rebuild with Rebuild Kit
Automobile Service

29/11/2019

are Here!!!
Automobile Service

29/11/2019

gave Customer's Satisfaction with Our Service (Air Con: Service)
200,000 MMK (Parts and Service)
#(One of Big European Car Workshop gave him Quotation around 1,500,000 MMK)
Care Not Only Our Service but also Your Money
Automobile Service

Photos from V Turbo Automobile Service's post 21/11/2019

Full-House
21.11.2019

Photos from V Turbo Automobile Service's post 25/10/2019

Ordering Service (Preorder)
F150Raptor/Ranger Wildtark...
Tundra/ Hilux Revo...
Accessories Parts are also Available
Automobile Service

Photos from V Turbo Automobile Service's post 18/10/2019

Polo ABS unit Online Coding Service
Automobile Service

Photos from V Turbo Automobile Service's post 13/10/2019

🙏 ဗုဒ္ဓဘာသာမြန်မာလူမျိ ုးတို့၏ အထွဋ်အမြတ်ထားရာ နေ့လေးတစ်နေ့ဖြစ်သော ယနေ့လို သီတင်းကျွတ်လပြည့်နေ့လေးမှာ
V Turbo တွင် အစဉ်အမြဲ လာရောက် အားပေးကြသော မိတ်ဆွေများနှင့် Customer မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဆုံကြပါစေလို့ V Turbo မှဆုမွန်ကောင်းတောင်းပေးပါတယ်။ ။ 🙏 🎑

Photos from V Turbo Automobile Service's post 09/10/2019

A4 Carbon Fiber Bonnet Ordering and Installation
Automobile Service

Photos from V Turbo Automobile Service's post 05/10/2019

V Turbo Pre-Opening. Ready to Celebrate. Sponsor by OldTown Coffee.
Thanks you All Vistors and OldTown Coffee.

Photos from V Turbo Automobile Service's post 03/10/2019

Parts Ordering Service
Automobile Service

Photos from V Turbo Automobile Service's post 03/10/2019

, Japan Full House
Automobile Service

03/10/2019

Cayenne ABS Sensor Service
Automobile Service

03/10/2019

Royce Computer Diagnostic Service
Automobile Service

Photos from V Turbo Automobile Service's post 03/10/2019

Golf Vl DSG Gearbox and Engine Overhaul Service
Automobile Service

Photos from V Turbo Automobile Service's post 03/10/2019

Q7 V8 engine overhaul service
Automobile Service

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 99, Aung Zeya Road, Kyauk Kone, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Other Automotive repair in Yangon (show all)
Htarwara Miba Myit Tar Htarwara Miba Myit Tar
Pinlon Road
Yangon

TaNyin - တညင် TaNyin - တညင်
အမှတ်၁၇, လမ်း၁၀၀, လွတ်လပ်ရေးရပ်ကွက်(ဘင်္ဂါလီစု), မင်္ဂလာတောင်ညွန့်မြို့နယ်
Yangon, 11222

ကားမီးခွက်/ကားဘန်ဘာ/ကားရှဲ(လ်)/ကားကော်ပစ္စည်းအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေး

ကိုရဲနှင့်ညီကိုများ  ဆေးဘော်ဒီနှင့် fiber custom body kit skirt ကိုရဲနှင့်ညီကိုများ ဆေးဘော်ဒီနှင့် fiber custom body kit skirt
Yangon

လူကြီးမင်းတို့ ဇိမ်ခံကားမျိုးစုံကို ကောင်းမွန်စွာပြုပြင်ပေးပါသည်

North Point  car accessories North Point car accessories
Kamayut
Yangon, 11111

hello welcome

Dolphin Car engine oil change service Dolphin Car engine oil change service
No. 8, Kone Baung Street, East Dagon
Yangon, 11011

သင့်စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အကျိုးအမြတ် ဖြစ်ပါသည်

Yadanar Tun Yadanar Tun
Yadanar Road ; No 1279; South Okkalapa Township
Yangon

Car Auto Service

Shwe Takhon Auto  Services Shwe Takhon Auto Services
အမှတ် ၁၄၀ ယောဂီကျောင်းလမ်း ၁၁ ရပ်ကွက် လှိုင်မြို့နယ်
Yangon, 11181

Wheel Alignment & Alloy Services

Kaung Kyaw Auto Service Kaung Kyaw Auto Service
အမှတ်၄၅၊ အနော်ရထာလမ်း၊ ၁၆ရပ်ကွက်၊ မြောက်ဒဂုံ
Yangon, 11421

နည်းပညာမြင့် မော်တော်ယာဥ်များ စစ်ဆ?

Ko Raja Ac/Dc Motors Ko Raja Ac/Dc Motors
Bayintnaung
Yangon, 11062

Ac/Dc Dinamo Motors Sales and Service

AK Car Spear Parst & Repair AK Car Spear Parst & Repair
No52. Myintzu Parami. Twp
Yangon

car spare part

ရွှေတော်ဝင်ကြယ် အပ်ချုပ်စက်ပြုပြင်ရောင်းဝယ်ရေး ရွှေတော်ဝင်ကြယ် အပ်ချုပ်စက်ပြုပြင်ရောင်းဝယ်ရေး
အမှတ်(၁၀၂၆), သီရိကျော်ထင်လမ်း, (၁၆၈)ရပ်ကွက်, ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်
Yangon, 11441