Unity Construction
လုံးချင်းအိမ်၊ တိုက်ခန်းများကို အရည်အသွေး အပြည့်ဖြင့် တိကျ သေချာစွာ ဆောက်လုပ်ပေးပါသည်။
ကျွန်တော်တို့ Unity Construction က အဆောက်အဦးဆောက်လုပ်ပေးခြင်းအပြင် solar system နဲ့ Autogate system များလည်း တပ်ဆင်ပေးပါတယ်ခင်ဗျ။
အောက်ကပုံကတော့ Mingaladon မြို့နယ်က ကျွန်တော်တို့ရဲ့ customer ကြီးအတွက် solar system နဲ့ autogate system တွေ တပ်ဆင်ဖို့အတွက် detail assessment လုပ်ခဲ့တာလေးပါ ခင်ဗျာ။
အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Unity Construction and Engineering ကို သတိရလိုက်ပါ။
Auto Gate system သီးသန့် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ Solar system ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများအနေနဲ့လည်း လက်ရှိ ဆောက်လုပ်ဆဲ အိမ်၊ အဆောက်အဦးတွေမှာ ဒီစနစ်တွေကိုထည့်သွင်းချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ Unity နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
095098144 ကိုလည်း ဖုန်းခေါ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးလို့ ရပါတယ်။
လိုအပ်ရင် မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ကွင်းဆင်းပြီး ခန့်မှန်းကုန်ကျစရိတ်ကို အသေးစိတ် တိုင်ပင်ဆွေးနွေးပေးပါတယ်ခင်ဗျာ။
Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။
===========================
♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။
♦️Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။
♦️Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။
♦️Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။
♦️Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။
♦️အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။
♦️အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။
♦️ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။
♦️ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…
အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။ ဘယ်လိုဆင်ဆင် ဇကာကို နှစ်ထပ်ဆင်ရမယ်လို့ လေ့လာဖူးတယ်။ နှစ်ထပ်ဆို ၄ လွှာ ဆင်ရမယ့်သဘောပေါ့။ တချို့က နားလှည့်ပါးရိုက် ၃ လွှာပဲ ဆင်ကြတယ်။ လက်မတွေ အကျယ်ခြားဆင်ကြတယ်။ Drawing က ၆ လက်မခြား ဆို ၈ လက်မ ၉ လက်မ ခြားပြီး ဆင်ကြတယ်။ တည့်တည့်မဆင်ဘဲ ကွက်ကြားဆင်တော့ ၄ လက်မ ၅ လက်မ ခြား မြင်ရတယ်ပေါ့။ အဲတော့ နားမလည်တဲ့ အိမ်ရှင်ဘက်က နစ်နာလေရော။
♦️နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ္တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။
♦️ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။
♦️အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
♦️အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။
♦️ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။
♦️ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူအား crd ပေးပါသည်။
Unity Construction
နှစ်သစ်မှာ အများနဲ့ မတူတဲ့ ပရိုမိုးရှင်းတွေ၊ ဝန်ဆောင်မှု အသစ်တွေနဲ့ ကျွန်တော်တို့ရဲ့ Unity Construction
၁။ နှစ်သစ် Promotion အနေနဲ့ အခမဲ့ ပေးမယ့် သိန်း ၄၀ ဝန်းကျင်တန် အလိုအလျောက် ခြံတံခါး ဖွင့်၊ ပိတ် စနစ် (Auto Gate System)😱😱😱
နှစ်သစ်မှာ ကျွန်တော်တို့ Unity Construction and engineering နဲ့ အိမ်သစ်ဆောက်မယ့် မိဘပြည်သူများအတွက် အလိုအလျာက် ခြံတံခါး ဖွင့်၊ ပိတ် စနစ် (Auto Gate System) ကို ပထမဆုံး ၅ ဦးကို အခမဲ့ ပရိုမိုးရှင်း ပေးမယ့် အစီအစဥ်လေးလည်း ရှိပါသေးတယ်ခင်ဗျာ။ ဒီစနစ်က မီးမလာလည်း အလုပ်လုပ်ပါတယ်ခင်ဗျ။
၂။ Smart lighting control system 📲
မိမိရဲ့ တအိမ်လုံးကမီးခလုတ်တွေကို အင်တာနက်ရှိရုံနဲ့ ဘယ်နေရာပဲ ရောက်ရောက် ဖုန်းထဲကနေ ဖွင့်၊ ပိတ် လုပ်နိုင်မယ့် (Smart lighting control system) ကိုလည်း ထည့်သွင်း တပ်ဆင်နိုင်ပါပြီ ခင်ဗျာ။ (ဒါကတော့ ပရိုမိုးရှင်း မဟုတ်ပါ ခင်ဗျာ)
အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Unity Construction and Engineering ကို သတိရလိုက်ပါ။
Auto Gate system သီးသန့် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ Smart lighting control system ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများအနေနဲ့လည်း လက်ရှိ ဆောက်လုပ်ဆဲ အိမ်၊ အဆောက်အဦးတွေမှာ ဒီစနစ်တွေကိုထည့်သွင်းချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ Unity နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
095098144 ကိုလည်း ဖုန်းခေါ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးလို့ ရပါတယ်။
လိုအပ်ရင် မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ကွင်းဆင်းပြီး ခန့်မှန်းကုန်ကျစရိတ်ကို အသေးစိတ် တိုင်ပင်ဆွေးနွေးပေးပါတယ်ခင်ဗျာ။
"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်
၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။
တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။
ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။
ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။
နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။
ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။
တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။
တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"အိမ်ဆောက် ရက် ရွေးနည်း"
***************************
တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။
တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။
အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။
ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။
ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။
သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။
စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။
ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။
တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။
အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။
ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။
ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။
သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။
စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။
အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~
မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင်ရမည်ဖြစ်ပေသည်။
Credit: ဆရာအောင်စေဗေဒင်သုတေသီ
သိန်း ၄၀ ဝန်းကျင်တန် အခမဲ့ ပေးမယ့် ပရိုမိုးရှင်း လာပါပြီ 😱😱😱
ကျွန်တော်တို့ UnityConstruction နဲ့ 2024 ထဲမှာ အိမ်ဆောက်မယ့် မိဘ ပြည်သူများအတွက် ပထမဆုံး အလုပ်အပ်နှံမည့်သူ ၅ ဦးတိတိကို Auto Gate System (ခြံတံခါး အလိုအလျောက် ဖွင့်၊ ပိတ် စနစ်) ကို အခမဲ့ တပ်ဆင် ပေးသွားမယ့် အကြောင်း သတင်းကောင်းလေး ပါးပါရစေ ခင်ဗျာ။ ဒီစနစ်က မီးမလာလည်း ရပါတယ်ခင်ဗျာ။
ကဲ သိန်း ၄၀ ဝန်းကျင်တောင် အခမဲ့ ရမယ့် ပရိုမိုးရှင်း ဆိုတော့ လက်လွှတ် မခံကြနဲ့တော့နော်။ 2024 မှာ အိမ်ဆောက်မယ့် မိတ်ဆွေတွေကိုလည်း လက်တို့လိုက်ကြပါဦး။
အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Unity Construction and Engineering ကို သတိရလိုက်ပါ။
Auto Gate system ပဲ သီးသန့်လိုအပ်သူများလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
095098144 ကိုလည်း ဖုန်းခေါ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးလို့ ရပါတယ်။
လိုအပ်ရင် မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ရှင်းပြဆွေးနွေးပေးပါတယ်ခင်ဗျာ။
2024 ကစပြီး အိမ်ဆောက်ဖို့ လုပ်ငန်းအပ်မယ့်လူတွေကို ဒီလို နောက်ဆုံးပေါ် န ည်းပညာ ဖြစ်တဲ့ wind turbine system ထည့်ပြီးတည်ဆောက်ပေးမလို့ စိတ်ကူးထားပါတယ်ခင်ဗျာ။
plaster cracking🔎🔎🔎
နံရံအက်ကွဲခြင်းအကြောင်း
•••••••••••••••••••••••••••••
ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုရင်
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ်(moisture)တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ
တစ်လကျော်လောက်ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းလာပြီး
နံရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ
Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်
ပေါ်လာတဲ့
Plaster Crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး
(Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ်
Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1)အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း / အမှိုက် တွေရောပါနေခြင်း
(2)အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမ
လုပ်မိခြင်း
(3)ခြောက်သွေ့နေတဲ့အိုတ်ရိုးများအားရေမပေးပဲ
အချောကိုင်မိခြင်း
(4)Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲ
နေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း
(5)အုတ်စီရာတွင် Joint များမမိခြင်း
(6)Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲ
အချောကိုင်မိခြင်း
(7)ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြား
နေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5: class လောက်ကိုသာအသုံးပြုသင့်ပါတယ်
(8)အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိ
ခြင်း
Current setting မလုပ်ခြင်း
(9)အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ plaster cracking တွေဖြစ်ပေါ်လာရ
ပါတယ်
အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ
ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်
မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ် ခဗျာ
to original uploader
ထုံးတမ်း စဥ်လာ ပန္နက်တော် မင်္ဂလာ...
လှိုင်သာယာမှာ ဆောက်တော့မယ် အိမ်လေးရဲ့ ပန္နက်တင် မင်္ဂလာ အခမ်းအနားလေးပါ ခင်ဗျ။
အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Unity Construction ကို သတိရလိုက်ပါ။
မိတ်ဆွေတို့ စိတ်ကြိုက် ဒီဇိုင်းတွေ ယူလာပြီး ဆောက်ခိုင်းလို့လည်း ရပါတယ်။ Google က နမူနာ ပုံလေးတွေ ယူလာပြီး အဲ့အတိုင်း ဆောက်ချင်တယ်ဆိုရင်လည်း Structure Design, Archi Design တွေ ရေးဆွဲပေးပါတယ်ခင်ဗျာ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
095098144 ကိုလည်း ဖုန်းခေါ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးလို့ ရပါတယ်။
လိုအပ်ရင် မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ရှင်းပြဆွေးနွေးပေးပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Unity Construction. က လက်ရှိ ဆောက်နေတဲ့ Site တွေထဲကမှ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ထဲက လုပ်ငန်းခွင် ပုံလေးတွေပါ။
အဆောက်အဦး ဆောက်လုပ်မည်ဆိုပါက အရည်အသွေး တိကျသေချာတဲ့ ကျွန်တော်တို့ရဲ့ Unity Construction ကို သတိရလိုက်ပါ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
095098144 ကိုလည်း အချိန်မရွေး ဖုန်းခေါ်လို့ရပါတယ်။ အသေးစိတ် ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျ။
မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ဆွေးနွေး တိုင်ပင်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေကို လာရောက်ကြည့်ရှု လေ့လာလို့လည်း ရပါတယ်ခင်ဗျာ။
Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။
===========================
♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။
♦️Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။
♦️Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။
♦️Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။
♦️Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။
♦️အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။
♦️အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။
♦️ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။
♦️ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…
အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။ ဘယ်လိုဆင်ဆင် ဇကာကို နှစ်ထပ်ဆင်ရမယ်လို့ လေ့လာဖူးတယ်။ နှစ်ထပ်ဆို ၄ လွှာ ဆင်ရမယ့်သဘောပေါ့။ တချို့က နားလှည့်ပါးရိုက် ၃ လွှာပဲ ဆင်ကြတယ်။ လက်မတွေ အကျယ်ခြားဆင်ကြတယ်။ Drawing က ၆ လက်မခြား ဆို ၈ လက်မ ၉ လက်မ ခြားပြီး ဆင်ကြတယ်။ တည့်တည့်မဆင်ဘဲ ကွက်ကြားဆင်တော့ ၄ လက်မ ၅ လက်မ ခြား မြင်ရတယ်ပေါ့။ အဲတော့ နားမလည်တဲ့ အိမ်ရှင်ဘက်က နစ်နာလေရော။
♦️နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ္တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။
♦️ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။
♦️အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
♦️အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။
♦️ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။
♦️ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူအား crd ပေးပါသည်။
ကျွန်တော်တို့ရဲ့ Unity Construction ကနေ အိမ်ရှင် စိတ်တိုင်းကျ တည်ဆောက်ပေးပြီး အပ်နှံပေးခဲ့တဲ့ ဒဂုံဆိပ်ကမ်း မြို့နယ် (၇၉) ရပ်ကွက်ထဲက ချစ်စရာ ၂ ထပ်တိုက်လေး....
၁၇ x ၄၈ ပေ၊ Steel structure
အောက်ထပ် Single room ၂ ခန်း
အပေါ်ထပ် Master ၁ ခန်း၊ ဘုရားခန်း၊ ဝရံတာ ကျယ်
ရေ၊ မီး၊ ဆေး၊ မျက်နှာကျက် အပြီးအစီး
ကြာချိန် ၄ နှင့် ၅ လ ကြား
ကုန်ကျစရိတ် သိန်း ၆၅၀ ဝန်းကျင်
အိမ်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Unity Construction ကို သတိရလိုက်ပါ။
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
095098144 ကိုလည်း ဖုန်းခေါ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးလို့ ရပါတယ်။
လိုအပ်ရင် မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ရှင်းပြဆွေးနွေးပေးပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Unity Construction က အိမ်ရှင်စိတ်တိုင်းကျ တာဝန်ယူ တည်ဆောက်ပေးနေတဲ့ တောင်ဒဂုံ (၇၀) ရပ်ကွက်ထဲက ၂ ထပ် အိမ်လေး....
ပေ ၂၀ x ၆၀ ပေါ်မှာ ၁၇ x ၅၀၊ ၂ ထပ် steel structure
Master (၁) ခန်း၊ Single (၂) ခန်း
ရေ မီး ဆေး အပြီးအစီး
ခန့်မှန်း ကုန်ကျစရိတ် သိန်း ၇၀၀ ဝန်းကျင်
ကြာချိန် ၅ လ
အဆောက်အဦး ဆောက်လုပ်မည်ဆိုပါက အရည်အသွေး တိကျသေချာတဲ့ ကျွန်တော်တို့ရဲ့ Unity Construction ကို သတိရလိုက်ပါ။
095098144 ကို ဖုန်းခေါ်လိုက်ပါ။ အသေးစိတ် ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျ။
ဒါမှမဟုတ်လည်း
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ဆွေးနွေး ရှင်းပြပေးလို့ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေကို လာရောက်ကြည့်ရှု လေ့လာလို့လည်း ရပါတယ်ခင်ဗျာ။
အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီစာလေးကို မဖြစ်မနေဖတ်ပါ
အိမ်အိမ်ဆောက်တော့မယ်ဆိုရင် အခြေခံ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေ ရှိပါတယ်။
ငွေဘယ်လောက်သုံးမှာလဲ?
~~~~~~~~~~~~~~~~~~
ဒီအချက် အရေးကြီးဆုံးလို့ ပြောလို့ရတဲ့ အချက်တစ်ချက်ပါပဲ၊ အိမ်တစ်အိမ် စဆောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့အိမ်အတွက် ဒီဇိုင်း၊ အတွင်း/အပြင် တွေနဲ့ အခန်းဖွဲ့တာတွေကအစ ကုန်ကျစရိတ် အတိုအထွာလေးတွေအဆုံး ကိုယ့်ဖက်က သုံးချင်တဲ့ငွေ အတိုင်းအတာကို ကြိုတင်ပြီး သေသေချာချာ တွက်ချက်ထားသင့်ပါတယ်၊ ကိုယ့်ဘာသာ တွက်ချက်ဖို့ ခက်ခဲတယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ တွေကို ချိတ်ဆက်ပြီးတော့ ကုန်ကျစရိတ်ကို တွက်ချက်ခိုင်းသင့်ပါတယ်။
ကိုယ့်အိမ်ကို ဆောက်လုပ်ပေးမဲ့သူက ဘယ်သူလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ဆောက်တော့မယ်ဆိုရင် ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ သေချာ တိုင်ပင်ပါ၊ ကိုယ့်အိမ်ကို တည်ဆောက်ပေးမဲ့ သူ က ဘယ်လောက်ထိ တိကျတဲ့သူလဲ၊ စေ့စပ်သေချာရဲ့လား၊ ဘယ်လို ဒီဇိုင်းတွေမှာ အားသာချက်ရှိလဲ အစရှိတဲ့ အချက်တွေကို သေချာ လေ့လာ ဆန်းစစ်ထားသင့်ပါတယ်၊ နှစ်ခါကုန် မဖြစ်ရလေအောင် ကိုယ့်အိမ်ကို ဆောက်လုပ်ပေးမယ့်သူ အကြောင်းကို သေချာ လေ့လာထားသင့်ပါတယ်။
စဉ်းစားချင့်ချိန်ပြီးမှ တည်ဆောက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
မိတ်ဆွေအနေနဲ့ အိမ်ဆောက်တဲ့ အချိန်မှာ အသုံးပြုမဲ့ ပစ္စည်းတွေကိုတော့ သေချာရွေးချယ် စဉ်းစားပြီးမှ အသုံးပြုသင့်ပါတယ်၊ သင့်ရဲ့ အိမ်နီးနားချင်းတွေ ကို ကြွားဝါဖို့ အတွက်လောက်နဲ့ အကောင်းစား ပစ္စည်းတွေချည်းပဲ ထည့်မဆောက်သင့်သလို အရမ်းကို ဈေးသက်သာလွန်းတဲ့ ပစ္စည်းအမျိုးအစားတွေကိုလည်း ထည့်သွင်း မစဉ်းစားသင့်ပါဘူး၊ မိတ်ဆွေရဲ့ အိမ်လေးကို ဘယ်လို ပုံစံ ပုံဖော်ချင်သလဲ ဆိုတာကို သေသေချာချာ စဉ်းစားပါ၊ အရည်အသွေးမှန် ဈေးနှုန်းမှန်တဲ့ ပစ္စည်း အမျိုးအစားတွေကိုသာ ရွေးချယ်ဝယ်ယူပါ။
~~~~~~~~~
အစိမ်းရောင်တွေချည်း အသုံးပြုဖို့ စဉ်းစားခိုင်းတာ မဟုတ်ပါဘူး၊ သဘာဝအတိုင်း ရနိုင်တဲ့ စွမ်းအင်တွေနဲ့ မိမိရဲ့အိမ်လေးကို လည်ပတ်စေနိုင်ဖို့ စဉ်းစားခိုင်းတာပဲဖြစ်ပါတယ်။
ဥပမာ - အိမ်ရဲ့ ပြတင်းပေါက်ကို တောင်ဘက်ကို မျက်နှာမူပြီး ဆောက်လုပ်ထားမယ်ဆိုရင် နေ့လည်နေ့ခင်း အချိန်တွေမှာ အလင်းရောင်နဲ့ သဘာဝရဲ့လတ်ဆက်တဲ့ လေကို ကောင်းမွန်စွာ ရရှိနိုင်တဲ့ အပြင် လျှပ်စစ်မီးကိုလည်း ချွေတာနိုင်ပါလိမ့်မယ်။
မိမိရဲ့ မီးဖိုချောင်၊ အိပ်ခန်းအစရှိတဲ့ နေရာတွေမှာ သဘာဝရဲ့ စွမ်းအင်တွေကို အသုံးချနိုင်ဖို့ အတွက် ထည့်သွင်း စဉ်းစားပြီး တည်ဆောက်သင့်ပါတယ်။
ပြန်လည် စစ်ဆေးဖို့ မမေ့ပါနဲ့။
~~~~~~~~~~~~~~~~~~~~
နောက်ဆုံး တစ်ချက်အနေနဲ့ သင့်ရဲ့အိမ်လေးကို တည်ဆောက်လို့ ပြီးစီးခါနီး အချိန်ကို ရောက်လာပြီဆိုရင်တော့ သင်အနေနဲ့ ပြန်လည် ဆန်းစစ်ပြီး ပြင်ဆင်၊ ဖြည့်စွက်ချင်တဲ့ အချက်တွေ ရှိလာခဲ့ရင် ကို အားမနာပဲ ပြန်ပြောဖို့ လိုအပ်ပါတယ်၊ သင့်ရဲ့ အိမ်ထဲကို ပထမဆုံး ဝင်လိုက်တဲ့ အချိန်မှာ စိတ်ချမ်းသာနိုင်စေဖို့ အတွက် ပြင်ဆင်ဖြည့်စွက်စရာတွေ တွေ့လာခဲ့ရင် အားမနာပဲ ကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ခိုင်းပါ။
အိမ်ဆောက်ဖို့ စဉ်းစားနေပါသလား မိတ်ဆွေ၊ ကျွန်တော်တို့ရဲ့ Unity Construction ကို သတိရလိုက်ပါ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့်
ပေးပါတယ်။
095098144 ကို ဖုန်းခေါ်လိုက်ပါ။ အသေးစိတ် ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျ။
ဒါမှမဟုတ်လည်း
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ဆွေးနွေး ရှင်းပြပေးလို့ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေကို လာရောက်ကြည့်ရှု လေ့လာလို့လည်း ရပါတယ်ခင်ဗျာ။
အိမ်၊ ခြံမြေတွေ ရောင်းမှား ဝယ်မှား မဖြစ်စေဖို့.....
မိတ်ဆွေတို့ရဲ့ ပိုင်ဆိုင်မှုတွေ ခိုင်မာစေဖို့.....
ကျွန်တော်တို့ရဲ့ Unity Construction. က ကူညီပါရစေ။
မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ နဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းက အိမ်ခြံမြေတွေအတွက် ပိုင်ဆိုင်မှု ခိုင်မာမှု ရှိ၊ မရှိ စစ်ဆေးချင်ရင် ကျွန်တော်တို့ Unity Construction မှာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်ခင်ဗျာ။
095098144 ကို ဖုန်းခေါ်လိုက်ပါ။ အသေးစိတ် ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျ။
ဒါမှမဟုတ်လည်း
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ဆွေးနွေး ရှင်းပြပေးလို့ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Construction လုပ်ငန်းခွင်တွေကို လာရောက်ကြည့်ရှု လေ့လာလို့လည်း ရပါတယ်။
အိမ်ပုံစံ လှလှလေးတွေ ကြည့်ပြီး စိတ်ကူးယဥ်ကြည့်လိုက်ပါ။
ပြီးရင်တော့....
သင့်စိတ်ကူးထဲက အိပ်မက်အိမ်လေးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ရဲ့ Unity Construction ကို သတိရလိုက်ပါ။
09767896004 ကို ဖုန်းခေါ်လိုက်ပါ။ အသေးစိတ် ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျ။
ဒါမှမဟုတ်လည်း
Messenger မှာ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
မိတ်ဆွေတို့ နေရာအထိလည်း လာရောက်ပြီး အသေးစိတ် ဆွေးနွေး ရှင်းပြပေးလို့ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေကို လာရောက်ကြည့်ရှု လေ့လာလို့လည်း ရပါတယ်။
*** အားလုံးပဲ စိတ်ကူးအိပ်မက်ထဲက အိမ်လှလှလေးတွေကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ....။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11441
No. 173/59, Ground Floor, Shwe Ta Sote Street, (2) Quater, Mayangone Township
Yangon, 11061
Build Your Dream With Us!
ကျန်စစ်မင်းအိမ်ယာ
Yangon
လူကြီးမင်းများစိတ်တိုင်းကျအဆောက်ဦးများကိုဆောက်လုပ်ပေးပါတယ်။
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451
Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...
No(38B), 10th Floor, Sabae Phyu Condo, Zawana, Thingangyun
Yangon, 11071
To become the leading construction firm, while delivering projects that consistently exceed international standards and provide exceptional customer satisfaction.
North, Okkalapa (North)
Yangon, 11031
M+A Group is the partner company of Yadanabon Glass. We are leading experts in Glass & Aluminium
No(No49), Anawmar (2) Street, (13) Ward, South Okkalapa Township
Yangon, 0011
Construction PAE (Plinth Area Estimation ) Construction. Renovation Design (Archi, Structure, M&E)
229, Naykyar Street, Pale(3), Mingalardon
Yangon
အိုးအိမ်တိုက်တာဆောက်ကြဖို့ စီးပွားထွန်းနှင့်လက်တွဲဆို့
No 339, Ground Floor, Between 39st & 40th Street. Maharbandulla Road Kyauktada
Yangon, 11182
“ကျွန်တော့်တို့ စိတ်ထားနဲ့ တူညီသော အကျိုးကိုသာ ပြန်လည်ရရှိ ခံစားရပါစေ”