Golden Gate

Golden Gate

Forex Trading , World Gold Trading Business Consultancy and Mentoring Services

08/09/2022

နာမည်ကြီး Stock တွေကိုဝယ်တဲ့အခါ ဘာကြောင့် ထင်သလောက်အမြတ်မရကြသလဲ ??

05/09/2022

ရွှေပြား​တွေ ​ရောင်းပါပြီတဲ့

တစ်ကျပ်သား -၂,၉၅၀,၀၀၀/- ကျပ်တဲ့ ၊
ပိတောက်သားဘူး -၄၀,၀၀၀/- ကျပ်
ပေါင်း -၂,၉၉၀,၀၀၀/- ကျပ်ပေါ့ ၊

နေပြည်တော် ကျောက်မျက်ပြတိုက် တစ်နေရာတည်းမှာရောင်းတယ်

သတင်းစာ မှာတော့ တစ်ကျပ်သား -၁၉ သိန်းကျော်

စျေးကွက် မှာ အရောင်းအဝယ် ဖြစ် နေတာ ကတော့ -၂,၉၈၀,၀၀၀/- လို့ ကြားသိရ။

🌝

Source:
https://m.facebook.com/story.php?story_fbid=10160554600268991&id=704278990

Credit: ဆွာဘို

02/09/2022

Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စစ်ကောင်စီဆို

https://m.facebook.com/story.php?story_fbid=5592532014135971&id=166580710064489

Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စစ်ကောင်စီဆို

ရုပ်သံဗီဒီယိုတွေ ကြည့်ရှုနိုင်တဲ့ ကမ္ဘာသုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Youtube နေရာမှာ ပြည်တွင်းကမြန်မာနိုင်ငံသားပညာရှင်တွေ ရေးဆွဲထားတဲ့ Mtube ကို စမ်းသပ်အသုံးပြုနေပြီလို့ စစ်ကောင်စီက ဒီကနေ့စက်တင်ဘာ ၂ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မကြာခင်မှာ စတင်အသုံးပြုနိုင်မယ့်အချိန်ကာလကို ထပ်ကြေညာမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာလူထုအများဆုံးအသုံးပြုတဲ့ Facebook နေရာမှာ ပြောင်းလဲအစားထိုးဖို့ ဆိုရှယ်မီဒီယာတစ်ခုကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေဟာ ဒီဂျစ်တယ်သပိတ် (Digital Strike) အနေနဲ့ Facebook၊ Youtube တွေပေါ်မှာ ကလစ်ပြုလုပ်ကာ ရန်ပုံငွေရှာဖွေနေတာတွေကို လိုက်လံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ဘက်က အခုလိုလုပ်ဆောင်လာတာလို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့‌နောက်ဆုံးရသတင်းစုစည်းချက်။
https://www.bbc.com/burmese/articles/cp6l7xkeyk9o

01/09/2022

ဗဟိုဘဏ်က ထုတ်ပေးမယ့် ဒေါ်လာသန်း ၂၀၀ ဘဏ်ပေါင်ပစ္စည်းတင်မှ ထုတ်ယူခွင့်ရမယ့် ချေးငွေဖြစ်နေ

မဲခေါင်၊ စက်တင်ဘာ ၁

စက်သုံးဆီ တင်သွင်းဖို့ ထောက်ပံ့ပေးမယ် ဆိုတဲ့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ် ထုတ်ပြန်ချက်ပါ ဒေါ်လာသန်း ၂၀၀ ဟာ ဘဏ်ပေါင် ပစ္စည်းတင်မှ ထုတ်ယူခွင့်ပြုမယ့် ချေးငွေသာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တွေက ပြောပါတယ်။

အဲဒီ ထောက်ပံ့ငွေ ရယူနိုင်ဖို့ စက်သုံးဆီ လုပ်ငန်းရှင်တွေ အနေနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ ဘဏ်များမှာ အပေါင်ပစ္စည်းတင်ပြီး အချိုးကျ ထုတ်ယူရမှာ ဖြစ်ကာ ချေးငွေ ဖြစ်တဲ့ အတွက် ပြန်ဆပ်မယ့် ကာလ ဒေါ်လာ ပြင်ပ ပေါက်ဈေး မြင့်နေမှာကို စိုးရိမ်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ပထမ ပြောထားတာက သန်း ၄၀၀ ထောက်ပံ့မယ်လို့ သိရတယ်၊ အခုက သန်း၂၀၀ ကို လတ်တလော ထုတ်ချေးပေး သလို ရောင်းပေးတာပေါ့။ နိုင်ငံတော်ရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းပေးတဲ့ အတွက် စက်သုံးဆီဈေး ကျတာက တစ်ကယ့် အဓိက အကြောင်းအရင်းပါ၊ သိရသလောက်က ၃ လ ပြည့်တဲ့အချိန် ပြန်ဆပ်ရမယ်၊ စက်သုံးဆီ လုပ်ငန်းရှင်းတွေ စိုးရိမ် နေတာ တစ်ခုက ပိုက်ဆံ ပြန်ဆပ်တဲ့ အချိန်မှာ ပြင်ပ ပေါက်ဈေး မတရား တက်နေရင် အခက်အခဲတော့ကြုံမယ်၊ ငွေဈေး တည်ငြိမ်ဖို့က အရေးကြီးတယ်၊ ကမ္ဘာ့ရေနံဈေး ကျတာ မကျတာ အပေါ် မှီခိုခြင်း မရှိတော့ဘူး၊ မြန်မာငွေ တန်ဖိုး ကျတာနဲ့ အမျှ စက်သုံးဆီ ဈေးက မြင့်နေမှာပဲ” လို့ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီ သုံးစွဲမှုက ဒေါ်လာ သန်း ၂၀၀ ဖိုးလောက်ရှိလို့ အခု ထုတ်ချေးပေးတဲ့ ပမာဏဟာ တစ်လစာ အတွက်သာ ဖူလုံနိုင်မှာ ဖြစ်တဲ့ အတွက် ဒေါ်လာရှိမှသာ စက်သုံးဆီဈေး ကျဆင်းမယ်လို့ ၎င်းကသုံးသပ်ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဓာတ်ဆီ တစ်လီတာ ၂,၃၇၅ ကျပ်အထိ ကျဆင်းခဲ့တဲ့ နည်းတူ တစ်ဒေါ်လာ ကျပ် ၃,၈၀၀ သာရှိလို့ ဒေါ်လာဈေး အကျဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။


ဲခေါင်သတင်းဌာနဖော်ပြချက်အားပြန်လည်ဖော်ပြသည်။

15/07/2022

ထုတ်လုပ်မှုစရိတ်ကြောင့်
ရွှေစျေးဆက်မြင့်နေ
+++++++++
ထုတ်လုပ်မှုစရိတ်မြင့်၍ ရွှေဈေးအမြင့်ပိုင်းတွင် ဆက်ရှိ

ဒီဇယ်ဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းတွေမှာ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်းက အမြင့်ပိုင်းမှာ ဆက်ရှိနေတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက
သိရပါတယ်။

တနိုင်း ၊ချီဖွေစတဲ့ ရွှေတူးသတ္တု တူးဖော်ရေးနေရာတွေမှာ အရင်က ရွှေတစ်ကျပ်သားကို ကျပ်၁၃သိန်း ဝန်းကျင်လောက်သာ ရှိရာကနေ ခုချိန်မှာ တစ်ကျပ်သားကို ကျပ် ၁၉သိန်းထိ ပေါက်ဈေးရှိ လာနေပါတယ်။ ရွှေတူးဖော်တဲ့ ဒေသတွေကနေ ရန်ကုန်အထိက သယ်ယူပို့ဆောင်စရိတ်တွေကလည်း အရင်ထက် ကြီးမြင့်လာတာ ကြောင့် ကမ္ဘာ့ရွှေဈေးပြန်ကျနေပေမယ့်လည်း ပြည်တွင်းအခေါက်ရွှေဈေးက အမြင့်ပိုင်းမှာသာ ဆက်ရှိနေသေးတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးမြင့်ကပြောပါတယ်။

အရင်က ဒီဇယ်တစ်ပေပါကို ကျပ် သုံးသိန်း ဝန်းကျင်သာရှိရာကနေ လက်ရှိမှာ တစ်ပေပါကို ကျပ် ခုနှစ်သိန်းထိ ရှိလာသလို ထုတ်လုပ်မှုမြင့်တက်တဲ့အတွက် ကြေးနီစတဲ့ သတ္တုအားလုံးရဲ့ ထုတ်လုပ်မှုစရိတ်တွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ မိုးကာလဖြစ်လို့ လက်ရှိ ရန်ကုန်ရွှေဈေးကွက်ထဲမှာ တွင်းထွက်ရွှေကုန်ကြမ်း အဝင်နည်းနေပေမယ့်လည်း ရွှေဈေး အမြင့်တန်းမှာရှိနေလို့ ပြန်ရောင်းတဲ့သူများတာကြောင့် ရွှေကုန်ကြမ်း ပြတ်လပ်မှာကိုတော့ စိုးရိမ်စရာမရှိသေးပါဘူး။

ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက တစ်ကျပ်သားကို ကျပ်သိန်း နှစ်ဆယ် ငါးသောင်း ရှစ်ထောင်နဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ အကယ်ဒမီမီးလင်း အခေါက်ရွှေဈေးဟာ ဒီနေ့ ဇူလိုင် ၁၃ရက်မနက် ၁၀နာရီမှာ တစ်ကျပ်သားကို ကျပ် သိန်း နှစ်ဆယ် လေးသောင်း နှစ်ထောင်နဲ့ ဈေးကွက်ဖွင့်ခဲ့တာကြောင့် ဇူလိုင် ၁၁ရက်နေ့ အပိတ်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို ကျပ် တစ်သောင်း ခြောက်ထောင် ဈေးနှုန်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။

#

Photos from Kyaw Myo Htoon's post 11/07/2022

ဒေါ်လာတန်ဖိုး၊စ‌တော့၊ရွှေ နဲ့ကမ္ဘာ့စီးပွားရေး

၁) အခုနှစ်ပိုင်းတကမ္ဘာလုံးဒေါ်လာဈေးကောင်းပြီးတက်နေသဖြင့်ဒေါ်လာနှင့်ချိတ်ဆက်ဈေးဖွင့်ထားသောရေနံ၊ရွှေနှင့်စတော့တွေကိုအကုန်သက်ရောက်ပြီး‌ဈေးများကျကုန်ပါသည်။ထိုမှတဆင့်နိူင်ငံများစွာ၏စီးပွားရေးများအပေါ်တွင်လည်းများစွာရိုက်ခတ်နေချိန်ဖြစ်ပါသည်။

၂) Investment လုပ်မည်ဆိုလျှင်ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကိုသိဖို့လိုလာပါသည်။ မြန်မာနိူင်ငံသည်အခြားနိူင်ငံများနှင်စာလျှင်တိုက်ရိုက်သက်ရောက်မှုနည်းသည်ဟုသုံးသပ်ကြသော်လည်းတကယ်တန်းကအဆုံးတွင်သက်ရောက်ပါသည်။ဥပမာရွေဈေးသည်ကမ္ဘာ့ရွေဈေးကျချိန်တွင်တပြေးညီမကျသော်လည်းကမ္ဘာ့ရွေဈေးတက်ချိန်တွင်လိုက်တက်ပါသည်။

၃) အဓိကယခုချိန်ထိကမ္ဘာ့စီးပွားရေးကိုမောင်းနှင်နေသည့်နိူင်ငံမှာအမေရိကန်ဖြစ်ပါသည်။ထို‌ေကြာင့်အမေရိကန်စီးပွားရေးအလုပ်လုပ်ပုံကိုသိရန်အရေးကြီးပါသည်။ တရုပ်ပြည်သည်ကမ္ဘာ့စီးပွားရေးတွင်အကြီးဆုံးဖြစ်နေပြဟုသုံးသပ်ပင်ငြားအမေရိကန်စီးပွားရေကကမ္ဘာအပါ်တွင်သက်ရောက်မှုအတိုင်းအတာကိုမမှီသေးပါ။

၄)ယနေ့အမေရိကန်ဒေါ်လာသည်နှစ် ၄၀ အတွင်းကိုဗစ်ကြောင့်ငွေကြေးအဖောင်းအပွဆုံးဖြစ်နေပါသည်။ကိုဗစ်ကြောင့်စီးပွားရေးကျနေသောစီးပွားရေးကိုနိူးထစေရန်‌ဒေါ်လာထပ်မံရိုက်ထုပ်ပြီးစီးပွားရေးကိုမြင့်တင်သောကြောင့်ဖြစ်ပါသည်။ထိုသို့ဖောင်းပွနေသောဒေါ်လာကိုဈေးကွတ်ထဲမှပြန်သိမ်းရန်အမေရိကန်ဗဟိုဘဏ်ကထုပ်ဝေထားသောငွေချေးစာချုပ်များ၏အတိုးကိုတင်ပါသည်။

၅)ထိုသိုတင်သောအခါလူအများစုကငွေချေးစာချုပ်ကိုပိုဝယ်ကြပါသည်၊ပိုဝယ်ကြသဖြင့်လူတွေလက်ထဲရှိဒေါ်လာများအမေရိကန်အစိုးရဆီပြန်ရောက်သွားသဖြင့်ဈေးကွတ်ထဲဒေါ်လာရှားပါးသွားသဖြင့်ဒေါ်လာဈေးပြန်တက်ပါသည်။ ဒေါ်လာဈေးတက်သောအခါအခြားပစ္စည်းများဈေးကျသဖြင့်အမေရိကန်နိူင်ငံတွင်ကုန်ပစ္စည်းများဈေးတည်ငြိမ်လာပါသည်။

၆)တခြားတဘက်တွင်အတိုးနှုန်ူးတက်လာသဖြင့်ဘဏ်တိုးနှုန်းပါတက်လာပြီးအရာရာကိုအကြွေးဝယ်သောအမေရိကန်နိူင်ငံသားများယခင်ထက်ဝယ်ယူမှုကိုလျှော့ချလိုက်ပါသည်။ထိုအခါလူသုံးကုန်ပစ္စည်းများကိုရောင်းဝယ်နေသောလုပ်ငန်းများအရောင်းကျပြီးအမြတ်ကျပါသည်။လုပ်ငန်းများအမြတ်ကျသောအခါထို ကုမ္ပဏီမှထုပ်ရောင်းထားသောစတော့များကိုအမြတ်ခွဲဝေမှုနည်းသဖြင့်စတော့များပါဈေးကျလာပါသည်။

၇)စတော့ဈေးကျသဖြင့်လူတွေစတော့ကိုရောင်းပြီးအစိုးရငွေချေးစာချုပ်ကိုပိုဝယ်ကြပါသည်။တပြိုင်တည်းမှာပင်ဒေါ်လာကတန်းဖိုးတက်လာသဖြင့်ရွေနှင့်ရေနံကဲသို့ပစ္စည်းများဈေးကျပါသည်။ တဖက်တွင်လုပ်ငန်းများအမြတ်ကျလာသဖြင့်နိူင်ငံစီးပွားရေးနှေးကွေးလာပြီနောက်ဆုံးစီးပွားရေးပျက်ကပ်ရောက်တက်ပါသည်။ထိုအခါလူအများကရွေကိုပို၍ဝယ်ကြပါသည်။

၈)တဖန်ထိုသို့အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတင်ရာတွင်တခါတည်းအများကြီးမတင်ဘဲ၃လခြားတခါလောက်သတိထားထင်ပါသည်။ဒီနှစ်အတွင်းတင်ထားသောအတိုးနှုန်းမှာ စုစုပေါင်း ၁ကျပ်ခွဲ(၁.၅၀%) ရှိပြီဖြစ်သော်လည်းထင်သလောက်ငွေကြေးဖောင်းပွမှုနူန်းမကျသဖြင့်ဇူလိုင်လတွင် ၇၅ပြားထပ်တင်ရန်ရှိနေသဖြင့်ဒေါ်လာငွေမှာပိုမာလာနိူင်ခြေများပြီးအခြားနိူင်ငံ‌ငွေကြေးများပို၍တန်းဖိုးကျနိူင်ခြေ၂၀၂၂ခုနှစ်ဒုတိယ ၆ လတွင်အလား အလာပို၍ရှိနေပါသည်။

၉)တဖန်စီးပွားရေးပျက်သောအခါစီးပွားရေးပြန်တက်ရန်အမေရိကန်အစိုးရကအတိုးနှုန်းကိုပြန်လျှော့ပါသည်။ထိုသို့လျော့လိုက်သောအခါပြည်သူလူထူကအစိုးရငွေချေးစာချုပ်များကိုပြန်ရောင်းထုပ်ပြီးအမြတ်ပိုရနိူင်သောစတော့ကိုတဖန်ပြန်ဝယ်ကြသဖြင့်စတော့များဈေးပြန်တက်လာပါသည်။ထိုကြောင့်မည်သည့် investment လုပ်လုပ်ကမ္ဘာ့စီးပွားရေးအခင်း အကျင်း ကိုနားလည်ရန်လိုပါသည်။

-အမှားနဲ့အမှန်၊အဓိကနဲ့သာမညခွဲခြားနိူင်တဲ့အသိဉာဏ်ရကြပါစေ-



https://www.facebook.com/100050240690366/posts/566629888355029/

31/01/2020
31/01/2020

ယနေ့ကမ္ဘာ့ရွှေအနိမ့်ဆုံး1570ထိဆင်းထား
လက်ရှိစျေး1577
အနိမ့်စျေးအဝယ်ကြိုက်သေး
တနေ့တာအတွက်နောက်ဆုံးအနိမ့်စျေး1568ဝယ်ယူနိုင် *SL1559*

31/01/2020

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ကပ်လာတဲ့ ခရီးသည်တင်လေယာဉ်တစီးပေါ်မှာ ဝူဟန်မြို့ကလာတဲ့ တရုတ်ခရီးသည်တဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။

အဲဒီခရီးသည်ကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုလည်း လေဆိပ်ထဲကိုပေးမဆင်းသေးပါဘူး။ လေယာဉ်မှူးက သံသယရှိကြောင်း သတင်းပေးတဲ့အတွက် စစ်ဆေးဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Post Credit - DVB Breaking News
Photo Credit - Aung Zayya

30/01/2020

Hits TP2 1583 now🎉🎉🎉
အင်္ဂါနေ့ကပေးထားခဲ့တဲ့ 1567 အဝယ် အတွက်High recommend Signalလေး TP hitသွားပါပြီ
Risk & Reward 1:2 ရှိပါမယ်

1567 to 1583 = 16$
Leverage အရ USD 1600$ စာရှိပါမယ်
မြန်မာငွေအရ 24သိန်းဝန်းကျင်ရှိပါမယ်.
မှီလိုက်သူတွေ အမြတ်ရကျလိမ့်မယ်လို့မျှော်လင့်ပါတယ်..☺️☺️

https://m.facebook.com/story.php?story_fbid=194107271989772&id=121007909299709

30/01/2020

Trade Account Management Service
💰💰💰💰💰💰💰💰💰💰💰💰💰
☺️☺️☺️☺️☺️☺️☺️☺️☺️☺️☺️☺️☺️

29/01/2020

ဝူဟန် သိုင်းသမား ခြေရာ ကောက်ဖို့ ဂျွန်ဟော့ကင်း တက္ကသိုလ် က အချိန်နှင့် တပြေးညီ ဖော်ပြနိုင်တဲ့ realtime GIS online data dashboard ကိုမိတ်ဆက်ပေးလိုက်ပါပြီ

ကိုယ်တွေ အခေါ် Data visualization လို့ခေါ်တဲ့ ရောဂါပျံ့နှံ့ ပုံကို မြေပုံ နဲ့ တကွ ရောဂါပမာဏ၊ လာရာနှင့်လားရာ၊ ကူးစက်၊သေဆံုံး၊ ပြန်ကောင်း စတာတွေ အကုန်ထိုင်ကြည့်လို့ရနေပါပြီ

အောက်ကလင့်ကိုသာ ကလစ်လိုက်ပါ အရာအားလုံးက သင့်လိုက်ထဲရောက်လာပါမယ် epidemiologists တွေအတွက် ပုံမှန်မဟုတ်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒေတာတွေပါတယ်

မြန်မာနဲ့ကပ်ရပ် ယူနန် နဲ့ ထိုင်း တော့ ဝူဟန်ကရောက်နေပြီလေ ဘယ်နေ့ ခုန်ဝင်မလဲပဲစိုးရိမ်နေရတယ်

လွတ်လပ်စွာရှယ်နိုင်ပါသည်

နောက်ဆုံးပုံက အသက် 😁😁😁
https://gisanddata.maps.arcgis.com/apps/opsdashboard/index.html #/bda7594740fd40299423467b48e9ecf6

Credit - Dr Nyan Win Phyo

28/01/2020

ကိုယ့် Clientတွေအမြတ်ရတော့လဲ ပြောရဆိုရ အာပေါက်ရ တာတွေ ပင်ပန်းတာတွေ သက်သာပြီး စိတ်ချမ်းသာရပါတယ်လေ..

28/01/2020

လက်ရှိကမ္ဘာ့ရွှေအနေနဲ့

▪️Breaking News တွေဟိုတပေါက်ဒီတပေါက်ထွက်လာနေတတ်တာမို့ Investorအများစုလဲစောင့်ကြည့်နေကြပြီးအလယ်အလတ်အနိမ့်စျေးတွေမှာအဝယ်ဖြစ်ပြီး သင့်လျော်တဲ့Resistanceနေရာတွေမှာအမြတ်သိမ်း ကြကာShort Termအရောင်းအဝယ်များသာ ဖြစ်ပြီး စျေးက 1575 - 1583 rangeထဲအထက်အောက်အီလည်လည်ဖြစ်နေတာတွေ့ရပါတယ်....

▪️Technically အရ H1 မှာ H&S patternထဲဝင်လာနေပြီး 1575ကို break ဖြစ်သွားမယ်ဆို 1572 - 1567ထိဆင်းလာနိုင်ခြေရှိနေပါတယ်..

▪️Break Outမဖြစ်ပဲ 1475ဝန်းကျင်ကနေပြန်ကန်တက်လာမယ်ဆိုရင် 1583 ကိုပထမဆုံးပြန်လာ Test လုပ်မှာဖြစ်တဲ့အတွက်
1575ဝန်းကျင်Riskအနည်းငယ်ယူပြီး Short term ဝယ်မယ့်သူတွေအနေနဲ့ 1571ကို Sl ထားပြီး 1583နေရာTPယူအမြတ်သိမ်းနိုင်ပါတယ်..
1583ကိုပါထပ်မံBreakလာခဲ့ပါက မနေ့ကအမြင့်ဆုံးတက်ထားတဲ့1588ကိုပါကျော်ဖြတ်ဖို့အခွင့်အလမ်းများလာပြီး 1594ဝန်းကျင်ထိဆွဲတင်လာနိုင်ပါတယ်.....

▪️အခုချိန်မှာ အရောင်းကြိုက်သူမိတ်ဆွေများအနေနဲ့အရောင်းအတွက် စိတ်ချရတဲ့သတင်းအချက်အလက်နဲ့ ခိုင်မာတဲ့Reverse Confirmation မရှိသေးရင် ရေတို ရှုထောင့်ကပဲ စဥ်းစားတာပိုကာင်းပါလိမ့်မယ်

▪️စိတ်ကြိုက်အနိမ့်စျေးဝယ်ရမယ်ဆိုရင် 1567 ဝန်းကျင်စျေးတန်းကြားအဝယ်ကြိုက်ပါတယ်
Stop Loss - 1559
Take Profit -(TP1)1575 / (TP2) 1583

For Short Term
Buy -1576
Take Profit -1583 /1588/1594
Stop Loss -1570

မိတ်ဆွေများအရောင်းအဝယ်အဆင်ပြေကြပါစေ🙏

World Gold Secret - Reyu

27/01/2020

▪️Resistance 1579ကိုကျော်ပြီးမှ Gapနဲ့ 1580ကနေစဖွင့်လာပြီး 1588ထိတမနက်တာအပြေးအလွှားတက်ပြခဲ့တဲ့ကမ္ဘာ့ရွှေ
တခနချင်း resistance zone 1579-1582 zoneထဲအီလည်လည်ပြန်လုပ်ပြီးယခုထိFalse Break လုပ်ပြထားတုန်း

▪️နောက်ကွယ်မှာ အီရတ်ဘဂ္ဂဒက်က အမေရိကန်သံရုံး ဒုံးနဲ့ပစ်ခံရတာအပြင် Wuhan Virusကလဲရှိနေတော့ ''အဝယ် အဝယ် အဝယ်'' လူတွေဝယ်ကြတဲ့အခါ အမြင့်စျေးဝယ်မိတာမျိုးဖြစ်တတ်ပါတယ်..

▪️1580အထက်မှစျေးနေပြီးမပိတ်သွားဘူးဆိုရင် အောက်ခနပြန်ဆင်းလာတတ်တာမို့ အမြင့်စျေးမှာ
over lot နဲ့ Buyဝင်ထားမိရင် Emotional Riskပါထပ်ရလာနိုင်ပါတယ်

▪️သတင်းအချက်အလက်ဟာခိုင်မာမှုမရှိရင် GAPကိုပြန်ဖြည့်ဆင်းတတ်တဲ့သဘောသဘာဝကို သတိထား Buy ဖက်ကို Over Tradeမလုပ်မိဖို့ လိုပါမယ်....

▪️Uptrendထဲမှာမို့ အဝယ်သိပ်ကြိုက်ပါတယ်ဆိုရင် အနိမ့်စျေး(1558-1561)ခနပြန်စောင့်တာကောင်းပါလိမ့်မယ်

▪️နောက်ကွယ်က FA သတင်းတွေပေါက်ကရလေးဆယ်ထုတ်လာနိုင်တဲ့အခြေအနေမျိုးမှာ ကမ္ဘာ့ရွှေကို Short Termလမ်းခုလတ်ဝင်ဖို့ရာ အင်မတန်Riskယူရမယ့်အနေအထားဖြစ်နေတာမလို့ အတတ်နိုင်ဆုံး ရှောင်တာပိုသင့်တော်ပါမယ်

▪️မနေနိုင်လို့ Tradeမိရင်လည်း Position Sizingသေချာလုပ်ပြီးမှ ဝင်တာပိုကောင်းပါတယ်

**Buy -1572**
SL -1567
TP1- 1578/ TP2-1584

****Buy Limit 1558-61****
Stop Loss -1544
Take Profit- 1578/1593

မိတ်ဆွေများအကျိုးအမြတ်များရရှိနိုင်ကြပါစေ

World Gold Secret - Reyu

27/01/2020

Three rockets hit U.S. embassy in Baghdad, reports say

⚠️ဘဂ္ဂဒက်ရှိအမေရိကန်သံရုံးအား ဒုံးကျည်သုံးစင်းထိမှန်⚠️
မနက်ခင်းကမ္ဘာ့ရွှေ 1571မှ 1588ထိ တက်ထား

https://www.google.com/amp/s/www.haaretz.com/amp/middle-east-news/iraq/.premium-three-rockets-hit-u-s-embassy-in-baghdad-reports-say-1.8447007

haaretz.com ***

26/01/2020

မိတ်ဆွေများမင်္ဂလာပါ🙏

Page စတင်ခဲ့ချိန် Octorber 16 မှနေ ယနေ့ အထိလုံးဝ Page ကို Boost မလုပ်ခဲ့ပေမယ့်လည်း 3လအတွင်း 🎉Like 10,000 (10K )🎉 ပြည့်သွားခဲ့ပါပြီ
Page မှာတင်သမျှတွေကို တကူးတကဝင်ကြည့် likeလုပ် Shareပေးခဲ့တဲ့ World Gold Secret - Reyu Pageရဲ့Signal Serviceကိုအသုံးပြုကြတဲ့ Customerများ,World Gold Traderများ နှင့်
Pageအမာခံ မိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

မိတ်ဆွေများ ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာ အေးချမ်းစွာနဲ့စီးပွားလာဘ်လာဘများတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ🙏🙏

World Gold Secret - Reyu

24/01/2020

TP Hit

1574အထက်သာစျေးပိတ်လာခဲ့ရင်တော့ ရှေ့က Shadowကို ပြန်ဖြည့်ဖို့အတွက် ပထမခြေလှမ်းဖြစ်လာနိုင်ပါမယ်....

သို့မဟုတ်ခဲ့သည်ရှိသော် 1558-1561 zoneထဲပြန်
လာချိန် စောင့်ဝယ်မလား ??
1579-1583 Zoneကပဲ Reverse Confirmစောင့်ပြီး ရောင်းမလား ?? နှစ်မျိုးပဲ လတ်တလောစဥ်းစားဖို့ရှိပါမယ်
ပိတ်ရက်နှစ်ရက်ထဲ ထူးခြားတဲ့သတင်းမရှိရင်တော့............

24/01/2020

Take Care Of Coronavirus(Wuhan Virus)

24/01/2020

''ဝူဟန်ဗိုင်းရပ်စ် ထိန်းချုပ်ရန် တရုပ်အခက်အခဲဖြစ်နေ ဆရာဝန်တွေကိုယ်တိုင်ကူးစက်ခံနေရ”...............................................................................

▪️တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်က ဆက်လက်ပျံ့ပွားမှုတွေရှိနေပြီး ရောဂါကူးစက်ခံရသူ လူနာအရေအတွက် မြင့်တက်လာနေပါတယ်။ လက်တလောရရှိတဲ့ သတင်းတွေအရ ဝူဟန်ဗိုင်းရပ်ကို ထိန်းချုပ်ဖို့ အခက်အခဲတွေနဲ့ ကသောင်းကနင်းတွေကို တွေ့ကြုံနေရကြောင်း တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

▪️ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးရသတင်းအနေနဲ့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၈၃၀ ထိ ရှိလာပြီး သေဆုံးသူဟာလည်း ၂၅ ဦးထိ ရှိလာကြောင်း အတည်ပြုပေးထားပါတယ်။ အခုလို ကူးစက်မှု သေဆုံးမှုတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၂၉ ခုထဲမှာ ဖြစ်ပွားနေပြီး ဝူဟန်မြို့ကိုတော့ အာဏာပိုင်တွေက မနေ့က ပိတ်ထားလိုက်ပါတယ်။
အခြေအနေဟာ ဘယ်လောက်ထိ ဆိုးရွားနေလည်းဆိုရင် ဝူဟန်မှာ ဆေးရုံသစ်ကြီး တစ်ရုံကို နောက်ထပ် ၆ ရက်အတွင်း အရေးပေါ်​တည်ဆောက်ဖို့ လိုအပ်လာတဲ့အထိ ဖြစ်လာပြီလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

▪️ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ပြုစုစောင့်ရှောက် ကုသပေးဖို့ ဆေးဝါးအထောက်အကူပစ္စည်း မလုံလောက်မှုတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေကို ဗိုင်းရပ်စ်မကူးစက်စေဖို့ ကာကွယ်ရေး ပစ္စည်းတွေပါ ပြတ်လပ်လာနေပြီဖြစ်ကြောင်း သိရပါတယ်။

▪️ဝူဟန်မြို့တွင်းမှာရှိတဲ့ ဆေးရုံတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုရဲ့ ပေးပို့ချက်တွေအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ ကိုယ်တိုင်ပါ ကူးစက်ခံရမှုတွေရှိ ကြောက်ခမ်းလိလိ ရှိလာနေပြီလို့ သိရပါတယ်။
“ဘယ်လောက်တောင် မြန်သလဲဆိုရင် ကူစက်ခံထားရတဲ့ လူနာတစ်ယောက်ကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ယောက် ကူးစက်ခံထားရတယ်” လို့ ဆိုပါတယ်။

▪️ဝူဟန်ဆေးရုံမှာ လက်ရှိအလုပ်လုပ်နေတဲ့ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက -

“ဒီဗိုင်းရပ်စ်ဟာ လူကနေ လူကို ပြန်ကူးစက်တတ်တယ်ဆိုတာ ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေကို ရှေးပြေးသတိပေးထားခဲ့တာ လုံးဝမရှိဘူး၊ အခုတော့ ကျွန်တော်တို့မှာ ကာကွယ်ရေးပစ္စည်းတွေ မလောက်ငတော့အောင် ပြတ်လပ်နေပြီ။ ကူးစက်ခံထားရတဲ့ လုပ်ဖော်ကိုင်ဘက်တွေအတွက်လည်း အရမ်းစိတ်ပူနေကြတယ်၊ ကျန်တဲ့လူတွေအတွက်လည်း ရွေးစရာလမ်းမရှိတော့ ဒီအတိုင်းပဲ ဆက်လုပ်နေကြရတုန်းပဲ” လို့ ဆိုပါတယ်။ ရုပ်သံတစ်ခုမှာ ဆရာဝန်တစ်ယောက် ထိတ်လန့်ဝမ်းနည်းစရာ ဖုန်းနဲ့ပြောဆိုနေတာကို တွေ့ရပါတယ်။

▪️ဝူဟန်မြို့မှာရှိတဲ့ ဆေးရုံ ၁၄ ရုံစလုံးမှာ ပြဿနာစဖြစ်ကတည်းက မနိုင်မနင်းတွေ လုပ်နေခဲ့ကြရပါတယ်။ အခုဆိုရင် ဝူဟန်ဗိုင်းရပ်စ်ဟာ နိုင်ငံကို ကျော်ဖြတ်ပြီး အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့မှာပါ ကူးစက်ခံထားရသူတွေ တွေ့လာရပါပြီ။ သို့ပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကတော့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ဗိုင်းရပ်စ်အဖြစ် ကြေညာသတိပေးထားခြင်း မရှိသေးပါဘူး

Credit Original uploader

24/01/2020

'" HAPPY CHINESE NEW YEARS''
恭禧發財
ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးအချိန်အခါလေးဖြစ်ပါစေ...နှစ်သစ်မှစ၍ကျန်းမာချမ်းသာစွာနဲ့ စီးပွာလာဘ်လာဘများတိုးပွားကြပါစေ ....

World Gold Secret - Reyu

24/01/2020

📈ယနေ့အတွက်ကမ္ဘာ့ရွှေဟာ အနိမ့်ဆုံး 1553 နဲ့အမြင့်ဆုံး 1568 အတွင်းသာ ရွှေ့လျားလာနိုင်ပြီး
တနေ့တာအတွက်တော့1568 ကို Break ဖြစ်ခဲ့မယ်ဆိုရင်တော့အနီးစပ်ဆုံး 1574ထိပထမအဆင့်တက်လှမ်းလာဖို့ရှိနေပြီး နောက်ခံ စီးပွားရေးသတင်းများသက်ရောက်မှုရှိလာမှသာ 1582-1594စျေးတန်းများအထိအဆင့်ဆင့်တက်လာနိုင်မှာပါ....

📈‌သာမန်ရွေ့လျားမှုအရစျေးဆွဲတင်လာမယ်ဆိုရင်တော့1569စျေးတန်းနဲ့ အထက်စျေးပိတ်ပြီးနေရာတခုယူလာနိုင်မှသာ ဆက်တက်နိုင်ဖို့ Price Zoneအသစ်တခုပေါ်လာနိုင်မှာဖြစ်ပြီး အဆိုပါစျေးတန်းအထက်မှာစျေးမနေနိုင်သေးသရွေ့1568-1573 zoneအတွင်းကနေပဲ Short Term Sellerများ ဝင်ရောက်လာနိုင်ပါတယ်

📈အရောင်းဝင်ဖို့စဥ်းစားနေတဲ့သူများအနေနဲ့ အနည်းငယ်Riskယူရနိုင်ပြီး1568-1573 zoneအတွင်းရေတိုအရောင်းများဝင်လာနိုင်သော်လည်း Reverse ဖြစ်စေမယ့် အခြေအနေများကိုစောင့်ကြည့်ဝင်တာပိုသင့်တော်ပါလိမ့်မယ်

📈ယနေ့အတွက် တော့ အနိမ့်စျေးအဝယ်ပြန်ကြိုက်ပါတယ်
Can Buy between 1553-1556 zone
Stop Loss - 1545
Take Profit - 1567 / 1573

World Gold Secret - Reyu

23/01/2020

World Gold 1547-50 အတွင်းရေတိုအဝယ်များပြန်လည်ဝင်လာနိုင်သလို 1567-70အတွင်းရေတိုအရောင်းများဝင်လာနိုင်တာကြောင့်
နောက်ခံကမ္ဘာ့စီးပွားရေးသတင်းထူးမရှိလျင် 1547 -1567အတွင်းသာတစ်နေ့တာအဖို့ စျေးကစားနေနိုင်ပါတယ်.....
Entry ဝင်ရန်သင့်တော်သောအခြေအနေများအား တွေ့လာပါက Remindထပ်လုပ်Updateပေးပါဦးမယ်

22/01/2020

22/01/2020

▪️ကမ္ဘာ့ရွှေဟာ Mondayမှာ 1562ထိအတက်ပြခဲ့ပြီး 1557အထက်မှာပဲစျေးနေတော့မယ့်အရိပ်အယောင်ပြလာခဲ့ပေမယ့် မနေ့ကအင်္ဂါနေ့မှာ အမြင့်ဆုံး1568ထိ ထပ်မံအတက်ပြခဲ့ပြီး အနိမ့်ဆုံး1546ထိပြန်ဆင်းလာခဲ့ကာ 1556-58zoneထဲအနည်းငယ်အီလည်နေခဲ့ကာ စျေးပိတ်ခဲ့ပါတယ်။

▪️ယခုမနက်ပိုင်းမှာလဲဆက်လက်ကျဆင်းနေကာ လက်ရှိအချိန်စျေး11:00Amထိ 1550ထိအနိမ့်ဆုံးဆင်းထားပြီး 1551ခန့်စျေးဟာအနည်းငြိမ်သက်နေပါတယ်။

▪️ယနေ့မှာလည်း 1557အထက်စျေးတက်ပြီးမပိတ်နိုင်ပဲ Bearish အနေအထားနဲ့ 1546အောက်စျေးပိတ်လာမယ်ဆိုရင်တော့ စျေးဟာအောက်ကိုထပ်ဆင်းလာနိုင်ဖို့အားကောင်းလာနိုင်ပါတယ်.။
ချွင်းချက်အနေတဲ့ ကမ္ဘာ့စီးပွားရေးသတင်းအချက်အလက်များကိုလဲ ထည့်တွက်ချင့်ချိန်ရမှာဖြစ်တဲ့အတွက် အရောင်းကြိုက်သူမိတ်ဆွေများ
အလွန်အကျွံ Riskမယူမိဖို့လိုပါမယ်.။

▪️ထူးခြားတဲ့နောက်ခံသတင်းများထွက်မလာခဲ့ဘူးဆိုရင်1546 နဲ့ 1535 စတဲ့စျေးတန်းများ အဝယ်များပြန်ဝင်လာနိုင်တာကြောင့်စျေးဟာပြန်လှည့်တက်လာနိုင်တဲ့ နေရာတွေပဲဖြစ်ပါတယ်။

▪️အရောင်းအတွက်လည်း သေချာအောင်
အနည်းငယ်စောင့်ကြည့်ဖို့လိုနေသေးသလို အဝယ်အတွက်လည်းrisk အနည်းငယ်ပိုလျော့နည်းစေအောင် အောက်စျေးတခုကို စောင့်ဝယ်နိုင်ဖို့လိုပါလိမ့်မယ်။

မိမိဆန္ဒအရဆိုရင်တော့ အောက်စျေးအဝယ်စောင့်ချင်တာကြောင့်1535 နဲ့ 1523 စျေးတန်းတွေမှာ အဝယ်ပြန်ကြိုက်ပါတယ်။

R 1 - 1561 S1 - 1546
R2 - 1573 S2 - 1535
S3 - 1523 (***Buy***)

⚠️မိမိ Equilty ရဲ့ 2%ထက်ပို၍ Riskမယူပါနှင့်⚠️

World Gold Secret - Reyu

22/01/2020

တရုတ်ကူးစက်ဗိုင်းရပ်စ် အမေရိကန်ထိရောက်

(Zawgyi / Unicode)

တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တမျိုး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ကူးစက်ခံရတဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွားနေတဲ့ဒေသကနေ ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာတဲ့ ဝါရှင်တန်ပြည်နယ် ဒေသခံတဦးဟာ Seattle မြို့နားမှာ ဆေးရုံတင်ထားရတယ်လို့ ပြောတဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Snohomish ခရိုင်မှာနေထိုင်သူလို့ပဲ ပြောထားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားဟာ အခြေအနေကောင်းပြီး ဆေးဘက် ဝန်ထမ်းတွေ ဒါမှမဟုတ် အများပြည်သူအတွက် အန္တရာယ်ရှိတယ်လို့ မသတ်မှတ်တဲ့အကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်လူထုအတွက် ဗိုင်းရပ်စ်ပိုးကြောင့် အန္တရာယ်ဖြစ်လာနိုင်ခြေဟာ သိပ်ကိုနည်းပါတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေ က အလေးအနက် ပြောထားပါတယ်။

တရုတ်ပြည်မှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၃၀၀ လောက်ရှိနေပြီး သေဆုံးသူ ၆ ဦးရှိသွားပါပြီ။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ သူဟာ ချောင်းဆိုးတာ၊ အဖျားတက်တာ၊ အသက်ရှုရခက်ခဲတာနဲ့ နမိုးနီယား အဆုတ်ရောင်ရောဂါတွေ ခံစားရနိုင်ပါတယ်။

တရုတ်နိုင်ငံပြင်ပမှာ ရောဂါပိုးကူးစက်မှုတွေအဖြစ် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်တို့က ပြောထားပြီး အခု အမေရိကန် ပါ ပါလာတာပါ။

ကမ္ဘာတဝန်းကလေဆိပ်တွေမှာ တရုတ်နိုင်ငံက ဝင်လာတဲ့ခရီးသည်တွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လက္ခဏာတွေရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။
................

တရုတ်ကူးစက်ဗိုင်းရပ်စ် အမေရိကန်ထိရောက်

(Unicode)

တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တမျိုး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ကူးစက်ခံရတဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွားနေတဲ့ဒေသကနေ ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာတဲ့ ဝါရှင်တန်ပြည်နယ် ဒေသခံတဦးဟာ Seattle မြို့နားမှာ ဆေးရုံတင်ထားရတယ်လို့ ပြောတဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Snohomish ခရိုင်မှာနေထိုင်သူလို့ပဲ ပြောထားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားဟာ အခြေအနေကောင်းပြီး ဆေးဘက် ဝန်ထမ်းတွေ ဒါမှမဟုတ် အများပြည်သူအတွက် အန္တရာယ်ရှိတယ်လို့ မသတ်မှတ်တဲ့အကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်လူထုအတွက် ဗိုင်းရပ်စ်ပိုးကြောင့် အန္တရာယ်ဖြစ်လာနိုင်ခြေဟာ သိပ်ကိုနည်းပါတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေ က အလေးအနက် ပြောထားပါတယ်။

တရုတ်ပြည်မှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၃၀၀ လောက်ရှိနေပြီး သေဆုံးသူ ၆ ဦးရှိသွားပါပြီ။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ သူဟာ ချောင်းဆိုးတာ၊ အဖျားတက်တာ၊ အသက်ရှုရခက်ခဲတာနဲ့ နမိုးနီယား အဆုတ်ရောင်ရောဂါတွေ ခံစားရနိုင်ပါတယ်။

တရုတ်နိုင်ငံပြင်ပမှာ ရောဂါပိုးကူးစက်မှုတွေအဖြစ် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်တို့က ပြောထားပြီး အခု အမေရိကန် ပါ ပါလာတာပါ။

ကမ္ဘာတဝန်းကလေဆိပ်တွေမှာ တရုတ်နိုင်ငံက ဝင်လာတဲ့ခရီးသည်တွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လက္ခဏာတွေရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

Credit-VOA

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Financial Consultants in Yangon (show all)
YOLO Forex Trading YOLO Forex Trading
Room 905, SoHo Business Tower 9th Floor/Bo Myat Htun Street ( Lower Block), Botahtaung Township
Yangon, 11161

Just follow! To be Financial Freedom

Maximilian Accounting & Taxation Service Maximilian Accounting & Taxation Service
387, 9th Street, 10 Block, South Okkalapa
Yangon

Our Services - Accounting, Taxation, Social Security, Payroll, Company Registration, Annual Returns

Yu Thet - Forex Advisor Yu Thet - Forex Advisor
Yangon

Forex & Commodity Online Trading (Basic to Advanced) သင်တန်းများ ပို့ချသင်ကြားပေးပါသည်

Saw Jeffeary Saw Jeffeary
Bo Myat Tun
Yangon

La Woon - YFA La Woon - YFA
Yangon

EI PHYO KYWE - Life Insurance Advisor EI PHYO KYWE - Life Insurance Advisor
North Dagon
Yangon

Be Happy & Peace of Mind

WuttYi Forex Market Analyst WuttYi Forex Market Analyst
.138/142, White Cloud Condo, , Unit4C, Thein Phyu Road, Botahaung, Township
Yangon, 11161

Strategic Advantage Strategic Advantage
C2 A 04-01, Time Square Condominium, Merchant Road, Botahtaung Township
Yangon, 11161

Strategic Advantage offers a comprehensive range of professional accounting services for newly incor

TRADE WITH TZFX TRADE WITH TZFX
အခန်းနံပါတ်(905), SoHo Business Tower , 9လွှာ/ဗိုလ်မြတ်ထွန်းလမ်း၊ အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်
Yangon, 11161

Bussiness Consultant & Forex Trading

Insurance for Everyone Insurance for Everyone
Moe Kaung Road Yankin Township
Yangon

ကျန်းမာရေး အာမခံထားရှိဖို့ အကြံဉာဏ် လိုအပ်ပါက - ၀၉၇၉၆၆၁၂၁၃၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Dr.Zin Insurance Dr.Zin Insurance
Yangon

This Page is about Health and Life Insurance Products