Ezay Retail

ကိုယ်ပိုင်လုပ်ငန်း တခုစတင်ဖို့ Ezay retail နဲ့ လက်တွဲစို့

05/12/2023

🌟စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အီးဈေးမိသားစု
ကိုယ်စားလှယ်များတွေ့ဆုံပွဲမှ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ရှင့်..🌟

ဒီတွေ့ဆုံပွဲလေးကတော့ တကယ့်ကို ပျော်ရွှင်ကြည်နူးစရာများ အပြည့်နှင့် ဖြစ်ခဲ့ပါတယ်..
ပျော်ရွှင်စရာ ဂိမ်းများ အတူတူကစားကြရင်း၊ မိမိတို့ရဲ့ အတွေ့အကြုံများကို မျှဝေကြရင်း လုံးဝ မမေ့နိုင်တော့မဲ့ မနက်ခင်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်ရှင့်..

ရယ်မောစရာများ၊ သင်ယူစရာများနှင့် ရင်းနှီးနွေးထွေးသော ဆက်ဆံရေးများအပြည့်ဖြစ်ခဲ့တဲ့ ဒီမနက်ခင်းလေးကတော့ စွန့်ဦးတီထွင်သူ အီးဈေးကိုယ်စားလှယ်မိသားစုများ၏ စည်းလုံးမှုပြယုဒ်တစ်ခုပါပဲ..

ကျမတို့ အီးဈေးကိုယ်စားလှယ်ကြီးများနှင့် အတူ ဒီလိုအခိုက်အတန့်လေးများကို ဆက်လက်ဖန်တီးကြပါစို့..

Photos from Ezay Retail's post 12/07/2023

💁‍♂️ဓါတ်ဆီဈေး ဘယ်လောက်တက်တက်❗ဆိုင်အရောက်👌အခမဲ့ပို့ဆောင်ပေးနေပါတယ်

👏ကုန်စုံဆိုင်ပစ္စည်းမျိုးစုံ💯စက်ရုံတိုက်ရိုက်ဈေးနှုန်း+အခမဲ့ပို့😱😱
🤵🤵‍♀️🤵‍♂️စမတ်ကျတဲ့စံပြအရောင်းသမား ခန့်ခန့်ချောချောလေးတွေလာပို့မှာနော်😁😁

👏👏👏ကုန်ပစ္စည်းမျိုးစုံ မြန်မာတစ်ပြည်လုံးသို့,..ကိုယ်စားလှယ် ပေးနေပါပြီ,..💯💯💯

🤝🤝🤝ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်,...👌👌👌

××××××××××××××××××××××××××××××××××

မိတ်ဆွေတို့၏ဆိုင်များလည်း ဆထက်တန်ဖိုးတိုးတတ်ပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်နော်...

ကုန်ပစ္စည်းများ အရည်အသွေး မပြည့်မှီတာ ပါသွားခဲ့လျှင်
စက်ရုံများမှ အစားထိုးပြန်လည် လှဲလှယ်ပေးသောကြောင့်...
ကုန်ပစ္စည်းများ၏ ချို့ယွင်းချက်များရှိခဲ့ပါက အသိပေးပါရန် မေတ္တာရပ်ခံပါတယ်

12/07/2023

👨‍👩‍👧‍👦👨‍👩‍👧‍👦 မိသားစုအိုးမကွာ အိမ်မကွာနဲ့ အရင်းအနှီးနည်းတဲ့အိမ်တွင်းစီးပွားရေးလေးတစ်ခုလုပ်ကိုင်လိုပါသလား?????

🤦‍♂️🤦‍♂️အရင်းအနှီးကလည်းများများမရှိဘူး၊ကိုယ်ပိုင်စီးပွားရေးလေးလည်းစလုပ်ချင်တယ်။ ဒါပေမယ့်ဘယ်ကစလုပ်ရမှန်းမသိဘူးဖြစ်နေလား???

🙇‍♂️🙇‍♂️ကိုယ်ပိုင်အလုပ်လေးလုပ်ဖို့ စုထားတာလေးတော့ရှိတယ်၊လုပ်ရင်းကိုင်ရင်းမှားသွားမှာကြောက်နေတော့ စုထားတဲ့ငွေလေးသုံးရင်းနဲ့ကုန်ကုန်သွားပြန်ပြီမို့လား???

🤔🤔ရှုံးမလား?? မြတ်မလား?? တွေးရင်းတွေးရင်းနဲ့ ရှိတာလေးကုန်သွားမှာကြောက်နေပြီးဘာမှမလုပ်ဘဲနေလာတာ အသက်တွေကြီး၊အချိန်တွေသာကုန်သွားတယ် ဘာမြှဖစ်မလာဘူးမဟုတ်လား????

🖼️🖼️🖼️ မိတ်ဆွေတို့ရဲ့ တွေဝေမှုတွေကြောင့်ဝေးနေရတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကကူညီပေးပါရစေ (တကယ်လုပ်ကိုင်လိုသူများ ရေရှည်လုပ်မည့်သူများသာ ဆက်သွယ်ပေးပါရန်)🥰🥰🥰

🤩🤩🤩ဘယ်လိုကူညီပေးမှာလည်းစိတ်ဝင်စားသွားရင်တော့ အောက်ကစာကိုအဆုံးထိဖတ်ပေးဖို့တောင်းဆိုပါရစေနော် ။ အချို့မြို့နယ် အချို့မြို့များ အတွက် သတ်မှတ်ကိုယ်စားလှယ်ဦးရေ ပြည့်သွားပြီဖြစ်ပါတယ်။ ကျန်ရှိဒေသများအတွက် လုပ်ငန်းစတင်လိုပါက ပုံမှန်အတိုင်း ဆက်သွယ်နိုင်ပါတယ်။
လုပ်ငန်းသစ်စလုပ်ချင်သူများ
Mini mart
Convenience Store ဆိုင်စဖွင့်ချင်သူများအတွက်
အထူးသတင်းကောင်းပါ

ဘယ်အခြေနေရောက်ရောက် စားသောက်ကုန်
လုပ်ငန်းက မတိမ်ကောပါဘူး👌
အစားသောက်ဆိုတာ အမြဲတမ်း နေ့စဉ်လိုအပ်နေတာဖြစ်တဲ့အတွက် ဆိုင်သစ်ဖွင့်လိုသူများ
ဆက်သွယ်နိုင်ပါပီ👌

Convenience Store
Mini Mart ဆိုင်တဆိုင်ဖြစ်ဖို့ တနေရာထဲမှာ
အစုံရနိုင်တဲ့အတွက် Ezay မှ
တာဝန်ယူပါရစေ😊

ဆိုင်ဖွင့်ဖို့ အခန်းနေရာရှိရင် ရပါပီ
ကျန်တာ အစအဆုံးတာဝန်ယူ ဝန်ဆောင်မှုပေးနေ
ပါပီ
ပစ္စည်းတင်ရန်စင်များ
ပစ္စည်းများ
ရေခဲသေတ္တာများ
ဆီပန့်/ဆီလိုင်စင်
ဆိုင်တဆိုင်ရဲ့ လိုအပ်ချက်မှန်သမျှ တနေရာထဲမှာ အကောင်းဆုံးနဲ့
အချိုသာဆုံးဈေးနှုန်းများနဲ့ ဝန်ဆောင်မှု
ပေးနေပါပီ😊
လက်တန်းတင် ဆိုင်ထိုင်ရောင်းလို့ရတဲ့ အထိ တာဝန်ယူတောင်ရွက်ပေးနေပါတယ် # လက်ခံဖွင့်လှစ်ပေးသည့်ဆိုင်များ.....
(1)ကုန်စုံကုန်ခြောက်ဆိုင်
(2)အချိုရည်အအေးဆိုင်
(3)အရက်ဘီယာဆိုင်
(4)လျှပ်စစ်ပစ္စည်းဆိုင်
(5)အထည်အဝတ်အစားဆိုင်
(6)စိုက်ပျိုးရေးပစ္စည်းဆိုင်
(7)ကျန်းမာရေးဆေးဝါးပစ္စည်းဆိုင်
(8)စာရေးကိရိယာဆိုင်
(9)အိမ်ဆောက်ပစ္စည်းဆိုင်
(10)ဆိုင်ကယ်အပိုပစ္စည်းဆိုင်
(11)စက်သုံးဆီရောင်းဝယ်ရေးဆိုင်
(12)စတိုးဆိုင်/မီနီမက်စ်.......စတဲ့ဆိုင်ခွဲများထဲမှ စိက်ကြိုက်ရွေးချယ်ဖွင့်လှစ်နိုင်ပါမည်။.....
ကိုယ်စားလှယ်ယူဖွင့်လှစ်ခြင်းကြောင့် ဆိုင်ပေါ်စတင်သည့်ပစ္စည်းတန်ဖိုးများအား လက်ငင်းရင်းထားဖို့မလို ရောင်းပီးတစ်လပြည့်မှသာ ရောင်းရသည့်ပစ္စည်းများ၏တန်ဖိုးကို ရောင်းထားသလောက်သာ ရှင်းပေးရမည်ဖြစ်ပါတယ်။(ယူထားသလောက်အကုန်ရှင်းရန်မလိုပါ)။

12/07/2023

Ezay လက်ကားဆိုင်ကြီးမှ ကုန်စုံဆိုင်များအတွက် အသက်သာဆုံး ဈေးနှုန်းများနှင့် ပိတ်ရက်မရှိ ရောင်းချပေးနေပါတယ်

အသေးစိတ်သိရှိလိုရင်တော့ ဖုန်း 09776196800 ကို မနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ပိတ်ရက်မရှိဝန်ဆောင်မှုပေးနေပါတယ်..

11/07/2023

ဈေးဝယ်သူတစ်ယောက်က ❗❗

သင့်ဆီက ပထမဆုံးတကြိမ်
ဈေးဝယ်တာ သင်ရောင်းချတဲ့ပစ္စည်း
Quality ကောင်း/မကောင်း ၊
ဝယ်သူနဲ့အဆင်ပြေနိုင်မယ်ထင်လို့
ဝယ်တာပါ။

သင့်ဆီက ဒုတိယတကြိမ်
ဈေးဝယ်တာ သင်ရောင်းတဲ့ပစ္စည်းက
ဝယ်သူနဲ့ကိုက်ညီပြီး အသုံးပြုရတာ
အဆင်ပြေလို့ပါ။

သင့်ဆီက အကြိမ်ပေါင်းများစွာ
ဈေးဝယ်တာ သင်ရောင်းတဲ့ပစ္စည်းကို
ယုံကြည်စိတ်ချတာကြောင့်ရော၊
ဝန်ဆောင်မှု ကောင်းမွန်တာကြောင့်ရော၊
ဈေးနှုန်းသင့်တော်တာကြောင့်ရော
ဖြစ်ပါတယ်။

ဝယ်သူက သင့်ကိုပဲရွေးချယ်ဖို့
သင့်ရဲ့စေတနာ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှု၊
သင့်တော်တဲ့ဈေးနှုန်း နဲ့ Quality ရှိဖို့
မဖြစ်မနေလိုအပ်ပါတယ် . . .
ဒီအချက်တွေအားလုံးပြည့်စုံအောင် ကူညိီလက်တွဲဖြေရှင်း ပေးဖို့ ပိီတိ ချမ်းသာနဲ့လက်တွဲမည့် ကိုယ်စားလှယ်ကြီးများကို ဖိတ်ခေါ် နေပါတယ်
ချစ်ခင်လေးစားစွာဖြင့်🤍

12/02/2023

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

76th Union Day of Myanmar 2023

(၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနဲ့အတူ MMC မှ ထပ်တူဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

08/02/2023

ငွေဆိုတာ
လိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။ 💵 💴 💶 💷

၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၎။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။

အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။

အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။

ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး။

24/10/2022

ဟိန္ဒူဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒေပါဝလီနေ့မှာ ဟိန္ဒူဘာသာဝင်များနှင့်တကွ မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ MMC မိသားစုလေးမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်

21/09/2022

👨‍👩‍👧‍👦👨‍👩‍👧‍👦 မိသားစုအိုးမကွာ အိမ်မကွာနဲ့ အရင်းအနှီးနည်းတဲ့အိမ်တွင်းစီးပွားရေးလေးတစ်ခုလုပ်ကိုင်လိုပါသလား?????

🤦‍♂️🤦‍♂️အရင်းအနှီးကလည်းများများမရှိဘူး၊ကိုယ်ပိုင်စီးပွားရေးလေးလည်းစလုပ်ချင်တယ်။ ဒါပေမယ့်ဘယ်ကစလုပ်ရမှန်းမသိဘူးဖြစ်နေလား???

🙇‍♂️🙇‍♂️ကိုယ်ပိုင်အလုပ်လေးလုပ်ဖို့ စုထားတာလေးတော့ရှိတယ်၊လုပ်ရင်းကိုင်ရင်းမှားသွားမှာကြောက်နေတော့ စုထားတဲ့ငွေလေးသုံးရင်းနဲ့ကုန်ကုန်သွားပြန်ပြီမို့လား???

🤔🤔ရှုံးမလား?? မြတ်မလား?? တွေးရင်းတွေးရင်းနဲ့ ရှိတာလေးကုန်သွားမှာကြောက်နေပြီးဘာမှမလုပ်ဘဲနေလာတာ အသက်တွေကြီး၊အချိန်တွေသာကုန်သွားတယ် ဘာမှဖြစ်မလာဘူးမဟုတ်လား????

🖼️🖼️🖼️ မိတ်ဆွေတို့ရဲ့ တွေဝေမှုတွေကြောင့်ဝေးနေရတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကကူညီပေးပါရစေ🥰🥰🥰

🤩🤩🤩ဘယ်လိုကူညီပေးမှာလည်းစိတ်ဝင်စားသွားရင်တော့ အောက်ကစာကိုအဆုံးထိဖတ်ပေးဖို့တောင်းဆိုပါရစေနော် ။ အချို့မြို့နယ် အချို့မြို့များ အတွက် သတ်မှတ်ကိုယ်စားလှယ်ဦးရေ ပြည့်သွားပြီဖြစ်ပါတယ်။ ကျန်ရှိဒေသများအတွက် လုပ်ငန်းစတင်လိုပါက ပုံမှန်အတိုင်း ဆက်သွယ်နိုင်ပါတယ်။
လုပ်ငန်းသစ်စလုပ်ချင်သူများ
Mini mart
Convenience Store ဆိုင်စဖွင့်ချင်သူများအတွက်
အထူးသတင်းကောင်းပါ

ဘယ်အခြေနေရောက်ရောက် စားသောက်ကုန်
လုပ်ငန်းက မတိမ်ကောပါဘူး👌
အစားသောက်ဆိုတာ အမြဲတမ်း နေ့စဉ်လိုအပ်နေတာဖြစ်တဲ့အတွက် ဆိုင်သစ်ဖွင့်လိုသူများ
ဆက်သွယ်နိုင်ပါပီ👌

Convenience Store
Mini Mart ဆိုင်တဆိုင်ဖြစ်ဖို့ တနေရာထဲမှာ
အစုံရနိုင်တဲ့အတွက် ပီတိချမ်းသာမှ
တာဝန်ယူပါရစေ😊

ဆိုင်ဖွင့်ဖို့ အခန်းနေရာရှိရင် ရပါပီ
ကျန်တာ အစအဆုံးတာဝန်ယူ ဝန်ဆောင်မှုပေးနေ
ပါပီ
ပစ္စည်းတင်ရန်စင်များ
ပစ္စည်းများ
ရေခဲသေတ္တာများ
ဆီပန့်/ဆီလိုင်စင်
ဆိုင်တဆိုင်ရဲ့ လိုအပ်ချက်မှန်သမျှ တနေရာထဲမှာ အကောင်းဆုံးနဲ့
အချိုသာဆုံးဈေးနှုန်းများနဲ့ ဝန်ဆောင်မှု
ပေးနေပါပီ😊
လက်တန်းတင် ဆိုင်ထိုင်ရောင်းလို့ရတဲ့ အထိ တာဝန်ယူတောင်ရွက်ပေးနေပါတယ် # လက်ခံဖွင့်လှစ်ပေးသည့်ဆိုင်များ.....
(1)ကုန်စုံကုန်ခြောက်ဆိုင်
(2)အချိုရည်အအေးဆိုင်
(3)အရက်ဘီယာဆိုင်
(4)လျှပ်စစ်ပစ္စည်းဆိုင်
(5)အထည်အဝတ်အစားဆိုင်
(6)စိုက်ပျိုးရေးပစ္စည်းဆိုင်
(7)ကျန်းမာရေးဆေးဝါးပစ္စည်းဆိုင်
(8)စာရေးကိရိယာဆိုင်
(9)အိမ်ဆောက်ပစ္စည်းဆိုင်
(10)ဆိုင်ကယ်အပိုပစ္စည်းဆိုင်
(11)စတိုးဆိုင်/မီနီမက်စ်.......စတဲ့ဆိုင်ခွဲများထဲမှ စိက်ကြိုက်ရွေးချယ်ဖွင့်လှစ်နိုင်ပါမည်။.....
ကိုယ်စားလှယ်ယူဖွင့်လှစ်ခြင်းကြောင့် ဆိုင်ပေါ်စတင်သည့်ပစ္စည်းတန်ဖိုးများအား လက်ငင်းရင်းထားဖို့မလို ရောင်းပီးတစ်လပြည့်မှသာ ရောင်းရသည့်ပစ္စည်းများ၏တန်ဖိုးကို ရောင်းထားသလောက်သာ ရှင်းပေးရမည်ဖြစ်ပါတယ်။(ယူထားသလောက်အကုန်ရှင်းရန်မလိုပါ။ ဆိုင်နေရာရှိသူ သို့မဟုတ် လက်ရှိလုပ်နေသူကို ဦးစားပေး လက်ခံပါမည်။)

25/08/2022

သမ္မာအာဇီဝ နဲ့ ရှာရတဲ့ ပိုက်ဆံ မဟုတ်ရင် အဖတ်မတင်ဘဲ တနည်းနည်းနဲ့ ပြန်ကုန် တတ်ကြတယ်။ အဆိုးဆုံးက ကိုယ့်မှာ ကုမရတဲ့ ရောဂါတွေ ဖြစ်လာပြီး ဆေးကုရင်း နဲ့ ရှာသမျှ ပြန်ကုန်ကြတာပဲ။

အဲတာကြောင့် ..

၁။ သူတပါး အသက် မသတ်ဘဲ စီးပွားရှာပါ။

၂။ မတရားသဖြင့် အနိုင်ကျင့်၊ ခိုးယူ၊ ပါးပါးလှီး၊ တစ်နပ်စား ကြံတာမျိုး မလုပ်ဘဲ စီးပွားရှာပါ။

၃။ သူတပါး သားပျို၊ သမီးပျိုကို ကာမ မဖျက်ဆီးဘဲ စီးပွားရှာပါ။

၄။ လိမ်မပြောဘဲ အမှန်အတိုင်း ပြောဆိုပြီး စီးပွားရှာပါ။

၅။ သူတပါး မကောင်းကြောင်း ကုန်းတိုက် ပြောဆိုတာမျိုး မလုပ်ဘဲ စီးပွားရှာပါ။

၆။ မိုက်ရိုင်း၊ ဆဲဆို၊ ကြမ်းတမ်းတဲ့ စကားတွေ မပြောဘဲ စီးပွားရှာပါ။

၇။ သူတပါး မကောင်းကြောင်း သိမ်ဖျင်းတဲ့ စကားတွေ မပြောဆိုဘဲ စီးပွားရှာပါ။

ဒီ အချက် (၇) ချက်ကို လိုက်နာပြီး စီးပွားရှာမှ သမ္မာအာဇီဝ လို့ ခေါ်ပါတယ်။

29/07/2022

💸စီးပွားရေးမှာ ငွေအရင်းမရှိတဲ့သူက
💯စာရိတ္တနဲ့ကတိ‌ဆိုတဲ့အရင်းကို
သူများတွေထက်ပိုပီး
များများစိုက်ထုတ်တတ်ရတယ်

💯စာရိတ္တနဲ့ကတိ သာရှိရင် ကိုယ်က
သိန်းဆယ်ချီ အားထုတ်ချင်လား
သိန်းရာချီအားထုတ်ချင်
သင့်ရဲ့စာရိတ္တနဲ့ကတိက အမြင့်ကိုတွန်းပို့ပေးလိမ့်မယ်

👌စီးပွားရေးမှာကတိမရှိရင်
ငွေရှိလဲ အချဉ်းနှီးပဲ

✌️အလုပ်တစ်ခုမှာကတိမတည်ရင်
စာရိတ္တပါအလိုလိုထိုးကျလာပီး နာမည်ပျက်ဆိုတဲ့စာရင်းဝင်သွားရင် ငွေဘယ်လောက်ရှိရှိ
ဘဝကအမြဲစုတ်ပြတ်နေမှာပဲ ✅

Crd

18/06/2022

ငွေရှာဖို့မပျင်းလိုက်ပါနဲ့

ဘယ်လောက်ဘဲ သာယာတဲ့
မိသားစုဖြစ်နေပါစေ
ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင်
သာယာတဲ့ မိသားစုလဲ အလိုလို
ပျာယာတက်ပါတယ်။

ဘယ်လောက်ဘဲ နားလည်မူရှိတဲ့
မောင်နှမတွေဖြစ်နေပါစေ
လိုအပ်တဲ့ ငွေကြောင့် ဖြစ်ပျက်လာတဲ့
ပြဿနာ တွေများလာရင် နားလည်မူတွေ
ပျောက်ကွယ်သွားနိုင်တယ်။

ဘယ်လောက်ဘဲ ချစ်တယ်
ချစ်နေတက်နေပါစေ
လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင်
အချစ်တွေလဲ အလကားတွေ ဖြစ်လာတယ်။

ဘယ်လောက်ဘဲ ခင်မင်တဲ့
သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူလဲသူ့အပူနဲ့ပါဘဲ ။

ဘယ်လောက်ဘဲ နီးကပ် တော်တဲ့
ဆွေမျိုးဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါဘဲ။

သာယာတဲ့ ဘဝ မိသားစု တွေကို
ငွေမဲ့ဝယ်ယူ လို့ မရနိုင်ပေမယ့်
ငွေမရှိပြန်တော့လဲ သာယာတဲ့ဘဝ
သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။
(ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် သူငယ်ချင်း
ငွေရှာဖို့မပျင်းပါနဲ့
ရေတစ်စက်ရဲ့ တန်ဖိုးက
ရေငတ် တဲ့ အချိန်မှနားလည်နိုင်သလို။

ငွေတကျပ်ရဲ့ တန်ဖိုးလည်း
ငွေပျက်တဲ့အချိန်မှ ပိုနားလည်ရပါလိမ့်မယ်
ငွေရှာဖို့ မပျင်းလိုက်ပါနဲ့...။

Credit

30/05/2022

ဆိုင်မှာ ရောင်းကုန်တွေပြတ်လို့ ဘာအတွက်မှ စိတ်ပူမနေပါနဲ့ ဖုန်းလေးတချက်သာဆက်လိုက်ပါ..
Ezay က လိုတဲ့ကုန်တွေအားလုံး အသက်သာဆုံးဈေးနှုန်းများနဲ့ အိမ်အရောက်ပို့ဆောင်ပေးနေပါတယ်..

ဖုန်းနံပါတ် 09776196800 ကို မနက် (၇)နာရီမှ ညနေ (၇) နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေလို့ စိတ်ကြိုက် ဈေးမှာလို့ ရနေပါပြီ..

အချိန်ကုန်သက်သာ စိတ်ချမ်းသာ အိမ်အရောက်ပို့တာ Ezay ပါ...

Photos from Myanmar Microfinance centre's post 19/04/2022

နှစ်ကူးပိတ်ရက်များအပြီး လုပ်ငန်းများပြန်လည်စတင်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်

17/04/2022

နှစ်သစ်ကူးအချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာကင်းကွာ စီးပွားဥစ္စာများ တိုးတက်နိုင်ကြပါစေကြောင်း MMCမိသားစုမှ ဆုတောင်းပေးအပ်လိုက်ပါသည်

13/04/2022

(Unicode)

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း MMC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

(Zawgyi)

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း MMC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

(English)

MMC wishes all Myanmar citizens a peaceful mind and health in Myanmar Thingyan Festival.

07/03/2022

ဘယ်အချက်တွေကြောင့်ချေးငွေကိုလိုအပ်တာပါလဲ? 🤔

-ကိုယ်ပိုင်စီးပွားရေးအတွက် ထပ်မံတိုးချဲ့ ချင်သူတွေ
-ကိုယ်ပိုင်လိုအပ်ချက် သို့မဟုတ် စီးပွားရေးလုပ်ငန်းအတွက် အရစ်ကျဝယ်ယူချင်သူတွေ
-ကျန်းမာရေး၊ ပညာရေးအတွက် ငွေကြေးလိုအပ်ချက်ရှိသူတွေ ပဲဖြစ်ပါတယ်နော်…

!ဝန်ထမ်းများနှင့် အခြားဝင်ငွေပုံမှန်ရှိသူများလည်းလျှောက်ထားနိုင်ပါပြီ !

!!ဒါဆိုရင် ချေးငွေယူဖို့အတွက် ဘာတွေလိုအပ်မလဲ? လစဉ်ပုံမှန်ဝင်ငွေရှိတာနဲ့ လျှောက်ထားနိုင်ပါပြီနော် ??

Loan အတွက် MMCရဲ့ Loan Online Service မှ.........✅
👉 ငွေကျပ် သိန်းပေါင်း (500 )ပမာဏအထိ ချေးငွေထုတ်ပေးသွားမှာပါ။

အသေးစိပ်ကို-

Pages ရဲ့ Messenger မှာသော်လည်းကောင်းအသေးစိပ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

23/02/2022

(ယူနီကုဒ်ဖြင့် ဖတ်ရှုနိုင်ပါသည်)

New Normal မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ရှင်သန်ဖို့

မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါနဲ့ လုံးပန်းနေရတဲ့ ကာလတွေကို တဖြည်းဖြည်းကျော်လွှားနေကြပါပြီ။ New Normal နဲ့ ယှဉ်တွဲနေထိုင်ရမယ့်ကာလမှာ ရပ်နားထားရတဲ့စီးပွားရေး လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ အားလုံးက အရှိန်ယူပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။
လပေါင်းများစွာ ရပ်နားထားရတဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ပြန်လည် စတင်နိုင်ဖို့ အရင်းအနှီးမရှိတဲ့အခက်အခဲမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေကစလို့ ကျေးလက်က ကုန်စုံဆိုင်လေးအဆုံး အရင်းအနှီးတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့ MMC မှာ စီးပွားရေးလုပ်ငန်းသုံး ချေးငွေအဖြစ် လျှောက်ထားလို့ရပါပြီ။

မိမိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကိုပြသပြီး လုပ်ငန်းပေါ်မူတည် ကာ ငွေကျပ် ၅သိန်းက နေ သိန်း၁၀၀အထိ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ တစ်ဦးချင်းတိုက်ရိုက်ငွေထုတ်ချေးပေးတာဖြစ်ပြီး တစ်နှစ်(သို့)နှစ်နှစ်အတွင်း ချေးငွေကို အရစ်ကျစနစ်နဲ့ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

MMC အနေနဲ့ 2018ခုနှစ်ကတည်းက စတင်ပြီး လူပေါင်း ၂၅၁၂၁ ဦးရေ အထိ ချေးငွေများထုတ်ချေးထားတဲ့ ချေးငွေလုပ်ငန်းတွေရဲ့ဝါရင့်ဦးဆောင် လုပ်ငန်းစုကြီးတစ်ခုပဲဖြစ်ပါတယ်။

(ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်ပါသည်)

New Normal မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ရှင်သန်ဖို့

မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါနဲ့ လုံးပန်းနေရတဲ့ ကာလတွေကို တဖြည်းဖြည်းကျော်လွှားနေကြပါပြီ။ New Normal နဲ့ ယှဉ်တွဲနေထိုင်ရမယ့်ကာလမှာ ရပ်နားထားရတဲ့စီးပွားရေး လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ အားလုံးက အရှိန်ယူပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။
လပေါင်းများစွာ ရပ်နားထားရတဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ပြန်လည် စတင်နိုင်ဖို့ အရင်းအနှီးမရှိတဲ့အခက်အခဲမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေကစလို့ ကျေးလက်က ကုန်စုံဆိုင်လေးအဆုံး အရင်းအနှီးတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့ MMC မှာ စီးပွားရေးလုပ်ငန်းသုံး ချေးငွေအဖြစ် လျှောက်ထားလို့ရပါပြီ။

မိမိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကိုပြသပြီး လုပ်ငန်းပေါ်မူတည် ကာ ငွေကျပ်၅သိန်းက နေ သိန်း၁၀၀အထိ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ တစ်ဦးချင်းတိုက်ရိုက်ငွေထုတ်ချေးပေးတာဖြစ်ပြီး တစ်နှစ်(သို့)နှစ်နှစ်အတွင်း ချေးငွေကို အရစ်ကျစနစ်နဲ့ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

MMC အနေနဲ့ 2018ခုနှစ်ကတည်းက စတင်ပြီး လူပေါင်း ၂၅၁၂၁ဦးရေ အထိ ချေးငွေများထုတ်ချေးထားတဲ့ ချေးငွေလုပ်ငန်းတွေရဲ့ဝါရင့်ဦးဆောင် လုပ်ငန်းစုကြီးတစ်ခုပဲဖြစ်ပါတယ်။

10/02/2022

ပိုက်ဆံ ဘာလို့ ကြိုးစား ရှာနေတာလဲ ❓❓❓

ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာ ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး စားလိုက်သောက်လိုက်နဲ့ comfort zone ထဲမှာ ပျော်နေခဲ့တယ်။

အိုးထဲကဆန်တွေအားလုံးကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက ထွက်နိုင်မယ့်နည်းလမ်းကို ရှာမရတော့သလို စားစရာလည်းမရှိတော့ပါဘူး။

အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊ အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊ စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် သက်တောင့်သက်တာရှိတဲ့အခြေအနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့တစ်နေ့မှာ comfort zone လို့ခေါ်တဲ့ ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့ ကျန်ရစ်နေခဲ့ရလိမ့်မယ်။

23/01/2022

လစာနည်းတဲ့သူတွေအတွက် အပိုငွေကျန်စေမယ့် ငွေစုနည်း

လစာလက်ထဲရောက်ပြီဆို ကြွေးကျန်လေးတွေ ဆပ်တယ် ၊ ပိုတဲ့ပိုက်ဆံကိုမှ လိုချင်တာလေး ဟိုဝယ်ဒီဝယ် စားချင်တာလေးတွေ သွားစားရင်းနဲ့ လတစ်ဝက်လောက်ဆို ပိုက်ဆံအိတ်လေး ပြားချပ်ချပ်ဖြစ်နေပြီ။ လကုန်ခါနီးလေ အကြွေးတွေ တင်လေ ဖြစ်နေကြတယ်ဟုတ်။ ဘယ်အချိန်ထိ ဒီလိုဖြစ်နေမလဲ အလုပ်လုပ်လိုက် ပိုက်ဆံရလိုက် သုံးလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေကြတဲ့ ဒီလိုအခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ စုဆောင်းထားတဲ့ ငွေလေးလက်ထဲမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အမြဲတမ်းနောင်တတွေရနေရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ငွေစုတတ်တဲ့အကျင့်ကောင်းလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
“ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲမှာ ပြောထားသလိုပဲ လစဉ် ဝင်ငွေရဲ့ (၁ဝ) ရာခိုင်နှုန်းကို စစုကြည့်ပါ။ များများစားစားကြီး တစ်ခါတည်း စစုတာမျိုးထက် နည်းနည်းစီ ပုံမှန် စစုကြည့်ပါ။ ဘဏ်စာအုပ်ထဲမှာ စာရင်းသေအပ်ပြီးစုကြည့်ဖို့ အကြံပေးပါရစေ။ ဒါမှ ခဏခဏပြန်ထုတ်လို့မရမှာလေ။ လစဉ် ဘဏ်စာအုပ်ထဲမှာ ဂဏန်းလေးတွေ တိုးလာတာကို မြင်ရရင် ဘယ်လောက်စိတ်ချမ်းသာရတယ်ဆိုတာ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။

အသုံးနဲ့အဖြုန်း ခွဲခြားပါ

ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် လိုအပ်လို့ဝယ်တာလား အမြင်မှာ ကြိုက်လို့ဝယ်တာလား အရင်စဉ်းစားပါ။ တစ်လကို သိန်း (၁၀) ဂဏန်းကျော်ဝင်ငွေရှိတဲ့လူတစ်ယောက်က (၁) သိန်းတန်ပစ္စည်းဝယ်တာ မထူးဆန်းပေမယ့် ကိုယ့်လစာသိန်းဂဏန်းလောက်ပဲရနေလျက်နဲ့ သူများ ဝယ်တိုင်း သိန်းကျော်တန်ပစ္စည်းတွေလိုက်ဝယ်နေရင်တော့ ဘယ်တော့မှ ငွေကလောက်မှာမဟုတ်ပါဘူး။ တကယ်တမ်း အရေးပေါ်ငွေလိုတဲ့ အချိန်မှာ ဝယ်ထားမိတဲ့ ဈေးကြီးပစ္စည်းတွေက ငွေပြန်မဖြစ်နိုင်ဘူးဆိုတာ ခေါင်းထဲထည့်ထားပါ။

ငွေကို လက်မလွယ်ပါနဲ့

ကိုယ်မတတ်နိုင်တဲ့ ငွေပမာဏတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ကိုယ်က လိုချင်မိတယ်။ ကိုယ်မှာ ဝယ်နိုင်လောက်တဲ့ငွေပမာဏမရှိမှန်းသိတဲ့အတွက် ဆွေမျိုးသားချင်းထဲက ဖြစ်ဖြစ် သူငယ်ချင်းထဲက ဖြစ်ဖြစ် တစ်ယောက်ယောက်ကများ စေတနာဗလပွနဲ့ “ကြိုက်ရင် ယူလိုက်လေ ငါစိုက်ပေးထားမယ် နောက်မှပြန်ပေးပေါ့” ဆိုတဲ့စကားသံမျိုးကြားရင် သတိရှိပါ။ ဒီငွေကို ကိုယ်ဘယ်လောက်ကြာမှ ပြန်ဆပ်နိုင်မလဲ တကယ်ပဲ သေချာပြန်ပေးနိုင်မလားဆိုတာ ထပ်ကာ ထပ်ကာ စဉ်းစားပါ။ အချိန်တန်လို့ ပြန်မပေးနိုင်ရင် အကြွေးလည်း တင်တယ် မပေးနိုင်တော့ အချင်းချင်း ခင်မင်မှုလဲ ပျက်ရတဲ့ ကိစ္စမျိုးဖြစ်တတ်လို့ပါ။

တစ်လစာ သုံးရမယ့်ငွေကို တစ်ပတ်လောက်နဲ့ကုန်သွားတာမျိုး မဖြစ်ပါစေနဲ့

ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် တစ်လကို ဘယ်လောက်သုံးမယ်ဆိုတာ အရင်ဆုံးဖြတ်ပါ။ ကိုယ်က တစ်လကို (၁) သိန်းသုံးမယ် ဆိုကြပါစို့။ တစ်ပတ်ကို (၂) သောင်းခွဲသုံးလို့ရမယ်။ ကိုယ်ဒီတစ်ပတ်စာ သုံးမယ့်ပိုက်ဆံကိုပဲ အိတ်ထဲထည့်ထားပါ။ ကျန်တဲ့သုံးပတ်စာအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အိမ်မှာပဲ ထားခဲ့ပေါ့။ ဒါမျိုး တစ်ပတ်စာသုံးရမယ့် ပိုက်ဆံတွေကို သေချာ စိစစ်ပြီး သုံးမယ်ဆိုရင် လကုန်ခါနီးတိုင်းရင်ထိတ်ပြီး ဘုရားတနေစရာမလိုတော့ဘူးလေ။

ငွေစစုဖို့ စဉ်းစားနေတဲ့သူအားလုံးပဲ အပေါ်က အချက် (၄) ချက်ကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ငွေမရှိတဲ့အချိန် ဘယ်လောက်မျက်နှာငယ်ရတယ်ဆိုတာကိုတော်တော်များများခံစားဖူးကြမှာပါ။ ဒါ့ကြောင့်… ငွေစုပါကိုယ့်ဘဝရှေ့ရေးအတွက် ငွေစုပါ – အများရှေ့မျက်နှာမငယ်ရအောင်ငွေစုပါ – အချိန်မရွေးဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ ငွေစုပါ လို့ တိုက်တွန်းလိုက်ပါရစေ။

20/10/2021

သီတင်းကျွတ် လပြည့် နေ့ မှာ
(၇)ရက်သားသ္မီးအားလုံး

စိတ်အေးချမ်းသာစွာ ကုသိုယ်ယူနိုင်ကြပါစေ။

စီးပွားလတ်လာဘတိုးပွားကြ ပြီး၊
ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊မြန်မာပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေကြောင်း Myanmar Microfinance Centre ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🙏🙏

01/10/2021

(ယူနီကုဒ်ဖြင့် ဖတ်ရှုနိုင်ပါသည်)

ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်က သင့်လုပ်ငန်းတွေအတွက် အကူအညီဖြစ်စေဖို့ပါ

ယခုလိုခက်ခဲနေတဲ့ကာလမှာ ကိုယ့်ရဲ့ လုပ်ငန်းတွေ ဆက်လက်တိုးချဲ့ဖို့ထက် ရှိနေတဲ့ လုပ်ငန်းလေးမရပ်တန့်သွားဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ လုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့ MMCရဲ့ တစ်ဦးချင်းချေးငွေကအကောင်းဆုံးအထောက်အကူပြုပါလိမ့်မယ်။

တစ်ဦးချင်းချေးငွေမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ချေးငွေနဲ့ ပစ္စည်းကိရိယာတွေဝယ်ယူဖို့အတွက်ဆိုပြီး ထုတ်ချေးပေးတဲ့ချေးငွေတွေရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အဓိကထား ချေးပေးတာဖြစ်ပါတယ်။ ပစ္စည်းကိရိယာအတွက် ချေးငွေကတော့ လယ်ယာသုံးပစ္စည်းတွေကစလို့ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ စက်ကိရိယာတွေကို ဝယ်ယူနိုင်ဖို့ ချေးငွေကို ပစ္စည်းတန်ဖိုးအလိုက် ထုတ်ချေးတာဖြစ်ပါတယ်။

တစ်ဦးချင်းချေးငွေက မိမိလုပ်မယ့်လုပ်ငန်းကို ပြသရမှာဖြစ်ပြီး အပေါင်ပစ္စည်းပြသစရာတော့မလိုအပ်ပါဘူး။

အခက်အခဲတွေကြားက ပြန်လည်ရုန်းထပြီး သစ်လွင်တောက်ပတဲ့ မနက်ဖြန်တွေဖြစ်လာဖို့ MMC က ကူညီပေးဖို့ အသင့်ရှိနေပါပြီ။
တစ်ဦးချင်းချေးငွေအတွက် လိုအပ်တဲ့အချက်အလက်အသေးစိတ်ကိုတော့ MMC မှာ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

(ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်ပါသည်)

ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်က သင့်လုပ်ငန်းတွေအတွက် အကူအညီဖြစ်စေဖို့ပါ

ယခုလိုခက်ခဲနေတဲ့ကာလမှာ ကိုယ့်ရဲ့ လုပ်ငန်းတွေ ဆက်လက်တိုးချဲ့ဖို့ထက် ရှိနေတဲ့ လုပ်ငန်းလေးမရပ်တန့်သွားဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ လုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့ MMC ရဲ့ တစ်ဦးချင်းချေးငွေကအကောင်းဆုံးအထောက်အကူပြုပါလိမ့်မယ်။

တစ်ဦးချင်းချေးငွေမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ချေးငွေနဲ့ ပစ္စည်းကိရိယာတွေဝယ်ယူဖို့အတွက်ဆိုပြီး ထုတ်ချေးပေးတဲ့ချေးငွေတွေရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အဓိကထား ချေးပေးတာဖြစ်ပါတယ်။ ပစ္စည်းကိရိယာအတွက် ချေးငွေကတော့ လယ်ယာသုံးပစ္စည်းတွေကစလို့ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ စက်ကိရိယာတွေကို ဝယ်ယူနိုင်ဖို့ ချေးငွေကို ပစ္စည်းတန်ဖိုးအလိုက် ထုတ်ချေးတာဖြစ်ပါတယ်။

တစ်ဦးချင်းချေးငွေက မိမိလုပ်မယ့်လုပ်ငန်းကို ပြသရမှာဖြစ်ပြီး အပေါင်ပစ္စည်းပြသစရာတော့မလိုအပ်ပါဘူး။

အခက်အခဲတွေကြားက ပြန်လည်ရုန်းထပြီး သစ်လွင်တောက်ပတဲ့ မနက်ဖြန်တွေဖြစ်လာဖို့ MMCက ကူညီပေးဖို့ အသင့်ရှိနေပါပြီ။
တစ်ဦးချင်းချေးငွေအတွက် လိုအပ်တဲ့အချက်အလက်အသေးစိတ်ကိုတော့ MMC မှာ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

13/09/2021

အသင်းသားများခင်ဗျာ

MMC ကုမ္ပဏီ မှ ငွေပေးသွင်းခြင်း(စုငွေ+ အရင်း နှင့်အတိုး)လုပ်ငန်းများကို ၁၃ ရက်နေ့ နှင့် ၁၇ ရက်နေ့များအတွင်း ခေတ္တယာယီရပ်ဆိုင်းထားကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဝန်ထမ်းများမှ ငွေလာရောက်ကောက်ခံခြင်းကို လုံးဝခွင့်မပြုထားသည့် အတွက် မည်သည့်ဝန်ထမ်းများကိုမှ ငွေပေးသွင်းခြင်း မပြုပါရန် အသိပေးအပ်ပါသည်။

လုပ်ငန်းများပြန်လည်လုပ်ဆောင်ပါက အချိန်နှင့် တပြေးညီ အသိပေးအပ်သွားပါမည်။

19/07/2021

(၁၉ဇူလိုင် မမေ့နိုင် ... အာဇာနည်မျိုး သေရိုးမရှိ)

၁၉ - ၇ -၂၀၂၁
(၇၄)နှစ်မြောက်အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြုပါ၏

(မြန်မာပြည်ကြီး အမြန်ဆုံးကျန်းမာပါစေ)

09/07/2021

၇ ရက်ကြာရင် ပြန်ကောင်းမယ်လို့ ယုံကြည်လိုက်ပါ
=====================================
သတိပြုရန်များ...
============
ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။

အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
================
- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံ

02/07/2021

အသုံးအစွဲလေး လျှော့ကြရအောင်
=========
မြန်မာပြည်ရဲ့ လက်ရှိ အနေအထားအရ ရှေ့လာမယ့် ရက်တွေမှာ ပြည်သူများအတွက် စားဝတ်နေရေး ပိုပြီး ခက်ခဲဖို့ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ စားဝတ်နေရေးအတွက် အဓိက အရေးကြီးတာက ငွေပေါ့။ အဲဒီငွေကို ရှာဖို့ကတော့ သမ္မာအာဇီဝအလုပ်မှန်သမျှကို လုပ်ဖို့ လိုပါ့မယ်။ ငွေရရုံနဲ့ မပြီး။ အဲဒီငွေတွေကို စုဆောင်းနိုင်ဖို့က ပိုပြီး အရေးပါတယ်။ အပို မသုံးမိဖို့ ကြိုးစားဖို့ လိုပါ့မယ်။

(ဥပမာ)
- ဖုန်းဆင်းကဒ် ၂ ခု ၃ ခု မထားပဲ၊ တခုပဲ ထားပြီး ၂ ခု ၃ ခုစာ ဖုန်းကဒ်ဖိုးကို လျှော့ချကြည့်ပါ။
- မလိုအပ်ဘဲ ဖုန်းအကြာကြီး ပြောခြင်း ရှောင်ရှားပါ။
- ဆန်ဆိုလည်း တန်ဖိုးနည်းတဲ့ ဆန်ကို ဝယ်စားပါ။
- ဟင်းသီး ဟင်းရွက်များကို နေ လှမ်းပြီး သိမ်းထားပါ။ ချဉ်ပေါ င်ရွက်များကို ကျိုပြီး ရေခဲ သေတ္တာမှာသိမ်းထားပါ။
- ဈေးကြီးတဲ့ အစားအသောက်များကို ဝယ်မစားပါနဲ့။
- မလိုအပ်ဘဲ မီးတွေ မဖွင့်ပါနဲ့။
- လဘက်ရည် ထွက်သောက်မယ့်အစား အထုပ်ဝယ်သောက်ပါ။
- မနေနိုင်လို့ ဆေး လိပ်သောက်သူ ဖြစ်ပါက တနေ့လျှင် ဘယ်နှစ်လိပ်သာ သောက်မည်ဟု မိမိဖာသာ ကန့်သတ်ထားပါ။
- နံက်စာကို အပြင်မှာ ဝယ်စားခြင်းထက် အိမ်မှာ ထမင်းကြမ်းစားပါ။
- အသားဟင်းကို အာလူးစသည်နဲ့ ရော ချက်စားပါ။
- အိမ်ငှါးနေသူဖြစ်ပါက လက်တလော အိမ်ထက် ‌လခနည်းသည့် အိမ်ကို ငှါးနေပါ။
- ဒီအချိန်မှာ အဝတ်အစား အသစ် မလိုအပ်ပါ။
- အပန်းဖြေခရီး ထွက်ခြင်း သီးခံပါ။
- သာရေး နာရေးများကို တတ်နိုင်သမျှ မသွားပါနဲ့။
- ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို ကိုယ်တိုင် စာသင်ပေးပါ။ ကျူရှင် မပို့ပါနဲ့။
- ၁ လုံး၊ ၂ လုံး၊ ၃ လုံး မထိုးပါနဲ့။
- ပိုက်ဆံ သုံးဖို့ ရှိလာရင် သုံးသင့် မသုံးသင့် ၃ ရက် စဉ်းစားပါ။
- ရေဆာရင် ရေကိုသာ သောက်သုံးပါ။ (အခြားဟာ မစဉ်းစားသင့်။)
စသဖြင့် စသဖြင့် စသဖြင့်။
သေချာပါတယ်။
ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် တလ ၅ သိန်းကုန်တဲ့ အိမ်ဟာ တလ ၂သိန်းခွဲသာ ကုန်ကျပါမည်။

ရေရှည်အဆင်ပြေစေဖို့ share မိပါတယ်။

30/06/2021

နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။

အရင်ဆုံး Surgical mask ကို mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ mask 2ထပ် မတပ်ရပါSurgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ mask မှ မတပ်ရပါ။
ပုံမှန် တပ်နေကျလိုမျိုး Surgical mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။
ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။
ထုံးထားတဲ့ surgical mask ပေါ်အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။

လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Credit: Dr Tain Htet Yan

25/05/2021

(ယူနီကုဒ်ဖြင့် ဖတ်ရှုနိုင်ပါသည်)

ယနေ့ (အင်္ဂါနေ့) တွင် ကျရောက်သော ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် နေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဘေးဘယာကင်းဝေးပါစေကြောင်း MMC မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

(ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်ပါသည်)

ယနေ့ (အင်္ဂါနေ့) တွင် ကျရောက်သော ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် နေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဘေးဘယာကင်းဝေးပါစေကြောင်း MMC မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

17/05/2021

မသေချာမှုတွေအတွက် ချွေတာသုံးပါ၊ စုဆောင်းပါ
---------------------------------------------

“အသေးစားအသုံးစရိတ်လေးတွေကစပြီး သတိထားပါ၊ သေးငယ်တဲ့ ရေယိုစိမ့်ပေါက်လေးတစ်ခုက သင်္ဘောကြီးတစ်ခုလုံး နစ်မြှပ်သွားအောင်လုပ်နိုင်ပါတယ်”

အခုလို မသေချာမရေရာတဲ့ကာလမျိုးမှာ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးကို
အထူးဂရုပြုဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ အသေးစားအသုံးစရိတ်တွေက တဖြည်းဖြည်းစုပေါင်းလာပြီး🧐 အဓိကငွေကုန်ပေါက်ဖြစ်လာနိုင်သလို နည်းနည်းစီစုထားတဲ့ စုငွေတွေကလည်း တဖြည်းဖြည်းစုပေါင်းလာပြီး 🤓ပမာဏများလာနိုင်ပါတယ်။

တကယ်လို့သာ 💁အသုံးစရိတ်ကို နေ့စဉ် အနည်းငယ်စီလျှော့ချပြီး စုငွေကိုလည်း နေ့စဉ် အနည်းငယ်စီ စုဆောင်းနိုင်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ တော်တော်လေး💰 စုဆောင်းမိလာနိုင်ပါတယ်။

12/04/2021

Myanmar MicroFinance Centre Company ၏ ရုံးအား မဟာသင်္ကြန်နှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်များ ဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ရုံးကို ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။



Myanmar MicroFinance Centre Company ၏ ရုံးအား မဟာသင်္ကြန်နှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်များ ဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ရုံးကို ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

11/04/2021

Crisis ကာလမှာ ဆက်လက်
ရှင်သန်ဖို့ ရှိတာလေးရောင်းပြီး ဘာစီးပွါးလုပ်ရင်ကောင်းမလဲ? ဆရာတဲ့

တော်တော်များများမေးကြတဲ့ မေးခွန်းပါပဲ။
ကျတော်ကလည်း အကြံပေးလိုက်တယ်။

ဘာစီးပွါးမှ မလုပ်တာ အကောင်းဆုံး
စီးပွါးပါပဲ လို့။

(ခုမှ လုပ်ငန်းသစ်လုပ်မယ့် သူတွေကိုသာ ဆိုလိုပါတယ်။)

ဘာမှ မလုပ်ဘဲ
မိမိပိုက်ဆံကို သက်တမ်းပိုရှည်အောင်
စားသုံးနေထိုင်ခြင်းဟာလည်း
စီးပွါးရေး လုပ်ခြင်းတမျိုးပါပဲ။

ဥပမာ
မနက်တိုင်း လက်ဖက်ရည် တစ်ခွက်သောက်ရင်
တစ်လတစ်သောင်းခွဲကုန်ပါမယ်။

လက်ဖက်ရည်အစား အိမ်မှာ တီးမစ်ဖျော်သောက်ရင်
တစ်လသုံးထောင်ပဲကုန်ပါမယ်။
ဒါဟာ တစ်လ ၁၂၀၀၀ မြတ်မယ့် အလုပ်တစ်ခုကို
လုပ်တာနဲ့အတူတူပါပဲ။

ထိုနည်းတူစွာ
တစ်လ ၃သိန်းတန် အိမ်ငှါးနေသူများကလည်း
တစ်သိန်းခွဲတန်လောက်အိမ်ကို ရွှေ့ခြင်းအားဖြင့်
တစ်လ တစ်သိန်းခွဲ မြတ်မယ့် အလုပ်တစ်ခု
လုပ်တာနဲ့အတူတူပါပဲ။

ထိုနည်းတူစွာ ကဏ္ဏအသီးသီးက
ယိုပေါက်တွေမှာ
အစားထိုးသုံးစွဲချွေတာ ခြင်းကလည်း
စီးပွါးရေးလုပ်ကိုင်တာနဲ့အတူတူပါပဲ။

အသစ် တစ်ခုမှာ ရင်းနှီးမြှုပ်နှံတာထက်စာရင်
ရှိတဲ့ ငွေကြေးကို သက်တမ်းရှည်အောင်
ဆွဲဆန့်သုံးနိုင်ဖို့ ပိုပြင်ဆင်သင့်ပါတယ်။

ရင်းနှီးလုပ်ကိုင်မယ့် လုပ်ငန်းက
ကိုယ်ကျွမ်းကျင်တာဆိုရင် ကိစ္စမရှိပေမယ့်
ကိုယ်မကျွမ်းကျင်တာဆိုရင် ပိုမို
အရှုံးပေါ်စေနိုင်ပါတယ်။

ကျွမ်းကျင်ပေမယ့်လည်း
ဒီလို crisis ကာလမျိုးမှာ
Industry တိုင်းက မလည်ပတ်နိုင်သေးပါဘူး။
ရှုံးဖို့များပါတယ်။

Crd
UTR

06/04/2021

ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်
*********************************

ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။

ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။ ဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။

အအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

၎။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ။

ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင်

၆။ လိုအပ်တာလား လိုချင်တာလား။

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


ကြို့ပင်ကောက်မြို့နယ်, အနောက်လမ်းမတော် လမ်းမကြိီးဘေး, Mingalardon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 00:00

Other Yangon finance companies (show all)
Worldlink Express Shipping (W.E.S Group) Worldlink Express Shipping (W.E.S Group)
Than Thu Mar
Yangon

Insurance, Logistics & General Services

Crypto Land Crypto Land
Hledan
Yangon, 11051

ယုံကြည်စိတ်ချစွာရောင်းဝယ်နိုင်ပါတ?

Phyo$AIA Life Insurance Phyo$AIA Life Insurance
22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon

💓မိသားစုကိုချစ်သောသူများအတွက်💓

NTK - Natsuki Authorized Money Changer NTK - Natsuki Authorized Money Changer
Yangon

Authorized Money Changer

Hmone Nathar Tun Hmone Nathar Tun
Yangon, 11071

If you're interested in protecting families from the comfort of your home, send me a message. I would be happy to discuss our opportunity with you. Keep dreaming!

Yumn - Forex and gold advisor Yumn - Forex and gold advisor
Yangon

နိုင်ငံတကာငွေကြေးနှင့်ကမ္ဘာ့ရွှေရ?

𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚 𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚
Lanmadaw Street
Yangon

𝙋𝙖𝙮𝙋𝙖𝙡 𝘼𝙘𝙘𝙤𝙪𝙣𝙩 & 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 Viber - 09959877552 , 09980385770

Shwe Nyar - Insurance Service Shwe Nyar - Insurance Service
No. 21, 2 Street, 1ward, Mayangon, Tounship
Yangon

Myanmar Remit Myanmar Remit
Urban Asia Center, Room No 254, 2nd Floor , Corner Of 48th Street & Maha Bandula Road, Botataung Tsp
Yangon, 11221

We provide an official platform for receiving and recording the amount of money transferred to/from

Mangala Money Mangala Money
Yangon

ဘဏ် ငွေရေးကြေးရေး အာမခံ ရင်းနှီးမြှုပ်နှံမှု

Growth Up Together with Sithu Growth Up Together with Sithu
Yangon

Learning and Development, Organizational Development and Business Development