Hansaplast Myanmar

Guarding with love, guarded with Hansaplast Hansaplast is the world's trusted wound care brand with over 90 years of experience worldwide.

Our page is designed to be a community where you can freely share opinions and experiences. Stay tuned to gain our useful tips and advice on taking care of yourself and your cherished ones.

19/08/2023

အနာကို ရေစိုဖို့ဆိုတာ မိုးရာသီမှမဟုတ်ဘဲ အချိန်မရွေး ကြုံတွေ့လာရနိုင်ပါတယ်။ ဒါဆိုရင် တကယ် ရေစိုခံပြီး အနာကျက်မြန်တဲ့ Aqua Protect ကို သုံးထားမယ်ဆိုရင် စိတ်ပူစရာမလိုတော့ဘူးပေါ့။

Aqua Protect မှာ ဘက်တီးရီးယားပိုးမွှားနဲ့ ဖုန်မှုန့်အညစ်အကြေးတွေကိုလည်း 99% ကာကွယ်ပေးတဲ့ Bacteria Shield ပါဝင်ပါတယ်

17/08/2023

ငယ်ငယ်က Mickey Mouse ကြည့်တဲ့အခါ 🪄မှော်တုတ်တံလေးနဲ့ လိုရာကိုစေခိုင်းနိုင်တဲ့ Mickey Mouse Wizard အပိုင်း‌လေးကို ကြည့်ဖူးကြတယ်မလား။

Hansaplast ရဲ့ Kids Plaster ထဲမှာလည်း ဘေဘီလေးတွေ အသည်းစွဲဖြစ်တဲ့ Mickey Mouse ရုပ်ပုံလေးတွေနဲ့ အနာကပ်ပလာစတာလေးတွေရှိတာကြောင့် ထိခိုက်ဒဏ်ရာတွေရတိုင်း ပလာစတာမကပ်ချင်တဲ့ ဘေဘီတို့အတွက် Mickey Mouse ပုံလေးကို ကပ်ပေးရင်း Mickey Mouse Wizard လေးကို ဖွင့်ပြပေးလိုက်ပါနော်။

မစ်ကီရဲ့မှော်တုတ်တံလေးက အရာအားလုံးကို စွမ်းဆောင်နိုင်တာကြောင့် မစ်ကီပါတဲ့ ပလာစတာလေး ကပ်ထားမယ်ဆိုရင်လည်း ဘက်တီးရီး‌ယားတွေကို ကာကွယ်ပေးပြီးဒဏ်ရာတွေကို အချိန်တိုတွင်း သက်သာစေနိုင်မှာလို့ ဘေဘီလေးတွေအငိုတိတ်အောင်ချေ့ာလိုက်ရအောင် 😘

15/08/2023

မိုးရာသီအတွက် အလိုအပ်ဆုံးအရာတွေကို စဥ်းစားပါဆိုရင် သေချာပေါက် Aqua Protect ကတော့ မပါမဖြစ်ပါပဲ။ ဘက်တီးရီးယားတွေ အများဆုံးရှိနေတတ်တဲ့ မိုးရာသီမှာ ထိခိုက်ဒဏ်ရာတွေ ရလာခဲ့ရင် ပိုပြီးဂရုစိုက်ရတတ်ပါတယ်။

ဒဏ်ရာအသေးအမွှားလေးဆိုပြီး လက်လွတ်စပယ် ပေါ့ဆမိလိုက်တဲ့အခါ မိုးရေထဲဗွက်စင်ပြီး ဘက်တီးရီးယားတွေ အနာထဲဝင်သွားနိုင်ပါတယ်။
အနာကိုရေစိုသွားပြီး ပိုးဝင်သွားရင် အနာကျက်နှုန်းကိုနှေးစေပြီး အနာကနဂိုထက်ပိုပြီး ရောင်ကိုင်းလာနိုင်တာကြောင့် ဒဏ်ရာနဲ့ပတ်သက်လာရင် လုံးဝမပေါ့ဆလိုက်ပါနဲ့နော်။

ထိခိုက်ဒဏ်ရာတွေရှိနေလည်း မိုးရေထဲမှာ စိတ်ချလက်ချ သွားလာနိုင်ဖို့အတွက် Hansaplast ရဲ့ Aqua Protect ကို ကပ်ထားလိုက်ပါ။
100 % ရေစိုခံပြီး ကပ်အားလည်းကောင်းတဲ့အတွက် အလွယ်တကူ ကွာမကျစေနိုင်လို့ ဘက်တီးရီးယားတွေရန်ကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

14/08/2023

🎊“ ထိခိုက်ရှနာဂရုထားပါ “ အစီအစဥ်ရဲ့ နောက်ဆုံးဘိတ်အိတ်နဲ့လွယ် အပိုင်း ( ၆ ) ရဲ့ မိုးရာသီခြင်းလက်ဆောင် ကံထူးရှင်လေးတွေ ထွက်ပေါ် လို့လာပါပြီ

🎁ဆုလက်ဆောင်တွေရရှိသွားသူတွေကတော့
(1) May Myat Thu
(2) Thiri Tun
(3) Ko Ko Kyaw
(4) Golden Honey
(5) Kyi Thar
(6) Waiyan Kyaw
(7) Ellie Leona တို့ပဲဖြစ်ပါတယ်နော်။
ဆုလက်ဆောင်တွေပိုင်ဆိုင်သွားတဲ့ ကံထူးရှင်လေးတွေအတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်ရှင့်။ ကံထူးရှင်တွေထဲမှာ မိမိတို့ရဲ့အသိတွေနဲ့ သူငယ်ချင်းတွေပါရင်လည်း mention ပြီး အသိပေးလိုက်ကြပါဦးနော် 😘

အပတ်စဥ်တင်ဆက်ပေးနေကြဖြစ်တဲ့ “ ထိခိုက်ရှနာ ဂရုထားပါ “ အစီအစဥ်လေးကို ကြည့်ရှုအားပေးပြီး မေးခွန်းလေးတွေကို ပါဝင်ဖြေဆိုပေးခဲ့ကြတဲ့ Hansaplast ချစ်သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🤗

#ထိခိုက်ရှနာဂရုထားပါ

10/08/2023

ကလေးလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ သိလိုစိတ်ကပြင်းပြလာတတ်ကြပါတယ်💡
က‌လေးသဘာဝ မမြင်ဖူးတာတွေမြင်ရင် လက်သေးသေးလေးတွေနဲ့ ဆွဲယူကြည့်ကြပါတယ် 🔎
ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကြောင့်လည်း သူတို့မသိတာလေးတွေ မမြင်ဖူးတာလေးတွေကို သိရှိသွားတတ်ပြီး ဥာဏ်ရည်ကိုလည်း တိုးတက်စေနိုင်ပါတယ် 😍

အိမ်မှာရှိတဲ့ ဘေဘီလေးတွေ တစ်ခုခုကိုစူးစမ်းတာ ကိုင်တွယ်တာမျိုးတွေကို မေမေတို့အနေနဲ့လည်း ဟန့်တားတာမျိုးမလုပ်ဘဲ ဘေဘီလေးတွေအတွက် အတတ်နိုင်‌ဆုံး ထိခိုက်မှုကင်းစေမယ့် ပစ္စည်းလေးတွေကို သူတို့စိတ်ကြိုက် ကိုယ်တွယ်ခွင့်ပေးလိုက်ပါနော် 🤗

မတော်တဆ ထိခိုက်မိတာ ပွန်းပဲ့တာမျိုးတွေဖြစ်လာခဲ့ရင်လည်း Hansaplast Kids Plaster တွေကိုကပ်ပေးလိုက်ဖို့ အကြံပေးပါရစေ။

08/08/2023

အိမ်မှာအဆော့သန်တဲ့ ဘေဘီကဲစိန်လေးတွေ ရှိတယ်ဆိုရင် မေမေတို့မှာ အမောလည်းပြေသလို အမောလည်းကြီးရတယ်ဟုတ်❓

မနားမနေဆော့လွန်းတာကလည်း ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေလို့ မေမေတို့အနေနဲ့ ကဲစိန်လေးတွေကို ပိုင်ဆိုင်ထားရတာ ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိတော့ဘူးပေါ့ 💁‍♀️

သို့ပေမယ့် အဆော့မက်တဲ့ ကလေးတိုင်း ဒဏ်ရာလေးတွေကတော့ ရစမြဲလေ 🤗
ရလာတဲ့ထိခိုက်ဒဏ်ရာလေးတွေကို သေချာဆေးထည့်ပြီး Hansaplast Kids Plaster လေးကပ်ထားလိုက်မယ်ဆိုရင် ဘေဘီတို့ အပြုံးမပျက်ဘဲ ဆက်လက်ကဲလို့ရနိုင်ပါပြီနော် 😘

သားသားမီးမီးတို့အကြိုက် marvel စူပါဟီးရိုးပုံ နဲ့ Frozen တွေအပြင် Mickey Mouse ပုံလေးတွေနဲ့ပါ ထုတ်လုပ်ထားတာကြောင့် ကပ်အားလည်းကောင်းပြီး 🦠ဘက်တီးရီးယားတွေကိုလည်း 99% ကာကွယ်မှုအပြည့်ပေးနိုင်ပါတယ်

07/08/2023

🎉ထိခိုက်ရှနာ ဂရုထားပါ အပိုင်း ( ၅ ) အတွက် မိုးရာသီခြင်းလက်ဆောင် ကံထူး‌ရှင်လေးတွေ ထွက်ပေါ်လာပါပြီ။

🎁ကံထူးရှင်လေးတွေကတော့
(1) Inzali Moh Moh
(2) Chan Myae Kay
(3) Kaung Mhue
(4) May Phyo Phyo Thaw
(5) Honey Myat Noe MK တို့ပဲဖြစ်ပါတယ်။

ကံထူးရှင်တွေထဲမှာ ကိုယ့်ရဲ့အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေပါနေရင်လည်း Comment မှာ mention ခေါ်ပေးပြီး တူတူဝမ်းသာလိုက်ရအောင်နော်။ ကံထူးရှင်လေးတွေအတွက်လည်း Hansaplast ကထပ်တူဝမ်းသာမိပါတယ် 😍

အပိုင်း ( ၅ ) မှာ ကံထူးရှင်မဖြစ်ခဲ့ရင်လည်း လုံးဝလက်လျှော့စရာ မလိုပါဘူးရှင့်။ နောက်ဆုံးဘိတ်အိတ်နဲ့လွယ်နိုင်မယ့် “ ထိခိုက်ရှနာ ဂရုထားပါ “အစီအစဥ်ရဲ့ နောက်ဆုံးအပိုင်းကို ဆက်လက်ယှဥ်ပြိုင်ပြီး ဆုလက်ဆောင်တွေအများကြီးကိုရယူလိုက်ဖို့တိုက်တွန်းလိုက်ပါရစေ 😘

ပါဝင်ယှဥ်ပြိုင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်းHansaplast Myanmar မှကျေးဇူးအထူးတင်ရှိပါတယ် 😱

#ထိခိုက်ရှနာဂရုထားပါ

02/08/2023

ငယ်ငယ်က ထိခိုက်ရှနာ ဒဏ်ရာပေါ်ကို အလွယ်တကူ ဖုန်မှုန့် နနွင်းမှုန့်သိပ်တာ၊ ဆေးမြီးတိုတွေ ထည့်တာတွေ လုပ်တတ်ကြပါတယ်

ဒါတွေက တကယ်ပဲ အနာကျက်ဖို့ အထောက်အကူဖြစ်ရဲ့လား၊ ဘယ်လိုအကျိုးဆက်တွေရှိတတ်လဲ ဆိုတာကို “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း ၆” မှာ ဒေါက်တာ သူရိန်လှိုင်ဝင်းက ဆွေးနွေးပေးထားပါတယ်ရှင့် 😘

အဖြေမှန်လေးကို အထက်ပါဗီဒီယိုလေးမှာ သွားကြည့်ပြီး ဒေါက်တာသူရိန်လှိုင်ဝင်း ဖြေဆိုပေးထားတဲ့ ဗဟုသုတတွေကို နားထောင်ရင်း ဟန်ဆာပလပ်စ်ရဲ့ မိုးရာသီဆုလက်ဆောင်ခြင်းလေးကို အမှတ်တရ ရယူလိုက်ပါဦးနော် 🎁

🎁အမှတ်တရ လက်ဆောင်ခြင်းကံထူးချင်သူတွေက
(၁) ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၆ ကို ဒီကနေ (https://bit.ly/3OH6DHf) သွားကြည့်ပါ
(၂) အဆိုပါဗီဒီယိုကို Public နဲ့ Share ပေးပြီးရင်
(၃) Share ထားတဲ့ Screenshot လေးကို အခုပို့စ်အောက်မှာ အဖြေမှန်နဲ့အတူ ပြန်မန့်ပေးပါနော်။

ပါဝင်ထားတဲ့သူတွေထဲက ကံထူးရှင် (၇) ယောက်ထိ ရွေးချယ်ပြီး လက်ဆောင်ခြင်းတွေ ပေးပို့သွားမှာဖြစ်လို့ အမြန်ဝင်ပြိုင်လိုက်ဦးနော် 🎉

#ထိခိုက်ရှနာဂရုထားပါ

02/08/2023

အိမ်ကဘေဘီလေးတွေကို အသိပညာတွေသင်ကြားဖို့ တစ်ယောက်တည်း လွှတ်လိုက်ရတဲ့အခါ ဘေဘီလေးတွေက လွတ်လပ်သွားတတ်ကြပြီး ကစားစရာအသစ်တွေနဲ့ကစားမယ်၊ စက္ကူလေးတွေခေါက်ရင်း ချစ်စရာအရုပ်လေးတွေလည်း ဆော့ကစားတတ်ကြပါတယ် 👩‍👧‍👦

မေမေ့မျက်ကွယ်မှာဖြစ်နေတာကြောင့် ပုံမှန်ဆော့ကစားနေရင်း မတော်တဆပွန်းပဲ့ဒဏ်ရာလေးတွေဖြစ်လာတဲ့အခါ စိတ်ပူရတာမျိုးမဖြစ်ရလေအောင် ဘက်တီးရီးယားရန်ကနေကင်းဝေးပြီး ဒဏ်ရာတွေကို သက်သာစေဖို့ Hansaplast Kids Plaster လေးတွေကို မေမေတို့က ထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့နော် 😘

ဘေဘီလေးတွေအကြိုက် စူပါဟီးရိုးကာတွန်းရုပ်လေးတွေနဲ့မို့ ဒဏ်ရာတွေရလာရင်လည်း ကပ်ထားတဲ့ ပလာစတာလေးတွေကိုကြည့်ရင်း ကလေးတွေသဘာဝအရ သဘောကျနေကြမှာပါရှင့် 😍

31/07/2023

“ သန္ဓေ၊ တောထွက်၊ ဓမ္မစက်
မိန့်မြွက် သံချို လဝါဆို “လို့ ဗုဒ္ဓဝင်မှာ ဆိုခဲ့ကြတဲ့အတိုင်း ယနေ့ဝါဆိုလပြည့်နေ့ဟာဆိုရင် မြတ်စွာဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားတဲ့နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်။

ယခုလို ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ နေ့ရက်သမယမှာ သဒ္ဓါတရားပွားများနိုင်ပြီး စိတ်ရွှင်လန်းကြည်လင်နိုင်ကြပါစေ။
ကုသိုလ်အလုပ်တွေကို အဆက်မပြတ် ဆောင်ရွက်နိုင်ကြပါစေလို့ Hansaplast Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

30/07/2023

“ ထိခိုက်ရှနာ ဂရုထားပါ “ အပိုင်း ( ၄ ) ရဲ့ မိုးရာသီ လက်ဆောင်ခြင်း ကံထူးရှင်တွေ ထပ်မံထွက်ပေါ် လို့လာပါပြီ 🥳
ကံထူးသူတွေကတော့
1. Lucky Wint War
2. Htate Htar Thaw Zin
3. Yu Yu Ko
4. Lamin Tha
5. Chan Myae တို့ပဲဖြစ်ပါတယ်

ကိုယ့်နာမည်လေးပါလာတာကို မြင်ရတဲ့သူတွေလည်း အတိုင်းမသိဝမ်းသာနေကြပြီဟုတ် ပါဝင်ဖြေဆိုပြီး ကံထူးရှင်ဖြစ်သွားတဲ့အတွက်လည်း Hansaplast ကနေကျေးဇူးအထူးတင်ပါတယ်ရှင့် 😍

ကံထူးရှင်လေးတွေက Hansaplast Myanmar ရဲ့ Page Messenger မှာ အမည်၊ နေရပ်လိပ်စာအတိအကျနဲ့ ဖုန်းနံပါတ်တွေကို သတ်မှတ်ရက် ( ၃ ) ရက်အတွင်းလာရောက်ပေးပို့ပေးဖို့ အသိပေးအပ်ပါတယ်နော် 💙

အပိုင်း ( ၄ ) မှာလည်းကံထူးရှင်မဖြစ်လို့ လက်မလျှော့လိုက်ပါနဲ့။ နောက်ထပ် အပိုင်းတွေအတွက် လက်ဆောင်ပေးမယ့် အစီအစဥ်တွေကျန်ရှိသေးတာကြောင့် အပတ်စဥ် စနေနေ့တိုင်း တင်ဆက်မယ့် ထိခိုက်ရှနာ ဂရုထားပါ အစီအစဥ်ကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် 🥰



#ထိခိုက်ရှနာဂရုထားပါ

29/07/2023

ထိခိုက်ဒဏ်ရာတစ်ခုရပြီဆိုတာနဲ့ ပေါ့ပေါ့ဆဆနေတတ်တဲ့သူတွေ ရှိကြလား❓
ဒဏ်ရာကိုစနစ်ကျတဲ့ ကုသမှုတွေနဲ့ပြုစုဖို့ပျင်းနေကြသူတွေရော ရှိနေကြတယ်မလား 🤔

ယခုအစီအစဥ်ရဲ့ အပိုင်း ( ၆ ) မှာတော့ ထိခိုက်ရှနာတွေကို စနစ်တကျမကုသဘဲ ပေါ့ဆစွာပစ်ထားမယ်ဆိုရင် ကျန်းမာရေးအရ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာကို သဇင်နွယ်ဝင်းနဲ့အတူ ‌ဒေါက်တာသူရိန်လှိုင်ဝင်းက ဆွေးနွေးပြီး မေးခွန်းတွေကိုလည်းဖြေကြားပေးထားတာကြောင့် ဗဟုသုတတွေကို မှတ်သားဖို့ အတူတူကြည့်လိုက်ရအောင် 😍




#ထိခိုက်ရှနာဂရုထားပါ

28/07/2023

ယခုအပတ် “ ထိခိုက်ရှနာ ဂရုထားပါ “ အပိုင်း ( ၆ ) အစီအစဥ်မှာ သဇင်နွယ်ဝင်းနဲ့အတူ ပါဝင်ဆွေးနွေးသွားမယ့်သူကတော့ ကျန်းမာရေးဗဟုသုတတွေကို အမြဲမျှဝေပေးနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းပဲဖြစ်ပါတယ်။

ဒေါက်တာသူရိန်လှိုင်ဝင်းနဲ့အတူ ဆွေးနွေးပေးသွားမယ့်ခေါင်းစဥ်ကတော့ “ ထိခိုက်ဒဏ်ရာများကို စနစ်တကျကုသခြင်း “ ဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ အနေနဲ့ သိလိုတာတွေကို မေးမြန်းထားတဲ့‌ မေးခွန်းတွေကိုပါ ဖြေကြားပေးသွားဦးမှာပါနော်။

ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ ပေါ့ဆစွာနဲ့ဒဏ်ရာကိုပစ်မထားဘဲ ဒဏ်ရာကျက်သည်အထိ ဂရုတစိုက်နဲ့ ကုသဖို့အတွက် စနစ်တကျကုသနည်းတွေကို သိရှိစေဖို့ရည်ရွယ်ပြီး တင်ဆက်ပေးတာဖြစ်တဲ့အတွက် မိသားစုတိုင်းသိသင့်သိထိုက်တာကြောင့် စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကျန်းမာရေးဗဟုသုတတွေ မျှဝေတဲ့အပြင် ကြည့်ရှုသူတို့အတွက် အထူးအစီအစဥ်‌တွေလည်း ပါဝင်တာကြောင့် “ ထိခိုက်ရှနာ ဂရုထားပါ “ အပိုင်း ( ၆ ) ကိုစောင့်ကြည့်ပေးပါဦးရှင့် 😍




#ထိခိုက်ရှနာဂရုထားပါ

26/07/2023

ထိခိုက်ဒဏ်ရာတစ်ခု ရလာခဲ့ရင် နာကျင်ရသလို အနာကျက်သွားရင်လည်း မပြီးသေးပါဘူး။
အနာကျက်သွားပြီးရင် ကိုယ့်အရေပြားမှာ အမာရွတ်ထင်းထင်းကြီး မကျန်ခဲ့အောင် ဘယ်လို ဂရုစိုက်သင့်လဲ❓

Hansaplast Myanmar မှတင်ဆက်လျက်ရှိတဲ့ “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း ၅” https://bit.ly/3DuvlE9 မှာ ဒီအကြောင်းကို အလှအပရေးရာကျွမ်းကျင်သူ Dr. Honey မှ သဇင်နွယ်ဝင်းနဲ့အတူ ဆွေးနွေးပေးထားပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ရှုရင်း ဟန်ဆာပလပ်(စ်)ရဲ့ မိုးရာသီလက်ဆောင်ခြင်း ရယူခွင့်အတွက် ကံစမ်းလိုက်ပါဦး။

ဝင်ကံစမ်းဖို့က လွယ်ပါတယ်။ ပါဝင်လိုသူတွေက
🎁 ထိခိုက်ရှနာဂရုထားပါ အပိုင်း ၅ ကို ဒီလင့်ကနေ သွားပါ (https://bit.ly/3DuvlE9 )
🎁 အဆိုပါဗီဒီယိုကို Public နဲ့ Share ပြီး
🎁 Share ထားတဲ့ပိုစ့်ရဲ့ Screenshot ကို ဒီပိုစ့်အောက်မှာ ပြန်ပြီး ကော်မန့်ပေးရုံပါပဲ။

ထိခိုက်ရှနာ ရထားတဲ့ အရေပြားကို ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုရင်း မိုးရာသီလက်ဆောင်ခြင်းအတွက် ကံစမ်းလိုက်ရအောင်နော် 🥳

#ထိခိုက်ရှနာဂရုထားပါ

25/07/2023

အိမ်မှာဆိုရင် ချုပ်ရိုးမခိုင်တော့တဲ့ အဝတ်ဟောင်းလေးတွေကို အားလပ်ချိန်တွေမှာ အမြဲတမ်းချုပ်တတ်တဲ့ မေမေ ဒါမှမဟုတ် ဖွားဖွားကတော့ ရှိကြတယ်ဟုတ်❓

📌🧵ကိုယ့်အဝတ်လေးတွေကို အမြဲဂရုတစိုက်နဲ့ ချုပ်ပေးနေတဲ့အခါ လူကြီးသူမတွေဖြစ်တဲ့အတွက် အာရုံစူးစိုက်နေရင်း မတော်တဆ လက်ကိုအပ်နဲ့စူးမိပြီး ထိခိုက်ရှနာလေးတွေဖြစ်တတ်ပါတယ်

အိမ်မှာ အပ်ချည်လုံးဘူးလေးအပြင် Hansaplast အနာကပ်ပလာစတာလေးတွေ ထည့်ထားတဲ့ ဆေးသေတ္တာလေးလည်း ဆောင်ထားလိုက်မယ်ဆိုရင် ဒဏ်ရာကင်းပြီး လှပတဲ့ချုပ်ရိုးလေးတွေကိုလည်း စိတ်တိုင်းကျချုပ်နိုင်ပါပြီနော် 😍

24/07/2023

လတ်လတ်ဆတ်ဆတ် သစ်သီးတွေကို စားရတာကြိုက်တဲ့သူတွေအတွက် သစ်သီးအခွံခွာရတာကလည်း အလုပ်တစ်ခုလိုပါပဲနော် 🍎🔪
သစ်သီးအခွံခွာရင်း လက်မှာ ဓားရှတတ်တာမျိုးကလည်း ဖြစ်တတ်တာကြောင့် သစ်သီးအခွံခွာရမှာကို ကြောက်နေတတ်တဲ့သူတွေအတွက်တော့ Hansaplast က မရှိမဖြစ်ပါပဲ 😍

ထိခိုက်ရှနာဖြစ်ပြီဆိုတာနဲ့ အသင့်အနေအထားရှိနေတတ်တဲ့ Hansaplast ကတော့ ဒဏ်ရာကို ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေမဝင်အောင် ၉၉% အထိ ကာကွယ်ပေးပြီး အနာကျက်တာလည်း မြန်စေပါတယ်။
ဒါကြောင့် သစ်သီးစားဖို့ အခွံခွာရင်း ဓားရှမှာကို မစိုးရိမ်ဘဲ Hansaplast ကိုသာ ဆောင်ထားလိုက်ပါနော်။

23/07/2023

Hansaplast ကထုတ်တဲ့ Transparent အနာကပ်ပလာစတာဟာဆိုရင်တော့ အကြည်ရောင်လေးနဲ့ ကောင်မလေးတိုင်းရဲ့ အသည်းစွဲပလာစတာတစ်ခုပါ 😘

မတော်တဆမျက်နှာနုနုလေးမှာ ထိခိုက်ဒဏ်ရာတွေဖြစ်လာတဲ့အခါ Transparent ကိုပဲ အမြဲကပ်ကြရတယ်ဟုတ် အကယ်၍ မျက်နှာနုနုလေးတင်မကဘဲ ဘယ်လိုနေရာတွေမှာ ကပ်ကြသေးလဲဆိုတာ ပြောပြပေးခဲ့ပါဦးရှင့်။
တိုက်တိုက်ဆိုင်ဆိုင်နဲ့ အခုလည်းကပ်ထားတယ်ဆိုရင် ပုံလေးရိုက်ပြီး မန့်ခဲ့လို့ရပါတယ်နော် 😍

22/07/2023

ဒဏ်ရာတွေကြောင့် အသားအရေကပျက်စီးသွားတာမျိုး၊ အမာရွတ်တွေကြောင့် အလှပျက်တာမျိုးတွေမဖြစ်စေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဒဏ်ရာတွေကို ကုသရမလဲဆိုတာနည်းစနစ်ကျကျ သိထားကြဖို့ အရေးကြီးပါတယ်နော် 🤗

ဒီတစ်ပတ် ထိခိုက်ရှနာဂရုထားပါ အပိုင်း ( ၅ ) မှာဆိုရင်တော့ သဇင်နွယ်ဝင်းနဲ့အတူ Dr. Honey က ဆွေးနွေးပေးသွားမှာဖြစ်ပြီး Hansaplast ချစ်သူတွေ မေးမြန်းထားတဲ့မေးခွန်းလေးတွေကိုလည်း ဖြေကြားပေးထားတဲ့အတွက် ဗဟုသုတတွေ မျှဝေပေးနေတဲ့ အစီအစဥ်ကို ကြည့်ရှုလိုက်ရအောင်နော်။




#ထိခိုက်ရှနာဂရုထားပါ

21/07/2023

ဒီတစ်ပတ်ရဲ့ " ထိခိုက်ရှနာ ဂရုထားပါ " အပိုင်း ( ၅ ) မှာ သဇင်နွယ်ဝင်းနဲ့အတူ ပါဝင်ဆွေးနွေးပေးသွားမှာကတော့ အလှအပဆိုင်ရာကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Beauty Care by Dr. Honey ပဲဖြစ်ပါတယ် 👩‍⚕️

အစီအစဥ်ရဲ့ အပိုင်း ( ၅ ) မှာ ပါဝင်ဆွေးနွေးပေးသွားမယ့် ခေါင်းစဥ်ကတော့ " ဒဏ်ရာတွေကြောင့် အလှမပျက်ဖို့ " ဆိုတဲ့ခေါင်းစဥ်ဖြစ်ပြီး ပရိသတ်တွေမေးမြန်းထားတဲ့ မေးခွန်းလေးတွေကိုလည်း ပြန်လည်ဖြေကြားပေးသွားဦးမှာပါ 😍

ထိခိုက်ဒဏ်ရာတွေကြောင့် နဂိုအသားအရေလေးပျက်စီးသွားမှာမျိုး၊ ဒဏ်ရာကြောင့်ရတဲ့ အမာရွတ်တွေ‌ကြောင့် အလှပျက်တာမျိုး မဖြစ်ရလေ‌အောင် ဘယ်လိုကုသနည်းတွေနဲ့ ဂရုစိုက်ရမလဲဆိုတာ အသေအချာပြောပြပေးထားလို့ အလှအပစိတ်ဝင်စားတဲ့ အမျိုးသမီးလေးတို့ ကြည့်ကိုကြည့်သင့်ပါတယ်နော် 😘

ကြည့်ရှုသူ Hansaplast ချစ်သူတွေအတွက်လည်း ရင်ခုန်ဖွယ်အမေးအဖြေအစီအစဥ်တွေပါဝင်လို့ ဇူလိုင်လ ၂၂ ရက်နေ့မှာတင်ဆက်ပြသမယ့် " ထိခိုက်ရှနာ ဂရုထားပါ" အပိုင်း ( ၅ ) ကို စောင့်မျှော်အားပေးနေပါဦးရှင့်




#ထိခိုက်ရှနာဂရုထားပါ

20/07/2023

“ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၃” ရဲ့ မိုးရာသီလက်ဆောင်ခြင်း ကံထူးရှင်တွေတော့ ထွက်ပေါ်လာပါပြီ 🏆
🎁ဒီတစ်ပတ် ကံထူးရှင်တွေကတော့
(1) Daw Mya Yin
(2) Mayar Cho
(3) Khin Than Aye
(4) Khin Soe Soe
(5) Moe Lay

ကံထူးရှင်စာရင်းထဲမှာ ကိုယ်ရော ပါပြီးပြီလား❓
မပါရသေးရင်လည်း အခုတစ်ပတ် “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၄” ကို Hansaplast Myanmar Page မှာ ဝင်ရောက်ကြည့်ရှုပြီး ပါဝင်ကံစမ်းလိုက်ပါဦး။

ဆုရရှိသွားတဲ့ ကံထူးရှင်လေးတွေအနေနဲ့ Hansaplast Myanmar Page Messenger ကို သတ်မှတ်ရက် ( ၃ ) ရက်အတွင်း အမည်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အတိအကျ လာရောက်ပေးပို့ပြီး ဆုလက်ဆောင်တွေကို ထုတ်ယူနိုင်ပါတယ်ရှင့် 💁🏻‍♀️

ထိခိုက်ရှနာနဲ့ ဒဏ်ရာတွေကို နည်းမှန်လမ်းမှန်ပြုစုပြီး ဒဏ်ရာတွေ ငယ်ရာက မကြီးသွားစေဖို့ ဟန်ဆာပလပ်စ်မှ တင်ဆက်ပေးတဲ့ “ထိခိုက်ရှနာ ဂရုထားပါ” အစီအစဉ်ကို စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။

#ထိခိုက်ရှနာဂရုထားပါ

19/07/2023

လူလူချင်းကိုက်တာ ခံရဖူးလား❓
တခြားသတ္တဝါတွေ အကိုက်ခံရတာက မတော်လို့ ဖြစ်နိုင်ပေမဲ့ လူလူချင်းအကိုက်ခံရတာတော့ ချစ်လို့ပဲ ဖြစ်မှာပါ။

ဒါဆို အကိုက်ခံရရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုသလား ဆိုတာကို ဝင်ဖြေဆိုရင်း ဟန်ဆာပလပ်စ်ရဲ့ မိုးရာသီဆုလက်ဆောင်ကို ယူလိုက်ပါဦးနော်🎁

အကိုက်ခံလူတန်းစားရော၊ ကိုက်တတ်တဲ့ချစ်သူတွေသာမက ကိုက်မယ့်သူမရှိလည်း စပ်စုချင်သူတွေအတွက် လူလူချင်းကိုက်တာခံရရင်လည်း ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ အခုအပတ် ဟန်ဆာပလပ်စ်ရဲ့ "ထိခိုက်ရှနာ ဂရုထားပါ" အစီအစဉ်မှာ မေမေတို့အချစ်တော် Dr. မာမီက ပြောပြဆွေးနွေးထားတာကို ဒီမှာ ( https://bit.ly/3pHCvSs ) ကြည့်ရှုနိုင်ပါတယ်။

ပြီးရင် မိုးရာသီလက်ဆောင်ခြင်းကို ရဖို့အတွက်တော့
(၁) အပေါ်က ထိခိုက်ရှနာဂရုထားပါ အပိုင်း-၄ ဗီဒီယိုကို Public နဲ့ Share ပေးပါ၊
(၂) Share ထားတဲ့ Screenshot နဲ့အတူ
(၃) "လူလူချင်းကိုက်မိရင် ဆေးထိုးရလား" မေးခွန်းရဲ့ အဖြေမှန်ကို ကော်မန့်မှာ ရေးပေးပါ။ ကိုယ်ကိုက်ထားတဲ့ သူကို မန်းရှင်းခေါ်သွားရင်လည်း စိတ်မဆိုးဘူးနော်။

ကံထူးရှင်တွေကို ဇူလိုင် ၂၀ ရက်နေ့မှာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဝင်ရောက်ကံစမ်းရင်း မိုးရာသီလက်ဆောင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေနော် 🥳

ထိခိုက်ရှနာဂရုထားပါ အပိုင်း ၄ ကိုကြည့်ရှုရန် - https://bit.ly/3pHCvSs

#ထိခိုက်ရှနာဂရုထားပါ

18/07/2023

ပြေးဖို့အတွက်လား ? ခုန်ပျံကျော်လွှားပြီး ဆော့ကစားမလား ? 🏃‍♀️🤾‍♂️
ဘယ်လောက်ပဲလှုပ်လှုပ် ထိခိုက်ဒဏ်ရာ‌ကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ Hansaplast ရဲ့ Elastic Plater ကအသင့်ရှိနေပါတယ်။

အားကစားသမားတို့ရဲ့ လက်စွဲ‌တော်အဖြစ် အမြဲအတူရှိနေမယ့် Hansaplast ရဲ့ Elastic ကို လေ့ကျင့်တဲ့ အချိန်တိုင်းသာမက ပြိုင်ပွဲတိုင်းမှာလည်း ယုံကြည်မှုရှိရှိနဲ့ ဘက်တီးရီးယားတွေနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ဖို့ အနားမှာအမြဲဆောင်ထားလိုက်ပါ။ 😍

16/07/2023

မတော်တဆ ထိခိုက်ရှနာတွေရလာတဲ့အခါ ဘက်တီးရီးယားတွေမဝင်အောင် အလွယ်တကူ ကာကွယ်ပေးနိုင်ဖို့ဆိုရင် Hansaplast ကိုဆောင်ထားမှဖြစ်မှာနော်။ 🦠🧫

🛒ထိခိုက်ဒဏ်ရာရပြီဆိုတာနဲ့ အလျင်အမြန်သက်သာစေဖို့ အမျိုးအစားစုံလင်စွာနဲ့ ရွေးချယ်စရာတွေများပြားတဲ့ Hansaplast အနာကပ်ပလာစတာတွေကို 1 Stop Mart, G&G, Life Plus, Medicare နဲ့ City Care ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

Hansaplast ကိုပဲ ရွေးချယ်ကြတာကြောင့် ဆိုင်မှာကုန်နေပါပြီဆိုတဲ့ လက်ကားယူလိုသူတွေကလည်း Hansaplast Page Messenger ကနေတဆင့် စုံစမ်းဆက်သွယ်နိုင်ပါတယ်လို့ သတင်းစကားပါးလိုက်ပါရစေ။

အစဥ်အဆက်နှစ်ချီ အားပေးလာခဲ့တဲ့ Hansaplast ချစ်သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်။

15/07/2023

မတော်တဆ ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ ဘယ်လိုနည်းတွေနဲ့ ကုသရမလဲ။ ဒဏ်ရာသေးသေးလေးတွေကိုလည်း စနစ်တကျဂရုစိုက်သင့်တဲ့ အကြောင်းတွေကို သေချာသိရှိထားမှဖြစ်မှာပါနော်။

ဒီတစ်ပတ်ရဲ့ “ ထိခိုက်ရှနာ ဂရုထားပါ “ အစီအစဥ်အပိုင်း ( ၄ ) မှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာတွေ အကြောင်းကို သဇင်နွယ်ဝင်းနဲ့အတူ Dr. မာမီကဆွေးနွေးပြီး Hansaplast ချစ်သူတို့ မေးမြန်းထားတဲ့ ‌မေးခွန်းလေးတွေကိုလည်း ဖြေကြားပေးသွားမှာဖြစ်တာကြောင့် မိသားစုနဲ့အတူ ဗဟုသုတတွေတိုးစေဖို့ ကြည့်ရှုလိုက်ရအောင်။



#ထိခိုက်ရှနာဂရုထားပါ

14/07/2023

ယခုအပတ်ရဲ့ “ ထိခိုက်ရှနာ ဂရုထားပါ “အစီအစဥ်အပိုင်း ( ၄ ) မှာ သဇင်နွယ်ဝင်းနဲ့အတူဆွေးနွေးတိုင်ပင် ပေးသွားမယ့်သူကတော့ မေမေတို့အတွက် သိလိုတာတွေကို လူမှုစာမျက်နှာမှာ အမြဲမျှဝေပေးနေတဲ့ ‌Dr. မာမီပဲဖြစ်ပါတယ်။

အစီအစဥ်အပိုင်း ( ၄ ) မှာ ဆွေးနွေးသွားမယ့် ခေါင်းစဥ်ကတော့ “ မတော်တဆ ထိခိုက်ဒဏ်ရာများ “ ဖြစ်ပြီး Hansaplast Myanmar post အောက်မှာ လာရောက်မေးမြန်းထားတဲ့ မေးခွန်းတွေကိုလည်း ဆွေးနွေးပေးမယ့်အပြင် သိလိုတာတွေကို ဖြေဆိုပေးသွားမှာပါ။

မတော်တဆဖြစ်တဲ့ ဒဏ်ရာလေးတွေကို သေချာဂရုမစိုက်ဘဲ ပေါ့ဆပြီးပစ်ထားလိုက်တဲ့အခါ နောက်ဆက်တွဲ ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်လဲ၊ ဘယ်လိုဒဏ်ရာမျိုးတွေကိုသေချာဂရုစိုက်သင့်လဲ ဆိုတာ ကြည့်ရှုသူမိသားစုတိုင်း ဗဟုသုတရရှိစေဖို့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကြည့်ရှုသူတို့အတွက်လည်း စိတ်လှုပ်ရှားဖွယ်မေးခွန်းလေးတွေကို ဖြေဆိုရင်း မိုးရာသီလက်ဆောင်ကံစမ်းနိုင်မယ့် အစီအစဥ်တွေပါဝင်တာကြောင့် “ ထိခိုက်ရှနာ ဂရုထားပါ “ အပိုင်း ( ၄ ) ကိုစောင့်မျှော်အားပေးကြပါဦးနော်။



#ထိခိုက်ရှနာဂရုထားပါ

13/07/2023

“ ထိခိုက်ရှနာ ဂရုထားပါ “ အစီအစဉ် အပိုင်း ( ၂ ) ရဲ့ မိုးရာသီလက်ဆောင်ကဏ္ဍအတွက် ကံထူးရှင်တွေထွက်ပေါ်လာပါပြီ။ ကံထူးရှင်တွေအတွက်လည်း ထပ်တူထပ်မျှ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ကံထူးရှင်တွေကတော့
(1) Ko Aung
(2) Myat Myat Pyae Sone
(3) Thaw Thuzar
(4) စောကလျာ ဝင်း
(5) အောင်အောင် တို့ပဲဖြစ်ပါတယ် 😍

ဆုရရှိသွားတဲ့ ကံထူးရှင်လေးတွေအနေနဲ့ Hansaplast Myanmar Page Messenger ကို သတ်မှတ်ရက် ( ၃ ) ရက်အတွင်း အမည်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အတိအကျ လာရောက်ပေးပို့ပြီး ဆုလက်ဆောင်တွေကို ထုတ်ယူနိုင်ပါတယ်ရှင့် 💁🏻‍♀️

ဆုမရရှိခဲ့သူတွေအနေနဲ့လည်း လက်မလျှေ့ာဘဲ စနေနေ့တိုင်း တင်ဆက်သွားမယ့် “ထိခိုက်ရှနာ ဂရုထားပါ” အပိုင်းအသစ်တွေမှာပြုလုပ်မယ့် ကံစမ်းခွင့်တွေမှာ ဆက်လက်ပါဝင်ဖြေဆိုပြီး အားပေးနေပါဦးနော်။

ပါဝင်ဖြေဆိုပေးခဲ့တဲ့သူ တစ်ဦးချင်းစီကိုလည်း ‌Hansaplast Myanmar မှ ကျေးဇူးအထူးတင်ရှိပါတယ် ❣️

12/07/2023

ဒီအဖြေကိုတော့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို ဝေမျှနေကျ ဒေါက်တာသူရိန်လှိုင်ဝင်းက ဟန်ဆာပလပ်စ်မှ တင်ဆက်တဲ့ “ထိခိုက်ရှနာဂရုထားပါ အစီအစဉ် အပိုင်း ၃“ မှာ သဇင်နွယ်ဝင်းနဲ့အတူ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဒီဗီဒီယိုလေးကို ဝင်ရောက်ကြည့်ရှုပြီး ဟန်ဆာပလပ်စ်ရဲ့ မိုးရာသီလက်ဆောင်ခြင်းကို ရယူလိုက်ပါနော်။

ပါဝင်ကံစမ်းလိုသူတွေက-

(၁) “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၃” ကို ဒီလင့် https://bit.ly/43n7zEJ ကနေ ဝင်ရောက်ကြည့်ရှုပြီး Public နဲ့ Share ပေးရပါမယ်။
(၂) ပြီးရင် Public နဲ့ Share ထားတဲ့ Screenshot လေးကို ဒီပိုစ့်ရဲ့ ကော်မန်မှာ ပြန်မန့်ပေးခဲ့ပါနော်။

မန့်ထားတဲ့အထဲက ကံထူးရှင် (၅) ဦးကို ကျပန်းရွေးချယ်ပြီး ဟန်ဆာပလပ်စ်ရဲ့ မိုးရာသီလက်ဆောင်ခြင်းလေးတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။ အပေါ်က အချက်နှစ်ခုလုံးနဲ့ ညီမှ ရွေးချယ်ခံရမှာနော်။

#ထိခိုက်ရှနာဂရုထားပါ

10/07/2023

အချိန်တွေပြောင်းရုံမက နှစ်တွေဘယ်‌လောက်ပဲ ဟောင်းနေပါစေ အမေ့ရဲ့ မေတ္တာဓာတ်ကတော့ အမြဲသစ်လွင်နေတာကတော့ အမှန်ပါပဲနော် 👩‍👧‍👦

ပြေးလွှားကစားရင်း ထိခိုက်ဒဏ်ရာတွေရတဲ့အခါတိုင်း Hero အရုပ်ပုံလေးတွေပါတဲ့ Hansaplast ကို ‌အမေကအမြဲကပ်ပေးခဲ့တယ်။
👩‍🍼ငယ်စဥ်ကတည်းက ဂရုစိုက်လာတဲ့ အမေ့ရဲ့ နွေးထွေးမှုတိုင်းက အခုထိတိုင်အောင် လွှမ်းခြုံနေတုန်းမို့ အရွယ်ရောက်တဲ့အခါလည်း ထိခိုက်ရှနာတွေရှိလာရင် ငယ်ငယ်တုန်းကလိုမျိုး Hansaplast ကိုအမြဲကပ်ပေးနေတုန်းပါပဲ။

Hansaplast ချစ်သူတွေကရော မေမေ့ရဲ့ဂရုတစိုက်လာပေးတဲ့ Hansaplast လေးကိုအမြတ်တနိုး ဆောင်ထားကြရဲ့လားဆိုတာ ဖြေပေးခဲ့ပါဦး။

08/07/2023

ဒဏ်ရာက သေးသေးလေးပဲ ဆိုပြီး မပေါ့ဆလိုက်ပါနဲ့။
ထိခိုက်ရှနာ ဖြစ်လာခဲ့ရင် မှန်ကန်တဲ့နည်းလမ်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကုသထားသင့်ပါတယ်။

ဒီတစ်ပတ် "ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၃" မှာတော့ ဒဏ်ရာလေးတွေနဲ့ပတ်သက်တဲ့ သိထားသင့်တာတွေရယ်၊ ဟန်ဆာပလပ်စ် ပရိသတ်တွေ မေးထားတဲ့ ဗဟုသုတရစရာ မေးခွန်းတွေရယ်ကို သဇင်နွယ်ဝင်းနဲ့အတူ ဒေါက်တာ သူရိန်လှိုင်ဝင်းက "မပေါ့ဆသင့်သော ဒဏ်ရာလေးများ" ခေါင်းစဉ်အောက်ကနေ ဖြေကြားပေးထားပါတယ်။

#ထိခိုက်ရှနာဂရုထားပါ

07/07/2023

ဒီတစ်ပတ် "ထိခိုက်ရှနာဂရုထားပါ" အစီအစဉ်မှာ ပရိသတ်အချစ်တော် သဇင်နွယ်ဝင်းနဲ့အတူ ပါဝင်ဆွေးနွေးပေးမှာကတော့ Facebook မှာ ကျန်းမာရေးအသိတွေ ဝေမျှပေးနေကျ ဒေါက်တာ သူရိန်လှိုင်ဝင်းပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးက "မပေါ့ဆသင့်သော ဒဏ်ရာလေးများ" အကြောင်းကို ဆွေးနွေးပြီး ပရိသတ်တွေ မေးထားတဲ့ မေးခွန်း အချို့ကိုလည်း ဒေါက်တာ သူရိန်လှိုင်ဝင်းက ဖြေဆိုပေးသွားဦးမှာပါ။

မတော်တဆ ထိခိုက်ရှနာကနေ ဘယ်လို ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လဲ၊ မဖြစ်လာအောင် ဘယ်လို ကာကွယ်နိုင်လဲ ဆိုတာတွေ ပါဝင်တာကြောင့် အသက်အရွယ်မရွေး ကြည့်ရှုလေ့လာထားသင့်ပါတယ်။

ဒါကြောင့် ထိခိုက်ရှနာ ဂရုထားပါ အပိုင်း-၃ ကို ဇူလိုင်လ ၇ ရက်နေ့မှာ စောင့်မျှော်ကြည့်ရှု အားပေးရင်း ဟန်ဆာပလပ်စ်ရဲ့ ကြည့်ရှုသူတွေ အကျိုးရှိစေမယ့် အစီအစဉ်မှာ ပါဝင်လိုက်ပါဦးနော်။

#ထိခိုက်ရှနာဂရုထားပါ

06/07/2023

"ထိခိုက်ရှနာ ဂရုထားပါ အပိုင်း (၁)" ရဲ့ မိုးတွင်းလက်ဆောင်ကဏ္ဍအတွက် ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ။

ပါဝင်ဖြေဆိုခဲ့တဲ့သူတွေထဲက ဟန်ဆာပလပ်စ်ရဲ့ မိုးရာသီလက်ဆောင်ခြင်း ကံထူးရှင် (၅) ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(1) T-Zar
(2) May Ri Jeon
(3) Kyle Hanminton
(4) Daniel Khant
(5) Rose Thaw

ကံထူးရှင်တွေက Hansaplast Myanmar Page ရဲ့ Messenger မှာ မိမိတို့ရဲ့ နာမည်၊ ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာတို့ကို ဆက်သွယ်ပေးပို့ပေးပါရှင်။

အပိုင်း-၁ မှာ ကံမထူးသေးတဲ့သူတွေလည်း စနေနေ့တိုင်း တင်ဆက်သွားမယ့် "ထိခိုက်ရှနာဂရုထားပါ" အစီအစဉ်ကို စောင့်မျှော်ကြည့်ရှုပြီး ထပ်မံကံစမ်းနိုင်ပါသေးတယ်နော်။

#ထိခိုက်ရှနာဂရုထားပါ

05/07/2023

ဒီမေးခွန်းလေးကိုတော့ “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း ၂” မှာ Dr Honey နဲ့ သဇင်နွယ်ဝင်းတို့က ဖြေကြားပေးထားပါတယ်။ ဖြေကြားထားတဲ့ ဗီဒီယိုလေးကို ဒီလင့်မှာကြည့်ရှုနိုင်ပါတယ် - https://bit.ly/3JDv59m

ဟန်ဆာပလပ်(စ်)ရဲ့ အစီအစဉ်လေးကို အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိုးရာသီလက်ဆောင်ခြင်းလေးတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ပါဝင်ချင်ရင်တော့

(၁) အထက်ပါ လင့်ထဲက “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း ၂” ဗီဒီယိုကို Like and Share (Public) လုပ်ပေးပါ

(၂) အဆိုပါဗီဒီယိုကို Public နဲ့ Share ထားတဲ့ Screenshot ကို အခုပိုစ့်အောက်မှာ မိမိရဲ့ အဖြေနဲ့အတူ မန့်ပေးပါ

ဖြေဆိုသူတွေထဲက (၅) ဦးကို ကျပန်းရွေးချယ်ပြီး မိုးရာသီလက်ဆောင်ခြင်းလေးတွေ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပေါ်က နှစ်ချက်လုံးနဲ့ ကိုက်ညီမှ အနိုင်ရကံထူးနိုင်မှာနော်။

#ထိခိုက်ရှနာဂရုထားပါ

01/07/2023

ဒီတစ်ပတ်မှာတော့ Hansaplast Myanmar ကနေတင်ဆက်တဲ့ ထိခိုက်ရှနာဂရုထားပါ အစီအစဥ်ရဲ့ အပိုင်း ( ၂ ) ကို သဇင်နွယ်ဝင်းနဲ့အတူ ဆရာမလေး Beauty Care by Dr. Honey က " ဖိုးဖိုးဖွားဖွားဒဏ်ရာ ကြိုတင်ကာကွယ်ပါ " ဆိုတဲ့ ‌ခေါင်းစဥ်အောက်မှာ မိသားစုဝင်တိုင်းအတွက် သိထားသင့်တဲ့ ဗဟုသုတတွေကို ဆွေးနွေးထားပါတယ်။

ရှေ့အပတ်က ဟန်ဆာပလပ်(စ်)ချစ်သူတွေ မေးမြန်းထားတဲ့ မေးခွန်းတွေကို ယခုဗီဒီယိုမှာ သေချာဖြေကြားပေးထားပြီး ဖိုးဖိုးဖွားဖွားတွေကို ထိခိုက်ဒဏ်ရာမဖြစ်ရလေအောင် ကာကွယ်စောင့်ရှောက်နည်းတွေကိုလည်း မျှဝေပေးထားပါတယ်နော်။

#ထိခိုက်ရှနာဂရုထားပါ

30/06/2023

သက်ရှည်ကျန်းမာ ဘေးကင်းကွာ " ဖိုးဖိုးဖွားဖွားဒဏ်ရာ ကြိုတင်ကာကွယ်ပါ "

Hansaplast Myanmar ကို အမြဲတမ်းအားပေးလာခဲ့သူတို့အတွက် ရှေ့အပတ်မှာတုန်းက " ထိခိုက်ရှနာ ဂရုထားပါ "ဆိုတဲ့ အစီအစဥ်လေးကို တင်ဆက်ခဲ့ပြီးပါပြီ။
ယခုအပတ်မှာတော့ ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတွေအတွက် ထိခိုက်ဒဏ်ရာတွေမရအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတာကို ဆက်လက်တင်ဆက်သွားမှာ ဖြစ်ပါတယ် 💁🏻‍♀️

ယခုအစီအစဥ်လေးမှာ ဆွေးနွေးပြောပြပေးသွားမယ့် ခေါင်းစဥ်လေးကတော့ “ ဖိုးဖိုးဖွားဖွားဒဏ်ရာ ကြိုတင်ကာကွယ်ပါ " ပဲဖြစ်ပါတယ်ရှင့်။

အိမ်မှာရှိတဲ့ဖိုးဖိုးဖွားဖွားတွေကို ဘေးကင်းကျန်းမာနေအောင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ၊ ထိခိုက်ရှနာတွေမဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲစတဲ့ ဗဟုသုတဖြစ်ဖွယ် မှတ်သားစရာများကို သဇင်နွယ်ဝင်းနဲ့အတူ Beauty Care by Dr. Honey က ဆွေးနွေးပေးမှာဖြစ်ပါတယ် 🥰

ဖိုးဖိုးဖွားဖွားတွေသာမက လူတိုင်းအတွက် အကျိုးရှိပြီး ပြန်လည်ဂရုစိုက်ကုသနိုင်မယ့် အိမ်တွင်းပြုစုနည်းတွေကိုလည်း မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် မိသားစုဝင်တိုင်းကြည့်ရှုဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်နော် 😍

ကြည့်ရှုအားပေးကြတဲ့ ဟန်ဆာပလပ်(စ်)ချစ်သူတွေအတွက်လည်း ရင်ခုန်ဖွယ်အစီအစဥ်လေးတွေထည့်သွင်းပေးထားလို့ " ထိခိုက်ရှနာ ဂရုထားပါ " ဆိုတဲ့အစီအစဥ်လေးကို

ဇူလိုင်လ (၁) ရက်နေ့မှာ ယခု Page ကနေတဆင့် စောင့်မျှော်အားပေးနေပါဦးရှင့် ❣️

#ထိခိုက်ရှနာဂရုထားပါ

28/06/2023

Dr.မာမီနဲ့အဖြေတိုက်ပြီး မိုးတွင်းလက်ဆောင်ယူလိုက်ပါ

မိုးရာသီရောက်လာပြီဆိုတော့ ဟန်ဆာပလပ်(စ်) ချစ်သူတွေကို မိုးတွင်းလက်ဆောင်ပေးပါရစေဦး။

ဟန်ဆာပလပ်(စ်)မှ တင်ဆက်ပေးတဲ့ ဗဟုသုတရစရာ “ထိခိုက်ရှနာ ဂရုထားပါ” အစီအစဉ်ရဲ့ ပထမအပတ်မှာတော့ မမ သဇင်နွယ်ဝင်းနဲ့အတူ Dr. မာမီမှ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာ အခုပုံမှာပြထားတဲ့ မေးခွန်းကိုလည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။

မိုးတွင်းလက်ဆောင်အစီအစဉ်လေးမှာ ပါဝင်ချင်ရင် ဒီအကြောင်းလေးပါတဲ့ “ထိခိုက်ရှနာ ဂရုထားပါ အပိုင်း - ၁” ကို Public နဲ့ Like and Share ပြုလုပ်ပေးပါ။

ပြီးရင် အခုပိုစ့်ရဲ့အောက်မှာ အပိုင်း - ၁ https://bit.ly/3pnGQtN ကို Public နဲ့ Share ထားတဲ့ Screenshot လေးကို မိမိရဲ့အဖြေနဲ့အတူ ဇူလိုင် (၂) ရက်နေ့ နောက်ဆုံးထားပြီး ကော်မန့်ပေးပေးပါနော်။

ဒီထဲက ကံထူးရှင် (၅) ဦးကို ရွေးချယ်ပြီး မိုးရာသီလက်ဆောင်ခြင်းလေးတွေကို Hansaplast Myanmar မှပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။ အားလုံးပဲ ကံကောင်းကြပါစေနော်။

#ထိခိုက်ရှနာဂရုထားပါ

24/06/2023

ကလေးမိဘတွေအနေနဲ့ မိမိရင်သွေး ထိခိုက်ဒဏ်ရာရတဲ့အခါ ဘာတွေလုပ်ပေးရမလဲ ဆိုတာကို အဆင့် (၃) ဆင့်နဲ့ ဖြေပေးကြည့်ပါလား?

Hansplast Myanmar မှတင်ဆက်တဲ့ “ထိခိုက်ရှနာ အပိုင်း ၁” မှာတော့ သဇင်နွယ်ဝင်းနဲ့အတူ မေမေတို့ရဲ့ အချစ်တော် Dr. မာမီ က “သားသားမီးမီးတို့ ဒဏ်ရာကင်းဖို့” သိသင့်သိထိုက်တာလေးတွေကို ဆွေးနွေးထားပါတယ်။

ဒီဗီဒီယိုလေးထဲမှာ ရင်သွေးငယ်တွေ ထိခိုက်ရှနာဖြစ်လာတဲ့အခါ ဘယ်လို ပြုစုကုသရမလဲ ဆိုတာအပြင် ရှေ့အပတ်က ပရိသတ်တွေ မေးထားတဲ့ ထိခိုက်ရှနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း Dr. မာမီ မှဖြေဆိုပေးထားပါတယ်။

အပေါ်က မေးခွန်းကတော့ ဗီဒီယိုလေးရဲ့အဆုံးမှာ Dr. မာမီ ကနေ သားသားမီးမီးတွေရဲ့ မိဘတွေကို ပြန်မေးခွန်းထုတ်ထားတာဖြစ်လို့ ဖြေသွားပေးပါဦး။

#ထိခိုက်ရှနာဂရုထားပါ

23/06/2023

ဒဏ်ရာတွေကာကွယ်ဖို့ "ထိခိုက်ရှနာ ဂရုထားပါ" ကိုကြည့်ကြစို့

ဟန်ဆာပလပ်(စ်)ချစ်သူအားလုံးကို ထိခိုက်ရှနာ ဒဏ်ရာမျိုးစုံနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အသိပညာဗဟုသုတတွေ ဝေမျှပေးဖို့အတွက် ပရိသတ်အချစ်တော် သဇင်နွယ်ဝင်းနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးမှုတွေကို တင်ဆက်လာမှာဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကိုတော့ "ထိခိုက်ရှနာ ဂရုထားပါ" လို့ခေါ်ပြီး ပထမဆုံးအပိုင်းမှာ ရင်သွေးလေးတွေရဲ့ မေမေတို့အတွက် သိမှတ်စရာတွေကို အမြဲစေတနာရှေ့ထား လမ်းညွှန်လေ့ရှိတဲ့ Dr.မာမီ ကနေ "သားသားမီးမီးတို့ ဒဏ်ရာကင်းဖို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာပါ 😍

ဒါပေမယ့် ကလေးတွေအတွက်သာမကဘဲ မီးလောင်ဖုတွေ၊ ဓါးရှဒဏ်ရာတွေကို ပလာစတာသုံးသင့်သလား၊ ဘယ်အချိန်ထိ သုံးသင့်လဲ စတဲ့ စိတ်ဝင်စားစရာ အမေးအဖြေတွေလည်း ပါဝင်တာကြောင့် ထိခိုက်ရှနာအတွက် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိထားချင်သူတိုင်း ကြည့်ရှုသင့်ပါတယ်ရှင်။

ကြည့်ရှုသူတွေအတွက် ပျော်စရာအစီအစဉ်လေးတွေလည်း ထည့်သွင်းလာဖို့ စီစဉ်ထားတာကြောင့် ဗဟုသုတရပြီး အကျိုးရှိမယ့် "ထိခိုက်ရှနာ ဂရုထားပါ" အစီအစဉ်ကို လာမယ့် ဇွန်လ ၂၄ ရက်၊ စနေနေ့မှာ စောင့်မျှော်အားပေးကြည့်ရှုပေးပါဦးနော် 🥰

#ထိခိုက်ရှနာဂရုထားပါ

Photos from Hansaplast Myanmar's post 22/06/2023

" ထိခိုက်ရှနာအကြောင်း မေးလိုရာမေး " အစီအစဥ်ရဲ့ ကံထူးရှင်တွေထွက်ပေါ်လာပြီ 🥳

Hansaplast Myanmar မှ စီစဉ်တင်ဆက်ပေးမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ထိခိုက်ရှနာတွေအကြောင်း မေးလိုရာမေးဆိုတဲ့ ကဏ္ဍလေးမှာပါဝင်ရင်း ဖုန်းဘေလ်လက်ဆောင် ( ၁၀၀၀၀ ) ကိုကံထူးသွားတဲ့ ကံထူးရှင် ( ၁၀ ) ယောက်ကို ကြေညာပေးလိုက်ပါပြီနော်။

ဖုန်းဘေလ်ကံထူးရှင်များအတွက် Hansaplast Myanmar မှ ထပ်တူဝမ်းသာမိပါတယ်။

အစီအစဥ်လေးမှာ ဗဟုသုတရဖွယ်မေးခွန်းလေးတွေနဲ့အတူ ပါဝင်မေးမြန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ကံထူးရှင်တွေအနေနဲ့ ဖုန်းဘေလ်လက်ဆောင်တွေကိုထုတ်ယူဖို့အတွက် Hansaplast Myanmar Page Messenger ကို အမည်၊ ဖုန်းနံပါတ်တို့ကို ယခုပိုစ့်တင်တဲ့နေ့မှစ၍ သတ်မှတ်ရက် (၃) ရက်အတွင်း ပေးပို့အကြောင်းကြားဖို့လည်း အသိပေးပါရစေနော်။

နောက်ထပ်ဗဟုသုတဖြစ်ဖွယ်အစီအစဥ်တွေနဲ့အတူ ရင်ခုန်ဖွယ်ကံစမ်းခွင့်တွေမှာလည်းပါဝင်နိုင်ဖို့အတွက် Hansaplast Page ကို Like & Follow လုပ်ပြီး စောင့်မျှော်အားပေးကြပါဦးရှင့်။

21/06/2023

သဇင်နွယ်ဝင်းနဲ့အတူ ဘယ်သူတွေပါမှာလဲ 😍
ထိခိုက်ရှနာတစ်ခု ရလာခဲ့ရင် ဘယ်လိုပြုစုကုသကြလဲ ဆိုတာ လူတွေလက်ခံထားတဲ့ အချက်တွေက အမျိုးမျိုးကွဲပြားနေပါတယ်။

လက်ရှိမှာ ဘယ်လိုပြုစုကုသနည်းက အနာကျက်ပျောက်ကင်းဖို့ အမြန်ဆုံးနဲ့ စိတ်အချရဆုံးလဲ ဆိုတာကို ဟန်ဆာပလပ်(စ်)မှ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပေးသွားပါမယ်။

ပရိသတ်အချစ်တော် သဇင်နွယ်ဝင်းက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပါဝင်ဆွေးနွေးတင်ဆက်ပေးသွားမယ့် ဒီအစီအစဉ်လေးမှာ ထိခိုက်ရှနာဒဏ်ရာပြုစုပုံအပြင် ကိုယ့်ဝန်းကျင်ကိုပါ အကျိုးရှိစေမဲ့ ဗဟုသုတလေးတွေ ပါဝင်မှာကြောင့် စောင့်မျှော်ကြည့်ရှုပေးပါဦးနော်

ဟန်ဆာပလပ်(စ်) ချစ်သူတွေ မေးထားတဲ့ မေးခွန်းလေးတွေကိုလည်း သဇင်နွယ်ဝင်းနဲ့အတူပါဝင်မယ့် ကျန်းမာရေးကျွမ်းကျင်သူတွေက မှန်ကန်စွာဖြေဆိုပေးထားပြီး ကြည့်ရှုသူတွေအတွက် ဉာဏ်စမ်းနဲ့ ပျော်စရာအစီအစဉ်လေးတွေလည်း ပါဝင်ပါသေးတယ်။

ဗဟုသုတရစရာတွေကိုလေ့လာရင်း သဇင်နွယ်ဝင်းနဲ့အတူ ဘယ်သူတွေ ပါဝင်လာမလဲ ဆိုတာ ခန့်မှန်းရင်း ရင်ခုန်လိုက်ရအောင် 😍

19/06/2023

မိုးတွေညိုပြီးအုံ့မှိုင်းလာပြီဆိုတာနဲ့ ဘော်ဒါတွေကို ဘောလုံးကန်ဖို့ အပြေးအလွှားခေါ်တတ်ကြတဲ့သူတွေက ရှိကိုရှိတတ်ကြတယ်နော်။

မိုးရာသီက ဘောလုံးကန်လို့ အကောင်းဆုံးရာသီလည်းဖြစ်တော့ မိုးရေထဲမှာ ဘောလုံးကန်ရင်း မိုးရာသီရဲ့အရသာကို အပြည့်အဝ ခံစားနိုင်မှာတော့ အမှန်ပါပဲ။

ဒီလို မိုးရေထဲမှာ ဘောလုံးကန်တာက ပျော်စရာကောင်းပေမယ့် မတော်တဆချော်လဲပြီး ပွန်းပဲ့ဒဏ်ရာရနိုင်တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူးနော်။
ထိခိုက်ဒဏ်ရာရလာပြီဆိုရင်လည်း ဒဏ်ရာကို ရေမစိုအောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။

ဘက်တီးရီးယားပိုးမွှားတွေကို ၉၉% အထိ ကာကွယ်ပေးပြီး ၁၀၀% ရေစိုခံတဲ့ Hansaplast Aqua Protect ကိုကပ်ထားလိုက်မယ်ဆိုရင်တော့ ဒဏ်ရာကို ရေစိုမှာလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သင်ဟာကြောင်လေးတွေကိုချစ်တတ်သူလား?
ပုံဆွဲ၊ဆေးရောင်ခြယ်ပြီး နှစ်သစ်လက်ဆောင်တွေ ရယူမယ်
ဒဏ်ရာတွေကို ပျော်ရွှင်မှုနဲ့အစားထိုးမယ် 💙
Hansaplast Myanmar ရဲ့ တန်ဆောင်တိုင်ဆုတောင်း
အချိန်အခါမရွေးဖြစ်တတ်တဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေအားလုံးအတွက် Hansaplast ကို အိမ်မှာအမြဲဆောင်ထားနော်။Hansaplast Aqua Prote...
မိုးရာသီမှာ ဖြစ်တတ်တဲ့ ထိခိုက်ရှနာတွေကို Hansaplast ရဲ့ Aqua Protect နဲ့ ကာကွယ်ပါ။
All You Need To Know About Tetanus

Category

Address


Crystal Tower
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)