Panditãrãma

Panditãrãma

The Panditãrãma Shwe Taung Gon Sasana Yeiktha is a center for the practice and study of the Therav Please contact the main center to apply.

Panditãrãma Shwe Taung Gon Sasana Yeiktha is a meditation and study monastery. Established in October 1990 by Venerable Ovadacariya Sayadaw U Pandita-bhivamsa, this centre follows the great lineage of the late Venerable Mahasi Sayadaw. The main center is located in Yangon, with branch centers in Hse Main Gon (south of Bago), Pyin Oo Lwin, Mawlamyaing and Than Lyin (formerly Syriam). Foreign yogis may meditate at either the main center or the Hse Main Gon Forest Center.

Photos from Panditarama Forest Meditation Center's post 09/11/2023
24/02/2023

🌷 အနန္တကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ဘုရားကြီး၏ ကျေးဇူးဂုဏ် ထုတ်ဖော်ပူဇော်ပွဲနှင့် တေရသမအကြိမ် ဝိညူ သဗြဟ္မစာရီ ဓမ္မမိသားစု ဆုံစည်းပွဲ

🔸 (၂၅ ဖေဖော်ဝါရီ ၂၀၂၃) စနေနေ့
🔸 မြန်မာစံတော်ချိန် နံနက်(၇)နာရီ
🔸 ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

𝗭𝗼𝗼𝗺 𝗠𝗲𝗲𝘁𝗶𝗻𝗴
𝗜𝗗 : 𝟮𝟭𝟴 𝟵𝟳𝟴 𝟯𝟲𝟱𝟮
𝗣𝗮𝘀𝘀𝗰𝗼𝗱𝗲 : 𝗩𝗠𝗖𝟮𝟬𝟮𝟯

Photos from Panditãrãma's post 07/10/2022
Photos from Panditãrãma's post 07/10/2022

စုပေါင်းဆင်နွဲ သီတင်းကျွတ်ကန်တော့ပွဲ
ဗုဒ္ဓသာသနာ ၂၅၆၆-ခုနှစ် မြန်မာ ၁၃၈၄-ခုနှစ် သီတင်းကျွတ်လဆန်း(၁၃) ရက် 7-10-2022 သောကြာနေ့
ပြင်ဦးလွင် ပဏ္ဍိတာရာမ ရွှေတောင်
ကုန်း သာသနာ့ရိပ်သာမှာ ဝါတွင်း(၃)လ
ဝါဆို ဝါကပ် စာသင် စာချ တရာဟော တရားပြ နာယူ ကျင့်ပွါးလျက် ဗုဒ္ဓသာသနာ အရှည်တည်ကြာ ပြန့်ပွါး
ရေးအတွက် ဆောင်ရွက်နေကြသော
နာယကဆရာတော် ဝန်ဆောင်သံဃာ ကိုရင် ဆရာလေးတို့အား အနယ်နယ်မှာ
ဝါတွင်း(၃)လ တရားစခန်းဝင်ကြသောသဒ္ဓါကြည်လင် ပါရမီရှင် ယောဂီသူတော်စင်အများ စုပေါင်းအားဖြင့် တတ် စွမ်းသမျှ ဓမ္မအာမိသတို့ဖြင့် ပူဇော် ကန်တော့ကြပါသည်။
အဿဇိထံမှ မြတ်ဓမ္မ နာရသောတာ
ဖြစ်ရသည်။
တရားသိကာ ပါယ်လေးဖြာ လွတ်ကာချမ်းသာရခဲ့သည်။
ဆရာ့တရား နာယူကြား စိတ်ထားအေးမြချမ်းသာသည်။
ဆရာ့ကျေးဇူး မမေ့ဘူး အထူးသိကာ
ကန်တော့သည်။
သာရိပုတ္တ မြတ်ထေရ နေ့ညအခါရှိခိုး
သည်။
မထေရ်နည်းတူး အတာယူ စိတ်တူညီညာကန်တော့သည်။
ဆင်မျောက်နဲ့ခါ တောထဲမှာ ရှေးခါအတူနေကြသည်။
အသက်သိက္ခာ ကြီးသူသာ ရှေးခါလေးစားရိုသေခဲ့ကြသည်။
သတ္တဝါများ ချင်းချင်းအား လေးစားရိုသေပြုကြသည်။
ဘုရားဟောတာ ဇာတ်တော်မှာ လေ့လာ
သိရပြုကြသည်။
သူတို့နည်းတူ အတုယူ ပြုသူချမ်းသာ
သက်ရှည်သည်။
အသိပညာ ရုပ်ရေပါ လှတာအကျိုးရပါသည်။
ဂါရဝနိဝါတ မင်္ဂလ ဗုဒ္ဓဟောပြထားပါ
သည်။
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
ဆည်းကပ်ခစားရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့
ကိုယ့်ကိုယ်နိမ့်ချအမြဲနေ။
ဘုရားဟောပြ မင်္ဂလ ပြုကြရှင်လူတွေ။
သီတင်းကျွတ်ကာလ ကန်တော့ရ ရကြ
ကောင်းကျိုအထွေထွေ။
ယနေ့ပြုသမျှ ဖို့ဘာဂ အမျှပေးကာဝေ။
အမျှရကာ အားလုံးမှာ လိုရာဆန္ဒပြည့်ပါစေ။

29/09/2022

⚜️ တရားရှုတယ်၊ မှတ်တယ်ဆိုတာ ⚜️

🏵️ ပဏ္ဍိတာရာမဆရာတော်ကြီး 🏵️
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 မှတ်တဲ့အခါမှာတော့ ပေါ်တဲ့အာရုံနဲ့ ရှုမှတ်တဲ့စိတ် တည့်နေဖို့ ရွယ်စူးရမှာပဲ၊ ချိန်ရမှာပဲ၊ မှန်းရမှာပါပဲ၊ အဲ့ဒီအချိန် မှန်းတဲ့သဘောလေးကို ပါဠိလို "ဈာန" ခေါ်ပါတယ်။ "ဈာန" ဆိုတာ စူးစူးစိုက်စိုက် ရှုတာတဲ့။ စူးစူးစိုက်စိုက်ရှုတာ (၅)မျိုးရှိတယ်၊ ရွယ်စူးတာ - ထိပါးပွတ်တိုက်ပြီး စူးစူးစိုက်စိုက်ဖြစ်တာ - နှစ်သက်အားရပြီးတော့ စူးစိုက်တာ - ဝမ်းသာတာ - တည်ငြိမ်တာ - ဘက်မျှစွာရှုတာ၊ အင်္ဂါ(၆)ရပ်တောင် ရှိတယ်၊ အဲ့ဒီအင်္ဂါ(၆)ရပ်ကို ခွဲမပြတော့ဘူး။ အခုရှုမှတ်တဲ့အခါမှာ ဈာန်အင်္ဂါပါပုံလေးကိုတော့ နည်းနည်းပြောရမယ်။

🔸 #ဈာန်ဆိုတာစူးစူးစိုက်စိုက်ရှုတာ "စူးစိုက်သမျှ ကပ်၍ရှု၊ ဈာန်ဟုခေါ်ပါသည်" ဆိုတာ အဲ့ဒီဈာန်(၅)ပါးထဲမှာ ဝိတက်ဆိုတာ ပါသွားတယ်၊ ပါဠိလို "ဝိတက္က" ခေါ်ပါတယ်၊ မြန်မာလိုတော့ "ဝိတက်"လို့ ပြန်လိုက်ပါတယ်။ မြန်မာမှုကတော့ ပေါ်လာတဲ့အာရုံဆီ စိတ်ကလေးအပြည့်ရောက်သွားအောင် တင်ပို့ပေးတဲ့ သဘောတဲ့၊ ခေတ်စကားနဲ့ပြောရရင် ပေါ်လာတဲ့အာရုံဆီ ချိန်ပြီးတော့ ဆွဲတင်ပေးတဲ့သဘော၊ ဒါ "ဝိတက်" ခေါ်တာပဲ။ ဖောင်းမှုလေးပေါ်လာရင် အဲ့ဒီဆီရောက်သွားအောင် စိတ်ကလေး ဆွဲတင်ပေးလိုက်တာ၊ သို့သော် အရမ်းဆွဲတင်ပေးလို့တော့ မရဘူး၊ ချိန်ပြီးတော့တည့်သွားအောင် ဆွဲတင်ပေးလိုက်တယ်ဆိုတော့ ချိန်သားကိုက် ဆွဲတင်ပေးရတာ၊ ပိန်မှုပေါ်လာရင် အဲ့ဒီအပေါ် တည့်တည့်ရောက်သွားအောင် ချိန်ပြီးတော့ ဆွဲတင်ပေးရတာ၊ တခြားတခြား ပေါ်လာတဲ့အာရုံတွေလည်း ဒီအတိုင်းပဲ၊ အာရုံပေါ်လာတာနဲ့ အဲ့ဒီဆီ စိတ်ကလေးရောက်သွားအောင် တွန်းအားပေးရတာ။ အားစိုက်တဲ့သဘော၊ ရောက်အောင်ပို့ပေးတဲ့သဘော - အဲ့ဒါ "ဝီရိယ" ခေါ်တယ်၊ အဲ့ဒီဝီရိယက သာမန်ဝီရိယမဟုတ်ဘူး၊ "အာတာပဝီရိယ" လို့ခေါ်ပါတယ်၊ "အာတာပ"ဆိုတာ အပူတပြင်းလုပ်ရတာ၊ အေးစက်စက်လုပ်လို့ မရဘူး။

🔸 တရားအားထုတ်တဲ့အခါမှာ ပေါ်တဲ့အာရုံဆီ အချိန်မီစိတ်ကလေးရောက်သွားအောင်လို့ အေးစက်စက်လုပ်လို့မရဘူး၊ အေးတိအေးစက်သမားတွေနဲ့ ဒီတရားနဲ့ မတန်ဘူး၊ နိုးကြားနေရမယ်၊ ငေးငိုင်တာမရှိရဘူး၊ ငိုက်တာမရှိရဘူး၊ မပျင်းရဘူး၊ တက်ကြွဖျတ်လတ်ရမယ်၊ အဲ့ဒါကို ပါဠိလို "အာတာပ" ခေါ်တယ်၊ အဲ့ဒီလိုအားထုတ်တဲ့သူကို "အာတာပီ" လို့ ခေါ်ပါတယ်၊ အာတာပကို ပိုင်ဆိုင်သူ၊ မြန်မာလိုဆို ပေါ်လာတဲ့အာရုံဆီ စိတ်ရောက်အောင်လို့ တွန်းအားပေးတာပေါ့။ အပူတပြင်းနိုးကြားဖျတ်လတ်တဲ့သဘောနဲ့ တွန်းအားပေးတာပဲ၊ အာရုံဆီရောက်အောင်လည်း ပို့ပေးရမယ်၊ တည့်အောင်လည်း ချိန်ပေးရမယ်၊ အဲ့ဒီ (၂)ခုက သိပ်အရေးကြီးတယ်၊ အဲ့ဒါကို "ရှုတယ်"လို့ ခေါ်ပါတယ်၊ တရားရှုတယ်၊ တရားမှတ်တယ်၊ တစ်နည်းအားဖြင့် "ဘာဝနာပွားတယ်"လို့ ပြောကြပါတယ်။

🔸 ဘာဝနာဆိုတဲ့သဘောက စလိုက်တာ၊ အစဖော်ပေးလိုက်တာ၊ အဲ့ဒီ အဓိပ္ပါယ်၊ ခုနက စူးစိုက်တဲ့သဘောလေး အစဖော်ပေးလိုက်တာ၊ အားစိုက်တဲ့သဘောလေး အစဖော်ပေးလိုက်တာ၊ ဒါ "ဘာဝနာ"ခေါ်ပါတယ်၊ "ဥပ္ပါဒန"လို့ ဆိုပါတယ်။ အစဖြစ်စေတာ၊ စပေးလိုက်တာ၊ အဲ့ဒီ စထားတာလေးကို တိုးပွားအောင် ပြုလုပ်တာလည်း "ဘာဝနာ"ခေါ်ပါတယ်။

🔸 ကလေးများမွေးလာပြီဆိုရင် နို့ချိုအာဟာရတိုက်ကျွေးတော့ ကိုယ်ထဲကရုပ်တွေ၊ အသားအရေတွေ တိုးပွားလာတယ်၊ ဆက်ပြီး နို့ချိုအာဟာရ၊ အစားအစာတွေကျွေးရင် ငယ်ရာကကြီးလာတယ်၊ သေးရာက ထွားလာတယ်၊ အဲ့သဘောပါပဲ။ ချိန်ပြီးတော့ အားစိုက်တဲ့ ဘာဝနာစိတ်ကလေးတွေ တိုးပွါးလာတယ်ဆိုတာပေါ့၊ နဂိုက သေးသေးလေး၊ ရှိလက်စကို တိုးပွားအောင်၊ သေးတာကို ကြီးအောင်၊ ငယ်တာကို ထွားအောင်၊ နည်းတာကို များအောင် လုပ်ပေးတဲ့သဘောကို "ဘာဝနာ" ခေါ်တယ်။

🔸 နို့ချိုအာဟာရ အစာအာဟာရ မရတဲ့ကလေးဟာ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်အသစ်အသစ်တွေ၊ ကျန်းမာတာတွေ၊ ကြည်လင်တာတွေ မရှိတော့သလို ချိန်အားတွန်းအားမရှိတဲ့ စိတ်ဟာလည်း တိုးပွားမှုတွေ ဘယ်ရှိပါ့မလဲ၊ အဲ့ဒါကြောင့် ချိန်အားတွန်းအားတွေနဲ့ စိတ်ကိုလည်း အာဟာရတိုက်ကျွေးနေရတယ်၊ မပြတ်ရဘူး၊ အဲ့ဒါ "ဘာဝနာပဲ"။

🏵️ ပဏ္ဍိတာရာမဆရာတော်ကြီး 🏵️
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

24/08/2022

🙏🙏🙏ရွှေပြည့်သခင်🙏🙏🙏(ပထမပိုင်း)

ရွှေပြည့်သခင်ဟူသော ခေါင်းစဉ်ကလေးကို
မြင်ရတော့ မြေပေါ်မြေအောက်
သယံဇာတပစ္စည်းများ ပေါကြွယ်ဝသော
ရွှေပြည်ကြီး၏သခင် ရှင်ဘုရင်ကြီးကို
ရွှေပြည့်သခင်ဟု ဆိုလေ သလားဟု
စာရှုသူက ထင်ကောင်းထင်နေပေလိမ့်မည်။
စာရေးသူကား ထိုအဓိပ္ပါယ်ကို မရည်ရွယ်ပါ။
ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့သော အရည်အသွေးကောင်းမွန်၍ အလေးချိန်ပြည့်ဝသော ရွှေစင်ရတနာနှင့်တူသူကို ရွှေပြည့်သခင်ဟု ရည်ရွယ်တင်စား
အမွှန်းတင်လိုသော စကားပင် ဖြစ်ပါသည်

မှန်ပါ၏၊ မြတ်စွာဘုရားသခင်သည်
အင်္ဂုတ္တရနိကာယ် ပဉ္စက နိပါတ် မုဏ္ဍရာဇဝဂ်
သပ္ပုရိသသုတ်တော်တွင် ကိုယ့်အမျိုးအနွယ် ထည်း၌ သူတော်ကောင်းတစ်ယောက်
ထွန်းပေါက်လာသည်ရှိသော်
ထိုသူတော်ကောင်းကိုမှီ၍ များစွာသောသူတို့သည် အကျိုးစီးပွား ကြီးပွားဖြစ်ထွန်းကာ
ချမ်းသာကြရကုန်၏။ အမေအဖေနှင့်တကွ
ဇနီးမယား သမီးသားပါ မကျန် ကျွန်အမှု
လုပ်များနှင့် မိတ်ဆွေ ခင်ပွန်းများပါ
အကျိုးစီးပွား တိုးပွားဖြစ်ထွန်းကာ ချမ်းသာကြရကုန် ၏။ ရဟန်းပုဏ္ဏားတို့သည်လည်း
ထိုနည်းတူစွာပင် သူတော်ကောင်း အမျိုးသားကို အမှီပြုကာ ချမ်းသာကြရကုန်၏။

လောက၌ မိုးကြီးသည် မှန်မှန်ကန်ကန်နှင့်
ကောင်းမွန်စွာ ရွာသွန်းသည်ရှိသော် ၎င်းမိုးကို အမှီပြု၍ ဆန်ရေစပါးကောက်ပဲ သီးနှံများ
တိုးပွားဖြစ်ထွန်းကာ လူအများလည်း ချမ်းသာနိုင်
သကဲ့သို့ ထို့အတူပင် ကိုယ့်အမျိုးအနွယ်ထည်း၌ သူတော်ကောင်း တစ်ယောက် ထွန်းတောက်လာ
သည်ရှိသော် ထိုသူတော်ကောင်းကို မှီ၍ များစွာသော လူတို့သည် အကျိုးစီးပွား တိုးပွားဖြစ်ထွန်းကာ ချမ်းသာခြင်းသို့ ရောက်နိုင်ကြသဖြင့် သူတော်ကောင်းကို မှန်ကန်စွာ ရွာသွန်းသော မိုးကြီးနှင့် နှိုင်းယှဉ်ကာ ဂုဏ်တင်ဟောကြားတော်မူခဲ့ လေသည်။

ဤသို့ဆိုလျှင် ကျေးဇူးတော်ရှင်ပဏ္ဍိတာရာမရွှေတောင်ကုန်း ဆရာတော်ဘုရားကြီးသည်လည်း မှန်မှန်ကန်ကန် ရွာသွန်းသော မိုးမင်းကြီးနှင့် အလွန်တူလှပါပေသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာတော်ဘုရားကြီးကို အမှီပြု၍ များစွာသော
ရဟန်းရှင်လူ ခပ်သိမ်းသောသူတို့မှာ လောကီလောကုတ္တရာ နှစ်ဖြာသုခ အပြည့် အဝ သုံးဆောင်ခံစားရသောကြောင့်ပါတည်း။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးတို့၏ ခေတ်ပြိုင်မိတ် ဆွေ ဆရာတော်ဘုရားများကို
လေ့လာကြည့်ပါက သူ့ခေတ်နှင့် သူ့အခါ
ပညာတတ် ကိုယ်ကျင့်တရားကောင်းမွန်သော ဆရာတော် ဘုရားများကိုသာ အများအားဖြင့်
တွေ့မြင်ကြရပါလိမ့်မည်။ ယင်းအသိုင်းအဝိုင်း ဆရာတော်ဘုရားများကပင် “ဦးပဏ္ဍိ - ဦးပဏ္ဍိ ဟု အဖျားစွပ်ခေါ်ကာ လေးစားမြတ်နိုးစွာ
သုံးနှုံးရုံတွင် မျှမက တပည့်ဒကာ
ဒကာမများကပါ အတုယူကာ “ဦးပဏ္ဍိ” ဟူ၍ပင် ခင်မင်မြတ်နိုး တန်ဖိုးထားလျက် လေးလေးစားစား
ခေါ်ဝေါ်ခဲ့ကြ သည်မှာ အများ အသိပင် ဖြစ်ပါတော့သည်။

သက်တော်နှစ်ဆယ့်ငါးနှစ်အရွယ်
လှသွေးကြွယ်နေသည့် နုနုနယ်နယ်
ရဟန်းငယ်ဘဝ တက်သစ်စ စာချဘုန်းတော်ကြီးလေး တစ်ပါးအနေဖြင့်
စွန့်လွှတ်စွန့်စားကာ ကျေးဇူးတော်ရှင်
မဟာစည် ဆရာတော်ဘုရားကြီး၏
ထံတော်ပါးဝယ် ဝပ်တွားခိုလှုံလျက် ပဋိပတ္တိ
ပညာနို့ရည်ကို သောက်စို့တော်မူနေပုံများကို
အာရုံပြုကြည်ညို ကြည့်မည်ဆိုပါက
ဘဝတာတစ်လျှောက်အတွက် အစကတည်းက ဂုဏ်မြောက်အောင် လှပနေခြင်းကိုမူ မည်သူမျှ စစ်ကြောဖွယ်ရှိမည် မဟုတ်ပါပေ။

စကားအဖြစ် တက်သစ်စ စာချဘုန်းတော်ကြီးဟု သုံးရသော်လည်း သာမန်တော့ မဟုတ်ပါ ပရိယတ္တိဝိသာရဒဂုဏ်နှင့် ပြည့်စုံ၍
မာတင်မုန်သောက် စွယ်စုံပေါက်တော်မူကြသည့် ဆရာတော်အဖုံဖုံ တို့၏ ချီးမြှောက်မစတော်ခံ
ရသဖြင့် ဂန္ထန္တရဗဟုသုတ ပြည့်ဝစုံလင်
ပရိယတ္တိချပ်ဝတ် မိန်ညိုတန်ဆာများ
ဝတ်ဆင်ပြီးသား စေတိယင်္ဂဏ အစိုးရစသော စာမေးပွဲဂုဏ်တို့နှင့် သင်းပျံ့မွှေးထုံ အရှိန်အဟုန် ကြီးမားသည့် စာပြစာချ နာမည်ရသည့် ထင်ရှားသော ဆရာတော် တစ်ပါးပင် ဖြစ်ပါပေ၏။
ထိုကဲ့သို့ အဖက်ဖက်က အရည်အသွေး
ပြည့်ဝသော စာချဆရာတော်လေးတစ်ပါး၏
စွန့်စွန့်စားစား ပဋိပတ္တိ တရားတော်များဖြင့်
ဘဝကို တင့်တယ်စေခြင်းကိုပင်
ဆရာတော်ဘုရား၏ ဘဝအစက
ဂုဏ်မြောက်အောင် လှခဲ့သည်ဟု ရှေ့ကဆိုခဲ့ ခြင်း ဖြစ်ပါ၏။

ဤသို့ဖြင့် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဂုဏ် သတင်းကား ထုံသင်းမွှေးကြိုင်
ရနံ့လှိုင်ကာ “အာဟုမာရကော” ဟုပင် ပြောရလောက်အောင် ကလေးသူငယ်များတိုင်အောင် ထင်ရှား၍ “ဦးပဏ္ဍိ-ဦးပဏ္ဍိ” ဟု နှုတ်ဖျားမှ
မချဘဲ ခေါ်ဝေါ်သုံးစွဲ လေ့ရှိကြသည်မှာ မြတ်နိုးစရာ ဂုဏ်တစ်ပါးပင် မဟုတ်ပါလော။

ဤသည်မှာ ဆရာတော်ဘုရားကြီးအား
အမွှန်းတင်နေခြင်း မဟုတ်ပါ၊
အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း
မိမိသိသမျှ တင်ပြနေခြင်းသာ ဖြစ်ပါ၏။
ဆရာတော်ဘုရားကြီးကလည်း ဤကဲ့သို့
အမွှန်းတင်ချီးမွမ်းနေမှုမျိုးကို တစ်စိကလေးမျှ
ကြိုက်သည်မဟုတ် ပါ၊ အခွင့်သာ၍
အစည်းအဝေးပွဲများ၌ပင် အလိုက်အထိုက် လျှောက်ထားမိပါက ချက်ချင်းပင် တားမြစ်တော်မူကာ “သိပ်လည်း အမွှန်းတင်မနေပါနှင့်၊ ဒီကဒါမျိုးတွေ သဘောကျလေ့ မရှိပါဘူး၊ လိုရင်းကိုသာ
လျှောက်ထားကြပါ” ဟု ပြတ်ပြတ်သားသားပင် မိန့်ကြားတော်မူလေ့ရှိပါသည်။

သို့သော် စာရေးသူအနေဖြင့်တော့ ပြောကိုပြောရပေဦးမည်၊ ရေးကို ရေးရပေဦးမည်ဆိုသကဲ့သို့
ရွှေတောင်ကုန်း၏ သမိုင်းကွက်
လပ်လေးများဝယ် မိမိသိသမျှ အချက်အလက် လေးများကို ဖြည့်စွက် ပြီး အများအတွက် မျှဝေခံစားစေချင်သေး၏။
သမိုင်းပေးတာဝန်ပေတကား၊
ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် မွေးဖွားတော်မူပြီးခြင်း အဂ္ဂါဟ မသ္မိံ အစရှိသော ကြုံးဝါးသံများဖြင့်
အရှိဂုဏ်ကို ဖော်ကျူးလျက်
တစ်လောကလုံးကြားအောင် အမှန်အတိုင်း
ကြုံးဝါးတော်မူခဲ့ဖူး သေးသည် မဟုတ်ပါလော။

မိမိတို့ ရှင်ငယ်ဘဝစာပြန်ပွဲကြွစဉ်က ဦးပဏ္ဍိလှူသော သင်္ကန်းလေးများကို ရရှိခဲ့ဖူးပါ၏။
ဦးပဏ္ဍိပေးသော ဘော(လ်)ပင် ကလေးများကို
ကိုင်ခဲ့ဖူးပါ၏။ စာပြန်ပွဲတွင် ဦးပဏ္ဍိလှူသံ
မကြားပါက အားငယ်မိသလို ခံစားရ၏။

ထိုစဉ်အခါ
(လွန်ခဲ့သော နှစ်လေး ဆယ်ကျော်ခန့်) က သင်္ကန်းတစ်စုံ သင်းပိုင်တစ်ထည်ရဖို့ဆိုသည်မှာ
အတော်ခဲယဉ်းလှပါ၏။ မသာကြီးချ (သူဌေးအသုဘ) မှ သင်းပိုင် တစ်ထည်လောက်သာ ရကြ၍၊ မသာလေးချ (သာမန်အသုဘ)
ဆိုလျင်ကား နဝကမ္မဝတ္ထု နှစ်ကျပ်သုံးကျပ်လောက်နှင့်သာ အဆုံး သတ်ကြရသဖြင့် သင်္ကန်းတစ်ထည် ရဖို့မှာကား အတော့်ကို မလွယ်ကူလှပါပေ။

စကားအဖြစ် ပြောရပေဦးမည်၊ သင်္ကန်းရှားပါးပုံကဖြင့် မှတ်သားလောက်ပါပေ၏။ ကဝမြို့နယ်
သပြုရွာ ဥတ္တရာရုံရွှေကျင် စာသင်တိုက်ကြီး၏ ပဓာနနာယက သပြုသားပထမကျော်ဆရာ တော်ကြီး ဦးမုနိန္ဒက စာရေးသူတို့၏ ဖခင်ကြီးအား “ကိုလှကြိုင်ရေ ဒို့ကတော့ သပြုရွာက
ဒကာ ဒကာမတွေ တစ်နေ့တစ်ယောက် ပုံမှန်သေပါစေလို့ ဆုတောင်းနေရတယ်ဗျ၊ သိလား” တဲ့၊
ဒါနဲ့ ဒကာကြီးကလည်း နားမလည်နိုင်သည့်
အကြည့်နှင့် ဪ.. ဆရာတော်က တစ်မျိုးကြီးပါလား ဘယ့်နှယ်ကိုယ့်ရွာက ဒကာ ဒကာမတွေ
ကျန်းမာပါစေ ချမ်းသာပါစေလို့ မေတ္တာပို့နေရ
မည့်အစား သေပါစေ လို့ ဆုတောင်းနေရတာလဲ
လို့ လျှောက်ထားတော့ “သူတို့သေမှ သင်းပိုင်တစ်ထည် ရမှာဗျား” ဟု အရွှန်းဖောက်ကာ
ဖြေဆိုတော်မူပုံကိုထောက်လျှင် ထိုခေတ်က သင်္ကန်းအတော်ရှားပုံ ကို သိနိုင်လောက်ပါ၏။
ဆရာတော်ဘုရားကြီး၏ ဟာသဉာဏ်နှောပြီး
သူ့ရွာမှာ သူဌေးများပေါကြောင်းကိုလည်း ကြွားပြီးသား ဖြစ်နေလေတော့၏၊ အဘယ်ကြောင့်ဆိုသော် မသာကြီးချမှ သင်းပိုင်တစ်ထည်ရမှာကိုး။

မည်သို့ပင်ဆိုစေ ထိုခေတ်က ရှင်ရဟန်းတွေအပေါ် အလွန် ပင် လေးစားကြည်ညိုနေမိပါ၏။
ရှိသမျှ သင်္ကန်းကလေးဖြင့်ပင်
ကျေနပ်တော်မူကြကာ ပရိယတ်ပဋိပတ်တရားတော်များကို ကြိုးစား တော်မူနိုင်ကြခြင်းမှာ
အရှင်မြတ်တို့၏ အတွင်းသန္တာန်ဝယ်
ရောင့်ရဲ လွယ်သော သန္တုဋ္ဌိသန္ဓေခဂုဏ်နှင့်
ပြည့်စုံနေခြင်းဟု ဆိုရပါမည်၊ ဒါတွင်မျှမက
နှစ်ထည်သုံးထည်မျှနှင့် နေတော်မူကြသော ဓုတင် ဆောင်ရဟန်းတော်များလည်း ရှိနေပါသေး၏။

ဒါနှင့်ပတ်သက်၍ မိမိတို့၏ ကျေးဇူးတော်ရှင် ပထမအသော ကာရုံရွှေကျင် ဆရာတော်ဘုရားကြီးကိုလည်း ပြေးမြင်အမှတ်ရနေမိ ပါ၏။
ဆရာတော်ဘုရားကြီးသည် ပစ္စည်းပစ္စယများကို အလွန်ရိုသေ တော်မူကာ သင်္ကန်းများ အချိန်နှင့်အခါနှင့် မရုပ်သိမ်းပါက “ဒုဗ္ဗ စတွေ ဒုဗ္ဗစတွေ” ဟု မိန့်ချွေတော်မူလျက် သဲဒဏ်ရေဒဏ်များကို ထမ်းစေတော်မူခဲ့ပါ၏။
နီးစပ်လျှင်လည်း ကြိမ်လုံးနှင့်ပင် ရိုက်တတ် ပါသေး၏။ “ကိုယ်က ပစ္စည်းကို မတောင့်တနှင့်၊ ဒကာ ဒကာမတွေက သဒ္ဓါလို့
လှူထားသည့်ပစ္စည်းကိုတော့ အလွယ်တကူ
မပျက်စီး အောင် ရိုရိုသေသေ သုံးစွဲကြရမည်” ဟူသော ဩဝါဒကိုမူကား မကြာခဏ တဖွဖွ ပေးတော်မူတတ်ပါသည်ကိုယ်တော်တိုင်လည်း
တိုက်တည်စက ပထမဆုံးဆောက်လုပ်လှူဒါန်းထားသည့် ဓနိမိုး ထရံကာ ကျောင်းလေးကို နှစ်စဉ် ရေနံချေးသုတ်လျက် အနှစ်နှစ် ဆယ်နီးပါမျှ ထရံများ မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ကာ ရိုရိုသေသေ သုံးစွဲတော်မူခဲ့သည်မှာ အံ့ဩစရာပင် ဖြစ်တော့၏။

ဤသို့ဖြင့် ရှားပါးလှသော ခေတ်ကာလမှပင်စ၍ ကျောက် တန်း မဟာဗောဓိစာပြန်ပွဲကြီးအတွက် အရှင်ပဏ္ဍိတ လှူဒါန်းခဲ့ သော သင်္ကန်းများမှာ တစ်နှစ်လျှင် အစုံသုံးလေးဆယ်
ကျော်မျှရှိခဲ့သလို ဘော(လ်)ပင် ဗလာစာအုပ် မျက်နှာသုတ်ပုဝါ ဖိနပ်စသော အခြားတောက်တိုမယ်ရ အပိုပစ္စည်းများကလည်း မနည်းလှပါပေ။

ဤကား မဟာဗောဓိစာပြန်ပွဲကြီးအတွက် ယခုသက်တော် ကိုးဆယ်ကျော်အထိ ဆရာတော်ဘုရားကြီး နှစ်စဉ်လှူဒါန်းတော်မူခဲ့ သော ကုသိုလ်စာရင်း အနည်းငယ်မျှသာ ဖြစ်ပါ၏။ အခြားဌာနများ ၌ လှူဒါန်းသော ကုသိုလ်စာရင်းများကား မရေမတွက်နိုင်အောင် များပြားနေပါလိမ့်ဦးမည်။

ဆက်ရန်………….

15/08/2022

Short instruction for sitting meditation

First you need to sit down, cross legs, shoulders relaxed, but spine straight.

The first rule is to note the rising and falling of abdomen. Rising, rising, falling, falling.... all the time, as it happen. We called this- rising and falling of abdomen- the primary object in sitting meditation as we always come back to note it.

But later, thoughts will come, then you note thinking, thinking. You may be remembering friends and family during the meditation. Note them also as thinking thinking..Then, pain and stiffness may come, you note them as they happen- pain, pain or stiffness, stiffness. If your mind quiets down and you feel happy..or peaceful...note happy, happy. But always go back to the abdomen again.

When hearing noises- note just hearing, hearing, and let go..... and go back to abdomen. Sometimes, if pain is too much and you want to move, do it slowly. Note 'wanting to move, then, moving, moving, etc.

So I will repeat the basic rule. Meditation means to calm the mind by noting the predominant sensations in the body. All the time noting. But try to keep the mind on the primary object, the abdomen all the time. With more experience, you will find peace as well as wisdom.

But later, thoughts will come, then you note thinking, thinking. You may be remembering friends and family during the meditation. Note them also as thinking thinking.. Then, pain and stiffness may come, you note them as they happen- pain, pain or stiffness, stiffness. If your mind quiets down and you feel happy..or peaceful...note happy, happy. But always go back to the abdomen again.

When hearing noises- note just hearing, hearing, and let go...... and go back to abdomen.
Sometimes, if pain is too much and you want to move, do it slowly. Note 'wanting to move, then, moving, moving, etc.

So I will repeat the basic rule. Meditation means to calm the mind by noting the predominant sensations in the body. All the time noting. But try to keep the mind on the primary object, the abdomen all the time. With more experience, you will find peace as well as wisdom.

Photos from Panditarama Sydney Meditation Centre's post 31/07/2022
Photos from Panditãrãma's post 23/07/2022

မနက်ဖြန် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

Zoom ဖြင့် တက်ရောက်ပူဇော်နိုင်ပါသည်

အချိန်- နံနက် ၈:၃၀

📱ID - 86520944504
📱PW - sati

PANDITARAMA FOREST MEDITATION CENTER , Bogo City MYANMAR

30th ANNUAL VASSA CEREMONY
JULY 24th , 2022 (SUNDAY)

DHAMMA TALK IN BURMESE BY PANDITARAMA FOREST MEDITATION CENTER
“ MAHANAYAKA KAW CHI SAYADAW GYI”

* PLEASE JOIN VIA ZOOM

📱ID - 86520944504
📱PW - sati

BURMESE TIME - JULY 24th , 2022 , 8:30 AM
SUNDAY

USA TIME -JULY 23th , 2022 , 7:30 PM
SATURDAY

Photos from ပဏ္ဍိတာရာမ ထောက်ကြန့်'s post 17/07/2022
Photos from Panditãrãma's post 13/07/2022

🌹🌺🌻၁၃၈၄-ခု၊ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာ၌

သံဃာတော် ၈၈-ပါး ဝါဆိုဝါကပ်တော်မူကြပြီး

ယောဂီ ၄၀ခန့် တရားအားထုတ်လျက်ရှိသည်။

Photos from Panditarama Kyauk Gu Meditation Center's post 12/07/2022
08/07/2022

🌷 ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာတွင် တရားအားထုတ်လိုသူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များအား ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Panditarama Forest Meditation Center

07/07/2022

🌷ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
Panditarama Forest Meditation Center
အကြိမ်(၃၀)မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာတွင် အကြိမ်(၃၀)မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဥ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကိုယ်တိုင်ဆက်ကပ်လှူဒါန်းပြီး တရားတော်နာ ကြွရောက်ကြပါရန် ဓမ္မမိတ်ဆွေ စေတနာရှင်အပေါင်းတို့အား မေတ္တာရှေ့ထား၍ လေးစားစွာဖိတ်ကြားအပ်ပါသည်။

🪔 သောတာပန်နှယ် ဂုဏ်ရည်ကြွယ်

တိသရဏ ငါးသီလ မဲချစာရေးတံ
ဆယ့်ငါးရက်ဆွမ်း ၀ါသင်္ကန်း လှူဒါန်းသောက်ရေကန်
ကျောင်းလှူတစ်၀ နိဗဒ္ဓ ပုညရှိသူမှန်
သောတာလိုပဲ ဂတိမြဲ သူလည်း ပါယ် မပြန်

🙏🏻 လှူဒါန်းနိုင်ရန်

1) ၀ါဆိုသင်္ကန်းဒွိစုံ တစ်စုံ (၅၀၀၀)ကျပ်
2) ဆွမ်းအလှူ တစ်ပါး (၁၀၀၀)ကျပ်
3) ကိုယ်ပိုင်၀ါဆိုသင်္ကန်း ပရိက္ခရာလှူဖွယ်ပစ္စည်း အလှူငွေ၀တ္ထုများနှင့် ခဲဖွယ်ဘောဇဥ်များကို မိမိတို့ စေတနာသဒ္ဓါအလျောက် လှူဒါန်းနိုင်ပါသည်။

🗓️ အစီအစဉ်

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
သဲဖြူကျောင်းကျေးရွာ၊ အင်းတကော်မြို့နယ်၊ ပဲခူး။
နေ့ရက် - (၁၃၈၄) ခု၊ ၀ါဆိုလပြည့်ကျော်(၁၂)ရက်၊ (၂၄-၇-၂၀၂၂)၊ တနင်္ဂနွေနေ့။
အချိန် - နံနက်(၉)နာရီ သင်္ကန်းဆက်ကပ် တရားနာယူ အမျှပေး၀ေ ရေစက်သွန်ချပြီး နံနက်(၁၀.၃၀)မိနစ် ဆွမ်းကပ်ပါမည်။

Photos from Panditãrãma's post 07/07/2022

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

Photos from Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး's post 12/05/2022
18/04/2022

အနန္တကျေးဇူးတော်ရှင် ပဏ္ဍိတာရာမဆရာတော်ဘုရားကြီး၏ နောက်ဆုံးလက်ရေး
တရား ဓမျမဩဝါဒစကားကို

တောင်ကြီးမြို့ ပါရမီသာသနာ့ရိပ်သာဆရာတော်
ရေးသားပူဇော်အပ်သော ရှစ်လုံးဘွဲ့လင်္ကာ

(ဆရာတော်ဘုရားကြီး အနက်ပေးအတိုင်း ဖွဲ့ဆိုသည်၊ လင်္ကာအလိုရှိသူများအတွက်)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🙏-ခန္ဓာကိုယ်ကြီး ပြစ်များကြီးပေ ၊

🙏-အပြစ်တွေက ဗလပွပွေ ၊၊

🙏-အဆိပ်ပင်လား တူငြားသလေ ၊

🙏-ရောဂါများ ပျော်ပါး အိမ်ကြီးဟေ ၊၊

🙏-ဒုက္ခကုန် စုပုံ သက်သက်ပေ ၊၊

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

16/04/2022

🌷 ပဏ္ဍိတာရာမဆရာတော်ကြီး ပျံလွန်တော်မူ(၆)နှစ်ပြည့် 🌷

🪴 #ပဏ္ဍိတာရာမဆရာတော်ကြီး၏နောက်ဆုံးဓမ္မသြ၀ါဒစကား
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး

ကာယော - ခန္ဓာကိုယ်ကြီးသည်
အနန္တာဒီန၀ေါ - များသောအပြစ်ရှိပါပေ၏ ​အပြစ်တွေပရပွသာတည်း
၀ိသရုက္ခသမူပမော - အဆိပ်ပင်ကြီးနှင့် တူလှပါပေ၏
အာ၀ါသော သဗ္ဗရောဂါနံ - ရောဂါအားလုံးတို့ရဲ့ပျော်စံရာအိမ်ကြီးပဲ
ပုဉ္စော ဒုက္ခဿ ကေ၀လော - ဒုက္ခအစုအပုံကြီးသက်သက်သာတည်း

🪴 #ပဏ္ဍိတာရာမဆရာတော်ကြီး၏နောက်ဆုံးဓမ္မသြ၀ါဒစကား
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး

11/03/2022

☸️ အလှူရှင့် နှလုံးသွင်း ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 ဒကာ. ဒကာမတွေဟာ မိမိတို့ကိုးကွယ်နေတဲ့ ရဟန်းကို #ကုသိုလ်မျိုးစေ့စိုက်ပျိုးရာ လယ်မြေသဖွယ် နှလုံးသွင်းပြီး လှူဒါန်းဖို့. ကိုးကွယ်ဆည်းကပ်ဖို့ လိုပါတယ်. စိုက်ပျိုးရာမှာ ကောင်းမွန်တဲ့ လယ်မြေဖြစ်ဖို့ဟာလည်း လွန်စွာအရေးကြီးပါတယ်. အဲ့ဒီလိုပါပဲ. အလှူခံရဟန်းမှာလည်း သီလစသော မြေသြဇာကောင်းများနှင့် ပြည့်စုံဖို့ လိုအပ်ပါတယ်.

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

Photos from Panditãrãma's post 01/03/2022

💊💊💊💊ဆေးအလှူ💊💊💊💊

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်း၌

သီတင်းသုံးကြသော သံဃာတော်များ၊ သာမဏေများ၊ သိက္ခာရှင်များ၊ ယောဂီများတို့အား ကာကွယ်-ကုသရန်အတွက်

ဖခင်ကြီး ဦးရွှေမြကွယ်လွန်ခြင်း (၇) နှစ်ပြည့်ကိုရည်စူး၍ မိခင်ကြီး ဒေါ်နုနုနှင့်

ဦးကျော်ဝင်း+ ဒေါ်စုစုလဲ့ရည် သား- မောင်ဝင်းမိုး

007 စိမ်းရောင်စို မိသားစုက လှူဒါန်းပါသည်။

ဆေးလှူခြင်းအကျိုး(၁၀) ပါး

💢💢💢💢💢💢💢💢💢💢

သဒ္ဓါ၊ မေတ္တာ၊ ကရုဏာ၊ ပညာဖြင့် မကျန်းမာသူအားလုံး ကျန်းမာအောင် ဆေးဝါးကုသပေးလျှင် ဆေးဝါးဓာတ်စာ လှူဒါန်းပေးကမ်းလျှင် ဆေးကုသနိုင်အောင် ဆေးရုံဆေးခန်း ဆောက်လုပ်ပေးလျှင် ထိုမွန်မြတ်သော စိတ်ထားရှိသူ စေတနာရှင်သည် အကျိုး ( ၁၀ ) ပါးကို ဧကန် ရရှိသည်။

( ၁ ) ဘဝတိုင်း အသက်ရှည်သည်။ သက်တမ်းစေ့အောင် ကျော်အောင် နေရသည်။

( ၂) ဥပဓိရုပ်ပြည့်စုံ၍ ရုပ်ဆင်းလှပသည်။

( ၃) ကိုယ်စိတ်နှစ်ပါး ချမ်းသာအေးမြသည်။

( ၄ ) ကာယဗလပြည့်စုံသည်။ ခွန်အားကောင်းသည်။

( ၅ ) ဉာဏ်ကြီးမား ထက်မြက်သည်။ အရာရာ အသိစူးရှထက်မြက်သည်။

( ၆ ) ချစ်ခင်မြတ်နိုးအပ်သည့် ဆွေမျိုးမိတ်ဆွေများနှင့် မကွဲမကွာ ရာသက်ပန်တစ်သက်လုံး အတူနေရသည်။

( ၇ ) ဆင်းရဲမှုကင်းသည်။ အောက်ကျနောက်ကျ အခြေအနေမဲ့ မဖြစ်ရ။ စိုးရိမ်ကြောင့်ကြ ပူပန်စရာကင်းသည်။

( ၈ ) ဆန့်ကျင်ဖက် ဘေးရန် ကင်းဝေးသည်။ မည်သည့်သက်ရှိသက်မဲ့ ဘေးရန်ကမျှ အနှောင့်အယှက် မပေးနိုင်ကြ။

( ၉ ) စိတ်၏ချမ်းသာကြောင်း အခြံအရံကောင်းများနှင့် ပြည့်စုံသည်။ ဆွေမျိုးမိတ်ဆွေကောင်း ပေါများသည်။

( ၁၀ ) အများ၏ ရိုသေလေစားမြတ်နိုးမှုကို ခံယူရသည်။

#တိပိဋကဓမ္မဘဏ္ဍာဂါရိက( ယော ) ဆရာတော်ဘုရားကြီး

26/01/2022

☸️ သိဒ္ဓိတင်မှု သတိပြု ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး

🔸 ယခုနေအခါမှာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ယောင်ယောင်နဲ့ မထေရ်ကြီးအချို့က အမျိုးသမီးလေးများခေါင်းကို လက်ဖြင့်ပွတ်သပ်ပြီးတော့တောင် သိဒ္ဓိတင်ချီးမြှောက်တာတွေ ရှိတယ်လို့ကြားရတယ်. အဲ့ဒါဟာ ဝိနည်းပညတ်တော်က လုံး၀တားမြစ်ထားတဲဲ့ အမှုပါပဲ. ရဟန်းများမှာ သမီးတို့ အမိတို့ကိုတောင် မထိပါးရဘူးလို့ ပညတ်ထားတာရှိပါတယ်. မိန်းမအရုပ်ကိုတောင် သာယာတဲ့စိတ်ဖြင့် မကိုင်ရဘူးလို့ ပညတ်ချက်ရှိပါတယ်.

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

အနိစ္စဒုက္ခအနတ္တာနုပဿနာ 23/01/2022

အနိစ္စဒုက္ခအနတ္တာနုပဿနာ ပဏ္ဍိတာရာမဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော အနိစ္စဒုက္ခအနတ္တာနုပဿနာ တရားတော်JUNE 9, 1982

17/01/2022

🔆 ပဏ္ဍိတာရာမ တရားရိပ်သာများအား လှူဒါန်းလိုပါက အောက်ပါ 𝗟𝗜𝗡𝗞 များမှတဆင့် တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်

🔸 ပြည်တွင်း ပဏ္ဍိတာရာမ တရားရိပ်သာများ
https://tinyurl.com/panditaramacentersinmyanmar

🔹 ပြည်ပ ပဏ္ဍိတာရာမ တရားရိပ်သာများ
https://tinyurl.com/panditaramacentersinabroad

Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး
www.facebook.com/panditaramasayatawgyi

"စင်္ကြံအကျိုးတရားများ" တရားတော် 08/01/2022

"စင်္ကြံအကျိုးတရားများ" တရားတော် "စင်္ကြံအကျိုးတရားများ" တရားတော်JUNE 8, 1982www.facebook.com/panditaramasayatawgyi

07/01/2022

☸️ ယောဂီနှင့် သန္တုဋ္ဌိ ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 ဒကာ၊ ဒကာမ၊ အလှူရှင်တို့က သူတို့၏ အင်အားရှိသမျှဖြင့် ဆွမ်း၊ သင်္ကန်း စသည်တို့ကို လှူဒါန်းထောက်ပံ့ပြီး ပြုစုနေကြရာမှာ မိမိက မကြိုက်ပေမယ်လို့၊ မကောင်းလှပေမယ်လို့ မညည်းညူဘဲ လက်ခံသုံးဆောင်နေဖို့ပါပဲ၊ ဘယ်လိုပစ္စည်းနဲ့ပဲဖြစ်ဖြစ် မျှတနေဖို့ပါပဲ။

🔸 ဘာဝနာအလုပ်ကို အားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ အစစအရာရာမှာ #ရောင့်ရဲဖို့ လိုပါတယ်။

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

06/01/2022

☸️ ဆေးဆရာ ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 ဗုဒ္ဓမြတ်စွာဘုရားတို့ ကယ်တင်တယ်ဆိုတာက ဆင်းရဲမှလွတ်မြောက်ကြောင်း အကျင့်နည်းလမ်းကို ဟောပြောပေးခြင်းမျှဖြင့် ကယ်တင်တာပါပဲ၊ မိမိ၏ တန်ခိုးဖြင့်၊ အမိန့်ဖြင့် ‘ဆင်းရဲမှလွတ်စေ’ လို့ အမိန့်ပေးပြီးကယ်နိုင်တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် - လူမမာကို ဆေးဆရာများက ဆေးပေးခြင်း၊ ဆေးနည်းသုံးဆောင် နေထိုင်နည်းများကို ညွှန်ကြားပေးခြင်းဖြင့် ကုသကြသလိုပါပဲ၊ ဆေးဆရာက ညွှန်ကြားတဲ့အတိုင်း လိုက်နာတဲ့သူမှာ ကျန်းမာသွားသလိုပင် ဗုဒ္ဓမြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ကျင့်တဲ့သူဟာ အပါယ်ဆင်းရဲ၊ သံသရာဆင်းရဲမှ လွတ်မြောက်တာပါပဲ။

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

01/01/2022

☸️ သည်းခံခြင်းအကျိုး ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 စိတ်ဆိုးစရာ၊ ပြန်လည်ချေပစရာ ရှိတဲ့အခါ စိတ်မဆိုးဘဲ၊ မချေပဘဲ ကြည်ကြည်သာသာနဲ့ သည်းခံနေတဲ့သူကို အများက ချစ်ခင်ကြည်ညိုကြတယ်၊ ချီးမွမ်းကြတယ်၊ စွမ်းနိုင်သမျှ ချီးမြှောက်ကြ၊ အကူအညီတွေ ပေးကြတယ်။ သာမန်မိတ်ဆွေအဖြစ်မှ ရင်းနှီးတဲ့မိတ်အဖြစ်သို့ ရောက်ရတယ်။ သည်းခံတဲ့သူကို ဘယ်လိုလူကမျှ မမုန်းဘူး၊ အဲ့ဒါတွေဟာ အလွန်ထင်ရှားတဲ့ #သည်းခံခြင်းအကျိုး တွေပါပဲ။ ဒါလည်း မိမိတို့ တစ်သက်တာအတွင်း ပြန်ကြည့်ရင် သည်းခံခဲ့လို့ ရခဲ့တဲ့အကျိုးကျေးဇူးတွေ ထင်ရှားရှိပါလိမ့်မယ်၊ ဘုန်းကြီးတို့ကိုယ်တိုင်လည်း သည်းခံခဲ့ရတာတွေရှိပြီး အဲ့လို သည်းခံခဲ့လို့လည်း အကျိုးကျေးဇူးများခဲ့ပါတယ်။

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

27/12/2021

☸️ မေတ္တာနဲ့ အကူအညီ ☸️

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

🔸 “ချမ်းသာပါစေ”လို့ မေတ္တာပွါးနေတဲ့သူဟာ ခရီးသွားရာမှာ ကိုယ်က နေရာကျယ်ကျယ်ပြန့်ပြန့် ရထားရင် သူတစ်ပါအားလည်း ခွဲဝေပေးဖို့ လိုပါတယ်၊ မနိုင်ဝန် ထမ်းဆောင်လာတဲ့သူကို တွေ့မြင်ရရင်လည်း တတ်နိုင်သမျှ အကူအညီပေးဖို့ လိုပါတယ်။

🔸 ကိုယ့်နေရာမှာ နေရင်းဖြစ်စေ၊ သွားလာလုပ်ကိုင်နေရင်းဖြစ်စေ၊ လူတစ်ယောက်၊ သတ္တဝါတစ်ဦးကို မြင်လျှင်ကြားလျှင် “ကျန်းမာပါစေ၊ ချမ်းသာပါစေ” လို့ စိတ်နှလုံးသွင်းပြီး မေတ္တာပွါးရမယ်။ လူတိုင်း သတ္တဝါတိုင်းဟာ ကျန်းမာချမ်းသာချင်ကြပါတယ်၊ ကျန်းမာချမ်းသာချင်ကြတဲ့ လူတွေ၊ သတ္တဝါတွေကို “ကျန်းမာပါစေ၊ ချမ်းသာပါစေ” လို့ နှလုံးသွင်း #မေတ္တာပွါး ရတာ အများအလိုနဲ့ကိုက်ညီလို့ အင်မတန် သင့်လျော်မွန်မြတ်ပါတယ်။

🪴 ပဏ္ဍိတာရာမဆရာတော်ကြီး 🪴
Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi
#မဟာစည်ဆရာတော်ကြီး၏အဆိုအမိန့်များ

26/12/2021

🔸 "သာသနာပိုင်" 🔸

© ပဏ္ဍိတာရာမဆရာတော်ကြီး
www.facebook.com/panditaramasayatawgyi

သာသနာပိုင်ဖြစ်တယ် ဆိုတာ
အနည်းဆုံး တစ်မဂ်၊ တစ်ဖိုလ်ရမှ
သာသနာပိုင်တာ။

မဟုတ်ရင် သာသနာပိုင် မဟုတ်သေးဘူး၊
အနည်းဆုံး သောတာပန်ဖြစ်အောင်
အားထုတ်ကြ။

ဒါမှ #သာသနာပိုင် ဖြစ်မှာ။

© Panditarama Sayatawgyi
www.facebook.com/panditaramasayatawgyi

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

80-A, Than Lwin Road, Bahan Township
Yangon
11201