Chicken 4U
စာပေချစ်သူများ Like > Followလေး နှိပ်ပေးခဲ့?
Sayar Lynn Thaik Nyunt's Success & Motivation's cover photo
တောတောင်ရိပ်တွင်မြင်းစီးထွက်ခြင်း
တောတောင်ရယ်သာ
မိုးပြာရောင်နောက်ခံထား
ပြိုင်မြင်းကိုစီးကာကျော့တယ်
တိမ်ယံကျော်လွှား
မနေ့ညကရွှေဘို မနက်ကမန္တလေး နေ့လည်ကရန်ကုန် ယခုတောင်ကြီး ရောက်ပါပြီ :) မနက်ဖြန်မနက်၉နာရီတောင်ကြီးမြို့ကမ္ဘောဇကုန်သွယ်မှုခန်းမတွင် ရှမ်းပြည်နယ်မှတက္ကသိုလ်ဝင်တန်းကျာင်းသားကျောင်းသူများ အောင်ချက်မြင့်မားရေးဟောပြောပါမည်
We must work together!
We must build our nation!
www.lynnthaiknyunt.com
Lynn Thaik Nyunt (Myanmar's Land)
Good Night Motivation From Taunggyi
Welcome to Lynn Thaik Nyunt
Literature Talk Time!
မနက်ဖြန် ၉.၁၂.၂၀၁၇ ည၈ နာရီ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း သရက်တော ကျောင်းတိုက် ရွှေဘိုကျောင်းတွင် ဇလွန်ဆရာတော်၏ဖိတ်ကြားချက်အရ စာပေဟောပြောပါမည်
မည်သူမဆိုတက်ရောက်နိုင်ပါသည်
We must work together !
We must build our naion
www.lynnthaiknyunt.com
lynnthaiknyunt.com အရောင်းရဆုံးစာအုပ်များစာရင်းတွင်ထိပ်တန်းရပ်တည်နေသည့်ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ၏စာအုပ်သစ် သင့်ခေါ?...
Lynn Thaik Nyunt (Myanmar's Land)
Positive Emotion Vs Negative Emotion
Lynn Thaik Nyunt (Myanmar's Land)
ဘဝအောင်မြင်ရေးအတွက်အရေးကြီးတဲ့ EQ !
Lynn Thaik Nyunt (Myanmar's Land)
Lynn Thaik Nyunt's Success Talk !
ယခုပဲစတင်လုပ်ဆောင်ပါ
Thanks for being a part of the Sayar Lynn Thaik Nyunt's Success & Motivation community! Share this Page with friends to help more people learn about it.
စာပေတန်ဖိုး ပညာတိုး
ငွေကြေး စီမံခန့်ခွဲမှုစကားဝိုင်း
အပိုင်း(၄) The End
စာပေတန်ဖိုး ပညာတိုး
ငွေကြေး စီမံခန့်ခွဲမှုစကားဝိုင်း
အပိုင်း(၃)
စာပေတန်ဖိုး ပညာတိုး
ငွေကြေး စီမံခန့်ခွဲမှုစကားဝိုင်း
အပိုင်း(၂)
စာပေတန်ဖိုး ပညာတိုး
ငွေကြေး စီမံခန့်ခွဲမှုစကားဝိုင်း
အပိုင်း(၁)
Lynn Thaik Nyunt (Myanmar's Land)
ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့အရာ ၂ ခု
ခေတ်သစ်ပျိုမေ
ခေတ်သစ်ပျိုမေ ပရိသတ်ကြီးရေ မနက်ဖြန်မှာတော့ " မိမိအချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ" ဆိုတဲ့ အကြောင်း ကို ဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်လို့ ပရိသတ်ကြီးအားလုံး သိလိုသမျှကို မေးမြန်းလို့ရပါပြီရှင်
Service ၏ ဝိသေသ လက္ခဏာများ
ယေဘုယျအားဖြင့် ဝန်ဆောင်မှု (Service) များမှာ ဝိသေသလက္ခဏာ (Characteristics) ၅ ခု ရှိပါတယ်။ အဲ့ဒါတွေကတော့...
(၁) ထိတွေ့ကိုင်တွယ်၍ မရခြင်း (Intangibility)
(၂) ခွဲခြား၍ မရခြင်း (Inseparability)
(၃) ခွဲခြမ်းစိတ်ဖြာ ကွဲပြားနိုင်ခြင်း (Heterogenity)
(၄) ပုပ်သိုးလွယ်ခြင်း (Perishability)
(၅) ပိုင်ဆိုင်မှု (Ownership) တို့ ဖြစ်ပါတယ်။
(၁) ထိတွေ့ကိုင်တွယ်၍ မရခြင်း (Intangibility)
ဝန်ဆောင်မှုဆိုတာဟာ ကုန်ပစ္စည်း (Product) တွေလို ထိတွေ့ကိုင်တွယ်လို့မရသလို အရောင်၊ အနံ့၊ အရသာလည်းမရှိပါဘူး။ အထူးသဖြင့် ဝယ်သူ (Cus-
tomer) တွေဟာ ကုန်ပစ္စည်းတစ်ခုကိုမဝယ်ယူခင် ကောင်း၊ မကောင်းထိတွေ့ကိုင်တွယ်ကြည့်လို့ရပေမယ့် ဝန်ဆောင်မှု(Service) ကိုတော့ ထိတွေ့ကိုင်တွယ်ကြည့်လို့မရပါဘူး။
(၂) ခွဲခြား၍ မရခြင်း (Inseparability)
ဝန်ဆောင်မှု (Service) ဆိုတာဟာ ဝန်ဆောင်မှုပေးသူ (Service Provider) နဲ့ခွဲခြားလို့ မရနိုင်ပါဘူး။ နောက်တစ်ခါ ဝန်ဆောင်မှုဆိုတာဟာ Product တွေနဲ့ မတူညီဘဲ ထုတ်လုပ်မှု (Production) နဲ့ စားသုံးမှု (Consumption) တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်ရတာပါ။ ဝန်ဆောင်မှုတစ်ခု ဆောင်ရွက်ဖို့အတွက် ဝန်ဆောင်မှုပေးသူ (Service Provider) နဲ့ ဝန်ဆောင်မှုဝယ်ယူသူ (Customer) တို့ဟာလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ရှိနေရပါတယ်။ ဥပမာ- ဆံပင်ညှပ်တယ်ဆိုတဲ့ ဝန်ဆောင်မှုတစ်ခုကို ဆောင်ရွက်ဖို့အတွက် ဆံပင်ညှပ်ခံမယ့်သူ (Customer) နဲ့ ဆံပင်ညှပ်မယ့်သူ (Service Provider) တို့ဟာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းရှိနေရတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ Internet နည်းပညာ ပေါ်ပေါက်လာတဲ့အတွက် Online-learning လိုမျိုးတွေမှာတော့ သင်ကြားသူ (ဆရာ- Service Provider) နဲ့ တပည့် (Customer) တို့ဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ ရှိနေဖို့ မလိုတော့ပါဘူး။
(၃) ခွဲခြမ်းစိတ်ဖြာ ကွဲပြားနိုင်ခြင်း (Heterogenity)
ဝန်ဆောင်မှုမှန်သမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ကတော့ ဝန်ဆောင်မှုရဲ့ အရည်အသွေး (Service Quality) ဟာ အခြေအနေအမျိုးမျိုးမှာ ကွဲပြားနိုင်ပြီး တစ်သမတ်တည်း ဖြစ်အောင် ထိန်းသိမ်းရ ခက်ခဲခြင်းပါ။ အထူးသဖြင့် လုပ်ငန်းလည်ပတ်မှု (Operation) အဆင့်ဆင့် ရှုပ်ထွေးတဲ့ ဝန်ဆောင်မှုမျိုးတွေမှာ ဒါကို အထူး သတိပြုရပါတယ်။ များသောအားဖြင့်တော့ ဝန်ဆောင်မှုပေးသူ (Service Provider) အမျိုးမျိုး ကွဲပြားသွားခြင်းကြောင့် ဝန်ဆောင်မှု အရည်အသွေး (Service quality) လည်း ကွဲပြားသွားရတာပါ။
(၄) ပုပ်သိုးလွယ်ခြင်း (Perishability)
ဝန်ဆောင်မှုဆိုတာဟာ ကုန်ပစ္စည်းတွေလို သိုလှောင် (Store) လုပ်ထားလို့ မရပါဘူး။ ဥပမာ- ဘတ်စ်ကားတစ်စီးပေါ်မှာ နေ့လည်နေခင်း လူပါးတဲ့၊ အချိန်လွတ်နေတဲ့ နေရာတွေကို သိုလှောင်သိမ်းဆည်းထားပြီး ရုံးသွား၊ ရုံးပြန်ချိန် (Rush Hour) တွေမှာ ပြန်အသုံးပြုလို့ မရတဲ့ သဘောပါ။ ဒါကြောင့်မို့လို့ ဝန်ဆောင်မှု လုပ်ငန်းများအနေနဲ့ မိမိတို့ရဲ့ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (demand) အကြားမှာ ညီညွတ်မျှတနေအောင်၊ Smooth relationship ဖြစ်နေအောင် ကြိုတင် စီစဉ်ဆောင်ရွက်ထားကြဖို့ လိုအပ်ပါတယ်။
(၅) ပိုင်ဆိုင်မှု (Ownership)
ဝန်ဆောင်မှုကို ဝယ်ယူသူ (Customer) အနေနဲ့ Product ကို ဝယ်ယူသလို ပိုင်ဆိုင်မှု (Ownership) ဆိုတာ မရရှိနိုင်ပါဘူး။ ဒါဆိုရင် Service ကို ဝယ်ယူသုံးစွဲသူ Customer အနေနဲ့ ဘာကို ရရှိပါသလဲ။ အဆိုပါ Customer အနေနဲ့ သူဝယ်ယူတဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ သုံးစွဲပိုင်ခွင့် (Right to use) ကိုသာ ရရှိတာ ဖြစ်ပါတယ်။ ဥပမာ- ဟိုတယ်အခန်းတစ်ခန်းမှာ တည်းခိုတဲ့ ဧည့်သည် တစ်ယောက် အနေနဲ့ ဟိုတယ်အခန်းကို ပိုင်ဆိုင်တာမဟုတ်ပဲ သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြား တစ်ခုအတွင်း နေထိုင်နိုင်တဲ့ သဘောမျိုးပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ အင်တာနက်လိုမျိုး နည်းပညာတွေ တိုးတက် ထွန်းကားလာတဲ့အတွက် ဝန်ဆောင်မှုရဲ့ ဖော်ပြပါ ဝိသေသလက္ခဏာတွေဟာ အနည်းနှင့်အများ ပြောင်းလဲလာကြပါတယ်။ ဥပမာ- ဝန်ဆောင်မှု (Service) ကို ဆောင်ရွက်တဲ့နေရာမှာ ဝန်ဆောင်မှုပေးသူ (Service Provider) နဲ့ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသူ (Customer) တို့ဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ရှိရမယ်ဆိုပေမဲ့ ဝန်ဆောင်မှု အမျိုးအစားပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်။
Personal Service မျိုးအစားတွေဖြစ်တဲ့ အလှအပဆိုင်ရာ ပြင်ဆင်မှု (BeautyTreatment) လို ဝန်ဆောင်မှုမျိုးတွေမှာတော့ Service Provider နဲ့ Customerတို့ဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာရှိဖို့ မဖြစ်မနေလိုအပ်ပေမဲ့ non-personal service အမျိုးအစားတွေဖြစ်တဲ့ အိမ်ပြင်ပ ပြတင်းပေါက်သန့်ရှင်းရေး (Windows Cleaning) ဝန်ဆောင်မှုမျိုးတွေမှာတော့ Customer ဖြစ်တဲ့ အိမ်ရှင်နဲ့သန့်ရှင်းရေး ဆောင်ရွက်သူ (Service Provider) တို့ဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ရှိမနေလည်း ဆောင်ရွက်လို့ ရနိုင်ပါတယ်။ တချို့ ကိုယ်တိုင်ဝယ်ယူ စားသုံးနိုင်တဲ့ Self-service လိုမျိုးတွေမှာတော့ Customer ဟာ Service provider မရှိလည်း သက်ဆိုင်ရာ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲ လာနိုင်တာကို တွေ့ရပါတယ်။ ဥပမာ- ကိုယ်တိုင် ဝယ်ယူဖြည့်နိုင်တဲ့ ဓာတ်ဆီဆိုင် လိုမျိုးပါ။ ဝန်ဆောင်မှုတွေရဲ့အဆင်ပြေချောမွေ့မှု (Service Convenience) နဲ့ ပတ်သက်လို့ Berryet.al.m 2002 ခုနှစ်မှာ အချက် ၅ ချက်ကို ခုလို တင်ပြခဲ့ပါတယ်။ Berry က ဒီအချက် ၅ ချက် အပေါ်မူတည်ပြီး သက်ဆိုင်ရာ ဝန်ဆောင်မှုတွေရဲ့ အဆင်ပြေချောမွေ့မှု Level ဟာ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအချက် ၅ ချက်ကတော့...
(၁) ဝယ်ယူသူအနေနဲ့ ဆုံးဖြတ်ချက်ကို အဆင်ပြေစွာ ချနိုင်မှု (Decision Convenience)
(၂) ဝယ်ယူသူအနေနဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှုကို အလွယ်တကူ ရယူသုံးစွဲနိုင်မှု (Access Convenience)
(၃) ဝယ်ယူသူအနေနဲ့ ငွေပေးချေမှုကဲ့သို့သော ဆက်သွယ်ဆောင်ရွက်မှုများကို အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်မှု (Transaction Convenience)
(၄) ဝယ်ယူသူအနေနဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကျိုးအမြတ်ကို လွယ်ကူစွာ ရယူနိုင်မှု (Benefit Convenience)
(၅) ဝယ်ယူသူအနေနဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှု၏ အကျိုးအမြတ်ကို ဝယ်ယူသုံးစွဲပြီး နောက်ပိုင်း လိုအပ်သည်များကို အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်မှု (Post-benefit Convenience) တို့ဖြစ်ပါတယ်။
Ref: Marketing, an introduction
Rosalind Masterson & David Pickton
(2nd Edition)
လင်းသိုက်ညွန့် (မြန်မာ့မြေ)
Culture
--------
Culture ဆိုတာကတော့ ယဉ်ကျေးမှုလို့ ပြောတာပေါ့။ တချို့ကလည်း Civilization လို့ လည်း ပြောကြတယ်။ Cultureဆိုရင် ၂ မျိုးရှိ တယ်။ Physical Culture နဲ့ Logical Culture ဆိုပြီးတော့ပေါ့။ Physical Culture ဆိုတာ မြန်မာ့ ယဉ်ကျေးမှုမှာ ဝတ်စားဆင်ယင်မှု၊ ရွှေတိဂုံ ဘုရားကြီး၊ ဆွမ်းအုပ် ၊ ပုဂံဘုရား ဒါတွေက Physical Cultureတွေပေါ့။ ရုပ်ယဉ်ကျေးမှု တွေပေါ့။ Logical Culture ကတော့ စိတ်ယဉ် ကျေးမှု လို့ ပြောရမယ်။ ကျွန်တော်တို့တစ်တွေ လူကြီးရှေ့သွားရင် ခေါင်းငုံ့ သွားတာတို့၊ ၃၈ ဖြာ မင်္ဂလာတို့တွေပေါ့။ ဒီဘက်ခေတ်မှာတော့ Culture တွေ ပျက်ယွင်းလာတာတွေ ရှိတယ်။ ကျွန်တော်တို့ အဓိက အလေးထားရမှာက စိတ်ယဉ်ကျေးမှုပဲ။ ဂျင်းဘောင်းဘီဝတ်နေကြတဲ့ လူငယ်တွေပေမယ့်လည်း နာဂစ်လို အရေးမျိုး ကြုံလာတော့လည်း စိတ်ယဉ်ကျေးမှုတွေ မပျက်သေးတာ တွေ့ရတယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်မှာတော့ ယဉ်ကျေး မှုဆိုရင် တချို့ယဉ်ကျေးမှုတွေက ထိန်းသိမ်းရမယ်။ မြန်မာတွေရဲ့ ကောင်းမွန်တဲ့ယဉ်ကျေးမှုတွေပေါ့။ ဥပမာ – ကျွန်တော်တို့ရဲ့ တစ်လင်တစ်မယားစနစ် လိုမျိုးပေါ့။ နိုင် ငံခြားက သိပ်အံ့သြတယ်။
သူတို့ဆီမှာက တစ်လင်တစ်မယား စနစ် ဆိ တာလည်း မရှိဘူးလေ။ Living Together တွေ များကြတာကိုး။ နောက်ပြီး ကျွန်တော်တို့လူမျိုးတွေက လူကြီးသူမကို ရိုသေလေးစားကြပြီး ရှေ့က သွားရင် ခေါင်းငုံ့သွားတာတို့၊ ဆရာ ကန်တော့ပွဲလို ယဉ်ကျေးမှုတို့ပေါ့။ ဒါတွေက ထိန်းသိမ်းထား ရမယ်။ နောက်ထပ်ယဉ်ကျေးမှု ကတော့ လွှင့်ပစ်လိုက်သင့်တဲ့ ယဉ်ကျေးမှု မျိုးတွေပေါ့။ ဥပမာပြော ရရင် ကျွန်တော် စာပေဟောပြောပွဲ ခရီးတွေ သွားတော့ ကားပေါ်မှာ ဘာတွေရေးထားတွေ့ရလဲ ဆိုတော့ ‘ရောက်ရှိ ချိန် မေးခြင်းသည်းခံပါ’ ဆိုတာမျိုး။ ဒီလိုယဉ်ကျေးမှုက ဘယ်က စလဲ မသိဘူး။ အမှန်က ကျွန်တော်တို့က ရောက်မယ့်အချိန်ကို သိမှ အလုပ်ကိစ္စတွေကို ကြိုပြီး Prepairလုပ်လို့ ရမှာလေ။ ဒါကို နိုင်ငံခြားသားဆို လက်ခံမှာ မဟုတ်ဘူး။ နောက်ပြီး နဂါးခေါင်းရှေ့လှည့်တာ တို့၊ နောက်လှည့် တာတို့ဆိုတာမျိုးတွေပေါ့။ ထေရ ဝါဒဗုဒ္ဓ ဘာသာနဲ့လည်း ဒီအယူအဆက ဘာမှ မဆိုင်ပါဘူး။ ရက်ရာဇာဆိုတာလည်း အလုပ်ကြိုးစားပြီးလုပ်ရင် အဲဒီနေ့က ရက်ရာဇာပဲ။ ဒီလို Culture မျိုးတွေကိုဆိုရင် လွှင့်ပစ်လိုက် သင့်တယ်လို့ ကျွန်တော်မြင်တယ်။
ပြီးတော့ အစိုးရရုံး တချို့မှာဆိုရင် အသက်ကြီးတဲ့ သူတွေကို အသက်ငယ်တဲ့ သူတွေက အဘ အဘဆိုပြီး လက်အုပ်ချီ ရတဲ့ ယဉ်ကျေးမှုမျိုးတွေပေါ့။ ပြီးတော့ ဟိုးအရင် ကတည်းက လွှဲမှားတဲ့ကိစ္စတွေကို လက်ဆင့်ကမ်းခဲ့ တာမျိုးတွေရှိတယ်။ ဥပမာ National Theatre ကို အမျိုးသား ဇာတ်ရုံ ဆိုတာမျိုး၊ National Museum ကို အမျိုးသားပြတိုက်ဆိုတာမျိုး။ ဒါဆို အမျိုးသမီးတွေနဲ့မဆိုင်တော့ဘူးလား။ ကျွန်တော် တစ်ခါ နေပြည်တော်မှာ Workshop တစ်ခု တက်ရတယ်။ အဲဒီမှာ ဘာရေးထားလဲ ဆိုတော့ ‘အမျိုးသား အဆင့် အမျိုးသမီးရေးရာ ဆွေးနွေးပွဲ’ တဲ့။ တော်တော် ရှုပ်ထွေးစေတယ်။ အမှန်တော့ National ဆိုတာ ဘာသာပြန် ရင် လူမျိုးနှင့်ဆိုင် သော ဖြစ်ရမှာဗျ။ ဒါကို ဘယ်သူက အမျိုးသား လို့ ဘာသာပြန်ခဲ့လဲ မသိဘူး။ ဒီလို ကျွန်တော်တို့ အတွက် အကျိုးလည်း မရှိ၊ ခေတ်နဲ့ လည်းမညီနဲ့ ယဉ်ကျေးမှုမျိုးဆို လွှင့်ပစ်လိုက် သင့်တယ်။ တချို့ ယဉ်ကျေးမှုတွေကျတော့လည်း ကျွန်တော် တို့က ပြန်ပြီး Update လုပ်ရမယ်။
ကျွန်တော် ခံယူချက် အရ ယဉ်ကျေးမှုမှာ လေးစား လိုက်နာရမှာရယ်၊ လွှင့်ပစ်လိုက် သင့်တာရယ်၊ ပြန် ပြီး ခေတ်အခြေ အနေနဲ့လိုက်အောင် မွမ်းမံသင့်တဲ့ ယဉ်ကျေးမှုရယ် ပေါ့။ ဂီတတို့၊ ရုပ်ရှင်တို့၊ စာပေအနုပညာ တို့ကိုက ကျွန်တော်တို့ Update လုပ်ရမယ်။ စာပေမှာ ဂန္ထဝင်ကိုပဲ ကိုင်ထား လို့ မရဘူး။ ဂန္ထဝင်လည်း ရှိရမယ်။ ခေတ်စမ်းတို့၊ Modern တို့၊ Post Modern တို့တွေရော ရှိရမယ်။ မြန်မာဂီတ မှာလည်း ဘောလယ်တို့၊ တျာချင်းတို့ကစပြီး ရှိမှာပဲ။ ဒါတွေကိုပြန်ပြီး Update လုပ်ရမယ်။ အဲဒီလို့ စိအေန မလုပ်နိုင် ရင် မြန်မာ့ဂီတက ကမ္ဘာ့ဂီတ နောက်မှာ ကျန်ခဲ့လိမ့်မယ်။ ဝတ်စားဆင်ယင်မှု မှာလည်း ကျွန်တော်တို့က ကုန်းဘောင်ခေတ်တို့ ဘာတို့တုန်းကလို ဝတ်နေလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ မြန်မာဆိုတဲ့ Form တော့ ရှိရ မှာပေါ့။ Update တော့ လုပ်နေရမယ်။ ဒီလိုတွေ လုပ်မှပဲ ကျွန်တော်တို့ ရဲ့ မြန်မာ့ယဉ်ကျေးမှုက ကမ္ဘာမှာ ရှင်သန်နိုင်မှာပါ။ အခုလက်ရှိ ကမ္ဘာမှာ ယဉ်ကျေးမှုက Soft Power တွေ ခေတ်စားတယ်။
ကိုရီးယား ဆိုလည်း ယဉ်ကျေးမှု Soft Power တအားမြင့်မားတယ်။ Hard Power လို့ခေါ်တဲ့ စစ်အင်အားက အဓိက မဟုတ်တော့ဘူး။ ဒီတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု Soft Power မြင့်ဖို့ ဆိုရင် ကျွန်တော်တို့ က ခေတ်နဲ့လျော်ညီအောင် Update လုပ်သင့်တာတွေကို လုပ်မှပဲ ရမယ်။ ပြီးတော့ Culture ဆိုတာ လှိုင်းပါပဲ။ လာတဲ့ လှိုင်းကို စီးတတ်ရင် လှိုင်းပေါ် မှာ ကိုယ်ရောက် မယ်။ မစီးတတ်ရင်တော့ လှိုင်းက ကိုယ့်ကိုကျော် သွားမှာ ပဲ။ ဒါဆို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို Mobilize လုပ်ရမယ်။ ယဉ်ကျေးမှု ကို အယူရှိရ သလို အပေးလည်း ရှိရမယ်။ သူ့ယဉ်ကျေးမှုက အားကောင်းတဲ့ အချက်နဲ့ ကိုယ့်ယဉ်ကျေးမှုက အားနည်းတဲ့အချက် ကိုကြည့်ပြီး ယဉ်ကျေးမှု က သူများဆီက ယူသင့်ရင်ယူရမယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုက အားကောင်း တဲ့ အချက်ကိုလည်း သူတို့ကယူမှာပဲ။ ကျွန်တော်တို့က ယဉ်ကျေးမှု ဖလှယ်တယ်ဆိုပြီး အယူပဲရှိပြီး အပေးမရှိရင်တော့ မဖြစ်သေးဘူး။ ဒါဆို ရေရှည်မှာ ကိုယ့်ယဉ်ကျေးမှု က လုံးပါးပါးပြီး ကမ္ဘာမှာ ပျောက်ကွယ်သွားနိုင် တယ်။ ကိုယ့်ယဉ်ကျေးမှုကို သူများယူစေ ချင်ရင် ကမ္ဘာကလက်ခံအောင် Update လုပ်ရမယ်။
ဥပမာ – Hip Hop ဆိုရင် ကျွန်တော်တို့ လူငယ် ကြားမှာ တော်တော်ပေါက် တဲ့ Music Culture ပဲ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ဂီတမဟုတ်ဘူး။ ဒါက လူမည်းတွေရဲ့ဂီတပေါ့။ Street Culture ပေါ့။ ကျွန်တော်တို့ဆီက လူကြီးတွေ လက်မခံ နိုင်ကြဘူး။ မြန်မာပြည်က လူကြီးတွေက ဒါကို လမ်းသရဲလို့ သတ်မှတ်တာကိုး။ လမ်းက နံရံတွေ မှာ အရုပ်တွေဆွဲပေါ့။ Graffiti ဆွဲတာဆိုရင် အခု ကျွန်တော်တို့ဆီမှာ Culture Strike တွေဖြစ် တယ်။ ဆွဲတဲ့လူငယ်တွေနဲ့ မြို့တော်စည်ပင်က လူကြီးတွေနဲ့ သဘောတွေ ကွဲလွဲတာမျိုးပေါ့။ ကျွန်တော်တို့က သူတို့ Culture ကို ကျေကျေနပ်နပ်ကြီး ယူထားကြတယ်။ ဒါကိုအပြစ်ပြောလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီက Culture ကို လည်း ပြန်ပေးနိုင်ရမယ်။ ဥပမာ- ကျွန်တော်တို့ယဉ်ကျေးမှု မှာပဲ ရှိတဲ့ အငြိမ့်ပွဲပေါ့။ လူရွှင်တော် ငါးယောက်က ပြက်တယ်။ မင်းသမီးက ကတယ်။ အဝတ်ကအစ Formatရှိပြီးသားလေ။ သူတို့ဆီက Rapper အင်္ကျီပွပွကြီးတွေတောင် ကျွန်တော်တို့ ဝတ်ကြသေးတာလေ။ လူပြက်တွေ ရဲ့ တောင်ရှည်ကလည်း ကျွန်တော်တို့ရဲ့ Form ပဲ။ ဒါကို ကျွန်တော်တို့က Update လုပ်ပြီး ပြက်လုံးကို အင်္ဂလိပ်လိုပြက်ရင်ရော။ ကတာကတော့ ဘာသာ စကားနားမလည်လည်း ခံစားတတ်တယ်လေ။ အဲဒီလိုမျိုး Update လုပ်လိုက်ရင် ကျွန်တော်တို့ ယဉ်ကျေးမှု Promotion တစ်ခုပဲပေါ့။ အခုဆိုရင် ကိုသားစိုးလုပ်တဲ့ Remix ဆို ကျွန်တော်ကြိုက် တယ်။ ဘာပဲ ပြောပြော သူ့ရဲ့ဂီတမှာ မြန်မာ Sense လေးရတယ်။ ဒါမျိုးတွေများရင် ကျွန်တော်တို့ ယဉ်ကျေးမှုကိုလည်း သူများက ယူကြမှာပါ။ အဓိကကတော့ Update လုပ်နိုင် ဖို့ပါပဲ။
Communication
------------------
Communication ဆိုတာကတော့ အရမ်း အရေးကြီးတယ်ဗျ။ Communication ကို ကျွန်တော်တို့ Management မှာတော့ ‘R’ သုံးလုံး နဲ့ပြောတယ်။ အဲဒါကတော့ အောင်မြင်ချင် တဲ့ လူတစ်ဦးပဲဖြစ်ဖြစ်၊ အဖွဲ့ အစည်းတစ်ခုပဲဖြစ် ဖြစ်၊ နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ် အောင်မြင်ချင်ရင် ‘R’ သုံးလုံး ကို ချဉ်းကပ်ရမယ်။ Right Time , Right Place , Right Person ပေါ့။ မှန်ကန်တဲ့ အချိန်နဲ့နေရာမှာ မှန်ကန်တဲ့လူကို Communicate လုပ်နိုင်ရမယ်။ ထပ်ပြီးတော့ မှန်ကန်တဲ့နည်းလမ်း Right Way လည်းဖြစ်ရ မယ်။ Communicationက အခုလို ကျွန်တော် တို့ရဲ့ ဒီမိုကရေစီနိုင်ငံမှာ ပိုပြီးအရေးပါတယ်။ ပြည်သူလူထုနဲ့ အစိုးရကြားမှာ ဆက်သွယ်ဆောင် ရွက်ပေးတဲ့ လူတစ်ဦးက စကားလေးတစ်ခွန်း မှားသွားတာနဲ့ မလိုအပ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ကုန်တာပေါ့။ ဆက်သွယ်တဲ့နည်းလမ်းလည်း လိုတယ်။
ဥပမာ – အများသုံး အိမ်သာတစ်ခုရဲ့ တစ်ဖက်ခန်းမှာ လူတစ်ယောက်က အိမ်သာတက် နေတယ်။ အဲဒီအချိန် တခြားအခန်းက လူ တစ်ယောက်က ”ဟေ့လူ အဆင်ပြေလား” မေးတယ်။ ဒီဘက်ကလူက အူကြောင်ကြောင်နဲ့ ”ပြေပါတယ်ပေါ့”။ သူက ထပ်ပြောတယ်။ ”ဒါဆို ကိုယ် အဲဒီဘက်ကို လာလို့ရမလားတဲ့” ဆိုတော့ ”ဟုတ်ကဲ့ လာခဲ့ပါတဲ့” အဲဒီတော့မှ မေးနေတဲ့ သူက အိမ်သာတံခါးကို တဒုန်းဒုန်းနဲ့ထုပြီး ”မင်း ငါ ဖုန်း ပြောနေတာ ကို လှောင်နေတာလားတဲ့”။
ဒါက ဘာလဲဆိုတော့ Communication မှ Sender နဲ့ Receiver ကြားမှာ Wall ဆိုတဲ့ အတားအဆီး က ရှိနေသေး တယ်။ ပြည်သူလူထုနဲ့ အစိုးရကြား မှာလည်း Wall ဆိုတာ ရှိတယ်ဗျ။ ဒါကို ဘယ်လို ကျော်မလဲဆိုတဲ့ Communication Way က အရေးကြီးတယ်။ ကျွန်တော်တို့ လူမျိုးတွေ က နှိမ်ပြောတာတော့ မဟုတ်ပါဘူး။ လုံလောက်တဲ့ အသိဥာဏ် ပညာကို လိုအပ်နေတဲ့ Society တစ်ခုဖြစ်ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးလောက်မှာပဲရှိတဲ့ သူတွေကပဲ Educated များနေပြီး ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းလောက်ရှိတဲ့ သူတွေကတော့ လိုအပ်နေပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး Process မျိုးမှာလည်း Communicator ကောင်းတွေ လိုအပ်ပါတယ်။
ဒီမိုကရေစီသက်တမ်း အရမ်းနုနယ်တဲ့ ကျွန်တော် တို့လိုနိုင်ငံတွေက Communication နည်း ကောင်းနဲ့ Communicator ကောင်း က အရမ်းကို လိုအပ်တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Communication က အရင် တပ်မတော် အစိုးရ လက်ထက်တုန်းကတော့ Rumour လို့ခေါ်တဲ့ ကောလာဟလတွေ တအားပျံ့တယ်။ Transparency လို့ခေါ်တဲ့ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ အခုချိန်မှာတော့ သတင်းစာ ရှင်းလင်းပွဲ တွေရဲ့ Format ကနေ ပြောင်း သွားတယ်။ အရင် လို မဟုတ်တော့ဘူး။ Communication ကတော့ ကောင်း လာပါပြီ။ ဒါပေမဲ့ ထိရောက်တဲ့ မှန်ကန်တဲ့ Communicationဖြစ်ချင်ရင်တော့ Right Media ပေါ့။ Media ကောင်း သုံးတတ်ရမယ်။
ပြည်သူနဲ့အစိုးရကြား မှာ Communication လုပ် ပေးတဲ့ Media တွေဆိုရင် နံပါတ်တစ်က Press Media ပေါ့။ ပြီးတော့ Electronic Media ။ အဲဒီမှာ Internet တို့ဘာတို့ ပါမှာပေါ့။ ပြီးတော့ Billboard တို့ ကားနောက်မှာ စာတန်းတွေ ကပ်တာတို့ ကျတော့ Display Media ပေါ့။ အခု ဆိုရင် Mouth to Mouth ဆိုတဲ့ အချင်းချင်း ပျံ့နှံ့ သွားစေတဲ့ Media ပေါ့။ အဲဒီလို အမျိုးမျိုးရှိတဲ့ ထဲမှာမှ Right Time Right Place သုံးတတ်ဖို့ပါ။ ဥပမာ – သမ္မတကြီးဦးသိန်းစိန်က သူ့ရဲ့မိန့်ခွန်းတွေ ကို TV Channel တွေက လွှင့်တာအပြင် Radio ကနေ လွှင့်တယ်။ ဒါမြို့နေလူထုအတွက် TV က အဆင်ပြေနေပေမယ့် လယ်ယာ ဦးကြီးတွေ အတွက်တော့ Radio ကမှ အဆင်ပြေတယ်လေ။ သမ္မတ အိုဘားမားဆို Facebook ကနေသုံးတယ်။ အခု ခေတ်မှာ Social Media က Facebook ပဲ။ ကျွန်တော်ဆိုရင် ကျွန်တော့် စာအုပ်ကြော်ငြာချင်ရင် Facebook Fan Page ကနေ ကြော်ငြာတယ်။ ပိုပြီးထိရောက်တယ်။ Cost သက်သာတယ်ပေါ့။ နောက်ဆို ရန်ကုန်မြို့ရဲ့ ထိရောက် တဲ့ Media က Radio ဖြစ်သွားနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အခုကားတွေက တအားပိတ်တယ်။ ကားပေါ်မှာ နေရတဲ့အချိန်တွေက အရမ်း များတယ်။ နာရီဝက်လောက် လုပ်ရမယ့် အလုပ်အတွက် ၃ နာရီလောက် အချိန်ပေးပြီး သွားရတယ်။ ကားပေါ်မှာကျတော့ Radio က ကောင်းတာကိုး။ ဒါကြောင့် တချို့ လုပ်ငန်းရှင်တွေကို ကျွန်တော် က အကြံပေးတယ်။ Radio မှာ ပြောင်းကြော်ငြာတော့လို့ပေါ့။ TV မှာ ကြော်ငြာ တာထက်ပိုပြီး ထိရောက်တယ်လို့။ ဒါကြောင့် Communication ဆိုရင် ကျွန်တော် ကတော့ Right Time Right Place မှာ Right Mediaရွေးနိုင် ဖို့ပဲ ပြောချင်ပါတယ်။
Confidence
-------------
Confidence ကတော့ ယုံကြည်မှုပေါ့။ ယုံကြည်မှုမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ အတွက် က အရင်ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို ယုံကြည်မှ ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လူမျိုးက ခေတ်အဆက်ဆက်မှာ ကျွန်တော် တို့က ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို မယုံကြည်ခဲ့ရဘူး။
အင်္ဂလန် နိုင်ငံသားတစ်ယောက်က တအားကို Confidence ရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့လူ့ အဖွဲ့အစည်းကို သူယုံရတာကိုး။ သူ့ရဲ့ လူ့အဖွဲ့ အစည်းက တရားဥပဒေစိုးမိုးတယ်လေ။ ကျွန်တော် နိုင်ငံရေး စကားပြော တာ မဟုတ်ပါဘူး။ အခုချိန်မှာ ကချင်မှာရှိတဲ့လူတစ်ယောက်၊ လိုင်ဇာမှာ ရှိတဲ့လူတစ်ယောက်က ညသန်းခေါင်မှ အိမ်ပြန်တာမျိုး၊ အိမ်အပြင်ပြန်ထွက် တာမျိုး မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့လူ့အဖွဲ့ အစည်းကို သူမယုံရ ဘူးလေ။ ဒါက သူ့ကိုယ်သူ Confidence မရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရဲ့ နိုင်ငံမှာ Confidence ရှိတဲ့ လူငယ်တွေ Confidence ရှိတဲ့နိုင်ငံသားတွေ ရှိလာဖို့က ကိုယ်ရဲ့လူ့အဖွဲ့အစည်းကို Trust ရှိရမယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ရှိရမယ်။ ကျွန်တော် တို့ရဲ့ Management မှာ စက်ဝိုင်းလေးတွေ ရှိပါတယ်။ Trust Radius လို့ခေါ်တယ်။ ဒါကို ယုံကြည်မှုအချင်းဝက် လို့ ခေါ်တယ်။ ယုံကြည်ရတဲ့ အရည်အချင်းကကြီးရင် ကျွန်တော်တို့က နယ်ပယ်စုံမှာ ဘာပဲလုပ်လုပ် Confidence ရှိရှိနဲ့များ များလုပ်နိုင်တယ်။
ကျွန်တော်က လူတွေကို နည်း နည်းပဲယုံရရင် Radius က နည်းနည်းပဲရှိ မယ်။ ဒါဆို ကျွန်တော်တို့လုပ်နိုင်တဲ့ ပမာဏကလည်း နည်းသွားလိမ့်မယ်။ ဘယ်သူ့ကိုမှ မယုံရရင် စက်ဝိုင်းဆွဲလို့မရဘူး။ ဒါဆို ဘာမှကို လုပ်လို့မရပါ ဘူး။ ကျွန်တော် တို့ မြန်မာလူမျိုးတွေက ယုံကြည်မှု တအားနည်းကြပါတယ်။
ကမ္ဘာမှာ Mafia Trust ဆိုတာရှိတယ်။ မာဖီးယားဂိုဏ်း ခေါင်းဆောင်ကြီးက သူ့ရဲ့သားကို အမြင့်ကနေ ခုန်ချခိုင်းတယ်။ အောက်ကနေ အဖေက ဖမ်းထား မယ်။ သား ခုန်ချပေါ့။ တကယ်လည်း သူ့သားက ခုန်ချရော သူက လက်ကိုနောက်ပစ်လိုက်ရော။ သားက နဖူးကွဲ ဒူးပြဲပေါ့။ သူက တစ်ခွန်း ပဲပြောတယ်။ ငါတို့လောကမှာ ကိုယ့်အဖေတောင် မယုံနဲ့တဲ့။
ကျွန်တော်တို့လူမျိုးက ပိုဆိုးတယ်။ Mafia Trust က ကမ္ဘာမှာ အဆိုးဆုံးတဲ့။ ကျွန်တော်တို့ မြန်မာစကားပုံမှာ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံ နဲ့ တဲ့လေ။ ပြီးတော့ ကျွန်တော်တို့ရဲ့ရန်သူမျိုးငါးပါး မှာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက်သောသူကို ရန်သူပြောတာမျိုးပေါ့။ ကမ္ဘာပေါ်မှာ ကိုယ့်ရဲ့ အစိုးရကို၊ အုပ်ချုပ်သူကို ရန်သူအဖြစ်သတ်မှတ် တာ ကျွန်တော်တို့ လူမျိုးပဲ ရှိတယ်။
မြန်မာလူငယ် တစ်ယောက်ရဲ့ Confidence နဲ့ အမေရိကန်လူငယ် လေးရဲ့ Confidence နဲ့ ဘယ်လိုမှတူမှာ မဟုတ် ဘူး။ ဒါက ကိုယ့်ရဲ့ Societyနဲ့ပဲ ဆိုင်တယ်။ ပြီးတော့ Confidence ဆိုတိုင်းလည်း အရမ်းအရှိ လွန်သွားရင် လည်း Over Confidence ဖြစ်သွား တယ်။ ကိုယ့်မှာ တစ်ရာတန်တဲ့ အရည်အချင်း ရှိရင် Confidence ဟာ တစ်ရာပဲရှိရမယ်။ အရည်အချင်းက တစ်ရာပဲရှိပြီး Confidence က နှစ်ရာ၊ သုံးရာရှိရင် Over Confidence ဖြစ် သွား တယ်။ ဒါကြောင့် ကျွန်တော်တို့ပြိုင်ပွဲတွေမှာ ဒိုင်တွေက Over Confidence ရှိတဲ့သူတွေကို မကြိုက်ကြတာပေါ့။
နောက်တစ်ခုက ကျွန်တော် တို့ရဲ့ Asia Valueမှာ မိဘနဲ့သားသမီးက အပြန် အလှန် အရမ်းမှီခို တွယ်တာတတ်တယ်။ မိဘက အရာ အားလုံးကို လိုက်စီမံ တတ်တယ်။ ဒါက ကောင်း တာရှိသလို မကောင်းတာလည်း ရှိတယ်။
ဥရောပ မှာက ၁၈ နှစ်ပြည့်ရင် အိမ်ခွဲနေ ကြပြီ။ ကျွန်တော် တို့ဆီမှာက မိဘအပြင် ဆရာသမားတွေကလည်း တော်ရုံတန်ရုံဆို ငှက်ပျောသီး အခွံခွာပြီး ကျွေး တာ။ ကျွန်တော်တို့မှာက အသက် ၃ဝ ကျော်လည်း မိဘက ကလေး လို့ပဲ မြင်တာလေ။ ကျွန်တော်တို့ ယဉ်ကျေးမှုက မိသားစုနဲ့ သိုက်သိုက် ဝန်းဝန်း နေတတ်တာလေ။ ဒါကိုတော့ မပျက်စီးစေချင်ပါ ဘူး။
တရုတ်တို့၊ ဂျပန်တို့ လည်း ဒီတိုင်းပါပဲ။ ဒါပေမဲ့ Confidence သူတို့ကမြင့် တယ်။ ဒါက သူတို့ရဲ့ လူ့အဖွဲ့အစည်းက ယုံကြည်ရတယ်လေ။ ပြီးတော့ သူတို့က Learning ကောင်းတယ်။ ကျွန်တော်တို့က Learning အားနည်း တယ်။ Trainingနည်းတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေရဲ့ Confidence မြင့်လာဖို့ဆိုရင် Confidence မြင့်လာစေနိုင် တဲ့ ပညာစနစ်၊ Confidence မြင့်လာစေမယ့် Training တွေ၊ Confidence ရှိလာစေမယ့် လူ့အဖွဲ့အစည်းတစ်ခု ရှိဖို့ လိုတာပေါ့။ ဒါဆို ကျွန်တော်တို့လူငယ်တွေလည်း Confidence ရှိတဲ့ လူငယ်တွေဖြစ်လာမှာပါ။
Yati Magazine
မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်းဟောပြောပွဲ ကို ၃၀.၇.၂၀၁၇ ရက်နေ့မွန်းလွဲတစ်နာရီတွင်ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ် ၌ ခမ်းနားကြီးကျယ်စွာကျင်းပပြုလုပ်သွားပါမည် ( မိမိ၏စာအုပ်သစ် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်းစာအုပ်မိတ်ဆက်ပွဲကိုပါပူးတွဲပြုလုပ်ပါမည် ) အဆိုပါပွဲကို ယခင်က Ticket ဖြင့်ပြုလုပ်ရန်စီစဉ်ထားသော်လည်း စာဖတ်ပရိသတ်များ အခမဲ့ တက်ရောက်နိုင်ရေးအတွက် မိမိ၏မိတ်ဆွေကုမ္ပဏီများထံမှသာစပွန်ဆာယူကာ free ဟောပြောပွဲအဖြစ်ကျင်းပပြုလုပ်သွားပါမည် စပွန်ဆာပါဝင်လိုသောမိတ်ဆွေကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၃၀.၆.၂၀၁၇ နောက်ဆုံးထား၍ဆက်သွယ်နိုင်ပါသည် ယခုအချိန်အထိ စပွန်ဆာအဖြစ်ကူညီပံ့ပိုးပေးထားသော အောက်ပါ မိတ်ဆွေကုမ္ပဏီ များ စီးပွားရေးလုပ်ငန်းများကို ချစ်ခင်ကျေးဇူးတင်ပါသည်
We must work together !
We must build our nation!
Taw Win Garden Hotel ( Venue Sponsor)
လူတကာစွဲမက်တဲ့ ဇွဲထက်စိန်ရွှေရတနာဆိုင် ( Diamond Sponsor)
King Group Institute ( Gold Sponsor)
Outdoor Network Company ( Billboard Sponsor)
OK Digital Printing ( Media Sponsor)
ဘဝအောင်မြင်ရေးနှင့်ပတ်သက်၍ အဓိကအရေးကြီးသည့်နှစ်ချက်မှာ
(၁) ကြိုးစားအားထုတ်မှုကိုဘယ်တော့မှမရပ်ဖို့နှင့်
(၂) သင်ယူမှုကိုဘယ်တော့မှမရပ်ဖို့ဖြစ်ပါသည်
စဉ်ဆက်မပြတ် ကြိုးစားနေသ၍ စဉ်ဆက်မပြတ်သင်ယူနေသ၍လူတိုင်းအတိုင်းအတာတစ်ခုအထိအောင်မြင်နိုင်ပါသည် ကဲ ယခုပဲနှစ်ဆ ကြိုးစားသင်ယူလိုက်ကြပါစို့
We must work together
Wemust build our nation!
www.lynnthaiknyunt.com
ရည်မှန်းချက်ဆိုတာ ဘယ်တော့မှကြီးလွန်းသွားတယ်ဆိုတာ မရှိသလို
ကြိုးစားအားထုတ်မှုဆိုတာ ဘယ်တော့မှ များသွားပြီဆိုတာ မရှိဘူး..
လင်းသိုက်ညွန့်(မြန်မာ့မြေ)