Dagon Sake Kan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dagon Sake Kan, Property investment firm, Dagon, Yangon.
အို ထလော့ မြန်မာ မြန်မာ ထလော့ တို့အနာဂတ်တွေလှပဖို့ မဲရုံကိုသွားပြီး မဲပေးကြပါစို့
အိမ်ခြံမြေရောင်းဝယ်မှုအပေါ် ၀င်ငွေခွန်ပြောင်းလဲမှု သင်္ကြန်အလွန်တွင် အရောင်းအ၀ယ် သွက် အခုပြဋ္ဌာန်းလိုက်တဲ့ အခွန် နှုန်းထားတွေက မနှစ်ကထက်စာ ရင်ပိုပြီး အဆင်ပြေတယ်။ အခွန် ဆောင်မှုတွေလည်း တိုးလာနိုင် တယ်
စပါပြီ
လာပါပြီ ဒီလိုဘဲဖြစ်ရမှာပေါ့
ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိသည့် မြေဧက ၁၆၀� ရန်ကုန်မြို့ ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိခဲ့သည့် မြေဧက ၁၆၀၀၀ ပေါ်လာမည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် မြို့ပြစီမံကိန်းများစတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြမြေစီမံခန့်ခွဲမှုအကြံပေး ဦးသန်းကပြေ…
ပြန်လှုပ်ပါပြီခင်ဗျာ။
ရန်ကုန်မြို့သစ် စီမံကိန်းက လိုအပ်နေတဲ့ မြေတွေကို တစ်ကွက်ကို သိန်း ၂၀ သာ အလျော်ပေးမယ်လို့ကြားထားပါတယ်။ သတိနဲ့ ၀ယ်ကြပါ။ ကိုယ်က သိန်း ၂၀၀, ၃၀၀ ပေးဝယ်ထားပြီး အလျော်က နည်းနေရင် ဒုက္ခရောက်မှာ စိုးလို့ပါ။
သူများတွေလို မအအောင် မနေ့က တွံတေးဘက် ခြေဆန့်ခဲ့တယ်။ သိန်း ၃၀၀ လောက်နဲ့ အကွက်တစ်ကွက် ရလို့ လိုက်ကြည့်မိပါတယ။် ကားနဲ့သွားလို့ မရလို့ ဆိုင်ကယ်နဲ့လိုက်တာ လူကိုသေချင်စော်နံသွားတာပဲ စိတ်လေတယ်။ တွံတေးရောက်ဖူးတဲ့ ဆရာတွေ အတွေ့အကြုံလေး Share ပေးပါအုံ့း့
ကြောက်တတ်သူတွေအတွက် ကြောင်ပါးကြီး ကျွန်တော် အချောင်စောင့်နေတယ်လို့ အာ့လှမ်းပြောတာ။
ခိခိ
ပဲခူးမြစ်လမ်းပေါ် ။ ကနောင်လမ်းပေါ်။ ရှိသမျှအားလုံး အကွက်မရွေး ဂျီးမများဘူး သိန်း ၁၀၀ အောက် အားလုံး ကောက်မည်။
နားနားပြီးဆဲကျနော်...
ဒဂုံဆိပ်ကမ်းက New Yangon City project သတင်းထွက်အပြီးမှာ နည်းနည်းဈေးတန်းသွားတယ်။ ဒီနည်းနည်းဈေးတန်းသွားတာကို ထပ်ပြီးအားဖြည့်တဲ့သတင်းတွေက ငွေမည်းခ၀ါချမှုတို့၊ မြေလွတ်တွေကို အိမ်မဆောက် အသုံးမပြုရင် အခွန်ကောက်မယ်ဆိုတဲ့ နောက်ဆက်တွဲ သတင်းတွေက ပံ့ပိုးတယ်။
အဲ့ဒီမှာ ဈေးကွက်ထဲမှာ မေးခွန်းတွေအများကြီးထွက်လာတယ်။ မေးခွန်းတွေဘယ်လိုပြောင်းမေးမေး အဓိပ္ပါယ်က တစ်ခုထဲပဲ လူတွေစိုးရိမ်နေတာ ဈေးကျသွားမလား၊ အခွန်တစ်ကယ်ပဲကောက်မလားပေါ့။
ဒဂုံဆိပ်ကမ်း Vs New Yangon City project
=============================
ဒဂုံဆိပ်ကမ်းက Project တွေက တစ်ချို့တွေက စနေတာ ၁နှစ်၊ ၂နှစ်လောက်ရှိပြီ။ New Yangon City က စဖို့ Announce လုပ်တာ မနှစ်က ဒလ အနေနဲ့ နံမည်ထွက် ကိုရီးယား တံတားအခမဲ့ဆောက်ပေးမယ်ဆိုတာတောင် ပြန်ပျက်သွားတယ်။
ခုလို မြို့သစ်တည်တဲ့ Project ဆို ဘယ်နှစ်နှစ်လောက်စောင့်ရမလဲ စဉ်းစား။ သီလ၀ါ အများပိုင်လုပ်ပြီး အစုရှယ်ယာတွေထုတ်ရောင်းပြီးတာတောင် ဘယ်လောက်ကြာပြီလဲ လုပ်ငန်းတစ်ကယ်စနိုင်တာ မှန်းထားသလိုဖြစ်လာရဲ့လား။
အစိုးရက အင်ပြည့်အားပြည့်နဲ့ဆောက်တဲ့ နေပြည်တော်ကြီးတောင် ၆ နှစ်လောက်အချိန်ယူခဲ့ရတယ်။ လပိုင်း အတွင်းပြီးမယ်လို့ကြွေးကြော်ထားတဲ့ ကုန်းပေါ်က တံတားလေး ၃စင်းတောင် ဘယ်လောက်အချိန်ယူလိုက်ရသလဲ။
ဒဂုံဆိပ်ကမ်းကမြေက Permit အကွက်ရိုက်ပြီးသား NYC က လယ်မြေ။ ခိုင်မာမှုကိုစဉ်းစားပါ။
ဒဂုံဆိပ်ကမ်းရဲ့ ပတ်ဝန်းကျင်မှာ ဘူတာကြီးဆိုတာရှိတယ်။ ဆိပ်ကမ်းမြို့ဖြစ်တယ်။ သီလ၀ါနဲ့နီးတယ်။
NYC ကပတ်ဝန်ကျင်မှာ ဆိပ်ကမ်းမြို့တယ်မယ်။ ရန်ကုန်ကြည့်မြင်တိုင်ရဲ့ တစ်ဖက်ကမ်းဆိုတော့ ဒဂုံဆိပ်ကမ်းထက်တော့ ရန်ကုန်နဲ့ ပိုနီးလိမ့်မယ်။
ဒဂုံဆိပ်ကမ်းက Project တွေကို အကောင်အထည်ဖော်နေသူတွေက Japan တွေ Singapore က လုပ်ငန်းရှင်တွေ၊ NYC ကို အကောင်အထည်ဖော်မယ့်သူက မြန်မာ့စေတနာဆိုတဲ့ ဘယ်သူတွေပါမှန်းမသိရသေးတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဆိုတော့........
ငွေမည်းခ၀ါချမှု
==========
မှန်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့လယ်တွေမှာ သိန်းသောင်းချီတဲ့ မြေတွေကို ၀ယ်နိုင်တဲ့သူတွေက အဓိကကတော့ ငွေမည်းတွေကိုင်ထားတဲ့ သူတွေအများဆုံးဖြစ်နိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းရဲ့ဘူး။
ဒါပေမဲ့ ဒဂုံဆိပ်ကမ်းမှာ ဈေးအမြင့်ဆုံး မြေကွက်က သိန်း ၈၀၀၀ မကျော်ပါဘူး။ သိန်းသောင်းနဲ့ချီတဲ့ မြေကွက်တွေကို ငွေမည်းခ၀ါချလိုမှုနဲ့ ၀ယ်နေတာကို သိသိချည်းနဲ့ ဘာမှ Action ယူတာ မတွေ့ဘူးသေးဘူး။ စာဖတ်သူများထဲမှ တွေ့ဘူးရင် အောက်မှ Comment ရေးပေးပါ။ တစ်ကယ်သိချင်လို့ပါ။
ငွေမည်းခ၀ါချတဲ့သူတွေက ဒီလို သိန်း၂၀၀ တန် သိန်း၃၀၀ တန် သိန်း၅၀၀ တန် လေးတွေကို စိတ်ဝင်စားပါ့မလားဗျာ။ မြန်မာပြည်မှာ ငွေမည်းခ၀ါချလို့ရနိုင်တဲ့ နည်းလမ်းတွေ တစ်ပုံကြီး..........
မြေကွက်တွေအသုံးမပြုရင် အခွန်ကောက်မယ်ဆိုဘဲ
================================
ခုရက်ပိုင်းထွက်လာတဲ့ သတင်းတွေထဲမှာရယ်စရာ ပျက်လုံးတစ်ခုပဲ မြေကွက်တွေအသုံးမပြုရင် အခွန်ကောက်မယ်ဆိုဘဲ။ မြေကွက်တွေ အသုံးပြုလို့ရအောင် ဘာတွေများလုပ်ပေးနေလို့လဲ။ မီးတွေရပြီးလား၊ ရေတွေကောင်းအောင်လုပ်ပြီးပြီးလား။ မီးရေမရတဲ့ မြေပေါ်မှာ လူဘယ်လိုသွားနေမလဲ။
ဈေးတွေဆောက်ပေးပြီးပြီးလား၊ အထက်တန်းကျောင်းတွေရော ဖွင့်ပြီးပြီလား။ တစ်ချိန်ချိန်မှာ မီးရေ ရရင်တော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၀ယ်အောင်းထားတဲ့သူတွေအများကြီးပဲ။ မီးရေရမှ ၀ယ်ရင်တော့ Inflation 5% To 6% ကြားထိမြင့်နေတဲ့ တိုင်းပြည်မှာ မြေကွက်ဆိုတဲ့ ကုန်ပစ္စည်းတစ်ခုထဲရဲ့ Consumer Price Index တစ်ခုတည်းဆိုရင် Percentage ရာကျော် တဲ့တိုင်းပြည်မှာ ဈေးတွေဘယ်လိုဖြစ်နေမလဲ။ မြေတွေအသုံးပြုလို့ရအောင်မလုပ်ပေးဘဲနဲ့ မြေတွေအသုံးမပြုသူကို အသုံးမပြုမှုနဲ့ အခွန်ကောက်မယ်ဆိုရင် ...............
Market
=====
မြေကွက်တွေ ၀ယ်ပြီး ရင်းနှီးမြှပ်နှံတယ်ဆိုတာ မြန်မာပြည်ရဲ့လက်ရှိမှာ ရင်းနှီးမြှုပ်နှံလို့ အကောင်းဆုံးနေရာ Market တစ်ခုပဲ
ရွှေ၊ ကား၊ ဒေါ်လာ၊ တွေမှာ ဘယ်သူတွေ ရင်းနှီးရဲသေးလဲ။ နိုင်ငံတကာမှာ လို Stock Share တွေကလည်း မရှိသေးတဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ သူတို့လက်ထဲမှာ ရှိတဲ့ ငွေပိုငွေလျံလေးတွေကို ဘဏ်မှာ တစ်နှစ်လုံး စုမှ ၈.၂၅% (ဥပမာ ၁၀၀ ကျပ်စုမှ ၈.၂၅ ကျပ်ရမယ့်) ဘဲ return ရမယ့်နေရာမှာ မှိုအတက်ခံ သွားသိမ်းထားမလား...........
ဝိုင်းပြီးဆွေးနွေးမှုကို အတိုင်းမသိကြိုဆိုပါတယ်ခင်ဗျာ။
85 က တစ်ကွက်နဲ့ 82 က တစ်ကွက် ကို အခုလို မီးတွေပျက်နေတဲ့ ကြားက သဲသဲမဲမဲလိုက်တယ်လို့ လက်တို့လိုက်တယ်။
For your Knowledge....
ရန်ကုန် ဒုတိယစီးပွားရေး အချက်အချာနယ်မြေ စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ မြို့ပြဆိုင်ရာဒီဇိုင်း ဆွဲမပေးတော့
[7Day News ဂျာနယ် _ Monday, 26 August 2013]
ရန်ကုန် - ရန်ကုန်မြို့ပြစီမံကိန်း၏ အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သော ဒုတိယစီးပွားရေးအချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် မရမ်းကုန်းမြို့နယ်စီမံကိန်းတွင် ဂျပန်နိုင်ငံမှ မြို့ပြဆိုင်ရာ ဒီဇိုင်းရေးဆွဲပေးခြင်းနှင့် အခြားသော အကူအညီများပေးအပ်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယင်းစီမံကိန်းရေးဆွဲနေသူ ဒေါက်တာကျော်လတ်ကပြောသည်။
“အခြေခံအဆောက်အအုံနဲ့ စီမံကိန်းရေးဆွဲခြင်းကို သူတို့ဘက်က အကူအညီ မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
သို့သော် ထိုသို့ရပ်ဆိုင်းရသည့် အကြောင်းရင်းကို မြို့ပြစီမံကိန်းရေးဆွဲသူများအပါအ၀င် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အတည်ပြု ပြောဆိုပေးခြင်းမရှိပေ။
ရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွင်းပါဝင်သည့် မရမ်းကုန်းမြို့နယ်အား ဒုတိယစီးပွားရေး အချက်အချာနယ်မြေအဖြစ် အကောင်အထည် ဖော်ရန်အတွက် ပြီးခဲ့သည့်လက ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူရန် စီစဉ်ခဲ့ရာမှ နယ်မြေအတွင်းပါဝင်နေသည့် ၀န်ကြီးဌာနများနှင့် ညှိနှိုင်းမှုမပြုရသေးသဖြင့် လတ်တလော ရပ်နားထားရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးတိုးအောင်က ပြောသည်။
ဂျပန်၏ အကူအညီမှာလည်း ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းရာတွင် အဆင်မပြေမှုများ ရှိသောကြောင့် ယခုကဲ့သို့ အကူအညီပေးရန် အစီအစဉ်အချို့ကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မရမ်းကုန်းမြို့နယ်တွင် စည်ပင်ပိုင်မြေများအပြင် စိုက်ပျိုးရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေဧက မြောက်မြားစွာရှိပြီး ယင်းမြေနေရာများတွင် အကောင်အထည်ဖော်ရန် ညှိနှိုင်းရာတွင် အဆင်မပြေမှု အချို့ရှိနေကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းအရ မရမ်းကုန်းမြို့နယ်ကို ရန်ကုန်၏ မြို့တွင်းပိုင်း ကျပ်တည်းမှုကိုဖြေရှင်းရန် ဒုတိယ စီးပွားရေး အချက်အချာနယ်မြေအဖြစ် ယခုနှစ်တွင် မြေဧက ၆၀၀ ကျော်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါစီမံကိန်းအတွက် ခေါ်ယူမည်ဆိုသော တင်ဒါမှာ ရွှေ့ဆိုင်းခဲ့သည်မှာ သုံးလရှိပြီဖြစ်သည်။
ယင်းမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေများအပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများနှင့် အခြားသော ၀န်ကြီးဌာနပိုင် မြေဧက ၄၀၀ ကျော်တွင် သုံးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်းအား ဂျပန်မှ အကူအညီပေးမည့်အစီအစဉ် ရပ်ဆိုင်းလိုက်သော်လည်း ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲသူ မြို့ ပြပညာရှင်များက မိမိအစီအစဉ်ဖြင့်သာ မိမိရေးဆွဲပြီး အချိန်မီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။
[7Day News ဂျာနယ် _ Monday, 26 August 2013]
ဘယ်ရပ်ကွက်တွေဟော့နေလဲ။
69/1613 = 245
69/1622 = 255
70/1720 = 250
70/820 = 340
for sale
for your info
မြန်မှရမယ့်အကွက်
146/38,39=260 lakh
095063568
မျက်မှောက်ခေတ် 'အိမ်' ၏အဓိပ္ပာယ် တွင် အောက်ပါ အစိတ်အပိုင်းကြီး လေးရပ်စလုံး အကျုံးဝင်ကြောင်း အိမ်ရာဖွံ့ဖြိုးရေးပညာရှင်တို့က ဖွင့်ဆိုကြပါသည်။
(က) မြေ (Land Tenure)
(ခ) အိမ်အဆောက်အအုံ (Shelter)
(ဂ) ရေ၊ မီး၊ လမ်း၊ ရေမြောင်း၊ မိလ္လာစနစ် စသည့် အခြေခံအဆောက်အအုံများ (Infrastructure)
(ဃ) ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ကစားကွင်း၊ ပန်းခြံ စသည့် လူမှုဝန်ဆောင်အဆောက်အအုံများ (Social Services)
မှန်ပါသည်။ အိမ်ဟုဆိုလိုက်သည်နှင့် ဖော်ပြပါအစိတ်အပိုင်းများ တစ်ဆက်တည်း ပါဝင်လာရပါသည်။ မြေပိုင်ဆိုင်ခွင့်မရှိဘဲ အိမ်မည်သို့ တရားဝင်ဆောက်မည်နည်း။ အမိုး၊ အကာ၊ အခင်း တောင့်တင်းခိုင်မာစုံလင်စွာ တည်ဆောက်ထားသော်လည်း ရေမရှိ၊ မီးမရှိ၊ မိလ္လာစနစ်မရှိလျှင် ဘယ်သို့နေထိုင်နေကြပါမည်နည်း။ လမ်းမရှိလျှင် တစ်အိမ်နှင့်တစ်အိမ် ဘယ်သို့ကူးလူးဆက်သွယ်နိုင်ပါအံ့နည်း။ ရေမြောင်းကင်းမဲ့လျှင် လမ်းပျက်ရုံမျှမက အညစ်အကြေး၊ အမှိုက်နှင့် မိုးရေတို့ မည်သို့လွင့်မျောစီးဆင်းနိုင်ပါအံ့နည်း။
ကောင်းပါပြီ မြေ၊ အိမ်နှင့် အခြေခံအဆောက်အအုံများ ရှိသည်ထားဦး ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ကစားကွင်း၊ ပန်းခြံတို့ နတ္ထိဗလာဖြစ်နေပါမူ အကြင်အိမ်ကို အမှီပြုနေထိုင်သူတို့အတွက် လူမှုလိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းနိုင်ပါမည်နည်း။ အစီအရီ အဖြေထုတ်ကြည့်သောအခါ အိမ်အဓိပ္ပာယ်နယ်ပယ်ကို အထက်ပါဖွင့်ဆိုချက်နှင့် အငြင်းမပွား တစ်သားတည်းလက်ခံနိုင်ကြမည်ဟု ယုံကြည်မိပေသည်။ ‘‘အိမ်တစ်ဆောင် မီးတပြောင်’’ဟူသော ရှေးစကားသည် ဤအချက်ကို ခိုင်မာစေပါသည်။
ထိုအခါ မောင်ကာကတို့၏ဂေဟာကို အိမ်ဟုမဆိုနိုင်တော့ပါ။ ထို့ကြောင့် ကမ္ဘာပေါ်၌ အိမ်ရာမဲ့ဟုဆိုလျှင် မောင်ကာကတို့လည်း ပါဝင်လာပေသည်။ အိမ်မရှိ၍ အိမ်ရာမဲ့ဖြစ်သူနှင့် အိမ်ရှိပါလျက် အိမ်ရာမဲ့ဖြစ်သူတို့ အားလုံးတို့သည် အိမ်ရာမဲ့ဟူသော စကားအနက်တွင် အကျုံးဝင်ပါသည်။ ဥပမာအားဖြင့် အဆင့်နိမ့်ရပ်ကွက်များတွင် နေထိုင်သူတို့သည် အိမ်ရှိလျက် အိမ်ရာမဲ့သူများဖြစ်ပေသည်။
မည်သို့ဆိုစေ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံသားတို့၏ နေရေးပြဿနာကို ဖြေရှင်းကြရာ၌ အိမ်ဟူသည်မှာ အမိုးအကာအခင်းသက်သက်မျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ အထက်ပါ အစိတ်အပိုင်းကြီးလေးရပ် ပါဝင်ရန်လိုအပ်သဖြင့် ‘‘အင်္ဂါလေးတန် အိမ်ရာမှန်’’ဟူ၍ ဖွင့်ဆိုမှုပြုကြကြောင်း ဖော်ပြအပ်ပါသည်။
အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ညီညွတ်သော အိမ်ရာများကို ‘‘ကောင်းကျိုးချမ်းသာမြတ်အိမ်ရာ’’ (Decent Housing)ဟု ခေါ်ဆိုကြပါသည်။ ဤကဲ့သို့ အိမ်ရာများကို နိုင်ငံသားအားလုံး အပြည့်အဝရရှိနိုင်ကြစေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက Adequate Housing for all ဟု လမ်းညွှန်ချမှတ်ထားပါသည်။ အိမ်ရာရရှိရေးသည် လူသားတိုင်း၏ လူ့အခွင့်အရေးတစ်ရပ်ဟုလည်း ဖော်ပြခဲ့ကြပါသည်။
အထူးသဖြင့် အိမ်ရာအတွက် မြေသည် အရင်းခံအင်္ဂါရပ်ဖြစ်သဖြင့် အိမ်ရာမြေနှင့်ပတ်သက်၍ နိုင်ငံသားတိုင်း (လူသားတိုင်း) အခြေခံအခွင့်အလမ်း အညီအမျှရှိစေမှု (equity)ကို ဖန်တီးပေးကြမည်မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်၏ အဓိကတာဝန်ဖြစ်ပါသည်။
‘‘ခွင့်တူညီမျှ’’ဟူသော နိုင်ငံတော်သီချင်းတွင် ပါဝင်သည့်စာသားမှာ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးကို ဆောင်ရွက်မည့် ဒီမိုကရေစီနိုင်ငံသစ်တွင် အထူးအလေးထားရမည့်စာသား ဖြစ်ပေသည်။ .
သို့ဖြစ်၍ နိုင်ငံသားတိုင်း ‘‘ကောင်းကျိုးချမ်းသာမြတ်အိမ်ရာ’’ကို ရရှိနိုင်ရေးအတွက် အစိုးရသည် ဥပဒေနှင့်ထိန်းချုပ်ပေးရ၏။ မူဝါဒချမှတ်ပြီး လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျ ထိန်းကျောင်းပေးရ၏။ ဆင်းရဲနွမ်းပါးသော ပြည်သူများအတွက် နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့မှုပေးရ၏။
တစ်နည်းအားဖြင့် 'ထိန်းချုပ်၊ ထိန်းကျောင်း၊ ထောက်ပံ့' ဟူသော ‘‘ထ-သုံးလုံးမူ’’ကို လက်ကိုင်ထားကြရမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအတွက် ‘‘ထ-သုံးလုံးဆောင်- အိမ်ရာအောင်’’ဟူသော ဆောင်ပုဒ်ကို အလေးအနက် နှလုံးသွင်းဆောင်ရွက်ကြရန် အထူးလိုအပ်လျက်ရှိပါကြောင်း... ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အိမ်ရာအဓိပ္ပာယ်နှင့် ထ-သုံးလုံးသီအိုရီ
မြင့်မိုရ်ဆွေ
2014-08-09 7Day Daily
နေပြည်တော်အထိသွားပြီး မြေကွက်လိုက်နေရလို့ online ပေါ် update မလုပ်ဖြစ်ဘူး sorry ပါဗျာ။
Online ပေါ် မှန်မှန်တင်နိုင်အောင် ကြိုးစားပါ့မယ်.....
ဒီနေ့တော့ အကွက်တွေကို Online ကနေပဲ ထိုင်ကောက်တော့မယ်။ မနေ့က မိုးရွာထဲ အကွက်လိုက်နေရတာ မိုးမိပြီးနေသိပ်မကောင်းချင်ဘူး။
၀၉၉၇၄၁၉၅၃၈၃ ကို ဆက်သွယ်ပေးကြပါခင်ဗျာ။
ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ဒဂုံမြို့နယ်လေးမြို့နယ်တွင်
ကျပ်သန်းပေါင်း ၁၂ ဘီလီယံကျော် သုံးစွဲခဲ့သော်လည်း လာမည့်နှစ်တွင် စီမံကိန်းနယ်မြေ မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့နိုင်
==================================================
အေကေ - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၀)။
ရန်ကုန်၊ သြဂုတ် ၁- ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များတွင် ရေကြီးရေ လျှံမှု မဖြစ်ပေါ်စေရန်အတွက် ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီက ရေကြီးရေလျှံ ၁၂ ဘီလီယံအား အသုံးပြုခဲ့သော်လည်း လာ မည့်နှစ် မိုးရာသီတွင် စီမံကိန်းနယ်မြေမြို့ နယ်အချို့မှာ ရေကြီးရေလျှံမှုနှင့် ထပ်မံရင် ဆိုင်ရနိုင်သေးကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့ သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ရေကြီးရေလျှံ မှုများ မဖြစ်ပေါ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆည်မြောင်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ကို နိုင်ငံ တော်သမ္မတက ဘတ်ဂျက် ၁၂ ဘီလီယံ ကျော် ချထားပေးခဲ့သည်။
ယင်းကော်မတီအနေဖြင့် ရေ မြောင်းများ ဖောက်လုပ်ခြင်း၊ ရေထိန်းတံခါး တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ငမိုးရိပ် ချောင်း မြစ်ကြမ်းခင်းမှ နုန်းများ ဆယ်ယူ ခြင်း၊ ရပ်ကွက်တချို့တွင် တာပတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ရေစီးရေလာ ကောင်းမွန်စေရန် အတွက် Box Culvert များ၊ ရေကာတာများ တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ် ထားသော်လည်း ရေကြီးရေလျှံမှုကို အဓိ ကဖြစ်ပေါ်စေသည့် မြစ်ကြမ်းပြင် သောင် တူးခြင်းမှာ ဘဏ္ဍာငွေချပေးမှု ကုန်သွားခြင်း ကြောင့် လာမည့်နှစ် ဘဏ္ဍာငွေချပေးမှသာ ဆက်လက် လုပ်ကိုင်နိုင်မည် ဟု သိရသည်။
ငမိုးရိပ်ချောင်း သောင်တူးလုပ် ငန်းအတွက် အပိုင်းလေးပိုင်း ခွဲခြားလုပ်ကိုင် ခဲ့သော်လည်း ဘဏ္ဍာငွေ ကုန်သွားသည့် အတွက်ကြောင့် ဦးစားပေးအဆင့် (၄)ဆင်ဖုံ ချောင်းဝအောက်မှ မြောက်ဥက္ကလာ ကြိုးတံတား အထိမှာ လာမည့်ဘဏ္ဍာနှစ်တွင်မှသာ ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထိုသို့ ကျန်ရှိနေသေးသည့် ဦး စားပေး အဆင့်(၄)ထဲတွင် တောင်ဥက္ကလာ ပ၊ မြောက်ဥက္ကလာပ၊ သုဝဏ္ဏနှင့် သင်္ဃန်း ကျွန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) တို့ပါဝင်နေပြီး ယင်းမြို့နယ်များမှာ လာမည့် နှစ်များတွင် ငမိုးရိပ်ချောင်း ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုကို ထပ်မံခံစားရနိုင်သည်။
ယင်းနှင့်ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတစ် ဦးက''ကျွန်မတို့ အခုကြုံနေရတာကလဲ ငမိုး ရိပ်ချောင်းက အနည်ထိုင်လာလို့ မြစ်ကြမ်း ပြင်မြင့်တက်လာတယ်။ မြစ်ကြမ်းပြင် မြင့် တက်လာတော့ ရေတက်တဲ့အချိန်မှာ ချောင်း ရေက အနီးတစ်ဝိုက်မှာရှိနေတဲ့ ရပ်ကွက် တွေထဲကို အရင်ကထက် ပိုပြီးဝင်ရောက် လာတာ၊ လျှံလာတာဖြစ်တယ်။ အခုဆို ချ ပေးထားတဲ့ ၁၂ ဘီလီယံက ကုန်သွားပြီ။ ငမိုးရိပ်ချောင်း သောင်တူးလုပ်ငန်းတွေက အပိုင်းလေးပိုင်းမှာ ဦးစားပေး အဆင့်တချို့ ကတော့ပြီးသွားပြီ။ ဒါပေမဲ့ အပိုင်း(၄)က တော့ လုပ်ဖို့ ကျန်နေသေးတုန်းပဲ။ သောင် တူးတာ၊ မြစ်ကြောင်းတူးတာ ကျန်နေသေး တော့ အခုရေလျှံမှုကြုံနေရတဲ့ ရပ်ကွက် တွေမှာ ရေကြီးရေလျှံမှုနဲ့တော့ ကြုံရနိုင် သေးတာပဲ''ဟု ပြောသည်။
ငမိုးရိပ်ချောင်း သောင်တူးခြင်း လုပ်ငန်းအတွက် အပိုင်းလေးပိုင်းအတွက် ခန့်မှန်းငွေ ကျပ်သန်း ၆၅ဝ ဝန်းကျင်ခန့် မှန်းထားခဲ့ပြီး ဦးစားပေး(၁)၊ (၂)နှင့် (၃)တို့အတွက် ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၅၆၅ သန်း ကုန်ကျမှုရှိခဲ့သည်ဟု သိရသည်။
Credit: Yangon Media Group
For your information
လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသည့် ဆင်ခြေဖုံးများတွင် အစိုးရနေ့စဉ်သတင်းစာများမှတစ်ဆင့် ကြော်ငြာများထည့်သွင်းကာ တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးများ မြင့်တက်နေမှုသည် ဈေးကစားမှုများအပါအ၀င် တရုတ်လူမျိုးများ ၀င်ရောက်ဝယ်ယူနေသောကြောင့်ဖြစ်ကြောင်းနှင့် လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစရှိသည့် ရန်ကုန်မြို့၏ ဆင်ခြေဖုံးဒေသများတွင်လည်း နေ့စဉ်အစိုးရသတင်းစာများမှတစ်ဆင့် ကြော်ငြာများထည့်သွင်းလျက် တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။
“မြေကို ဘယ်သူတွေက ၀ယ်နေတာလဲဆိုတော့ တရုတ်တွေဝယ်နေကြတာ။ တရုတ်က ဘယ်လိုလုပ်လဲဆိုရင် မူဆယ်ကို ပထမအဆင့် ၀င်လာကြတယ်။ မူဆယ်နားက မြေတွေ သူတို့ဝယ်ကြတယ်။ ကုန်သွယ်ရေးဇုန်နားက မြေတွေဆိုလို့ရှိရင် ရှမ်းတရုတ်တွေပိုင်တဲ့မြေတွေဆိုရင် တရုတ်တွေ ၀ယ်ပြီးသွားပြီ။ ပြီးတော့ လားရှိုးရောက်လာတယ်။ လားရှိုးမှာလည်း မြေကွက်တွေက အကုန်လုံး ဒီတရုတ်တွေယူထားကြတာ။
လားရှိုးကနေပြီးတော့ တစ်ခါ မန္တလေး၊ မန္တလေးပြီးတော့ အခု ရန်ကုန်၊ ရန်ကုန်ကျတော့ ဘယ်နေရာတွေဝင်လဲဆိုတော့ ဟိုဆင်ခြေဖုံးလယ်ကွက်တွေကို စ၀င်တယ်။
ဒါသူတို့မှာ strategy ရှိပြီးသား တရုတ်တွေဝယ်တယ်ဆိုတာ အရမ်းကာရော လျှောက်ဝယ်တာ မဟုတ်ဘူး။ ဘလိုင်းကြီး မ၀ယ်ဘူး။ တဖြည်းဖြည်း အုပ်စုလေးတွေဖွဲ့ပြီး ၀ယ်တာ။
အခုလှည်းကူးတို့ ဘာတို့ဘက်တွေမှာလည်း ၀ယ်သွားတာတွေ လိုက်ကြည့်လိုက် လားရှိုးတရုတ်တွေချည်းပဲ။ တချို့က မန္တလေးတောင် မခံတော့ဘူး။ လားရှိုးကနေ ရန်ကုန်ကို တန်းဆင်းပြီး ၀ယ်နေတာပါ”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသော်လည်း ယင်းကဲ့သို့ တရုတ်များမြေ၀ယ်ယူမှုကို ဗြောင်ကျကျပြုလုပ်နိုင်ခြင်းမှာလည်း တရားဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။
“ခက်တယ်ဗျ၊ သူတို့ကလည်း ဘင်္ဂါလီတွေလိုပဲ။ မူဆယ်နေပြီဆိုကတည်းက မှတ်ပုံတင်က ရပြီးသွားပြီ။ သူတို့က transmigration လုပ်နေတာ။ ရန်ကုန်မြို့မှာတော့ မြို့ထဲ သိပ်မ၀င်နိုင်ကြသေးဘူး။ တချို့လည်း ၀င်နေပြီပေါ့။ ဆင်ခြေဖုန်းကို အဓိက၀င်နေတာ။ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် တရုတ်တွေချည်းပဲ။ တစ်လောတုန်းကဆို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စားသောက်ဆိုင်တွေတောင် ညဘက်ဖွင့်ထားတယ်။ အဲဒီမှာ ပွဲစားတွေရော၊ တရုတ်တွေရော ခြေချင်းရှုပ်နေတာပဲ။ တရုတ်ဆိုင်ပွဲစားတွေနဲ့ ညအထိရှိတယ်။ ကားတွေနဲ့ မီးတွေထွန်းပြီးတော့ ၀ယ်နေကြတာ။ အခုလည်း သတင်းစာမှာ နေ့တိုင်းကြည့်လေ။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၀ယ်လိုတယ်။ ဘယ်ဖုန်းနံပတ်ကို ဆက်ပါဆိုပြီး နေ့တိုင်းကြော်ငြာနေတာ။ တရုတ်က ဒီမှာမျိုနေပြီ။ အဲဒီဆိုင်မှာစာရေးရင် မြန်မာလိုရေးတာအပြင်၊ တရုတ်လိုပါရေးတယ်။ လာရင် ဘောင်းဘီတိုနဲ့ တရုတ်တွေချည်းပဲ”
ဟု ၎င်းက ဆိုသည်။
အလားတူပြီးခဲ့သည့် ကာလအတွင်း ၂၀၀၇ ခုနှစ်လောက်မှာစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေရလမ်းဖော်ပြစရာမလိုဆိုသော စနစ်မှာလည်း ၎င်းတို့အတွက် အခွင့်အရေးတစ်ရပ် ဖန်တီးပေးသကဲ့သို့ ရှိခဲ့ကြောင်းလည်း သိရသည်။
“တရုတ်အတွက် သီးသန့်ဖန်တီးပေးတာတော့ မဟုတ်ဘူး။ တရုတ်က ဒီအပေါ်မှာ အကွက်မြင်သွားတာပါ။ သူတို့က ပိုက်ဆံလည်းရှိတယ်။ တောက်လျှောက်ကို ၀င်နေတာပါ”ဟု မူဆယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အိမ်ခြံမြေဈေးတွေ တက်တယ်ဆိုတာ ၀ယ်လိုအားများလို့ဖြစ်တယ်လို့ ထင်ပါတယ်။
ဈေးကစားချင်လို့ ၀ယ်တဲ့အပိုင်းမှာတော့ နှစ်ပိုင်းရှိလိမ့်မယ်။
မြို့ထဲပိုင်းတွေကျတော့ လက်ပြောင်းလက်လွှဲဝယ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက အမည်ပေါက်လုပ်ရတယ်။
မြို့သစ်က ပါမစ်မြေကွက်တွေကျတော့ လက်ပြောင်းလက်လွှဲလုပ်လို့ လွယ်တယ်ပေါ့။
မြို့သစ်မှာမှ မြို့ထဲနဲ့နီးတဲ့နေရာတွေက ဈေးနှုန်းတော်တော်မြင့်သွားတယ်။ မြို့ပြင်ကျ ဈေးသက်သာတာက တစ်ပိုင်း၊ နောက်စီမံကိန်းတွေရှိတယ်ဆိုပြီး ၀ယ်တာမျိုးတွေလည်း ရှိတယ်။ နောက် ငွေကြေးအရင်းအနှီးနည်းတဲ့ သူတွေကျတော့ မြို့ထဲမှာမနိုင်တော့ မြို့ပြင်ဘက်မှာ ၀ယ်ကြတယ်။ ဒဂုံဆိပ်ကမ်းဘက်တွေမှာ ၀ယ်ကြတယ်။ မြို့ထဲမှာက တိုက်ခန်းတစ်ခန်းက သိန်း ၃၀၀၊ ၄၀၀ နဲ့ မရတော့ဘူး။ စီမံကိန်းတွေ ဘာတွေရှိတယ်ဆိုရင် မြို့ထဲတွေမှာ သယ်ယူပို့ဆောင်ရေးကလည်း ကောင်းလာမယ်ဆိုပြီးတော့ ၀ယ်ကြတယ်။ အခုဆိုရင် ဒဂုံအရှေ့ဘက်တို့ ဘာတို့ သွားရလာရတာပို လွယ်လာတယ်။ ဒါကြောင့် ၀ယ်လိုအားလည်း ကောင်းလာပါတယ်”
ဟု Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ဆိုသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Written by: အငယ်ထွေး
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ
မိုးတွေကလည်း သည်းသည်းမည်းမည်း လူတွေကလည်း ဖွေးဖွေးကားတွေကလည်း စီစီညံ အော် ဆိပ်ကမ်း ဆိပ်ကမ်း....
For your Knowledge
BOT စနစ်ဖြင့် Condo ဆောက်လုပ်၍ အပိုင်ရောင်းချ
====================================
BOT ( Build Operate Transfer ) ဖြင့် ကွန်ဒိုဆောက်လုပ်၍ အပိုင်ရောင်းချခွင့်မရှိပေ။ ကွန်ဒိုဆိုသည်မှာ စုပေါင်းပိုင်သည့် မြေပေါ်တွင်သာ ဆောက်လုပ်ရသည့် သဘော သဘာဝဖြစ်ပါသည်။
လက်ရှိအချိန်တွင် ကွန်ဒိုဟု အမည်တပ်ထားပြီး BOT စနစ်ဖြင့် ဆောက်နေသော တိုက်ခန်းများသည် အမှန်တွင် ကွန်ဒိုဟု ခေါ်ဆိုရန် မသင့်ပေ။ မြန်မာပြည်တွင် ကွန်ဒိုအား အဓိပ္ပါယ်သတ်မှတ်ချက်လွှဲမှားနေပါသည်။ စင်စစ်တွင်ကွန်ဒိုမီနီယံ၏ အဓိပ္ပါယ်မှာ ဒိုမီနီယံမှ လာခြင်းဖြစ်ပြီး စုပေါင်းပိုင်သည့် သဘောသဘာဝဖြစ်ပါသည်။
Public Ownership အနေဖြင့် အားလုံးနှင့်သက်ဆိုင်သော စုပေါင်း ဧရိယာပေါ်တွင် စုပေါင်းပိုင်ဆိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် Condo သည် System တစ်ခုပေါ်တွင် မူတည်ပြီး ပစ္စည်းပေါ်တွင် မူမတည်ပေ။ ကွန်ဒို၏ အနှစ်သာရအရ ကွန်ဒိုတကယ်ဆောက်ချင်သော သူသည်မြေကြီးနှင့်ပတ်သက်၍ ကြောငြာပေးရမည်ဖြစ်သည်။
ယင်းမြေပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံဆောက်မည်ဖြစ်ကြောင်း
ကြေညာရခြင်းမျိုးဖြစ်ပါသည်။ အဆိုပါ သတ်မှတ်ချက်များနှင့် မပြည့်စုံပါက ကွန်ဒိုဟု မခေါ်ဆိုနိုင်ဟု သိရှိရပါသည်။ BOT စနစ်နှင့် ငှားထားသော မြေပေါ်တွင် ဆောက်လုပ်သော တိုက်ခန်းများကို ဝယ်ရင်သိရှိထားရမည့် အချက်များ ရှိပါသည်။ အစိုးရဆီမှ BOT စနစ်နှင့် ငှားထားသောကြောင့် တိုက်ခန်းဆောက်သော ကုမ္ပဏီကိုယ်တိုင် အစိုးရဆီသို့ သက်တမ်းပြည့်ရင် ပြန်အပ်ရမည်ဖြစ်ပါသည်။
BOT စနစ်ဖြစ်သောကြောင့် ပြည့်ရင် အရှိတိုင်းပြန်အပ်ရမည်ဖြစ်သည်။ ကွန်ဒိုမီနီယံ တိုက်ခန်းဖြစ်လာခဲ့လျှင် အခန်းဝယ်မည့်သူဘက်မှ မြေကြီးပါ ရှယ်ယာပိုင်ဆိုင်သည့်သဘောဖြစ်ပါသည်။ ဂရန်သက်တမ်းကုန်သွားခဲ့ရင်လည်း အစိုးရဆီမှာ သက်တမ်းထပ်တိုးနိုင်ပါသည်။ ကွန်ဒိုမီနီယံ ဥပဒေ ပြဌာန်းထားသော မည်သည့် ဥပဒေကိုမဆို လိုက်နာပါမည်ဆိုသော ခံဝန်ချက်နှင့် စာချုပ်ချုပ်ဆိုကြပါသည်။
ဤစာချုပ်ချုပ်ဆိုသောကြောင့် ဝယ်မည့်သူများဘက်မှ နစ်နာမှု့မရှိနိုင်ဟု သိရပါသည်။ သို့သော် အမှန်တကယ် ကွန်ဒိုဥပဒေထွက်လာလျှင်သော်လည်းကောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ မှ ဥပဒေကို မလိုက်နာပါကလည်းကောင်း၊ အခြေအနေများ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်ပါသည်ဟုလည်း ခန့်မှန်းကြပါသည်။
မကျော့ကေနှင်း ( မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News – MPN )
ဒီကနေ့ Facebook တစ်ခွင်က ရရှိလာတဲ့ အချက်လေးတွေပါ။
ရပ်ကွက်အလိုက်စုစုစည်းစည်းဖော်ပြပေးထားပါတယ်။
149/906=103 0930235229
149/1563=125 095410917
149/520=125 095063568
153/1993=170 0930235229
152/1934= 142 09421013792
152/1705=135 09254405599
155/270= 220 09254405599
137/151=215 09254405599
158/165=190 09254405599
140/1151=370 09254405599 (20x 60)
151/1092=135 0930235229
151/999=135 09421092882
151/1697=175 09421092882
151/79=140 095063568
151/1169=137 095410917
150/1443=125 0930235229
150/1710=130 095410917
138/380=250 09421142707
138/322=210 09421142707
139/565=255 09421142707
81/293=220 095063568
အကျိုးဆောင်တွေဆီက ရရှိလာတဲ့ အချက်တွေကို လည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
very good article.
ယနေ့ မိုးရေတွေထဲမှာ ကြိုးစားပမ်းစား အကွက်လိုက်ရှာ.....
Shwe Lin Pan Housing Demand
For your knowledge
ဒီကနေ့ မြင်ကွင်းပါတဲ့။
Credit: Thiha Htet ကျေးဇူးပါ။
ဒဂုံဆိပ်ကမ်း ၁၆၈ အပိုင်း ၁, ၂, ၃, ၄, ၅ က ဘာတွေရှိလဲ။ လက်တို့ပေးပါအုံး။
မင်္ဂလာပါ။ Dagon Sake Kan Page လေးမှ ကြိုဆိုပါတယ်။ လူကြီးမင်းတို့ ရောင်းလိုဝယ်လိုသော မြေကွက်များကို စိတ်ကြိုက် Share နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကုလားဝဲ တံတားအဆင်းနားမှာ လယ်မြေ ၃ဧက လောက်ေ၇ာင်းဖို့၇ှိ ပါတယ်
pls msg
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11011
Yangon
lakharajj Nobab sir Mohammad Javed Iqbal Bahadur estate in Bengal inshallah
Ciudad. MOQUEGUA
Yangon, 18001
Ofrecemos El Proyecto El Mirador De Omo Moquegua, con super ofertas, Te ofrecemos la mejor ubicación.
No. (150/152), Pansodan Road, Kyauktadar Township
Yangon
OUR MISSION * To Focus relentlessly in giving our highest level of expertise & greatest commitments
No. 7/8, Kabar Aye Pagoda Road, Yankin Township
Yangon, 11081
Marga Group is an international business platform with an ASEAN focus.
Building No. 608 (13e) The Corner Of Merchant Road And Bo Soon Pat Street, Pabedan Township
Yangon
ヤンゴン・ミャンマー不動産投資を専門でサポートする 「ホワイトベイ・コンサルティング」公式FBページ
6. 5 Miles, Pyay Road, Sin Phyu Shin Yeik Tha, Hlaing Township
Yangon, 11051
POSCO International Amara Co.,Ltd. is an investment management company owning Lotte Hotel Yangon.