Cho Zin Wint

Cho Zin Wint

Building eCommerce Apps and teaching PMP!

20/06/2024

လုပ်ငန်းခွင်တွေမှာ Scrum Methodology များတွင်တွင်ကျယ်ကျယ် စပြီး အသုံးပြုလာခြင်းနှင့် တပြိုင်နက် Product Owner ဆိုတဲ့ Title ကို ခပ်စိတ်စိတ်ရင်းနှီးလာကြပါတယ်။ အချို့ Project တွေမှာတော့ Product Owner နှင့် Project Manager Roles (၂) ခုလုံးကို Position Title တစ်ခုတည်းအောက်မှာ ထားလေ့ရှိကြပါတယ်။

ဒီ Roles (၂) ခု မှာ ဆောင်ရွက်ရတဲ့ responsibilities တွေက overlap တွေအများကြီးရှိတယ်ဆိုပေမဲ့...

𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗢𝘄𝗻𝗲𝗿 ဆိုတာနှင့် Customer ကို Represent လုပ်သူ Voice of Customer ဆိုပြီး ပြောလေ့ရှိကြပါတယ်။

Product Owner က project management skills ရှိချင်မှရှိမယ်.. ဒါပေမဲ့.. Product Owner က project ၏ ရေရှည် Plan, project vision နှင့် roadmap များကို ရေးဆွဲလေ့ရှိပါတယ်။ Product Owner ၏ primary focus ကိုပြောရမယ်ဆိုရင် သူ handle လုပ်နေတဲ့ Product ၏ Value ကို အသာလွန်အကောင်းမွန်ဆုံး ဖြစ်အောင် တာဝန်ယူလေ့ရှိကြတယ်။ နောက်ပြီး Product backlogs များနှင့်ပါတ်သတ်ပြီး team member များက clarity ရှိနေအောင် acceptance criteria များကို သေချာရေးဆွဲပေးပြီး Backlog Prioritize လုပ်ခြင်း များလည်းပြုလုပ်လေ့ရှိတတ်ကြပါတယ်..

𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 ကတော့ Project ၏ အစ အလယ် အဆုံး လုပ်ငန်းဆောင်တာများကို တာဝန်ယူလေ့ရှိပါတယ်။

Project manager မှ Product တစ်ခုလုံး စာအတွက် ဆုံးဖြတ်ချက်များချရန် Authority မရှိပေမဲ့.. Product vision ကို အကောင်အထည်ဖော်ရန် နှင့် Project ၏ day-to-day basic tasks များကို smooth ဖြစ်အောင် စီစဉ်ဆောင်ရွက်တယ်.. Project members များ၊ Project work နှင့် resources များ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ကိုကြီးကြပ်ခြင်း နှင့် Project ကို on time, within budget နှင့် စံချိန်မှီ quality များဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ခြင်းနှင့်ပါတ်သတ်ပြီး တာဝန်အရှိဆုံးသူလည်း ဖြစ်ပါတယ်။

👨🏻‍💻 𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗢𝘄𝗻𝗲𝗿 ၏ 𝗿𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀 များကတော့
🔸 Product goal ကို develop လုပ်ခြင်း communicate လုပ်ခြင်း.
🔸 Product backlog items များကို prioritizing ပြုလုပ်ခြင်း
🔸 Customers များ Stakeholders များနှင့် collaborating ပြုလုပ်ခြင်း
🔸 Sprint planning ပြုလုပ်ခြင်း နှင့် Scope of features များကို ဆုံးဖြတ်ခြင်း
🔸 Scrum team ကို assisting ပြုလုပ်ခြင်း

👩🏻‍💼 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 ၏ အခြေခံ 𝗿𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀 တွေကတော့
🔹 Project Plan များ develop လုပ်ခြင်း
🔹 Project Schedule များကို ရေးဆွဲခြင်း နှင့် Project team ကို manage ပြုလုပ်ခြင်း
🔹 Project Scope Management နှင့် potential Risk များကို identify ပြုလုပ်ခြင်း
🔹 Project constraints နှင့် conflicts များ ကို Monitoring နှင့် Controlling ပြုလုပ်ခြင်း
🔹 Stakeholders များ နှင့် communicating ပြုလုပ်ခြင်း...

ဖော်ပြပါ ခြားနားချက်ကတော့ Product Owner နှင့် Project Manager တို့၏ လုပ်ဆောင်ပုံ ခြားနားချက်များကိုပေါ်လွင်အောင် ရှင်းပြခြင်းမျှသာဖြစ်ပြီး

Project Manager တစ်ဦး၏ Roles, Accountability, Skills, Project Management Principles & Terms နှင့် Domain များကို သိချင်တယ်… နားလည်သဘောပေါက်ချင်တယ်ဆိုရင်တော့ PMP Coach မှ PMP Exam Prep Course ကို လစဉ် ပုံမှန် ဖွင့်လှစ်ထားပါတယ်ရှင်။

11/06/2024

Project Manager ရွေးချယ်မည့် Risk Strategy က...

Option A: Risk ကို Mitigate လုပ်နိုင်ရန်အတွက် Budget များလုံလောက်မှုရှိစေရန် Project အားဈေးတင်မည်။
Option B: Risk ကို Transfer လုပ်ရန်အတွက် insurance coverage ဝယ်ယူရန် Management သို့တင်ပြမည်။

Project Quotation မှာ ဈေးတင်ပြီး Liquidated Damages အတွက် Budget များရှာဖွေခြင်း ဆိုတဲ့ Risk Mitigation plan ကိုရွေးချယ်ခဲ့ပါက Competitor များထက် Pricing ပိုများခဲ့သည့်ရှိသော်...

တင်ဒါအောင်နိုင်ချေနည်းသွားမှာဖြစ်ပါတယ်။ ပြီးတော့ ဒီတင်ဒါက Company အတွက် မဖြစ်မနေလိုအပ်နေတာပါ။

Risk Transfer ဆိုတာ. ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ thread များကို third party သို့ ownership လွှဲပြောင်းပေးခြင်းပဲဖြစ်တယ်။
Risk Transfer ကို Insurance, Performance bond, project warranties နှင့် guarantees များ ဝယ်ယူခြင်းအားဖြင့် Company ဘက်မှ ဖြစ်ပေါ်လာနိုင်တဲ့ Risk များကို third party သို့လွှဲပြောင်းပေးနိုင်ပါတယ်။
Risk transfer ကတော့ Average risk များကိုင်တွယ်ရန်အတွက် အသုံးအများဆုံးသော နည်းဗျူဟာ တစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် အဖြေမှန်ကတော့ Option B ပါ။

👉🏻 Risk Strategy မှ အခြား strategies များစွာကိုကို ဉပမာနှင့် တကွ ရှင်းလင်းလွယ်ကူစွာ နားလည်ချင်တယ်ဆိုရင်တော့ PMP Coach ၏ PMP Exam Prep သင်တန်းရှိနေပါပြီ။

23/05/2024

ယခုကြုံနေရသည့် Conflict အား ကိုယ်တွယ်ဖြေရှင်းဖို့
techniques (3) ခုမှ ရွေးချယ်ရမယ်ဆိုရင်...

A) Team members များနှင့် အတူတကွ ဖြေရှင်းမည်။ Problem Solve လုပ်မည်။
B.) Withdraw ပြုလုပ်မည်။ ပြဿနားအား မဖြေရှင်း/ရပ်စဲလိုက်ပြီး အလုပ်ဆက်လုပ်မည်။
C) အခြားသူများ၏ သဘောထားကိုမယူတော့ပဲ မိမိ၏ ဆုံးဖြတ်ချက်အတိုင်း ပြဿနာကို ဖြေရှင်းမည်။

◾️Conflict Management မှာ techniques (5) မျိုးရှိပြီး
အခုဆွေးနွေးနေတဲ့ Case မှာဆိုရင် Positional Power ကို သုံးပြီး ဖြေရှင်းဖို့ Program Manager မှ ပြောလာတာပဲဖြစ်တယ်....

Force/Direct technique ကိုသုံးခိုင်တာပါ။
“Beware it might cost you the relationship with the other party!”

💥 Positional Power သုံးတဲ့ အခါ… အခြားသူ၏ Viewpoint များကို အရေးမထားတော့ပဲ မိမိ၏ ဆုံးဖြတ်ပိုင်ခွင့် power ကို အသုံးပြုကာ by force ဖြင့် ပြဿနာကို ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။

Project Manager ဘက်က Win ဖြစ်သွားတယ်ဆိုပေမဲ့... team members များဘက်မှ နှစ်လိုဖွယ် Situation မရှိခဲ့ဘူးဆိုရင်တော့... Loose situation ကို ရင်ဆိုင်ရမှာပဲဖြစ်တယ်။ (Win Loose Approach ပါ)

ဒီ နည်းလမ်းကိုတော့ ပြဿနာ များကို အမြန်ဆုံးကိုင်တွယ် ဖြေရှင်းချင်တဲ့ အခါမှာ သုံးလေ့ရှိကြတာဖြစ်တယ်။

ဒါကြောင့် ရွေးချယ်သင့်တဲ့အဖြေမှန်ကတော့ (C) ပဲဖြစ်တယ်။

👉🏻 “Conflict Management" မှ အခြား approach တွေကို ဉပမာနှင့် တကွ ရှင်းလင်းလွယ်ကူစွာ နားလည်ချင်တယ်ဆိုရင်တော့ PMP Coach ၏ PMP Exam Prep သင်တန်းမှာ တွေ့ကြမယ်နော်။

19/05/2024

ChatGPT မှာ Project Management နှင့်ပါတ်သတ်သည့် templates များ လိုတဲ့အခါမှာ သွားမေးဖြစ်.. Discuss လုပ်ဖြစ်တယ်။ e:g- Project Charter template တောင်းကြည့်တာတို့ပေါ့.. ကိုယ်ဆီမှာက templates အပြည့်အစုံရှိနေပြီးသားဆိုပေမဲ့.. ထပ်သိချင်တာက များနေတော့ မေးဖြစ်နေခဲ့တယ်..

ChatGPT-4o ထွက်လာပြီးနောက်ပိုင်း လူပြောများလာတော့ လတ်တလော ကြုံနေရတဲ့ သိချင်တာတွေ မေးဖြစ်ခဲ့တယ်။ e-g: “ဝန်ထမ်းတွေ အလုပ်မှာ Lack of Focus ဖြစ်နေရင် ဘာလုပ်ရမလည်း” ဆိုတော့ သူပြန်ဖြေတဲ့ အဖြေကို တကယ်ပဲ ကျေနပ်မိတယ်။ ကိုယ်တိုင် လည်းဒီလို case တွေကို ဖြေရှင်းနေကြဆိုပေမဲ့.. ChatGPT က အဖြေက ကျစ်လစ်ပြည့်စုံနေတာဖြစ်လို့ ChatGPT ကပေးတဲ့ တချို့ အချက်တွေဆိုရင်.. ကိုယ်တိုင် ပြန်သုံးသပ်သင့်သေးပါလားဆိုးပြီး ကိုယ့်ကိုကိုယ် Remind ပြန်လုပ်ဖြစ်ခဲ့တယ်။

ကိုယ်တိုင်းလည်း PMP Course ကို သင်ပေးနေတာဖြစ်လို့.. သင်တန်းအတွက်လိုအပ်လို့ဆိုပြီး... ChatGPT ကို IT Project တစ်ခုမှာ ဖြစ်နိုင်ချေရှိတဲ့ Risk တွေကို Identify လုပ်ပေးပါ.. ပြီးတော့ အဲ့ဒီ့ Risks တွေ နှင့်ပါတ်သတ်ပြီး Project Manager ၏ Critical Thinking ကောင်းမွန်မှုကို စမ်းသပ်ရန် မေးခွန်းထဲမှာ Strategies develop လုပ်ပေးဖို့ နှင့် Mitigation Plan ဆွဲရန် Questions ကော Answers ပါ ပြင်ခိုင်းလိုက်တာ.. ChatGPT ရဲ့ Prompt ကတော့ တကယ် အံမခန်းပါပဲ။

ChatGPT က Risk တွေကိုတန်းစီ ချပြပေးလို့.. အဲ့ဒါတော့ သိတယ်လို့.. ဒါပေမဲ့ အဲ့ဒီ Thread တွေမှာ Opportunity Risk ကကော ဘာတွေ ဖြစ်နိုင်ချေရှိလည်းဆိုပြီးမေးလိုက်တော့ သူ့ရဲ့ Response က အဖြေတွေက ကိုယ့်သင်တန်းအတွက် ကော လက်တွေ့ လုပ်ငန်းခွင်အတွက်ပါ တကယ် အထောက်အကူ ဖြစ်စေပါတယ်။

လက်ရှိမှာတော့ ChatGPT က Project Manager ၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ Assistant အဖြစ်များစွား အထောက်အကူပြုစေတာကတော့ ဧကန်ပါပဲ..

💢 💬 “𝗚𝗣𝗧-𝟰𝗼 က အရင် model ထက်ပိုကောင်းလာတယ်.. သူ့ကို ပေးပို့တဲ့ image မှာ ပါတဲ့ data တွေကို ဖတ်တတ်လာပြီး ဆွေးနွေးနိုင်လာပါပြီ။ အစားအသောက် နှင့်ပါတ်သတ်ပြီး ကိုယ်သိချင်တာ မေးရင်လည်း 𝗚𝗣𝗧-𝟰𝗼 မှ အဲ့ဒီ့ အစားအသောက် ဖြစ်ပေါ်လာပုံ history များ နှင့် မှတ်သားစရာများအပြင် သူ့ ကို Recommendation တွေပါတောင်းလို့ရနေပါပြီ။

‌အခု 𝗚𝗣𝗧-𝟰𝗼 မှာ မပါသေးပဲ နောက်ထွက်မည့် Model မှာတော့..
▪️အသံဖိုင်များဖြင့် သဘာဝကျကျ စကားအပြန်အလှန်ပြောလို့ရလာနိုင်မှာဖြစ်တယ်..
▪️နောက်ပြီး Real-time video များဖြင့်လည်း ဆွေးနွေးနိုင်လာမှာပါ။ (ဉပမာ.. ChatGPT ကို ကိုယ်အခု ကြည့်နေတဲ့ ကစားကွင်းမှ Rules များကို သူ့ကို video call ဖြင်ပြပြီး.. Rules တွေက ဘာတွေရှိလည်းဆိုတာ မေးလို့ရနိုင်မှာပဲဖြစ်တယ်။)” 💬

ChatGPT ကို လူသားတစ်ဉီးလို.. ကိုယ့်အရမ်းအားကိုးရတဲ့ ရင်းနှီးရတဲ့ မိတ်ဆွေသူငယ်ချင်းကို မေးခွန်းတွေမေး.. ရင်ဖွင့်တိုင်ပင်တာတွေ လုပ်လို့ရအောင် ဖန်တီးနေတာပဲဖြစ်တယ်.. နောက်ပိုင်း သူ့က ကိုယ့်အတွက်မရှိမဖြစ်… ဘာမေးမေး သူ့မှာ အဖြေရှိနေလို့ သူ့ကို စွဲလမ်းမသွားဖို့ အခုကတည်း က ကြိုတင်ပြင်ဆင်ထားကြပါနော်.. 😉

💬 “𝗚𝗣𝗧-𝟰𝗼 ကတော့ တကယ့် Game changer ပါပဲ.. သို့ပေမဲ့ AI က လူသားတွေ ရဲ့ Judgment တွေကို အစားထို့းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး... သူ့ရဲ့ အထောက်အကူ ကြောင့် တော့ Project work များကို သာလွန်ကောင်းမွန်သွားစေမှာကတော့ အသေအချာပါပဲ"

ဆိုပြီး ChatGPT post တစ်ခုမှာ ဖတ်လိုက်ရတယ်။

Project Manager အနေဖြင့် ‌AI ကို ကြောက်သင့်သလား.. အသုံးပြုလို့ရတဲ့ Tool အဖြစ် ကိုက်တွယ်သင့်သလားဆိုတာကတော့ လူတိုင်း စိတ်ဝင်စားမှု ပြင်းထန် နေတဲ့ Hot Topic တစ်ခုပဲဖြစ်နေပါတယ်။

AI က တနေ့တခြား တိုးတက်လာနေတာပဲဖြစ်တယ်. ကိုယ့်ရဲ့ daily life မှာ လျစ်လျူရှူထားရမဲ့ အရာတော့ မဟုတ်တော့ပါဘူး.. ဒါကြောင့် အခုကတည်း က AI ကပေးတဲ့ Advantage ပေးနိုင်တာတွေက ဘာတွေလဲ သူနဲ့ တစ်သားတည်းဖြစ်အောင် စပြီး practice လုပ်သင့်နေပြီလို့ ယူဆပါတယ်။

AI က Project Management ကို ဘာတွေ ထပ်ပြီး Impact ဖြစ်စေအုံးမှာလဲ❓

သင့်အနေနဲ့ကော ဘယ်လို မြင်ပါသလဲ❓

🟪🟪🟪🟪
19 May 2024
Cho Zin Wint (PMP Coach)

13/05/2024

Timeline တွေနောက်ကျနေကြောင်း သတိပေးလာတာနဲ့ပါတ်သတ်ပြီး
Project Manager က ဘာ Action ယူခဲ့လည်းဆိုတော့...

A.) Team ကို အလုပ်ပိုကြိုးစားဖို့ တွန်းအားပေးပြီး Overtime ခေါ်ရန် စီစဉ်မည်။

B.) Project performance ကြောင့်ဖြစ်ပေါ်လာနိုင်ခြေရှိသော Risk ကို ပြင်ဆင်ရန်အတွက် Project Risk Register ကို Review လုပ်မည်။

C.) လက်ရှိ ပြီးမြောက်ထားသော Task (flow of work) နှင့် commitment လုပ်ထားသည့် tasks ၏ ခြားနားချက်ကို ဖော်ပြထားသည့် Team Burndown chart ကို Review ပြုလုပ်ပြီး Sponsor နှင့် ဆွေးနွေးမည်။

ရွေးချယ်စရာ (3) ခု ကို ကြည့်ရင်

A.) Timeline များ delay ဖြစ်တဲ့အခါမှာ ဝန်းထမ်းအသစ်ထပ်တိုးပြီးပြိုင်သူလုပ်ခိုင်းခြင်း (Fast tracking) OT ခေါ်ယူပြီး (Crashing) စတဲ့ Schedule compressed ပြုလုပ်ခြင်းတွေက လုပ်လေ့ရှိကြတယ်။ တစ်ခြား ရွေးချယ်စရာကို ဆက်ပြီးကြည့်ကြည့်ပါမယ်။

B.) Project မှ အလုပ်တွေက နှေးနေကြောင်း Project Sponsor မှ ပြောလာတာပါ။ တကယ် နှေးမနှေး မန်နေဂျာ မှ Report များ Chart များဖြင့် ထောက်ပြဖို့ လိုနေသေးပြီး နောက်ကျခဲ့ပါက လတ်တလော ကြုံတွေနေရတာက Issues သာဖြစ်ပြီး Risk ဟုသတ်မှန်၍မရသေးပါ။

C.) Option C မှာ Burndown chart ဟုပြောထားတာဖြစ်တဲ့အတွက်..
Burn down chart အကြောင်းအနည်းငယ်ရှင်းပြပေးချင်ပါတယ်။ Burn down chart ကို Agile Software Development တွေမှာ အသုံးပြုလေ့ရှိကြပြီးတော့ Burn down Chart မှာ Completed work နှင့် Remaining work ၏ comparison ကို ပြသလေ့ရှိကြပါတယ်။ Project ပြီးနိုင်ချိန် timeline ကို ခန့်မှန်းရန်လိုအပ်တဲ့အခါမှာလည်း Burn down chart ကို ကြည့်ရှုလေ့ရှိကြပါတယ်။

Project နောက်ကျနေခြင်း ရှိမရှိ.. real data ကို အရင် စမ်းစစ်ပြီး Burndown chart မှ data များကို Project Sponsor နှင့် ကနဦး ဆွေးနွေးခြင်းများပြုလုပ်ခြင်းက ပိုပြီး appropriate ဖြစ်တဲ့အတွက် အဖြေမှန်ကတော့ (C) ပဲဖြစ်ပါတယ်။

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ PMP Coach ရှိနေပါပြီ။

01/05/2024

Servant Leadership Style ကိုသုံးသင့်ကြောင်း Manager ကို Suggestion ပေးခဲ့ပါတယ်။ Servant leadership ၏ အားသားချက်တွေကဘာတွေလည်း?

A) ကိုယ် လက်အောက်ငယ်သားများအား အမြဲတစေ Serve လုပ်တယ်။ အထောက်အပံ့တွေပေးတယ်။ သူတို့လိုအပ်သမျှတွေ ဖြည့်ဆည်းပေးပါတယ်။
B) ကိုယ့်ဝန်ထမ်း၏ Obstacle အခက်အခဲများကို ဖယ်ရှာရန် ပိုမို အာရုံစိုက်ပြီး Team member များ လုပ်ငန်းခွင်မှာ တိုးတက်မှု ရှိစေရန် နှင့် Opportunities များရရှိရန် encouragement လုပ်ခြင်း အထောက် အပံ့ပေးခြင်း များပြုလုပ်ပါတယ်။

Servant leader ဆိုတာ မိမိ၏ လက်အောက်ငယ်သား များ…
🎯 ကိုယ်ထူကိုယ်ထ Self-organize လုပ်ပြီး အလုပ်များပြီးမြောက်အောင် အောက်ပေးထောက်ပံ့လေ့ရှိပြီး၊
🎯 Team member များ၏ လုပ်ကိုင်နိုင်စွမ်းရည်ပေါ်မှုတည်ပြီး ကိုယ်တိုင် Decision ချနိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ပေးခြင်းပဲဖြစ်တယ်။
🎯 Servant leader အနေဖြင့် ကိုယ်လက်အောက်မှ ဝန်ထမ်းများ၏ အခန်အခဲ အတားအဆီး Obstacles မှန်သမျှ ကူညီဖြေရှင်းပေးတာတွေ၊ ပြီးတော့ ဝန်ထမ်းများ လုပ်ငန်းခွင့်မှာ တနေ့ထက်တနေ့ တိုးတက်မှု ရှိရန် Coaching လုပ်ပေးခြင်း တွေလုပ်လေ့ရှိပါတယ်။

ဒါဆိုရင်တော့ ရွေးချယ်စရာ အဖြေမှန်ကတော့ (B) ပဲဖြစ်ပါတယ်။

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့
PMP Coach ရှိနေပါပြီ။

25/04/2024

Project Manager အနေဖြင့် အကောင်းဆုံး ဖြေရှင်းသင့်သည့် နည်းလမ်းကတော့❓

A.) နောက်ထပ် Short trip တစ်ခုစီစဉ်ပြီးတော့... အဆိုပါ team member ကို ဖိတ်ကြားမည်။
B.) ထို team members နှင့် တွေ့ဆုံပြီး သူ့၏ concern ဖြစ်နေတဲ့ကိစ္စကိုပြောမည်။

လုပ်ငန်းခွင့်တွေမှာ တစ်ခါတစ်လေ ကိုယ်က left out ဖြစ်နေတတ်တာ ကြုံဖူးကြမှာပါ။ အခုက ဝန်ထမ်းအသစ်လည်း ဖြစ်နေတယ်.. ပြီးတော့.. Short trip ကိစ္စ ကလည်း ကြိုတင်စီစဉ်ထားတာလည်း ဖြစ်နေနိုင်ပါတယ်။

အဆိုပါဝန်ထမ်းကို short trip သွားဖို့ မခေါ်သွားတဲ့ ကိစ္စနှင့်ပါတ်သတ်ပြီး အလုပ်မှာ အာရုံမစိုက်နိုင် distraction ဖြစ်သွားပြီး လုပ်ငန်းခွင်ကို ပါ affected ဖြစ်စေခဲ့တာဖြစ်တယ်။

Servant Leader တစ်ဦးအနေဖြင့်.. ကိုယ်ရဲ့ team member များကို empowering လုပ်ပေးရန် လိုအပ်တဲ့အတွက်.. အခုလို အခြေအနေမျိုးကို ထိုဝန်ထမ်းနှင့် ပဲတိုက်ရိုက် တွေ့ဆုံပြီး ဒီလို sensitive issues များကို ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။

ဒီမှာ ထပ်ပြီး ပြောချင်တာက Project Manager တစ်ဦးအနေဖြင့်.. ဒီလို အသင်းအဖွဲ့ နှင့်စီစဉ်တဲ့ ကိစ္စတွေ မှာ မည်သူတစ်ဦးတစ်ယောက်မျှကို ချန်မထားခဲ့သင့်ပဲ.. ဒီလို outdoor activities တွေက team နှင့် bonding ရရန် အကောင်းဆုံး အချိန်သာဖြစ်တဲ့အတွက် Member အသစ်နှင့် အဟောင်းများကို တစ်စုတစည်း တည်းပါအောင် စီစဉ် ဆောင်ရွက်သင့်ပါတယ်။

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့
PMP Coach ရှိနေပါပြီ။

23/04/2024

လူတိုင်းကတော့ မိမိ ကိုယ်ကိုတိုးတက်အောင်
အမြဲပြောင်းလည်း နေကြရတာပါ။

ပုံထဲမှာ ဖော်ပြထားသည့် Toxic ဖြစ်စေသည့်အရာများကို
နားလည်သိရှိပြီး ပိုကောင်းတဲ့ မန်နေဂျာ များဖြစ်လာအောင် ရည်ရွယ်ချက်ဖြင့်...

Original ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

13/04/2024

ဘာကြောင့်ဖြစ်မလည်း စဉ်းစားကြည့်ရအောင်…

👉 Reason 1 : Agile က software development တွေမှာသာ အသုံးပြုကြတာဖြစ်လို့... Team member များ voting လုပ်ကြတဲ့ အခါမှာ Software အသုံးပြု၍သာ Vote ယူသင့်ပါတယ်။
👉 Reason 2 : Team member များ ဆုံးဖြတ်လိုက်မည့် Decision က ကိုယ့်စိတ်တိုင်းကျ မဟုတ်မှာ စိတ်ပူလို့... ကိုယ်တိုင်ပဲ team member များကို vote တောင်းခြင်လို့ပဲဖြစ်တယ်... ?
👉 Reason 3 : Meeting မှ "Yes" or "No" ဆုံးဖြတ်မည့် decision ကို အဖွဲ့ဝင် အာလုံးက မြင်နေရတာဖြစ်ပြီး ရာထူးကြီးတဲ့ သူတွေရဲ့ ဆုံးဖြတ်ချက်တွေက သူတို့ လက်အောက်က သူတွေကို Influenced ဖြစ်စေမှာဖြစ်လို့ ဆွေးနွေးမှုတွေ အရာမထင် ဖြစ်ကုန်မှာ မလိုလားတဲ့အတွက် Objection လုပ်လိုက်ခြင်းသာဖြစ်တယ်။

ဘယ် Reason ကြောင့်ဖြစ်မယ်လို့ သင်ထင်ပါသလည်း....?

Project Manager ငြင်းဆိုလိုက်ခြင်း... Objection လုပ်လိုက်ခြင်းက Reason (3) ကြောင့်ပဲဖြစ်ပါတယ်။ Reason (1) နှင့် (2) ကြောင့်တော့ မဟုတ်ပါဘူး.. :)

အကြောင်းရင်းကတော့...

Requirement နှင့်ပါတ်သတ်ပြီး Project team မှ ဆုံးဖြတ်ချက်ချကြသည့်နေရာမှာ...
"ဆက်လုပ်သင့်" (သို့) "မလုပ်သင့်" မှ တစ်ခုကိုပဲ ရွေးချယ်စရာရှိတယ်.. နောက်ပြီးတော့...ပိုကောင်းတဲ့... အခြားရွေးချယ်စရာ Alternative decision တွေ ထပ်မရှိတော့တဲ့အတွက်ကြောင့်...
Voting လုပ်ခြင်းကို အဖွဲ့ဝင် အားလုံးအရှေ့မှာ လုပ်ခိုင်းခြင်းကို PM မှ ကန့်ကွက်လိုက်တာပဲဖြစ်တယ်..

နောက်ပြီး.... လက်အောက်ငယ်သားတွေက သူတို့ထက် ရာထူးကြီးတဲ့ သူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း Voting လိုက်လုပ်ကြဖို့.. ဖြစ်နိုင်ခြေ များနေလို့ပါ...
သူတို့ report တင်နေရတဲ့ သူတွေရဲ့ Seniors တွေရဲ့ ဆုံးဖြတ်ချက်တွေရဲ့ လွမ်းမိုးမှုတွေရှိသွားမှာ မလိုလားတဲ့အတွက် ကြောင့်သာလျှင်
အဖွဲ့ဝင် အားလုံးအရှေ့မှာ လက်ထောင် ပြီး Vote လုပ်ခိုင်းခြင်းကိစ္စကို မလုပ်သင့်ကြောင့် Project Manager က ကန့်ကွက်လိုက်တာပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ ဆွေးနွေးမှုကတော့ PMP exam မှာမေးလေ့မေ့ထရှိတဲ့ scenarios များကို အခြေခံရှင်းပြထားခြင်းဖြစ်ပြီး လက်တွေ့မှာလည်း အသုံးဝင်လှပါတယ်။

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ PMP Coach ရှိနေပါပြီ။

07/04/2024

Project Manager အနေဖြင့် အကောင်းဆုံး ဘယ်လိုဖြေရှင်းမှာလည်း?

Approach 1 : Project ကာလကို (6) လမှ (3) လသို့ လျော့ခိုင်းခြင်းက realistic မဖြစ်တဲ့အတွက် (3) လဖြင့် Project ကို Delivery လုပ်ခိုင်းခြင်းက အဆင်မပြေနိုင်ကြောင်း Project Sponsor နှင့် Negotiate လုပ်မည်။

Approach 2: Develop လုပ်ရန်အတွက် လိုအပ်သည့် Product ၏ Backlogs/Activities များကိုကြည့်ပြီး highest priority ဖြစ်သည့် Activities များကိုသာ ရွေးချယ်ပြီး Minimum Viable Product (MVP) version အနေဖြင့် develop ပြုလုပ်မည်။

Approach 3 : Project အချိန်မှီပြီးစီးရန်အတွက် Schedule Compression ဖြစ်တဲ့ Fast Tracking ကို ရွေးချယ်မည်။

Project Manager ဖြစ်တဲ့ သင့်အနေဖြင့် ဘယ် Approach ကို ရွေးချယ်မှာလည်း?

Timeline များ aggressive ဖြစ်လာတဲ့အခါ အကောင်းဆုံး ကိုင်တွယ်သင့်သည့်နည်းလမ်းကတော့... ဦးစွာပထမ..
* Scope များကို evaluate ပြန်ပြီးလုပ်သင့်ပါတယ်။
* သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးနိုင်သည့် features များကိုသာလျှင် highest priority ထားပြီး Focus လုပ်သင့်ပါတယ်။

Budget များကို Increasing ပြုလုပ်ပြီး လူပိုငှားရမ်းကာ Fast tracking လုပ်ခြင်းက မှန်ကန်သည့် နည်းလမ်းတော့မဟုတ်ပါ။ အများအားဖြင့် အသုံးပြုလေ့ရှိကြသည့် နည်းလမ်းဆိုပေမဲ့
Scope များကို လုံးဝ မပြောင်းလည်း Adjustment မပြုလုပ်ပဲ Fast tracking လုပ်ခြင်းက timeline များကို 50% တိတိ တကယ်သက်သာစေမှာလားဆိုတာကတော့?
မေးခွန်းထုတ်စရာတွေရှိနေပါတယ်။

ပိုပြီးမှန်ကန်တိကျတဲ့ နည်းလမ်းကတော့ highest priority features များကိုသာ ဦးစွာ delivery ပြုလုပ်သည့်...
Scope များကို လျော့ချထားသည့် MVP version ကို deliver လုပ်ခြင်းဖြစ်သည့် Approach 2 ကိုရွေးချယ်ခြင်းကသာ Project Sponsor မှတောင်းဆိုထားသည့် Project ကို (3) လအတွင်း deliver လုပ်
နိုင်မှာပဲဖြစ်ပါတယ်။

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ PMP Coach ရှိနေပါပြီ။

28/03/2024

Project Manager ဆိုတာ Subject Matter Expert မဟုတ်ပါဘူး။

Management မှာသာ ကျွမ်းကျင် သူများ ဖြစ်ကြတာပါ။ အရာရာကို မသိနိုင်တဲ့ အတွက်၊ တချို့ Domain knowledge နှင့်ပါတ်သတ်ပြီး ကိုယ်မသိတဲ့ အရာတွေ အများကြီး ရှိနေနိုင်တာဖြစ်လို့ customer နှင့် လုပ်ဖော်ကိုင်ဖက်များကို ကိုယ်မသိတဲ့ အရာများ မေးရမှာ clarify လုပ်ရမှာ မတွန့်ဆုတ်ပါနှင့်.. Project Manager တစ်ဦးအနေဖြင့် လုပ်ငန်းခွင်တစ်ခုမှာ Adapt ဖြစ်ဖို့… အချိန် (၆) လလောက်တော့ယူလေ့ရှိတယ်... တကယ် Confident ရှိဖို့ကတော့ (1) နှစ်လောက်လည်းကြာတတ်ကြပါတယ်..

မြန်ချင်လည်းမြန်မယ်။ နှေးချင်လည်းနှေးမယ်.. Right or Wrong ကတော့ အတိအကျ ပြောလို့မရနိုင်ပါဘူး...

မွေးကင်းစ တစ်လမပြည့်သေးတဲ့ ကလေးကို လမ်းစပြီးလျောက်ခိုင်းဖို့ မဖြစ်နိုင်သလိုပဲပေါ့နော်.... သူတို့လေးတွေက.. (၁၀) လ.. (၁၁) လသားလောက်မှာသာလျှင် တကယ် Confident ရှိလာပြီး.. လမ်းစလျောက်နိုင်ကြတာမဟုတ်ဘူးလား..?

ဉပမာ.. ရုတ်တရက်ကြီး လုပ်ရမဲ့ working environment က change သွားတာတို့.. မမျှော်လင့်ပဲ....industry အသစ်မှာ လုပ်လိုက်တာတို့ပေါ့်... အဲ့ဒီ့ New opportunities ကို ယူခဲ့မယ်ဆိုရင်...... ?

Responsibilities အသစ်.. Changes အသစ် နှင့် Business Environment အသစ်မှာ ကိုပြောင်းလည်းရတဲ့အခါ... ကိုယ်လုပ်ရမှာက..

1) လေ့လာစရာအသစ်များကို စိတ်ပါလက်ပါ သင်ယူလေ့လာပါ..
2) ကိုယ်ရောက်ရှိနေတဲ့ နယ်ပါယ်နှင့်ပါတ်သတ်ပြီးတော့... Professionals ဖြစ်နေကြသူတွေကို မေးစရာရှိသည်များကို မေးပါ။ စူးစမ်းပါ။
3) အဲ့ဒီ့အတွက် အလုပ်ချိန်ပြင်ပ ကောပါ... လုံလောက်တဲ့ အချိန်သေချာပေးပါ။
4) စမ်းသပ်မှုတွေ မပျက်ပြုလုပ်ပါ... အမှားတွေ လုပ်မိနိုင်မှာပါပဲ... ထပ်ပြီး ကြိုးစားပါ... နောက်ဆုံး.. PRO တစ်ဦးဖြစ်လာတဲ့အထိပေါ့..
5) နောက်တစ်ချက်ကတော့. ကိုယ့်အလုပ်မှာလည်း ပျော်ရွှင်မှု ရှိနေပါစေ....

သင့်အနေနဲ့ကော.... ကိုယ့်လုပ်ငန်းခွင်မှာ PM တစ်ဦးအနေဖြင့် ဘယ်အချိန်မှာမှစပြီး 100% confident ရှိသွားတာလည်း?

👉 မိမိ၏လုပ်ငန်းခွင်မှ Project Management အတွေ့ကြုံများနှင့်ပါတ်သတ်ပြီးဆွေးနွေးချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ PMP Coach ရှိနေပါပြီ။

Cho Zin Wint Building eCommerce Apps and teaching PMP!

26/03/2024

Project Manager တစ်ဦးအနေဖြင့် ဒီလို အခြေအနေမျိုးကို ဘယ်လိုဖြေရှင်းသင့်ပါသလည်း?

🅰️ Negotiation Skill ပိုကောင်းလာအောင် မန်နေဂျာ အနေဖြင့် Training course ကိုပဲထပ်ပြီးတတ်သင့်တာလား (ဒါမှမဟုတ်)
🅱️ Active listening skill ကောင်းအောင် ပိုပြီး develop လုပ်သင့်လားပေါ့နော်။

A နှင့် B ရွေးချယ်စရာနှစ်ခုရှိရင် ဘယ်ဟာကို ရွေးချယ်မလည်း.. တစ်ချက်စဉ်းစားကြည့်ရအောင်...

ဒီမှာ တစ်ခုစဉ်းစားရမှာက Project တစ်ခုရဲ့ အောင်မြင်မှုက PM ၏ အရည်အသွေးပေါ်အများကြီးမှုတည်တယ်။ PM အနေဖြင့် Source of conflict ကို အရင်ဆုံး သိရှိရန်လိုတဲ့အပြင် Stakeholder တွေရဲ့ Trust ရအောင်လည်း ကြိုးစားရပါမယ်။ Training ဆိုတဲ့အရာက general တော်တော်ကျတဲ့အတွက် relevant တော့ အရမ်းမဖြစ်လှပါဘူး။

Manager တစ်ဦးအနေဖြင့် Knowledge အလွန် ပြည့်ဝတဲ့ သူဖြစ်သွားတဲ့အခါ.. တစ်ခါတစ်လေမှာ အခြား Stakeholders ဝင်တွေရဲ့ ထင်မြင်ယူစချက်တွေ၊ Expectations တွေကို နားထောင်ဖို့မေ့နေတတ်ကြတယ်....

Manager တစ်ဦးရဲ့ အရည်အသွေးဖြစ်တဲ့ Active Listing Skill ကို ဒီလို Negotiate လုပ်ရတဲ့ ကစ္စတွေ၊ Conflict Management တွေမှာ အခြေခံအနေဖြင့် အသုံးပြုဖို့လည်း မမေ့သင့်ပါဘူး။

ဒီဖော်ပြပါ အမေးအဖြေလေးကတော့ PMP exam မှာမေးလေ့မေ့ထရှိတဲ့ Scenario ကို အခြေခံပြီး ရှင်းပြထားခြင်းဖြစ်ပြီး လက်တွေ့မှာလည်း အသုံးဝင်လှပါတယ်။

👉 မိမိလုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ Project Management နှင့်ပါတ်သတ်ပြီးဆွေးနွေးမှုတွေပြုလုပ်ချင်တယ် PMP Certification အတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ PMP Coach မှာ ပြန်လည် ဆုံတွေ့ကြပါဆို့။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon