Mini Startup - Laundry and Small Business Solutions

Mini Startup - Laundry and Small Business Solutions

မြန်မာနိုင်ငံရဲ့ ပထမဆုံး
Laundry and Dry Clean သင်တန်း

Photos from Mini Startup - Laundry and Small Business Solutions's post 29/06/2024

လက်တွေ့သင်တန်း ၃ရက်
စိတ်ဝင်စားစွာနဲ့ အပြန်အလှန် မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 😊

အောင်မြင်တဲ့ Laundry ဆိုင်အမြန်ဖြစ်ကြပါစေ 😍

27/06/2024

ကိုယ်ပိုင်အလုပ်လား?
ကိုယ်ပိုင်စီးပွားရေးလား?

ဒီနှစ်ခုရဲ့ သဘောသဘာဝကို နားမလည်ရင်တော့ မိတ်ဆွေအနေနဲ့ လူပင်ပန်း အချိန်မရှိ လုပ်နေတဲ့အလုပ်ကို စိတ်ကုန်နေတာမျိုး ဖြစ်နိုင်ပါတယ်

ကိုယ်ပိုင်အလုပ်ဆိုတာကတော့
ကိုယ်တတ်ကျွမ်းတဲ့ အရာနဲ့ အချိန်ကိုသုံးပြီး ပိုက်ဆံရှာဖွေတာပါ
ဝန်ထမ်းမဟုက်တဲ့ အတွက်ကြောင်​့ ကိုယ့်အချိန်ကို ကိုယ်တိုင်စီမံနိုင်တယ် လုပ်သလောက်ရတယ် မအောင်မြင်ရင် ဆုံးရှုံးမယ်
ဒါပေမဲ့ ကိုယ်ပိုင်အလုပ်ကို စီးပွားရေးအနေနဲ့ တဆင့်မတတ်နိုင်ဘူးဆိုရင်တော့
ကိုယ်လုပ်နိုင်မှ ပိုက်ဆံရမယ်
ကိုယ့်ရဲ့အချိန်နဲ့ လုပ်အားသုံးမှ ပိုက်ဆံရမယ်
ကိုယ်နေမကောင်းရင် မလုပ်နိုင်ရင် ဝင်ငွေ မရှိ​ တော့ဘူး

စီးပွားရေးအနေနဲ့ တဆင့်တိုးဖို့ ဘာတွေလိုလဲဆိုတော့
ဝန်ထမ်းတွေလိုလာပြီ
ဝန်ထမ်းတွေကို ခိုင်းတတ်ဖို​့ အလုပ်မှာမြဲဖို့
Management skill, HR skills တွေလိုလာပြီ
ကိုယ်တချိန်လုံး ထိုင်ကြည့်နေစရာမလိုအောင် System တွေလိုလာပြီ

ဥပမာပြောရရင် Laundry ဆိုင်လေးစလုပ်တယ်
တနိုင်တပိုင် တစ်ယောက်ထဲလုပ်တယ်
လုပ်ရင်လုပ်သလောက်ရတယ် အိုးမကွာအိမ်မကွာနဲ့ လုပ်နိုင်ပြီး ဝင်ငွေဝင်နေတော့ မဆိုးဘူးပေါ့
တစ်ရက်မှာ လူမှုရေးကိစ္စရှိတယ် ဆိုင်ပိတ်လိုက်ရတယ် ဝင်ငွေမဝင်ဘူး
နေမကောင်းဖြစ်လို့ မလုပ်နိုင်ဘူး
ဝင်ငွေ မရှိဘူး

တကယ်လို့သာ စီးပွားရေးအနေနဲ့ ဝန်ထမ်း တွေ System တွေနဲ့သာဆိုရင် ကိုယ်မလုပ်နိုင်တဲ့နေ့လည်း ဝင်ငွေသူ့ဘာသာလည်ပတ်နေလိမ့်မယ် ( အချိန်ကာလ တစ်ခုတော့ရှိတာပေါ့ လုံးဝလှည့်မကြည့်လို့တော့မရဘူးပေါ့)

ကဲ ဒီလောက်ဆိုရင် အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား ကိုယ်ပိုင်စီးပွားရေးလား?

Ma Thinn

25/06/2024

laundry လုပ်ငန်းကို မျက်စိကျနေမဲ့ မိတ်ဆွေတွေရှိရင်
အသုံးဝင်ဖို့အတွက် sharing လုပ်တာပါနော် 😄

ကျွန်မတို့ဆိုင်ကို ၂၀၁၅ ဂျွန်လက စပြီးဖွင့်ခဲ့ပါတယ်

စဖွင့်တုန်းက မောင်နှမတွေ စီးပွားရေးစုလုပ်မယ် ဘာလုပ်ရင်ကောင်းမလဲပေါ့

အဲ့အချိန်မှာ ကျွန်မတို့နေထိုင်တဲ့ ရပ်ကွက်မှာ ဘာလိုအပ်သလဲ စဉ်းစားတာပေါ့

အခုချိန်မှာ
လူတွေက မအားကျတော့ဘူး တစ်နေ့နဲ့တစ်နေ့ ကားလမ်းပိတ် ကားကကြပ်နဲ့ အိမ်ပြန်ရောက်ရင် မောမောပန်းပန်းနဲ့ ဘာမှမလုပ်နိုင်တော့ဘူး...

ပိတ်ရက်ဆိုရင်လည်း လူမှုရေးကိစ္စတွေနဲ့ ကုန်ဆုံးနေတယ်...

နောက်တစ်ခုက အခုနောက်ပိုင်း အိမ်အကူခေါ်ရတာ မလွယ်တော့ဘူး
အရင်က ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တဲ့သူတွေ ရှိပေမဲ့ သူတို့အိမ်လာဖို့မနည်းပင့်နေရတယ်
ပြီးတော့ အဝတ်ပျက်စီးရင်လည်း ဘာမှ မလျှော်ပေးဘူး

နောက်ပြီး ၂၀၁၅ ဝန်းကျင်လောက်က ကန်ထရိုက်တိုက်တွေတအားဆောက်လာကြတယ်
လူတွေက နေရတာကျဉ်းကြပ်လာတယ်
အရင်လို အဝတ်လျှော် ထုတ်လှမ်းဖို့နေရာမရှိဖြစ်လာတယ်

အဖက်ဖက်ကို စဉ်းစားကြည့်တော့
အဝတ်လျှော် မီးပူတိုက်ဝန်ဆောင်မှုဆိုတာ လာမဲ့ခေတ်မှာ မရှိမဖြစ်ကိုဖြစ်တော့မှာလို့ ကောက်ချက်ချမိကြတယ်..
အဲ့ဒါနဲ့ laundry ဆိုင်လေးစဖွင့်ပါလေရော....

ကျွန်မတို့ စဉ်းစားခဲ့တဲ့အချက်တွေ ပြန်သုံးသပ်မယ်ဆိုရင် လူအများစုက စီးပွားရေးစလုပ်မယ်ဆိုရင် ငါတော့ဘာလုပ်ချင်တယ်နဲ့ စစဉ်းစားကြတယ်
ငါ စားသောက်ဆိုင် ဖွင့်ချင်တယ်
ငါ အကျီဆိုင်ဖွင့်ချင်တယ်
ငါ laundry ဖွင့်ချင်တယ်
ငါ နဲ့ စစဉ်းစားကြတယ်

တကယ်တော့ ဖြစ်သင့်တာက market need တကယ့် customer တွေရဲ့လိုအပ်ချက်က စစဉ်းစားသင့်ပါတယ်

သူ ဘာလိုလဲ
သူတို့ ဘာလိုအပ်နေလဲက စစဉ်းစားသင့်ပါတယ်

အဲ့တော့ စီးပွားရေးလုပ်ဖို့စတွေးတာနဲ့ ကိုယ်လုပ်ချင်တာထက် လက်ရှိစျေးကွက်မှာ ဘာလိုအပ်နေသလဲစဉ်းစားမှ လုပ်ငန့်းကတည်မြဲမှာပါ..

ဒါကတော့ ပထမဆုံး ဆိုင်စဖွင့်ဖို့ဖြစ်လာတဲ့ အတွေးလေးစပုံပါ

အဝတ်လျှော် မီးပူတိုက်တယ် ဆိုတာ လူတိုင်းနီးပါးလုပ်တတ်ပါတယ်
ဆိုင်တချို့တွေလည်း ရှိပြီးနေပါပြီ
ကျွန်မတို့ ရပ်ကွက်ထဲမှာတင် ၂ဆိုင်လောက်က ရှိပြီးနေပြီ

အဲ့တော့ ကျွန်မတို့ စဉ်းစားတယ်
လူတွေက အဝတ်လျှော် မီးပူတိုက်တာ အပြင်ဘာလိုသေးလဲပေါ့

ဒီ service မှာ ဘာ value ထပ်ထည့်လို့ရလဲပေါ့
လူတွေက အရမ်းအပျင်းကြီးပါတယ် (ကျွန်မအပါအဝင်ပါ 😁)
အရမ်းပင်ပန်းလာရင် အိမ်ကနေ လမ်းထိပ်တောင် လမ်းထွက်မလျှောက်ချင်ဘူး

အဲ့တော့ ကျွန်မတို့က သူတို့လိုအပ်မဲ့ အိမ်အထိ အရောက်ယူအရောက်ပို့ ဝန်ဆောင်မှုကို ထပ်ထည့်လိုက်တယ်

နောက်ပြီး ဝန်ဆောင်မှုကြာချိန်ပေါ့
လက်ရှိ ဖွင့်ထားတဲ့ဆိုင်တွေကို စုံစမ်းတယ် တစ်ခါအပ်ရင် ၃ရက်ကနေ ၁ပတ်အထိကြာတယ်

အဲ့တော့ အကျီနည်းတဲ့သူဆို ဘယ်လိုလုပ်မလဲ
အဲ့လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့ ဒီနေ့အပ်ရင် မနက်ဖြန်ရမယ်သတ်မှတ်လိုက်တယ် (မီးပျက်တဲ့နေ့နဲ့ အထည်တအားကျတဲ့နေ့တော့ ခြွင်းချက်ပေါ့ )

နောက်တစ်ခုက စျေးနှုန်းသတ်မှတ်တာ
အဲ့ခေတ်က အိမ်လိုက်လျှော်တဲ့သူတွေများတယ် တစ်ခါလျှော် ၁ထောင် ၂ထောင် လောက်ပေးလိုက်ရင်ရတယ်

ဒါပေမဲ့ သူတို့လျှော်တာကို ထိုင်ကြည့်နေရတယ် စိတ်မချရဘူး

ပြီးတော့ တခြားဆိုင်တွေကို စုံစမ်းပြီး
တခြားသူတွေထက် မနည်း မများဘဲ ပေးထားတဲ့ service နဲ့တန်တဲ့ စျေးနှုန်းကို သတ်မှတ်ခဲ့တယ်

နောက်တစ်ခုကတော့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ပေါ့

အလုပ်မစခင်မှာ ကျွန်မတို့မောင်နှမတွေ စုပြီး ပါးစပ်နဲ့အရင် အလုပ်လုပ်ကြည့်တယ်
Process တစ်ခုတိုင်းကို ဘယ် process မှာ ဘာလိုအပ်သလဲ စဉ်းစားကြတယ်

အရင်ဆုံး လိုအပ်တာကတော့ စက်ပေါ့
Washer and Dryer ကို လုပ်ငန်းလုပ်မယ်ဆိုပြီး လုပ်ငန်းသုံးစက်သုံးရလောက်အောင်ကလည်း ကိုယ့်မှာပိုက်ဆံမလိုက်နိုင်

အဲ့တော့ အိမ်သုံးထဲကပဲ အကြမ်းခံ အသုံးခံ စျေးလည်းသင့်တင့်တဲ့ brand မျိုးရှာရတာပေါ့

ကျွန်မတို့စလုပ်တုန်းက မောင်နှမ ၄ယောက် တစ်ယောက် ၅သိန်းလောက်နဲ့စတာ
နောက်မှ စက်တွေထပ်ဖြည့်တာပေါ့နော်
တခြားပစ္စည်းတွေလည်း ဒီလိုပဲ နည်းနည်းချင်းဝယ်ထားပြီး ထပ်ဖြည့်တယ်ပေါ့

ပြန်သုံးသပ်ရရင် လက်ရှိမှာ အခြားသူတွေ လုပ်နေပြီးသားအလုပ်တစ်ခုကို ကိုယ်ကလုပ်ချင်တယ်ဆိုရင် လက်ရှိသူတို့ပေးတဲ့ service မှာ ဘာလိုအပ်ချက်ရှိလဲ အရင်လိုက်ရှာသင့်တယ်

အဲ့လိုအပ်ချက်က ကိုယ့် service အတွက် value ပဲ
သူများလုပ်ထားတဲ့ အတိုင်း တသွေမတိမ်းလုပ်တာထပ်စာရင် ကိုယ်ပိုင်စတိုင်နဲ့ value add လုပ်သင့်ပါတယ်

နောက်တစ်ခုက လုပ်ငန်းအတွက် ပစ္စည်းဝယ်တဲ့အခါ သေချာအချိန်ယူမစဉ်းစားဘဲ မဝယ်ပါနဲ့
လိုတာနဲ့ဝယ်တာ တခြားစီဖြစ်နေပါလိမ့်မယ်
ပစ္စည်းဝယ်တဲ့အခါ ကိုယ့်ရဲ့ ရင်းနှီးငွေနဲ့ကိုက်ညီတဲ့ brand သို့ ပစ္စည်းမျိုးကို ရွေးသင့်ပါတယ်ရှင့်

ကျွန်မတို့ မောင်နှမတွေ Dhobi laundry အမည်နဲ့၂၀၁၅ မှာ စလုပ်ပြီး ၂၀၁၆ လောက်မှာ franchise ပုံစံနဲ့ ဆက်သွားခဲ့တာ ၂၀၁၇ မှာ ဆိုင်ခွဲ ၉ ဆိုင်ရှိခဲ့ပါတယ်.....
ဒါကတော့ ကျွန်မ စတင်ခဲ့တဲ့ အတွေ့အကြုံပါ

အဲ့နောက်ပိုင်းမှာ ဘန်ကောက်မှာ Dry Cleaning သင်တန်းသွားတတ်ခဲ့ပါတယ်...
၂၀၁၈ မှာ dry clean အသားပေးတဲ့ brand အနေနဲ့ Mr Clean ကိုစခဲ့ပါတယ်... ၂ လအတွင်း ဆိုင်ခွဲ ၃ ဆိုင်ရှိခဲ့ပါတယ် franchise ပုံစံနဲ့သွားပါတယ်..

လက်ရှိမှာ laundry ဖွင့်ချင်တဲ့သူတွေအတွက် သင်တန်းဖွင့်ထားပါတယ်
Dry cleaning အတွက်လည်း သင်တန်းဖွင့်ထားပါတယ်...

ကျွန်မရည်ရွယ်ချက်ကတော့ အဝတ်လျှော်မီးပူတိုက်လုပ်ငန်းကို အောက်ကျတယ်ဆိုတဲ့ အမြင်ကနေ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ တကယ့် စီးပွားရေး အမြင်မျိုးမြင်လာစေဖို့ပါရှင့်
🏵🏵🏵
ဒီစာက ၂၀၁၈ က ရေးထားတာပါ

အခုတော့ ကိုဗစ်စကတည်းက ဆိုင်ခွဲတွေကို ပိတ်ပြီး operation ကို တစ်နေရာထဲက run ပြီး ရန်ကုန်မြို့တွင်း delivery လုပ်ပေးတဲ့ ပုံစံ ပြောင်းထားပါတယ်
စာအရမ်းရှည်သွားပါတယ်

ကျွန်မလည်း ကိုဗစ်ကော ကိုစစ်ရောနဲ့ အိပဲ့ အိပဲ့ ကြံ့ကြံ့ခံရင်း ဆက်လုပ်နေဆဲပါ
ဖတ်ပေးတဲ့ တစ်ဦးချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 😍

Mr Clean👇👇
https://www.facebook.com/laundryinyangon/

Laundry start up, franchise and training 👇👇
https://www.facebook.com/Laundry-start-upFranchise-and-Training-150658995597468/

24/06/2024

လက်တွေ့သင်တန်း အပ်နှံထားတဲ့ မိတ်ဆွေများ
26 ရက်နေ့ လက်တွေ့သင်တန်းမှာ ဆုံကြပါမယ်
😊😊😊

23/06/2024

လက်တွေ့ လူကိုယ်တိုင်သင်မှ သင်ချင်တာဆိုတဲ့ မိတ်ဆွေတွေအတွက် 😊

အပြင်သင်တန်း 26,27,28

Laundry Training တွင် သင်ကြားမည့် အကြောင်းအရာများ

Laundry မိတ်ဆက်
Laundry အမျိုးအစားများ
Retail Laundry ဖွင့်ရန် လုပ်ဆောင်ရမည်းအချက်များ အသေးစိတ်
Market Research
Business Plan
လိုအပ်ပစ္စည်းများ
ဆိုင်ခန်းနေရာအကြောင်း
စက်အကြောင်းနှင့်
Installation အချက်အလက်များ
ဝန်ထမ်းရေးရာ
Marketing
လက်တွေ့ opetation များကို တဆင့်စီ လက်တွေ့ပြမည့် video
Chemical အကြောင်းများ
မိမိ အခြေ​​အနေနဲ့ ကိုက်ညီမဲ့ ပုံစံကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်

သင်တန်းပြီးဆုံးပါက Laundry လုပ်ငန်း လမ်းညွှန်မြေပုံရသလို တစ်ပတ်အတွင်း ဖွင့်နိုင်မှာ အသေအချာပါ 😊

သင်တန်းကာလက (၃) ရက်ပါ

သင်တန်းကြေးက
290000 ကျပ်

သင်တန်းရက် 26,27,28
(မနက် ၉မှ ၃နာရီထိ)

စာအုပ် နေ့လည်စာ Tea break အပါ

23/06/2024

စီးပွားရေး လုပ်ချင်တာလား?
ကိုယ်ပိုင်အလုပ်လုပ်ချင်တာလား?

22/06/2024

26 ရက်နေ့မှာ ဖွင့်မဲ့ လက်တွေ့သင်တန်း

Laundry လုပ်ငန်းစတင်လုပ်ကိုင်မည့် မိတ်ဆွေများအတွက်
လက်တွေ့သင်တန်း ဖွင့်မှာဖြစ်ပါတယ်
သင်တန်းကာလ (၃)ရက် ကြာမြင့်ပါမယ်
သင်တန်းပြီးရင် Laundry ဆိုင်တစ်ဆိုင်ကို
စနစ်တကျ စတင်နိုင်ပါမယ်

ဘာတွေသင်မှာလဲဆိုရင်က
Laundry ဆိုင်တစ်ဆိုင် စတင်ဖို့
ဘယ်လိုပြင်ဆင်ရမလဲ?
ဘယ်လိုစက်တွေ ဘယ်လိုအသုံးအဆောင်တွေ
သုံးရမလဲ?
အထည်တွေကို မပျက်စီးအောင် မမှားအောင် မစွန်းထင်းအောင်
ဘယ်လိုလျှော်မလဲ?
အစွန်းအထင်းတွေ ဘယ်လို ချွတ်မလဲ?
Chemicals တွေ အသုံးပြုပုံ
စက်တွေ installation ဘယ်လိုလုပ်မလဲ?
အစရှိသဖြင့်
Laundry လုပ်ငန်းမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုချင်းစီကို
မိမိလုပ်ငန်းမှာ အခက်အခဲမရှိဖြေရှင်းနိုင်အောင်
လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်
အိမ်သုံးစက်ကနေ လုပ်ငန်းသုံးစက်ကြီးများအထိ
အသုံးပြုပုံတွေကို လက်တွေ့ လုပ်ဆောင်သင်ယူရပါမယ်

လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်ရပါမယ်
information ရချင်ရုံပဲဆိုရင် online သင်တန်းကိုပဲ တက်ပါ
လက်တွေ့တတ်မြောက်ချင်တယ်ဆိုရင်တော့
အခု အပြင်သင်တန်းကို Join ပါ

သင်တန်းကြေး (290000)ks
သင်တန်းချိန် (9:30)Am to (3:30)Pm
နေ့ရက်က (26/27/28.6.2024)
(Wed/Thu/Fri)

သင်တန်းတက်ရောက်မည့်သူများအနေနဲ့
chat box မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်

လူဦးရေကန့်သပ်ထားပါတယ်

17/06/2024

Mini Startup Page ရဲ့
Viber Channel Link ပါ
နောက်ပိုင်း သင်တန်းအကြောင်းနဲ့
မျှဝေမဲ့အကြောင်းအရာများကို
Viber Channel မှာလည်း တင်ပေးသွားပါမယ်

Join ထားပေးကြပါဦးခင်ဗျာ 🙏🙏

https://invite.viber.com/?g2=AQA2xxU%2Bg6F681MJDJZvk7Sv0KuhKJsZG5XwVKx0M1Ak%2F6gQzag6fAp7FPII4zJ9

15/06/2024

လက်ရှိ မိမိ စီးပွားရေး ဘယ်လို အခြေနေမှာ ရှိနေလဲ စမ်းစစ်ကြည့်ရအောင်

level 0
အခုမှ စလုပ်ဖို့ ကြံစည်နေတယ်
ဘယ်လိုစရမလဲ ဘာတွေလိုအပ်လဲ လေ့လာနေတယ် သင်ယူနေတယ်
အလုပ်တစ်ခုကို စချင်တဲ့ passion ကော မဖြစ်မှာ ကြောက်စိတ်ကော ဒွန်တွဲနေချိန်ပေါ့

level 1
လုပ်ငန်းတော့ စလိုက်ပြီ
အားတတ်မှု အပြည့်နဲ့ ငါ့လုပ်ငန်းတိုးတတ်ရမယ်ဆိုပြီး အပြည့်အဝ အားထုတ်နေတယ်
ဒီအချိန်က အကောင်းဆုံးပဲ ဘာလာလာ ငါဖြေရှင်းနိုင်တယ် Energy level 10 ဖြစ်နေချိန်ပေါ့ 😎

level 2
လုပ်ငန်းလုပ်တာ ကာလ တစ်ခုရှိနေပြီ
ကုန်စျေးနှုန်းတိုးလာတယ် နိုင်ငံရေးအခြေနေ
ဝန်ထမ်းအုပ်ချုပ်ရတဲ့ ဖိစီးမှုတွေကြား ဆိုင်မပြုတ်အောင် ထိန်းနေရတယ်
အဆင်ပြေလားဆိုတော့
အင်းးးးးးး ပြေပါတယ်ကို အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ဖြေနေရချိန် 😅

Level 3
ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး
ကိုယ့် အလုပ်ကလွဲရင် ကျန်တဲ့ စီးပွားရေး အကုန်ကောင်းတယ် ထင်နေတယ် 😁
လုပ်လာတဲ့ကာလကလည်း ကြာနေပြီ
မလုပ်ရင်တောင် အရမ်းမရှုံးရအောင် ဘယ်လိုလုပ်ရမလဲ (ခွေးကျ
မကျအောင် ​အကြံထုတ်နေသူ 😝)

level 4
အဲ့အဆင့်တွေ ကျော်ပြီးမှ
ဒီအလုပ်မှ ငါ ငွေတွေ အချိန်တွေ စိတ်ကော ခွန်အားပါ ရင်းနှီးမြုပ်နှံထားရတယ်
ဒါကြောင့် ပြင်ပ အခြေနေတွေ ဘယ်လို ဖြစ်နေ ဖြစ်နေ ငါ ဒီအလုပ်ကို သေချာလုပ်ရမယ် တိုးတတ်အောင်လုပ်ရမယ်ဆိုပြီး အသိပြန်ကပ်ချိန် 🤑

ကိုယ်က ဘယ် level ရောက်နေလဲ ဆိုတာ သတိပြုပြီး ရှိနေတဲ့ အားသာချက်ကို ပိုကောင်းအောင်လုပ်ပြီး အားနည်းချက်ကို သတိထားပြုပြင်ရင်း ရှေ့ဆက်ကြတာပေါ့
မိတ်ဆွေတို့ စီးပွားရေးလုပ်ငန်းတွေလည်း အစစအရာရာ အဆင်ပြေကြပါစေ 😊😊😊

14/06/2024

အခက်အခဲတိုင်းမှ အခွင့်အလမ်းဆီသို့

လွန်ခဲ့တဲ့ ၄နှစ် ၂၀၂၀ မှာ Online သင်တန်းတွေ စပြီး လုပ်ခဲ့တယ် လုပ်ဖြစ်တဲ့အကြောင်းလေး မျှဝေချင်လို့ပါ

အပြင်သင်တန်းတွေတော်တော့အရှိန်ရနေတဲ့ 2018 နဲ့ 2019 လစဥ် သင်တန်းသားတော်တော်များများရှိခဲ့တယ်

ရုတ်တရက် ကိုဗစ်တွေထဖြစ်တော့ ဝန်ထမ်းတွေလည်းပြန်ကုန် ဆိုင်တွေလည်း ပိတ်ရနဲ့ သင်တန်းလည်း မဖွင့်ဖြစ်တော့ဘူး

အဲ့လို အားနေတဲ့အချိန်မှာ သင်တန်းကို Online စနစ်ပြောင်းဖို့ စဥ်းစားပြီး ဖန်တီး ဖြစ်တယ်

Laundry သင်တန်းစဖွင့်တုန်းက အဝတ်လျှော်တာ သင်တန်းတတ်ဖို့ လိုလို့လားဆိုသလိုပဲ
Online သင်တန်းဖွင့်တော့လည်း Online က သင်တာ တတ်ပါ့မလားဆိုတဲ့ Challange ကို ကြုံရပြန်ကော

ဒီလိုနဲ့ အခု ၄နှစ် အတော်အတွင်းမှာ
ရန်ကုန်မြို့သာမက
မန္တလေး
ပြင်ဦးလွင်
ပုသိမ်
ဘားအံ
နေပြည်တော်
မိတ္ထီလာ
မြစ်ကြီးနား
ဗန်းမော်
မြဝတီ
ပြည်
စတဲ့ မြန်မာနိုင်ငံ အနှံ့က မိတ်ဆွေတွေကိ​ု
Laundry လုပ်ငန်းစနစ်တကျစတင်နိုင်ဖို့ မျှဝေခွင့်ရခဲ့တယ်

ဒီလိုနဲ့ Online က လေ့လာပြီး Laundry ဆိုင်တွေ ဖွင့်လှစ်နိုင်တဲ့ မိတ်ဆွေတွေ များလာခဲ့တယ် 😊

ပြောပြချင်တာ ဘယ်လိုအခက်အခဲပဲ ရှိရှိ
အခွင့်အလမ်းကိုမြင်အောင်ကြည့်တတ်ပါ
ကိုယ်ယုံကြည်တဲ့အရာကို သူများအပြောမှာလမ်းမဆုံးဖို့ မျှဝေလိုက်ပါတယ် 😊

(စာကြွင်း - အရင်က facebook group ကနေ သင်ပေမဲ့ လက်ရှိအခက်အခဲတွေကြောင့် မကြာခင် telegram or youtube တစ်ခုခုကနေ အဆင်ပြေအောင် ဆက်လက်ဖန်တီးနေပါဦးမယ်)

14/06/2024

စျေးကွက်ကောင်းဖို့ တန်ဖိုးမြင့်ချိန်တန်ပြီ

Laundry လောကရဲ့ စျေးကွက်အကြောင်းကို
တွေးကြည့်မိရင်း ခုဖြစ်နေတဲ့ စျေးကွက်က
Price War ထဲမှာ တော်တော်များများရုန်းကန်နေကြရချိန်ပါပဲ

အပြိုင်အဆိုင် ခေတ်ကြီးထဲမှာ
စျေးနှုန်းပြိုင်ပြီး ဘယ်လောက်ကြာကြာ အသက်ဆက်နိုင်မလဲ
ပြဿနာက ဘာလဲဆိုရင်
Value ချင်းမပြိုင်ပဲ
Service ချင်းမပြိုင်ပဲ
Price ချင်း သူ့ထပ်ငါ့စီပိုသက်သာတယ်
ငါ့စီလာအပ်ကြပါဆိုတာမျိုး အပြိုင်အဆိုင်စျေးလျော့နေကြတဲ့အခါ
ဘယ်သူမှ အကျိုးမရှိနေပြန်ပါဘူး

Laundry တော်တော်များများကို
လေ့လာကြည့်တော့
ကြော်ငြာရင်သာ ရွှန်းရွှန်းဝေနေတာ
အဝတ်လျှော်ခန်းက ညစ်ပတ်နေတာမျိုး
ဂျုံးဂျုံးကျနေတဲ့စက်တွေနဲ့
ဖြစ်သလိုလုပ်နေတဲ့အခါ
အရည်အသွေးက မတက်လာတော့ဘူး
Customer ကိုပေးမဲ့ တန်ဖိုးဆိုတာက
စျေးသက်သာတဲ့ တန်ဖိုးပဲ ပေးနိုင်တော့တယ်

Customers ဆိုတာကတော့ စျေးသက်သာတာ
ပိုကြိုက်ပါတယ် သို့ပေမဲ့ အရည်သွေးမကောင်းရင်
ပြဿနာတွေဖြေရှင်းနေရတာနဲ့ပဲ လုံးပန်းနေရမှာပါပဲ

အရည်အသွေးဆိုတဲ့နေရာမှာ
Products အရည်အသွေး
ဝန်ဆောင်မှု အရည်အသွေး
ဝန်ထမ်းအရည်အသွေး
လုပ်ငန်းခွင်အရည်အသွေး အားလုံးကို ဆိုလိုတာပါ

ဒီအရည်အသွေးတွေသာ ပြည့်စုံနေရင်
စျေးကောင်းပေးရလည်း
Customers ရဲ့ စိတ်ကျေနပ်မှုရမှာပါပဲ
ပြောပြာချင်တာက
စျေးသက်သာမှု တစ်ခုတည်းနဲ့ Customers ရဲ့စိတ်ကျေနပ်မှုကို
ဖြည့်ဆည်းပေးနိုင်ဖို့မလွယ်ပါဘူး
ဒီတော့ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးဖြည့်ပြီး
စျေးကွက်ကောင်းတစ်ခုကို တည်ဆောက်ကြရမှာပါ

ခု လက်ရှိ ပျမ်းမျှ တစ်ထည် ၃၀၀/၃၅၀ စျေးနှုန်းဆိုတာ
Laundry သမားတွေအတွက် အမြတ်လုံးဝမရှိဘူးဆိုတာ
ကိုယ့်ကုန်ကျစရိတ်ကို အသေးစိပ်တွက်ထားသူတွေ
ပိုသိပါတယ်
ရေရှည်ဒီတိုင်းဆက်သွားရင် စျေးကွက်ပျက်ပြီး
ထပ်နစ်ကြရဦးမဲ့အခြေအနေကို မြင်မိနေလို့သာ
ဒီ post ကိုရေးလိုက်တာဖြစ်ပါတယ်

ကိုယ့်လုပ်ငန်းရဲ့အရည်အသွေးကို မမြင့်ပဲနဲ့လည်း
စျေးကွက်ကောင်းရလာဖို့ မဖြစ်နိုင်ပါဘူး
လုပ်ငန်းအရေအသွေး
ဝန်ဆောင်မှုအရည်အသွေးကို စနစ်တကျမြင့်တင်တည်ဆောက်ပြီး
Customers တွေကို ဘယ်လိုပိုကောင်းအောင်လုပ်ပေးမလဲဆိုတာမျိုး
ပြင်ဆင်နေသူတွေအနေနဲ့လည်း စျေးကွက်ကောင်းရဖို့မခက်ပါဘူး

စျေးကောင်းရချင်ရင် ဖြစ်သလိုဝန်ဆောင်မှုတွေ
စျေးနှုန်းနဲ့ပြိုင်ဆိုင်နေတာတွေကနေ ခွဲထွက်ကြဖို့လိုကိုလိုနေပြီလို့
အကြံပြုလိုက်ပါတယ်ခင်ဗျာ

14/06/2024

အပြင်လက်တွေ့သင်တန်းက
လစဥ်ဖွင့်လေဖွင့်ထမရှိတဲ့ သင်တန်းဖြစ်ပါတယ်

လက်တွေ့သင်ယူချင်သူတွေအတွက်ရည်ရွယ်ပြီးဖွင့်ပေးတာဖြစ်ပါတယ်
ဒီတစ်ကြိမ် လက်တွေ့သင်တန်းမှာ
ကော်ဇောလျှော်တာနဲ့
ဖိနပ်တွေ အရုပ်တွေလျှော်တာကို bonus အနေနဲ့
ထပ်ထည့်ပေးထားပါတယ်

လက်တွေ့လိုက်လုပ်နိုင်ဖို့တော့လိုပါမယ်

သင်တန်းကြေး (290000)ks
သင်တန်းချိန် (9:30)Am to (3:30)Pm
နေ့ရက်က (26/27/28.6.2024)

Photos from Mini Startup - Laundry and Small Business Solutions's post 13/06/2024

အဝတ်အခြောက်ခံစက်တွေရဲ့ အဖျက်သမား

အဝတ်အခြောက်ခံစက်တွေ ပျက်ရခြင်းရဲ့ 80% က
အဝတ်ကနေပြန်ထွက်တဲ့ အမှိုက်ကြောင့်ပါပဲ
လေထွက်ပိုက်ကနေ ထွက်လာတဲ့ လေပူနဲ့အတူ အမှုန်တွေ အမှိုက်တွေ
မထွက်နိုင်တဲ့အခါ စက်အတွင်းထဲကိုပဲ
အမှိုက်တွေပြန်ကပ်ကျန်ခဲ့ပါတယ်
အဲ့ဒီအမှိုက်တွေက များလာတဲ့အခါ
လေထုတ်ပန်ကာမှာ ကပ်တာများလာတယ်
အမှိုက်တွေများလာတဲ့ပန်ကာက လည်ပတ်ပုံမမှန်တော့တဲ့အခါ
အသံဆူဆူညံညံတွေထွက်လာမယ်
ဒီထပ်ပိုဆိုးလာရင် ပန်ကာကျိုးပြီး စက်ပါခုန်လာရော

နောက်တစ်ချက်က စက်အတွင်းထဲ အမှိုက်များလာတဲ့အခါ
ကြွက်တွေအရမ်းကြိုက်ပါတယ်
လေထုတ်ပိုက်ကို မတပ်ထားတာဖြစ်ဖြစ်
လေထုတ်ပိုက်ကို အောက်ချထားတာရယ်ကြောင့်
ကြွက်က အတွင်းထဲဝင်ပြီး သူ့ရဲ့အိမ်အဖြစ်မှတ်ယူတဲ့အခါ
ဝါယာတွေပါကိုက်ပြီး စက်ပျက်ရတဲ့အကြောင်းတရားပေါ်လာတာပါပဲ
တစ်ခါတစ်လေ အပြင်ကအမှိုက်ပါ ကြွက်မိသားစုက ယူလာတဲ့အခါ
စက်က ပျက်ပါလေရောပေါ့

အဲ့တော့ လေထုတ်ပိုက်ကို စနစ်တကျတပ်ပါ
မကြာခဏ အနောက်ကလေထုတ်ပိုက်ကို သန့်ရှင်းပါ
ကြွက်ဝင်မရအောင် စနစ်တကျထားပါ
လေစစ် filter ကို တစ်ခါသုံးပြီးတိုင်း အမှိုက်ရှင်းပါ
ဒါဆိုရင် သက်တမ်းစေ့ထပ်ကိုကျော်လွန်ပြီး အသုံးပြုနိုင်ပါလိမ့်မယ်

13/06/2024

Laundry လုပ်ငန်း စနစ်တကျ စတင်နိုင်ဖို့ လက်တွေ့သင်တန်း(2/2024)

Laundry လုပ်ငန်းစတင်လုပ်ကိုင်မည့် မိတ်ဆွေများအတွက်
လက်တွေ့သင်တန်း ဖွင့်ပါပြီ
သင်တန်းကာလ (၃)ရက် ကြာမြင့်ပါမယ်
သင်တန်းပြီးရင် Laundry ဆိုင်တစ်ဆိုင်ကို
စနစ်တကျ စတင်နိုင်ပါမယ်

ဘာတွေသင်မှာလဲဆိုရင်က
Laundry ဆိုင်တစ်ဆိုင် စတင်ဖို့
ဘယ်လိုပြင်ဆင်ရမလဲ?
ဘယ်လိုစက်တွေ ဘယ်လိုအသုံးအဆောင်တွေ
သုံးရမလဲ?
အထည်တွေကို မပျက်စီးအောင် မမှားအောင် မစွန်းထင်းအောင်
ဘယ်လိုလျှော်မလဲ?
အစွန်းအထင်းတွေ ဘယ်လို ချွတ်မလဲ?
Chemicals တွေ အသုံးပြုပုံ
စက်တွေ installation ဘယ်လိုလုပ်မလဲ?
အစရှိသဖြင့်
Laundry လုပ်ငန်းမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုချင်းစီကို
မိမိလုပ်ငန်းမှာ အခက်အခဲမရှိဖြေရှင်းနိုင်အောင်
လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်
အိမ်သုံးစက်ကနေ လုပ်ငန်းသုံးစက်ကြီးများအထိ
အသုံးပြုပုံတွေကို လက်တွေ့ လုပ်ဆောင်သင်ယူရပါမယ်

လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်ရပါမယ်
information ရချင်ရုံပဲဆိုရင် online သင်တန်းကိုပဲ တက်ပါ
လက်တွေ့တတ်မြောက်ချင်တယ်ဆိုရင်တော့
အခု အပြင်သင်တန်းကို Join ပါ

သင်တန်းကြေး (290000)ks
သင်တန်းချိန် (9:30)Am to (3:30)Pm
နေ့ရက်က (26/27/28.6.2024)
(Wed/Thu/Fri)

သင်တန်းတက်ရောက်မည့်သူများအနေနဲ့
chat box မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်

လူဦးရေကန့်သပ်ထားပါတယ်

12/06/2024

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု အခြေအနေကိုသုံးသပ်ကြည့်ရအောင် 👆👎

လုပ်ငန်းရှင်အနေနဲ့ ကိုယ့်ဝန်ဆောင်မှု အခြေအနေကို မသုံးသပ်ခင်
Customers အနေနဲ့ စဉ်းစားကြည့်ရအောင်
ဘယ်လို ဝန်ဆောင်မှုက အကောင်းဆုံးပါသလဲ...?👍👍👍

သုံးစွဲသူအနေနဲ့ ကြည့်မယ်ဆိုရင်တော့

Quality အကောင်းဆုံးဖြစ်ရမယ်👍
Customer service ကောင်းရမယ်👌
စျေးသက်သာရမယ်✌
မြန်ဆန်ရမယ် စတဲ့စတဲ့...
အချက်တွေ မကုန်နိုင်အောင် Customers အကြိုက်အလိုက်များပြားနေမှာပါ...

အဲ့တော့ လုပ်ငန်းရှင်အနေနဲ့ကျတော့ Customers တိုင်းလိုချင်တဲ့ အချက်တွေလိုက်ဖြည့်ဆည်းပေးဖို့မလွယ်လှပါဘူး🙅🙅🙅

ဒါကြောင့် လုပ်ငန်းရှင်တွေအတွက်လည်းအကျိုးအမြတ်ရှိပြီး Customer တွေလည်း အဆင်ပြေအောင် ချိန်ဆနိုင်မဲ့ အချက် (၃)ချက်ကို ပြောပြချင်ပါတယ်
၁။ Quality and performance

လုပ်ငန်းစကတည်းက ဘယ်လိုcustomers တွေ target ထားမယ်ဆိုတာ သတ်မှတ်ထားသင့်ပါတယ်..

အကြမ်းအားဖြင့် အခြေခံ၊ အလတ်တန်းလွှာ၊ အထက်တန်းလွှာဆိုပြီး သတ်မှတ်လို့ရပါတယ်

အဲ့တော့ ကိုယ် target ထားတဲ့ အလွှာအလိုက် ဘယ်လောက်အရည်အသွေးကောင်းမလဲ၊ ဘာဝန်ဆောင်မှုအဆင့်တွေပါမလဲသတ်မှတ်ထားရပါမယ်

အစကတည်းက သတ်မှတ်မှ နောက်ပိုင်း ကိုယ့်ဝန်ဆောင်မှုလိုနေလား ပိုနေလားချိန်ဆနိုင်မှာပါ

၂။ Time
အချိန်ဆိုတဲ့နေရာမှာ ၂ ဖက်ကြည့်ရပြန်တယ် Customer ဖက်ကကြည့်ရင် မြန်လေကောင်းလေပေမဲ့...

ကိုယ့်လုပ်ငန်းအနေနဲ့ကြည့်ရင် ကုန်ကျစရိတ်တွေ များလာနိုင်ပါတယ်

ကုန်ကျစရိတ်လျော့မှာမို့ အချိန်တအားကြာရင်လည်း Customer တွေ စိတ်ပျက်သွားပါလိမ့်မယ်

ဒီ၂ချက်ကြား ထိန်းညှိဖို့တော့လိုပါလိမ့်မယ်✌✌✌

၃။ Cost
လုပ်ငန်းတစ်ခုအတွက် ကုန်ကျစရိတ် ထိန်းဖို့ဆိုတာလည်း အရေးကြီးပါတယ်

လုပ်ငန်းစတင်စသူတွေ အနေနဲ့ ဖြစ်လေ့ရှိတာက ကိုယ့်ဝန်ဆောင်မှုအကောင်းဆုံးဖြစ်ချင်လေ့ရှိပါတယ်
💃💃💃
အဲ့တော့ အပေါ်က customer target ထားတာတွေမေ့ပြီး

အကောင်းဆုံးဖြစ်အောင် လူအင်အား၊ ပစ္စည်းအင်အားတွေ ထပ်ထည့်တတ်ပါတယ်

မကောင်းဘူးလားဆိုတော့ အဲ့လို quality ကို တသပ်မက်ထဲသွားနိုင်ရင်တော့ကောင်းပေမဲ့

နောက်ပိုင်း ကုန်ကျစရိတ်တွေတွက်မိမှ quality လျော့တာမျိုးပြန်လုပ်ရင် ကိုယ့်လုပ်ငန်းရဲ့နာမည်ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်🙅🙅🙅

ဒီ ၃ ချက်ကို ကျွန်မတို့လုပ်ငန်းနဲ့ ဥပမာပြောပြရရင် (ကျွန်မက laundry လုပ်ငန်းလုပ်ကိုင်ပါတယ်)👕👔👚👖

လုပ်ငန်းစကတည်းက
ပေးမဲ့ ဝန်ဆောင်မှုကို သတ်မှတ်ထားပါတယ်
အရောက်ယူအရောက်ပို့ ဝန်ဆောင်မှုထည့်မယ်ပေါ့🚴🚴🚴

အဲ့ဒီ တစ်ချက်မှာတင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံအရ ကျွန်မတို့ဆိုင်ဖွင့်ချိန်က မနက် ၈ ကနေ ညနေ ၆ပါ
ဆိုင်စဖွင့်ကာစဆိုတော့ အရမ်းကောင်းချင်ဇောနဲ့
Customer က ည၈ နာရီဖုန်းဆက်လည်းသွားယူပေးတယ်
နောက်ပိုင်း အလုပ်တွေတအားကျလို့ မယူနိုင်တဲ့အခါကျတော့ customer အနေနဲ့ စိတ်ဆိုးတာမျိုးကြုံရပါတယ်

နောက်တစ်ခုက
ဝန်ဆောင်မှုအချိန်အနေနဲ့ ပုံမှန် ၂၄ နာရီကြာချိန်လို့ သတ်မှတ်ထားပေမဲ့ ဆိုင်စဖွင့်တဲ့ အချိန်မှာ ကောင်းချင်ဇောနဲ့ ဒီနေ့အပ် ဒီနေ့ချက်ချင်းရလုပ်ပေးမိလိုက်တယ်

နောက်ပိုင်းအလုပ်များလို့ မလုပ်နိုင်တဲ့အခါ service quality မမီဘူးလို့ customer ကခံစားသွားရပါတယ်

နောက်ဆုံးတစ်ချက်က
ကုန်ကျစရိတ်ပါ ဝန်ဆောင်မှုအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ အသုံးအဆောင်တွေကို customer target ပေါ်မူတည်ပြီးသုံးသင့်ပါတယ်

ကိုယ်က အထင်တန်းလွှာကို target ထားပြီး ဆိုင်ခန်းကို ရပ်ကွက်ထဲဖွင့်လို့မရသလို

ကိုယ်က အခြေခံလူတန်းစား target ထားပြီး နေရာကောင်းငှါး၊ ကုန်ကြမ်းအကောင်းစားတွေ သုံးနေရင် ကုန်ကျစရိတ်မြင့်ပြီး အမြတ်ကျန်မှာမဟုက်ပါဘူး
🎯🎯🎯
ကျွန်မတို့လုပ်ငန်းမျိုးဆို ဖြစ်တတ်တာ ကိုယ်သတ်မှတ်ထားတဲ့ စျေးနှုန်းက ၁၀၀၊ ၁၅၀
အဲ့ဒါကို ဆပ်ပြာအကောင်းစားတွေသုံးပြီး
အကျီတစ်ထည်ချင်းကို တစ်ခု ၅၀ လောက်ကျမဲ့ အိတ်နဲ့ တစ်ထည်ချင်းထည့်ပေးတာမျိုးတွေ လုပ်မယ်ဆို ရေရှည်မှာ ကုန်ကျစရိတ် ကာမိနိုင်ပါ့မလား ?

ဒီလိုလုပ်ပေးတာဟာ customer အနေနဲ့ကောင်းပေမဲ့ စီးပွားရေးအမြင်နဲ့ကြည့်မယ်ဆို အဆင်မပြေလှပါဘူး။

ဒါကြောင့် အဆုံးသတ်ရရင် အောက်ကတြိဂံပုံလိုပါပဲ

ဒီ ၃ ချက်က အချိုးညီညီဖြစ်နေမှ ကိုယ့်လုပ်ငန်းအတွက်ကော customer အတွက်ကော အဆင်ပြေမှာပါ။
မိတ်ဆွေတို့ရဲ့ ဝန်ဆောင်မှုကို ဒီ၃ ချက်နဲ့ ချိန်ဆနိုင်ပြီး တသပ်မက်ထဲသော ဝန်ဆောင်မှုတွေ ပေးနိုင်ကြပါစေရှင့် 😍

Thinn Myat Aung
(Mr Clean laundry)

04/06/2024

Page က ဝင်မရပါသဖြင့် 09448445097 or 09448445098 ကို ဆက်သွယ်နိုင်ပါသည်

01/06/2024

Covid ကာလက အကြံပေးချက်လေး

01/06/2024

ဒါက ကြော်ငြာ Post ပါ

မြေပုံရှိပြီးသား ခရီးတစ်ခုကို
မြေပုံမသုံးဘဲ လမ်းမှာ တွေ့တဲ့သူမေးပြီးသွားနေမယ်ဆို တချိန် ချိန်ကျရင်တော့ ရောက်ကောင်း ရောက်ပါလိမ့်မယ်
ဒါ​​ပေမဲ့ ပုံမှန်ထက် အချိန်ပိုကြာမယ်
ကုန်ကျစရိတ်ပိုများကောင်းများမယ်
စိတ်ဖိစည်းရမယ်
လမ်းမှားတာလည်း ဖြစ်နိုင်ပါတယ်

ဒီလိုပါပဲ Laundry သင်တန်းဆိုတာကတော့
Laundry လုပ်ငန်းတစ်ခု idea ကနေ အောင်မြင်တဲ့ အနေအထားတစ်ခု ရောက်ဖို့ မြေပုံ တစ်ခုပါပဲ
Laundry လုပ်ငန်း ၈နှစ်အတွေ့အကြုံတွေနဲ့
မြန်မြန် အောင်မြင်အောင် Laundry Business မြေပုံကို သိရမှာ ဖြစ်ပါတယ်

ဒါကြောင့်
Laundry Group တွေထဲ ဘာစက်သုံးသင့်လဲ? ဘာဆပ်ပြာသုံးသင့်လဲ?
ဘယ်လိုလုပ်ရမလဲ?
ဒါတွေကို တယောက်တပေါက် လိုက်မေးနေစရာမလိုဘဲ
အဆင်သင့် မြေပုံ ရရှိ သလို စနိုင်မှာပဲ ဖြစ်ပါတယ်

Business ပိုင်းနဲ့ Laundry နည်းစနစ်ပိုင်းကို မျှတအောင် သင်ကြားပေးမှာ ဖြစ်ပါတယ် 😊

Online Retail Laundry Training တွင် သင်ကြားမည့် အကြောင်းအရာများ

Laundry မိတ်ဆက်
Laundry အမျိုးအစားများ
Retail Laundry ဖွင့်ရန် လုပ်ဆောင်ရမည်းအချက်များ အသေးစိတ်
Market Research
Business Plan
လိုအပ်ပစ္စည်းများ
ဆိုင်ခန်းနေရာအကြောင်း
စက်အကြောင်းနှင့်
Installation အချက်အလက်များ
ဝန်ထမ်းရေးရာ
Marketing
လက်တွေ့ opetation များကို တဆင့်စီ လက်တွေ့ပြမည့် video
Chemical အကြောင်းများ
မိမိ အခြေ​​အနေနဲ့ ကိုက်ညီမဲ့ ပုံစံကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်
(သင်တန်းပြီးဆုံးပါက အပြင်ဆိုင်မှာ လက်တွေ့လာဆင်းနိုင်ပါတယ်)

သင်တန်းပြီးဆုံးပါက Laundry လုပ်ငန်း လမ်းညွှန်မြေပုံရသလို တစ်ပတ်အတွင်း ဖွင့်နိုင်မှာ အသေအချာပါ 😊

သင်တန်းကာလက (၅) ရက်ပါ

သင်ကြားမဲ့ ပုံစံကတော့ မနက်ပိုင်း Video သင်ခန်းစာတွေ လေ့လာပြီး ညပိုင်း Zoom ကနေ တိုက်ရိုက် ပြန်ဆွေးနွေးနိုင်ပါတယ်
သင်တန်းပြီးရင် အပြင်ဆိုင်မှာ လက်တွေ့လာရောက်လုပ်နိုင်ပါတယ်

သင်တန်းကြေးက
130000 ကျပ်

သင်တန်းကို စိတ်ဝင်စားခဲ့ရင်
Chat Box ကဆက်သွယ်နိုင်ပါတယ်
ဖုန်းဆက်သွယ်ပြီး အသေးစိတ်စုံစမ်းချင်ရင်တော့
09448445098

ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်

31/05/2024

မီးတွေ ဒီလောက်ပျက်နေတာ Laundry ဆိုင်ဖွင့်ဖို့ အဆင်ပြေပါ့မလား?

မီးတွေဒီလောက်ပျက်နေတာ Laundry ဆိုင်ဖွင့်ဖို့အဆင်ပြေပါ့မလား? 29/05/2024

မီးတွေ ဒီလောက်ပျက်နေတာ
Laundry လုပ်ငန်းစဖို့အဆင်ပြေပါ့မလား?

မီးတွေဒီလောက်ပျက်နေတာ Laundry ဆိုင်ဖွင့်ဖို့အဆင်ပြေပါ့မလား? မီးတွေဒီလောက်ပျက်နေတာ Laundry ဆိုင်ဖွင့်ဖို့အဆင်ပြေပါ့မလား?

28/05/2024

လုပ်ငန်းစဖို့ကို
ဘယ်အရာက နောက်ပြန်ဆွဲနေတာလဲ?

28/05/2024

မိုးရာသီမှာ Laundry ဆိုင်ရှင်တွေအတွက်
အကောင်းဆုံးရာသီဖြစ်ပေမဲ့ Complain လည်းအများဆုံးရာသီဖြစ်ပါတယ်

Mini Startup မှာ Laundry လုပ်ငန်းစိတ်ဝင်စားတဲ့ မိတ်ဆွေများအတွက် သင်တန်းများလည်းရှိလို့ Laundry business အတွက်ဆို Mini Startup ရှိပါတယ် 😍

Photos from Mini Startup - Laundry and Small Business Solutions's post 17/05/2024

Online သင်တန်းကနေ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အတွက်
Congratulations ပါ Shinning Htoo 😊

16/05/2024

မင်္ဂလာပါ နေကအရမ်းပူ
မီးကအရမ်းပျက်နဲ့ ဘာအာရုံမှ စိုက်မရလို့ video အသစ်တွေလည်း မတင်ဖြစ်နေဘူး

အခုတလောအတွေ့အကြုံ တစ်ခုကနေရတဲ့ သင်ခန်းစာလေးနဲ့ ​ပတ်သက်ပြီးတော့ နောက်နေ့ ပြန်မျှဝေပေးမယ်နော်

အကြောင်းအရာကတော့
ပြသာနာရှာတတ်တဲ့ Customer အယောင်ဆောင်လူများအကြောင်းပါ

ကျမတို့လည်း လူအများနဲ့လုပ်ရတော့ အမှားမကင်းပေမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြသာနာရှာတတ်တဲ့သူတွေနဲ့ ကြုံရတဲ့ အတွေ့အကြုံတွေလည်းများပါတယ်

အဲ့အတွေ့အကြုံတွေအရ
ဆောင်ရန် ရှောင်ရန်တွေ သတိထားစရာတွေ
အကြောင်း ပြောပြပေးသွားမှာမို့
စိတ်ဝင်စားရင် comment မှာ တခုခုရေးသွားပေးပါနော်

အာလုံး ရာသီဥတုပူလို့ ကျန်းမာရေး ဂရုစိုက်ကြပါနော် 😊

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

First Laundry Training In Myanmar

Training for how to start laundry business in Myanmar.

Videos (show all)

လက်တွေ့ လူကိုယ်တိုင်သင်မှ သင်ချင်တာဆိုတဲ့ မိတ်ဆွေတွေအတွက် 😊အပြင်သင်တန်း 26,27,28Laundry Training တွင် သင်ကြားမည့် အကြောင...
မီးတွေ ဒီလောက်ပျက်နေတာ Laundry ဆိုင်ဖွင့်ဖို့ အဆင်ပြေပါ့မလား?
မိုးရာသီမှာ Laundry ဆိုင်ရှင်တွေအတွက် အကောင်းဆုံးရာသီဖြစ်ပေမဲ့ Complain လည်းအများဆုံးရာသီဖြစ်ပါတယ်Mini Startup မှာ Laund...
အဝတ်လျှော်စက် အမျိုးအစားများအားသာချက် အားနည်းချက်Twin Washer Top Load WasherFront Load Washer#laundrystartupmyanmar #onl...
Laundry ဆိုင်ဖွင့်ဖို့ ဘယ်လောက်ကုန်မလဲ?ကိုယ်နဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ စတင်လုပ်ကိုင်နိုင်ဖို့👇👇👇👇👇https://youtu.be/YjbLsx-1...
ကြည့်မြင်တိုင် မှာဖွင့်တဲ့ကြည့်မြင်တိုင် Laundryဗိုလ်စောပုလမ်း ဆင်မလိုက်မှတ်တိုက်အနီးAll in One Packageစက်ပစ္စည်းဝယ်ယူခြ...
ကြိုးစားနေတဲ့ကာလမှာ စိတ်အကြည်ဓာတ်မပျောက်ဖို့ 😊
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်နေတာတောင်ဘာကြောင့် မပျော်ရွှင်နေတာလဲ?#laundrystartup #smallbusiness
အဝတ်လျှော်ရာတွင် အသုံးပြုသောပစ္စည်းများအကြောင်းဒီလိုမျိုး အဆင့်ဆင့်နဲ့ မှန်ကန်တဲ့ ပမာဏအသုံးပြုမှ ကောင်းမွန်တဲ့ ရလဒ်ထွက်လ...
ကိုယ်တိုင် Laundry တစ်ခုကို လုပ်နေရင်း သင်တန်းပေးတာမို့ Laundry Business တစ်ခုရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း sharing ...
အလုပ်တွေတော့လုပ်နေရတာပဲ လကုန်ရင် ဘာမှမကျန်ဘူး လုပ်မောပြီး သောကတွေပဲ ကျန်နေတယ်ဆိုရင် ဒီ Video ကိုကြည့်ပေးနော်#laundrytrai...
Mini StartUp ဆိုတာဘာလဲ?ဘာတွေလုပ်လဲ?#laundrytraining #smallbusiness #drycleaning

Category

Telephone

Website

Address

ချမ်းမြသာစည်လမ်း ၁၀၅ ရပ်ကွက် တောင်ဒဂုံ
Yangon
1365

Other Dry Cleaners in Yangon (show all)
T&T Dhobi T&T Dhobi
Yangon

T&T Dhobi အဝတ်လျော်၊မီးပူတိုက်ဝန်ဆောင်မှု

သန့် သန့် လေး - Laundry Service သန့် သန့် လေး - Laundry Service
Shwe Oo Daung Street
Yangon, 11401

Fair Price, Good Service, Save Time

Unique Jellyfish Unique Jellyfish
Yangon

Unique Jellyfish is All-Purpose Liquid Detergent. It is really good, reasonable and useful.

My Laundry My Laundry
Yangon, 10260

We are going to take your laundry every week, clean it up, iron it, fold them neatly and send them b

Y GA Y GA
Yangon, 11211

Sneakers Dry Cleaners Sneakers Accessories Leather Polish Leather Repair

Y&P Thailand Cosmetic Online Shop Y&P Thailand Cosmetic Online Shop
No. 1033, Corner Of Akkari-1st & 2nd Street, 10 Ward, Shwepyitha Township
Yangon, 11411

We are just offering CLEANING & LAUNDRY SERVICE DELIVERY for Male in Yangon City. You never have to worry about dirty clothes, bed sheets, pillows, ironing, ever again.

Santa's Laundry Santa's Laundry
7(A), Mogoke Street, Industrial Zone (1) Of South Dagon
Yangon, 110111

Win Wit Professional Laundry Service Win Wit Professional Laundry Service
No(74/77), Corner Of Thunadar Road & Kaymarti Road, North Oakalar Township
Yangon

Htet Kaung Printing Services Htet Kaung Printing Services
37Street Kyauk Tada Township
Yangon

Packaging and General Offset Printing Services.

White& Clean Laundry Service White& Clean Laundry Service
No. (265/B), Thiri Myaing 10 Road (Upper), (13) Quarter, Hlaing
Yangon, 421018739

"Giving the best services with our brightest inspire"