Helping Hands
Helping Hands
Action Against Hunger!
Photos from Thabarwa Nature Center သဘာဝတရားရိပ်သာ's post 13/08/2020
Photos from ခိုလံႈရာ ခိုကိုးရာမဲ့ ဘိုးဘြားရိပ္သာ's post 07/07/2020
15/02/2020
ပရဟိတလုပ်အားပေးအလိုရှိပါတယ်!!
………………………………
Hello!! အားလုံးပဲမင်္ဂလာပါ.. February လရဲ့ Mobile Soup Movement လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အရင်လတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ကူညီပေးခဲ့ကြတဲ့ volunteer တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ဒီတစ်လမှာလဲ ရိက္ခာထုပ်လေးတွေကိုလိုအပ်နေတဲ့သူတွေဆီပို့ပေးနိုင်ဖို့ လုပ်အားပေးလူငယ်လေးတွေလိုအပ်နေပါတယ်။ ဒါကြောင့် မှောင်မိုက်နေတဲ့ကမ္ဘာကြီးအတွက် အလင်းပေးချင်တဲ့ မည်သူ့ကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်နော်...………………………………………………………………
ကျွန်မတို့ရဲ့ campaign လေးမှာ volunteer တစ်ယောက်အဖြစ် ပါဝင်ကူညီပေးချင်ပါသလား???
ဒါဆိုရင်တော့ Mobile Soup Movement အကြောင်းလေးကို အရင် ရှင်းပြမယ်နော်! ဒီ လှုပ်ရှားမှုလေးကတော့ ရိုးရှင်းပါတယ်။ လတိုင်း ကျွန်မတို့ နှစ်ယောက်က care packages (ရိက္ခာထုပ်) တွေကို Children of Tomorrow Youth Centre မှာ အဆင်သင့်ထားရှိပေးပါတယ်။ ရိက္ခာထုပ်တွေထဲမှာ မုန့်ခြောက်တွေ၊ နေ့စဉ် လိုအပ်မယ့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပါဝင်ပါတယ်။ လိုအပ်နေတဲ့သူတွေအတွက် အသုံးဝင်မယ့်ပစ္စည်းတွေပေါ့။ ဒီရိက္ခာထုပ်တွေကို လိုအပ်နေတဲ့လူတွေ လက်ထဲအရောက် ဝေမျှပေးဖို့ကတော့ သင်တို့လို ကူညီတတ်တဲ့စိတ်ထားရှိတဲ့လူတွေကို အားကိုးပါရစေနော်!
သင်တို့အနေနဲ့ လုပ်ရမှာကတော့ မခက်ခဲပါဘူး... ဒီရိက္ခာထုပ်လေးတွေကို လာယူပြီး လိုအပ်နေတဲ့ လူတွေလက်ထဲအရောက် ပို့ဆောင်ပေးရုံပါပဲ!!!ဒီလအတွက် ရဲ့ ရိက္ခာထုပ်တွေကတော့ အဆင်သင့်ဖြစ်နေပါပြီနော်!!!
ဒါကြောင့်...09254431992 ကိုဆက်သွယ်ပြီး
၁။ အမှတ် 54(A)၊ ဇေယျသုခလမ်း၊ သုဝဏ သင်္ဃန်းကျွန်းမြို့နယ်မှ
၂။ ရိက္ခာထုပ် ဘယ်နှထုပ်လာယူမလဲဆိုတာနဲ့
၃။ ဘယ်အချိန်လာယူဖြစ်မလဲဆိုတာတွေကို မေးမြန်းအကြောင်းကြားနိုင်ပါတယ်။ (ရိက္ခာပစ္စည်းတွေထည့်ဖို့ အိတ်တွေကူညီပေးတဲ့ Lady’s era ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။)
သင်တို့၏ ရှယ် တစ်ချက်က သူတို့အတွက် ထမင်းတစ်နပ်စာ ဖြစ်နိုင်မှာပါ 23/09/2019
သင်တို့၏ ရှယ် တစ်ချက်က သူတို့အတွက် ထမင်းတစ်နပ်စာ ဖြစ်နိုင်မှာပါ သင်တို့၏ Share တစ်ချက်က သူတို့အတွက် ထမင်းတစ်နပ်စာ ဖြစ်နိုင်မှာပါ။ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ “...
09/06/2019
မန်းလေး မှာ ကျောက်ကပ်
အခမဲ့ဆေးလို့ရတဲ့
ဆေးရုံလိပ်စာပါ shareပေးကြပါ
12/03/2019
အသံလှူခြင်းနှင့် လိပ်စာအချို့
===================
လိပ်စာအချို့နဲ့ အသံလှူခြင်းဆိုင်ရာကိုပြန်လည်တွဲပြီးတင်ပေးလိုက်ပါတယ်
အသံလှူခြင်းဆိုတာ
တစ်ရက် မျက်မမြင်ကျောင်းမှာ အလှူဒါန သွားလုပ်တဲ့အခါ ငွေအားအပြင် လူအားဖြစ်တဲ့ အသံလှူလို့ရသေးတယ်ဆိုတာ သိလိုက်ရပါတယ်။ အသံဆိုတာ မျက်မမြင်ကျောင်းတွေမှာ မျက်မမြင် ကျောင်းသား ကျောင်းသူ တစ်ယောက်ချင်းစီကို စာအုပ်လေးတွေ၊
ကျောင်းစာအုပ်လေးတွေ ဖတ်ပြရတဲ့ အလှူပါ။ မျက်မမြင် လေးတွေ တစ်ယောက်ချင်းစီမှာ အသံဖမ်းစက်လေးတွေ ကိုယ်စီ
ရှိကြပါတယ်တဲ့။ အသံလှူတဲ့ လူက တစ်ယောက်ချင်းကို ဖတ်ပြ၊ မျက်မမြင်လေးတွေက သိချင်တာရှိရင်မေး စသည်ဖြင့်ပေါ့ဗျာ။
တော်တော်ကုသိုလ်ရမယ့် အလှူမျိုးပါ။ ကုန်ကျစရိတ်ကလည်း ကျောင်းကိုသွားတဲ့ကားခလောက်ပဲရှိမှာမို့ ငွေကြေးများများစားစား မတတ်နိုင်ရင်တောင်
လှူလို့ရတဲ့ အလှူမျိုးပါ။
လှူချင်တဲ့စိတ်ဖြစ်လို့ လှူမယ်ဆိုရင် ရန်ကုန်မှာဆိုရင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း
ကိုသွားပြီး ကိုယ် ပေးနိုင်တဲ့ အချိန်လေးတွေ ညှိပါ။ တစ်နေ့ကို နာရီဝက် သို့မဟုတ် တစ်နာရီ စသည်ဖြင့် ပေးနိုင်တဲ့အချိန်လေးတွေ ကိုပြောပါ။
တချို့ဆိုရင်အပတ်စဉ် အားတဲ့ရက်တိုင်း လှူနေကြလို့ ပြောပါတယ်။ မျက်မမြင်လေးတွေက ကျောင်းအိပ်ကျောင်းစားလေးတွေပါ။
ငွေကြေးလည်း လှူဒါန်းနိုင်သလို အသံအလှူကလည်း သူတို့လေးတွေအတွက် အရေးကြီးပြန်ပါတယ် တချို့လည်း အသံကို ၀ယ်လှူကြပါတယ်။ အသံကို ၀ယ်လှူလို့ရတယ် (အခွေကို ၀ယ်လှူတယ်လို့ယူဆပါတယ်) ဆိုပေမယ့် သူတို့လေးတွေ ဖတ်ချင်တဲ့ သိချင်တဲ့ စာအုပ်ကို ဖတ်ပြပေးတာ သူတို့သိလိုတာလေးတွေ မေးသမျှကို ဖြေပေးတာကလည်း ကြီးမားသော ပညာဒါနဖြစ်သလို သူတို့လေးတွေအတွက်လည်း အကျိုးများစွာ ရှိပါတယ် ကျွန်တော်တို့ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ဖတ်နိုင်သလိုပါပဲ သူတို့ဖတ်လိုတဲ့စာအုပ်ကို ကိုယ်တိုင်ဖတ်ပြလှူဒါန်းနိုင်တာပေါ့။ ၀ယ်လှူတာဆိုရင် သူတို့လိုအပ်တဲ့စာအုပ်ရှိချင်မှရှိမှာပါ။ ဒါကြောင့် အချိန်လေးများပေးနိုင်မယ်ဆိုလျှင်ဖြင့် ............................
ဒါကတော့ ရန်ကုန်က လိပ်စာအချို့ဖြစ်ပါတယ်
ကြည့်မြင်တိုင် ကျောင်း
ကိုစိန်ဘထွေး
09420138661 ကိုဆက်သွယ်နိုင်ပါတယ်။စလင်းကွင်းအရှေ့။ YBS 89 ကားဂိတ်ဆုံး။ ကြည့်မြင်တိုင်မှာတော့ Studio ပုံစံလို အခန်းလုပ်ထားပြီး အသံသွင်းပြီးလှူရတဲ့ ပုံစံပါ။ တကယ်လို့လှူတဲ့သူမှာ အချိန်ပိုအများကြီးမရှိရင်စာအုပ်တစ်အုပ်ကို အထူအပါးပေါ်မူတည်ပြီး နှစ်ခါ သုံးခါ ခွဲဖတ်နိုင်ပါတယ်။ု
ရန်ကုန် ခဝဲခြံ မျက်မမြင်ကျောင်းသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ နယ်တွင်တည်ရှိ၍ ကျောင်းသို့ ဆက်သွယ် လိုပါက ဖုန်-၆၆၂ဝ၃၄၊ ၆၆၁၆၈၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
နောက် မျက်မမြင်ကျောင်းရှိတဲ့အရပ်တွေကတော့
စစ်ကိုင်းမရှိခဏဘုရားအနီးမှာ
ပြင်ဦးလွင် မဟာအံ့ထူးကံသာဘုရားမှာ
မုံရွာမြို့သစ်မှာ
မြစ်ကြီးနားမြို့မှာ
ရောင်ခြည်သသ် မျက်မမြင်ကျောင်း
အမှတ် (၆) ကုက္ကိုလမ်းနှင့်ပန်းတမာလမ်းကြား
မြို့သစ်ရပ်၊ မုံရွာမြို့။
09757755574
09257755574
အမှတ်(၆/၂၈)၊ကားကြီးကွင်းမြောက်ဖက်၊ မရှိခဏဘုရားအနီး၊ မြို့သစ်ရပ်ကွက်၊ စစ်ကိုင်းမြို့။
ဆက်သွယ်ရန်ဖုန်းနံပါတ်:
ဝ၇၁-၂၂၂၃၇
ဆရာတော် ဦးဥေယျ
ပရဟိတမျက်မမြင် ပညာသင်ကျောင်း၊
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ခြေတော်ရင်း၊
ပြင်ဦးလွင်မြို့ ၊ မန္တလေးတိုင်း၊
Ph – 085 – 29122
သွားရောက်လှူဖို့အခက်အခဲရှိတဲ့သူများအနေနဲ့ ကျွန်တော်တို့ page ကို စာဖတ်ထားတဲ့ audio file တွေ့ပို့ပေးလို့ရပါတယ်။ စုစည်းပြီးတော့သွားရောက်လှူဒါန်းပေးပါမယ်ခင်ဗျာ။
သင့်ရဲ့ပတ်ဝန်းကျင်မှာ… အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေ 20/01/2019
သင့်ရဲ့ပတ်ဝန်းကျင်မှာ… အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေ Zawgyi သင့်ရဲ့ပတ်ဝန်းကျင်မှာ… အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေတဲ့ လူငယ်တွေ ရှိ....
16/01/2019
ပရဟိတ လုပ်အားပေး အလိုရှိသည်!!!
……………………………………………
အားလုံးပဲမင်္ဂလာပါ!!!
အခုဆိုရင်တော့ ဒီလရဲ့ Mobile Soup Movement အချိန်လေးကို ပြန်လည်ရောက်ရှိလို့လာပါပြီ....
ပထမဦးဆုံးအနေနဲ့ အရင်လ Mobile Soup Movement မှာတုန်းက အင်တိုက်အားတိုက် ပါဝင်ကူညီပေးခဲ့ကြတဲ့ volunteers တွေ အယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် Lady's era ကိုလည်း ရိက္ခာပစ္စည်းတွေထည့်ဖို့ အိတ်တွေကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်။
ဒီလအတွက် ကျွန်မတို့ရဲ့ ရိက္ခာထုပ်လေးတွေကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက် တကယ်လိုအပ်နေတဲ့သူတွေဆီ ရိက္ခာထုပ်လေးတွေ ပို့ပေးနိုင်ဖို့ လုပ်အားပေးလူငယ်တွေ များစွာ လိုအပ်နေပါတယ်!!!
ကျွန်မတို့လုပ်ပေးလိုက်တဲ့ အကူအညီတွေဟာ ဘယ်လောက်ပဲသေးငယ်နေပါစေ... တကယ်လိုအပ်နေတဲ့သူတွေအတွက်တော့ အထောက်အပံ့ကောင်းတစ်ခုဖြစ်စေနိုင်ပါတယ်…
ဒါကြောင့် မှောင်မိုက်နေတဲ့ကမ္ဘာကြီးအတွက် အလင်းပေးချင်တဲ့ မည်သူ့ကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်။
……………………………………………………………………………………………
Mobile Soup Movement ဆိုတာကတော့ ကျွန်မနဲ့ ကျွန်မအမျိုးသား Richard တို့ ယုံကြည်တဲ့ ဆိုတဲ့စကားအတိုင်း လိုအပ်နေတဲ့လူတွေအတွက် ရိက္ခာထုပ်လေးတွေဝေမျှပြီး ကူညီပေးဖို့ စတင်ခဲ့တဲ့ အစီအစဉ်လေးပါ။
အဲ့တော့ ဒီရိက္ခာထုပ်တွေကို လိုအပ်နေတဲ့လူတွေ လက်ထဲအရောက် ဝေမျှပေးဖို့ကတော့ သင်တို့လို ကူညီတတ်တဲ့စိတ်ထားရှိတဲ့လူတွေကို အားကိုးပါရစေနော်!
ဒီလအတွက် ရဲ့ ရိက္ခာထုပ်တွေကတော့ အဆင်သင့်ဖြစ်နေပြီဆိုတော့
၁။ ဘယ်လိုလာရမလဲဆိုတာနဲ့ လိပ်စာအသေးစိတ်
ဆက်သွယ်မေးမြန်းအကြောင်းကြားနိုင်ပါတယ်။
ရာဇ၀တ်မှုနှင့် စွပ်စွဲခံရပြီး မတရားခံရသူတွေအတွက် ရှေ့နေငှားဖို့တောင် ငွေကြေးမတတ်နိုင်ဘူ 16/01/2019
ရာဇ၀တ်မှုနှင့် စွပ်စွဲခံရပြီး မတရားခံရသူတွေအတွက် ရှေ့နေငှားဖို့တောင် ငွေကြေးမတတ်နိုင်ဘူ ဒီသတင်း မျှဝေပေးပါ ရာဇဝတ်မှုနှင့် စွပ်စွဲခံထားရပြီး ရှေ့နေငှားရမ်းရန် ငွေကြေးမတက်နိုင်သူများအတွက် အခမဲ့ေ.....
Photos from သင်္ခရိုင် ပရဟိတကျောင်း ကြို့ပင်ကောက်မြို့'s post 24/12/2018
Photos from တရားစခန်း-တရား ရိပ်သာ လိပ်စာများ's post 15/12/2018
21/11/2018
သင်အမြတ်ဆုံးသောကုသိုလ်တစ်ခုပြုချင်ပါသလား?
ဒါဆိုရင်သင့်ဖုန်းမျက်နှာပြင်ပေါ်ကိုရောက်လာခဲ့တဲ့ဒီပို့စ်လေးတစ်ခုကိုရှဲလ်ပေးခြင်းဖြင့်ဇီဝိတဒါနဖြစ်သွားလိမ့်မည်.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနုဿတ္တဘာဝေါဒုလ္လဘော စောဗုဒ္ဓမြတ်စွာဟောကြား
ခဲ့တာက လူအဖြစ်ရဖို့ဆိုတာအင်မတန်ခဲရင်းပါတယ်လို့
အမေများမသိခဲ့လေသလား မနာကြားရခဲ့လေသလား
သားတို့မှာဘယ်လိုအပြစ်များရှိခဲ့လို့လူဖြစ်ခွင့်မပြုခဲ့တာလဲအမေ.. နွေးထွေးတဲ့အမေ့ရင်ခွင်ထဲရှိနေရမဲ့အစား
ခု.သားလေကြမ်းတမ်းတဲ့မြေပြင်ပေါ်မှာစွန့်ပစ်ခဲ့ပြီး နောက်ပြန်လှည့်မကြည့်ပါပဲအဝေးဆုံးကိုပြေးထွက်သွား
ခဲ့ပြီ.. အမေရယ် တစ်ကယ်ဆိုရင်ခုလိုရက်ရက်စက်စက်
လမ်းဘေးမှာစွန့်ပြစ်မဲ့အစားမိဘမဲ့ခေဟာတစ်ခုခုကိုပေး
ပို့ခဲ့မယ်ဆိုရင်တောင် သား ခုလိုမွန်းကြပ်ဆင်းရဲနာကြင်
နေတဲ့ဝေဒနာတွေမခံစားရပါဘူးအမေ. အမေမကြည့်တဲ့နောက်ကွယ်မှာ.သားကိုအစာဖြစ်နဲ့ခွေး
တွေကိုက်စားကြတော့မယ်. သားမခံစားနိုင်တော့ဘူး
အမေရယ် သားကိုမစွန့်ပြစ်ခဲ့ပါနဲ့ သားကိုအသက်ရှင်သန်ခွင့်
ပေးခဲ့မယ်ဆိုရင် သားနို့..တစ်လုံးဖိုးမဟုတ်ဘူး အတိုးရော အရင်းပါနှစ်လုံးဖိုးကျေအောင်ဆပ်ပါ့မယ်....အမေ
သားကိုမထားခဲ့ပါနင့်လားအမေ..သားတောင်းပန်ပါတယ်အမေ............
( မှတ်ချက် )
သားငယ် သမီးငယ်လေးများကိုမပြုစုနိုင်တော့ဘူး မစောင့်ရှောက်နိုင်တော့ဘူးဆိုလျင် YGW မိဘမဲ့ကလေး
များစောင့်ရှောက်ရေးကျောင်း မန္တလေးကိုသတိရလိုက်ပါ
ခုလို..စည်းမဲ့ကမ်းမဲ့ ဆင်ခြင်တုံတရားမဲ့စွန့်ပြစ်ကြမယ်ဆို
ရင်ကလေးငယ်တို့အသက်ရှင်သန်ခွင့်ကအရမ်းနည်းပါးပါတယ် ကလေးငယ်တွေကိုသတ်ပြစ်တယ်လို့ကို.ဆိုလို့ရ
ပါတယ်.. လောကမှာရောသံသရာမှာပါအပြစ်ကြီးပြုလုပ်
လိုက်တာနဲ့အတူတူပါ...
အဝါရောင်မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း
၅၈လမ်း/ ကနောင်မင်းသားကြီးလမ်း
စက်မှုဇုံ ၂ / ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့
Ph.09 4026 95 999
09 778 334 734
09 776 789 222
Photos from Eleven Media Group's post 24/05/2018
Photos from New image's post 07/04/2018
Timeline photos 27/03/2018
လွန်ခဲ့တဲ့ ၃ နှစ်…သူ့ကို စတွေ့တုန်းက သူကခွဲခန်းထဲကနေ ဘောင်းဘီရှော့ပင်ကြီးနဲ့ထွက်လာတာ၊ဟာ..ဘယ်လိုဆရာဝန် တုန်းဟ…ခွဲခန်းဝင်တာ ဘောင်းဘီတိုကြီးနဲ့ပါလားပေါ့။
နောက်မှသိရတာ ..သူဝတ်လာတဲ့ပုဆိုးကို ခွဲတဲ့လူနာကိုပေး ခဲ့တာတဲ့။အက်စီးဒင့်ဖြစ်တဲ့လူနာပုဆိုးမှာ သွေးတွေပေနေပြီး လဲဖို့ရာ ပုဆိုးအပိုမပါလို့တဲ့။
နောက်ပိုင်းတော့ဒီဆရာဝန်သတင်းတွေနားနဲ့မဆန့်အောင် ကြားလာရတယ်။
တော်ကြောင်း လူနာအပေါ်စေတနာထားကြောင်း ငွေကြေး မရှိရင် အလကားခွဲစိတ်ကုသပေးကြောင်း စုံလို့…စုံလို့... ။
ကျွန်တော်တို့နေတဲ့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ဖဒိုမြို့ ကလူတွေကိုဒေါက်တာခွန်ဝင်းလတ်အကြောင်းမေးကြည့်ပါ လား..ခင်ဗျားကို လဖက်ရည်တိုက် ထမင်းကျွေးပြီးတော့ကို ပြောပြလိမ့်မယ်..။
တစ်ရက် သူနဲ့ကျွန်တော် ဆေးရုံမှာထိုင်စကားပြောနေတုန်း
အဝတ်အစားခပ်နွမ်းနွမ်းနဲ့ ကရင်မကြီးတစ်ယောက်မွေးခါစ ကလေးနီတာရဲလေးကိုချီပြီး ရောက်လာတယ်။
ပြီးခဲ့တဲ့ ငါးရက်လောက်ကခွဲမွေးတာတဲ့။တောင်ပေါ်မှာ အိမ် နီးနားခြင်းက ကလေးမွေးပေးတာ မမွေးနိုင်တာနဲ့ သေလု မျောပါး ရောက်လာပြီး ဒေါက်တာခွန်ဝင်းလတ်က ကလေး ရောမိခင်ပါအသက်ကယ်ခဲ့လိုက်တာ..။
ပိုက်ဆံထောင်တန်လေး ၁၀ ရွက်ကိုကိုင်ပြီး ဒေါက်တာ့ကို လာကန်တော့တာလို့ပြောတယ်။ သူက တစ်ခွန်းထည်းပြန် ပြောလိုက်တယ်..
"ဒီမှာ အမိုး နည်းတယ်..မရဘူး.
ခွဲမွေးရတာဗျ..နည်းတယ်"
"အမိုးလည်း ဒီလောက်ပဲ တတ်နိုင်လို့ပါ
သဒါ(ဆရာ)ရယ်.."
"အမိုးကို ကျွန်တော်က စေတနာနဲ့
အလကား ခွဲပေးတာ ကျွန်တော့်
စေတနာကိုငွေတစ်သောင်းနဲ့ တန်ဖိုး
ဖြတ်မယ်ဆိုနည်းတယ်ဗျ…နောက်
လမ်းကြုံမှတောင်ပေါ်ကခရမ်းသီးခူးခဲ့
စေတနာကို စေတနာနဲ့ပဲ ကျေးဇူးဆပ်
ကဲကဲ..သွားသွား"
`သဒါ့ကိုဘုရားသခင်ကောင်းချီးပေး
ပါစေ´ လို့ …တဖွဖွပြောပြီး အဲဒီ ကရင်မကြီးပြန်သွားတယ်..။
ဒီလိုအဖြစ်တွေအများကြီး..တစ်ချို့ဆင်းရဲတဲ့လူနာတွေဆို ဆေးရုံကဆင်းရင် သူက အားဆေးတွေ မုန့်တွေ ကိုဝယ် ပေးလိုက်သေးတယ်။
သူ့လက်သုံးစကားက…
" အစိုးရဝန်ထမ်းဆိုတာ တကယ့်ပရဟိတ
သမားတွေဗျ။ စိတ်ထားတတ်ရင် ကုသိုလ်
သိပ်ရတာ၊ပရဟိတစိတ်ရှိမှ အစိုးရဝန်ထမ်း
လုပ်တာကောင်းတယ်ဗျ"လို့ …ကျွန်တော် တို့ကို မကြာခဏပြောတယ်။
လူပျိုလူလွတ်တစ်ယောက်ဖြစ်တဲ့သူ့ကိုမိန်းမမယူဘူးလား လို့မေးရင် ` ကျွန်တော့်ကို ယူရင် ဆရာဝန်ကတော်တော့ ဖြစ်မယ်။ဒါပေမဲ့ ချမ်းသာမှာတော့မဟုတ်ဘူး။သူများသား သမီးကိုယူပြီး တင့်တောင်း တင့်တယ်မထားနိုင်ပဲ နဲ့တော့ မယူတော့ပါဘူး… ဆရာဝန်လို့ ကိုယ့်ကိုယ်ကို ခံယူထား ကတည်းက ငွေကို လုံးဝထည့်မတွက်တော့ဘူး ညီရေ…´ လို့ပြန်ဖြေတယ်။
လူကခပ်ငယ်ငယ် မျက်နှာပေးက ပြုံးစိစိနဲ့ ဒီလူရဲ့ ရင်ထဲ မှာဘာဖြစ်လို့များ ဒီလောက်မေတ္တာတွေ ပြည့်နေရတာလဲ။
သူကတော်မှန်းသိတော့ မြို့ပေါ်က သူဌေးတွေက သူဘာ လုပ်ချင်လဲ။ဝိုင်းဝန်းဖို့အဆင်သင့်ပဲ၊သူဦးဆောင်ပြီး ဆေးရုံ အဆောက်အဦးအသစ်တွေအိမ်သာတွေအများကြီးဆောက် လုပ်တိုးတတ်လာတယ်။
သူ့လက်ထက်ရောက်မှဆေးရုံကြီးကလည်းစည်ကားလိုက် တာဗျာ..။
လူနာတွေ လူနာရှင်တွေကို သူကိုယ်တိုင်က ပြုံးပြုံး ပြုံးပြုံး
နဲ့ ဆက်ဆံနေမှတော့ သူနာပြုတွေကလည်း လူနာအပေါ်
မချိုမသာမဆက်ဆံရဲတော့ဘူး။
ခင်ဗျားမယုံရင် ဖဒိုဆေးရုံ လာတက်ကြည့်ပါလား ။
ဆရာဝန်ကြီးက လူနာတွေကိုဟာသတွေပြော သူနာ
ပြုချောချောလေးတွေကလည်း ပြုံးကာရယ်ကာနဲ့ (မ
ပြောကောင်း မဆိုကောင်းဗျာ) ဆေးရုံ တက်ရတာ
ပျော်စရာကြီး..
အပြင်မှာ အချိန်ပိုင်းနဲ့ဆေးခန်းလေးတော့ဖွင့်ပါရဲ့..
လာကုတဲ့လူနာတွေ ပိုက်ဆံမရှိရင် ဆေးရုံချည်းလွှတ်တာ..
ခင်ဗျားတို့ ကျွန်တော့်ဆီမှာဆေးထိုးရင် ပိုက်ဆံပေးရမှာ..
သွား ဆေးရုံသွားတတ်..ဟိုမှာဆို ဆေးဖိုး အလကားဗျ..
အဲ့လိုချည်းလုပ်နေမှတော့ ဒီဆရာဝန်မျိုး ဘယ်ကလာ ချမ်းသာတော့မလဲ..။
မြို့မှာပွဲလမ်းသဘင်ရှိလို့ကတော့စင်ပေါ်ကကို
မဆင်းတော့ဘူးမောင်..ဆိုလိုက်တဲ့သီချင်းဗျာ။
အံမယ် ပွဲတွေ ဘာတွေရှိရင် သူ့ကိုတစ်ပုဒ်လောက်ဆရာ လို့သွားမပြောနဲ့…အားကြီးစိတ်ဆိုးတာ…သုံးပုဒ် လေး ပုဒ်လောက်ဆရာလို့ ပြောမှ ကျေနပ်တဲ့လူ…နှလုံးသား လှသလောက် လူကလည်း လူပျော်ဗျ။
ဒါပေမဲ့ဗျာ..
ခုတော့ ဒေါက်တာခွန်ဝင်းလတ် ပြောင်းရတော့ မယ်တဲ့။
ကျွန်တော်တို့မြို့ကိုသူပြောင်းလာခါစက သူအရင်နေခဲ့တဲ့
မတ္တရာမြို့သားတွေ ငိုကြတယ်။
ခုတော့ …ဖဒိုသားတွေငိုရတော့မှာပေါ့။
ဒီဆရာဝန်ကိုမပြာင်းရရေး ဖဒို ၁၆ အုပ်စု ပြည်သူတွေဝိုင်းလက်မှတ်ထိုးပြီး ဝန်ကြီးဆီစာပို့ကြတယ်။
လက်မှတ်ထိုးတဲ့နေ့ကများ ခင်ဗျားကိုမြင်စေချင်တယ်..။
ဟိုး..တောင်ပေါ်က ကရင်ကြီးတွေရွာလူကြီးတွေအပြင်
အရမ်းဝေးတဲ့ရွာတွေကလူတွေဆိုတာ အများကြီးကိုလာ
ကြတာဗျာ။
ဒီလိုဆရာဝန်မျိုးကိုဘယ်ပြောင်းစေချင်ပါ့မလဲ လေ…။
ရသလောက်တော့ ဝိုင်းဝန်းကြိုးစားကြည့်ကြတာပေါ့..။
မရရင်တော့ ဆရာ့ကို အစိုးရဝန်ထမ်းအလုပ်ကထွက်ခိုင်း
ပြီးဖဒိုမှာပဲ ဆေးခန်းဖွင့်ဖို့ရပ်မိရပ်ဖတွေစီစဉ်နေကြတယ်
လို့ကြားတယ်..။
ညက ဆရာ မျက်ရည်ကျနေတယ်ပြောတယ်။ သူလည်း
ဘယ်ပြောင်းချင်ပါ့မလဲ..သံယောဇဉ်ဖြစ်နေပြီကိုး။
မေတ္တာတွေ ရောင်ပြန်ဟပ်နေပြီလေ…။
ဒီတစ်ပတ်အတွင်း နေပြည်တော်ကိုတောင်းပန်စာတင်ထား
တာအခြေအနေသိရမယ်တဲ့…။
ကံတရားကကျွန်တော်တို့ဖဒိုမြို့လေးဘက်မှာရှိနေပါစေ…
လို့ပဲဆုတောင်းလိုက်ပါတယ်ဗျာ.. ။ ။
(credit- ကိုစိုးထိုက် fbမှ)
Timeline photos 26/12/2017
ဖေ့ဘုတ်သုံးရင်း ကုသိုလ်ယူလိုက်ကြရအောင်ပါ။ တစ်ခါ Share ပေးရင် လူ အနည်းဆုံး ၃ ယောက်ရဲ့အသက်ကို ကယ်နိုင်ပါတယ်။
(22 December, 2016)
ဓမ္မရောင်ခြည် ~ 09-785015446 , 09-5015446
သွေးမေတ္တာအဖွဲ့ ~ 09-73006131
လင်းလက် ~ 09-5026097
ရင်ခုန်သံ သွေလှူရှင်အသင်း ~ 01-512887
မာတာ သွေးလှူရှင်အသင်း ~ 09-73113238 , 09-421171577
ပိုင်သုခ သွေးလှူရှင်အဖွဲ့ ~ 09-792824789 , 09-425014693 , 09-792587528 , 09-799895396
______________________
APS Technology
Skype , MEB Talk2 Top-up Service
page Like & Boost Post Service
25/12/2017
05/10/2017
သီတင်းကျွတ်လပြည့်နေ့မှာ
သက်ရှိသတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ
photo credit
S*x Education (Age by Age) 20/08/2017
S*x Education ဆိုတာနဲ့ မသိနားမလည်တဲ့သူတွေက မကောင်းတာသင်တယ်လို့ထင်ကြတယ်။ S*x Education ဆိုတာ ဖိုမဆက်ဆံနည်းသင်တာမဟုတ်ပါဘူး။ "S*x Education ဆိုတာဘာလဲ" ဆိုရင် ...
- ကလေးလေးတွေငယ်စဉ်မှာ သူတို့ကိုယ်သူတို့ကာကွယ်စောင့်ရှောက်တတ်ဖို့
- သူတို့ကိုသူများက မသင့်တော်တဲ့နေရာကို ထိတယ်ကိုင်တယ်ဆိုရင် ပြန်ပြောတတ်ဖို့
- မိဘများအနေနဲ့ မိမိကလေးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာသိရှိစေဖို့
- ဆယ်ကျော်သက်အရွယ်မှာတော့ လူတွေဟာ ဘယ်လိုနည်းနဲ့မျိုးပွားသလဲ
- အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လိုမျိုးလဲ
- သားသမီးရဲ့အပျို/လူပျိုဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းစေချင်ရင် ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတာမျိုးအပါအဝင်
အသက်အရွယ်အလိုက် သူတို့သိသင့်တာလေးတွေကို သင်ပေးတာကိုပြောတာဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကိုယ့်ကလေးတွေကို S*x Education လုံးဝမလုပ်သလောက်ပဲ။ ကလေးတွေနဲ့မိဘအကြား S*x အကြောင်း၊ ကိုယ်ဝန်အကြောင်းပြောရမှာကို ရှက်စရာလို့ သတ်မှတ်ထားကြတယ်။ အဲဒီအကျိုးဆက်ကနေ မိဘတွေကလဲမသိနားမလည်၊ ကလေးကိုကာကွယ်ရမှန်းမသိ၊ သင်ပေးရမှန်းမသိ၊ ဆယ်ကျော်သက်ကလေးတွေကလဲ မသိနားမလည်နဲ့ တခါတလေလေး အထိအတွေ့ဖြစ်ခဲ့ရင်တောင်မှ ကယ်ရာကူရာမဲ့ဖြစ်ကြတယ်။ ရောဂါပိုးကူးရင်ကူး၊ မကူးရင် ကိုယ်ဝန်ရှိ၊ ယူဖို့အစီအစဉ်ကမရှိသေး၊ ဒုက္ခတွေရောက်၊ မိဘအရှက်ကွဲ၊ ကလေးဖျက်ချ၊ တခြားပြဿနာတွေတက်။ အိုး .. ဖြစ်လိုက်တဲ့ပြဿနာတွေမှ အများကြီးပဲ။ အကယ်၍မိဘကသာ S*x Education လေးနည်းနည်းပေးခဲ့မယ်ဆို မဖြစ်မယ့်ဟာတွေပေါ့။
🍀 တကယ်တမ်းမှာ S*x Education အကြောင်းနားလည်ထားတဲ့ကလေးဟာ သူ့အတွက်ဒီဟာတွေက ကြားဖူးနားဝဖြစ်ပြီး နားလည်နေတာမို့လို့ မကြားဖူးထားတဲ့ကလေးတွေထက်တောင်မှ လိင်ကိစ္စထိတွေ့ရာမှာပိုနောက်ကျပြီး ပိုထိန်းသိမ်းနိုင်ကြပါတယ်။ 🍀
ကလေးတွေကို S*x Education ပေးတယ်ဆိုတာ တစ်ခါထဲ တစ်ထိုင်ထဲပြောရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ကြုံရင်ကြုံသလို၊ မကြာခဏဆိုသလို ထပ်ခါထပ်ခါပြောပေးရမယ့်ကိစ္စဖြစ်ပါတယ်။ S*x Education လို့ပြောတဲ့အခါမှာ မိဘတွေအနေနဲ့ ဘယ်လိုပြောရမလဲ၊ ဘာတွေပြောရမလဲ၊ ဘယ်အချိန်မှာပြောရမလဲစသဖြင့်မေးခွန်းတွေ အများကြီးရှိကြပါတယ်။
S*x Education ဆိုတာမှာ ကိုယ့်ကလေးအသက်အရွယ်အလိုက် သူနားလည်လောက်မယ့်စကားလုံးအသုံးအနှုန်းမျိုးတော့ ရွေးချယ်တတ်ဖို့လိုတယ်။ ၅ နှစ်သားအရွယ်မှာ ၅နှစ်သားနားလည်မယ့်စကားလုံးမျိုးနဲ့ပြောပြီး၊ ဆယ်ကျော်သက်မှာ ဆယ်ကျော်သက်နားလည်လောက်မယ့်စကားလုံးမျိုးရွေးချယ်ရမှာပါ။ မိဘက ရှက်ကိုးရှက်ကန်း၊ အမ်းတမ်းတမ်းနဲ့ပြောနေရတာမျိုးလဲ မဖြစ်သင့်ဘူး။ အဲဒီလိုနေရခက်တဲ့အချိန်တွေမရှိဘူးပြောတာမဟုတ်ဘူး၊ ရှိမှာပါ။ ဒါပေမယ့် ကိုယ်က လေသံအေးအေးနဲ့ပြောနိုင်ဖို့ ကြိုးစားရမှာပါ။
ကိုယ်ကမသင်ထားရင် သူအပြင်ကကြားမယ်။ အပြင်မှာလေ့လာမှာပဲ။ အခုခေတ်လို ဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ သိပ်လွယ်တဲ့ခေတ်ကြီးမှာ ကျွန်မတို့သားသမီးတွေ တခြားနေရာက အမှားတွေမလေ့လာခင် ကျွန်မတို့က အရင်ဦးဆုံး သူသိသင့်သိထိုက်တာတွေ သင်ထားပေးရမယ်။
ဘယ်အရွယ်မှာ ဘာတွေသင်ထားရမယ်ဆိုတာကို အသက်အရွယ်အလိုက်ရေးထားပါတယ်။ တခုချင်းစီသေချာဖတ်ပေးပါ။
Jessica Mozart (အေးအေးမျိုးဆက်)
Reference: www.heysigmund.com
Share ချင်ရင် Share နိုင်ပါတယ်။
Photos from Ygw မိဘမဲ့ကျောင်း ရန်/မန်း အမြန်လမ်းဘေး-၈၉မိုင် ၅ဖာလုံ ပဲခူးဌာန's post 29/07/2017
Photos from KHIT YAY SEE  , Donational Ceremony Food and Traditional Food's post 21/07/2017
Photos from Htun Linn Oo's post 16/07/2017
Photos from Anycall Mobile's post 04/07/2017
Photos from မောင်(စွယ်စုံကျမ်း)'s post 07/05/2017
04/05/2017
Timeline photos 13/04/2017
Photos from မြန်မာ့သတင်းထူးသတင်းဦးများ's post 27/01/2017
04/01/2017
ပရဟိတဆိုတာ!
Address
Sanchaung Tsp
Yangon
09421111111