Learning & Sharing with CMH

Author, Blogger, Trainer

03/10/2024

အဖေက ပြောဖူးတယ် ..
" ငွေကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့လူ
မဖြစ်စေနဲ့ "တဲ့။

အဲဒီတုန်းက "ဟုတ်ကဲ့ " လို့သာ
ပြောခဲ့တာ သူဘာကို ဆိုလိုလဲ
သဘော မပေါက်ခဲ့ဘူး။

အသက်တွေ ကြီးလာတော့
လူပေါင်းစုံနဲ့ ကြုံရ ဆုံရ
ဆက်ဆံရတော့မှ ငွေကလွဲပြီး
ဘာမှမရှိတဲ့ လူတွေအကြောင်း
သိလာရတယ်။

အဖေ ပြောတာ အရမ်းမှန်တယ်။

တချို့လူတွေ ဘဝက သိပ်သနားဖို့
ကောင်းတယ်။

သူတို့မှာ ငွေဘဲရှိတာ။
ကျန်တာ ဘာမှ မရှိဘူး။

လူ့အသိုင်းအဝိုင်း အတွက်
အရေးကြီးတဲ့..

" ရိုးသားမှု " တွေ ..
" မေတ္တာတရား " တွေ ..
" ကိုယ်ချင်းစာတရား " တွေ ..
" သနားကြင်နာမှု " တွေ ..

ဘာဆို ဘာမှ မရှိဘူး။
ရှိရကောင်းမှန်းလည်း မသိဘူး။

အရာအားလုံးကို ငွေနဲ့ လဲမယ်
ဆိုတဲ့ လူတန်းစားတွေပေါ့။

အရင်က ငွေရှိတဲ့ လူတိုင်းကို
အထင်ကြီးလေးစား မိပေမယ့်
အဲဒီလို ငွေရှိပြီး ကျန်တာ ဘာမှမရှိတဲ့
လူတန်းစားတွေနဲ့ တွေ့ကြုံဖူးတော့မှ

ဘယ်လောက်ဘဲ ငွေရှိရှိ
ရိုးသားမှုတွေ ၊
ကိုယ်ချင်းစာတရားတွေ
မေတ္တာတရားတွေ လုံးဝ မရှိရင်
အထင်ကြီးလို့ကို မရတော့ဘူး။

သူ့ဟာသူ ဘာကောင်ကြီးဖြစ်နေနေ
ခပ်တန်းတန်းဘဲ နေဖြစ်တော့တယ်။

အဲဒီလိုလူတွေက ငွေအတွက်
ကိုယ်ကျင့်တရားက အစ
ဘယ်အရာကိုမဆို စတေးပစ်ဖို့
ဝန်မလေးတတ်ဘူး။

" လောကမှာ ကြောက်စရာအကောင်းဆုံးလူက
ငွေက လွဲပြီးကျန်တာ ဘာမှမရှိတဲ့
အဲဒီလို လူမျိုးတွေဘဲ "

အဲဒီလိုလူတွေ တွေ့ရင်
အဝေးဆုံးက ရှောင်ပါ။

ငွေရှိပြီး ကျန်တာ မရှိတဲ့လူက
လောကအတွက် ဘယ်နေရာမှာမှ
အကျိုးမပြု ပေမယ့် ...

ငွေ မရှိပေမယ့် ကျန်တဲ့အရာတွေ
ရှိတဲ့လူက လောကအတွက်
အကျိုးပြုတဲ့ လူသားတွေပါဘဲ။

ငွေကော ကျန်တဲ့အရာတွေပါ
ရှိနေရင်တော့
အကောင်းဆုံးဘဲပေါ့။

ငွေကော၊ မေတ္တာတရားကော
ကိုယ်ချင်းစာတရားပါ ထားနိုင်သူများ
ဖြစ်နိုင်ကြပါစေ။

Credited..

18/09/2024

☝️မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကို ရမယ် ..

“လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့တစ်မျိုးတည်းသော သတ္တဝါ”
မတူတဲ့လူနဲ့အတူနေရင် မတူတဲ့ဘဝကို ရမှာပဲ။
တကယ့်လက်တွေ့မှာ ဘယ်သူနဲ့ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီ ဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အလုပ်ကြိုးစားသူနဲ့နေရင်း သင် မပျင်းတော့ဘူး။ အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင် မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။ အသိပညာရှိသူနဲ့နေရင် သင် အသိပညာတိုးမယ်။ မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ “လူဆိုတာ သွယ်ဝိုက်ပြီး ပြောတဲ့ စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်။ အကောင်းဘက်သွယ်ဝို်က်တဲ့စကားတွေက လူတွေရဲ့ခံစားချက်နဲ့စိတ် အခြေအနေကို အကောင်းဘက်သက်ရောက်စေတယ်။ ကိုယ်ရည်ကိုယ်သွေးကို လှုံ့ဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်။ ကြိုးပမ်းအားထုတ်စေတယ်။”

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံရလိမ့်မယ်။ တိုးတက်ချင် စိတ်တွေ ကုန်ခမ်းလိမ့်မယ်။ အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင် မတူဘူး။

စိတ်သဘောထားက အရာရာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုစိတ်သဘောထားရှိရင် ဘယ်လိုအနာဂတ်ကို ရစေပါတယ်။ အကျင့်စရိုက်က ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုအကျင့်စရိုက်က ဘယ်လို ဘယ်ဝကိုရစေပါတယ်။

တချို့ကပြောတယ်။ လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိသတဲ့။ ကျောင်းနေချိန်မှာ ဆရာကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ။ အလုပ်လုပ်ချိန် ဆရာသမားကောင်းနဲ့တွေ့တာက ကံကောင်းခြင်းပဲ။ အိမ်ထောင်ပြုချိန် အိမ်ထောင်ဖက်ကောင်းနဲ့တွေ့တာလည်း ကံကောင်းခြင်းပဲ။ တစ်ခါတလေသူတို့ရဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့စကားတစ်ခွန်းက သင့်ဘဝကို နေရောင်ခြည်လို လင်းလက်စေနိုင်တယ်။

ဘဝမှာ ကံမကောင်းခြင်းဆိုတာက သင့်ဘေးမှာ အပြုသဘောဆောင်သူ၊ အကောင်းမြင်သူ ကင်းမဲ့လို့ဖြစ်တယ်။ ဝေးဝေးလှမ်းမြင်နိုင်သူ မရှိလို့ဖြစ်တယ်။ ဒါကြောင့် သင့်ဘဝက အမှောင်ထဲမှာ အရောင်ပျောက်နေတာဖြစ်တယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။ “သင် ဘယ်သူလဲ အရေးမကြီးဘူး၊ အရေးကြီးတာက သင် ဘယ်သူနဲ့ အတူတူနေနေသလဲ” ဆိုတာဖြစ်တယ်။
ကြက်မဝပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူ ကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွှတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လိုပျံသန်းဦးမလဲ။

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ် ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။ မြက်ခင်းပြင်မှာ သူ ဘယ်လိုဒုန်းစိုင်းပြီး သားကောင်းရှာတော့မလဲ။

အမှန်တော့ သင်ဟာ ထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုး မြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓါတ်တွေ ညံ့ဖျင်းကုန်တယ်။

စာကောင်းတွေ ဖတ်တယ်။ အသိပညာရှိသူဆီ ချဉ်းကပ်တယ် ဆိုတာ လူ့ဘဝရဲ့ အကောင်းဆုံးကံနှစ်ခုဖြစ်တယ်။ လူ့ဘဝဆန်းကြယ်ပုံကို ဒီအရာနှစ်ခုနဲ့ သင်ယူနိုင်တယ်။ လက်ထဲဆောင်ထားနိုင်တယ်။ ဘဝရဲ့လှပခြင်းဆိုတာ တစ်ပါးသူကို နှင်းဆီလက်ဆောင်ပေးတယ်။ ကိုယ့်လက်ထဲမှာလည်း နှင်းဆီရနံ့တွေကျန်ခဲ့တယ်။ ဒါဟာ လူဘဝဖြစ်တယ်။

ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။ ထူးကဲသူနဲ့ နေချင်ရင် သင်ထူးကဲရလိမ့်မယ်။
သူတစ်ပါးရဲ့ ကောင်းကွက်ကို အလွယ်တကူမြင်ပြီး ကိုယ့်အတွက် ခွန်အားအဖြစ်၊ သင်ယူစရာအဖြစ် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထက်မြက်သူဖြစ်ပါတယ်။ လူ့ဘဝရဲ့အခွင့်အရေးကို လက်ဆုပ်လက်ကိုင် ပြပြီး ကိုယ့်အခွင့်အရေးအဖြစ်ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထူးကဲ သူဖြစ်ပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုအတိုင်းပြင်းပြမယ်။ သူတစ်ပါးရဲ့အကောင်းဆုံးကို သင်ယူပြီး အကောင်းဆုံးကို လုပ်မယ်။ သူတစ်ပါးရဲ့ အသိပညာကိုဆည်းပူးပြီး အောင်မြင်တဲ့ကိုယ်လုပ်မယ်။ မတူတဲ့လူနဲ့အတူနေရင် မတူတဲ့ဘဝကို ရပါတယ်။

မူရင်း - http://www.renhe.cn/team/showtopic-74973.html

Chit Min Hein - Freelance HR Trainer

06/09/2024

နောက်ဘဝရှိခဲ့ရင်
ဒီလိုတိုင်းပြည်မှာ လူလာမဖြစ်ကြပါစေနဲ့… 💔

အေးချမ်းသာယာတဲ့ တိုင်းပြည်မှာ မွေးဖွားပြီး
ပညာတတ်ကြီးတွေဖြစ်ကြပါစေ ကလေးလေးတို့ရေ…🙏

Credit, photo

06/09/2024

'' ကောင်းလိုက်တဲ့စကား ''

သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ (၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်က သင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။

ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့ အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက် သင့်ကျန်တဲ့ပိုက်ဆံ
(၈၆, ၃၀၀) လုံးကို ပုံပြီးသုံးမလား။
ဒါမှမဟုတ်
မေ့မေ့ပျောက်ပျောက်နေမလား။

အဖြေ ကတော့ ရှင်းပါတယ်။
စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။
၁၀၀လောက်လျော့သွားတာ အတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေမလဲ။

ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ် တို့ရဲ့တနေ့တာမှာ စက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။

အဲဒီထဲက တစုံတယောက်ကြောင့်
စိတ် အနှောင့်အယှက်ဖြစ်ရတဲ့ အချိန် တစ်မိနစ်ကျော်ကျော် (စက္ကန့် ၁၀၀လောက်) အတွက်နဲ့
ဘာကြောင့်များ စိတ်ဆိုးဒေါသတွေ ထွက်ပြီး
ကျန်တဲ့ တနေ့တာရဲ့လက်ကျန် ၈၆, ၃၀၀စက္ကန့် လုံးလုံးကို အဆင်မပြေဖြစ်အောင် လုပ်မလဲ။

ဘ၀ဟာ ကျယ်ပြန့်ပါတယ်။
အသေးအမွှား ကိစ္စလေးတွေကြောင့်
အနှောင့်အယှက် အဖြစ်မခံပါနဲ့

05/09/2024

ကိုယ့်တစ်ကိုယ်စာ အမြင်ကို ပြောရရင် လူတွေမှာ လူရည်လည်ခြင်း နဲ့ လူလည်ကျခြင်း ဟာ လုံးဝကို မတူဘူးရယ်။

လူရည်လည်တယ် ဆိုတာက တစ်ခုခုဆို ပါးနပ်လည်ဝယ်စွာ သိခြင်းနဲ့ ကျွမ်းကျင် လည်ပတ်ခြင်းပဲ။

အချို့သူတွေဟာ လူရည်လည်တယ် ဒါပေမယ့် သူများ အပေါ် လူလည်မကျတတ်ဘူးဆိုတာဟာ နုံတာအတာ မဟုတ်ဘူး။ တစ်ကိုယ်စာ ထားရှိတဲ့ ကျင့်ဝတ်(Ethics) နဲ့ သူ့ဘက်ကိုယ့်ဘက် မျှအောင် ကြည့်တတ်ခြင်းပဲ။

အချို့သူတွေကျ သေးသေးလေးကနေ ကိစ္စအကြီးကြီးအထိ ဘာလေးဖြစ်ဖြစ် သူများအပေါ် လူလည်ကျလိုက်ရမှ ဆိုတဲ့သူတွေလည်း အများကြီး တွေ့ဖူးတယ်။

ဒါကကျ တစ်ကိုယ်စာ အကျင့်နဲ့ အတ္တကြီးမှု ကို အမြဲ ပြနေသလိုဖြစ်သွားတာ။

ရလဒ်ကကျတော့ ကွာတယ်။ အမြဲ လူလည်ကျတတ်တဲ့သူတွေဟာ ခေါင်းဆောင်ကောင်း ဖြစ်လာဖို့လည်း ခက်သလို၊
ရေရှည် မိတ်ဆွေ၊ အပေါင်းအသင်းကောင်း များများ တည်မြဲဖို့လည်း ခက်တယ်။

လူတိုင်းက လည်ဝယ် ကြပါတယ်။ ဒါပေမယ့် လူတိုင်းက ကျင့်ဝတ်အရ လူလည်မကျ ကြတာ လို့ပဲ မြင်မိတယ်။

Crd : Aung Ko Ko

30/08/2024

❝ ကျားဖြစ်ချင်ရင် ကြောင်နဲ့ မပေါင်းနဲ့ ❞

သန့်ရှင်းတဲ့ ပေါင်မုန့်တစ်လုံးပေါ်မှာ
မှိုတက်နေတဲ့ ပေါင်မုန့်တစ်လုံးကို တင်ပြီး
တစ်ရက် နှစ်ရက်လောက် ထားကြည့်ကြည့်
နဂိုက သန့်ရှင်းနေတဲ့ ပေါင်မုန့်
အခု ဘာဖြစ်မယ် ထင်လဲ။

ပြေးကြည့်စရာကို မလိုဘူး၊
ဘယ်လောက်ပဲ သန့်ရှင်းပါတယ် ဆိုဆို
မှိုတက်နေတဲ့ ပေါင်မုန့်နားမှာ နေရင်
သန့်ရှင်းတဲ့ ပေါင်မုန့်ကလဲ
မှိုတက်သွားမှာပဲ။

သဘောက လူတစ်ယောက်ရဲ့ဘဝမှာ
အပေါင်းအသင်းဆိုတာ အရေးကြီးတယ်။
ဗုဒ္ဓက “ လူမိုက်နဲ့ မပေါင်းရ ” လို့
အလကား ဟောခဲ့တာ မဟုတ်ဘူး
ကိုယ့်ရဲ့ဘေးနားမှာ ရှိတဲ့
အပေါင်းအသင်းတွေက မှိုတက်ပြီး
အသုံးမဝင်၊ အသုံးမကျတဲ့ လူဖြစ်နေရင်
ကိုယ်လည်းပဲ အသုံးမဝင်၊ အသုံးမကျတဲ့လူပဲ
ဖြစ်လာမှာ.. လုံးဝ သေချာတယ်။

စကားတစ်ခွန်းတောင် ရှိတယ်၊
သိန်းငှက်တွေလို မြင့်မြင့်ပျံချင်ရင်
ဘဲတွေကြားမှာ ရေမကူးနေနဲ့ တဲ့။
အဲဒီစကား သိပ်မှန်တယ်၊
ကိုယ်က အမြင့်ပျံချင်တယ်ဆိုပြီး
ဘဲတွေကြားမှာပဲ ဆက်နေနေသေးရင်
ရေပဲ ကူးတတ်လိမ့်မယ်၊
ဘယ်တော့မှ အမြင့်ပျံနိုင်မှာ မဟုတ်ဘူး။

Credited : 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆

28/08/2024

စာအုပ်ရေ အနည်းငယ်ကျန်
📙မြန်မာလို HR သင်ရိုးစာအုပ်👇
https://www.facebook.com/share/p/jYSqZezVwcRmCX5V/?mibextid=oFDknk

27/08/2024

သင် အလုပ်မလုပ်ဘဲ ဘယ်လောက်ကြာကြာရပ်တည်နိုင်မလဲ

“ချမ်းသာကြွယ်၀မှုဆိုတာ ကိုယ် အလုပ်မလုပ်ဘဲ ဘယ်လောက်ကြာကြာရပ်တည်နိုင်သလဲဆိုတာပဲ” ဆိုတဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော်တို့ရဲ့ ဥစ္စာစုဆောင်းမှုနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို သတိပြုမိစေတဲ့စကားပါပဲ။

လူတွေ အလုပ်တွေလုပ်ကြတယ်။ အများစု ရရစားစားမို့ မစုဖြစ်ကြဘူး။ တချို့လည်း ဝင်ငွေတွေတော့ ကောင်းတယ်။ အသုံးကြမ်းတာနဲ့၊ ဘာမှမစုဆောင်းမိကြဘူး။

ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှမရှိရင် အနာဂတ်အတွက် စိုးရိမ်စရာရှိပါတယ်။ ငါ အလုပ်ကောင်းကောင်းလုပ်နိုင်သရွေ့ မပူဘူးလို့ ပြောစရာရှိပါတယ် ။ မှန်ပါတယ်။ ကျန်းမာရေးကောင်းမယ်၊ အလုပ်လည်းရှိနေချိန်မှာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့လည်း ကျန်းမာရေးချို့ယွင်းမယ်၊ ဒါမှမဟုတ် အလုပ်ပြုတ်သွားမယ် ဒါမှမဟုတ် ပင်စင်ယူရမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။

တချို့လည်း ငွေတော့စုတယ်။ ငွေကို တိုးပွားအောင် မခိုင်းတတ်တော့ ကြွယ်၀သင့်သလောက်မကြွယ်၀ကြပြန်ဘူး။ ရှိတာလေး ဘဏ်ထဲထည့်ရုံကတော့ ငွေကိုခိုင်းတဲ့အဆင့်မဟုတ်ပါဘူး။ Saving ဆိုတဲ့အတိုင်း စုဆောင်းခြင်းအဆင့်ပဲရှိပါတယ်။ လက်ရှိ မြန်မာပြည် ငွေကြေးဖောင်းပွဲမှုနှုန်း (Inflation Rate)၊ ဘဏ်ကပြန်ရတဲ့ အတိုးနှုန်းနဲ့ချိန်ထိုးကြည့်ရှင် စုရင်းနဲ့ကို ရှုံးပါတယ်။
ငွေကိုခိုင်းတတ်ဖို့ကတော့ ငွေကြေးပညာ နားလည်တတ်ကျွမ်းဖို့လိုပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီးဥာဏ်ကောင်းသူတွေကတော့ အလုပ်ရှိနေတဲ့ Active Income ဝင်နေချိန်မှာကတည်းက Passive Income အတွက်ပါ ပြင်ဆင်ထားတတ်ကြတယ်။

Credited : TopTen_Quotes

16/08/2024

"စာပေဆိုတဲ့ အနုပညာမှာ
ပျော်မွေ့လာခဲ့ရင်
ရိုင်းပြတတ်တဲ့စိတ် ၊
အောက်တန်းကျတဲ့စိတ် ၊
မတရားအနိုင်ကျင့်ချင်တဲ့စိတ်တွေ
နည်းသွားလိမ့်မယ်။
စာနာတဲ့စိတ်၊ မျှတတဲ့စိတ်တွေက
တဖြည်းဖြည်းပေါ်လာမယ်။"

ဒါကြောင့်

စိတ်ဓာတ်ကျနေရင်...စာဖတ်ပါ။

အလုပ်အဆင်မပြေရင်လည်း
စာဖတ်ဖို့အတွက် အချိန်ပေးပါ။

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်လည်း...
စာဖတ်ဖို့ အချိန်ပေးပါ။

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင်လည်း စာဖတ်ဖို့အတွက် အချိန်ပေးပါ။

အသည်းကွဲနေရင်...စာဖတ်ပါ။

အထီးကျန်သလို ခံစားရရင်...စာဖတ်ပါ။

ဘယ်သူမှ အရေးမထားတဲ့အခါမှာလည်း...စာဖတ်ပါ။

စာဖတ်ရင် အောင်မြင်မှုတွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ ၊
အရာရာကိုပြည့်စုံသွားအောင် ထားပေးတာ မဟုတ်ပေမယ့်..

စာဖတ်ရင်...

စိတ်ဓာက်ကျနေတဲ့အခါမှာ
အားအင်ရှိစေတဲ့ စကားလုံးတွေကို ရှာတွေ့နိုင်တယ်။

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ။


မူရင်းရေးသားသူ - ဆရာညီပုလေး

#စာပေနှင့်ဗဟုသုတမျှဝေရာ

12/08/2024

အချိန်ဆိုတဲ့ ရထားကြီးပေါ်မှာ
ကျွန်တော်တို့အားလုံးဟာ လိုက်ပါရင်း
ကြွက်တစ်ကောင်လို အလုပ်တွေလုပ်နေကြရတယ်..

ဒီလူဟာ ဒီနေရာပဲ အချိန်တန်ရင်
ပြန်လာရဦးမှာဆိုတဲ့အတိုင်းပဲ ..

မနေ့က မရှင်းခဲ့ရသေးတဲ့ ကိုယ့်အလုပ်စားပွဲအနားကို
အချိန်ရထားစီးပြီး မနက်ဖြန်ပြန်သွားကြရပေဦးမယ် ..

self actualization အဆင့်တောင် ရောက်ဖို့အသာထား, ဘဝရဲ့ basic need တွေတောင် မနည်းဖြည့်နေကြရတာမလား ..

တချို့ဆို ဒီကာလမှာ သုညဘဝတွေတောင် ရောက်ကုန်ကျလို့ safety တောင်မရှိကြတော့ဘူးလေနော်..

ဘဝဆိုတာ စနစ်တခုထဲမှာထည့်ထားတဲ့ ကြွက်ကလေးတွေလိုပဲ , ဘာရည်ရွယ် ဘာအဓိပ္ပါယ်နဲ့

ဘာလို့ပြေးလွှား လှုပ်ရှားနေကြရတာလဲ မစဉ်းစားနိုင်တော့ဘဲ ဒီလမ်းကြောင်းပေါ်ရောက်ရင် ပြေးပေတော့ပဲ ..

ဘဝရဲ့ အဓိပ္ပာယ်ရှိမှုဆိုတာ ဘာလဲသိဖို့
ကိုယ့် စိတ်ဝိဉာဉ်ရဲ့ အသံကို ပြန်ကြားဖို့
အဖြစ်ချင်ဆုံး ဆန္ဒတွေကို အကောင်ထည်ဖော်နိုင်ခဲ့ဖို့ အတွက်

ကိုယ့်အလှည့်ကျတက်ရမယ့် အချိန်ရထားမှတ်တိုင်မှာ စောင့်ရင် ဒီစာလေးကိုရေးလိုက်ပါတယ် ..

09/08/2024

စာဖတ်ချိန်မရှိအောင် အောင်မြင်ဖို့
ကြိုးစားနေပါတယ်ဆိုတဲ့ သူတွေဟာ
ဘယ်တော့မှ အောင်မြင်တဲ့သူတွေ
ဖြစ်လာမှာ မဟုတ်ပါဘူး
(တရုတ်အတွေးခေါ်ပညာရှင်)
အလုပ်မရှိရင် စာ ဖတ် ပါ
တန်ဖိုးရှိတဲ့စာလေးတွေ မျှဝေပေးဖြစ်တယ်။
တန်ဖိုးသိတဲ့သူတွေ ဖတ်ကြပါစေ။
စာကောင်းလေးတွေ ဖတ်ရင်းနဲ့
စိတ်ကောင်းလေးတွေ ရှိလာကြပါစေ။
ဗဟုသုတတွေ လေ့လာတယ်ဆိုတာ
အသိအမြင် အတွေးအခေါ်တွေရဖို့အတွက်ပါ။
ထက်မြတ်တဲ့ ဦးနှောက်ရှိမှ
အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။
အဲ့ဒီအတွက် စာ ဖတ် ဖို့ လို ပါ တယ်။
ဘာစာမှ မဖတ်တဲ့သူက
ဘာအသိဉာဏ်မှ ရှိလာမှာမဟုတ်သလို
ဘာစိတ်ကူးမှ ရှိလာမှာလည်း မဟုတ်ပါဘူး။
ဘာနည်းလမ်းမှ သိလာမှာလည်း မဟုတ်ပါဘူး။
ဘာအတွေးအခေါ်မှ ရှိလာမှာလည်းမဟုတ်ပါဘူး။
အဲ့လိုလူရဲ့ဘဝဟာလည်း
ဘာအောင်မြင်မှုမှ မယ်မယ်ရရ မရှိသလို
အေးချမ်း ပျော်ရွှင် သာယာတဲ့ဘဝကိုလည်း
တည်ဆောက်လာနိုင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့်---
သူများထက် ခြေတစ်လှမ်းသာချင်ရင်
သူများထက် ခေါင်းတစ်လုံးသာချင်ရင်
သူများထက် အရည်အချင်းရှိချင်ရင်
သူများထက် စွမ်းရည်ပြည့်ဝစေချင်ရင်
သူများထက် ပိုအောင်မြင်စေချင်တယ်ဆိုရင်
စာဖတ်ဖို့လိုတယ် မဖြစ်မနေကို ဖတ်ဖို့လိုပါတယ်။
စာအုပ်နဲ့ပဲ ဖတ်ဖတ်
ဖုန်းထဲကပဲရှာ ဖတ်ဖတ်
အဓိကက စာဖတ်နေဖို့ပဲ။
ဘွဲ့ရနေပြီ ပညာတတ်နေပြီး
အသက်တွေကြီးနေပြီ
ချမ်းသာကြွယ်ဝနေတယ်ဆိုပြီး
သိစရာ တတ်ရာ လေ့လာစရာတွေ
မရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့။
ဘ ဝ ဆို တာ
မသေမချင်း အမြဲလေ့လာ သင်ယူနေရမှာပါ။
အလုပ်ရှိရင် အလုပ်လုပ်ပါ။
အလုပ်မရှိရင် စာဖတ်ပါ~။
စာဖတ်ပါ
ကမ္ဘာပတ်စရာမလိုဘူး
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်....
ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ပညာက အလကားပါပဲ.....
စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည်....
စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည်...
စာဖတ်ခြင်းသည် ဗဟုသုတရသကဲ့သို့
လူ့စိတ်ကိုလည်းပြောင်းလဲစေနိုင်သည်....
စာအုပ်စာပေ လူမိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ
"စာပေ''ပါပဲ....
ဗဟုသုတ၊ ရသ ၊ကဗျာ ၊ဟာသ စတဲ့စာပေ
အားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည်....
ထို့ကြောင့်...
စာများများဖတ်ပါ...
စာဖတ်ခြင်းသည် ဉာဏ်အလင်းကိုရစေပါသည်.
..

05/08/2024

ကုသိုလ် အားကြီးလာရင်
အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ...💛

ကုသိုလ် အမြဲလုပ်ပါ .........
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း
ကုသိုလ်ကောင်းမှု့ ကို ပိုပြီးပြုလုပ်ပါ။

အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။

ဘယ်ဆရာ မှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး။ ကုသိုလ်ပဲ လုပ်ခိုင်းတာ။ အဲဒီလိုဆိုတော့
သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး
ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။ ယုံကြည်မှု့အပြည့်၊
ဇွဲကြီးကြီးနဲ့သာဆက်လုပ်။သေချာပေါက်ကို
ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှု့နဲ့ ဇွဲရှိမှု့ ကိုတော့ မလျော့စေနဲ့။

ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။ သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။ ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။

ဒါကြောင့် ကုသိုလ်ကောင်းမှု့ကို လျော့မတွက်ပါနဲ့။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ

04/08/2024

" စည်းကမ်းဟာ အိမ်ကစတယ် "
စည်းကမ်းဟာ အမေဆီကစတယ်
မှန်ပါတယ် ။ ရာနှုန်းပြည့်ကိုမှန်တယ် ။

ကိုယ်ငယ်ငယ်က အိမ်က အသေးအမွှားလေးက အစ သိပ်လိုက်ပြောတာပဲ ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ

ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်က လူတွေကို တွေ့မှ ကိုယ့်ကို လူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိနေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့အိမ်ကိုကျေးဇူးတင်မိတယ် ။

toilet မီးကို ပြန်ပိတ်တာမျိုး
ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့ အလေ့အထတွေ
သူများဖိနပ်ကို တိုက်မိသွားတာက အစ နေရာတကျပြန်ထားပေးတာမျိုးတွေ ကိုယ့်ရဲ့ အရောင်စွန်းတတ်တဲ့ အင်္ကျီကို သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ် ။

ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး ။ ကိုယ်အဆင်ပြေပီးတာပဲဆိုတာ လူမှုရေးနားမလည်မှုတစ်ချို့ကိုမြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ် ။

ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ
ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့ ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပီး သင်ပြခံထားရတော့ ကိုယ်ထမင်းစားပြီးသားနေရာဟာ အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့ ကိုယ်ကတော့ ရှင်းရှင်းပဲ ။
ဆိုင်တစ်ခုမှ စားပွဲက ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို မမြင်တောင်သိပ်အထင်သေးတာ ။

စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့ အရည်အချင်းပဲ ။
ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ ။ ပေါက်ပန်းလေးဆယ် လျောက်ပြောနေတာက ကိုယ့်ကို လူသိပ်အထင်သေးခံစေရတယ် ။
စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။

ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကိုမှောက်ခုံအနေအထားရောက်နေတာဟာ စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား

ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့
လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော
လူကြီးရှေ့ဆို ခေါင်းငုံ့သွား
" ရှင့် " ဆိုတာကို ထည့်ပြော
စတဲ့ ငယ်ငယ်က ဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။

စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ် ။
စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည်လို့ဆိုတဲ့ အဲ့ဒိလူတွေဘာဖြစ်လဲ
ဘာမှထိခိုက်တာတော့မရှိဘူးပေါ့ သူကပဲသူများကို ထိခိုက်နေတာကိုး ဒါပေမယ့် Image သူရဲ့ ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ ။
" no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက်သိပ်မှန်တာ
ပီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘ ပုံရိပ်ပဲ ။
ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့ မိသားစုကပေါက်ဖွားလာတာလား ။
ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား အရမ်းသိသာစေတယ်။

လူ့အသိုင်းအဝိုင်းမှာနေမယ်ဆိုရင်တော့
စည်းကမ်းရှိကြပါကွယ် ။

01/08/2024

တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့
မင်းမိဘတွေက
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို
စိတ်ကုန်နေရတဲ့အကြောင်း depressionတွေ ခဏခဏ
ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့
အတိုက်အခိုက်
မနာလို စကားဒဏ်တွေ အကဲ့ရဲ့ ဒဏ်တွေကို
ခံနိုင်ရည်ရှိအောင် နေစေချင်တယ်
မင်းဘာပဲလုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ
အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သပ်တဲ့ မင်းခံစားချက်ကိုလည်း
ထိရှ မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ် တွယ်ကပ်နေတော့ရော
ဘာတွေများ ပြောင်းလဲသွားနိုင်တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှအယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင်
မင်းကို မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင်
လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကိုလူတိုင်းမြင်မှာပါ

27/07/2024

လူတစ်ယောက်ရဲ့ အတွေးဟာ
သူ့ရဲ့ဘဝပါပဲတဲ့.

အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…

ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energyတွေပြည့်နှက်နေမယ်…

မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…
Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ

သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…

ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့…

ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…

26/07/2024

ဟုတ်ပဗျာ 😁
photo crd

25/07/2024

အထာနပ်ဖို့ လိုတယ် ..

အိမ်ဖြူ တော် ရဲ့ ပျက်စီးနေတဲ့ ခြံစည်းရိုးတွေကိုပြင်ဖို့ ကန်ထရိုက် သုံးယောက်ဟာ ဈေးပြိုင်ပေးနေကြပါတယ်။ တယောက်က ရှီကာဂိုက၊ နောက်တယောက်က တင်နက်ဆီက နဲ့ တတိယတယောက်က
မင်နီဆိုတား ကဖြစ်ပါတယ်။ သူတို့သုံးယောက်လုံး အိမ်ဖြူ တော်ကတာဝန်ခံအရာရှိ နဲ့အတူ ပျက်စီးနေတဲ့ခြံစည်းရိုးတွေကို သွားရောက်စစ်ဆေးကြပါတယ်။

မင်နီဆိုတာ ကန်ထရိုက်က ပေကြိုးလေးထုတ်
တိုင်း ခဲတံလေးတချောင်းနဲ့ တွက်ချက်ပါတယ်။ ပြီးတော့မှ သူကပြောပါတယ်။ "ရပြီ၊ ဒီအလုပ်ကဒေါ်လာ ၉၀၀လောက်ကုန်ကျမယ်။ဒေါ်လာ၄၀၀ကပစ္စည်းခ ဒေါ်လာလေးရာက အလုပ်သမာခ ဒေါ်လာ
၁၀၀ က ကျွန်တော်အတွက်အမြတ်ငွေ"။

တင်နက်ဆီ က ကန်ထရိုက်ကလည်းသူ့လိုပဲ တိုင်း၊ တွက်ပြီး ပြောပြန်ပါတယ်။ ကျွန်တော်ကတော့ဒေါ်လာ၇၀၀နဲ့တောင်လုပ်နိုင်သဗျ။ ပစ္စည်းခက ဒေါ်လာ၃၀၀၊အလုပ်သမားခက ဒေါ်လာ၃၀၀ ကျွန်တော်အတွက်အမြတ်ငွေက ဒေါ်လာ၁၀၀ပေါ့။

ရှီကာဂို ကပုဂ္ဂိုလ်ကတော့ တိုင်းလည်းမတိုင်း၊ တွက်လည်းမတွက်ပဲ အိမ်ဖြူ တော်အရာရှိနား ကိုယ်လေးကိုင်းပြီး တိုတိုးလေးပြောလိုက်ပါတယ်။ " ဒေါ်လာ၂၇၀၀" ။ မယုံနိုင်ဖြစ်သွားတဲ့ အရာရှိ
က " ခင်ဗျား ကဟိုလူတွေလို တိုင်းလည်းမတိုင်း၊ တွက်လည်းတွက်တာမဟုတ်ဘူး။ ဘယ်လိုလုပ်ဒီလောက်ဈေးကြီး လာပြောရတာလဲ။

ရှီကာဂို ကပုဂ္ဂိုလ် ကတိုးတိုးလေးပြန်ပြောပါတယ်။ ဒေါ်လာ၁၀၀၀က ကျွန်တော်အတွက် ဒေါ်လာ၁၀၀၀ ကဆရာ့အတွက်၊ ပြီးတော့မှ တင်နက်ဆီ က ငနဲကို ခြံစည်းရိုးပြင်ဖို့ ဒေါ်လာ၇၀၀နဲ့ ငှါးလိုက်ပေါ့။"

" ခင်ဗျားကိုရွေးလိုက်ပြီ။ "လို့ အိမ်ဖြူ တော်အရာရှိကပြောလိုက်ပါတော့တယ်။ 😁

Ref : Internet

18/07/2024

"မှတ်သားဖွယ်ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ်မွေးပါ။ စိတ်ကောင်းထားပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခဏခဏမတွေးပါနဲ့။( စိတ်ဆင်းရဲတတ်ပါတယ် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ။

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာ ခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမာရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ဘဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။
-AT
#မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်

Photos from Learning & Sharing with CMH's post 10/07/2024

💥၂၀၂၅ ခုနှစ် အများပြည်သူ အလုပ်ပိတ်ရက်များ
တရုတ်နှစ်သစ်ကူးနေ့ အသစ်ပါဝင်လာပါပြီ..

08/07/2024

တစ်လောက ဝမ်းကွဲအမတွေက လာစည်းရုံးတယ်
အဖိုးရဲ့ အဖေလက်ထက် လှူခဲ့ ဘုရားဆိုလား
ဘာလား.... နှစ်တွေကြာတော့ ရင်ကွဲသွားတယ်တဲ့.....
အဲဒီနေရာကို ပြင်ဖို့ ရွေချရမယ် ငါးကျပ်လောက်
ကုန်မယ်ပေ့ါလေ...
အမေကဆိုလည်း... တိုက်ရိုက် မပူဆာပေမယ့်...
သူ့သဘောက ပြင်စေချင်တဲ့သဘောမှာရှိတယ်.... .
ကျွန်တော်ကတော့ ပြောလိုက်တယ် ရှင်းရှင်းလေး...
တူလေး တစ်ယောက်ရှိတယ်...
ခြောက်တန်း တောမှာ ကျောင်းနေတယ်...
နွေရာသီ ကျောင်းပိတ်တဲ့ အချိန် Summer School
မြို့မှာ ခေါ်ထားပါလား...
တစ်နှစ် ဆယ်သိန်းလောက် ကုန်မယ်...
လေးနှစ်ဆို သိန်းလေးဆယ်... .
အဲဒီဘုရား ရွှေ ငါးကျပ်သား ချလို့ ပိုက်ဆံ
သိန်းလေးဆယ် ကုန်သွားမယ် ကျွန်တော်တို့
အမျိုးတွေ ဘာဖြစ်လာမှာလဲ.... အဲဒီ ကလေးကို
နွေရာသီကျောင်းပိတ်ချိန်တိုင်း မြို့ခေါ်
ကျောင်းထားမယ်.... ကုန်ကျစရိတ်က အတူတူပဲ...
တစ်မျိုးလုံးတော့
ဘာမှဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ့်
ဒါပေမယ့် အမျိုးထဲက ကလေးတစ်ယောက်ရဲ့
ဘဝတော့ ပြောင်းသွားမယ်...
ဒါနဲ့ ကျနော်က ကလေးကျောင်းထားဖို့
ရှယ်ယာခေါ်ရင်တော့ ပေးချင်ပေးမယ်...
ဘုရားရွှေချဖို့တော့ စိတ်မဝင်စားဘူးလို့
ပြောလိုက်တယ်... .
World Bank ရဲ့ မြန်မာ နိုင်ငံ လျှပ်စစ်မီး
မရနိုင်သေးတဲ့ အခြေနေ အကြောင်း ရိုက်ထားတဲ့
ဗီဒီယို အတိုလေး ကြည့်ရတယ်.... .
အဲဒီမှာ ကျောင်းသူလေးက ပြောသွားတာ...
ဘက်ထရီမီးရရင် ဘက်ထရီနဲ့ စာဖတ်တယ်တဲ့....
ဘက်ထရီမီးမရရင် ဖရောင်းတိုင်နဲ့ စာဖတ်တယ်တဲ့....
နောက်တော့... ကလေးအဖေက ပြောတယ်...
ဖရောင်းတိုင်က နေ့တိုင်း ဝယ်မပေးနိုင်ဘူးတဲ့....
ဖရောင်းတိုင် ဝယ်မပေးနိုင်တဲ့နေ့ကျရင် ကလေးက
စောစောထပြီး ကျောင်းမှာ စာသွားဖတ်ရတယ်တဲ့.... .
အဲဒါကိုကြည့်ပြီး ဘာသွားသတိရလဲဆိုတော့...
သူငယ်ချင်း တိုင်းရင်းသူ တစ်ယောက်
ပြောတာ သွားသတိရတယ်...
သူတို့ငယ်ငယ်က...
စာဖတ်ဖို့ ဖရောင်းတိုင်မရှိလို့.... ဘုရားမှာ
လာထွန်းသွားတဲ့ ဖရောင်းတိုင်တွေရဲ့
အကြွင်းကျံတွေကို လိုက်ကောက်ပြီး....
စာကျက်ခဲ့ရတယ်ဆိုပဲ....
သူကတော့ တစ်ခြားလူ မဟုတ်ပါဘူး.....
မြန်မာနိုင်ငံသား နှစ်ထောင်ကျော်ကို
ကျွန်ဘဝက ကယ်တင်ပြီး သတင်းထောက်
လောကမှာ အမြင့်ဆုံးဖြစ်တဲ့... ပူလစ်ဇာဆု
ရသွားပါတယ် .
သူပူလစ်ဇာဆု ရပြီးတော့.... မီဒီယာတွေနဲ့
အင်တာဗျူးမှာ ပြောသွားတာ သိပ်ကောင်းတယ်...
သူပူလစ်ဇာဆု ရခြင်း မရခြင်းဆိုတာထက်...
လူနှစ်ထောင်လောက် ကျွန်ဘဝက လွတ်သွားတယ်
ဆိုတာ ဝမ်းသာပါတယ်တဲ့.... .
ကျွန်တော်တို့နိုင်ငံမှာ ဒီလို လျှပ်စစ်မီးမရ
ဖရောင်းတိုင်မီးမရတဲ့ ကလေးတွေ
ဘယ်လောက်တောင်ရှိနေမလဲ......
ကိုယ့်အချင်းချင်း ဆန်ရင်းနာနာဖွတ်ဆိုသလို...
ကိုယ့်ဘာသာဝင် အချင်းချင်းပဲ ပြောရဦးမယ်.... .
လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ဘုရားမှာ...
ဖရောင်းတွေကို ဘုံးဘောလအော ထွန်းကြတယ်......
အမွေးတိုင်တွေ အထုပ်လိုက် စုပြုံမီးရှို့ကြတာဆို....
အမွေးတိုင်က အမွေးနံ့ မဟုတ်တော့ပဲ... မီးခိုးနံ့
ဖြစ်သွားတယ်...
ပြီးတော့ ကိုယ်မလုပ်နိုင်တာတွေ စိတ်ကူးယဉ်ပြီး
လျှောက်ဆုတောင်းကြတယ်....
ရမှာလဲမဟုတ်ဘူး.... .
ဆုတောင်းတယ်ဆိုတာ... ဗုဒ္ဓလမ်းစဉ်မဟုတ်ဘူး
ဗုဒ္ဓလမ်းစဉ်ဆိုတာ ကျင့်ကြံအားထုတ်ခြင်းပဲ...
ကျုပ်ပြောတာမဟုတ်ဘူး မိုးကုတ်ဆရာတော်ကြီး
ပြောသွားတာ.... .
ကျွန်တော်တို့ လူမျိုးတွေမှာ.... လိုတာကို မလှူ...
လှူတာနဲ့ ဖြုန်းတီးတာ မသဲကွဲတဲ့ အကျင့်
စရိုက်လေးတွေတော့ ပြင်သင့်ပြီ..

Crd saya saya aung

07/07/2024

အမှားလုပ်ပီးရင်၀န်ခံတတ်ဖို့ တောင်းပန်တတ်ဖို့ မသင်ယူခဲ့တဲ့လူတေဖတ်ဖို့ 💛💛

🔹ချစ်သူရည်းစား၊ လင်မယားကြားမှာ...
🔹မောင်နှမကြားမှာ...
🔹မိတ်ဆွေ၊ သူငယ်ချင်းတွေကြားမှာ...
🔹မိဘနဲ့သားသမီး ကြားမှာ...
🔹အဖွဲ့အစည်းတွေကြားမှာ...

"မှားရင်တောင်းပန်ပါ"တဲ့။ ငယ်စဉ်ထဲက မိဘဆီကသင်ယူခဲ့ရတယ်။
ဒီ အလေ့အကျင့်ကောင်းက မြန်မာမိသားစု ၈၀% လောက်လုပ်ဆောင်နိုင်လေ့ရှိကြတယ်....✅

ဒါပေမယ့်...
တပါးသူတောင်းပန်စကားဆိုလာရင်....

◼မိန့်မိန့်ကြီးနဲ့ ငါအမှားမရှိဘူးကွဆိုပြီး ဂုဏ်ဆာပြီး မော်နေတတ်သူရှိသလို....
🔸အေးပါကွယ်...တို့...
🔸ရပါတယ်...တို့...
🔸ကိစ္စမရှိပါဘူး...တို့...
တုန့်ပြန်တတ်ကြတာမျိုး များပေမယ့်...

💠"ဟာ.. မဟုတ်ပါဘူး/မဟုတ်တာပဲ...
ကျွန်တော်/ကျွန်မတို့ဖက်ကလည်း တောင်းပန်ရမှာပါ"လို့...
စသဖြင့် နှစ်ဖက် အပြန်အလှန်တောင်းပန်ခြင်း....
"တုန့်ပြန်တောင်းပန်ခြင်း" စိတ်ထားကလေးဟာဖြင့်...
အတော်လေးကို သတိထားမွေးမြူယူမှ ရတတ်တာမျိုးပါ...💯🤗🤗🤗

ဒီ ဓလေ့လေးဟာ သိပ်ကို ချစ်ဖို့ကောင်းတဲ့ အကျင့်ကောင်း၊
အလေ့အထကောင်းလေး တစ်ခုပါပဲနော်....

သံခင်းတမန်ခင်း စကားပြောနည်းတွေမှာ...
စနစ်တကျ တုန့်ပြန်မှု့တွေဆိုတာ...
တပါးသူကို လေးစားမှုပြုကြောင်း ပြသခြင်း...
မိမိဟာ လူသားဆန်သော နှလုံးသားရှိခြင်း...
နွေးထွေးမှု့ မျှဝေနိုင်ခြင်း မည်တယ်လို့ မှတ်သားခဲ့ဖူးတယ်...
(This is not သောက်ပို)😁

တပါးသူကို အသိအမှတ်ပြု လေးစားပေးလိုက်ဖို့ အားနည်းမေ့လျော့တတ်ကြသူ အချို့ကို လည်း မကြာခဏ မြင်တွေ့ဖူးပါတယ်...
ဒါလေးတွေဟာ သတိထားပြုပြင်လို့ ရနိုင်တာမျိုးပါ...
သို့သော်...
ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်သိမြင် လက်ခံရဲပါမှ ပြုပြင်မှုဆိုတာ လုပ်ဆောင်လို့ ရတတ်တာမျိုး မဟုတ်ပါလားရှင်.......

#တောင်းပန်ခြင်း
#တုန့်ပြန်တောင်းပန်ခြင်း


#မြန်မာ့ဓလေ့

Credit မမဒိုရာလင်း
29-12-2020

Photo Credit

05/07/2024

🚨 🚨 🚨 အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

Credited : Clean Yangon.

04/07/2024

မတူသောအမြင်
------------------
ညီအစ်ကိုနှစ်ယောက်ရှိသည်။

တစ်ယောက်က ဆေးသမားဖြစ်ပြီး၊ အရက်လည်းသောက်သည်။ သူ့တွင် အိမ်ထောင်ရှိသည်။ အိမ်ထောင်ရေး ကလည်း အဆင်မပြေ။ မိန်းမနှင့် ကလေးများကို မကြာခဏရိုက်နှက်တတ်သဖြင့် အလွန်စိတ်ညစ်စရာကောင်း သော အိမ်ထောင်တစ်ခုဖြစ်နေသည်။

အခြားတစ်ယောက်မှာ အလွန်အောင်မြင်သော စီးပွားရေးသမားတစ်ယောက်ဖြစ်နေသည်။ သူ့ကို လူတိုင်းက လေးစားချစ်ခင်ကြသည်။ သူ့ထံတွင်လည်း အိမ်ထောင်နှင့် ကလေးများရှိသည်။ သူသည် မိသားစုကို အလွန် ချစ်ခင်ပြီး သာယာသည့် အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

ညီအစ်ကိုနှစ်ယောက်ဖြစ်နေသော်လည်း အခြေအနေတွေက မိုးနှင့်မြေလို ကွာခြားကြသည်။ လူတွေက သူတို့ ညီအစ်ကိုနှစ်ယောက်အကြောင်းကို အလွန်စိတ်ဝင်စားကြသည်။ တစ်မိတည်းသားချင်း ဖြစ်သော်လည်း အဘယ်ကြောင့် အကျင့်စာရိတ္တရော၊ အနေအထားတွေပါ ကွာခြားနေရသနည်းဆိုခြင်းကို စူးစမ်းလေ့လာကြ သည်။

တစ်နေ့တွင် အရက်သမား၊ ဆေးသမားကို

“ခင်ဗျား ဒီလိုအခြေအနေမျိုး ရောက်လာအောင် ဘယ်သူက လုပ်လိုက်တာလဲဗျ” ဟုမေးကြည့်ကြသည်။

ထိုသူက

“ကျွန်တော့်အဖေပေါ့” ဟုဖြေသည်။

“ဘာ ခင်ဗျားအဖေဟုတ်လား။ ခင်ဗျားအဖေက ခင်ဗျားကို ဒီလိုအခြေအနေမျိုးရောက်အောင် လုပ်ပါ့မလား”

“ကျွန်တော့အဖေကလည်း အရက်သမား၊ ဆေးသမားလေ။ သူလည်း ကျွန်တော့်အမေကိုရော၊ ကျွန်တော် တို့ကိုပါ မူးလာရင် ရိုက်တော့တာပဲ။ အရက်သမား၊ ဆေးသမားသားကို ခင်ဗျားတို့က ဘာတွေများ မျှော်လင့် နေသလဲဗျ။ ကျွန်တော်က ကျွန်တော့်အဖေ ခြေရာနင်းတာလေ ဘာဖြစ်သလဲ” ဟု ဖြေသည်။

နောက်တစ်ယောက်ကို မေးကြည့်ကြပြန်သည်။

“ခင်ဗျားညီအစ်ကိုတော်တစ်ယောက်ကတော့ ဆိုးပါ့ဗျာ။ အရက်လည်းသောက်၊ ဆေးလည်းချ၊ မိသားစုလည်း နှိပ်စက်နဲ့။ ဒါပေမဲ့ ခင်ဗျားကျတော့ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ရုံမက မိသားစု အပေါ်လည်း အလွန်စောင့်ရှောက်တာပဲ။ ညီအစ်ကိုချင်းတွေ ဖြစ်နေပါလျက်နဲ့ ဘာဖြစ်လို့များ အဲဒီလောက် ကွာခြား နေရတာလဲ။ ခင်ဗျားဘာကြောင့် အောင်မြင်နေရတာလဲ”

သူကဖြေလိုက်သည်မှာ

“အဖေ့ကြောင့်ပေါ့ဗျာ” ဟူ၍ဖြစ်သည်။

“ခင်ဗျား ညီအစ်ကိုကလည်း အဖေကြောင့်လို့ပဲ ဖြေတယ်။ တစ်ယောက်က အဖေကြောင့်လို့ပြောပြီး ဘဝပျက်နေတယ်။ ခင်ဗျားကတော့ အဖေကြောင့်လို့ပြောပြီး ဘာဖြစ်လို့ အောင်မြင်နေရသလဲ”

“ကျွန်တော့်အဖေက ကျွန်တော်တို့ငယ်ငယ်လေးတုန်းက အိမ်ကိုပြန်လာတိုင်း မူးနေတာဗျ။ မူးရုံတင်မကဘူး။ ကျွန်တော်တို့ကိုလည်း ရိုက်တော့တာပဲ။ သူ့ကိုကြည့်ပြီးတော့ ကျွန်တော်တော့ အလွန်စိတ်ပျက်တယ်။ ဒါကြောင့် ငါကြီးလာရင် ငါ့အဖေလို ဘယ်တော့မှမဖြစ်စေရဘူးလို့ ဆုံးဖြတ်ပြီး ကျွန်တော့်အဖေလို မဖြစ်အောင် ကြိုးစားရင်းနဲ့ ဒီလိုဖြစ်လာတာပဲဗျ” ဟု ဖြေသည်။

ဆိုးသော၊ မူးသောအဖေကိုကြည့်ပြီး သားနှစ်ယောက်၏ မတူသော ခံယူချက်နှင့် ကြိုးစားလုပ်ဆောင်မှုများ ဖြစ်သည်။

တစ်ဦးက မကောင်းတာကို မကောင်းတာဟုမြင်ပြီး မကောင်းအောင် ကြိုးစားသည်။

တစ်ဦးက မကောင်းတာကို အကောင်းမြင်ပြီး သူ့ကိုယ်သူ ကောင်းအောင် ကြိုးစားတည်ဆောက်သည်။

ကျောင်းဆရာဘဝက ကျေးညီနောင်ပုံပြင်ကို သင်ရသည်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး လိမ္မာသောကျေး၊ ရိုင်းစိုင်းသောကျေးဟူ၍ ဖြစ်သွားရသည်အကြောင်းဖြစ်သည်။

ယခုပုံပြင်က ထိုပုံပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုတည်းတွင် ပညာတည်းဟူ တွေးခေါ်စဉ်းစားဉာဏ်က ဘဝကို မတူအောင် ပြောင်းပေး နိုင်သည်ဆိုခြင်းကိုပြသည်။

အမြင်ကောင်းမှ အကောင်းမြင်နိုင်သည်။

သူ့လို ငါမလုပ်

သူ့လို ငါမယုတ်

သူ့ထက်တော်အောင်၊ သူ့ထက်ကောင်းအောင် ငါကြိုးစားမည်ဆိုသော သူတော်ကောင်းစိတ်ထားရှိသူတွေကို မွေးထုတ်နိုင်မှ တိုင်းပြည်အနာဂတ်လှပမည်။

(Ref: Two Brothers)

Credited : တင်ညွန့်
၄.၇.၂၀၂၄

27/06/2024

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်
××××××××××××××××××××
ပညာတတ်ချင်တတ်မယ်၊
ဘွဲ့ရချင်ရမယ်၊
အသုံးမကျရင် လူရာမဝင်ဘူး။
ပတ်ဝန်းကျင်အတွက်
မင်းဟာအမြဲတမ်း
အသုံးဝင်နေအောင်လုပ်ပါ။
တချို့ဆိုရင် ပညာမတတ်ဘူး၊
ဒါပေမယ့်
ရပ်ကွက်ထဲမှာ
သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။
အဲဒါကြောင့်
လူရာဝင်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုအသုံးဝင်အောင်လုပ်တာ။
ဘာမှအသုံးမဝင်ရင်
အသုံးမကျတဲ့ကောင်ဖြစ်သွားမှာပေါ့။

ဆရာကြီးဦးအောင်သင်း

24/06/2024

အရက်ရောင်းသူက ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ် ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။

ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ
စွပ်ကြတယ်။
ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့
ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။

ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ
လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့
လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့က
နေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်
ကြတဲ့ သင်ခန်းစာကို
ယူမိတယ်။

မွေးမယ် သေမယ်
ဖြစ်နေကြအုံးမယ်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင်
အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။

လေးစားလျှက်🙏
မေတ္တာဖြင့်...
#ဝင်းသီဟကျော်
#သင်္ခါရဘဝ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Freelance Trainer

(1) i Office 2016 Course with Photoshop CS5 + Internet

(2) Advanced Presentation Course

(3) Excel in HR Payroll Course

(4) Excel in Recruitment for Recruitment Specialist Course

Videos (show all)

HR Reporting ဆိုတာ
Super Sunday ☺️
မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ
Top 10 Richest Companies in the world in 2023
HR Dashboard တွေ ဘယ်လို ဖန်တီးသလဲ❓
Success ♥️
ဘယ်တစ်အုပ် ဖတ်နေလဲ ❓
စာအုပ်နှင့်အတူ tote bag လက်ဆောင်ယူ 📙🎁https://www.facebook.com/cmhbusinessschool/posts/963533441681897
unboxingကျွန်တော်တို့လို Trainer တွေအတွက် အသုံးဝင်သော Microphone 🎤#CMH#fifinemicrophone#unboxing
အသက်ငယ်ငယ်နဲ့ အမြင်ကျယ်စေဖို့ ..မန်နေဂျာတွေနဲ့အတူတူ စာဖတ်မယ်The First Time Manager Group👇https://www.facebook.com/groups...
Stars Rating for Performance Score https://www.youtube.com/watch?v=UoXZSQTeslsFollow me for more sharing about HRM.👇http...

Telephone

Address

Pansodan
Yangon

Other Educational Consultants in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Dots English Dots English
Wai Bargi Road
Yangon, 11031

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

White-Collar Inc. White-Collar Inc.
36th Street
Yangon, 11182

the White-Collar Inc. is established in order to meet the social, education and economic needs of yo

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

Central Educational Institute Central Educational Institute
Yangon

Together to your credit score!

Path-guide Visa and Educational service Path-guide Visa and Educational service
Yangon

🇺🇸Start your brighter future with Path-Guide🇺🇸

Analytics.mm Analytics.mm
Yangon

We bring data analytic courses to you with affordable prices..... Everyone should have access to data analytic knowledge!!