UniqueCare Pharmaceutical Co., Ltd.

AWI always had a dream of a healthy nation called Myanmar. In November 2005, it attached a new feathe

05/06/2024

🅛🅞🅢🅐🅥🅘🅝 - ❺⓿
( 𝑳𝒐𝒔𝒂𝒓𝒕𝒂𝒏 𝑻𝒂𝒃𝒍𝒆𝒕 )

🔘 ဆေးအမည်
☑ 𝐋𝐨𝐬𝐚𝐯𝐢𝐧 𝟓𝟎

🔘 ပါဝင်ဖွဲ့စည်းမှု
☑ ဆေး (၁) ပြားတွင် 𝑳𝒐𝒔𝒂𝒓𝒕𝒂𝒏 𝑷𝒐𝒕𝒂𝒔𝒔𝒊𝒖𝒎 𝑼𝑺𝑷 50 𝒎𝒈 ပါဝင်ပါသည်။

🔘 ဆေးအမျိုးအစား
☑ Angiotensin II Receptor ဟန့်တား သွေးတိုးရောဂါကုသဆေး။

🔘 အသုံးပြုနိုင်သော ရောဂါများ
☑ သွေးတိုးရောဂါရှိသူများ၊ သွေးတိုးရောဂါကြောင့် နှလုံးကြီးနေသူများ၊ သွေးတိုးရောဂါနှင့် သွေးချို ဆီးချိုရောဂါကြောင့် ကျောက်ကပ်မထိခိုက်အောင် ကာကွယ်ဖို့ လိုအပ်သူများ၊ နှလုံးအားနည်းသူများ။

🔘 ဆေး၏ပုံသဏ္ဍာန်
☑ ဆေးပြား (Film Coated)

🔘 ဆေးအချိန်အဆ
☑ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

🔘 ကြိုတင်သတိပြုရန်
☑ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။
☑ ဆရာဝန်ညွှန်ကြားချက် လိုအပ်ပါသည်။

🔘 𝗣𝗿𝗶𝗰𝗲 - 𝟕𝟕𝟎𝟎 𝗞𝘆𝗮𝘁𝘀
🔘 𝗙𝗢𝗖 - (𝟭𝟬+𝟭) (𝟏𝟎𝟎+𝟏𝟐)
☑ (ရန်ကုန်မြို့တွင်း အတွက်သာဖြစ်သည်။)

🔘 ကုမ္ပဏီနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတိုင်ကြားလိုပါက ☑ 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰 𝟱𝟲𝟲 သို့ဆက်သွယ်နိုင်ပါသည်။

🔘 ထုတ်လုပ်သည့် ကုမ္ပဏီ
☑ MERCURY LABORATORIES LTD. (India)

🔘 တင်သွင်းသည့် ကုမ္ပဏီ
☑ UniqueCare Pharmaceutical Co., Ltd.

🔘 ဖြန့်ချီသည့် ကုမ္ပဏီ
☑ 𝗔𝗦𝗜𝗔 𝗪𝗜𝗡𝗡𝗘𝗥 𝗜𝗡𝗗𝗨𝗦𝗧𝗥𝗜𝗔𝗟 𝗟𝗧𝗗.
Building No. 25, 63rd Street, Botataung Tsp, 3rd Quarter, Yangon, Myanmar.
𝗣𝗵𝗼𝗻𝗲 : 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟬, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟳, 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰 𝟱𝟲𝟲

04/06/2024

𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို ဘယ်သူတွေ သောက်သင့်သလဲ.....👇

𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို

- Antibiotic သောက်နေရသည့် လူမမာများ

- အူလမ်းကြောင်းရောဂါရှိသူများ (ဥပမာ - အူမကြီးကင်ဆာ)

- အစာမကြေ ၀မ်းဗိုက်မအီမသာ အဖြစ်များလေ့ရှိသူများ

- ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေသူများ

- 𝙑𝙞𝙗𝙧𝙞𝙤 𝙘𝙝𝙤𝙡𝙚𝙧𝙖𝙚 ကြောင့်ဖြစ်သော ဆန်စေးရောင် ဝမ်းရောဂါသွားနေသူများ စသည့်ဝေဒနာရှင်များ သောက်သုံးနိုင်သည့်အပြင်

- အချိုဓာတ်မပါဝင်သော Dextrin ဖြင့် ပြုလုပ်ထားသောကြောင့် ဆီးချိုသမားများပါ သောက်သုံးနိုင်ပြီး

- ကလေးများတွင်ဖြစ်တတ်သော Lactase Enzyme ချို့တဲ့သူများပါ သောက်သုံးနိုင်ပါသည်။

ထို့အပြင် 𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် 👇

သင့်ကိုယ်ခံစွမ်းအားကို ထိန်းညှိထားနိုင်ပြီး ခန္ဓာကိုယ်အတွင်း ၀င်ရောက်လာမည့် ဆိုးကျိုးများရန်မှလည်း ကာကွယ်နိုင်ပါသည်။

(၃) လသားအရွယ် ကလေးငယ်မှစတင်ပြီး အဖိုးအို အဖွားအိုများအထိ ကလေးလူကြီးမရွေး ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်သော 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 ဆေးကောင်းတစ်လက်ဖြစ်သည့်အပြင်

ဘတ်တီးရီးယားအမျိုးမျိုးကြောင့် ဖြစ်တတ်သော အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအတွက် သောက်သုံးရန် အထူးသင့်လျောသော ဆေးကောင်းတစ်လက် ဖြစ်ပါသဖြင့်

ထိုသို့သော ရောဂါများအတွက် စိုးရိမ်ပူပန်နေရပါက 𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကိုသာ သတိရလိုက်ပါ...။

𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ဟာ စပျစ်အရသာရှိသောကြောင့် ကလေးရော လူကြီးပါ ကြိုက်နှစ်သက်သည့် ဖြည့်စွက်အားဆေးဖြစ်ပြီး ဆေးတစ်ဗူးတွင် (2 g) ပါ အထုပ် (၃၀) ပါဝင်ပါသည်။

𝐏𝐫𝐢𝐜𝐞 👉 တစ်ဗူးလျှင် 𝟏𝟔,𝟎𝟎𝟎/- ကျပ်။

မှာယူချင်တယ်ဆိုရင်ဖြင့် -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.

04/06/2024

စိတ်ဖိစီးမှု နည်းစေမယ့် နည်းလမ်းကောင်း (၁၀) 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

03/06/2024

သွေးတွင်း ကိုလက်စထရောမြင့်နေရင် 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

02/06/2024

အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါသဖြင့် Chat Box မှ စာများအား အချိန်နှင့်တပြေးညီ ဖြေကြားနိုင်မည်မဟုတ်ပါကြောင်းနှင့် ရုံးဖွင့်ရက်များတွင်လည်း Chat Box မှစာများအား ရုံးချိန်အတွင်းသာ ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

အရေးတကြီး သိလိုသည်များ ရှိခဲ့ပါက 👇

𝐇𝐨𝐭𝐋𝐢𝐧𝐞 -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕 သို့ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

UniqueCare Pharmaceutical Co., Ltd.
.

31/05/2024

ဟင်းရွက်သုပ် 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

31/05/2024

𝐈𝐦𝐩𝐨𝐫𝐭𝐞𝐫 များသတိပြုနိုင်ရန် 👇

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်၍

ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား သွင်းကုန်လိုင်စင် ခွင့်ပြုချက်မရှိပဲ ဆိပ်ကမ်း၊ လေဆိပ်မှ တင်သွင်းပါက

တင်သွင်းသော ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း စီး/ကူးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

UniqueCare Pharmaceutical Co., Ltd.
.

31/05/2024

ခေါင်းအုံးစွပ်ကို မကြာခဏ လျှော်ဖွပ်ပေးပါ 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

29/05/2024

ဘဝရဲ့ အကောင်းဆုံး သမားတော်များ 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

29/05/2024

မဖြူလို မဖြစ်စေနဲ့နော်......👇

မဖြူ ဆိုတဲ့ အမျိုးသမီးတစ်ယောက်

စီးပွားရေး စလုပ်ရန်ကြံသည်..

အဖေ့ဆီက သိန်း 30 ချေးပြီး ဆေးဆိုင်ဖွင့်သည်

သိန်း 30 ဖိုး ဆေးဝါးများဝယ်ကာ
အမြတ်နည်းနည်းဖြင့်သာ တင်ရောင်းသည်

အမြတ်နည်းနည်းပဲ တင်ထားတာမလို့
ဆေးဆိုင်မှာ အရမ်းရောင်းကောင်းသည်

မကြာမီပင် ဆိုင်ရှိဆေးများအားလုံးကုန်သွားသည်..
လက်ထဲတွင် အရင်း+အမြတ် 35 သိန်းကျန်သည်

မဖြူတစ်ယောက် အမြတ်အစွန်းလဲရ
လူတွေကိုလဲ ကူညီနိုင်သဖြင့် အလွန်ပျော်နေသည်..

ဆိုင်ပေါ်မှာတင်ရန် ဆေးပြန်ဝယ်သောအခါ
စျေးတက်သွားသဖြင့် ယခင်အမျိုးအမည်အတိုင်း
ထပ်ဝယ်မည်ဆိုလျှင် သိန်း 40 ကျမည်ဟုဆိုသည်

မဖြူမှာ ဆိုင်ပေါ်တွင် ဆေးထပ်တင်ချင်ဇောဖြင့်
အဖေ့ဆီမှာ 5 သိန်း ထပ်ချေးကာ သိန်း 40 နှင့်
ယခင်ဆေးအမျိုးအမည်များဖြင့် ဆိုင်ပြန်ဖွင့်သည်

ယခင်လို အမြတ်နည်းနည်းနဲ့သာ ရောင်းသဖြင့်
ဆေးဆိုင်မှ ဆေးများအကုန် ကုန်သွားပြန်သည်

ဆေးများကုန်အောင်ရောင်းရသဖြင့်
မဖြူတစ်ယောက် ပျော်နေမိသည်

ယခုတစ်ခေါက်လက်ထဲတွင် 45 သိန်းကျန်သည်..

ဆေးကုမ္ပဏီဘက် ဆေးထပ်မှာသောအခါ
ယခင်အမျိုးအမည်တိုင်းထပ်မှာယူဖို့
သိန်း 50 ကျပါမည်ဟု ပြောသည်

"ဟာ.. စျေးတက်လှချည််လား" ဟု တွေးကာ
အဖေ့ဆီမှ 5 သိန်း ထပ်ချေးရပြန်သည်..

ယခုတစ်ခေါက်ချေးသောအခါ အဖေမှ
"နင့်ဆေးဆိုင်ကမြတ်ကောမြတ်ရဲ့လား"ဟု မေးသည်

မဖြူကလဲ ရောင်းရသဖြင့် မြတ်သည် ဟုဖြေသည်

ဒါဆို အမြတ်ကဘယ်မလဲ ဟု အဖေမှမေးသောအခါ
မဖြူတစ်ယောက် ခေါင်းကုတ်လေပြီ...

မူရင်းဆိုင်စဖွင့်ဖွင့်ချင်း သိန်း 30 ချေးသည်..
ပထမအကြိမ်ပစ္စည်းပြန်တင်ဖို့ 5 သိန်းထပ်ချေးသည်
ဒုတိယအကြိမ်ပစ္စည်းတင်ဖို့ 5 သိန်းထပ်ချေးရသည်

အဖေ့ဆီအကြွေးတွေက တဖြည်းဖြည်းတိုးလာသည်

အမြတ်ဘယ်မလဲ မေးသောအခါ
ဝယ်ထားတဲ့ပစ္စည်းတွေကိုပဲ ထိုးပြရမလိုလို၊
ဖွင့်ထားတဲ့ဆိုင်ကိုပဲ ထိုးပြရမလိုလို၊
မဖြူတစ်ယောက် စဥ်းစားခေါင်းကုတ်ရလေပြီ..

ဆိုင်က မရောင်းတာမဟုတ်၊ အရမ်းရောင်းရသည်

သို့သော် အမြတ်ဟူသည်ကား ရှာမတွေ့

မဖြူတစ်ယောက် အမြတ်ကိုလိုက်ရှာရင်း
ဆေးဆိုင်မဖွင့်ခဲ့ရင်ကောင်းသားဟု တွေးမိလေသည်

ဤမှာတွင်ကား "ရောင်းရှုံး" ဟူသော
ဇာတ်လမ်းတစ်ပုဒ် တစ်ခန်းရပ်လေသည်


ိမ်စာ

29/05/2024

နာကျင်ကိုက်ခဲမှုကင်းဖို့ရာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ကြပါ 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

28/05/2024

ကော်လာဂျင်အားကောင်းစေသည့် အစာအစားများ 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

28/05/2024

ဘဝနေထိုင်မှုအတွက် 8+8+8 စည်းမျဥ်း 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

27/05/2024

𝟏𝟎𝟎% 𝐑𝐢𝐠𝐡𝐭 🖤

26/05/2024

𝙎𝙤𝙧𝙧𝙮, 𝙒𝙀'𝙍𝙀 𝘾𝙇𝙊𝙎𝙀𝘿 𝙎𝙐𝙉𝘿𝘼𝙔.

𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮 🖤

25/05/2024

ကျန်းမာရေးကောင်းကြသူအများစုဟာ နံနက်ခင်းမှာ ဘာတွေ လုပ်လေ့ရှိကြသလဲ.....👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

24/05/2024

ဗိုလ်တထောင်မြို့နယ်ရှိ -

UniqueCare Pharmaceutical Co., Ltd. တွင် တာဝန်ထမ်းဆောင်ရန် 👇

𝙂𝙧𝙖𝙥𝙝𝙞𝙘 𝘿𝙚𝙨𝙞𝙜𝙣𝙚𝙧 ကျား(သို့)မ တစ်ဦး အလိုရှိပါသည်။

𝐀𝐝𝐨𝐛𝐞 𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 ကျွမ်းကျင်သူဖြစ်ရမည်။

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ကောင်းမွန်စွာအသုံးပြုတတ်သူဖြစ်ရမည်။

အလုပ်ချိန် 𝐌𝐨𝐧𝐝𝐚𝐲 𝐓𝐨 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲
(မနက် ၈း၃၀ နာရီမှ ညနေ ၄း၃၀ နာရီထိ)

လျှောက်ထားလိုသူများအနေဖြင့် 👇
Viber 👉 𝟎𝟗-𝟒𝟒𝟓-𝟒𝟒𝟒𝟓𝟔𝟔 သို့ CV Form, ယခင်ဆွဲခဲ့ဖူးသောပုံအချို့နှင့် မျှော်မှန်းလစာရေးကာ ပေးပို့လျှောက်ထားနိုင်ပါသည်။

24/05/2024

နောင်တစ်ချိန်မှာ ကျန်းမာရေးထိခိုက်စေမယ့် ဒီအကျင့်ဆိုးလေးတွေ လုပ်မိနေပြီလား...?

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

24/05/2024

ကလေးများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း - 👇

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ ကလေးတွေက ဘာကြောင့်ဝမ်းပျက်ရသလဲဆိုတာရယ်၊ နောက် ဘယ်လိုကာကွယ်ရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

ပထမဦးဆုံးအကြောင်းအရင်းကတော့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ (Parasite) လို့ခေါ်တဲ့ (ကပ်ပါးကောင်) တွေ ကူးစက်ခံရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူတွေကို မိဘတွေကမသိပဲနဲ့ ပြုလုပ်မိတာကြောင့်လည်း ကလေးလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

ကလေးလေးတွေ ဖြည့်စွက်စာစားချိန်မှာဆိုရင်တော့ ပန်းကန်၊ ခွက်တွေကို သေသေချာချာသန့်ရှင်းမှု မပြုလုပ်ပေးမိတာမျိုး၊ အသား၊ ငါးတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ သန့်ရှင်းမှုလိုအပ်တာမျိုး စတဲ့အချက်တွေကြောင့်လည်း ကလေးလေးတွေက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ရေကိုကျိုချက်ပြီးတော့ မသောက်သုံးတာ၊ လမ်းလျောက်တတ်ခါစအရွယ် ကလေးလေးတွေမှာဆိုရင် ဆော့ကစားပြီးတော့ အညစ်အကြေးတွေ ကိုင်တွယ်မိတာ၊ ပြီးတဲ့အခါမှာ လက်ကိုသေချာသန့်ရှင်းအောင် မဆေးကြောမိတာ၊ လက်ညစ်ပတ်နဲ့ အစားအစာတွေ စားမိတာ စတဲ့အပြုအမူတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုပြီးတော့ဖြစ်နိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အသက် (၅နှစ်) အောက် ကလေးလေးတွေရဲ့ သေဆုံးရခြင်း အကြောင်းအရင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။

ဒါကြောင့်မို့လို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီဆိုရင် မိဘတွေအနေနဲ့ မပေါ့ဆသင့်ပါဘူး။ ဝမ်းပျက်ဝမ်း‌လျှောရောဂါကို သေချာမကုသတဲ့အခါမှာဆိုရင် အာဟာရချို့တဲ့တာ 👇

ခန္ဓာကိုယ်ထဲကနေ ဓာတ်ဆားတွေ ဆုံးရှုံးသွားပြီး ပျော့ခွေသွားတာ၊ နုံးချိသွားတာ၊ သွေးလန့်သွားတာမျိုးတွေ၊ တက်တာ၊ အပူကြီးတာ စတဲ့ ဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးဆိပ်တက်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ မိဘတွေအနေနဲ့ ကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါမှာ တိုက်ရမယ့် ဆေးဝါးတွေနဲ့ ဓာတ်ဆားတွေကို ကြိုတင်ပြီးတော့ ဆောင်ထားသင့်ပါတယ်။

(WHO) formula ဓာတ်ဆားရည်တိုက်ခြင်းက ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးလေးရဲ့ကုန်ဆုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်။ ဒါက အထိရာက်ဆုံး ကုသမှုပဲဖြစ်ပါတယ်။

ကလေးလေး ဝမ်းသွားတဲ့ပမာဏပေါ်မူတည်ပြီး အနည်းနဲ့ အများတိုက်ပေးရပါတယ်။ ကလေးဝမ်းတစ်ခါသွားပြီးတိုင်းမှာ တစ်ဇွန်း၊ ဒါမှမဟုတ် ခွက်လေးနဲ့ ဓာတ်ဆားရည်ကို တိုက်ပေးရပါတယ်။

ဒါ့အပြင် ဆေးဝါးအနေနဲ့လည်း (Probiotics) ကို မိဘတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။ ဝမ်းလျှောတဲ့အခါမှာကုန်ဆုံးသွားတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေ ပြန်ရဖို့အတွက်ဆိုရင် (Probiotics) ကို တိုက်ပေးရပါတယ်။

(𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃) လိုမျိုး (Probiotics) ဟာ အစာကိုချေဖျက်ပြီးတော့ အာဟာရတွေကို စုပ်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ဘက်တီးရီးယား‌တွေကိုလည်း သူကတိုက်ထုတ်ပေးနိုင်ပါတယ်။

ပိုးသတ်ဆေးသောက်လို့ နောက်ဆက်တွဲအနေနဲ့ ဝမ်းလျှောတာမျိုး၊ (H. pylori) infection ကူးစက်ခံရတာမျိုး၊ နောက် ဘက်တီးရီးယားပိုး၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဝမ်းပျက်တာတွေကိုလည်း (Probiotics) တွေက သက်သာစေနိုင်ပါတယ်။



နှစ်သက်ဖွယ်စပျစ်အရသာကြောင့် (၃) လသားအရွယ် လသားလေးမှစပြီး အဖိုးအို အဖွားအိုများအထိ ကလေးလူကြီးမရွေး တစ်ရက်တစ်ထုပ် နေ့စဥ်ပုံမှန် သောက်သုံးနိုင်သည့် 👇

𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬)

တစ်ဗူးလျှင် (𝟐 𝐠𝐫𝐚𝐦) ပါ အထုပ် (𝟑𝟎) ပါဝင်ပါသည်။

𝐏𝐫𝐢𝐜𝐞 👉 တစ်ဗူးလျှင် 𝟏𝟔,𝟎𝟎𝟎/- ကျပ်။

မှာယူချင်တယ်ဆိုရင်ဖြင့် -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.
.

23/05/2024

နာတာရှည်ရောဂါအခံရှိသူတွေ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ၊ ဘာတွေဆင်ခြင်သင့်ပါသလဲ...?

အခုနောက်ပိုင်းမှာတော့ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ နောက်ပြီးတော့ (Autoimmune) ဖြစ်တဲ့ (SLE = Systemic Lupus Erythematosus) တို့လိုမျိုး၊ (Rheumatoid Arthritis) တို့လိုမျိုး၊ ဒါလေးတွေကိုတော့ နာတာရှည်ရောဂါလို့ သတ်မှတ်ပါတယ်။

အဲ့လိုလူတွေမှာဆိုရင် နဂိုတည်းက (Immune) ကိုယ်ခံစွမ်းအားကျ‌နေတတ်ပါတယ်။ အဲ့လိုကျနေတဲ့သူတွေမှာဆိုရင်တော့ ကိုယ့်ကိုယ်ကို ကိုယ်ခံစွမ်းအားအမြဲတက်နေအောင် ကြိုးစားပြီးတော့ လုပ်ထားသင့်ပါတယ်။

မဟုတ်ဘူးဆိုရင်တော့ ဥပမာ - ပိုးလေးတစ်ခါဝင်လိုက်တာနဲ့ သူများက (၃ရက်) လောက်နဲ့ပျောက်သွားတယ်၊ ကိုယ်ကကျတော့ ကိုယ်ခံစွမ်းအားကျနေတဲ့အတွက်ကြောင့် အနည်းဆုံး (၁ပတ်)၊ (၁၀ရက်) လောက် ပိုပြီးတော့ကြာတာတွေလည်း တွေ့ရတတ်ပါတယ်။

ဒါကြောင့် ဒီလိုလူတွေမှာဆိုရင် အဓိက ခန္ဓာကိုယ်ထဲမှာ (Amino Acid) လို့ခေါ်တဲ့ (ပရိုတင်းဓာတ်) ရှိရပါမယ်။ ပြီးတဲ့အခါမှာ (Vitamin A, Vitamin E, Vitamin C) စတဲ့ ဒီဓာတ်တွေလည်း ရှိရပါမယ်။

ပြီးတော့ သတ္တုဓာတ်တွေထဲမှာဆိုရင် (Zinc, Selenium, Magnesium) တို့ ရှိရပါမယ်။ အဲ့လိုမျိုး အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာညီညီမျှမျှ ရှိနေခဲ့တယ်ဆိုရင် ကျွန်မတို့ရဲ့ကိုယ်ခံစွမ်းအားတက်နေတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ (Amino Acid, Zinc, Vitamin C) စတဲ့ ဓာတ်တွေဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာတဲ့အတိုင်းအတာတွေကတော့ ကျွန်မတို့နိုင်ငံမှာ နည်းပါးပါသေးတယ်။

အဲ့တော့ တိုင်းတာလို့ရသလားဆိုရင်တော့ ရပါတယ်။ တစ်ချို့သောအာဟာရဓာတ်တွေကို တိုင်းတာလို့ရသလို၊ တစ်ချို့သောအာဟာရဓာတ်တွေကိုကျတော့ နိုင်ငံတကာကိုပို့ပြီးတော့မှ တိုင်းတာတာဖြစ်တဲ့အတွက်ကြောင့် ငွေပမာဏအားဖြင့် စျေးကြီးတယ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ဒီအာဟာရဓာတ်လေးတွေကို ပြည့်အောင်ရှိနေဖို့အတွက်ဆိုရင် အဓိကအလွယ်ဆုံးကတော့ (Balance Diet) ပေါ့နော်။ ကိုယ်စားတဲ့အစားအစာလေးတွေကို နည်းနည်းလေး မျှမျှတတဖြစ်အောင် စားပါလို့အကြံပေးချင်ပါတယ်။

ဥပမာဆိုရင်တော့ - တစ်ရက်မှာဆိုရင် အသား၊ ငါး၊ ကြက်ဥကို အများကြီးမဟုတ်ရင်တောင် ပုံမှန်အတိုင်းအတာတစ်ခုအထိစားပေးပါ။ နောက်ပြီးတော့ ဘယ်ဟင်းသီးဟင်းရွက်မဆို Antioxidant, Vitamin နဲ့ သတ္တုဓာတ်တွေ ပါတာဖြစ်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံးစားပေးပါ။

ကိုယ်က ဒိီနေ့စားမယ့် အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ကြက်ဥ၊ နို့ စတဲ့ အစားအစာတွေပါရဲ့လားဆိုတာပေါ့နော်။ ဒါပေမယ့် နို့ကတော့ တစ်ချို့လူတွေမှာအခက်အခဲရှိတာဖြစ်တဲ့အတွက်ကြောင့် 👇

အနည်းဆုံး (၄မျိုး) ဖြစ်တဲ့ အသားနဲ့ ငါး တစ်မျိုး၊ ကြက်ဥတစ်မျိုး၊ ဟင်းသီးဟင်းရွက်တစ်မျိုး၊ သစ်သီးဝလံတစ်မျိုးပါအောင် စားသုံးသင့်ပါတယ်။ နောက်ပြီးတော့ ရေသောက်တယ်ပေါ့နော်။ ဒီလိုမျိုးတွေပါအောင် စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ထိုက်သင့်တဲ့ ကိုယ်ခံစွမ်းအားရှိနေပြီလို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ (Nutrition) ဘက်က ပြောရမယ်ဆိုရင် အစားအစာတွေကို (Balance) ဖြစ်အောင်စားပါ။ ပြီးတော့မှ ကိုယ့်ကိုယ်ကို (Active) ဖြစ်နေသလားပေါ့နော်။

ဥပမာ - တစ်နေကုန်ထိုင်နေတာမျိုး၊ အဲ့လိုထိုင်တဲ့သူ‌ကတော့ အနည်းဆုံး နာရီဝက်၊ တစ်နာရီ လမ်းလျှောက်ပေးရပါမယ်။ ကိုယ့်ရဲ့ခြေလှမ်းက တစ်ရက်ကို အနည်းဆုံး (၇ထောင်) နဲ့ (၁သောင်း) ကြား ရှိရပါမယ်။ (၁သောင်း) ပြည့်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မရှိနိုင်ဘူးဆိုရင်တော့ အနည်းဆုံး (၇ထောင်) တော့ ရှိရပါမယ်။

အဲ့တော့ ခြေလှမ်းကိုရေတွက်လို့ မရသေးဘူးဆိုရင်တော့ ဥပမာ - မနက်စာစားပြီးတာနဲ့ (၁၀မိနစ်) လမ်းလျှောက်တာမျိုး၊ နေ့လည်စာစားပြီးတာနဲ့ (၁၀မိနစ်) လမ်းလျှောက်တာမျိုး၊ ညစာစားပြီးတာနဲ့ (၁၀မိနစ်) လမ်းလျှောက်တာမျိုး ဒီလိုလေးပုံမှန်လုပ်ပေးသွားတယ်ဆိုရင် (Immune) တွေက ကောင်းလာပါတယ်။ ဒါလေးကတော့ အဓိက (Basic) ပေါ့နော်။

အခြေခံအားဖြင့် လူတိုင်းလုပ်နိုင်တဲ့အရာလေးကတော့ ကျွန်မတို့စားတဲ့ အစားအစာကိုကြည့်မယ်၊ လှုပ်ရှားနိုင်တဲ့ အတိုင်းအတာကိုကြည့်မယ်ပေါ့နော်။ ဒီလောက်မှ မစားနိုင်ဘူး၊ ဒီလောက်မှ မလှုပ်ရှားနိုင်ဘူးဆိုရင်တော့ 👇

မိမိရဲ့ခန္ဓာကိုယ်ကို Active ဖြစ်စေမယ့် အားဆေးဖြစ်တဲ့ (𝐀𝐫𝐨𝐧𝐚𝐦𝐢𝐧 𝐆𝐨𝐥𝐝 အားဆေး) ကို နေ့စဥ်ပုံမှန် တစ်ရက်တစ်လုံး မှီဝဲပေးမယ်ဆိုရင် မိမိရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံစွမ်းအားကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

အဲ့တော့ လှုပ်ရှားမှုအတွက်ကတော့ ကိုယ်တိုင်လုပ်မှပဲ ရတာဖြစ်တဲ့အတွက်ကြောင့် သူ့ကိုတော့ ‌‌‌‌‌‌ကျွန်မတို့ဆေးသောက်လို့လည်းမရဘူး၊ အစားထိုးလို့လည်း မရဘူးပေါ့နော်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို (Active) ဖြစ်အောင် လှုပ်ရှားမှုလုပ်ပါလို့ အကြံပေးချင်ပါတယ်။

#ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

နေ့သစ်တိုင်းမှာ ခွန်အားတွေပြည့်ဝပြီး လန်းဆန်းတက်ကြွနေဖို့အတွက် 𝐀𝐫𝐨𝐧𝐚𝐦𝐢𝐧 𝐆𝐨𝐥𝐝 အားဆေးကို တစ်နေ့တစ်လုံး မှန်မှန်သောက်ပေးဖို့ လိုပါတယ်။

ကျန်းမာခြင်းရဲ့ဟီးရိုး 𝐀𝐫𝐨𝐧𝐚𝐦𝐢𝐧 𝐆𝐨𝐥𝐝 (အားဆေး)
𝐌𝐮𝐥𝐭𝐢 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 - (𝐁𝟏+𝐁𝟐+𝐁𝟔+𝐁𝟏𝟐)+𝐂+𝐄

အလုံး (၁၀၀) ပါတစ်ဗူး = 𝟑𝟒,𝟎𝟎𝟎/- 𝐊𝐲𝐚𝐭𝐬.

ဆယ်ဗူးဝယ်လျှင် 👉 တစ်ဗူး လက်ဆောင် ပေးပါသည် 🙂

မှာယူလိုပါက 👇

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.
.

22/05/2024

ပျော်ရွှင်တဲ့ဘဝအတွက် နည်းလမ်းကောင်း (၅) သွယ် 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

22/05/2024

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လကဆုန် 🖤

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့မှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ...။

UniqueCare Pharmaceutical Co., Ltd.
.

21/05/2024

မုန်လာဥနီဖျော်ရည်၏ ကျန်းမာရေးအကျိုးကျေးဇူး 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

21/05/2024

ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် ဒါလေးတွေ စားပေးပါ 👇

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

20/05/2024

Q. Antibiotics Resistance (ပိုးသတ်ဆေး ယဉ်ပါးခြင်း) ဆိုတာ ဘာကို ဆိုလိုပါသလဲ...?

A. ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားပိုးမွှားတွေက ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိသွားပြီး ပုံမှန်ပိုးသတ်ဆေးသောက်ရုံနဲ့ မသေနိုင်တော့တာကို ဆိုလိုပါတယ်။

ပိုးသတ်ဆေးယဉ်ပါးရတဲ့ အဓိကအကြောင်းအရင်း (၂ ခု) -

(၁) ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် မသောက်သုံးတာနဲ့

(၂) ပိုးသတ်ဆေးကို မလိုအပ်ပဲ သောက်သုံးတာတွေကြောင့်ပါ။

ဒါကြောင့် ပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးဖို့ အကြံပြုလိုက်ပါတယ်။

#ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

🅣🅡🅞🅩 𝐓𝐀𝐁𝐋𝐄𝐓𝐒
(𝐌𝐞𝐭𝐫𝐨𝐧𝐢𝐝𝐚𝐳𝐨𝐥𝐞 𝐓𝐚𝐛𝐥𝐞𝐭𝐬 𝐁.𝐏.)

အသုံးပြုနိုင်သော ရောဂါများ 👇

ဝမ်းဗိုက်အတွင်း၊ အူလမ်းကြောင်း၊ အရေပြား၊ အရိုးအဆစ်၊ ဦးနှောက်၊ အသက်ရှုလမ်းကြောင်းအောက်ပိုင်း၊ နှလုံးအဆို့ရှင် စသောနေရာများ ပိုးဝင်ခြင်းနှင့် အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်းများ ကုသရာတွင် အသုံးပြုနိုင်ပါသည်။

အလုံး (၁၀၀) ပါ တစ်ဗူးလျှင် 👉 𝟓𝟎𝟎𝟎/- 𝐊𝐲𝐚𝐭𝐬

*** (လက္ကားစျေး သီးသန့်ရှိပါသည်) ***

မှာယူချင်တယ်ဆိုရင်ဖြင့် -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.

20/05/2024

အောက်သွေး၊ အပေါ်သွေး အတက်အကျ မညီမျှရင် သွေးကျဆေးကို ဆက်သောက်ရမှာလား...?

ပုံမှန်လူတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ သွေးပေါင်ချိန်ထက်များရင် သွေးတိုးရောဂါရှိတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ လူတစ်ယောက်ရဲ့သွေးပေါင်ချိန်ကို (၁၃၀/၈၀) အောက်မှာရှိတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး တွေ့ရှိလာတဲ့အတွက်ကြောင့် (၁၃၀/၈၀) မီလီမီတာမာကျူရီကျော်ရင် သွေးတိုးလို့ သတ်မှတ်ပါတယ်။

(၁၃၀/၈၀) မှာမှ အပေါ်သွေးပဲတိုးပြီး (၁၄၀/၈၀) ဆိုရင်လည်း သွေးတိုးပဲ သတ်မှတ်ပါတယ်။ (၁၃၀/၉၀) ဆိုရင်လည်း အောက်သွေးတိုးတာကို သွေးတိုးလို့ပဲသတ်မှတ်ပြီး သွေးတိုးရောဂါမှာ ကုသတဲ့ဆေးတွေကိုပေးပြီး ကုသရမှာဖြစ်ပါတယ်။

ဒီမေးခွန်းကို ခြုံပြီးပြောမယ်ဆိုရင် အပေါ်သွေးတက်တက်၊ အောက်သွေးတက်တက် ကုသမှုကို ခံယူရမယ်လို့ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ အပေါ် သွေးသက်သက်တက်တဲ့ ရောဂါမျိုးပါ။ ဥပမာ - အပေါ် သွေး (၁၅၀)၊ အောက်သွေး (၈၀) ပေါ့၊ ဒါဆိုရင်လည်း သွေးတိုးလို့ သတ်မှတ်ပါတယ်။

ဘယ်လိုလူတွေမှာတွေ့ရလဲဆိုရင် အသက်ကြီးပြီး သွေးလွှတ်ကြောတွေ တောင့်တင်းတဲ့သူတွေ၊ အဝလွန်တဲ့သူ‌တွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ သိုင်းရွိက် ဟော်မုန်းများတဲ့သူတွေ၊ အဲ့လိုလူတွေမှာဆိုရင် အပေါ်သွေးသက်သက်တက်နေတာ တွေ့ရတတ်ပါတယ်။

နှလုံးရောဂါမှာဆိုရင်လည်း နှလုံးအဆို့ရှင် မလုံတဲ့လူတွေမှာ အပေါ်သွေးသက်သက်တက်နေတာမျိုး ရှိပါတယ်။ အပေါ်သွေးသက်သက်တက်‌‌နေတဲ့ သူတွေမှာဆိုရင်လည်း သွေးတိုးရဲ့နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ လေဖြတ်တဲ့ရောဂါ၊ ကျောက်ကပ်ထိခိုက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် အပေါ်‌‌သွေးသက်သက်တိုးရင်လည်း ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။

ဆေးဝါးသက်သက်တင်မဟုတ်ပဲ (Lifestyle Changes) လို့ခေါ်တဲ့ ဆောင်ရွက်ရမယ့်အချက်လေးတွေ ရှိပါတယ်။ အဝလွန်နေရင် ကိုယ့်ရဲ့အလေးချိန်လျှော့ချရမယ်၊ ဆားကို လျှော့ချပြီးစားသုံးရမယ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရမယ်။ ဆေးလိပ်၊ အရက်သောက်တဲ့သူတွေဆိုရင်တော့ လျှော့ချတာတို့၊ ဖြတ်တာတို့ တွဲဖက်ပြီးတော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မိမိရဲ့သွေးပေါင်ချိန် ပုံမှန်ဖြစ်နေပြီဆိုရင်လည်း ဆေးကိုရပ်လို့မရ‌‌သေးပါဘူး၊ မိမိဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့မှသာ ဆေးကိုရပ်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အောက်သွေးသက်သက်တက်တဲ့ အခြေအနေမျိုးပေါ့။ ဥပမာ - (၁၃၀/၉၀) ၊ (၁၃၀/၉၅)ပေါ့၊ ဒါဆိုရင်လည်း သွေးတိုးလို့သတ်မှတ်ပြီးတော့ ကုသရမှာပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် အောက်သွေးသက်သက်တက်တဲ့သူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့ လေဖြတ်တဲ့ရာခိုင်နှုန်း ပိုများတယ်။ နှလုံးရောဂါဖြစ်တဲ့သူ ပိုများတယ်။

နှလုံးရောဂါထဲမှာမှ နှလုံးသွေးမလျှောက်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ပိုဖြစ်နိုင်တဲ့အတွက် သူ့ကိုလည်း ကုသမှုခံယူဖို့လိုပါတယ်။

အောက်သွေးတက်တဲ့သူတွေအနေနဲ့ကတော့ အငန်ဓာတ်ကို လျှော့ချစားသုံးရမယ့်အပြင် ပိုတက်ဆီယမ်ဓာတ်ကိုပိုပြီး စားသုံးပေးဖို့လိုတယ်လို့ ပြောပါတယ်။ အဲ့ဒါက‌‌တော့ အသီးအနှံထဲမှာပါတဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုကတော့ (Stress Reduction) ပါ။ စိတ်ဖိစီးမှုလျှော့ချပေးရမှာ ဖြစ်ပါတယ်။ အောက်သွေးတက်တဲ့သူတွေဟာ လူငယ်တွေမှာ ပိုပြီးတွေ့ရတတ်တယ်။ စိတ်ဖိစီးမှုရှိတဲ့သူတွေမှာ ပိုပြီးတွေ့ရတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုလျှော့ချဖို့ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကုသမှုခံယူဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

#ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု သမားတော်ကြီး)

𝐀𝐌𝐋𝐎𝐂𝐀𝐑𝐃®𝟓 👉 (သွေးကျဆေး)
Amlodipine Tablet BP

အလုံး (၁၀၀) ပါတစ်ဗူးလျှင် 👉 𝟓𝟓𝟎𝟎/- 𝐊𝐲𝐚𝐭𝐬
လက္ကားစျေးသီးသန့်ရှိပါသည်။

မှာယူချင်တယ်ဆိုရင်ဖြင့် -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.
.

19/05/2024

နေ့စဉ် မှန်မှန်သောက်ရမယ့်ဆေးတွေ သောက်ဖို့ မကြာခဏ မေ့တတ်သူတို့အတွက် နည်းလမ်းများ -

(၁) ဆေးတွေကို နေ့စဉ်တူညီတဲ့အချိန်မှာ သောက်တဲ့ အကျင့်လေး လုပ်ပါ။ ဥပမာ - နေ့တိုင်း မနက်စာ စားပြီးချိန် သောက်ခြင်း။

(၂) ဆေးသောက်ချိန်ကို ဖုန်းနဲ့ (Alarm) ပေးထားပါ။ (Reminder App) တစ်ခုခုသုံးလည်း ရပါတယ်။

(၃) အချိန်အတိအကျ သောက်ရမယ့် ဆေးတွေကို စာနဲ့ ရေးမှတ်ပြီး ကိုယ်မြင်နေမယ့် နေရာတစ်ခုခုမှာ ကပ်ထားပါ။ ဥပမာ - အလုပ်စားပွဲနံရံ။

မှတ်ချက် ။ ။ ဆေးပတ်လည်တဲ့အထိ နေ့စဉ်မှန်မှန် သောက်ဖို့လိုတဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဆိုရင် ဆေးသောက်ဖို့ မေ့လျော့တဲ့အခါ ဆေးအာနိသင် မထိရောက်ခြင်းနဲ့ ဆေးယဉ်ပါးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

#ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နေ့သစ်တိုင်းမှာ ခွန်အားတွေပြည့်ဝပြီး လန်းဆန်းတက်ကြွနေဖို့အတွက် 𝐀𝐫𝐨𝐧𝐚𝐦𝐢𝐧 𝐆𝐨𝐥𝐝 အားဆေးကို တစ်နေ့တစ်လုံး မှန်မှန်သောက်ပေးဖို့ လိုပါတယ်။

ကျန်းမာခြင်းရဲ့ဟီးရိုး 𝐀𝐫𝐨𝐧𝐚𝐦𝐢𝐧 𝐆𝐨𝐥𝐝 (အားဆေး)
𝐌𝐮𝐥𝐭𝐢 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 - (𝐁𝟏+𝐁𝟐+𝐁𝟔+𝐁𝟏𝟐)+𝐂+𝐄

အလုံး (၁၀၀) ပါတစ်ဗူး = 𝟑𝟒,𝟎𝟎𝟎/- 𝐊𝐲𝐚𝐭𝐬.

ဆယ်ဗူးဝယ်လျှင် 👉 တစ်ဗူး လက်ဆောင် ပေးပါသည် 🙂

မှာယူလိုပါက 👇

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.
.

18/05/2024

ရေခဲရေ နဲ့ ရေနွေး ဘာကို သောက််မလဲ..........?

Credited To 👉 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🖤

18/05/2024

ကလေး၊ လူကြီးအားလုံးအတွက် အကျိုးပြုဘက်တီးရီးယား (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ၏ အသုံးဝင်ပုံ -

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် Probiotics ကို ကျွန်မတို့နိုင်ငံမှာ အခုနောက်ပိုင်း တော်တော်များများ သုံးလာကြပါပြီ။

သို့ပေမဲ့ အဓိက ဒီအကောင်လေးတွေကို မွေးမြူဖို့လိုတယ်ဆိုတာကို လူတွေတော်တော်များများ သိပ်မသိကြသေးပါဘူး။

ဒါပေမယ့် ကျွန်မတို့တွေအနေနဲ့ကတော့ Gut-brain axis, Gut-lung axis နဲ့ Gut-liver axis ဆိုတဲ့ စကားလုံးတွေသုံးကြပါတယ်။

အဓိကကတော့ ဒီအစာအိမ်အူလမ်းကြောင်းတစ်လျှောက်လုံး ကောင်းနေမယ်ဆိုရင် အခြေခံဖြစ်တဲ့ (Immunity) ပေါ့နော်။

ကိုယ့်ရဲ့ကိုယ်ခံစွမ်းအားကောင်းနေမယ်ဆိုရင် ဥပမာ- ခဏခဏမဖျားဘူးဆိုရင် ကလေးကဦးနှောက်ဖွံ့ဖြိုးသွားတာမျိုး၊ နောက်တစ်ခါ ဝမ်းမချုပ်ဘူးဆိုရင် ကလေးရဲ့အစာအိမ်အူလမ်းကြောင်းကောင်းသွားပြီး စုပ်ယူနိုင်အား များသွားတာမျိုး၊ ပြီးတော့ ဝမ်းခဏခဏမလျှောဘူးဆိုရင် ကလေးမှာအာဟာရဓာတ်တွေ ချို့တဲ့မှုမရှိတာမျိုးပေါ့နော်။

အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ခုနောက်ပိုင်းမှာတော့ ကျွန်မတို့အနေနဲ့ ဒါ Concept အသစ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ Probiotics လေးတွေကို သဘာဝအတိုင်းစားနိုင်ရင် စားသုံးပေးဖို့အကြံပေးချင်ပါတယ်။

အကယ်၍ သဘာဝအတိုင်းစားသုံးပေးဖို့ လျော့နည်းနေမယ်၊ ကိုယ်ကလည်းဝယ်ဖို့ရာအတွက် အခက်အခဲရှိနေမယ်ဆိုရင် Probiotics Supplement တွေကို သုံးပေးကြပါ။ ကလေးတွေအပြင် လူကြီးတွေမှာလည်း လိုအပ်ပါတယ်။

အထူးသဖြင့် ဆီးချိုဖြစ်ချင်နေတဲ့သူတွေ၊ အဝလွန်နေတဲ့သူတွေ၊ Alzheimer ဖြစ်နေတဲ့သူတွေ ဒီလိုလူတွေမှာ Probiotics က မဖြစ်မနေလိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

#ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

နှစ်သက်ဖွယ်စပျစ်အရသာကြောင့် (၃) လသားအရွယ် လသားလေးမှစပြီး အဖိုးအို အဖွားအိုများအထိ ကလေးလူကြီးမရွေး တစ်ရက်တစ်ထုပ် နေ့စဥ်ပုံမှန် သောက်သုံးနိုင်သည့် 👇

𝐋𝐀𝐂𝐓𝐎 - 𝐆𝐎𝐋𝐃 (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬)

တစ်ဗူးလျှင် (𝟐 𝐠𝐫𝐚𝐦) ပါ အထုပ် (𝟑𝟎) ပါဝင်ပါသည်။

𝐏𝐫𝐢𝐜𝐞 👉 တစ်ဗူးလျှင် 𝟏𝟔,𝟎𝟎𝟎/- ကျပ်။

မှာယူချင်တယ်ဆိုရင်ဖြင့် -

☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟎
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟓𝟕
☎ 𝟎𝟗𝟗 𝟕𝟕𝟒𝟎𝟎 𝟑𝟔𝟏
☎ 𝟎𝟗 𝟒𝟒𝟓 𝟒𝟒𝟒𝟓𝟔𝟔 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဒီနေ့မှာ နက်ဖြန်ရောက် 👉 𝐃𝐞𝐥𝐢 𝐅𝐫𝐞𝐞 ပို့ဆောင်ပေးနေပါပြီ။

UniqueCare Pharmaceutical Co., Ltd.
.

17/05/2024

ဗိုက်အဆီများနေရင် ဘာစားသင့်သလဲ၊ ဘာရှောင်ရမလဲ 👇

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဗိုက်အဆီများနေရင် ရှောင်ရမယ့် အစာတွေကို အဓိက အကြံပေးချင်ပါတယ်။

(၁) အကြော်မျိုးစုံ
-------------------------
ဘယာကြော်၊ ပဲကြော်၊ ဘူးသီးကြော် စတဲ့ အကြော်မျိုးစုံကို ရှောင်ရပါမယ်။

(၂) ဟင်းအနှစ်
---------------------
ဟင်းအနှစ်တွေကို ရှောင်ရပါမယ်။ ကြက်သားဟင်းစားမယ်ဆိုရင် ကြက်သားကိုပဲ စားသင့်ပါတယ်။ ငါးဟင်းစားမယ်ဆိုရင် ငါးကိုပဲ စားသင့်ပါတယ်။ ဟင်းအဆီအနှစ်တွေကို ရှောင်ရပါမယ်။

(၃) အချိုရည်
--------------------
ဂတ်စ်ပါတဲ့ အချိုရည်တွေကို ရှောင်ရပါမယ်။

(၄) အာလူးကြော်
------------------------
ကယ်လိုရီအများကြီးရစေတဲ့ အာလူးကြော်ကို ရှောင်သင့်ပါတယ်။

(၅) အချိုများသော အစားအသောက်
----------------------------------------------------
ကိတ်မုန့်၊ ဘီစကွတ်မုန့် စတဲ့ အချိုများတဲ့ အစားအသောက်တွေကို အများကြီးစားတာမျိုး ရှောင်သင့်ပါတယ်။
ဒီလိုအစားအသောက်တွေကို ရှောင်လိုက်ရင် ဗိုက်အဆီ တဖြည်းဖြည်း လျော့ကျသွားမှာပါ။

ဒါပေမဲ့ လေ့ကျင့်ခန်းတွဲလုပ်ပေးဖို့တော့ လိုပါတယ်။ ဥပမာ- ဘယ်လီရိုက်တဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။ နောက်ဆုံး ဘာမှ မလုပ်နိုင်ရင် လမ်းလျှောက်ပေးရပါမယ်။ တဖြည်းဖြည်းနဲ့ ဗိုက်အဆီ လျော့ကျသွားပါလိမ့်မယ်။

ကယ်လိုရီများတဲ့ အစာတွေကို ရှောင်ပြီး ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကို အစားထိုး စားသောက်ပေးသင့်ပါတယ်။ အဲဒါတွေကတော့ -

အကြော်စုံစားမယ့်အစား ပြောင်းဖူးပြုတ်၊ ကန်စွန်းဥပြုတ် စားခြင်း၊ သရေစာစားတဲ့အချိန်မှာ ဆီကြော်စာတွေစားမယ့်အစား ဆီမပါတဲ့ သရေစာကို ရွေးစားသင့်ပါတယ်။

ကန်စွန်းရွက်ကြော်၊ ဟင်းနုနယ်ရွက်ကြော်စားမယ့်အစား အရွက်ပြုတ်၊ အရွက်သုပ်စားခြင်း ဒီလို ဆီနည်းနည်းနဲ့ ချက်တဲ့ ဟင်းလျာတွေကို အစားထိုးစားရင် ဗိုက်အဆီ လျော့ကျစေပါတယ်။

ထမင်းလျှော့စားခြင်း၊ ထမင်းအများကြီး စားတာကို ရှောင်သင့်ပါတယ်။ ထမင်းကို အများကြီးစားပြီး လှုပ်ရှားမှုမရှိဘဲ တီဗီကြည့်တာ၊ စာဖတ်တာ၊ ဖုန်းပွတ်တာတို့လုပ်တာကို ဆင်ခြင်သင့်ပါတယ်။

ထမင်းစားပြီး ချက်ချင်းမထိုင်ဘဲ ၁၀မိနစ်လောက် လမ်းလျှောက်ပေးပါ၊ ဒါဆိုရင် ဗိုက်အဆီက သိသိသာသာကျသွားမှာ ဖြစ်ပါတယ်။

ဗိုက်အဆီတက်တာက ကိုယ်ရဲ့ စားသောက်မှုနဲ့ ဆိုင်သလို နေထိုင်မှုပုံစံနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့် မနက်စာ၊ နေ့လယ်စာနဲ့ ညစာစားပြီးတိုင်း ၁၀ မိနစ် လမ်းလျှောက်ပေးပါ။ အသီးအရွက်နဲ့ အသီးအနှံတွေကို စားပေးပါ။ ဒါဆိုရင် ဗိုက်အဆီက တဖြည်းဖြည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱
Happy New Year 2021(UCP)
Merry Christmas (UCP)
Christmas & Happy New Year 2020-2021
Antibiotic (UCP)
GP Scientific Conference 2019 (UniqueCare Pharma)
Povisep Cream (25 g)
Myanmar New Year 2019(4)

Category

Telephone

Address


No. 25, 63rd Street, Botataung Township
Yangon
11161

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Other Medical & Health in Yangon (show all)
ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်

Aungthukha Pharmacy Aungthukha Pharmacy
No. 215, Ground Floor, Theingyizay Market
Yangon

Pharmacy

MaxMan store MaxMan store
Min Dhama Road
Yangon, 11061

အိပ်ယာ​ပေါ်မှာ ဘုရင်တစ်ပါးဖြစ်​စေဖို့ MaxMan ကို သုံးကျစို့

Doctor Supplement Store Doctor Supplement Store
Yan Aung Street 6
Yangon, 11081

Bioion Myanmar Bioion Myanmar
Creation Strength Co, Ltd, No 19/B Parami Road
Yangon, 11091

BIOION ကို Hotel, Hospital, KTV, Bar & Restaurant မ်ားသာမက လူေနအိ

Researcher at Molecular Biotechnology Researcher at Molecular Biotechnology
Yangon

A kind of knowledge sharing right now. It will do to continue to develop.

Health Care Store Health Care Store
Yangon

ကျမ္မာခြင်းတွေ ရရှိဖို့ Health Care Store ကို လ?

Hanuman Healthcare and Medicine Hanuman Healthcare and Medicine
Yangon

Retail Pharmacy (Yangon)