MMTM Petrol

Welcome to the Official page of Myat Myinttar Mon(MMTM) Petrol.

20/06/2024

မိုးရာသီမှာ စိတ်ရှုပ်စရာဝေးဝေး ကားမောင်းနိုင်စေဖို့

မော်တော်ယာဉ် အသုံးပြုသူများနဲ့ ကားဆရာကြီးများအတွက် မိုးတွင်းမှာ စိတ်ရှုပ်ရတာတွေမရှိအောင် ဒီလို ပြင်ဆင်ထားဖို့တော့ လိုနေပြီနော် 😉

🚘 မိုးတွင်းမှာ လမ်းပေါ် လျှပ်ပြေးမောင်းနှင်ရင်းနဲ့ ကားဘီးချော်နိုင်တာကြောင့် စတီယာရင်ကို အမြဲ လက်နှစ်ဖက်နဲ့ ထိန်းကိုင်ဖို့ သတိမလျော့ပါနဲ့

🛞 ဒီလိုမျိုး လမ်းတွေက ချောနေတဲ့အတွက် ကားရပ်တဲ့အခါမှာလည်း ဘရိတ်ဖြည်းဖြည်းဆွဲပါ

🍄‍ အတွင်းခန်းမှာ မှိုနံ့ဆိုးတွေ မရအောင် လေဝင်လေထွက်ကောင်းကောင်း ထားပေးသင့်ပါတယ်

🌧️ မိုးစိုကြီးနဲ့ ကားထဲဝင်ထိုင်တဲ့အခါ ထိုင်ခုံတွေစိုကုန်မှာဆိုတော့ အစိုဓာတ်ကြီး အောင်းမနေအောင် သန့်ရှင်းရေးလေး ပုံမှန် လုပ်ပေးသင့်ပါတယ်

🗞️ ခြေနင်းနေရာလေးတွေမှာ လဲရလွယ်ကူတဲ့ သတင်းစာဟောင်းတွေ၊ ကားရေစိုခံအခင်းတွေ ထားထားမယ်ဆိုလည်း အဆင်ပြေပါတယ်.. ရေစုပ်ပြီးတော့ လွင့်ပစ်ဖို့လွယ်တဲ့အရာမျိုးပေါ့နော်

☔️ နောက်ထပ် အရေးကြီးဆုံး လုံးဝမမေ့သင့်တဲ့တစ်ခုကတော့ ဝိုက်ပါ ပါပဲ.. မိုးကြီးတဲ့အခါ ဝိုက်ပါ ရုတ်တရက်အလုပ်မလုပ်တော့တာမျိုး ကြုံရတတ်သလို မိုးထဲလေထဲမှ ထလုပ်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး.. ဒီတော့ ကြိုစစ်ဆေးထားပြီး မှန်ကြည်ဆေးလေးပါ သုံးထားပေးလိုက်ပါနော်

🧱 နေ့စဉ် နေ့တိုင်း ကားမမောင်းခင် ဘရိတ်ကို အရင်ကြိုစစ်ဆေးပြီးမှ ထွက်ခွာပါ

🛠️ ဒါတွေအပြင် ဘော်ဒီအောက်ပိုင်းမှာ သံချေးတက်နေလား ဘာတွေယိုယွင်းနေလဲဆိုတာ ကျွမ်းကျင်သူတွေဆီမှာ အပ်နှံစစ်ဆေးတာကလည်း အဆင်ပြေဆုံးပါပဲ

အရေးကြီးဆုံးအနေနဲ့ မိုးရွာရင် ယာဉ်ကြောပိတ်တယ်ဆိုပြီး စိတ်မရှည်ဘဲ အရှိန်မြင့်မြင့် မမောင်းခြင်းဖြင့် မလိုလားအပ်တဲ့ အန္တရာယ်တွေကနေ ကာကွယ်လိုက်ကြရအောင်နော် ☺️

Join MMTM Telegram - https://t.me/mmtmpetrolmm
MMTM Website - https://mmtmgroups.com/

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

18/06/2024

❝Happy Eid Mubarak❞

MMTM မှ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အီးဒ်နေ့မှာ ပျော်ရွှင်ဖွယ်ရာများကိုပိုင်ဆိုင်နိုင်ပြိး လိုအင်ဆန္ဒတွေပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

13/06/2024

AYA Pay နဲ့ ရှင်းပြီး ၅၀၀၀ ကျပ် ✨ Discount အရ ယူလိုက်ကြရအောင် 📣

MMTM မှာ ဆီထည့်တဲ့အခါ AYA Pay လေး သုံးပြီး ငွေရှင်းမယ်ဆို 5000 Ks ပြန်ရမဲ့ Promotion လေး ရှိနေတယ်နော် 🤩

ဇွန်လ ၁၅ ရက်ကနေ ၃၀ ရက်နေ့အတွင်းပဲ ဒီအခွင့်အရေးလေးက ရှိနေမှာမို့ ⛽️ ကားဆီဖြည့်ရင်း တွက်ခြေကိုက်သွားအောင် MMTM မှာ ဆီဖြည့်မယ်ဆို ❤️ AYA Pay လေးနဲ့ ရှင်းဖို့ မမေ့နဲ့နော် 🫶🏻

ဒီပရိုမိုးရှင်းလေးမှာ အကျုံးဝင်ဖို့အတွက်ဆို ⚠️ အနည်းဆုံး ၅၀၀၀၀ ကျပ်နဲ့အထက် ဝယ်ယူပေးရမှာဖြစ်ပြီး AYA Point ၂၅၀၀၀ ကို ၅၀၀၀ ကျပ်အနေနဲ့ လဲလှယ်နိုင်မှာဖြစ်သလို Wallet Account တစ်ခုကို တစ်ကြိမ်ပဲ Promotion ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်

ဒါနဲ့ Point လေးတွေကို ဘယ်လိုပြန်လဲနိုင်မလဲဆိုတာလည်း Comment Box လေးမှာ ရှင်းပြထားပေးပါတယ် 💬

🔔 MMTM ရဲ့ သတင်းတွေ၊ ပရိုမိုးရှင်းတွေကို VPN မပါလည်း အလွယ်ဆုံးနဲ့ အမြန်ဆုံး သိရှိနိုင်ဖို့ Telegram Channel ကိုလည်း Join ထားပေးပါဦးဗျို့

Join MMTM Telegram - https://t.me/mmtmpetrolmm (https://t.me/mmtmpetrolmm)

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

Photos from MMTM Petrol's post 02/06/2024

ထူးခြားတဲ့ ဗဟုသုတရစရာ Car News အချို့ 🗯️

ကျွန်တော်တို့ MMTM မှာ စက်သုံးဆီအရည်အသွေးသတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့ ဆီတွေကိုပဲ အချိန်အတွယ်ပြည့် နေ့စဉ် ရောင်းချပေးနေတာဖြစ်လို့ 🚘

ဘယ်သွားသွား ⛽️ MMTM ကို သတိရလိုက်ပါ ☺️

Join MMTM Telegram - https://t.me/mmtmpetrolmm
MMTM Website - https://mmtmgroups.com/

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

24/05/2024

⛽️ ဆီပြည့်တာပဲဖြည့်ချင်တယ်ဆို MMTM ကို Go Go 🚗 ကားဆီဖြည့်တဲ့အခါ ပေးလိုက်ရတဲ့ ကျသင့်ငွေအတိုင်း တိကျပြည့်ဝတဲ့ ⚖️ ဆီအချင်အတွယ် 100% မှန်မှန်ရဖို့နဲ့ 💎 ဆီအရည်အသွေး သန့်စင်ကောင်းမွန်နေဖို့က အဓိကပါပဲ

ကဲ 🚘 MMTM နဲ့ဆို ဒီလိုစိတ်ပူစရာတွေ စိတ်အေးရပြီလေ 👌

ဆီမသန့်တာထည့်မိလို့ ကြုံရမဲ့ ဒုက္ခတွေ ဝေးသွားမဲ့အပြင် လိုရာလမ်းခရီးတစ်လျှောက် အပူအပင်ကင်းကင်း စိတ်တိုင်းကျ သွားနိုင်ပြီပေါ့ 😉

ကျွန်တော်တို့ MMTM စက်သုံးဆီဆိုင်ကနေ 92, 95, Diesel, Premium Diesel တွေကို နေ့စဉ် ပိတ်ရက်မရှိ ရောင်းချပေးနေပါတယ်ဗျ ☺️

Join MMTM Telegram - https://t.me/mmtmpetrolmm
MMTM Website - https://mmtmgroups.com/

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

14/05/2024

📣 အလုပ်ရှာဖွေနေကြတဲ့ မိတ်ဆွေများအတွက် MMTM Company ကနေ 🔖 Department Head အဖြစ် လုပ်ကိုင်ဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ 🎓 MBA ဘွဲ့ရများကို ခန့်ထားလိုကြောင်း သတင်းကောင်းလေး ရှိနေပါတယ်

📌 Head of Department (Male - 5 Posts)

▪️ Sale and Marketing Department (Retails and Wholesale)
▪️ Logistics Department တွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လျှောက်ထားလိုသူဟာ

🔺 သက်ဆိုင်ရာနယ်ပယ်တွင် Menagement ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ (၅) နှစ်အထက် ရှိသူ
🔺 Business Unit များအား တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူ
🔺 Computer ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး Reporting Skill ကောင်းမွန်သူ
🔺 အလုပ်တာဝန်များကို Deadline အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်နိုင်သူ
🔺 အသက် (၃၅) နှစ်အထက် ရှိသူ ဖြစ်ရမည်။

ဒါကြောင့် ကိုယ်ဟာ ဒီအချက်တွေနဲ့လည်း ပြည့်စုံတယ် 📊 ဦးဆောင်နိုင်စွမ်းအပြည့်ရှိပြီး ခေါ်နေတဲ့ Postion လေးအတွက် ယုံကြည်မှုရှိနေတယ်ဆို 😇 အခုပဲ အခွင့်အလမ်းကို လက်လွှတ်မခံဘဲ CV Form လေး ပို့ဖြစ်အောင်ပို့ထားလိုက်တော့နော် 🫱🏼‍🫲🏻

📨 Mail - [email protected]
📱Viber - 09765686408, 09425064953

#အလုပ်ခေါ်စာ

06/05/2024

နွေနေပူ အပူရှိန်ပြင်းပြင်းအောက် ရပ်ထားခဲ့တဲ့ ကားပေါ်မှာ ထားခဲ့မယ်ဆို အန္တရာယ်များတဲ့ ပစ္စည်းများ 🚘 🔥

ကားပေါ်မှာ ပစ္စည်းတွေထားတာကတော့ ပုံမှန်ပဲဆိုပေမဲ့ အရမ်းနေပူနေတဲ့နေ့မျိုး ကားပေါ်မှာ သတိမမူဘဲ ကြာကြာထားခဲ့မယ်ဆို ပြဿနာတက်စေနိုင်တဲ့ ပစ္စည်းအချို့ ရှိနေပါတယ် 🚨

ဒါကြောင့် ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်ခင် သတိပြု ထားရှိနိုင်စေဖို့ ⚠️ ဘယ်လိုပစ္စည်းတွေကို သတိထားရမလဲဆိုတာ MMTM ⛽️ ကနေ ကားမောင်းနှင် စီးနင်းသူမိတ်ဆွေများအတွက် အခုလို ဖော်ပြပေးလိုက်ပါတယ်နော်

🫙 ရေမွှေးပုလင်း

ရေမွှေးအများစုမှာ အယ်လ်ကိုဟော ပါဝင်လေ့ရှိတဲ့အတွက် ပေါက်ကွဲလွယ်ပြီး မီးလောင်လွယ်ပါတယ် 💥 ဒါ့အပြင် ရေမွှေးပုလင်းကို ပူနေတဲ့ကားပေါ်မှာ ထားရစ်ခဲ့မယ် ☀️ နေရောင်နဲ့ အချိန်အကြာကြီး ထိတွေ့မိအောင်ထားမယ်ဆို Alcohol တွေ အငွေ့ပျံသွားနိုင်တဲ့အတွက် ရေမွှေးရဲ့ အာနိသင်လည်း ပျက်ပြယ်သွားနိုင်ပါတယ် 🫧

မီးပွားလေးကနေလည်း မီးလောင်နိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ် ❗️

🔥 မီးခြစ်

အပူချိန်များနေတဲ့ ကားထဲမှာ မီးခြစ်ထားခဲ့မယ်ဆို မီးခြစ်မှာပါတဲ့ မီးခတ်ကျောက်က ပွတ်အားဖြစ်လာပြီး မီးလောင်ကျွမ်းပြီး ပေါက်ကွဲတဲ့အထိ ဖြစ်စေနိုင်ပါတယ်

🔋 ဘက်ထရီ

ဘက်ထရီနှင့် အီလက်ထရွန်းနစ်ပစ္စည်းတွေကို မြင့်မားနေတဲ့အပူချိန်မှာ လုံးဝ မထားခဲ့သင့်ပါဘူးနော် 🪫 အပူလွန်ကဲပြီး မီးလောင်ကျွမ်းနိုင်ချေ ရှိသလို Battery စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေပါတယ် ⏱️ အခုလို ရာသီဥတု အရမ်းပူနေတဲ့အချိန်မှာ ဈေးကြီးပေးဝယ်ထားရတဲ့ စက်ပစ္စည်းတွေကို ဂရုစိုက်ကိုင်တွယ်ဖို့ လိုလာပါပြီ 📱 💻

💦 ပလတ်စတစ် သောက်ရေသန့်ဘူး

ပလတ်စတစ်ပစ္စည်းတွေဟာ ပူလာတဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်တဲ့ BPA နှင့် Phthalates တွေကို ထုတ်လွှတ်တယ် လို့ လေ့လာမှုအမျိုးမျိုးက အတည်ပြုခဲ့ကြပါတယ် 🔖 မြင့်မားတဲ့ အပူချိန်မှာ ဒီလိုဓာတ်တွေကို ထုတ်လွှတ်မှုက ပိုတိုးလာမှာပါ 🌡️

ရော်ဘာ၊ ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်အားလုံးဟာ နေရောင်ခြည် တိုက်ရိုက်အောက်မှာ အချိန်ကြာကြာ ထားခဲ့မယ်ဆို အရည်ပျော်ပြီး တကယ်လို့ နေပူဒဏ်ခံထားတဲ့ Plastic ရေဗူးထဲက ရေကိုသောက်မိမယ်ဆို ကျန်းမာရေးအတွက် အန္တရာယ်များပါတယ် 💧

အလားတူပါပဲ 🧃 Gas ပါတဲ့ အအေးဘူးသစ်တွေကလည်း ဖိအားများလာပြီး ထပေါက်ကွဲနိုင်ခြေရှိပါတယ် 🥫ကြည်လင်တဲ့ ရေဘူးက နေရောင်နဲ့ကွက်တိ Angle တစ်ခုမှာ ရှိနေမယ်ဆို မီးစဖြစ်စေနိုင်ပါတယ်တဲ့

🌂 နေရောင်ကာခရင်မ်

အပူရှိန်ပြင်းနေတဲ့ကားထဲမှာ မထားခဲ့သင့်တဲ့ နောက်ထပ်ပစ္စည်းတစ်ခုကတော့ Sun Cream ဘူးတွေပါ 🧴 နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ဖို့ Sunscreen အသုံးပြုတာကောင်းပေမဲ့ ဘူးကို နေရောင်နဲ့ တိုက်ရိုက်မထားခဲ့သင့်ပါဘူး

ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကြီးမဟုတ်ပေမဲ့ Sunscreen ရဲ့ အာနိသင်ကို လျော့သွားစေနိုင်တာကိုလည်း မေ့ထားလို့ မရပါဘူး 😉

🧯 နွေရာသီမှာ ကားပေါ်မထားသင့်တဲ့ အခြားသော အရာတွေကတော့ 🥪 ပုပ်သိုးလွယ်တဲ့ အစားအသောက်၊ 💊 ဆေး၊ 💄 နှုတ်ခမ်းနီလို ပျော်ကျနိုင်တဲ့ Makeup ပစ္စည်းတွေနဲ့ Alcohol ပါဝင်တဲ့ လက်သန့်ဆေးရည်တွေပဲ ဖြစ်ပါတယ်

နောက်ထပ် အရေးကြီးဆုံး တစ်ချက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ 👧 ကလေးငယ်နဲ့ 🐶 အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကားပေါ်မှာ ခဏပဲဖြစ်ဖြစ် မထားခဲ့သင့်ပါဘူးနော်

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

01/05/2024

ယနေ့ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့အား MMTM မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Happy May Day 🎉 လုပ်ငန်း နယ်ပယ်အသီးသီးမှာ ကျရာတာဝန်ကို ကြိုးစားလုပ်ကိုင်နေကြတဲ့ ဝန်ထမ်း၊ အလုပ်သမားများ မိတ်ဆွေများအားလုံး အေးချမ်းတဲ့ နားရက်တစ်ရက်တာလေး ဖြစ်ပါစေနော် 👨🏻‍🌾 👨🏽‍🍳 👨🏼‍🚒

17/04/2024

၁၃၈၆ ခု နှစ်ဆန်းတရက် နေ့မှစပြီး MMTM ရဲ့ Customer အပေါင်း နှစ်သစ်မှာထာဝရပျော်ရွှင်ပြီးကျန်းမာချမ်းသာကြလျက် စီးပွားဥစ္စာတိုးတက်ကြီးပွားကြပါစေလို့ MMTMမှ ဆုမွန်ကောင်းတောင်းဆန္ဒပြုလိုက်ပါတယ်

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

16/04/2024

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတက်နေ့လေးမှာ ဘေးဘယာကင်းကွာ ချမ်းအေးနိုင်ကြပါစေ

Let's stay safe and keep cool this Myanmar Traditional Thingyan Atat Day.

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

15/04/2024

အတာသကြင်္န် အကြတ်နေ့. မှာစိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်းနဲ့အတူ ရွှင်လန်းချမ်း‌မြေ့ကြပါစေကြောင်း MMTM မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

Happy Myanmar Thingyan Akyat Day! May peace of mind and good health accompany you, wishes from MMTM.

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

14/04/2024

ဧပြီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် အတာတန်ခူး သင်္ကြန် အကျနေ့မှ စ၍ ၇ ရက် သားသမီးများ အားလုံး ချစ်ရသူများနှင့်အတူတကွ နှစ်သစ်ကို ကြို နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

On April 14th, during Thingyan Akya, everyone has the opportunity to usher in the new year alongside their beloved ones. Warm wishes to all!

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

13/04/2024

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့လေးမှာ MMTM ရဲ့ customer များအားလုံး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

As Myanmar New Year's Thingyan approaches, I extend my heartfelt wishes to all MMTM customers for joy, good health, and prosperity.

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ

12/04/2024

မြန်မာ့ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူးရက်မြတ်အခါတော်တွင် မိတ်သဟာအပေါင်း ဘေးဘယာဝေးကွာ လာဘ်လာဘများ တိုးပွါးကြပါစေကြောင်း မြတ်မေတ္တာမွန်မိသားစုမှ တောင်းဆုခြွေလိုက်ပါတယ်

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

12/04/2024

📣 အတာသင်္ကြန်ပိတ်ရက်ကာလအတွင်း ဝယ်ယူသူ Customer များ စက်သုံးဆီသုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် April 13 ရက်နေ့မှ April 17 ရက်နေ့အထိ MMTM ဆိုင်ခွဲများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျန်ရက်များကိုတော့ ပုံမှန်အတိုင်း ဖွင့်ပေးသွားပါမည်။

မြန်မာ့နှစ်ကူး အားလပ်ရက်အချိန်လေးမှာလည်း MMTM ဆီဆိုင်တွေမှာ ဆီဖြည့်ရင်း လိုရာခရီးကို ချောမွေ့စွာ ရောက်ရှိနိုင်ပါစေနော် 💚

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

05/04/2024

☀️ နေရောင်ထဲမှာ အချိန်ကြာကြာ ကားရပ်ထားမိတဲ့အခါ ကား Body ဆေးသား မမှိန်အောင် ဘယ်လိုတွေ ထိန်းသိမ်းကြမလဲ❓

🚗 အချိန်တစ်ခုအကြာ နေရောင်တိုက်ရိုက်နေရာမှာ ကားထိုးထားမိမယ်ဆို 🌂 ခရမ်းလွန်ရောင်ခြည် UV ကြောင့် ကားဘော်ဒီဆေး တောက်ပမှုတွေကို တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာရတတ်ပါတယ် ✨

ဒါကြောင့် ဒီလိုနေရောင်အောက်မှာ ကားရပ်ထားရတော့မယ်ဆို အရောင်မှိန်ဖျော့သွားတာကနေ ကာကွယ်ဖို့ ဒီလိုအချက်လေးတွေကို သိထားမယ်ဆို ရပါပြီ 😉

🚙 UV Car Cover တွေအသုံးပြုခြင်း
🚙 Wax အသုံးပြုပြီး ဆေးကြောခြင်း
🚙 Paint Protect Film အသုံးပြုခြင်း
🚙 ကားကို သန့်ရှင်းစွာထားခြင်း

ကဲ ဒီအချက်လေးတွေနဲ့ဆို 📌 ကိုယ်တန်ဖိုးထားရတဲ့ကားလေးကို နေရောင် ရာသီဥတုဒဏ်ကနေ မပျက်စီးအောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်နော် ☺️

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

29/03/2024

📣 ဒီဇယ်ဆီ လက်ကား ဝယ်ယူလိုသူများအတွက် Premium Diesel နဲ့ Diesel တွေကို လက်ကား အနည်းဆုံး ဂါလန် ၈၀၀ ကစလို့ ကျွန်တော်တို့ MMTM ကနေ ရောင်းပေးနေပါတယ်ဗျ 🛢️ ဒါကြောင့် စိတ်ပါဝင်စားလို့ ဝယ်ယူချင်တယ်ဆို အောက်က ဖုန်းနံပါတ်လေးကို 📞 Hello လေးလုပ်ပြီး အသေးစိတ် သိလိုသမျှကို မေးမြန်းမှာယူနိုင်ပါတယ်နော် 🫱🏼‍🫲🏻

📱 095010044/09790249222

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ် #ဒီဇယ်လက်ကား

28/03/2024

ပထမဆုံး ကားရေဒီယိုကို တီထွင်ခဲ့သူ 🚖 📻 အမေရိကန်လူမျိုး စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ Paul Galvin ဆိုသူဟာ 1929 ခုနှစ်မှာ ကားတွေမှာ အသုံးပြုနိုင်တဲ့ Radio ကို တီထွင်ခဲ့ပါတယ် ⚙️

📼 1920 ခုနှစ်ဝန်းကျင်မှာ အိမ်တိုင်း အိမ်တိုင်း ရေဒီယိုအသုံးပြုမှု ခေတ်စားလာတာကို သူဟာ သတိထားမိခဲ့ပြီး ကားမှာလည်း Radio တခါတည်း ပါဝင်မယ်ဆို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ခံစားနိုင်မဲ့အပြင် သတင်းတွေကို နားထောင်လာနိုင်မယ် လို့ စိတ်ကူးရလာခဲ့တာ ဖြစ်ပါတယ် 💭

1930 ခုနှစ်မှာ Galvin ဟာ "Motorola" လို့ အမည်ပေးထားတဲ့ ပထမဆုံး ဈေးကွက်မှာ အောင်မြင်တဲ့ ကားရေဒီယိုကို မိတ်ဆက်ပေးခဲ့ပါတယ် 🌐 အဲ့ဒီလို သမိုင်းတွင်မဲ့ ကိရိယာလေးဟာ ကားဒက်ရှ်ဘုတ်မှာ အံဝင်ခွင်ကျဖြစ်တဲ့အပြင် ကားဘက်ထရီနဲ့ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး Radio Signal တွေကို လက်ခံရရှိဖို့ ယာဉ်ရဲ့ အပြင်ဘက်မှာ အင်တင်နာတစ်ခု တပ်ထားဖို့ လိုအပ်တာကို မှတ်မိကြမယ်လို့ ထင်ပါတယ် 📍

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

21/03/2024

ဒီနေ့မှာ ဝေမျှပေးချင်ကတော့ - 🦮 အိမ်မွှေးတိရိစ္ဆာန်လေးတွေကို ရပ်ထားတဲ့ ကားပေါ်မှာ ဘာကြောင့် ထားခဲ့လို့မဖြစ်တာလဲ ? ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ် 🐈

☀️ ပုံမှန်နေ့ဘက်မှာတောင် ကားထဲမှာ အပူချိန်က ခဏလေး မိနစ်ပိုင်းအတွင်းမှာ အများကြီးတက်လာနိုင်လို့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အန္တရာယ် အရမ်းများပါတယ်

🌡️ သူတို့လေးတွေဟာ ခန္ဓာကိုယ်အပူချိန် အမြန် မထိန်းညှိနိုင်တာကြောင့် လူတွေထက် အပူဒဏ်ကို ပိုမိုခံရလေ့ရှိပါတယ်

🌳 ဘယ်လိုပဲ အရိပ်ထဲမှာ ရပ်ထားတယ်၊ ကားပြတင်းပေါက်တွေကို အနည်းငယ်ဖွင့်ဟပေးခဲ့လည်း ကားထဲမှာ အေးနေစေဖို့အတွက် လေဝင်လေထွက် မလုံလောက်ပါဘူး 🚐

🔥 အရမ်းပူနေတဲ့ရာသီဥတုမှာ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အပူဒဏ်ခံရတာနဲ့အတူ Brain Damage ဖြစ်တာ၊ ရေဓာတ်ပြတ်လပ်တာတွေနဲ့ အောက်ဆီဂျင်မလုံလောက်ဖြစ်ပြီး အသက်ဆုံးရှုံးရနိုင်ချေ များပါတယ်

🪶 အားလုံးသိကြတဲ့ Heat Stroke မဖြစ်ခင်မှာ ပုံမှန်ထက် မောပန်းခြင်း၊ နှာရည်ယိုခြင်း၊ ထုံထိုင်းလာခြင်းနှင့် အော့အန်ခြင်း လက္ခဏာတွေ ပြလေ့ရှိပါတယ်

ဒါတွေကြောင့် အိမ်မွှေးတိရိစ္ဆာန်လေးတွေကို ပူနေချိန်မှာ အပြင်ကို အတတ်နိုင်ဆုံး ခေါ်မလာသလို 🚙 ကားပေါ်မှာ ထားခဲ့တာမျိုး လုံးဝမလုပ်တာက အကောင်းဆုံးဖြစ်တယ်ဆိုတာ အကြံဉာဏ်လေးပေးရင်း နောက်များမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာလေးတွေကို MMTM ကနေ Sharing လုပ်ပေးသွားပါဦးမယ်ဗျ ☺️

Join MMTM Telegram - https://t.me/mmtmpetrolmm
MMTM Website - https://mmtmgroups.com/

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

10/03/2024

ကားစီးတဲ့အခါ ဒီလိုအချက်လေးတွေကို ပြုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို လုံခြုံမှုရှိစေလိုက်ရအောင် ⚠️ ဒီတခါတော့ လိုက်ပါစီးသူ ခရီးသည်များအတွက် MMTM ကနေ ဗဟုသုတလေးတွေ ဝေမျှပေးလိုက်ပါတယ်နော် ☺️ သတိထားတဲ့အခါ ကိုယ်အတွက်လည်း Safe ဖြစ်သလို ကြိုမသိနိုင်တဲ့ အန္တရာယ်တွေကနေ ဘေးကင်းဖို့ ကာကွယ်ရာရောက်တာပေါ့ 😉

🪖 ယုံကြည်ရတဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်အသုံးပြုပါ 🔖 အထူးသဖြင့် မှောင်နေတဲ့အချိန်ခါမျိုးနဲ့ စိုးရိမ်စရာရှိနိုင်တဲ့ နေရာမျိုးတွေမှာ စိတ်ချရတဲ့ အငှားဝန်ဆောင်မှုတွေကိုပဲ ရွေးချယ်ပါ

🪪 ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ် စတဲ့ သက်သေခံ အထောက်အထားများကို လေ့လာပါ

📞 ကိုယ်ကားစီးနေတယ် ဆိုတာကို လိုင်စင်နံပါတ်၊ စစီးတဲ့အချိန်၊ ဘယ်နားရောက်နေပြီ ဆိုတဲ့ အချက်တွေ အပါအဝင် မိသားစုဝင်၊ သူငယ်ချင်းတစ်ဦးဦးကို အမြဲ အသိပေးပါ

🚏 သတိရှိရှိ သွားလာပါ 🛞 ခရီးတလျောက်လုံးမှာ သွားနေတဲ့ လမ်းကြောင်းမှန်ရဲ့လား ? ယာဉ်မောင်းသူဟာ သံသယဖြစ်စရာ ရှိနေလား ပတ်ဝန်းကျင်ကို လေ့လာပါ

🪫 အရေးပေါ်အတွက် Phone လက်ကျန်ငွေကို အမြဲသီးသန့် ချန်ထားတဲ့အကျင့် လုပ်ပါ 🚘 ကားစီးတဲ့အခါ ကားသမားရဲ့ နောက်ဘက်ထိုင်ခုံမှာ ထိုင်တာဟာ အကောင်းဆုံး ဖြစ်ပါတယ် ‼️ လူပိုတင်တာ၊ ရှေ့မှာ ခရီးသည် ပါလာပြီးသားဆိုရင် အားနာတဲ့စိတ်ကို နောက်ပို့ထားပြီး ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းဆန်လိုက်ပါ

🫶🏻 သတ္တိထားပါ 💬 အန္တရာယ်တစ်ခုခု ခံစားရပြီဆိုရင် လုံခြုံတဲ့ နေရာတစ်ခုမှာ ဆင်းလိုက်ဖို့၊ ကားသမားကို ပြောဖို့ မတွန့်ဆုတ်ပါနဲ့

Join MMTM Telegram - https://t.me/mmtmpetrolmm
MMTM Website - https://mmtmgroups.com/

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

08/03/2024

Happy International Women's Day! Here's to celebrating the strength, resilience, and brilliance of women everywhere. May your voices be heard, your dreams soar, and your achievements inspire generations to come. Cheers to progress, equality, and empowerment for all women

#မြတ်မေတ္တာမွန် #စက်သုံးဆီ #စက်သုံးဆီအရောင်းဆိုင် #ဆီဆိုင် #ဓာတ်ဆီ #ဒီဇယ်

04/03/2024

နွေဦးပေါက်လာပြီဆိုတော့ ရာသီဥတုက ပြန်ပူလာပြန်ပြီနော် ☀️ ဒီတော့ တတ်အားသရွေ့ 🌳 ကားကို အရိပ်ရတဲ့နေရာမှာ ရပ်ဖို့လည်း မမေ့ပါနဲ့ဦး မိတ်ဆွေတို့ရေ ☺️

ဒါ့အပြင့် Coolant ကို နေ့တိုင်းစစ်ဆေးပြီး အရည်အပိုတစ်ခု ဆောင်ထားမယ်ဆိုလည်း ပိုကောင်းပါတယ် ❄️ ကတ္တရာတွေက နေပူရင် အပူချိန်လွန်ကဲတတ်တော့ ကားတာယာကိုလည်း မကြာခဏ စစ်ဆေးဖို့နဲ့ 🛣️ Air con တောက်လျှောက်ဖွင့်ထားတာမျိုး မလုပ်ဘဲနဲ့ အနားပေးပြီးမှ ပြန်သုံးတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ် 💨 MMTM နဲ့အတူ စိတ်အေးသက်သာတဲ့ လမ်းခရီးတွေကို ဖြတ်သန်းလိုက်ကြရအောင် ⛽️

02/03/2024

ဒီနေ့ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” မှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တောင်သူလယ်သမား ဦးကြီးများအားလုံး သီးနှံအထွက်တိုးပြီး အချိန်တိုင်း အခိုက်အတန့်တိုင်းမှာ ပစ္စည်းဥစ္စာတွေ ပေါများပါစေကြောင်း MMTM မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🌾

On this “Peasant Day" celebrated today, the MMTM family would like to extend our wishes to all the farmers across Myanmar. May you experience increased crop yields and abundance of prosperity at all times.

.

24/02/2024

တပို့တွဲလပြည့်နေ့ အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ လို့ MMTM မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကောင်းမှုကုသိုလ်တွေတိုးလို့၊ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင် ကြပါစေ။

#တပို့တွဲလပြည့်နေ့

Photos from MMTM Petrol's post 23/02/2024

သင်သိပါသလား ? ပြင်သစ်မှာ တစ်ရက်မှာ နှစ်ကြိမ်သာ အသုံးပြုနိုင်တဲ့ လမ်းရှိပါတယ်တဲ့ 🛣️ အဲ့ဒီ နှစ်ကြိမ်ကလည်း နာရီအနည်းငယ်သာဖြစ်ပြီး ⏰ ကျန်တဲ့အချိန်တွေမှာဆို လမ်းက ရေအောက် ၁၃ ပေအောက်ကို ရောက်နေမှာ ဖြစ်ပါတယ် 🌊

နာရီသေချာမတွက်ဘဲ ဖြတ်ကူးနေရင်း ရေတက်လာရင်တော့ မတွေးဝံ့စရာပဲနော် 🤔

ပိုလန်နိုင်ငံက စက်ဘီးသွားလမ်းကြောင်းတွေက ညအခါဆို တောက်ပနေပါတယ်တဲ့ 🚲 ဘာကြောင့်ဆို နေ့ဘက်မှာ နေအလင်းကိုစုပ်ယူထားနိုင်တဲ့ 🪼 Solar Power ကို အသုံးပြုထားတာဖြစ်ပြီး ၁၀ နာရီလောက် ခံပါတယ်

ညဘက်မှာ အပြာရောင်လမ်းလှလှလေးကို မြင်တွေ့ရမှာပေါ့နော် 💎

ကားတွေဟာ ပြန်လည်အသုံးပြုမှု အများဆုံး ကုန်ပစ္စည်းဖြစ်ပါတယ် ♻️ ကားတစ်စီးမှာ Recycle လုပ်နိုင်တဲ့ အစိတ်အပိုင်း 80% လောက် ပြန်ယူနိုင်ပါတယ် 🛻 နှစ်စဉ် မော်တော်ယဉ်ဟောင်းတွေဆီက ပစ္စည်းတန်ချိန် ၂၅ သန်းကျော်ကို ပြန်လည်အသုံးပြုနေကြပါတယ် ⚙️

အပြာရောင်လမ်း 💙 ကာတာနိုင်ငံဟာ အပြာရောင်လမ်းမတွေရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ် 🚎 ကတ္တရာလမ်းက အပြာရောင်ဖြစ်နေတဲ့အခါ အမည်းရောင်ထက် အပူချိန်ကို လျှော့ချပေးနိုင်ပြီး အမြင်အေးစေလို့ပါတဲ့

20/02/2024

ကမ္ဘာ့အမြင့်ဆုံး ဆီဆိုင်တဲ့ ⛽️ ဒီဆိုင်မှာဆိုရင်တော့ သင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် 12,270 ပေ (3,740 မီတာ) မှာ ဆီဖြည့်ရမှာပါ 🚏 Indian Oil ဆိုတဲ့ Petrol Station က သူတို့ပြည်နယ်အနီးတဝိုက်မှာတော့ တစ်ဆိုင်တည်းသော ဆီဆိုင်လေး ဖြစ်ပြီး India နိုင်ငံရဲ့ တောင်ကြားတစ်နေရာမှာ ရှိပါတယ် 🏔️

10/02/2024

Gone Xi Fa Cai 🐉 တရုတ်နှစ်ကူးအချိန်အခါမှာ ကျန်းမာ ချမ်းသာ စီးပွါးလာဘ်လာဘများ တိုးတက်ကြီးပွါးကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် 🪭🧧

May the Year of the Dragon bring you endless opportunities, joy, and success. Gong Xi Fa Cai!

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

History About Myat Myittar Mon (MMTM) Company

(Zawgyi)


(Unicode)

ကျွန်ုပ်တို့၏ မြတ်မေတ္တာမွန်ကုမ္ပဏီသည်စက်သုံးဆီလုပ်ငန်းကို တည်ထောင်ခဲ့သည်မှာနှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သောကြောင့် ယုံကြည်စိတ်ချရ၍ယနေ့အချိန်ထိအောင်မြင်စွာရပ်တည်လာနိုင် ခဲ့သည်။ထို့နောက်သီလဝါဆိပ်ကမ်းတွင် MMTM Terminal ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးစက်သုံးဆီသိုလှောင်ထိန်း သိမ်းခြင်းနှင့် ကွန်တိန်နာအငှားဝန်ဆောင်မှုလုပ်ငန်းများကိုပါ ဆက်လက်တိုးချဲ့ခဲ့သည်။

Videos (show all)

မြန်မာ့ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူးရက်မြတ်အခါတော်တွင် မိတ်သဟာအပေါင်း ဘေးဘယာဝေးကွာ လာဘ်လာဘများ တိုးပွါးကြပါစေကြောင်း မြတ...
☀️ နေရောင်ထဲမှာ အချိန်ကြာကြာ ကားရပ်ထားမိတဲ့အခါ ကား Body ဆေးသား မမှိန်အောင် ဘယ်လိုတွေ ထိန်းသိမ်းကြမလဲ❓🚗 အချိန်တစ်ခုအကြာ န...
ပျော်ရွှင်စရာ ဒေပါဝလီနေ့လေး ဖြစ်ပါစေ 🪔မိတ်ဆွေများအားလုံး ကျန်းမာ သုခ၊ ချမ်းသာသုခ ပြည့်စုံပြီး အလင်းသစ်များ ဆောင်ကျဉ်းပေး...
🛣 ခရီးဝေးသွားတဲ့အခါမျိုးတွေမှာ အမြန်လမ်းမပေါ်ရောက်ပြီဆို မနက်စောစောထရလို့ အိပ်ရေးမဝတာကြောင့်ပဲ ဖြစ်ဖြစ်၊ ရက်ဆက် ပင်ပန်းထ...
⛽️ မြတ်မေတ္တာမွန်ကနေ မိတ်ဆွေတို့အတွက် ဗဟုသုတရစရာလေးအဖြစ် စက်သုံးဆီကိုင်တွယ်တဲ့အခါနဲ့ စက်သုံးဆီ အရောင်းဆိုင်၊ ဆီတင်ယာဉ်မျ...
မိတ်ဆွေများအတွက် MMTM ကနေ❓သိလိုရာမေး စက်သုံးဆီအရေး❓ဆိုတဲ့ MMTM ဆီဆိုင်နဲ့ ပတ်သတ်တာတွေအပြင် ⛽️ အခြားသော စက်သုံးဆီနဲ့ ပတ်သ...
Covid 19 Knowledge Sharing
15.3.2019
MMTM Lucky Draw (Jan & May 2019)

Category

Telephone

Address


No. 32-A/B, 32 Avenue, 6. 5 Mile, Pyay Road, Hlaing Townhsip
Yangon
11051

Other Energy Companies in Yangon (show all)
BEST SOLAR POWER BEST SOLAR POWER
Shwetamar (2) Street
Yangon, 11401

Move to Green

Power King Power King
ကျောင်းလမ်း၊ အလုံ ။ရန်ကုန်
Yangon

We provide energy storage solution in Myanmar such as solar, inverters , battery and power station.

AKP Petroleum Distribution AKP Petroleum Distribution
No.2 Road
Yangon

Star Shine - Battery, Tyres & Inverter Star Shine - Battery, Tyres & Inverter
Thein Phyu Street
Yangon, 11171

Battery, Inverter, Solar & Tyre No.270, Thein Phyu Street, Front Sein Paul Bus Stop, Yangon , M

Twinz Twinz
No. 9(C), Wanna Theingi Street, Myittar Nyunt Township
Yangon, 11141

Twinz is a project which aims to generate electricity by burning down the trashes.And generate the emitted carbon dioxide into clean air by filteration system. We aim this project ...

Solar TaYar Solar TaYar
Yangon

Khine Khine Phyo Internatiol Trading Co.,Ltd. Khine Khine Phyo Internatiol Trading Co.,Ltd.
No. 350/352, Anawrahta Road, Lanmadaw Township
Yangon, 11131

ပြည်ပမှတင်သွင်းသော စက်သုံးဆီ အမျိုးမျိုးအား လက်လီလက္ကား ရောင်းချပေးပါသည်

Lux Energy Solar Power Lux Energy Solar Power
No. 220, Anawyahtar Road, 10. Ward, East Dagon
Yangon

Solar Energy, Solar System, Solar Panel Installation and Services, Solar Powered Lights and Accessories.

Green Land Energy Co., Ltd Green Land Energy Co., Ltd
Yangon

LPG Distribution Company

𝐅𝐚𝐧𝐑𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐢𝐫𝐦 𝐅𝐚𝐧𝐑𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐢𝐫𝐦
G-23, Thiriyadanar Wholesale Market, Mingaladon Township
Yangon, 11031

We served you with the best Quality of Solar, Exhaust Fan and Cooling pads system

Kabarkyaw Solar Energy Kabarkyaw Solar Energy
No. 109, Min Gyi Road, Insein Township
Yangon, 11011

Official page of KaBarKyaw Solar Energy