Dr. Kyi, Aesthetic & Dermatology

Aesthetic Vs Skin health knowledge & tips for glamorous hair, skin & nail with Dr. Kyi

Photos from Dr. Kyi, Aesthetic & Dermatology's post 11/06/2024

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်းအကြောင်း
ဒေါက်တာကြည်နှင့် တွေ့ဆုံခြင်း (စံတော်ချိန် သတင်းဂျာနယ်၊ ၁၁ ဇွန် ၂၀၂၄)

မေး။ ။ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းဘာကြောင့် ဖြစ်ပါလဲ။
သဘာဝ အတိုင်း အသက်ရွယ်ကြီးလာတဲ့ အခါ Melanin ထွက်တဲ့ ဆံပင်မှာ ရှိတဲ့ Melanocytes Activities တွေကျလာပါတယ်။

အသက် ၄၀ ကျော်တဲ့အခါ တချို့ ဆံပင် အသစ်တွေက ထွက်ရင်လဲ Melanin မပါတဲ့ အမဲရောင်မရှိတဲ့ ဆံပင်ဖြူတွေပဲ ထွက်လာပါတော့တယ်

(Genetic Inherited Trait) မိဘတွေ ငယ်စဉ် အသက် ၂၀-၃၀ ကျော်ကတည်းက ဆံပင်ဖြူထွက်တတ်တယ်ဆိုရင် မိမိ မှာ Premature Grey Hair အရွယ်မတိုင်ခင် ဆံပင်ဖြူထွက်ဖို့ ပိုစောတတ်ပါတယ်
Premature Grey Hair ကို အနောက်တိုင်း Caucasians တွေက အသက်၂၀ ကျော် ဆံပင်ဖြူထွက်ခြင်းဖြင့် သတ်မှတ်ကြပါတယ်။

မေး။ ။ အသက်၃၀မတိုင်မှီ ဆံပင်ဖြူရခြင်းဟာ ဘယ်လိုဓာတ် ချို့ယွင်း မှုများကြောင့် ပါလဲ ဒေါက်တာ။

ဗီတာမင် B12 (vitamin B12) ချို့တဲ့ရင် ဒါမှမဟုတ် သိုင်းရွိုက် (Thyroid Hormone imbalance) ဟော်မုန်း ပြဿနာ ကြောင့် ဖြစ်တတ်ပါတယ်။ Auto immune disorder လို့ခေါ်တဲ့ လူတစ်ဦးရဲ့ ကိုယ်ခန္ဓာအတွင်း ခုခံအားနှင့် သက်ဆိုင်ရာ ရောဂါ အခံရှိသူ (ခရုသင်း၊ သမင်ဖြူရောဂါ) တွေက ငယ်ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူတွေ ထွက်လာတတ်ပါတယ်။

မေး။ ။ အရွယ်မတိုင်မီ ဆံပင်ဖြူထွက်ခြင်းအတွက် ဘယ်လိုဆေးကုသနည်းများလုပ်သင့်လဲ ညွန်ကြားပေးပါဦး။

အချိန်မတန်မှီ ဆံပင် မဖြူအောင်
- ✅ဗီတာမင် B12 နဲ့ BIOTIN
- ✅ဗီတာမင် A, D, E, D3
- ✅Zinc, Iron, Magnesium, Selenium, Copper စုံလင်တဲ့ အစားအစာ အားဆေးပုံမှန် သောက်ပေးပါ

- ❌ဆေးလိပ် မသောက်ပါနှင့်
- ❌နေလောင်ဒဏ် မခံပါနှင့်
- ❌ဆံပင်ကို အရောင်ချွတ်ခြင်း(bleaching) ၊ ရှုတ်ထွေးနေသော ဆံပင်ကို ရေစိုနေချိန် အတင်းဖြီးချ ရှုင်းလင်းခြင်း
- ❌ဆံပင်အား အရမ်းပူသော အပူချိန် နှင့် ကောက်ခြင်း ၊လေမှုတ်ခြင်း မလုပ်ပါနှင့်
- ❌ဆံပင်အား မလိုအပ်ပဲ နေ့စဉ် ခဏ ခဏ မလျှော်ပါနှင့်

မေး။ ။ ဆံပင်ဖြူ အထွက်များပြီး ဦးရေပြားယားယံခြင်းနှင့် ဆက်စပ်မှုကိုလည်းရှင်းပြပေးပါဦး။

ကာလကြာရှည်စွာ စိတ်ဖိစီးမှုများခြင်း (Chronic Stress) ကြောင့် အဆီ ဂလန်း(Gland)များ မှ အဆီကို ပိုမိုထုတ်လုပ်ပြီး ဦးရေပြားယောင်ရမ်းခြင်းဖြစ်ပေါ်စေသဖြင့် ဦးရေပြာယားယံခြင်း ဘောက်ထခြင်းဖြစ်စေပါတယ်။ Chronic Stress ကြောင့် အိပ်မပျော်ခြင်း၊ စိတ်ပူပင်မှုများခြင်း၊ အစားအသောက်ပြတ်ခြင်း အပြင် သွေးတိုးရောဂါ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ဆံပင်ဖြူစောထွက်ခြင်းပါ ခံစားရတတ်ပါတယ်။

မေး။ ။ ဦးရေပြား ပြဿနာကြံုရတဲ့အခါ ကုသမှုပြုလုပ်ဖို့ ဆရာဝန်များရဲ့အကြံပေးမှု လိုအပ်ပါသလား ဘာကြောင့်လဲဆိုတာဖြေပေးပါဦး ဒေါက်တာ ။

သာမန် မျိုးရိုးလိုက်ခြင်းကြောင့် ဆံပင်ဖြူစောခြင်းဟာ ကာကွယ်လို့ မရသလို ကုသ၍လည်း မလိုအပ်ပါဘူးရှင်။ ဒါပေမယ့် အာဟာရချို့တဲ့ခြင်း၊ ဟော်မုန်း မညီမျှခြင်း၊ ခုခံအားနှင့်ပတ်သက်၍ ပြဿနာရှိခြင်းကြောင့် ဆံပင်ဖြူစောထွက်ခြင်းဖြစ်ပါက အမြန်ကုသဖို့ နှင့် လိုအပ်သော Vitamin နဲ့ ဟော် မုန်းများကို ပြန်လည်ဖြည့်တင်းပေးဖို့ (Hormone replacement Therapy) လိုအပ်ပါတယ်။ စောစွာကုသပါက ရလာဒ်လည်း
ပိုကောင်းမို့ နီးစက်ရာတက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသဖို့ လိုအပ်ပါတယ်။

ဒါအပြင် မိမိရဲ့ အစားအသောက် နဲ့ နေထိုင်မှု lifestyle အရ oxidative stress လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုကြောင့် အမဲရောင်ချယ်ကို ဖြစ် စေတဲ့ Melanocytes ထွက်မှုကို ဟန့်တားစေတဲ့ အကြောင်းအရာတွေကို အဓိက ရှောင်ရှားရမှာဖြစ်ပါတယ်။
Oxidative stress ကို အဓိကဖြစ်စေတဲ့ အကြောင်းအရာတွေက တော့ ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့မှုများခြင်း၊ လေထုညစ်ညမ်း တဲ့နေရာ ဒေသမှာ နေထိုင်ခြင်း အလုပ်လုပ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း နှင့် ရောင်ယမ်းမှုကိုဖြစ်စေတဲ့ အကြောင်းအရာ တွေကို ထိတွေ့ပါများတဲ့အခါ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ပိုမိုဖြစ်စေပြီး ဆံပင်ဖြူတာ စောနိုင်ပါတယ်။

မေး။ ။ ခေတ်မှီ ကုထုံးများ ဖြင့် ဦးရေပြားနဲ့ဆံသားပြဿနာများကို ကုသဖြေရှင်းတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလား / ကောင်းမွန်သော အားသာချက်များကိုလည်း ဖြည့်စွက်ဖြေကြားပေးပါ။

ဦးရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် သွေးရည်ကြည်ကုသမှုတွေက နိုင်ငံတကာ ဆေးပညာကုသမှု သုသေတနအချက်အလက်များ အရ ဦးရေပြား ယောင်ရမ်းမှုကို သက်သာစေပြီး ဆံပင်ကျွတ်ခြင်း ဆံပင်ပါးခြင်း ထိပ်ပြောင်ခြင်းစတဲ့ ပြဿနာများကို သွေးရည်မှာပါဝင်တဲ့ Growth Factors များကြောင့် အောင်မြင်သော result များကိုတွေ့ရပါတယ်။ ဆံပင်ဖြူထွက်ခြင်းကို မနှစ်သက်ပါက permanent ဆံပင်ဆိုးဆေးများဖြင့် မိမိကြိုက်နှစ်သက်ရာ အရောင်များကို အသုံးပြုနိုင်သလို ဆံပင်ဆိုးဆေးရွေးချယ်ရာမှာလည်း Ammonia , Resorcinol Parabens and Para phenylendiamine (PPD) FREE ဖြစ်တဲ့ သဘာဝဆံပင်ဆိုးဆေးများကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ compound တချို့ က ဦးရေပြား ဓါတ်မတည့်မှုကို ဖြစ်ပေါ်စေတဲ့အတွက် (Irritant Dermatitis) ဦးရေပြား ရောင်ယမ်းပြီး ဆံပင်အကွက်လိုက်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကို ဆင့်ကဲ ခံစားရတတ်ပါတယ်။
ဆေးသုတေသန စာတမ်းများအရ ဆံပင်ဖြူခြင်းကို သက်သာစေတဲ့ Vitamin C and E ပါဝင်တဲ့ ခေါင်းလျှော်ရည်များ အသုံးပြုခြင်း၊ Green Tea Extract, Selenium, Copper, phytoeastrogens and melatonin ပါဝင်သော လိမ်းဆေးများ အသုံးပြုခြင်းကြောင့် ဆံပင်ထူခြင်းအပြင် ထွက်နှုန်းကိုများစေပြီး ဆံသားများကို ပြန်လည် နက်မှောင်စေခြင်း စတဲ့ ကောင်းကျိုးများကို လေ့လာတွေ့ရှိရပေမယ့် တိကျပြီး ခိုင်လုံတဲ့ အချက်အလက်များ၊ လုံလောက်တဲ့ ကာလအချိန်တခုထိ လေ့လာရန် လိုအပ်သေးကြောင်း ဖော်ပြထားပါတယ်ရှင်။

BY Dr Kyi Mar Tun
9:47pm (၁၀/၆/၂၀၂၄)

Photos from Dr. Kyi, Aesthetic & Dermatology's post 01/05/2024

ဒေါက်တာကြည် သည် ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ Journal Of Aesthetics Medicine in Myanmar Volume 2 Publication Event မှာ ခရုသင်း၊ သမင်ဖြူရောဂါ (Vitiligo) ကုသမှု Emerging Treatments Management ဆေးပညာ လေ့လာတွေ့ရှိချက် သုတေသန စာတမ်း နှင့် ပတ်သက်ပြီး Speaker အဖြစ် ဆွေးနွေးဟောပြောပေးခဲ့ပါတယ်ရှင်။

#ဒေါက်တာကြည် #သမင်ဖြူ #ခရုသင်း #အရေပြား #ဆရာဝန်

Photos from Dr. Kyi, Aesthetic & Dermatology's post 29/04/2024

Dr ကြည်သည် ခရုသင်း၊ သမင်ဖြူရောဂါ ကုသမှုနှင့် ပတ်သက်ပြီး နောက်ဆုံးပေါ် ဆေးသုတေသန စာတမ်း (Clinical Research Data) များကို မနက်ဖြန် မေလ ၃၀ မှာ Publication လုပ်မည့် Journal Of Aesthetic Medicine Volume 2 တွင် ပါဝင် ဝေမျှမည်ဖြစ်ပါသည်။

#ခရုသင်း #သမင်ဖြူ #ဒေါက်တာကြည်

14/04/2024

မေး။ ။ သင်္ကြန် ရေကစားရင်၊ နေ့စဉ် ကလေး တွေကို Sunscreen လိမ်းဖို့ လိုအပ်လား? ဒေါက်တာ
ဘယ်အသက်အရွယ်ကစပြီး နေလောင်ကာ Sunscreen လိမ်းဖို့လိုအပ်လဲ?

#သင်္ကြန်

06/04/2024

နွေရောက်ပြီလေ…. ပြင်ပအပူချိန် တဖြေးဖြေးမြင့်တက်လာလို့
နေပူပြင်း မွန်းတည့်ချိန် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အသုံးပြုပါ၊ နေလောင်ကာ sunscreen ပုံမှန် လိမ်းပေးပါ

#စံတော်ချိန်သတင်း

05/04/2024

အပူလှိုင်းဖြတ်ပြီး နွေရာသီရဲ့ အပူချိန်က အရမ်းပူပြင်းလာလို့
နေလောင်ကာ Sunscreen မလိမ်းရင် နောင်တရမယ်နော်

#အပူချိန် #နေလောင်ကာ #ရန်ကုန် #အရေပြား

Photos from Dr. Kyi, Aesthetic & Dermatology's post 02/04/2024

UTCC International School of Management - ISM ရဲ့ အထူးဖိတ်ကြားမှုဖြင့်
UTCC Global MBA Batch 3 Alumni တစ်ဦးဖြစ်တဲ့ ဒေါက်တာကြည်သည် ပြီးခဲ့တဲ့ မတ်လ၃၀ ရက်နေ့က ကျင်းပတဲ့ Thailand Business Forum မှာ Study , Living and Working in Thailand ဆိုတဲ့ အကြောင်းအရာကို Panelist တစ်ဦး အဖြစ်ပါဝင်ဆွေးနွေးပေးပြီး အတွေ့ အကြုံများဝေမျှပေးခဲ့ပါသည်။

29/03/2024

ဒူးတံတောင်ဆစ်၊ ချိုင်းတင်ပါး ပေါင်ခြံ (Intimate) နေရာ တွေ မမဲအောင် ဘယ်လို အမြဲ ထိန်းသိမ်း နေထိုင်သင့်လဲ❓❓

-doctor

27/03/2024

နွေရာသီ အပူချိန်က တဖြေးဖြေးအရမ်းပူပြင်းလာလို့
နေလောင်ပြီး အရေပြားခြောက်သွေ့ခြင်းရဲ့
ဆိုးကျိုးတွေက ဘာတွေလဲ ❓
ဘယ်လို ကာကွယ်ကြမလဲ ❓


#အရေပြား

25/03/2024

နေ့စဉ်ကြုံတွေ့နေရတဲ့ အသားအရေ၊ အရေပြား၊ အလှအပဆိုင်ရာပြဿနာများကိုဖြေရှင်းပေးမယ့် Rohto Online Beauty Clinic အစီအစဉ်လေးပြန်လည်စတင်တော့မှာမို့ မေးချင်တာလေးတွေရှိရင်ပြင်ဆင်ထားလိုက်တော့နော်😘😘

💎QR code ကို scan ပြီး Viber Channel ကို Join ထားဖို့ မမေ့နဲ့နော်

#ဒေါက်တာကြည် #အရေပြား #အလှအပ #ဆေးခန်း

Photos from Dr. Kyi, Aesthetic & Dermatology's post 22/03/2024

ဒေါက်တာကြည်သည်
“ရေရှည်ဖွံ့ဖြိုး ကုန်ထုတ်တိုးမည့် အမျိုးသမီးလုပ်ငန်းရှင် အစီအစဉ်” 𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” တွင်

အမျိုးသမီးလုပ်ငန်းရှင်တို့အတွက်
စီးပွားရေးနှင့် စီမံခန့်ခွဲမှု အရည်အသွေးကို တိုးမြှင့်ပေးရန် ဆွေးနွေးတိုင်ပင်ခြင်း(Mentorship) နှင့်အတူ
လက်တလော အခြေအနေများနှင့်အညီ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လိုက်လျော ညီထွေစွာ ရေရှည်တည်တံ့ သွားနိုင်စေရန် အကူအညီများ ကို
တထောင့်တနေရာမှ ပါဝင်ခဲ့သည့် အတွက်
uab bank နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) တို့ မှ ပေးအပ်တဲ့ အမှတ်တရ ဂုဏ်ပြုလွှာကို လက်ခံရရှိခဲ့ပါသည်။

#ဒေါက်တာကြည်မာထွန်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မေး။    ။ သင်္ကြန် ရေကစားရင်၊ နေ့စဉ် ကလေး တွေကို Sunscreen လိမ်းဖို့ လိုအပ်လား? ဒေါက်တာဘယ်အသက်အရွယ်ကစပြီး နေလောင်ကာ Suns...
အပူလှိုင်းဖြတ်ပြီး နွေရာသီရဲ့  အပူချိန်က အရမ်းပူပြင်းလာလို့ နေလောင်ကာ Sunscreen မလိမ်းရင် နောင်တရမယ်နော် #အပူချိန် #နေလေ...
ဒူးတံတောင်ဆစ်၊ ချိုင်းတင်ပါး ပေါင်ခြံ (Intimate) နေရာ တွေ မမဲအောင် ဘယ်လို အမြဲ ထိန်းသိမ်း နေထိုင်သင့်လဲ❓❓ #skintips #bea...
နွေရာသီ အပူချိန်က တဖြေးဖြေးအရမ်းပူပြင်းလာလို့ နေလောင်ပြီး အရေပြားခြောက်သွေ့ခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ❓ဘယ်လို ကာကွယ်...

Category

Telephone

Address


Kyaik Ka San Road, Tamwe Township
Yangon

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Other Health/Beauty in Yangon (show all)
MANA Brand CEO Myanmar - Naw Chit MANA Brand CEO Myanmar - Naw Chit
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031

အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand

May Thazin Phyo May Thazin Phyo
Yangon

2004. born မမ

SMART Beauty & Health Online Shopping SMART Beauty & Health Online Shopping
Yangon

Healthy and Beauty

Ido Fra grance Yangon online shop Ido Fra grance Yangon online shop
ကံ့ကော်လမ်း
Yangon

တစ်နေကုန် မွှေးစေမယ့် ido ရေမွှေး

Fairy Jelly&Fiber By May Fairy Jelly&Fiber By May
Yangon

အဆီကျ လှပချင်သူများအတွက် Fairy

Boom Collagen Plus Boom Collagen Plus
Yangon

Boom Products Yangon Agent Viber📲09966464009 or page cb ကနေလဲ လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

Comestic By M.T Comestic By M.T
North Dagon
Yangon, 11421

Shwe Htee Table Tennis Club Shwe Htee Table Tennis Club
Thamine Railway Road
Yangon

Phoo & Htoo Phoo & Htoo
Htaw Paing Street
Yangon

အလှကုန်ပစ္စည်းများ လက်လီ လက်ကား

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

K Cube Collection K Cube Collection
Yangon, 11011

အားလုံးပဲမင်္ဂလာပါ။ဒီpage​လေးက​နေ အလ?

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072