Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး

Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး

အဆောက်အဦးများတည်ဆောက်လိုပါကရွှေတိုက်အိမ် ဆောက်လုပ်ရေးဖုန်း ၀၉-၇၅၅၅၇၂၂၉၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

29/04/2024

𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 များတွက်ပုံတွက်နည်း ✏️

𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 တွက်ပုံတွက်နည်းလေးနဲ့ပတ်သက်ပြီး သိထားသင့်တာလေးကို လေ့လာချက်အရ အနည်းငယ်ကောက်နုတ်မျှ‌ဝေ‌ပေးချင်ပါတယ်။

အားလုံးသိတဲ့အတိုင်း 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 ဆိုတာ မြန်မာအခေါ်အဝေါ် အရ သွပ်နန်းကြိုးကို ခေါ်တာဖြစ်ပြီး ကွန်ကရစ်လုပ်ငန်းတွေ၊ သံချည်၊ သံကွေး လုပ်ငန်းတွေ အစရှိတဲ့ နေရာတွေမှာ သံချောင်းတွေ နေရာမရွေ့သွားဖို့နဲ့ စနစ်တကျ ဖြစ်စေဖို့ အတွက် ချည်နှောင်တဲ့အခါ 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 ကို အသုံးပြုလေ့ရှိကြပါတယ်။

𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 ကိုဘယ်လိုတွက်မလဲ ❓
အညွှန်းအနေနဲ့ 𝐘𝐞𝐥𝐥𝐨𝐰 𝐁𝐨𝐨𝐤 စာအုပ်အရ သံချောင်းဘယ် 𝐒𝐢𝐳𝐞 မျိုးပဲလာလာ 𝟏 ဟံ ကို တစ်ပေါင်ကုန်မယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဒါကြောင့် သံချောင်း တစ်တန်ဆိုရင် 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 𝟐𝟎 ပေါင်ကုန်မှာဖြစ်ပါတယ်။
✅𝟏 ဟံ = 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 𝟏 𝐋𝐛
✅သံချောင်းတစ်တန် = 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 𝟐𝟎 𝐋𝐛
ပိဿာချိန်နဲ့ပြောရမယ်ဆိုရင်တော့ 𝟏 ပိဿာမှာ 𝟑.𝟔 ပေါင် ရှိတဲ့အတွက် သံချောင်း တစ်တန်မှာ 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 𝟓.𝟓𝟔 ပိဿာ ကုန်မှာပဲဖြစ်ပါတယ်။
✅𝟏 ပိဿာ = 𝟑.𝟔 𝐋𝐛
✅သံချောင်းတစ်တန် = 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 𝟓.𝟓𝟔 ပိဿာ

အခုဖော်ပြခဲ့တာလေးက 𝐁𝐢𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐞 များတွက်ပုံတွက်နည်းနဲ့ပတ်သက်ပြီး သိထားသင့်တာလေးကိုဖော်ပြခဲ့တာဖြစ်ပြီး ဗဟုသုတရရှိစေရန်အလို့ငှာ လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်။



#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

27/04/2024

ဘိလပ်မြေအိပ်ပေါ်က မှတ်သားဖွယ်(၁၇)ချက် နှင့်
ဘိလပ်မြေ (၉) မျိုး

1. Lean concrete လောင်းရင် 1:3:5:1

2. Structure concrete လောင်းရင် 1:2:4:1/2 or1:2:4:1 လို့ရေးထားပါတယ်။

3. အက်ကြောင်းမပေါ်အောင် ၁-ရက်ကနေ ၃-ရက်လောက် ရေဖြန်းပေးပါတဲ့။

4. ဘိလပ်မြေကို အိပ်ဖောက်ပြီးရင် တရက်ထဲနဲ့ ကုန်အောင်သုံးပါတဲ့ဗျ။ မကုန်ရင် သေသေချာချာ ပိတ်ထားပါတဲ့။

5. ဘိလပ်မြေကို ဝယ်ပြီးရင် အမိုးအကာအောက်မှာထားပါ။ စွတ်စိုထိုင်းမှိုင်း ရေရှိရာနဲ့ ဝေးဝေး ထားပါ။ မြေကြီးပေါ်တင်မထားပါနဲ့။ အနဲဆုံး pallet ဆိုတဲ့ ခုံလေး ခုထားပါတဲ့။

6. ဘိလပ်မြေဟာ မျက်စိရဲ့ ရန်သူဖြစ်တယ်ဆိုတာကို အလေးအနက်ထားပါတဲ့။

7. ဘိလပ်မြေရည်ဖြစ်စေ၊ ကွန်ကရစ်တို့ မော်တာတို့ ဖျော်ပြီးကာစဖြစ်စေ ဘိလပ်မြေဝဲစား တပ်ပါ တယ်တဲ့။

8. Chromium (VI) ပါသည့် အတွက်ကြောင့် allergic လည်း ဖြစ်တပ်ပါသတဲ့။

9. ဘိလပ်မြေကိုင်ရင် မျက်စိကာမျက်မှန်၊ မျက်နှာကာ မျက်နှာဖုန်း၊ waterproof အင်္ကျီ၊ လည်ရှည် ဖိနပ်၊ လက်အိပ် စတာတေကို အသုံးပြု ပါတဲ့။

10. ဘိလပ်မြေမှုန့် ဘိလပ်မြေရည် မျက်စိထဲဝင်ရင် ရေသန့်သန့်နဲ့ မြန်မြန်ဆေးပြီး ဆရာဝန်ဆီ သွားပါတဲ့။

11. ဘိလပ်မြေမှုန်ကို အသက်ရှုတဲ့အထဲ ပါမသွားစေနဲ့တဲ့။ ရှူမိရင် လေကောင်း လေသန့် ရှိတဲ့ နေရာ ကို မြန်မြန်ပြေးတဲ့။ လိုအပ်ရင် အသက်ရှူကိရိယာ တပ်ပေးလိုက်ပါတဲ့။ ပြီးရင် ဆရာဝန်ဆီကို ဂုတ်ဆွဲပြီးတော့ ပို့လိုက်တဲ့။

12. ဘိလပ်မြေ လယ်ချောင်းထဲဝင်သွားလို့ မြိုချမိရင် ရေများမျာသောက်တဲ့။ အန်ထွက် အောင် လယ်ချောင်းထဲ လက်ညှိုးထိုးမထဲ့နဲ့တဲ့။ ဆရာဝန်ဆီ မြန်မြန် ခေါ်သွားတဲ့။

13. ဘိပ်လပ်မြေအိပ်ကိုမရင် ခါးကုန်းပြီး မ မ နဲ့တဲ့။ ဒူးညွှတ်ပြီးမှ မပါတဲ့။

14. ခလေးနဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ဘိလပ်မြေကိုထားပါတဲ့။ မော်တာကော ကွန်ကရစ် ကောပေါ့ဗျာ။

15. ဘိလပ်မြေအိပ်ပေါ်မှာတော့ ထုတ်လုပ်တဲ့ရက်စွဲ
မပါဘူးဗျ။ ပါတာရှိရင် ပြောပြကြပါအုန်း။
မြန်မာပြည်မှာ ပါလို့ မကောင်းသေးဘူးပေါ့ဗျာ။
ယှဉ်ပြိုင်မှု အားနဲ နေသေးတာပေါ့။

16. Type of cement ဘိလပ်မြေ ၉-မျိုး

16.1 type I. ကို ရေလုံဘို့ အမြန်မာဘို့ စတဲ့ လိုအပ်ချက်တွေမရှိဘူးဆိုရင် သုံးပါတဲ့။

16.2 type IA. ကို လေရောကွန်ကရစ်ဖျော်ရင် သုံးပါတဲ့။

16.3 type II. ကို Sulfate ပါတဲ့မြေမှာ foundation ချရင် သုံးပါတဲ့။

16.4 type IIA. ကို ဆာလဖိတ်နဲ့ ဆက်စပ်တဲ့နေရာမှာ လေရောကွန်ကရစ်ဖျော်ရင် သုံးပါတဲ့။

16.5 type IIMH ကို ထုကြီးထည်ကြီး ကွန်ကရစ်လောင်းတဲ့အခါ နဲ့ ဆာလဖိတ်နဲ့ မကင်းတဲ့နေရာမှာ ကွန်ကရစ်လောင်းရင် အသုံးပြုပါတဲ့။

16.6 type III High early strength မြန်မြန်မာချင်ရင်၊ formwork မြန်မြန်ခွာချင်ရင်၊ ကားမြန်မြန် မောင်း ချင်ရင် အသုံးပြုပါတဲ့။

16.7 type IIIA လေရော၊အမြန်မာ ကွန်ကရစ် ဖျော်ရင် သုံးပါတဲ့။

16.8 type IV low heat hydration အပူနဲနဲဘဲ ထွက်ချင်ရင် သုံးပါတဲ့။

16.9 type V ဆာလဖိတ်ကို ရှောင်လို့ မလွတ်ရင် သုံးပါတဲ့။

17. က document တေဗျို့။ ပုံအမှတ် ၆ - မှာ စာ (၄) စောင်တွေ့လိမ့်မယ်။

A. ACI 301 ဘယ်လိုအဆောက်အဦး၊ ဘယ်လို member ကို၊ ဘယ်လို ကွန်ကရစ်ကို အသုံးပြုရမယ် ဆိုတာကို ရေးထားပါတယ်။

B. ACI 304R ဆိုတာက ကွန်ကရစ်ကို ဖျော်စပ်မယ်ဆိုရင် ဘယ်လိုတိုင်းထွာပါ။ ဖျော်ပြီးလို့ သယ်မယ်ဆိုရင် ဘယ်လိုသယ်ပါ။ လောင်းတဲ့အခါ ဘယ်လိုလောင်းပါလို့ ရေးထားကြောင်းပါဗျာ။

C. ASTM C33 ဆိုတာက ကွန်ကရစ်ဖျော်တဲ့ ကျောက်စရစ်တွေ သဲတွေဟာ ဘယ်လိုစံချိန်စံညွှန်းရှိရမယ် ဆိုတာ ကို ရေးထားတာပါ။

D. ASTM C-150 ဆိုတာက Portland cement ရဲ့ စံချိန်စံညွှန်းတွေကို ရေးထားတာပါ။ သူ့ဘိလပ်မြေအိပ် ပေါ်မှာ ဒီစာပါရင် ဒီ စံချိန်စံညွှန်းနဲ့ပြည့်စုံတယ်လို့ ဖော်ပြထားတာပါ။


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

25/04/2024

လက်အုတ်ကို ပက်လက်စီတာနဲ့ မှောက်စီတာ ဘာကွာလဲ သိချင်ပါတယ်
မှောက်လိုက် လှန်လိုက် စီချင်သလို စီနေကျလို့ပါ။😊

ဟုတ်ကဲ့ ပက်လက် ( အခွက်ကလေးက ) အပေါ်မှာထားစီရင်တော့ မဆလာက အခွက်ကလေးထဲဝင်ပြီး
လေခိုဖို့ ရာခိုင်နှုန်းနည်းသွားလို့ အုတ်ရိုးကိုပိုပြီး
ကောင်းစေပါတယ်
အုတ်ရေကန်တွေကိုလက်အုတ်(သို့မဟုတ်) အခွက်ပါသောအုတ်ဖြင့်စီပါကပက်လက်လှန်စီတာပိုကောင်းပါတယ်😊

စက်အုတ်များဖြင့်စီပါကအုတ်ကိုရေဝအောင်လောင်းပြီး
နှာသေချာဝင်အောင်တစ်လွှာတစ်ခါရေလောင်းမဆလာ
ကြပ်စီးပေးပါ အုတ်ရေကန်ဖြစ်သောကြောင်အုတ်စီးအုတ်နင်းကိုမှန်ကန်စေရန်သေချာဂရုစိုက်စီပါ😊

အုတ်ရေကန်ကိုအုတ်စီသောအခါအုတ်ကိုရေဝအောင်လောင်းပြီးမှစီပါ အုတ်၂လွှာတစ်ခါဂျာလီခွေထည့်ပြီး
တစ်လွှာတစ်ခါရေလောင်းပြီးမဆလာကိုအုတ်နှာထဲသေချာဝင်အောင်သန်လျှက်ဖြင့်ကြပ်ပါ😊
အုတ်ရေကန်အတွင်းတွင်လိုသောနေရာကိုအုတ်တိုင်ပုံ
ထည့်ပြီးအုတ်တွဲစီပါ ရေကန်အပေါ်ဆုံးနေရာကိုချုပ်တန်းဖြစ်စေရန်သံဆင်ကျောက်ထုပ်ရိုက်ပါ
အားလုံးသေချာမှအချောလုပ်ငန်းကိုလိုအပ်သော
ရေလုံဆေးအရည်ကိုရောစပ်ပြီးအချောကိုင်ပါ

ရေကန်နံရံချောသည့်အခါအပြင်ပိုင်း၊အတွင်းပိုင်းကို
ကြွေပြားမကပ်ပါကဘိလပ်မြေပေါလစ်တင်ပါ
လိုအပ်သောရေလုံဆေးကိုအုတ်စီတာနှင့်နံရံချောသည့်အခါထည့်ပါ
နံရံချောပြီးသည့်နေ့မှစ၍ရေကိုတစ်နေ့လျှင်တစ်ပေ
သာထည့်ပါ တစ်ခါတည်းအပြည့်မထည့်ပါနှင့်
ရေမကျင့်အသားမကျသောရေကန်ပွင့်တတ်ပါတယ်
ရေကန်လှယ်ပိုက်နှင့်ရေထွက်ပိုက်နေရာများကိုသေချာဂရုစိုက်ပါ အဲဒီနေရာကရေစိမ့်တတ်ပါတယ်


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

19/04/2024

🙏🙏🙏

#ရွှေတိုက်အိမ်ဆောက်လုပ်ရေး
#2024

18/04/2024

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။
===========================
♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။
♦️Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။
♦️Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။
♦️Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။
♦️Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။
♦️အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။
♦️အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။
♦️ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။
♦️ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…
အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။ ဘယ်လိုဆင်ဆင် ဇကာကို နှစ်ထပ်ဆင်ရမယ်လို့ လေ့လာဖူးတယ်။ နှစ်ထပ်ဆို ၄ လွှာ ဆင်ရမယ့်သဘောပေါ့။ တချို့က နားလှည့်ပါးရိုက် ၃ လွှာပဲ ဆင်ကြတယ်။ လက်မတွေ အကျယ်ခြားဆင်ကြတယ်။ Drawing က ၆ လက်မခြား ဆို ၈ လက်မ ၉ လက်မ ခြားပြီး ဆင်ကြတယ်။ တည့်တည့်မဆင်ဘဲ ကွက်ကြားဆင်တော့ ၄ လက်မ ၅ လက်မ ခြား မြင်ရတယ်ပေါ့။ အဲတော့ နားမလည်တဲ့ အိမ်ရှင်ဘက်က နစ်နာလေရော။
♦️နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ္တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။
♦️ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။
♦️အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
♦️အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။
♦️ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။
♦️ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

15/04/2024

1. #ကြောင်လှိမ်တွက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။
2. ထားရှိမယ့် Radius (r) စဉ်းစားပါ။
3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။
4. Riser (အကျော်) စဉ်းစားပါ။
5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။
6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။
7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။
8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကြောင်လှိမ်ထားမယ့်
Radius,r = 15' (at least) ရှိရပါမယ်။
Diameter , d = 30' (at least) ပေါ့။
လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle )

Eg...
ကြောင်လှိမ်ထားမယ့်
(1). Radius, r = 16' ဆိုပါစို့..
(2). Perpendicular height, h = 12'

Riser စဉ်းစားနည်း
> h=12'
= 144"
>> 144" 6.5" = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်)

21 ထစ် >> 144" 21 = 6.86" (riser)
(21 ထစ်ဆို အနင်းက 22 ခု )

(3). riser = 6.86"

Thread (အနင်း) စဉ်းစားနည်း

Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ်

Large circle > Radius, R= 16'
Small circle > radius, r = 10'
( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ... အောက်ပါပုံကိုကြည့်ပါ။)
ဆိုတော့..လှေကားအကျယ်က>> 16' - 10' = 6'

Large Circle ဘက်က Thread(အနင်း),
> Thread, T = 2R/4
= 2x 16/4
= 25.13
= 25.13' x 12 (ပေ ကို လက်မပြောင်း)
= 301.59"
= 301.59" 21 ( အထစ်)
= 14.36" (အနင်း)
Large Thread, T = 14.36"

Small Circle ဘက်က Thread(အနင်း),
> Thread, T = 2r/4
= 2x 10/4
= 15.7
= 15.7' x 12 (ပေ ကို လက်မပြောင်း)
= 188.5"
= 188.5" 21 ( အထစ်)
= 8.98" (အနင်း)
Small Thread, T = 8.98"

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်.

1. Large radius, R = 16'
2. Small radius, r = 10'
3. perpendicular height, h = 12'
4. nos of Step = 21 nos
5. Riser = 6.86"
6. Large Thread, T = 14.36"
7. Small thread, T = 8.98"

အဆင်ပြေကြမယ် ထင်ပါတယ်ဗျ 🙂
ဒါကတော့ ကြောင်လှိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9" ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့):-)
>> လူတစ်ယောက်ရဲ့ ခြေဖုဝါး အရှည်က အနည်းဆုံး 9" လောက်ရှိလို့ပါ။


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

14/04/2024

အိပ်ခန်းနှစ်ခန်းပါတဲ့ RC တစ်ထပ်အိမ်လေးတည်ဆောက်ပုံအဆင့်ဆင့်ကိုလေ့လာကြရအောင်ဗျာ…🏡

လူကြီးမင်တို့အတွက် နေချင်စဖွယ် လှပခိုင်ခန့်သောအဆောက်အဦးတွေ စနစ်တကျတည်ဆောက်ချင်တယ်ဆိုရင်တော့ဖြင့် ရွှေတိုက်အိမ် ဆောက်လုပ်ရေး ဖုန်း ၀၉-၇၅၅၅၇၂၂၉၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

13/04/2024

Anchor Bolt အကြောင်း 🔩

Anchor bolt ဆိုတာက concrete မဟုတ်တဲ့ တခြားတစ်ခုခုကနေ concrete နဲ့ တွဲဆက်ချင်တဲ့အခါ သူ့ကို သုံးပြီး connection တစ်ခု တည်ဆောက်တဲ့နေရာမှာ အသုံးပြုရတဲ့ fastener တစ်မျိုးကို ပြောတာဖြစ်ပါတယ်။

Anchor bolt တွေကို structure ကြီးတွေမှာမှ မဟုတ်ပါဘူး။ အသေးဖွဲ့လေးတွေကစ သုံးကြပါတယ် ဘယ်မှာပဲ သုံးသုံး သူ့ရဲ့လုပ်ဆောင်ချက်ကတော့ tension နဲ့ shear ကို အဓိက ထမ်းပေးတာပါဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာလည်း steel structure တွေ ဆောက်လာကြတာများတော့ anchor bolt တွေရဲ့ အပိုင်းကလည်း တော်တော်များများ ပါဝင်လာပါတယ်။ ဒီတော့ သိထားသင့်တဲ့ anchor bolt တွေရဲ့ အခြေခံသဘောလေးတွေကို လေ့လာထားသလောက် ပြန်လည်ကောက်နုတ်တင်ပြလိုက်ရပါတယ်။

anchor bolt တွေမှာ ကိုယ်သုံးမယ့် အနေအထားပေါ် မူတည်ပြီးတော့
cast-in type နဲ့ post-installed type ဆိုပြီး ရှိပါတယ်

Cast-in Anchor
cast in anchor ဆိုတာကတော့ anchor အမျိုးအစားတွေထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ ခံနိုင်အားအကောင်းဆုံးလို့ ပြောလို့ရပါတယ်
ကွန်ကရစ် မလောင်းခင် သံချောင်းတွေ ဆင်နေတုန်း လိုအပ်တဲ့ anchor bolts တွေ တစ်ခါတည်း slab, column, beam စတာတွေထဲထည့်ဆင်ပြီး ကွန်ကရစ်ရောလောင်းတဲ့ ပုံစံဖြစ်ပါတယ်။
လိုအပ်တဲ့ ပုံစံပေါ်မူတည်ပြီး ကွန်ကရစ်ထဲက အလွယ်တကူ ရုန်းမထွက်နိုင်အောင် L ပုံစံ၊ J ပုံစံ၊ U ပုံစံ စတဲ့ bolt တွေ ရှိကြပါတယ်။
ဒါတွေက ကွန်ကရစ်မလောင်းခင် အကုန်ပြင်ဆင်နေရာချပြီး လုပ်ရတာဖြစ်ပါတယ်... အသုံးပြုရမယ့် bolt အရေအတွက်ရယ် size ရယ်၊ အထဲဝင်ရမယ့် အနက်ရယ် ကတော့ လိုအပ်တဲ့ design အရ ဆုံးဖြတ်ရပါတယ်

Post-installed Anchor
Post installed anchor တွေကိုတော့ တကယ်လို့ ကွန်ကရစ်လောင်းပြီးမှ တစ်နေရာရာမှာ တစ်ခုခုနဲ့ ထပ်ဆက်ချင်တဲ့အခါ ထပ်တိုးချဲ့ချင်တဲ့အခါတွေမှာ သုံးပါတယ်။
ဥပမာ slab/ column/ footing ‌တွေလောင်းပြီး အပေါ်က steel column ထောင်ချင်တာမျိုးတွေ၊ RC column တွေ beam တွေကနေ steel beam တွေ လာဆက်တာမျိုးတွေ၊ အဆောက်အဦး မျက်နှာစာတွေမှာ အလှပြင်ဆင်ဖို့ တစ်ခုခုနဲ့ အဆောက်အဦးရဲ့ structure ကိုလာဆက်တဲ့အခါတွေမှာ သုံးပါတယ်။
သူ့မှာလည်း အရွယ်အစား (bolt size) ရယ် အမျိုးအစား (grade) ရယ် ပေါ်မှာ မူတည်ပြီး strength တွေ အမျိုးမျိုး ကွဲပြားပါတယ်။

Design လုပ်တဲ့အခါမှာ bolt တစ်လုံးချင်းစီက ထမ်းဆောင်ရမယ့် အများဆုံး tension နဲ့ shear တွက်ပြီးလို့ သင့်တော့တဲ့ bolt ရွေးချယ်တဲ့အခါ သူ့ကိုလက်ခံမယ့် ကွန်ကရစ် ခံနိုင်အား (concrete strength)၊ ကွန်ကရစ်ထဲက သံချောင်းအနေအထား (reinforcement)၊ ခွင့်ပြုပေးနိုင်တဲ့ အစွန်းအကွာအဝေး (edge distance)၊ ကွန်ကရစ်က ပေးဝင်နိုင်တဲ့ အနက် (embedment depth)၊ bolt တစ်ခုနဲ့တစ်ခုအကြား အနည်းဆုံးရှိရမယ့် အကွာအဝေး (anchor spacing) ရယ် စတာတွေကို ထည့်စဥ်းစားရပါတယ်… ပြီးမှ ဘယ်အမျိုးအစား ဘယ် size ဘယ် grade နဲ့ သင့်တော်မလဲ ဆိုပြီး အဖြေထုတ်၊ သုံးရပါတယ်။ Post installed type မှာ mechanical expansion anchor နဲ့ chemical anchor ဆိုပြီး ရှိပါတယ်

Mechanical Expansion anchor
တစ်ခါတစ်လေ mechanical anchor လို့သုံးပြီး တစ်ချို့ကလည်း expansion bolt လို့သုံးပါတယ်။ wall plug လို့ လည်း ခေါ်ကြပါတယ်...
သူရဲ့ ပုံစံက ကွန်ကရစ်ကို drill ဖောက်မယ် ပြီးတော့ သူ့ကိုအထဲရိုက်ထည့်ပြီး အပြင်က Base plate တစ်ခုခု ခံပြီး nut ခေါင်း ဒါမှမဟုတ် screw နဲ့ကြပ်လိုက်တော့ သူ့ထဲမှာရှိတဲ့ နားရွက်လေးတွေ ကားလာပြီး ကွန်ကရစ်ကိုသွား ကျားကန်ထောက်ပြီး စွဲထားတာပါ ပြီးမှ အဲ့ကနေမှ column, beam စသည်ဖြင့် လိုသလို ထပ်ဆက်ပါတယ်။

Mechanical expansion type ကို သုံးမယ်ဆိုရင် တစ်ခု သတိပြုရမှာက drill ‌‌‌‌‌ဖောက်တဲ့ အပေါက်အကျယ် (hole size) ဖြစ်ပြီး ‌အပေါက်ကို သုံးမယ့် bolt size အတိုင်း ‌ဖောက်ရပါတယ် bolt size ထက် ပိုကျယ်ပြီး မဖောက်သင့်ပါဘူး။
ဥပမာ bolt က 12mm diameter ဖြစ်နေရင် အပေါက်ကိုလည်း 12mm diameter ပဲ ‌ဖောက်ရပါမယ်။ ဒါမှ အပေါက်ထဲ bolt ရိုက်ထည့်ပြီး အပြင်ကနေ nut ကို ကြပ်လိုက်တဲ့ အခါ ‌ဒီ anchor bolt ရဲ့ ‌ sleeve လို့ ခေါ်တဲ့ နားရွက်ပိုင်း‌လေး‌တွေက ကျယ်လာပြီး ကွန်ကရစ်ကို ကျားကန် ‌ထောက်နေနိုင်မှာပါ။

ဒီလို နားရွက်လေး‌တွေ (sleeve) ကျယ်ကားလာပြီး load ထမ်းတဲ့ အမျိုုးအစားမို့ သူ့ကို mechanical expansion type လို့ သတ်မှတ်တာပါ
ကိုယ်ဖောက်ထားတဲ့ အပေါက် အကျယ်က လိုတာထက်ပိုနေမယ်ဆိုရင် ဒီနားရွက်လေး‌တွေက ‌ကောင်း‌ကောင်း ကားကျယ်မလာနိုင်ဘဲ ကွန်ကရစ်ကိုလည်း ကျားကန်ထောက်မထားနိုင်လို့ ‌ကောင်း‌ကောင်းအလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အထက်က ‌‌ပြောခဲ့သလို expansion type ဖြစ်လို့ သူကောင်း‌ကောင်းအလုပ်လုပ်ဖို့ သူ့ကို ကြပ်တဲ့ အခါ အရွယ်အစားနဲ့ အမျိုးအစား‌အလိုက် အနည်းဆုံး လိုအပ်တဲ့ torque အား ရရှိအောင် ‌သေချာ‌လေး ကြပ်ပေးဖို့ လိုပါတယ်။ လိုအပ်တဲ့ torque အား မရရင် sleeve ‌လေး ‌ကောင်း‌ကောင်းမကျယ်ကား‌တော့ ဒီ bolt က ထမ်းနိုင်တဲ့ performance ကို အပြည့်အဝ မရနိုင်ပါဘူး။
bolt size/ grade အလိုက် ထုတ်တဲ့ manufacturer က သတ်မှတ်ပေးထားတဲ့ အနည်းဆုံး ကြပ်ရမယ့် torque moment တွေ ရှိပါတယ်။ ဒီနေရာမှာ ပုံမှန် အသုံးပြု‌‌နေကျ ရိုးရိုး ဂွတွေ၊ ဂွင်း‌တွေ သုံးတာထက် လိုအပ်တဲ့ torque သတ်မှတ်ပြီး ကြပ်လို့ရတဲ့ torque wrench နဲ့ သုံးတာ ပိုအဆင်ပြေပါတယ်။
အခြားပုံစံတွေအနေနဲ့ plastic anchor၊ screw anchor, undercut anchor ဆိုပြီး ရှိပါသေးတယ်။ ထမ်းရမယ့် load အခြေအနေ‌ပေါ်ရယ် ‌အောက်ခံ ကွန်ကရစ် အနေအထားရယ် ကို ကြည့်ပြီး ခွဲခြားသုံးပါတယ်။

Chemical bolt နဲ့ ယှဥ်ရင် Mechanical bolt တွေ ရဲ့ အားသာချက်က
installed လုပ်ပြီးတာနဲ့ အချိန်စောင့်စရာမလိုဘဲ ချက်ချင်း သုံးလို့ရတာ၊ ကွန်ကရစ်မှာ ဖောက်ထားတဲ့ အပေါက်ကို chemical နဲ့ သုံးတာလောက် အသေးစိတ်သေချာဂရုတစိုက် သန့်ရှင်းရေး အများကြီးလုပ်စရာမလိုပါဘူး။ နောက် အကောင်းဆုံး အားသာချက်တစ်ခုကတော့ chemical နဲ့ ယှဥ်လိုက်ရင် စျေးအရမ်းသက်သာတာပါ။

အားသာချက်တွေရှိသလို့ တစ်ဖက်သူ့မှာလည်း အားနည်းချက်တွေ အများကြီးပါပဲ...
cracked concrete တွေမှာ သုံးဖို့ အဆင်မပြေတာ၊ minimum edge distance တွေ၊ minimum anchor spacing တွေ၊ minimum base concrete thickness တွေ ပိုလိုတာ၊ လိုအပ်တဲ့ torque moment ရအောင် ကြပ်ပေးဖို့ လိုအပ်တာ၊ bolt size ချင်းတူရင် chemical bolt တွေရဲ့ ခံနိုင်အားထက် အများကြီး နည်းတာ စတဲ့ အားနည်းချက်တွေ ရှိပါတယ်
ဒါ့ကြောင့် structure ကြီးကြီးမားမားတွေမှာ tension, shear strength တွေ များများ လိုအပ်တော့ mechanical ထက် chemical တွေ ပိုသုံးကြပါတယ်

Chemical anchors
bonded anchors လို့လည်း ခေါ်ပါတယ် ကိုယ်သုံးမယ့် အရစ်ပါတဲ့ threaded bolt ဒါမှမဟုတ် rebar တွေကို ကွန်ကရစ်နဲ့ စွဲကပ်ဖို့ ကြားခံ bonding agent အနေနဲ့ လုပ်ဆောင်ပါတယ်။
ရိုးရိုးရှင်းရှင်းပြောရင် ကွန်ကရစ်ကို အပေါက်ဖောက်မယ် အပေါက်ထဲက ကွန်ကရစ်အစအနတွေ အမှုန်တွေ ရှင်းပြီး chemical ထည့်လိုက်မယ် ပြီးရင် bolt ဒါမှမဟုတ် rebar တစ်ခုခု ထိုးထည့်လိုက်မယ် ဆိုရင် ပြီးပါပြီ။ chemical set ဖြစ်သွားတဲ့အခါ သုံးလို့ရပါပြီ။

expansion sleeve နဲ့ ကွန်ကရစ်ကို ထောက်ထားတာမဟုတ်ဘဲ chemical က စွဲကပ်ပေးထားတာဖြစ်တော့ သူ့အတွက် ကြပ်ဖို့ torque moment တွေ မလိုပါဘူး။
သူ့ရဲ့ chemical က နှစ်မျိုးရောစပ်ပြီး အသုံးပြုရတာပါ။ အလွယ်ပြောရင် chemical A ရယ် chemical B ရယ် ကို လိုအပ်တဲ့ အချိုးအစားအတိုင်း ရောစပ်လိုက်တဲ့အခါ chemical နှစ်ခု ဓာတ်ပြုပြီး တဖြည်းဖြည်း မာလာပြီး နောက်ဆုံး set ဖြစ်ပြီးတော့ သူ့ strength ရလာတာဖြစ်ပါတယ်။

A ချည်းထားလည်း မခဲဘူး။ B ချည်း ထားလည်း မခဲဘူး။ A နဲ့ B နဲ့ ဓာတ်ပြုမှ အလုပ်လုပ်တာဖြစ်ပါတယ်။ Chemical အမျိုးအစားအလိုက် ပုံစံအလိုက် အကြီးတစ်ခု အသေးတစ်ခု တွဲရက် လာပါတယ်။ ရောစပ်ရတဲ့ အချိုးအစားက အရေးကြီးတော့ သူ့ကိုသုံးဖို့ Dispenser ဆိုတဲ့ chemical gun သုံးပြီး ‌‌ရောစပ် ထိုးပါတယ်။
Dispenser ထဲ chemical အတွဲလိုက်ထည့်ပြီး ခလုပ်ညှစ်လိုက်တာနဲ့ အထဲမှာ သူ့ဟာသူ အချိုးကျရောပြီး dispenser ရဲ့ နှုတ်သီး nozzle ကနေအသင့်သုံး ရောစပ်ပြီးသား chemical ထွက်လာပါတယ်။ ဒီ dispenser ကောင်းကောင်းအလုပ်လုပ်နေသရွေ့ အချိုးအစား မမှန်မှာ စိတ်မပူရတော့ပါဘူး။ ရှိနေပြီးသား ကွန်ကရစ်မျက်နှာပြင် တစ်ခုခုကို အခြားကွန်ကရစ် လာလောင်းဖို့လိုအပ်တဲ့အခါ အရင်လောင်းပြီးသား ကွန်ကရစ်အဟာင်းထဲမှာ dowel bars တွေ ချန်ခဲ့ရပါတယ်။ ဒီလိုမချန်ခဲ့တာမျိုးဖြစ်ခဲ့ရင် အသစ်တစ်ခုခုနဲ့ ချိတ်ဆက်တဲ့အခါမှာလည်း ရှိနေပြီးသား ကွန်ကရစ်မှာ chemical သုံးပြီး rebar တွေ ထိုးထည့်ပြီး ဆက်လို့ရပါတယ်။

chemical anchor သုံးမယ်ဆိုရင် ကွန်ကရစ်ကို အပေါက်ဖောက်ရပါတယ်။ mechanical expansion type နဲ့ မတူတာက hole size က bolt size ထက် ပိုကြီးဖို့ လိုပါတယ်။ bolt size ထက် 2mm အနည်းဆုံး ပိုကြီးရပါတယ်။ ဥပမာ bolt က 12mm ဆို အပေါက်ကို 14mm ဖောက်ရပါတယ်။ diameter အရမ်းကြီးတဲ့ bolt တွေဆိုရင် 4-5mm လောက်ထိ ပိုကြီးရပါတယ်။

ဒီထက် ပိုကျယ်ကျယ်ဖောက်လို့မရဘူးလားဆိုရင်တော့ ရပါတယ် ဒါပေမယ့် အပေါက်ကျယ်လေ chemical ပိုကုန်လေဆိုတော့ မလိုအပ်ဘဲ chemical တွေ အလဟသ ကုန်တတ်ပါတယ်။
အပေါက်ဖောက်ပြီးရင် အတွင်းက ကွန်ကရစ် အစအနတွေနဲ့ ဖုန် အမှုန်တွေကို သေချာလေး ဂရုတစိုက် သန့်ရှင်းပေးရပါတယ် ဒီမလိုအပ်တဲ့ အမှုန်တွေ ရှိနေရင် chemical က အတွင်းကွန်ကရစ်သားကို သေချာမစွဲကပ်တော့ လိုအပ်တဲ့ strength မရနိုင်တော့ပါဘူး။ chemical အတွက် hole သန့်ရှင်းရေးက အရမ်းအရေးကြီးပါတယ်။

နောက်ပြီး အမျိုးအစားအလိုက် working time တွေ setting time တွေ ကွာပါတယ်။ တစ်ချို့ chemical တွေက ဆယ်မိနစ်လောက်နဲ့ စအိပ်ပြီး တစ်နာရီလောက်ကြာရင် strength ရပါတယ်။ ဒါပေမယ့် တချို့ အမျိုးအစားတွေကတော့ နာရီဝက်လောက်မှ စအိပ်ပြီး ခုနှစ်နာရီလောက်မှ strength ရပါတယ်။ ဒါက အကြမ်းဖျင်းအနေနဲ့ပဲ ပြောတာဖြစ်ပြီး ပြင်ပ အပူချိန်တွေပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။

ကိုယ်အသုံးပြုတဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ setting time ကိုစောင့်ပြီးမှ အသုံးပြုရပါတယ်။
တချို့ chemical တွေက static load အခြေအနေတင်မကဘဲ seismic load အခြေအနေအတွက်ပါ ခံနိုင်ပါတယ် ။ဒီတော့ ငလျင်ဒဏ်ခံ အဆောက်အဦးတွေ ဒီဇိုင်းလုပ်တဲ့ အခါမှာလည်း အသုံးပြုနိုင်ပါတယ်။
အချို့အမျိုးအစားတွေက concrete စိုထိုင်းနေရင် အသုံးမပြုသင့်သေးသလို အချို့တွေကျ ရေအောက်မှာပါ အသုံးပြုလို့ရပါတယ်။ ဒီလိုပဲ အချို့တွေက အပူဒဏ်ကောင်းကောင်းမခံနိုင်သလို အချို့အမျိုးအစားတွေကျ fire resistance ပါ ဖြစ်ပါတယ်။

ဒီ Chemical တွေရဲ့ အဓိက အားသာချက်က တခြားအရွယ်အစားတူ mechanical anchor ထက် tension ‌ရော shear မှာပါ သိသိသာသာ ပိုခံနိုင်တာပါ။ ဒါကြောင့် load များများ ထမ်းရမယ့် structure တွေမှာ chemical bolt တွေကို အဓိက သုံးကြပါတယ်။
နောက်ပြီး ဒီ chemical တွေက non-cracked concrete တွေတင်မက cracked concrete တွေမှာပါ အသုံးပြုလို့ ရသလို minimum edge distance တွေ minimum base concrete thickness လိုအပ်ချက်တွေ ပိုနည်းပါတယ်။

ဒီတော့ concrete cover (edge distance) များများ မပေးနိုင်တဲ့ အခြေအနေတွေမှာ chemical တွေက ပိုသင့်တော်ပါတယ်။ သူ့ရဲ့ strength က ကွန်ကရစ်ထဲကို ဝင်တဲ့ embedment depth ပေါ် မှာ လည်း အဓိက သက်ရောက်ပါတယ်။ ဒီတော့ manufacturer တွေရဲ့ specifications တွေပေါ် အခြေခံပြီး design လိုအပ်ချက်အရ ဘယ်အမျိုးအစားသုံးမယ် ဘယ်အရွယ်သုံးမယ်။ အထဲဘယ်လောက်ဝင်ရမယ်ဆိုတာတွေကို designer က သေချာ တွက်ချက်ပြီး သတ်မှတ်ပေးရပါတယ်။
Chemical တွေရဲ့ အားနည်းက mechanical တွေရဲ့ အားသာချက်တွေနဲ့ အတူတူပါပဲ။

drilled hole ကို သေချာသန့်ရှင်းပေးဖို့ လိုတာ၊ ရောစပ်တဲ့ အချိုးအစားမှန်ဖို့လိုတာ၊ chemical set ဖြစ်ဖို့ အချိန်စောင့်ရတာ၊ torque moment ကို လိုအပ်တာထက် ပိုမကြပ်သင့်တာ၊ chemical စျေးက mechanical တွေထက် စျေးပိုကြီးတာ စတဲ့အချက်တွေပဲ ဖြစ်ပါတယ် ... စတဲ့ အားသားချက်၊ အားနည်းချက်တွေပေါ် အ‌‌ခြေခံ စဥ်းစားပြီး သင့်တော်တာ အသုံးပြုကြပါတယ်။

အထက်က ပြောခဲ့တဲ့ mechanical expansion type ရော chemical type ရော နှစ်ခုစလုံးက လောင်းပြီးသား ကွန်ကရစ်ကို ဖောက်ရပြီး ထိုးထည့်တာဖြစ်တော့ site ထဲမှာ သူတို့အတွက် ပြဿနာပေးတတ်တာက ကွန်ကရစ်ရဲ့ reinforcement bars သံချောင်းတွေပဲ ဖြစ်ပါတယ်။
drill ဖောက်ချိန် ဒီသံချောင်းတွေနဲ့ ထိပြီး လိုအပ်တဲ့ အနက်မရနိုင်တော့ အပေါက်နေရာ ရွေ့ဖောက်ရတာတွေ concrete မျက်နှာပြင်နဲ့ ထောင့်မှန်ကျ ဖောက်မရဘဲ စောင်းသွားတော့ anchor bolt ရဲ့ performance အပြည့်မရနိုင်တာတွေ ရှိပါတယ်။
နောက်ပြီး ကွန်ကရစ်လည်း ထိခိုက်တတ်ပါတယ်။ ဒီတော့ အရေးကြီးတဲ့ structure နေရာမှာ သုံးတဲ့အခါ မဖောက်ခင် ကွန်ကရစ်ထဲက rebar နေရာနဲ့အနေအထားတွေ သိဖို့ detector (rebar scanner) တွေနဲ့ အရင် detect လုပ်ပြီးမှ အသင့်တော်ဆုံးနေရာမှာ ဖောက်တာအကောင်းဆုံးဖြစ်ပါတယ်။

တစ်ခါတစ်လေ rebar တွေလည်း ရှိနေတဲ့နေရာမှာ bolt တွေ နေရာရွေ့ဖို့လည်း အဆင်ပြေတဲ့အခါ rebar တွေ ဖြတ်ဖို့ လက်ခံနိုင်ရင်တော့ diamond drill bit တွေ အသုံးပြုပြီး ဖောက်ရင်း ဖြတ်ရပါတယ်။
structural rebar ကလည်း အဖြတ်မခံနိုင် bolt တွေကလည်း နေရာရွေ့မရ စတဲ့ ဘေးကြပ်နံကြပ်အနေအထားဆို embedment depth အနည်းဆုံးနဲ့ လိုအပ်တဲ့ design strength ရအောင် anchor bolt အမျိုးအစား ပြောင်းသင့် ပြောင်းသုံးရပါတယ်။
ဒီ anchor bolt တွေ installed လုပ်ပြီးတဲ့အခါမှာတော့ design သတ်မှတ်ထားတဲ့ အနည်းဆုံး strength ရ မရသေချာအောင် bolt တွေကို ရာခိုင်နှုန်းတစ်ခုထိ ကျပန်း‌‌ရွေးပြီး ကို Hydraulic jack သုံးပြီး ဆွဲထုတ် (pull out test) လုပ်ရပါတယ်။
ဒီတော့ ကိုယ့် anchor bolts တွေ ကောင်းကောင်းအလုပ်လုပ်လား မလုပ်ဘူးလား သိရပြီး ကိုယ့် structure ရဲ့ အခြေအနေကို သိနိုင်ပါတယ်။
အချို့ anchor supplier တွေက သူတို့ anchor တွေ ဝယ်သုံးတဲ့ customers တွေအတွက် လိုအပ်တဲ့ design services တွေနဲ့ test services တွေကို အခကြေးငွေ မယူဘဲ ဝန်ဆောင်မှု ပေးတတ်ကြပါတယ်။
ကြားမိသလောက်စင်ကာပူနိုင်ငံမှာတော့ လိုအပ်တဲ့ standard တွေ specifications တွေ သေချာပေးနိုင်တဲ့ Hilti, Multifix, Fischer စတဲ့ brand တွေ အသုံးများပါတယ်။

အခုတင်ပြလိုက်ရတဲ့ anchor bolt ‌တွေကို အဝတ်လှမ်းတဲ့ တန်းတွေ၊ ချိတ်တွေက အစ ရေပိုက်လိုင်း၊ မီးပိုက်လိုင်းနဲ့ safety barrier တွေ လှေကားလက်ရန်းတွေနဲ့ structure ကြီးတွေအထိ နေရာတော်တော်များများမှာ အသုံးပြုကြရတော့ သူနဲ့ပတ်သက်ရာ‌ အခြေခံ အ‌ကြောင်း‌လေး‌တွေကို ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး Millcon Thiha မှ ပြန်လည်ကောက်နုတ် တင်ပြပေးလိုက်ရပါတယ်။


#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

11/04/2024

🔺သံဘာဂျာတံခါးအခြေခံပြုလုပ်ပုံအဆင့်ဆင့်🔺
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

( အပိုင်း၁,၂,၃ မှာ ၇ပေ ဘာဂျာ စ လုပ်မယ်ဆိုပါစို့ )

#သံဘာဂျာတံခါးအခြေခံအပိုင်း၁

1️⃣ ဘာဂျာချန်နယ် ကို အပေါ်ဆုံးမှာ ထိပ်ကနေ ၅လက်မစည်းဆွဲပါ။

အောက်ခြေကနေ ၃လက်မစည်းဆွဲပါ။

အဲ့ဒိစည်း ၂ချောင်းက ပုံသေမရှိပါဘူး။
အပေါက်မြင့်တဲ့အခါမှာ ၅လက်မခွဲထားလည်းရပါတယ်။
အောက်ခြေစည်း ၃လက်မကိုလည်း ပိုသွားလည်းရပါတယ်။

အခု ၅လက်မ နဲ့သုံးလက်မ စည်းကြားမှာ ၇၆လက်မ ကျန်ပါတယ်။

အဲ့ဒါကို ၃ကွက် ထပ်ခွဲပါ။

စည်း ၂ချောင်းထပ်ပေါ်လာပါလိမ့်မယ်။

အခု ဆွဲထားတဲ့စည်း လေးချောင်းဟာ ဒေါက်နေရာပါ။
ဒေါက်ပုံကို ပုံမှာပြထားပါတယ်။

၇၆လက်မကို ၃ကွက်ခွဲရင် တစ်ကွက်မှာ ၂၅လက်မငါးပဲရပါတယ်။

အခု ထွက်လာတဲ့၂၅လက်မငါးပဲ ကို တဝက်စီထပ်ခွဲပါ။
၁၂လက်မ၆မူး၂ပြား စီလောက်ရပါတယ်။

၃ကွက်ကိုခွဲတဲ့အခါ စည်းသုံးကြောင်းထပ်ထွက်ပါလိမ့်မယ်။

အဲ့ဒိစည်း၃ကြောင်းက လေပစ်စည်းတွေပါ။
အဲ့ဒိလေပစ်စည်းတွေက အဓိကကျပါတယ်။
စူးသွားမှားဖေါက်လို့မရပါဘူး။

ခုန ၅လက်မစည်း အပေါ်မှာ ဘောပေါက်အတွက် စည်းထပ်ဆွဲရပါတယ်။

သုံးမဲ့လျှောက်လမ်းနဲ့ သုံးမဲ့ဘောအကျယ်ပေါင်းပြီး ၅လက်မဒေါက်စည်းနဲ့ငါးမူး သုံးမတ်လောက်ခွာထားပါ။

ဘောကို ထိပ်ကနေ ၁မတ် ချပြီးပဲဝေပါတယ်။
တပ်ဆင်တဲ့အခါ လွယ်လို့ပါ။

ဘောကတော့ တစ်ခွဲဘောပါ။
နပ်ကတော့ ငါးပဲ ၂လက်မအရှည်။
ဘောပေါက်တွေကတော့ 8.5ဆူးသွားသုံးပါ။

ခုနလေပစ်စည်းနဲ့ဒေါက်စည်းတွေကို 6.5စူးသွားသုံးပါ။
ဒေါက်တွေကြီးနေရင် 7နဲ့ဖောက်ပါ။
လေပစ်နေရာကတော့ 6.5နဲ့ပဲဖောက်လို့ရပါတယ်။

၇ပေအမြင့်ဘာဂျာ ၉ပေအကျယ်ပဲဆိုပါစို့။
ဘာဂျာချန်နယ်တွက်တာက ၁ပေကို ၃ချောင်းနှုန်းနဲ့တွက်ပါတယ်။

၉ပေဆိုတော့ ၂၇ချောင်းထွက်ပါတယ်။
၂၈ချောင်းထားလိုက်ပါ။
ပိုပီးတော့ထားလည်းရပါတယ်။
အပေါက်ကျယ်ပြီးစျေးမရလို့တချောင်းလေါက် လျော့လည်းရပါတယ်။

အခု ဆိုရင် ကတ်ကြေးအတွက် သုံးမတ်ဖလက်ဖြတ်လို့ရပါပြီး။

ခုန ၂၅ လက်မ ၆မူးကို ဒေါက်စည်းတဘက်စီကနေ ၃မတ်စီခွာဖြတ်ပါ။
ပိုသွားလည်းရပါတယ်။

၂ပေပဲထားလိုက်မယ်။
တစ်ကန့်ကို ၂ပေ ၁၂ချောင်းထွက်လာပါတယ်။
ကြက်ခြေခတ်၂ပြန်ဆိုတော့ ၂၄ချောင်း။
တခြမ်းစား ၇၂ချောင်း
၂ဖက်စာ ၁၄၄ ချောင်း။

ပီးရင်အတိုချောင်းထပ်ဖြတ်မယ်။
၂ပေကိုတဝက်ခွဲ ရင် ၁ပေရမယ်။
၁ပေကိုငါးမူးထပ်ပေါင်း။
၁ပေငါးမူးထပ်ဖြတ်
၂ခြမ်းစာ ၂၄ချောင်းဖြတ်ပါ။

စည်းဝေမယ်။
ခုန ၂ပေချောင်းကို ထိပ်ကနေ သုံးမူးတပဲစည်းဆွဲပါ။
ထိပ် ၂ဖက်လုံးဆွဲပါ။

ဆွဲပြီးရင် စည်း၂ခုရဲ့ အလယ်ကျအောင်စည်းထပ်ဆွဲပါ။
အခု စည်းသုံးစည်း ရပြီပေါ့နော်။
၂ကွက်ရပါပြီ။
တကွက်ထဲမှာ အလယ်ကျအောင်စည်းထပ်ခွဲပါ။
အဲ့ဒါဆို စည်း ၄ချောင်းရပြီ။

ထပ်ရှင်းပြပါမယ်။
၂ပေချောင်းကို ထိပ်၂ဖက်ကနေ ၃မူးတပဲစည်းဆွဲရင်ကြားထဲမှာ ၂၃လက်မ ၁မူးကျန်ပါတယ်။
၂ပိုင်းခွဲရင် ၁၁လက်မငါးမူးတပဲလောက်ရပါတယ်။
တပိုင်းကို ထပ်ခွဲရင် ၅လက်မသုံးမတ်လောက်ရပါတယ်။

အတိုင်းချောင်း ၂ချောင်းထားပါ။
စည်းကူးထားတဲ့ပထမ၂ချောင်းကို A နဲ့ Bဆိုပီးမှတ်ထားပါ။
အခုအတိုင်းချောင်း ၂ချောင်းကို ဖင်နဲ့ခေါင်းပြန်လှဲ့ကြည့်ပါ။
စည်းညီနေတာတွေ့ရပါလိမ့်မယ်။

စည်းကူးလို့ရပါပြီး။
Aနဲ့B အတိုင်းချောင်း၂ခုကြားမှာ စည်းဆွဲမဲ့ဖလက်တွေထည့်ပါ။

ဒီနေရာမှာအဓိက ကျပါတယ်။
ဂျပန်ကွက်က ထိပ်ကနေကျင်တွယ်အညီယူတာပါ။
ဒီနေရာမှာတော့ ထိပ်အညီအဓိကမဟုတ်ပါဘူး။

အလယ်ဗဟိုက စည်း ၂ချောင်းကိုသာ စည်းကျယ်တွယ်အညီယူပါတယ်။

Aကို တဖက်မှာထားရင် Bကို ကိုယ့်ဖက်မှာထားပါ။
ကျင်တွယ်ကိုင်ရာမှာလည်း ညာလှည့်ထားရင် ပီးဆုံးတဲ့အချိန်အထိ ညာဘက်လှည့်ထားပါ။

ရစ်တယ်ဆိုတဲ့ နေရာတွေလည်းလုပ်ပါတယ်။
ဘာဂျာလက်ရာမကြိုက်လို့၂ဖွဲ့၃ဖွဲ့ပြုတ်သွားတဲ့နေရာတွေလည်းလုပ်ပါတယ်။

#သံဘာဂျာတံခါးအခြေခံအပိုင်း၂

2️⃣ စည်းဆွဲမှတ်စို့ရိုက်ပီးရင် 6.5စူးသွာနဲ့ဖောက်ပါ။
ဖောက်ပီးရင် ထိပ်ပိုင်းအပေါက်နဲ့အလယ်ဗဟို
ကြားက တစ်ပေါက်ထဲကို 12 သို့13mm စူးသွားနဲ့ကော်ရက်ရှင်နှိုက်ပါ။

ပြီးလျင်ထိပ်ဖျားတွေကို ဒေါင့်လေးတွေဖြတ်ချပီး ဝိုင်းပေးပါ။
ထိပ်ဖျားအပေါက်အပြင်ဘေးသား ရှည်နေရင်ဖြတ်ချပါ။
တမတ်လောက်ပဲထားပါ။

ပီးလျင်-
ခုန ၁ပေ၁မတ် ၂၄ချောင်းကို ၁၂ချောင်းယူပြီး အတိုင်းချောင်းနဲ့စည်းကူးပါ။

သုံးပေါက်တွဲဘက်က ကူးပါ။
ပီးရင်ဖောက်ပါ။
အလယ်ပေါက်ကို ကော်ရက်ရှင်နှိုက်ပါ။

ကျန်နဲ့၁၂ချောင်းကို ထိပ်ပေါက်နဲ့အလယ်ဗဟိုစည်း ၂စည်းပဲကူးပီးဖောက်ပါ။
ဒီ၁၂ချောင်းကိုတော့ ကော်ရက်ရှင်နှိုက်စရာမလိုပါ။

သုံးမတ်ဖလက်ကို အပြားညီတာရွေးသုံးပါ။
အခုနောက်ပိုင်းဘာဂျာအတွက်သီးသန့်လာပါတယ်။ သုံးမတ်အလျော့ပါ။

ပီးလျင်-
ကတ်ကြေးတွဲလို့ရပါပြီး။
ခုန ၁ပေ၅မူး ၃ပေါက်တွဲ၁၂ချောင်းနဲ့ ၂ပေချောင်း၁၂ချောင်းနဲ့အရင်တွဲပါ။
ကြားထဲမှာတမတ်ဝါရှာတကွင်းခံပါ။
တွဲမဲ့လေပစ်ဆန်ကိုတော့ သုံးပဲကွိုင်ထဲကဖြတ်သုံးပါ။
ခြောက်မူးဝန်းကျင်လောက်အတိုလေးတွေဖြတ်သုံးရပါတယ်။

ကတ်ကြေးတွဲတဲ့အခါ ခေါင်းလုံးတူသုံးပါ။
အင်ဂျင်ဝိုင်အနည်းငယ်သုံးပါ။
တူထုအားကြောင့်ကောက်သွားရင်တခါထဲညှိပါ။
အရမ်းတင်းကျပ်နေတဲ့အထိမထုပါနဲ့။

သုံးမဲ့ဒေါက်ကို ချိန်ပါ့မယ်။
သုံးမဲ့ဒေါက်က-
၁လက်မ ၁မူး-
၁လက္မ ၃ပဲ-
၁လက်မ၁မတ်-
လာပါတယ်။

၁လက်မ၁မူးကိုမသုံးပါနဲ့
လျှောက်လှမ်းထူရင် ကားထည့်ရလို့ပါ။

ငါးမတ်ဒေါက်နဲ့ချိန်မယ်။
ငါးမတ်ဒေါက် ၂ချောင်းယူပြီး
ဖောက်ထားတဲ့ဘာဂျာချန်နယ်၂ချောင်းယူ ပီး ဘယ်ညာစွတ်ပြီး အပေါ်ကပြန်ဖုံးပါ။

ဘာဂျာဖုံးထားတဲ့အတိုင်းပါ။
ဒေါက်၂ခု ထောက်ထားတဲ့ဘာဂျာမြောင်း၂ခုကြားကို သုံးမတ်ဖလက်အတို၂ ချောင်းထပ်ပီး ထည့်ပါ။
ပီးရင်ဝါရှာ ကွင်းလေးတွေပါ ထိုးထည့်ပါ။
သုံးမတ်ဖလက် ၂ဒုစာနဲ့ဝါရှာ၈ပြားဝင်တယ်ဆိုပါစို့။

ဘာဂျာစီတဲ့အခါမှာ-
ဒေါက့်အနီးက ပင်ဆုံမှတ်တိုင်းမှာ ဝါရှာ ၆ကွင်းလောက်ပဲသုံးပါ။
ချိန်တဲ့အချိန်မှာ ဝါရှာ၈ကွင်းဝင်ပေမဲ့ ဒေါက်တွေကို တူနဲ့ထုပီး လေပစ်တေတဲ့အခါမှာ တပဲလောက် နိမ့်သွားပါတယ်။

ငါးမတ်ဒေါက်က တူနဲ့ထုပြီးတဲ့အခါမှာ ၁သုံးပဲ ပဲကျန်ပါတယ်။

ပင်ဖြတ်လို့ရပါပြီး။
သုံးပဲကွိုင်ကိုဖြောင့်ပြီး
ဒေါက်ထက် ၁ပဲလျော့ဖြတ်ပါ။
ထိပ်လေးတွေလုံးပါ။

သုံးရမဲ့လေပစ်ချိန်မယ်။
ဒေါက်အရှည်ငါးမတ်မှာ
ဘာဂျာချန်နယ်အထူ ၁မူး ၂ခါထည့်ပေါင်း။
အပြင်ကိုတမတ်လောက်ထွက်မယ် ဆိုတော့ တစ်မတ်ထည့်ပေါင်းပါ။
တစ်လက်မသုံးမတ်လေပစ်သုံးပါ။

အတိအကျသုံးချင်ရင်တော့ ၁လက်မ၆မူးလေပစ်သုံးပါ။

ဘာဂျာစည်တဲ့အခါ ဒေါက်ချိန်တုန်းကဝါရှာ ၈ကွင်းဝင်ပေမဲ့ လေပစ်နေရာမှာ ၉ကွင်းသုံးပါ။
၁ကွင်းပိုထည့်ထားဒါပါ။

ဘာဂျာစည်တဲ့အခါမှာ-
လေပစ်တွေစွပ်ပီးရင် ဝါရှာလေးကွင်းစီလိုက်ထည့်ပါ။

ပီးရင်ဘယ်ဘက်က စစီပါ။
ပထမအကန့်တွေမှာ ကတ်ကြေးတွဲလေပစ်တွေကို အောက်ဆုံးမှာထားပါ။

အပေါ်ဆုံးမှာ ထိပ်ဘက်မှာထားပါ။
အလယ်အကန့်ကိုအချို့ကကတ်ကြေးမတွဲပဲစည်ပါတယ်။

ပထမ နှစ်ပေါက်အတိုချောင်းစွပ်ပါ။
ဝါရှာတကွင်းထည့်ပါ။
ပီးရင် ကတ်ကြေးတွဲအတိုနဲ့အရှည်တတွဲကိုချိတ်ပါ။
ကတ်ကြေးတွဲအရှည်တွေ ဆက်ထည့်ပါ။
ဖလက်နှစ်ပြားမထပ်ခင် ဝါရှာတပြားစီထည့်ပါ။
အားလုံးပီးရင်အပေါ်မှာလေးပြားထည့်ပါ။

ဒေါက်နေရာကဆုံချက်တွေမှာ ပင်ထိုးပါ။
အလယ်မှာဝါရှာတစ်ကွင်း
အောက်မှာသုံးကွင်းအပေါ်မှာ၂ကွင်းထည့်ပါ။

ဘေးအစွန် ဖလက်၁ပြားထဲကျတဲ့နေရာမှာ ဖလက်တပြားစာဝါရှာပေါင်းထည့်ပါ။
ပီးရင် အုပ်လို့ရပါပြီး။

ဂိုက်နဲ့ညှစ်ရင်လည်းညှပ်ထားပါ။
ဒါမှမဟုတ်-
သွပ်ကြိုးနဲ့လိုက်တုပ်ပါ။

တူနဲ့မလုံးခင် ရှည်နေရင်ကျောက်စက်နဲ့တိုက်ပစ်ပါ။
လေပစ်နေရာတူထုဒါအဓိကပါ။
အသာအယာထုပါ။
အရမ်းတင်းကြပ်နေအောင်မထုရပါ။
ထုအားများရင် လေပစ်ကောက်သွားတတ်ပါတယ်။

စီတဲ့အခါ ဘယ်ကစရင် နောက်အချပ်ညာက စခင်းပါ။
လေပစ်ခေါင်းကအပြင်ကနေရပါတယါ။

ဘောပေါက်ချိန်တာက အလယ်ရင်စေ့က ၂ချောင်းမြောက်မှာ တပေါက်ပါ။
၂ချောင်းကျော်တပေါက်စီပါ။

#သံဘာဂျာရိုက်နည်းအခြေခံအပိုင်း၃

3️⃣ ဒီအပိုင်းမှာတော့ မလေးဘာဂျာရိုက်နည်းပါ ထည့်ရေးပေးပါမယ်။
--
အပိုင်း၁နဲ့၂က အတိုင်းရိုက်ပီးပီဆိုရင် တပ်ဆင်လို့ရပါပြီ။

ရိုက်ပီးပီးခြင်းတော့ ကျပ်နေမှာပါ။
အားလုံးအတိအကျလုပ်ခဲ့တယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

ဘာဂျာမတပ်ခင်မှာ အောက်လျှောက်လမ်းအတိုလေးနဲ့အောက်ခြေဘာဂျာမြောင်း၂ခုကြားထဲကိုထည့်
ကြည့်ပါ။
ကျဉ်းနေရင်ချဲ့ပေးပါ။
ကျယ်နေရင် ကျဉ်းပေးပါ။
လျှောက်လမ်းထက်တစ်ပဲလောက်ပဲကျယ်ပါစေ။
မြောင်း၂ခုကျယ်နေရင်တပ်ဆင်ပြီးတဲ့အခါ ယမ်းကြည့်ရင်အရမ်းခါနေတတ်ပါတယ်။လုံးဝမခါခြင်ရင်တော့ တစ်လက်မငါးမူးလျှောက်လမ်းနေရာမှာ ခေါက်တံခါးလျှောက်လမ်းပုံစံ uမြောင်းပဲသုံးပါ။
ဘာဂျာအောက်ခြေတွေကို ခေါက်တံခါးမှာသုံးတဲ့ ၆မူးဘွတ်ဆုံလည်လေးတွေတပ်ပေးလိုက်ပါ။
၃မတ်ဖလက်ပြားကိုအပေါက်ဖောက်ပြီး ဘာဂျာအောက်ခြေတွေမှာ ဝရိန်နဲ့လိုက်တပ်ပေးလိုက်ပါ။
ဆုံလည်လေးတွေက uမြောင်းထဲချပြီးတပ်ဆင်ရင်မယမ်းတော့ပါ။
မခါခြင်ရင် သော့ခတ်တဲ့အလယ်ရင်စေ့ချောင်းတွေကို ၁ခွဲသုံးမတ်ဟောလိုနဲ့ ပိုးလိုက်ပါ။

အပေါ်ပိုင်းကိုလည်း မတပ်ခင်မှာ လျှောက်လမ်းအတိုနဲ့ထည့်ချိန်ကြည့်ပါ။
အပေါ်ပိုင်းကတော့ များများလေးသာဟထားပါ။
နပ်နဲ့ပြန်စွဲလို့ရပါတယ်။
တပ်ပြီးတဲ့အခါမှာ ဝါရှာကြားတွေထဲအင်ဂျင်ဝိုင်ထဲ့ပါ။
အပေါ်လိုင်းပေါ်အမဲဆီလူပေးပါ။
အဲ့ဒါမှဆွဲမကောင်းသေးဘူးဆိုရင် ပင်ဆုံချက်(ကတ်ကြေးတွဲဆုံချက်)တွေကို တခုချင်းလိုက်စစ်ပါ။
ပင်ထောက်နေတာလား
ဝါရှာထူသွားဒါလား

တင်းနေတဲ့ဆုံချက်နေရာကို ငယ်နိုင်နဲ့ကလန့်ပေးလိုက်ပါ။
ကလန့်တဲ့အခါ ချောင်ရုံလေးသာကလန့်ပါ။
ကလန့်တဲ့နည်းကတော့ နောက်ပိုင်းတော်တော်အသုံးဝင်ပါတယ်။

ကျွန်တော်တို့အသုံးပြုဒါက 6.5စူးသွားပါ။
အပေါက်လွဲမယ်လို့ထင်ရင်တော့ ပင်ပေါက်တွေကို 7နဲ့ဖောက်လည်းရပါတယ်။
လေပစ်ပေါက်ကတော့ 6.5တမျိုးထဲပဲရပါတယ်။
7ဆိုတာကတော့ နည်းမှန်တော့မဟုတ်ဘူး။
ပါးပါးလေးပုပ်တာပေါ့။
ပြီးတော့ ဘောနေရာမှာ တစ်ခွဲဘောသုံးပေးမဲ့ အလယ်ညွတ်နေဒါတို့ လေပစ်မတန်းပဲကျနေရင် အဲ့ဒိနေရာကို နည်းနည်းကြီးတဲ့ဘော လဲထည့်လိုက်ပါ။
မသိမသာလေးပေါ့။
တကယ်လို့များ လေပစ်နေရာတင်းနေရင်မစိုးရိမ်ပါနဲ့။
အဖွင့်အပိတ်သာများများလုပ်ပေးပါ။

ဘာဂျာရိုးရိုးမှာ ကတ်ကြေးတွဲ၂ပေနဲ့၁ပေငါးမူး ၂မျိုးပဲပါပါတယ်။
ဖောက်တဲ့နေရာမှာလည်း ကတ်ကြေးတွဲလေပစ်ပေါက်က အလယ်ပေါက်နဲ့ထိပ်ပေါက်ကြား အလယ် မှာဖောက်ပါတယ်။

မလေးဘာဂျာမှာတော့ အလယ်ပေါက်နဲ့ထိပ်ပေါက် ကိုတဝက်ခွဲ အဲ့ဒိတဝက်ကိုထပ်ခွဲဒါပါ။
ကတ်ကြေးတွဲလေပစ်ပေါက်နေရာပြောင်းသွားဒါပါ။
၂ပေကတ်ကြေးဖလက်ပြားကို
ဘာဂျာရိုးရိုးမှာ-
ထိပ်၂ဖက်ကနေ ၃မူးတပဲစီစည်းဆွဲရပါတယ်။
ပြီးရင်ထိပ်စည်း၂စည်းရဲ့အလယ်ဗဟိုမှာစည်းထပ်ဆွဲ။

ထိပ်စည်းနဲ့အလယ်စည်းနဲ့ကြားမှာစည်းထပ်ဆွဲတာက ကတ်ကြေးတွဲပေါက်ပါ
မလေးဘာဂျာမှာကျတော့-
ထိပ်စည်းနဲ့ခုနကတ်ကြေးတွဲပေါက်စည်း
ကြားမှာ စည်းထပ်ဆွဲပြီး ခုန ကတ်ကြေးတွဲစည်းကိုဖျောက်လိုက်တာပါ။

ရှင်းအောင်ထပ်ပြောပြပါ့မယ်။
ဘာဂျာရိုးရိုးရဲ့ကတ်ကြေးတွဲပေါက်စည်းဟာ ၄ပိုင်း၁ပိုင်းနေရာမှာရှိပါတယ်။
မလေးဘာဂျာ ကတ်ကြေးတွဲစည်းက ၈ပိုင်းတပိုင်းနေရာမှာကျပါတယ်။
အဲ့ဒိတပေါက်ပဲမတူတာပါ။

ရိုးရိုးက ချန်နယ် ၃ချောင်းကတ်ကြေးထားပါတယ်။
မလေးဘာဂျာက ငါးချောင်းသွားပါတယ်။
ပုံမှာကြည့်ပါ။

ဘာဂျာရိုးရိုးမှာ ကတ်ကြေးက ၂မျိုးပဲပါတယ်။
အရှည်ချောင်းက ၂ပေဆိုရင်အတိုချောင်းက ၁ပေငါးမူး

၂ပေချောင်းကို ၁ကျပ်နေရာမှာထား
၁ပေငါးမူးကို ငါးမူးနေရာမှာထား

ဘာဂျာရိုးရိုးမှာ ၁ကျပ်နဲ့ငါးမူး ပဲပါတယ်။

မလေးဘာဂျာမှာတော့-
၁ကျပ်
သုံးမတ်
ငါးမူး
တမတ် ကတ်ကြေးတွဲလေးမျိုးပါလာပါတယ်။

ဘယ်လိုချိတ်ဆက်လဲဆိုရင်-
ကတ်ကြေးတွဲ-
၁ကျပ်နဲ့တမတ်ပူးတယ်
၁ကျပ်နဲ့ငါးမူးကတ်ကြေးတွဲ
၁ကျပ်နဲ့သုံးမတ် ကတ်ကြေးတွဲ

အလွတ်ချောင်းတွေကတော့
တမတ် သုံးမတ် ငါးမူး

ဘာဂျာစီရင်တော့
ပထမ တမတ်ချောင်းကို စခင်း
ငါးမူးချောင်းက လေပစ်နဲ့မိတယ်။
သုံးမတ်ချောင်းထပ်ခင်း သူလည်လေပစ်နဲ့မိတယ်။
ပြီးရင်ခုနကတ်ကြေးတွဲထားတဲ့
၁ကျပ်နဲ့သုံးမတ်အတွဲကို ခုနအလွတ်ခင်းထားတဲ့တမတ်နဲ့ပြန်ချိတ်ဒါ
ငါးမူးချောင်းနဲ့ ၁ကျပ်ငါးမူ ကတ်ကြေးတွဲနဲ့ပြန်ချိတ်တယ်။

အလွတ်ခင်းထားတဲ့၃မတ်ချောင်းနဲ့ ၁ကျပ်တမတ်ကတ်ကြေးတွဲနဲ့ပြန်ချိတ်တယ်။
သဘောတရားကတော့
တကျပ်ဖြစ်အောင်
တမတ်နဲ့သုံးမတ်
ငါးမူးနဲ့ငါးမူး
သုံးမတ်နဲ့တမတ်ပြန်ချိတ်တဲ့ပုံစံပါ။

ပုံဆွဲပြီး ဖလက်အတိုလေးတွေနဲ့စမ်းကြည့်ပါ။
ရိုးရိုးကျွမ်းရင်မလေးဘာဂျာရိုက်လို့ရပါပြီ။



#ရွှေတိုက်အိမ်ဆောက်လုပ်ရေး

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🛁  Beautiful Bathroom Design #ရွှေတိုက်အိမ်ဆောက်လုပ်ရေး   #shwetaikeainconstruction
RC တစ်ထပ်အိမ်လေးတည်ဆောက်ပုံအဆင့်ဆင့်ကိုလေ့လာကြရအောင်ဗျာ…
ရွှေတိုက်အိမ်ဆောက်လုပ်ရေး
ဗုဒ္ဓံ🙏 ဓမ္မံ🙏 သံဃံ 🙏"ထည်ဝါဂုဏ်ရှိန် ရွှေတိုက်အိမ်"ကျွန်တော်များ "ရွှေတိုက်အိမ်"ဆောက်လုပ်ရေးမှလူကြီးမင်းတို့ရဲ့အဆောက်အဦး...

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Home decor in Yangon (show all)
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

Khant htet Khant htet
Yangon

khant htet

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451

Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...

Bright Future Home Decoration Bright Future Home Decoration
No. 29, 89st
Yangon, 11221

Vertor Vertor
Yangon, 11091

Welcome to our Page One-stop service for furniture lovers Currently available for local clients.

Aesthetic Gift Shop by DM Aesthetic Gift Shop by DM
Thazinpan Street, Thingangyun
Yangon, 11071

Aesthetic Room Decor & Household Items

Myint Myat Pyae Sone - Flooring & Home Decoration Myint Myat Pyae Sone - Flooring & Home Decoration
Sel Myaung Street
Yangon

Flooring & Home Decoration.

Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨 Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨
Yangon

design & home decoration service