ROYAL KZC

Locks, Tools, Brackets & General Hardware Trading မှတ်သားဖွယ် ဗဟုသုတများကို တင်ပေးနေပါသည်။

Photos from အေးမေတ္တာ ကလေးအထူးကုဆေးခန်း's post 28/12/2023
Photos from WKA Security Shop's post 27/12/2023
26/12/2023
23/12/2023
21/12/2023

ဗိုက်ခေါက်ထူ အဆီစုစေနိုင်တဲ့ အလေ့အကျင့်များ

ခန္ဓာကိုယ်မှာရှိသမျှ အဆီတွေထဲမှာ ဝမ်းဗိုက်အဆီတွေက အန္တရာယ်အများဆုံးဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ဝန်းကျင်မှာ စုနေပြီး နှလုံးရောဂါ၊ ဆီးချိုနဲ့ အခြားပြင်းထန်တဲ့ နာမကျန်းမှုတေါကို ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်တွေကလည်း ခါးဆိုဒ်ကြီးလေလေ၊ အသက်တိုလေလေပဲလို့ ပြောလေ့ရှိပါတယ်။

သင်နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေ အပြင် အလေ့အကျင့်တချို့ကလည်း ဗိုက်ခေါက်ထူ အဆီစုစေပါတယ်။ ဘယ်လိုအလေ့အကျင့်တွေ ဝမ်းဗိုက်အဆီတွေစုပြီး ဗိုက်ခေါက်ထူစေနိုင်လဲဆိုတာ ရှောင်ရှားနိုင်အောင် လေ့လာကြည့်လိုက်ပါ။

၁။ ဆိုရှယ်မီဒီယာ အစွဲအလမ်းလွန်ကဲတာ။

လေ့လာမှုတွေအရ Facebook နဲ့ Instagram တို့လို ဆိုရှယ်မီဒီယာတွေ အသုံးလွန်ကဲခြင်းက ဗိုက်အဆီစုပြီး အဝလွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာစွဲလမ်းတဲ့အခါ လှုပ်ရှားမှုနည်းပြီး အထိုင်များတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ သရေစာ အစားများတာ။

သရေစာ စားတတ်တဲ့ အလေ့အကျင့်ဟာ သင့်ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကယ်လိုရီအပိုတွေ စားသုံးမိနိုင်သလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ပိုစားမိနိုင်ပါတယ်။ သရေစာအများစုက အချို၊ အဆီနဲ့ အငံဓာတ်များတာကြောင့် ဗိုက်ပူစေနိုင်ပါတယ်။

၃။ ခံစားချက်အတိုင်း စားတာ။

စိတ်ခံစားမှုကို လိုက်ပြီး စားသောက်ခြင်းကလည်း ဗိုက်ပူစေနိုင်ပါတယ်။ စိတ်ညစ်တဲ့အခါ၊ ပျော်တဲ့အခါ စသဖြင့် စိတ်ခံစားမှုပြောင်းလဲတိုင်းမှာ အစားအသောက်တွေကို အတိုင်းအဆမရှိ၊ အဆင်အခြင်မဲ့ စားသောက်မိတာကြောင့် ဖြစ်ပါတယ်။

၄။ အချိုတွေ သောက်တာ။

တစ်နေ့ကို အချိုရည်တစ်ပုလင်းသောက်တာက သင့်ကို ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ အချိုရည်အများစုက သကြားဓာတ်တွေ များတာကြောင့် ရောဂါပေါင်းစုံဖြစ်နိုင်ချေတွေလည်း များလာနိုင်ပါတယ်။ အချိုရည်အစား သောက်ရေကိုပဲ များများသောက်သုံးပေးသင့်ပါတယ်။

၅။ အထိုင်များတာ။

အလုပ်ကို ထိုင်ရာကမထလုပ်တတ်တာကလည်း ဗိုက်ပူခါးတုတ်စေနိုင်ပါတယ်။ တစ်နေ့ကို အချိန် ၈ နာရီလောက် ထိုင်နေရတာက ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သဘောပါပဲ။ ဒီလို လှုပ်ရှားမှုနည်းခြင်းကြောင့် အဆီကို လောင်ကျွမ်းစေတဲ့ အမ်ဇိုင်းတွေကို စွမ်းဆောင်ရည်နည်းသွားစေပြီး အဆိုပိုတွေ စုမိစေနိုင်ပါတယ်။

၆။ စားသောက်ချိန် မမှန်တာ။

စားချိန်သောက်ချိန်မမှန်တာ၊ ဗိုက်ဆာနေလျက်နဲ့ မစားပဲနေတာတွေက ဗိုက်အဆီတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ စားသောက်ချိန်မမှန်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးကွေးသွားစေနိုင်တာကြောင့် ကယ်လိုရီလောင်ကျွမ်းမှု နည်းသွားပြီး ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.mmgentleman.com

14/12/2023

မိသားစုဆိုတာ ဥမကွဲသိုက်မ
ပျက်နေရတယ်
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

❖ လောကလူတွေက နေ့စဉ်နှင့်အမျှ ဒီစားဝတ်နေရေးကသာ အရေးကြီးတယ်လို့
ထင်နေကြတာ။စားဝတ်နေရေးတင် လုံးပန်းပြီး လိုက်နာကျင့်သုံးရမည့် သဘာဝ
တရားတွေ မျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင်
ပြဿနာတွေ မျိုးစုံတက်မယ်။
ဆင်းရဲဒုက္ခတွေ ရောက်ကြမယ်။
စီးပွားဥစ္စာ ဘယ်လိုပဲ တိုးတက် တိုးတက်
စိတ်ချမ်းသာမှု မရကြဘူး။
တစ်ဦးနဲ့တစ်ဦး ပြဿနာတွေ တက်ပြီးတော့
ကွဲကြ ၊ ပြဲကြဒီလိုတွေ ဖြစ်ကြတာပေါ့။
အဲဒါကြောင့်မို့လို့ စီးပွားရေး တစ်ခု၊စားဝတ်နေရေး
တစ်ခုတည်းကိုသာ အာရုံမပြုဘဲနဲ့ တို့တစ်တွေမှာ
ရှိသင့်ရှိထိုက်တဲ့ စိတ်နေစိတ်ထားတွေ၊
လုပ်သင့်လုပ်ထိုက်တာတွေက ဘာတွေလဲ ဆိုတာ
မျက်ခြေမပြတ် စဉ်းစားထားဖို့ လိုအပ်တယ်။

❖ မိသားစုကြီးဟာ အသိုက်အအုံပဲ။မြန်မာစကားမှာ
ပြောကြတယ် “ဥမကွဲ သိုက်မပျက်”တဲ့။
အဲဒီလို နေဖို့ ဆိုတာဟာ အကြောင်းမဲ့ မဖြစ်နိုင်ဘူး။
အကြောင်း ရှိပါတယ်။အဲဒီအကြောင်းတွေက
စည်းရုံးရေးအနေနဲ့ဘာတွေတုံးလို့ သင်္ဂဟဝတ္ထု
လေးပါးကို မြတ်စွာဘုရားကဟောထားတာ။

❖ “သင်္ဂဟဝတ္ထု လေးပါး” ဆိုတာ စုစည်းနိုင်တဲ့
အကြောင်းတရားလေးမျိုးကို ခေါ်တယ်။
အဲဒီအကြောင်း တရားလေးမျိုးဟာ ဘာလဲ။

━━ နံပါတ် (၁)က ဒါန -
အပြန်အလှန် ပေးကမ်းခြင်း။
“ဒါန”လို့ ဆိုလိုက်တာနဲ့ အလှူအတန်းကြီး လုပ်တယ်
လို့စိတ်ထဲမှာ မအောက်မေ့နဲ့။ “ဒါန”ဆိုတာ အပြန်အလှန် ပေးကမ်းတာ။
ဥပမာ – မွေးနေ့ဆိုရင် မွေးနေ့လက်ဆောင်
ပေးတာ ရှိတယ်။ နှစ်ဦးကာလ ဆိုရင် နှစ်ဦးလက်ဆောင် ပေးတာ ရှိတယ်။
သူ့မွေးနေ့ ကိုယ့်မွေးနေ့။နေ့ထူးနေ့မြတ်
မှတ်မှတ်သားသား လက်ဆောင်ပေးကြတယ်။
ခရီးဝေးက ပြန်လာကြရင် လက်ဆောင်ပေးကြတယ်။
အပြန်အလှန် ဒီလို ပေးတာ၊ကမ်းတာဟာ စုစည်းမှု
တစ်ခုဖြစ်တယ်။

❖ မိသားစုထဲမှာ ဒါမျိုးကို လုပ်ဖြစ်အောင် လုပ်ဖို့
လိုအပ်တယ်ပေါ့။ ဥပမာ – သားသမီးလုပ်တဲ့ပုဂ္ဂိုလ်က
တစ်မြို့တစ်နယ်သွားပြီး ပြန်လာတဲ့အခါကျတော့
အမေ အဖေကို ဟောဒါ အမေကြိုက်တတ်တာလေး
ဝယ်လာတယ်။အဖေကြိုက်တတ်တာလေး ဝယ်လာတယ်။
ညီအစ်ကို မောင်နှမတွေလည်း ငါ့ညီကြိုက်တတ်တာ။
ငါ့အစ်ကိုကြိုက်တတ်တာ။ငါ့ညီမ ကြိုက်တတ်တာ
ဆိုပြီး တန်ဖိုးမကြီးပေမယ်လို့ သူကြိုက်တတ်တာလေး
ဝယ်လာပြီးတော့ လက်ဆောင်ပေးတယ်။
အဲဒါလည်း စည်းရုံးရေးတစ်ခုပဲ။
မြတ်စွာဘုရားက ဒါကို မမေ့ရအောင် ဟောထားတာ။
ကိုယ့်အိမ်မှာ ဟင်းလေးချက်ထားရင်အမေဆီ ပို့ပေးတယ်။
အဖေဆီ ပို့ပေး။ညီအစ်ကို မောင်နှမတွေ ခွဲဝေစား။
ဟော ဒါနပဲ၊ အဲဒီလို ပေးကမ်းခြင်းဟာ တစ်ဦးနဲ့တစ်ဦး
မေတ္တာနှောင်ကြိုး ခိုင်မြဲစေတယ်။
Socity ကိုခိုင်မာစေတယ်။
အသင်းအဖွဲ့တစ်ခုကိုလည်း ခိုင်မာစေတယ်။
ဒါအရေးကြီးတာတစ်ခု ဖြစ်တယ်ပေါ့။

❖အေး ... ပေးရုံ ကမ်းရုံနဲ့ ပြည့်စုံပြီလားဆိုတော့
မပြည့်စုံသေးဘူး။ နောက်တစ်ခု လုပ်ဖို့ လိုသေးတယ်၊
တစ်ချို့လူတွေက ပေးတော့ ပေးပါရဲ့။
အပြောကျတော့ ရိုင်းတယ်။
ပြောတာ၊ဆိုတာ ကြမ်းတယ်ပေါ့။
ဟော ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်မယ်
ဆိုရင် မေတ္တာပျက်သွားတတ်တယ်။
စည်းရုံးရေး ပျက်သွားတတ်တယ်။
တစ်ဦးနဲ့တစ်ဦး ဆက်ဆံပေါင်းသင်းတဲ့အခါမှာ
အပြော အဆို အင်မတန်မှ အရေးပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက နံပါတ်(၂)အနေနဲ့
“ပေယျဝဇ္ဇ”-ကြင်နာတဲ့ စကားမျိုး ပြောတတ်ရမယ်တဲ့။
ယဉ်ကျေးတဲ့ စကားမျိုး ပြောရမယ်။ အသင်းအဖွဲ့ထဲမှာ
အသင်းသား တစ်ဦးနဲ့တစ်ဦး၊ မိသားစုထဲမှာ ညီအစ်ကို မောင်နှမတွေ တစ်ဦးနဲ့တစ်ဦး ရိုင်းပြတဲ့ စကားမျိုးတွေ
မပြောဘဲနဲ့ ကြင်နာတဲ့စကား၊ ယဉ်ကျေးတဲ့စကားမျိုးတွေ ပြောဖို့ လိုအပ်တယ်တဲ့။
ဒါလည်းပဲ အင်မတန်မှ ထိရောက်တဲ့
စည်းရုံးရေးတစ်ခုပဲ ဖြစ်တယ်။

❖အေး …တစ်ချို့ကျတော့ ပေးတာကိုလည်း
အလေးအနက် မထားဘူး။
စကားချိုချိုသာသာ ပြောတာကိုလည်း
အလေးအနက် မထားဘူး။
ဘာကို အလေး အနက် ထားတုံးဆိုလို့ရှိရင်
သူ့မှာ ကိစ္စဝိစ္စရှိတယ်။ဆောင်ရွက်လုပ်ကိုင်စရာ
ရှိလို့ရှိရင်ဝိုင်းဝန်းပြီးတော့ ကူညီလုပ်ကိုင်ပေးတယ်။
အဲဒါကို တန်ဖိုးထားတဲ့ လူမျိုးကလည်း ရှိသေးတယ်။
အဲဒီတော့ မိသားစုထဲမှာ သူ့တာဝန်၊ကိုယ့်တာဝန်
ခွဲခြားသတ်မှတ်ထားပေမယ်လို့ တစ်ခါတစ်ရံ
မနိုင်မနင်း ဖြစ်နေတာမျိုးတွေတို့၊အကူအညီလိုအပ်နေတဲ့
နေရာမျိုးတွေ ဝင်လုပ်ပေးတာမျိုး။
ဒါဟာလည်းပဲ အင်မတန်ကောင်းတဲ့ စည်းရုံးရေး
တစ်ခုပဲတဲ့။ အဲဒါကို “အတ္ထစရိယာ”လို့ ခေါ်တယ်။
အတ္ထစရိယာ = သူရဲ့အကျိုးကို ပြုကျင့်ပေးတာ။
သူ့ အကျိုးကို ဆောင်ရွက်ပေးတာ။
သူရဲ့ကိစ္စကို ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးတာ။
ဒါလည်း မိတ်ဆွေတွေကြားထဲမှာ လိုအပ်တဲ့
အချက်တစ်ခုပဲ ဖြစ်တယ်။

❖ဟော ...နောက်တစ်ခုက ဘာတုံးဆိုလို့ရှိရင်
“သမာနတ္တတာ”-တန်းတူရည်တူ ထားခြင်း၊ဆက်ဆံခြင်း။
လောကမှာ သိပ်အထင်သေးပြီး ဆက်ဆံကြမယ်
ဆိုရင် မခံနိုင်ကြဘူး ဒါသဘာဝပဲ။
ဘာတွေပေးပေး၊
ချိုချိုသာသာ ဘယ်လိုပဲ ပြောပြော၊
ကိုယ့်ကိစ္စတွေ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး၊
အထင်သေးခံရတဲ့ပုဂ္ဂိုလ်က စိတ်ထဲမှာ အင်မတန်မှ
နာကြည်းတတ်တယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်နဲ့
တန်းတူထားပြီးတော့ ဆက်ဆံနိုင်ရမယ်တဲ့။
ဆက်ဆံရေးမှာ ကိုယ်နဲ့ တန်းတူထားပြီးတော့
ဆက်ဆံကြည့်။ဒါလေးတွေဟာ သာမန်ကြည့်လိုက်တော့
ဘာမှမဟုတ်တဲ့ ကိစ္စလေးလို့ ထင်ကောင်းထင်ကြမယ်။

❖ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က အခုပြောခဲ့တဲ့
✤“ဒါန”ဆိုတဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်
ပေးကမ်းခြင်း၊
✤“ပေယျဝဇ္ဇ”ဆိုတဲ့ ကြင်နာတဲ့စကားကို ပြောဆိုခြင်း၊
✤“အတ္ထစရိယာ” ကိစ္စဝိစ္စရှိရင်
ကူညီဆောင်ရွက်ပေးခြင်း၊
✤“သမာနတ္တတာ” ကိုယ်နဲ့ တန်းတူထားပြီး
ဆက်ဆံခြင်း
ဆိုတဲ့ ဒီအချက်လေးချက်အတိုင်း မလိုက်နာဘူး
ဆိုရင်တဲ့ အမေ၊အဖေပင် ဖြစ်ပါစေ၊သားသမီးဆီက
အကျိုးရမှာ မဟုတ်ဘူးတဲ့။ ဒီလို ဟောထားတာနော်။

❖ ဘယ်လောက်အထိ အရေးကြီးလဲ ဆိုလို့ရှိရင်
လှည်းဘီးတို့ ၊ မြင်းလှည်းဘီးတို့မှာ “နားပန်းစောင့်”
ဆိုတာ ရှိတယ်။ဘီးကျွတ် မထွက်သွားအောင်
ကန့်လန့်ကလေး ခံထားတာ။ ကားတွေကျတော့လည်း တစ်မျိုးပေါ့နော်။ဘီးကျွတ်မထွက်သွားအောင် တပ်ထားတဲ့
ကန့်လန့်ခံပြီး တပ်ထားတဲ့ အချောင်းလေးကို “နားပန်းစောင့်”လို့ခေါ်တယ်။
ဒါလှည်းနဲ့ ပတ်သက်လို့ ပြောတာပေါ့။
အဲဒီတော့ ဘီးမကျွတ်အောင် တပ်ထားတဲ့ ကန့်လန့်၊
ကားနဲ့ဆိုရင် နပ်တို့ ဘာတို့ပေါ့။အင်မတန်မှ
အရေးကြီးတယ်။ကျွတ်ထွက်သွားလို့ရှိရင် ဒီကား၊
ဒီလှည်း ရှေ့ကို ဆက်သွားနိုင်မှာ မဟုတ်တော့ဘူး။
အဲဒါမျိုးပဲ လူ့ရဲ့ Socictyı အသင်းအဖွဲ့ကြီး၊မိသားစုကြီးဟာ
ဒီသင်္ဂဟဝတ္ထုလေးပါးဟာ နားပန်းစောင့်နဲ့ အလားတူတယ်။
မောင်းနေတဲ့ကား ဘီးကျွတ်ထွက်သွားပြီဆိုရင်
အင်မတန်အန္တရာယ်ကြီးတယ်ပေါ့။
အဲဒီအန္တရာယ်ကြီးလိုပဲ။
မိသားစုထဲမှာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းကွဲပြားသွားကြပြီး
မတည့်ကြဘူးဆိုရင် ဒါအန္တရာယ်ကြီးတစ်ခုဖြစ်တယ်။
ဒါ့ကြောင့်မို့ မြတ်စွာဘုရားက သင်္ဂဟတရားလေးပါးအတိုင်း
လိုက်နာဖို့ ဆိုပြီး ဟောထားတာ ဖြစ်တယ်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

30/11/2023

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

Photos from Popular Paoh Stars's post 27/10/2023
Photos from Moharmed-Digital creator's post 20/10/2023
20/10/2023

အပြင်မှာ လက်တွေ့တက်​ရောက်သင်ကြားနိုင်မယ့် GRAPHIC DESIGN သင်တန်း ( Saturday & Sunday ) ရုံးချိန်လွတ်အတန်း . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
💛 Gráfico ရဲ့ Professional Graphic Design Batch-13, စနေ၊ တနင်္ဂနွေ ရုံးချိန်လွတ် အတန်းသစ်ကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Saturday & Sunday Class ဖြစ်တာကြောင့်
ရုံးချိန်လွတ် Offline တက်ချင်တဲ့သူတွေအတွက်
အထူးအဆင်ပြေပါလိမ့်မယ်။
သင်တန်းသားဦးရေ အနေနဲ့လည်း ၉ ယောက်သာလက်ခံမှာဖြစ်တာကြောင့် လူမပြည့်ခင် အမြန်ဆုံးလာရောက် စာရင်းပေးထားဖို့တိုက်တွန်းချင်ပါတယ်။
ရုံးချိန်လွတ်အတန်းဖြစ်တဲ့အတွက် တစ်ပတ်မှာ ၂ ရက်ပဲတက်ရမှာဖြစ်တာကြောင့် သင်တန်းကာလက ၅ လခန့်ကြာနိုင်ပါတယ်။ နောက်အတန်းသစ်က နောက် ၅ လ လောက်မှပြန်စဖြစ်မှာပါ။
🕒 သင်တန်းတစ်ချိန်ကို ၂နာရီကြာမြင့်မှာဖြစ်ပြီး သင်ကြားချိန်အတွင်းမှာ နားမလည်တာ၊ မရှင်းလင်းတာတွေကို မေးမြန်းနိုင်ရန်အတွက်အနီးကပ် ရှင်းပြပေးမယ့် Guide ဆရာလည်း ရှိတာကြောင့် သင်ခန်းစာတွေကို အလစ်လပ်မရှိ သင်ယူနိုင်မှာဖြစ်ပါတယ်။
✒ သင်ထောက်ကူပစ္စည်းအနေနဲ့ ပုံဆွဲရမယ့်အချိန်များမှာ သင်တန်းသားတိုင်းအတွက် Drawing Tablet တစ်လုံးစီထားရှိပေးထားတာကြောင့် Tablet မသုံးတတ်မှာတော့စိတ်ပူစရာမရှိနိုင်ပါဘူး။
💡 Graphic Designနဲ့ ပတ်သက်ပြီး အခြေခံလုံးဝမရှိဘဲ ခုမှစပြီးလေ့လာချင်သူတွေ၊ Graphic Designer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်ချင်တဲ့သူတွေနဲ့ လုပ်ငန်းခွင်သုံး ဒီဇိုင်းပိုင်းကို သေချာလေ့လာချင်သူတွေအတွက် အခြေခံကနေစပြီးသင်ကြားပေးမှာဖြစ်တာမို့ အထူးအဆင်ပြေမှာဖြစ်ပါတယ်။
သင်တန်းမှာအဓိက သင်ကြားပေးမယ့် Software တွေကတော့ Adobe: Photoshop, illustrator နဲ့ indesign တို့ပဲဖြစ်ပါတယ်။
💛 ဘာ​တွေသင်ကြားရမလဲဆို​တော့ . . .
• Introduction to Graphic Design
• Color Theory
• Logo Design
• Retouching
• Graphic Design History and Critique
• Typography
• File Management & Best Practices
• Combining Image Vector and Text
• Understanding Document Color CMYK, RGB, Grayscale
• Prepare file for Print or Screen
• Manipulation
• Advertising Design
• Grid and layouts (Indesign)
• Pamphlet, Flyers, Company Profile, Menu Book and Calendar Design and Layouting
• Brand Identity
• Design Concept
• Flat illustration and Vector Portrait
• Design For Social Media
• Packaging Design
• Types of Fonts
• Font Lettering and Type Design
• Layout and Composition ...
ဖော်ပြပါသင်ခန်းစာတွေအပြင် . . .
• Software များကို တွဲစပ်ပြီးအသုံးပြုပုံ၊
• Tools, Layers, Style, Masking, Effect, အသုံးပြုပုံများ၊
• Design Fundamentals and Principles
• Printing နဲ့ပတ်သက်တဲ့ အယူအဆများ
ပါဝင်ပါမယ်။
သင်တန်းကြေးအနေနဲ့ကတော့ မပြောင်းလဲတဲ့
250,000 ကျပ်ပါပဲ။
🗓 Starting Date: 21st, October 2023
🕒 သင်တန်းအချိန်: 5pm to 7pm ( Saturday and Sunday)
သင်တန်းအ​ကြောင်း အ​သေးစိတ်ထပ်မံသိရှိလိုပါက
Page Messenger (or)
Phone Number : 09250005795,
09 421075946 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🏠 No.165(A), 2nd Floor,
San Pya 4 Street, Thingangyun Tsp,
Yangon.

Photos from Prime Auto Technology's post 16/10/2023
11/10/2023
Photos from Ar Kar's post 11/10/2023
Photos from Win Theingi - Twins  Company Limited's post 05/10/2023
04/10/2023

လချုပ်/နှစ်ချုပ်​စာရင်းရေးဆွဲ​ဖို့ လိုနေပြီလား?
စာရေးမကို သတိရလိုက်ပါ ...

ဒီ​နေ့ စာရေးမ - စာရင်းကိုင်နှင့် အထွေထွေရုံးလုပ်ငန်း ဝန်ဆောင်မှု ကနေ ထပ်မံမိတ်ဆက်​ပေးချင်တာက​​တော့ MSMEs လုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များ အတွက် လချုပ်/နှစ်ချုပ် စာ​ရင်း​တွေ ​ရေးဆွဲ​ပေးမယ့် ၀န်​ဆောင်မှု​လေးပဲဖြစ်ပါတယ်။

လုပ်ငန်းရှင်များအ​နေဖြင့် မိမိလုပ်ငန်းမှာ

စာရင်းအင်းပိုင်းဆိုင်ရာအတွက် ​စာ​ရင်းကိုင်သီးသန့်မထားချင်ဘူး၊

​ငွေသွင်း​ငွေထုတ်ပြုလုပ်ရာမှာလည်း စာရင်းအင်းကျကျ ပြုလုပ်ချင်တယ်၊

Data/documents vouchers​တွေကို တစ်စုတစ်စည်းတည်းထားပြီး စည်းစနစ်ကျကျနဲ့ လစဉ်/ နှစ်ချုပ် စာရင်းဇယားများကို ​ရေးဆွဲချင်တယ် ဆိုရင်​တော့ စာ​ရေးမရဲ့ ၀န်​​ဆောင်မှု​လေးကို သတိရလိုက်ပါ။

စာ​ရေးမရဲ့ ဒီ လချုပ်/နှစ်ချုပ် ​စာရင်း​ရေးဆွဲ​ပေးမည့်၀န်​ဆောင်မှုမှာ ဆိုရင်​တော့

- မိမိလုပ်ငန်း၏ ​တစ်​နေ့တာ ၀င်​ငွေ/ထွက်​ငွေများအလိုက် Daily Report​ရေး​ပေးခြင်း

-မိမိလုပ်ငန်း၏ သ​ဘောသဘာဝနှင့် ​policy များ​ပေါ်မူတည်၍ စာရင်းအင်းဆိုင်ရာ Formsနှင့် Formatsများသတ်မှတ်​ပေးခြင်း

-တစ်လတစ်ခါ စာရင်းအင်းများကို မိမိ၏ရုံးဌာနများတွင်လာ​ရောက် စစ်​ဆေး​ပေး၍ လအလိုက်/နှစ်အလိုက် နှစ်ချုပ်စာရင်းများ​ရေးဆွဲ​ပေးခြင်းစသည့် ၀န်​ဆောင်မှုများပါ၀င်မှာဖြစ်ပါတယ်။

ဒီ service​လေးက​တော့ လစဥ် 150,000 မှစတင်၍ မိမိ၏လုပ်ငန်းအ​ပေါ်မူတည်ပြီး ​စျေးနှုန်း​အ​ပြောင်းအလဲရှိမှာ​ဖြစ်တာကြောင့် အ​သေးစိတ်သိရှိလိုပါက 09740915556 သို့ ဆက်သွယ်ပြီး အခမဲ့ စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင့်....

စာရင်းကိုင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် စာရေးမ - စာရင်းကိုင်နှင့် အထွေထွေရုံးလုပ်ငန်း ဝန်ဆောင်မှု အား ယုံကြည်စိတ်ချစွာအပ်နှံ၍ အတူလက်တွဲဆောင်ရွက်ခဲ့ကြပါသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုများအား လက်ဆင့်ကမ်း မိတ်ဆက်ပေးပါသော မိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ..

✅Building a Strong Financial Foundation for Your Success✅

👥 ဆက်သွယ်ဆောင်ရွက်လိုပါက ..
☎️ 09-740 91 555 6
📧 [email protected]
🏢 အမှတ်(၃၀)၊ ဗဟိုစည်အိမ်ရာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Myanmar Enterprise Solutions's post 02/10/2023
Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

75, 80, 1st Floor, Theingyizay E-Block, Lathar Tsp. , Yangon, Yangon
Yangon
95-1-240600(EXT.4548)95-9-513638595-9-73051293

Other Yangon finance companies (show all)
Worldlink Express Shipping (W.E.S Group) Worldlink Express Shipping (W.E.S Group)
Than Thu Mar
Yangon

Insurance, Logistics & General Services

Phyo$AIA Life Insurance Phyo$AIA Life Insurance
22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon

💓မိသားစုကိုချစ်သောသူများအတွက်💓

NTK - Natsuki Authorized Money Changer NTK - Natsuki Authorized Money Changer
Yangon

Authorized Money Changer

Hmone Nathar Tun Hmone Nathar Tun
Yangon, 11071

If you're interested in protecting families from the comfort of your home, send me a message. I would be happy to discuss our opportunity with you. Keep dreaming!

Yumn - Forex and gold advisor Yumn - Forex and gold advisor
Yangon

နိုင်ငံတကာငွေကြေးနှင့်ကမ္ဘာ့ရွှေရ?

𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚 𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚
Lanmadaw Street
Yangon

𝙋𝙖𝙮𝙋𝙖𝙡 𝘼𝙘𝙘𝙤𝙪𝙣𝙩 & 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 Viber - 09959877552 , 09980385770

Myanmar Remit Myanmar Remit
Urban Asia Center, Room No 254, 2nd Floor , Corner Of 48th Street & Maha Bandula Road, Botataung Tsp
Yangon, 11221

We provide an official platform for receiving and recording the amount of money transferred to/from

Mangala Money Mangala Money
Yangon

ဘဏ် ငွေရေးကြေးရေး အာမခံ ရင်းနှီးမြှုပ်နှံမှု

Growth Up Together with Sithu Growth Up Together with Sithu
Yangon

Learning and Development, Organizational Development and Business Development

AIA Foster Financial Services AIA Foster Financial Services
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon

သင်နှင့် သင့်မိသားစုအတွက်

Forex Mining Myanmar Forex Mining Myanmar
Yangon

Advise for all