Burbrit Brewery

Burbrit Brewery

Nearby food & beverage services

Peacock Beer
Peacock Beer
U Wisara Road

You may also like

MRS L's Pancitan
MRS L's Pancitan

Myanmar’s first microbrewery that creates natural freshly-brewed craft beers. Cheers!

Burbrit, the first microbrewery in Myanmar, makes freshly and locally brewed craft beer in small batches according to century-old German tradition. Using highest quality malts and hops from Germany, we brew fresh, nutritious, delicious, pure and natural beer that is good for your health and palates. Since we keep our beer refrigerated at all time, we do not need to use chemicals to preserve it. Th

Photos from Burbrit Brewery's post 22/12/2023

ဘယ် ဘားဘရစ်ဆိုင်ခွဲ နဲ့ အနီးဆုံးလဲ ?

ဘီယာကို တစိမ့်စိမ့် အရသာခံပြီး သောက်တတ်တဲ့ ဘီယာချစ်သူတွေအတွက် မြန်မာနိုင်ငံမှာ ပထမဦးဆုံး Craft beer စမိတ်ဆက်ခဲ့တဲ့ ဘားဘရစ်ဆိုင်ခွဲတွေက ဘရိုတို့ရဲ့ လက်တစ်ကမ်းမှာပဲနော်။ ရန်ကုန်မြို့ကြီးမှာ ဘားဘရစ်ဆိုင်ခွဲပေါင်း (၃) ဆိုင်ဖွင့်လှစ်ထားပြီး ၊ နေပြည်တော်မြို့ကြီးမှာ (၁) ဆိုင် ရှိပါတယ်။ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတွေအတွက်လည်း ထိုင်းနိုင်ငံမှာ ဆိုင်ခွဲပေါင်း (၂) ဆိုင် တိတိကို တိုးချဲ့ ဖွင့်လှစ်ထားပါတယ်။ အနီးစပ်ဆုံး ဘားဘရစ်ဆိုင်ခွဲကို ညနေတိုင်း လှမ်းခဲ့ဖို့
ဖိတ်ခေါ်ပါတယ်။


#ဘားဘရစ် #ဘီယာ

20/12/2023

Burbrit Taproom at The Central ဆိုင်ခွဲတွင် အသုံးပြုလျက်ရှိသော 09 758 600 880 ဖုန်း sim card မှာ ခေတ္တ အသုံးပြု၍ မရနိုင်ပါသဖြင့် 09 409 886 644 သို့ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းအပ်ပါတယ်။

19/12/2023

Kayah Sausage is our current best-selling dish in BKK. Its unique texture and spice-forward character go extremely well with craft beers too. Don't forget to try it the next time you visit us at Soi 22 taproom.

A glass of Golden Ale is exactly what you need after a long day of work or shopping at the central Bangkok.

Pair it with our Kayah Sausage, the famous Kayah traditional food in Myanmar made with pork, garlic, ginger, pepper and a lot of spices. It's the ultimate combo!

Happy Hour Promo
-------------------------------
Golden Ale - 120 Baht only
Until 8PM Daily

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 11:00 am - 1:00 am

13/12/2023

Can you spot the difference? 👀

အင်းယားကန်ဘောင်ရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ်က Burbrit Taproom Central မှာ အခုကစပြီး outdoor area မှာ ထိုင်လို့ရပါပြီ။ စားပွဲအကန့်အသတ်ရှိတာမို့ အပြင်မှာ အေးအေးဆေးဆေး chill ချင်သူတွေ Reservation ကြိုလုပ်ထားဖို့တော့ မမေ့နဲ့နော်။

𝗕𝘂𝗿𝗯𝗿𝗶𝘁 𝗧𝗮𝗽𝗿𝗼𝗼𝗺 @𝗧𝗵𝗲 𝗖𝗲𝗻𝘁𝗿𝗮𝗹
The Central Boulevard, Kabar Aye Pagoda Road, Yankin Tsp, Yangon.
Opening Hours: 7:00 am - 10:30 pm
☎️ 09 758 600 880


#ဘားဘရစ် #ဘီယာ

09/12/2023

Luke is the man behind the legendary Nagaland Pale Ale (formerly known as Nevada). Since he created that hoppy ale in 2018, it has become our top selling beer in Myanmar. It's now available at both of our BKK Taprooms too. Thanks for visiting us in Bangkok, Luke! 🍻🍻

Photos from Burbrit Brewery's post 08/12/2023

နေပြည်တော်က Burbrit Taproom မှာ စုံလင်တဲ့နေ့လည်စာဟင်းလျာများကို Lunch Menu အဖြစ် တိုးချဲ့မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကိုလည်း မနက် (၁၀) နာရီ ပြောင်းထားတာဖြစ်လို့ သပြေကုန်းနဲ့တဝိုက်မှာ အရသာရှိတဲ့ နေ့လည်စာလက်ရာကောင်းကောင်း သုံးဆောင်ချင်ရင် သပြေကုန်းဈေးအရှေ့ ကုန်းအပေါ်လေးမှာ ဖွင့်လှစ်ထားတဲ့ Burbrit ကို ကြွလှမ်းခဲ့ပါ။

Burbrit Taproom
No.10, Thapyay Gone Market Hill Top, Nay Pyi Taw
Opening Hours: 10:00 am - 10:30 pm
09 882 090 202

Photos from Burbrit Brewery's post 04/12/2023

မကြာခင်ကမှ အသစ်ဖွင့်လိုက်တဲ့ ဘန်ကောက်မြို့ နောက်ဆုံးပေါ် megamall ကြီးဖြစ်တဲ့ EmSphere ကို ရောက်ပြီးကြပြီလား။ EmSphere ကို အလည်လာရင် သူ့ဘေးကပ်မှာတည်ရှိတဲ့ Burbrit 22 ကို ဝင်ခဲ့ဖို့လည်း မမေ့နဲ့နော်။

မြန်မာပြည်မှာဖန်တီးချက်လုပ်တဲ့ Craft Beer အမျိုးမျိုးအပြင် မြန်မာ၊ ထိုင်းနဲ့ ဥရောပအစားအစာတွေကို Burbrit မှာ ရရှိနိုင်ပါတယ်။ အမြဲစည်ကားသက်ဝင်နေတဲ့ Sukhumvit လမ်းမကြီးပေါ်မှာရှိတာဆိုတော့ ညနေခင်းဆိုရင်
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ အေးအေးဆေးဆေး Chill လို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။

ည (၈) နာရီမတိုင်ခင် အရမ်းတန်တဲ့ Happy Hour promotion တွေလည်းရှိတာမို့ Asok နဲ့ Phrom Phong တဝိုက်မှာ ရှော့ပင်းထွက်ရင်း Burbrit ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 11:00 am - 1:00 am

29/11/2023

Nagani Lager is now available at all of our Burbrit Taprooms in Myanmar and Thailand 🍺💗

Myanmar >> North Dagon, The Central, 9 Mile & Naypyidaw

Thailand >> Sukhumvit 22 & Ekkamai

Photos from Burbrit Brewery's post 27/11/2023

နေပြည်တော်မှာလည်း အရသာရှိပြီးလတ်ဆတ်တဲ့ Burbrit Craft Beer တွေကို ခံစားနိုင်ပါပြီ

Burbrit Taproom
No.10, Thapyay Gone Market Hill Top, Nay Pyi Taw
Opening Hours: 2:00 pm - 10:30 pm
09 882 090 202

26/11/2023

Whether it is in Myanmar or in Thailand, our GM, Doctor Myo, is always having a good time! 🍻😆

Photos from Burbrit Brewery's post 25/11/2023

Burbrit ရဲ့ ဒုတိယမြောက် ဘန်ကောက်ဆိုင်ခွဲဖြစ်တဲ့ “Burbrit Craft Beer ” 🍻

Soi 22 ဆိုင်ခွဲကို တော်တော်များများသိပြီးကြပြီမို့ ဒုတိယမြောက် Ekkamai ဆိုင်ခွဲနဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက အရမ်းကိုအေးချမ်းပြီး သာသာယာယာရှိတဲ့ လူနေရပ်ကွက်ထဲမှာ တည်ရှိတာပါ။ ဘန်ကောက်မြို့လယ်ခေါင်ဆိုပေမယ့် တိတ်ဆိတ်ပြီး သီးသန့်ဆန်ပါတယ်။ ဘေးပတ်လည်မှာ သစ်ပင်ကြီးတွေ စိမ်းစိမ်းစိုစိုနဲ့ Craft Beer သောက်ရင်း အေးအေးဆေးဆေး chill လို့ကောင်းတဲ့နေရာလေးပါ။ Soi 22 ဆိုင်က အမြဲဥဒဟိုစည်ကားပြီး လူတွေယာဉ်တွေ သက်ဝင်လှုပ်ရှားမှုမရပ်တဲ့ အလှုပ် vibe ဆိုရင် Ekkamai ဆိုင်ကတော့ ငြိမ့်ညောင်းပြီး ကြာကြာထိုင်လို့ ဘီယာခံစားလို့ကောင်းတဲ့ အငြိမ် vibe လို့ တင်စားရပါလိမ့်မယ်။

နေရာကတော့ Sukhumvit Soi 61 ထဲမှာပါ။ Ekkamai BTS ကနေ ရှစ်မိနစ်ပဲ လမ်းလျှောက်ရပါတယ်။ Park Lane shopping mall နဲ့လည်း မီတာတစ်ရာပဲဝေးပြီး ကားနဲ့လာသူများ Park Lane မှာ parking ရပါတယ်။

Our second taproom, “Burbrit Craft Beer ”, is now open!!! This new outlet is located at Sukhumvit Soi 61 and is merely 100m away from Park Lane shopping mall. (Parking is available at Park Lane).

As the soft opening promo, 10% off for all beers for the whole month of November. See you 🍻🍻🍻

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
🕒 Opening hours - 3PM to 12AM daily

Photos from Burbrit Taprooms Thailand's post 18/11/2023

နိုင်ငံပေါင်းများစွာက ပညာရှင်၊ ဝါသနာရှင်တွေ သုံးရက်တိုင်တိုင် လာရောက်ဆင်နွှဲခဲ့ကြတဲ့ Salsa Bangkok Fiesta (2023) မှာ Burbrit အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ မြန်မာပြည်မှာ ဖန်တီးထုတ်လုပ်တဲ့ မြန်မာ့လက်ရာ Craft Beer တွေကို အင်တာနေရှင်နယ်ပွဲတော်တစ်ခုမှာ မိတ်ဆက်ရောင်းချခွင့်ရတဲ့အတွက်ရော ဂုဏ်ယူဝမ်းမြောက်မိပါတယ် 🍻💃🍻

Photos from Burbrit Taprooms Thailand's post 14/11/2023

What a night! We hope you had fun as much as we did! 🍻🍻🍻🍻🍻

Photos from Burbrit Taprooms Thailand's post 13/11/2023

Burbrit ရဲ့ ဒုတိယမြောက် ဘန်ကောက်ဆိုင်ခွဲဖြစ်တဲ့ “Burbrit Craft Beer ” ကို ဖွင့်လှစ်လိုက်ပါပြီ 🎊🍻🎈

အေးချမ်းပြီး သီးသန့်ဆန်တဲ့ Sukhumvit Soi 61 အတွင်းမှာတည်ရှိပြီး -

Ekkamai BTS ကနေ လမ်းလျှောက်ရင် (၁၀) မိနစ်ခန့်၊ Park Lane shopping mall နဲ့လည်း မီတာတစ်ရာခန့် အကွာမှာ ရှိပါတယ် (ကားနဲ့လာရောက်သူများ Park Lane မှာ parking ရပါတယ်)။

Soft opening promo အဖြစ် နိုဝင်ဘာတစ်လလုံး ဘီယာတွေအားလုံးကို 10% Off ရရှိနိုင်မှာဖြစ်လို့ လာရောက်အားပေးကြဖို့ Burbrit ပရိသတ်များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

Our second taproom, “Burbrit Craft Beer ”, is now open!!! This new outlet is located at Sukhumvit Soi 61 and is merely 100m away from Park Lane shopping mall.

As the soft opening promo, 10% off for all beers for the whole month of November. See you 🍻🍻🍻

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
🕒 Opening hours - 3PM to 12AM daily

11/11/2023

💓🍻💓🍻

မြင်လိုက်တာနဲ့ ရင်ခုန်စေမယ့် ပန်းဆီသွေးရောင် ပြီးတော့ သိမ်မွေ့ပြီး လန်းဆန်းသွက်လက်စေမယ့် နဂါးမောက်သီးအရသာတို့နဲ့အတူ စိတ်ကြည်လင်လန်းဆန်းသွားစေမယ့် လာဂါဘီယာကို Burbrit ရဲ့ The Central Branch မှာ ရနေပြီနော်။ The Central Boulevard နဲ့ အင်းလျားရဲ့ ညအလှကို ခံစားရင်း ဘီယာလေးနဲ့ Chill ကြရအောင်။
Nagani Lager makes its grand return! The vibrant color of Nagani promises excitement, while the refreshing taste of Red Dragon Fruit invigorates your senses. Experience the revival of Nagani Lager exclusively at The Central Branch.

Join us for a delightful evening by The Central Boulevard and Inya Lake. Let's make it a night to remember.

09/11/2023

ကျနော်တို့ရဲ့ ဘန်ကောက်မြို့ ဒုတိယမြောက်ဆိုင်ခွဲဖြစ်တဲ့ Burbrit Craft Beer ကို ဖွင့်လှစ်လိုက်ပါပြီ 🍻🍻🍻

A special shout-out to iCoolBar for dropping by at our Ekkamai outlet. We do appreciate your help and knowledge in installing draft beer dispensing systems at our taprooms. Always prompt and reliable. 🍻🍻🍻

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
🕒 Opening hours - 3PM to 12AM daily

Photos from Burbrit Brewery's post 08/11/2023

It is an honour to be a part of Royal Enfield community gathering event at Quaint Bangkok on 8 November 2023.

08/11/2023

Burbrit ရဲ့ ဒုတိယမြောက် ဘန်ကောက်ဆိုင်ခွဲဖြစ်တဲ့ “Burbrit Craft Beer ” ကို နိုဝင်ဘာလ (၉) ရက်နေ့ကစပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

အေးချမ်းပြီး သီးသန့်ဆန်တဲ့ Sukhumvit Soi 61 အတွင်းမှာတည်ရှိပြီး Park Lane shopping mall နဲ့ မီတာတစ်ရာခန့်သာ ကွာဝေးပါတယ်။ Ekkamai BTS နဲ့လည်း ဆယ်မိနစ်လမ်းလျှောက်ရုံနဲ့ ရောက်ပါတယ်။

Soft opening promo အဖြစ် နိုဝင်ဘာတစ်လလုံး ဘီယာတွေအားလုံးကို 10% Off ရရှိနိုင်မှာဖြစ်လို့ လာရောက်အားပေးကြဖို့ Burbrit ပရိသတ်များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
🕒 Opening hours - 3PM to 12AM daily

🚨 NEW TAPROOM ALERT 🚨

Our second taproom, “Burbrit Craft Beer ”, is opening on November 9!!! This new outlet is located at Sukhumvit Soi 61 and is merely 100m away from Park Lane shopping mall.

As the soft opening promo, 10% off for all beers for the whole month of November. See you 🍻🍻🍻

Burbrit Craft Beer
📌 23 Sukhumvit 61, Khlong Tan Nuea, Watthana, Bangkok 10110
🕒 Opening hours - 3PM to 12AM daily

07/11/2023

Thank you for joining Craft Fest 🍻🍻🍻

คนไม่ใช่ ซื้อเบียร์ไปให้เขาก็ไม่กิน

03/11/2023

It's an honour to be a part of Salsa Bangkok Fiesta 🍻

02/11/2023

We are brewing something NEW!!!
Can you guess our next chapter in Bangkok? 🎊🍻🎊

02/11/2023

နိုဝင်ဘာ (၄) ရက်နေ့မှာ ကျင်းပမယ့် Craft Fest ကို လာရောက်သူတိုင်းကို Limited Edition ဖန်ခွက်လှလှလေးတစ်လုံးစီ လက်ဆောင်ပေးမှာပါ 🍻🍻

Get your tickets now 👉
https://www.ticketmelon.com/craftfest/craftfest

Craft Fest
📅 4 November 2023 (Saturday)
🕒 6:00 pm - 12:00 am
📌 Holiday Inn Hotel 22

Limited edition beer glass🍺
This is a free gift for everyone who purchased tickets. See you on Nov 4!

https://facebook.com/events/s/craft-fest-sukhumvit/342032098318723/

31/10/2023

🍻🎊 Sukhumvit လမ်းမကြီးပေါ်မှာ ပြုလုပ်မယ့် Craft Beer Festival 🍻🎊

Burbrit နဲ့အတူ ထိုင်းနိုင်ငံက နာမည်ကျော်တွေဖြစ်ကြတဲ့ Chit Beer နဲ့ Wizard Brewery တို့ ပါဝင်မှာဖြစ်ပြီး ထိုင်းနဲ့မြန်မာ Craft beer အမျိုးအစားအစုံကို မြည်းစမ်းခွင့်ရမှာဖြစ်ပါတယ်။

Are you ready for Craft Fest ?

For one night, you can enjoy unique fresh craft beers from Burbrit Brewery, Chitbeer and Wizard Brewery right at the heart of Sukhumvit.

🍺 Free Flow - 1500B (until midnight)

🍺 By Glass - 200B per glass all night

Holiday Inn Bangkok Sukhumvit is serving Indian and Japanese cuisines to pair with the beers. Don't forget live music entertainment starts at 7pm!

Walk-ins are welcome but if you prefer to buy your tickets online, please click on the link below 👉
https://www.ticketmelon.com/craftfest/craftfest

Craft Fest
📅 4 November 2023 (Saturday)
🕒 6:00 pm - 12:00 am
📌 Holiday Inn Hotel 22

29/10/2023

ဘန်ကောက်မြို့လယ်ခေါင်က Burbrit Taprooms Thailand မှာ ကျင်းပပြုလုပ်မယ့် Craft Beer ပွဲတော်ကိုရောက်ဖို့ (၇) ရက်သာ လိုပါတော့တယ်။

Burbrit, Chit Beer နဲ့ Wizard Brewery တို့က ဖန်တီးတဲ့ မြန်မာနဲ့ထိုင်း Craft Beer အရသာအမျိုးမျိုး မြည်းစမ်းနိုင်မှာဖြစ်ပြီး ပျော်စရာကောင်းတဲ့ Music Entertainment တွေလည်း ပါဝင်မှာပါ။

နိုဝင်ဘာလ (၄) ရက်နေ့ကျရင် Burbrit မှာ ဆုံတွေ့ကြဖို့အတွက် ဘန်ကောက်မြို့ရောက် ဘီယာပရိသတ်တွေအားလုံးကို ဖိတ်ခေါ်ပါတယ်။

7 DAYS to go until Craft Fest .

Get your tickets now 👉
https://www.ticketmelon.com/craftfest/craftfest

Craft Fest
📅 4 November 2023 (Saturday)
🕒 7:00 pm - 11:00 pm
📌 Holiday Inn Hotel 22

Photos from Burbrit Brewery's post 27/10/2023

We are brewing something special for you 🍻🍻🍻

This is our first collaboration project with Sandport Beer, a prominent local craft brewery in Bangkok. This collaboration beer will be on tap at our BKK Taprooms next month and we're pretty excited for this.

Special thanks to Toon, the head brewer and co-founder of Sandport, and the team for arranging this brew day for us. And a shout-out to Alvin, Jack and Max from Yakima Chief Hops who paid us a visit at the brewery.

25/10/2023

လာမယ့်နိုဝင်ဘာလ (၄) ရက်နေ့ကျရင် Burbrit အနေနဲ့ ထိုင်းနိုင်ငံရဲ့အထင်ကရ Craft brewery တွေဖြစ်ကြတဲ့ Chit Beer, Wizard Brewery တို့နဲ့ ပူးပေါင်းပြီး 𝗖𝗿𝗮𝗳𝘁 𝗙𝗲𝘀𝘁 @𝗦𝘂𝗸𝗵𝘂𝗺𝘃𝗶𝘁 လို့ အမည်ပေးထားတဲ့ ဘီယာပွဲတော်ကို ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲမှာ ထိုင်းနဲ့မြန်မာ Craft Beer မျိုးစုံတို့အပြင် Holiday Inn Hotel က တည်ခင်းမယ့် အစားအသောက်တွေနဲ့ Live music entertainment တို့ ပါဝင်မှာပါ။

Sukhumvit ရဲ့ အချက်အချာကျတဲ့ Burbrit Taprooms Thailand မှာ ပျော်ရွှင်ဖွယ်ရာညနေခင်းတစ်ခုကို ဘားဘရစ်နဲ့အတူ လာရောက်ခံစားလှည့်ပါလို့ ဘန်ကောက်မြို့က ဘီယာချစ်သူများအားလုံးကို ရင်းနှီးစွာဖိတ်ကြားလိုက်ပါတယ်။

Craft Fest is happening on Nov 4! 🍻🎊

Burbrit is teaming up with Chitbeer and Wizard Brewery to bring you one of a kind experience at the heart of Sukhumvit.

For 1500 Baht only, you can enjoy free flow of eight unique fresh craft beers from Thai and Myanmar breweries. Holiday Inn Bangkok Sukhumvit is serving Indian and Japanese cuisines to pair with the beers. And don't forget there will be live music entertainment as well. Get ready to party!!!

Please click the link below to purchase tickets.
https://www.ticketmelon.com/craftfest/craftfest

Craft Fest
📅 4 November 2023 (Saturday)
🕒 7:00 pm - 11:00 pm
📌 Holiday Inn Hotel 22

Photos from Burbrit Brewery's post 23/10/2023

What an amazing event at Ho Chi Minh City! 🍻🇻🇳

It is such a valuable learning experience for us to join this annual conference of the brewing industry in Asia. What a pleasure it was to catch up with fellow brewers and craft beer lovers from all over the world. We look forward to working with them for special collaboration projects in the future.

See you, Brew Asia 2024 (Singapore)!!


#ဘားဘရစ် #ဘီယာ

22/10/2023

ဘန်ကောက်ဆိုင်ခွဲအတွက် အလုပ်ခေါ်ယူခြင်း

မကြာခင်မှာ Burbrit Taprooms Thailand ရဲ့ ဒုတိယမြောက်ဆိုင်ခွဲကို ဘန်ကောက်မြို့မှာ ထပ်မံဖွင့်လှစ်သွားဖို့ရှိပါတယ်။ ဒါကြောင့်မို့ Bar, Service နဲ့ Kitchen ပိုင်း ရာထူးများအတွက် ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ စာရွက်စာတမ်းအပြည့်အစုံရှိသူများကို ခေါ်ယူလိုပါတယ်။

စိတ်ပါဝင်စားတဲ့ ထိုင်းနိုင်ငံရောက်မြန်မာများအနေနဲ့ မိမိတို့ရဲ့ CV ကို -
✉️ Email - [email protected]
📱Viber / Line - +66964800391
တို့ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။

19/10/2023

Nagani Lager is back! 💓🍻

ရင်ခုန်ဖွယ်ရာ ပန်းဆီသွေးရောင်၊ သိမ်မွေ့တဲ့ နဂါးမောက်သီးအရသာတို့နဲ့အတူ စိတ်ကြည်လင်လန်းဆန်းသွားစေမယ့် လာဂါဘီယာ ..

နဂါးနီလို့ တမေးတည်း မေးနေကြသူတွေအတွက် Nagani Lager ကို Burbrit Taproom ဆိုင်ခွဲတွေဖြစ်ကြတဲ့ The Central ၊ ကိုးမိုင်၊ မြောက်ဒဂုံနဲ့ နေပြည်တော်တို့မှာ ပြန်လည်ရရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


#ဘားဘရစ် #ဘီယာ

17/10/2023

ဘန်ကောက်မှာကျင်းပမယ့် Craft Beer ပွဲတော်
🎊🎉🍻

လာမယ့် နိုဝင်ဘာလ (၄) ရက်နေ့မှာ “Craft Fest ” လို့ အမည်ပေးထားတဲ့ ဘီယာပွဲတော်ကို ကျနော်တို့ရဲ့ ဘန်ကောက်ဆိုင်ခွဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Burbrit နဲ့အတူ ထိုင်းနိုင်ငံက နာမည်ကျော် Craft Beer တွေဖြစ်ကြတဲ့ Chitbeer နဲ့ Wizard Brewery တို့ ပါဝင်ပြီး ဘီယာအမျိုးအစားတွေအများကြီး မြည်းစမ်းခွင့်ရမှာပါ

ပွဲမှာ Holiday Inn Bangkok Sukhumvit က အထူးတည်ခင်းမယ့်အစားအသောက်တွေအပြင် Live music entertainment တွေလည်း ပါမှာဖြစ်လို့ ဘီယာချစ်သူတွေအားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းလေးတစ်ခုဖြစ်မှာ အသေအချာပါပဲ။

Event အစီအစဥ်အသေးစိတ်ကိုတော့ ဒီမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👉👉
https://facebook.com/events/s/craft-fest-sukhumvit/342032098318723/?mibextid=Gg3lNB
-----------------------------------------------------

Burbrit, Chitbeer and Wizard Brewery are teaming up with Holiday Inn Hotel to organise the first “Craft Fest ”.

For 1500 Baht only, you can enjoy free flow of eight unique fresh craft beers from Thai and Myanmar breweries. Holiday Inn will be serving Indian and Japanese cuisines and Burbrit is dishing out Western pub food.

Get ready to party and enjoy craft beers, food and live music entertainment for one night right at the heart of Sukhumvit.

Beers on Tap
-----------------
▪️Pilsner
▪️German Weizen
▪️English Pale Ale
▪️American IPA
▪️Session IPA
▪️Double IPA
▪️Strawberry Ale
▪️Milk Stout

Mark your calendars for the 4 November 2023, and grab your tickets now! Each ticket comes with free flow of craft beer from 7 pm to 11 pm at the fest and a free gift of limited edition “Craft Fest at Sukhumvit” beer glass.

Please click the link below to purchase tickets.
https://www.ticketmelon.com/craftfest/craftfest

16/10/2023

မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ လက်ဖက်သုပ်ဟာ ဘီယာနဲ့အလွန်လိုက်ဖက်တဲ့ အမြည်းတစ်မျိုးပါ။ အခု ကျနော်တို့ရဲ့ ဘန်ကောက်ဆိုင်ခွဲမှာဆိုရင်လည်း နိုင်ငံခြားသားဧည့်သည် တော်တော်များများ မှာယူမြည်းစမ်းကြသလို အကြိုက်လည်းတွေ့နေကြပါတယ်။ ဒီလိုထူးခြားတဲ့ မြန်မာ့အစားအစာတွေကို များများထည့်ဖို့လည်း တောင်းဆိုကြပါတယ်။

အခြားရော ဘယ်မြန်မာ့ရိုးရာအစားအသောက်တွေကို Burbrit Bangkok မှာ ထည့်စေချင်လဲဆိုတာလည်း ကျနော်တို့ကို အကြံပြုပေးပါဦး 🍻🍻

Pickled tea leaf salad (laphet thoke) is considered a national delicacy in Myanmar. It's now one of our top-selling dishes at Burbrit Bangkok.

This “salad” is a blend of unique ingredients such as pickled tea leaves, roasted peanuts, crunchy beans, sesame seeds, dried shrimp, chopped tomato and cabbage. And it goes extremely well with beer. Don't forget to try it next time you are here.

Photos from Burbrit Brewery's post 14/10/2023

မြောက်ဒဂုံစက်မှုဇုံလေးမှ ဘန်ကောက်မြို့သို့ 🇹🇭🍺

မြန်မာပြည်မှာ ဖန်တီးချက်လုပ်တဲ့ Burbrit Craft Beer တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တင်ပို့ရောင်းချနိုင်ခဲ့ပါပြီ။ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံတို့ရဲ့ဥပဒေများနဲ့အညီ အစကနေအဆုံး တရားဝင်တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။

ထိုင်းနိုင်ငံဆီ တင်ပို့ခွင့် Import license ရရှိဖို့ (၆) လကျော် ကြိုးစားခဲ့ရသလို Product အားလုံးအတွက် ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့ ခွင့်ပြုချက်ကျဖို့လည်း အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ မြန်မာပြည်ဘက်ခြမ်းမှာလည်း ကုန်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ရဲ့ ထောက်ခံချက်များရယူပြီး ရေကြောင်းကတစ်ဆင့် တင်ပို့တာပါ။

Burbrit လို ပြည်တွင်းထုတ်ကုန်တစ်ခုကို ပြည်ပဈေးကွက်မှာ ထိုးဖောက်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း အများကြီးပါပဲ။ Craft Beer တွေဖြစ်တဲ့အတွက် လတ်ဆတ်မှုနဲ့အရည်အသွေးကို အကောင်းဆုံးထိန်းသိမ်းဖို့ မြန်မာပြည်မှ စင်ကာပူ၊ စင်ကာပူမှတစ်ဆင့် ဘန်ကောက်ကို အအေးခန်း Container များ အသုံးပြုတင်ပို့ရပါတယ်။ ဆိုက်ရောက်လာတဲ့ ဘီယာတွေကိုလည်း ၂၄ နာရီ အအေးပေးထားတဲ့ Chilled room တွေမှာ သိုလှောင်ပြီးမှ ဘန်ကောက်ဆိုင်ခွဲဆီ ပို့ဆောင်တာဖြစ်ပါတယ်။ မြန်မာပြည်မှာ အရသာလတ်ဆတ်သလိုမျိုး ထိုင်းနိုင်ငံရောက် Burbrit ဟာလည်း အမြဲလတ်ဆတ်ကောင်းမွန်နေဖို့က ကျနော်တို့ရဲ့အဓိကဦးစားပေးပါ။

အခုဆိုရင်တော့ Sukhumvit Soi 22 မှာဖွင့်ထားတဲ့ ကျနော်တို့ရဲ့ ဘန်ကောက်ဆိုင်ခွဲလေးက စတင်လည်ပတ်နေပါပြီ။ ညနေခင်းတွေမှာ Craft beer ကြိုက်နှစ်သက်တဲ့ နိုင်ငံခြားသားပရိသတ်၊ မြန်မာပရိသတ်များနဲ့ စည်ကားစပြုပါပြီ။ အခုလိုမျိုး နိုင်ငံရပ်ခြားမှာ ရူးရူးမိုက်မိုက် ခြေလှမ်းသစ်တစ်ခုစတင်ဖို့အတွက် ကျနော်တို့ကို ခြောက်နှစ်ကျော် စိတ်ခွန်အားပေးလာခဲ့တဲ့ ဘားဘရစ်ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိမိပါတယ်။

ဘန်ကောက်ကိုရောက်တဲ့အခါမှာလည်း ကျနော်တို့ရဲ့ Burbrit Taprooms Thailand ကို လာခဲ့ဖို့ ရင်းနှီးစွာဖိတ်ခေါ်ပါရစေ။

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 3:00 pm - 1:00 am

13/10/2023

Sukhumvit လမ်းမကြီးကို မျက်နှာမူထားတဲ့ ဘန်ကောက်မြို့လည်ခေါင်က အချက်အချာကျတဲ့နေရာမှာ Burbrit Taprooms Thailand တည်ရှိပါတယ်၊ ဆိုင်မဖွင့်ခင်ကတည်းက အမြဲလာထိုင်ပြီး ထိုင်းနိုင်ငံရောက် Burbrit ကို ဂုဏ်ယူစွာ ချစ်ခင်စွာ လာရောက်အားပေးကြတဲ့ ရွှေမြန်မာပရိသတ်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

အခုဆိုရင် Burbrit က Sukhumvit တဝိုက်မှာ ရွှေမြန်မာတို့ရဲ့ ညနေခင်းဆုံရပ်တစ်ခုလိုပါပဲ။ ကျနော်တို့ရဲ့ ဘီယာ၊ အစားအသောက်နဲ့ ဝန်ဆောင်မှုတွေကို ကြိုက်နှစ်သက်ကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ မကြာခင်မှာလည်း ရင်ခုန်စရာကောင်းတဲ့ Beer event တွေကို ကျင်းပပြုလုပ်သွားမှာပါ 🍻

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 3:00 pm - 1:00 am

Perfect weather to have a cold glass of craft beer. See you! 🍻

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 3:00 pm - 1:00 am

Photos from Burbrit Taprooms Thailand's post 10/10/2023

မကြာခင်မှာ အပတ်စဥ် အထူးပရိုမိုးရှင်းတွေ၊ Beer Festival တွေနဲ့ အခြား Event တွေလည်း လာပါတော့မယ် 🍻🍻🍻

Please Like or Follow our Burbrit Taprooms Thailand page to stay tuned with upcoming promos, beer festivals and other special events. 🍻🍻🍻

Photos from Burbrit Taprooms Thailand's post 07/10/2023

ဘန်ကောက်က Burbrit Taproom မှာလည်း ဘောလုံးဝါသနာအိုးတွေအတွက် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို အပတ်စဥ်ထုတ်လွှင့်ပြသပေးနေပါတယ်။ ဒီနေ့ည Manchester United vs Brentford ပွဲစဥ်ကို ဘားဘရစ်မှာ ဘီယာသောက်ရင်း လာရောက်အားပေးလိုက်ပါ

Photos from Burbrit Brewery's post 03/10/2023

Thank you for joining our Oktoberfest & Farewell Party. We hope you had a great time and see you next year at Oktoberfest 2024. 🍻🍻

မနော်ဟရီဆိုင်ခွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့ Oktoberfest & Farewell Party ကို ပါဝင်ဆင်နွှဲခဲ့ကြတဲ့ Burbrit ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ လာမယ့်နှစ်မှာလည်း Oktoberfest 2024 ကို ဒီထက်စည်ကားသိုက်မြိုက်တဲ့ အစီအစဥ်များနဲ့ ပျော်ပျော်ရွှင်ရွှင် ထပ်မံကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ် 🍻🍻


#ဘားဘရစ် #ဘီယာ

Photos from Burbrit Brewery's post 02/10/2023

ဘန်ကောက်မြို့ရဲ့ အချက်အချာအကျဆုံး Sukhumvit လမ်းမကြီးပေါ်မှာ ဖွင့်လှစ်လိုက်တဲ့ Burbrit Taprooms Thailand 🍻🎉🎈

ဘန်ကောက် nightlife ရဲ့ အစည်ကားဆုံးတစ်နေရာဖြစ်တဲ့ Sukhumvit လမ်းမပေါ်မှာ ကျနော်တို့ရဲ့ ပထမဆုံးသောခြေလှမ်းသစ်အဖြစ် Burbrit Craft Beer ရောက်လာခဲ့ပါပြီ။

ဆိုင်နေရာက Sukhumvit Road နဲ့ Sukhumvit Soi 22 တို့ထိပ်က Holiday Inn Hotel မှာဖြစ်ပြီး -

🚆 Sukhumvit MRT နဲ့ (၁၂) မိနစ်
🚊Asok BTS နဲ့ (၁၀) မိနစ်
🚊Phrom Phong BTS နဲ့ (၇) မိနစ်ခန့် လမ်းလျှောက်လာလို့ရတဲ့ Walking distance အတွင်းမှာ တည်ရှိပါတယ်။

အစားအသောက်အနေနဲ့ Craft Beer အမျိုးမျိုးအပြင် Pub food, Asian နဲ့ European food အစုံအလင်တို့ကို ရရှိနိုင်မှာပါ။ မြန်မာအစားအစာတွေကိုလည်း ထပ်မံပြီး တိုးချဲ့သွားဖို့ရှိပါတယ်။

ညနေခင်းတွေမှာဆိုရင် Sukhumvit လမ်းမကြီးကို မျက်နှာမူထားတဲ့ Outdoor ဧရိယာမှာ ထိုင်ရင်း စည်ကားလှတဲ့ ဘန်ကောက်မြို့ရှုမြင်ကွင်းကို တွေ့ရပါလိမ့်မယ်။ အလုပ်ကိစ္စဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အေးအေးဆေးဆေး Chill ချင်ရင်တော့ Air con တပ်ဆင်ထားတဲ့ Indoor နေရာသီးသန့်ရှိပါတယ်။

အခုလိုမျိုး မြန်မာပြည်မှာ ဖန်တီးချက်လုပ်တဲ့ ပြည်တွင်းဖြစ် Craft Beer တွေကို နိုင်ငံရပ်ခြားမှာ မိတ်ဆက်ရောင်းချနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူရင်း Burbrit ကို လွမ်းနေကြတဲ့ ဘန်ကောက်ရောက် ရွှေမြန်မာတွေအားလုံးကို လည်း လာရောက်အားပေးဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ။

📣📣 မကြာခင်မှာ Craft beer festival တွေ၊ ရင်ခုန်စရာကောင်းတဲ့ Event တွေ ကျင်းပသွားဖို့ရှိတာမို့ Burbrit Taprooms Thailand page ကို Like လုပ်ထားဖို့ မမေ့နဲ့နော် 📣📣

📌 Burbrit Craft Beer 22
🏢 Unit 6, Ground Floor, Holiday Inn Hotel, 1 Sukhumvit Alley 22, Klongton, Khlong Toei, Bangkok 10110
🕒 Opening Hours: 3:00 pm - 1:00 am

Photos from Burbrit Brewery's post 29/09/2023

OKTOBERFEST BEGINS NOW! 🇩🇪

New German beers on tap -
🍺 Oktoberfest Lager
🍺 Melon Weizen
🍺 Bavarian IPA
🍺 Schwarzbier


#ဘားဘရစ် #ဘီယာ

27/09/2023

German Beer အရသာသစ် (၄) မျိုးကို ခံစားရမယ့် Oktoberfest & Farewell Party 🇩🇪🎉🍻

ဒီပွဲမှာ သီးသန့်စပါယ်ရှယ်ချက်လုပ်ထားတဲ့ Oktoberfest ဘီယာ (၄) မျိုးအပြင် ဒီဘီယာတွေနဲ့လိုက်ဖက်တဲ့ ဥရောပအစားအစာတွေကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ မနော်ဟရီဆိုင်ရဲ့ နောက်ဆုံး Operation Day နှစ်ရက်ဖြစ်တာမို့ Burbrit ဘီယာတွေအားလုံးကိုလည်း အထူးလျှော့ဈေးအဖြစ် 400ml တစ်ခွက်ကိုမှ (၅၀၀၀) ကျပ်တည်းနဲ့ ရောင်းချပေးသွားမှာပါ။

မနော်ဟရီဆိုင်ခွဲမှာ နောက်ဆုံးတစ်ကြိမ်အဖြစ် ဘီယာအတူတူသောက်ရင်း၊ စကားတွေပြောရင်း ကျနော်တို့ကို ချစ်ခင်အားပေးတဲ့ ဘားဘရစ်ပရိသတ်တွေအားလုံးနဲ့ ပျော်ပျော်ပါးပါး ဆုံတွေ့ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်။

🇩🇪 Oktoberfest & Farewell Party 🇩🇪
📅 29-30 September (Fri & Sat)
🕒 3 PM to 9 PM
📌 Taproom Hari


#ဘားဘရစ် #ဘီယာ

25/09/2023

Enjoy a variety of delicious European food from Prime Cut Sausages & Meat, Two Shoes Seafood & Grill and Burbrit Kitchen at our Oktoberfest & Farewell Party.

🇩🇪 Oktoberfest & Farewell Party 🇩🇪
📅 29-30 September (Fri & Sat)
🕒 3 PM to 9 PM
📌 Taproom Hari


#ဘားဘရစ် #ဘီယာ

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Featuring two of our Burbrit beers at GOOD CHIT BEER FEST @ Public House 🍻💥 tonight. Great crowd and such a fun vibe! #b...
Burbrit Tap Takeover
Manchester United 🆚 Manchester City FA Cup Finale match ကို Burbrit Taproom ဆိုင်ခွဲများမှာ လာ‌ရောက်အားပေးခဲ့တဲ့ ပရိတ်သတ...
𝐁𝐮𝐫𝐛𝐫𝐢𝐭 𝐓𝐚𝐩𝐫𝐨𝐨𝐦𝐬 မှာ 𝐜𝐫𝐚𝐟𝐭 𝐛𝐞𝐞𝐫 🍻🍻 တွေနဲ့ အဓိက လိုက်ဖက်တဲ့ 𝐬𝐢𝐠𝐧𝐚𝐭𝐮𝐫𝐞 𝐛𝐛𝐪 တွေ ဘာကြာင့် လူကြိုက်များရလဲဆိုတဲ့ နောက်ကွယ်က အ...
What a night! What a party! 🍻🎶🎊Thank you everyone who joined our 6th Anniversary event. We hope you had a great time and...
ဘားဘရစ်ရဲ့ 6th Anniversary ဘီယာတွေထဲက တစ်မျိုးကို ချက်လုပ်ပေးခဲ့တဲ့ Brewer တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုဇမ္ဗူဟာ စ...
"𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝗙𝗶𝗻𝗮𝗹 𝟮𝟬𝟮𝟮" Burbrit Taproom Manaw Hari
"𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝗙𝗶𝗻𝗮𝗹 𝟮𝟬𝟮𝟮" Burbrit Taproom @ 9 Mile
🔥JULY 5! TODAY IS THE DAY!!🔥We open the doors of our newest Taproom at 5pm today! Buy 4 get 1 free for all beers as our ...

Category

Telephone

Address


No. D 16 , North Dagon Industrial Zone , 34 Quarter Extension
Yangon
11111

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Other Breweries in Yangon (show all)
Budweiser Myanmar Budweiser Myanmar
Yangon

Budweiser - King of Beers Since 1876

Peacock Beer Peacock Beer
D16, U Wisara Road, 34 Ward, North Dagon Industrial Zone
Yangon

“ဆန်းသစ်အရသာ ဒေါင်းဘီယာ” Peacock is the first commercial craft beer in Myanmar brewed with high quality raw materials. Its flavours are internationally famous but unfamiliar to loc...

U Thu - ဦးသု U Thu - ဦးသု
အမှတ် ၃ယ၃ ဆိပ်ကမ်းသာလမ်း လှိုင်သာယာစက်မှုဇုန် အပိုင်း (၆)
Yangon

Refreshing the tea culture through a glass bottle filled with Burmese traditional tea.

Billion Liquor Store Billion Liquor Store
Yangon
Yangon, BETWEENPHONEGYISTAND13THSTREET,STRANDSTREET