ရွှေ​သော့

ရွှေ​သော့

Nearby businesses

AM Money Exchange
AM Money Exchange

အိပ်မက်တံခါးကို ရွှေသော့ နဲ့ ဖွင့်လိုက်ပါ။

07/12/2023

အားတင်းထား သူလည်းတန်းစီနေရပြီ 😁😁

06/12/2023

ရန်ကုန်ကသူတွေအတွက်
ဆီ Update Link Maps
စိမ်းရင် ok
ဝါ ရင် မသေချာ
အဖြူဆို ကုန်ပြီ

ကားဆီထည့်မယ်ဆို
အောက်ကLink လေး နှိပ်ကြည့်ပါ

ဆီဆိုင်ပုံတစ်ခုချင်းစီကို ထပ်နှိပ်ရင် အသေးစိပ် information တွေ ကြည့်လို့ရပါတယ်

📸 Look at this post on Facebook https://www.google.com/maps/d/viewer?mid=1ZfrzKiYfoZ9ujMV6lmITbVwtlvJ_QtE&g_ep=CAISDDYuOTUuMC4yODUyMRgAIN1iKhIsNDcwNzE3MDQsNDcwNjk1MDhCAk1N&g_st=iv&ll=16.802703684425037%2C96.15156973232824&z=13&fbclid=IwAR0Y7Em5fQWsek4J37MVC_1svuvynvYSpuiYOIXeT2aa8HA5MGn3VhjhZBg_aem_AWzYK9AyLC9qAcDRbS48_DyITEOPnGzB4DbIpCxt0v4UjKyF7oMEMfgctOxD_779ZuU

Crd #မောင်ဂျစ်တူး

12/10/2023

ကားအာမခံဈေးနှုံးတွေ
12-10-2023 နေ့ကစပြီး
နှစ်ဆနီးပါး
တက်သွားပြီနော်

08/10/2023

ကားအရစ်ကျဝယ်ယူခြင်းနှင့် ကားအုန်နာဘုတ်ထားပြီး ချေးငွေရယူလိုသူများအတွက် ရိုးရှင်းလွယ်ကူစွာဖြင့် Online မှတဆင့် ချေးငွေလျှောက်ထားလို့ရနေပြီနော်။
အောက်ပါ Link မှတဆင့် လွယ်ကူစွာ Form ဖြည့်ပြီး လျှောက်ထားလိုက်ပါ-

https://docs.google.com/forms/d/15W55GtxAUcw7uo3GcreY5x6HAKuov4ukUOqaNvJzCMQ/edit

05/10/2023

Toyota Fortuner 2024 😍

04/10/2023

ဘယ်မျဉ်းကနေ လမ်းကြောပြောင်းမလဲ?

17/09/2023

Probox တွေ ကီလို 2 သိန်းကျော်ရင် အင်ဂျင်ဝိုင် ဂရိတ် 10W40 တန်းထည့်လိုက်တာပဲလား❓💁‍♂️

10W40 က တကယ်တော့ ဆီသားထူနေပါပြီ။
ထည့်လို့ရလားဆိုတော့ ထည့်စီးနေကြပါတယ်။ ကားတစ်စီးလုံးတော့ 10W40 ထည့်လို့ ပျက်မသွားပါဘူး..

ဒါပေမယ့် 5W40 မထည့်ပဲ 10W40 ထည့်သုံးရင် ဘာဖြစ်သွားမှာလဲ ❓🤔

5W40 က ဆီသားပါးပါတယ်။ ပြီးတော့သူရဲ့ စွမ်းဆောင်ရည်က 📣
✅ ဆီစားသက်သာမှု
✅ အဆွဲအရုန်း တို့မှာ သိသာစေပါတယ်။

10W40 သုံးလိုက်ရင်တော့ 5W40 လောက်အဆွဲအရုန်းနဲ့ ဆီစားသက်သာမှုတို့မှာ မခံစားနိုင်တော့ပါဘူး..💢💢

ကီလို သိန်းကျော်အထိ 5W30 သုံးနေတာကနေ
10W40 အစား 5W40 ကို ပဲ ပြောင်းလဲ သုံးသင့်ပါတယ်။ 💯✔

ကီလိုများတဲ့ အင်ဂျင်အတွင်းမှာ ပွတ်တိုက်မှုတွေကြောင့် ဟာသွားတဲ့ အခြေအနေများကြောင့် နောက်နံပါတ် 30 အစား 40 ကိုပဲတက်သင့်ပါတယ်။👍👍
ရှေ့ဂဏန်း ကတော့ လက်ရှိရာသီဥတု နဲ့လဲ သိပ်မကွာတာကြောင့် 5W ပဲ ဆက် သုံးသင့်ပါတယ်။🤓🙌

တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာလေးတွေရှိတတ်တာကြောင့် ဆရာကြီးများကရော ဘယ် Grade သုံးသင့်တယ်လို့ ထင်မိကြလဲဆိုတာလေး ပြောပေးသွားကြပါဦးဗျ..🤗👇

💖❤💖
Distributed by Kyaw Chan Thar Company Limited

06/09/2023

ချေးငွေလျှောက်ထားရန် 21/08/2023

ကားအရစ်ကျဝယ်မလား?
ကားအုန်နာဘုတ်အပေါင်ထားပြီး ချေးငွေယူမလား?

Online Form ဖြည့်ပြီး ရိုးရှင်းလွယ်ကူစွာဖြင့် ရွှေသော့ရဲ့ဝန်ဆောင်မှုများကို ရယူလိုက်ပါ။

ရွှေသော့ကုမ္ပဏီလီမိတက်
2B-787
မုဒိတာအိမ်ရာ၂
ဖန်ချက်စက်လမ်း
ပေါက်တောဝအနီး
အင်းစိန်
09962035145

#ရွှေသော့
#ကားအရစ်ကျ
#အုန်နာဘုတ်ချေးငွေ

ချေးငွေလျှောက်ထားရန် ကားအရစ်ကျဝယ်ယူခြင်းနှင့် ကားအုန်နာဘုတ်ချေးငွေ လျှောက်ထားခြင််းများအတွက်

06/08/2023

ကားတစ်စီးဝယ်မယ်ဆိုရင် မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက် (၈) ချက်

၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ် – အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ။ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား..?ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်။ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်။ ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ” ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”

၂။ ဘော်ဒီ ကောင်း မကောင်းကြည့်မယ် – ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်။ ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်။ ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”

၃။ မှန်စပေါ့ မှန် အက်ကြောင်း – ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေ ကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်။အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ်။ အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ။ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်းစစ်မယ် – မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ။ ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ်။ ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ။မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်။လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ်။ အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်။ မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ။ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါမီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။ အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ်။ အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ်။ တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ်။ ကွန်ပရာဆာ ဘောသံရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လောက်ပါပြီ”

၆။ ဒိုင်ခွက်က သတိပေး – မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ်။ ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်။ ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်။ တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီးအဲယားဘက်မီးဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်။ မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ်။အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည် ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”

၇။ အောက်ပိုင်း ကောင်း – မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ။ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ။ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား။ ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”

၈။ ယာဉ် မှန် မမှန် စစ်မယ် – ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်းနေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ်။ လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ။ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်။ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့ကျွန်တော့်လို ဖြစ်ပါမယ်။နောက်တစ်ပိုင်းကတော့ ကားနဲ့ မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ။ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့ AA “BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်။ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်။

#မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါတယ်

#ကူးယူမျှဝေခွင့်ပြုပါ

27/07/2023

၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

လျှပ်စစ်ကားလောကကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာကုမ္ပဏီက မိတ်ဆက်လိုက်ပါပြီ။ ၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိတယ်ဆိုတဲ့ solid-state ဘက်ထရီ နည်းပညာကို တိုယိုတာကုမ္ပဏီက သိုသိပ်စွာ အဆင့်မြှင့်တင်နေတာပါ။

၂၀၂၅ ခုနှစ်မှာ ဘက်ထရီနည်းပညာသစ် အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေကို ဈေးကွက်ထဲ ရောင်းချနိုင်ဖို့ တိုယိုတာက ရည်မှန်းနေပါတယ်။ solid-state ဘက်ထရီဟာ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနဲ့ယှဉ်ရင် အားသိုလှောင်နိုင်စွမ်း ပိုမြင့်မားပြီး အားသွင်းချိန်လည်း တိုတောင်းပါတယ်။ ဒါ့အပြင် မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ပိုနည်းပါတယ်။

တိုယိုတာကုမ္ပဏီဟာ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာလည်း performance နဲ့ popularized ဆိုတဲ့ မျိုးဆက်သစ် ဘက်ထရီ တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

Ref: Toyota is planning a new EV with a 900-mile range and 10-minute charging time: ‘The holy grail of battery vehicles’
Team ( ရိုးရာလေး)

15/07/2023

မော်မြိုင် ဘားအံ မြို့နယ်က မိတ်ဆွေများအတွက်လည်း ကားအရစ်ကျဝယ်ယူခြင်း အုံနာဘုတ်ထားပြီးချေးငွေယူခြင်း ဝန်ဆောင်မှုများ ရပါတော့မယ်ခင်ဗျာ😍

ချေးငွေလျှောက်ထားရန် 15/07/2023

ကားအရစ်ကျဝယ်ယူမှာလား?
ကားအုံနာဘုတ်ထားပြီးချေးငွေယူမှာလား?
Online ကနေ ရိုးရှင်းလွယ်ယူစွာ Form ဖြည့်ပြီး လျှောက်ထားလို့ရနေပြီနော်။

ချေးငွေလျှောက်ထားရန် ကားအရစ်ကျဝယ်ယူခြင်းနှင့် ကားအုန်နာဘုတ်ချေးငွေ လျှောက်ထားခြင််းများအတွက်

10/07/2023

ကားအရစ်ကျဝယ်မလား?

ကားအုံနာဘုတ်ထားပြီး ချေးငွေယူမလား?

ကားနဲ့ပါတ်သက်လာရင် ရွှေသော့မှာ ဝန်ဆောင်မှုမျိုးစုံ ရယူနိုင်ပါတယ်။😍😍

မိတ်ဆွေတို့ရဲ့ ကားအတွက် လိုအပ်သောချေးငွေများကို မိမိတို့နှင့်ကိုက်ညီမည့် ပုံစံသုံးမျိုးဖြင့် ရွေးချယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ-😍

ပုံစံ(၁)
👍 Model 2000 နှင့်အထက်ကားများ
👍 အိမ်စီး လုပ်ငန်းသုံး(၂)တန်နှင့်အောက်
👍 YGN BGO MDY NPW AYY လိုင်စင်
👍 ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မိတ္ထီလာ၊ တောင်ငူ၊ နေပြည်တော်၊ မြိတ် မြို့နယ်များတွင်နေထိုင်သူ
👍 အာမခံပေးရန်အတွက် သန်းခေါင်စာရင်းပါ မိသားစုဝင်(1)ဦး နှင့် ပြင်ပအသိမိတ်ဆွေ(၁)ဦး လိုအပ်ပါတယ်။
👍အိမ်ပိုင်ရှိပြီး အလုပ်အကိုင်ရှိသူဖြစ်ရပါမယ်။
👍 အတိုးနှုံး တစ်လလျှင် 1.7%

ပုံစံ(၂)
👍 Model 2003 နှင့်အထက်ကားများ
👍 အိမ်စီးကား နံပါတ်အနက်သီးသန့်
👍 YGN BGO MDY လိုင်စင်
👍 ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သူ
👍 အာမခံပေးရန်အတွက် သန်းခေါင်စာရင်းပါ မိသားစုဝင်(1)ဦး နှင့် ဆွေမျိုးတော်စပ်သူ(၁)ဦး လိုအပ်ပါတယ်။
👍အလုပ်အကိုင်ရှိသူဖြစ်ရပါမယ်။
👍 အတိုးနှုံး တစ်လလျှင် 1.5%

ပုံစံ(၃)
👍 Model 2003 နှင့်အထက်ကားများ
👍 အိမ်စီးနှင့် လုပ်ငန်းသုံးကားများ
👍 YGN BGO MDY လိုင်စင်
👍 ရန်ကုန် မန္တလေး နေထိုင်သူဖြစ်ရပါမယ်
👍 အာမခံပေးရန်အတွက် သန်းခေါင်စာရင်းပါ မိသားစုဝင်(1)ဦး နှင့် ဆွေမျိုးတော်စပ်သူ(၁)ဦး လိုအပ်ပါတယ်။
👍အလုပ်အကိုင်ရှိသူဖြစ်ရပါမယ်။
👍 အတိုးနှုံး တစ်လလျှင် 1.65%

မိတ်ဆွေတို့နဲ့ကိုက်ညီမယ့် ပုံစံများကိုရွေးချယ်နိုင်ပါမယ်ခင်ဗျာ။😍

အသေးစိပ်စုံစမ်းလိုပါက-
ရုံးချိန် 9:00am မှ 5:00pm အတွင်း ပိတ်ရက်မရှိ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 😍

ရွှေသော့ကုမ္ပဏီလီမိတက်
မုဒိတာအိမ်ရာ(၂)
ဖန်ချက်စက်လမ်း
ပေါက်တောဝအနီး
အင်းစိန်၊ ရန်ကုန်
☎09962035145


#ရွှေသော့ #ကားအရစ်ကျ #ချေးငွေ #ကားအုန်နာဘုတ်အပေါင် #ကား #ကားအုန်နာဘုတ်ချေးငွေ #အုံနာဘုတ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Toyota Fortuner
ကားအရစ်ကျဝယ်လို့ရပါပြီ
Hyundai Accent 2022 Model Brand NewPre-Order ကြိုတင်မှာထားလို့ရပါပြီ
စိတ်ကူးနဲ့တင် ကြွေလောက်တယ်Toyota Land Cruiser 2022
Shwe Thault New Plan

Category

Telephone

Website

Address

Muditar Housing (2), Phan Chat Set Street, Ywa Ma WestWord, Pauk Taw Wa, Insein
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Business in Yangon (show all)
Businesses Service Group Businesses Service Group
Dalla
Yangon, OPEN

Transport teams Transport teams
North Okkalarpa
Yangon

we can transport your cargo

Ko myo Ko myo
Hlegu
Yangon

ကိုကြီးကျော်ရဲ့ ပွင့်ဦးသစ္စာ ကိုကြီးကျော်ရဲ့ ပွင့်ဦးသစ္စာ
Hlegu
Yangon

ထန်းရည် ကြွက်ကြော် ဖားကြော် ငါးကြော?

Skinvestment Skinvestment
Yangon

HK online store HK online store
Mingalar Taung Nyunt
Yangon

Pan Yaung Cosmetic Whosale Pan Yaung Cosmetic Whosale
Yuzana Garden City , 9street , R-4 , Sandar Near
Yangon, 1234998

WI MOÚTI WI MOÚTI
No (76) Thudamar Road. 2nd Ward Northokkalapa
Yangon

Unity Engineering Group Unity Engineering Group
No(115), 33rd Street, Kyaukdata Township
Yangon

Online Sticker .mm Online Sticker .mm
Hling
Yangon, 095