Handmade SOAPS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade SOAPS, Health/Beauty, South Okkala township, Yangon.
facial soap 🧼🍅
🌺 ဆားဝက်ခြံသမားလား❓
🌺 အသားအရေ ခြောက်နေလား❓
🌺 ချွေးပေါက် ကျယ်နေလား❓
🌺 နေပူထဲ သွားရလို့ အဆီပြန် ဝက်ခြံထွက်နေလား❓
🌺 အသက်အရွယ် ရလာလို့ အရေးအကြောင်းတွေ ပေါ်နေပြီလား❓
❗ခုကစပြီး ဘာမှစိတ်ပူစရာ မလိုတော့ဘူးနော်❗
ခရမ်းချဉ်သီးကို အဓိကထား ထုတ်လုပ်ထားတဲ့ ဒီမျက်နှာသစ် ဆပ်ပြာခဲလေးက အကုန်ဖြေရှင်းပေးပါလိမ့်မယ်။
ဗီတာမင်ဓာတ်လုံလောက်စွာ ပါဝင်တဲ့ ခရမ်းချဉ်သီးမျက်နှာသစ်ဆပ်ပြာ ကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ အရေပြားပြဿနာ တွေကို အလွယ်တကူ ဖြေရှင်းပေးပါလိမ့်မယ်။
🌺 တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ် အသုံးပြုပေးခြင်းဖြင့် အစိုဓာတ်ပြည့်ဝ တင်းရင်းပြီး နူးညံ့ ချောမွေ့တဲ့ အသားအရေလေးကို ရရှိမှာ ဖြစ်ပါတယ်။
❗သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်လို့ ဘေးထွက်ဆိုးကျိုး ဖြစ်မှာလဲ ပူစရာမလိုတော့ဘူးနော်။
❗ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေ မသုံးချင်တော့ဘူးလား❓
🌺ဒါဆိုရင် ဒီဆပ်ပြာခဲလေးကို သုံးကြည့်ဖို့ ကျနော်တို့က အကြံပြုပါရစေ။
🌺 Collagen ပါဝင်တာကြောင့် အသားအရေကို
ဖြူဝင်းစေပါတယ်။
✨ဈေးနှုန်းလေးကလဲ လူတိုင်း အသုံးပြုနိုင်တဲ့
အတန်ဆုံးဈေးလေးနဲ့ လက်လီ၊ လက်ကား
ရောင်းချ ပေးနေပါပြီ ခင်ဗျ။
💲 ဈေးနှုန်း= 2500 kyats
ပြန်လည် ရောင်းချလိုသော ကာကာများလဲ အနည်းဆုံး 10ခဲ မှစပြီး လက်ကား ယူနိုင်ပါပြီ။
ဆက်သွယ်မှာယူလိုပါက-
Page messenger ကိုလည်းကောင်း၊
📞☎️ 09-267195244
09-784967057
တို့ကို လည်းကောင်း အိမ်ရောက်ငွေချေ စနစ်ဖြင့် ဆက်သွယ် မှာယူနိုင်ပါပြီ။
😟😟
Pt crd
🍅ခရမ်းချဉ်သီး နဲ့ အသားအရေ ကျန်းမာရေး🍁🌿
ဟင်းပဲချက်ချက်၊ သုပ်ပဲစားစား၊ ဆော့စ်ပဲ ဖျော်ဖျော် အရသာရှိသလို ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားရင်လည်း အရသာရှိတဲ့ ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် အာနိသင်များသလို အသားအရေကိုလည်း ကျန်းမာစေပါတယ်။
🍅 ခရမ်းချဉ်သီးမှာ ဘာဓာတ်တွေပါလဲ …………
ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများက
သိထားတဲ့ ခရမ်းချဉ်သီးမှာ ဘာတွေပါလဲ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း
ဗီတာမင် C
ပိုတက်ဆီယမ်
ဗီတာမင် A
ဗီတာမင် B
မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။
အသားအရေအတွက် ခရမ်းချဉ်သီးက ဘယ်လို ထောက်ကူပေးသလဲ………
အရောင်အသွေး လှပြီး အရသာရှိတဲ့ ခရမ်းချဉ်သီးလေးက
🍅 အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေး
တယ်။
နေရောင်နဲ့ ထိတွေ့မှုများတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။ အကြောင်းကတော့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ lycopene လို့ခေါ်တဲ့ ဒြပ်ပေါင်းက ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိနေပါတယ်။
အရေပြားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းချဉ်သီးကို ပုံမှန် စားသုံးပေးတာက အဆင်ပြေစေမှာပါ။
🍅 နေလောင်တာကို သက်သာစေနိုင်တယ်။
ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်တာကို သက်သာစေနိုင်တဲ့ အာနိသင်ဖြစ်တဲ့ lycopene ပါဝင်နေမှုက အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး နေလောင်ခဲ့ရင်လည်း မြန်မြန်သက်သာစေဖို့ အထောက်အပံ့ပေးပါတယ်။
🍅 အနာကျက်စေနိုင်တယ်။
ခရမ်းချဉ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက အရေပြားမှာဖြစ်တဲ့ အနာတွေကို ကျက်စေဖို့ အထောက်အကူပြုပေးနိုင်သလို တွယ်ဆက်တစ်ရှူးတွေကိုလည်း အားဖြည့်ပေးပါတယ်။ အနာကျက် ဖြစ်စဉ်ကိုလည်း မြန်စေနိုင်ပါတယ်။
🍅 အရေပြား ရောင်ရမ်းတာကို သက်သာစေတယ်။
ခရမ်းချဉ်သီးမှာရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်ကြတဲ့
lycopene
beta carotene
lutein
ဗီတာမင် E
ဗီတာမင် C တို့က အရေပြားကို ကျန်းမာစေပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံအပါအဝင် ထိခိုက်မှု တစ်ခုခုကြောင့် အရေပြားရောင်ရမ်းတဲ့အခါ ခရမ်းချဉ်သီး ဆပ်ပြာကို သုံးပေးလို့ ရပါတယ်။
🍅 ကော်လာဂျင် ထွက်ရှိမှုကို မြှင့်တင်ပေးတယ်။
ခရမ်းချဉ်သီးမှာ ဗီတာမင် ကြွယ်ဝမှုက ကိုယ်ခံအားကို မြှင့်တင်ပေးသလို အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
🍅 ဆဲလ်သေတွေ ဖယ်ရှားပေးတယ်။
အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက်လည်း ခရမ်းချဉ်သီးကို အသုံးပြုပေးလို့ရပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အင်ဇိုင်းက ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။
🍅 အရွယ်တင်စေနိုင်တယ်။
ခရမ်းချဉ်သီးမှာ အရေပြား ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ကြတဲ့
အရေပြားမှာ အစက်အပြောက်တွေ ဖြစ်တာ၊
အသားအရေတွန့်တာ၊
အရေးအကြောင်းဖြစ်တာလိုမျိုး ပြဿနာတွေကို ကင်းဝေးစေနိုင်ပါတယ်။
🍅 အကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်။
ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး အရေးအကြောင်းတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ အသားအရေကို အထောက်အပံ့ပေးတဲ့ ဗီတာမင် C ကြွယ်ဝမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
အကြောပြတ်ရာတွေပေါ်မှာ ခရမ်းချဉ်သီး ဆပ်ပြာကို လိမ်းပေးရုံနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။
🍅 အစိုဓာတ် ဖြည့်ပေးတယ်။
အရေပြားမှာ အစိုဓာတ် နည်းလာတဲ့အခါ ယားယံတာ၊ ကွဲအက်တာနဲ့ အဖတ်လန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းစေဖို့ဆိုရင် ခရမ်းချဉ်သီးကို အသုံးပြုပေးလို့ ရပါတယ်။
ခရမ်းချဉ်သီးက အရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်တာကြောင့် အရေပြားပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ အသားအရေခြောက်သွေ့နေရင်ဖြစ်ဖြစ် အရေပြားကို အစိုဓာတ်ပြည့်ဝစေချင်ရင်ဖြစ်ဖြစ် ခရမ်းချဉ်သီး ကို လိမ်းပေး လို့ ရပါတယ်
🍅ဒါတွေအပြင် ချွေးပေါက်တွေ ကျဉ်းစေဖို့၊ အသားအရေကြည်လင်စေဖို့နဲ့ ဆားဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ခရမ်းချဉ်သီးကို အသုံးပြုလို့ရပါသေးတယ်။ အသားအရေလေး ကြည်လင်ပြီး အနာအဆာ ကင်းစေဖို့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီရယူလိုက်စို့နော်………….
TOMATO Facial SOAP🍅🫧🧼
(သဘာဝ ခရမ်းချဉ်သီး
မျက်နှာသစ်ဆပ်ပြာခဲ🍅🫧🧼)
Price: 2500 kyats
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Yangon
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031
အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY
We are selling Thailand & Korea cosmetic, skin care