SoccerPicks
Ibet789 Account များအတွက်အကောင်းဆုံးအမြန်ဆန်ဆုံးဝန်ဆောင်မှု
စနေ၊ တနင်္ဂနွေ Weekend တိုင်း Account ဖွင့်/Units တိုး ဝန်ဆောင်မှူ Bonus 5%
Online လောကမှာ နာမည်ပျက်မရှိ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ SoccerPick မှာ Unit 100 အောက်ကို စည်းကမ်းချက်တွေ၊ အလျော်မရတာတွေမရှိပဲ စိတ်ကြိုက်ကစားနိုင်ပါပြီ။ Units ဝန်ဆောင်မှူတွေနဲ့ပတ်သက်ပြီး မနက် ၇ နာရီမှ ည ၁၂ နာရီအထိ Page Messenger မှာ မေးနိုင်ပါတယ်။ Units သွင်းပြီး ချက်ချင်းပြန်ထုတ်တာ မကြာခဏ အသွင်း/အထုတ်လုပ်ချင်ရင်လည်း Admin အဖွဲက အမြန်ဆန်ဆုံးနဲ့ အမှန်ကန်ဆုံး ဝန်ဆောင်မှူပေးနေပါတယ်။
ပြန်လာအားပေးတဲ့ User တွေက Units ရောင်းသေးလား မေးမေးနေလို့ Soccerpick Page က Account ဖွင့်တာ၊ Units အသွင်းအထုတ်တွေကို Admin ပုံမှန်အတိုင်း အကောင်းဆုံးဝန်ဆောင်မှူ ပေးနေပါတယ်။ အခုဆိုရင် Account သစ်ဖွင့်ရင် Bonus 5% လည်း အပိုလက်ဆောင် ပေးနေလို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ Units ကိစ္စများ သိလိုတာရှိရင် Page Messenger မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျ။
ဝိတ်တန်းတူရင် ကွန်ပနီဟာကြောက်ဖို့ကောင်းတယ်
သူဘိုင်ယန်ကိုရောက်ပြီဆိုတဲ့သတင်းကိုဖတ်လိုက်ရချိန်မှာ
မယုံကြည်မူတွေက အရိပ်ရိပ်တိုးလာတယ်..သံသယတွေကနေရောင်ခြည်လိုပဲ ဖြာထွက်နေတယ်..ဘိုင်ယန်ရဲ့ဆုံးဖြတ်ချက်ကဘာလဲပေါ့...ဖလားလက်မဲ့ရာသီကိုနာကျင်စွာဖြတ်သန်းလိုက်ရတဲ့အသင်းကို လူငယ်နည်းပြဆရာလက်ထဲထိုးထည့်လိုက်တဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်ရတယ်..
ဒါပေမဲ့.မန်စီးတီးနည်းပြဂွါဒီယိုလာက ကွန်ပနီကိုခန့်ဖို့ထောက်ခံချက်ပေးသတဲ့..ဘိုင်ယန်ရဲ့ပုံရိပ်နဲ့သူ့အလားအလာက ခပ်ပိန်ပိန်လူတစ်ယောက်က အကျီပွပွကြီးဝတ်ထားသလို ပုံမကျပန်းမကျဖြစ်နေတယ်..သတင်းတွေဖတ်ကြည့်တော့လည်း ဘိုင်ယန်လိုချင်တဲ့နည်းပြတွေ တစ်ယောက်မှမရခဲ့ဘူး။ဒါကြောင့်မရတဲ့အဆုံး သူ့ကိုခေါ်လိုက်တဲ့သဘော..
ကွန်ပနီရဲ့ဖြတ်သန်းမူကိုကြည့်ပြန်တော့လည်း ဘန်လေအသင်းနဲ့အတူချန်ပီယံရှစ်မှာစံချိန်တင်ရမှတ်တွေရခဲ့တယ်.အသင်းရဲ့ကစားပုံအရမ်းကောင်းခဲ့တယ်။ဒါပေမဲ့ပရီးမီးယားလိဂ်မှာ သူမလုပ်ပြနိုင်ခဲ့ဘူး..ကစားပုံကောင်းတာလေးပဲရှိခဲ့တယ်..ဒီလိုနည်းပြမျိုးနဲ့ဘိုင်ယန်ဘယ်လိုရှေ့ဆက်မလဲပေါ့...တစ်ခါတစ်လေမှာ လူတစ်ယောက်ကိုအကဲဖြတ်ရတာအရမ်းခက်တယ်..ဘိုင်ယန်မှာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ကွန်ပနီဟာ ဘိုင်ယန်ကိုအပြောင်းအလဲတွေအများကြီးလုပ်ပြခဲ့တယ်.မလေးစားဘဲမနေနိုင်ခဲ့ပါဘူး..
ဘိုင်ယန်အသင်းရဲ့ကစားပုံကိုကြည့်တော့ တကယ်ကောင်းခဲ့တယ်။ဒါဟာကွန်ပနီသွားချင်တဲ့ပုံစံ။ပရီးမီးယားလိဂ်မှာ သူဘာလို့ကျရူံးသွားသလဲဆိုရင် ကစားသမားအင်အားမညီမျှခဲ့လို့ပဲဆိုတာသွားတွေ့ရတယ်..သူကဝိတ်တန်းမတူတဲ့လက်ဝှေ့သမားတွေနဲ့ထိုးခဲ့ရသလိုပေါ့...အခုဘိုင်ယန်ကိုတည်ဆောက်ထားပုံက ရိုးရိုးလေး။
4231ပုံစံကိုခင်းကျင်းပြီး ဘောလုံးပိုင်ဆိုင်မူကိုဦးစားပေးတယ်။ပြိုင်ဘက်ကိုနေရာစုံကထိုးဖောက်ဖို့အတွက် တိုက်စစ်လမ်းကြောင်းတွေကိုအများကြီးသုံးထားတယ်။မူစီယာလာ ဟယ်ရီကိန်း နာဘရီတို့လိုကစားသမားတွေနဲ့ အသစ်ခေါ်ထားတဲ့အိုလီစီကိုပေါင်းထည့်လိုက်တယ်..တိုက်စစ်ကပိုမြိုင်သွားတယ်..ကိုးမန်း ဆာနေး မူလာတို့ကလည်း အသင့်အနေအထားမှာရှိတယ်..ကွင်းလယ်မှာ ဂိုဟတ်တာ ပယ်လင်ညာ ဗက်လိုဗစ် ဂွာရဲရိုးတို့ရှိတယ်..ခံစစ်မှာ ကင်ဗစ်ချ် ကင်မင်ဂျေး အူပါမယ်ကာနို ဆိုင်မွန်းဒေးဗွီးတို့ရှိတယ်..
ဒီကစားသမားအစုအဖွဲ့ကိုကောင်းကောင်းအသုံးချခဲ့တယ်။ကွန်ပနီဟာဝိတ်တန်းတူရင် ကြောက်ဖို့ကောင်းတဲ့နည်းပြတွေထဲမှာပါခဲ့တယ်..ဒါကြောင့်လည်းဂွာဒီယိုလာကထောက်ခံခဲ့တာပေါ့။လက်ရှိအသင်းအနေအထားက အရမ်းကောင်းနေတဲ့အဆင့်မှာရှိနေတယ်..ဒါကြောင့်လူတစ်ယောက်ကိုအကဲဖြတ်ရတာအရမ်းခက်တယ်.
အသံမထွက်တဲ့ဒဏ်ရာတွေ
ကျတော်တို့ဘဝမှာအသံမထွက်တဲ့ဒဏ်ရာတွေအများကြီးပါ..အသံမထွက်လို့ဒဏ်ရာတွေမနက်ဘူးမထင်နဲ့နာကျင်လွန်းလို့ အသံထွက်ဖို့တောင်မေ့နေလေရဲ့.ကိုယ့်အသက်ကိုယ့်အရွယ်ကိုပြန်ကြည့်တော့လည်း ဒဏ်ရာတွေပြပြီးငိုကြွေးရမယ့်အရွယ်လည်းမဟုတ်တော့ဘူးလေ...ဒီတော့ခံနိုင်ရည်နဲ့ရှင်သန်နေရတာပေါ့...ဟံသာဝတီနည်းပြကိုမျိုးမင်းထွန်းပြောသလိုပေါ့..မှတ်ကျောက်အတင်ခံရဖို့ ခံနိုင်ရည်လိုတယ်..တဲ့...ဒါကြောင့်ဘဝဆိုတာ ခံနိုင်ရည်စမ်းသပ်မူပဲ။ခံနိုင်ရည်မရှိရင် ဘဝကပြိုလဲသွားလိမ့်မယ်..
တစ်နေ့တစ်နေ့ ထပ်တိုးဒဏ်ရာတွေနဲ့ပုခုံးကျိုးမတတ်လူပ်ရှားနေရပေမဲ့ ဝမ်းကခေါင်နေတုန်း..လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင်.ပြောင်သလင်းခါနေတဲ့ဝမ်းဟာ တကျိကျိနဲ့အိပ်မက်သာဖြစ်လိုက်ပါတော့။ဒဏ်ရာတွေနဲ့ပြိုလဲသွားတဲ့သူတွေကိုကြည့်ပြီး ကိုယ်လည်းမပြိုလဲအောင်သာထိန်းနေရတာ ခြေကမခိုင်ချင်တော့ဘူးလေ...
အာဆင်နယ်ရဲ့ဒဏ်ရာသတင်းတွေကိုဖတ်ပြီး ကျတော်တို့ဘဝမှာလည်း မရချင်ဘဲရခဲ့တဲ့ဒဏ်ရာတွေဘယ်လောက်တောင်များခဲ့ပြီလဲ..နာကျင်လွန်းလို့အသံတောင်မထွက်နိုင်တော့ဒဏ်ရာတွေနဲ့မနက်ဖြန်ပေါင်းများစွာကိုဖြတ်သန်းရဦးမယ်မဟုတ်လား။ဒါဟာစမ်းသပ်မူလား..စာမေးပွဲစစ်လား..မသဲကွဲဘူး.
အာဆင်နယ်ကိုစမ်းသပ်မယ့်ကာလတွေရောက်လာခဲ့ပြီ။အိုဒီဂတ်ရဲ့ဒဏ်ရာသတင်းက အာဆင်နယ်ကိုကျန်းမာရေးချို့တဲ့စေခဲ့ပြီ။အိုဒီဂတ်မပါဘဲနဲ့ စပါး အတ္တလန်တာ မန်စီးတီးကိုဘယ်လိုရင်ဆိုင်မှာလဲ..ဒီသုံးပွဲက အာဆင်နယ်ကိုခေါင်းစားစေတယ်..သုံးပွဲမှာနှစ်ပွဲကအာဆင်နယ်ရဲ့ရပ်တည်မူကိုဆွဲချသွားမယ့်သဘောမှာရှိတယ်။
အိုဒီဂတ်က အာဆင်နယ်ရဲ့အသက်သွေးကြော။အာဆင်နယ်ညာခြမ်းက ပြိုင်ဘက်တွေအတွက်အိပ်မက်ဆိုးတွေယူလာပေးလေ့ရှိတယ်..အာတီတာဟာ ပွဲတိုင်းလိုလို ညာအခြမ်းကိုအပြောင်းအလဲလုပ်လေ့လုပ်ထမရှိဘူး..ဘန်ဝိူက် အိုဒီဂတ် ဆာကာတို့ညာအခြမ်းမှာ ဟန်ချက်ညီညီထိန်းကျောင်းပေးထားတဲ့သူက အိုဒီဂတ်..သူဒဏ်ရာကြောင့်ပွဲတွေလွဲပြီ..
လက်ရှိအာဆင်နယ်ရဲ့ကွင်းလယ်ကိုကြည့်ရင် ရိုက်စ်က ပွဲပယ် အိုဒီဂတ်နဲ့မော်ရီနိုကဒဏ်ရာ.သုံးလို့ရမယ့်သူက ဂျော်ဂျင်ဟိုနဲ့ပါတေးပဲရှိမယ်..ကစားရမယ့်အသင်းက စပါး။စပါးဆိုတာ အာဆင်နယ်ရဲ့ရအိမ်နီးချင်းရန်ဘက်..စပါး.အာဆင်နယ် လန်ဒန်ဒါဘီဟာ ပြိုင်ဆိုင်မူပြင်းထန်လေ့ရှိတယ်။ဒီလိုအနေအထားမျိုးမှာ အဓိကကစားသမားတွေမပါဘဲနဲ့ အဆင်ပြေပြေဖြတ်သန်းဖို့မလွယ်ဘူးလေ..။
တကယ်လို့များ...ဒီပွဲမှာသာအာဆင်နယ်အမှတ်ပြည့်မရခဲ့ရင် ဇယားထိပ်က မန်စီးတီး လီဗာပူးလ်တို့နဲ့အမှတ်ကွာသွားမယ့်သဘောမှာရှိနေတယ်..ဒီပွဲပြီးရင် အတ္တလန်တာနဲ့ကစားရမယ်.ပြီးရင်မန်စီးတီးနဲ့ထပ်ကစားရမယ်။ချန်ပီယံလိဂ်ကိုခဏဖယ်ထားရင်တောင် မန်စီးတီးနဲ့ပွဲကမလွယ်ဘူး..မနှစ်ကမန်စီးတီးကိုကောင်းကောင်းသမနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီနှစ်မလွယ်ဘူး..စပါး မန်စီးတီးတို့နဲ့ကစားမယ့်ပွဲမှာ ခြောက်မှတ်လုံးဆုံးရူံးခဲ့ရင် အာဆင်နယ်ရဲ့ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်က အစောကြီးပြီးသွားနိုင်တယ်..
ဒါကြောင့်ဒီကာလက အာဆင်နယ်ကိုစမ်းသပ်မယ့်ကာလပဲ..အာဆင်နယ်ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ..ကိုယ်မလိုချင်ဘဲရခဲ့တဲ့ဒဏ်ရာတွေကြောင့်လဲပြိုသွားရင် အရမ်းနာကျင်ရတယ်..ဘာလို့ဆို ကျတော်တို့ကိုယ်တိုင် ကိုယ့်မလိုချင်ဘဲရတဲ့ဒဏ်ရာတွေကြောင့် လဲပြိုနေကြတာမဟုတ်လား...။
ကလော့အလွန် ဆလော့ထုဆစ်နေတဲ့ အိပ်မက်များ
ကလော့အလွန် ကြိုးကြာတောင်ပံခတ်သံက ပရီးမီးယားလိဂ်မှာမုန်တိုင်းထန်နေတယ်.နှစ်ပေါင်းများစွာအလုပ်လုပ်လာတဲ့နည်းပြတစ်ယောက်ထွက်ခွာသွားပြီဆို လိူင်းလေထန်တတ်တယ်..ဒါကြောင့်ရာသီသစ် နည်းပြသစ်နဲ့ပွဲထွက်လာတဲ့လီဗာပူးလ်ကိုစောင့်ကြည့်ခဲ့ရတယ်..အစ်ဆွစ်ချ်ကို2-0 ဘရန်းဖို့ဒ်ကို2-0 မန်ယူကို3-0။သုံးပွဲကစား။သုံးပွဲနိုင်။ပေးဂိုးမရှိဆိုတဲ့စံချိန်တစ်ခုက ဆလော့ကိုအမြင့်ဆုံးကိုပို့လိုက်သလိုပါပဲ..
ဒီရာသီလီဗာပူးလ်ကိုကြည့်ရတာ အရမ်းအရသာရှိတယ်..မူလလက်ဟောင်းကနေခွဲထွက်လာခဲ့ပေမဲ့ ပုံစံပျက်မသွားဘူး။အရင်လက်ရာအတိုင်းပဲ တကယ်ကိုအရသာရှိခဲ့တယ်..ဆလော့ရဲ့အသင်းက ကလော့လိုပဲ pressingကိုအားပြုတယ်..လျင်မြန်မူရှိတယ်..ထိရောက်မူရှိတယ်..တိုက်စစ်လမ်းကြောင်းတွေက သပ်ရပ်တယ်..အဝေးဘောတွေကတိကျတယ်..ဒီးယက်ဇ် ဆာလာတို့ရဲ့တောင်ပံနှစ်ဖက်က မြန်နူန်းမြင့်ကစားနိုင်တဲ့အပြင် တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းရှိတယ်..ဂိုးသွင်းနိုင်တယ်..ဖန်တီးနိုင်စွမ်းရှိတယ်..အထောင်နေရာမှာကစားနေတဲ့ဂျိုတာက ဘောလုံးမရှိတဲ့အချိန်မှာအလုပ်လုပ်တာအရမ်းကောင်းတယ်..ဘောလုံးနဲ့ရွေ့နိုင်တယ်.နေရာလွတ်ကိုဖန်တီးနိုင်တယ်..သူ့ကြောင့်လည်း ဆာလာနဲ့ဒီးယက်ဇ်တို့အခွင့်အရေးတွေရခဲ့တယ်...
ဆာဘိုဆလိုင်း အယ်လစ္စတာ ဂရာဗင်ဘာ့ချ်တို့ကွင်းလယ်ကတည်ငြိမ်တယ်..ဟန်ချက်ညီအောင်ထိန်းနိုင်တယ်။အထူးသဖြင့်ဂရာဗင်ဘာ့ချ်ပဲ။DM roleမှာအမှားအယွင်းမရှိကစားနိုင်တာကြောင့် လီဗာပူးရဲ့လိုပ်နေတဲ့နေရာအတွက် စိတ်ချရပြီလို့ဆိုနိုင်ပါတယ်..ကလော့လက်ထက်မှာနေရာရခဲ့တဲ့အန်ဒိုကိုတော့ခဏခေါက်ထားတယ်.
လီဗာပူးလ်ကွင်းလယ်ကဟန်ချက်ညီညီကစားနိုင်တဲ့အတွက်ခံစစ်ကအများကြီးတောင့်တင်းသွားတာတွေ့ရတယ်...ဒါကြောင့်လည်းပရီးမီးယားလိဂ်သုံးပွဲဆက်ဂိုးမပေးခဲ့ရဘူး...ပြောရရင်ဆလော့ရဲ့ပြုပြင်ပြောင်းလဲရေးကညင်သာတယ်..သပ်ရပ်တယ်။ကလော့တည်ဆောက်ထားတဲ့ကစားဟန်ကိုနည်းနည်းပဲပြင်ဆင်ခဲ့တယ်..တိုက်စစ်အလုပ်လုပ်ပုံပြောင်းလဲသွားတာတွေ့ရတယ်
လက်ရှိလီဗာပူးလ်ရဲ့အနေအထားကအားရဖို့ကောင်းတယ်။နည်းပြဆရာတစ်ယောက်ရဲ့အရည်အချင်းဆိုတာဒါပါပဲ။ကလော့အစားသူဝင်လာချိန်မှာသူ့အတွက်ဖိအားတွေရှိတယ်..ကလော့ရဲ့အရိပ်လွှမ်းမိုးမူတွေရှိတယ်ဒါပေမဲ့သူကတည်တည်ငြိမ်ငြိမ်နဲ့ပဲသူ့အလုပ်သူလုပ်သွားတယ်။ရာသီကြိုခြေစမ်းပွဲတွေမှာ လူတွေစမ်းသပ်ခဲ့တယ်..ဆီဗီလားနဲ့ပွဲမှာ ဘယ်သူတွေကိုဦးစားပေးသုံးရမလဲသိသွားပုံရတယ်..ပရီးမီးယားလိဂ်ရာသီအဖွင့်45မိနစ်မှာသူတို့ရုန်းကန်ခဲ့ရတယ်..ပွဲစဥ်1ရဲ့ဒုတိယပိုင်းကစပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့တယ်..။
ဒီပုံစံအတိုင်းသာဆက်သွားရင် လီဗားပူးလ်ရဲ့ချန်ပီယံအိပ်မက်ကအားကောင်းမောင်းသန်ဖြစ်လာနိုင်တယ်. မန်စီးတီးနဲ့အာဆင်နယ်ကိုကောင်းကောင်းကစားနိုင်စွမ်းရှိတယ်..ဒါကြောင့်လီဗာပူးလ်ဘယ်အထိသွားမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..
ဂရင်းဝုဒ်ပြတဲ့တရား
ဂရင်းဝုဒ်ပြတဲ့တရား..ငါအကြိမ်ကြိမ်နာခဲ့တယ်..စွန့်ပစ်ခံရတိုင်း တန်ဖိုးတွေမဲ့မနေပါဘူးဆိုတဲ့စကားက ငါ့နှလုံးသားထဲဝင်ရောက်လာတယ်..အထင်မြင်သေးမူတွေ လက်မခံမူတွေက လူတစ်ယောက်ရဲ့ဘဝကိုဝါးမြိုသွားနိုင်တယ်မဟုတ်လား..ဂရင်းဝုဒ်ကပြောတယ်.ငါ့တို့ရဲ့ရှင်သန်ခြင်းတွေဟာ လူတွေရဲ့နူတ်ခမ်းဖျားပေါ်မှာ လမ်းမဆုံးဘူး..တဲ့။သူကဆက်ပြောတယ်.ကိုယ့်ကိုမလိုမုန်းတီးနေတဲ့အရပ်မှာ ခြေစုံရပ်နေလည်း ဒဏ်ရာတွေထပ်တိုးရုံပဲရှိမယ်.တဲ့..။တချို့သောစွန့်ခွာခြင်းတွေဟာ ကြောက်လို့ထွက်ပြေးသွားတာမဟုတ်ပါဘူး..ဘဝအသစ်ရဖို့...။
မားဆေးလ်မှာ ဂရင်းဝုဒ် ဂိုးတွေဆက်တိုက်သွင်းယူနေတာမြင်ရတိုင်း ဘယ်သူ့ကိုစိတ်နာလို့နာရမှန်းမသိ...ရပ်ဖို့ဒ် ဆန်ချို အန်တိုနီတို့ ကိုယ့်အရိပ်ကိုယ်ပြန်ရှာမတွေ့လေ ဒေါသထွက်ရလေ..ဂရင်းဝုဒ်မန်ယူကထွက်သွားတာ နှစ်နှစ်ရှိပြီ။ဂီတာဖေးမှာ ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့ဂိုးတွေသွင်းယူခဲ့တယ်။သူဟာအမှားတွေလုပ်ခဲ့တယ်..ဒါပေမဲ့ဘောလုံးနဲ့ပတ်သတ်ရင်လူညံ့မဟုတ်ဘူးဆိုတာ အကြိမ်ကြိမ်သက်သေပြခဲ့တယ်။
ဂီတာဖေးကနေ မာဆေးလ်ကိုပြောင်းလာတယ်။ဒီဇာဘီလက်အောက်မှာ ပိုကောင်းလာခဲ့တယ်..ဒီဇာဘီက တောင်ပံတွေကိုအားပြုတဲ့နည်းပြ။ဂရင်းဝုဒ်လိုတောင်ပံကစားသမားနဲ့အံ့ကိုက်ဖြစ်ခဲ့တယ်..နှစ်ပွဲဆက်ဂိုးတွေရတယ်..ဒါဟာဂရင်းဝုဒ်ရဲ့တန်ဖိုးတွေပါပဲ.မန်ယူတောင်ပံကစားသမားတွေတိုင်ပတ်နေချိန်မှာ မန်ယူရဲ့တောင်ပံတစ်စုံဖြစ်ခဲ့ဖူးတဲ့ဂရင်းဝုဒ်ဟာ လေဟုန်စီးလို့.။ဒါဟာလှပသောကလဲ့စားချေခြင်းပါပဲ...။
ကိုယ့်ကိုမလိုဘူးလို့စွန့်ပစ်ခဲ့တဲ့အသိုင်းအဝိုင်းတစ်ခုကို အကောင်းဆုံးကလဲ့စားချေခြင်းက ကိုယ့်ရဲ့အစွမ်းအစကိုအကောင်းဆုံးထုတ်ပြခြင်းပါပဲ..ဘဝဆိုတာ လဲပြိုခြင်းမဟုတ်ဘူး.တည်ဆောက်ပြရတာ..ကိုယ့်ကိုမလိုမုန်းတီးသူတွေရှေ့မှာ အောင်မြင်စွာရပ်တည်နိုင်ခြင်းဟာကိုယ့်ရဲ့တန်ဖိုးပါပဲ..ဘယ်လိုအခက်အခဲတွေနဲ့ကြုံကြုံ ပြန်ထနိုင်အောင်ကြိုးစား..သူငယ်ချင်း။မင်းတို့ငါတို့ရှင်သန်နေတဲ့ကမ္ဘာကြီးမှာ လဲနေတဲ့သူကိုဆွဲထူမယ့်လက်တွေသာရှားပါးနေတာ.ကိုယ်ကျရူံးနေရင်း လှောင်ပြောင်မယ့်နူတ်ခမ်းတွေအရမ်းပေါတယ်...ဒါကြောင့် မင်း..ဘဝမှာမင်းပဲရှိတယ်သူငယ်ချင်း..
အာဆင်နယ်..ချန်ပီယံဖြစ်သင့်ပြီ
အာဆင်နယ်နဲ့ပတ်သတ်ရင် ချန်ပီယံအပြင်ဘက်ကအသင်းလို့ ခေါင်းစဥ်တပ်ကြတယ်..2003-04နောက်ပိုင်းချန်ပီယံမဖြစ်တော့တဲ့အာဆင်နယ်ကို တချို့ကအထင်မကြီးချင်ကြတော့ဘူး..တချို့ကလည်း အာဆင်နယ်ဟာ အဆံမရှိတော့တဲ့သကြန်အမြောက်တဲ့..တချို့ကအာဆင်နယ်အောင်မြင်ခဲ့တယ်ဆိုတာ ဦးတို့ငယ်ငယ်တုန်းကပါ..တဲ့။
ငွေကြေးနဲ့မှဆုဖလားတွေဖူးပွင့်ခဲ့တယ်ဆိုတဲ့အယူအဆနဲ့ချဲလ်ဆီးအသင်းရှင်သန်ကြီးထွားလာလေလေ အာဆင်နယ်ရဲ့အရောင်ဟာမှေးမှိန်သွားလေလေပါပဲ...ဒီလိုနဲ့အာဆင်နယ်ဟာ မန်ယူနဲ့ပြိုင်နေရာကနေ ချဲလ်ဆီးရောက်လာတယ်..နောက်မန်စီးတီးရောက်လာတယ်..ငွေကြေးနဲ့ညချင်းကြီးခဲ့တဲ့အသင်းကိုသူမယှဥ်နိုင်တော့ဘူး။လီဗာပူးလ်ကလည်း ကလော့လက်ထက်မှာ အရှိန်အဝါတွေကြီးထွားခဲ့ပြန်တယ်..ဒီလိုနဲ့ပရီးမီးယားလိဂ်ဟာ မန်ယူ အာဆင်နယ်ပြိုင်နေရာကနေ လေးငါးခြောက်သင်းပြိုင်တဲ့ပွဲဖြစ်လာခဲ့တယ်..တရွေ့ရွေ့ပြောင်းလဲလာတဲ့ခေတ်နောက်ကိုမင်းသားဟောင်းကြီးမလိုက်နိုင်တော့ဘူး...ဒါကြောင့်အပြောင်းအလဲတွေလုပ်ခဲ့တယ်။အာတီတာလိုနည်းပြမျိုးရောက်လာတယ်..သူလည်းအစပိုင်းမှာတော်တော်လေးရုန်းကန်ခဲ့ရတယ်..ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ပြုပြင်ပြောင်းလဲမူများစွာပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အာဆင်နယ်ဟာ လူတစ်လုံးသူတစ်လုံးဖြစ်လာခဲ့တယ်..ဘယ်လောက်ထိတိုးတက်ပြောင်းလဲသွားသလဲဆိုရင် နောက်ဆုံးနှစ်ရာသီဆက် ချန်ပီယံဆုဖလားကြီးနဲ့တေ့လွဲလွဲသွားတဲ့အထိ..
ဒါကြောင့်နှစ်ရာသီဆက်ဒုတိယရခဲ့တဲ့အာဆင်နယ်အဖို့ ချန်ပီယံဖြစ်ဖို့အချိန်ကျနေပြီ..ဖြစ်နိုင်တဲ့ခြေစွမ်းမျိုးကိုလည်းပိုင်ဆိုင်ထားတယ်..ဒါပေမဲ့လိုနေတာတစ်ခုရှိတယ်.အဲဒါကဘာလဲဆိုတော့ တစ်ရာသီကိုအနည်းဆုံးဂိုးနှစ်ဆယ်လောက်သွင်းမယ့်အဆုံးသတ်ကောင်းတဲ့တိုက်စစ်မူးမျိုး။မန်စီးတီးအသင်းက အဂွဲရိုမရှိတော့တဲ့နောက်ပိုင်းမှာ ဟာလန်းကိုမရမကခေါ်ခဲ့တယ်...9roleကိုအာသီတမတွေ့တတ်တဲ့ဂွာဒီယိုလာနည်းပြမျိုးတောင် အဆုံးသတ်ကောင်းတဲ့တိုက်စစ်မူးမျိုးနဲ့ချန်ပီယံလိဂ်ယူသွားတာမဟုတ်လား..
လက်ရှိအာဆင်နယ်ဟာ အရာရာပြည့်စုံနေတယ်ဆိုပေမဲ့ တစ်ရာသီဂိုးနှစ်ဆယ်လောက်သွင်းမယ့်သူမျိုးလိုနေတယ်..ဆာကာ မာတင်နယ်လီ ထရိုဆက် ဟာဗက် ဂျေးဇူးတို့ကကောင်းတယ်ဆိုပေမဲ့ အဆုံးသတ်ပိုင်းစိတ်မချရဘူး။အရေးကြုံရင်ဂိုးမျော်လို့မရဘူး။အဆုံးသတ်ကောင်းတဲ့တိုက်စစ်မူးသာရလိုက်လို့ကတော့ အာဆင်နယ်ရဲ့အနေအထားက အတိုင်းထက်လွန်သွားမှာပါ..ဒါကြောင့်အာဆင်နယ်ဟာ ချန်ပီယံဖြစ်ရမယ့်ကာလကိုရောက်နေပါပြီ..အဆုံးသတ်ကောင်းတဲ့တိုက်စစ်မူးသာရခဲ့ရင် ချန်ပီယံဖြစ်ပြီလို့ ကြွေးကြော်လို့ရပါပြီ။
" မပြည်တဲ့အိုးတွေရဲ့ဘောင်ခတ်သံတွေဟာ အိပ်ရေးပျက်ရတယ် "
ရေး - အလင်းဖြူ
ဗို့အားနည်းနေတဲ့ မီးသီးတစ်လုံးဟာ ငါ့အခန်းထဲမှာ မှိန်ပြပြနဲ့ စိတ်လိုလက်ရမလင်းနေဘူး..အဲဒါဟာရပ်ဖို့ဒ်ဖြစ်တယ်...မပြည့်တဲ့အိုးတွေရဲ့ဘောင်ခတ်နေတဲ့အသံတွေကြောင့်ညညဆို ငါ့လန့်လန့်နိုးနေတယ်...အဲဒါဟာ ရပ်ဖို့ဒ်ဖြစ်တယ်။သံချေးတက်နေတဲ့ဓားတစ်ချောင်းဘယ်လောက်ပဲသွေးသွေး ထက်မလာဘဲ တုံးတုံးနေတယ်.အဲဒါဟာရပ်ဖို့ဒ်ဖြစ်တယ်...ရပ်ဖို့ဒ်ဟာ ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်က ခပ်ညံ့ညံ့လက်ဖက်ရည်တစ်ခွက်သာဖြစ်တယ်....ရပ်ဖို့ဒ်ဟာ စားရမှာလည်းသဲတရှပ်ရှပ် လွင့်ပစ်ရမှာလည်းအဆီတဝင်းဝင်း..မကောင်းဘူးလားဆိုတော့ ကောင်းတယ်..ကောင်းလားဆိုတော့လည်းမကောင်းပြန်ဘူး..သူဟာ ဘယ်လိုမှဖတ်လို့မရတဲ့ဝါကျတွေနဲ့ရေးဖွဲ့စာတစ်ပုဒ်ဖြစ်တယ်...ဟူး...ငါ့သက်ပြင်းတွေအကြိမ်ကြိမ်မိတယ်.ခပ်ညံ့ညံ့ဖျော်ထားတဲ့လက်ဖက်ရည်ကိုသောက်ရင်း ရပ်ဖို့ဒ်အကြောင်းစဥ်းစားနေမိတယ်။ကောင်းကင်ကလည်း အက်ကြောင်းတွေနဲ...။ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် နာကျင်နေရတဲ့အထဲ ရပ်ဖို့ဒ်ကတမှောက်...။
ဒီကောင်.ဘာကောင်လဲ။မနှစ်ကလည်းတစ်ရာသီလုံး နှလုံးသားထဲစူးဝင်နေတဲ့စူးတစ်ချောင်းလိုပဲ။တစ်ချိန်လုံးနာကျင်ခဲ့ရတယ်။ခြေစွမ်းကောင်းခဲ့တဲ့ပွဲထက် မကောင်းတဲ့ပွဲက ပိုများနေခဲ့တယ်..အမှန်ဆိုရပ်ဖို့ဒ်က ဒီ့ထက်မကဖြစ်ရမယ့်ကစားသမား။မန်ယူရဲ့ငယ်မွေးခြံပေါက်စစ်စစ်။မန်ယူရဲ့မျော်လင့်ခြင်းမနက်ဖြန်တွေ..ဒါပေမဲ့သူဟာ စိတ်ပျက်စရာတွေနဲ့ ကမ်းလာလာကပ်နေတယ်။အမှန်ဆိုသူက လက်ရှိမန်ယူအသင်းရဲ့တိုက်စစ်ကိုဦးဆောင်ရမယ့်သူ..ဒါပေမဲ့လက်ရှိပုံစံက ခေါင်းဆောင်နိုင်တဲ့အရည်အချင်းမရှိသလို နောက်လိုက်ကောင်းလည်းမဖြစ်ခဲ့ဘူး..ဂဏာန်းတစ်ကောင်းလို ဘေးတိုက်သွားနေတယ်..သူဘာဖြစ်ချင်နေတာလဲ။
သူနဲ့ခေတ်ပြိုင်ကစားသမားတွေက အသင်းတွေကိုဦးဆောင်နေချိန်မှာသူကချီးထုပ်ဖြစ်နေတယ်..တန်ဟက်မလာခင်အချိန်ထိ သူ့ဘဝကလင်းလိုက်မှောင်လိုက်နဲ့။တန်ဟက်ရောက်လာချိန်မှာ လိမ့်ကြိုးစားခဲ့တယ်..တန်ဟက်ရဲ့ပထမဆုံးရာသီမှာ သူထပေါက်သွားတယ်..ခြေစွမ်းတွေပြခဲ့တယ်..ဂိုးတွေသွင်းခဲ့တယ်..မန်ယူရဲ့တိုက်စစ်ကိုသူဦးဆောင်ခဲ့တယ်..ဒါကြောင့်မနှစ်က သူ့ကိုအရမ်းမျော်လင့်ကြတယ်။လူတွေမျော်လင့်နေတဲ့အချိန်ကျမှထဖောက်သွားတယ်..ကစားပုံကလည်းပျင်းရိပျော့တွဲတွဲနဲ့ စိတ်ဓာတ်လည်းမရှိဘူး..ခံယူချက်လည်းမရှိခဲ့ဘူး...
ဒီနှစ်ရာသီတော့မစသေးဘူး..ဒါပေမဲ့ကွန်မြူနတီပွဲမှာ သူ့ခြေစွမ်းကအရင်တိုင်းပဲ မပြောင်းလဲသေးဘူး..သူဘာဖြစ်ချင်နေတာလဲ...အသင်းမှာသူ့လောက်စီနီယာကျတဲ့ကစားသမားမရှိဘူး...မန်ယူရဲ့ငယ်မွေးခြံပေါက်စစ်စစ်..ဒါပေမဲ့သူ့ကစားပုံနဲ့ သူ့စိတ်ဓာတ်ကသရဲနီDNAကိုမရှိတာ။ဒါဟာတော်တော်ဆိုးတယ်။
ပြောရရင်သူက အရည်အချင်းရှိတယ်..လုပ်နိုင်ကိုင်နိုင်တယ်။ခက်တာက သူဘာဖြစ်ချင်နေတာလဲမသိဘူး..ဒါကြောင့်ပရိသတ်အများစုကသူ့ကိုမကြိုက်တော့ဘူး.ဝေဖန်လာကြတယ်..အပြစ်တင်လာကြတယ်..ဒီအသံတွေကိုပဲ ရွဲနေသလားတော့မသိဘူး...2022/23ကရပ်ဖို့ဒ်ကိုပြန်မတွေ့ရတော့ဘူး..သူဘယ်လောက်ပဲအရည်အချင်းရှိရှိ ပေါ့ပျက်ပျက်နေရင် ဘယ်သူ့မှလက်ခံမှာမဟုတ်ဘူး..ဒီအချိုးတိုင်းသွားမယ်ဆိုရင်တော့ မန်ယူကနေလစ်သွားနိုင်တယ်...မပြည့်တဲ့အိုးတွေရဲ့ ဘောင်ခတ်သံတွေကြောင့် ညညဆိုလန့်လန့်နိုးနေတယ်..
(အွန်လိုင်းဘောပွဲများကစားချင်ရင် Soccerpick Page ကို အခုပဲ ဆက်သွယ်လိုက်ပါ)
" အူဂါတီသာ မန်ယူရောက်ခဲ့ရင် "
ရေး - အလင်းဖြူ
အူဂါတီသာ မန်ယူရောက်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ တံခါးပေါင်းများစွာကိုဖွင့်မိတယ်..ဝင်လာတဲ့မျော်လင့်ချက်တွေနဲ့ အနာဂတ်ကိုထုဆစ်လို့လက်ရှိကွင်းလယ်လူစာရင်းနဲ့တော့မန်ယူဟာ အောင်လံလွှင့်ဖို့မသေချာဘူး..မန်ယူဟာဘုတ်အဖွဲ့လည်းအပြောင်းအလဲလုပ်တယ်။လိုအပ်တဲ့နေရာတွေကိုလည်းဖြည့်နေတယ်..ဒါပေမဲ့ရာသီကြိုပွဲတွေမှာမန်ယူရဲ့အနေအထားက အားရစရာမရှိဘူး..ဒါကြောင့်လည်းကွင်းလယ်ကိုဖြည့်ဖို့ ပြင်ဆင်နေတာလည်းတွေ့ရတယ်.
လက်ရှိမန်ယူရဲ့ကွင်းလယ်လူစာရင်းကိုကြည့်ရင် ကတ်စမဲရိုး တွန်မီနေး မိန်နူး အဲရစ်ဆင် မောင့် ဟန်နီဘယ် ဘရူနိုစတဲ့သူတွေရှိနေတယ်..4231ကစားကွက်ခင်းကျင်းမယ်ဆိုရင် DMနှစ်ယောက်မှာ မိန်နူးတစ်ယောက်ပဲဒေါင်ဒေါင်မြည်အနေအထားမှာရှိတယ် အဲရစ်ဆင်ရော ကတ်စမဲရိုးတို့က ပွဲချိန်ပြည့်အားကိုးလို့မရတော့ဘူး။အသက်အရွယ်အနေအထားအရ အထိန်းသဘောပဲရမယ်။တွန်မီနေး ဟန်နီဘယ်တို့က အရံအဖြစ်ပဲသုံးလို့ရမယ်..2-1ပုံစံမှာ ဘရူနိုကတိုက်စစ်ကစားမယ့်သူ။မောင့်ကနေရာစုံဝင်ကစားပေးမယ့်သူ။ဒါကြောင့်လည်း မိန်းနူးနဲ့တွဲကစားမယ်သူ လိုကိုလိုအပ်တယ်..
တန်ဟက်လက်ထက်မန်ယူကိုကြည့်ရင် ကွင်းလယ်ကစားပုံက အသင်းကြီးတွေကိုမမီဘူး။ဘောလုံးကိုထိန်းချုပ်တဲ့နေရာမှာအားနည်းချက်တွေရှိတယ်။အသင်းကြီးတွေနဲ့တွေ့ရင်မန်ယူရဲ့ကွင်းလယ်ကစားပုံ အားနည်းခဲ့တာအမှန်ပဲ..ဒါကြောင့်DMသမားစစ်စစ်ကိုရှာဖွေနေတာဖြစ်တယ်။သူတို့လိုက်နေတဲ့သူတွေထဲမှာ အူဂါတီကအသံထွက်ဆုံးပဲ။
အူဂါတီသာမန်ယူရောက်လာခဲ့ရင် မန်ယူကွင်းလယ်က အများကြီးတောင့်တင်းသွားမှာ။ဘာလို့ဆိုအူဂါတီရဲ့ကစားပုံက aggressiveဖြစ်တယ်..ဘောလုံးလမ်းကြောင်းတွက်ဆတာကောင်းတယ်။ကြားဖြတ်လုနိုင်စွမ်းရှိတယ်.လိုအပ်ရင်လိုအပ်သလို ခပ်ကြမ်းကြမ်းကစားနိုင်တယ်။underpressure အခြေအနေမျိုးမှာ သက်တောင့်သက်သာကစားနိုင်တယ်။ဘောလုံးပေးပို့တဲ့နေရာမှာတိကျတယ်..ဒါကြောင့်သူသာရောက်လာခဲ့ရင် မိန်နူးအတွက်ကစားရတာချောင်သွားမယ်..ဒါက အဂ်လန်လက်ရွေးစင်အသင်းမှာရိုက်စ်နဲ့တွဲကစားခွင့်ရသလိုမျိုးပဲ တိုက်စစ်ကိုလွတ်လွတ်လပ်လပ်လိုက်ပါကစားနိုင်မယ် ..
မိန်နူးက ကစားတဲ့နေရာမှာအကြောက်အလန့်မရှိဘူး။သတ္တိရှိတယ်..လုပ်ချင်ကိုင်ချင်စိတ်များတယ်..ဒါကြောင့်အထိန်းလိုတယ်။သူ့ကိုcoverပေးမယ့်သူရှိရင် သူ့ဆီကနေအများကြီးမျောိလို့ရတယ်။ကတ်စမဲရိုးတို့ အဲရစ်ဆင်တို့က အသက်ကြီးသွားပြီ။အချိန်ပြည့်မကစားနိုင်တော့ဘူး။တွန်မီနေးက သူ့ဘာသာသူတောင်တိုင်ပတ်နေတဲ့ကစားသမား။ဒါကြောင့်DMသမားစစ်စစ်ရောက်လာဖို့လိုတယ်..ရောက်လာခဲ့ရင် ကွင်းလယ်အတွက် အရန်အင်အားပါတောင့်တင်းသွားမှာ..အခုချိန်မှာတော့ကြားရတဲ့သတင်းတွေအရ အူဂါတီက ရောက်ဖို့များတယ်။ဒါပေမဲ့မသေချာသေးဘူး..DMနေရာအတွက် ကစားသမားအသစ်မခေါ်နိုင်ရင် မန်ယူရဲ့အနေအထားကအများကြီးမျော်လို့ရမှာမဟုတ်ဘူး။ဒါကြောင့်ဘယ်သူရောက်လာမလဲစိတ်ဝင်စားတယ်..အူဂါတီသာရောက်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့..
( Soccepick Page မှာ IBet 789၊ Mix 247နဲ့ 555 Mix တို့ စိတ်ကြိုက် ကစားနိုင်ပြီး Page Messenger မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်)
" ကာလာဖီအိုရီ နဲ့ မျော်လင့်ချက်တစ်စုံတစ်ရာ "
ရေး - အလင်းဖြူ
ကာလာဖီအိုရီရဲ့အပြောင်းအရွေ့နောက်ကို ကမ္ဘာကြီးတစ်ခုလုံးမျောပါသွားခဲ့တယ်..အီတလီရဲ့ရတနာတစ်ပါး..အဂ်လန်ကိုခြေချခန်းက ခမ်းနားလွန်းခဲ့ပါတယ်။သူ့ကြောင့်လည်း အမ်းမရိတ်မှာအပြာရောင်ပန်းတွေပွင့်ခဲ့တယ်..လူငယ်လေးတစ်ယောက်ဆီက ဘာများမျော်လို့ရမှာလဲ.မော်ဒန်ဘောလုံးကလူငယ်တွေခေတ်..အသက်20အရွယ်နဲ့ကမ္ဘာကြီးကိုသိမ်းပိုက်ထားတဲ့လူငယ်တွေအများကြီး..အဲလူငယ်တွေထဲမှာ ကာလာဖီအိုရီလည်းပါခဲ့တာပေါ့...စီးရီအေနဲ့မစိမ်းတဲ့သူတွေက သူ့ကိုသိကြတယ်..အများစုက ယူရိုပွဲကျမှသိခဲ့ကြတာမဟုတ်လား။
ယူရိုမှတ်တမ်းက ပြန်ကြည့်ရင် ကိုယ့်ဂိုးကိုယ်ပြန်သွင်းတယ်။တစ်ပွဲအပယ်ခံရတယ်။ဒါနဲ့တောင်သူ့ကစားပုံကမျက်လုံးကိုစွဲသွားစေတယ်..သူ့ကစားခဲ့တဲ့မိနစ်အပိုင်းအခြားတွေမှာ သူပြသခဲ့တဲ့ခြေစွမ်းက လန်ထွက်နေတာပဲ။အီတလီဆိုတာ ခံစစ်ကိုအနုပညာဆန်ဆန်ကစားတတ်တဲ့သူတွေ။ချီလီနီတို့နောက်ပိုင်း အကောင်းဆုံးထုတ်ကုန်။ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ရုပ်ရည်နဲ့မလိုက်ဖက်လောက်အောင်မာကျောမူကအပြည့်..။
ဒီလိုခံစစ်ကိုအနုပညာဆန်ဆန်ကစားတတ်တဲ့ချာတိတ်လေးကို ပရီးမီးယားလိဂ်ရဲ့ခံစစ်အကောင်းဆုံးအသင်းကခေါ်လိုက်တယ်။ဒါဟာအာဆင်နယ်ကိုမီးမြှင့်လိုက်တဲ့သဘော..မနှစ်ကခံစစ်အစုအဖွဲ့အတိုင်းပဲရှိတယ်..ဒဏ်ရာကပြန်လာတဲ့တင်မ်ဘာရယ် ကာလာဖီအိုရီတို့နဲ့ထပ်ပေါင်းလိုက်ချိန်မှာ အာဆင်နယ်ခံစစ်ကပြီးပြည့်စုံသွားခဲ့ပြီ..။
ကာလာဖီအိုရီကို ဘယ်နေရာမှာသုံးမှာလဲ..ဘယ်လိုအသုံးချမှာလဲ သူ့ဆီက ဘာတွေမျော်လင့်လို့ရမလဲ..လူတိုင်းသိချင်ကြတဲ့အရာ။ကာလာဖီအိုရီက ခံစစ်မှာနေရာစုံကစားနိုင်စွမ်းရှိတယ်..။တစ်ဦးချင်းလုနိုင်စွမ်းရှိတယ်။ကြားဖြတ်လုနိုင်စွမ်းမြှင့်တယ်။အမြင့်ဘောရှင်းထုတ်တာကောင်းတယ်။ဘောလုံးနဲ့အတူဆွဲပြေးနိုင်တယ်။ကစားနိုင်တယ်..ပြီးတော့ခံစစ်ဗျူဟာနဲ့ပတ်သတ်ရင် ဥာဏ်ရည်မြင့်တယ်..ဒီအချက်တွေကို အာတီတာလည်းသဘောကျပုံပဲ..။ဟိုးလွန်ခဲ့တဲ့ 2022-23မှာ အာဆင်နယ်ရဲ့ရာသီနှောင်းကာလမှာ ဆာလီဘာနာသွားတဲ့အချိန်မှာ တိုင်ပတ်သွားခဲ့တယ်..မနှစ်က ဆာလီဘာ ဂါဘရီယဲလ်အတွဲက ဒဏ်ရာကင်းစင်ခဲ့လို့ အာဆင်နယ်ခံစစ် တောင့်တင်းခဲ့တယ်..အာတီတာတွေးပုံကရှင်းတယ်..CBအတွက်သူ့ကိုလျာထားသလို ဘယ်နောက်ခံနေရာအတွက်အသုံးချလာနိုင်တယ်..လက်ရှိမှာ ဇင်ချန်ကိုရှိနေပေမဲ့ သူကတိုက်စစ်အတွက်အားကိုးရတယ်..ခံစစ်အတွက်စိတ်မချရဘူး..ဒါကြောင့် ဘယ်နောက်ခံအတွက် တင်မ်ဘာနဲ့ကာလာဖီအိုရီတို့ကို လျာထားတယ်။အဲနှစ်ယောက်စလုံးက ခံစစ်မှာစွယ်စုံရတယ်..ဒါကြောင့်အာတီတာအနေနဲ့ ခံစစ်ဗျူဟာကိုအပြောင်းအလဲများစွာပြုလုပ်လာနိုင်တယ်..
ဒီရာသီအပြောင်းအရွေ့တွေထဲမှာ ကာလာဖီအိုရီရဲ့အပြောင်းအရွေ့ကိုပိုစိတ်ဝင်စားတယ်။အီတလီခံစစ်ဘုရင်တွေဟာ ပြည်ပကိုထွက်ကစားတာနည်းတယ်။သူကငယ်ငယ်ရွယ်ရွယ်နဲ့မွေးရပ်မြေကိုစွန့်ခွာလာတယ်..စွန့်စားလိုစိတ်ရှိတယ်..စိန်ခေါ်မူတွေကိုရင်ဆိုင်နိုင်စွမ်းရှိတယ်. ဒါကြောင့်အာတီတာအနေနဲ့ကာလာဖီအိုရီကိုဘယ်လိုသုံးမလဲ အရမ်းစိတ်ဝင်စားနေမိတယ်...
(Soccerpick မှာ IBet 789၊ Mix 247၊ 555 Mix တို့ကို မြန်မာကျပ်ငွေနဲ့ရော ထိုင်းဘတ်ငွေနဲ့ပါ ကစားလို့ရပါပြီ)
ရီးရဲလ်ကို အန်ဆယ်လော့တီဘယ်လိုထုဆစ်မလဲ...
ရေး - အလင်းဖြူ
ရီးရဲလ်...ဒီအသင်းဖမ်းစားမူအောက်မှာ ရုန်းမထွက်နိုင်တော့ဘူး..အမ်ဘာပီရဲ့အမည်နာမအောက်မှာ အရူးအမူးဖြစ်နေတဲ့သူတွေရှိတယ်...ဗင်နီစီးယက် ရိုဒရီဂို အမ်ဘာပီ ဒီသုံးယောက်တွဲတိုက်စစ်က စီရော်နယ်ဒို ဘေးလ် ဘန်ဇီမာတို့လို ခေတ်တစ်ခေတ်ကိုအစပြုနိုင်မလား..BBCတိုက်စစ်က ဆုဖလားတွေယူခဲ့တယ်..ဂိုးတွေသွင်းခဲ့တယ်...အပြန်အလှန်ဖန်တီးမူပေါင်းများစွာ ပြုလုပ်နိုင်ခဲ့တယ်.တော်ဝင်မက်ဒရစ်ရဲ့ခေတ်ကိုလှပစွာထုဆစ်ပြခဲ့တယ်...ဒါကြောင့် VARတိုက်စစ်လို့ အမည်တပ်ထားတဲ့ ဗင်နီစီးယက် ရိုဒရီဂို အမ်ဘာပီတို့ ဘယ်လောက်ထိလုပ်ပြနိုင်မလဲ..ဒီအတွေးနဲ့ ရူးနေတဲ့သူတွေအများကြီး..။
အန်ဆယ်လော့တီလို လိုက်လျောညီထွေရှိတဲ့နည်းပြအောက်မှာ ဒီတိုက်စစ်လိုပဲ နောက်ထပ်ရင်ခုန်မိတာက ကွင်းလယ်သုံးယောက်..။ချူအာမန်နီ ဘယ်လင်ဟမ် ဗယ်ဗာဒီတို့ ဘာတွေစွမ်းဆောင်နိုင်မလဲ...ရာသီကမစရသေးဘူး..လာလီဂါဖလားအတွက် ရေပန်းအစားဆုံးဖြစ်နေတယ်...ပြီးခဲ့တဲ့ရာသီရဲ့အသင်းကိုပဲ အပြောင်းအလဲကြီးကြီးမားမားမလုပ်ခဲ့ဘဲ ထပ်အားဖြည့်လိုက်ချိန်မှာတော့ တော်ဝင်မက်ဒရစ်ဟာ အစဥ်အလာတိုင်းပဲ ကိန်းခမ်းတွေကြီးနေတုန်း...။
အမှန်တိုင်းပြောရရင် ရီးရဲလ်ရဲ့အခုနောက်ပိုင်းအပြောင်းအရွေ့ပေါ်လစီကိုအရမ်းသဘောကျတယ်..အရင်လိုမျိုးဝုန်းဒိုင်းမကြဲတော့ဘူး..အပြောင်းအလဲကိုဖြေးဖြေးချင်းလုပ်လာတယ်..ပထမဆုံးတိုက်စစ်ကိုပြင်ဖို့ ဗင်နီစီယက် ရိုဒရီဂိုတို့ကိုခေါ်တယ်။လက်သပ်မွေးတယ်။အခွင့်အရေးကိုဖြေးဖြေးချင်းပေးခဲ့တယ်..နောက် ဗယ်ဗာဒီကိုခေါ်တယ်..ပြီးတော့ ကာဗာဗင်ဂါ ချူအာမန်နီတို့ကိုခေါ်တယ်..ဝါရင့်တွေဆီကနေ ပညာယူစေခဲ့တယ်..ဒီအချိန်မှာ အမ်ဘာပီကိုလိုက်ခဲ့တယ်...ရတော့မလိုဖြစ်ခဲ့ပြီးမှ ပြင်သစ်သမ္မတကိုယ်တိုင်ကြားဝင်စေ့စပ်ပေးခဲ့လို့ အချိန်ကြန့်ကြာသွားခဲ့ရတယ်..ဒါပေမဲ့ကစားသမားနဲ့အသင်းကြားမှာ နားလည်မူယူသွားခဲ့ပုံရတယ်..ဒါကြောင့် တိုက်စစ်အတွက် ငွေမသုဲးဘဲ ဘယ်လင်ဟမ်အတွက် ရင်းနှီးမြှပ်နှံခဲ့တယ်..သူတို့ရဲ့အပြောင်းအရွေ့ပေါ်လစီက လှပလွန်းခဲ့တယ်။
အသင်းက ဆုဖလားတွေရတယ်။ကစားပုံက ကောင်းတယ်။တိုက်စစ်ကပုံပျက်မသွားခဲ့ဘူး။ဒီအချိန်မှာ အမ်ဘာပေရောက်လာတယ်..အသင်းကပြီးပြည့်စုံသွားခဲ့ပြီ...ဒီနေရာမှာ အန်ဆယ်လော့တီ ဘယ်လိုကစားကွက်ခင်းကျင်းမလဲ အရမ်းစိတ်ဝင်စားတယ်..အန်ဆယ်လော့တီက ခေါင်းမာတတ်တဲ့ တယူသန်တဲ့ နည်းပြမျိုးမဟုတ်ဘူး..အခြေအနေနဲ့အချိန်အခါကြည့်ပြီး လိုက်လျောညီထွေစွာ ကစားကွက်ခင်းကျင်းတတ်သူဖြစ်တယ်...ဒါကြောင့် ဗင်နီစီးယက် ရိုဒရီဂို အမ်ဘာပေတို့ဆိုတာ တောင်ပံတိုက်စစ်သမားတွေ..တိုက်စစ်မူးစစ်စစ်တွေမဟုတ်ဘူး..ဒီလိုတောင်ပံတိုက်စစ်သမားတွေကို ဘယ်လိုခင်းကျင်းမလဲ..
စာရွက်အပေါ်က လူစာရင်းကိုကြည့်ရင် သွေးပျက်သွားလောက်တယ်..ဘယ်လင်ဟမ် ဗင်နီစီယက် အမ်ဘာပေတို့လို အနာဂတ်ကမ္ဘာ့အကောင်းဆုံးဆုရှင်တွေကို ဟန်ချက်ညီအောင်ဘာတွေလုပ်ပြမလဲဆိုတာ အရမ်းစိတ်ဝင်စားတယ်..
" ဂုဏ်ယူပါတယ်..စပိန် "
ရေး - အလင်းဖြူ
ဒီအသင်းက ကျတော်တို့သိခဲ့တဲ့စပိန်အသင်းတွေနဲ့မတူဘူး..အထူးသဖြင့် 2008/2012ယူရိုချန်ပီယံစပိန်ရဲ့မူကွဲအသင်းဖြစ်ခဲ့တယ်။ကမ္ဘာကြီးကိုင်လူပ်ခဲ့တဲ့တီကီတာကာကစားဟန်ကနေ သွေးဖယ်လာတဲ့အသင်းဆိုလည်း မမှားဘူး။ဒီအသင်းက အရင်ချန်ပီယံဖြစ်ခဲ့တဲ့စပိန်အသင်းတွေလောက် နာမည်ကြီးတွေမပါဘူး။ဒါပေမဲ့ကစားဟန်က မော်ဒန်ဘောလုံးရဲ့အနှစ်သာရကိုအပြည့်အဝပေးစွမ်းနိုင်စွမ်းရှိတယ်..2008/2012ယူရိုချန်ပီယံအသင်းက ပြိုင်ဘက်ကိုစိတ်ကြိုက်စိုးမိုးမယ်..နေရာစုံကနေဖိအားပေးမယ်..အခုချန်ပီယံဖြစ်သွားတဲ့အသင်းက မြန်နူန်းမြှင့်သင့်ရင် မြှင့်မယ်။တိုက်စစ်ကိုတိုက်ရိုက်သွားချင်သွားမယ်။ဒါမှမဟုတ် ထိန်းသင့်ရင် ထိန်းထားမယ်..ပြိုင်ဘက်အနေအထားကိုကြည့်ပြီး ကစားအားကိုလိုသလိုအတင်အချလုပ်နိုင်စွမ်းရှိတယ်။အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ လမ်းကြောင်းက ကြပ်ခဲ့တယ်။ခရိုအေးရှား အီတလီ ဂျာမနီ ပြင်သစ် အဂ်လန်တို့ကို ဖြတ်ကျော်ပြီးဗိုလ်စွဲခဲ့တာမို့ အရမ်းချီးကျူးဖို့ကောင်းတယ်...
ယာမဲလ် ဝီလျံတို့တောင်ပံနှစ်ဖက်က စိတ်လူပ်ရှားစရာအပြည့်။မော်ဒန်ဘောလုံးမှာ အနုပညာဆန်ဆန်ဖြေဖျော်မူပေးနိုင်တဲ့ကစားသမားတွေရှားသထက်ရှားလာချိန်မှာ ဒီကစားသမားနှစ်ယောက်က တကယ့်ရတနာတွေဖြစ်ခဲ့တယ်။ဇာဗီ အင်နီစတာတို့ကြောင့် စပိန်တစ်ခေတ်ဖြစ်ခဲ့တယ်ဆိုရင် ဒီနှစ်ယောက်က ခေတ်သစ်စပိန်ကိုထုဆစ်နေတာပါပဲ...သူတို့နှစ်ယောက်ဆီဘောလုံးရောက်သွားရင် စပိန်ရဲ့တိုက်စစ်လမ်းကြောင်းတွေဟာ ရင်ခုန်ဖို့အရမ်းကောင်းခဲ့တယ်။
ရိုဒရီ ဖေဘီယန်ရုဇ် အော့မိုတို့ကွင်းလယ်ကလည်း ပြီးပြည့်စုံခဲ့တယ်..ဒီနေရာမှာ အော့မိုက အရန်ကစားသမား။ပတ်ထရီနာသွားချိန်မှာ အော့မိုကနေရာရလာတဲ့သူ။ဒါပေမဲ့သူရဲ့ခြေစွမ်းကလည်း ဒီလာဖွန်တေတည်ဆောက်ထားတဲ့ကစားဟန်နဲ့လိုက်ဖက်လွန်းခဲ့တယ်။စပိန်အကြောင်းပြောမယ်ဆိုရင် လုံးဝမမေ့ထားသင့်တဲ့ကစားသမားက ကူကူရယ်လာပဲ။ကူကူရယ်လာက ချဲလ်ဆီးမှာရုန်းကန်နေရတဲ့ကစားသမား။ဒါပေမဲ့ဖွန်တေရဲ့စပိန်အသင်းမှာတော့ ဘယ်နောက်ခံလူနေရာကိုအပိုင်စားထားရတဲ့သူ။ခံစစ်ကစားတဲ့နေရာမှာရော တိုက်စစ်ကိုဖြည့်တဲ့နေရာမှာရော ဟာကွက်မရှိခဲ့ဘူး။ဝီလျံ ကူကူရယ်လာတို့ဘယ်တောင်ပံက ပြိုင်ဘက်ရဲ့ခံစစ်ကြောင်းကိုကောင်းကောင်းဖြိုဖျက်နိုင်စွမ်းရှိတယ်..
နောက်ထပ်ချီးကျူးရမှာက ဒီလာဖွန်တေပါပဲ.သူဟာစပိန်အသင်းအကြောင်းကိုကောင်းကောင်းသိတဲ့သူဖြစ်သလို ဂျူနီယာအသင်းတွေမှာ နည်းပြလုပ်လာတဲ့သူမို့ကစားသမားတွေအကြောင်းကိုအူမချေးခါးမကျန်သိထားသူလည်းဖြစ်တယ်.ဒီအချက်ကအသင်းကိုတည်ဆောက်တဲ့နေရာမှာအဓိကကျခဲ့တယ်..နည်းဗျူဟာပိုင်းနဲ့ပတ်သတ်ရင်လည်း နှံစပ်တယ်..တီကီတာကာ တစ်ခေတ်ပြီးသွားတဲ့အချိန်မှာ သူက မျိုးကွဲတစ်ခုတည်ဆောက်နိုင်ခဲ့တယ်..ဒီအချိန်မှာ ဝီလျှံ ယာမဲလ်တို့ပေါ်လာတာနဲ့အံကိုက်ဖြစ်သွားတယ်..နောက်သူက ကစားသမားအစွဲမရှိဘူး အသင်းစွဲမရှိဘူး။ဒါကြောင့်လည်း ကလပ်အသင်းတွေမှာခြေစွမ်းပြနေတဲ့သူတွေကိုခေါ်ခဲ့တယ်..ကလပ်အသင်းရဲ့ကျောရိုးကိုမယူဘဲ သူ့ဟန်အတိုင်းကစားစေခဲ့တာပါပဲ..ဒီမျိုးဆက်က နောက်ထပ်နိုင်ငံတကာပြိုင်ပွဲကြီးနှစ်ခုလောက်အထိ အေးဆေးဖြတ်သန်းလို့ရတယ်..
ပြောရရင် စပိန်ဟာ ချန်ပီယံဆုဖလားကြီးကိုထိုက်ထိုက်တန်တန်ရခဲ့တာပါ..ပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံးခြေစွမ်းကိုထိန်းထားနိုင်ခဲ့တယ်..ကျတော်တို့ဟာ 2008/2012ချန်ပီယံစပိန်အသင်းကိုငြိခဲ့သလိုမျိုး ဒီအသင်းကိုငြိခဲ့တာပါ..
" ရလဒ်နဲ့ကြည့်ရင်တော့ အိုကေ. အဆင့်အတန်းနဲ့ကြည့်ရင်တော့.. "
ရေး - အလင်းဖြူ
အဂ်လန်ဟေ့..ဆိုတာနဲ့ စိတ်ကမီးပွိုင့်မိသွားသလို တုံခနဲရပ်ရပ်သွားတယ်..ရှေ့မဆက်ချင်တော့ဘူး..ငါတို့ရဲ့စကားဝိုင်းမှာ အဂ်လန်ဟာ အမြည်းတစ်ခွက်ထက်မပိုတော့ဘူး..သောက်လက်စဘီယာတောင် အရသာမဲ့သွားသလိုပဲ...ကြည့်ဦးလေဗျာ..အဂ်လန်ရဲ့ကစားပုံက အသက်40ကျော်ဘွားတော်ကြီးက မိတ်ကပ်လိမ်းထားသလိုပဲ ကြည့်ရတာဘယ်လိုမှ အဆင်မပြေဘူး..ဒီဇိုင်းကာလအနေအထားကမဆိုးဘူး..ခက်တာက တောရုပ်ပေါက်နေတာပဲ...အဂ်လန်ဆိုတော်ပါတော့ကွာ...လှည့်ထွက်သွားသူတွေအများကြီး..
ကွားတာတက်လာတဲ့အသင်းတွေထဲမှာ စိတ်ဒုက္ခအပေးဆုံးက အဂ်လန်ပဲ..ဆာဘီးယားတစ်သင်းတည်းကိုပဲနိုင်တယ်..နိုင်တော့လည်း 1-0။အဲပွဲအပြီး နှစ်ပွဲဆက်သရေကျတယ်။ထိုးသားတွေခွက်ခွက်လှန်အောင် စိတ်ဒုက္ခတွေပေးခဲ့တယ်..ကိုယ်တွေကလည်းသိတဲ့အတိုင်း အဂ်လန်ဆိုအသွေးသားထဲကကိုချစ်တာ..ရူံးထွက်မှာတော့ ဒီကောင်တွေပြန်လာပြီပေါ့..မျက်စီစုံမှိတ်ယုံခဲ့ကြတယ်။တခါတလေမှာ ချစ်ခြင်းတရားက လက်တွေ့အမြင်ကိုဖုံးလွှမ်သွားတယ်တဲ့..သိပ်မှန်တဲ့စကားပဲ..။
ဆလိုဗက်ကီးယားကိုကံကောင်းလို့နိုင်သွားတာ..ကစားပုံက စုတ်ပြတ်သတ်နေတာပဲ..ကစားသမားတွေကိုကြည့်ပြန်တော့လည်း တကယ့်ဒိတ်ဒိတ်ကြဲတွေ..သက်ဆိုင်ရာကလပ်အသင်းတွေမှာ နေရာရနေတဲ့သူတွေ..ဟယ်ရီကိန်းဆိုဘွန်ဒက်လီဂါမှာ ရွှေဖိနပ်ရထားတဲ့သူ
ဘယ်လင်ဟမ်ဆို လာလီဂါရဲ့အကောင်းဆုံးကစားသမား။ဖိုဒန်ဆို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမား..ရိုက်စ် မိန်နူး ဝေါလ်ကာ ပါးလ်မာ ဆာကာ တို့ဆိုတာ ကလပ်အသင်းတွေမှာ တကယ့်ဆရာကြီးတွေ..အရန်ကစားသမားကိုကြည့်ဦးမလား.တကယ့်ဒိတ်ဒိတ်ကြဲတွေ။..မော်ဒန်ဘောလုဲးကိုကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့သူတွေ...ဒါပေမဲ့ ဆောက်ဂိတ်က ဒီကစားသမားတွေကို ဘယ်လိုအသုံးချရမှန်းမသိဘူး..မော်ဒန်လိုလို ရှေ့ရိုးစွဲသမားလိုလိုနဲ့ ကစားပုံက တောပုံပေါက်နေတယ်..
ဘောလုံးရတာနဲ့ရှေ့ကိုကန်တင်.ပြေးဆိုတာချည်းက အဆင်မပြေဘူးလေ..သူ့ရဲ့ကစားကွက်အခင်းအကျင်းမှာ ဘယ်လင်ဟမ်ပျောက်နေတယ်..ဟယ်ရီကိန်းလည်းပျောက်နေတယ်..ဖိုဒန်လည်းကစားနေတာဘာမှန်းမသိ.ဆာကာလည်း ဒီလိုပဲ..ဒါကဆောက်ဂိတ်နဲ့ပဲဆိုင်တယ်.ကွားတာတက်လာတဲ့အသင်းတွေကိုကြည့်ရင် ကစားပုံကအဆင့်တစ်ခုရှိတယ်..ဂျာမနီ စပိန်တို့ဆို သူတို့ဟန်ရှိတယ်..အဂ်လန်မှာ အဲဒါတွေမရှိဘူး..ကြုံသလိုကစားနေတာချည်းက စိတ်ပျက်ဖို့ကောင်းတယ်..
ဒါပေမဲ့ သူတို့ကံကောင်းနေတာက ကွားတာအထိ အသင်းကြီးတွေနဲ့မကစားရတာပဲ..အပေါ်ယံကြည့်လိုက်ရင် ကွားတာထိတက်တယ်ပေါ့..ကစားပုံကိုကြည့်ရင် ခေါင်းခါချင်စရာ...ကွားတာမှာဆွစ်ဇာလန်နဲ့တွေ့မယ်..နိုင်ဦးမှာပဲ..ဗိုလ်လုပွဲအထိလမ်းကြောင်းက အချောင်ကြီး..ဒါဟာ ဆောက်ဂိတ်အတွက် အသက်ရူပေါက်ဖြစ်နေတယ်.ဘယ်အချိန်မှာရပ်တန့်သွားမလဲ မသိပေမဲ့ လမ်းမှန်အတိုင်းသွားရင် အဂ်လန်က ဗိုလ်လုပွဲအထိရောက်သွားမှာ..ရလဒ်အနေအထားကြည့်ရင် ဆောက်ဂိတ်လက်မထောင်လို့ရတယ်..အဆင့်အတန်းနဲ့ကြည့်ရင်တော့ ဆောက်ဂိတ်က ခေါင်းတစ်လုံးနိမ့်နေတယ်လို့ပဲ မြင်တယ်...ဒါကြောင့်အဂ်လန်ကိုကြည့်ရတာ တောသူမကြီးကမိတ်ကပ်လိမ်းထားသလို ကြည့်ရတာ အဆင်မပြေဘူး..
“ သြစတြီးယားက underdogလား “
ရေး - အလင်းဖြူ
ယူရိုရဲ့သမိုင်းစာမျက်နှာတွေကိုပြန်လှနိကြည့်ရင် underdogတွေရဲ့တောက်ပမူတွေကိုနှစ်တိုင်းလိုလိုတွေရတယ်..အတိုနဲ့ကပ်ထိုးလို့ အသင်းကြီးတွေမြေခသွားတဲ့ဇာတ်လမ်းတွေလည်း အများကြီး။အကောင်သေး အမြီးရှည်ပြဇာတ်ကိုတစ်ဘဝလုံးကြည့်ခဲ့ရတယ်..
ငါတို့ကခပ်ငယ်ငယ်က ဒိန်းမတ်ပေါ့...ယူရိုပွဲအကြောင်းပြောရင် 1992ဒိန်းမတ်ကိုမေ့ထားလို့မရဘူး။ဒိန်းမတ်ရဲ့ကြီးကျယ်ခမ်းနားတဲ့အောင်ပွဲမှာ ငါတို့အားလုံးမျောပါသွားခဲ့တယ်..ကိုယ်တိုင်မကြည့်ခဲ့ရပေမဲ့ ရှေ့လူတွေလက်ဆင့်ကမ်းလို့ သိခဲ့ရတယ်..ယူရို96ကျ ငါတို့ကြည့်ခဲ့ရပြီ..ခရိုအေးရှား ချက်တို့ရဲ့နိုင်ပွဲတွေက ငါတို့ကိုနားမျက်စီပွင့်သွားစေတယ်..ဘောလုံးမှာအင်အားကြီးတိုင်းမနိုင်ဘူးဆိုတာကို စာသင်ခန်းရဲ့ပြင်ပမှာငါသိခဲ့ရတယ်..ခရိုအေးရှား ချက်တို့လို underdogတွေကို ငါသိပ်ကြိုက်ခဲ့တယ်...ဘာလို့ဆို ဖွံဖြိုးမူနောက်ကျတဲ့နိုင်ငံတစ်နိုင်ငံက လူငယ်လေးတစ်ယောက်ဟာ အသင်းကြီးတွေထက် undergodအသင်းတွေကို ပိုစိတ်ဝင်စားခဲ့တယ်...
ယူရို2004မှာ ဂရိဗိုလ်စွဲတော့ ဘောလုံးဆိုတာ 100%သေချာပါတယ်လို့ ပြောလို့မရဘူးဆိုတာ နှလုံးသားနဲ့ယုံကြည်ခဲ့တယ်..ငယ်ငယ်တုန်းက ဒိန်းမတ် အသက်ရလာတော့ ဂရိပေါ့..ဒီအသင်းတွေကိုဗဟိုပြုပြီး ကိုယ့်နိုင်ငံအသင်းကိုယုံကြည်ခဲ့ဖူးတယ်..ယူရိုဆိုတာ underdogတွေရှင်သန်ရာနယ်မြေတစ်ခုဆိုတာ သမိုင်းက သက်သေပဲ...
ဒီနှစ်က သြစတြီးယားနှစ်များလား။ပြင်သစ် နယ်သာလန်ပါတဲ့အုပ်စုမှာ အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်တက်လာခဲ့တယ်..အိုး..အမေးဇင်းပါပဲ..နည်းပြရန်းနစ်ခ်ရဲ့ဦးဆောင်မူအောက်မှာ သြစတြီးယားက အများကြီးတိုးတက်လာတယ်.ပြင်သစ်ကိုပွဲဦးထွက်မှာ1-0နဲ့ကပ်ရူံးခဲ့ပေမဲ့ ခြေစွမ်းကအညံ့ကြီးမဟုတ်ခဲ့ဘူး..ပိုလန် နယ်သာလန်ကိုနှစ်ပွဲဆက်နိုင်ခဲ့တဲ့ပွဲမှာ သြစတြီးယားရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်ခဲ့ရတယ်..အထူးသဖြင့်နယ်သာလန်နဲ့ပွဲမှာပေါ့
underdogတွေရဲ့ဟန်အတိုင်းပဲ ကစားပုံကျစ်လစ်တယ်..စုစည်းမူကောင်းတယ်..တစ်ဦးချင်းကစားပုံကောင်းတယ်.အသင်းလိုက်ကစားဟန်က ဟန်ချက်ညီတယ်..ရန်းနစ်ခ်ရဲ့နည်းဗျူဟာတွေကလည်း အံမခမ်းပဲ..ရန်းနစ်ခ်ရဲ့သြစတြီးယားနည်းပြဘဝအစက အတက်အကျများခဲ့တယ်..ရလဒ်တွေဆိုးခဲ့တယ်.ဒါပေမဲ့နောက်ပိုင်းမှာ သြစတြီးယားက ကောင်းသထက်ကောင်းလာခဲ့တယ်..ယူရိုမှာတော့အမြင့်ဆုံးဖြစ်ခဲ့တယ်.
လက်ရှိပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင် သြစတြီးယားကတစ်ခုခုလုပ်ပြဦးမယ်ထင်တယ်..
ဖွံ့ဖြိုးမူနောက်ကျနေတဲ့နိုင်ငံတစ်နိုင်ငံရဲ့ လူငယ်လေးတစ်ယောက်ဟာ underdogဇာတ်လမ်းတွေကို အရမ်းကြိုက်ခဲ့တယ်..အသင်းကြီးတွေကို အသင်းငယ်တွေပြန်ဆော်ခဲ့တယ်ဆိုရင် အရမ်းပဲကြည်နူးမိတယ်..ဘာလို့ဆို ဒါတွေဟာ လူငယ်တစ်ယောက်ရဲ့စိတ်ခွန်အားဖြစ်နေလို့ပေါ့...
" အတိတ်တွေနဲ့အရိပ်မဖုံးနဲ့ "
ရေး - အလင်းဖြူ
အိမ်ရှင်ကျိန်စာတဲ့လား..သွားစမ်းပါ..တချို့သောအစဥ်အလာတွေကိုငါမယုံဘူး..ဒါတွေဟာ တုံးနေတဲ့ဓားတစ်လက်ပဲ..ငါ့အတွက်တော့ အသုံးမဝင်ဘူး..ဒါပြီးရင် ဒါလာမယ်ဆိုတဲ့ကလန်ကျပြောတတ်တဲ့သူတွေနဲ့ တစ်ဝိုင်းတည်းမထိုင်ချင်ဘူး..ဖြစ်ပြီးသွားတဲ့အတိတ်တွေကိုတူးဆွပြီး အရိပ်ဖုံးချင်တဲ့လူတွေကို ငါမုန်းတယ်..
ယူရိုမှာ အိမ်ရှင်တွေချန်ပီယံမဖြစ်တာကြာပြီ..တုံးနေတဲ့ဓားကြီးကိုဆွဲဆွဲထုတ်နေတဲ့လူတွေနဲ့ဝေးရာအရပ်မှာ ငါနေတယ်..1984မှာပြင်သစ်ဗိုလ်စွဲပြီးတဲ့နောက် ဘယ်အိမ်ရှင်မှချန်ပီယံမဖြစ်တော့ဘူး.တချို့ကဒါကိုနင်းပြီး ပြောကြတယ်..အိမ်ရှင်ကျိန်စာတဲ့....ပြောရရင် ဖြစ်ပြီးသားအချက်အလက်တွေဆိုတာ ကိုးကားဖို့လောက်ပဲအသုံးဝင်တာပါ.
ဂျာမနီရဲ့ပွဲဦးထွက်ခြေစွမ်းက ငါ့ကိုအကြီးအကျယ်ဖမ်းစားထားတယ်..သူတို့နိုင်မယ်ဆိုတာ သိတယ်..ဒီလောက်ထိဂိုးပြတ်လိမ့်မယ်လို့ထင်ကိုမထားတာ..စကော့တလန်ကိုတစ်ဖက်သတ်ဖိတယ်.ဂိုးကန်သွင်းခွင့်တွေရတယ်..ရှေ့လယ်နောက် အပြစ်ပြောစရာကိုမရှိဘူး..5-1ဆိုတဲ့ရလဒ်က နာဂယ်မန်းစ်လက်ထက်မှာ ဂိုးအပြတ်ဆုံးပွဲပဲ...ဂျာမနီကိုဂျာမနီအဖြစ် ငါတို့ပြန်မြင်ခဲ့ရတယ်..
ဂျာမနီဟာယူရိုမှာ ချန်ပီယံမဖြစ်တာနှစ်သုံးဆယ်ရှိပြီ.ဒါကြောင့်ဂျာမနီဟာ ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့အားစိုက်ထားတယ်...ဒါပေမဲ့တချို့က ဂျာမနီကိုမယုံကြဘူး..ဂျာမနီဟာ 2014WCမှာချန်ပီယံဖြစ်ပြီးနောက် အရှိန်အဝါတွေကျသထက်ကျလာတယ်..ဒါကိုပြန်ကုစားဖို့ အများကြီးပြင်ဆင်ခဲ့တယ်..နည်းပြတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းတယ်..အခုနောက်ဆုံးနာဂယ်မန်းစ်အထိ..။
နာဂယ်မန်းစ်လက်ထက်ဂျာမနီကိုကြည့်ရင် အများကြီးတည်ငြိမ်လာတယ်..တိုနီခရူးစ်ပြန်ပါလာပြီးတဲ့နောက်မှာ အသင်းက အကြီးအကျယ်ပြောင်းလဲသွားတယ်ဆိုတာ စကော့တလန်နဲ့ပွဲကသက်သေပဲ...ကစားပုံကလည်းပြိုင်ဘက်ကိုဖိအားပေးနိုင်တယ်.ဟာဗက် မူဆီယာလာ ဗက်ဇ်တို့တိုက်စစ်အစုအဖွဲ့က တစ်ဦးချင်းလည်းကောင်းသလို အုပ်စုဖွဲ့ကစားတာလည်းကောင်းတယ်..လူစားဝင်လာတဲ့ဖယ်ခုတို့ဆာနေးတို့ရဲ့ခြေစွမ်းကလည်းအထင်ကြီးချင်စရာကောင်းတယ်.ပြောရရင်ဂျာမနီတိုက်စစ်ကနုပျိုလက်ဆက်တယ်..
နာဂယ်မန်းစ်က နဂိုကတည်းကမှ ဘောလုံးပိုင်ဆိုင်မူကိုအခြေပြုတဲ့နည်းပြ..သူ့ဟန်နဲ့ကစားသမားတွေကလိုက်ဖက်တယ်..တိုနီခရူးစ်လိုကစားသမားက ထိန်းကျောင်းပေးလိုက်တော့..အသင်းကအရမ်းကောင်းသွားတယ်..လက်ရှိခြေစွမ်းအတိုင်းဆက်သွားမယ်ဆိုရင် ဂျာမနီဟာ ဆီးမီးအထိ လမ်းကြောင်းချောင်မယ့်အနေအထားမှာရှိတယ်..ဂျာမနီသာအုပ်စုဗိုလ်ရခဲ့ရင် 16အသင်းအဆင့်မှာ အဂ်လန် ဒိန်းမတ် ဆလိုဗေးနီးယား ဆာဘီယားတို့အုပ်စုကဒုတိယရတဲ့အသင်းနဲ့တွေ့မယ်.ကွားတာမှာလည်း အသင်းကြီးတွေနဲ့ဆုံဖို့နည်းတယ်..ပြောရရင်ဂျာမနီရဲ့လမ်းကြောင်းကချောင်နေတယ်
အိမ်ရှင်တွေချန်ပီယံမဖြစ်တာနှစ်လေးဆယ်..ဂျာမနီဗိုလ်မစွဲတာနှစ်သုံးဆယ်..ဒီအရိပ်ဆိုးကြီးကလွတ်မြောက်ဖို့အကောင်းဆုံးအချိန်ကိုရောက်နေပြီလို့ဆိုရမယ်.ပွဲဦးထွက်ခြေစွမ်းအနေအထား ကစားသမားတွေရဲ့အခြေအနေအရ ဂျာမနီဟာအနိမ့်ဆုံးဗိုလ်လုပွဲအထိတက်လှမ်းနိုင်မှာ..ဒါကြောင့် အတိတ်တွေနဲ့အရိပ်ဖုံးပြီး အရှိတရားကိုလျှော့တွတ်တာမျိုးကို မုန်းတယ်..အစဥ်အလာတွေကိုမယုံတတ်တဲ့ငါ့အတွက်ဂျာမနီဟာ အိမ်မက်ဆိုးကလွှတ်မြောက်လိမ့်မယ်လို့ ပြောရရင် ယုံမယ်သူဘယ်သူရှိမလဲ...
Click here to claim your Sponsored Listing.
Online Betting Ibet 789
🙏🙏🙏ေက်းဇူးတင္လႊာ🙏🙏🙏
ကျွန်တော်ကိုချစ်သောပရိသတ်များရဲ့ချိတ်ဆက်ပေးမှုတွေကြောင့် အွန်လိုင်းအကောင့်ဖောက်သူ / မက်ဆေ့ဖြင့်ကစားသူတွေတိုးများလာတဲ့အတွက် ချိတ်ဆက်ပေးသူ အကောင့်ဖွင့်သူမိတ်ဆွေကြီးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်😍😍😍
==================================
ဒီနေ့ရှိပါမယ်။
SMS စနစ်ဆိုတာ...
အပြင်မှာ မိတ်ဆွေတို့ကစားတာနဲ့အတူတူပါ။
(၁) 📲ဖုန်းမက်ဆေ့လေးထဲကနေ ဖွင့်လှစ်တဲ့ဈေးလေးတွေပို့ပေးမှာဖြစ်ပါတယ်။
(၂) မိတ်ဆွေတို့ကြိုက်တဲ့အသင်းလေးတွေရွေးကာ ကစားမယ့်ပမာဏထည့်၍ ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
(၃) မိတ်ဆွေတို့ကစားထားတဲ့ အရှုးံအနိုင်စာရင်းကို နောက်တစ်နေ့မှာ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။
ငွေ(၃)သောင်းကနေ စတင် တင်ထားနိုင်ပါတယ်။
တစ်ပွဲကို (၁)သောင်းကနေ ကန့်သတ်ချက်မရှိကစားနိုင်ပါတယ်။
အပတ်ရှင်းဝန်ဆောင်မှုမဟုတ်တာကြောင့် မိမိကစားမယ့်ပမာဏကို ကြိုတင်တင်ထားရတာဖြစ်ပါတယ်ခင်ဗျား။
စိတ်ဝင်းစားလို့ ကစားချင်ပါက
☎ 09963156011
အသေးစိတ်စုံစမ်းနိုင်ပါတယ်ဗျာ။
=================================
အွန်လိုင်းကစားချင်သူများအတွက်ဝန်ဆောင်မှု
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အွန်လိုင်းကစားရတာခက်တယ်လို့ထင်နေပါသလား ..အမှားကြီးမှားသွားပါလိမ့်မယ်။ အင်တာနက်သုံးလို့ရတဲ့ဖုန်း (သို့မဟုတ်) လက်ပ်တော့တစ်လုံးရှိတာနဲ့အွန်လိုင်းပေါ်မှာလောင်းကစားလုပ်လို့ရပါပြီ။
အခုချိန်မှာတော့ အွန်လိုင်းဘက်တင်ဆိုတာ သိပ်ပြီးမိတ်ဆက်ပြနေ စရာမလိုတော့လောက်အောင် တော်တော်များများကစားနေကြပါပြီ။ အပြင်ဒိုင်ဆီမှာ ကစားရတာစိတ်ညစ်နေသူတွေ၊ ဘောလုံးပွဲကြည့်နေရင်း အချိန်နဲ့တပြေးညီ Live ကစားချင်သူတွေ၊ ငွေပမာဏနည်းနည်းနဲ့ အပျော်ကစားချင်သူတွေအတွက် ကျွန်တော်က ၀န်ဆောင်မှု ပေးမှာဖြစ်ပါတယ်။
ခုကျွန်တော်တို့ ၀န်ဆောင်မှုပေးမယ့် အွန်လိုင်းလောင်းကစား Website ကတော့ အိုင်ဘတ်၇၈၉ပဲဖြစ်ပါတယ်။
Onlineကစားတော့မယ့်ဆိုရင်ဦးစွာ မိမိနဲ့လက်တွဲမယ့်အေဂျင့်ကိုအရင်ဆုးံစုံစမ်းပါ။ အထူးသဖြင့် သူရဲ့ပုံရိပ်ကောင်း/မကောင်း နာမည်ပျက်ရှိ/မရှိ လိမ်လို့ရတဲ့အခြေအနေ ဟုတ်/မဟုတ် အရင်ဆုးံလေ့လာပါ။ ပြီးမှာလက်တွဲပါ🤝
စတင်သူတွေဘာတွေလုပ်အပ်မလဲ?
------------------------------
⚽️အွန်လိုင်းဘတ်တင်ဆိုတာဘာလဲ ? ဘာအားသာချက်ရှိလဲ?
✍️မိမိဖုန်း (သို့မဟုတ်) ကွန်ပျူတာထဲကနေ ၀က်ဆိုဒ်ထဲကိုဝင်ပြီး ဘောလုံးပွဲကစားရတာဖြစ်ပါတယ်။
အားသာချက်ကတော့ တစ်ကမ္ဘာလုံးနဲ့တပြေးညီ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ကြေးတွေကိုချက်ချင်းသိရှိနိုင်ပြီး ဖုန်းလေးတစ်လုံးတည်းနဲ့ လွယ်ကူလျင်မြန်စွာကစားနိုင်တာဖြစ်ပါတယ်။
ထို့ပြင် အပြင်ဒိုင်တွေ ရဲ့ ကြေးခွာခြင်း၊ ကြေးဟခြင်း၊ ကြေးအသေနဲ့ ကစားရခြင်းစတဲ့ ဒုက္ခတွေကလည်း ကင်းဝေမှာဖြစ်ပါတယ်။
⚽️မိမိမသိလျှင် အသေးစိတ်မေးမြန်းရမရဦးစွာလေ့လာရပါတယ်
✍️ဒီအတွက်လည်း ဖုန်းဖြင့်ရော မက်စေ့ဖြင့်ပါ စိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်
⚽️ငွေသွင်းငွေထုတ် ဘယ်လိုဆောင်ရွက်ပေးသလဲ?
✍ ငွေသွင်း/ငွေထုတ် (24hr) အိပ်ချိန်မှအပ
အကြိမ်ရေ အကန့်အသတ်မရှီ အသွင်း/အထုတ်လုပ်နိုင်ပါတယ်
⚽️ကစားချင်တယ်ဆိုရင် ဘာတွေရှိရန်လိုအပ်သလဲ?
✍️ထွေထွေထူးထူးတော့ ဘာမှာမလိုပါဘူး။ Bank(or)Waveကနေ ငွေသွင်းမယ်။ပြီရင် Bank(or)Waveကနေ ပြန်ထုတ်မယ်။
⚽️ဘယ်လိုအာမခံရှိသလဲ?
✍️ဒီမေးခွန်းအတွက် အဖြေကတော့ ပေ့စ်တည်ထောင်မှုနဲ့ နာမည်ပျက်ရှိမရှိကို လေ့လာ၍သိနိုင်ပါတယ်။
ကစားနိုင်တဲ့အရာတွေကတော့-
📌ဘော်ဒီကြေးနှင့်ဂိုးပေါင်း (မြန်မာ/မလေး)
📌စုံ/မ နှင့်အနိုင် အရှုးံ သရေ
📌အခွင့်အရေး(၂)ဆပေးခြင်း Double Change
📌မောင်း
📌မှန်ကန်သောရလဒ် Correct Scores
📌ဂိုးစုစုပေါင်း (Total Goal)
📌အချိန်တဝက် / အချိန်ပြည့် (HT/FT)
📌ပထမဂိုး/နောက်ဆုးံဂိုး
📌ချန်ပီယံမှန်းခြင်း
Onlineအကောင့်ကို(၂)သောင်းကနေ စတင်ဖွင့်လှစ်နိုင်ပါတယ်။
တစ်ပွဲကို (၂၀၀၀)ကနေ စတင်ကစားနိုင်ပါတယ်။
⚽️ဘယ်ကိုဆက်သွယ်ရမလဲ?
✍️ ☎09963156011
Videos (show all)
Contact the business
Telephone
Website
Address
Sanchaung
<<NOT-APPLICABLE>>
No. 9, 2nd Floor
Sanchaung, 11111
House of Heroes exits to raise people who are ordinary to become extraordinary in their professional
No. 117
Sanchaung, 11111
9:00am to 5:00pm အထိနေ့စဉ်ဝန်ဆောင်မှုပေးနေပါ?
Shop No (17), Level/2, Dagon Center 2, Pyay Road, Sanchaung Township, Yangon
Sanchaung, 11111
No. 162 1F(A) Tapyaenyo Building, Sanchaung Street
Sanchaung, 111111
YBJ YANGON BOOKS ’JOB/JAPAN’ Japan Study🇯🇵Work Abroad နိုင်ငံခြားပညာသင် ကျောင်း ဂျပန်အလုပ်အကိုင် ℡ 099 4321 5050 ℡ 097 5678 5050
Corner Of U Wisara Street And Shan Gone Street
Sanchaung
အရည်အသွေး ပြည့်ဝသော ကားအဲကွန်း ဝန်ဆောင်မှု ပေးပါသည်
KyunTaw St.
Sanchaung, +95
Consultant for Health, medical supplement, Body and mind,
Sanchaung, 11111
Legal Services Incorporation Services Contracts, MOU, NDA Immigration Due Diligence Trademark, Copyright & IP legal action