Genky Kyal Sin

massage

Photos from Genky Kyal Sin's post 16/08/2019

အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။
အလုပ်မှာ အလုပ်လုပ်ရင်း စိတ်ဖိစီးမှုတွေများလို့ ညောင်းညာကိုက်ခဲနေတာပဲဖြစ်ဖြစ် ကွန်ပြူတာကြောင့် ဇက်ကြောတက် ခေါင်းကိုက်တာပဲဖြစ်ဖြစ် အခြားသော ဖြစ်လေ့ဖြစ်ထရှိသော ခါးနာ ဒူးနာ အကြောတင် အကြောလွဲ နဲ့ ညောင်းညာကိုက်ခဲခြင်း ဝေဒနာများအတွက် GENKY CENTER KYAL SIN Japan-Myanmar Physiotherapy Center မှာ လာရောက်ကုသခြင်း အပန်းဖြေခြင်းများဖြင့် လာရောက်အားပေးကြပါဦးလို့ လှိုက်လှဲပျူငှာ ဖိတ်ခေါ်အပ်ပါတယ်။
GENKY KYAL SIN ညီနောင်နှစ်ဦးကတော့ မိမိဘဝရပ်တည်နိုင်အောင် ကြိုးစား ဆောင်ရွက်ရင်း ဆရာသမားများရဲ့ မြှောက်စားမှုကြောင့် ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် 35 လမ်းအထက်ဘလောက် အမှတ်241 မြေညီမှာလက်ရှိဖွင့်လှစ်ထားပါတယ်။
GENKY CENTER KYAL SIN လို့ နာမည်ပေးထားပါတယ်။ကြိုတင် Booking လုပ်ချင်တယ်ဆိုရင်တော့-
Ph:09427273939
:09778588866
ကိုဆက်သွယ်လိုက်ပါနော်။
ဆိုင်ကိုတော့ ပိတ်ရက်မရှိ နေ့စဉ် 9:Am To 10 Pm ပေါ့။
ဆိုင်မှာတော KYAL SIN ညီနောင်နှစ်ဦးအပါအဝင် မျက်မမြင်ဆရာ(5)ဦးနဲ့
ဆရာမ(2)ဦး စုစုပေါင်းဆရာ/ဆရာမ(7)ဦးရှိပါတယ်။
လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

05/08/2019

GENKY Kyal Sin မျက်မမြင် အကြောပြင် သို့လာရောက်အားပေးကြပါဦးလား
ဈေးနှုန်းလေးကိုတော့ ဖတ်ဖြစ်အောင်ဖတ်ပြီးတော့ ကြွရောက်အားပေးကြပါဦးခင်ဗျာ။
ကျေးဇူးတင်ပါတယ်။

Photos from Genky Kyal Sin's post 02/12/2018

ခုခေတ်က အကုန်လုံးသိကြတဲ့အတိုင်းပဲ လူငယ်တွေဆိုလည်း အလုပ်အရမ်းလုပ်ရတယ်။ ကျောင်းသူကျောင်းသားတွေတောင်မှ တစ်နေ့လုံးစာကျက်ပြီး တစ်နေ့လုံးအညောင်းမိနေတာ သတိထားမိကြမှာပါနော်။ လူကြီးသူမများလည်း ဆောင်းရာသီရောက်ရှိလာပြီမို့လို့ အဆစ်အမြစ်ကိုက်ခဲမှုများ ခံစားနေရမှာ အသေအချာပါပဲ။

ဒီလိုဝေဒနာတွေ ခံစားလာရပြီဆိုရင်ဖြင် မသေချာ၊ မတတ်ကျွမ်းသုများဆီ အနှိပ်ခံခြင်းက ဝေဒနာကို ပိုမိုဆိုးဝါးစေပါတယ်။ ဂျပန်နိုင်ငံမှ အနှိပ်နည်းပညာများအတိုင်း စနစ်ကျနစွာဖြင့် မိဘပြည်သူများရဲ့ ညောင်းညာကိုက်ခဲမှုဝေဒနာများကို ကျွန်မတို့၏ Genky Kyal Sin ကနေ တာဝန်ယူ ဖြေရှင်းပေးပါရစေ။

ကျွန်မတို့ဆိုင်လေးက မျက်မမြင် အကြောပြင်ကုသခန်းလေးပါ။ ကောင်းကောကောင်းပါ့မလား??? ငါ့မှာလည်း အကြောပြင်စရာ မရှိပဲနဲ့ ဘာလို့ သွားနှိပ်မှာလည်းပေါ့။ အဲလိုတွေးနေရင်တော့ မှားသွားပါလိမ့်မယ်👍

အကြောပြင်တယ်လို့ရေးထားပေမယ့် အမှန်တော့ Massage+ အကြောပြင်နှစ်ခုလုံးပါ။ ဇက်ကြောတက် အကြောညပ် စတဲ့ဟာတွေ တစ်ခုချင်းစီကို ဖြေရှင်းပေးပါတယ်။ နှိပ်ပေးတဲ့လူတွေမှာ ယောကျာ်း မိန်းမ နှစ်မျိုးလုံးရှိပါတယ်။ ကိုယ်ကြိုက်တဲ့လူရွေးပြီး အနှိပ်ခံလို့ရပါတယ်။ အကုန်လုံးက မျက်မမြင်လေးတွေပါ။ ဂျပန်က ဆရာကိုယ်တိုင်လာပြီး Training ပေးထားပြီး သူတို့ရဲ့လုပ်သက်ကလည်း အနည်းဆုံး ငါးနှစ်ခြောက်နှစ်သက်တမ်းမို့လို့ အားလုံးဝါရင့်သဘာရင့်ဖြစ်နေပါပြီ။

လူကြီးမင်းတို့အနေနဲ့ ကြိုတင် Booking ချိတ်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်းမှကင်းဝေစေမှာဖြစ်ပါတယ် ။
1 session ကို ၄၅ မိနစ်ဖြစ်ပြီး အချိန်ကို အတိအကျနှိပ်ပေးတာပါ။ ပိုလည်းမပို လိုလည်းမလိုပါဘူး။

Spa လို Feeling မျိုးရချင်တဲ့လူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာ လို့လည်းဆိုတော့ တကယ်အကြောဖြည်ပေးတဲ့နေရာလေးဖြစ်လို့ပါ။ အဲမှာမှကိုယ် ပြဿနာရှိတဲ့ နေရာဆို ပြောပြပြီး နှိပ်ခိုင်းလို့လည်းရပါတယ်။ အားပြင်းရင်လည်း လျှော့ခိုင်း အားလျော့တယ်ထင်လည်း ပြင်းခိုင်းလို့ရပါတယ်။ နှိပ်ပြီးသွားတဲ့ အချိန်မှာတော့ လေထဲလွင့်သွားသလိုပဲ။ အရမ်းကို ပေါ့ပါးသွားမှာအသေအချာပါပဲ။

တကယ်ကျန်းမာရေး အတွက်ကောင်းတဲ့နေရာလေးတစ်ခုပါ။ နှိပ်နေမကျတဲ့လူအတွက်ဆိုရင်တော့ လက်ဆနည်းနည်းပြင်းတယ်ထင်စရာရှိပေမယ့် အတိုးအလျှော့လုပ်ခိုင်းလို့ရပါတယ်။ Professional ဆန်ဆန်နဲ့ သေချာလုပ်ပေးတဲ့နေရာလေးပါ။ လူကြီးလူငယ်မရွေးသွားနှိပ်လို့ရပါတယ်နော်။

မေမေတွေ အဖေတွေ အဘွားတွေ အကုန်ခေါ်လာလို့ရပါတယ်။ ယောက်ျားလေးအနှိပ်ဆရာလည်းရှိတဲ့ အတွက် ယောက်ျားလေးတွေလည်း နှိပ်လို့ရတယ်လို့။ အားလုံးကိုခြုံပြောရရင်တော့ လူမျိုးဘာသာမရွေး အသက်အရွယ်မရွေး လာရောက် အပန်းဖြေ အကြောဖြေကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လိပ်စာလေးကတော့ အမှတ်၂၄၁မြေညီထပ်၊၃၅လမ်းအပေါ်ဘလောက်၊ကျောက်တံတားမြို့နယ်(ရန်ကုန်မြို့)
ဆိုင်ဖွင့်ချိန်
မနက်၉နာရီမှည၁၀နာရီ
09778588866
09427273939

14/11/2018

အားလုံးပဲ မင်္ဂလာပါ။ နဂိုထဲက ဒီ Blog ကို ဟိုစပ်စပ်ဒီစပ်စပ် လုပ်မယ်ဆိုပြီး စဉ်းစားထားတော့ ဒီနေ့လည်း ဆိုင်လေးတစ်ခုကို Recommend ပေးချင်ပါတယ်။😚

ခုခေတ်က အကုန်လုံးသိကြတဲ့အတိုင်းပဲ လူငယ်တွေဆိုလည်း အလုပ်အရမ်းလုပ်ရတယ်။ ကျွန်မတို့လို ကျောင်းသူတွေတောင်မှ တစ်နေ့လုံးစာကျက်ပြီး တစ်နေ့လုံးအညောင်းမိနေတာ သတိထားမိကြမှာပါနော်။

ကျွန်မဆိုလည်း ခုတစ်လောမှ စာမေးပွဲဖြေထားတော့ တစ်လလုံးနီးပါးကျက်ပြီး ဇက်ကြောတွေ အကြီးအကျယ်တက်ပါတယ်။ Massage ကောင်းကောင်းလေးသွားနှိပ်မယ်လို့ စိတ်ကူးထားတာ။ ဒီနေ့မှသွားနှိပ်ဖြစ်တော့တယ်။ နှိပ်ဖြစ်တဲ့ဆိုင်လေးကို Share ချင်လို့ပါ။😁

ဆိုင်နာမည်လေးကတော့ Genky ပါ။ သူကမျက်မမြင် အကြောပြင်ကုသခန်းလေးပါ။ အစကတော့ ကျွန်မအမေသွားသွားနှိပ်နေကျပါ။ အဲတုန်းကတော့ ရှိန်တာပေါ့။ ကောင်းကောကောင်းပါ့မလား။ ငါ့မှာလည်း အကြောပြင်စရာ မရှိပဲနဲ့ ဘာလို့ သွားနှိပ်မှာလည်းပေါ့။ အဲဒါတစ်ရက် လိုက်သွားတော့မှ တော်တော်လေးကို သဘောကျသွားတာပါ။👍

အကြောပြင်တယ်လို့ရေးထားပေမယ့် အမှန်တော့ Massage+ အကြောပြင်နှစ်ခုလုံးပါ။ ဇက်ကြောတက် အကြောညက် စတဲ့ ဖြစ်တဲ့ဟာတွေ တစ်ခုချင်းစီကို ဖြေရှင်းပေးပါတယ်။ နှိပ်ပေးတဲ့လူတွေမှာ ယောကျာ်း မိန်းမ နှစ်မျိုးလုံးရှိပါတယ်။ ကိုယ်ကြိုက်တဲ့လူရွေးပြီး အနှိပ်ခံလို့ရပါတယ်။ အကုန်လုံးက မျက်မမြင်လေးတွေပါ။ သေချာ ဂျပန်က ဆရာကိုယ်တိုင်လာပြီး Train ပေးထားတာ သူတို့ရဲ့လုပ်သက်ကလည်း အနည်းဆုံး ငါးနှစ်ခြောက်နှစ်လောက်တော့ရှိနေပါပြီ။

ဆိုင်မှာ လူကများတတ်တဲ့ အတွက်ကြိုတင် Booking ချိတ်တာ အကောင်းဆုံးပါ။ 1 session ကို ၄၅ မိနစ်ကြာပါတယ်။ ဒီနေ့တော့ ကျွန်မက 2 session ယူပြီး 9000 ကျပါတယ်။ အဲဒါဆို 1 session ကို 4500 ပေါ့နော်။ သေချာတော့ မေးမကြည့်ခဲ့ရဘူး။ အချိန်ကို အတိအကျနှိပ်ပေးတာပါ။ ပိုလည်းမပို လိုလည်းမလိုပါဘူး။

Spa လို Feeling မျိုးရချင်တဲ့လူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာ လို့လည်းဆိုတော့ တကယ်အကြောဖြည်ပေးတဲ့နေရာလေးဖြစ်လို့ပါ။တစ်ကိုယ်လုံး နှိပ်ပေးတာအရမ်းသဘောကျပါတယ်။ အဲမှာမှကိုယ် ပြဿနာရှိတဲ့ နေရာဆို ပြောပြပြီး နှိပ်ခိုင်းလို့ရပါတယ်။ အားပြင်းရင်လည်း လျှော့ခိုင်း အားလျော့တယ်ထင်လည်း ပြင်းခိုင်းလို့ရပါတယ်။ ဒီနေ့ဆို ကျွန်မဆို ဇက်ကြောအရမ်းတက်ပြီး ပုခုံးမှာ အရမ်းတင်းနေတာ အားရပါးရကို ဖြည်ပေးလိုက်ပါတယ်။ မနာတာမဟုတ်ပါဘူး။ ဟီး။ တော်တော်နာပါတယ်။ 😖ဒါပေမယ့်လေ။ နှိပ်ပြီးသွားတဲ့ အချိန်မှာတော့ လေထဲလွင့်သွားသလိုပဲ။ အရမ်းကို ပေါ့ပါးသွားပါတယ်။ အရမ်းလည်းသိသာပါတယ်။ ကိုယ်တောင်တော်တော်အံ့သြသွားတယ်။😍

ပြောစရာဆိုလို့ တစ်ခုပဲရှိတယ်ပေါ့နော်။ သူက အရင်နေရာမှာဆို အခန်းလေးတွေကန့်ပေးထားတယ်။ အခုတော့ ကန့်လန့်ကာတွေနဲ့ အကုန်ကာပေးထားတော့ တစ်ဖက်က ပြောတဲ့စကားတစ်ဖက်က ကြားနေရပါတယ်။ ကျွန်မအတွက်တော့ ပြဿနာမဟုတ်ပေမယ့် Spa လိုမျိုး အေးအေးလူလူနေချင်တဲ့လူအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ်ကတော့ နှိပ်ကောင်းကောင်းနဲ့ အိပ်တောင်ပျော်သွားတယ်။ ဟီး။ အိပ်ပျော်လည်းပေးအိပ်တယ်သက်လား။ 😝

တကယ်ကျန်းမာရေး အတွက်ကောင်းတဲ့နေရာလေးတစ်ခုပါ။ နှိပ်နေမကျတဲ့လူအတွက်ဆိုရင်တော့ လက်ဆနည်းနည်းပြင်းတယ်ထင်စရာရှိပေမယ့် အတိုးအလျှော့လုပ်ခိုင်းလို့ရပါတယ်။ Professional ဆန်ဆန်နဲ့ သေချာလုပ်ပေးတဲ့နေရာလေးပါ။ လူကြီးလူငယ်မရွေးသွားနှိပ်လို့ရပါတယ်နော်။ကောင်းလွန်းလို့ ညွှန်းတာပါလို့။ ကဲ။ ဒီနေ့တော့ ဒီလောက်ပဲ။ ဟီး။ စာလည်းရှည်သွားပြီ။ အားလုံးစိတ်ရော ကိုယ်ပါချမ်းသာကြပါစေလို့။ 😘
P.S- အိမ်က အမေတွေ အဖေတွေ အဘွားတွေ အကုန်ခေါ်သွားလို့ရတယ်လို့။ ;) ယောက်ျားလေးအနှိပ်ဆရာလည်းရှိတဲ့ အတွက် ယောက်ျားလေးတွေလည်း နှိပ်လို့ရတယ်လို့။ ;)

Photos from Genky Kyal Sin's post 14/11/2018
Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No241 Ground Foor, 35 Road Upper Block
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Other Yangon health & beauty businesses (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Harmony Myanmar Online Shop Harmony Myanmar Online Shop
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY

We are selling Thailand & Korea cosmetic, skin care

Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Aung Htoo Sann Healthy Food Mart Aung Htoo Sann Healthy Food Mart
No. 16 , Ground Floor , Sa Ka Sein Street , Alone Township
Yangon, 11111

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ရောင်းချပေးတဲ့ Healthy Food Mart မှ ဖိတ်ခေါ်ပါတယ်နော်

Mi Wynne Cosmetics Mi Wynne Cosmetics
Yangon, 11011

Grab now pay later �

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်