eTradeMyanmar

Real Time ETM SMS and Web Design & Development Service

20/06/2024

မြန်မာ့ပြောင်း အ​ကောက်ခွန်လွတ် တင်သွင်းမှု အိန္ဒိယ စတင်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အိန္ဒိယနိုင်ငံသည် မြန်မာ့ပြောင်းကို အ​ကောက်ခွန်လွတ် တင်သွင်းနိုင်ရေး စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တမီလ်နာဒူးပြည်နယ် Thoothukudi ရှိ VO Chidambaranar ဆိပ်ကမ်းသို့ အနည်းဆုံး သ​င်္ဘောသုံးစင်း ရောက်ရှိလာပြီး ဇူလိုင်လတွင် ထပ်မံရောက်ရှိလာနိုင်ရန်စီစဉ်ထားသည်ဟု The Hindu Business Line ၏ သတင်းအရ သိရသည်။
တမီလ်နာဒူး တိရစ်ဆာန်မွေးမြူမှုဈေးကွက်ရှာဖွေရေးအသင်း (PFMS) ဥက္ကဌ Vangili Subramanian က အိန္ဒိယဆိပ်ကမ်းတွင် ပြောင်းစေ့တင်သင်္ဘောသုံးစီး ဆိုက်ကပ်ခဲ့ပြီး သဘောတူညီချက်အရ နောက်ထပ်သ​င်္ဘော ၁၀ စီး ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
စာချုပ်သ​ဘောတူညီချက်အရ ဝယ်ယူသည့်ဈေးမှာ တစ်တန် အမေရိကန်ဒေါ်လာ ၂၆၈ ဖြစ်ကြောင်း သိရသည်။
လက်ရှိဈေးနှုန်းမှာ အ​တော်ပင်မြင့်တက်သည်ဟုဆိုသည်။ Olam Agro India မှ Sanjay Sancheti က ယခုတစ်ကြိမ်တင်ပို့မှုအတွက် သ​ဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အတည်ပြုပြောသည်။
ပြောင်းကဲ့သို့ လယ်ယာထွက်ကုန်များ ရောင်းဝယ်ဖောက်ကားနေသည့် Rajathi Group မှ M Madan Prakash သည် မြန်မာနိုင်ငံမှ ပြောင်းတန်ချိန် ၁၀ဝဝဝ တင်ပို့မှုနှင့် ပတ်သက်၍ ဇူလိုင်လတွင် တစ်တန် ၂၆၈ ဒေါ်လာဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အိန္ဒိယနိုင်ငံ၏ အခွန်လွတ်အစီအစဉ်အရ မြန်မာ့ပြောင်းများမှာ အကောက်ခွန်ကင်းလွတ်ခွင့်ရှိကြောင်းကုန်သွယ်ရေးအအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယသည် အ​ကောက်ခွန် ၆၀ ရာခိုင်နှုန်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ငါးရာခိုင်နှုန်းနှင့် အခြားနိုင်ငံမှ တင်သွင်းသည့် ပြောင်းများအပေါ် လူမှုဖူလုံရေးအခွန် ၁၀ ရာခိုင်နှုန်းတို့ ကောက်ခံလျက်ရှိသည်။
သို့သော်လည်း အိန္ဒိယဗဟိုအစိုးရသည် အကောက်ခွန်နှုန်းထားခွဲတမ်း (TRQ) အရ ပြောင်းများအတွက် ၁၅ ရာခိုင်နှုန်းအခွန်ကို ခွင့်ပြုပေးပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြောင်းတန်ချိန် ၅ သိန်းကို TRQ အရတင်သွင်းခဲ့သည်။
တမီလ်နာဒူးပြည်နယ်သည် တိရစ်ဆာန်မွေးမြူရေးလုပ်ငန်းအတွက် ပြည်တွင်းပြောင်းလိုအပ်ချက်ရှိနေသည်။ အချို့သော လုပ်ငန်းများက ပြည်တွင်းဈေးကွက်ကို ဖြည့်တင်းပေးနိုင်ရန် ပြောင်းကိုတင်သွင်းကြသည်။
ပြည်တွင်းဝယ်လိုအား ကြီးထွားလာခြင်းကြောင့် ကုန်သည်များအနေဖြင့် ပြည်ပမှ ပြောင်းတင်သွင်းရန် ဖြစ်စေခဲ့သည်ဟု PFMS ဥက္ကဋ္ဌ Mr Subramanian က ပြောသည်။
ဗဟိုအစိုးရ၏ အနိမ့်ဆုံးသတ်မှတ်ဈေး တစ်ကွမ်တယ် ၂၀၉၀ ရူပီးရှိနေရာ အိန္ဒိယ လယ်ယာထွက်ကုန် ဈေးကွက်ကော်မတီက လက်လီ ပျမ်းမျှဈေး တစ်ကွမ်တယ် (၁၀ဝ ကီလိုဂရမ်) ၂၀၉၁ ရူပီး အထက် အဆမတန် ရောက်ရှိမသွားစေရန် ဆောင်ရွက်ထားသည်။
သို့သော် မဒ္ဒရာပရာဒေ့ရှ်၊ တမီလ်နာဒူး၊ တယ်လန်ဂါနာ၊ မဟာရတ်ရှ်ထရာနှင့် ကာနာတာကာ ပြည်နယ်များရှိ ကုန်လှောင်ရုံအချို့တွင် ပြောင်းတစ်ကွမ်တယ် ရူပီး ၂၄၀ဝ ကျော်အထိ မြင့်တက်ခဲ့သည်။ ယခင်နှစ် အလားတူကာလက တစ်ကွမ်တယ် ရူပီး ၁၇၀ဝ သာရှိခဲ့သည်။
ပြောင်းတင်သွင်းမှုနှင့် ပတ်သက်၍ အစိုးရ၏ ဦးစားပေးအကောက်ခွန်များနှင့် ဆက်နွှယ်နေသည့် အမြတ်အစွန်းများက ဈေးကွက်ဖွဲ့စည်းပုံကို ပျက်စီးသွားစေနိုင်သည်။
နယူးဒေလီအခြေစိုက် သုတေသနပညာရှင် S Chandrasekaran က ပြောင်းတင်သွင်းမှုကို သွင်းကုန်ဈေးနှုန်း ကန့်သတ်ချက်နှင့် ဆိပ်ကမ်းကန့်သတ်ချက်များဖြင့် ထောက်ရှုနိုင်သည်ဟု ပြောသည်။
ယမန်နှစ်က ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံခဲ့ရသော အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ တောင်သူများသည် ယခုနှစ်တွင် အထွက်နှုန်း မြင့်မားပြီး ဝင်ငွေကောင်းနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေး ဝန်ကြီးဌာန၏ ဇွန်လ ပထမသီတင်းပတ် သီးနှံထွက်ရှိမှု ခန့်မှန်းချက်အရ ယခုနှစ် ဇွန်လတွင် ကုန်ဆုံးမည့် ပြောင်းရာသီအတွက် ပြောင်းတန်ချိန် ၃၅ ဒသမ ၆၇ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က အထွက်နှုန်းမှာ ၃၈ ဒသမ ဝ၈ သန်းအထိ ရောက်ရှိခဲ့သည်။
အိန္ဒိယတွင် ပြောင်းဝယ်လိုအား တည်ငြိမ်နေပြီး တိရစ်ဆာန်မွေးမြူရေးကဏ္ဍတစ်ခုတည်းမှာပင် နှစ်စဉ် တိုးလာနေသည့် ဝယ်လိုအားကို ဖြည့်တင်းရန် တန်ချိန် တစ်သန်း လိုအပ်ချက်ရှိနေသည်။
အဆိုပါကဏ္ဍမှ ဝယျလိုအားမှာ ခန့်မှန်းခြေ ၁၆ သန်းဖြစ်သည်။
မွေးမြူရေးကဏ္ဍအပြင် ကစီဓာတ်နှင့် အီသနော ထုတ်လုပ်မှုလုပ်ငန်းများတွင်လည်း သိသိသာသာ ဝယ်လိုအားရှိနေသည်။
အိန္ဒိယဗဟိုအစိုးရက အီသ​နောထုတ်လုပ်မှုအတွက် ကြံအသုံးပြုမှုကို ကန့်သတ်ပြီးနောက် ပြောင်းဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့သည်။
အီသနောထုတ်လုပ်မှုအတွက် ပြောင်းအသုံးပြုမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် တန်ချိန် ဝ.၈ သန်းမှ ယခုနှစ်တွင် တန်ချိန် ၃ ဒသမ ၄ သန်းအထိ တိုးလာဖွယ်ရှိသည်။
အီသနော ထုတ်လုပ်မှု လုပ်ငန်းများ စတင်လည်ပတ်ချိန်တွင် ဘီဟာပြည်နယ်ရှိ Visakhapatnam သို့မဟုတ် Kolkata ဆိပ်ကမ်းသည် ပြောင်းတင်သွင်းသည့် ဆိပ်ကမ်း ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ ကုန်သည်များကဆိုသည်။
အိန္ဒိယသည် အ​ကောက်ခွန်မဲ့ သို့မဟုတ် အ​ကောက်ခွန်လျှော့ချ၍ ပြောင်းတင်သွင်းရန် စဉ်းစားနေသည်ဟု The Hindu Business Line က ပြောသည်။

The Hindu Business Line

17/06/2024

လာမည့် ၃-၄ နှစ်အတွင်း ပဲမျိုးစုံ ဖူလုံစေရေး အိန္ဒိယ စီစဉ်
=================================
အိန္ဒိယအစိုးရက ၎င်း၏ ရက် ၁၀ဝ အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပဲမျိုးစုံနှင့် စားသုံးဆီတင်သွင်းမှုကို လျှော့ချရန်နှင့် စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် အဓိကထား ဆောင်ရွက်နေသည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြည်တွင်းရောင်းအား တိုးမြှင့်တင်ရန်အတွက် ပဲမျိုးစုံနှင့် စားသုံးဆီ တင်သွင်းမှု ပမာဏကို လျှော့ချရန် ၂၀၂၇ ခုနှစ်တွင် ပဲမျိုးစုံဖူလုံရေး အစီအစဉ်သစ်ကို ဆောင်ရွက်နေကြောင်း အစိုးရအကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ LiveMint သတင်းဌာနမှ အကြီးတန်းသတင်းထောက် Puja Das ပြောသည်။

အိန္ဒိယ၏ ၂၀၂၃ ဘဏ္ဍာနှစ် သွင်းကုန်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၉၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈၅၄ ဒသမ ၈ ဘီလီယံရှိခဲ့သည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုတစ်ခုတည်းမှာပင် ဒေါ်လာ ၄၈ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်က တင်ပို့မှု ဒေါ်လာ ၅၃ ဒသမ ၂ ဘီလီယံမှ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

စားသုံးဆီတင်သွင်းမှု နည်းပါးခြင်းကြောင့် လယ်ယာထွက်ကုန်များ တင်သွင်းမှု ကျဆင်းခဲ့သော်လည်း ပဲမျိုးစုံတင်သွင်းမှုသည် ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ပဲမျိုးစုံ တင်သွင်းမှုမှာ ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံနှင့် စားသုံးဆီများတွင် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ပြီး ယမန်နှစ်က ဒေါ်လာ ၁ ဒသမ ၉၄ ဘီလီယံနှင့် ၂၀ ဒသမ ၈၄ ဘီလီယံ အသီးသီး သုံးစွဲခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ရဲ့ ရက် ၁၀ဝ အစီအစဉ်မှာ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနဲ့ ဇီဝလောင်စာဆီ တင်သွင်းမှုစရိတ်စကတွေကို လျှော့ချဖို့ အဓိကအလေးပေးမှာ သေချာပါတယ်။ နောက်အရေးကြီးတာက လယ်ယာထွက်ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ပါပဲ ဟု အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဆီထွက်သီးနှံတွေလို နိုင်ငံတော်က ပံ့ပိုးမယ့် အမျိုးအစားတွေကို စတင်လိုက်ပြီးတော့ လာမယ့် ၃-၄ နှစ်အတွင်း ပဲမျိုးစုံ ဖူလုံနိုင်စေရေးအတွက် ကြိုးပမ်းနေပါတယ်ဟု ၎င်းကဆက်ပြော သည်။

၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁၉ သန်းထုတ်လုပ်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၆ သန်းအထိ တိုးလာခဲ့သည်။

ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီမှာ ရပ်မ​နေသင့်ဘဲ ၂၀၂၇ မှာ ပဲမျိုးစုံတင်သွင်းတာကို ရပ်လိုက်ရုံတင်မကဘဲ တင်ပို့နိုင်တဲ့ စနစ်တစ်ခုကို ဖန်တီးသင့်တယ် ဟု အစိုးရအရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အဓိက ပဲအမျိုးအစား ၃ မျိုးဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ပြည်တွင်းဝယ်လိုအား (တန်ချိန် ၂၈ သန်းခန့်) ဖြည့်တင်းပေးနိုင်အတွက် ဩစတြေးလျ၊ ကနေဒါ၊ ရုရှ၊ မြန်မာ၊ မိုဇမ်ဘစ်တို့အပြင် အခြားသောနိုင်ငံများမှ တင်သွင်းနေရသည်။

Agro XXI

21/05/2024

ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် (၁၃၈၆)ခုနှစ် ၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်(ဗုဒ္ဓဟူးနေ့) ကဆုန်လပြည့် နေ့ထူးနေ့မြတ်အခါသမယမှာ
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍
ကုသိုလ်တရားများပွားများနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Photos from eTradeMyanmar's post 03/05/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ “Mandalay Medical Service” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Mandalay Medical Service” Website သည် eTrade Myanmar ၏ Website Plan (B) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Customize Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Mandalay Medical Service” သည် ဘန်ကောက်နှင့် အိန္ဒိယမှာ ဆေးကုသဖို့လိုအပ်လာလျှင် လူကြီးမင်းတို့အတွက် One-Stop Service နှင့် အဆင်ပြေချောမွေ့အောင် ဝန်ဆောင်မှုပေးနေတဲ့ နေရာ ြဖစ်ပါတယ်။
“Mandalay Medical Service” တွင် သင့်တော်သော ဆေးရုံနှင့်ချိတ်ဆက်ပေးခြင်း၊လေယာဥ္နှင့်စာရွက်စာတန်းစီစဥ္ပေးခြင်း၊စကားပြန်စီစဥ္ပေးခြင်း၊ကျန်းမာရေးဆိုင်ရာဆွေးနွေးအကြံပေးခြင်း၊လေဆိပ်ကြိုပို့ပေးခြင်း၊ဆေးရုံနှင့်အနီးဟိုတယ်နှင့်နေရာစီစဥ္ပေးခြင်း အစရှိတ့ဲ ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျှက်ရှိတာကြောင့် www.mandalaymedicalservice.com မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Mandalay Medical Service” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 26/04/2024

eTrade Myanmar မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“GSM Great Services Mandalay” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“GSM Great Services Mandalay” Website သည် eTrade Myanmar ၏ Website Plan (A) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို စနစ်တကျသေသပ်လှပစွာ ရေးဆွဲပေးထားပါတယ်။
“GSM Great Services Mandalay” တွင် လူကြီးမင်းတို့အတွက် အိမ်ခြံမြေ၊ကား အရောင်းအဝယ်များကို ခိုင်မာတိကျသော စာချုပ်စာတမ်းများဖြင့်ဝန်ဆောင်မှု၊အချိန်ကုန် အလုပ်ရှုတ်သက်သာအောင် ကားလိုင်စင်ဝန်ဆောင်မှု၊နေအိမ်ခြံဝင်း သန့်ရှင်းရေးဝန်ဆောင်မှု၊ဥပဒေရေးရာဝန်ဆောင်မှု အစရှိတဲ့ ဝန်ဆောင်မှုများကို တာဝန်ယူ​ေဆာင်ရွက်ပေးလျက်ရှိတာကြောင့် www.gsmgreatservicesmandalay.com မှာဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “GSM Great Services Mandalay” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

16/04/2024

"နှစ်သစ်ဆုမွန်ကောင်း"
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် တွင်ကျရောက်သော
မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါသမယတွင် ပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒအဝဝနှင့်
ပြည့်စုံနိုင်ကြပါစေကြောင်းနှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

22/03/2024

ယခုလ တတိယသီတင်းပတ် အာရှဆန်ဈေးကွက်အခြေအနေ

အာဖရိကမှ ဝယ်လိုအား နှေးကွေးခြင်းကြောင့် အိန္ဒိယ၏ ဆန်တင်ပို့မှုဈေးနှုန်းသည် သီတင်းနှစ်ပတ် ဆက်လက် ကျဆင်းနေသော်လည်း ဗီယက်နမ်၏ ဆန်ဈေးကမူ အင်ဒိုနီးရှား၏ ပိုမို ဝယ်ယူမှုကြောင့် ဈေးတက်သည်။

ထိပ်တန်း ဆန်တင်ပို့သည့်် အိန္ဒိယ၏ ၅ မှတ်တန် ပေါင်းဆန်ဈေးသည် ယခုသီတင်းပတ်၌ တစ်တန် အမေရိကန်ဒေါ်လာ ၅၄၃-၅၅၀ တန်ဈေးရှိရာ ယခင် သီတင်းပတ်က ၅၄၈-၅၅၅ ဒေါ်လာဈေးနှင့် ယခုလ အစောပိုင်းက စံချိန်တင် ၅၆၀ ဒေါ်လာဈေး ရှိခဲ့သည်နှင့် နှိုင်းယှဉ်နိုင်သည်။

“အာဖရိက ဝယ်လက်တွေဟာ ကာလတို ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းထားနိုင်လို့ ဈေးကွက်ကို စောင့်ကြည့်နေတယ်၊ နောက်ပိုင်း အဝယ်အတွက် ဆန်ဈေးကို စောင့်ကြည့်နေတာပဲ”ဟု နယူးဒေလီအခြေစိုက် ပို့ကုန်သမားတစ်ဦးက ပြောသည်။

အိန္ဒိယ အကောက်ခွန်တာဝန်ရှိသူများက ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းအတွက် တွက်ချက်နည်းလမ်းကို ပြောင်းလဲပစ်၍ အိန္ဒိယကုန်သည်များအနေဖြင့် ပေါင်းဆန် တင်ပို့မှုများအတွက် အရောင်းအဝယ်သစ် ချုပ်ဆိုရာတွင် အခွန်ကုန်ကျမှု ပို မြင့်တက်ရသည်ဟု တာဝန်ရှိသူ လေးဦးက ယခု သီတင်းပတ်အစောပိုင်း၌ ရိုက်တာသို့ ပြောသည်။

တစ်ချိန်တည်းမှာပင် ဗီယက်နမ်၏ ၅ မှတ်တန် ဆန်ဈေးသည် တစ်တန်လျှင် ၅၉၀-၅၉၅ ဒေါ်လာဈေး ရှိနေသည်။ ပြီးခဲ့သည့် အပတ်က ၅၈၅ ဒေါ်လာသာ ရှိခဲ့သည်။

“အင်ဒိုနီးရှားက နောက်ထပ် ဆန်တန်ချိန် ၃၀၀,၀၀၀ ဝယ်ဖို့ လေလံသမားတွေကို အခု သီတင်းပတ်အစောပိုင်းမှာ ကမ်းလှမ်းတာနောက် ဈေး မြင့်တက်လာတာပဲ”ဟု ဟိုချီမင်းစီးတီး အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၏ ၅ မှတ်တန် ဆန်ဈေးမှာ ပြီးခဲ့သည့် သီတင်းပတ်က ၆၁၅ ဒေါ်လာဈေးမှ ယခု သီတင်းပတ် ကြာသပတေးနေ့တွင် ၅၉၈ ဒေါ်လာဈေးသို့ ဈေး ကျသည်။ ဘတ်ငွေဈေး အားနည်းနေပြီး ပြည်တွင်းလည်း အများစု မပြောင်းလဲ၍ ဈေး ကျခြင်း ဖြစ်သည်ဟု ကုန်သည်များက ယူဆသည်။

ထိုင်းဘတ်ငွေဈေးသည် ဒေါ်လာနှင့် ယှဉ်လျှင် ယခုသီတင်းပတ်အထိ ၀ ဒသမ ၅ ရာခိုင်နှုန်း ဈေးကျနေသည်။ အင်ဒိုနီးရှားမှ အဝယ်အချို့ ဖြစ်လာနိုင်သည်ဟု ကုန်သည်တစ်ဦးက ပြောသော်လည်း ပမာဏကိုမူ မပြောခဲ့ပေ။

Source: Reuters

Photos from eTradeMyanmar's post 08/03/2024

eTrade Myanmar မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Trustworthy Accountancy Professional” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Trustworthy Accountancy Professional” Website သည် eTrade Myanmar ၏ Website Plan (A) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို စနစ်တကျသေသပ်လှပစွာ ရေးဆွဲပေးထားပါတယ်။
“Trustworthy Accountancy Professional” တွင် Accounting System Setup Service,Accounting Service,Management Audit Service,Tax Consultation Service,Business Valuation Service,Investment Appriasal Service,Recruitment Service,Corporate Training အစရှိတဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်တာကြောင့် www.trustworthy-tap.com မှာဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Trustworthy Accountancy Prefessional” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 23/02/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Aspire Aim Machinery” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Aspire Aim Machinery” Website သည် eTrade Myanmar ၏ Website Plan (B) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Customize Template Design ပေါ်တွင် ဝယ်ယူရရှိနိုင်သော ပစ္စည်းများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Aspire Aim Machinery Company” သည် ရေလုပ်ငန်းဆိုင်ရာ၊စိုက်ပျိုးရေးလုပ်ငန်းသုံးဆိုင်ရာနှင့် လယ်ယာသုံး စက်နှင့်စက်အပိုပစ္စည်းများအား တစ်နိုင်ငံလုံးသို့ တရားဝင်တင်သွင်း ဖြန့်ဖြူးနေသော Company ြဖစ်ပါတယ်။
“Aspire Aim Machinery” တွင်အရည်အသွေးပြည့်မီသော ဒီဇယ်အင်ဂျင်၊ဓာတ်ဆီအင်ဂျင်၊လယ်ယာသုံးလက်တွန်းထွန်စက်၊စပါးရိတ်သိမ်းစက်၊ခြွေလှေ့စက်၊ရေစုပ်ပန့်တွဲများသာမက ဒီဇယ် ဓာတ်ဆီ အင်ဂျင်အပိုပစ္စည်းများကို မှန်ကန်ချိုသာသောဈေးနှုန်းများဖြင့် ြဖန့်ဖြူးရောင်းချပေးလျှက်ရှိတာကြောင့် www.aammyanmar.com မှာဝင်ရောက်လေ့လာဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Aspire Aim Machinery” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 16/02/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Fukwe Travel & Tour” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Fukwe Travel & Tour” Website သည် eTrade Myanmar ၏ Website Plan (B) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Customize Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Fukwe Travel & Tour” တွင် Air Ticketing,Tour Operations,Car Rental & Visa Service အစရှိတဲ့ ဝန်ဆောင်မှုများကိုရရှိနိုင်တာကြောင့် www.fukwetravelsandtours.com.mm မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။eTrade Myanmar Web Development Service မှလည်း “Fukwe Travel & Tour” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 09/02/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Seagram Myanmar” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Seagram Myanmar” Website သည် eTrade Myanmar ၏ Design Plan (C) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် စနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Seagram Myanmar”သည် မြန်မာပြည်မှ သောက်သုံးသူတိုင်းအတွက် ပြည်တွင်းမှ လူထုစွမ်းရည်နှင့် နိုင်ငံတကာမှ ပညာရှင်တို့ပေါင်းစပ်ပြီး အရည်အသွေးမြင့်သော ပျော်စရာများ မျှဝေခံစားခြင်း အတွေ့အကြုံကို ပေးစွမ်းရန် ရည်ရွယ်ထားတာကြောင့် www.seagram-myanmar.com မှာဝင်ရောက်လေ့လာဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Seagram Myanmar” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 01/02/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Beauty World Art Gallery” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Beauty World Art Gallery” Website သည် eTrade Myanmar ၏ Website Plan (C) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် အနုပညာလက်ရာများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Beauty World Art Gallery”သည် ထွန်းသစ်စ မြန်မာ့အနုပညာရှင်များ၏ အကောင်းဆုံးရွေးချယ်ထားသော အနုပညာလက်ရာများကို ပြသရန်အတွက် အဓိကရည်ရွယ်ပါတယ်။
“Beauty World Art Gallery”တွင် ပြခန်းများကို ပြည်တွင်းမှာသာမက ပြည်ပ မှာပါ ပြုလုပ်ပေးလျှက်ရှိတာကြောင့် အနုပညာကိုချစ်မြတ်နိုး တန်ဖိုးထားသူတိုင်း www.beautyworldartgallery.com မှာဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Beauty World Art Gallery” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

29/01/2024

Website တစ်ခု တည်ဆောက်ဖို့၊ရှိဖို့ ကုန်ကျစရိတ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။
ကိုယ့်လုပ်ငန်းအတွက် website တစ်ခုက ဘယ်လိုအကျိုးရှိနိုင်လဲဆိုတာသာ အဓိကဖြစ်ပါတယ်။
မိမိလုပ်ငန်းအတွက် သင့်တော်သော website တစ်ခုရှိလာသောအခါ ထင်သာမြင်သာရှိတဲ့ အကျိုးကျေးဇူးတွေက-အချုပ်အားဖြင့်-
(၁) Digital ခေတ်မှာ မိမိလုပ်ငန်း Online Presence ရှိခြင်း
(၂) လုပ်ငန်းခိုင်မာ၊တိုးတက်မှုကို အကန့်အသတ်မရှိပြသနိုင်ခြင်း
(၃) အင်တာနက်ပေါ်မှာ လွယ်ကူလျင်မြန်စွာ ဈေးကွက်ထိုးဖောက်ချဲ့ထွင်နိုင်ခြင်း
(၄) မိမိစားသုံးသူ၊မိတ်ဖက်များ၏ ယုံကြည်မှုရရခြင်း၊ အလွယ်တကူဆက်သွယ်နိုင်ခြင်း
(၅) စားသုံးသူအပြုအမှုများ(data) ရရှိနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
သင့်လုပ်ငန်း website တစ်ခုအတွက် (Plan A Package:domain and hosting အပါ) တစ်နှစ်စာသက်တမ်းတိုးရန် ကုန်ကျစရိတ်က ၅၀၀၀၀ ကျပ်သာလျင် ကျသင့်မှာပါ။
လူကြီးမင်း လုပ်ငန်းတိုးတက်ဖို့ကူညီပါရစေ
ဖုန်း 09-5064355
09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
www.etmweb.com.mm

Photos from eTradeMyanmar's post 26/01/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Htun Nay Wun” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Htun Nay Wun” Website သည် eTrade Myanmar ၏ Website Plan (C ) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Htun Nay Wun” တွင် DEVELON,BOBCAT,DOOSAN,AMMANN,JLG,SINO TRUK အစရှိတ့ဲ ကမ္ဘာကျော်အမှတ်တံဆိပ်ပစ္စည်းများကို ဝယ်ယူရရှိနိုင်တာကြောင့် www.htunnaywun.com.mm မှာဝင်ရောက်လေ့လာဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Htun Nay Wun” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 05/01/2024

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Ever Plastic” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Ever Plastic” Website သည် eTrade Myanmar ၏ Website Plan (B) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Customize Template Design ပေါ်တွင် ရရှိနိုင်သော လူသုံးကုန်များကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Ever Plastic” တွင် Table,Chair,Shelfs,Box,Cover,Bowl,Chopping Board အစရှိတဲ့ လူသုံးကုန်များကို လက်လီ လက်ကားဝယ်ယူရရှိနိုင်တာကြောင့် www.everplasticmyanmar.com မှာဝင်ရောက်လေ့လာဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်။eTrade Myanmar Web Development Service မှလည်း “Ever Plastic” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

31/12/2023

"𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫!2024"
2024 နှစ်သစ်အချိန်အခါမှစ၍ မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အေးချမ်းသာယာခြင်းများနှင့်ပြည့်စုံ၍ မင်္ဂလာရှိသောနှစ်သစ်အချိန်အခါလေးဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Photos from eTradeMyanmar's post 29/12/2023

eTrade Myanmar မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Cho Group” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Cho Group” Website သည် eTrade Myanmar ၏ Website Plan (A) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို စနစ်တကျသေသပ်လှပစွာ ရေးဆွဲပေးထားပါတယ်။
“Cho Group” တွင် Performance Improvement,Accounting,Compliance & Reporting,Investment Advice,Tax Planning,Legal Advice,Organization Development Consultancy အစရှိတဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်တာကြောင့် www.chogroupmyanmar.com မှာဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Cho Group” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 08/12/2023

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Myanmar Padauk” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Myanmar Padauk” Website သည် eTrade Myanmar ၏ Website Plan (C) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Myanmar Padauk” တွင် Sales & Distribution,Procurement,Export & Import,Electrical Power,Telecom Network Infrastructure,Warehouse & Factory အစရှိတဲ့ ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျှက်ရှိတာကြောင့် www.myanmarpadauk.com မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Myanmar Padauk” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကိုယ်ပိုင် Domain အမည်နဲ့ Email ကို အသုံးပြုသင့်တဲ့ အဓိကအချက် ၆ ချက် | Web Solution Services in Myanmar | eTrade Myanmar 06/12/2023

ဘာကြောင့် ကိုယ်ပိုင် Domain အမည်နဲ့ Email ကို အသုံးပြုသင့်သလဲဆိုတာ Blog မှာ ဖတ်ရှုနိုင်ပါတယ်။

ကိုယ်ပိုင် Domain အမည်နဲ့ Email ကို အသုံးပြုသင့်တဲ့ အဓိကအချက် ၆ ချက် | Web Solution Services in Myanmar | eTrade Myanmar သင့်စီးပွားရေးလုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ကုန်အမှတ်တံဆိပ် ဂုဏ်သတင်းကို တည်ဆောက်တဲ့အခါ ဆုံးဖြတ်ရမယ့....

26/11/2023

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဆီမီးမြိုင်မြိုင်လတန်ဆောင်တိုင်အခါသမယလေးမှာ ပြည်သူပြည်သားများအားလုံး သက်ရှည်ကျန်းမာပြီး စိတ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း eTrade Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Photos from eTradeMyanmar's post 17/11/2023

eTrade Myanmar မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Job Opportunities Creator Agency” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“JOC” Website သည် eTrade Myanmar ၏ Website Plan (A) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို စနစ်တကျသေသပ်လှပစွာ ရေးဆွဲပေးထားပါတယ်။
“JOC” သည် လုပ်ငန်းရှင်များအတွက် ဝန်ထမ်းကောင်းများရရှိစေဖို့ အထူးအလေးထားကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းများအတွက်လည်း မိမိအရည်အချင်းနှင့်ကိုက်ညီတဲ့ Job Position များရရှိအောင် ကူညီဆောင်ရွက်ပေးနေသော Job Agency တစ်ခုဖြစ်တာကြောင့် www.jocmyanmar.com မှာဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Job Opportunities Creator Agency” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

28/10/2023

🪔သီတင်းကျွတ်ဆုတောင်း🪔
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ လူကြီးမိဘဆရာသမားများကို ပူဇော်ကန်တော့ရင်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ချစ်ရတဲ့မိသားစုတွေနဲ့ပျော်ရွှင်စရာသီတင်းကျွတ်အချိန်အခါလေးတွေပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

Photos from eTradeMyanmar's post 20/10/2023

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“ASA Japanese School” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“ASA Japanese School” Website သည် eTrade Myanmar ၏ Website Plan (B) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Customize Template Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“ASA Japanese School” တွင် ဂျပန်စာကို ကျွမ်းကျင်စွာ တတ်‌ေြမာက်လိုသူများ၊ဂျပန်နိုင်ငံတွင် ပညာတော်သင် သွားရောက်လိုသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့်ပြုလုပ်ပေးလျှက်ရှိတာကြောင့် www.asajapaneseschool.com မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “ASA Japanese School” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

03/10/2023

ရေနံဈေးများ ဆက်လက်မြင့်တက်နေဦးမည်ဟု အိုပက်+ အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ပြော
၃၊ အောက်တိုဘာ၊ ၂၀၂၃

ဝယ်လိုအားတိုးမြင့်တက်လာနေခြင်းကြောင့် ရေရှည်တွင် ရေနံဈေးများ ဆက်လက်မြင့်တက်နေဦးမည်ဟု အိုပက်+ အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

အိုပက်+ အဖွဲ့တွင် အဖွဲ့ဝင် ၂၃ နိုင်ငံရှိပြီး ကမ္ဘာ့ဈေးကွက်သို့ ရေနံစိမ်းရောင်းချရာတွင် ဈေးနှုန်းကို သတ်မှတ်ဆုံးဖြတ်ချက်ချသည်။

“ဝယ်လိုအားက တစ်ရက်ကို စည်ပေါင်း ၂ ဒသမ ၄ သန်းလောက် တိုးလာနေတာတွေ့ရပါတယ်”ဟု Haitham Al Ghais က ဘီဘီစီသို့ပြောသည်။

ဈေးနှုန်းများမြှင့်တင်နိုင်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံက ရေနံစိမ်း ထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၁ သန်းလျှော့ချသွားမည်ဟု ပြောသည်။

ဆော်ဒီအာရေဗျနှင့် ရုရှနိုင်ငံတို့၏ ဆုံးဖြတ်ချက်သည် ယခုနှစ်ကုန်ပိုင်းတွင် ရေနံစိမ်းရောင်းအား ပြတ်လပ်မှုဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ကပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှ-ယူကရိန်းစစ်ကြောင့် ရေနံစိမ်းဈေးများမှာ ပြီးခဲ့သည့်နှစ် ဇွန်လတွင် တစ်စည် ၁၂၀ ဒေါ်လာကျော်ရောက်ခဲ့သည်။ ယခုနှစ် မေလတွင် တစ်စည် ဒေါ်လာ ၇၀ ကျော်အထိ အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။ သို့သော် ဈေးကွက်ကို ကျားကန်ပေးနိုင်ရန်အတွက် ရေနံထုတ်နိုင်ငံများက ထုတ်လုပ်မှုကန့်သတ်လာခဲ့ရာ ဈေးနှုန်းများမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့သည်။

ရောင်းအားလျှော့ချမည်ခန့်မှန်းချက်များရှိနေရာ လန်ဒန်ရေနံစိမ်း (Brent) ဈေးမှာ ပြီးခဲ့သည့် သီတင်းပတ် အဂါင်္နေ့က တစ်စည် ၉၅ ဒေါ်လာ အထိ်ရောက်ရှိခဲ့ပြီး တစ်စည် ဒေါ်လာ ၁၀ဝ ကျော်သွားမည်ကို စိုးရိမ်ပူပန်မှုများရှိလာသည်။ ယခုခန့်မှန်း သတိပေးချက်ကြောင့် လာမည့် ၁၀ လအတွင်း ဈေးနှုန်းများမြင့်တက်လာနိုင်ပြီး နိုင်ငံတကာတွင် ငွေကြေးဖောင်းပွမှုများ ရေရှည်ဖြစ်ပေါ်လာနိုင်သည်။

“ဒီကနေ့လက်ရှိ အနေအထားနဲ့နှိုင်းယှဉ်ရင် လာမည့် ၂၀၄၅ ခုနှစ်မှာ စွမ်းအင် ဝယ်လိုအားဟာ ၂၅ ရာခိုင်နှုန်းတိုးလာပါလိမ့်မယ်။ စွမ်းအားကဏ္ဍမှာ ပုံစံအမျိုးမျိုးနဲ့ လိုအပ်ချက်တွေရှိလာလိမ့်မယ်”ဟု Mr Al Ghais ကပြောသည်။

Al Ghais ၏ပြောကြားချက်များသည် အောက်တိုဘာ ၄ ရက် အဘူဒါဘီတွင် ကျင်းပမည့် International Petroleum Exhibition and Conference (ADIPEC) အစည်းအဝေး မကျင်းပမီထွက်ပေါ်လာခြင်းဖြစ်သည်။

04/08/2023

မြန်မာအလုပ်သမား ၈၀၀ ကျော် ဂျပန် ခေါ်ယူမည်

ဂျပန်ရှိ ကုမ္ပဏီများက မြန်မာအလုပ်သမား ၈၈၄ ဦးအတွက် ခေါ်ယူလိုကြောင်း စာ ၂၈၃ စာ ပေးပို့လာခဲ့ကြောင်း တိုကျိုရှိ မြန်မာသံရုံးက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စာများသည် စက်ရုံများ သို့မဟုတ် ကုမ္ပဏီများအတွက် ခေါ်ယူခြင်းလားဆိုသည်ကို သံရုံးက စိစစ်ပြီး တွေ့ရှိချက်နှင့် အတည်ပြုချက် ရလဒ်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ထားသည်။

ဂျပန်တွင် တရားဝင် အလုပ်လုပ်လိုသော မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်သမားရေးရာရုံးများတွင် စုံစမ်းနိုင်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားနိုင်မည် ဖြစ်သည်။

01/08/2023

၁ ရက်၊ ၈ လ၊ ၂၀၂၃ ( အင်္ဂါနေ့ ) မှာ ကျရောက်သည့် "ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)"
နေ့ထူးနေ့မြတ်လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့် ကုသိုလ်တရားပွားများနိုင်စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

28/07/2023

"ဈေးနှုန်း ထိန်းချုပ်နိုင်ရေး ကျပ်ငွေ တည်ငြိမ်အောင် လုပ်ဆောင်နေဟု ဗဟိုဘဏ် ပြော"

မှောင်ခိုဈေးကွက်၌ ကျပ်ငွေဈေး အားနည်းလျက် ရှိစဉ် ဈေးနှုန်း ဖိစီးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျပ်ငွေ တည်ငြိမ်ရေးကို လုပ်ဆောင်နေကြောင်း ဗဟိုဘဏ်က ပြောသည်။

“ငွေကြေးဖောင်းပွမှုကို တားဆီးနိုင်ရေးအတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ဗဟိုဘဏ်က စောင့်ကြည့်နေတယ်”ဟု ဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းမြင့်က ဗုဒ္ဓဟူးနေ့ ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။

“နေ့စဉ် နိုင်ငံခြားငွေ အဝင်အထွက်ကို အနီးကပ် စောင့်ကြည့်နေတယ်၊ ဈေးကွက်မှာ နိုင်ငံခြားငွေ လိုအပ်ချက် ရှိလာရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားငွေ လိုအပ်မယ့် ဘဏ်တွေ၊ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖြည့်တင်းပေးမှာ ဖြစ်တယ်”ဟု ၄င်းက ပြောသည်။

ဈေးနှုန်းများ ထပ်မြင့်တက်ပြီး ကျပ်ငွေ ပို၍ အားနည်းစေနိုင်မည်ဖြစ်သော ငွေကြေးများ ပိုမိုဈေးကွက် စီးဆင်းခြင်း ဖြစ်လာမည်ဟု ထင်ကြေးများ ဖြစ်ပေါ်စေသော ကျပ် ၂၀,ဝ၀ဝ တန် ထုတ်ဝေမည်ဆိုသည့်နောက်၌ ဗဟိုဘဏ်ဘက်က ရှားရှားပါးပါး ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။

မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေ ပိုမိုအားနည်းမှုက အကျပ်အတည်းဆိုက်နေသော စီးပွားရေးကို ဖိအားများ တိုးစေမည် ဖြစ်သည်။

ကျပ် ၂၀,ဝ၀ဝ တန်များကို လူတစ်ဦးလျှင် ပိုက်ဆံအဟောင်းအစုတ်ဖြင့် သုံးရွက်သာ လဲလှယ်နိုင်မည် ဖြစ်၍ ငွေကြေးကွင်းဆက်ထဲ ငွေစီးဆင်းမှု တိုးပွားလာမည် မဟုတ်၍ ဈေးနှုန်းများ မြင့်တက်မည် မဟုတ်ကြောင်း ဗဟိုဘဏ်က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ စက်တင်ဘာ၌ တစ်နှစ်ကထက် ၁၈ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ တတိယသုံးလပတ်အကုန်တွင် ၁၄ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအချက်အလက်များက ညွှန်ပြထားသည်။

မြန်မာကျပ်ငွေသည် လအတော်ကြာ တည်ငြိမ်နေခဲ့ပြီးနောက် သွင်းကုန်နှင့် နိုင်ငံခြားပေးချေမှုတွင် ဒေါ်လာလိုအပ်ချက် တိုးများလာခြင်းကြောင့် ဇွန်လမှစတင်ကာ မှောင်ခိုဈေးကွက်၌ ဒေါ်လာနှင့်ယှဉ်လျှင် အားပျော့လာခဲ့သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစတင်ကာ တရားဝင်ဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၂,၁၀ဝ နှုန်းဖြင့် တန်ဖိုးသတ်မှတ်ထားကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

“နိုင်ငံရဲ့ စီးပွားရေးစနစ်ထဲက စုစုပေါင်း ငွေကြေးပမာဏကို နှစ်စဉ်မပြတ် စောင့်ကြည့်နေ့တယ်၊ ရည်မှန်းပမာဏအတွင်းမှာပဲ ရှိနေဖို့ ကျွန်တော်တို့ လုပ်ဆောင်ထားတယ်”ဟု ဦးဝင်းမြင့်က ပြောခဲ့သည်။

Photos from eTradeMyanmar's post 27/07/2023

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Eden Group” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Eden Group” Website သည် eTrade Myanmar ၏ Website Plan (C) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Eden Group” တွင် Construction,Hotels, Resorts & Dining,Denko Trading,Myanma Apex Bank,Asia General Electric,Oil,Gas & Energy,Agriculture အစရှိတဲ့ ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျှက်ရှိတာကြောင့် www.edengroup.com.mm မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Eden Group” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from eTradeMyanmar's post 07/07/2023

eTrade Myanmar Company မှတာဝန်ယူရေးဆွဲပေးသော Website များထဲမှ“Golden Land Express” Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Golden Land Express” Website သည် eTrade Myanmar ၏ Website Plan (C) ဝန်ဆောင်မှုဖြင့် Customer စိတ်ကြိုက်ရွေးချယ်ထားသော Professional Design ပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုစနစ်တကျ သေသပ်လှပစွာရေးဆွဲပေးထားပါတယ်။
“Golden Land Express” တွင် Container Services,RO-RO Services အစရှိတဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်တာကြောင့် www.goldenlandexpress.com မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။
eTrade Myanmar Web Development Service မှလည်း “Golden Land Express” Website ကို တာဝန်ယူရေးဆွဲခွင့်ရရှိသောကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
✅ Website ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက …
📞09-5064355
📞09-402581373 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Happy Tazaungdaing Festival

Telephone

Address


Building 4, Room 8, MICT Park, Hlaing TSP
Yangon
11052

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Information Technology Companies in Yangon (show all)
Delight Myanmar Group Delight Myanmar Group
No. 6, 1st Floor, Sanchaung Street, Sanchaung Township
Yangon, 11111

Delight Myanmar ( Hotline -09-427411120, 09-427330877)

M-Tech ICT Solution M-Tech ICT Solution
Yangon, 11111

We are providing IT related services quickly. If you want to buy Gift Card and Activation Key, you can buy with full guarantee. We also provide the best service if you want to make...

High Tech-IT High Tech-IT
16street
Yangon

No-302, Building A,Highway Complex Housing,Yangon.

Hikvision Myanmar Hikvision Myanmar
Room(305) 3rd Floor. SOHO Bo Myat Tun Tower. Bo Myat Tun Street , Lower Block, Botahtaung Township
Yangon, 310052

Welcome to Hikvision Myanmar’s official page!

YK Two Fashion & Accessories YK Two Fashion & Accessories
Yangon

Only good quality will be sold👍

Wing World Wing World
B2/1, Yadanar Housing , Yadanar Road, South Oakkalarpa
Yangon

Memory Stick များအားစျေးနှုန်းချိုသာစွာဖြင

Linux For You Linux For You
89 Street
Yangon

Welcome to our page!

AdSpace Co., Ltd AdSpace Co., Ltd
Yangon, 111111

Develop Software, Application, Website and E-Commerce

Smart4U Smart4U
Thingangyun
Yangon

� �������

Coding Challenges Myanmar Coding Challenges Myanmar
Yangon

A place for coders / programmers / developers to find problems to solve to practice their skills.

Beyond Limits Coding Academy Beyond Limits Coding Academy
No. V-57, Nguwa 11th Street, Hlaing Township
Yangon, 11051

"Basic To Work" Developer Career ကို BLCA တွင် တည်ဆောက်လိုက်ပါ။

VVIP9 VVIP9
8, Moe Ma Kha 1st Street, Malikha Housing, Thingangyun Tsp
Yangon, 11071

Digital Business Card. Share your information with Tab or Scan. Others don't need a App.