Music Football Club - NUAC Ygn
This is the official page of Music FC (nuac)
ညနေအားပေးဖို့မမေ့နဲ့နော်ပထမပွဲဆိုတော့ စောစောလာဖို့မမေ့နဲ့ဦးနော် ဂီတ ဒုန်းဒုန်းဒုန်🎹🎼
ယနေ့ညနေ တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(ခ)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပန်းပု အသင်းနှင့် ဂီတ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဂီတအသင်းမှ ၃ဂိုး ဂိုးမရှိ ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့အတွက်သွင်းဂိုးများ ကို -
ကျောနံပါတ် ၉- ကိုကိုအောင် (ပထမနှစ်)
၁၇-အေးမြတ်သူရ (ပထမနှစ်)
၁၀- ခွန်ခမ်းခြိုင် (ပထမနှစ်)
တို့မှသွင်းယူပေးခဲ့ပါတယ်။ ဂီတအသင်းမှာ အုပ်စု(ခ)တွင် တစ်ပွဲသရေ တစ်ပွဲနိုင် ရမှတ် ၄မှတ် အုပ်စုဗိုလ်အဖြစ် semi finalသို့တက်ရောက်သွားပြီး ပန်းပုအသင်းမှာ ရမှတ် ၃မှတ်ဖြင့် semi finalသို့တက်ရောက်သွားပြီဖြစ်ပါတယ်။ ။ ဒီနေ့အတွက် ဂိုးသွင်းပေးကြတဲ့ ပထမနှစ်က ညီကိုတွေရော ကွင်းထဲထိလာရောက်အားပေးကြတဲ့ ဂီတက စီစီတွေရော ဂျူဂျူတွေရောကို ကျေးဇူးအထူးတင်ရှိပါတယ်။ ။ ဂီတရဲ့ ပွဲစဉ်တိုင်းအတွက် ရေဗူးများအချိုရည်ဗူးများ မေတ္တာဖြင့်လှူဒါန်းပေးသော နောက်ဆုံးနှစ်မှ ကိုလူသစ် ကို
လည်းကျေးဇူးအထူးတင်ရှိပါတယ်❤
ဒီနေ့အတွက် ကြိုးစားအားထုတ်ပေးသော တာဝန်ကျေသော
အသင်းသားများအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ် ။ ။
We are Music🎼🎼🎼
ဒီနေ့အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်
အသင်းသားတွေရော လာရောက်အားပေးတဲ့ ဂီတမေဂျာက ညီကိုမောင်နှမတွေရော အားလုံးကို ကျေးဇူးတင်ပါတယ် ။ ဂီတ ဂီတလို့
့အော်သံတွေက ဒီနေ့အတွက် အားဖြစ်စေခဲ့ပါတယ်။ ။
နောက်ပွဲတွေတွက်ဆက်လက်ကြိုးစားသွားပါမယ်။ ။
We are One; We are Music🎼
အရင်ပွဲကအမှားများကို ပြုပြင်ပြီးအကောင်းဆုံးကြိုးစားသွားပါ့မယ်
မနက်ဖြန် ၃နာရီဆုံကြမယ်နော်
ဂီတ vs ပန်းပု
ညနေ၃နာရီ
အုပ်စု(ခ)ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ဂီတအသင်းနှင့် ပန်းပုအသင်းတို့ ညနေ ၃နာရီ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါ၍ ဂီတမေဂျာကျောင်းသားသူများလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်။ ၃နာရီကန်မှာဆိုတော့စောစောလာဖို့မမေ့နဲ့နော်။ ဂီတဒုန်းဒုန်း❤
ဂုဏ်ယူပါတယ် ဂီတအမျိုးသမီးအသင်း ❤
ဂီတ1 :0ကံ့ကော်
(အမျိုးသမီး) : (အမျိုးသမီး)
ယနေ့ အုပ်စုပွဲစဉ် ရလဒ်
ဂီတ 0:0 ပန်းချီ
ဒီနေ့ရလဒ်အတွက် ပရိသတ်တွေအား အသင်းသားများက တောင်းပန်ပါတယ် နောက်ပွဲတွက်ကြိုးစားသွားကြပါမယ်
ဂီတကညီကိုမောင်နှမတွေ ညနေ၃နာရီကွင်းထဲလာအားပေးဖို့ဖိတ်ခေါ်ပါတယ်
ဂီတ အသင်း နဲ့ ပန်ချီအသင်းတို့ရဲအုပ်စုပွဲစဉ်ကိုညနေ၃နာရီမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
Congratulations! Music FC Women ❤❤ ကြိုးစားကြတာဂုဏ်ယူတယ် ညီမတို့ #
Music(women) 1: 0 Dramatic Arts (women)
ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့်ကစားသမားကတော့ သီချင်းဆိုကောင်းတဲ့အပြင် ဘောလုံးကန်လဲကောင်းတဲ့ နောက်ဆုံးနှစ်ကျောင်းသား စည်သူလွင် ပါ။ ပုပုလုံးလုံးနဲ့ အသင်းသားတွေကချစ်စနိုးနဲ့ ဝက်ပုလို့ ခေါ်ကြပါတယ်။ အားရှိရှိ နဲ့ တိုးတိုးလှုပ်လှုပ် နဲ့
အဖြတ်ကစားသမားဖြစ်တဲ့အပြင် ဘယ်အစွန်ရော ညာအစွန်ရောပါ
ကစားတတ်တဲ့ ညာနောက်ခံ ကစားသမားဖြစ်ပါတယ်။ Side back တစ်လျောက်စိတ်ချရတဲ့ကစားသမားလဲဖြစ်ပြီး ပထမနှစ်ကတည်းကနေ နောက်ဆုံးနှစ်ထိ မိခင်မေဂျာအသင်းမှာဘဲကစားခဲ့တဲ့
ကစားသမားဖြစ်တာကြောင့်အတွေ့အကြုံရှိရှိ လိုက်ကစားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ ဝက်ပု # We are Music🎼
ပွဲနားနီးပြီဆိုတော့ ကစားသမားတွေနဲ့မိတ်ဆက်ပေးမယ့် အစီအစဉ်တော့ရှိရမှာပေါ့😁
အခု ပထမဆုံးမိတ်ဆက်ပေးမယ့် ကစားသမားကတော့ အသင်းရဲ့အဓိကကစားသမား လို့ပြောရမယ့် ဒုတိယနှစ်ဂီတ (piano)က
အာကာပြည့် ပါ။ သူကိုအသင်းသားတွေက ဘယ်သန်မို့လို့ ချစ်စနိုးနဲ့ Dybalaလို့ခေါ်ကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်ပီပီ သူရဲ့အတိုးအလှုပ်နဲ့ ဂိုးကန်ချက်တွေကိုမြင်တွေ့ရမှာပါ။ကျောင်းလက်ရွေးစင်လဲဖြစ်တာကြောင့်အတွေ့အကြုံရှိပြီး နေရာစုံမှာလဲဆော့နိုင်တဲ့ကစားသမားပါ။မနှစ်က ပန်းပုအသင်းမှာကစားခဲ့ပြီး ဂိုးသွင်းအများဆုံးဆုလဲရရှိခဲ့ဖူးသူပါ။ဒီနှစ် မိခင်မေဂျာအသင်းမှာပြန်လည်ကစားမှာပါ။ Dybala # we are Music🎹
မနက်ဖြန် ဖွင့်ပွဲ စပြီဆိုတော့....
ဂီတက အကိုအမ ညီ တွေညီမတွေ အားပေးလို့ရအောင် ပွဲချိန်ဇယား လေးတင်ပေးမယ် #
ဂီတ က ညီကိုမောင်နှမ တွေ အားပေးဖို့အသင့်ဘဲလား😍😍⚽
မနက်ဖြန်ဖွင့်ပွဲ ကိုလဲ လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်😁
We are one ; We are Music; 🎼
" MUSIC FCအတွက်အပြီးသတ်လူစာရင်း
ကြေငြာခြင်း"
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
(ရန်ကုန်)ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲအတွက်ဂီတပညာဌာနကိုယ်စားပြုအမျိုးသားဘောလုံးအသင်း၏ အပြီးသတ်လူစာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည်။ ။
မှတ်ချက်။ ။ ပြိုင်ပွဲရက်နီးကပ်လာပြီဖစ်သောကြောင့်သာ ပဏာမလူစာရင်းအားရွေးချယ်ခြင်းမပြုဘဲ အပြီးသတ်လူစာရင်းသာရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။ ။⚽We are One: We are Music🎼
နှစ်စဥ်ကျင်းပလျက်ရှိသော ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲအတွက် ဂီတပညာဌာနကိုယ်စားပြု(အမျိုးသား)ဘောလုံးအသင်းအတွက် ပဏမ
လူစာရင်းအား မကြာခင်တွင်ထုတ်ပြန်သွားမည်ဖြစ်သည်။ ။⚽⚽
(10.12.19)ရက်နေ့တွင်ပြုလုပ်သော လူရွေးချယ်ပွဲတွင် လာရောက်အရွေးချယ်ခံသော ကစားသမားများအား အဓိကထားရွေးချယ်သွားမည်ဖြစ်ပြီး လေ့ကျင့်ရေးအစီအစဥ်များပြုလုပ်သွားမည်ဖြစ်သည်။။
ထိုမှတစ်ဆင့် အပြီးသတ်လူစားရင်းအား
လေ့ကျင့်ရေးအစီအစဥ်များမှတစ်ဆင့်ထပ်မံ၍ရွေးချယ်သွားမည်ဖြစ်သည်။ ။
ထို့နောက်ခြေစမ်းပွဲစဥ်များနှင့် လေ့ကျင့်ရေးအစီအစဥ်များအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်သည်။ ။
ဂီတအတွက်အကောင်းဆုံးပေးဆပ်ကြပါစို့။
We are one # We are music 🎼⚽
music football club@
မနက်ဖြန် ဆုံမယ်နော် ညီအစ်ကိုတို့ #
လာရောက်မည့်သူများအနေဖြင့် ဖိနပ်နှင့်
Jersey အနီရောင် များ တစ်ပါတည်းယူလာခဲ့ပေးကြပါရန်။ ။ Music Football Club #
We are one ✊️
We are music🎶
ဘာလိုလိုနဲ့ ဒီအချိန်လေးတောင်ပြန်ရောက်တော့မယ် #ပျော်ရွှင်စရာအခိုက်အတန့်လေးတွေပေါ့ #❤️
Major ပွဲတွေတောင်ရောက်တော့မယ် # တစ်နှစ်တစ်နှစ်မြန်လိုက်တာ❤️
Myanmar 🇲🇲🇲🇲
အားပေးဖို့အသင့်ဘဲလား 😍
NUAC က သူငယ်ချင်းညီအကိုမောင်နှမတို့ရေ☺☺
nuac nuac လို့ အားပေးသံတွေနဲ့👏
nuac ရဲ့ စည်းလုံးမှုကို ပြကြစို့👏💪
are one 👍
are nuac❤
ယနေ့ semi final ပွဲစဉ် ရလဒ်...
ဂီတ 0:1 ရုပ်ရှင်
ပန်းပု2:0 ညွန့်ပေါင်း
28ရက်နေ့တွင် ပန်းပုအသင်းနှင့် ရုပ်ရှင်အသင်း ဗိုလ်လုပွဲစဉ်အဖြစ်
ယှဉ်ပြိုင်ကစားပါမည်။ ။
ကျွန်တော်တို့ဂီတအသင်း မှာ ပြိုင်ပွဲမှာ ထွက်ခွာသွားရပါပြီ။
ပြိုင်ပွဲတလျောက် ဂီတအသင်းအတွက် ရေဗူးနှင့်အချိုရည်ဗူးများ
Sponsorပေးပါသော ကိုလူသစ်နှင့် ဒီနေ့အတွက် sponsor
ပေးပါသော ဆရာဇော် နှင့်ကျေးဇူးတင်ထိုက်သူများအားလုံးကို
ကျေးဇူးတင်ပါသည်။ ယနေ့ရလဒ်အတွက် အားလုံးကိုတောင်ပန်ပါတယ်။ ။
ယနေ့ အုပ်စုနောက်ဆုံးပွဲစဉ်များ
အပြီးတွင် ဂီတအသင်းမှာ
သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲရှုံး
ရမှတ်(6)မှတ်ဖြင့်
အုပ်စု(ခ) ဒုတိယအနေနှင့်
ဆီမီးဖိုင်အဆင့်သို့တက်ရောက်သွားခဲ့ပြီ
ဖြစ်ပြီး အုပ်စု(က) ပထမဖြစ်သော
ရုပ်ရှင်အသင်းနှင့် လာမည့်တနင်္လာနေ့
တွင် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်
ယနေ့ပွဲပြီး ရလဒ်
Music FC Vs Sculpture FC
0 : 3
- : (Nay Shine Lin) (2goal)
(Arkar Pyae)
ယနေ့ပွဲပြီးရလဒ်
Music FC Vs Dramatic Arts FC
2 : 1
(Nyan Lin Aung) : (Ye Thiha Oo)
(Zar Ni Shine)
ယနေ့(20.2.2019)ရက်နေ့
ညနေ 4 နာရီအချိန်တွင်
အုပ်စုဒုတိယပွဲစဉ်အဖြစ်
Music FC နှင့် Dramatic Arts FC
တို့ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါသောကြောင့်
အားကစားဝါသနာရှင် ဆရာ ဆရာမ
များနှင့် ကျောင်းသား ကျောင်းသူများ
လာရောက် အားပေးကြဖို့
ဖိတ်ခေါ်လိုက်ရပါတယ်
အုပ်စုပွဲစဉ်များတွင် Music FC အသင်းသားများ သောက်သုံးရန် ရေသန့်နှင့်
အအေးဗူးများ Sponsor ပေးပါသော
ဂီတမေဂျာ တတိယနှစ်မှ ကိုလူသစ်
အားကျေးဇူးအထူး တင်ပါတယ် 💙
ယနေ့ပွဲပြီးရလဒ်
Music FC Vs Painting FC
3 : 0
ဉာဏ်လင်းအောင် (2 ဂိုး)
သျှို င်းဇော် (1 ဂိုး)
မနက်ဖြန်(18.2.2019) ရက်နေ့
ညနေ 4:00 နာရီ အချိန်တွင်
အုပ်စု(ခ) ပွဲစဉ်တစ်ပွဲအဖြစ်
Music FC နှင့် Painting FC
တို့ NUAC ဘောလုံးကွင်းကြီးတွင်
ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါသောကြောင့်
အားကစားဝါသနာရှင် ဆရာ ဆရာမများ
နှင့် ကျောင်းသား ကျောင်းသူများ
လာရောက်အားပေးကြဖို့ ဖိတ်ခေါ်
လိုက်ရပါသည်။
2018-2019 ပညာသင်နှစ်
ဂီတမေဂျာ ဘောလုံးအသင်းဖြစ်ပါတယ်
(11.1.2019)ရက်နေ့ မနေ့ညနေတွင် ထုတ်ပြန်သော
ပဏာမ လူစာရင်းနှင့်ပတ်သတ်သော ရှင်းလင်းချက်
ဤ Music Football Club page သည် ဂီတမေဂျာဘောလုံးအသင်းနှင့်ပတ်သတ်သော အကြောင်းအရာများကို တင်ပေးသွားမည့် pageဖစ်သည်။
11.1.2019ရက်နေ့တွင့်ကြေညာလိုက်သော လူစာရင်းမှာ
ပဏာမ လူစာရင်းဟု သေချာစွာရေးသားဖော်ပြခဲ့ပါ သည်။
မနေ့က ထုတ်ပြန်သောလူစာရင်းနှင်ပတ်သတ်၍ မေးမြန်းလာသော
ဂီတမေဂျာ က သူများအတွက်သာ ဤpost ကိုတင်လိုက်သည်။
ဤpageမှ လွန်ခဲ့သော နှစ်ရက်ခန့်က ဂီတအသင်း တွင်ကန်ချင်သူများအား 107တွင်တွေ့ဆုံရန် ဖော်ပြခဲ့ပါသည်။
ထို့အတူ ပထမနှစ် များကိုလဲခေါ်ယူခဲ့ပါသည် တစ်ချို့ ပထမနှစ်များ
မှာ ခေါ်ယူထားသောအခြားအသင်း များ၌ သွာရောက်ကစားမည်
ဖြစ်၍ ထိုကစားသမားများအားလက်လျော့လိုက်ရသည်။
အခုရွေးချယ်ထားသောလူစာရင်းသည်လည်း ပဏာမလူစာရင်း
သာဖြစ်သည်။
တစ်ချို့ ပြောလာသောစကား'ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ' ဟူသောစကား ကို ကျနော်တို့ ဒေါသထွက်မိပါသည်။ ဘောလုံးကန်သည်
ကိုမည်သူမည်ဝါ ခွင့်ပြုချက်ယူရမည်နည်း။ ဌာနမှူး လက်မှတ်များ
လိုသေးသလား 😝
မနှစ်ကစည်းလုံးမှု ကွဲပြားနေသော ဂီတအသင်းအား တောင့်တင်းခိုင်မာအသင်းဖြစ်ရန် အခြားအသင်းသို့သွားရောက်ကစားသော
ကစားသမားများလဲပြန်လည်ခေါ်ယူခဲ့ပါသည်။
ထိုသို့ကောင်းမွန်သောသူများအားခေါ်ယူ၍ အသင်းကောင်းတစ်သင်းဖြစ်အောင် အများသဘောတူ ရွေးချယ်ခဲ့ကြပါသည်။
လိုအပ်ချကိများရှိပါက လာရောက်ဆွေးနွေးနိုင်ပါသည်☺
football club nuac
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Yankin Street
Yangon, GOLDENCITYCONDO,OFFICETOWER,ROOFTOP
Prepare yourself everyday to be the best
Ayeyar 3rd Street
Yangon, 11031
#PLAY FOR FIGHT⚽ #FIGHT FOR WIN🎉🎊 #STRENGTH OF YOUTH🏃♂️⚽ #NEVER GIVE UP💪