Global Enchanting Safety and Management Training Centre

Global Enchanting provide Workplace Safety and Health training across industries. Global Enchanting Education Centre was founded by Myanmar Entrepreneur Ms.

Khin Swe Win Ko. The center provide Occupational Safety and Health courses as well as Management courses.

01/07/2024

မင်္ဂလာပါ။
Global Enchanting Safety and Management Training center ရဲ့ July လမှာ ဖွင့်လှစ်မယ့် သင်တန်းများ ဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းရန် 09 518 1316, 09 8959 41124

01/05/2024

MAY DAY PROMOTION (FLASH SALES)

မင်္ဂလာပါ Safety ညီအစ်ကို မောင်နှမတို့ရေ

ဒီနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် Scaffold Supervisor အတန်း အပ်တဲ့သူတွေ အနေ့နဲ့ အောက်ပါ Flash Sales (၂ + ၂) Promotion လေးကို ရရှိမှာဖြစ်ပါတယ်။

Class: Scaffold Supervisor (ငြမ်းကြီးကြပ်ရေးမှူးသင်တန်း)

Duration: 4 days

Dates: 9, 10, 11, 12 May 2024

သင်တန်းကြေး ကျပ် ၁၄၀၀၀၀

ဒီ (၂+၂) Promotion လေးရဖို့ဆို

၁) နှစ်ယောက်တူတူအပ်ရပါ့မယ်။

၂) နက်ဖြန် မေလ (၂) ရက်နေ့ နေ့ခင်း (၁၂) နာရီ မတိုင်ခင် သင်တန်းကြေးအပြည့်သွင်းပေးရပါမယ်။

ဒါဆို သင်တန်းကြေး တစ်ယောက်ကို နှစ်သောင်း (၂၀၀၀၀) ကျပ်တိတိ လျှော့ပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းအပ်မယ်ဆိုရင်တော့ 09 518 1316, 09 8959 41124 ကို အမြန်လေး ဆက်သွယ်လိုက်တော့နော်။

01/05/2024

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ နိုင်ငံအနှံ့မှာ ရှိတဲ့ အလုပ်သမားများ အားလုံးလုပ်ငန်းခွင်တိုင်းမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာစွာနဲ့ လုပ်ကိုင်နိုင်စေကြောင်း Global Enchanting မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

21/04/2024

အားလုံးပဲ မင်္ဂလာပါ။

Global Enchanting ရဲ့ မေလမှာ ဖွင့်လှစ်မယ့် အတန်းလေးတွေဖြစ်ပါတယ်။

Promo Applied အတန်းတွေအတွက် special discount အစီအစဥ◌်လေးတွေ လာမယ့်ရက်တွေမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

လမကုန်ခင် ကြိုသွင်းထားရင် early bird discount လေးတွေလည်း ရှိတာမို့ သင်တန်းတက်ဖို့ စိတ်၀◌င်စားတယ်ဆို အောက်ပါ ဖုန်းလေးတွေကို ဆက်သွယ်လို့ရပါတယ်။

09 518 1316, 09 775 089 763, 09 895 941 124

10/04/2024

မင်္ဂလာပါရှင်

သင်္ကြန် ပိတ်ရက် အတွင်းမှာ အောက်ပါ standby ဖုန်းများ ဆက်သွယ်နိုင်ပါတယ်။

09 518 1316, 09 9555 82527

Global Enchanting Team

08/03/2024

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နယ်ပယ်မှာ လုပ်ကိုင်နေသော အမျိုးသမီးများနှင့် တကွ အမျိုးသမီးများ အားလုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

Photos from Global Enchanting Safety and Management Training Centre's post 07/03/2024

Training Coordinator Position အတွက် ဖြစ်ပါတယ်။

လျှောက်ထားလိုသူများ [email protected] ကို email ပို့နိုင်ပါတယ်။

Photos from Global Enchanting Safety and Management Training Centre's post 04/03/2024

မင်္ဂလာပါရှင်

Safety ညီအစ်ကိုမောင်နှမတို့ရေ
စောစောလေးသွင်းများများကြီး discount ရနိုင်မယ့် အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးလိုပါတယ်။

မတ်လ (၁၇) ရက်နေ့မှာ ဖွင့်လှစ်မယ့် Safety Officer Classroom အတန်းလေးကို (၈) ရက်နေ့ နောက်ဆုံးထားအပ်ရုံနဲ့ ငါးသောင်းကြီးများတောင် discount ရမှာ ဖြစ်လို့ အရင်လထဲက တက်ဖို့ booking လုပ်ထားတဲ့ သူတွရော ဒီလ တက်မယ် တွေးထားသူတွရေော အပြေးသာ လာအပ်လိုက်တော့နော်။

သင်တန်းခေါင်းစဥ်.။ ။ Safety Officer (SUNDAY ONLY)
သင်တန်းကာလ ။ ။ ၂ လခွဲ (မတ်လ ၁၇ ရက်မှ ဇွန်လ ၂ ရက်နေ့ထိ)
သင်တန်းချိန် ။ ။ နံနက် ကိုးနာရီမှ ညနေ ငါးနာရီ
သင်ကြားမည့်ပုံစံ ။ ။ Classroom Training
သင်တန်းကြေး ။ ။ ကျပ် ၃၈၀,၀၀၀ (Early bird discount ရှိပါသည်။)

အလုပ်လုပ်နေသူတွေလည်း အဆင်ပြေအောင် တနင်္ဂနွေ သီးသန့်အတန်းဖြစ်ပြီး သင်တန်းတဘာသာ ပြီးတိုင်း မေးခွန်း ဖြေရမှာ ဖြစ်သလို assignment တွေပါတဲ့ ဘာသာရပ်တွေမှာလည်း assignment တွေ တင်ရမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ဖို့ Safety Supervisor သင်တန်း ပြီးထားပြီး safety ရာထူးနဲ့ လုပ်သက် (၂) နှစ်ရှိရမှာ ဖြစ်ပါတယ်။ group discussion တွေ၊ case study တွေ ပါပြီး လက်တွေ့လုပ်ငန်းခွင်ထဲက အကြောင်းအရာတွေကို ဆွေးနွေး အဖြေရှာကြတာမို့ ကိုယ့်လုပ်ငန်းခွင်အတွက် ပြန်လည်အသုံးချဖို့အတွက်လည်း အဆင်ပြေမယ်။ သင်ကြားရမယ့် ဘာသာရပ်တွေကတော့

1. Law and Legal Requirements
2. Role and Responsibilities of Safety Officer
3. Risk Management
4. Developing Safety Culture
5. Emergency Preparedness and Response Plan
6. Incident Investigation and Reporting
7. Job Safety Analysis
8. Workplace Safety and Health Management System
9. Developing and Monitoring WSH Management System
10. Workplace Safety and Health Internal Audit

လူကန့်သတ်ထားတဲ့ အတန်းမို့ အမြန်လေး လာအပ်မှ စိတ်ချရမယ်။ စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ် ဆိုရင်တော့.....

ဆက်သွယ်ရန် ။ ။ 09 518 1316, 098959 41124, 094212 04603

23/02/2024

အားလုံး မင်္ဂလာပါ။
မတ်လ သင်တန်းအချိန်ဇယားလေး ဖြစ်ပါတယ်။

သင်တန်းအပ်နှံရန် နှင့် အသေးစိတ် စုံစမ်းရန် ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမှန်းနိုင်ပါတယ်ရှင်။
09 518 1316, 09 4212 04603

Photos from Global Enchanting Safety and Management Training Centre's post 20/02/2024

မင်္ဂလာပါရှင်။
Global Enchanting Safety and Management Training Centre ရဲ့ မိတ်ဟောင်း၊မိတ်သစ်များ အတွက် Safety Officer (Sunday Only) Online Training သင်တန်းနှင့် မိတ်ဆက်ပေးပါရစေ။

သင်တန်းဖွင့်လှစ်မည့်ရက်။ ။ မတ်လ ၃ ရက်နေ့ မှ မေလ ၁၉ ရက်နေ့အထိ (အပတ်စဉ် တနင်္ဂနွေနေ့)
သင်တန်းကာလ ။ ။ ၁၀ ပတ်
သင်တန်းချိန် ။ ။ မနက် ၉ နာရီ မှ ညနေ ၅ နာရီထိ
သင်တန်းကြေး ။ ။ Ks 380,000
သင်ကြားမည့်နေရာ ။ ။ Zoom Class

Course Outline:
1. Law and Legal Requirements
2. Role and Responsibilities of Safety Officer
3. Risk Management
4. Developing Safety Culture
5. Emergency Preparedness and Response Plan
6. Incident Investigation and Reporting
7. Job Safety Analysis
8. Workplace Safety and Health Management System
9. Developing and Monitoring WSH Management System
10. Workplace Safety and Health Internal Audit

Safety Officer သင်တန်းတက်ရောက်ခြင်းဖြင့် သင်တန်းသားများ အနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဥပဒေနှင့် ဆက်စပ်ဥပဒေများကို သိရှိနားလည်ခြင်း၊ ဘေးအန္တရာယ်များကို အကဲဖြတ် စစ်ဆေးနိုင်ခြင်းနှင့် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိနားလည်ခြင်း၊ မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်ပွားစေရန် ထိန်းချုပ်မှုအစီအမံများကို အကောင်အထည်ဖော်လာနိုင်ခြင်း၊ Safety Management System တစ်ခုကို ရေးဆွဲလာနိုင်ခြင်း စသည့်တို့ကို သိရှိနားလည် ကျင့်သုံးလာနိုင်မည်ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်မယ်ဆိုရင် ဘာတွေလိုမလဲ?
- Certified Safety Supervisor သင်တန်းတက်ရောက်ပြီးထားသူဖြစ်ရပါမယ်။
- Safety နဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးလုပ်သက် (၂) နှစ်အနည်းဆုံးရှိရမှာ ဖြစ်ပါတယ်။

သင်ကြားမှုပုံစံ
- တနင်္ဂနွေနေ့တိုင်း Zoom တန်းတက်ရောက်ရမှာ ဖြစ်ပြီး ဘာသာရပ်တစ်ခု ပြီးဆုံးသွားတိုင်း စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။
- တချိုဘာသာရပ်များမှာ assignment ရှိမှာ ဖြစ်ပါတယ်။ ပေးအပ်ထားသော deadline များအတိုင်း တင်ပေး သွားရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ သက်ဆိုင်ရာ စာမေးပွဲတိုင်းအောင်မြင်ပြီး assignment များ ပြီးဆုံးမှသာ သင်တန်းအောင် လက်မှတ် ရရှိမှာ ဖြစ်ပါတယ်။

ဒါဆို Promotion ရအောင် ဘယ်လို့ သင်တန်းအပ်မလဲ?
လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ မတိုင်ခင် သင်တန်းကြေးပေးသွင်း အပ်နှံပါက သင်တန်းကြေး ၃၃၀,၀၀၀ ကျပ်သာကျသင့်မည် ဖြစ်ပြီး ၅၀,၀၀၀ ကျပ် Save ဖြစ်မှာဖြစ်ပါတယ်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

Photos from Enchanting Consultancy Services's post 20/02/2024
19/02/2024

GE ရဲ့ Safety Quiz အစီအစဉ်မှာ ပါဝင်ဖြေဆိုသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီတစ်ပတ် Quiz အစီအစဉ်ရဲ့ ပထမဆုံး အဖြေမှန်သူ (၂) ဦးကတော့.........

Facebook Account ပိုင်ရှင် Zw Ng နဲ့ Ko Htet တို့ဖြစ်ပါတယ်။

ဆုရရှိသူများကို ဆရာကြီး ဦးအေးငြိမ်း (လေးမျက်နှာ)ရဲ့ "လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး)" စာအုပ်ကို လက်ဆောင်အဖြစ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဆုရရှိသူများ အနေဖြင့် စာအုပ်ကို အမှတ် ၃၅၊ ညောင်တုန်းလမ်း၊ စမ်းချောင်းမှာ လာရောက်ထုတ်ယူနိုင်ပါတယ်။

☎ 09518 1316, 094212 04603

18/02/2024

အားလုံးပဲ မင်္ဂလာပါ။

GE ရဲ့ Safety Quiz အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်မှာတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မေးခွန်းလေးတွေ မေးသွားမှာဖြစ်ပြီး Comment မှာဖြေဆိုသူများထဲမှ ပထမဆုံး အဖြေမှန်သူ (၂) ဦးကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စာအုပ်လေးတွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီလမှာတော့ မိီးဘေးဆိုင်ရာ မေးခွန်းလေး(၁)ခုကို မေးမြန်းထားပြီး ပထမဆုံးအဖြေမှန်သူ (၂)ဦးမှ ဆုရရှိသွားမှာ ဖြစ်ပါတယ်။

ဆုရရှိသူများကို GE Page မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

17/02/2024

Top Up ဆိုတာတော့ ပုံမှန် သွားနေကျ လမ်းကြောင်းအတိုင်း မသွားပဲ မိမိတက်ထားတဲ့ တခြား အောင်လက်မှတ်တွေနဲ့ Year 2, Year 3 စသည်ဖြင့် တို့ကို direct ကျော် တက်ရောက် တာဖြစ်ပါတယ်။

မိမိရွေးချယ်ထားတဲ့ ဘာသာရပ်အပေါ်လိုက်ပြီး ဥပမာ -
BTEC Higher National Diploma ပြီးထားလို့ Foundation Diploma/Diploma ကို တက်စရာမလိုပဲ Higher Diploma/Advance Diploma ကိုတန်းတက်တာ၊ ဘွဲ့ရဲ့ နောက်ဆုံးနှစ်အတန်းကို တန်းတက်နိုင်တာ၊ ကိုယ့်နိုင်ငံက တက္ကသိုလ် ဒုတိယနှစ်ပြီး ထားရုံနဲ့ Higher Diploma/Advance Diploma ကို တန်းတက်နိုင်တာ၊ တချို့ ဘာသာရပ်တွေမှာတော့ နောက်ဆုံးနှစ် ဘွဲ့ယူတဲ့ နှစ်ကို တန်း join တာမျိုး လုပ်လို့ရပါတယ်။

ကိုယ့်မှာ အရင် တက်ထားတဲ့ အောင်လက်မှတ်တချို့လည်းရှိနေတယ်ဆိုရင်တော့ (သို့) သက်ဆိုင်ရာ ဒုတိယနှစ်ကို လှမ်းတက်ဖို့မှီမယ်ဆိုရင်တော့ Top Up Pathway ကို ရွေးချယ်တာဟာ ကျောင်းစရိတ်လည်းသက်သာ အချိန်တိုအတွင်း ဘွဲ့ရနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

12/02/2024

Enchanting Services အနေနဲ့ Management Development Institute of Singapore (MDIS) ရဲ့ official student recruitment partner ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။ MDIS Campus တွေမှာ ဖွင့်လှစ်ထားတဲ့ Diploma, Higher Diploma, Bachelor and Master degree တွေအကြောင်း သိကောင်းစရာများကို နောက်ရက်တွေမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

11/02/2024

Lifting Supervisor

မိမိ အလုပ်ခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေသာမက အများပြည်သူ သွားလာနေရာတဲ့ နေရာတိုင်းမှာ ၀န်တင်၀န်ချ လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းဖို့ နဲ့ ထိခိုက်ဒဏ်ရာမရရှိစေဖို့ တာ၀န် ဟာ ၀န်တင်၀န်ချကြီးကြပ်ရေးမှူးတွေ အတွက် အရေးကြီးလှပါတယ်။

သင်တန်းအမည်။ ။ Lifting Supervisor
သင်တန်းကာလ။ ။ (၂)ရက်
သင်တန်းနေ့ရက်။ ။ ဖေဖော်ဝါရီလ ၁၇၊၁၈ ရက်
သင်ကြားမှုပုံစံ ။ ။ Classroom Training
သင်တန်းကြေး။ ။ ကျပ် ၁၅၀၀၀၀

ဒီတာ၀န်ကို ယူရတဲ့ ကြီးကြပ်ရေးမှူးတွေအနေနဲ့ lifting equipment တွေ အကြောင်းကောင်း ကောင်းနားလည်ရမယ်။ mobile crane, tower crane အပါအ၀င် စက်ပစ္စည်းတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိရှိထားပြီး လို့ခေါ်တဲ့အန္တရာယ်အကဲဖြစ်စစ်ဆေးတာတွေ လုပ်ဆောင်နိုင်ရမယ်။ lifting equipment တွေကို ပုံမှန်စစ်ဆေးတာ၊ ၀န်တင်၀န်ချလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နဲ့ ရှိရမယ့် safety standard တွေ compliance လိုက်နာမှုရှိဖို့တွေကအစပါ၀င်မှာ ဖြစ်ပါတယ်။

၀န်ချီမတင်ရာမှာ အခြေခံဖြစ်တဲ့ ခံနိုင်ရည်အား၊ load limit၊ အန္တရာယ်ကင်းအောင် ကြိုးချည်ပုံ၊ အချက်ပြဆက်သွယ်မှုအစရှိတဲ့ အချက်အလက်တွေကိုပါ သိထားဖို့လိုတာကြောင့် lifting supervisor တက်မယ့်သူ အများစုဟာ Rigger and Signalman သင်တန်းလေးကိုပါ တွဲတက်မှပဲ အဆင်ပြေပါလိမ့်မယ်။

၀န်တင်၀န်ချလုပ်ဆောင်ရာတွေမှာ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ဖို့နဲ့ ပြတ်သားရှင်းလင်းတဲ့ ဆက်သွယ်ရေးဟာ အရေးပါလှတာမို့ ကိုယ်ဟာ lifting equipment တွေ အလုပ်လုပ်ရာမှာ တာ၀န်ယူရသူဖြစ်မယ်ဆိုရင်တော့ ဒီသင်တန်းကို မဖြစ်မနေတက်သင့်ပါတယ်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

11/02/2024

Basic Rigging and Signaling

ဝန်ချီမတင်ခြင်း လုပ်ငန်းမှာ မဖြစ်မနေ သိထားဖို့အတွက် တက်ရောက်သင့်တဲ့ သင်တန်းလေးဖြစ်ပါတယ်။ ဝန်ချီမတင်ခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ ဘေးအနာရယ်ကင်းရှင်းရေး လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ အခြေခံ ကြိုးချည်နည်းနှင့် အချက်ပြနည်းများကို သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။

သင်တန်းအမည် ။ ။ Basic Rigging and Signaling
သင်တန်းနေ့ရက် ။ ။ ဖေဖော်ဝါရီလ ၁၆ ရက်
သင်တန်းကာလ ။ ။ (၁) ရက်
သင်ကြားမည့်ပုံစံ ။ ။ Classroom Training
သင်တန်းကြေး ။ ။ ကျပ် ၅၅၀၀၀

တရက်တာ သင်တန်းမှာ အခြေခံကြိုးချည်သူ နဲ့ အချက်ပြသူ ရဲ့ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ၊ ကြိုးချည်နည်းနဲ့ အချက်ပြနည်းတွေ၊ ကြိုးချည် ကရိယာအမျိုးအစားတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ နှင့် ကြိုးချည်ကရိယာများကို အသုံးပြုခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းနည်း၊ ပါယ်ဖျက်နည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကို ဝန်ချီမတင်ခြင်းလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသူများ၊ crane operator များ၊ ကြီးကြပ်ရေးမှူးများ မန်နေဂျာများ တက်ရောက်သင့်ပါတယ်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

Photos from Global Enchanting Safety and Management Training Centre's post 10/02/2024

Gong Xi Fa Cai ပါ Safety ညီအစ်ကိုမောင်နှမတို့ရေ

Flash Sales နေ့လေးရောက်ပြီနော်။ အနီရောင်စာအိတ်လေး ဖောက်ပြီးပြီလား။ Promo အများကြီး ပေးထားတဲ့ သင်တန်းလေးတွေ အပ်ဖို့ ready ပဲလား။ ဒီနေ့မှာ ထိပ်စီးလေးတွေ ပြောင်းပြီး တတန်းကို (၅) ဦးသာ အပ်နိုင်မယ့် အတန်းလေးတွေကို ကြည့်လိုက်ရအောင်...

Electrical Safety (25.2.2024)(Online)
New Student Ks.55,000 ----> Ks. 40,000
Refresher Ks.50,000 ----> Ks. 35,000

Basic Rigging & Signaling (16.2.2024)(Classroom)
New Student Ks.55,000 ----> Ks. 40,000

နှစ်တန်းလုံးက လူပြည့်မြန်တာမို့ မြန်မြန်လေးဆုံးဖြတ်ပြီး သင်တန်းမှာ ဆုံကြမယ်နော်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

09/02/2024

ဟလို ဟလို Safety တို့ရေ

Chinese New Year နေ့မှာ Flash Sales လေးရှိလို့ လာသတင်းပေးတာပါ။
Flash Sales ဆိုတာ သင်တန်းသား ဦးရေအကန့်အသတ်နဲ့ 30% promo သင်တန်းကြေးလေး သွင်းလို့ရမှာဖြစ်ပါတယ်။

ဘယ်အတန်းတွေ ဖြစ်မလဲဆိုတော့......
လူတက်အရမ်းများပြီးလစဥ်ဖွင့်ရတဲ့ Electrical Safety
၆လ မှ တခါလောက် ရှားရှားပါးပါးဖွင့်မယ့် Basic Rigging & Signaling

အတန်း တတန်းကို ကျောင်းသား ဦးရေ (၅) ဦးသာ flash sales အနေနဲ့ ကန့်သတ်ထားတာမို့ ရမယ့်အန်ပေါင်းလေးတွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အပြေးသာလာအပ်လိုက်တော့နော်။

Photos from Global Enchanting Safety and Management Training Centre's post 08/02/2024

Training and Operations Executive position လေး ကျောင်းအတွက် ခေါ်နေပါတယ်။ စိတ်ပါဝင်စားသူများရှိရင်...

CV ကို
[email protected]
Viber: 09 779903194 ကိုပေးပို့နိုင်ပါတယ်။

07/02/2024

GE မှာသင်တန်းတက်ဖို့ ဘယ်လို discount တွေရနိုင်လဲ။

တဦးချင်းစီအတွက်
New Student Discount
အခုမှ တက်မယ့် ကျောင်းသားသစ်တွေတက်ဖို့ဆိုရင်တော့ Discount လေးလည်းရချင်တယ်။ လစာလေးက မထုတ်ရသေးဘူးဆိုရင်တော့ နာမည်စာရင်းလေးပေး၊ 30% deposit သင်တန်းကြေးလေးသွင်းပြီး Sales က အမချောချောလေးတွေဆီမှာ ၅% discount တောင်းခံနိုင်ပါတယ်။

Student Member Discount
ကျောင်းက ပေးတဲ့ ကတ်ထူးပြားလေးနဲ့လေ။ အဲဒါလေးနဲ့ လာရင် ကျောင်းသားဟောင်းတွေအတွက် ၅% နဲ့က အလိုလိုပါပြီးသား၊ သင်တန်းကြေးများတဲ့ အတန်းတွေမှာဆို ကတ်ပြားလေးပြလိုက်ရင် discount တွေအပြင် ခွဲသွင်းလို့ရမယ်။
ကျောင်းသားဟောင်းတွေအနေနဲ့ ကတ်ပြားရဲ့အနောက်က သင်တန်းဘယ်နှစ်ခုတက်ပြီးသွားပြီဆိုတဲ့ အကွက်လေးတွေကို တုံးထုထားရင်တော့ အကွက်တွေပြည့်သွားရင် သင်တန်း FOC တက်ခွင့်တကြိမ်၊ သင်တန်းကြေး 50% off တဲ့တကြိမ် promotion တွေရမှာဖြစ်ပါတယ်။

Seasonal Discount
ဒါကတော့ လအလိုက်ရှိတဲ့ discount တွေဖြစ်ပါတယ်။ ဘယ်လမှာ ဘာ promotion လေးတွေ ရှိမလဲ၊ 2 in 1 ဆိုတဲ့ သင်တန်းကြေးတစ်ယောက်စာနဲ့ ကျောင်းသား နှစ်ယောက်ပဲတက်လို့ရမလားဆိုတဲ့ လအလိုက် discount တွေ ဖြစ်ပါတယ်။ ဒီလမှာဘာတွေရမလဲဆိုရင်တော့ GE ရဲ့ FB Page ကို Like ထားတော့နော်။

Flash Sales Discount
ဒါကတော့ တစ်ရက်ထဲ discount အများကြီး လျှော့တာလေး ဖြစ်ပါတယ်. ဒါလေးကလည်း တစ်လမှာမှ တစ်ရက်ထဲ ဖြစ်ပြီး အဲဒီတစ်ရက်ထဲမှာပဲ သွင်းမှ အကျုံးဝင်မှာဖြစ်ပါတယ်။

Corporate Discount
Platinum Member Discount
GE ကနေ နှစ်စထဲက ထွက်တာတဲ့ သင်တန်းကြေးတွေနဲ့ မပြောင်းပဲ တနှစ်လုံး သင်ချင်တယ်။ GE နဲ့လည်း နှစ်စဉ်နှစ်တိုင်း contract သဘောမျိုးလေးတွေ သဘောတူညီချက်ယူနေကြ၊ agreement လေးတွေ ထိုးနေကြ Corporate customer တွေအတွက် Platinum Member Discount

Gold Member Discount
GE နဲ့အတူ လက်တွဲလုပ်တာလည်း ကြာပြီ။ သင်တန်းတွေလည်း နှစ်တိုင်းပို့နေတာပဲ၊ တခါသင်တန်းတက်ခိုင်းရင် အနည်းဆုံး ငါးယောက်နဲ့အထက်ပဲ ဆိုတဲ့ Corporate Customer တွေအတွက် Gold Member Discount

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

06/02/2024

Global Enchanting ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Enchanting Services မှ ပညာရေးဝန်ဆောင်မှုကို မကြာခင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Photos from Global Enchanting Safety and Management Training Centre's post 03/02/2024

Safety ညီအစ်ကို မောင်နှမတို့ရေ

အလုပ်ခွင်တွင်း ဘေးအန္တရာယ်ကင်းရှင်းဖို့ ဆိုရင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးမှာ အခြေခံကျလှတဲ့ အန္တရာယ်တွေကို အကဲဖြတ်စစ်ဆေးခြင်း နဲ့ စီမံခန့်ခွဲခြင်းတွေကို သင်ယူထားဖို့လိုပါမယ်။

ဒီ (၂) ရက်တာ သင်တန်းလေးမှာ စာတွေ့တင်သာမက လက်တွေ့တဦးချင်းစီ ဆွေးနွေးရတာ၊ ဆရာနဲ့အတူ case study တွေလေ့လာတာ၊ assignment လုပ်ရတာတွေပါ ပါ၀င်မှာဖြစ်ပါတယ်။

အလုပ်ခွင်ဘေးအန္တရာယ်တွေဆိုတာ တွေ့မှ၊ ကြုံမှ၊ သိမှ၊ ဖြစ်မှ ပြန်ပြင်ခဲ့ရင် ဆုံးရှုံးမှုတွေများမယ်၊ အချိန်တွေကုန်မယ်၊ ထုတ်ကုန်အားတွေကျမယ်၊ ထိခိုက်ဒဏ်ရာတွေရမယ်။ အဖက်ဖက်က အဆုံးအရှုံးတွေကိုပဲ ဦးတည်နေတာမို့ ဒါတွေမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းသော လုပ်ငန်းခွင် တခုကို ဖန်တီးကြပါစို့

သင်တန်းအမည်။ ။ Risk Management
သင်တန်းနေ့ရက်။ ။ ဖေဖေါ်၀ါရီ ၁၀၊ ၁၁ ရက် (Weekend ONLY)
သင်တန်းကာလ။ ။ နှစ်ရက်
သင်ကြားမည့်ပုံစံ။ ။ Classroom Training
သင်တန်းကြေး ။ ။ ကျပ် ၁၂၀,၀၀၀

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

02/02/2024
Photos from Global Enchanting Safety and Management Training Centre's post 31/01/2024

ဒီနေ့ကတော့ Super Promotion Program ရဲ့ နောက်ဆုံးရက်လေး ဖြစ်တဲ့အတွက် Super Discount တွေကို လက်မလွတ်ရလေအောင် အခုပဲ သင်တန်းအပ်နှံဖို့ ဖုန်းဆက်လိုက်တော့နော်....

☎ Contact Us: 09518 1316, 094212 04603

Photos from Global Enchanting Safety and Management Training Centre's post 29/01/2024

မင်္ဂလာပါရှင်

လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အန္တရာယ်များကို အကဲဖြတ်စစ်ဆေးခြင်းနဲ့ စီမံခန့်ခွဲခြင်း ဟာ အလုပ်ခွင်ထဲမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတာ၀န်ခံတွေ အနေနဲ့ရော အလုပ်ခွင်ထဲမှာ တာ၀န်ထမ်းဆောင်နေသူ မည်သူမဆိုတွေအတွက်ပါ သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။

အလုပ်ခွင်ထဲမှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို အကဲဖြတ်စစ်ဆေးမယ်။ အန္တရာယ်တွေလျော့ကျသွားဖို့ ထိန်းချူပ်နည်းလမ်းတွေနဲ့ လျှော့ချမယ်။ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ထိန်းချူပ်နိုင်ခြင်းဖြင့် အလုပ်ခွင်တွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေ လျှော့ချနိုင်မယ်။ ငွေကြေးဆုံးရှှုံးမှုတွေကို ကာကွယ်နိုင်မယ်။ ဘေးကင်းတဲ့ အလုပ်ခွင်တခုကို ဖန်တီးနိုင်မယ်။

သင်တန်းအမည်။ ။ Risk Management
သင်တန်းနေ့ရက်။ ။ ဖေဖေါ်၀ါရီ ၁၀၊ ၁၁ ရက် (Weekend ONLY)
သင်တန်းကာလ။ ။ နှစ်ရက်
သင်ကြားမည့်ပုံစံ။ ။ classroom training
သင်တန်းကြေး ။ ။ ကျပ် ၁၂၀,၀၀၀
(Promotion: Ks. 110,000 before 1st Feb 2024)

သင်တန်းကာလ (၂)ရက်တာမှာ စာတွေ့အပြင် အတန်းတွင်း case study များဆွေးနွေးခြင်း၊ group discussion များပြုလုပ်ခြင်းတို့ပါ၀င်မှာဖြစ်ပါတယ်။ အတန်းပြီးသွားတဲ့အခါမှာ assignment တင်ပေးရမှာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကိုတော့ လုပ်ငန်းရှင်တွေ၊ လက်ရှိ အလုပ်ခွင်ထဲမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ တာ၀န်နဲ့ထမ်းဆောင်နေတဲ့သူတွေ၊ မန်နေဂျာ၊ supervisor တွေ နဲ့ စိတ်ပါ၀င်စားသူများ တက်ရောက်နိုင်ပါတယ်။
အဖွဲ့အစည်းတွေရဲ့ အောင်မြင်တဲ့ business goal တွေနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ အလုပ်ခွင်တွင်းရှိ ၀န်ထမ်းတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သာယာ၀ပြောတဲ့ လုပ်ငန်းခွင်တခုဖန်တီးနိုင်ခြင်းဟာလည်း လုပ်ငန်းတိုင်းရဲ့ အောင်မြင်မှုပဲမို့ ဒီသင်တန်းလေးကို အခုပဲ စာရင်းသွင်းလိုက်ကြရအောင်....

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

Photos from Global Enchanting Safety and Management Training Centre's post 26/01/2024

Super Promotion Program

မိမိတသက်တာ အလုပ်အကိုင် အသက်မွေး၀မ်းကြောင်းအတွက် စိတ်ချရအောင် GE ရဲ့ ဖေဖေါ်၀ါရီ Super Promotion Program မှာပါ၀င်လိုက်ပါ။ ဒီလမှာတော့ ဖွင့်နေကျ မဟုတ်တဲ့ သင်တန်းအသစ်ကလေးတွေလည်း ပါတဲ့အတွက်ရယ်၊ လူဦးရေကန့်သတ်ထားတဲ့ အတွက်ရယ်၊ Super Promotion ကာလဖြစ်နေတဲ့အတွက်ရယ် မြန်မြန်လေးစာရင်းသွင်းထားမှ စိတ်ချရပါမယ်။

Super Promotion Program မှာပါ၀င်မယ့်ကျောင်းသားတွေအတွက်တော့ လမကုန်ခင်လေးမှာ သွင်းထားမယ်ဆိုရင် ဘယ်အတန်းကိုပဲ တက်ဖို့ရွေးချယ်ရွေးချယ် Super Discount ရရှိမှာဖြစ်ပါတယ်။

ဘယ်လိုအတန်းအသစ်တွေမှာ ဘာ promo တွေ ရမယ်ဆိုတာ အောက်က ပုံလေးမှာ ကြည့်ရှူနိုင်ပါတယ်။

မှတ်ချက်။ ။ Super Promo ပါ၀င်ထားသူကျောင်းသား ကျောင်းသူဟောင်းများ ပုံမှန် student member discount ရမည်မဟုတ်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

☎ Contact Us: 09518 1316, 094212 04603

24/01/2024

အားလုံး မင်္ဂလာပါ။
ဖေဖော်ဝါရီအတွက် သင်တန်းအချိန်ဇယားလေး ဖြစ်ပါတယ်။
သင်တန်းအပ်နှံရန် နှင့် အသေးစိတ် စုံစမ်းရန် ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမှန်းနိုင်ပါတယ်ရှင်။
09 518 1316, 09 4212 04603

Photos from Global Enchanting Safety and Management Training Centre's post 17/01/2024

မင်္ဂလာပါရှင့်

Classroom အတန်းတွေပဲဖွင့်နေလို့ Online အတန်းမရှိဘူးလား မေးနေတဲ့ Safety ညီအစ်ကိုမောင်နှမတွေ အတွက် ဒီလရဲ့ နောက်ဆုံးအပါတ်ကစပြီး စနေ၊တနင်္ဂနွေ (၂)ပါတ် ဆက်တိုက် Safety Supervisor (Online) သင်တန်းလေးကို ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

သင်တန်းအမည် ။ ။ Certified Safety Supervisor (Online)
သင်တန်းဖွင့်လှစ်မည့်ရက်။ ။ ၂၇၊ ၂၈ ဇန်န၀ါရီ နှင့် ၃၊ ၄ ဖေဖေါ်၀ါရီ (Weekends ONLY)
သင်တန်းကာလ ။ ။ (၄) ရက်
သင်တန်းကြေး ။ ။ Ks. 120,000
သင်တန်းသင်ကြားမည့်ပုံစံ။ ။ E-learning (via Zoom)

လေးရက်တာ သင်တန်းကာလမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ လိုက်နာကျင့်သုံးရမည့် ဥပဒေတွေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကြီးကြပ်ရေးမှှူး တစ်ယောက်ရဲ့ တာ၀န်တွေ၊ လုပ်ငန်းခွင်တွင်း ကြုံတွေ့ရမယ့် အန္တရာယ်တွေနဲ့ ထိန်းချူပ်မှုနည်းလမ်းတွေ၊ အန္တရာယ်ကို စစ်ဆေးအကဲဖြတ်ပုံတွေ၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်စီမံခန့်ခွဲမှု၊ မီးဘေးအန္တရာယ်၊ အရေးပေါ် အခြေအနေတွေကို ပြင်ဆင်ထားရမည့် အချက်အလက်များ စသည့်ဖြင့် သင်ကြားမှာဖြစ်ပြီး assignment (၂) ခုနဲ့ သင်တန်းအပြီးမှာ တစ်နာရီခွဲ မေးခွန်းဖြေဆိုရမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပါတ်သက်လို့ အသက်မွေး၀မ်းကြောင်း အဖြစ် စတင်လို သူများ၊ လုပ်ငန်းခွင်တွင်း လက်ရှိလုပ်ကိုင်နေသော ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ တာ၀န် များကို ထမ်းဆောင်နေသူများ တက်ရောက်ဖို့ သင့်တော်ပါတယ်။

သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
☎ Contact Us: 09518 1316, 094212 04603

Photos from Global Enchanting Safety and Management Training Centre's post 15/01/2024

18, 19, 20, 21 မှာ ဖွင့်လှစ်မည့် Scaffold Supervisor သင်တန်းနှင့် Scaffolding Er****on & Dismantling သင်တန်း အတွက် သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုသူများအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

☎ Contact Us: 09518 1316, 094212 04603

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

GE မှာသင်တန်းတက်ဖို့ ဘယ်လို discount တွေရနိုင်လဲ။တဦးချင်းစီအတွက်New Student Discountအခုမှ တက်မယ့် ကျောင်းသားသစ်တွေတက်ဖို...
Global Enchanting ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Enchanting Services မှ ပညာရေးဝန်ဆောင်မှုကို မကြာခင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ဆီသို့ မျှဝေခြင်း (အပိုင်း ၁၂): Engineer & Safety (Part - 1)
လုပ်ငန်းခွင်ဆီသို့ မျှ ဝေခြင်း : Building Safety Culture
လုပ်ငန်းခွင်ဆီသို့မျှ ဝေခြင်း:Human Factors
Safety Officer Course Batch 15Part II
ှSafety
Astonishing Work Accident
ွှTraining Rigger
ွှThink safety , Work Safety
Accident

Category

Telephone

Address


No. 35, 3rd Floor, Nyaung Tone Street, Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.