ဒိုင်နမို မော်တာ လျှစ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေး
ပစ္စည်းအပ်ထည်ကို အဓိကထားပြီး ပြုပြ?
ဒိုင်နမို မော်တာပြုပြင်ရေး မှ
လူကြီးမင်းတို့ရဲ့ အရောင်းအဝယ်များအား .page messenger သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်.
သိရှိလိုသည့် အကြောင်းရာ နည်းပညာများအား မျှဝေဖြေကြားပေးပါမည်.
300KW Generator Service
Submersible pump coils rewinding
အလုပ်အပ်ချင်သူများ စိတ်တိုင်းကျ ပြုပြင်ပေးဆောင်ရွက်ပေးနေပါသည်.
Inductor ( ကြေးကွိုင်များ )
Inductor ဆိုသည်မှာ ကြေးဝါယာကြိုးခွေကို တထပ်သို့မဟုတ် တထပ် ထက်မက စနစ်တကျရစ်ခွေထားသော ဝါယာခွေတခုကို Inductor or Coil ဟုခေါ်ဆိုပါတယ် ထိုသို့ရစ်ခွေထားရာဝယ်တွင် အတွင်းတွင်တခုခု ထပ်ခံ၍ ရစ်ခွေထားနိုင်သကဲ့သို့ မည်သည့်သတ္တုမျှမပါဝင်ပဲ ဝါယာကြိုးချည်းသက်သက်ရစ်ခွေထားခြင်းမျိုးလဲ ဖြစ်နိုင်ပါတယ်
Inductor တခုသည်
၁ . Current ကို Magnetic Field သံလိုက်စက်ကွင်းအသွင်ဖြင့် ယာယီသိုလှောင်ပေးခြင်း
၂ . ယင်းအတွင်းစီးဆင်းနေသော Current ကိုဆန့်ကျင့်ခြင်း
၃ . DC ကို ဖြတ်ခွင့်ပြုပြီး AC ကိုဆန့်ကျင်တားဆီးခြင်း ကိုပြုလုပ်ပါတယ်
Inductor တခု၏ လျှပ်စစ်သိုလှောနိုင်စွမ်းပမာဏကို inductance ( L ) ဖြင့်ဖော်ပြပါတယ် Inductance ကို Henry ( H ) ဖြင့်တိုင်းတာပြီး ယူနစ်များမှာ uH = Micro Henry , mH = Mili Henry တို့ဖြစ်ကြပါတယ် ကွိုင်တခု၏ Inductance တန်ဖိုးသည် ယင်း၏အပါတ်ရည်နှင့် အတွင်းခံပြုလုပ်ထားသော သတ္တုထည်ပေါ်မူတည်ပါသည်
Inductor များကို Diagram တွင်ပုံတွင်ပြထားတဲ့အတိုင်း အတွန့်လေးဖြင့်ဖော်ပြပါတယ်ပြီး ၎င်းတို့ကို ၃ မျိုးထပ်ခွဲထားပါတယ်
၁ . Air Core
၂. Iron Core
၃. Ferrite Core တို့ဖြစ်ပြီး ပုံထဲတွင်လေ့လာနိုင်မှာပါ
၁. Air Core
Air Core ဆိုသည့်အတိုင်း ကွိုင် အတွင်းတွင် မည်သည့်အရာမှမပါပဲ လေသာလျှင်ပါဝင်သောကြောင့် Air Core ဟုခေါ်ထားခြင်းဖြစ်ပြီး ကြေးကြိုး များသက်သက်သာခွေထားခြင်းဖြစ်ပါတယ် ထို့ကြောင့် အလေးချိန်အလွန် ပေါ့ပါးခြင်း Magnetic Field အားနည်းခြင်း Low Frequency လည်းအားနည်းပြီး Inductance လည်းနည်းနည်းသာရရှိနိုင်ပါတယ် ရေဒီယိုလိုပစ္စည်းများတွင် ပါဝင်ပါတယ် သင်္ကေတအားဖြင့် သာမာန်အတွန့်လေးသာပါဝင်ပါတယ် ။ အထူးသဖြင့် Antenna အဖြစ်အသုံးအများဆုံး ဖြစ်ပါသည် ။
၂. Iron Core
Iron Core ဆိုသည်မှာအတွင်တွင် သံပြားများကိုထည့်သွင်း၍အပြင်မှ ကြေးကြိုးများကိုရစ်ခွေထားခြင်းဖြစ်သည် Audio Frequency အတွတ် nickel alloy နှင့် silicon steel တို့ကိုအသုံးပြု၍ ကက်ဆက်များ အသံချဲ့စက်များ TV များစသည့်လျှပ်စစ်ပစ္စည်းများတွင် Audio ပိုင်းဆိုင်ရာအတွတ်အလွန်အသုံးများသည် ယင်းတွင် အတွင်းတွင် သံကိုခွေ၍ပြလုပ်ထား၍ Inductor ၃ မျိုးလုံးတွင် အရွယ်အစားအကြီးမားဆုံးနှင့် အလေးလံဆုံးဖြစ်သည် Low Frequency သာရနိုင်၍ Inductance အလယ်အလတ်အဆင့်သာရှိပြီး အိမ်သုံးရိုးရိုး Choke များတွင်လည်း တွေ့ရမှာပါ သင်္ကေတအားဖြင့် အတွန့်လေးပေါ်တွင့် မျဉ်းဖြောင့်နှစ်ကြောင်းဆွဲထားခြင်းကိုမြင်ရမှာပါ
၃. Ferrite Core
Ferrite Core ဆိုသည်မှာ Nickel oxide နှင့် Ferric Oxide နှစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ် အလွယ်ပြောရလျှင် သံကိုစွမ်းအားမြှင့်ပြုပြင်ထားခြင်းပြီး ပေ့ါပါးကျစ်လစ်လာစေခြင်းပါ ထူးခြားချက်မှာ အလးချိန်အနည်းငယ်နှင့် အသေးငယ်ဆုံးဖြစ်ပေမယ် စွမ်းဆောင်နိုင်စွမ်းကအလွန်ကြီးမားပါတယ် High Frequency ထုတ်ပေးနိုင်ပြီး Inductance လည်း အများ အပြားပါဝင်ပါတယ် အဝေးသို့ထုတ်လွှတ်နိုင်သော Radio စက်များ TV စက်များ သည်တို့တွင်တပ်ဆင်အသုံးပြုထားပါတယ် အိမ်သုံး Auto Choke တွင်လည်းပါဝင်ပါသည် သင်္ကေတမှာ အတွန့်လေးပေါ်တွင် သံမဟုတ်ပဲ ပြုပြင်ထားခြင်းကြောင့် မျဉ်းစက်လေး ၂ ကြောင်းဖြင့်ဖော်ပြထားပါတယ်
ပညာရပ်များနှလုံးသားဖြင့်ခံစားတင်ပြသည်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
လျှပ်စစ်ကျောင်းသား
Vocational Institute
သင်တန်းများအကြောင်း အသေးစိတ် သိလိုပါက
( ရုံးချိန်အတွင်း 9 AM - 5 PM )
0️⃣9️⃣9️⃣5️⃣7️⃣5️⃣9️⃣4️⃣0️⃣2️⃣2️⃣
လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။
ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား
သင်တန်းကျောင်း တည်နေရာ
https://goo.gl/maps/t5ijmkj1AYtTycRn6
Service
Click here to claim your Sponsored Listing.