Myat Taw Win Collections

USA ထုတ်ဖြည့်စွက်စာများခလေးလူကြီးများ D3 probiotic Collagen အလှအပရေးရာများ သိုင်းရွိုက်ဖြည့်စွက်များ

Photos from Myat Taw Win Collections's post 01/12/2023

🙏မင်္ဂလာပါရှင်🙏

☘️ Stock လေးများပြန်ဖြည့်ထားပါတယ်ရှင်။
☘️ VAITE Whitening Skin လည်း ပြန်ရောက်ထားပါတယ်ရှင်။
အသစ်လေးတွေအမြဲရောက်တက်ပါတယ်ရှင် လက်သွက်ဖို့တော့ လိုပါတယ်ရှင်။
🤝 နယ်မြို့များ ရန်ကုန်မြို့မှ မိတ်ဆွေ ဖောက်သည်တော်ကြီးများကို ကျေးဇူးတင်ပါတယ်ရှင်။

ဈေးနဲ့ သက်တမ်းကုန်းဆုံးရက်ပါတင်ပေးထားပါတယ် အရင်ငွေဈေးအတိုင်းရောင်းပေးထားပါတယ်ရှင် အမြဲဝယ်ယူသူများ ဆိုရင်တော့ သိကြပါတယ်ရှင်။

#ငွေဈေးအတက်အကျ ရှိလို့ ဈေးမပြောင်းခင် အားပေးကြပါလို့၊😍📣💃
Taw Win Collections
09 799 459 377

01/12/2023

Credit To A Better Health 🙏
လုပ်ငန်းခွင် အဆိပ်သင့်မှု
အနီးစပ်ဆုံး အဆိပ်ပြန်ဖြေဖို့ Glycine ရှိနေပါပြီ 💪🤗

“ကျမမောင်လေးအသက် ၃၇ လောက်မှာလေဖြတ်သွားပါတယ်၊
သူတို့ဌာနကပဲဂိုထောင်ကြီးတွေဆေးဖြန်းပြီးအလုံပိတ်လေ့ရှိပါတယ်။ခြံဝန်းထဲမှာနီးလွန်းလို့ထင်ပါတယ်၊

သူ့ဇနီး ၃၅ နှစ်ကလည်း multiple sclerosis လို့ဆရာဝန်ကပြောပါတယ် ဆုံးသွားပါပြီ”

မှတ်ချက်
Multiple sclerosis ဆိုတာ Autoimmune disease ဖြစ်ပါတယ်။
ခုခံအားတွေ ကစဉ့်ကလျားဖြစ်ပြီး
နာပ်ကြောအဖုံးတွေ ဖျက်စီးခံရတဲ့ရောဂါပါဘဲ။
အသက်ငယ်ငယ်လေးတွေနဲ့ ရောဂါတွေဖြစ်ကြ၊ ဆုံးပါးသွားကြနဲ့နော်။
ဒုက္ခ

ပဲဂိုထောင်တွေ ဆေးဖြန်းတယ်တဲ့။
ပဲကြိုက်သူတွေ/ သက်သတ်လွတ်သမားတွေ သတိပြုဖို့ပါ။
ဒီခေတ်မှာ သက်သတ်လွတ်စားရတာ မချောင်တော့ဘူးနော်။

Taw Win Collections

24/11/2023

📢📢VAITE Whitening Skin
ပြန်ရောက်ပါပြီရှင်။
🤗ရောက်ကုန်မို့ လက်သွက်မှရတော့မယ်ရှင်။
🤗ဘာကောင်းလဲ မ မမေးကြေးနော် သောက်ပြီးလက်ထဲက မချနိုင်တော့ဘူးနော်

🌿 Glutathione ကခန္ဓာကိုယ် ရောင်ကိုင်းခြင်းမရှိစေရန် အရေးကြီးတဲ့ ဒြပ်တမျိုးဖြစ်ပါတယ်။

🌿ကလပ်စည်း စွမ်းအင်ထုတ် စက်ရုံတွေ မပျက်စီးရအောင် ကာကွယ်ပေးပါတယ်။

🌿အသည်းရောဂါရှိသူများလည်းအတွက်လည်း သင့်လျော်ပါတယ်။

🌿အမဲစက်တွေပျောက်ဖို့

🌿မျက်လုံးနား‌ကြက်ခြေယှက်လို အရေးကြောင်းတွေပျောက်ဖို့

🌿မျက်နှာအသားနဲ့ လည်တိုင်အသားအရောင် တစ်ရောင်ထဲရှိဖို့
ဆိုရင်တော့ VAITE Whitening Skin သာ သုံးပါရှင်။

💊သဘာဝ ‌များနဲ့ ထုတ်လုပ်ထားပြီး ဘေးကင်းစေပါတယ်

💊Chemicalပါဝင်မှုမရှိလို့ ဘေးကင်းစေပါတယ်ရှင်။
🍸🍷သောက်နည်း အညွှန်း
အစာနဲ့ဝေး
မနက် ည တလုံးစီ
2 လစာ
Taw Win Collections
Whitening Skin
ဈေးနှုန်းများငွေဈေးအတက်အကျကြောင့် ပြောင်းနိုင်ပါတယ်ရှင်။
09 799 459 377

22/11/2023

ခဏခဏ မေးတဲ့ D3 plus ပြန်ရောက်ပါပြီရှင်🥰😘

🙏မိတ်ဆွေများ အတွက် 🙏

🍀အမျိုးစုံ ကြိုးခုန်ရနိုင်စေတဲ့ D3 plus ပါရှင့်

🍀တမျိုးထဲသောက်ချင်သူများ

🍀ငွေကုန်သက်သာစေပြီး အကျိုးများစေတဲ့ D3 plus

🍀ခရီးသွားလည်း D3 plus တဘူး သယ်ရုံနဲ့ အဆင်ပြေတဲ့ D3 plus ပါရှင်

🍀နိုင်ငံခြား ကျောင်းသွားတက်မည့် ကလေးများ အတွက်လည်း ထည့်ပေးလို့ရသေးတယ်ရှင့်

Vitamin D3 5000 iu
Vitamin K2 80 mcg
Magnesium 120 mg
Zinc 12 mg
Boron 3 mg
တနေ့ 2 ကြိမ်သောက်ပါရန်
Taw Win Collections
09 799 459 377

Photos from Myat Taw Win Collections's post 19/11/2023

မင်္ဂလာပါရှင်

Pre order လေးတွေရောက်ပါတယ်ရှင်။
ယုံကြည်စိတ်ချစွာ မှာယူပေးတဲ့ မိတ်ဆွေဖောက်သည်များကို ကျေးဇူးတင်ပါတယ်ရှင်။
TRIPHALA အစာအိမ်မကောင်းသူ ကိုလက်စတော များနေသူများ ဝမ်းချုပ်တက်သူများ အသည်းအတွက်ရော Detox လုပ်နေသူများ အတွက် သောက်သုံးကြပါတယ်။

Beef liver ♥️ ကင်ဆာသမားများ ကင်ဆာရောဂါ ကုသပြီးသူများ ကုသပြီးလို့ နွမ်းနယ်နေသူများ Beef liver သောက်သင့်ပါတယ်။

Probiotic ပါးစပ်ထဲတွင် မကြာခန အပူနာများထွက်တက်သူများ တနည်း မက်ခရု ဂျိုင်းကြား ပေါင်အရင်းကြား အပူနာများပေါက်တက်သူများ Detox လုပ်နေသူများ သောက်သင့်ပါတယ်ရှင်

ကျေးဇူးတင်ပါတယ်။
မျိုးစုံ ကြိုးခုန် လေထီးခုန်မို့ အစုံရတက်လို့ Page ကို like & share လုပ်ပေးပါအုံးရှင်🙏🥰📣

Post မတင်လည်း အမြဲအားပေးတဲ့ချစ်သောမိတ်ဆွေကျေးဇူးရှင်များကို ကျေးဇူးတင်ရပါတယ်ရှင်။
ကျန်းမာချမ်းသာ ဘေးကင်းကြပါစေရှင်။

USA Direct 🇺🇲 💯

12/11/2023

21st Century Probiotics
လူကြီး ရော ကလေးပါ သောက်လို့ရသော အလုံး 100 ပါရပါပြီရှင်။

Photos from Myat Taw Win Collections's post 10/11/2023

🙏မင်္ဂလာပါရှင်🙏

☘️တချို့ စုံလင် စုံစိ စုံစီနဖာအောင် ပြန်ရောက်လာပါတယ်ရှင်။

☘️အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါမို့ ရောက်ကုန်လေးများပါရှင်။
💢 နယ်မြို့များမှ မိတ်ဆွေအသစ်များရှင် ငွေလွှဲရောက်မှသာ ဆိုင်ရာဂိတ်တွေပို့ပေးပါတယ်ရှင် အိမ်အရောက်ငွေချေစနစ် မလုပ်ထားပါဘူးရှင် ရောင်းလိုက်တဲ့ပစ္စည်းဖိုးငွေကို တပတ်ကြာမှ ပြန်လည်ထုတ်ယူရတာမို့ မင်မင် အတွက်အဆင်မပြေပါဘူးရှင်💢🙏

ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေရပါတယ်ရှင် banking ဆို ပစ္စည်းမပို့ခင် ငွေကြိုလွှဲပါရှင်။
ယနေ့မှာ မနက်ဖန်ရောက်ပါတယ်ရှင်။

အားပေးသူ တစ်ဦးတစ်ယောက်ခြင်းဆီကိုကျေးဇူးတင်ပါတယ်ရှင်။

အခုချိန် လိုအပ်သူ အမြဲသုံးတက်သူများဝယ်သင့်တဲ့အချိန်ပါရှင်။
ပစ္စည်းမှန် ဈေးမှန်ပါရှင်

အခုတင်ထားသည်များ လက်ထဲရှိပါရှင်💃💃

Taw Win Collections


C powder
09 799 459 377

27/10/2023

Credit To A Better Health🙏🙏🙏

အမေး အဖြေ ကဏ္ဍ

မေး

ဆရာမ Thyroid ၂လုံးစလုံးထုတ်ပြီး Eltroxin100mcg တစ်နေ့ ၁လုံးနဲ့ တစ်စိတ် နေ့တိုင်းသောက်ပြီး calcium ဆေးတွေလည်း တစ်နေ့ ၉ လုံးသောက်နေရတာတောင် တစ်ခါတစ်လေ ခန္ဓာကိုယ်ကအရမ်း ထုံကျင်ပြီး ကောက်ကွေးသွားတတ်ပါတယ် နည်းလမ်းကောင်းလေးများရှိရင် သိချင်ပါတယ်

ဖြေ

မြန်မာပြည်မှာ thyroid gland ထုတ်ခံရသူ အတော်လေး များလာသလိုပါပဲ။

ပြဿနာ ၁။
ထုတ်ထားပြီးသူတိုင်း (ကျွန်မ သိသူတွေ) parathyroid glands တွေပါ ပါသွားလို့ calcium ပြဿနာတွေ အတော်လေး တက်ကြပါတယ်။

Parathyroid gland မရှိတော့တဲ့အခါ parathyroid hormone လဲ မရှိတော့တာကြောင့် calcium ကို အူကနေ စုတ်ယူနှုံးဟာ ကျဆင်းသွားပါတယ်။
ဒီလိုမျိုး လူနာတွေမှာ calcium နည်းနေတတ်ပြီး calcium တွေ မတန်တဆ သောက်ရတဲ့ အဖြစ်မျိုးကို ရောက်ကုန်ကြပါတယ်။

ကျွန်မ ကြုံတွေ့ရတာ လေးဦး ရှိပါပြီ။

ခွဲစိတ်တဲ့ ဆရာဝန် “အချို့” အကြောင်း နည်းနည်း ပြောချင်ပါတယ်။

လူတိုင်းတော့ မဟုတ်ပါ။

ပုထုဇဉ် လူသားတွေ ပီပီ ဘယ်လောက် မြန်မြန် ခွဲနိုင်တယ် ဆိုတဲ့ စိတ်ကြီး ဝင်တတ်ကြပါတယ်။ တယောက် နဲ့ တယောက် ပြောနေကြတဲ့ အသံတွေကိုလဲ ကြားနေရတတ်ပါတယ်။

ကျွန်မ ကိုယ်တိုင် ပင်စင် မယူခင်က ခွဲစိတ်ရတာမို့ လုပ်ဖော်လုပ်ဖက်တွေ ပြောနေတဲ့ အသံတွေကိုလဲ မကြာခဏ ဆိုသလို ကြားနေရပါတယ်။

ခွဲတာ မြန်တာ ဘာမှ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ ခွဲခံရတဲ့လူနာ ဆိုးကျိုးတွေ မရဖို့က ပိုပြီး အရေးကြီးပါတယ်။

ဆရာဝန်ကောင်း ဆိုတာ ကိုယ့်လူနာ complications တွေ နည်းနိုင်သမျှ နည်းရပါမယ်။

အချို့ ခွဲစိတ်တဲ့ ဆရာဝန်တွေဟာ မြန်မြန် ခွဲချင်ကြတာက တကြောင်း၊ မတော်တဆသော် လည်းကောင်း၊ ခွဲစိတ်တဲ့ နေရာမှာ ပိပိရိရိ မရှိတာက တကြောင်း၊ ဒီ parathyroid gland တွေ ပါသွားတတ်ပါတယ်။

ပါသွားပြန်ရင်လဲ ဒီ ခွဲစိတ်တဲ့ ဆရာဝန်တွေဟာ သူတို့ကြောင့် ဖြစ်တဲ့ ပြဿနာကို သူတို့ကိုယ်တိုင်လဲ ဖြေရှင်းပေးခြင်း မရှိတတ်ကြပါ။

ဒီလိုနဲ့ပဲ လူနာတွေဟာ ဆရာဝန်ပေါင်းစုံ လက်ထဲမှာ တဝဲလည်လည်နဲ့ ဖြစ်နေကြပြီး နေရတဲ့ ဘဝ အရည် အသွေးတွေလဲ ကျဆင်းလာတတ်ကြပါတယ်။

ကျွန်မ ကြုံတွေ့ဖူးတဲ့ တယောက် ဆိုရင် စိတ်ညစ်လွန်းလို့ သူ့ကိုယ်သူ သတ်သေချင်စိတ် ပေါက်နေပါတယ် တဲ့။

Calcium တွေကိုချည်းပဲ နင်းကန် စွတ်သောက်လို့ မရပါ။

Calcium ကို မျှတအောင် လုပ်ပေးနေတာကတော့ Magnesium ဖြစ်ပါတယ်။

Calcium and magnesium balance ဟာ အရမ်း အရေးကြီးပါတယ်။

ကလာပ်စည်းထဲကို calcium တွေ မတရား ဝင်လို့ မရအောင် Magnesium က ထိန်းပေးထားပါတယ်။

များသောအားဖြင့် calcium တွေကို အများကြီး သောက်ခိုင်းပြီး magnesium နဲ့ မလိုက်နိုင်ဘူး ဆိုရင် ဒုက္ခ ဖြစ်ကြမှာပါပဲ။

Calcium က ကြွက်သားတွေကို contract ကြုံ့စေတယ်။

Magnesium က ပြန်ဆန့်ပြီး ပြေစေတယ်။ relax

ဆရာဝန်တွေကို ကြွက်သားတွေ ကွေးကောက်ကုန်တယ် လို့ ပြောရင် calcium တွေ ထပ်တိုးပြီး သောက်ခိုင်းပြန်ရော။

Magnesium ပေးဖို့ စဉ်းစားတတ်သူ အလွန် နည်းပါတယ်။

Magnesium citrate or malate အနည်းဆုံး 600mg in divided doses လိုပါလိမ့်မယ်။

Magnesium oxide သောက်ဖို့ မသင့်ပါ။ အူမှနေပြီး စုတ်ယူအား အလွန် နည်းလို့ ဖြစ်ပါတယ်။

ပြဿနာ ၂။

Thyroid gland အကုန် ထုတ်ပြီးပြီ ဆိုရင် thyroid hormone ကို မသေမချင်း သောက်ရတော့မှာ ဖြစ်ပါတယ်။
သို့ပါသော်လည်း များသောအားဖြင့် ဆရာဝန်တွေဟာ thyroxin, synthyroid, စသည့် T4 ကိုပဲ သုံးကြတော့ လူအများဟာ T4 ကနေ T3 ကို အကြောင်းအမျိုးမျိုးကြောင့် မပြောင်းနိုင်ကြတော့ ဆေးကုသမှု မထိရောက်ပါ။

ကျွန်မလဲ ဗဟုသုတတွေ ပေးရုံ အပြင် ဘာမှလည်း မတတ်နိုင်ပါ။

လူနာတွေရဲ့ ကံတွေအရပါပဲ လို့ ဥပေက္ခာ ပြုပြီး နေလိုက်ရပါတယ်။

ဒီ ပြဿနာတွေ မဖြစ်ရအောင်

၁။ ကင်ဆာ မဟုတ်ပဲ မသေချာပဲ thyroid gland ကို အကုန်လုံး မထုတ်ပြစ်သင့်ပါ။

၂။ များသောအားဖြင့် hypothyroid ဖြစ်ရင် thyroid gland ဟာ ဟော်မုန်း ပိုပြီးထုတ် ဆိုတဲ့ အချက်ပေးကြောင့် တဖြေးဖြေး ကြီးလာတတ်ပါတယ်။ အလုပ် ပိုပြီး လုပ်ဖို့ ဖြစ်ပါတယ်။ Thyroid hormone treatment ပေးလိုက်ရင် တဖြေးဖြေး ပြန်ပြီး သေးသွားလေ့ ရှိပါတယ်။

၃။ Thyroid gland မှာ အကြိတ် ရှိတယ် ဆိုရင် အပ်သေးသေးလေး နဲ့ biopsy ယူရမှာ ဖြစ်ပါတယ်။ fine needle biopsy လို့ ခေါ်ပါတယ်။

ဒီလို biopsy ယူပြီးမှ ကင်ဆာ သေချာရင် ခွဲရမှာ ဖြစ်ပါတယ်။

ကင်ဆာ မဟုတ်ဘူး ဆိုရင် ခွဲစရာ မလိုပါ။

မြန်မာပြည်တွင်သာ မက အာရှတိုက်မှာ ရှိတဲ့ အချို့ နိုင်ငံတွေမှာလည်း ကင်ဆာ သေချာတယ် ဆိုပြီး တန်းခွဲလေ့ ရှိတတ်ပါတယ်။

ပုထုဇဉ်တွေ ဆိုတာ ဘယ်လောက်ပဲ တော်တော် ဘယ်လောက်ပဲ ဝါ ရင့်ရင့် မှားနိုင်ပါတယ်။

ကိုယ်က ခံရပြီ ဆိုရင် ကိုယ့်အတွက် တသက်စာ ဖူလုံသွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေများ ကျန်းမာရေး ဗဟုသုတ နဲ့ ပြည့်စုံသူများ ဖြစ်ကြပါစေ။

၇ ရက် သားသမီးများ အားလုံး ကျန်းမာရွှင်လန်းပါစေ ကြောင်း Myat Taw Win Collections မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏🙏🙏

23/10/2023

Credit To A Better Health
🙏🙏🙏
ထမင်းစားကြသည့်အခါ —-

ထမင်းချက်ရင် ရေထဲမှာ vinegar ထည့်ချက်ခြင်းဖြင့် glycemic index သကြာဓာတ်ကို လျော့နည်းစေသည့်အပြင်

ထမင်းစားသည့်အချိန်မှာလည်း Apple cider vinegar ထမင်းစားဇွန်း၁ဇွန်း ကို ရေ၄ အောင်စနဲ့ဖျော်ပြီး သောက်မယ်ဆိုရင် glycemic index ကျပြန်ပါတယ်။
အသားဓာတ်ကို အစာချေရာမှလည်း ပိုထိရောက်မှု ရှိပြန်ပါတယ်။

ထမင်းချက်စဉ်ကလဲ သကြားဓာတ်လျော့နည်း/ စားသည့်အခါမှာလည်း လျော့နည်းအောင်လုပ်မယ်ဆိုရင် ပိုကောင်းတော့မှာပေါ့နော်။

ဆီးချိုရောဂါရှိသူများ စဉ်းစားကြည့်ဖို့ပါ။

ဆီးချိုရောဂါမရှိရင်လည်း သကြားဓာတ် လျော့ချချင်သူများအတွက် “လိုက်နာချင်ရင်” လဲ ရပါတယ်။

Pre-diabetes သမားတွေ အတွက် သင့်တော်သည့် စဉ်းစားကြည့်စရာပါ။

23/10/2023

Credit To A Better Health
🙏🙏🙏
ကျန်းမာရေး ဗဟုသုတကဏ္ဍ

Cholesterol
သွေးထဲရှိ cholesterol ရဲ့ 80% ကို အသည်းကနေ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။
အစားအသောက် က လာတာ ၂၀% လောက်ပါပဲ။
ဒီအချက်ကို သိထားဖို့ အရေးကြီးပါတယ်။

သဘာဝတရားကြီးဟာ အလိုရှိရင် လိုအပ်သည့်အလျောက် ထုတ်ပေးမှာပါပဲ။

Cholesterol ဟာ ကလာပ်စည်းနံရံတွေ အတွက်ရယ်
ခန္ဓာကိုယ်က အချက်ပြဓာတ် ဟော်မုန်းတွေ ထုတ်လုပ်ရေးအတွက်ကုန်ကြမ်းပစ္စည်း
Bile တည်းဟူသော အဆီ အစာချေ ဖို့အတွက်
အလွန်အရေးကြီးတဲ့ Vitamin D ထုတ်လုပ်ရေး
ဦးနှောက်ကလဲ အဓိက အဆီတုံးကြီး
“The brain contains the highest level of cholesterol in the body; it contains approximately 20% of whole body cholesterol “ ပါတဲ့။
အာရုံကြောတွေကပါ သူမရှိရင် မဖြစ်ပါ။
Cholesterol ဟာ အလုပ်လုပ်နေတဲ့ အာရုံကြောတွေထဲမှာ ပါနေပါတယ်။
Taw Win Collections

Photos from Myat Taw Win Collections's post 15/10/2023

🎁သီတင်းကျွတ် မိဘများမိတ်ဆွေများအတွက် ကန်တော့လက်ဆောင်ပေးမယ် လက်ဆောင်ကောင်း တခုဖြစ်တဲ့ အောက်စီဂျင်စက် ပေးဖို့သတင်းကောင်းပေး လက်တို့ပါတယ်ရှင်။

ရန်ကုန်မြို့အတွင်း free ပို့ပေးပါတယ်
D3 50000 iu 10လုံး လက်ဆောင်ပေးပါတယ်ရှင်
နယ်မြို့များသို့ ကားဂိတ်များသို့ free+ D3 50000 iu 10လုံး ပို့ပေးပါတယ်။

Oxygen Concentrator
အောက်စီဂျင်စက်အသုံးပြုပုံ
====================

Oxygen concentrator လေးဝယ်တဲ့ အခါ လှည့်စားမခံရဖို့ရယ် ၊
တာရှည်ခံအောင် ထိန်းသိမ်းနည်းလေး သိသလောက်လေး ပြောပြမယ်နော်

Oxygen concentrator စက်ကလေးတွေက သုံးရတာလည်း လွယ်ကူ ၊ အောက်စီဂျင်ကိုလည်းထပ်ဖြည့်ရန်မလို ၊ သဘာဝအောက်စီဂျင် ဖြစ်တဲ့အတွက် အန္တရာယ်လည်းကင်း တာမို့ အတော်လေးအဆင်ပြေပါတယ်ရှင်

ဒါပေမဲ့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီအောင်ရွေးတတ်ဖို့ လိုပါတယ်ရှင်

ကျွန်မသုံးနေတဲ့ တံဆိပ် DEDAKJ အကြောင်းရှင်းပြပေးပါမယ်ရှင်( ကျွန်မ ကျွမ်းကျင်တဲ့ တံဆိပ်ပြောတာနော် ဟီး)
သုံးနှစ်ကျော်ထိ ဒူပေ ဒဏ်ပေခံ သခင့်အလိုကျ စွမ်းဆောင်ပေးသူမို့ ဒီတံဆိပ်ကိုဘဲ သုံးဖြစ်နေတာပါရှင်
Supplements သောက်ပြီးတိုင်း နေ့စဉ်ရှူတာပါတာရှင်

Supplements များ ပို effect ဖြစ်တာ တွေ့ရပါတယ်ရှင်

သူက Germany brand ဖြစ်ပြီး တရုတ်မှာလာထုတ်တာပါရှင်

တစ်လီတာစက်
===========
အောက်စီဂျင် 90ထိ ကျရင်ရတယ်လို့စက်ရုံက‌ပြောပါတယ်ရှင်
# #1-7
1-6
1-8
စသဖြင့် ရေးထားရင် တလီတာစက်ပါ

(ဒါကို တချို့တွေက 7 လီတာ ၊ ရှစ်လီတာ စသဖြင့် ပြောရောင်းပါတယ်
မိတ်ဆွေတဦးက ကျွန်တော် ခုနှစ်လီတာစက် ဝယ်ထားတယ် ပြမယ် ဆိုပြီးပြပါတယ်
(ပုံမှန်ဈေးထက် လေးဆပိုပေးဝယ်ထားပြီး)ဆယ့်သုံးသိန်းကျော်ပေးရပြီး သိတ်ကောင်းတယ် လို့ လာပြောပါတယ်

ကျွန်မမြင်တော့ အရယ်သန်သူမလို့ ဟက်ဟက်ပက်ပက် အော်ရယ်မိပါတယ်

ခင်ဗျားကို တလီတာစက်ကို ခုနှစ်လီတာစက်လို့ ရိုက်လိုက်ပြီလို့ ရှင်းပြတော့
"ဟောဗျား" တဲ့)
အဓိပ္ပါယ်ကတော့ တလီတာ မှာ ကိုးဆယ်ကျော် ရာနှုန်း အောက်စီဂျင်ထွက်ပါတယ်
ဒီစက်ကိုသုံးရင် နံပါတ် သုံးမှာထားသုံးပါ

နှစ်လီတာစက်
==========
အောက်စီဂျင် 80ထိ ကျရင် ရပါတယ်ရှင်
# #2-9
2-7
(2-8ဆိုတာ စက်ရုံက မထုတ်ပါရှင်)

စသဖြင့် ရေးထားရင် နှစ်လီတာ စက်ပါ
အဓိပ္ပါယ်ကတော့ နှစ်လီတာမှာ အောက်စီဂျင် ကိုးဆယ်ကျော် ရာနှုန်း ထွက်ပါတယ်
ဒီစက်ကို သုံးရင် နံပါတ်လေးမှာထားသုံးပါ
( ဒီစက်ကိုလည်း ကိုးလီတာစက် ဆိုပြီး ပြောရောင်းတာတွေ့တော့ ပြုံးမိပါတယ်)

ငါးလီတာစက်
=========
အောက်စီဂျင် 60ထိကျရင်ရပါတယ်လို့စက်ရုံက ပြောပါတယ်ရှင်

(ငါးမိနစ်အတွင်း အောက်စီဂျင် 80 ထိကျသူ ကိုးဆယ်ကျော် ပြန်တက်ကြောင်း ဝမ်းသာအားရလာပြောပြကြပါတယ်ရှင်)
1-6လီတာ
ငါးလီတာစက်ပါ
သူကအပေါ်မှာနည်းနည်းပိုနေပါတယ်
ဒါကြောင့် 1-7 လို့လည်း ကျွန်မတို့က ခေါ်ပါတယ်ရှင်
တကယ်က 1-6 ဘဲရေးထားတာပါရှင်
သူက 1-5 အတွင်း ကြိုက်သလိုရွှေ့ ကိုး ဆယ့်ငါးရာနှုန်း ထွက်ပါတယ်
ဒီစက်ကိုသုံးရင် နံပါတ် 6 မှာထားသုံးပါ
အောက်စီဂျင်အတက်နှေးနေရင် face mask ဖြင့်ပြောင်းရှူပါ

တကယ်လို့ လေ တလီတာ နှစ်လီတာဘဲ ဖွင့်ချင်ရင် စက်အသေး တလီတာ၊ နှစ်လီတာ စက်ကိုရွေးချယ်ပါ
ငွေအပိုအကုန်မခံပါနဲ့
အရေးပေါ်အခြေအနေ မှာသုံးဖို့ဆိုရင် လေများများဖွင့်ရှူပါ

ဆယ်လီတာစက်
============

အောက်စီဂျင် 50 ထိကျရင် ရပါတယ်
ဒီထက်ကျရင် face mask နဲ့ရှူပါ နှာခေါင်းပိုက်နဲ့မရှူပါနဲ့
သူကတော့ 1-10 ကြိုက်သလိုရွှေ့ အောက်စီဂျင် 95 ရာနှုန်းထွက်ပါတယ်

နံပါတ် ကြိုက်သလို ရွှေ့ပါ
နှစ်‌ယောက်ရှူမယ်ဆိုရင် 10 မှာဖွင့်ပါ

အောက်စီဂျင် 80 ကျရင် နံပါတ် 3/4 ထားရင် ငါးမိနစ်စောင့်ကြည့်လို့ 95 မတက်ရင် ထပ်တိုးဖွင့်ပါ
အဲ့လိုနည်းနဲ့တဖြည်းဖြည်းတိုးဖွင့်ပါ

အောက်စီဂျင် လိုအပ်ချက် အလိုက် တိုးဖွင့်ပါ

အောက်စီဂျင် အသုံးပြုပုံနှင့် ထိန်းသိမ်းနည်း
====================
1- safe guard ခံသုံးပါ
2- ရေကုန်ရင် ရေဖြည့်ပါ
ရေထည့်ခွက်ကို တပတ်တခါ ဆေးပါ
ဆေးလို့ခက်သောခွက်များကို ခွက်အထဲသို့အိုဇုန်းရေလောင်းချကျင်းပြီးလည်းဆေးနိုင်ပါတယ်ရှင်
3- timber နဲ့သုံးပါ
ဆက်မောင်းချင်ရင် ပန်ကာလေး နဲ့ ငြိမ်းသွားအောင် ငါးမိနစ်စောင့် ပြီးပြန်သုံးပါ
အဲ့လို နှစ်ဆယ့်လေးနာရီသုံးလို့ရပါတယ်ရှင်
4- ကျန်တဲ့စက်များက တကြိမ်သုံးရင် 180မိနစ် (သုံးနာရီ ) ဖြစ်ပြီး ဆယ်လီတာစက်ကတော့ တကြိမ်သုံးရင် 480 မိနစ် (ရှစ်နာရီ) ဖြစ်ပါတယ်ရှင်

နေ့စဉ် ဘယ်နှစ်နာရီသုံးသင့်ပါသလဲ
=====================

တစ်လီတာ ၊ နှစ်လီတာ စက်များကို နံပါတ် သုံး၊လေး မှာထားသုံးရင် အောက်စီဂျင် percentage က 50ကျော် ဝန်းကျင်ဘဲ ဖြစ်ပါတယ်
တကြိမ်ရှူရင် နှစ်နာရီ နှုန်းနဲ့ သုံးကြိမ် ( ခြောက်နာရီ အထိ ရှူနိုင်ပါတယ်) ကျွန်မက တရက် ခြောက်နာရီနှုန်းနဲ့
တလီတာ၊ နှစ်လီတာစက်များ ကို ရှူလာတာ သုံးနှစ်ကျော် ပါပြီ ရှင်

ငါးလီတာ၊ ဆယ်လီတာစက်တွေကတော့ အရေးပေါ်အခြေအနေမှာ လိုအပ်သလို သုံးနိုင်ပါတယ်
ဒါပေမဲ့ နေ့စဉ်သုံးအဖြစ်ရှူမယ်ဆိုရင် ငါးလီတာစက်နဲ့ ဆယ်လီတာစက်ကို တခါရှူ ရင် တနာရီ တရက် နှစ်ကြိမ်ရှူပါ

Supplements များသောက်ပြီးပါက ရှူပေးနိုင်ပါတယ်ရှင်

(ဥပမာ -- D3
50000 IU
5000 IU
သောက်သလိုပါဘဲ )
ကျွန်မက အိမ်မှာ အရေးပေါ်သုံး ဖို့ စက်ကြီးရော ၊ နေ့စဉ်ရှူဖို့ စက်သေးရော နှစ်ခု ဆောင်ထားပါတယ်ရှင်

နှစ်ယောက်ရှူလို့ရပါသလား
==================
တချို့တရုတ် version စက်ထဲနှစ်ယောက်ရှူ ပိုက်အပိုပါပါတယ်ရှင်

English version မှာတော့ စက်ရုံကမပါပါ

ပိုက်အပိုလေး 20000ဖိုးလောက်ထပ်ဝယ်ရင် နှစ်လီတာ ၊ ငါးလီတာ၊ ဆယ်လီတာစက်များအားလုံး နှစ်ယောက်ရှူလို့ရပါတယ်ရှင်

အောက်စီဂျင်စက်များကို ပိုးသတ်ဆေးဖြန်းခြင်း
=========================

ဘယ် လျှပ်စစ်ပစ္စည်းမဆို ရေကြောက်ပါတယ်
ရေထိလို့ရတဲ့နေရာ
ရေထိ လို့ မရတဲ့နေရာ ရှိပါတယ်ရှင်
စက်အတွင်းပိုင်းနဲ့ ကိန်းဂဏာန်းများဖော်ပြသော display မျက်နှာပြင်ကို ရေမထိပါစေနဲ့

အလွန်အကျွံမဖြန်းကြပါနဲ့
ဂွမ်းကလေးနဲ့ ခပ်ခြောက်ခြောက်ကလေးသုတ်ရင်ရပါပြီရှင်

စက်ကိုတဦးသုံးပြီးပါက နောက်တဦးသုံးခြင်း
==========================

လူနာတိုက်ရိုက်ထိသော နှာခေါင်းပိုက်အစိမ်းကိုတော့ အသစ်လဲလိုက်ပါ ဈေးလည်းပေါပါတယ်

တိုက်ရိုက်မထိသော ပိုက်ကိုတော့ ozone စက်နဲ့ဆေးပြီး နှစ်ပတ်ခန့်
ပစ်ထားပါ ပြီးရင်ပြန်သုံးလို့ရပါတယ်ရှင်

စိတ်မသန့်ရင်တော့ filter လဲပါ

Filterများရေဆေးရင် အစိုပြန်မတပ်ရပါ ၊ သူ့ filter က ခြောက်ဖို့ရန် နှစ်ပတ်ခန့်ကြာတတ်ပါတယ်
အစို ပြန်တပ် ရင် စက်ရဲ့ molecular sievers ထိခိုက်ပြီး စက်တလုံး ပျက်သွားဘူးပါတယ်
ဒါကြောင့် filter များအသစ်ပြန်ဆေးသုံးရင် ရပေမဲ့ မလုပ်တတ်ရင် အန္တရာယ်များပါတယ်ရှင်
Filter ကလည်း ဈေးမကြီးပါဘူးရှင်

တလီစက်၊ နှစ်လီတာစက် မှန်းအလွယ် သိနည်း
=========================
DE 1S ဆိုရင် တလီတာပါ
DE 2S ဆိုရင် နှစ်လီတာပါ

ဆိုပါစို့ model နံပါတ်မှာ 1 ပါရင် တလီတာ
2 ပါရင် နှစ်လီတာ လို့ အလွယ်သိနိုင်တယ်ရှင်

ဒါဆို တလီတာကို နှစ်လီတာ ပြောရောင်းတာ၊ ခုနှစ်လီတာ ၊ ရှစ်လီတာ ပြောရောင်းရင် ပြန်ရှင်းပေးလိုက်ပေါ့ရှင်
သူကသိတ်မသိဘူးလေ ဟီးး

ကျန်းမာရေး မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာ လန်းဖြာလို့ ကပ်သုံးပါးကင်းကြပါစေရှင်
Credit
Ma Than Than Nwe

2-9 လီတာ
တန်ဖိုး 480000 ks
နယ်ကားဂိတ်များ ဂိတ်ချခ Free
ငွေလွှဲရောက်မှ ကားဂိတ်သို့ပို့ပေးပါတယ်ရှင်။
D3 50000 iu 10 လုံး အပိုလက်ဆောင်
Comments တွင် အသုံးပြုပုံ Video File ကြည့်ပါရန်

ရန်ကုန်မှ မိတ်ဆွေများအတွက် အိမ်အရောက်ပို့ပေးပါတယ် ပို့ခ free
D3 50000 iu 10လုံး လက်ဆောင်
Taw Win Collections
#အောက်စီဂျင်စက်
အသုံးပြုရန်
#လက်ဆောင်ပေးရန်
09 799 459 377

11/10/2023

Cervical spondylosis ( ဇက်ကျီးပေါင်း )

ကျောရိုးက ခန္ဓာကိုယ်ပုံစံကို ဖြစ်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ကျောရိုးက အာရုံကြောတွေကို သယ်ဆောင်၊ကာကွယ်ထားတယ်။ ကျောရိုးကို ကျောရိုးဆစ်တွေ နှင့် ဖွဲ့စည်းထားပြီး ကျောရိုးဆစ်တွေကြား ခပ်ပျော့ပျော့ အရိုးဝါရှာလေး ( intervertebral discs )တွေရှိတယ်။

ကျီးပေါင်းရောဂါဆိုတာ ကျောရိုးတစ်လျှောက် ထိခိုက်မှု ( wear and tear ) ကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါလို့ ယူဆလို့ရတယ်။ အဆစ်နှစ်ခုကြား အရိုးဝါရှာလေး ( discs ) ပျက်စီးတာဖြစ်ဖြစ်၊ အဆစ်တွေ ပျက်စီးတာဖြစ်ဖြစ်၊ အရိုးအတက် (bone spurs ) ထွက်တာဖြစ်ဖြစ် ကျီးပေါင်းရောဂါဝေဒနာ ခံစားရနိုင်တယ်။ ကျီးပေါင်းရောဂါကြောင့် ကျောရိုးလှုပ်ရှားမှု အကန့်အသတ်ဖြစ်မည်။ အာရုံကြောတွေထိခိုက်တာအပြင် အခြားနောက်ဆက်တွဲတော်တော်များများဖြစ်နိုင်တယ်။

ကျောရိုးကျန်းမာရေး နေ့စဉ်ဂရုမစိုက်ခြင်းက ကျီးပေါင်းရောဂါဖြစ်စေသော ပင်မအကြောင်း ဖြစ်ပါတယ်။ မျိုးရိုး၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်း မပြုလုပ်ခြင်း၊ ကျောရိုးခွဲစိတ်မှု၊ ဆေးလိပ်သောက်ခြင်း၊ အလေးအပင်ဖြင့် ဆောင်ရွက်ရသော အလုပ်များ၊ အော်တိုအင်မြူးရောဂါတွေကြောင့် ကျီးပေါင်းရောဂါဖြစ်နိုင်ပါတယ်။

ကျီးပေါင်းရောဂါရဲ့ ဆိုးကျိုးက တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။ ကျီးပေါင်းရောဂါကြောင့် နာကျင်၊ တောင့်တင်းမည်။ သက်သာသွားလိုက်၊ ပြန်ဖြစ်လိုက်ပဲ။ခြေလက်တွေ အားနည်းလာမည်။ ကြွက်သားနာကျင်နိုင်တယ်။ ခေါင်းကိုက်မည်။ အသက်ကြီးသူတွေ နှင့် လူတစ်ချို့မှာ အရိုးဝါရှာလေးတွေပျက်စီးသွားနိုင်တယ်။ပိုပြီးဆိုးတဲ့အခြေအနေမှာ ကျောရိုးရှိ အာရုံကြောထွက်ပေါက်လေးတွေကျဉ်းသွားနိုင်တယ်။ အာရုံကြောတွေ ပိသွားနိုင်တယ်။ ဒါကြောင့် လမ်းလျှောက်ရခက်မည်။ ဆီး နှင့်ဝမ်း မထိန်းနိုင်ဖြစ်တတ်တယ်။

ဇက်ကျီးပေါင်းရောဂါ ( cervical spondylosis ) က တွေ့ရအများဆုံး ကျီးပေါင်းရောဂါ ဖြစ်တယ်။ အသက်ကြီးသူတွေမှာ ဇက်ကျီးပေါင်း အဖြစ်များတယ်။ ဇက်မှာရှိတဲ့ ဇက်ကျောရိုး နှင့် ဇက်ကျောရိုးနှစ်ခု ဆက်စပ်ပေးတဲ့ ဝါရှာလို အရိုးနုလေးတွေ ပျက်စီးခြင်းကြောင့် ဇက်ကျီးပေါင်းဖြစ်လာတာပါ။ ဇက်ကျီးပေါင်းကို ဇက်အဆစ်ရောင်ခြင်း ( neck arthritis ) သို့မဟုတ် cervical osteoarthritis လို့ လည်းခေါ်ပါတယ်။

အသက် ၆၀ နှစ် နှင့် အထက် အသက်ကြီးသူ ၉၀% ကျော်ကျော်လောက် ဇက်ကျီးပေါင်းရောဂါ ခံစားရတယ်လို့ the Cleveland Clinic က ဆိုပါတယ်။ အသက်ကြီးရင့်လာလို့ ဇက်ကျီးပေါင်းဖြစ်တယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဇက်အရိုး ထိခိုက်မှုများ၊ ဇက်ကိုထိခိုက်စေသော အလေးမရသော အလုပ်များ ( ဥပမာ - ဆောက်လုပ်ရေး လုပ်သားများ ) ၊ ဇက်ကျီးပေါင်းရောဂါ မျိုးရိုးရှိသူများ၊ ဆေးလိပ်သောက်သူများ၊ အဝလွန်သူများမှာ ဇက်ကျီးပေါင်းရောဂါပိုဖြစ်နိုင်ပါတယ်။

တစ်ချို့ဇက်ကျီးပေါင်းရောဂါရှိသူတွေက ဝေဒနာမခံစားရပေမည့် ဇက်ကျီးပေါင်းကြောင့် ပြင်းထန်သော နာတာရှည် နာကျင်မှု နှင့် ဇက်တောင့်တင်းခြင်းတွေဖြစ်နိုင်ပါတယ်။ ဇက်ကျီးပေါင်းရောဂါကြောင့် ပုခုံးတစ်လျှောက်နာကျင်မှုဖြစ်နိုင်ပါတယ်။ လက် နှင့် လက်ချောင်းလေးတွေ နာကျင်တာလည်း ဖြစ်နိုင်ပါတယ်။ မတ်တပ်ရပ်ချိန်၊ ထိုင်နေချိန်၊ နှာချေချိန် နှင့် ချောင်းဆိုးချိန်တွေမှာ နာကျင်မှုပိုဆိုးနိုင်ပါတယ်။

ကြွက်သားအားနည်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ လက်ကို မတင်ရခက်တာ၊ ပစ္စည်းတွေကို ဆုတ်ကိုင်ရခက်တာတွေဖြစ်လာနိုင်တယ်။ ဇက်ကြောတောင့်တင်းနေတာ၊ ခေါင်းအနောက်ဘက်ကိုက်နေတာ၊ ပုခုံး နှင့် လက်မောင်း တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ်ကိုက်ခဲနေတာလည်း ကြုံရနိုင်တယ်။ ခန္ဓာကိုယ်မထိန်းနိုင်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း နှင့် ဝမ်းမထိန်းနိုင်ခြင်းတွေလည်းဖြစ်နိုင်တယ်။

တစ်ချို့ဇက်ကျီးပေါင်းရောဂါတွေက အထူးအထွေကုသဖို့မလိုဘူး။ ဇက်ကိုရေနွေးအိတ်ကပ်တာ သို့မဟုတ် ရေခဲကပ်တာ လုပ်ပေးနိုင်တယ်။ မြန်မြန်သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးနိုင်တယ်။ ဝေဒနာ ယာယီသက်သာစေဖို့ neck brace or collar ကို အချိန်အတိုင်းအတာတစ်ခုထိ ဝတ်ထားလို့ရတယ်။

ဇက်ကျီးပေါင်းရောဂါအခြေအနေ မပြင်းထန်ချိန်မှာ ဇက်ကျီးပေါင်းကြောင့် နာကျင်လာလျှင် NSAID လို အကိုက်အခဲပျောက်ဆေးသောက်နိုင်တယ်။အကိုက်အခဲပျောက်ဆေးသောက်ခြင်းက ရေရှည်အတွက်တော့ အဆင်မပြေနိုင်ပါ။ အပ်စိုက်ခြင်း၊ နှိပ်နယ်ခြင်းတွေ ပြုလုပ်နိုင်တယ်။ ကိုယ်တိုင်ကုသမှုနဲ့ မလုံလောက်လျှင် ဆရာဝန် နှင့် ပြသပြီး ရောဂါအခြေအနေ နှင့် ပြင်းထန်မှုကို ရှာဖွေရမည်။ တစ်ချို့အခြေအနေတွေမှာ ခွဲစိတ်ခြင်းတွေပါပြုလုပ်ရနိုင်ပါတယ်။

ဇက်ကျီးပေါင်းရှိသူတစ်ယောက်အနေနဲ့ ရုတ်တရက် ပုခုံး၊ လက်မောင်း နှင့် ခြေထောက်တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ် ကိုက်ခဲလာခဲ့လျှင် သို့မဟုတ် ရုတ်တရက် ဆီး နှင့် ဝမ်း မထိန်းနိုင်ဖြစ်လာခဲ့လျှင် အရေးပေါ်အခြေအနေဖြစ်ပြီး နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ ကုသရပါမည်။ ခွဲစိတ်ကုသ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။

Credit.
DR.PHYO MG MG

06/10/2023

ဗဟုသုတ

အသားနဲ့အရွက် ဘယ်ဟာကို ပိုစားသင့်သလဲ ဆိုတဲ့မေးခွန်း တွေ့မိပါတယ်။

အသားဓာတ်ဟာ ပရိုတင်းဓာတ် ဖြစ်နေတာမို့ အဓိကအားဖြင့်
ခန္ဓာကိုယ်တည်ဆောက်မှု/ ပြုပြင်ထိန်းသိမ်းမှု အတွက် ဖြစ်ပါတယ်။
မှီရာငြမ်းစင်ကြီးပါ။

ပရိုတင်းဓာတ် ဘယ်လောက် အရေးကြီးသလဲဆိုတာ အားတဲ့ တစ်နေ့ Zoom မှာ ပြောပြပါဦးမယ်။

အရွက်တွေရဲ့ အဓိကလုပ်ဆောင်ချက်က ခန္ဓာကိုယ် သန့်ရှင်းရေးနဲ့ အဆိပ်ထုတ်ရေး ဖြစ်ပါတယ်။

မျှတအောင် စားသင့်ပါတယ်။

ခန္ဓာကိုယ်တည်းဟူသောအိမ်ဟာ ခိုင်ခန့်မှု မရှိလို့လဲ မဖြစ်သလို
ညစ်ပတ်ပေကျံနေသောအိမ်ကြီးလဲ မဖြစ်သင့်ပါဘူး။

အိမ်က သန့်ရှင်းနေပါသော်လည်း ယိုင်လဲ နေသောအိမ်လဲ မဖြစ်သင့်ဘူးပေါ့နော်။
Credit To A Better Health

26/09/2023

အစာအိမ်ပိုး စစ်ပါ ပြောတာ ချစ်လွန်းလွန်းပါရှင်

ဒီနေ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူနာ တယောက် အကြောင်းကို ရေးပြီးမှ ဘာဖြစ်သွားတယ် မသိ ပျောက်သွားလို့ ထပ်မရေးချင်တော့တာနဲ့ မတင်ဖြစ်လိုက်ပါ။

သူက autoimmune disease ဖြစ်ရာမှာ antibodies သုံးမျိုးလုံး တက်နေတာ ဖြစ်ပါတယ်။

Graves disease and Hashimoto နှစ်မျိုးလုံး တပြိုင်နက် ဖြစ်နေတာပါ။
လောလောဆယ်ကတော့ hyperthyroid state ဖြစ်နေလို့ Carbimazole and Inderal သောက်နေပါတယ်။

Autoimmune ရယ်လို့ ဖြစ်လာပြီ ဆိုရင် အမျိုးမျိုးသော ရောဂါတွေ လာပါပြီ။

ဒါကြောင့် ကျွန်မ အမြဲ ပြောနေတာ ဖြစ်ပါတယ်။

Antibodies တွေ ဖောက်မကြည့်လို့ကို မရပါ။

သူက အချိန်မရွေး hypothroid လဲ ဖြစ်သွားနိုင်တာမို့ အမြဲ သတိနဲ့ ကြည့်နေရမှာ ဖြစ်ပါတယ်။

D3 level is 42ng/mL

စိတ်ဝင်စားစရာ ကောင်းတာမို့ ဖတ်ကြည့်နိုင်ရန် ပြန်ကြိုးစားပြီး ရေးပေးလိုက်ပါတယ်။ ပထမ ရေးသလောက်တော့ မစုံတော့ပါ။

ဒီလူနာက ကုဖို့ အတော်လေး ဥာဏ်စားမှာ ဖြစ်ပါတယ်။

၁။ Autoimmune disease ဖြစ်နေပါတယ်။

သူက antibodies ၃ မျိုးလုံး ပြိုင်တူ တက်နေတာ ဖြစ်ပါတယ်။

TPO, Thyroglobulin antibodies တွေ တက်နေတာ ဆိုတော့ Hashimoto Thyroiditis ဖြစ်နေပါတယ်။

TSH receptor antibody ပါ တက်နေတော့ Autoimmune Graves Disease ပါ ဖြစ်နေပြန်တယ်။

ဒီ လူနာရဲ့ အတိအကျ diagnosis ကို ပေးရမယ် ဆိုရင်ဖြင့် “ Hash*toxicosis “ လို့ ခေါ်ပါတယ်။

ဒီလို နှစ်မျိုးလုံး ဖြစ်တတ်တဲ့ လူတွေက သိပ်မရှိသော်လည်း

၁။ မျိုးရိုး ဗီဇ ရှိရင် ဖြစ်တတ်ပါတယ်

၂။ ဒီ ရောဂါ ပေါ်လာရအောင် ပြုလုပ်တဲ့ trigger လို့ ခေါ်တဲ့ အကြောင်းများလည်း ရှိတတ်ပါတယ်။
ဥပမာ —— H Pylori infection, small intestinal bacterial overgrowth စသည်ဖြင့် ဖြစ်ပါတယ်။

၃။ အစာလမ်းကြောင်း မကျန်းမာလို့လဲ ဖြစ်ပါတယ်။
အူနံရံ ယိုစိမ့်ခြင်း leaky gut

လောလောဆယ် ဒီလူနာက hyperthyroid ဖြစ်နေတာမို့ သူ့ရောဂါ လက္ခဏာတွေကို ထိန်းနိုင်ရအောင်
Carzole and Inderal တိုက်နေတာ မှန်ပါတယ်။

သို့ပါသော်လည်း ရောဂါ လက္ခဏာကို ထိန်းထားရုံနဲ့ မရနိုင်ပါ။

အခြေခံ ဖြစ်တဲ့ အူလမ်းကြောင်း ကျန်းမာလာရအောင် ပြင်ရပါမယ်။ ဒါကိုတော့ ကျွန်မ ရေးထားတာတွေ ပြန်ဖတ်ကြည့်​စေချင်ပါတယ်။

မတည့်သည့် အစာကို လုံးဝ ရှောင်ပါ။

1. Selenium
2. NAC 600mg 3 times a day
3. Probiotics 60 billion a day
4. L glutamine powder 5 G three times a day
5. Digestive enzymes with meals
6. Betaine HCL with food

H Pylori infection ရှိ ၊ မရှိ စစ်ကြည့်ပါ။
Breath test နဲ့လဲ စစ်လို့ ရန်ကုန်မှာ ရပါတယ်။
Stool culture လဲ လုပ်ကြည့်သင့်ပါတယ်။
Iodine သောက်နေရင် ရပ်လိုက်ပါ။

ဒီအချိန်မှာ Hypothyroid အတွက် ဘာ thyroid ဆေးမှ မသောက်ရပါ။ Carzole သောက်နေတာ လောလောဆယ် မှန်နေပါတယ်။

သို့ပါသော်လည်း Hypothyroid အသွင်ကိုလည်း ပြောင်းသွားနိုင်တာကြောင့် သွေးကိုတော့ ၆ လ တစ်ခါလောက် ဖောက်ကြည့်သင့်ပါတယ်။

Hypothyroid ဖြစ်သွားရင် TSH စပြီး တက်လာပါလိမ့်မယ်။ ဒီအခါမှာ Carzole ကို ရပ်ပစ်ရပါမယ်။

အသည်း အားရှိအောင် လုပ်ပါ။ ကျွန်မ ရေးထားတာ ပြန်ဖတ်ပါ။

ဒီလူနာက hyperthyroid ဖြစ်နေတာမို့၊ Vitamins and supplements သောက်ကို သောက်ရပါမယ်။

ဇီဝ ဖြစ်စဉ်တွေ အလွန် မြန်ဆန်နေတဲ့အတွက် များသောအားဖြင့် ဗီတာမင်ဓာတ်တွေဟာ နည်းနေတတ်ပါတယ်။
Hyperthyroidism is a hypermetabolic state ဖြစ်ပါတယ်။

1. B12,
2. Folate,
3. p5p
4. Niacin
5. B complex vitamins
6. Vitamin C 1000mg 3 times a day
7. B1 (Megabenfotiamine) သင့်တော်ပါတယ်။
8. Adrenal support လဲ လိုပါတယ် (a- Drenal)

D3 level ကို 70 လောက် တင်နိုင်ရင် ပို ကောင်းပါလိမ့်မယ်။

Thyroid gland ကို ထုတ်ပစ်ပေမဲ့လို့ အခြေခံ အကြောင်းကို မပြင်နိုင်ဖူး ဆိုရင် နောက်တစ်နေရာကို သွားဖျက်စီးမှာ ဖြစ်ပါတယ်။

ကျွန်မပြောတာတွေ ကြိုးစားပြီး အရင် လုပ်ကြည့်စေချင်ပါ ယတယ်။ ခက်တော့ ခက်ပေမဲ့ ကြိုးစားကြည့်ပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မယ်။ ဆရာဝန် နဲ့ သေသေချာချာ follow up လိုပါတယ်။

Credit:To a better health
Taw Win Collections

24/09/2023

Credit

မပေါ့ဆသင့်တဲ့ အစာအိမ်ပိုး.....
ဦးဇင်း ဆယ်တန်း တုန်းက ခဏခဏဖျားတယ်။ သို့သော် အရမ်းကြီးလည်း ကိုယ်ပူချိန် တက်မနေဘူး။ သဘောက TB အဖျားလိုပဲ။
မနက်စောစော အိပ်ရာထတိုင်း ကိုယ်ပူချိန်တက်နေတယ်။ နေလို့မကောင်းဘူး။ နယ်က ဆရာဝန်နဲ့ ပြလည်းရောဂါ မယ်မယ်ရရ ရှာမတွေ့ဘူး။
နောက် တစ်နှစ်လောက်ကြာတဲ့ အခါ ဦးဇင်း အစာအိမ်ရောင်တယ်။ နယ်ကဆရာဝန်တွေက pantoprazole/omeprazole/ စသဖြင့် အစာအိမ်ဆေးတွေ ပေးတယ်။ မသက်သာဘူး။
ရောဂါလက္ခဏာတွေက ဝမ်းသွားအားမရဘူး။ ဝမ်းဗိုက်ကြီးက အစာမကြေဘူး၊ အရမ်းလေးနေတယ်၊ လည်ပင်းတစ်ဆို့တစ်ဆို့ဖြစ်တယ်။ တစ်ခါတလေ ဝမ်းသွားသွေးပါတယ်။ နောက်ကျောတွေ တင်းတယ်။
အစာအိမ်ရောင်တော့ အူတွေပါ လိုက်ပြီး ရောင်တာကြောင့်ထင်တယ် ၊ ဝမ်းတခါ သွားဖို့ အတွက် လေးငါးရက် စောင့်ရတယ်၊ ဝမ်းသွားပြန်ရင် နည်းနည်းလေး၊ ဝမ်းသွားအားမရဘူး၊ စမြင်းခံပြီး ဝမ်းချုပ်တာလဲ မဟုတ်ဘူး။
အဲလိုနဲ့ နယ်မှာ ကုရင်းရောဂါ တာရှည်လာတယ် ။
ဦးဇင်း အဒေါ်တစ်ယောက်က အစာအိမ် အပြင်းအထန် ဖြစ်ဖူးတယ်။ အစာအိမ်ပိုးတွေ့တယ်။
ဦးဇင်းက သူ့အိမ်ကို အဝင်အထွက်ရှိတယ်။ အဲဒီအိမ်မှာ စားသောက်လေ့ ရှိတယ်။
ဦးဇင်းထင်တာတော့ သူ့ဆီက အစာအိမ်ပိုးကူးတယ်ထင်တယ်။ ခက်တာက သူ့သားသမီးတွေ အစာအိမ်ရောဂါ မဖြစ်ပဲ ဦးဇင်းပဲ အစာအိမ်ပိုးကူးပြီး အစာအိမ်ရောဂါလာဖြစ်တယ်။
ဦးဇင်းအထင်​ပြောရရင် ကိုယ်ခံအားနည်းတဲ့ သူက အစာအိမ်ပိုးရဲ့ ဒဏ်ကို ပြင်းပြင်း ထန်ထန်ခံရတယ်လို့ပဲ ထင်ပါတယ်။
ဦးဇင်းအဒေါ်က သူ့မှာ အစာအိမ် ပိုးတွေ့ကြောင်းကို မပြောဘူး။ ကျန်းမာရေး ဗဟုသုတ အားနည်းလို့ပါ။ ဘာလို့ မပြောလဲ ဆိုရင် လူတွေသူ့ကို အစာအိမ်ရောဂါ ပိုးရှိလို့ အထင် သေးမှာကြောက်လို့။အစာအိမ် ပိုးဆိုတာက Amoxlin 7 ရက်သောက်ရင်ပျောက်တာကို၊ ကြောက်စရာလဲမဟုတ်။ ရှက်စရာလို့ သူမြင်နေတယ်။
ဦးဇင်းလဲ အဲဒီတုန်းက သတိမထားမိဘူး။ နောက်မှ အသက်ကြီးလာမှ ကိုယ်တိုင်လေ့လာပြီး အစာအိမ်ပိုး အကြောင်း သိခဲ့ရတယ်။
ခုနားက စကားအကြောင်းပြန်ဆက်ရရင် အစာအိမ်ပိုးရှိရင် အစာအိမ်ဆေး ဘယ်လောက်ပဲသောက်သောက် ပိုးသတ်ဆေး မသောက်ပဲ မကောင်းဘူး။
ရောဂါသာ ရှည်လာပြီး လူနာ နွံလာပါလိမ့်မယ်။
ဆရာဝန်တွေ က ရုတ်တရက်ဆိုရင် အစာအိမ်ပိုး ကို မစစ်ပဲ PPI ဆေးတွေသာ တစ်မျိုးပြီး တစ်မျိုး ပြောင်းတိုက်ကြတယ်။
ကြာလာတော့ ဦးဇင်း PPI အက်ဆစ်တားဆေးတွေ သောက်ပြီး ကျောက်ကပ်ထိလာပါတယ်။
နောက်တော့ ရန်ကုန်သွားပြီး အစာအိမ်မှန်​ပြောင်း ကြည့်ပြီး ပိုးသတ်လိုက်တယ်။
အဲဒီကတည်းက အစာအိမ်မရောင် မတော့ဘူး။ ဝမ်းလည်းမချုပ်တော့ဘူး။ လည်ပင်းတစ်ဆို့ တာတွေလည်း ပျောက် သွားတယ်။ ခဏခဏလည်း မဖျားတော့ဘူး။
အစာအိမ်ပိုးရှိနေရင် ဘယ်အစာအိမ်ဆေးကိုပဲ သောက်သောက် ပိုးမသတ်ပဲ မကောင်းဘူး။
ဒါကြောင့် အစာအိမ်ပိုးကို မပေါ့ဆ စေချင်တာ။ ရောဂါတာရှည်လာရင် မလိုအပ်ပဲ ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေ ထိခိုက်လာတတ်တယ်။
ရုတ်တရက် အစာအိမ် ထဖြစ်ရင် အထွေထွေ ဆရာဝန်တွေက အစာအိမ်ပိုးကို မေ့နေတတ်ကြတယ်။ အဲဒီမှာ ရောဂါ နာတာရှည်ဖြစ်လာပြီး လူပန်းငွေပန်း ဖြစ်လာပြီး ထိခိုက်လာတယ်။
ဒါကြောက့် အစာအိမ်ဖြစ်ရင် နံပါတ်တစ် အစာအိမ်ပိုးကို ပထမဦးဆုံးစစ်ပါ။
ပြီးတော့ အထူးကုနဲ့ပြပါ။ မပေါ့ဆပါနဲ ။
ဘဝနဲ့ ရင်းထားတဲ့ အတွေ့အကြုံကို ဝေမျှတာပါ။

Taw Win Collections

28/08/2023

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာချင်ကြပါသလား?

၁.နေ့စဉ် နေပူ တစ်နာရီလောက်ခံပါ။
အဝတ်အစားအပြည့်နဲ့မဟုတ်ပါ။
နေရောင်ခြည်က အသားကို တိုက်ရိုက် ထိဖို့လိုပါတယ်။
ငွေမကုန်ပဲ ရနိုင်သည့် ကျန်းမာရေးကောင်းကျိုး ရလာဘ်ကြီးတစ်ခုပါ။

၂.ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
အနည်းဆုံးလမ်းတော့ လျှောက်ပါ။
မလှုပ်မရှားဘဲ အိမ်တွင်းပုန်းနေဖို့ မသင့်တော်ပါ။

၃.စက်ရုံထွက် ပြုပြင်ပြီး အစားအသောက်ကို တတ်နိုင်သမျှ လျော့လာပါစေ။
မစားဘဲ နေနိုင်လျင် ပိုကောင်းပါတယ်။
Processed foods တွေကို ဆိုလိုပါတယ်။
Organic whole food များကို စားနိုင်ရင် ကောင်းပါတယ်။
အသား/ အသီးအနှံ/ ဟင်းရွက်များကို သေသေချာချာဆေးပြီးမှ စားပါ။

၄.အစေ့အဆံအဆီများ Omega 6 oils တွေကို ရှောင်နိုင်ရင် ကောင်းပါတယ်။
အထူးသဖြင့် မီးပြင်းပြင်းနဲ့ ချက်ပြုတ်ခြင်း ဖြစ်ပါတယ်။

၅.ကလာပ်စည်းစက်ရုံ အားရှိမည့် ဖြည့်စွက်စာများကို လက်လှမ်းမီရင်လဲ သောက်ပါ။
လက်လှမ်းမမီရင်လဲ အထက်ပါ ၄ ချက်နဲ့ ပြည့်စုံအောင်နေမယ်ဆိုရင် အတော်လေးဟုတ်နေပါပြီ။
Credit To A Better Health
Taw Win Collections

29/07/2023

Selenium ဆိုသည်မှာ
🌿ကိုယ်ခံအားမြှင့်တက်ပြီး သွေးလည်ပတ်မှုအားကောင်းစေသည်။
🌿ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးကျိတ်ရောဂါကို ကာကွယ်ပေးသည်။
🌿အသည်းရောဂါသမားများအတွက်လည်းသင့်လျော်ပါသည်။
🌿သိုင်းရွှိုက်သမားများ ဟိုမုန်းနည်းသမားများ TNG နဲ့တွဲသောက်ရင်ပိုအကျိုးများစေပါတယ်။
Taw Win Collections

28/07/2023

ဟင်းသီးဟင်းရွက်ကို ပိုးသတ်ဆေးများမှ ( Pesticides )စင်ကြယ်သွားအောင် ဘယ်လိုလုပ်ပြီး ဆေးကြပါမလဲ?

ပိုးသတ်ဆေး pesticides ရဲ့သဘာဝက alkaline medium မှာ stable မဖြစ်တာမို့ baking soda အရည်ထဲမှာ စိမ်ထားရင် pesticides compounds တွေ ဒြဗ်ကနေ ကွဲထွက်ကုန်ပါတယ်။

“Baking soda removes up to 96% of pesticides from fruit and vegetables”

ဟင်းသီးဟင်းရွက်ဆေးနည်း
ဇလုံကြီးကြီးတစ်ခုထဲမှာ ရေထည့်ပါ။ Baking soda ထည့်ပါ။
အချိုးအဆ = Baking soda 1 teaspoon to every 2 cups of water.

ဟင်းသီးဟင်းရွက် တွေကို Baking soda ရေထဲမှာ နှစ်လိုက်ပါ။
၁၂- ၁၅ မိနစ်လောက်ထားလိုက်ပါ။
ဟင်းသီးဟင်းရွက်တွေကို ရေထဲမှာ လက်နဲ့ သမအောင် ပွတ်သတ်လိုက်ပါ။

အခွံမာသည့် အသီး (ဥပမာ ပန်းသီး/ ဥနီ )တွေကို vegetable brush ကလေးနဲ့ ညင်ညင်သာသာ ပွတ်တိုက်လိုက်ပါ။
အခြားဟာတွေကိုတော့ လက်နဲ့ပဲ ဖြေးဖြေး ဆုပ်နယ်ပေးလိုက်ပါ။
ဖရောင်းတွေ / အညစ်အကြေးတွေပါ သန့်စင်သွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်တွေကို ရေမှ ထုတ်ဆယ်လိုက်ပါ
နည်းနည်း ခြောက်သွားအောင် ရေစစ်ထားလိုက်ပါ။

ကြိုက်သလိုချက်လို့ရပါပြီ။
Credit To A Better Health
Taw Win Collections

27/07/2023

Biotin အကြောင်း

🌿Biotin(ဘိုင်အိုတင်)ဆိုသည်မှာ .......
ရေတွင်ပျော်ဝင်သော ဗီတာမင်ဘီအုပ်စု (Vitamin B Complex)မှတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်းတွင် Biotin ကိုမတည်ဆောက်နိုင်ပါ။ Biotin ကိုနေ့စဉ်စားသောက်နေသောအပင်နှင့် အသားများမှလည်းကောင်း၊ အူအတွင်းရှိလူကို အန္တရာယ်မပေးနိုင်သော ဘတ်တီးရီးယားများမှလည်းကောင်း ရရှိနိုင်ပါသည်။

သို့သော်အစားအသောက်များမှရရှိသော Biotin မှာချက်ပြုတ်ပုံအဆင့်ဆင့်တွင် လျော့နည်း၊ ဆုံးရှုံးနိုင်သောကြောင့် လူ့ခန္ဓာကိုယ်တွင် Biotin ချို့တဲ့ပါက
(၁) ဆံပင်ကျွတ်လွယ်ခြင်း
(၂) ဆံပင်ပါးခြင်း
(၃) ထိပ်ပြောင်ခြင်း
(၄) အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်း
(၅) လက်သည်း၊ခြေသည်းများပါး၍ကျိုးလွယ်ခြင်း၊ကျွတ်ခြင်း
(၆) အရေပြားများရေဓာတ်ဆုံးရှုံး၍ခြောက်သွေ့ခြင်း၊နီ၍ယောင်ရမ်းခြင်း
(၇) အဆီများခြင်းစသည်တို့ဖြစ်ပွားနိုင်ပါသည်။
ထို့ကြောင့်Biotin သည်
အစားအသောက်များမှ လုံလောက်စွာရရှိခြင်းမရှိနိုင်သည့်အခါ ဖြည့်စွက်စာ(Supplement) အနေဖြင့်သောက်သုံးရပါသည်။
🌿 Biotin ကိုဆံပင်၊လက်သည်း ခြေသည်းများနှင့် ပတ်သတ်
၍သောက်သုံးရခြင်းမှာ ကျန်းမာသန်စွမ်းသောဆံပင်များ၊ လက်သည်းခြေသည်းများရရှိရန်အတွက်ကရာတင် (Karatin) ဟုခေါ်သော ပရိုတင်း(Protein) ထုတ်လုပ်ရာတွင် Biotin သည်မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် Biotin 5000mcg ကိုတစ်နေ့တစ်လုံးသောက်ခြင်းဖြင့်
(၁)ကျန်းမာသန်စွမ်းသော ဆံပင်များရရှိခြင်း
(၂)ထိပ်ပြောင်ခြင်းမှ ကာကွယ်ပေးခြင်း
(၃)အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးခြင်း
(၄)လက်သည်းခြေသည်းများထူ၍မာလာပြီး ကျိုးလွယ်ခြင်း၊ကျွတ်ခြင်းတို့မှလျှော့ချပေးနိုင်ပါသည်။
ထို့အပြင်Biotin သည်အဆီများချေဖျက်ရာတွင်မရှိမဖြစ်လိုအပ်သော ရေတွင်ပျော်ဝင်သော ဗီတာမင် တစ်မျိုးဖြစ်ပါသည်။ထို့ကြောင့် Biotin သည် အဆီများချေဖျက်ပေးခြင်း၊ဖက်တီအက်စစ်(Fatty Acid) ဟုခေါ်သော အဆီဓာတ်တစ်မျိုးကိုခန္ဓာကိုယ်အတွက်လိုအပ်သောနေရာများသို့ ပို့ဆောင်ပေးခြင်းဖြင့် အရေပြားမှ ရေဓာတ်ဆုံးရှုံး၍ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးခြင်း၊နေရောင်ခြည်ဒဏ်များမှကာကွယ်ပေးခြင်း၊အလေးချိန်လျှော့ချပေးခြင်း၊အသားအရေဝင်းမွတ်စိုပြေလှပခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ အချုပ်အားဖြင် ဆိုရသော် Biotin သည် ကျန်းမာသန်စွမ်းသောဆံပင်၊လက်သည်းခြေသည်းများ၊အသားအရေများကို လှပစိုပြေစေသောကြောင့် လှပနုပျိုစေသော ဗီတာမင် (Anti - Aging Vitamin)တစ်မျိုးဟု ဗီတာမင်များထဲတွင်တင်စားကြပါသည်။အလှတရားများ ဝေစည်ဖို့ Biotin ကိုသောက်ကြပါစို့။
Credit

Taw Win Collections

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Other Vitamin Supplement Shops in Yangon (show all)
Better Life Supplements Better Life Supplements
Hlaing Township
Yangon, 11062

Better Choice, Better Life, Better Tiens

City Life USA Online Shop City Life USA Online Shop
Yangon, 11161

Experience the premium quality of Electronic Device, Perfume, Pet Supplement & vitamins from USA

Mom's Kitchen Mom's Kitchen
Yangon, 01

လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်?

Kaung Hsu Nutrition Kaung Hsu Nutrition
Yangon

ဖြည့်စွက်အားဆေးများလိုအပ်ပါက ကောင်းဆု-Kaung Su Nutrition သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်---

စံပယ်ဖြူ USA Supplement စံပယ်ဖြူ USA Supplement
ကမ်းနားလမ်းမ၊ ကြည့်မြင့်တိုင်မြို့နယ်
Yangon, 11101

USA မှ 100% authentic Over the Counter (OTC) medication များကို ပစ္စည်းမှန် စျေးမှန် လက်လီလက်ကား ရောင်းချပေးနေပါသည်။

WFG2 WFG2
Hlaing Thiri1 Street
Yangon

สมุนไพร ประจำบ้าน

Su Myat USA Online Shop Su Myat USA Online Shop
J 25, SHWE NIN SI 1ST Street, FMI CITY
Yangon

Online Shop - Cosmetic - Supplements - US Direct Import

Hammer of thor MM Hammer of thor MM
Gyo Phyu Street
Yangon, 11221

USA နိုင်ငံ ရဲ့ NO(1) အ​ကောင်းဆုံး HAMMER OF THOR

PCOS Supplement Myanmar PCOS Supplement Myanmar
Yaw Min Gyi Street, Myanmar, Burma (Myanmar)
Yangon

သားအိမ်ရေအိတ်ဖြစ်ခြင်းကိုကုသပေးသေ?

Wine Hsu Myat online shop Wine Hsu Myat online shop
Yangon

Thanks For Shopping With Us

Hammer Of Thor Company Limited Direct Hammer Of Thor Company Limited Direct
တာမွှေမြို့နယ် Banyar Dala Road လမ်းမကြီး 157st
Yangon, 11211

ယောက်ကျားတိုင်းအတွက် အိမ်ထောင်ရေးသ