Polar & Hamster Land
You may also like
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Polar & Hamster Land, Pet Supplies, Yangon.
Holland Lop ကာလာဆန်းလေး
Harlequin လို့ခေါ်တယ် 🫶
ဒီအရောင်လေးကြိုက်ရင်
မင်မင့်အိမ်ပေါက်လေး shi မယ်
Cmt မှာတချက် show 🥰
မင်မင့်အိမ်ပေါက် Holland Lop
cream colour နုနု လေး 🥰❤️
မှတ်ချက် ။ ။ သခင်ရှိထားပြီးသားပါ 🫶
ဟူးမန်းတို့အတွက်
ခေးသေးသေးလေးတွေ မွေးပေးနေပြီတဲ့နော်😍❤️
သူ့မေမေ က ညစ်ပေတူးနေတာဟုတ်ဘူးနော် 🤣❤️
သူ့ကာလာလေးကိုက အဲ့လိုလေး Himalayan လေးပါ
Himalayan Dumbo Rat လို့ ဂူဂဲလ် ထဲရှာကြည့်
ကာလာဆန်းလေး ❤️🥰
ဟူးမန်းတို့ထဲမှာ Potter Head လေးတွေရှိကြလား 🤭
Harry Potter ကားထဲကလို ဇီးကွက်လေးတွေ
မွေးကြမယ်လေ 🙄🫶
မျက်လုံးလေးတွေက ဝိုင်းစက်ပြီး ချစ်ဖို့ကောင်းတဲ့
Little Owl 🦉🤎
Little ဆိုတဲ့အတိုင်း အရွယ်အစားသိပ်မကြီးဘူး
ကွက်ကွက်တွေထဲမှာ မွေးလို့အကောင်းဆုံး 🥰
သေးသေးလေးနဲ့ လုံးဝ ခရုခရု ကွက်ကွက်🦉
ဝိုင်းစက်စက်မျက်လုံးလေးတွေနဲ့
အချစ်ခံရအောင်ဆွဲဆောင်တတ်သူ 🦉
သူတို့ကတော့ ya တာ ရှားတယ်
YGN မှာ မ ya ဘူး
နယ်ဘက်တွေကနေ mhar ရတာ
မင်မင် mhar ထားလို့ 🤭
ya ရင်တင်ပေးမယ်နော်
မွေးချင်တယ်ဆိုရင် ya တော့မှ u နော် 🥰
So So cute naw 💕
ချစ်လား ကွက်ကွက်လေးတွေကို 🦉
ငှက်ကလေးတွေရော မမွေးချင်ကြဘူးလား 🥰
ကိုယ်ပိုင် အခန်းအလုံရှိတဲ့သူတွေဆိုရင်
အခန်းထဲလွှတ်မွေးထားလည်းရတယ်
အခန်းမလုံလည်း သူတို့အိမ်လေးတွေနဲ့
မွေးလို့ရတယ် 🫶
ငှက်ကလေးတွေကျတော့
အစာခွံ့အရွယ်လေးထဲက အစာခွံ့မွေးမှ
လူနဲ့ပိုယဉ်တာ 🩷 သခင်သိမယ် 🩷
ခေါ်ရင်လာမယ် 😍🫶
အနံ့အသက်မထွက်တဲ့ pet ထဲကမွေးချင်ရင်
ငှက်လေးတွေမွေး 🥰
မွေးချင်ရင် နောက်ပိုင်း page မှာတင်ပေးမလို့
မွေးချင်လား မမွေးချင်ဘူးလား
ကောမန့်လေးမှာ ဖြေခဲ့အုန်းနော် 🥰🫶
အရောင်အသွေးစုံလင်ပြီး ချစ်ဖို့ကောင်းသော
စရိုက်လေးရှိတဲ့ ငှက်လေးတွေကတော့
Cockatiel
Love Bird
Budgie
ဟူးမန်းတို့ရေ လောလောဆယ် မင်မင့်ဆီမှာ
Holland Lop လေးတွေ က လာမယ့်အပတ်မှ
အသစ်လေးတွေထက်ရောက်မှာဆိုတော့လေ
ရောက်လာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်
မွေးဖို့ စီစဉ်စဉ်းစားထားတဲ့သူတွေအတွက်
ဘန်နီလေးတွေနဲ့ ပတ်သက်တဲ့
အထွေထွေဗဟုသုတလေးတွေ
တစ်နေ့ကိုနည်းနည်းစီ မျှဝေပေးပါရစေ 🥰❤️
ပထမဦးဆုံး အစာကျွေးပုံကျွေးနည်းလေး
မျှဝေပေးချင်ပါတယ် 🥰
မင်မင့်ဆီကနေ ဟူးမန်းတို့ဆီကိုစရောက်လာမယ့်
အရွယ်ကတော့ 45ရက်သား အရွယ်ဖြစ်ပါတယ် 🩷
45ရက်သား ဘန်ဘန်ပေါက်လေးတွေကို
Alfafa မြက်ခြောက် အဓိက အများဆုံးကျွေးပေးရပြီး
အစာခြောက်ကို ဇွန်းငယ်လေးနဲ့ တစ်ခါကျွေး
တစ်ဇွန်းဘဲကျွေးပေးပါ ❤️
အသီးအရွက်လေးတွေကတော့
၄၅ရက်သားအရွယ်မှာ အကျွေးများရင်
ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တာကြောင့်
ပမာဏ မချိန်ဆတတ်လျှင်
အသက် ၃လ ခွဲမှ စပြီး အသီးအရွက်စကျွေးပေးပါ
နံနံပင်၊မြင်းခွါ၊ဆလပ်၊မုန်ညှင်း၊မုန်လာဥနီ၊
Baby corn ၊ ပန်းသီး၊ပန်းသစ်တော်၊
စပျစ်သီးအစေ့ထုတ်၊ ငှက်ပျောသီး၊
နွေရာသီကျရင် ဖရဲသီးလေးတွေ ကျွေးလို့ရ
အချိုဓာတ်ပါတဲ့ အသီးအနှံတွေကတော့
ပမာဏနည်းနည်းဘဲကျွေးပါ 🍎🍉🍌
မကျွေးတာက
ဂေါ်ဖီထုပ် ၊ ကန်စွန်းရွက် ၊ ခရမ်းချဉ်သီး
အဲ့တာတွေကျွေးရင် ဝမ်းပျက်လွယ်ပြီး
ရှူးပေါက်ရင်လည်း တအားနံလို့ မကျွေးတာပါ
မတည့်တဲ့အသီး တွေက
အချဉ်ဓာတ်လွန်ကဲလွန်းအသီးတွေနဲ့ ထောပတ်သီး
အရွယ်ရောက်ပြီးသား ယုန်လေးတစ်ကောင်ဆိုရင်
အစာကျွေးပုံ ၁၀၀ ရာခိုင်နှုန်းမှာ
မြက်ခြောက်ကို ၈၀ ရာခိုင်နှုန်း အဓိကထားကျွေးပါ
အသီးအရွက်လေးတွေက ၁၀ ရာခိုင်နှုန်း
အစာခြောက်က ၅ ရာခိုင်နှုန်း
Healthy ဖြစ်စေတဲ့ treat လေးတွေက ၅ ရာခိုင်နှုန်း
Healthy ဖြစ်စေတဲ့ treat လေးတွေဆိုတာ
Vitamin C , Skin & coat အတွက်နဲ့
Digest (အစာကြေလွယ်စေတဲ့)
Tablet လေးတွေကို treat အနေနဲ့ ကျွေးလို့ရပါတယ်
မှတ်ချက် ။ ။ မြက်ခြောက်ကျွေးလျှင်
အသက် ၆ လ အောက် ကလေးတွေဆိုရင်
Alfafa Hay
အသက် ၆လ အထက် ကလေးတွေဆိုရင်
Timothy Hay ကျွေးပါ ❤️
ကြေငြာ ။ ။
ဘန်ဘန်လေးတွေ မွေးချင်တယ်ဆိုရင်တော့
တင်သမျှ ဘန်ဘန်လေးတွေတိုင်းက
ချစ်ဖို့ကောင်းပြီး အခုမှစမွေးမယ့်သူတွေအတွက်
သိလိုရာ အစုံမေးလို့ရအောင်
အထွေထွေဗဟုသုတကြွယ်ဝတဲ့
မင်မင့်ဆီမှာ ရွေးချယ်ပါ 😜❤️
ပုခုံးပေါ်တက်လာပြီး
လက်ညိုးလေးပေါ် မေးစေ့လေးလာတင်၊
သူ့လက်ကလေးနဲ့ ကိုယ့်လက်ညိုးကို
ပြန်ကိုင်ထားတယ် 🥺🫶
သားသားကိုသခင်တော်တော်ရှာပေးလိုက်ရတယ်
သခင်အသစ်ဆီမှာ ပျော်ရွှင်ပါစေ ကလေးရေ ❤️
ဟူးမန်းတို့ရေ
Car deli များ ဆီစျေးတက်တာနဲ့
ဆီရှားပါးမှုတို့ကြောင့်
ပုံမှန် Deli ခ တွေထက်
တစ်ထောင်စျေးပိုတက်ပါတယ်
ယခု Deli ခ များ
အောင်မဂ်လာ ဂိတ်တင် 4000
လှိုင်သာယာ ဂိတ်တင် 5500/6000
ဂိတ်တင်တွေက သွားတင်ရတာဝေးလို့
နေ့တိုင်းDeliမထွက်ပါ
၂၊ ၃ ရက်ခြား တစ်ခါ Way စုပြီးမှ
ဂိတ်တင် သွားပါ တယ် ။
ဒါကြောင့် နယ်ဝေး က ဟူးမန်းများ
ခဏစောင့်ပေးရပါတယ်
ငွေလွှဲဝင်ပြီး ၃ရက်အတွင်း ဂိတ်တင်ပေးပါတယ်
အင်းစိန် မဂ်လာဒုံ ရွှေပေါက်ကံ 5000
သဃ်န်းကျွန်း ရန်ကင်း တောင်ဥက္ကလာ 3000
ကျန်မြို့နယ်တွေ 4000
လှိုင်သာယာ နဲ့ ရွှေပြည်သာ
နေရာအနေအထားပေါ်မူတည်ပြီး
ကောက်ခံပါမယ်
အစာခြောက်သီးသန့်မှာယူသူများကိုတော့
အလျှင်မလိုရင် Deli ခ သက်သာအောင်
WePozt နဲ့အပ်ပေးပါမယ်
2,3 ရက်အတွင်းရောက်
Car deli ကတော့ နေ့ချင်းရောက်ပါတယ်
မှတ်ချက် ။ ။
YGN မြို့တွင်းကလူများ
တစ်နေကုန် အိမ်မှာရှိမှ မှာယူပေးပါ
Deli က ကိုယ့် တစ် way ထဲပို့ရတာမဟုတ်လို့
အချိန်အတိအကျ ကိုယ်လိုချင်တဲ့
အချိန်ပို့ခိုင်းလို့မရပါဘူးရှင်
အချိန်အတိအကျ လိုချင်ရင်
Grab Taxi နဲ့ပို့ပေးပါမယ်
Grab Taxi ခ ပေးရပါမယ်
ဆိုင်မဖွင့်ထားသေးလို့
Pick up service (အိမ်မှာလာယူတဲ့ service)
လုံးဝမရသေးပါရှင်
Deli နဲ့ ဘဲ အားပေးနိုင်ပါသေးတယ်
မွေးချင်တာ ဒါပေမယ့်
အိမ်မှာ ခွေးလေးတွေ ကြောင်လေးတွေရှိနေလို့
ဆိုတဲ့ ဟူးမန်းများအတွက် 🫶
ဆင်ခြေတွေမပေးနဲ့ ခုမွေး ခုမွေးပေး
ခုမွေးလို့ ….. 😾🩷
မင်မင့်အိမ်မှာလည်း ခွေး ၃ ကောင်ရှိ 🙄
သားသားတို့ အုပ်စုထဲမှာ
သားသားတစ်ယောက်ထဲ သခင်မရသေးဘဲ
ကျန်ခဲ့တယ် လိမ်လိမ်မာမာနေပါ့မယ် 🥺
ချစ်ပေးကြပါအုန်း 🖤
Dumbo လေးတွေလာမေးကြပေမယ့်
မဲတူးလေးမို့ မကြိုက်ကြဘူးတဲ့ 🥺
ဒီလောက် Gothic Style နဲ့ အထာကျတာကို 🖤
သားသားလေးမို့ ကြီးလာရင် အကြီးကြီး
ဖြစ်လာမှာ ချစ်ပေးကြပါဗျ 🫶
သားက အနက်ရောင်ဆိုပေမယ့်
အိမ်ကြွက်တွေနဲ့လည်း မတူပါဘူးဗျ
အိမ်ကြွက်တွေမှာက သားသားတို့လို
ဆင်နားရွက်လိုမျိုး နားရွက်
ကားကားဝိုင်းဝိုင်းကြီးတွေ မရှိပါဘူး ဗျ 🫶
မင်မင့်အိမ်ပေါက် ဘန်ဘန်ပေါက်
သမီးတော် ဂျစ်တူးး ကို
ဘယ်သူမွေးချင်လဲ ❤️
Guinea Pigs (ပူးပူးလေးတွေ)
မင်မင်တို့ဆီက Holland Lop လေးတွေ
ရှယ်လှကြောင်း အကြွားပို့စ် ❤️
မှတ်ချက် ။ ။ ကလေးက သူ့ဖေဖေအသစ်ဆီတောင်
ရောက်သွားပြီ မင်မင်က မအားလို့ ခုမှကြွားရတယ်
မျက်လုံးလေးက အပြင်မှာ
သေချာကြည့်ရင် အရမ်းလှ အစိမ်းရောင်လေး 👁️
မေးသမျှ စိုးအောက်နေလို့
စိတ်ကောက်နေတဲ့ ဟူးမန်းတွေရှိလား 🥺👉👈
စိတ်မကောက်နဲ့နော် 💗
Newfeed မှာ ဒီပုံလေးတက်လာရင်
ဒီခေးလေးတွေနဲ့ ရေစက်ပါတယ်လို့မှတ် 😛❤️
ဒီချစ်မွှေးလေးတွေအတွက်
Home Sweet Home 🏠 လေး
ရှာပေးနေဆဲပါ ❤️
အိမ်ခေါ်ချင်တဲ့သူများ ရှိပါသလားရှင့် 👀
မနေ့က ပုံ့ပုံ့လေး ရဲ့ သခင်ဖြစ်သွားသူ Sis lay 🥰
ပူးပူးလေးထဲ ဒါလေးရှိသေးတယ်
Black face (ပေါင်ချိန် ) လေးနဲ့ Tri colour လေး
အရောင်လေးက အနက်ပါလို့ မှောင်မနေဘဲ
အပြင်မှာစိုစိုတောက်တောက်လေးမို့
ချစ်ပေးကြပါအုန်း သားသားလေးကိုလည်း 🥺🫶
ဂျစ်ကန်ကန်နဲ့ ဆိုးတတ်တဲ့ ကောင်မလေးမို့
ဆိုးသမျှ သည်းခံပေးပြီး
ချစ်တတ်တဲ့ ဟူးမန်းတစ်ယောက်လောက်
ဒို့ကိုမွေးချားပါလား 🥺👉👈
အကယ်လို့ သူလေးကို မွေးဖြစ်ခဲ့ရင်
ပုံ့ပုံ့ လို့ နာမည်လေးပေး 🥺🫶
အဲ့နာမည်လေးနဲ့လိုက်တယ် 🩷
ဝဝတုတ်တုတ်ချောကလက်ဖိုးဝရုပ်
ဒန်တန်တန် 🤭❤️
Holland Lop ကာလာဆန်း၊ကာလာလှလေးတွေရော
ရုပ်ထွက်လှလေးတွေရော အစုံဘဲ
ဒီနေ့ youk ထားပါတယ် 🥰
ရှောက်သီးဆေးပြားစားကြပါအုန်း 😂🤣
စတာ ယုန် 💩 လေးတွေပါ
နံလားနံလားမေးနေတဲ့သူတွေအတွက်
လက်နဲ့တောင်ကောက်လို့ရပါတယ်လို့ 😅
Dumbo Rat သားသားလေးနှစ်ကောင်ဘဲကျန် 🐭
အထီးလေးတွေက အမလေးတွေထက်
ပိုထွားတယ်ရော 👀🖤
နောက်ဆုံးကလိုအယ်စာတုံးကြီးထိကြီးတယ် 🫢
ဟူးမန်းက ဓာတ်ပုံ ရို (က်) ဖို့ ခေါ်လာသော်လည်း
မိမိမှာ စောင်ပျင်းတစ်နေသောအခါ
ဒီဇင်ဘာလကုန်မှ ငါ့ကိုနှိုးပါ 🐭
ဇေးကို တစ်သောင်းလောက်ဆစ်ချတတ်တဲ့
သူတွေကိုလည်း တော်တော်အံ့ဩတယ်နော်
အဝတ်အစား အစားအသောက်
ဝယ်ရင်တောင် အဲ့လောက်လျှော့ခိုင်းလို့ရလို့လား
တိလေးတွေဆိုတာ နေ့တိုင်း အစာစား
အီးပါရှုးပေါက်လုပ်နေတာ
အစာစရိတ်ရှိတယ် သန့်ရှင်းရေးစရိတ်ရှိတယ်
ပစ္စည်းတွေလို ဂိုဒေါင်ထဲ ထည့်သိမ်းထားရတာ
မဟုတ်ဘူး
ကုန်စျေးနှုန်းတွေတက်တဲ့အထဲမှာ
တိ အစာခြောက်တွေလည်း တက်တယ်နော်
အရင်က ၄၀၀၀၀ ကျော်တန် အစာအိတ်ကြီးက
အခု ၁သိန်းနားကပ်နေပြီ ဒါတောင်
ဇေးအပေါဆုံး တံဆိပ် နော် 🫢
အရမ်း ကပ်စေးနဲနေရင်လည်း
ဘာမှမမွေးဖို့ဘဲ အကြံပြုချင်တယ်
အမြတ်လိုချင်လို့ ရောင်းတာ
ယူတို့ကို တစ်သောင်းလျှော့ပေးတော့
မင်မင်က ဘာစားရတော့မှာလဲ 🫠
မင်မင်တို့ပစ္စည်းတွေဝယ်ရင်တောင်
သိန်း ၃၀၊၄၀ ဖိုး ဘယ်သူ့မှ ၂၀၀၊၃၀၀
အစွန်းထွက်တောင်မလျှော့ပေးဘူး
ယူ တို့က ဝယ်တော့ဖြင့်
Total 40000 ထဲကို တစ်သောင်းလျှော့ခိုင်းတော့
ဘာတွေမျှော်လင့်နေတာလဲ 🤥
မနောပျက်တယ်နော် တချို့ဟူးမန်းတွေကို 🙄
မိမိလိုချင်တဲ့အရောင် ကြိုတင်မှာထားတဲ့သူ
ရသွားတာလေးပါ 🐭
ရတာနဲ့အကြောင်းကြားပေးတယ် 🐭
စိတ်ရှည်ရှည်နဲ့တော့ စောင့်ရတယ်
ရရင်လည်း လုံးဝ ရုပ်ထွက်လှလှလေးရတာ 💗
ခဏခဏ သားမ ဖော (က်) လို့
ခဏခဏမရဘူး
ဒါကြောင့် မိခင်က အားအင်ပြည့်ဝပြီး
မွေးလာတဲ့ ပူတူးတူးလေးတွေက
စုပ်ချွန်းချွန်း ပိန်ပိန်လေးတွေ ဖြစ်မနေတာ
ခြေတုတ် လက်တုတ် မျက်နှာပြည့်ပြည့်
ဝကစ်တုတ်လေးတွေချည်းဘဲ 🥰
Dumbo Rat - အူကြောင်ကြွက်
Dumbo Rat လေးတွေ မျှော်နေတဲ့သူရှိလား 🤫🖤
ပွီပွီပွီ 🐹
မင်မင့်ဆီက small pet လေးတွေထဲမှာ
ရေချိုးပေးလို့ရတာဆိုရင် ပူးလေးတွေရှိမယ် 🛁
မင်မင်ကတော့ shampoo အပျော့ Baby Mild လေးနဲ့
ချိုးပေးတယ် 💦
သူတို့ အရေပြားလေးတွေကနုတော့
တခြား ခွေး shampoo ၊ လူ shampoo တွေ
သုံးလို့မရဘူးနော်
ရေလည်း ခဏခဏတော့ မချိုးပေးရဘူးနော်
အကြာကြီးနေလို့ အရမ်းညစ်ပတ်နေမှ
တစ်ခါချိုးပေးရတာပါ 🫶
ယုန်လေးတွေကိုဘဲ ဝိုင်းချစ်မနေကြနဲ့အုန်း
ပူးပူးတို့ကိုလည်း ချစ်ပေးပါအုန်း 🥺🩷
ယုန်လေးတွေကတော့ လက်ရှိကု(န်)ပါပြီ
ပူးပူးလေးတွေတော့ ချစ်မွှေးလေးတွေ
ကျန်သေးတယ်နော် 🫶🫰
ပူးပူးတွေရဲ့ ထူးခြားချက်က
အစာကိုအော်ပြီးတောင်းချားတတ်တဲ့
သတောင်းချား အဲလေ….😂
အချားတလိုင်း - Foodie လေးတွေမို့လို့
ဝါသနာတူရင် ဝက်ပေါက်လေးတွေကို
အိမ်ခေါ်လိုက်တော့ 🤭💞
ချစ်စရာပုံလေးတွေနဲ့ feedback လေး
ပြန်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ရှင် 🩷🫰
သေချာမွေးမယ့် ချစ်ပေးမယ့်သူတွေဆီဘဲ
ရောက်ကြလို့ ပီတိဖြစ်ရပါတယ် 🫶
သင်သိပါသလား ?
ယုန်လေးတွေက အတောင်ပံလည်းမပါဘဲ
ပျံတတ်တယ်ဆိုတာ 😂
မိမိကို မင်မင်က နားအထောင်မျိုးဆိုပြီး
ပြောထားသော်လည်း မိမိနားမှာအမွှေးထူလွန်းလို့
ဝိတ်လေးပြီး ကျသွားသောအခါ 😂
Surprise Human 😂 ချစ်စရာလေးးး
Today ✌️ Traveling & Rehoming 🚌❤️
မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် 🩷
ကလေးတွေကို တခဲနက် ချစ်ပေးကြတဲ့အတွက်
ကျေးဇူးများကြီးတင်ပါတယ်ရှင် 💞
မင်မင်က ရန်ကုန်ကပါ 😍🫰
Feedback လေးတဖြတ်
အားတုန်းလေးလာတင် 🥺🫶
မင်မင်စာမပြန်တာဘဲ ယူတို့ သိတယ်
တစ်မိနစ်ကို စာဆယ်စောင်နှုန်းဝင်နေတာကျ
ယူတို့မသိဘူး 😭
ဒီနေ့တော့ မနက်ဖြန်နယ်ဝေးတွေပို့ဖို့
အော်ဒါတွေပြင်ပြီး နားတော့မယ်ရှင့် 😴
မနက်ဖြန် စာလေးတွေ ဆက်ပြန်ပေးထားပါမယ် 🩷
"မွေးနေ့လက်ဆောင်ပေးတာ
bunny လေးလိုချင်တယ်လို့ပြောဖူးလို့
birthday တုန်းကမပေးလိုက်ရလို့🐰💕” ဆိုပြီး
ချစ်ဖို့ကောင်းတဲ့ ဘန်ဘန်လေးကို
Surprise Gift လေးရထားပါတယ်
sis လေးရေ 🤭🩷
Holland Lop လေးတွေ အကုန်ပြောင်ပါပြီရှင့် 🥺
မရလိုက်တဲ့သူတွေအတွက်
ဒီလကုန် ရင် ထက်ရောက်မယ့် အသုတ်ထဲက
ရနိုင်မယ့် ကာလာ ခန့်မှန်းခြေလေးတွေပါ 🙄🤫
သိပ်တော့မသေချာသေးဘူးနော်
ရောက်မှ colour confirm ပေးမယ် 🤭🩷
အိပ်ချင်လိုက်တာကွာ….
သခင်ကလည်းမျှော်နေတာကို
ဘူ့မှလည်းလာမခေါ်သေးဘူး 😴
Netherland Dwarf
Lazy bone (ငပျင်းလေး)
ဆံပင်အလယ်ခွဲ အမွှေးရှည် မယ့် ပူးပူးလေးတွေ
အသစ်ထက်ရတာလေးတွေပါ 🐹❤️🔥
မင်မင့်ဆီက ကလေးတွေက ရှယ်လှတာ
ပုံလေးတွေကြည့်ရုံနဲ့သိမှာပါ 🥺🫶
နောက်ဆုံးမှာကြီးလာရင်
ဖြစ်မယ့်ပုံလေးလည်းပြပေးထားပါတယ်ရှင့် 🩷
ရောက်လာရင် မွှေးမွှေးလေးဖြစ်အောင်
Dry shampoo နဲ့ Spa
FOC လုပ်ပေးလိုက်ပါမယ် 🫶🩷
ဒါကြောင့် ဇေးမဆစ်ပါနဲ့ 🥹
ဖယ်ခိုင်း ချန်ခိုင်းထားခြင်းလည်း သည်းခံပါ
နေရာကြပ်နေလို့ပါ 🥺🥹
Reply လေးတွေလည်း ခဏစောင့်ပေးပါနော်
စာတွေအရမ်းအဝင်များနေလို့ပါ 🥺🫶
ကာကာ - မင်မင်ဒီကောင်လေး Video ပြပေးပါလား
မင်မင် - ဟုတ် ပြပေးမယ်နော်
ပူးပူး - နင်တို့စောင်လုပ်ချည်းဘဲ 😒
မျက်စောင်းထိုး 🤣🤌
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
7777
Opening Hours
Monday | 09:00 - 21:00 |
Tuesday | 09:00 - 21:00 |
Wednesday | 09:00 - 23:00 |
Thursday | 09:00 - 23:00 |
Saturday | 09:00 - 23:00 |
Sunday | 09:00 - 23:00 |
ဆိုင်လိပ်စာ : မရမ်းကုန်းမြို့နယ် 9 မိုင် , � မီးပွိုင်အနီး Ocean အပေါ်ရှိ Taw Win Thiri Condo
Yangon, 11011
Pet Food & Accessories
Yangon
This is Mo Mo pet food store. You all can buy pet food and accessories here. If you have any questions, you can ask from messenger or on phone. Thank you so much for your purchase....
အမှတ်(၇၄)၊ဥဿဖျားလမ်း၊ (၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ရန်ကုန်။
Yangon, 11421
Pet ချစ်သူများအားလုံးအတွက် Happy Dog Land-Myanmar က အသင့်ရှိနေပါတယ်။ ( Import pets from foreign Count