ပီတိ-PiTi
ကျွန်းနက်ဆင်းတုတော်/ကျွန်းနက်ပုတီး နှင့် ပန်းပုလက်ရာကောင်းများကို မှာယူပင့်ဆောင်နိုင်ပါတယ်
2024 .9.14 ရက်မှစတင်ပြီး ကျွန်တော့ pageမှာရော အကောင့်မှာရော အော်များလက်ခံခြင်းကိုရပ်တန့်လိုက်ပါပြီဗျ ဘာတွေလုပ်နေတယ်ဆိုတော့ အမြဲတင်အုံးမှာပါ🙏🙏
အဆင်မပြေတာတွေအများကြီးကြုံရတာတွေကို ပြန်သုံးသပ်ကြည့်ပါတယ်
ကျွန်တော့ရဲ့ management ပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိ့နေတာကိုသိ့ရတယ့်အတွက် ပြန်လည်ပြင်ဆင်ပြီး မှသာ လာပါတော့မယ် 🙏
လက်ခံပြီးသားပုံတော်များကိုတော့်တစ်ခုခြင်းပြီးစီးအောင်ဆောင်ရွက်သွားပါမယ်...
လက်ခံထားတဲ့
@ဆရာဘုန်းမြတ်မင်း 🙏
Khin Khin Ka 🙏🙏🙏
Kant
Myat Pyae Sone
Aungmyat
@ကံတရားစေရာ
Lee Lee San 🙏🙏🙏
@အကြည်တော်
Soe Ngal
တို့ရဲ့ ပုံတော်များသာပြိီးစီးအောင်ဆောက်ရွက်ပေးပါမယ်ဗျ🙏🙏
မရည်ရွယ်ဘဲတစ်စုံတစ်ယောက်အပေါ မှားတာရှိ့ခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါဗျ
ခင်မင်ရတယ့်မိတ်ဆွေများနှင့် ဖောက်သည်းများလည်း ပုံမှန်အတိုင်းဘဲပြောဆိုဆက်သွယ်နိုင်ပါတယ်ဗျ🙏🙏🙏
09652300069☎
တောင်ဒဂုံ ၁၀၄ ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း ၆၁၁
မဂ်လာပါဗျ🙏🙏🙏
ဇမ္ဗူပတိ့ဆင်းတုတော်အား မ နွယ်စိုးအား ကုသိုလ်ဖြစ်ရောင်းချပေးလိုက်ပါပြီဗျ...
လက်ရှိ့ဆင်းတုတော် အပြင် ဓမ္မာစကြာ ၇လက်မတစ်ဆူကိုလည်း မေတ္တာလက်ဆောင်အနေဖြင့်ပြုလုပ်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဗျ🙏
လိုအပ်ချက်လေးအနည်းငယ်ရှိ့သွားသောကြောင့် ကျနော်မကြီး လက်ဆောင်လေးအပိုတောင်းတာခံခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံဆောင်ရွက်ပေးလိုက်ပါမယ်ဗျ
Rion accမှအကို စမ်းချောင်းမြို့နယ်ကနေယုံကြည်စွာမှာယူအားသွားတဲ့အကိုရေ ကျေးဇူးအထူးတင်ပါတယ်ဗျ🙏🙏🙏
#ပုံတော်လေးကြွမြန်းလာတဲ့နေ့မှစတင်ပြီးကျက်သရေမဂ်လာအပေါင်းနှင့်ခညောင်းပါစေဗျ🙏
#ဓမ္မာစကြ်ာ၁၈လက်မ ဆင်းတုတော်လေးဖြစ်ပါတယ် လက်ရာပိုင်းအတက်နိုင်ဆုံးဦးစားပေးဖန်တီးထားပါတယ်ဗျ....
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
ဆက်သွယ်ရန်👇👇
09652300069☎
တောင်ဒဂုံ / (104) ရပ်ကွပ် ရွှေတစ်ဆုပ်လမ်း / အမှတ်၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ် 🙏
#ပီတိpiti
#ဖောက်သည်စျေးဖြင့်အဆင်ပြေအောင်ရောင်းချပေးတာမို့လာရောက်ဆက်သွယ်နိုင်ပါတယ်
#ပန်းပု
#နမ့်စမ်ဘက်ကနေ ပုံပြအပ်တယ့်မဟာမြတ်မုနိ့အပ်ထည်လေး
ဒီpage မှာမတင်ရသေးတော့ အခုမှပုံဟောင်းလေးပြန်တင်ပေးလိုက်ပါတယ်🤗🤗
#ယနေ့ချိန်ထိ့ယုံကြည်စွာဖြင့်orderမှာယူကြာသော်ထမင်းရှင်ကျေးဇူးရှင်အပေါင်းစိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေဗျ🙏🙏
လက်ခံလေးတွေတွေများနေတာနဲ့ page မှာ စာပြန်နောက်ကျတာတွေရှိ့ခဲ့ရင်နားလည်ပေကြပါအုံးဗျ 🙏🙏
ဆက်သွယ်ရန်👇👇👇
09652300069☎☎
09677861358☎☎
တောင်ဒဂုံ (၁၀၄) ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း /အမှတ် ၆၁၁
#မဟာမြတ်မုနိ
#သစ်သားပန်းပု
#ကျွန်းနက်
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
ရာဇမုနိ့ပုံတော်အကြမ်းထည် ကိုယ်တော်ပေါလာပါပြီ🙏
ဘဝ- တဲ့
ဒါရိုက်တာအကြိုက်ရွေးပြီးတော့ တည်းဖြတ်ပြင်ဆင်ထားတဲ့ CD ချပ် တခုမဟုတ်သလို၊ အနိုင်နှင့် အရှုံးကို စည်းခြား သတ်မှတ်ထားတဲ့ ပြိုင်ပွဲလည်း မဟုတ်ပါဘူး။
သို့သော်..
အနိုင်ရှိသလို အရှုံးလည်းရှိတယ်။ အတက်ရှိသလို အကျလည်းရှိတယ်။
တခါတရံမှာ စည်ပင်နေမယ်၊ တခါတရံမှာ အထီးကျန်နေမယ်။
အခွင့်အရေးဆိုတာ မွေးရာပါ မဟုတ်တဲ့အတွက်၊
ကြိုးစားနေရမယ်...
လှုပ်ရှားနေရမယ်...
ရုန်းကန်နေရမယ်...
ကြိုးစားနေရင် တိုးပွားနေမယ်။ လှုပ်ရှားနေရင် သစ်လွင်နေမယ်။ ရုန်းကန်နေရင် လွတ်လပ်နေမယ်။
#စီအာဒီဘဘုန်းရေ
#လှပါပေ့ချောပါပေ့🤗🤗
#နဂါးမယ်တော်၂ပေအဂ်တေအပ်ထည်လေးနန်းသို့ကြွရန်အဆင်သင့်ဖြစ်ပြီ
အကြိုက်ခြင်းတူခဲ့ရင် like and share လေးလုပ်ပြီး မျှဝေနိုင်ပါတယ်..
သစ်သားပန်းပု မြန်မာမှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိ့ပါတယ်ဗျ...
လက်ရာပိုင်း ယုံကြည်စိတ်ချစွာဖြင့်မှာယူလိုပါက ကျွန်တော်တို့ #ပီတိpitiမိ့သားစုမှစျေးနှုန်းသက်သာပြီးလက်ရာသေသပ် ဖြစ်စေရပါမယ်🤗🤗...
ဆက်သွယ်ရန်
09652300069☎
09677861358☎
အမှတ်(၆၁၁) တောင်ဒဂုံ ၁၀၄ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
#ပီတိpiti
#နဂါးမယ်တော်
တချို့ customer တွေကိုရက်ချိန်းနောက်ကျတာ အတွက်လည်းနားလည်ပေးစေချင်တယ်ဗျ....
အများနဲ့လုပ်ရတာမို့အလှည့်ကြလေးနဲ့ သွားပေးရတာပါဗျ🙏
လိုအပ်ချက်လေးတွေရှိတာလည်းသိ့ပါတယ်ဗျ ရက်ချိန်းနောက်ကျလို့ တချို့ကာကာတွေစိတ်ဆိုးသွားလို့ စရံငွေလေးလည်း ပြန်ပို့လိုက်ပါတယ်ဒီနေ့..🙏
ကျွန်တော့လုပ်ငန်း ကိုအပြင်နေရာလိပ်စာအတိ့ကျလည်းတင်ထားပါတယ် အချိန်မရွေးလာရောက်အပ်နှံနိုင်ပါတယ် တိုက်ရိုက်လည်း....
comments မှာ အခြေအမြစ်မရှိ့ ကလေးဆန်ဆန်စာသားတွေလိုက်မန့်ထားတာ မိ့နစ်၃၀လောက်မှ မြင်လို့ဖျတ်လိုက်ရတယ်...
အထင်လွဲမှားမှုလေးတွေမဖြစ်ရအောင်ပါ .....
🙏🙏🙏
အရှင်ဘုရား🙏🙏🙏
#ဘိုးဘိုးအောင်ရွှေချထည်လေးရက်ချိန်လေးအမှီပြီးစီးခဲ့ပါပြီဗျ💪💪
၆လက်မ
ွှေချပေးထားပါတယ်ယုံကြည်စွာမှာယူတဲ့ အကိုလည်းလုပ်ငန်းကိုင်ငန်းများအဆင်ပြေချော့မွေ့အောင်မြင်ပါစေဗျ🙏
#ရက်ချိန်းအမှီပို့ပေးနိုင်ဖို့အချ်န်ပြည့်အလုပ်လုပ်ပေးနေပါတယ်ဗျ...
အားလုံးကျမ်းမာချမ်းသာကြပါစေဗျ🙏🙏🙏
ဆက်သွယ်ရန်
09652300069☎
09677861358☎..............
တောင်ဒဂုံ / (၁၀၄) ရပ်ကွပ် ရွှေတစ်ဆုပ်လမ်း အမှတ် ၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
#ပီတိpiti
#သစ်သားပန်းပု
#ဘိုးဘိုးအောင်
#ပုသိမ်သို့ပိုဆောင်ပြီးစီး🙏🙏🙏
#ယုံကြည်စွာအချိန်ပေးအပ်နှံသော Chit Pyo Wai အကောင့်မှ အကိုတော်ကိုလည်းကျေးဇူးအထူးတင်ရှိ့ပါတယ်ဗျ 🤗🤗
#စီပွားလာဘ်လာဘများပိုမိုပွင့်လန်းပြီးဂုဏ်သတင်းမွေးပျံကျော်ဇော်သော်ပုဂ္ဂိုလ်ထူးတစ်ဦုးဖြစ်ပါစေဗျ🙏🙏🙏
....
ဆက်သွယ်ရန်
09652300069☎
09677861358☎
တောင်ဒဂုံ / (၁၀၄) ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း အမှတ် ၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
#ပီတိpiti
မနက်ဖြန်အမှီပို့ရမယ့်ပုံလေးတွေအတွက် အချိန်ပေးရလို့လိုင်းတောင်မတက်ဖြစ်ဘူးဗျ...
အကုန်လက်စသိမ်း ပိုင်ရှင်များဆီ မနက်အရောက်အပ်ပါတော့မယ်ဗျ 🙏🙏🙏
account က restricted ဖြစ်နေလို့ live လွင့်မရ
page ကြတော့ခုနက live လွှင့်ဖို့ကြကြ နန ပြင်ဆင်ပြီးလို့ live ခလုပ်နှိပ်ကာမှ
ရက်၆၀မပြည့်သေးလို့လွှင့်မရပါတဲ့😞
video လေးဘဲတင်လိုက်တော့တယ်
#အဖြူထည်အဆင့်ပြီးစီးခြင်း🙏🙏
Final ပုံလေး ဒီနေ့ထပ်တင်ပေးပါမယ်ဗျ🙏🙏🙏
#လက်ရာပိုင်းလိုအပ်ချက်များမရှိ့စေရန်ဂရုစိုက်ကြိုးစားလျှက်ပါ🤗
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
#လူကြီးမင်းတို့စိတ်တိုင်းကျသည်အထိ့လက်ရာပိုင်းကိုအကောင်းဆုံးဖြစ်ဖို့ပီတိpitiမိ့သားစုမှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ🙏
ဆက်သွယ်ရန်👇👇👇
09652300069☎☎
09677861358☎☎
တောင်ဒဂုံ / ၁၀၄ ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း အမှတ် ၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ဖောက်သည်စျေးဖြင့်အဆင်ပြေအောင်ရောင်းချပေးတာမို့လာရောက်ဆက်သွယ်နိုင်ပါတယ်
#ပီတိpiti
Zay Yar Min ကအကောင့်က မပျက်ပါဘူးနာ် postတင်လို့မရတာတစ်ခုထဲပါ ပျက်သွားတယ်ထင်နေမှာဆိုးလို့ အလုပ်အပ်ထားတဲ့အကိုတွေအမတွေက 😶
မပျက်ပါဘူး
Zay Yar Min
အကောင့်မှာ restricted ဖြစ်သွားလို့
စက်တင်ဘာ၁၄ရက် ကြမှ postတွေအရင်လိုပြန်တင်နိုင်တော့မယ်ဗျ 😫
အကောင့်ကတော့သုံးလို့ရပါသေးတယ် ပြောစရာရှိ့ရင်
chat box မှာစကားပြောလို့ရပါသေးတယ်
😭
ဘာများလုပ်မိ့လို့လည်း မောင်မောင်ဇူးဇူး ရယ် 😭😭😭
#ကံမထူးလို့ပူဇော်ခွင့်မရလည်း
ဝယ်ယူပူဇော်နိုင်တယ်ဆိုတဲ့အကြောင်းလေး လာအသိ့ပေးတာပါဗျ😁😁
#ကျွန်းနက်သားစစ်စစ်ဖြင့်သာထုဆစ်ထားသောကြောင့်အသားမှန်ကန်မှုအတွက်အာမခံအပြည့်ပေးပါတယ်ဗျ🤗🤗💯
#တစ်ဆူ၂၅၀၀၀ကျပ်ဖြင့်သာပင့်ယူနိုင်ပါတယ်ဗျ...
#ဖောက်သည်စျေးဖြင့်အဆင်ပြေအောင်ရောင်းချပေးတာမို့လာရောက်ဆက်သွယ်နိုင်ပါတယ်🙏🙏🙏
ဆက်သွယ်ရန်👇👇👇
09652300069☎
09677861358☎....................................
တောင်ဒဂုံ (၁၀၄) / ရွှေတစ်ဆုပ်လမ်း / အမှတ် ၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ
#ပန်းပု
#ပီတိpiti
#ဓမ္မာစကြာတရားဥိီးဟော်တောမူသော်ပုံတော်လေးအကြမ်းထည်ပြီးခါနီးပါပြီဗျ🙏🙏🙏
#ကျွန်တော်တို့ပီတိpiti group မှလက်ရာပိုင်းကိုအမြဲဂရုစိုက်ဦးစားပေးဆောင်ရွက်ပေးနေပါတယ်ဗျ🤗🤗🤗
#အချိန်ပေးပြိီးစိတ်ရှည်စွာစောင့်ပေးတဲ့ချစ်ကိုကြီးလည်းကျမ်းမာချမ်းသာပါစေ🤗
အပြီးအစိီးလေးပီးတဲ့အခါကြ လက်ရာပိုင်းလာကြွားပါအုံးမယ် ပရိတ်သတ်တို့😁 🙏🙏🙏
#ဆင်းတုတော်များနှင့်နတ်ပုံတော်အမျိုးမျိုးတို့ကိုစိတ်တိုင်းအော်ဒါမှာယူနိုင်ပါတယ်ဗျ😊
ဆက်သွယ်ရန်👇👇
09652300069☎☎
တောင်ဒဂူု/(၁၀၄)ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း/အမှတ် ၆၁၁
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ပီတိpiti
#ပန်းပု
အလုပ်လေးနားပြီဗျ 🙏🙏🙏
#မဂ်လာရှိ့သောညချမ်းလေးကိုတစ်ဦးခြင်းစီပိုင်ဆိုင်ကြပါစေ🙏🙏🙏
လုပ်ငန်းခွင်အတွင်း မှတ်တမ်း🙏🙏🙏
Our work 💪💪
အကောင်းဆုံးဖြစ်ဖို့ #ပီတိPiTi မိ့သားစုမှ အမြဲ ဂရုစိုက်ကြိုးစားပေးလျှက်ပါ 🙏🙏🙏
#မဂ်လာပါဗျ🙏🙏🙏
fan ရရှိ့နေကြသူများထဲမှ💎💎 ပထမဆုံး
၅ယောက်က်ို ၉လပိုင်း ၃၀ရက်နေ့ကြ ကြေညာပေးသွားမယ်ဗျ🙏🙏🙏
ကံထူးသူများဖြစ်ကြပါစေဗျ🙏🙏🙏....
#ဖောက်သည်တော်တစ်ယောက်အတွက်ပို့ဖြစ်ခဲ့တယ့်ဓမ္မာစကြာ၁၈လက်မ🙏🙏
အခုမှဘဲ ပုံတင်ဖြစ်တယ် မအားတာနဲ့...
ဖောက်သည်ပေးရတယ်ပုံဖြစ်ပေမယ့် လက်ရာပိုင်းကိုသေချာဂရုစိုက်ပေးထားပါတယ်....
#အမြဲအားပေးသောဖောက်သည်တော်ကြီးကိုလည်းကျေးဇူးအထူးတင်ရှိ့ပြီး
ရောင်းဝယ်ရေးတွေအဆင်ပြေချောမွေ့ပြီးစီပွားဥစ္စာဒီရေအလားတိုးတက်ပါစေဗျ🙏🙏🙏
အမြဲအားပေးကြသော fanလေးတွေတစ်ယောက်စီတိုင်းလည်းကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒများပြည့်စုံကြပါစေ🙏🙏🙏
#လက်ရာပိုင်နှစ်သက်လို့ဆက်သွယ်လိုပါက👇
09652300069☎☎
09677861358☎☎
တောင်ဒဂုံ ( ၁၀၄) ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း...
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ပီတိPiTipageလေးမှာfollowလုပ်ပြီးtopfanလုပ်ပီးဆင်းတုတော်များကံထူးပါ
#သစ်သားပန်းပု
#ကျွန်းနက်
#အောင်မြင်စွာပြီးစီးသွားပါပြီဗျ
သက်ဆိုင်ရာ အရပ်ဒေသသို့ ပို့ဆောင်ပေးပါတော့မယ်🙏🙏🙏
မျက်နှာတော်လေးတွေကို သဘောကြ ကြရဲ့လားဗျ😊
လက်ရာပိုင်းကို အချိန်ပေး ပြီးအသေးစိတ် ဂရုစိုက်ပြုလုပ်ပေးလိုက်ပါတယ်...
မှာယူလိုပါက 👇👇
09652300069
09677861358
တောင်ဒဂုံ (၁၀၄) / ရွှေတစ်ဆုပ်လမ်း
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
ေးမှာfollowလုပ်ပြီးtopfanလုပ်ပီးဆင်းတုတော်များကံထူးပါ
#ဘိုးဘိုးကြီး
#ပီတိ့piti
#သစ်သားပန်းပု
#မကြာမီတစ်မြို့တစ်ပါးကြွမြန်းတော့မည်ဘိုးဘိုးကြီး🙏🙏🙏
အဆင်တန်ဆာအပြည့်အစုံ သာလိုတော့သည်...
လာပါမည် မကြာမီ သားတပည့်များဆီ 🤗🤗
...................................
ဆက်သွယ်ရန် 👇👇👇
09652300069☎
09677861358☎
တောင်ဒဂုံ (၁၀၄) ရပ်ကွပ်/ ရွှေတစ်ဆုပ်လမ်း .......
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
#ပီတ်ိpiti
#သစ်သားပန်းပု
#ဘိုးဘိုးကြီး
accမှာ top fan list ထဲ followerအသစ်တွေကို
သုံးမကျွန်းနက်ဆင်းတုတော်တစ်ဆူဆီ အခမဲ့ပူဇော်ခွင့်လေးပေး
#ဒီလအတွက်ဒီတစ်သုတ်လှူဒါန်းမှုအတွက်ပြည့်ပါပြီ
အစကတော့၃ယောက်ဘဲခု၆ယောက်ဖြစ်သွားတယ်
၁၀ရက်လောက်တော့စောင့်ပေးရယ်နော်လူသစ်များ
ကျွန်ုပ်ရဲ့ အမာခံပရိသတ် အသစ်စက်စက်တွေကို ကျေးဇူးအထူးတင်ပါတယ်။ EiEicho Zarmani Zarmani Mg Lee Lee San ဝမ်းသာပါတယ်ဗျ top fan ဒီလအတွက် အသစ့်သုံးယောက် ဂတိ့အတိုင်းကျွန်းနက် ၃လက်မတစ်ဆူဆီ ပူဇော်ခွင့်ရရှိ့ပါတယ်နော်🤗🤗
#ရာဇမုနိ့ကိုယ်တော်မြတ်ကြီးအားလွန်ခဲ့တဲ့သုံးနှစ်လောက်ကတာဝန်ယူပြုလုပ်ပေးခဲ့တယ့်လက်ရာလေးပြန်မျှဝေ🙏
အဖြူထည်ပုံကတော့ လွန်ခဲ့၃နှစ်ကပုံလေး ဆေးချယ်ပြီး ဘုရားကျောင်းမှာအပူဇော်ခံပုံလေးကတော့လက်ရှိ့ပုံလေးပါဗျ ...
ပိုင်ရှင်ဦးလေးကြီးမှ ရိုက်ပေးလို့ အများဖူမျှော်နိုင်ရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်🤗🤗
လူကြီးမင်း တို့အ နေ နှင့် လက်ရာကောင်း စျေးနှုန်းမှန် တာဝန်ယူမှုတာဝန်ခံမှုရှိ့တယ် ပန်းပုဆရာရှာနေရင်တော့ #ပီတ်ိpiti ဆက်သွယ်လိုက်ပါဗျ 💯
#ဝါရင့်ပန်းပုဆရာကြီးများဖြင့်သာထုတ်လုပ်ဖန်တီးပေးတာမို့လက်ရာပိုင်းစိတ်တိုင်းမကျမခြင်းဂျီကျနိုင်ပါတယ်😊.................................................................
#အလုပ်အပ်ပါကစရံငွေလွှဲဝင်ပြီးမှcomfineဖြစ်ပါတယ်
ဆက်သွယ်ရန်👇👇
09652300069☎☎
တောင်ဒဂုံ (၁၀၄) ရပ်ကွပ် / ရွှေတစ်ဆုပ်လမ်း
#ပီတိpiti
#သစ်သားပန်းပု
#ကျွန်းနက်ရာဇမုနိ့
အရင်မှာယူသွားတော အကိုတစ်ယောက်ရဲ့အိမ်မှာကိုးကွယ်ထားပုံလေး🙏🏻🙏🏻
#မုဒြာအကြောင်းကုသိုလ်ယူမျှဝေပါတယ်
မုဒြာ ( ဗုဒ္ဓလက်တော်ဟန်များ )
---------------------------------------
သက္ကတဘာသာအားဖြင့်မုဒြာ ပါဠိဘာသာအားဖြင့် မုဒ္ဒ ဟူ၍ခေါ်သည်။
မုဒြာဆိုသည်မှာ အလွန်နက်နဲ့သိမ်မွေ့၍ အတွင်းငုပ်သော အနကျအဓိပ်ပါယျ သဘောတရားများကိုရည်ညွှန်းခြင်းဖြစ်ပေသည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသောသဘောတရားကို ဟန်အမူအရာပြထားခြင်းမျိုး ဖြစ်လေသည်။
(၁) ဗေဒင်ကျမ်းများဆိုင်ရာမုဒြာများ
(၂) တန္တရာယာနဆိုင်ရာ မုဒြာများ (၁၀၈) မျိုး
(၃) လောကီယ အနုပညာဆိုင်ရာ မုဒြာများ (၆၄)မျိုး
ဟူ၍ သုံးပိုင်း သုံးကဏ္ဍ ခွဲခြားထားသည်။
အသုံးအများဆုံး မုဒြာပေါင်း (၄၅)မျိုး
----------------------------------------------
၁။ အဉ်ဇလီ
၂။ ဝန္ဒနီ
၃။ ယောနိ
၄။ ဝနောယကီ
၅။ ဟဒယ
၆။ သိရသ
၇။ သိခါ
၈။ ကဝစ
၉။အသတွ
၁၀။ နေတ္တ (ဒွယ-တယ)
၁၁။ ဂရုဠ
၁၂။ ဂလိနီ
၁၃။ သုရသိ
၁၄။ အဘိဝါဟိနီ
၁၅။ ဌာပိနီ
၁၆။ သန္နိဓာပဏိ
၁၇။ သမ်မုနီ
၁၈။အဝကုဏ္ဍနီ
၁၉။ ဝါသာဒနိ
၂၀။ သန္နိရောဓိနီ
၂၁။ သင်္ခ
၂၂။ ဂဒါ
၂၃။ပဒုမ
၂၄။ ဖရသု
၂၅။ ဟရိဏ
၂၆။ အဘယ
၂၇။ဝရဒ
၂၈။ သူလ
၂၉။ ကပါလ
၃၀။စက်က
၃၁။ ပါဏဟုတိ
၃၂။ အပါန
၃၃။သမာန
၃၄။ ဥဒါန
၃၅။ ဗျာန
၃၆။သရ
၃၇။ စာပ
၃၈။ ကုမ်မ
၃၉။ ဇလ
၄၀။ ဂန္ဓ
၄၁။ ပုပ်ဖ
၄၂။ ဓူမ
၄၃။ ဒီပ
၄၄။ နိဝေဇ္ဇ
၄၅။ မစ်ဆ
( ပါမောက္ခပိုဒုဝါလ် )
မုဒြာပေါင်း ( ၅၇ ) မျိုးရှိပြီးထေရဝါဒဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ မုဒြာ ( ၂၄ )မျိုး ရှိပါတယ်
မုဒြာ ( ၅၇ ) မျိုး
-------------------
အဉ်ဇလီမုဒွာ - Anjali mudra
အဒ်ဓစန်ွဒဟတ်ထ - Ardha-chandra Hasta အဘယမုဒွာ - Abhaya Mudra
အာလိင်္ဂဟတ္ထ - Alinga Hasta
ဥတ္တရဗောဓိမုဒြာ- UttarabodhiMudra
ကစ်စဝလမ်ဗိတဟတ်ထ - Katyavalambita Hasta ကဋကဟတ်ထ - Kataka Hasta ကုသတိဏဟတ်ထ - Kusatrinahasta
ကရဏမုဒွာ - Karana Mudra
ကတိဟတ်ထ - Kati Hasta
ကုသတိဏဟတ်ထ -ကုသမုဒွာ - Kusa Hasta-Kusa Mudra
ကသေမဿုပဟာနမုဒွာ - Kesamassu pahana Mudra
ကသေဟတ်ထ - Kesa Hasta
ခပေနမုဒွာ - KhepanaMudra
ဂဒါဟတ်ထ - Gada Hasta
ဝဇဟတ်ထ - Gaja Hasta
စပဋေဒါနမုဒွာ - Capetadana Mudra
စိန်တမုဒွာ - Cin Mudra (CintaMudra)
စီဝရဟတ်ထ - Civara Hasta
စျာနမုဒြာ - Dhyana Mudra ညာဏမုဒြာ - Jnana Mudra
တဇ်ဇနီမုဒွာ - Tajjani Mudra( Tarjani )
တဇ်ဇနီပါသဟတ်ထ - Tajjani pasa hasta
တပ်ပနမုဒွာ - Tappana Mudra( Tarpana )
တိဏဟတ်ထ (တိဏကိရဏမုဒွာ) Trna Hasta ( trnakirana Mudra )
တွိပဋကဟတ်ထ - Tripataka Hasta
တိလောကဝိဇယမုဒြာ - Tailokyavijaya Mudra
ဒဏ္ဍဟတ္ထ - Danda Hasta
ဒမရဟတ်ထ - Damara Hasta
ဒါနမုဒွာ -Dana Mudra ဓမ်မစက်ကမုဒွာ - DharmacakraMudra
နမက်ကာရမုဒွာ - Namaskara Mudra နိဒွတဟတ်ထ - Nidrata Hasta
ပတ်တမုဒွာ - Patra Mudra
ပဒုမာဟတၳ - Padma Hasta
ပါဋိဟာရိယမုဒွာ -Pratiharya Mudra ပေါတ်ထကဟတ်ထ (လဉ်ဆကဟတ်ထ) Pustaka Hasta
ဗုဒ္ဓ သမဏမုဒြာ - Buddhasramana Mudra
ဗျာချာနမုဒြာ - VyakhyanaMudra
ဘူတဒါမရမုဒွာ - Bhutadamara Mudra
ဘူဖဿမုဒွာ (ဘူမိဖဿမုဒွာ) Bhuphassa Mudra ( Bhumisparsa Mudra ) မဟာဂရုဏာမုဒွာ - Maha karuna Mudra
ယောဂမုဒြာ - Yoga Mudra
လလိတခပေမုဒွာ - Lalitaksepa Mudra
လောလဟတ္ထ - Lola Hasta ဝဇီရာဟုင်္ကရမုဒြာ - VajrahumkaraMudra ဝန္ဒနီမုဒြာ - VandaniMudra
ဝရမုဒွာ (ဝရဒမုဒွာ) - Vara Mudra (Varada Mudra )
ဝိတက်ကမုဒွာ - Vitarka Mudra
ဝိမှယဟတ်ထ - Vismaya Hasta ဝနောယကိမုဒွာ - Vainayaki Mudra သန်တိဒမုဒွာ - Santida Mudra
သန္ဒဿနမုဒြာ - Sandassana Mudra (Samdarshana Mudra )
သဗ်ဗရာဇိန်ွဒမုဒွာ - SarvarajendraMudra
သမာဓိမုဒွာ ( သမာဟိတမုဒွာ) Samadhi Mudra ( Samahita Mudra )
သီဟကဏ္ဏမုဒြာ - Simhakarna Mudra
သူစိမုဒွာ - Suci Mudra
တရားဟော မုဒြာဟန်ပန်များထဲမှ မုဒြာ(၉)မျိုး
(၁) ဓမ်မစကွမုဒွာ
---------------
ဓမ္မစက္ကပဝတ္တနမုဒြာ ဟုလည်းကောင်း၊ ဗျာချာနမုဒြာ ဟုလည်းကောင်း ခေါ်သည်။
တရားဦးကိုဟောကြားနေဟန်ဖြစ်သည်။ တရားစက်ဝိုင်း လှည်းဘီးကို လှည့်တော့မည့်ဟန်မျိုး ဖြစ်သည်။
ဥတ္တရဗောဓိမုဒြာဟန်နှင့် ဆင်တူယိုးမှားဖြစ်သည်။
လက်ျာဘက်လက်မနှင့် လက်ညှိုးတို့ကို လက်ဝဲလက်မ လက်ညှိုးတို့နှင့် ထိထားကာ လက်ျာလက်က စက်ဝိုင်းလှည်းဘီးတခုကို လည်ပတ် လှည့်ပေးတော့မည့်ဟန်မျိုးဖြင့် ရှိသည်။ လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နားလောက်ရောက်အောင် မြှင့်တင်ထားသည်။ များသောအားဖြင့် လက်ဝဲလက်သည် လက်ျာလက်ကို ဖုံးအုပ်ထားလေ့ရှိသည်။
ဂေါတမမြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းများအား ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြးနေဟန် သရုပ်ဖေါ်ပြခြင်းဖြစ်သည်။ တရားဦးဟောဟန်ဖြစ်၍ အဦးအစမွန်မြတ်၍ မင်္ဂလာရှိသည်ဟု ယုံကြည်ကိုးကွယ်ကြသည်။
ကာလေန ဓမ္မသဝနမင်္ဂလာ၊ ဓမ္မေသု အပ္ပမာဒမင်္ဂလာ၊ ဓမ္မသာကစ္ဆာမင်္ဂလာ သောဝစဿတာမင်္ဂလာ၊ အရိယသစ္စာန ဒဿနမင်္ဂလာ၊ နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဖေါ် ပြထားခြင်း ဖြစ်ပေသည်။
ဝိမုတ္တိရသ၊ သန္တရသတို့ကို ပေါ်လွင်စေသည်။
ပညာပါရမီ၊ သစ္စာပါရမီ၊ ဝီရိယပါရမီ စခန်းများသို့ ညွှန်ပြထားခြင်း အနက်သဘောကိုဆောင်လေသည်။
ဓမ္မစကြမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်သူသည် တရားထူးကိုရရှိခြင်း၊ ဥာဏ်ပညာ ထွန်းကားတိုးတက်ခြင်း၊ အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း၊ ယုံမှားသံသယ ကင်းရှင်းခြင်း၊ သိဒ္ဓိ အမျိုးမျိုး ပြီးပြည့်စုံခြင်း၊ ရာထူးဌာနန္တရ တိုးတက်ကြီးပွားခြင်း၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသာခြင်း၊ ရန်သူများ၏ အကြံအစည် အဖျက်အဆီးတို့ကို လွှမ်းမိုးကျော်လွားနိုင်ခြင်း၊ တန်ခိုးအာဏာစက်ပြင်းပြခြင်း၊ တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းဂန်များ၌ အကျယ်တဝင့် ဖွင့်ဆိုထားလေသည်။
(၂) မဟာကရုဏာမုဒွာ
----------------------
လက်ဝဲလက်ကိုဖြစ်စေ၊ လက်ျာလက်ကိုဖြစ်စေ၊ ရင်ဘတ် သို့မဟုတ် ရင်အုံ အထက်ပိုင်းလောက်ဆီသို့ မြှောက်ချီထားကာ လက်ဝါးကိုအတွင်းဘက်သို့လှည့်၍ ရင်ဘတ် ရင်အုံ ပခုံးစပ်ကို ဖုံးအုပ်ဖိနှိပ်ပြထားသော ပုံမျိုးဖြစ်သည်။ သနားကရုဏာ ဖြစ်ခြင်းသဘောကို ပုံဆောင်ပြထားခြင်းဖြစ်သည်။ မြတ်စွာဘုရားပုံတော်တွင်တွေ့ရပါမူ မဟာကရုဏာတော်ရှင် ဖြစ်ကြောင်း ဖေါ်ပြလိုရင်းဖြစ်ပါသည်။
လက်ျာလက်က မဟာကရုဏာမုဒြာပြလျှင် လက်ဝဲလက်က ဘူမိဖဿမုဒြာဖြင့် ပြလေ့ရှိပါသည်။ မြတ်စွာဘုရားသခင်သည် သင်္ချေများစွာ ကမ္ဘာများစွာပတ်လုံး သတ္တဝါများအပေါ်၌ မဟာကရုဏာတော် ကြီးမားလှသဖြင့် ပါရမီတော်တို့ကို ဖြည့်ဆည်းခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း ဤသစ္စာစကားကို ပထဝီမြေကြီးက သက်သေအရာ၌ ရပ်တည်ပါစေသတည်း ဟူသော သစ္စာအဓိဌာန် ပြုတော်မူခန်းအတွက် ရည်စူးပူဇော်ထားခြင်း ဖြစ်ပါသည်။
ကရုဏာရသ၊ သန္တရသတို့ကို ပေါ်လွင်စေပါသည်။ ပညာပါရမီ၊ ခန္တီပါရမီ၊ မေတ္တာပါရမီ၊ သစ္စာပါရမီစခန်းများသို့ ရည်ညွှန်းပါသည်။
ဥာတကာနဉ္စ သင်္ဂဟမင်္ဂလာ၊ အပ္ပမာဒေါ စ ဓမ္မေသုမင်္ဂလာ၊ သမဏာနဉ္စ ဒဿနမင်္ဂလာ၊ ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိစသော မင်္ဂလာတရားတော်များကို ရည်ညွှန်းဖေါ်ဆောင်ထားပါသည်။
ဤမုဒြာကို မြတ်စွာဘုရားသည် တာဝတိ ံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းကြွတော်မူပုံများနှင့် ပူဆွေးဒုက္ခ သောကပရိဒေဝ ခံစားနေရသူများအား တရားဓမ္မ ဟောပြနေပုံများ စသည်တို့တွင် အများဆုံးတွေ့ရတတ်ပါသည်။
ဤ မဟာကရုဏာမုဒြာပုံတော်များကို ကိုးကွယ်ခြင်းအားဖြင့် ကယ်ဆယ်ကူညီ စောင်မသူများ ပေါ်ပေါက်လာခြင်း၊ စိုးရိမ်ငိုကြွေး ပူဆွေးမှုမှ လွတ်ငြိမ်းချမ်းသာရာရခြင်း၊ ရန်သူများကပင် မိမိအား သနားကြင်နာခွင့်လွှတ်လာခြင်း၊ ရန်ပြေမာန်ပြေဖြစ်ခြင်း၊ တရားတဘောင် အမှုအခင်းများ၌ အောင်နိုင်ခြင်း၊ မင်းအာဏာ တန်ခိုးတေဇော ကြီးမြင့်ထက်မြက်ခြင်း၊ ဘုန်းကြီးခြင်း၊ ကြည်ညိုလေးစားသူများခြင်း၊ မိမိအားချီးမြှင့် မြောက်စားမည့် ပုဂ္ဂိုလ်မြတ် ပေါ်ပေါက်လာခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုထားပါသည်။
(၃) စျာနမုဒြာ
----------
တရားအားထုတ်ဟန် (သို့မဟုတ်) စျာန်ဝင်စားဟန်ဖြစ်သည်။ ယောဂမုဒြာ ဟုလည်းခေါ်သည်။
လက်နှစ်ဖက်ကို ပေါင်ခွင်ပေါ်တွင် လက်ဝါးနှစ်ဖက်စလုံးလှန်၍ လက်ျာလက်ဝါးသည် လက်ဝဲလက်ဝါးပေါ်တွင်ထပ်ပြီးလျှင် မတောင့်မတင်းစေပဲ အကြောများကို လျှော့ထားကာ သက်သက်သာသာ တင်ထားသောပုံဟန်ဖြစ်သည်။ စျာန်ဝင်စားနေပုံ သမာဓိရနေပုံမျိုး ပေါ်လာအောင်စီရင်ထားသည်။ ဤပုံများတွင် တခါတရံ လက်မနှစ်ခု ထိပ်ချင်းတေ့ဆိုင်ထားခြင်း၊ကျန်လက်ချောင်းများ ဖြန့်တင်ထားခြင်းများကို တွေ့ရတတ်သည်။
တပေါစမင်္ဂလာ၊ ဗြဟ္မစရိယမင်္ဂလာ၊ အရိယသစ္စာနဒဿနမင်္ဂလာများကို ရည်ဆောင်ပုံဖေါ်ပြထားခြင်းဖြစ်သည်။
သန္တရသနှင့် ဝိမုတ္တိရသတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းပေသည်။
ဗောဓိပက္ခိယ တရားများအနက် စျာန်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားသည်ဟု အဆိုရှိသည်။ သမထလုပ်ငန်း အကျင့်စခန်းကို ညွှန်ပြလျက်ရှိပေသည်။
စျာနမုဒြာပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူသည် တည်ကြည်ငြိမ်သက်ခြင်း၊ ဓါတ်သဘော အပြည့်အဝရရှိခြင်း၊ စိတ်ဝေဒနာ သောကပရိဒေဝ ကင်းငြိမ်းခြင်း၊ ဥာဏ်ပညာ တိုးတက်ပွင့်လင်းခြင်း၊ တရားထူးကို ရလွယ်ခြင်း၊ သမထပေါက်လွယ်ခြင်း၊ ထွက်ရပ်ပေါက်လွယ်ခြင်း၊ သိဒ္ဓိပြီးခြင်း၊ မကောင်းကျိုးဟူသမျှ လောင်ကျွမ်းချုပ်ငြိမ်းသွားခြင်းစသောအကျိုးထူးများရနိုင်ကြောင်းဖြင့် ဝဇီရာယာနကျမ်းဂန်များ၌ ဖွင့်ဆိုထားပေသည်။
(၄) ဥာဏမုဒွာ
------------
လက်နှစ်ဖက်စလုံးကို နှလုံးသားတည်ရာ ရင်ဘတ်ဆီသို့ မြှောက်ချီကာ လက်ဝါးများကို ရင်ဘတ်ဖက်သို့ လှည့်ထားပြီးလျှင် လက်မနှင့် လက်ခလယ်တို့ကို ထိ၍ထားသော လက်ဟန်အနေအထား ဖြစ်သည်။
အသိဥာဏ်ပညာ ဗောဓိဥာဏ်၊ သဗ္ဗညုတဥာဏ်၊ သစ္စဥာဏ်၊ ကိစ္စဥာဏ်၊ ကတဥာဏ်တည်းဟူသော သဘောတရားများကို ညွှန်ကြားဟောပြလိုသော အနက်အဓိပ္ပာယ်ကို ဆောင်ပေသည်။
အချို့ပညာရှိများ၏ အလိုအရ ဤမုဒြာသည် ဓမ္မစက္ကပဝတ္တနမုဒြာ တမျိုးပင်ဖြစ်သည်ဟု ဆိုသည်။
ဗာဟုသစ္စမင်္ဂလာ၊ သိပ္ပမင်္ဂလာ၊ အတ္တသမာပဏီဓိမင်္ဂလာများကို သဏ္ဌာန်ပုံဟန် ဆောင်ထားခြင်းဖြစ်ပေသည်။
အဗ္ဘုတရသနှင့် သန္တရသများကို ပေါ်လွင်ထင်ရှားစေသည်။
ပညာပါရမီကို အဓိကအားဖြင့် ရညျညှှနျးထားပသေညျ။ပဋိစ်စသမုပ်ပါဒျနှငျ့ ဗောဇ္စျင်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားလေသည်။
ဥာဏမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်ပါက အသိဥာဏ်ပညာ ပွင့်လင်းတိုးပွားခြင်း၊ တရားအဆင့်တက်ခြင်း၊ ပညာရှိဖြစ်ခြင်း အကျိုးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖေါ်ပြထားပေသည်။
(၅) ဝိတက်ကမုဒွာ
-------------
ကြံစည်ဟန် ဆွေးနွေးဟန်ဖြစ်သည်။
လက်ျာလက်မောင်းကို ကွေး၍ လက်ဝါးကို အပြင်ဘက်သို့ လှန်ပြထားကာ လက်ညှိုးနှင့်လက်သူကြွယ်တချောင်း ချောင်းကို လက်မထိပ်နှင့် ထိထားသည်။ ကျန်လက်ချောင်းများကို အပေါ်သို့ ထောင်ထားသောဟန် ဖြစ်သည်။ တြိပတက ဟတ္ထပုံတွင် လက်သူကြွယ်ကို လက်မဖြင့်ဖိထား၍ ကျန်သုံးချောင်းကို ထောင်ပြထားသည်ကို နှိုင်းယှဉ်ကြည့်သင့်သည်။
ဓမ္မေသု အပ္ပမာဒမင်္ဂလာ၊ ဓမ္မသာကစ္ဆာ မင်္ဂလာများကို သရုပ်ပြထားသည်။
အဗ္ဘုတရသ၊ သန္တရသ တို့ကို ပေါ်လွင်စေသည်။
စျာနပါရမီ၊ ပညာပါရမီ စခန်းများသို့ ညွှန်ပြရည်ဆောင်ပေသည်။
ဝိတက္ကမုဒြာ ပုံဟန်ဖြင့် ရုပ်ပွားဆင်းတုများကို ထုလုပ်စီရင် ကိုးကွယ်သောသူသည် အကြံအစည် ထိုးထွင်းအောင်မြင်ခြင်း၊ စိတ်ကူးဥာဏ် ဆန်းသစ်ပွင့်လင်းခြင်း၊ အဘိဓမ္မာ သဘာဝတရားကို ဟုတ်တိုင်းမှန်စွာ ပေါက်ရောက်သိမြင်ခြင်း၊ ဗဟုသုတ ကြွယ်ဝခြင်း၊ ဥာဏ်ပညာထက်မြက်ခြင်း၊ သမာဓိစျာန် အဘိညာဉ်ရရှိခြင်း၊ အယူဝါဒထူးခြား ဆန်းပြားချက်များကို သိရှိနားလည်ခြင်း၊ တီထွင်မှု အောင်မြင်ခြင်းစသော အကျိုးထူးများကို ရရှိနိုင်သည်ဟူ၍၄င်း၊ ဤမုဒြာဟန်ဖြင့် ရုပ်ပွားတော်ရှိသော ရပ်ရွာဒေသပြည်နယ်တွင် ပညာရှိသူတော်စင်များ ပေါ်ပေါက်ထွန်းကားတတ်သည်ဟူ၍၄င်း၊ ပဋိမာ သိပံ္ပကျမ်းများ၌ မြွက်ဆိုဖေါ်ပြ ထားလေသည်။
(၆) ဘူမိဖဿမုဒွာ
-----------------
မြေကြီးကို လက်များထိထားသောဟန်ဖြစ်သည်။ ဝသုန္ဓရီမြေကြီးကို သက်သေညွှန်းသောဟန် ဟူ၍လည်းခေါ်သည်။
လက်ျာလက်သည် လက်ျာဒူးမှ အောက်သို့တွဲလဲချ၍ထားသည်။ လက်ဝါးကို အတွင်းဘက်သို့ လှည့်ထားပြီးလျှင် လက်ချောင်းများ အားလုံးကိုဖြန့်၍ အောက်တည့်တည့်သို့ စိုက်ကာ ကြာပလ္လင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ ထိုင်ခုံတခုခုကိုဖြစ်စေ ထိထားသောဟန်ဖြစ်သည်။ လက်ဝဲလက်မှာ ပေါင်ခွင်ပေါ်တွင် လက်ဖဝါးလှန်၍ တင်ထားလေ့ရှိသည်။ လက်ျာလက်ဖမိုးကို မြင်ရသည်။ လက်ဝဲ လက်ဖဝါးကိုလည်း မြင်နိုင်သည်။
ဤမုဒြာ ဖြစ်ပေါ်လာရပုံမှာ ဂေါတမမြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ရောက်၍ အပရာဇိတပလ္လင်ထက်ဝယ် စံနေတော်မူစဉ် မာရ်နတ်သားက လာရောက်တိုက်ခိုက်လေသည်။ ထိုအခါ ဘုရားရှင်က ဝသုန္ဓရာပထဝီမြေကြီးကို သက်သေညွှန်းခြင်းဖြင့် မာရ် စစ်သည်အပေါင်းကို အောင်နိုင်တော်မူခဲ့လေသည်။ ဤအဖြစ်အပျက်ကိုစွဲ၍ မာရ်နတ်ကို အောင်မြင်တော်မူခန်းကို သရုပ်ဖေါ်ရာ၌ ဤမုဒြာကို တည်ထွင်ခဲ့သည်ဟု ရှေးဆိုရိုး ရှိခဲ့လေသည်။ ထို့ကြောင့် မြန်မာအနုပညာသဘင်တွင် ဝသုန် ဤမြေ သိကြားစေ သက်သေညွှန်းဟူ၍ စပ်ဆိုခဲ့ကြပါသည်။
တိဗက်မြန်မာ အယူအဆအရဆိုပါလျှင် ပထဝီမြေကြီးဓာတ်သည် မကုန်ခမ်းနိုင်သောသဘော၊ ခိုင်မာခက်ကျောသောသဘော၊ ထောက်ခံသောသဘော၊ ထိတွေ့ကိုင်တွယ်၍ ရနိုင်သောသဘောတည်း ဟူသော ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည်။ ထို ပထဝီမြေထုကို လက်ညွှန်ပြထားသော မုဒြာ၏ဆိုလိုရင်းမှာ ဤရုပ်ပွားတော်သည်လည်း အထက်ပါဂုဏ်ထူး ဝိသေသများနှင့် ပြည့်စုံတော်မူသော အက္ခောဘျ မြတ်စွာဘုရား စျာနိဗုဒ္ဓ၏ပုံတော် ဖြစ်သည်ဟူ၍ နိမိတ်ပြထားကြောင်း တိဗက်ဘာသာ ကျမ်းရင်းများ၌ မိန့်ဆိုထားလေသည်။
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသည် ဘူမိဖဿမုဒြာဟန် ဖြစ်ပေသည်။
ပုဗ္ဗေစ ကတပုညတာမင်္ဂလာ၊ အတ္တသမာပဏိဓိမင်္ဂလာ၊ ခန္တီမင်္ဂလာ၊ ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိမင်္ဂလာတို့ကို သရုပ်သဏ္ဌာန် ဆောင်ပြထားပေသည်။
သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ ဥပေက္ခာပါရမီ စခန်းမျာသို့ ညွှန်ပြသည်။
ဝီရရသ၊ အဗ္ဘုတရသ များကို ပေါ်လွင်စေသည်။
လောကီဂန္ဓာရီ အလိုအရမူကား -
ရန်သူတကာကို အောင်မြင်နိုင်ခြင်း၊ တရားအမှုတွင် မိမိဘက်မှ လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခြင်း၊ အစိမ်းသရဲ သင်းကွဲပြိတ္တာ နတ်မိစ္ဆာတို့၏ ပယောဂ နှောက်ယှက်မှုကို နှိမ်နင်းနိုင်ခြင်း၊ သေလုမျောပါးဖြစ်နေသော လူနာအား အသက်မသေ ဝေဒနာမှ ချမ်းသာရာရစေခြင်း၊ ဆင်ကြမ်း မြင်းကြမ်း နွားကြမ်း သူရဲကြမ်းတို့ကို အောင်နိုင်ခြင်း၊ မြို့ နယ် အိမ် မြေ ကျောင်းနေရာ စသည်တို့ကို ရှင်းလင်းခုတ်ထွင်ရာ၌ မြေကြမ်းကိုအောင်နိုင်ခြင်း၊ ရဲရင့်စေခြင်း၊ စစ်ထိုးစစ်ဆင် စစ်ချီရာ၌ ရန်သူတကာကို အောင်ပွဲရခြင်း၊ သုံ့ပန်းများကို အရှင်လတ်လတ် ဖမ်းဆီးရမိခြင်း၊ တနိုင်ငံလုံးကို စိုးမိုးလွှမ်းခြုံ၍ အာဏာတန်ခိုးထက်မြက်ခြင်း၊ ဘုန်းတန်ခိုး အာနုဘော်ကြီးခြင်း စသည့် အကျိုးထူးများကို မုချ အောင်မြင် ရရှိနိုင်ပေသည်။
(၇) ဝရဒမုဒွာ
----------
ကောင်းချီးပေးဟန်၊ ဆုပေးဟန်ဟုခေါ်သည်။
ဝရမုဒြာ၊ ဝရဒမုဒြာ၊ ဒါနမုဒြာ၊ ဝရဒဟတ္ထဟူ၍ ပရိယာယ်ပုဒ် အမျိုးမျိုးဖြင့် ခေါ်ဝေါ်တတ်ကြသည်။
လက်ျာဘက်လက်ကို အောက်သို့ချကာ လက်ဝါးကို အပြင်ဘက်လှည့်ပြီး လက်ချောင်းများကို ဖြန့်ချထားသောဟန်ဖြစ်သည်။ လက်ဝဲလက်ကို ပေါင်ခွင်ပေါ်တွင်တင်ထားသည်။
လိုသောဆုများနှင့် တလုံးတဝတည်း ပြည့်စုံကြပါစေဟု ဆိုလိုသော အနက်သဘောကို ဆောင်ပေသည်။ ထို့ကြောင့် ဆုတောင်းပြည့်ဘုရားများတွင် ဤ ဝရဒမုဒြာမျိုးကို တွေ့ရတတ်သည်။ သားဆုတောင်းလျှင် ရရှိနိုင်သည်ဟု ကိုးကွယ်ယုံကြည်ထားကြသော နတ်ဘုရား သိကြား စသည်များ၏ ရုပ်ပွားဆင်းတုတို့တွင် ဤမုဒြာကို တွေ့ရှိနိုင်ပေသည်။
ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ၊ ဒါနမင်္ဂလာ၊ ဥာတကာနံ သင်္ဂဟ မင်္ဂလာ၊ ပုတ္တဒါရဿ သင်္ဂဟ မင်္ဂလာများကို သရုပ်ဆောင်သည်။
ကရုဏာရသ၊ ဟဿရသတို့ကို ပေါ်လွင်စေသည်။
ဒါနပါရမီ၊ မေတ္တာပါရမီ စခန်းများသို့ ရည်ညွှန်းထားလေသည်။
ဝရဒမုဒြာပါရှိသော ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ်ပူဇော်သူသည် ကောင်းချီးမင်္ဂလာဆုလာဘ်များကို ရရှိခြင်း၊ ဆုတောင်းပြည့်ခြင်း၊ ဆန္ဒအတိုင်း ကိစ္စပြီးမြောက်ခြင်း၊ လိုအပ်ဆန္ဒတလုံးတဝတည်း ပြီးပြည့်စုံခြင်း၊ သားဆုကိုရရှိခြင်း၊ သစ္စာအဓိဌာန်ပြုရာ၌ ထိရောက်ခြင်း၊ဓါတ်သက်ဝင်ခြင်း၊ ဓါတ်စည်းခြင်း၊ ရာထူးဌာနန္တရ တိုးတက်ခြင်း၊ စည်းစိမ် တိုးပွားခြင်း၊ ကုန်ရောင်းကုန်ဝယ် မြတ်စွန်းခြင်း၊ ကစား လောင်းကစားရာ၌ အောင်နိုင်ခြင်း၊ စစ်ချီ စစ်တက်ရာ၌ အောင်မြင်ခြင်း၊ ပူဇော်သက္ကာရကို ရရှိခြင်း၊ လက်ဆောင်ပဏ္ဍာ ခွန်တုပ်များ ရရှိခြင်း၊ ခြွေရံသင်းပင်း ပေါများကြွယ်ဝခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာန ကျမ်းဂန်များ၌ ဖွင့်ဆိုထားပါသည်)
(၈) ဒါန မု မုဒြာ ( ဗုဒ္ဓလက်တော်ဟန်များ )
---------------------------------------
အလှူပေးဟန်ဟု ခေါ်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်နှင့် ဆင်တူဖြစ်သည်။
လက်ျာလက်ကို မြေကြီးသို့ အောက်စိုက်ချထားကာ လက်ဝါးကို အပြင်ဘက်သို့ ညွှန်၍ပြထားသည်။ လက်ချောင်းများကို ဖြန့်ပြထားပြီး တစုံတခု ပေးတော့မည့်ပုံဟန်ကို ဆောင်သည်။ ဘူမိဖဿမုဒြာနှင့် လက်ဝါးထားပုံ ပြောင်းပြန်ဖြစ်သည်။
အနှစ်သာရအားဖြင့် ဒါနမင်္ဂလာ၊ ပူဇာ စ ပူဇနေယျာနံ မင်္ဂလာများကို သရုပ်ဆောင်ထားခြင်းဖြစ်သည်။ ဒါနပါရမီစခန်းသို့ ညွှန်ပြလေ့ရှိသည်။ ဝီရရသ၊ သန ္တရသများကို ဖေါ်ဆောင်သည်။
ပုံစံအားဖြင့် ရတနသမ္ဘဝစျာနိ ဗုဒ္ဓဘုရားပုံတော်ကို ဤ ဒါနမုဒြာဖြင့် တွေ့ရတတ်သည်။ ဖူးမြော်လာသူအား ကိုးကွယ်လဲလျောင်း အားထားစရာ ရတနာသုံးပါးတည်းဟူသော ဘုရား တရား သံဃာ တို့ကို ပေးတော်မူ၏၊ ခံယူကိုးကွယ်ကြပါလော့ဟု တိုက်တွန်း သတိပေးသည့် အနက်အဓိပ္ပာယ်ကို ဆောင်ပေသည်။
ဒါနမုဒြာပါသော ရုပ်ပွားဆင်းတုကို ထုလုပ်ကိုးကွယ်သူသည် လာဘ်ရွှင်ခြင်း၊ ရွှေငွေ ဥစ္စာရတနာ ဆင် မြင်းစသော စီးပွားရေးတွင်အောင်မြင်ခြင်း၊ ကြွေးမြီဟောင်းကိုတောင်းခံရာ၌ လွယ်လင့်တကူ ရနိုင်ခြင်း၊ သူတပါးထံမှ လက်ဆောင်ပဏ္ဍာများကို ရရှိနိုင်ခြင်း၊ အခွန်တုတ်ပန္နာများ ပေါများကြွယ်ဝစွာ ရရှိနိုင်ခြင်း၊ တိုင်းပြည်နိုင်ငံအတွင်း ဆန်ရေစပါး ပေါများခြင်းစသော အကျိုးထူးများကို ခံစားရသည်ဟု တန္တရာယာနကျမ်း လောကီကျမ်းများ၌ ဖေါ်ပြထားပေသည်။
(၉) ဥတ္တရဗောဓိမုဒြာ
-------------------
အထွတ်အထိပ်သို့ ရောက်၍ ပွင့်တော်မူဟန်ဖြစ်သည်။
လက်ဝဲလက်ညှိုးနှင့် လက်မတို့ကို ထိထား၍၄င်း၊ လက်ျာလက်ညှိုးနှင့် လက်မတို့ကိုလည်း ထိထား၍၄င်း၊ နှလုံးသား ရှိလောက်ရာအရပ် ရင်ဘတ်ကို ထိလုနီးပါးမျှ ထောင်ပြထားသော လက်ဟန်အနေအထားမျိုး ဖြစ်သည်။ ကျန်လက်ချောင်းများကိုမူ အပေါ်သို့ ထောင်ထားသည်။
ဓမ္မစကြာမုဒြာပုံနှင့် ဆင်တူယိုးမှားဖြစ်သည်။ အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဆောင်ထားခြင်း ဖြစ်လေသည်။ ဝိမုတ္တိရသနှင့် သန္တရသတို့ကို ပေါ်လွင်ထင်ရှားစေသည်။
ပါရမီဆယ်ပါးတို့၏ ပြီးပြည့်စုံခြင်းကိုလည်း ညွှန်ပြထားခြင်းသဘော ရှိပေသည်။ ဗောဓိပက္ခိယတရား (၃၇)ပါးတို့၏ ပြီးဆုံးခြင်း အထွတ်အထိပ်သို့ ရောက်တော်မူခြင်းတို့ကို ညွှန်ပြသရုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု အချို့ပညာရှိကြီးများက မိန့်မှာခဲ့ကြသည်။
ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဥာဏ်ပညာကောင်းခြင်း၊ စာမေးပွဲ စာပြန်ပွဲတို့၌ အဖျက်အဆီး အဟန့်အတားမရှိ အောင်မြင်ခြင်းအကျိုးကို ရရှိနိုင်ကြောင်း တန္တရာယာနကျမ်းများ၌ ဖေါ်ပြပါရှိပါသည်။
အခြားမုဒြာအထူးများ
---------------------------
ဝဇီရာဂိုဏ်းသားတို့၏ ပူဇော်ခြင်းဆိုင်ရာ မန္တရား
အနလ မုဒြာ - မီးလျှံလက်ထားဟန် - ဥုမ် ဝဇီရာနလဟန္ဒဘ ပထမဘဉ္ဇန
ဟုမ်ဝဇီရာပါသ မုဒြာ - နှောင်ကြိုးတည်းထားဟန် - ဥုမ် ဝဇီရာပါသဟြိမ်ဝဇီရာပုပ္ဖ မုဒြာ - ပန်းလှူဟန် - ဥုမ် ဝဇီရာ ပုပ္ဖေ သွာဟာဝဇီရာဒီပ မုဒြာ - ဆီမီးပူဇော်ဟန် - ဥုမ်ဝဇီရာ ဒီပေ သွာဟာဝဇီရာအကုင်္သ မုဒြာ - ချွင်းတောင်းပုံဟန် - ဥုမ် ဝဇီရာ ကုသ ဇဝဇီရာနေဝေဇ္ဇ မုဒြာ - လှူဘွယ်ဝတ္ထုထည့်ထားသောအိုး - ဥုမ် ဝဇီရနေဝေဇ္ဇ သွာဟာဝဇီရာသမယ မုဒြာ - ခေါင်းလောင်းငယ်ကိုကိုင်ထားသောသိဒ္ဓိပြီးပုံ - ဥုမ် သဗ္ဗတထာဂတသိဒ္ဓိ ဝဇီရသမယ တိဋ္ဌဧသတ်တွံ ဓာရယာမိ ဝဇီရသတ်တွံ ဟိဟိ ဟိဟိ ဟုမီတိ ဝဇီရာဓူမ မုဒြာ - အမွှေးတိုင်လှူဟန် - ဥုမ် သဗ္ဗဝီတဝဇီရဓူမေ တြာမ်
ရုပ်ပွားဆင်းတုများရှိဤဒြပ်ရှိ မုဒြာများကို လေ့လာသုံးသပ်ဆင်ခြင်ကြည့်ပါက ထိုရုပ်ပွားတော်ကို ထုလုပ်စီရင်ထားသူ၏ဆိုလိုရင်းအနက်သဘော အဓိပ်ပါယျကို ဟုတ်တိုင်းမှန်စွာ သိရှိနားလည်နိုင်ပေသည်။
ယောဂီပုဂ္ဂိုလ်များ အနေဖြင့် ဤရုပ်ပွားဆင်းထုဆိုင်ရာ မုဒြာကိုပြုလုပ်ကျင့်ကြံပါက ထိုမုဒြာဟန်၏မူလအရင်းအမြစ်ဖြစ်သော ဘုရားနှင့်ယောဂီသည် တသားတည်း တစ်ထပ်တည်း တစ်ပေါင်းတည်း ဖြစ်သွားနိုင်စွမ်းရှိသည်။သို့မဟုတ်မှော်ဝင်သည်ဟု ယုံကြည်ကြလေသည်။ ဘုရားနှင့်ယောဂီ ယောဂီနှင့်ဘုရား တသားတည်းကျစေသည်ဟုဆိုလိုသည်။
ဇင်း မုအီဆန်ဇိုး၏ ဝါဒအရ မုဒြာနှစ်မျိုးရှိလေသည်။ (က) လက်ညှိုးလက်ချောင်းများဖြင့် လက်အမျိုးမျိုး အဖုံဖုံပြသော လက်ဟန်မုဒြာများ၊(ခ) ကြာပန်း , ထား , သန်လျက် စသော နိမိတ်လက္ခဏာများဖြင့်ပြသော မုဒြာများဟူ၍ နှစ်မျိုးရှိလေသည်။ဤ ဒုတိယ မုဒြာမျိုးကိုမူ ကသိုဏ်းရှုရာ၌ ဝတ္ထုအဖြစ် အသုံပြုလေ့ရှိကြသည်။ တစ်ဖန်မုဒြာလေးမျိုးကို ပြပြန်သည်။
(၁) မဟာမုဒြာ- ယောဂီပုဂ္ဂိုလ်သည် အင်းဆန်ဗီဇကို ဖြစ်စေ ဂုဏ်တော်တစ်ခုခုကိုဖြစ်စေ ရုပ်ပွားဆင်းထုတစ်ဆူဆူကိုဖြစ်စေ ကသိုဏ်းရှုရသည်။ ထိုအခါ ဉာဏ်စဉ်ငါးဆင့်တက်လာသည်။ ပထမဆင့်တွင်- ဗောဓိစိတ်ဝင်လာအောင် အားထုတ်ရသည်။ ဒုတျိယဆငျ့တှငျ- ရထားသောဗောဓိစိတ်ကို ထိန်းသိမ်းထားရသည်။ တတိယဆင့်တွင်- ဝဇီရစိန် စိတ်ဓါတ်ရအောင် အားထုတ်ရသည်။ စတုတ္ထဆင့်တွင်- ဝဇီရစိန် ဓါတ်အဖြစ်သို့ရောက်လာသည်။ ပဉ္စမဆင့်တွင်- ဗုဒ္ဓအဖြစ်သို့အကြွင်းမဲ့ရောက်သည်။
ဤကား ဝေရောစနဗုဒ္ဓ၏ ဉာဏ်စဉ်တက်ပုံဖြစ်သည်။ ထိုဉာဏ်စဉ်တက်အောင် အသုံးပြုရသော အင်းဆန်များ ဂုဏ်တော်များနှင့် ရုပ်ပွားဆင်းထုများသည် မုဒြာများ ဖြစ်ကုန်၏။
(၂) သမ္မယမုဒြာ(သမုတိမုဒြာ) - ထား-လှံ-ကြာပွင့်-ကြာဖူး စသော ပညတ် ဝတ္ထုများကို အသုံးပြုလျက်အရိပ်နိမိတ်လက္ခဏာများကိုပြသခြင်းဖြစ်သည်။ဤသည်တို့လည်း မုဒြာအမျိုးအစားပင်ဖြစ်ကုန်၏။
(၃) ကမ္မမုဒြာ- မြတ်စွာဘုရား၏ စရိယာကျင့်စဉ်များနှင့် ထိုဘုရားရှင်များအားရည်စူးပြုလုပ်သော ဟန်ပန်လက္ခဏာများကိုကမ္မမုဒြာဟုခေါ်သည်။
(၄) မန္တရာဓာရဏီမုဒြာ- ဂါထာမန္တရားများ ဓာရဏီပရိတ်များ အင်းများကိုရွတ်ဖတ်သရဇ္စျာယ်ခြင်း မန်းမှုတ်ခြင်းများကိုဓာရဏီမုဒြာဟုပင်ခေါ်သည်။ မန္တရာ မုဒြာဟုလည်းခေါ်ကြသည်။
ဤသို့လျှင်ဝဇီရာယာနဂိုဏ်း တန္တရာယာနဂိုဏ်း စသောအထက်လမ်း ဂိုဏ်းဆရာကြီးများက မုဒြာလေးမျိုးလေးစားခွဲခြားခဲ့ကြပြန်လေသည်။ ပုဂံအပါယ်ရတနာဘုရားတွင် ကိန္နရာများ တာရာဒေဝီနှင့်ရသေ့ကြီးများပုံတွင်မန္တရာမုဒြာခေါ်မန္တရာဓာရဏီမုဒြာများကိုတွေ့ရှိရပါသည်။
( post မှာ ထောက်ပြစရာများတွေ့ရင်ဝင်ရောက်ရေးသားပေးလို့ ရပါတယ်
credit :
EXCELLENT Aquarium Sales Centre Family မုဒြာများ link
မောင်အေးမြင့်(မြန်မာမူဒီဇိုင်း သုတေသီ)ရေးသောဆောင်းပါး
၂၀၀၉ဧပြီလထုတ်မြန်မာသစ်မဂ္ဂဇင်းမှ
credit>aung moe
စဝ်ထွန်းမှတ်ဝင်း ရေးသားပြုစုသော မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာမုဒြာများ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
အထွေထွေစုံစမ်းမေးမြန်းမှုအတွက်ဖြေမည့်သာတစ်ဦးဦးရှိ့ပါသလား
No. 46(A), Neikbankyaung Street, Bahan Township
Yangon, 111223
Vision Connect all real estate in Myanmar, so our customers can find themselves.
11 Shwe Gon Taing Street 4, Myanmar (Burma)
Yangon, 11201
We offer luxury 1,2 & 3-bedroom(s) rental apartments with resort-inspired amenities.
Bo Aung Kyaw Street
Yangon
No (314),Bo Aung Kyaw Street,Hlaing Tharyar Township
Yangon
တိုင်ခန်း၊ အိမ် ခြံမြေ ရောင်းဝယ်ရေး � ပွဲစားမဟုတ် �ပိုင်ရှင် တိုက်ရိုက် ဝယ်ရောင်း