Buddha Dhamma Channal မြတ်ဗုဒ္ဓ၏တရားတော်များ

Sharing BUDDHA Dhamma, The Noble Truth.

Photos from Theinngu 32 သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ's post 18/04/2023
Photos from Ashin Nandamãlãbhivamsa - အရှင်နန္ဒမာလာဘိဝံသ's post 18/04/2023
18/04/2023

MY WISH
—————
Starting from this Myanmar New year, 1385,
in any life, may I never meet bala (fools),
fools also never meet me and
may I never be a worthless fool.

ကျွန်ုပ်ဆုတောင်း
————————
မြန်မာနှစ်ဦး ၁၃၈၅ - ခုနှစ်မှစ၍
ကျွန်ုပ် သည် ဘဝဆက်တိုင်းမှာ
လူမိုက် ဟူသမျှနှင့် မဆုံတွေ့ပါရစေနှင့်။
လူမိုက်ဟူက ကျွန်ုပ်ကို မတွေ့ပါစေနှင့်၊
ကျွန်ုပ် ကိုယ်တိုင်လည်း လူမိုက်မဖြစ်ပါ
ရစေနှင့်။

မမ ပတ်ထနာ
—————
ဣတော ပဋ္ဌာယ နာဟံ ဟိ၊
ဗာလေဟိ သင်္ဂမော ဘဝေ၊
န ဗာလာ သင်္ဂမာ မယာ၊
နာမှိ ဗာလော ဘဝါဘဝေ။

Nandamalabhivamsa
17.4.23

Photos from ဓမၼစာအုပ္မ်ားစုစည္းရာ's post 18/04/2023
27/09/2022

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
🍂🍂🍂🍂🍂🍂🍂

ခန္ဓာဆိုတာ အဖို့ အစုလို့ အနက်အဓိပ္ပါယ်ရှိတယ်၊ အတိတ်,
အနာဂတ်, ပစ္စုပ္ပန်၊ အတွင်းအပြင်, အကြမ်းအနု, အယုတ်အမြတ်,
အဝေးအနီးခွဲခြားလို့ ရကောင်းတဲ့တရားဟူသမျှကို ခန္ဓာလို့
ခေါ်တယ်။ ရုပ်ဆိုရင် လွန်ခဲ့ပြီးအတိတ်လည်းရှိတယ်၊ ဖြစ်လာမည့်
အနာဂတ်လည်းရှိ တယ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်လည်း ရှိ တယ်၊

ကိုယ်တွင်းမှာလည်းရှိတယ်၊ ကိုယ်ပမှာလည်းရှိတယ်၊ ရုပ်ကြမ်းလည်း
ရှိတယ်၊ ရုပ်နုလည်းရှိတယ်၊ အညံ့စားလည်း ရှိတယ်၊ အကောင်းစား
လည်း ရှိတယ်၊ အဝေးမှာလည်းရှိတယ်၊ အနီးမှာလည်းရှိတယ်။
ဒါကြောင့် အတိတ်ရုပ်, အနာဂတ်ရုပ် အစရှိတဲ့ အဲဒီရုပ်ဟူ
သမျှတွေကို ပေါင်းစုပြီး ရုပ်ခန္ဓာလို့ ခေါ် ရတယ်။ ထို့အတူပင်
ဝေဒနာဟူသမျှကို ပေါင်းစုပြီး ဝေဒနာခန္ဓာလို့ ခေါ် ရတယ်။

သညာဟူသမျှကို ပေါင်းစုပြီး သညာခန္ဓာလို့ ခေါ် ရတယ်။ သင်္ခါရ
ဟူသမျှကို ပေါင်းစုပြီး သင်္ခါရခန္ဓာလို့ ခေါ်ရတယ်။ စိတ်ဝိညာဏ်
ဟူသမျှကို ပေါင်းစုပြီး စိတ်ဝိညာဏ်ခန္ဓာလို့ ခေါ် ရတယ်။ အပေါင်း
အစုကို ခန္ဓာခေါ်တယ်ဆိုတော့ ရုပ်တစ်ခုတည်း, ဝေဒနာ စသည်
တစ်ခုတည်းကိုတော့ ခန္ဓာလို့ မခေါ်ရဘူးလားလို့ မေးစရာရှိပါ
တယ်။ ပေါင်းစုလို့ ရနိုင်တဲ့ တရားများဖြစ်တဲ့အတွက် ရုပ်တစ်ခု
တည်းကိုလည်း ခန္ဓာလို့ ခေါ်ရပါတယ်။ ဝေဒနာစသည် တို့မှာလည်း
တစ်ခုတည်းပေမယ့် ခန္ဓာလို့ ခေါ်ရတယ်။ ပေါင်းစုလို့ မရနိုင်တဲ့
တရားကိုတော့ ခန္ဓာလို့ မခေါ်ရဘူး၊

အဲဒါကလည်း နိဗ္ဗာန်တရား
တစ်ပါးသာ ရှိပါတယ်၊ နိဗ္ဗာန်ဆိုတာကတော့ တစ်ပါးတည်းသာရှိ
တယ်၊ အတိတ်, အနာဂတ် စသည်ဖြင့် ခွဲလို့ မရကောင်းဘူး၊
ဒါကြောင့် ပေါင်းစုပြီး ခေါ်ဝေါ်ပြောဆို လို့လည်း မဖြစ်ဘူး၊ အဲဒီလို
အပေါင်းအစု မရကောင်းတဲ့အတွက် နိဗ္ဗာန်ကိုတော့ ခန္ဓာလို့ မခေါ်ရဘူး။
ဒါကြောင့် ဥပါဒါနက္ခန္ဓာဆိုတာ စွဲလမ်းမှု၏ အာရုံဖြစ်တဲ့ တရားအစ၊ုအဲဒီခန္ဓာဆိုတဲ့ပုဒ်ဟာ ဥပါဒါနဆိုတဲ့ ပုဒ်နဲ့တွဲစပ်လိုက်တဲ့
အခါ ဥပါဒါနက္ခန္ဓာလို့ ဖြစ်လာတယ်၊ ဥပါဒါန -ဆိုတာ စွဲလမ်းမှုပဲ။
တွေပါပဲ၊ တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့ လောကီတရားအစုတွေလို့
ဆိုလိုပါတယ်။ စွဲလမ်းမှု၏ အာရုံမဖြစ်တဲ့ မဂ်ဖိုလ်စိတ် စေတသိက်ဆိုတဲ့ လောကုတ္တရာတရားတွေကတော့ #ခန္ဓာသာ မည်တယ်၊ #ဥပါဒါနက္ခန္ဓာ တော့ မမည်ဘူး၊ အဲဒီလောကုတ္တရာတရားတွေကတော့
မဂ်ဖိုလ်ဖြစ်ခိုက်မှာ ပါဝင်တဲ့တရားတွေပါပဲ၊ သူတို့ကတော့ ဝေဒနာ,သညာ, သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါးသာ ရှိတယ်။

#ရုပ်ခန္ဓာတော့ မရှိဘူး၊ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ဥပါဒါနက္ခန္ဓာဆိုတာတွေကတော့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ် ငါးပါးလုံးရှိတယ်။

ယခုဒီသုတ်မှာ ဘာရ-လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးလို့ဆိုတဲ့
တရားတွေကတော့ ဥပါဒါန်၏ အာရုံဖြစ်တဲ့ အဲဒီလောကီ ရုပ်နာမ် ခန္ဓာတွေချည်းပဲ၊ လောကုတ္တရာခန္ဓာတွေ မပါဘူး၊ ဒါကြောင့် ဒီမှာ ခန္ဓာလို့ သာမညမဟောပဲ ဥပါဒါန-ပုဒ်နဲ့ အထူးပြုပြီး ဥပါဒါနက္ခန္ဓာ-လို့ ဟောထားပါတယ်၊ လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးဆိုတာ
တဏှာ, ဒိဋ္ဌိနဲ့ ငါ့ဥစ္စာပဲလို့ စွဲလမ်းနိုင်တဲ့ လောကီခန္ဓာငါးပါးတရား တွေလို့ ဆိုလိုပါတယ်။

#ဥပါဒါန် ၄-ပါး
🍁🍁🍁🍁🍁

ဥပါဒါန်ဆိုတာ (၁) ကာမုပါဒါန်၊ (၂) ဒိဋ္ဌုပါဒါန်၊ (၃)သီလဗ္ဗတုပါဒါန်၊ (၄) အတ္တဝါဒုပါဒါန်အားဖြင့် ၄-ပါးရှိတယ်၊ ဒီဥပါဒါန် ၄-ပါးအကြောင်းကိုတော့ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ
အကျယ်ပြောခဲ့ပါပြီ၊ ဒါကြောင့် ဒီမှာတော့ အကျဉ်းချုပ်လောက်ပဲ ပြောရမယ်။ အဲဒီ၄-ပါးထဲက

(၁) ကာမုပါဒါန်ဆိုတာ နှစ်သက်လိုချင်စရာ ကာမဂုဏ်အာရုံတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာပါပဲ။
မိမိကိုယ်တွင်းသန္တာန်ကဖြစ်စေ၊ သူတစ်ပါးသန္တာန်ကဖြစ်စေ တစ်စုံ တစ်ခုကို နှစ်သက်လိုချင်ပြီး စွဲလမ်းနေရင် အဲဒါဟာ ကာမုပါဒါန်ပဲ။

အထူးအားဖြင့်တော့ အဖိုသတ္တဝါတွေမှာ အမသတ္တဝါတွေနဲ့ စပ်တဲ့
ကာမဂုဏ်တွေကို သာယာတပ်မက်ပြီး စွဲလမ်းနေတတ်တယ်။ အမ သတ္တဝါတွေမှာလည်း အဖိုသတ္တဝါတွေနဲ့ စပ်တဲ့ကာမဂုဏ်တွေကို
သာယာတပ်မက်ပြီး စွဲလမ်းနေတတ်တယ်။

ယခုလောလောဆယ်မှာ
တွေ့ရတဲ့ ကာမဂုဏ်အာရုံတွေကိုလည်း သာယာတပ်မက်ပြီး
စွဲလမ်းနေတတ်တယ်၊ နောင်အခါရနိုင်မယ်လို့ မျှော်လင့်ရတဲ့
ကာမဂုဏ်အာရုံတွေကိုလည်း မျှော်လင့်တောင့်တပြီး စွဲလမ်းနေတတ်တယ်၊ မရသေးတာဆိုရင် အလွန် ရချင်နေတတ်တယ်၊
ရပြီးရှိပြီးဆိုရင်လည်း မစွန့်နိုင် မခွာရက်နိုင်ဖြစ်နေတတ်တယ်။

ဒါတွေဟာ ကာမဂုဏ်အာရုံကို စွဲလမ်းတဲ့ #ကာမုပါဒါန်ပါပဲ၊ နောက် ပြီးတော့ ကာမဂုဏ်အာရုံ မဟုတ်ပေမယ့် နှစ်သက်လိုချင်ဖွယ် ဖြစ်လို့
ဝတ္ထုကာမလို့ ခေါ်ရတဲ့ #လောကီရုပ် နာမ် ခန္ဓာဟူသမျှကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာကိုလည်း ကာမုပါဒါန်လို့ပဲ ခေါ်ရ တယ်။

ဒါကြောင့် ရူပဘဝ အရူပဘဝနှင့် စပ်တဲ့ သဘောတရား
အခြေအနေတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာလည်း #ကာမုပါဒါန်မည်တာပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီဥပါဒါန်အရာမှာ ရူပုပါဒါန် အရူပုပါဒါန်ရယ်လို့မရှိဘူး။
ကာမုပါဒါန်ရယ်လို့သာရှိပါတယ်။ဒါ့ကြောင့် #ဘာပဲဖြစ်ဖြစ် နှစ်သက်လိုချင်ပြီးစွဲလမ်းရင် ကာမုပါဒါန်ပဲလို့သာ မှတ်ရမယ်။

(၂) ဒိဋ္ဌုပါဒါန်ဆိုတာ မှားယွင်းတဲ့ အယူအစွဲပါပဲ၊ အယူဝါဒဆိုတာ
စွဲလမ်းတာချည်းပဲ၊ မစွဲလမ်းတဲ့ အယူရယ်လို့ မရှိဘူး၊
နည်းနည်းစွဲတာနဲ့ များများစွဲတာပဲကွာပါတယ်၊ ဒါကြောင့် မှားယွင်းတဲ့ အယူအစွဲဟူသမျှကို ဒိဋ္ဌုပါဒါန်လို့ဆိုသင့်ပါတယ်၊
ဒါပေမယ့်
အကျင့်အမှားကို စွဲလမ်းတဲ့အယူနဲ့ အတ္တစွဲအယူ ဒီနှစ်ပါးကိုတော့
သီးခြားဥပါဒါန် အဖြစ်ဖြင့် ဟောထားလို့ အဲဒီ ၂-ပါးကို
ချန်ထားရမယ်။ ကျန်တဲ့အယူအစွဲဟူသမျှကို ဒိဋ္ဌပါဒါန်လို့မှတ်ရ မယ်၊
အထူးဝိသေသအားဖြင့်ဆိုရင်တော့ ကုသိုလ်ကံ အကုသိုလ်ကံမရှိ၊
ကံ၏အကျိုးမရှိ၊ နောင်တမလွန်ဘဝမရှိ-လို့ ယူတဲ့အစွဲအလမ်းဟာ
ဒိဋ္ဌပါဒါန်ပဲ၊ ဒိဋ္ဌမင်္ဂလာအစရှိတဲ့ အယူအစွဲတွေလည်း ဒိဠုပါဒါန်ပဲ။

(၃) သီလဗ္ဗတုပါဒါန်ဆိုတာ သံသရာမှ လွတ်မြောက်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာကြောင်း မဟုတ်တဲ့ အလေ့
အကျင့်တွေကို သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်ရောက်
ကြောင်း ချမ်းသာကြောင်း အကျင့်အနေဖြင့် ယုံကြည်စွဲလမ်းတဲ့
အယူအစွဲပါပဲ၊ နွား, ခွေး စသည်တို့၏ အလေ့အကျင့်ဖြင့် ဆင်းရဲမှ
လွတ်မြောက်တယ်လို့ ယုံကြည်ကာ၊ နွား, ခွေး စသည်ကို ကိုးကွယ်
ပူဇော်ခြင်း နတ်, သိကြား, ဗြဟ္မာ အရှင်သခင်ကြီးတွေကို ကိုးကွယ်
ခြင်းမျှဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်လို့ ယုံကြည်ယူဆတာ၊ ဂင်္ဂါ
မြစ်ရေကို ချိုးရုံမျှဖြင့် မကောင်းမှုပပျောက်တယ်လို့ ယုံကြည်ယူဆ
တာ၊ နွား၊ ကျွဲ၊ ဆိတ် စသည်တို့ကို သတ်ပြီးပူဇော်ခြင်းဖြင့် မကောင်း
မှုအပြစ်ပပျောက်တယ်လို့ ယုံကြည်ယူဆတာ- ဒီလိုအယူအစွဲတွေ
ကို သီလဗ္ဗတုပါဒါန်လို့ ခေါ်ပါတယ်၊ အတိုချုပ်အားဖြင့် ပြောရလျှင်
မဂ္ဂင်ရှစ်ပါးမှ အလွတ်ဖြစ်တဲ့ အကျင့်မျိုးကို ဆင်းရဲမှလွတ်ကြောင်း
အကျင့်ကောင်းအဖြစ်ဖြင့် ယုံကြည်ယူဆစွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန်ပါပဲ။

(၄) အတ္တဝါဒုပါဒါန် ဆိုတာကတော့ ကိုယ်ထဲမှာ အသက် ရှင်ပြီး တည်နေတဲ့အတ္တကောင် အသက်ကောင်ကလေး တကယ်ရှိ
တယ်အနေနဲ့ ယူဆတဲ့ အတ္တစွဲပါပဲ၊ အဲဒီအတ္တကောင်ဟာ မသေမီ သာရှိတယ်၊ သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူးလို့ ယူလျှင်
ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊ ပြတ်စဲအယူလို့လည်းခေါ် ရတယ်။ အဲဒီအတ္တ
ကောင်ဟာ ပျက်စီးခြင်းမရှိဘူး၊ သေတဲ့အခါလည်း သူက တခြားဘဝ
တခြားခန္ဓာကိုယ်ထဲမှာ ပြောင်းရွှေ့ပြီး တည်မြဲ တည်ရှိနေတယ်လို့
ယူလျှင် သဿတဒိဋ္ဌိဖြစ်တယ်၊ တည်မြဲအယူလို့လည်း ခေါ် ရတယ်။
တရားကိုယ်အားဖြင့်တော့ ဒီဥပါဒါန် ၄-ပါးဟာ တဏှာနဲ့
ဒိဋ္ဌိနှစ်ပါးပဲ ဖြစ်ပါတယ်၊ ကာမုပါဒါန်က တဏှာ၊ ကျန်တဲ့ဥပါဒါန်
၃-ပါးက ဒိဋ္ဌိချည်းပဲ။ ဒိဋ္ဌိက အထင်လွဲပြီးစွဲလမ်းတယ်၊ တဏှာက
သာယာပြီး စွဲလမ်းတယ်၊ ဒါကြောင့် “ထင်လွဲ သာယာ၊ စွဲလမ်းတာ၊
နှစ်ဖြာ ဥပါဒါန်” လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကိုဆိုကြရမယ်။
ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။
(ဆို ၃-ခေါက်)

#စွဲလမ်းပုံ

ခန္ဓာငါးပါးနှင့်စပ်ပြီး စွဲလမ်းပုံကတော့ မျက်စိကြည်လင်
တာကို အကြောင်းပြုပြီးတော့လည်း သာယာစွဲလမ်းတယ်၊ နား
ကောင်းတာ, နှာခေါင်းကောင်းတာ, လျှာကောင်းတာတွေကိုလည်း
အကြောင်းပြုပြီး သာယာစွဲလမ်းတယ်၊ အတွေ့အထိကို ဖမ်းယူနိုင်တဲ့
ကိုယ်ရုပ်ကိုလည်း အကြောင်းပြုပြီး သာယာစွဲလမ်းတယ်၊ ကိုယ့်
သန္တာန်ကအဆင်းရုပ်၊ သူများသန္တာန်က အဆင်းရုပ်တွေကိုလည်း
သာယာစွဲလမ်းတယ်၊ ထိုအတူ အသံ, အနံ့၊ အရသာ, အတွေ့
ရုပ်တွေကိုလည်း သာယာစွဲလမ်းတယ်၊ ကွေးလိုက် ဆန့်လိုက်၊
ထိုင်လိုက် ထလိုက် စသည်ဖြင့် အလိုရှိတိုင်းပြုလုပ်နိုင်တဲ့
တစ်ကိုယ်လုံးရုပ်တွေကိုလည်း နှစ်သက်သာယာပြီး စွဲလမ်းတယ်၊

ဒီလိုစွဲလမ်းမှုတွေဟာ မြင်တိုင်း ကြားတိုင်း, တွေ့တိုင်း,
သိတိုင်း ပါဝင်ပြီး ဖြစ်နေတတ်ပါတယ်၊ တစ်ရံတစ်ခါ အထင်လွဲပြီး
စွဲလမ်းတာကို ဥပါဒါန်လို့ခေါ်တယ်။ ဒါကြောင့် ထင်လွဲ သာယာ၊
စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်လို့ ဆိုထားပါတယ်။ အဲဒီ စွဲလမ်းမှု
ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ အထင်လွဲပြီး စွဲလမ်း
နိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ သာယာပြီးစွဲလမ်းနိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ
အဲဒါတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ ငါကောင်အနေနဲ့
ထင်မှတ်ရင် အထင်လွဲပြီး စွဲလမ်းတဲ့ ဒိဋိဥပါဒါန်ပဲ၊ ငါ့ဥစ္စာအနေနဲ့
နှစ်သက် သိမ်းပိုက်လိုလျှင် သာယာပြီး စွဲလမ်းတဲ့ တဏှာဥပါဒါန်ပဲ။
ဒါကြောင့် “ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်”လို့ ဆောင်ပုဒ်
စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန် (ဆို)

#ဥပါဒါနက္ခန္ဓာခေါ်ရပုံ

စွဲလမ်းတာက ဥပါဒါန်၊ အစွဲလမ်းခံရတာက #ဥပါဒါနက္ခန္ဓာ။
ငါပဲ, ငါ့ဥစ္စာပဲလို့ စွဲလမ်းတာက ဥပါဒါန်၊ ငါ, ငါ့ဥစ္စာပဲလို့
ထင်မှတ်ရတဲ့တရားတွေက ဥပါဒါနက္ခန္ဓာတဲ့။ အဲဒီမှာ ငါ့ဥစ္စာလို့
ထင်မှတ်စွဲလမ်းတယ်ဆိုတာနဲ့ နှစ်သက်သာယာပြီး စွဲလမ်းတယ်ဆို
တာဟာ အတူတူပါပဲ၊ နှစ်သက်သာယာတဲ့အခါမှာ ကိုယ့်ဥစ္စာ
မဟုတ်ပေမယ့် ကိုယ့်ဥစ္စာအနေနဲ့ သိမ်းပိုက်ပြီး နှစ်သက်သာယာ
ပါတယ်။ ဈေးဆိုင်မှာ လိုချင်စရာပစ္စည်းတွေကို သွားကြည့်တဲ့အခါ
အကျီိုဆိုရင်လည်း စိတ်ထဲက ဝတ်ကြည့်လိုက်တာပဲ၊ ဖိနပ်ဆိုရင်လည်း
စိတ်ထဲက စီးကြည့်လိုက်တာပဲ။ သက်ရှိသက်မဲ့ ဝတ္ထုတွေအားလုံးကို
ဒီလိုချည်း ကိုယ်ပိုင်အနေနဲ့ အသုံးပြုပြီး နှစ်သက်သာယာလိုက်တာပဲ။

ဒါကြောင့် တဏှာနဲ့ သာယာပုံကို ပြတဲ့အခါမှာ ဧတံ မမ-ဤ
အရာသည် ငါ့ဥစ္စာပဲလို့ သာယာသိမ်းပိုက်ပြီးဖြစ်တဲ့ အကြောင်း
ဟောထားပါတယ်၊ ဒီမှာလည်း အဲဒီဒေသနာနည်းကို ယူပြီး၊ ငါ့ဥစ္စာ
အနေနဲ့ စွဲလမ်းတာကို တဏှာဥပါဒါန်၊ အဲဒီလို စွဲလမ်းနိုင်တဲ့တရား
တွေကို ဥပါဒါနက္ခန္ဓာလို့ ပြဆိုထားပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာတွေက ဘာတွေလည်းဆိုရင် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးတရားတွေပါပဲ။ ဒါကြောင့် ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊
ဥပါဒါနက္ခန်။ ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်လို့
ဆိုထားပါတယ်။ အဲဒီ ၂-ပုဒ်ကို တဆက်တည်း ဆိုကြရမယ်။

ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်၊ (ဆို)

ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်း (ဆို)

ရုပ်-က ရူပက္ခန္ဓာ၊ ဝေ-က ဝေဒနာက္ခန္ဓာ၊ သညာ-က
သညာက္ခန္ဓာ၊ သင်္ခါရာ-က သင်္ခါရက္ခန္ဓာ၊ ဝိညာ-က ဝိညာဏက္ခန္ဓာ၊
အဲဒီခန္ဓာငါးပါးကို အတိုချုပ်မှတ်ရအောင် “ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊
ဝိညာဤငါးတန်” လို့ ဆောင်ပုဒ်စီထားတယ်။

အမှန်စင်စစ်ကတော့
ဒီခန္ဓာငါးပါးဟာ အတ္တကောင် အသက်ကောင် မဟုတ်ဘူး၊
သဘောတရားမျှပါပဲ။ ဒါပေမယ့် ပုထုဇဉ်သတ္တဝါတွေက အဲဒါတွေကို
အတ္တကောင် အသက်ကောင် ငါကောင်ပဲလို့ အထင်လွဲပြီးတော့
လည်း စွဲလမ်းနေကြတယ်။ သာယာနှစ်သက်ပြီးတော့လည်း
စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီတရားတွေကို ဥပါဒါနက္ခန္ဓာ
လို့ခေါ်တယ်။
ရုပ်ခန္ဓာဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောရရင် ရုပ်ကိုယ်
ကြီးတစ်ခုလုံးပါပဲ။ အဲဒီတစ်ကိုယ်လုံးမှာ ဘယ်အပိုင်းကပဲဖြစ်ဖြစ်
စွဲလမ်းနိုင်တယ်။ ဆံပင်ကလေး တစ်ပင်ကိုလည်း စွဲလမ်းနိုင်တာပါပဲ။

မယုံရင်စမ်းကြည့်နိုင်ပါတယ်၊ လူတစ်ယောက်ရဲ့ ဆံပင်ကို ဆွဲကြည့်
ပါ၊ ငါ့ကို မဆွဲနဲ့လို့ ပြောပါလိမ့်မယ်။ ဆံပင်ကို ဆွဲနုတ်လိုက်ရင်
တော့ ငါ့ကို ဆွဲနုတ်တယ်- ငါ့ကို စော်ကားတယ်လို့ ဆိုမှာသေချာ
ပါတယ်။ အဲဒါ ဆံပင်ကို ငါအနေနဲ့၊ ငါ့ဥစ္စာအနေနဲ့ စွဲလမ်းနေပုံပါပဲ။
ရုပ်ဆို တာ အထက်ဆံဖျားမှ အောက်ခြေဖဝါးတိုင်အောင်၊
အောက်ခြေဖဝါးမှ အထက်ဆံဖျားတိုင်အောင် တစ်ကိုယ်လုံးမှာ
အနှံ့အပြားရှိနေတယ်၊ အဲဒီရှိသမျှရုပ်တွေကို ငါအနေနဲ့လည်း
စွဲလမ်းတယ်၊ ငါ့ကိုယ်အနေနဲ့လည်း သာယာပြီး စွဲလမ်းတယ်။

#အတ္တစွဲက ကင်းခဲသည်

ရုပ်နာမ်အကြောင်း မလေ့လာဖူးတဲ့သူတွေမှာ အဲဒီရုပ်
ကိုယ်ကြီးကိုပင် အသက်ရှင်နေတဲ့ ငါကောင်လို့ ထင်မှတ်စွဲလမ်းနေ
တယ်၊ တရားအားမထုတ်ဘူးတဲ့သူတွေ၊ အားထုတ်သော်လည်း
ရုပ်နာမ်တရားကို ပိုင်းပိုင်းခြားခြား မသိသေးတဲ့သူတွေလည်း
ဒီရုပ်ကိုယ်ကြီးကို ငါကောင်လို့ ထင်နေတာပဲ။ ရုပ်နဲ့ နာမ်မျှသာ
ရှိတယ်။ ပုဂ္ဂိုလ် သတ္တဝါကောင် ငါကောင်ရယ်လို့ စင်စစ်အားဖြင့်
မရှိဘူးဆိုတာကို ကြားနာမှတ်သားဖူးတဲ့သူတွေ၊ ရုပ်နာမ်အကြောင်း
လေ့လာဖူးတဲ့သူတွေမှာတော့ အဲဒီလိုစွဲလမ်းမှု သက်သာပါတယ်။
ဒါပေမယ့် လုံးလုံးကင်းတာတော့ မဟုတ်ဘူး၊ စွဲလမ်းမှုကတော့
ရှိနေသေးတာပဲ။ ဘုရားဟောထားတဲ့အတိုင်း၊ တရားကျမ်းဂန်တွေ
က ပြဆိုထားတဲ့အတိုင်း၊ ဆရာသမားတွေက ဟောပြောထားတဲ့
အတိုင်း ယုံကြည်တဲ့ သဒ္ဓါနဲ့ မှတ်သားထားတဲ့ သညာသိကြောင့်သာ
စွဲလမ်းမှုသက်သာနေတာ၊ ကိုယ်တိုင်တွေ့ပြီး သိထားတာမဟုတ်တဲ့
အတွက် အစွဲအလမ်းကတော့ ရှိနေသေးတာပဲ၊ စာပေကျမ်းဂန်
ဗဟုသုတနဲ့ ပြည့်စုံလို့ ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း
ဝိပဿနာဉာဏ်ဖြင့် ကောင်းကောင်းမတွေ့သေးလျှင် အတ္တ
စွဲရှိနေသေးတာပဲ၊ လုံးလုံးကင်းသွားပြီလို့တော့ မဆိုနိုင်ဘူး။
ဝိပဿနာရှုလို့ ခဏမစဲ ပျက်နေတဲ့ရုပ်နာမ်သဘောတွေကို
သေသေချာချာတွေ့နေရရင်တော့ ဒီအတ္တစွဲဟာ မဖြစ်နိုင်ပဲ
ကင်းနေတတ်ပါတယ်၊ ဒါတောင် အရိယာမဂ်ကို မရောက်သေးပဲ
နားနေရင် ဒီအတ္တစွဲက ဖြစ်မယ်ဆို ဖြစ်နိုင်သေးတာပဲ။ လုံးဝကင်း
တာကတော့ သောတာပတ္တိမဂ်ကိုရောက်မှ ဒီအတ္တစွဲက လုံးဝကင်း
ပါတယ်။ တချို့က

“ဝိပဿနာတရားအားထုတ်ချင်ရင် အတ္တဒိဋ္ဌိ
အတ္တစွဲကို အလျင်ဖြုတ်ရမယ်၊ ပယ်ရမယ်၊ အတ္တစွဲ မပြုတ်ဘဲနဲ့
ဝိပဿနာအားထုတ်လို့မဖြစ်ဘူး” လို့ ပြောကြဟောကြတယ်၊ အဲဒါ
ကတော့ သဘာဝမကျပါဘူး၊ အတ္တဒိဋ္ဌိပြုတ်ရင် သောတာပန်ဖြစ်
နေပြီပဲ၊ ဒီတော့ ဝိပဿနာမရှုရပဲနဲ့ သောတာပန်ဖြစ်တယ်လို့ဆိုရာ
ရောက်နေပါတယ်။ အမှန်ကတော့ ဝိပဿနာရှုမှ အတ္တဒိဋ္ဌိ
အတ္တအစွဲက ပြုတ်တာ။

ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ
နာမရူပါနံ၊ နာမ်နှင့်ရုပ်တို့ ကို။ ယာထာဝဒဿနံ၊ ဟုတ်
တိုင်းမှန်စွာ သိမြင်ခြင်းသည်။ ဝါ သိမြင်သောဉာဏ်သည်။ ဒိဋ္ဌိဝိသုဒ္ဓိ
နာမ၊ အတ္တဒိဋ္ဌိ အညစ်အကြေးမှ စင်ကြယ်သော ဒိဋ္ဌိဝိသုဒ္ဓိ
မည်တယ်-လို့ လည်း မိန့်ဆိုထားပါတယ်။

နောက်ပြီးတော့
အနတ္တာနုပဿနာကို ပွားစေတဲ့သူမှာ အတ္တသညာ အတ္တအမှတ်
အစွဲကို ပယ်တယ်လို့လည်း ပြဆိုထားပါတယ်။

အဲဒီတော့ စောစောပိုင်းက ဖြုတ်ဖို့ လိုတဲ့ အတ္တစွဲကတော့
တရားအားမထုတ်နိုင်လောက်အောင်, ရုပ်နာမ်မျှသာ ရှိတယ်ဆို
တာကို မယုံကြည်နိုင်လောက်အောင်, ခိုင်ခိုင်မြဲမြဲ စွဲနေတဲ့ အတ္တစွဲကိုသာ တရားနာခြင်း, ရုပ်နာမ်တရားကို လေ့လာခြင်း စသည်ဖြင့်
ဖြုတ်ဖို့လိုပါတယ်။

ဒီလိုဓမ္မန္တရာယ်ဖြစ်လောက်အောင် ခိုင်မြဲတဲ့
အတ္တစွဲဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား၏တရားကို လေးလေး
စားစား ယုံကြည်နေတဲ့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ မရှိနိုင်ပါ
ဘူး၊ ဒီလိုမရှိတဲ့အတွက်ပဲ ဝိပဿနာတရားကို အားထုတ်နိုင်ကြတာ။
မြတ်စွာဘုရား လက်ထက်တော်ကဆိုရင် တော်တော်ခိုင်မြဲတဲ့
အတ္တစွဲရှိနေတဲ့ ပုဂ္ဂိုလ်တွေတောင် မြတ်စွာဘုရားထံ လာရောက်ပြီး
တရားဆွေးနွေးရင်း, တရားနာရင်းနဲ့ နှလုံးသွင်းပြီး အတ္တစွဲလည်းပြုတ်
အရိယာမဂ်ဖိုလ်လည်း ရောက်သွားကြသေးတာပဲ။ အဲဒါဟာ
စောစောက အတ္တစွဲကို ဖြုတ်ရတာ မဟုတ်ပါဘူး၊ တရားနာရင်း,
နှလုံးသွင်းရင်းနဲ့ အတ္တစွဲလည်းပြုတ် အရိယာမဂ်ဖိုလ်လည်း
ရောက်သွားကြတာပဲ။

ဒါကြောင့် ဝိပဿနာတရားအားထုတ်ချင်ရင်
ရှေးဦးစွာ အတ္တစွဲဖြုတ်ရမယ်၊
အတ္တစွဲဖြုတ်ပြီးမှ အားထုတ်ရမယ်
ဆိုတာဟာ သဘာဝမကပွါဘူး၊
ဘုရားအလိုတော်မကျပါဘူး။

မဟာစည်ဆရာတော်ဘုရားကြီး၏
ဘာရသုတ္တန်တရားတော်မှ

17/09/2022

#သမ္ဗုဒ္ဓေဂါထာတော် ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်း

*** ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
(အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈ )

ဒွါဒဿ ဆိုတာ ၁၂
သဟဿ ဆိုတာ ၁၀၀၀
(ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀)

ပဉ္စ ဆိုတာ ၅
သတ ဆိုတာ ၁၀၀
(ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀)
သဟဿ ဆိုတာ ၁၀၀၀
(ပဉ္စသတ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀)

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ = #၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ = ရှိခိုးခြင်း
သိရသာ = ဦးခေါင်းဖြင့်
အဟံ = ကျွန်ုပ်သည်
(နမာမိ သိရသာ မဟံ = ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။)

[{ #ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။}]

အပ္ပကာ = နည်းသေး၏
ဝါဠုကာ = သဲ
ဂင်္ဂါ = ဂင်္ဂါမြစ်
(အပ္ပကာ ဝါဠုကာ ဂင်္ဂါ = ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏။)

အနန္တာ - မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ - နိဗ္ဗာန်ဝင်ခြင်း
ဇိနာ - မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
(အနန္တာ နိဗ္ဗူတာ ဇိနာ - မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ။)

တေသံ = ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ = တရားဓမ္မတို့ကို
သံဃဉ္စ = သံဃာတော်တို့ကို

အာဒရေန = ရိုသေစွာ
နမာမိ = ရှိခိုးပါ၏
အဟံ = ကျွန်ုပ်သည်
(အာဒေရန နမာမဟံ = ကျွန်ုပ်သည် ရိုသေစွာ ရွိခိုးပါ၏)

နမက္ကာရာ = ဤသို့ရှိခိုးရသော
နုဘာဝေန = အကျိုးအားကြောင့်

ဟိတွာ = ပယ်ပျောက်ခြင်း
သဗ္ဗေ = ခပ်သိမ်းသော
ဥပဒ္ဒဝေ = ဘေးရန်တို့သည်
(ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ = ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ။)

အနေကာ အန္တရာယာပိ = တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု = ပျောက်ကွယ်ပါစေ
အသေသတော = အကြွင်းမရှိ
(အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော - တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ။)

--*--*--*

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသသဉ္စ သဟဿကေ၊ ပဉ္စ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
*** ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရနေ နမာမဟံ။
*** ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကျွန်ုပ်သည် ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
*** ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

original own Writer

Photos from Buddha Dhamma Channal မြတ်ဗုဒ္ဓ၏တရားတော်များ's post 15/09/2022

မြတ်စွာဘုရားရှင်သည် နတ်လူများစွာတို့ နှစ်ပေါင်းများစွာ ထိုထိုကြံစည်လျက် သိလိုကြားနာလိုကုန်သော မင်္ဂလာတရားတော်တို့ကို သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဥ် တခုသော သန်းခေါင်ယံအချိန်တွင် နတ်သားတစ်ယောက်၏ လျှောက်ထားတောင်းပန်မှုကြောင့် ဟောကြားတော်မူခဲ့ရာ ဒေသနာစဥ်တရားတော်တို့သည် အောက်ပါအတိုင်း အစုအဖွဲ့ အစီစဥ်အလိုက် ဖြစ်ကြပါ၏။

( ယနေ့ခေတ်တွင် ပုရိတ်ကြီး ၁၁သုတ်တွင် ဦးစွာပထမဖြစ်သည့် မင်္ဂလသုတ်ဟူ၍ ထင်ရှားလျှက်ရှိသည်။ လူတို့သည် ထိုပုရိတ်တရားတော်တို့ကို ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန်နှင့် နတ်ဗြဟ္မာအပေါင်း၏ချစ်ခင်ရိုသေမှုရလျှက် စီးပွားလာဘ်လာဘ ရလိုသောစိတ်ဖြင့် ယုံမှတ်ထားလျှက် ရွတ်ဖတ်ပူဇော်လေ့ရှိကြသည်သာများ၏။ အမှန်စင်စစ်ကား နှုတ်မှရွတ်ဖတ်နေရုံမျှနှင့်မပြီး လိုက်နာကျင့်သုံးနေထိုင်ကြရမည်ဖြစ်သော တရားအပေါင်းအမှန်တည်း။ လက်တွေ့လိုက်နာကျင့်သုံးခြင်းမရှိဘဲ ရွတ်ဖတ်နေသူတို့သည် အဆီသြဇာနှင့်ပြည့်စုံသော သလေးစပါးနှံတို့သည် ရရှိပိုင်ဆိုင်ကြပါလျက်နှင့် ဆန်ဖြစ်အောင်ဖွပ်ထောင်းပြီးသောအခါ၌ကား ဖွဲမှုန့်နှင့်ဆန်ကွဲတို့ကိုသာ စားလိုကုန်ကြ၍ ဆန်စေ့ဆန်ကောင်းတို့ကို စွန့်ပစ်လိုက်ကဿုန်သကဲ့သို့သာတည်း။)

[ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မင်္ဂလာတရားတော်အပေါင်းကို တစ်ချက်စီသီးခြား ရေတွက်သော် (၃၈) ပါး အပြားရှိကုန်၏။]

ဤတွင်တနည်း ထို (၃၈)ပါးသော မင်္ဂလာတရားတော်အပေါင်းကို တူညီသောရည်ရွယ်ရာအ​ကြောင်းအုပ်စု (၁၀) စုတို့ဖြင့် စံနစ်တကျယှဥ်တွဲဟောကြားတော်မူခဲ့ပုံကား...
{က} ဆက်ဆံရေးမင်္ဂလာတရား (၃) ပါး
{ခ} နေထိုင်ရေးမင်္ဂလာတရား (၃) ပါး
{ဂ} သင်ကြားရေးမင်္ဂလာတရား (၄) ပါး
{ဃ} ပြုစုရေးမင်္ဂလာတရား (၃) ပါး
{င} လိုက်နာကျင့်သုံးရေးမင်္ဂလာတရား (၄) ပါး
{စ} ရှောင်ကြဉ်ရေးမင်္ဂလာတရား (၄) ပါး
{ဆ} စိတ်ထားရေးရာမင်္ဂလာတရား (၅) ပါး
{ဇ} သည်းခံတတ်ရေးမင်္ဂလာတရား (၄) ပါး
{စျ} ခြိုးခြံရေးမင်္ဂလာတရား (၄) ပါး
{ည} စိတ်ဓာတ်ခိုင်ခံ့ရေးမင်္ဂလာတရား (၄) ပါး
ပေါင်း (၃၈) ပါးသော မင်္ဂလာတရားတို့ပေတည်း။

{က} ဆက်ဆံရေးမင်္ဂလာတရား (၃) ပါး
• (၁) လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်း
• (၂) ပညာရှိကို မှီဝဲဆည်းကပ်ခြင်း
• (၃) ပူဇော်ထိုက်သူကို ပူဇော်ခြင်း

{ ခ } နေထိုင်ရေးမင်္ဂလာတရား (၃) ပါး
• (၁) သင့်လျော်သောအရပ်၌ နေရခြင်း
• (၂) အတိတ်ကပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း
• (၃) မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းခြင်း

{ ဂ } သင်ကြားရေးမင်္ဂလာတရား (၄) ပါး
• (၁) အကြားအမြင်ဗဟုသုတများခြင်း
• (၂) အသက်မွေးဝမ်းကြောင်း အတတ်ပညာတခုခု တတ်မြောက်ခြင်း
• (၃) ကောင်းသောကိုယ်ကျင့်သီလရှိခြင်း
• (၄) ကောင်းသောစကယးကို ပြောဆိုခြင်း

{ဃ} ပြုစုရေးမင်္ဂလာတရား (၃) ပါး
• (၁) အမိအဖကို လုပ်ကျွေးပြုစုခြင်း
• (၂) သားမယားကို ပြုစုလုပ်ကျွေးခြင်း
• (၃) အပြစ်ကင်းသောလုပ်ငန်းကို လုပ်ကိုင်ရခြင်း

{င} လိုက်နာကျင့်သုံးရေးမင်္ဂလာတရား (၄) ပါး
• (၁) ပေးကမ်းလှူဒါန်းခြင်း
• (၂) သုစရိုက်တရားတို့ကို ကျင့်သုံးခြင်း
• (၃) ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံခြင်း
• (၄) အများကောင်းကျိုး ဆောင်ရွက်ခြင်း

{စ} ရှောင်ကြဉ်ရေးမင်္ဂလာတရား (၄) ပါး
• (၁) မကောင်းမှုကို ဝေးစွာရှောင်ကြဉ်ခြင်း
• (၂) မကောင်းမှုကို အထူးရှောင်ဖယ်ခြင်း
• (၃) မူးယစ်အရက်သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း
• (၄) ကောင်းသောတရားတို့၌ မမေ့လျော့သော သတိရှိခြင်း

{ဆ} စိတ်ထားရေးရာမင်္ဂလာတရား (၅) ပါး
• (၁) ကောင်းသောဂုဏ်သိက္ခာရှိသူ /ရိုသေလေးစားထိုက်သူကို ရိုသေခြင်း
• (၂) မိမိကိုယ်ကို နှိမ့်ချခြင်း
• (၃) ရောင့်ရဲလွယ်ခြင်း
• (၄) ပြုခဲ့ဖူးသော သူ့ကျေးဇူးကို သိတတ်ခြင်း
• (၅) သင့်လျော်လျောက်ပတ်သော အခါ၌ တရားစကားကြားနာခြင်း

{ဇ} သည်းခံတတ်ရေးမင်္ဂလာတရား (၄) ပါး
• (၁) သည်းခံခြင်း
• (၂) ဆုံးမစကားကို နာယူလွယ်သူဖြစ်ခြင်း
• (၃) ကိလေသာငြိမ်းအေး၍ ယဥ်ကျေးသော ရဟန်းတော်တို့ကို ဖူးမျှော်ရခြင်း
• (၄) သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းရခြင်း

{စျ} ခြိုးခြံရေးမင်္ဂလာတရား (၄) ပါး
• (၁) ဣန္ဒြေခြောက်ပါးတို့ကို ကောင်းစွာစောင့်စည်းခြင်း
• (၂) မေထုန်အမှု/ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း
• (၃) မြတ်သောသစ္စာလေးပါတရားတို့ကို သိမြင်ရခြင်း
• (၄) ကိလေသာကင်းဝေးသော နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

{ည} စိတ်ဓာတ်ခိုင်ခံ့ရေးမင်္ဂလာတရား (၄) ပါး
• (၁) လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသော်လည်း စိတ်မတုန်လှုပ်ခြင်း
• (၂) ဝမ်းနည်းပူဆွေးမှုမရှိခြင်း
• (၃) လိုချင်တပ်မက်မှုမရှိခြင်း
• (၄) စိုးရိမ်ပူပန်မှုမရှိ ငြိမ်းအေးခြင်း

ဤသို့သဘောရှိသော သုံးဆယ်ရှစ်ဖြာမင်္ဂလာတို့ကို [ ပြုကျင့်ရသောကြောင့်] ( #ရွတ်ဖတ်ရသောကြောင့်မဟုတ်) အလုံးစုံသော ရန်သူတို့တွင် တစုံတယောက်သော ရန်သူသည်လည်း မအောင်အပ် မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသော ဤဘဝ၊ နောက်ဘဝ၊ ရပ်ခြင်း၊ သွားခြင်းစသော ကိစ္စတို့၌ ချမ်းသာခြင်းသို့ ရောက်ကုန်၏။
ထိုတရားတို့သည် နတ်လူအပေါင်းတို့အား ကောင်းကျိုးစီးပွားတိုးတက်ချမ်းသာခြင်းငှာ ကောင်းမြတ်သော မင်္ဂလာတရားတို့ပါပေတည်း။
#၃၈ဖြာမင်္ဂလာ

21/08/2022

#ခင်ပွန်းကြီးဆယ်ပါး ကန်​​တော့ခန်း
( ဂါထာပါဠိ )
ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါ စ
အရဟာ အဂ္ဂသာဝကာ ။
မာတာပိတု ဂုရု သတ်ထာ
ဓမျမဒသကော စ ဒါယကာ ။
ဣမေ ဒသ မဟာဂုဏေ
အဟံ ဝန်ဒါမိ သဗ်ဗဒါ ။

မြန်​မာပြန်​
~~~~~~~
အရှင်​ဘုရား
တပည့်တော်/တပည့်တော်​မသည်​
ရှေးဘဝအဆက်ဆက်တွင်လည်းကောင်း၊
ယခုဘဝတွင်လည်းကောင်းတွေ့ကြုံခဲ့ရသော
ဤခင်ပွန်းကြီးဆယ်ပါး တို့အား
ကျွန်ုပ်သည် လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှိခိုးဝန်ချတောင်းပန် ကန်​တော့အပ်ပါသည်ဘုရား

၁။ဗုဒဓွါ စ ။
ဂင်္ဂါ ဝါဠု သဲစုမကပွင့်တော်မူပြီးကြကုန်သော
သဗ္ဗညုတသခင် မြတ်စွာဘုရား အရှင်ကိုယ်တော်
မြတ်အပေါင်းတို့၏အပေါ်၌လည်းကောင်း။

၂။ပစစွကဗေုဒွါဓ စ ။
သီးခြား ပွင့်တော်မူကြကုန်သော ပစ္စေကဗုဒ္ဓါ
အရှင်သူမြတ်အပေါင်းတို့၏အပေါ်၌လည်းကောင်း။

၃။အရဟာ စ ။
ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ
အရှင်မြတ်ကြီးတို့အပေါ်၌လည်းကောင်း ။

၄။အဂဂွသာဝကာ စ ။
ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော
အဂ္ဂသာဝက မဟာသာဝကအရှင်မြတ်ကြီးတို့
အပေါ်၌ လည်းကောင်း ။

၅။ မာတာ စ ။
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌ လည်းကောင်း ။

၆။ ပိတု စ ။
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌ လည်းကောင်း ။

၇။ဂုရု စ ။
သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့အား
ဆည်းပူး၊ဖြည့်ကျင့်၊ပြည့်စုံလျှက်ရှိကြကုန်သော
လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်စသော
သူတော်မြတ်အပေါင်းတို့၏ အပေါ်၌လည်းကောင်း။

၈။ သတ်ထာ စ ။
စာပေ၊ကျမ်းဂန်တို့အား သြဝါဒပေးတတ်သော သင်ဆရာ၊
မြင်ဆရာ၊ကြားဆရာ အပေါင်းတို့၏ အပေါ်၌
လည်းကောင်း။

၉။ဓမျမဒသကော စ ။
တရား ဓမ္မတို့အား သစ္စာဉာဏ်ရောက်အောင်
ဟောဖော်ညွန်ပြဆိုဆုံးမတတ်သောသင်ဆရာ
၊မြင်ဆရာ၊ကြားဆရာ အပေါင်းတို့၏ အပေါ်၌
လည်းကောင်း။

၁၀။ ဒါယကာ စ ။
ဘုရားတပည့်တော်အား ထမင်းတစ်လုပ်၊ရေ
တစ်မှုတ်စသည်ဖြင့် ကျွေးမွေးပေးကမ်းထောက်
ပံ့ဖူးသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌
လည်းကောင်း။

ဤကဲ့သို့ကျေးဇူးကြီးမားလှကုန်သော ခင်ပွန်းကြီး
ဆယ်ပါးတို့၏အပေါ်၌ ကျွန်ုပ်သည် ကာယကံ
ကိုယ်ဖြင့်လည်းကောင်း၊ဝစီကံ နှုတ်စကားဖြင့်
လည်းကောင်း၊ မနောကံ စိတ်အကြံဖြင့် လည်း
ကောင်း၊ပစ်မှား စော်ကား ကျူးလွန်မိခဲ့သည်ရှိပါက
ပြေပျောက်ပါစေရန်အကျိုးငှါ လက်ဆယ်ဖြာထိပ်
မှာမိုးလို့ ရှိခိုးဝန်ချတောင်းပန်အပ်ပါသည်ဘုရား ။
🙏🙏🙏
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသောဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား ။
🙏🙏🙏 🙏🙏🙏

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး (၁၀)ပါး
*****************
၁။အစားအစာ မရှားပါးခြင်း
၂။ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း
၃။ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
၄။လူချစ်ခင် ပေါများခြင်း
၅။ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း
၆။ကောင်းသတင်းဂုဏ် ကျော်စောခြင်း
၇။အခြွေအရံများခြင်း
၈။စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း
၉။ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း
၁၀။သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း

ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားခြင်း ဒဏ် (၁၀)ပါး

၁။ပြင်းထန်သော ဦးခေါင်းနာ စသည် ဝေဒနာများဖြစ်ခြင်း
၂။ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။လက်,ခြေ ပြတ်ခြင်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း
၄။ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း
၅။ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆။မင်းပြစ် မင်းဒဏ် ခံရခြင်း
၇။မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း
၉။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း

ပစ္စုပ္ပန်ဘဝ၌
ထိုဒဏ် (၁၀)ပါး သင့်မည့်အပြင် သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ကျရောက်နိုင်ပါသည်။

24/07/2022

#မေတ္တာသုတ် မြန်မာပြန်နှင့်
#မေတ္တာသုတ် အကြောင်း 🙏🏻🙏🏻🙏🏻

ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ်ပါယျနဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြ လိုက်ပါတယ်

၁။ #ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမဈစေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသသော။
ဒီဃာ ဝါ ယဝေ မဟန်တာ၊
မဇစွှိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန်တိ အဝိဒူရေ။
ဘူတာ၀ သမ်ဘေ၀သီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ်ခ မိစ်ဆယြေ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ်တ မနုရက်ခေ။
ဧ၀မပြိ သဗဗြဘူတသေု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတျတေဉျစ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမသေု ဝိနယ ဂဓေံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတျတေသုတျတံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ်တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မွနျမာပွနျအဓိပ်ပါယျ ပြီးပါပြီ)
----*----*----*----*----*----*
မေတ္တာအကျိုး ( ၁၁ )မျိုး
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊

၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

ဓမ္မစာပေများ ဖက်ရှုလိုပါက
https://www.facebook.com/dhammagarden2019/

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
95

Other Religious Schools in Yangon (show all)
Madrasah Swadiqiah Hifzulquran - Yangon Madrasah Swadiqiah Hifzulquran - Yangon
No. 181 , 183
Yangon, 959

Grade Dhamma School Grade Dhamma School
Yangon

“ပညာပြည့်ဝနှလုံးလှဖို့ ဓမ္မအမွေဖြန

Diakonia KIDS & TEENS Diakonia KIDS & TEENS
Yangon

Free Zoom Sunday School Classes (Ages 5-13)

နေး အဆိုနှင့်သရုပ်ဆောင် နေး အဆိုနှင့်သရုပ်ဆောင်
မြိတ်လမ်း
Yangon

သီချင်းဆိုမယ် သရုပ်ဆောင်မယ် အမှန်‌?

NCMS Brothers - Yangon NCMS Brothers - Yangon
No. 14, Malikha Road, Mayangone
Yangon

St. Joseph's National Catholic Major Seminarians (Yangon)

Harvest Bible College - HBC Harvest Bible College - HBC
12/1450, Aung Raja 1 Street
Yangon, 11032

HBC, a globally recognized by International Bible Training Center (ibtc -USA). Here we provides a bi

University Of Abhidhamma -Yangon University Of Abhidhamma -Yangon
Moe Kaung Pagoda Compound, Yankin Township
Yangon, 11081

The first international University of higher learning in the world, dedicated to the teaching of the Buddhist Abhidhamma in English.

Swalehia Darul Iftah Swalehia Darul Iftah
အပိုင်(၁၁)ပေါက်ကုန်းရပ်ကွက်၊ခလောက်ကွန်ဒိုင်ကျေးရွာ၊
Yangon

viber နံပါတ် 09943403877 သို့ ဓမ္မသတ်မေးမြန်းနိုင်ပါသည်။

တရားတော်များ တရားတော်များ
No. (7), Panchan Kyoung Road, (13) Block, Hlaing Township
Yangon, 11051

仰光福音神学院 Yangon Evangelical Seminary 仰光福音神学院 Yangon Evangelical Seminary
62/7, Nawaddy Housing,Hlaing Htar Yar
Yangon, 11011