ဇင္ တာရာ

နည်းပညာများနဲ့ ရသ စာပေများ ဖတ်ရှုနိ?

03/05/2024

ရခိုင်စာပေ မြန်မာနိုင်ငံအနှံ့သို့
မြန်မာစာပေအဖြစ်ဖြင့်ရောက်ရှိသွားရပုံ
သမိုင်း အကျဉ်း
**************************

မြန်မာရာဇဝင်များဖေါ်ပြချက်အရ " ပု-ပင်း-အင်း-တောင်-
ညောင်ရမ်းနောင်-ကုန်ဘောင်နှစ်ခေတ်တွဲ" ဟူသည်နှင့်
အညီ မြန်မာတို့တွင်
(၁) ပုဂံခေတ်
(၂) ပင်းယခေတ်
(၃) အင်းဝခေတ်
(၄) တောင်ငူခေတ်
(၅)ညောင်ရမ်းခေတ
်(၆) အမရပူရခေတ်
(၇) မန္တလေးခေတ် ဟူ၍ ခေတ်ကြီးခုနစ်ခေတ်ရှိခဲ့လေ
သည်။

ရခိုင်တို့တွင်" ဒွါ- ဝေ - ဓည- ပဒုတထား- ကျောက်လှေ
ကားဝေသာ- လေးမြို့လာ- သုံးဖြာမြောက်ဦးခေတ်" ဟူ
သည်နှင့်အညီသမိုင်းမတင်မှီ
(၁) ဒွါရာဝတီခေတ်
(၂) ဝေသာလီခေတ်ဟူ၍ နှစ်ခေတ်

သမိုင်းတင်ပြီးနောက်
(၃) ပထမဓညဝတီခေတ်
(၄) ဒုတိယဓညဝတီခေတ်
(၅) တတိယဓညဝတီခေတ်
(၆) ကျောက်လှေကားဝေသာလီခေတ်
(၇) လေးမြို့ခေတ်
(၈) ပထမမြောက်ဦးခေတ်
(၉) ဒုတိယမြောက်ဥိးခေတ်
(၁၀) တတိယမြောက်ဦးခေတ် ဟူ၍ ရှစ်ခေတ်
စုစုပေါင်း (၁၀) ခေတ်ရှိခဲ့လေသည်။

ထိုခေတ်အဆက်ဆက်တို့တွင် မြန်မာနိုင်ငံပုဂံကို
"ကြာ-အိုး-အံ-ပုဂံတည်" ဟူသောရာဇဝင်လင်္ကာအရ
ပျဉ်ပြားမင်းသည် မြန်မာသက္ကရာဇ်(၂၁၁) ခုတွင်တည်ထား
ခဲ့ပြီး ထိုနှင့်ခေတ်ပြိုင်ရခိုင်ပြည်၌ ယင်းမတိုင်မှီ(၃၁)နှစ်အလို
သက္ကရာဇ်(၁၈၀)ခုကပင် ခေတ္တသင်မင်းကြီးသည် လေးမြို့
ခေတ်ဦးပဉ္စာမြို့ကိုတည်ထားခဲ၍ စည်ပင်နေလြေီပီ။

ထိုပဉ္စာမြို့တည် ခေတ္တသင်မင်းကြီးနောက် သုံးဆက်
မြောက်ဖြစ်သော မင်းရင်ဖြူသည် သက္ကရာဇ်(၂၀၉) ခုတွင်
ပဉ္စလောဟာရတနာတို့ဖြင့် ဆင်းတုတော်တစ်ဆူကိုသွန်း
လုပ်ပူဇော်ခဲ့ပြီး ပလ္လင်တော်စမ္မခဏ်၌ ရက္ခဝဏ္ဏအက္ခရာခေါ်
ရခိုင်စာပေအက္ခရာဖြင့် ကောင်းမှုရှင်စာတမ်းထိုးထားခဲ့ပါ
သည်။ ဥာဏ်တော်မှာယခုအတိုင်းအတာဖြင့် ၁၄့၃လက်မ
မြင့်ကာ လက်ရှိ စစ်တွေမြို့ ခေါင်းလောင်းကျောင်းတွင်
ပူဇော်ခံလျှက်ရှိနေပါသည်။

မူလစမ္မခဏ်စာမှာ" သက္ကရာဇ်---၉ ခု ကဆုန်လဆန်း
၆ ရက် ၂လာ ၅နာရီကျော်----ရောက်-----ကြီးသွန်းအဲ
သည် ငင်္ရင်္မဖြူကောင်းမှု ပဉ္စလောဟာဖြင့်ပြီးပြည့်စုံသည်
ဘုရားပြုသောအကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသောဝ်
ဟူ၍ဖြစ်ပါသည်။

ဖြည့်စွက်အဓိပ္ပါယ်ဖေါ်ယူရလျှင် "သက္ကရာဇ် ၂၀၉ ခု
ကဆုန်လဆန်း ၆ ရက် တနင်္လာနေ့ ၅ နာရီကျော်အချိန်
ရောက် ဘုရားကြီးသွန်းအပ်သည် ပဉ္စလောဟာဖြင့်ပြီးပြည့်
စုံသည် ဘုရားပြုလုပ်ရသောအကျိုးအားဖြင့် ဘုရားမချွတ်
ဖြစ်စေသော်ဝ်" ဟူ၍ဖြစ်ပါသည်။

ဤကား ယနေ့မြန်မာစာပေဟူ၍သတ်မှတ်ခံထားရ
သော ရခိုင်စာပေကို ရခိုင်ဒေသ၌တွေ့ရသောအထောက်
အထားများစွာအနက်မှ တစ်ခုဖြစသည်။

ဤစာပေအက္ခဖြင့် မြန်မာတို့ဒေသ၌ ရှေးဦးစွာတွေ့ရှိရ
သောစာပေသက်သေမှာ မြစေတီကျောက်စာဖြစ်ပါသည်။
မြစေတီကျောက်စာကို ပုဂံပြည့်ရှင်အနော်ရထာ၏မြေး
ကျန်စစ်မင်း၏သားတော် ဇေယျခေတ္တရာဘွဲ့ခံ ရာဇကုမာရ
မင်းသားက ကောဇာ(၄၇၅)ခု (အေဒီ ၁၁၁၃)တွင်တည်
ထားခဲ့ကြောင်း ရာဇဝင်မှတ်တမ်းများကပြဆိုကြပါသည်။

အဆိုပါ စာပေနှစ်ခုကိုနှိုင်းယှဉ်လိုက်သောအခါ
မြစေတီကျောက်စာသည် မင်းရင်ဖြူဘုရားစမ္မခဏ်စာ
နောက် နှစ်ပေါင်း (၂၆၆)နှစ်ပင်နောက်ကျကြောင်း
တွေ့ရှိရပါသည်။

ဤသို့ဆိုလျှင် ပုဂံပြည်၌ ရှေးယခင်ကစာပေမရှိခဲ့လေ
သလောဟူငြားအံ့။ ရှိခဲ့ပါသည်။ ရှိခဲ့သောစာပေမှာ ပျူစာ
ပေဖြစ်ပါသည်။ ထိုပျူစာပေကိုလည်း မြစေတီကျောက်စာ
မှာပင်နောက်ဆုံးတွေ့ရခြင်းဖြစ်သောကြောင့် မြစေတီ
ကျောက်စာကို မြန်မာစာပေ၏အစ ပျူစာပေနိဂုံးဟု
သုတေသီများသတ်မှတ်ထားကြပါသည်။

ယင်းသို့ဖြစ်လျှင် မြစေတီကျောက်စာတွင် မှတ်တမ်း
တင်ရလောက်အောင်ဖွံ့ဖြိုးခဲ့သောပျူစာပေသည် ရုတ်တရက်
ပျောက်ကွယ်၍ ယခင်ကမရှိခဲ့ဘူးသောမြန်မာစာပေသည်
ကောင်းကင်ကကျလာသလို ချက်ချင်း အဘယ်ကြောင့်
ဖွံ့ဖြိုးပြီးသားပေါ်လာရပါသနည်း။ အကြောင်းကိုသမိုင်း
သက်သေရှာဖွေကြရမည်ဖြစ်ပါသည်။

အဖြစ်မှန်ကားဤသို့ပင်ဖြစ်ပါသည်။
ရခိုင်ပဉ္စာမြို့ (၁၂) ဆက်မြောက်ဘုရင် မင်းဘီလူးကို
ဝရောင်းငှက်ခေါ် အမတ်အသင်္ခယာပုန်စားသောကြောင့်
အိမ်ရှေ့မင်းသား မင်ရဲဘယသည် မိဖုရားစောပေါက်ညို
(ပေါက်ညိုမြ)နှင့် အမတ်ပညာရှိ အခြွေအရံပရိသတ်ကို
အတူခေါ်လျှက် သက္ကရာဇ်(၃၄၆) (အေဒီ ၉၈၄)တွင်
ဘူးရွက်မညှိုးလမ်းမှ ပုဂံပြည်သို့ရှောင်တိမ်းကာအနော်ရ
ထာမင်းစောထံ ခိုလှုံခစားခဲ့ပါ၏။(သက္ကရာဇ်ကွဲချက်ရှိ)

ထိုအချိန်ကား အနော်ရထာမင်းစောသည်ပုဂံပြည်တွင်
မူလကကိုးကွယ်နေသောအရေးကြီးသာသနာကို ဖြိုခွင်း
သုတ်သင်နေသောအချိန်ကာလဖြစ်၏။ ပုဂံပြည်သုံးစာပေ
ဖြစ်နေသော ပျူစာပေမှာ အရေးကြီသာသနာမှသင်ယူရ
သောစာပေဖြစ်နေ၏။ အရေးကြီးတို့သည် သူတို့၏ လုပ်ကြံဖန်တီးထားသောဝါဒမျာကို ပျူစာပေဖြင့်မှတ်တမ်း
တင်ထားကြ၏။ ထို့့ကြောင့် ပျူစာပေသည် ထိုအချိန်က
အရေးကြီးစာပေဖြစ်နေလေသည်။

အရေးကြီးသာသနာကိုသုတ်သင်ဖြိုခွင်းရာတွင် ပျူစာပေ
သင်ကြားရေးသည် ဘုရင်ကမျက်နှာသာမပေးသောရန်သူ့
စာပေအဖြစ်သတ်မှတ်ခံရသောကြောင့့် အရေးကြီစာပေများ
ကိုမီးရှို့ဖျက်ဆီးလိုက်ကြသောအခါ ပျူစာပေတို့သည် အရေး
ကြီးသာသနာနှင့်အတူ ချက်ချင်းရပ်ဆိုင်းကာ တိမ်ကော
ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤကား ပျူစာပေ၏
နိဂုံးပင်ဖြစလေသည်။

အခြားတစ်ဖက်တွင်ကား ရခိုင်အိမ်ရှေ့မင်းသား မင်းရဲ
ဘယနှင့်အတူလိုက်ပါလာကြသောအမတ်ပညာရှိများသည်
လကျာ်မင်းနံ ရွှေဂူသာတို့ကဲ့သို့မင်းသားမင်းသမီးငယ်များ
နှင့် မိမိတို့၏သားငယ်သမီးငယ်မျာကို မိမိတို့ရခိုင်စာပေကို
သင်ကြားမြဲသင်ကြားလျှက်သာရှိနေကြ၏။ ထို အမတ်
ပညာရှိများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသောကြောင့်
ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာတတ်မြောက်ကြသူများဖြစ်၏

အနော်ရထာမင်းကြီးသည် သထုံမှ ပိဋကတ်တော်များ
ရလာသောအခါ ထိုပိဋကတ်တော်လာတရားတော်များကို
နားလည်နိုင်ရေး သင်ယူနိုင်ရေးအတွက် ကျွမ်းကျင်သူ
ပညာရှင်များအထူးလိုအပ်လာလေသည်။ ထိုအခက်အခဲ
ဟူသမျှကို ရခိုင်ပညာရှိအမတ်များက ကူညီသင်ကြား
ဖြေရှင်းပေးကြ၏။ ထိုအခါ ရာဇကုမာရတို့ကဲ့သို့မင်းသား
မင်းသမီးငယ်များ တိုင်သူပြည်သားတို့၏ကလေးသူငယ်များ
သည် ပိဋကတ်စာပေတတ်မြောက်ရေးအတွက် ရခိုင်ပညာရှိများထံမှသင်ယူကြ၏။

ရခိုင်ပညာရှိအမတ်များသည် ရခိုင်စာပေအက္ခရာဖြင့်
ပုဂံမင်းသားမင်းသမီးကလေးသူငယ်များကိုသင်ကြားပေး
ကြပါ၏။ ထို့ကြောင့်နောင်မကြာမှီ မြစေတီကျောက်စာမှ
မြန်မာစာပေ သည် မိုးကောင်းကင်မှ ဥပပတ်ပဋိသန္ဓေဖြင့်
နတ်သားနတ်သမီးကျလာဘိသကဲ့သို့ ဘွားကနဲ့ပေါ်ပေါက်
လာခြင်ဖြစ်ပါသည်။

ဤသို့ဖြင့် ရခိုင်စာပေသည် မြန်မာစာပေဟူသောအမည်သစ်ကိုခံယူလျှက် မြန်မာနိုင်ံ
အနှံ့ ပြန့်နှံ့သွားရပါသတည်း

ပညာပါရမီဆရာတော်(ဦးရာဇ်မြီ)
-----------------------------------------------------------------

ကျမ်းကိုး
(၁) သမန္တစက္ခုဒီပနီ(မံုံရွေးဇေတဝနဆရာတော်ကြီး)
(၂) ရခိုင်ရာဇဝင်သစ်ကျမ်း (အရှင်စန္ဒမာလာလင်္ကာရ)
(၃) မြစေတီကျောက်စာ(လှသမိန်)
(၄) ပုဂံခေတ်နိုင်ငံရေးသမိုင်း(ဒေါက်တာသန်းထွန်း)
(၅) တနေ့တလံ ပုဂံဘယ်ပြေးမလဲ(ဒေါက်တာသန်းထွန်း)
(၆) ကျောင်းသုံးမြန်မာရာဇဝင် (ဦးဘသန်း)
(၇) မင်းရင်ဖြူကောင်းမှု စမ္မခဏ်စာ
(၈) သာသနာလင်္ကာရစာတမ်း(မဟာဓမ္မသင်္ကြန်)်

Parami Saradaw ဆရာတော် ရေးသားသည်။

#ရခိုင်ပြည်နယ်မှထူးခြားဖြစ်စဉ်များ
#ရခိုင်ပြည်
#ရခိုင်စာပေ

Photos from EPC's post 22/12/2023
18/11/2023

အရေးကြီးပြီ ဂဂျီဂဂျောင် အပေါင်းတို့
သွေးစည်းစွာ K အတူ ရှူကြစို့

# ခွက်ဒစ်...ငြိမ်းချမ်းဦး😁

27/06/2023
Photos from မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး's post 27/06/2023

အေ့လေ ခပ်အေးအေးလေးတေ 😍😍😍

09/06/2023

ကားပိုင်ရှင် အရှင်ဘုရားများ သို့
တပည့်တော်ရိုသေစွာ
လျှောက်ထားအပ်ပါသည် ဘုရား.......

နံပါတ်အဝါတပ် ယာဉ်တော်မြတ်ဖြင့်
လိုရာဌာနကြွမြန်းခြင်းမှာ
ကောင်းကင်ဈာန်ရ
ပျံကြွခြင်းမဟုတ်၍
အရှိန် လျော့၍
မောင်းတော်မူပါဘုရား။

လမ်း၏စည်းကမ်း
ဘယ်ခြမ်းညာခြမ်း
သတ်မှတ်ထား၍
မဇ္ဈိမပဋိပဋာ လမ်းစဉ်ကိုင်စွဲ
လမ်းလယ်မျဉ်းက
မောင်း၍မရပါအရှင်ဘုရား။

သတ္တဝါအများအပါ်
စာနာသနားလျှင်လည်း
ဘယ်ညာ မသိတဲ့ ရွာကငတိတွေကို
ကားမောင်းမခိုင်းစေလိုပါဘုရား......

တပည့်တော်
ငချွတ်စကားကို
အမျက်လည်း
မထားစေလိုပါ.....

ယောနိသောမနသိကာရကို နှလုံးသွင်း
အရှင်ဘုရားတို့ကားလာရင်
တပည့်တော်လိုအကောင်က
လမ်းဘေးဆင်းရှောင်ဖို့
အသင့်ပါဘုရား.....

ကွေ့ကြောမှာရပ်လို့
လမ်းကျဉ်းဆိုင်များတို့တွင်
ယာဉ်အကြာကြီးရပ်၍
ဈေးအကြာကြီးဝယ်တော်မမူပါနှင့်ဘုရား....

တပည့်တော်လိုအကောင်က
သံဃာ့ ဂုဏော အနန္တော ပါဘုရား။
😏😏😁😁
copy...

Crd

21/05/2023

တစ်ခါက ရွာတစ်ရွာမှာ ရွာဦး နတ်ကွန်းနံဘေး
ရေနှုတ်မြောင်းက ဖြတ်စီးနေတယ်။
နတ်ကွန်းထဲမှာ နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး။

တစ်နေ့တော့ လူတစ်ယောက်ဟာ
မြောင်းဘောင်အတိုင်း လျှောက်လာပြီး
ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။

အဲ့မြောင်းထဲမှာကရေတော်တော်များနေတယ်။
ခုန်ကူးရအောင်ကလည်း မမီမကမ်းနဲ့။

မြောင်းထဲ ဆင်းကူးရင်လည်း ရေစိုမယ်။
ဒီလူကလည်း ခပ်ရွတ်ရွတ်ဆိုတော့
နတ်ကွန်းထဲက နတ်ရုပ်ကြီးကိုဆွဲချ
မြောင်းပေါ်ခွကျော်ထားပြီးမှနတ်ရုပ်ကြီးကို
တုံးတံတားလုပ်ပြီးမြောင်းကို ကူးသွားတယ်။

ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီး မျက်ခွက်ကိုတောင်
ဆောင့်နင်း သွားလိုက်သေးသတဲ့။

သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီး
တစ်ယောက် ရောက်လာတယ်။

သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာရွှံ့ခြေရာကြီး
ပေနေတာတွေ့တော့မျက်စေ့တောင် ပြာခနဲ ဖြစ်သွားပြီး
မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ခပ်၊
နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့,မ၊
နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။

အဲ့ဒီမှာ..သူ့ကိုမထီမဲ့မြင် လုပ်တယ်ဆိုပြီး
နတ်ကြီးက ဖမ်းစားတော့တာပဲ။

ဘယ်သူ့ကိုဖမ်းစားသလဲ ဆိုတော့
သူ့ကို ချနင်းသွားတဲ့လူကို မဟုတ်ဘဲ
အပင်ပန်းခံ နတ်ကွန်းထဲပြန်ထားတဲ့လယ်သမားကြီးကိုပါ။

အကြောင်းပြချက် Reason ကနတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ
အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး
မပင့် မလျှောက်လို့တဲ့၊ နတ်ဆရာတွေက ဒီလိုပြောလို့
လယ်သမားကြီးခမျာဝက်တစ်ကောင်ပေါ်ပြီး ပူဇော်ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက
အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်။

" မင်းကွာ ..မင့်ကို တက်နင်းသွားတဲ့ကောင်ကိုတော့..
ဖမ်းမစားရဲဘူးပေါ့.."

ဒီတော့မှ ..အဲ့ဒီ မတ်တပ်ကိုယ်တော်နတ်ကြီးက.....ပြန်ပြောလိုက်တာက...

” ဟေ့ကောင်တွေ...ငပိန်းတွေကို ..
အနိုင်ကျင့်ရတာ လွယ်တယ်ကွ..
ငါ့ကိုတက်နင်းသွားတဲ့ကောင်ကို ...သွားဖမ်းစားမိရင်...
နောက်တစ်ခါဆို..ငါ့ကို မီးပါအရှို့ခံနေရမှာ... "

Crd original uploader

Photos from နာရေးကူညီမှုအသင်း-ရန်ကုန်'s post 20/05/2023
20/05/2023

မျက်စိထဲကွင်းကွင်းကွက်ကွက်မြင်ယောင်စေသောတေးသီချင်းများ 😜😜😜
________________________________
ခွေးဇာတ်ခင်းတဲ့ သီချင်း...

"မလွတ်လပ်ကြတဲ့ သံယောဇဉ်တွေနဲ့...
ဟိုတုန်းကတည်းက တို့နှစ်ယောက်လုံးမှာ
ဆိုင်သူတွေ ရှိပြီးသား...ကွယ်..."

လူမိုက်သီချင်း...

မင်းတို့ရဲ့ ရပ်ကွက်ထဲ ..ဇိုးဘဲတွေသိပ်ပေါလို့...
ခါးကြားထဲ ဓားထိုးပြီး မင်းဆီလာခဲ့မလို့ ....

ဘာမှမဆိုခင် နှုတ်ဆက်သွားတဲ့ သီချင်း

ဘိုင်ဘိုင်..ဘိုင်ဘိုင်...ဘိုင်ဘိုင်...
ဘိုင်ဘိုင်..ဘိုင်ဘိုင်..ဘိုင်ဘိုင်..

ကျူးကျော်သီချင်း....

နယ်မြေသစ်များစွာ ရှေ့က.. အတူစွန့်စားကြစို့
မင်းနဲ့ငါ...နယ်မြေသစ်များစွာရှေ့က သွားရမှာပဲဟေ့..
ငါတို့ရှေ့မှာ အတားအဆီးများ ဘာမှကို မကြောက်ဘူး ရှေ့ဆက်မှာ....

မယားငယ်အိမ်မှာ သွားအိပ်တဲ့ သီချင်း

ဒီတစ်ညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ...
အချစ်ကလေးရယ်...တခါးဖွင့်တော့ကွယ်...

သေခါနီး သီချင်း...

ကိုယ့်ရင်ထဲတိုး ဝင်နားထောင်ကြည့်စမ်း...
ရင်ခုန်သံ သဲ့သဲ့လေးကြားနေတယ်...
နာရီစက္ကန့် တစ်ချက်ခုန်ရင် အသည်းတွေတုန်...
ငါခံစားနေတာ ချစ်ရေ ကြားရဲ့လား...

ကလေးနှာဗူးသီချင်း..

ငယ်သေးတဲ့ ..အချစ်ဖို့ မလေးစားတာလားပြောပါ..
ကျနော် သိပ်ချစ်တတ်တာ ကျနော် သာ အသိပါ...

ကြာကူလီ သီချင်း.

ကျနော် ချစ်တဲ့သူ..မှာ ချစ်သူရှိတယ်......

စနှိုက်ကြော်သီချင်း...

မင်းရည်းစားထက်တောင် ငါပိုချစ်တာ...

အာသာမပြေ မာမာဝေ သီချင်း...

ရည်းစားနှစ်ယောက်ရှိရင်..ရည်းစားနှစ်ယောက်ရှိရင် သိပ်သိပ်ပြီးတော့ကောင်းမှာပဲ....

သူခိုးသီချင်း..

တလောကလုံးကအိပ်စက် သံခေါင်ယံ အချိန်လွန်ခဲ့
အတွေးများယောက်ယက်ခပ်လို့..
အိပ်စက်နိုင်ဖို့ခက်...

EPC သီချင်း ၁

တနေကုန် အလုပ်သိပ်ရှုပ် ညဘက်မိုးလဲချုပ်လို့
အေးဆေးအိပ်ဖို့လုပ် အဲ့တုန်း မီးပျက်သွား..သည်းခံ

အတွဲချောင်းတဲ့ သီချင်း

မြင်ယုံလေး မြင်နေရင် ကျေနပ်တယ်..
ကိုယ်ငေးမော...တစိမ့်စိမ့် ကြည့်နေမယ်..

အလီဘိုင် သီချင်း..

ဒီထက်တော့ မရှိနိုင်တော့ဘူး သက်သေ..
အမြဲတမ်းပဲ မင်းကငါ့အပေါ် သံသယ..

KTV သီချင်း

သူခေါ်တယ် လာပါ...လာပါ..
ည..ည..ဆို ကြားရ ..ကြားရ..
ဂမ္ဘီရ သူရဲ့ဝိဥာဉ် ကိုယ့်ရင်ထဲ တိုးဝင်လာ...

ညဘက် ဇယားရှာတဲ့ သီချင်း

ညတုန်းက တွေ့ခဲ့တယ်ကောင်မလေး တျောက်
ပျောက်သွားလို့ လိုက်ရှာနေဒေ....

ကောင်မလေးဒေ...စိတ်ပူတဲ့ သီချင်း

သူမလာတာ...သုံး..လေး..ငါး..ရက် ကြာပြီရှင်.
ဒါကိုပင် ..သိန်း..သန်း နှစ်မက ကြာတယ်ထင်

စာမေးပွဲ ခန်းထဲက သီချင်း

ငါတော့ မေ့လို့ မရတော့ဘူး...အချစ်ဆုံးရေ.
ငါတော့ မေ့လို့မရတေ့ာဘူး...မင်းသိလား...

သရဲကြောက်တဲ့ သီချင်း

အိမ်!...
ခြောက်နာရီဆို အဖေရယ် ပြန်လာပေးပါ..
အိမ်!...
မိုးချုပ်မှာကို အရမ်းပဲကြောက်နေမိတာ..

လင်ငယ်နေတဲ့ သီချင်း..

ပြန်..ပြန်တော့ကွယ် ..
အပြင်မှာ မိုးလဲ ရွာတော့မယ်....

မယားပါသားကို ချေ့ာသိပ်တဲ့သီချင်း

တို့...သွေးလဲ မဟုတ်..
တို့..သားလဲ မဟုတ်..
တို့..အမျိုးလဲ မဟုတ်ပေ..

တရုတ်ကို စျေးကွက်ပြတဲ့ သီချင်း

မောင်တို့ရွာမှာကွယ်..ဘာ.ဘာ.တွေပေါတယ်
ပင်ထနောင်းနဲ့ ထန်းပင်တွေ မကျည်း ဝါးတွေ
ပေါပါတယ်..

စိတ်ကူးယဉ် သီချင်း

အာရှမှာ မြန်မာ ကသာ အနိုင်ယူ ဗိုလ်ဆွဲရမည်..

အလုပ်စလုပ်မယ့်နေ့ သီချင်း

တနေ့....ပင်လယ်ရေတွေခမ်းတဲ့ တနေ့...
နေရောင်ခြည်တွေ မလင်းတဲ့ တနေ့...

တာဝန်ယူတတ်တဲ့ သီချင်း

ကိုယ့်ကြောင့်.....အချစ်ရေ..ကိုယ့်ကြောင့်..

အမှိုက်ပစ်တဲ့ သီချင်း

လမ်းပေါ်မှာလဲ တွေ့နိုင်တယ်...
စာသင်ခန်းနဲ့..လက်ဖက်ရည်ဆိုင်ထဲ...
နေရာအနှံ့ ပြန့်ကျဲ...

69 သီချင်း..

မွန်းတယ်..မွန်းတယ်..အသက်ရှူကျပ်တယ်..ဟုတ်...မွန်းတယ် မွန်းတယ်..
အသက်ရှူကျပ်တယ်...
ဖြေးဖြေးလုပ်ပါ အကို...

အပေးအယူမျှတဲ့ သီချင်း

ကောင်းလား ..အကို...ကောင်းတယ်..
ကောင်းလား..အကို..ကောင်းတယ်..
ကောင်းရင်ကောင်းတယ်မှတ်...

Credit အတွေးဟာသပဒေသာ

15/05/2023

လွန်ခဲ့တဲ့
(၃)လကျော်လောက်က
ကိုယ်သောက်နေကြ လက်ဖက်ရည်ဆိုင်က
စားပွဲထိုးလေးက...
ကိုယ့်ကို လာတိုင်ပင်ဖူးတယ်

" အစ်ကို . .ကျနော် ဒီဆိုင်မှာမနေချင်တော့ဘူး"
အလုပ်ထွက်တော့မယ်
ဒီမှာလုပ်တာမတိုးတက်ဘူး လစာနည်းတယ် တဲ့

ကိုယ်လဲ ဆေးလိပ်
တလိပ်ကိုမီးညှိလိုက်ပြီး

'' ရော့ ညီလေးဒီစာအုပ်ကိုပြီး
အောင်ဖတ်" ဆိုပြီး
မင်းသိင်္ခရဲ့ ဝတ္ထုတစ်အုပ်ကို ပေးဖတ်လိုက်တယ်

နောက်တစ်ရက်ဆိုင်ရောက်တော့...

'' အကိုပေးတဲ့စာအုပ်က ကောင်းတယ်ဗျာ
ကျနော် အားတွေရှိသွားပီ
မနက်ဖြန် အလုပ်ထွက်တော့မယ်
ဒါပေမယ့် ဘယ်ကစ လုပ်ရမှန်းမသိဘူး"
လို့ပြောလာတယ်

ကိုယ်လဲလက်ဖက်ရည်ဆိုင်က
ခပ်ညံ့ညံ့ဂျုံသားနဲ့လုပ်ထားတဲ့
သကြားပလာတာကို ကောက်ဝါးလိုက်ရင်း...

``မင်း မနက်ဖြန် ကာကီဘောင်းဘီဝတ်"

"ဗျာကျနော့်မှာကာကီ ဘောင်းဘီမရှိဘူးဗျ "

"အေး ကာကီဘောင်းဘီ
မရှိရင် ဂျေဂျေဘောင်းဘီဝတ်"

"ဟုတ် , ... ပြီးတော့ရော"

"လမ်းထိပ်ကနေ
တွေ့ရာလိုင်းကား စီး
ဂိတ်ဆုံးအထိလိုက်
ဂိတ်ဆုံးတာနဲ့
ဆင်းတော့ အဲ့မှာ
မင်းဘဝ စပြီကွာ"

စားပွဲထိုးကောင်​လေး ရဲ့ မျက်နှာမှာပီတိတွေဖြာလို့...

'' အကို့ စာအုပ်တွေထဲကလို
ပညာရှိအဘိုးကြီးတွေ တကယ်ရှိလားဟင်"

ကိုယ်လဲ နှုတ်ခမ်းလေး
ကွေးရုံမျှ ပြုံးလိုက်ပြီး...

'' မင်းသိလာမှာပေါ့ကွာ" လို့ပြောရင်းနဲ့
သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်

နောက်ရက်ကစပြီး
အဲ့ဒီစားပွဲထိုးကောင်လေးကို မတွေ့ရတော့ပါဘူး

ဘယ်ရောက်သွားမှန်း
လဲမသိဘူး...ကြာခဲ့ပါပြီ။

===============================

ဟိုးတစ်ရက်က
သူ့လုပ်ခဲ့တဲ့
လက်ဘက်ရည်ဆိုင်
ပိုင်ရှင်နဲ့တွေ့လို့
မေးကြည့်တော့
သူ ဘုရားကြီးဘက်မှာ
တောင်းစားနေတယ်
ဆိုလား...ဘာဆိုလား

ဘာပဲဖြစ်ဖြစ်
တိုးတတ်ချင်တဲ့
လူငယ်အတွက်
ဝမ်းသာခြင်း
ဖြစ်မိပါတယ်။

ကိုယ့်ဝင်ငွေနဲ့
ကိုယ်ပိုင်အလုပ်
အကိုင်လေးနဲ့
အတည်တကျ
ဖြစ်သွားလို့ 😂
crd.

01/12/2022

ရှေ့နေမလုပ်ချင်တော့တာနဲ့ အတော်ပဲ

မုန့်ဟင်းခါးဆိုင် ဖွင့်ဖို့ စီစဥ်ရမယ်

တကယ်တော့ အသက်ကြီးလာတဲ့အခါ
အေးအေးဆေးဆေး မုန့်ဟင်းခါးဆိုင်လေး
ဖွင့်ချင်တာ။

မုန့်ဟင်းခါးရောင်းပြီဆိုတော့ အသက်က ငါး ပဲ။
ဒီတော့ ငါးတွေကိုလိုက်စုံစမ်းကြည့်တော့
စိတ်တိုင်းကျတယ်ရယ်လို့ကို မရှိဘူး။
ဒီလိုနဲ့ပဲ အသက်ကြီးလာတဲ့အခါ မုန့်ဟင်းခါးဆိုင်
ဖွင့်ဖြစ်ဖို့ ငါးလည်းအဆင်ပြေအောင် ခုတည်းက
ငါးကန်လေးထောင်ပြီး ငါးမွေးလိုက်တယ်။

ငါးကန်လုပ်ပြီးမှ သိလိုက်ရတာက ငါးစာက
တော့်တော့်ကိုစျေးကြီးတာပဲ။
ဒါနဲ့ မိတ်ဆွေတယောက်နဲ့အကြံပေးမှု့ကြောင့်ပဲ
ငါးကန်ပေါ်မှာ ကြက်ခြံဆောက်လိုက်တယ်။

ကြက်ကမွေးတော့ ဥ ပြသနာကရှိလာပြန်ရော။
ကြက်ဥကို Bakery တွေသွင်းတော့ စျေးနှိမ်၊
မခံချင်တော့ ကိုယ့်ဘာသာ Bakery တခု
ထောင်မိပြန်ရော။

Bakery ထောင်တော့ ဂျုံအကြောင်းရယ်၊
သကြားအကြောင်းရယ် သိလာတယ်။
ကြံခင်းနဲ့ဘီးလင်းမှာလည်း မြေရှိနေတော့
ကြံပင်လေးတွေစိုက်ရင်း ကိုယ်ဘာသာပဲ
သကြားထုတ်လိုက်တော့တယ်။

သကြားစက်ရုံလည်ပြန်တော့ မီးတွေကပျက်
မီးစက်အတွက် ဆီကမစားသာတာနဲ့ပဲ
ကွန်တိန်နာလိုက် ကိုယ်တိုင်သွင်းပြန်တော့
သူငယ်ချင်းတွေကလည်း သုံးချင်တယ်ဆိုတာနဲ့
ဆီဆိုင်လေး ထောင်မိပြန်ရော။

ဆီဆိုင်ထောင်တော့ ပြသနာက ဒေါ်လာနဲ့
ငွေပေးချေရေးပဲလေ။
ဟိုလူ့လိုက်ရ ဒီလူ့အောက်ကြို့ရနဲ့ အဆင်က
သိပ်မပြေလှတော့ ကိုယ်ဟာကိုယ်ပဲ ဘဏ်
ထောင်လိုက်တော့တယ်။
စိတ်ချမ်းသာတယ်။
ဘယ်သူ့မှ အောက်ကျို့စရာ မလိုတော့ဘူး။

ဒါပေမယ့် နယ်ကလူတွေ ဘဏ်သုံးပြီး
ငွေသားတွေ သယ်ဖို့ကျတော့ အခက်အခဲ
ဖြစ်လာပြန်ရော။
ဒီတော့ ခရီးသည်လည်းတင်၊ ငွေလည်းသယ်
အားလုံးအဆင်ပြေအောင် Express လိုင်းတခု
မြန်မာပြည်အနှံထောင်လိုက်တယ်။

Service ကကောင်းတော့ Traval Agent တွေက
ဆိုင်ထောင်ပါလား ကိုယ်ဆိုင်ကိုယ့်ကား ဆို
ပိုအဆင်ပြေတာပေါ့ ဆိုတာနဲ့ ဆိုင်တွေဖွင့်မိတာပေါ့။

ဆိုင်ကများတော့ GM ခန့်ရတယ်။
GM က ဟော်တယ်တွေ ဘာတွေလုပ်ဖူးတော့
ဟော်တယ် manage လုပ်တာနဲ့ ဆိုင်တွေကို
manage လုပ်တာ သိပ်မကွာဘူး၊ သူလုပ်ပေးမယ်
ဆိုတာနဲ့ပဲ ဟော်တယ်တွေ ထပ်ဖွင့်သွားမိတယ်။

နောက်ဆုံးတော့ ဟော်တယ်လည်းရှိ၊
ဆိုင်တွေလည်းရှီ၊ ကားလိုင်းလည်းရှိ၊
ဆီဆိုင်လည်းရှိ၊ ဘဏ်လည်းရှိနေင်္ပြဆိုတော့
လေယာဉ်လိုင်းလေး ထောင်လိုက် မိတယ်။

တကယ်တော့ အသက်ကြီးလာတဲ့အခါ
အေးအေးဆေးဆေး မုန့်ဟင်းခါးဆိုင်လေး
ဖွင့်ချင်တာပါ။


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

မျှဝေ.မင်မင်ကစိုး😊

Photos from ဇင္ တာရာ's post 01/12/2022

ပယင်း(Amber)အကြောင်းသိကောင်းစရာ
________________________________________

စွမ်းအင်(Energy) ၊ ဂြိုလ်(Planet) ၊ တနင်္ဂနွေဂြိုလ် ၊ ဓာတ်သဘာဝ(Element) ၊ မီးဓာတ်(တေဇော) ၊ အာကာသဓာတ် ၊ နတ်ဘုရား(Diety) ၊ မဟာမိခင်(The Great Mother) ၊ စွမ်းအားများ(Power) ၊
ကံကောင်းခြင်း ၊ ကုစားပေးခြင်း ၊ အင်အား ၊ ကာကွယ်ပေးခြင်း ၊ လှပစေခြင်း ၊ ချစ်ခြင်းမေတ္တာ ၊ ဂမ္ဘီရအသုံးများ(Magical Uses)
ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံးရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈၀၀၀)လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။
ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး(ထင်းရူးပင်တစ်မျိုးဟု ဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်ပါသည်။ နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်းထားကြသည်။ ပယင်းဟာ ကျောက်မျက်ရတနာ၉ပါးထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာရှိကာ သိပ်သည်းဆလည်း ၁.၀၇သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်ပါသည်။ မီးရှိုလျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပါသည်။

ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေ့ါပါးတာကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်ည အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်းမှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်ပါသည်။
ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ၎င်း ရေတိမ်းပိုင်းမှာ ရေငုတ်ပြီးသော၎င်း အလွယ်ရှာတွေ့နိုင်သည်။ ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရောင်းအဝယ်လုပ်ကြသော်လည်း ၎င်းအပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်ုက ထွက်သော ပယင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိူင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တင်္ိးနယ်တို့တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက်ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန်တို့ ဖြစ်သည်။
မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ စျေးရနိုင်ပြီး အထက်တွင် ဖော်ပြသကဲ့သို့ သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက စျေးပိုရကြောင်း သိရသည်။ တစ်ချို့ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင်ပယင်းမှာ စျေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြပါသည်။ တရုတ်လူမျိူးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်းစသော အကောင်းငယ်များမှာ ရုန်းထွက်မရတော့ပဲ သစ်စေးများနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်းလည်ဆွဲ ခပ်သေးသေးကို ကျန်းမာ သန်စွမ်းတဲ့ ကျွန်တစ်ယောက်ထက် စျေးပိုပေးပြီး အဆောင်အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာတွင်၎င်း ဆေးဖော်စပ်ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်းသည် ကျောက်မျက်ရတနာကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူအတွက် အသက်ဓာတ်ကို ပိုင်ဆိုင်စေသည်ဟု ယူဆကြသည်။ ရှေးခေတ် တရုတ်လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျားဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ်က မိခင်နတ်ဘုရားများကို ပူဇော်ပသရာတွင် ပယင်းကို အသုံးပြုကြသည်။

ပယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး ခေတ်ကာလတစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက်ရှည်ခြင်းကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။ အလားတူပင် သက်ရှိသတ္တဝါဖြစ်သော ပိုးမွှားများ၏ ရုပ်ကြွင်းကိန်းအောင်းနေပြီး အာကာသဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံထားကြသည်။ ယင်းကို ပဉ္စမမြောက် ဓာတ်သဘာဝဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါ၏ အပေါင်းအစုအဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ်သည် အသက် ၊ ဘဝ(အပင်၊သတ္တဝါ၊လူ)တို့နှင့် ပတ်သတ်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်းကို လည်ဆွဲ (ဝါ) ပတီးအဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ်သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်းသည် နတ်ဘုရားနှင့် နတ်ဘုရားမများ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သတ်ကြောင်း ၎င်းတွင် ဂမ္ဘီရစွမ်အင်၏ ထိရောက်မှုအား မြင့်မားလှကြောင်း ရောမခေတ်က ယုံကြည်ကြသည်။

ပယင်းကို သိုးမွှေးစ(ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ်ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် စွဲငင်အားကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိတို့၏ အီလက်(ခ်)ထရွန်(Electron)ဟူသော စကားလုံမှ ခေတ် အီလက်ထရစ်စီးင်္တီး (electricity) ဟူသော ဝေါဟာရမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပယင်းသည် ဆန်းပြား လျှိုဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

ပယင်းအတု အစစ် ခွဲခြားနည်း
_____________________________

ဦးစွာ ပယင်းအစစ်နှင့်အတု နှစ်ခုလုံးကို ရိုးရိုးရေထည့်ထားသော ဖလားခွက်(သို့)ငကြင်းခွက်ထဲသုိ့ နှစ်ချလိုက်ပါ ပယင်းအတုနှင့်အစစ် နှစ်ခုစလုံးသည် ရိုးရိုးရေထဲတွင်နှစ်၀င်သွားသည်ကိုတွေ့ရမည်။ ထိုနောက်ရှိပြီးသား ရိုးရိုးရေထဲသို့ ဆား စတီးဇွန်းတစ်ဇွန်းခန့်ထည့်ကာ ဆားဖျော်ရည်အဖြစ်ပြုလုပ်လိုက်ပါ။ ၎င်းနောက် ပယင်းအစစ် နှင့် အတု နှစ်ခုလုံးကို ၎င်းဆားဖျော်ရည်အတွင်းသို့ နှစ်ချလိုက်ပါ။ ပယင်းအတုမှာ ဆားဖျော်ရည်ထဲတွင် နှစ်မြုပ်သွားပြီး အစစ်မှည ပေါလောပေါ်နေမည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းနည်းမှာ ပယင်း အစစ် နှင့် အတုကို လျင်မြန်စွာ ခွဲခြားနိုင်သော နည်းကောင်းဖြစ်ပါသည်။

ဂမ္ဘီရ ဓလေ့ထုံးတမ်း(Magical Lore)
__________________________________

ပယင်းကို ကျောက်မျက်ရတနာအချိုနှင့် တွဲ၍ တွေ့ရတတ်ပြီး ဂမ္ဘီရကိစ္စအားလုံးနီးပါးတွင် အသုံးပြုကြသည်။ မရေမတွက်နိုင်သော ဂမ္ဘီရအစီအရင်များတွင် အသုံးပြုနိုင်သည်။ ပယင်းကို ဖန်စ ပလပ်စတစ်စများဖြသင့် အတုပြုလုပ်ပြီး ရောင်းချတတ်ခြင်းကြောင့် သတိပြု၍ ရွေးချယ်ရပါသည်။ ပုံမှန် ကျောက်သားတို့ထက်ပေါ့ပါးပြီး အထူးသဖြင့် ဆားငံရည်တွင် ရေပေါ်ပေါ်သည်။

ပယင်းပုတီး လည်ဆွဲတို့ကို ဝတ်ဆင်သူအား ကောင်းစွာအကာအကွယ်ပေးတတ်သည်။ မကောင်းသော လောကီပညာ(အဆိုးပြုမှော်ပညာ)မျိုး၏ တိုက်ခိုက်မှုဒဏ်မှ အကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် ကလေးများတွင် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေနိုင်သည်။ ပယင်းပုတီး လည်ဆွဲ တစ်မျိုး ဝတ်ဆင်ထားသော ကလေးများ၏ ကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းပေးထားနိုင်ပြီး ကလေးများ၏ အိပ်ခန်းတွင်း၌ အကာအကွယ်အဖြစ် ထားပေးနိုင်ပါသည်။
သင့်တွင် မကောင်းသော ခံစားရမှုများ လွှမ်းမိုးလွန်ပြီး မိမိကိုယ်ကို မကောင်းသော လောကီပညာဖြင့် တိုက်ခိုက်မှုခံရသည်ဟု ယူဆမိပါက အဖြူရောင် အလင်းတိုင်(ဖယောင်းတိုင်)ကို ကြမ်းပြင် (သို့) မြေပြင်တွင် ထွန်းညှိစိုက်ထူးပေးပါ။ ထိုနောက် ပယင်းတစ်ခုကို ကိုင်၍ ၎င်းအလင်းတိုင် အနီးတွင်ထိုင်ကာ သင့်ခန္ဓာကို စက်ဝိုင်းသဏ္ဍာန် စည်းချနေသည်ဟု စိတ်ကခံစားပေါရမည်။ လိုအပ်သည်ထင်တိုင်း ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်ပေးပါ။
အခြားကာကွယ်ခြင်း အစီအရင်တစ်ရပ်တွင် ပယင်းပုတီးစေ့(၉)စေ့ကို အလွန်နွေးသော ရေ၌စိမ်၍ ရေချိုးပေးရခြင်း ဖြစ်သည်။ ရေချိုးကန် (ဝါ) စည်ပိုင်း (ဝါ) စဉ့်အင်တုံကြီ်းအတွင်း ဆင်း၍ နွေးသောရေ အေးသွားသည့်တိုင် စိမ်နေပါ ထို့နောက် ပယင်းပုတီးစေ့များကို ထုတ်ယူပြီး ကိုယ်လက်သုတ်သင်ကာ ခြောက်သွေ့အောင်ပြုပါ။
ရှေးက မှော်ပညာရှင်များ ရှာမင်လောကီပညာရှင်ကြီးများသည် ပယင်းပုတီးကို လောကီအစီအရင် ပြုလုပ်ရာတွင် ဝတ်ဆင်ထားလေ့ရှိသည်။ ပယင်းအရွယ် ခပ်ကြီးကြီးကို သင်၏ လောကီ အစီအရင် ပြုရာတွင် အသုံးပြု၍ စွမ်းအားထက်မြက် ထိရောက်စေနိုင်ပါသည်။

ပယင်းနှင့် ကျန်းမာရေး
______________________

ပယင်းကို အလှကျက်သရေတိုးအောင် ဝတ်ဆင်နိုင်ပြီး ယေဘုယျအားဖြင့် ဆွဲဆောင်မှုညှို့ဓာတ်ကို ဖြစ်စေနိုင်ပါသည်။ ပယင်းဝတ်ဆင်သူများမှာ အချစ်ရေးတွင် ဆွဲငင်အားကောင်းခြင်း စိတ်ချမ်းသာ ပျော်ရွှင်မှု ခံစားရခြင်းတို့ကို ပေးစွမ်းသည်။
အမျိုးသမီးများအတွက် ငါး ၊ ဖား ၊ ယုန်ရုပ်များထုလုပ်၍၎င်း ၊ အမျိုးသားများအတွက ခြေင်္သေ့ ၊ ခွေး ၊ နဂါးရုပ်များ ထုလုပ်ပြီး ဝတ်ဆင်ခြင်းအားဖြင့် ကာမစွမ်းအား ကောင်းစေပြီး သားသမီးထွန်းကာစေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြုံသူများအတွက် အသုံးပြုပေးနိုင်သည်။

ပယင်းကို ဝတ်ဆင်ခြင်းအားဖြင့် လူသား၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ နားထိုင်းခြင်း ၊ မြုံခြင်း ၊ လည်မျိုနာ ၊ နားကိုက်ခြင်း ၊ လေးဘက်နာ ၊ အစာမကြေခြင်း နှင့် ကိုယ်ခန္ဓာတွင်း၌ ဖြစ်သော ရောဂါများကို သက်သာစေပြီး အကာကွယ်ဖြစ်စေသည်။ ပယင်းလုံးကို လက်ထဲတွင် ဆုတ်ကိုင်ကစား ပေးခြင်းဖြင့် ဖျားနာသူများအား သက်သာပျောက်ကင်းစေသည်ဟု ဆိုကြသည်။ ထိုပြင် ပယင်းသည် ဝတ်ဆင်သူ၏ မျက်စိအမြင်အားကို တိုးတက်ကောင်းမွန် စေနိုင်ပါသည်။
ပယင်းမှုန့်ကို သားဖွားသူ မိခင်လောင်၏ အနီးတွင် မီးရှို့ပေးခြင်း (သို့) မီးခဲပေါ်တွင် အမှုန့်ဖြူးပေးခြင်းဖြင့် သားဖွားရလွယ်ကူသည်ဟု ရှေးက ယုံကြည်ဆောင်ရွက်ခဲ့ကြသည်။

ပယင်း၏ ဂမ္ဘီရ လောကီပညာ အသုံးဝင်မှုမှာ အထက်က ဖော်ပြခဲ့သည့်ထက် များစွာ ကျယ်ပြန့်ပါသည်။ ဝတ်ဆင်သူအား အင်အားတိုးတက်စေပြီး စီးပွားရေး အောင်မြင်စေခြင်း စန်းပွင့်စေသည့် အချစ်ရေး အဆောင်ကောင်းဖြစ်ခြင်း စသည်ဖြင့် များစွာ အသုံးပြုနိုင်သေးသည်။ ပယင်းမှုန့်ကို မည်သည့် အမွှေးတိုင်တွင်မဆို ထည့်သွင်း ပြုလုပ်ခြင်းဖြင့် ပိုမိုထိရောက်သော စွမ်းအားကို ဖြစ်စေပါသည်။

ထိုကြောင့် အချုပ်အားဖြင့် အာနိသင် စွမ်းပကားကြီးမားသော တန်းဝင်ရတနာတပါး ဖြစ်သည်။ ပယင်းကို လက်ဝတ်ရတနာအဖြစ် အလှဆင်အသုံးပြုသော ဖန်စီပစ္စည်းသက်သက်ထက် အဆပေါင်းများစွာ သာလွန်သော လောကီအကျိူိးကျေးဇူးများကို ရရှိခံစားရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မှီငြမ်း - ဟိန်း(ဘူမိ)၏ ပယင်းအကြောင်း
Cunninghanm’s Encyelopedia of Crystal Gem & Metal Magic ဆိုင်းအောင် ပယင်းရတနာ ဆောင်းပါး မဇ္ဈိမ မှ

24/11/2022

ကမ္ဘာ့ဖလားစတာ ၄ ရက်ပဲရှိသေးတယ် admin ကတော့ ဆိုင်ကယ် တစ်စီးဝယ်နိုင်လိုက်ပြီ။ လောင်းကစား ဆိုတာ မကောင်းဘူး၊ မကောင်းဘူးပဲ လူတွေထင်ကြပေမယ့် သေချာခေါင်းသုံးရင် အလုပ်မလုပ်ဘဲ အူစိုနိုင်တဲ့နည်းပဲ။ သိသူဖော်စား မသိသူကျော်သွားပေါ့ဗျာ။

ကားကတော့ ရောင်းလိုက်ပြီဗျာ။ စီးရတာဖင်ပူလို့🙂

23/11/2022

ဆော်ဒီကို ဂေါ်လီသွားလုပ်လို့ ဘော်လီအချွတ်ခံလိုက်ရတဲ့ နာမည်ကြီးထမင်းငတ် အာဂျင်တီးနား
========================================

FULL TIME : Argentina 1-2 Saudi Arabia

- ဖလားသိမ်းမလေး ပွဲတိုင်းအနိုင်ကန်မလေး ဘာလေးညာလေးနဲ့ လေကျယ်နေတဲ့ အာဂျင်တီးနားဟာ တကယ်တမ်းမှာတော့ ဟန်သာ ရှိပြီး အဆံမရှိတဲ့အတွက် အသင်းငယ် ဆော်ဒီကို အဖွင့်ပွဲမှာ ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ပြီး ဖလားမသိမ်းရပဲ အိမ်ပြန်ကာ ခွက်ဆေးရမယ့် အခြေအနေနဲ့ နီးစပ်နေပြီဖြစ်ပါတယ်။

​- ဆော်ဒီ ဂိုးပေါက်ကို သူတို့ ရည်းစားလို အောက်မေ့ပြီး ပြေးပြေးပြီး ဖက်ချင်နေတာကြောင့် အာဂျင်တီးနားဟာ လူကျွံဘောအကြိမ်ကြိမ် မိခဲ့ပြီး ရည်းစားဟောင်း ကစားတာ ခံရတဲ့ အောက်သွားမပါတဲ့ နွားကြီးတွေလို ဖြစ်ခဲ့ရပါတယ်။

- တသင်းလုံးမှာ လေကြီးလေကျယ်ကောင်တွေ၊ ဘော်ဒီဂတ်တွေ၊ လူမိုက်တွေလောက် ရှိတဲ့ အာဂျင်တီးနားဟာ ပွဲထဲ တကယ်ရောက်တော့ ဘာဆို ဘာမှ လုပ်မပြနိုင်ခဲ့ပဲ ဒိုင်လူကြီးက သနားလို့ ပေးတဲ့ ပင်နယ်တီကြောင့်သာ ပက်ဆီရဲ့ သွင်းဂိုးတစ်ဂိုး ရခဲ့တာဖြစ်ပါတယ်။

- ဒီနေ့ပွဲမှာ ကျွန်တော်တို့ တညီတညွတ်တည်း ချီးကျူးရမှာကတော့ မထင်မှတ်လောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသပြီး အထည်ကြီးပျက် အာဂျင်ကို အနိုင်ယူပြခဲ့တဲ့ ဆော်ဒီအသင်းကို ဖြစ်ပြီး သူတို့ရဲ့ နိုင်ပွဲအတွက် ဆာလောင်မှု နဲ့ လူကျွံဘော ဖမ်းဖို့ High line ကစားပုံကို သေချာဖော်ဆောင်နိုင်ခဲ့တဲ့ နည်းစနစ်ပိုင်နိုင်မှုတို့ဟာ တကယ်လေးစားစရာကောင်းလွန်းပါတယ်။

- ဒီနေ့ အာဂျင်တီးနားရဲ့ ပွဲဦးထွက် ရှုံးပွဲကြောင့် မြန်မာပြည်မှာ ငပိရည်စားပြီး ကြီးလာပေမယ့် ဟိုးအဝေးကြီးက အာဂျင်ကို အမိနိုင်ငံအလား သဘောထားပြီး အာဂျင်နဲ့ ဆိတ်တု ပက်စီရဲ့ ⚽️ ကို ပွတ်သက်ထမ်းမနေတဲ့ တောသားတွေရဲ့ မျက်ရည်စက်တွေကို တစက်ချင်း မြည်းစမ်းရတာလည်း မင်္ဂလာတပါးပါပဲ။

13/11/2022

နတ်သျှင်နောင်သေတာက
အနှစ်410ကျော်ရှိပြီ

သူ့သေတော့ အသက်က ၃၄ နှစ်အရွယ် အရွယ်
ကောင်းလေးကြွသွားတာ သူ့ညီ မင်းရဲကျော်ထင်က အခုလက်ရှိအုပ်ဂူကို အားနာပါးနာနဲ့တည်ပေးထားတာ
သန်လျှင်ကျိူက်ခေါက်ဘုရားနာမှာ သည်အုပ်ဂူရှိတယ်

နတ်သျှင်နောင်ကရုပ်ရည်လေးလည်းချောတယ် မသိရင်မော်ဒယ်ဟတ်ကတ်လိုလိုဘာလို ရုပ်ရည်မျိူး
ဆံပင်ကလည်းကောင်း ဗလကလည်းတောင့် ခါးတောင်းမြှောင်နေအောင်ကျိုက်ပြီး ခြင်းခတ်နေရင် ချင်းမိုင်က
ယိုးဒယားကောင်မတွေက ချောင်းကြည့်ရလောက်တဲ့အထိကိုချောတာတဲ့

သူကြိုက်တာက သူ့ထက်အသက်17 နှစ်ကြီးတဲ့ အဖွားကြီး ရာဇဓာတုကလျာမင်းသမီးကိုကြိုက်တယ်
ဟိုအဖွားကြီးကလည်းခေသူမဟုတ်ဘူး တောင်ငူမှာနာမည်ကြီး....ဖလန်းဖလန်းထနေတာ ရုပ်ရည်ကတော့
အေသင်ကိုတို့လို လုံးကြီးပေါက်လှပါဝတ်တတ်စားတတ်တော့ လှတယ်

သည်အဖွားကြီးက..ဖေ့ဘုတ်ကတမျိူး၊မက်ဆေ့ဂျာက
တမျိူး သည်သူငယ်ကိုမြူနေတာ...ဟိုကောင်ကသူငယ် မနူးမနပ်လေးရယ်ရေတွင်းမှန်းရေကန်မှန်း သိတဲ့ဟာမျိူး
မဟုတ်ဘူး မမြင်ဘူးတော့မူးကိုမြစ်ထင်မှာပေါ့

"....ပူကြွေးတင်၍၊ မရွှင်လျက်နှင့်၊
ရွှင်ယောင်ကျင့်သည် ၊
ခုဖြင့် ဖြေရခက်သည်တကား ...။ .."ဘာညာ
အာ့လိုစာတွေပို့နေတာ...အဖွားကြီးက အဖီးတလိုင်း
ညဘက်ဆိုမအိပ်ဘူး..တစ်ညလုံးမီးစိမ်းနေရော

ဟိုကောင်ကလည်း ဒါတွေကိုကြွေနေရော...!
"...ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊
ဆင့်လောင်းလှမ်းဝှန်၊ ရှိလိမ့်ဟန်ကို။
တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်၊
ငှက်သွင်ပြန်ကြွ မတတ်သောဝ် .." ဘာညာ
သည်လိုစာနဲ့ အဖွားကြီးကိုဂျယ်လီကျွေးပြီး
နူးနှပ်နေတာပေါ့....
___
စစ်ဘုရင်စာရေးဆရာ ရတုဘုရင်စာဆိုတော်ကြီးအုတ်ဂူလည်း အခုတော့ ဘယ်သူမှအဖတ်မလုပ်တော့ဘူး
အုပ်ဂူနားမှာလည်း လူချီးအခြောက်တွေဆိုတာ မဲသဝေါမှာ မြေမြုတ်မိုင်းထောင်ထားသလို ဒင်းကြမ်းဘဲ
အရင်ကညဘက်ဆို အတွဲတွေအချစ်ရည်လာလူးကြတယ်...ကွန်ဒုံးတွေလွင့်ပစ်ထားတာမှလတ်လတ်ဆတ်ဆတ် တွေချည်းဘဲ...

သည်လိုပါဘဲ လူ့ဘဝဟာခနလေးဘဲ
ဘယ်လောက်ဘဲနာမည်ဂုဏ်သတင်းကြီးကြီး
တနေ့မြေကြီးထဲမှာ အဆုံးသတ်သွားကြတာပါဘဲ

အနော်ရထာတို့ကျန်စစ်သားတို့ရဲ့..ဆိုရင်
ဘယ်နေရာမှာ မြုတ်ထားမှန်းတောင်မသိတော့ဘူး.
မြန်မာတွေက တကယ့်ကောက်ရိုးမီးပါဆိုနေဗျာ
crd.

03/10/2022

#၁လသင်ရုံဖြင့်ရနိုင်သောသီချင်းများ

#လက်ခတ်၂ခုရရင်အပုဒ်၂၀၀တီးလို့ရပါတယ်

လက်ခတ် ၁ D DU .U DU
လက်ခတ် ၂ D D UDUD D

မှတ်ချက်---- ဖြေးဖြေးတော့ရတယ် အခွေဖွင့်ပြီးလိုက်တီးရင်တော့ဖြေးဖြေးချင်းမှရပါလိမ့်မယ်

#ဒီလက်ခတ်၂ခုဖြင့်ရနိုင်သောသီချင်းများကိုထပ်ပြီးရှာပေးပါမည်
D DU .U DU
1 ရိုးရှင်းသောဘဝ
2 နားခိုရာ
3 တယ်လီဖုန်း
4 ချစ်သူကို
5 အလွမ်းကဖီး
6 နောက်ဆုံးအချစ်
7 အရက်သမား
8 ဝှက်ထားတယ့်ကောင်းကင်
9 သတိရရဲ့လား
10 လှတယ့်အချစ်နဲ့ပြဇာတ်
11ဆု
12 ပျားရည်
13 အိမ်ပြန်ချိန်
14 နေတက်သလို
15 3am
16 အနီးဆုံးလူ
17 သံယောဇဉ်
18 အိမ်ကိုပြန်ခဲ့တော့
19 နှလုံးသားကျမ်းစာ
20 အမေ့အိမ်
21 နာရီမုန်းသူ
22 ဘာလိုလို
23 အတိုင်းထက်အလွန်
24 နှလုံးသားရှာသူ
25 အချစ်ဆိုတာ
26 ထပ်မဝေးဘူး
27 အိပ်မက်လမ်း
28 ဇာတ်တော်ထဲမှာအလွမ်းဆုံး
29 အမှတ်တရ
30 အပြာရောင်ည
31 အကိုမောင်တွေကပြောတာလား
32 အချစ်နဲ့ဂစ်တာ
33 လွမ်းနေလို့
34 အချစ်တွေမရပ်နိုင်ဘူး
35 မနေ့က
36 မာလာဆောင်မောင်မလာဘူး
37 စွဲနေပီ
38 အိမ်မက်ဆောင်းည
39 ဂန္တဝင်မြောက်အိမ်အပြန်
40 ငါ့ကြောင့်
41 ငရုတ်သီး
42 ငယ်ငယ်တုန်းကထက်ပိုချစ်တယ်
43 ငါ့ကိုမမေ့ပါနဲ့
44 သံလွင်ချောင်းခြား
45 ငယ်ချစ်
46 စည်းလုံးချင်းအတွက်သီချင်းတပုဒ်
47 စနိုးဝှိုက်
48 ဆရာမ
49 ဆရာမ
50 ကာရံလေး
51 စိတ်နာလို့ကောင်းတုန်းပဲလားကွယ်
52 စိတ်နာနာနဲ့ချစ်နေမိတယ်
53 စနေမှာရတဲ့မိုး
54 စက်ခေါင်းအမှတ်၀၀၉
55 ဆင်မြီးလက်စွပ်လေး
56 သီချင်းလေးကိုချစ်တာလားတို့ကိုချစ်တာလား
57 ထပ်မဝေးဘူး
58 ပုဂံလမ်းကစောင့်နေမယ်
59 သက်တီသရီး
60 စိတ်ညစ်တဲ့အမူးသမား
61 အထီးကျန်
62 ဆွေးပီ
63 ကိုယ့်ရဲ့ညများ
64 မင်းသိဖို့ကောင်းတယ်
65 ကိုယ်ရံတော်
66 ပန်းမခူးရ
67 အိမ်မက်ရထား
68 ယဉ်တကိုယ်မယ်
69 နင်ယုံကြည်တဲ့ချိန်
70 ယုဇနပင်နဲ့ဖဲကြိုးဝါ
71 ယုံတယ်ဟုတ်
72 ရိုးရာမပျက်တဲ့မြေ
73 အချစ်ကျောင်းသူ
74 နွံ
75 မယုံနိုင်ဘူး
76 လူစီလူစီ
77 လွမ်းသူအိမ်မက်
78 သတိရချိန်၂၄နာရီ
79 ရိုးရိုးအေးအေးကြီး
80 သူငယ်ချင်းအတွက်
81 အဖြူရောင်လေး
82 ချစ်တဲ့စိတ်ဆိုတာ
83 ကဗျာမမှီစာမမှီ
84 ရက်စက်စွာပြုံးတက်သော
85 ရိုးရိုးလေး
86 နင်သိပ်ရက်စက်တယ်
87 ယုံပါ
88 တောင်းဆု
89 တောင်ပံပါရင်မင်းဆီကို
90 ၈၅မန္တလေးညများတမ်းခြင်း
91 သဘာဝရင်သွေးငယ်
92 မိန်းကလေးအချစ်
93 နူးညံ့တယ့်အမိန့်တော်အတိုင်း
94 အကြည့်
95 မရဲ့မောင်လေး
96 ယောက်ဖရေ
97 ပေါက်နေပီ
98 မျှော်တော်ရောင်
99 နေရာတိုင်းမှာ
100 ဦးလေးကြီး

D D UDUD D

1 အချစ်ငှက်
2 အချစ်မရှိနေ့ရက်များ
3 အချစ်မဲ့နိဂုံး
4 သူငယ်ချင်း
5 ဖြေသိမ့်လိုက်
6 တကယ်ဆိုရင်
7 အလွမ်းများ
8 တသက်လုံးပဲသတိရနေမယ်
9 တခါထဲချစ်နေလို့ပါ
10 မလာပါနဲ့
11 အမြင့်ဆုံးမှာ
12 အနီးဆုံးလူ
13 အရှုံးနဲ့လူ
14 တို့သတိရနေမှာပါ
15 နေရောင်အောက်ကအသက်ရှုသံများ
16 တေနေတာ့
17 အင်းယားလမ်းကပန်းဆိုင်
18 ဝေးသွားလည်း
19 အဝါရောင်လမ်းကလေး
20 အချစ်မျက်ဝန်း
21 အလွမ်းရဲ့ည
22 အနှိုင်းမဲ့
23 အဆိပ်ခွက်
24 အချစ်ဆိုသည်မှာ
25 အချစ်ဆိုတာလျို့ဝှက်ချက်တခုပါ
26 အဖေနှင့်သားများ
27 အချစ်ရူး
28 အချစ်ဝေး
29 အထီးကျန်
30 အဆိပ်ငွေကြေး
31 စွန့်သွားတော့နေခြည်
32 အလွမ်းသင့်ပန်းချီ
33 နေခြည်
34 တောင်းပန်တယ်
35 အလွမ်းပြေအနမ်း
36 အနာဂတ်မဲ့
37 အခါလွန်တဲ့မိုး
38 အတိတ်၏အရိပ်ဝေဒနာ
39 အရမ်းလွမ်းနေပီ
40 ကြည်ဖြူ ပါ
41 အချစ်စွမ်းအား
42 အဆုံးသတ်မသွားဘူး
43 အိပ်မက်ထဲကအိပ်မက်များ
44 အချစ်မိုး
45 အချစ်ရဲ့အားမာန်
46 အချစ်ဘယ်ကစ
47 ခွင့်ပြုတယ်ခွင့်လွှတ်တယ်
48 အစဉ်သင့်ဖြစ်ခဲ့ပီ
49 ဂန္တဝင်ဆည်းဆာ
50 ရွှေလည်တိုင်
51 အရင်လိုချစ်တုန်းပဲကလေးရယ်
52 အိမ်မက်ကဗျာ
53 မိုင်ပေါင်းကုဋေ
54 မျက်နှာ
55 ကောင်မလေး
56 အချစ်တဲ့လား
57 အချစ်ဦး
58 လရိပ်
58 အလင်းရောင်
59 မျော်လင့်ချက်လေး
60 မျော်လင့်ခြင်းလေး
61 အသည်းကွဲသီချင်းသစ်
62 အနီးဆုံးရန်သူ
63 အနိုင်မယူသူအရှုံး
64 အိပ်ရေးပျက်
65 ဆွဲအား
66 စိတ်ဖြေသီချင်း
67 အမေ့ရုပ်ရည်
68 အရင်လိုဘဝမျိုးရောက်ချင်တယ်
69 မှားပြန်တယ်
70 အက်စစ်လိုအမုန်းများ
71 အိပ်မရတဲ့ညပေါင်းတွေ
72 အိမ်ပြေး
73 အမှတ်မရှိ
74 စာမျက်နှာ ၁၅
75 ပျော်တာပေါ့မေရယ်
76 အလွမ်းမိတ်ဆွေ
77 အချစ်များသူဆီမှာ
78 အရင်အတိုင်း
79 အဝေးရောက်ချစ်သူ
80 အပြစ်မမြင်
81 ကြွေပါစေ
82 လမ်းဆုံ
83 အချစ်ဦးမဟုတ်ပေမဲ့
84 ဝဋ်ကြွေး
85 အချစ်ကိုသိချိန်
86 သူသိသွားပီ
87 ဒုက္ခကိုဆေးဆိုးထားတယ်
88 ရင်ဘက်ကလူ
89 ကျနော်ချစ်တဲ့သူမှာချစ်သူရှိတယ်
90 ကန္တာရခရီးသည်
91 ဟန်နီ
92 ဟသာင်္တို့ရဲ့နန်းတော်ရှေ့
93 လမ်းခွဲ
94 လက်ခံပေးပါ
95 ကြေကွဲနေ့ညတွေ
96 အမုန်းနဲ့ပဲထိုက်တန်တယ်
97 ချစ်သူမရှိတဲအချိန်
98 ခွဲခွာခြင်းမှတ်တိုင်
99 စကားလုံးတွေသိပ်မလိုဘူး
100 ချစ်တိုင်းလဲမညား

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

ဘောဂဗလလမ်း
Yangon
0012
Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.