Htun Htun Naing

Htun Htun Naing is a serial entrepreneur and investor. He runs the first and largest contact center I am a Myanmar serial entrepreneur and investor.

Currently, I actively participate in the horizon of private and public Myanmar entrepreneurship and business areas. As an individual, I regularly participate in Local/International Conferences, TV Shows, Radio Talks, and Entrepreneurship Lecturers at Universities and also Offering Seed Funding to Outstanding Students and Innovative Local Startups. My ultimate vision is to be healthy and develop th

23/05/2024

အားလုံးပဲ မင်္ဂလာပါ။ 🙂
လူငယ်များ အတွက် The Art of Living Myanmar မှ Intuition Process ပရိုဂရမ် သည် ကလေး၏ အာရုံစူးစိုက်အားကောင်းပြီး မှန်ကန်သော အခိုက်အတန့်တွင် မှန်ကန်သော အတွေးကိုဖြစ်ပေါ်စေရန် အတွက် လေဖြစ်ပါ သည်။
ဒီ ပရိုဂရမ်ရဲ့ အဓိကအကျိုးကျေးဇူးကတော့
⚡ Photographic Memory (ဓာတ်ပုံမှတ်ဉာဏ်) ကိုတည်ဆောက်ခြင်း
⚡ အာရုံစိုက်နိုင်စွမ်း မြင့်တက်လာခြင်း
⚡ယုံကြည်မှုတိုးတက်လာခြင်း
⚡လူမှု ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်း
⚡ကျန်းမာ ရွှင်လန်းလာခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိခံစားရမှာ ဖြစ်ပါသည်။
အသက် (5နှစ် မှ 18နှစ်ထိ) လူငယ်များအတွက် ရည်ရွယ်ထားတဲ့ program လေးဖြစ်ပါသည်။
🌻စာရင်းပေးသွင်းရန် 𝑳𝒊𝒏𝒌 - https://forms.gle/fr2cpPN3ntnWsp9W6
📅နေ့ရက်- 2024 မေလ 25 နှင့် 26 ရက်။
⏲️အချိန်- အသက် 5 နှစ်မှ 7+ နှစ်များအတွက် နေ့လည် 2:30 မှ 5:00 နာရီ
အသက် 8+ မှ 18 နှစ်များအတွက် နံနက် 8:30 မှ 12:00 နာရီ
🏡နေရာ- အမှတ် ၁၁၁, ၆လွှာ, ဗိုလ်တစ်ထောင်ဘုရားလမ်း (အောက်ဘလောက်), ရန်ကုန်၊ မြန်မာ။
🌻 စုံစမ်းမေးမြန်းခြင်း နှင့် စာရင်းပေးသွင်းရန်
ဖုန်း- 09973351123, 09759779828 𝙤𝙧 𝘿𝙈 𝙪𝙨!

Photos from Htun Htun Naing's post 20/05/2024

တရုတ်နိုင်ငံရဲ့ အဆင့်မြင် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Huawei ကိုလေ့လာရေး ခရီးရောက်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်ခုကတည်းက စတင်တည်ထောင်ခဲ့တာ ၃၇ အတွင်း ဝန်ထမ်းပေါင်း ၅သိန်း နီးပါးနှင် နိုင်ငံပေါင်း ၁၇၀ ကျော်မှာ operate လုပ်နေပါတယ်။

အံ့သြဖို့ကောင်းတာ Research &Development အတွက် ဝန်ထမ်းပေါင်း ၂ သိန်းကျော်ရှိပြီး၊ PhD ရပြီးသား ဝန်ထမ်း ၅ သောင်းကျော်ရှိပါတယ်။

ကျွန်တော်တို့ရောက်ခဲ့တဲ့ ဝန်ထမ်းတွေ အတွက် ဖွင့်ထားတဲ့Huawei စာကြည့်တိုက်က စာအုပ်ပေါင်း ၂ သိန်းကျော်ရှိတယ်။

နောက်အံ့သြတစ်ခု က ဒီလောက်နည်းပညာတွေ AI တွေတိုးတက်တဲ့ခေတ်မှာ စာကြည့်တိုက်မှာ စာလာဖတ်တဲ့ ဝန်ထမ်းတွေ အမြဲရှိနေပါတယ်။

ကျွန်တော်တို့လည်း စာဖတ်ဖို့ ပျင်းနေရင် အများကြီးကျန်ခဲ့တော့မယ်။

ကိုယ်တိုးတက်မှု အတွက် စာများများ ဖတ်ကြပါ။

17/04/2024

နှစ်သစ်မှာ ပါ​ချုပ်ဆရာတော် ဘုရားကြီးရဲ့ ဆုတောင်း မေတ္တာပို့ အထဲက အကြိုက်ဆုံး စာသားလေး ပါ။

ပြတ်သားအလုပ်၊ နောက်မဆုတ်တမ်း၊
ကိုယ်စီစွမ်း၊ ကြိုးပမ်းကြပါလေ.🙏

ကိုယ်လုပ်စရာ အလုပ်တွေကို ဘာဆင်ခြေမှ မပေးဘဲ၊ ကိုယ်တိုင် နောက်မဆုတ်တမ်း ကြိုးစားအားထုတ်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်နိုင်မှာပါ။

အားလုံးနှစ်သစ်မှာ လိုချင်တဲ့ ပန်းတိုင် အသီးသီး ရောက်နိုင်ကြပါစေ။

28/03/2024

သိတာနှင့်တတ်တာ မတူပါ။

အခုခေတ် လူငယ်တွေ တော်တော်များများ social media ကြောင့် အကြောင်းအရာ တော်တော်မျာများကို သိကြပါတယ်။ ဒါကို သူတို့က တတ်တယ်လို့ထင်ကြပါတယ်။ Tiktok မှာ VDO တင်တက်တယ်၊ FB မှာ post တင်တက်တယ်။ boost လုပ်ရင်ရမယ်လို့ထင်ကြတယ်၊ ဒီလောက်သိရင် Digital Marketing လုပ်လို့ရပြီလို့ထင်ကြပါတယ်။

Marketing အခြေခံ ကို မတတ်ဘဲ ဘယ်လိုမှ Digital marketing လုပ်ဖို့ မရပါဘူး။ Customer Insights ကို တကယ်သိရဲ့လား၊ Customer တွေ ရဲ့ Need and wants က ဘာလဲ? ၊ AIDA process ကို သိရဲ့လား? Call to Action ဖြစ်အောင် copy writing ဘယ်လိုရေးမလဲ သိရဲ့လား?၊ AI တွေ ပေါ်လာပြီ လွယ်တယ်လို့မထင်ပါနဲ့၊ AI ကို ဘယ်လောက်ခိုင်းတက်လဲ ပေါ်မှာ မူတယ်ပြီး ထွက်လာတဲ့ results တူမှာ မဟုတ်ပါဘူး။ ထွက်လာတဲ့ Results တွေ copy and paste လုပ်လို့မရပါဘူး။ မှန်မမှန်.ကိုယ်တိုင် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိရပါမယ်။

လူငယ်တွေကို ပြောချင်တာက သိတဲ့ အဆင့်မှာ မရပ်ပါနဲ့၊ ဒီခေတ်ကြားမှာ Google ခေါက်တက်ရင် အားလုံးသိနိုင်ပေမယ့်၊ သက်ဆိုင်ရာ ဘာသာရပ်မှာ ကိုယ်က တတ်ကျွမ်းဖို့လိုပါတယ်။

တတ်ပြီးရင်လည်း၊ တတ်တဲ့အဆင့်မှာ မရပ်ပါနဲ့၊ သူများထက် ထူးချွန်အောင်ကြိုးစားကြပါ။

အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဖြစ်ကြပါစေ။

23/03/2024

Blue Ocean Business team ကို Join ပြီး ၃နှစ်လောက်ဆိုရင် ကိုယ်ပိုင် အလုပ်လုပ်တတ်သွားကြတယ်။

20/03/2024

သင့် ဘဝမှာ အောင်မြင်ချင်ရင် S.H.E ကိုသတိယပါ

S= Simple

ကိုယ်ဘဝကို ရိုးရှင်းစွာဖြတ်သန်းပါ

H = Humble

ကိုယ်နေထိုင်၊ပြုမှု ပြောဆိုမှုများက သူများထက်ပိုပြီး နှိမ့်ချပါ

E = Empathy

သူများက ကိုယ်ထက်သာသည့်ဖြစ်စေ၊ နိမ်ကျသည့်ဖြစ်စေ ကိုယ်ချင်းစာတရား ထားပါ။

အဲဒီ ၃ ခု လုပ်နိုင်ရင် လူအများ ချစ်တာ ခံ့ရမှာပါ

14/03/2024

ခြေလှမ်းတလှမ်းတိုးလိုက်တာက ယဥ်ကျေးတဲ့ လူတယောက် ဖြစ်သွားမှာပါ

တရုတ်ပြည် က အိမ်သာမှာ ရေးထားတာ ကြိုက်လို့ ပြန်ရှယ်ပေးတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက နယ်စပ်ဒေသ ကူမင်းထိ ရောက်ဖူးပါတယ်။ အဲဒီတုံးက public toilet တွေက အရမ်းညစ်ပတ်ပါတယ်။ အခုတော့ တရုတ်ပြည်က မထင်လောက်အောင် အရမ်းတိုးတက်သွားတာ အဓိက ကျတဲ့ Mindset ကို ပြင်လိုက်လို့ဘဲ ထင်ပါတယ်။

ကျွန်တော်တို့လည်း ရှေ့တစ်လှမ်းတိုးပြီးပေါက်တဲ့ mindset လေးပြင်လိုက်ရင် တိုးတက်သွားမှာပါ။

14/02/2024

Valentine’s Day ရဲ့ နောက်ကွယ်က ......
========================

အေဒီ (၃) ရာစုအတွင်းက အင်အားကြီးမားခဲ့တဲ့ ရောမအင်ပါယာကြီးရဲ့ ဧကရာဇ် ကလောက်ဒီးယက်စ် (၂) အုပ်ချုပ်စဉ်ကာလကဖြစ်ပါတယ်။ ကလောက်ဒီးယက်စ်ဟာ စစ်မက်ကိုလိုလားပြီး အင်ပါယာကို ချဲ့ထွင်ဖို့လောက်ကိုပဲ စိတ်အားထက်သန်တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေဟာ သူ့ကိုမနှစ်သက်ကြသလို ကြောက်လည်းကြောက်ရွံ့ကြပါတယ်။ အဲ့ဒီအချိန်က ကလောက်ဒီးယက်စ်ဟာ သူ့ရဲ့စစ်တပ်ကြီးကို အင်အားကြီးသထက်ကြီးလာအောင် တည်ဆောက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

အိမ်ထောင်သည်အမျိုးသားတွေဟာ သူတို့ရဲ့မိသားစုနဲ့မခွဲခွာလိုတာကြောင့် စစ်မှုထမ်းဖို့ကို စိတ်မပါခဲ့ကြတော့ပါဘူး။ ဒီမှာတင် ကလောက်ဒီးယက်စ်ဟာ ရူးသွပ်တဲ့ သူ့ရဲ့အကြံဥာဏ်ကို စတင်အသက်သွင်းပါတော့တယ်။ သူ့ရဲ့စစ်သည်တွေ အိမ်ထောင်ရက်သားကျပြီး တာဝန်ပေါ့လျော့မှုတွေမဖြစ်အောင်ဆိုပြီး သူ့ရဲ့အင်အားကြီးမားလှတဲ့ Legion တပ်ဖွဲ့ကြီးအတွင်းမှာ ဘယ်စစ်သည်မှအိမ်ထောင်မပြုရဘူးဆိုပြီး တစ်ချက်လွှတ်အမိန့််ထုတ်ပြန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ရောမအင်ပါယာအတွင်းက ကတ်သလစ်ဘုန်းတောင်ကြီးတွေကိုလည်း စစ်သည်တွေရဲ့ ထိမ်းမြားလက်ထပ်ပေးခွင့်ကို ဘုရင့်အာဏာနဲ့ပိတ်ပင်ခဲ့ပါတယ်။

ဒီလို ပိတ်ပင်ခဲ့တဲ့အတွက် စစ်သည်တွေအနေနဲ့ သူတို့ရဲ့ချစ်သူတွေနဲ့လက်ထပ်ဖို့အတွက် အခက်အခဲတွေ ရှိလာခဲ့ပါတယ်။ အဲဒီ့အချိန်မှာတော့ ဘုန်းတော်ကြီးငယ်တစ်ပါးဖြစ်တဲ့ St. Valentine ဟာ ချစ်သူစုံတွဲတွေကို လက်ထပ်ပေးနေတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဒီလိုအမိန့်ထုတ်ပြန်လိုက်တဲ့အချိန်မှာလည်း သူဟာ မရပ်တန့်ခဲ့ဘဲ ချစ်သူစုံတွဲတွေရဲ့ မျှော်လင့်ချက်အိမ်မက်တွေကို သူ့အသက်နဲ့ရင်းပြီး တိတ်တဆိတ်အသက်ဆက်ပေးခဲ့ပါတယ်။

ဖယောင်းတိုင်မီးမှိန်မှိန်လေး ထွန်းထားတဲ့အခန်းထဲမှာ သတို့သားနဲ့သတို့သမီးဟာ ဘုန်းတော်ကြီး Valentine ရဲ့တိုးညှင်းစွာရွတ်ဆို လက်ထပ်ပေးမှုအောက်မှာ အကြင်လင်မယားဘဝသို့ တိတ်တဆိတ် ကျရောက်ကြရပါတယ်။

တစ်ညမှာတော့ ဘုန်းတော်ကြီး Valentine ဟာ ခြေသံခပ်ကြမ်းကြမ်းတွေကို ရုတ်တရက်ကြားလိုက်ရပါတယ်။ အဲဒီ့အချိန်က သူဟာ ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးဖို့ စီစဉ်နေချိန်လည်း ဖြစ်ပါတယ်။ ဘုရင် ကလောက်ဒီးယက်စ်ရဲ့ စစ်သားတွေဟာ ဘုန်းတော်ကြီး St Valentine ကို ဖမ်းဆီးလိုက်ပြီး အကျဉ်းချလိုက်ပါတော့တယ်။ ဒီလိုအဖြစ်အပျက်တွေ တစ်နေ့ကြုံတွေ့ရမယ်လို့ ဘုန်းတော်ကြီးဟာ တွေးပြီးသားဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ပေါင်းကူးပေးမယ့် ဘုန်းတော်ကြီးအတွက် နောက်ဆုံးရလဒ်ကတော့ သေဒဏ်ပဲဖြစ်ပါတယ်။

ဘုန်းတော်ကြီး Valentine ဟာ ဘဝနေဝင်ချိန်ရောက်ကာနီးမှာ စိတ်ခြောက်ခြားသွေးပျက်တာမျိုးတွေ ရှိမနေဘဲ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။ သူ့လုပ်ရပ်တွေအတွက်လည်း နောင်တမရခဲ့ပါဘူး။ သူဟာ ချစ်သူစုံတွဲတွေအတွက် ကြီးကျယ်တဲ့ကိစ္စတစ်ခုကို ဆောင်ရွက်ပေးခဲ့တယ်လို့ ယုံကြည်ထားပါတယ်။

သူ အကျဉ်းကျနေစဉ်အတွင်းမှာ သူ့ကိုလာရောက်အားပေးကြတဲ့လူတွေဟာလည်း နေ့စဉ်နေ့တိုင်း တဖွဲဖွဲရောက်ရှိလာကြပြီး ပန်းစည်းတွေ ပစ်ပေးတတ်ပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာကို ပေါင်းကူးကိုယ်စားပြုပေးတဲ့ သူ့ကိုဂုဏ်ပြုပေးခြင်းတွေပေ့ါ။ အဲဒီ့လို လက်ဆောင်လေးတွေ ပစ်ပေးတတ်တဲ့ထဲမှာ မိန်းကလေးငယ်လေးတစ်ဦးလည်း ပါဝင်ပြီး အကျဉ်းချခံထားရစဉ်မှာ ဘုန်းတော်ကြီးငယ်လေးဟာ သူနေ့စဉ်တွေ့နေရတဲ့ မိန်းကလေးငယ်တစ်ယောက်အပေါ်မှာ သံယောဇဉ်တွေ တိုးလာခဲ့ပါတယ်။ အဲဒီ့မိန်းကလေးကတော့ တခြားသူမဟုတ်ပါဘူး။ သူအကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်က ထောင်းမှူးကြီးရဲသမီး မျက်မမြင်မလေး ဂျူလီယာပဲ ဖြစ်ပါတယ်။

ထောင်မှူးကြီးဟာလည်း သူ့ရဲ့မျက်မမြင်သမီးလေးရဲ့ဆန္ဒအတိုင်း ဘုန်းတော်ကြီး Valentine နဲ့ နေ့စဉ်တွေ့ဆုံစကားပြောခွင့်ပေးခဲ့တယ်။ တစ်ခါတစ်လေမှာတော့ သူတို့နှစ်ဦးဟာ နာရီပေါင်းများစွာ စကားတွေပြောခဲ့ကြပြီး တစ်ယောက်ဘဝအပေါ်မှာ တစ်ယောက် အပြန်အလှန်အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။

ဒီိလိုနဲ့ တစ်နေ့မှာတော့ ငယ်ရွယ်တဲ့ဘုန်းတော်ကြီးလေးဟာ မျက်မမြင်မလေးကို ဆေးကုသခွင့်ပေးဖို့ ထောင်မှူးကြီးဆီမှာ ခွင့်တောင်းခဲ့ပါတယ်။ ထောင်မှူးကြီးကလည်း သူ့ရဲ့သမီးငယ်လေး မျက်စိပြန် မြင်လိုမြင်ငြားဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ သေဒဏ်ကျခံထားရတဲ့ မေတ္တာရေးတမန်တော် ဘုန်းတော်ကြီးလေးရဲ့ နောက်ဆုံးဆန္ဒကို ခွင့်ပြုပေးထားတာလည်း ပါကောင်းပါခဲ့ပါလိမ့်မယ်။

ဘုန်းတော်ကြီးဟာလည်း ရင်ထဲကသံယောဇဉ်တွေ ရစ်ပတ်ဖွဲ့နေတဲ့ မျက်မမြင်မလေးကို ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကုသပေးမှုအတွက် သူ့မှာ သတင်းကောင်းနဲ့ သတင်းဆိုး ဒွန့်တွဲလျက်ရှိနေပါတယ်။ သတင်းကောင်းကတော့ မျက်မမြင်မလေးကို အမြင်အာရုံပြန်ရနိုင်လောက်အောင် ကုသနိုင်တယ်ဆိုပေမယ့် သတင်းဆိုးကတော့ ဒီလို ပြန်မြင်ရချိန်လောက်ဆိုရင် လောကကြီးမှာ သူအသက်ဆက်ရှင်သန်နေတော့မှာ မဟုတ်ပါဘူး။ ဒီ့အတွက် မျက်မမြင် ဂျူလီယာလေး မျက်စိပြန်မြင်လာမယ့်တစ်နေ့ ဖတ်နိုင်မယ့် စာလေးတစ်စောင်ကို ရေးပေးထားခဲ့ပါတယ်။

တစ်ခုသော နံနက်ခင်းလေးမှာ မျက်မမြင် ဂျူလီယာဟာ သူနဲ့နှစ်ပေါင်းများစွာ ကွာဝေးနေတဲ့အလင်းရောင်နဲ့ စတင်ထိတွေ့ခွင့်ရခဲ့ပါတော့တယ်။ သူမအတွက်တော့ ဘဝမှာ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အဓိပ္ပာယ်ရှိတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။ စိတ်မကောင်းစရာကတော့ သူ့အတွက် ဘဝသစ်တစ်ခုကိုဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီးလေး St Valentine ဟာ ဘုရင်ကလောက်ဒီးယက်စ်ရဲ့အာဏာပါးကွက်သားတွေရဲ့ စီရင်ချက်အောက်မှာ အသေးပေးလိုက်ရပြီပဲ ဖြစ်ပါတယ်။

သူမရဲ့မျက်စိမြင်မြင်ချင်းမှာ ပထမဦးဆုံးဖတ်လိုက်ရတဲ့စာလေးကတော့ ဘုန်းတော်ကြီး Valentine ရဲ့ သူမအပေါ် နွေးထွေးမှု၊ သစ္စာရှိမှု၊ အားပေးမှုအတွက် ကျေးဇူးတင်ပါကြောင်း ရေးထားတဲ့စာလေးဖြစ်ပြီး စာရဲ့အဆုံးမှာတော့ စာလေးတစ်ကြောင်းနဲ့အဆုံးသတ်ထားပါတယ်။ အဲဒီ့ အဆုံးသတ်လေးကတော့….
“Love From Your Valentine” ပါတဲ့..။

ဒီလိုပဲ ချစ်သူစုံတွဲတွေအတွက် အားကိုးရာ။ ချစ်ခြင်းရဲ့ လူသားတမန်တော်။ ဘုန်းတော်ကြီး Valentine ရဲ့ ဘဝကိုနောက်ဆုံးဖြတ်သန်းခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်ကိုတော့ ဒီနေ့ခေတ်မှာ ချစ်ခြင်းကို ကိုယ်စားပြုတဲ့ “ချစ်သူများနေ့” အဖြစ် ကမ္ဘာတစ်ဝန်းမှာ ကျင်းပဖြစ်ခဲ့ကြပါတယ်။

(Blue Planet Content Team)
Ref: Love from your valentine

10/02/2024

🐲🐉 GONG XI FA CAI 2024 🐉🐲

㊗您တရုပ်နှစ်ကူး ဆုတောင်း ပေးလိုက်ပါတယ်။
㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️❤️❤️

1. 恭喜发财 (gōng xǐ fā cái)
ဥစ္စာဓနတိုးတတ်ကြပါစေ။

2. 财源广进 (cái yuán guǎng jìn)
တိုးတက်ကြီးပွားပါစေ။

3. 新年快乐(xīn nián kuài lè)
နှစ်သစ်မှာပျော်ရွှင်ပါစေ။

4. 金玉滿堂 (jīn yù mǎn táng)
ရွှေငွေရတနာများဖြင့်ပြည့်စုံပါစေ။

5. 一本萬利 (yī běn wàn lì)
သေးငယ်သောလုပ်ငန်းမှ ကြီးမားသောအမြတ်အစွန်းရပါစေ။

6. 招財進寶 (zhāo cái jìn bǎo)
ဥစ္စာဓနနှင့်ရွှေငွေများစွာရှာဖွေနိုင်ပါစေ။

7. 財源滾滾 (cái yuán gǔn gǔn)
ဥစ္စာဓနများ၀င်လာမစဲဖြစ်ပါစေ။

8. 大吉大利 (dà jí dà lì)
ကျက်သရေမင်္ဂလာလိုအင်ဆန္ဒများပြည့်စုံပါစေ။

9. 年年有餘 (nián nián yǒu yú)
နှစ်စဉ်နှစ်တိုင်းလုပ်သမျှအဆင်ပြေပါစေ။

10. 事业发达 (shì yè fā dá)
လုပ်ငန်းများအဆင်ပြေပါစေ။

11. 升官发财 (shēng guān fā cái)
ရာထူးတိုး လစာများတိုးပါစေ။

12. 生意兴隆 (shēng yì xīng lóng)
လုပ်ငန်းများအဆင်ပြေပါစေ။

13. 學業進步 (xué yè jìn bù)
ပညာရေးတိုးတက်အောင်မြင်ပါစေ။

14. 步步高升 (bù bù gāo shēng)
ခြေလှမ်းတိုင်းအောင်မြင်မှုရပါစေ။

15. 新年進步 (xīn nián jìn bù)
နှစ်သစ်မှာကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ။

16. 心想事成 (xīn xiǎng shì chéng)
ရည်မှန်းချက်များအောင်မြင်ပါစေ။

17. 万事如意 (wàn shì rú yì)
အရာရာတိုင်းအောင်မြင်ပါစေ။

18. 笑口常開 (xiào kǒu cháng kāi)
အမြဲပြုံးပျော်ရွှင်ပါစေ။

19. 五福臨門 (wǔ fú lín mén)
ကံကောင်းခြင်းငါးပါးနှင့်ပြည့်စုံပါစေ။

20. 身体健康 (shēn tǐ jiàn kāng)
ကျန်းမာပါစေ။

21. 竹報平安 (zhú bào píng ān)
ကောင်းသတင်းများကြားရပါစေ။

22. 福壽雙全 (fú shòu shuāng quán)
အသက်ရှည်ခြင်းနှင့်ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံပါစေ။

23. 岁岁平安 (suì suì píng ān)
အသက်ရွယ်တိုင်းအေးချမ်းစွာနေနိုင်ပါစေ။

24. 马到成功 ( Mǎ dào chéng gōng)
ချက်ချင်းလုပ် ချက်ချင်းအောင်မြင်ပါစေ။

25.一帆风顺 (Yīfān fēngshùn)
ဘဝချောမွေ့ပါစေ။

26. 阖家幸福 (Héjiā xìngfú)
မိသားစုအားလုံးပျော်ရွှင်ပါစေ💗💗💷💷 🐉🐲
ဆုတောင်းအားလုံးပြည့်စုံကြပါစေ❤️❤️❤️❤️

24/01/2024

MSME တွေနှင့် ပတ်သက်တဲ့ panel တစ်ခုပြောစရာရှိပါတယ်။

၁။ MSME တွေ အနေနဲ့ ကြုံတွေ့နေရတဲ့ လက်ရှိ အခက်အခဲတွေက ဘာတွေလဲ ပြောပေးပါ။

၂။ MSME တွေ digitization လုပ်ဖို့ဘာတွေလိုအပ်မလဲ?

အားလုံးရဲ့ကိုယ်စား ဆွေးနွေးပေးပါမယ်။

ပုံကတော့ ချောလို့ထည့်တာ 😀

19/01/2024

အလုပ်တစ်ခုလုပ်ရင် Strategy ဗျူဟာ မရှိဘဲ၊ ကြက်ကန်း ဆန်အိုးတိုး သလို မအောင်မြင်နိုင်ပါဘူး။.

Photos from Htun Htun Naing's post 07/01/2024

Professional ပိသပါစေ။

Professional နှင့်ပက်သက်ပြီး မကြာခဏ ရေးဖူးပါတယ်။

ဟိုတလောက ခရီးတစ်ခုသွားတော့ ကားငှားစီးဖြစ်ပါတယ်။ ကားမောင်းတဲ့ ဥပမာလေးနှင့်ဘဲ စလိုက် ပါမယ်။

ကားကို အပျင်းပြေလျှောက်မောင်းနေတဲ့လူ၊ ရုံးတက်၊ရုံးဆင်း၊ကိုယ့်အလုပ်ကိစ္စအတွက်မောင်းတဲလူ၊ မိသားစုကို ခရီးမောင်းပို့တဲ့လူ ၃ မျိုးစုံ မောင်းတဲ့ပုံစံ တခုတည်း နှင့် မောင်းလို့မရတာ ကားမောင်း ဖူးသူတိုင်းသိကြပါလိမ့်မယ်။ သူတို့က ကားကို အသက်မွေးဝမ်းကျောင်းတခု Profesional အနေနှင့်မောင်းတာ မဟုတ်ပါဘူး။

တကယ့်လို့ကားမောင်းစားပြီး ပိုက်ဆံရှာမယ် Profesional လုပ်တော့မယ်ဆိုရင် ၁။ ဘာကားမောင်းမှာလဲ ? taxi မောင်းမှာလား၊ ရုံးကားမောင်းမှာလား၊ သူဌေးကား မောင်းမှာလား၊ tour ကားမောင်းမှာလား၊ limousine ကားမောင်းမှာလား၊ ပြိုင်ကားမောင်းမှာလား၊ အရင်သိရပါမယ်။ ကား စတိယာတိုင်ကိုင်ပြီး လီဗာနင်းတက်တိုင်းမရပါဘူး။

Taxi မောင်းမယ့်လူက သူမောင်းမယ့်မြို့က လမ်းတွေ နာမည်တွေ၊ ဘယ်လိုသွားရမလဲ၊ သိရမယ်၊ နာမည်ကြီးဆိုင်တွေ၊ နေရာတွေ သိရပါမယ်။ ok လမ်းတွေ နေရာသိပြီး Profesional Taxi driver ဖြစ်ပြီးလား ? မဖြစ်သေးပါဘူး ကိုယ့်ကားစီးတဲ့ ခရီးသည်တွေကို ပျူပျူငှာငှာ ဆက်ဆံတက်ဖို့လို့ပါတယ်။ တချို့ က lip service ဘဲကောင်းတယ်၊ တကယ်တမ်း ဧည့်သည်တွေ တစ်ခုတစ်ခု ပြောလိုက်တာနဲ့ စိတ်ဆိုးပြီး၊ ကားဆောင့်မောင်းတာ၊ မလိုအပ်ဘဲ ဟွန်းတီးတာတွေ လုပ်တက်ကြပါတယ်။ အဲဒီလို လူမျိုးကိုလည်း Profesional လို့မခေါ်ပါဘူး။

Taxi မောင်းတက်ရုံနှင့်လည်း ရုံးကား၊ သူဌေးကား ၊ tour ကား၊ limousine ကား၊ ပြိုင်ကားမောင်းလို့မရပါဘူး။ သက်ဆိုင်ရာ skill တွေလိုအပ်ပါသေးတယ်။ ပုဂံမှာ tour ကားမောင်းတဲ့လူတွေက ဘုရား သမိုင်းတွေပါပြောတက်တယ်။ ဓါတ်ပုံရိုက်တက်တယ်။ ဧည့်သည် တစ်ဦးချင်းလိုအပ်ချက် အရ သူတို့နှင့် ကိုက်ညီတဲ့ ထမင်းဆိုင်၊စားသောက် ဆိုင်က အစ အကြံပေးတက်တယ်။

Professional driver တစ်ယောက် အနေနှင့် မလုပ်သင့်တဲ့တစ်ခု က မလိုအပ်ဘဲ၊ မလိုတဲ့စကားတွေမပြောပါနှင့်။ ဥပမာ - ဧည့်သည်တွေရဲ့ personal အကြောင်းတွေမေးတာ၊ သူတို့ရဲ့ personal အကြောင်းတွေပြောတာ၊ customer က ဒီလို ဆိုရင် သူတို့က ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ဆရာကြီး လုပ်တာမျိုး မလုပ်ရပါဘူး။ အခု Grab စီးရင် silent request လုပ်လို့ရပါတယ်။ အဲဒီလိုလုပ်ထားရင် driver က customer မမေးဘဲနှင့် ဘာမှ ပြောခွင့်မရှိပါဘူး။

အထူးသဖြင့် ရုံးကားမောင်းတဲ့ drivers တွေ ရုံးကလူတွေ အကြောင်းကို သူကားစီးတဲ့လူတွေကိုပြန်ပြောတာ။ စကား အရောင်း အဝယ်လုပ်တာက professionals မဆန်ပါဘူး။

Singapore မှာ formula 1 ကားပြိုင်ပွဲတုန်းက တစ်ခေါက်သွားကြည့်ဖူးပါတယ်။ professional ပြိုင်ကားမောင်းတဲ့လူတွေ မှာ ကိုယ်ပိုင်စားဖိုးမှု တွေ ပါကြပါတယ်။ သူတို့ စားဖိုးမှု ချက်တာက လွဲရင် အပြင်မှာ စားလို့မရပါဘူး။ အိပ်ချိန်က အစ မှန်ရပါမယ်။ coach တွေပြောတာ၊ team work အားလုံး လေ့ကျင့်ရပါတယ်။ အဲဒိလိုမျိုး professional ပီသကြလို့ဘဲ အောင်မြင်ကြတာပါ။

တစ်ချို့က ပိုက်ဆံရှိတယ် ပျင်းလို့ grab မောင်းတာ၊ သူဘယ်လောက် ပိုက်ဆံရှိရှိ grab မောင်းတဲ့အချိန် မှာ driver တစ်ယောက်​လို့ ပြောဆို၊ပြုမူ၊ဆက်ဆံ တက်မှသာ professional ဖြစ်မှာပါ။

လူငယ်တွေ professional ကောင်းပီသကြမှသာ ကိုယ့်လုပ်ငန်းခွင် အသီးသီး မှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။.

အားလုံးအောင်မြင်နိုင်ကြပါစေ။

31/12/2023

၂၀၂၄ ခုနှစ်မှာ မိတ်ဆွေအားလုံး

၁၂လ လုံးပျော်ရွှင်နိုင်ပါစေ။
၅၂ ပတ်လုံး ရယ်မော နိုင်ပါစေ။
၃၆၅ ရက်လုံး လုပ်သမျှအောင်မြင်ပါစေ။
၈၇၆၀ နာရီစလုံး ကျန်းမာပါစေ။
၅၂၅,၆၀၀ မိနစ်လုံး ကံကောင်းကြပါစေ။
၃,၁၅၃,၆၀၀ စက္ကန့်တိုင်း ကျွန်တော်လို ရုပ်ချောကြပါစေ။

26/12/2023

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကံစမ်းမဲတွေကို စာရွက်တွေ မဲလိပ်တွေသုံးပြီး မဲဖောက်နေတုံးလား⁉️

🙅🏻‍♂️ လူကြီးမင်းတို့ရဲ့ customer များနဲ့ အငြင်းပွါးမှုတွေမရှိစေဘဲနဲ့တိကျသေချာတဲ့ Digital စနစ်နဲ့ မည်သည့်နေရာမှမဆို လူကိုယ်တိုင်မလာဘဲ၊ အချိန်မရွေး လူကြီးမင်းတို့ရဲ့ customer များ က Digital Lucky draw မှာ ပါဝင်နိုင်ပါတယ်။
🚘 ကားကံစမ်းမဲဘဲဖောက်မလား?
💎 ရွှေတွေ၊စိန်တွေ၊ I phone တွေဘဲပေးမလား?
📱ငွေသားဆုတွေ၊ ဖုန်း bill တွေဘဲ ပေးမလား?

🍀Lucky draw code တွေကို
📨 SMS နှင့်ပို့မလား?
📨 Viber နှင့်ပို့မလား?

ကိုယ့်လုပ်ငန်းရဲ့ page link ကကြော်ငြာပြီး၊ messenger link ကနေဖြစ်ဖြစ်၊ Viber က ဖြစ်ဖြစ် customers တွေက လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီးပါဝင် ကံစမ်းလို့ရတဲ့အတွက် Blue Planet ရဲ့ Digital Campaign စနစ်ဟာ ရိုးရှင်းလွယ်ကူပြီး တိကျသေချာတဲ့အတွက် သင့် customer တွေကိုစိတ်ကျေနပ်စေမှာပါ။

✳️ ဆုမဲပေါက်မပေါက်ကို SMS နှင့် Viber က အကြောင်းကြားပေး နိုင်သလို၊ customer များကလည်း online ကနေ ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ချက်ခြင်းသိရပါလိမ့်မည်ရှင့်။

💹 ပွင့်လင်းမြင်သာမှု ရှိတဲ့အတွက်ကြောင့် customer များရဲ့ ယုံကြည်မှုရရှိလာနိုင်ပြီး၊ မိမိတို့ရဲ့ လုပ်ငန်းစီးပွားရေး ပုံရိပ် ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

✅ ကုန်ကျစရိတ်သက်သာပြီး၊ ထိရောက်တဲ့ Digital Lucky Draw အစီအစဥ်တွေလုပ်ချင်ရင်တော့
Blue Planet ရဲ့ One Stop Campaignကို ဖုန်းနံပါတ် 09456880370 (or) 01 2399200 သို့ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါတယ်ရှင့်…

23/12/2023

၂၀၂၄ နှစ်သစ် မှာ ကျန်းမာ၊ပျော်ရွှင်ပြီး၊ လုပ်ငန်းတွေ အောင်မြင်ကြပါစေ

20/12/2023

ရာသီခွင်တွေကို ကိုယ်စားပြုတဲ့ Horoscope Sticker လေးတွေကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့နဲ့ အခမဲ့တားရော့မေးမြန်းနိုင်မယ့် အခွင့်အရေးလေးကို မလိုချင်ကြဘူးလား 🥰။
(21.12. 2023) မှစတင်ကာ Myanmar Plaza ရဲ့ Christmas wonderland Festival မှာ 1875 Bay Din Team ကရှိနေမှာဖြစ်ပြီး Horoscope Sticker လေးတွေလက်ဆောင်ပေးရင်း 1875 Bay Din Horoscope အကြောင်းတွေကို ရှင်းလင်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်...😇။
ဒါ့အပြင် Myanmar Plaza မှာ ရှိတဲ့ ဘယ်ဆိုင်ကမဆို ၃၀၀၀၀ကျပ် နှင့်အထက် ဝယ်ယူသူတွေအနေနဲ့ အခမဲ့ တားရော့မေးမြန်းခွင့်ရရှိမှာဖြစ်ပြီး ခရစ်စမတ်ကာလမှာ ပျော်ရွှင်စရာ အမှတ်တရတွေကို 1875 Bay Din နဲ့အတူဖန်တီးဖို့ Myanmar Plaza ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်...🤩။
Start Date - (21. 12. 2023)
End Date - (25. 12. 2023)
Viber Zodiac Sticker Download link
👇👇👇👇👇
https://vb.me/1875baydin

11/12/2023

ဘဝကို.တန်ဖိုးရှိရှိအသုံးချတတ်သူတို့သည်.တန်ဖိုးရှိသူဖြစ်ကြရသည်၊တန်ဖိုးရှိသူဖြစ်ပါစေ၊

#မြောက်ဦးဆရာတော်

30/11/2023

ကံကောင်းချင်လား

22/11/2023

မြန်မာနိုင်ငံက leading services industry တွေကို မြန်မာစကားပြောနည်း၊ ပြုံးနည်း နှင့် Customer service သင်ပေးချင်ပါတယ်။

နာမည်ကြီးလေကြောင်းတစ်ခုကို နှစ် ၂၅ လောက်အားပေးလာတာ services က တဖြည်းဖြည်း ဆိုးသွားသလိုဘဲ။

အထူးသဖြင့် services industry မှာလုပ်မေကြတဲ့အသက် ၂၅ ကနေ ၃၅ ပတ်ဝန်ကျင်လူငယ်တွေ Customer services ဆိုတာမသိတော့ဘူး

Photos from Htun Htun Naing's post 20/11/2023

ကျေးဇူးတရား

ဟိုတစ်နေ့က စျေးဝယ်စင်တာတစ်ခု ရောက်တော့ မိန်းကလေးတစ်ယောက်က ဆရာသမီးကိုမှတ်မိလားဆိုတော့ ကိုယ်တည်း ဗြုံးစားကြီး မမှတ်မိနိုင်ပေတာ့ သူက သမီး call center batch 6 ကအလုပ်ဝင်တာပါ။ အခု နိုင်ငံတကာ ကုမ္ပဏီတစ်ခုကို လုပ်နေပါတယ်တဲ့။ ဆရာကိုကျေးဇူးတင်ပါတယ်၊ ဆရာ သင်ပေးလိုက်တာတွေ ကြောင့်သူအလုပ်ကောင်းကောင်းရတာပါ။ ဝမ်းသာပါတယ် ဂုဏ်လည်းယူပါတယ်လို့ပြန်ပြောလိုက်ပါတယ်။

တကယ်လက်တွေ့ဘဝမှာ မိဘ၂ပါးပြီးရင်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးရှိပါတယ်။ သူတို့ကျေးဇူးတွေလည်း မမေ့သင့်ပါ။ ခင်ပွန်းကြီး ၁၀ ပါး မှာလည်း ဆရာသမားပါသလို၊ ကိုယ့်ကို ကျေးဇူးပြုခဲ့တဲ့ ပုဂ္ဂိလ်တွေလည်းပါပါတယ်။

ငယ်ငယ်တုံးကသင်ခဲ့ရတဲ့ နွားကျောင်းသားလေးက ဗျိုင်းတွေ ငါးကိုအပေါ်မြှောက်ပြီးမျိုတာကိုကြည့်ပြီးလေ့ကျင့်ခဲ့တာ၊ ဘုရင့်ရှေ့မှာ လှံကို အာခေါင်နှင့်ဖမ်းနိုင်တဲ့ပြကွက်ကိုပြလိုက်တော့၊ ဘုရင်မ မင်းဆရာဘယ်သူလည်းလို့မေးတော့ ဗျိုင်းဆီက မြင်ပြီးတက်တာပါလို့ မပြောချင်တော့ ဆရာမရှိပါဘူး ပြောလိုက်ပြီးနောက်တစ်ခါ လုပ်တဲ့အချိန်မှာ အာခေါင်လှံဆူးပြီးသေပွဲဝင်ရပါတယ်။

အခုနောက်ပိုင်းရုံးတွေမှာ ဝင်လာတုံးက မတက်ကြဘူး၊ ရုံးရောက်မှ ပိုသိ၊ပိုတက်လာပြီး network တွေကျယ်လာ၊ အမြင်တွေကျယ်လာကြပါတယ်။ ကျွန်တော်အနေနှင့် ဘယ်ဝန်ထမ်းဘဲဖြစ်ဖြစ် အချိန်ကုန်ခံပြီး သင်ပေးပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့လည်းတွေ သူလမ်းသူလျှောက်ပြီးအောင်မြင်ကြစေလိုပါတယ်။

အဆိုးဆုံးကတော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ဆိူသလို၊ ကုမ္ပဏီရဲ့ business idea တွေ customers, data တွေယူပြီး၊ ကုမ္ပဏီကိုပြန်တိုက်ခိုက်ကြတာတွေတွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သြော်သူတို့မှာ ဒါဘဲလုပ်တက်ပါလား။ ကျွန်တော် ကုမ္ပဏီနာမည်က Blue Ocean ဆိုတဲ့အတိုင်း ဘယ်သူနှင့်မှမပြိုင်ဘဲ အပြာရောင် ​သမုဒ္ဒရာကြီးထဲမှာ ဘာလို့ အနီရောင်ဖြစ်အောင်လုပ်ကြတာလည်း စဥ်းစားလို့မရပါဘူး။ တစ်ချို့ဝန်ထမ်းတွေအလုပ်ထွက်ပြီးကြာ တာတောင် တခါတလေ သူတို့အကူအညီ၊ အကြံညဏ်တောင်းရင် အမြဲတမ်းပေးဖြစ်ပါတယ်။

ဘဝမှာ ကိုယ်ပိုင်အစွမ်းအစ နှင့်အောင်မြင်ချင်ရင်တော့ တစ်လုပ်စားဖူး၊သူ့ကျေးဇူးဆိုတဲ့အတိုင်း၊ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေနှင့် ခင်ပွန်းကြီး၁၀ပါးကိုပစ်မှားနေရင် ဘယ်လိုမှ မအောင်မြင်နိုင်ပါ။

ကျေးဇူးကိုသိတက်ပြီး၊အောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်ကြပါစေ။

13/11/2023

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week - GEW 2023) အထိမ်းအမှတ် စီစဉ် ပြုလုပ်မည့် Online Seminar & Panel Discussion ဆွေးနွေးပွဲကို (2023) ခုနှစ်၊ နိုဝင်ဘာလ (15) ရက်နေ့၊ နံနက် (9:30) နာရီ၌ Virtual Online Zoom Platform ကတဆင့် ကျင်းပသွားမည် ဖြစ်ပါသည်။

ဆွေးနွေးပွဲ၌ "How to become an Entrepreneur for the youths" ခေါင်းစဉ်ဖြင့် ဒေါ်သက်ဇံဖြူ (CEO, Myanmar Noble University) ကလည်းကောင်း၊ "Don't Just Innovate. Invent, Patent, and Succeed !" ခေါင်းစဉ်ဖြင့် ဦးဇော်ထွဋ် (MD/CTO, Myanmar Net Media & Software Co., Ltd.) ကလည်းကောင်း၊ ဟောပြော ဆွေးနွေး သွားမည်ဖြစ်ပါသည်။

"Meet the Investors" Panel Discussion တွင် Moderator အဖြစ် ဦးအောင်အောင် (MD, Ahtar Oo Co., Ltd.) (Chairperson of Strategic Business Development Committee of MBE Association) ကလည်းကောင်း၊ Panelist များအဖြစ် ဦးထွန်းထွန်းနိုင် (Chairman & Group CEO, Blue Ocean Investments) ၊ ဦးလဝန်းယံ (Investment Management, Emerging Market Entrepreneur) ၊ ဒေါ်အိပိုးဖြူ (MD, Shwe Zee Kwat Food Manufacturing & Int'l Export Co., Ltd.) တို့က လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေး သွားမည် ဖြစ်ပါသည်။

ယခုနှစ် GEW 2023 လှုပ်ရှားမှုများကို နိုဝင်ဘာလ (13) ရက်မှ (19) ရက်အတွင်း ကျင်းပခြင်းဖြစ်ပြီး MBE အသင်း၏ မိတ်ဖက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က National Host အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ GEW 2023 ဆောင်ပုဒ်မှာ “ENTREPRENEURS THRIVE HERE" ဖြစ်ပါသည်။

သို့ဖြစ်ရာ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က GEW 2023 အထိမ်းအမှတ် စီစဉ် ကျင်းပသည့် Online Seminar & Panel Discussion ‌‌ဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ MBE အသင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်အသီးသီးက လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်မှုကို စိတ်ဝင်စားသော လူငယ်များ တက်ရောက်နိုင်ပါရန် သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။


(15 Nov 2023) 9:30 AM Online Zoom

Photos from Htun Htun Naing's post 30/10/2023

သံသရာအဆက်ဆက်မှ ယနေ့ဘဝထိတိုင်ကျွန်တော်ထက်အသက်အရွယ်၊ ရာထူး၊ ဂုဏ်ရှိန်၊သီလ၊ သမာဓိ၊ ပညာရှိတဲ့ ပုဂ္ဂိုလ်များ အား လည်းကောင်းအရိယာသူတော်မြတ်တို့အားလည်းကောင်း၊ကာယကံ၊ဝစီကံ၊မနောကံ (၃)ပါးတို့ဖြင့် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိခဲ့ပါကအပြစ်တို့ကို သည်းခံပါရန်၊ ကျေအေးပါရန် ရှိခိုးကန်တော့ တောင်းပန်ပါတယ်။

ကျွန်တော်အပေါ်၌ကာယကံ၊ဝစီကံ၊မနောကံ(၃)ပါးတို့ဖြင့်တစ်ပါးပါးသောကံဖြင့်ပြစ်မှားမိသောပုဂ္ဂိုလ်များ အားလုံးကို ခွင့်လွှတ်ပါတယ်၊ ကျေးအေးပါတယ်၊ သည်းခံပါတယ်။

သီတင်းကျွတ်အခါသာမယမှာကျန်းမာ၊ပျော်ရွှင်အေးချမ်း ပြီးစီးပွားလဘ် လာဘတွေတိုးတက်ကြပါစေ။

19/10/2023

Marketing Guru ကြီး ဦးမြင့်ဇော် ပြောတဲ့ Marketing ကြီးပြောင်းလဲသွားပြီ ဆိုတဲ့အကြောင်းကို ထပ်ဆင့် မျှဝေပါတယ်။

19/10/2023

Shout out to my newest followers! Excited to have you onboard! Su Lay, Chit Hein KO, Chearry Hnin, Ko Ko

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

MYEA နှင့် MHR Management Institute  တို့မှ ဦးဆောင် စီစဉ်သော   "Building Resilience in Uncertain Times" Panel Discussion
Why Business Fail?
How to survive During and After COVID-19 video part-3
How to survive During and After COVID-19 video Part-2
" How to survive during and after COVID-19 "
2 Minutes Entrepreneurship Tips
2 Minutes Entrepreneurship Tips
2 Minutes Entrepreneur Tips.
2 Minutes Entrepreneur Tips.
2 Minutes Entrepreneurship Tips

Category

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Entrepreneurs in Yangon (show all)
htetmyat7739 htetmyat7739
Yangon

age=2004

Zawlin aung ကိုရီးယားကားအရောင်းအဝယ် Zawlin aung ကိုရီးယားကားအရောင်းအဝယ်
Yangon, ကိုရီးယားကားအရောင်းအဝယ်

ကားအကြောင်းလေးများ မျှဝေကြမယ်

Phyo Automobile Phyo Automobile
1229, Padauk Myaing 2street, 34Quarter, North Dagon
Yangon

car

KO KO AUNG FOLLOW ME AGENCY KO KO AUNG FOLLOW ME AGENCY
Zambu Sri 6 Road
Yangon, KKA

☎:0️9️5️4️1️7️6️5️8️ ❌Messenger မသုံးပါ...

MYE - Design & Construction MYE - Design & Construction
Yangon

BE Civil(TU MKN) bechlor in Business Adliministration (Kaplan Higher Education Institute Singapore)

AdSage Marketing AdSage Marketing
Yangon

AdSage is operated by a team of seasoned marketing experts who cater to a selected group of clients.

17Shopping Zome 17Shopping Zome
Yangon

ပစ္စည်းမှန် ဈေးမှန် နေရာမှန် ဝန်ဆောင်မှု့ အကောင်းဆုံး အားပေး ကြ ပါဦး 🍀🍀🍀🛍️🛒🙆 Shopping Zone🛍️

AmyMyint-Digital Entrepreneur AmyMyint-Digital Entrepreneur
Yangon, 11101

Helping people to be a successful digital business.

Contemporary Art Myanmar YgN Contemporary Art Myanmar YgN
Yangon, 11111

Contemporary Art Myanmar is dedicated to distribute the uprising art of today and culture in Myanmar.

Pinsi Pinsi
No. 818 , Mahawthada (5) Street, East Dagon
Yangon, 11451

Clothing, Beauty, Accessories

Dreams of K Online Store Dreams of K Online Store
Yangon

Enjoy shopping with us...