Myanmar Haemophilia Patient Association

Myanmar Haemophilia Patient Association

MHPA represents people with inherited bleeding disorders and their community

Photos from Myanmar Haemophilia Patient Association's post 19/02/2024

[English Below]

“နှစ်ပတ်လည်အစည်းအဝေး”

ကျွန်တော်တို့ မြန်မာနိုင်ငံသွေးမတိတ်လူနာများအသင်း၏နှစ်ပတ်လည် အစည်းအဝေးကို (၁၇/၂/၂၀၂၄)ရက် နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ထိုနှစ်ပတ်လည်အစည်းအဝေးကို 2023ခုနှစ်
အတွက် ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းတင်ပြခြင်း၊ ပြီးခဲ့သည့်နှစ်အတွင်းပြုလုပ်ခဲ့သောလှုပ်ရှားမှုအကြောင်းများပြန်လည်တင်ပြခြင်း၊အသင်း၏ဖွဲ့စည်းပုံကိုပိုမိုခိုင်မာစွာတည်ဆောက်ရန်အတွက် Department များ ဖွဲ့စည်းခြင်း၊ ယခု ၂၀၂၄ ခုနှစ်တွင်လုပ်ဆောင်မည့် အစီအစဉ်များကို ထည့်သွင်းရေးဆွဲခြင်း စသည့် ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အသင်း၏လှုပ်ရှားမှုများကို ပိုမိုထိရောက်လျင်မြန်စွာ လုပ်ဆောင်စီမံခန့်ခွဲနိုင်ရန် ADMIN & HR Department၊ လူမှုကွန်ရက်များတွင် သွေးမတိတ်ရောဂါအကြောင်းနှင့် အသင်း၏ လုပ်ဆောင်ချက်များကို ပြည်သူလူထုများ သိရှိစေရန် Public Relation (PR) Department ၊ အသင်း၏ရန်ပုံငွေနှင့် ငွေကြေးဆိုင်ရာကိစ္စများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် Finance Department ၊ သွေးမတိတ်ရောဂါလူနာများ၏ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် Members Department ၊ ရန်ပုံငွေရှာဖွေခြင်း နှင့် သွေးမတိတ်ရောဂါအကြောင်းနှင့်ပတ်သက်သော အသိပညာပေးခြင်းများကို ဆောင်ရွက်ရန် Fundraising & Public awareness Department ၊ သွေးမတိတ်ရောဂါလူနာများအတွက် လိုအပ်သော တိကျမှန်ကန်သည့် အသိပညာ ဗဟုသုတများကို ဖြန့်ဝေပေးနိုင်ရန်ဆရာဝန်များဖြင့်ဖွဲစည်းထားသော Health Education & Hemo-care Department စသည်တို့ကို ဖွဲ့စည်းခဲ့ကြပါသည်။

အသင်း၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ မိမိတာဝန်ယူထားသည့် အခန်းကဏ္ဍများအား ပိုမို‌ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် အသင်း၏ဉက္ကဌမှ လမ်းညွှန်ချက်များကိုလည်း ဆွေးနွေး အကြုံပြုခဲ့ပါသည်။

အသင်းသားများအနေနှင့်လည်း မိမိတို့ တာဝန်ယူထားသည့်အခန်းကဏ္ဍများတွင်ရင်ဆိုင်နေရသော အခက်အခဲများ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

သွေးမတိတ်ရောဂါလူနာများ မိမိတို့၏အနာဂတ်တွင် ပညာရပ်တစ်ခုဖြင့် ဘဝကိုရပ်တည်နိုင်ရန် အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်အချို့ကို သင်ကြားခြင်း လုပ်ငန်းဆောင်တာများကိုအကောင်အထည်ဖော်ရန်အသင်း၏ဉက္ကဌမှ Agency များနှင့် ချိတ်ဆက်ကာ ဆွေးနွေးညှိုနိုင်းမှုများကိုလည်းပြုလုပ်ခဲ့ပါသည်။

မိမိတို့အသင်းပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြိုးပမ်းရာတွင် မိမိတို့ အသင်းသားများသာ မက အတူတကွ ပူးပေါင်းဆောင်ရွက်‌ပေးကြ‌သော ပရဟိတ လူငယ်များကိုလည်း မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းဉက္ကဌနှင့် အသင်းသားများမှ အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ယခုကဲ့သို့ သွေးမတိတ်ရောဂါလူနာများကို အကျိုးပြုဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံသွေးမတိတ်ရောဂါ လူနာများအသင်းမှလည်း ပရဟိတညီအစ်ကိုမောင်နှမများကိုလိုအပ်နေပါသောကြောင့် စိတ်ပါဝင်စားသူများအား နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။

_________________________________

“Annual meeting”

We held the annual meeting of Myanmar Hemophilia Patient Association on February/17/2024.
The purpose of that annual meeting is clarification of 2023 financial statements; establishing departments to strengthen the organisation’s structure; reporting on activities carried out in the last year and drawing plans to be implemented in 2024.
In addition, ADMIN & HR Department, in order to manage the team's activities more efficiently and quickly; Public Relation (PR) Department to inform the public about the hemophilia and the activities of the association on social networks; Finance Department to properly manage the funds and financial affairs of the association; Members Department to accurately obtain the information of patient; Fundraising & Public awareness Department to carry out fundraising and awareness about hemophilia; Health Education & Health Care Department, organized by doctors, has been established to disseminate the accurate and correct knowledge needed for patients.
The president discussed and suggested guidelines to better perform the roles they are responsible for.
As members of the team, they also discussed the difficulties they face in their responsible roles.
In order for patient with hemophilia to stand their lives in their future, we have also made discussions and collaboration with the agencies to implement the activities of teaching some vocational skills.
U Tin Ohn Hlaing, president of the Myanmar Hemophilia Patient and together with the members of association would like to express their special thanks to the volunteers who cooperated together to improve our association.
Myanmar Hemophilia Patients Association is also in need of volunteers, so we are warmly welcomed those who are interested.

Photos from Myanmar Haemophilia Patient Association's post 28/01/2024

[English below]

🎉🎉 Fundraising Campaign ကို ထပ်မံ၍ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည် ခင်ဗျ...🎊

သွေးမတိတ်ရောဂါအကြောင်းကို လူအများကျယ်ကျယ်ပြန့်ပြန့် သိရှိရန်ရည်ရွယ်ချက်အနေဖြင့်လည်း Campaign သို့ လာရောက်သော ဧည့်သည်များ ကို သွေးမတိတ်ရောဂါအကြောင်းများ ရှင်းပြပေးခြင်းနှင့် သွေးမတိတ်ရောဂါအကြောင်းရေးသားထားသော လက်ကမ်းစာဆောင်များကိုလဲ ကမ်းလှမ်းခဲ့ပါတယ်။

အသင်း၏ရှေ့ဆောင်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လာရောက်လှူဒါန်းသွားသော အလှူရှင်များ ၊ Campaign ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့သော Haemophiliac ညီအစ်ကိုများ နှင့် Volunteer ညီအစ်ကိုမောင်နှမများကို မြန်မာနိုင်ငံသွေးမတိတ်ရောဂါရှင်လူနာများအသင်း ၏ဥက္ကဌ ဦးတင်အုန်းလှိုင် ၊ ဒုဥက္ကဌ ကိုရန်ပိုင်ဟိန်း နှင့် မြန်မာနိုင်ငံသွေးမတိတ်ရောဂါအသင်းအဖွဲ့ဝင်များမှ အထူးပင်ကျေးဇူးတင်လျက်ရှိပါသည်။





_________________________________________________________________________

The Fundraising Campaign has been successfully held again.

In order to make people aware of Hemophilia disease , we gave visitors to the campaign explanations about hemophilia disease and pamphlets written about hemophilia disease.

U Tin Ohn Hlaing, President of the Myanmar Hemophilia Patient Association, and Ko Yan Paing Hein, Vice President , together with the members of the association, are very grateful to the donors who came to donate to be used in the association's future plans and to the Haemophiliac ,Volunteer brothers and sisters who helped from all sides.

Photos from Myanmar Haemophilia Patient Association's post 28/01/2024

ယနေ့ ဇန်နဝါရီ ၂၈ရက်နေ့မှာ

Kokkoya Organics မှ ကျင်းပပြုလုပ်တဲ့
Green Vibe and Nature Ribben စျေးပွဲတော်မှာကျွန်တော်တို့ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းက လက်ရာမြောက် ဝါးလက်မှုပစ္စည်းများ၊ အိမ်တွင်း အလှဆင်အပင်လေးများနှင့် Dream Catchers မျိုးစုံ ကို စတင်ရောင်းချနေပါပြီ..

ဒန်းဆိုးရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီဇိုင်းဆန်းဆန်းလေးတွေ ရှိပါတယ်..

သူငယ်ချင်းများနှင့် မိသားစုများကို စျေးပွဲတော်သို့ လာရောက်ဝယ်ယူအားပေးဖို့ ထပ်မံဖိတ်ခေါ်ပါရစေ ခင်ဗျ…

အိမ်နံပါတ် ၄၈၊ ကံ့ကော်မြိုင်လမ်းကြား၊ ကမာကြည်မီးပွိုင့်အောက် သုဝဏ္ဏမြို့
Bus Station သုဝဏ္ဏစျေးမှတ်တိုင်
Bus number < 25/118/110/75/59/63
Time- 10AM to 5PM
Google map- https://maps.app.goo.gl/LDwU3wxChp86NJ6M9?g_st=ic

25/01/2024

[English below]

"ရန်ပုံငွေရှာဖွေခြင်းဈေးပွဲတော်"

အားလုံးပဲမင်္ဂလာပါ ခင်ဗျာ…

🍀 ကျွန်တော်တို့ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းက ယခုအခါမှာလည်း Fundraising Campaign လေးတစ်ခု ပြုလုပ်သွားမှာဖြစ်ပါတယ်။

🍀 ကျွန်တော်တို့အသင်းအနေနဲ့ အရင် Christmas Bazzar မှာလည်း အောင်မြင်စွာပါဝင်ဆင်နွှဲနိုင်ခဲ့ပြီး ဒီတစ်ခါမှာတော့ Kokkoya Organics Myanmar မှ ကျင်းပပြုလုပ်တဲ့ " Green Vibe and Nature Ribbien " စျေးပွဲတော်မှာ ထပ်မံပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

🍀 ဒီ Campaign လေးလုပ်ရတဲ့ ရည်ရွယ်ချက်လေးကတော့ Hemophilia (သွေးမတိတ်ရောဂါ) အကြောင်းကို လူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နှင့် မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းအတွက် funding ရှာဖွေပြီး လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။

🍀 ကျွန်တော်တို့အသင်းအနေနဲ့ ဝါးလက်မှုပစ္စည်းများ၊ ချစ်စရာကောင်းတဲ့ Dream Catchers များအပြင် အိမ်အတွင်းမှာ အလှဆင်စိုက်ပျိုးလို့ရတဲ့ အပင်ငယ်လေးများကိုပါ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

🍀 ဒါ့အပြင် ဒန်းနဲ့အလှဆင်သော ပန်းကနုတ်အလှရေးဆွဲပေးသည့်(ဒန်းဆိုးခြင်း) အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။

🍀 “Green Vibe and Nature Ribben ” စျေးပွဲတော်မှာ အစားအသောက်များ၊ လက်မှုပစ္စည်းများ၊ပြည်တွင်းထုတ်ကုန်များနှင့် အဝတ်အစားများ စုံလင်စွာရရှိနိုင်မယ့်အပြင် Music Band အစီအစဉ်လည်းပါဝင်မှာဖြစ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းကလည်း မိသားစု၊ သူငယ်ချင်းများနဲ့အတူ လာရောက်ဝယ်ယူအားပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။

🍀 ကျွန်တော်တို့ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှာလည်း အလှူငွေများ လာရောက်လှူဒါန်းလို့ရပါတယ်ခင်ဗျ။

🍀 CAMPAIGN လေးကိုတခြားသူများ သိရှိလာရောက်နိုင်အောင်လည်း ဒီ post လေးကို share ပေးကြပါဦး ခင်ဗျ...

အိမ်နံပါတ် ၄၈၊ ကံ့ကော်မြိုင်လမ်းကြား၊ ကမာကြည်မီးပွိုင့်အောက် သုဝဏ္ဏမြို့
Bus Station သုဝဏ္ဏစျေးမှတ်တိုင်
Bus number < 25/118/110/75/59/63
Google map- https://maps.app.goo.gl/LDwU3wxChp86NJ6M9?g_st=ic

_____________________________________________________________

Fundraising Campaign

🍃 Myanmar Hemophilia Patient Association will once again hold a Fundraising Campaign.

🍃 Our team was able to successfully participate in the previous Bazzar Campaign, and this time we will again participate in the "Green Vibe and Nature Ribbien" market organized by Kokkoya Organics Myanmar.

🍃 The purpose of this campaign is to provide a wide range of information about Hemophilia and to find funding for the Myanmar Hemophilia Association and use it where needed.

🍃 The campaign will sell bamboo craft products, indoor plants ,earrings, and a variety of dream catchers.

🍃 It also includes the mehandi program in order to paint kanote on your hand.

🍃 At the market, handmade, local brand, thrift clothing, art/craft, food and drink will be perfectly available, and there will also be a Music Band program, so we invite you to come and buy with your family and friends.

You can also come and donate money to our Myanmar Hemophilia Patient Association.

Please share this post so others can find out about the CAMPAIGN...

Address - Plot No.48, BawGa 2 Lane ,
Ga Nge Ward, Thuwana
Bus Station -Thuwana bus stop
Bus number - 25/118/110/75/59/63
Google map- https://maps.app.goo.gl/LDwU3wxChp86NJ6M9?g_st=ic

17/01/2024
08/01/2024
01/01/2024

May 2024 bring strength, unity, and positive health changes and improved well-being for all those affected by haemophilia. Happy New Year!

28/12/2023

Together We care!

25/12/2023

May the magic of Christmas bring moments of happiness, good health, and a sense of peace to you.
!

29/09/2023

https://m.facebook.com/story.php?story_fbid=717401650429542&id=100064791395910&mibextid=Nif5oz

"World Lymphoma Awareness Month" Event
ကမ္ဘာ့ လင်ဖိုးမား အသိ မြှင့်တင်​ရေးလ ​ဆွေး​နွေးပွဲ

ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း

ခန်းမ​ဆောင် ​အေ

၃၀.၉.၂၀၂၃

မနက် ၉ နာရီမှ ၁၁ နာရီ

28/09/2023

🎥 Our short trip vlog is Here! 🌟 Dive into the heartwarming moments. This short trip was a whirlwind of smiles, camaraderie and unforgettable moments!
Haemophilia Patient Association

World Patient Safety Day 2023 20/09/2023

World Patient Safety Day 2023 (PART 1) Panel Discussion of World Patient Safety Day 2023"Elevate the voice of patients"

Photos from Myanmar Haemophilia Patient Association's post 20/09/2023

Our association is proud to be a part of the Patient Safety Day event. Let's work together for a healthier, safer future for all patients. 💪🌐

Photos from Myanmar Haemophilia Patient Association's post 04/09/2023

Myanmar Haemophilia Patient Association Update

Our journey continues as we unite to shine a spotlight on Haemophilia awareness. In this trip, the activities include discussing about how many tasks did we finished in our plans (Long term and short term), about the future plans, hydrotherapy session, educational session, opportunities for young minds to connect with peers who understand the challenges of Haemophilia.Next is video recording for hydrotherapy session to share others in order to do exercise by themselves.
Together, we are building a supportive community that empowers our youth to become future leaders in the fight for awareness and progress.


HAEMOPHILIA PATIENT ASSOCIATION

02/11/2022

Thanks for your Kindness
WFH ( World Federation of Hemophilia )

Haemophilia Patient's Story

14/09/2022

​သွေးမတိတ်​ရောဂါနှင့် ပါတ်သက်ပြီး လက်ရှိ​ကာလမှာ ဖြစ်​နေတဲ့အ​ကြောင်းအရာနှင့် ဆက်စပ်ပြီး ​ပြောပြပါရ​စေခင်ဗျ။
​​သွေးမတိတ်​ရောဂါမှာ Hemophilia A နှင့် Hemophilia B ဆိုပြီး အဓိက အုပ်စု ၂ ခု ရှိပါတယ်ဗျ။ ​
- သွေးမတိတ်​ရောဂါ ​အေ ( Hemo A ) ကို ​တော်ဝင်​ရောဂါ (Royal Disease ) ဆိုပြီးလည်း ​ခေါ်ဆိုကြပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ ကမ္ဘာ​ပေါ်က လူမျိုးတိုင်း၏ ဘုရင်မျိုး​နွယ် အတော်များများမှာ ဒီ​ရောဂါအမျိုးအစား​တွေ ဖြစ်ခဲ့/ရှိ​နေကြလို့ပါ။
- ​သွေးမတိတ်​ရောဂါ ဘီ ( Hemo B ) ကို​တော့ ခရစ္စမတ်​ရောဂါ ( Christmas Disease ) လို့​ခေါ်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ထဲ ( စက်တာဘာ ၈ ရက်​နေ့ )မှာ ကမ္ဘာ့သြဇာအကြီးဆုံး​ခေါင်း​ဆောာင်များထဲမှ တဦးဖြစ်သည့် အင်္ဂလန်ပြည်ရဲ့ အဲလစ္စဘတ် ဘုရင်မကြီး ဆုံးပါးအနိစ္စ​ရောက်ခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ ( ဘ၊ဘိုး၊​​ဘေး၊ ဘီ၊ ဘင်၊ ...မျိုးရိုးစဥ်ဆက်အရ ) ဘီမကြီးဖြစ်သည့် ဗစ်တိုးရီးယားဘုရင်မကြီး ( Queen Victoria )သည် ​သွေးမတိတ်​ရောဂါကို သယ်​ဆောင်သူ ( Carrier ) တ​ယောက် ဖြစ်ပါသည်။
ပုံမှာပါသည့် ​လေး​ထောင့်စတုရန်းကွက်များသည် အမျိုးသားများကို ကိုယ်စားပြုပြီး၊ စက်ဝိုင်းပုံများမှာ အမျိုးသမီးများကို ကိုယ်စားပြုထားပါသည်။ အ​ရောင်ခြယ်ထား​သော ​လေး​ထောင့်ပုံများသည် ​သွေးမတိတ်​ရောဂါရှိသူများဖြစ်ပြီး၊ အ​ရောင်တဝက်ခြယ်ထားသူများက ​ရောဂါကိုသယ်​ဆောင်သူ (အမျိုးသမီးများ) ဖြစ်ပါသည်။

( Queen Elizabeth II ရဲ့ ​ဘေးဖြစ်သည့် ဘုရင်ကြီး Edward VII သည် မိခင် ဗစ်တိုးရီးယားဘုရင်မကြီးက Hemophilia Carrier ဖြစ်​သော်လည်း ကံ​ကောင်းစွာဖြင့် ​ရောဂါရှိသူမဟုတ်ပါ။ ထို့​ကြောင့် အလစ္စဘတ် ၂ ဘုရင်မကြီး၏ မျိုးရိုးတွင် ​သွေးမတိတ်​ရောဂါကို မ​တွေ့ရခြင်းသာ ဖြစ်ပါသည်။ )

ကမ္ဘာ့သမိုင်းတွင် Hemophilia ရှိ​​သော ဘုရင်များလည်းရှိခဲ့ဖူးပါသည်။ သို့​သော် ​အဲဒီခေတ်ကာလအ​ခြေအရ ​သွေးမတိတ်​ရောဂါရှိသည်ဟု မသိခဲ့ကြ​ပေ။ ​ရောဂါရှိသူများသည် ဒဏ်ရာရ၊ နာကျင်​နေချိန်များတွင် နာကျင်ကိုက်ခဲ​မှုဒဏ်ကြောင့် အလွန်စိတ်တိုလွယ်တတ်ပါသည်။ ထိုအချိန်များ၌ ဆုံးဖြတ်ရ​သောအရာများတွင် စိတ်လိုက်မာန်ပါ အမှားမှား၊အယွင်းယွင်းများပြုတတ်ကြ​သော​ကြောင့် Hemo ဘုရင်​တွေရဲ့ ဆုံးဖြတ်ချက်များမှာလည်း ဆိုးဆိုးဝါးဝါး ပြုမူ၊မှားယွင်းခဲ့ကြပါသည်။ ထို့​ကြောင့် သမိုင်းဆရာများက Hemo ဘုရင်များကို စိတ်ရူး​ပေါက်သည့်ဘုရင်/ အရူးဘုရင်အဖြစ် မှတ်တမ်းတင်ထား တတ်ပါသည်။

ပုံတွင် Victoria ဘုရင်မကြီး၏ သမီး​တော် Alice မျိုးဆက်မှတဆင့် ဂျာမနီ​တော်ဝင်မိသားစုနှင့် ရုရှပြည်ရဲ့ (Tsar)ဇာဘုရင်​တော်ဝင်မိသားစု၊ ​နောက်သမီး​တော်တပါးဖြစ်တဲ့ Beatrice မျိုးဆက်မှတဆင့် စပိန်​တော်ဝင်မိသားစုတို့တွင် ​သွေးမတိတ်​ရောဂါပြန့်ပွားပုံ မိသားစုအ​ခြေပြုပုံစံ ​ဖော်ပြထားပါသည်။

Photo crd from google

Photos from Myanmar Haemophilia Patient Association's post 19/07/2022

သွေးမတိတ်​ရောဂါရှင်များ ​အရိုးအဆစ်နှင့် ကြွက်သားများ ကျန်းမာသန်စွမ်း​စေရန်အတွက် ရေထဲ၌လေ့ကျင့်ခန်းပြုလုပ်ခြင်း ( Hydrotherapy ) အစီအစဥ်ကို မြန်မာနိုင်ငံ​သွေးမတိတ်​ရောဂါရှင်များအသင်းမှ ရန်ကုန်အမျိုးသား​ရေကူးကန်တွင် ပြုလုပ်ခဲ့ပါသည်။ ​​နောင်ပြုလုပ်မည့် ဤကဲ့သို့​သော ​လေ့ကျင့်ခန်းအစီအစဥ်များတွင် စိတ်ပါဝင်စား၊ ပါဝင်လိုပါက အသင်း Page တွင် လာ​ရောက်စုံစမ်းနိုင်ပါသည်။

( ​သွေးမတိတ်​ရောဂါရှင်များအတွက် လုံခြုံစိတ်ချမှု အ​ကောင်းဆုံး ​လေ့ကျင့်ခန်းမှာ ​ရေကူးခြင်းနှင့် လမ်း​လျှောက်ခြင်းတို့ ဖြစ်ပါသည်။ )

Photos from Myanmar Haemophilia Patient Association's post 05/07/2022

မြန်မာနိုင်ငံ​သွေးမတိတ်​ရောဂါရှင်များအသင်း၏ အသင်းဝင်များ online ​တွေ့ဆုံခြင်း အစီအစဥ်ကို ၃၊ ၇၊ ၂၀၂၂ တနင်္ဂ​နွေ​နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ​ဤအစီအစဥ်တွင် အသင်းသား ညီအကိုအချင်းချင်း ​ရောဂါအ​ကြောင်း အ​တွေ့အကြုံဖလှယ်ကြခြင်း၊ ​ရောဂါတူညီအကိုများ စု​ပေါင်းပြီး ​​Physiotherapy / Hydrotherapy လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်ကြရန် ​ဆွေး​နွေးခဲ့ကြပါသည်။

Photos from Myanmar Haemophilia Patient Association's post 28/06/2022

အထက်မြန်မာပြည်​သွေးမတိတ်​ရောဂါလူနာများကိုယ်စားပြု မန္တ​လေးအဖွဲ့၏ ကော်မတီဝင်များ ပြန်လည်​ရွေးချယ်သည့် အစီအစဥ်ကို Haemophilia Treatment Center ၌ ၂၄၊ ၆၊ ၂၀၂၂ ​သောကြာ​နေ့တွင် ပြုလုပ်ခဲ့ပါသည်။
လက်ရှိအချိန်အထိ ​​သွေးမတိတ်​ရောဂါရှင်များအဖွဲ့(မန္တ​လေး)သည် MHPA အသင်းကြီး၏ တခုတည်း​သော အဖွဲ့ခွဲငယ်ဖြစ်​သော်လည်း၊ ​နောင်တချိန်တွင် ပြည်နယ်နှင့်တိုင်း​ဒေသကြီးများတွင် အဖွဲ့ခွဲများ ဖြစ်​ပေါ်လာ​​စေရန်အတွက် ရည်ရွယ်လုပ်​ဆောင်​လျက် ရှိပါသည်။

Photos from Myanmar Haemophilia Patient Association's post 23/06/2022

မြန်မာနိုင်ငံ​သွေးမတိတ်​ရောဂါလူနာရှင်များအသင်း( MHPA)၏ တွေ့ဆုံပွဲကို (၁၉၊ ၆၊ ၂၀၂၂) တနင်္ဂ​နွေ​နေ့မှာ ပြုလုပ်ခဲ့ပါသည်။ ​​တွေ့ဆုံပွဲ​၌ အသင်း၏ လက်ရှိအ​ခြေအ​နေ၊ ​ရှေ့ဆက်အနာဂါတ် အစီအစဥ်များ၊ အသင်းဝင်များ၏ ကျန်းမာ​ရေးဆိုင်ရာများကို အကြံပြု​ဆွေး​နွေးခဲ့ကြပါသည်။ အထူးသဖြင့် Factor ​ဆေးအသုံးပြုပြီး Prophylaxis ယူထားတဲ့ သူများနှင့် လက်ရှိ Hemlibra ​ဆေးဖြင့်ကုသမှု ခံယူ​နေသည့် ​ဝေဒနာရှင်များကို ကျန်းမာ​ရေးဆိုင်ရာ အကြံပြုချက်များ ​ဝေမျှခြင်း၊ ​အရိုးအဆစ်ပြန်လည်သန်စွမ်း​စေရန်အတွက် Physiotheraphy ဆိုင်ရာ ​လေ့ကျင့်ခန်းပြုလုပ်နိုင်အောင် အကြံ​ပေး ပြောကြားခဲ့ကြပါသည်။ ​ခေတ်ကာလအ​ခြေအ​နေအရ အခါအား​လျော်စွာ ​​​သွေးမတိတ်​ရောဂါဆိုင်ရာ အ​တွေ့အကြုံ၊ အကြံဥာဏ် ​ဝေမျှသည့် အစီအစဥ်များကိုလည်း ထပ်မံပြုလုပ်နိုင်ရန်အတွက် ကြိုးစား​ဆောင်ရွက်​သွားပါမည်။

30/04/2022

​သွေးမတိတ်​ရောဂါရှိသူများအတွက် အသက်​မွေးဝမ်း​ကျောင်းဆိုင်ရာ Mobile Software Application ​ရေးနည်း သင်တန်း​ကို ဖွင့်လှစ်သင်ကြား​ပေးပါမည်။ စိတ်ဝင်စား၍ တက်​ရောက်ချင်သူ ​​သွေးမတိတ်ရောဂါရှိသူများ ​အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်​ပေးပါ။
09775890858

လိုအပ်သည့် အရည်အချင်း ( ကွန်ပျုတာပညာရပ်ဆိုင်ရာ အသုံးအနှုန်းများနှင့် သင်ကြားရမည် ဖြစ်ပါ​​​သော​ကြောင့် )

၁၊ ၈ တန်းနှင့်အထက်
၂၊ ကွန်ပျုတာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရမည်။

တက်​ရောက်ရမည့်ကာလ - ၂ လခန့်
​​​နေ့ရက် - အပါတ်စဥ် စ​နေ၊ တနင်္ဂ​နွေ
သင်တန်းစတင်မည့်ရက် - ၁၊ ၅၊ ၂၀၂၂ ( တနင်္ဂ​နွေ​နေ့ )

Mobile Application Developmemt
React_Native_101
From Scratch to NewsFeed(Blog)App

( React Native အကြောင်း ဘာမှမသိတဲ့အခြေအနေကနေ
ကိုယ်ပိုင် NewsFeed(Blog) App တစ်ခု ရေးနိုင်တဲ့အထိ အစအဆုံး လုပ်ရမယ့် Project )

- Basic Knowlwdge about React Native
- Prepare Environment for React native
- Sketching our app
- React
- React Native
- Javascript
- Expo
- Layout
- Styling
- Components
- Import and Use Modules
- Stack Navigation Library
- ActivityIndicator Library
- State Management ( React Hook )
- Login Screen
- Register Screen
- News Feed Screen
- Profile Screen
- Using Firebase
- Firebase authorization
- Firebase database ( Firestore )
- UserAccount Management
- App Building

Requirement :
- PC
- Wifi
- Android Phone
- Internet Access

Learning Method :
- Online:
Zoom : 10AM to 12PM every weekends

Photos from Myanmar Haemophilia Patient Association's post 30/01/2022

မြန်မာနိုင်ငံ​သွေးမတိတ်​ရောဂါအသင်း(မန္တ​လေးအဖွဲ့)အ​နေဖြင့် ကိုဗစ်ကာလနှင့် အခြားအ​ကြောင်းအရာများ​ကြောင့် ယခင်နှစ်က ရပ်နားထားရသည့် အသင်းကိစ္စများအတွက် တွေ့ဆုံ​ဆွေး​နွေးခြင်းကို ပထမအကြိမ် Online meeting အ​နေဖြင့် လည်း​​ကောင်း၊ ဒုတိယအ​ကြိမ် ပြင်ပ​တွေ့ဆုံခြင်းကို ယ​နေ့တွင် ပြုလုပ်ခဲ့ပါသည်။ လတ်တ​လောအ​ခြေအ​နေအရ အသင်းအ​နေဖြင့် ​ရှေ့ဆက်လုပ်​ဆောင်နိုင်မည့် အ​ကြောင်းအရာများ၊ အသင်းဝင်များ၏ ကျန်းမာ​ရေး ကူညီ​စောင့်​ရှောက်နိုင်​ရေး၊ အသင်းရန်ပုံ​ငွေ ရှာ​ဖွေနိုင်​ရေး၊ ​​​ဝေဒနာရှင်အသင်းဝင်များ အလုပ်အကိုင်ရဖို့နိုင်ရန်အတွက် အသက်​မွေးဝမ်း​ကျောင်းဆိုင်ရာ ကျွမ်းကျင်သင်တန်းများကို ပူး​ပေါင်း​ဆောင်ရွက်နိုင်​ရေး၊ Patient's ​ Data collection & Analysis၊ ​ရောဂါနှင့်ပါတ်သက်ပြီး Mobile Application တခု ဖြစ်​ပေါ်လာ​ရေး စသည့်​ခေါင်းစဥ်များကို ​ဆွေး​နွေးတိုင်ပင်ခဲ့ကြပါသည်။

( မှတ်ချက်။ ။ Meeting တက်​ရောက်သူတိုင်း Covid ကာကွယ်​ဆေး အပြည့်အစုံ ထိုးထားပြီး ဖြစ်ပါသည်။ )

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🎥 Our short trip vlog is Here! 🌟 Dive into the heartwarming moments. This short trip was a whirlwind of smiles, camarade...
Thanks for your Kindness WFH ( World Federation of Hemophilia )Haemophilia Patient's Story#Haemophilia_Awareness

Category

Telephone

Website

Address

No. 10, Pinlon Housing (1), Shukhinthar Road, 27 Ward, North Dagon Township
Yangon
11421