Shwe Hlwar

အရသာကောင်းတွေစားချင်တယ်ဆိုရင် ရွှေလွှာရှိပါတယ်။

Photos from Shwe Hlwar's post 24/06/2024

ရွှေလွှာရဲ့နန်းကြီးသုပ်
(23.6.24) နေ့ မွေးနေ့အလှူအတွက် နန်းကြီးသုပ်ပွဲ (100) မှာယူအားပေးတဲ့မွေးနေ့ရှင်လေးသက်ရှည်ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်🎈🎊🎉

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

ရွှေလွှာရဲ့အကြောင်းလေး

ရွှေလွှာဆိုပြီးဖြစ်လာဖို့အတွက် အစပျိုးခဲ့တာကတော့ အိမ်မှာလုပ်စားနေတဲ့ Sandwich လေးတွေကနေပဲဖြစ်ပါတယ်။

ပြီးတော့ အဒေါ်ကိုကျွေးဖြစ်တဲ့အခါကျ ဟယ်၊ စားလို့ကောင်းလိုက်တာ၊ မုန့်ကလေးတွေက တကယ်အရသာရှိတယ်၊ ကျောင်းဆင်းပွဲလုပ်တဲ့အခါမှာဖို့ လုပ်ပါဟယ် ဆိုတာနဲ့ မုန့်စလုပ်ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဝန်းကျင်ကပါ။

ကျောင်းဆင်းပွဲမှာလည်း ကိုယ်တို့ရဲ့မုန့်ကလေး စားကောင်းတယ် ဆိုတဲ့ feedback တွေပြန်ပေးကြပါတယ်။ ဘယ်ဆိုင်ကမှာတာလဲ လို့ ကျောင်းသားမိဘများကလည်း မေးကြတယ်လို့ ပြောပြတော့ ကိုယ်တို့မှာ ပျော်ရပါတယ်။ ပီတိဖြစ်ရပါတယ်။ ဒါပေမယ့် ကိုယ်တို့ ကျောင်းဆင်းပွဲရယ်၊ အလှူတချို့ရယ်ကလွဲရင် မုန့်ကို နာမယ်တပ်ပြီးမရောင်းဖြစ်သေးပါဘူး။

ရွှေလွှာ ဆိုတဲ့နာမယ်နဲ့ စပြီးရောင်းဖြစ်ဖို့ဖြစ်လာတာက အောင်ဇမ္ဘူဆရာတော်ဘုရားရဲ့ အလှူတခုကနေစခဲ့ပါတယ်။ အဒေါ်က ဆရာတော်ဘုရားရဲ့အလှူမှာကျွေးဖို့ မုန့်မှာတော့ အားကြိုးမာန်တက် မုန့်လုပ်ကြပါတယ်။ အလှူပေးတဲ့သူလည်း ပိုပြီးဒါနမြေကာက်အောင်၊ စားတဲ့သူတွေလည်း ကြိုက်ရအောင် မုန့်အဆာပလာတွေအကုန်လုံး မခိုမကပ်ပဲ အကောင်းတွေချည်းသုံးဖြစ်ခဲ့ပါတယ်။ ဆရာတော်ဘုရားက မုန့်ကို ဘုန်းပေးပြီးတော့ တကယ်ကောင်းတဲ့မုန့် လို့ မိန့်တော်မူခဲ့ပါတယ်။ အဲ့လိုဆိုတော့ အင်မတန်ကိုကျေနပ်ပြီး အင်မတန်ကိုပျော်ရပါတယ်။ ပီတိတွေလည်းဖြစ်ပါတယ်

ပြီးတော့ ကိုယ်တို့ကို အမြဲတမ်းအားပေးတဲ့ အဒေါ်ကနေပဲ မုန့်ကလေးနာမယ်ပေးပြီးရောင်းပါတော့ ဟယ် ဆိုတော့မှ မရဲ တရဲနဲ့စဖြစ်ခဲ့ပါတယ်။ ဘာလို့မရဲတာလည်းဆိုတော့ ကိုယ်တို့သားအမိနှစ်ယောက်စလုံးက အချိန်ပြည့်ဝန်ထမ်းတွေမို့လို့ပါ။
မုန့်အမှာတွေကို အကောင်းဆုံးဖြစ်အောင်မလုပ်နိုင်မှာစိုးတာကြောင့်ပါ။

ဒီလိုနဲ့ မုန့်ဆိုင်ကလေးကိုနာမယ်ပေးဖို့ရာ သားအမိနှစ်ယောက်ပမျိုးမျိုးစဉ်းစား။ တခုပြောလိုက် မကြိုက်လိုက်နဲ့ နောက်ဆုံးတော့ တောင်ကလေးဆရာတော်ဆီကနေ ဒီ ရွှေလွှာ ဆိုတဲ့နာမယ်လေးရလာခဲ့ပါတယ်။ အဲ့သလိုနဲ့ ရွှေလွှာ ဆိုတဲ့နာမယ်လေးနဲ့ အလုပ်စဖြစ်ပါတယ်။

အခုချိန်တော့ အစာများများ မုန့်သားအိအိနဲ့ sandwich ဟာ ရွှေလွှာရဲ့ သင်္ကေကတလေးဖြစ်လာတဲ့အထိ ရပ်တည်ခဲ့တာ နှစ်နှစ်စွန်းခဲ့ပါပြီ။ ဒီကောင်းတဲ့ ဂုဏ်ကလေးကိုလည်း ရေရှည်ရပ်တည်နိုင်အောင် ထိန်းသိမ်းသွားမှာဖြစ်ပြီး ဒီ့ထက်ပိုကောင်းအောင်လည်းလုပ်သွားနိုင် အောင်အမြဲကြိုးစားနေပါတယ်ရှင်။

အားပေးကြတဲ့သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

Category

Telephone

Website

Address

Hleden
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Sandwich Shops in Yangon (show all)
Sandy Wichy Sandy Wichy
Yangon

Happybites By TD Happybites By TD
Yangon, 1123

choose your cake at HAPPYBITES By TD

Singapore's Ice-Cream Sandwich-North Dagon Branch Singapore's Ice-Cream Sandwich-North Dagon Branch
No(30), Nga Man Aung Paya Street, (33) Ward
Yangon, 11821

Traditional ice-cream sandwich directly imported from Singapore.

Brunch O'clock Brunch O'clock
Yangon

We provide homemade sandwich, fruit milk and fried chicken.

Great Sandwich Great Sandwich
Kyun Taw Road
Yangon, 11181

Authentic Vietnamese Bánh Mì Since 1950s. Hope you enjoy our Banh Mi.

HT-9 Friendly Burger and Bakery HT-9 Friendly Burger and Bakery
Yangon, 11121

HT-9 Burgers is the most friendliest neighbour for everyone in nations.

Heavenly Bakery Heavenly Bakery
Yangon

These desserts will make u and u can feel to go heavenly

SL Sandwich SL Sandwich
Yangon

Warmly Welcome All Dear Customer Wish You Have A Sweet Shop!!!

Great Sandwich Great Sandwich
33 Bo Yar Nyunt Road, Yaw Min Gyi Ward, Dagon Tsp
Yangon, 11191

At once spicy, salty, sour, savory, sweet, and aromatic: a bite into a well stacked Bahn Mi sandwich is always a moment of rapture.

J&D Home Made Food J&D Home Made Food
ဇ/၃၀၈ ဆယ်တောင်ပြည့်ဘုရားလမ်း၊ဇ/တောင်ရပ်ကွက်၊ သင်္ဃန်းကျွန်း
Yangon, 11071

Thu Thu  Sandwich Thu Thu Sandwich
Anawmar Road. South Oaklar
Yangon

Homemade sandwiches with 8 different unique flavours. Perfect for gatherings and events! Now availab