Ortho-Care Orthopedic Health Care Group

Ortho-Care Orthopedic Health Care Group

To provide international quality health care services with kindness, sympathy and empathy

Timeline photos 23/03/2020
18/02/2019

အဆစ်နာရောဂါ ခံစားနေရသော လူနာများ အတွက် အရိုး အကြော အဆစ် အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်မင်းဦးမှ ရောဂါရာဇဝင်နှင့် ကုသမှုနည်းလမ်းများဖြစ်တဲ့ သောက်ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်းများအကြောင်းကို စုံစုံလင်လင် တစ်စုတစ်စည်းတည်း ပြန်လည်ဖော်ပြအပ်ပါသည်။

အပိုင်း ၁ နှင့် အပိုင်း ၂
https://m.facebook.com/story.php?story_fbid=2185451441707734&id=1741260349460181

Part 3

တချို့လူနာတွေကျတော့ Glucosamine ပေးလိုက်လို့ရှိရင် ရောဂါနာတာသက်သာလာတယ် ၊ ကောင်းလာတယ်ပေါ့နော် အဲ့လိုမျိုးဆေးရဲ့ Effect ကိုရတဲ့လူနာတွေလည်းရှိတယ်၊ အဲ့လိုမျိုးလူနာတွေကတော့ဒီဆေးရဲ့Benefit ရတယ်ပေါ့ ဒါမျိုးဆိုရင်တော့ ကျွန်တော်ကဒီဆေးကိုပေးလေ့ရှိပါတယ် ။ အဲ့ဆေးသောက်ပြီးတော့မှ(၆)လလောက်လည်းကြာနေပြီ ဒီဆေးကဘာမှန်းလည်းမသိဘူး Effect ကလည်းမရဘူးဆိုရင်တော့ဒီဆေးကိုလုံးဝမသောက်သင့်တော့ဘူး ဒီဆေးကိုရပ်လိုက်ရမယ် ဘာလို့လဲဆိုတော့ဒီဆေးကိုအမြဲသောက်နေရင်
ငွေကုန်ကြေးကျများပြီးခန္ဓာကိုယ်အတွက်လည်းဘာအကျိုးမှမရှိဘူး။

Q. ဒီဆေးကျတော့ Side Effect တွေဘာတွေရှိလားဆရာ ။

A. ဒီဆေးရဲ့ Side Effect ကအများကြီးတော့မရှိပါဘူး သူကတော်တော်လေး Safe ဖြစ်တဲ့ဆေးပါ ။ တစ်ချို့ တွေကတော့ဒီဆေးသောက်လို့ရှိရင် Glucosamine ဆိုတော့ Glucose ပါတယ်ထင်ကြတာပေါ့ အမှန်တော့ မပါပါဘူး အခုနောက်ပိုင်းမှာကျတော့ Glucosamine အပြင် Chondroitin ဆိုတာပါပေါင်းပြီးတော့လာကျတယ် ။ Chondroitin ရဲ့ Roll ကလည်းအမှန်မှန်ကလုံးဝမရှိပါဘူး Guide Line တွေထဲမှာ Chondroitin ကိုလည်းသောက်ဖို့မလိုဘူးလို့ပြောတယ် အဲ့သဘောမျိုးပေါ့နော် ။ ဒါပေမယ့် ဒီအရေးကြီးတာကခုနက
ကျွန်တော်ပြောခဲ့သလိုလူနာတစ်ယောက်စီတစ်ယောက်စီအပေါ်အခြေခံပြီးကုတာကအရေးကြီးပါတယ် ။


Q. ကျွန်တော်တို့ပြောရင်းနဲ့ပထမပိုင်းကိုပြန်သတိရသွားလို့ဆရာ ခုကျွန်တော်တို့ Osteoarthritis ဖြစ်တာက ဆရာဘယ်အပိုင်းတွေမှာဖြစ်တာများလည်းဆရာ ကျွန်တော်တို့မြန်မာပြည်မှာပေါ့ဆရာ ။ ဆရာကနိုင်ငံ ခြားအတွေ့အကြုံလည်းအများကြီးရှိတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ဘယ်လိုလူနာတွေ ဘယ်လိုနေရာမျိုးတွေမှာအဖြစ်များကျလည်းဆရာ ဒူးခေါင်းဖြစ်မလား ၊ ခါးရိုးဖြစ်မလားဆရာ ။

A. အမှန်မှန်တော့ ဒီ Osteoarthritis အဖြစ်များတာကတော့ ခါးမှာဖြစ်တာများတယ် ၊ ခါးရိုးပေါ့နော် ခါးရိုးက Stress အများဆုံးဘဲ အဲ့တော်ခါးရိုးမှာဖြစ်တယ် ။ ဒါပေမယ့် ခါးရိုးမှာဖြစ်တဲ့ဟာကျတော့ အဓိကနာနေတာ ဘဲပေါ့နော် နောက်ပိုင်းအာရုံကြောတွေသွားထိမှတာပြသာနာတွေကပိုပိုဆိုးလာတာပေါ့နော် ဆိုတော့ခါးနာတဲ့လူနာကတော်တော်များပါတယ် အဲ့တော့ခါးနာတဲ့အကြောင်းကိုကျွန်တော်သက်သက်လေးဆွေးနွေးပေးမယ် ။ နောက်ဒုတိယဖြစ်တဲ့ဟာကဘာလဲဆိုတော့ခုနပြောတဲ့ဒူးဆစ်ရယ် ၊ တင်ပဆုံဆစ်တွေမှာ Osteoarthritis တွေဖြစ်တယ် လက်လေးတွေမျာဖြစ်တဲ့လူလည်းရှိတယ်သူကတော့ပိုနည်းပါတယ် ။

Q. ဒီတော့ဆရာစောနကခွဲစိတ်မှုအကြောင်းကိုရောက်သွားပြီထင်တယ် နော်ဆရာ ၊ ကုသမှုမှာဆိုရင်လည်း
Physical လေ့ကျင့်တာလည်းပြောပြီးပြီ ၊ ဆေးသောက်တာလည်းပြောပြီးပြီဆိုတော့ ၊ ဆေးထိုးကုသမှု
ကိုလည်းတစ်ချက်လောက်ရှင်းပြပါဦးဆရာ ။

A. ဒီဆေးထိုးတာကလည်းဒီရောဂါကုသမှုမှာနည်းလမ်းတစ်ခုပေါ့ ဆရာဝန်တွေတော်တော်များများကလည်း
ဒီဆေးထိုးတဲ့ကုသမှုကိုသုံးကျတယ် ဆိုတော့အဲ့တာလေးကလည်းသိဖို့သင့်ပါတယ် ။ ဆေးထိုးတာမှာဆရာ တို့ကအခြေခံကနှစ်ခုပေါ့နော် တစ်ခုကဘာလဲဆိုတော့ နာတာသက်သာအောင် Steroids ထိုးပေးတာပေါ့ Corticosteroids ဆိုတဲ့ဟော်မုန်းဆေးကိုထိုးကျတယ် ။ နောက်တစ်ခုကကျတော့Hyaluronic Acid ကို အဆီထိုးပေးတယ်ဆိုပြီးတော့ထိုးကျတယ် အဲ့လိုမျိုးနှစ်ပိုင်းရှိတယ် အဲ့တော့ခုနကဆရာပြောတဲ့အတိုင်းဘဲ
ဟိုးအရင်က Guide Line တွေထဲမှာ Corticosteroids ထိုးရင်သူတို့တွေက Recommand လုပ်တယ် Case တွေကို လူနာတွေအရမ်းနာနေတယ် ၊ ယောင်နေတယ် လက်တလောဖြစ်နေတယ်ဆိုရင် Corticosteroids ကိုထိုးပါအဲ့လိုပေါ့နော် ။ ဒါပေမယ့်အခုနောက်ဆုံး UK က Guide Line တွေမှာဆိုရင်သူတို့က ဒီ Corticosteroids ကိုသူတို့က Recommand မလုပ်ဘူးလို့တော့မပြောဘူး ဒီဟာထိုးလို့ရှိရင် အကျိုးတော့ရှိ
ကောင်းရှိမယ်ပေါ့အဲ့သဘောမျိုးလေးဘဲပြောတော့တယ်ဆိုတော့ဘာလို့လဲဆိုတော့သူ့ရဲ့ Effect ကအဓိကကယောင်တာကိုလျှော့မယ် ၊ လက်တလောနာတာကိုလျှော့စေတယ် ဆိုတော့ Short Term နာတဲ့ဟာလေး ကိုသူတို့ကသက်သာစေတယ် ။ နောက်တစ်မျိုးကဘာလဲဆိုတော့ Hyaluronic Acid အဆီထိုးတာပေါ့ အဆီကလည်းအဓိကက ဒီကူရှင်အနေနဲ့ အထဲမှာထိုးထည့်ပေးတယ်ြ ပီးရင်အရိုးနုအတွက်ကိုအာဟာရပြန်ပေးတယ်ပေါ့ ဆိုတော့အဲ့ Hyaluronic Acid ကလည်းအရမ်းကြီး Recommand မလုပ်သေးဘူးပေါ့ ထိုးလို့တော့ရတယ် ဒါပေမယ့်သူ့ရဲ့ Effect ကသိပ်ပြီးတော့မသေချာဘူး အဲ့သဘောတွေဘဲပြောတယ် ဆိုတော့ကျွန်
တော်တို့ဒီဆေးထိုးတဲ့နည်းလမ်းတွေကရေရှည်တော့ဘာမှသိပ်ပြောလို့မရဘူး ၊ ရေတိုအတွက်တော့နာတာသက်သာတယ် လက်တလောဖြစ်နေတာတွေကိုလုပ်ပေးနိုင်တယ် ။ တစ်ခြားဟာတွေကတော့အပ်စိုက်တာ ပေါ့ အပ်စိုက်တာကလည်း ခနတဖြုတ်နာတာသက်သာတာပေါ့နော် သူ့ကိုလည်းသိပ်ပြီးတော့ Recommand မလုပ်ကျပါဘူး ။

Part 4

Q. ဒီအဆစ်နာရောဂါမှာရောဂါဖြစ်ပြီဆိုလို့ရှိရင်ပေါ့ဒူးဆစ်ဘဲဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ဆွေးနွေးတာဒူးဆစ်ဆိုတော့ ဒူးဆစ်ခွဲစိတ်ကုသမှုကုထုံးလေးတွေလည်းပြောပြပါဦးဆရာ ။

A. ခွဲစိတ်တာမရောက်ခင်ပေါ့နော် အဓိကကတော့ဒုတိယပိုင်းမှာဆွေးနွေးသွားကျတဲ့ဆေးထိုးတဲ့ဟာတွေပေါ့ နော်အဲ့ဆေးထိုးတဲ့ဟာတွေကလည်းကျွန်တော်တို့မဖြစ်မနေကျမှထိုးကျတာပါ ဆိုတော့ဆေးထိုးတဲ့ဟာကိုအလွယ်တကူပေါ့နော် တွေ့တဲ့နေရာမှာအဆစ်ထဲကိုထိုးမယ်ဆိုလို့ရှိရင်အန္တာရာယ်တွေလည်းရှိပါတယ်အဲ့ဟာလေးတော့ကျွန်တော်နည်းနည်းလေးထည့်ပြောချင်တယ် အန္တာရာယ်ရှိတာဘာလဲဆိုတော့သေချာသန့်သန့်ရှင်းရှင်းနဲ့ ဒီပိုးသက်ထားတာတွေမသုံးဘဲနဲ့ထိုးမိရင်ဒီအဆစ်ကပိုးဝင်တာပေါ့နော် ဒါတော့အဆိုးဆုံးဘဲအဆစ်တစ်ခုကပိုးဝင်သွားရင်ကျွန်တော်တို့တော်တော်ကုလို့ခက်ပါတယ်တစ်ချို့တွေဆိုရင်ကုလို့မရလောက်တဲ့အထိဖြစ်တက်ပါတယ် ။ အဲ့အဆစ်တစ်ခုလုံးလုံးဝကြီးပျက်စီးသွားမယ် လူနာအတွက်မဖြစ်သင့်တဲ့ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တယ် အဲ့တာကြောင့်ဆေးထိုးရင်ကျွန်တော်တို့တော်တော်ကြီးသတိထားပြီးမှထိုးကျပါလို့ အဲ့တာလေးအသိပေးချင်ပါတယ် ။

Q. ဒါဆိုတော့ဆရာဆရာပြောလိုက်တော့ ကျွန်တော်တို့နယ်မှာရှိတဲ့ တစ်ချို့နေရာဒေသတွေမှာပေါ့နော်ဆရာဘယ်ဟာကဆေးမှန်းမသိ ၊ တစ်ချို့ချက်ဆေးတွေပေါ့နော်ဆရာ ဘယ်သူ့ကိုမှတော့ ထိခိုက်အောင်ပြောတာမဟုတ်ဘူးပေါ့နော်ဆရာ တစ်ချို့တွေဆို ဆရာဝန်ဟုတ်ချင်မှဟုတ်မယ် ပေါ့နော်ဆရာ လွှဲမှားတဲ့အယူအဆတွေပေါ့ အဲ့တာတွေရှိကောင်းရှိနိုင်လားဆရာ ။

A. တစ်ချို့ဒေသတွေမှာတော့ရှိရင်လည်းရှိဦးမှာပေါ့နော် အယူအဆတွေက ဒီဒူးနာတယ် ၊ အဆစ်တွေနာတယ်ဆိုတဲ့ဟာကို အပမှီတာပေါ့နော် တစ်ယောက်ယောက်ကပြုစားတာတို့ အဲ့တာမျိုးအယူအဆလေးတွေလည်းရှိတက်တယ် ။ အဲ့လိုမျိုးအယူအဆတွေရှိပြီးတော့ ဒီဒူးခေါင်းပတ်ပတ်လည် မှာဆေးတွေအကုန်ထိုးတာမျိုးလည်းရှိတယ် ၊ ပြီးရင်ဒီဒူးခေါင်းကို တစ်ခုခုနဲ့အတင်းအကြပ် စည်းထားတာမျိုးတွေ အဲ့လိုမျိုးအယူအဆမှားပြီး လုပ်မယ်ဆိုလို့ရှိရင် ကောင်းကျိုးထက်ဆိုးကျိုးတွေကပိုပြီးတော့ဖြစ်နိုင်တယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအသိပညာပေးတဲ့အခါမှာ နေရာ ၊ ဒေသ မရွှေးရောက်အောင်ပေးနိုင်ရင်တော့ တော်တော် အကျိုးရှိမှာ ပေါ့နော် နို့မို့ဆိုရင်ဒီ ရှေးရိုးစွဲတွေပေါ့နော် ကိုယ်ယုံကြည်တဲ့ဟာကိုလုပ်တယ်ဆိုပြီးအမှားတွေလုပ်နေမိမှာစိုး
လို့ပါ ။

Q. ကျွန်တော်တို့ တစ်ချို့တွေ သစ်ဥ ၊ သစ်ဖု တွေလိမ်းတာကရော ဆရာ ။

A. သစ်ဥ ၊ သစ်ဖု လိမ်းတာကတော့တစ်ချို့ဟာတွေကလိမ်းလို့ရပါတယ် ဒါပေမယ့်ဒီဆရာစောပိုင်းကပြောခဲ့သလိုပေါ့နော် ဒီဟာတွေက တကယ်တမ်းဒီရောဂါအတွက် သုံးသင့်သလား ၊ မသုံးသင့်သလား လေ့လာစမ်းစစ်မှုတွေတော်တော်တော့လုပ်သင့်ပါတယ် အဲ့လိုလေ့လာပြီးမှတာသုံးသင့်ပါတယ် ။ အဲ့တော့ဆရာတို့ခုနက ပြောတဲ့ခွဲစိတ်မှုတွေပေါ့ ခွဲစိတ်မှုတွေပြန်ပြီးတော့ သွားရမယ်ဆိုရင် ခွဲတာကဒီပထမဆုံးကတော့ အပေါက်ကျင်းကျင်း မှန်ပြောင်းနှင့်ခွဲစိတ်ကုသတာပေါ့ ၊ နောက်တစ်ခုကကျတော့ ဒီခြေထောက်တွေခွင်နေတာ Aliment တွေအောက်နေတာကို ပြန်ပြီးတော့တည့်ပေးတဲ့ဟာပေါ့ အဲ့တာကိုဆရာတို့က Osteopathy
လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးကုပေးတာနောက်တစ်နည်းကကျတော့ဘာလဲဆိုတော့ ဒီနာနေတဲ့ဟာတွေ ကိုခိုင်အောင်လို့လုပ်လိုက်တာပေါ့နော် အဆစ်ကိုခိုင်အောင်လုပ်လိုက်တဲ့ခွဲစိတ်နည်း ၊ နောက်ဆုံးကတော့
ဘာလဲဆိုတော့ ဆရာတို့အစားထိုးခွဲစိတ်နည်းပေါ့ ဒူးဆစ်တို့ ၊ ပေါင်ဆစ်တို့ ၊ တင်ပဆုံဆစ်တို့ အစားထိုးခွဲစိတ်နည်း အဲ့လိုနည်းလမ်းတွေရှိတယ်ပေါ့နော် ။ ဒီနည်းလမ်းတွေကို အသေးစိတ် နည်းနည်းပြန်ပြောရမယ်ဆိုရင် ပထမဦးဆုံးက မှန်ပြောင်းနဲ့ခွဲရတာမှန်ပြောင်းကတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့အပေါက်သေးသေးလေးဘဲဖောက်ပြီးတော့ ဒီအတွင်းမှာ အဆစ်ထဲမှာရှိတဲ့ ပျက်စီးနေတဲ့အရိုးနုတွေဖယ်တယ် ၊ ကျီးပေါင်းတွေပေါ့ အဲ့တာတွေကိုဖယ်ပစ်တယရောင်နေတဲ့အမှေးတွေကိုဖယ်တယ် ။ အဲ့တော့ဒီနည်းလမ်းတွေလည်းဆရာတို့လိုအပ်မယ်ထင်တဲ့လူနာတွေကိုတော့လုပ်ပေးပါတယ် လူနာတိုင်းကိုတော့လုပ်စရာမလိုပါဘူး ၊ မလုပ်သင့်ဘူးပေါ့နော် Guide Lineေ တွကလည်းပြောပါတယ်ဒီနည်းလမ်းကသူတို့ Guide Line မှာတကယ့်နည်းလမ်းကောင်းအနေနဲ့မဆိုဘူးပေါ့နော် ။ လုပ်လို့ရှိရင်အကျိုးကျေးဇူး ရချင်မှရမယ် ဆိုတော့လူနာ ပေါ်မှုတည်ပြီးတော့ဘဲဆရာတို့ကဆုံးဖြတ်သင့်တာပေါ့နော် ။ နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဆရာခုနပြောတဲ့ Aliment ပြန်ပြီးတော့ Correct လုပ်ပေးတဲ့ခွဲစိတ်မှုပေါ့နော် အရိုးကိုနည်းနည်းလေးဖြတ်ပြီးတော့ Aliment ပြန်တက်တယ် တည့်တာပေါ့ အဲ့နည်းလမ်းတွေကတော့ သူတို့ကတော့ အရမ်းကွေးကောက်နေတဲ့ ဒူးခေါင်းတွေ ၊ တင်ပဆုံဆစ်တွေဆိုရင်တော့ လုပ်လို့ရတယ်ပေါ့နော် အဲ့လိုပြောပါတယ် ။ တတိယ နည်းလမ်း ကဒီဒူးဆစ်ကိုခိုင်အောက်လုပ်တာပေါ့နော် ဒီတိုင်းနာနေတဲ့ဒူးတစ်ခုကိုတော့ ခိုင်အောင်တော့မလုပ်ဘူး မလုပ်
သင့်ဘူးပေါ့ ။ ဒါပေမယ်ဒီလိုမျိုးအစားထိုးခွဲတာတို့ တစ်ခြားနည်းလမ်းတွေနဲ့ကုတာတောင်မရတော့ဘူးဆိုရင်
တော့ ဒီနည်းလမ်းကတော့ အဆစ်ကိုခိုင်အောင်လုပ်ခြင်းအားဖြင့် နာတာလျှော့သွားမယ်ပေါ့ဒါပေမယ့်အဲ့အဆစ်တစ်ခုကလှုပ်ရှားလို့မရတော့ဘူး ၊အဲ့တော့ဒီနည်းလမ်းကတော့ဆရာတို့လုံးဝနီးပါးရှောင်ပါတယ်
မလုပ်ပါဘူး အခုနောက်ပိုင်းကဆရာတို့က တစ်ခြားနည်းလမ်းတွေ ၊ သူ့ထက်ကောင်းတာတွေလုပ်ပေးနိုင်တော့ ဒီနည်းလမ်းတော့သိပ်မသုံးပါဘူး ။ အဲ့တော့နောက်ဆုံးနည်းလမ်းပေါ့ အစားထိုးခွဲတာပေါ့ ဒီအစားထိုးခွဲတဲ့နည်းကိုတော့ ဆရာအသေးစိပ်သိစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းကလူနာတွေအတွက်အများကြီးအကျိုးရှိစေပါတယ် ။ ဆရာတို့ဒီလူနာတွေကိုကုတဲ့အချိန်မှာအဓိကအကျဆုံးရည်ရွှယ်ချက်ကဘာလဲဆိုတော့ လူနာတွေရဲ့နာတာကိုလျှော့ရမယ် ၊ သူတို့ရဲ့လှုပ်ရှားမှုတွေပြန်ရရမယ် ၊ သူတို့ရဲ့ Function တွေ ပြန်ပြီးတော့ကောင်းလာမယ်ဆိုတဲ့ ရည်ရွှယ်ချက်ကြီး (၃) ခုကိုရအောင် နောက်အနေအထားတွေမှန်တယ် ဒူးခေါင်းတွေကခွင်နေတယ်တစ်ချို့တွေကဘေးကိုစောင်းကားနေတယ် ၊ လမ်းလျှောက်ရင်လည်းကောင်းကောင်းမလျှောက်နိုင်ဘူးပေါ့နော် အဲ့လိုမျိုးဟာတွေပြန်ကောင်းအောင် ဒီ Aliment တွေပြန်တည့်အောင်ဒီအစားထိုးကုသမှုရဲ့အားသာချက်က ဒီအကုန်လုံးလိုအပ်ချက်တွေကိုသူကပေးနိုင်တယ် အဲ့တာကြောင့်မလို့ဒီအစားထိုးခွဲစိတ်တာကတော်တော်လေးကို အများစုကလက်ခံကြတယ် ။ နိုင်ငံတကာမှာလည်းအများကြီးသုံး နေကြပါတယ်အခုဆိုကျွန်တော်တို့ ဗမာပြည်မှာလည်းအစားထိုးကုသနည်းတွေကိုအောင်အောင်မြင်မြင်နဲ့လုပ်ကိုင်နေပါပြီ ဆိုတော့ဒီနည်းလမ်းကိုပြောရမယ်ဆိုရင်သူကတော့အဓိကဘာလဲဆိုတော့ခွဲတဲ့အချိန်မှာကျီး
ပေါင်းတွေရှိနေတာအကုန်လုံးဖယ်လိုက်တယ်ပေါ့ ၊ ဖယ်လိုက်ပြီးတော့သူ့ပစ္စည်းတွေအစားထိုးပြီးတော့ထည့်
တာပေါ့ အဲ့လိုထည့်ဖို့အတွက်ကို အနေအထားလေးတွေပုံဖော်တယ် ဖော်ပြီးမှ ပြန်ထည့်တာပေါ့ ဆိုတော့
ဥပမာ - ဒါကဒူးခေါင်းပေါ့နော် အစားထိုးပြီးသားပေါ့ ဒါကဒီ ပေါင်ရိုးဘက်ကိုပုံဖော်ပြီးတော့ Steel နဲ့ ထည့်
လိုက်တယ် ပြီးလို့ရှိရင်ဒီဘက်မှာကလည်း အောက်ကဒီခြေသလုံးရိုးပုံဖော်ပြီးတော့ အစားထိုးလိုက်တယ် ၊
ဒီနှစ်ခုရဲ့ကြားထဲမှာ ကျွန်တော်တို့ Plastic လိုပုံစံမျိုးပေါ့ Plastic တော့မဟုတ်ဘူးပေါ့ သူ့ရဲ့ Special
Material ပေါ့ အဲ့တာထားလုက်တဲ့အတွက်ကြောင့် ဒီအရိုးချင်း အရိုချင်းကလည်း မတိုက်တော့ဘူး ၊ ပြီးရင်
လှုပ်ရှားမှုကိုလည်းလုပ်လို့ရလောက်တဲ့ ဒီဇိုင်းတွေပေါ့နော် အခုနောက်ပိုင်းမှာ Technology က အရမ်း
Advance ဖြစ်လာတော့ လူနာတွေကခွဲပြီးလို့ရှိရင် နာတာကလည်းလျှော့သွားတယ် ၊ လမ်းလည်းပုံမှန်ပြန် လျှောက်နိုင်တယ် ၊ ပြေးတောင်ပြေးနိုင်ပါတယ် နောက်ကြမ်းပြင်ပေါ်ထိုင်လို့ရတဲ့လူနာတောင်ရှိပါတယ် ဆို တော့ဒီခွဲစိတ်မှုရဲ့အောင်မြင်မှုက (၉၅)% လောက်ထိရှိပါတယ် ။

Q. ဆရာခုနကပြောတဲ့ဒီခြေထောက်ခွင်တာကပေါ့နော်ဆရာ ဒီ OA ဖြစ်တာနဲ့ကျတော့ပတ်သက်မှုရှိလားဆရာ။

A. ရှိတာပေါ့ သူက OA ဖြစ်တယ်ဆိုရင် ဆရာတို့ပထမဆုံးပြခဲ့တဲ့ဟာပေါ့နော်ပြန်ပြောရရင် ဒီ OA ဖြစ်လာရင်ဒီ Stress အများစုကအတွင်းဘက်ကိုသွားတယ် အဲ့တာကြောင့်လူတော်တော်များများကို ကြည့်လိုက်ရင်ခြေ
ထောက်ကခွင်နေတယ် ဆိုတာက ဒီအတွင်းဘက်ပိုင်းကအရိုးနုကစားတာများတယ် ။ နောက်အသက်ကြီးတဲ့လူနာတွေမှာဆိုရင် ဒိအရိုးနုရဲ့အောက်မှာရှိတဲ့ အရိုးပေါ့နော် အဲ့အရိုးကလည်းနည်းနည်းပွလာတယ် ပွ
တဲ့အတွက်ကြောင့်အဲ့ဒဏ်ကလည်းပိုခံရတယ် ဆိုတော့အဲ့ဘက်မှာပိုပြီးတော့ကွေးသွားတယ် အဲ့တာကြောင့်
အများစုကတော့ဒီလိုမျိုးခွင်သွားတယ်ပေါ့ ။

Q. အဲ့တာကအသက်ကြီးမှဖြစ်တာပေါ့နော်ဆရာ ၊ အဲ့ကျတော့ Treatmeant ပိုင်းကျတော့ဆရာနည်းနည်း တာ့ အသက်ကြီးမှ Treatmeant ပေးရတော့ Aliment တွေဘာတွေချိန်ရင်ရောဆရာ ။

A. အဲ့တာကတော့ရတယ် ဘာလို့လဲဆိုတော့ဆရာခုနကပြောသလို Technology ကကောင်းလာပြီဆိုတော့ဒီ Aliment ကိုပါကိုယ့်ရဲ့ Balance မှန်အောင်လို့ပေါ့နော် ဆရာတို့ခွဲတဲ့အချိန်မှာ သေချာပြန်ချိန်ပြီးတော့အစားထိုးရတာပေါ့နော် ။ နောက်ဒီဘေးမှာရှိတဲ့ အရွှတ်တွေရဲ့ အတွင်းနဲ့အပြင် Balance မှန်အောင်ပြန်ညှိပေါ့ အဲ့လိုလုပ်လို့ရပါတယ် ။

Q. ကျွန်တော်ထင်တာကကျတော့လေဆရာကလေးတွေကမွေးရာပါခြေထောက်ခွင်တယ်ဆိုရင် ပတ်တီးတွေဘာတွေစီးပြီးတော့ ကြာကြာထားပြီး Maintain ပြန်လုပ်ရတယ်လေ သူ့ရဲ့ Development ကြာလာတဲ့အခါမှရသွားတာဆိုတော့ အသက်ကြီးတဲ့အခါကျတော့နည်းနည်းတော့ခက်လိမ့်မယ်ထင်လို့ပါဆရာ ။

A. ကလေးတွေကျတော့ဟုတ်တယ် ဆရာတို့က ကလေးတွေကျတော့ သစ်ပင်တစ်ပင်လိုပေါ့လေ သစ်ပင်တစ်ပင်က ငယ်တဲ့အချိန်မှာသူကကွေးနေရင်သူ့ကိုတုတ်လေးတစ်ချောင်းထောက်ပေးထားရင် အဲ့တုတ် လေးအတိုင်းသစ်ပင် က တစ်ဖြည်းဖြည်းပြန်ဖြောင့်လာတယ် အဲ့လိုမျိုးဘဲပေါ့ ကလေးတွေလည်းပြန်ပြီးတည့် သွားတာပေါ့ ။ ကလေးကအရိုးတွေကဆက်ပြီးတော့ကြီးထွားနေတာလေ လူကြီးတွေကျတော့မထွားတော့ဘူး ဒီအတိုင်းဘဲရှိနေတာ ဆိုတော့ဆရာတို့ကအဲ့လိုမျိုးနည်းလမ်းနဲ့သုံးလို့မရဘူး ခွဲစိတ်မှုနဲ့ဘဲ Aliment ပြန်တည့်ရတာပေါ့ ။

Q. အခုဆရာအစားထိုးတာကျတော့ ခွဲစိတ်မှုအနေအထားကျတော့ ကုန်ကျမှုပိုင်းကျတော့ ဘယ်လိုတွေရှိလဲ ဆရာ ။

A. ကုန်ကျမှုပိုင်းကတော့ ဒါကတော့သုံးတဲ့ပစ္စည်းပေါ့နော် အဲ့တာကအဓိကကျတာပေါ့နော် ကိုယ့်ကဘယ်နိုင်ငံကထုတ်တဲ့ဘယ် တံဆိပ် ကိုသုံးမလဲပေါ့နော် ၊ ဘယ်လောက်ကောင်းကောင်းပစ္စည်းကိုသုံးမလဲပေါ့အဲ့ပေါ်
တွေမှုတည်တယ် ။ အထူးသဖြင့် ဒီတင်ပဆုံဆစ်အစားထိုးခွဲရင် အတွင်းထဲမှာထည့်တဲ့ ပစ္စည်းလေးတွေပေါ့ နော် သုံးတဲ့ဟာပေါ်မှုတည်ပြီးတော့ ဥပမာ - ဆရာတို့ကသုံးနေကျ ဟာတွေဆိုရင်တော့ ဈေးသက်သာတာပေါ့ ၊ အခုနောက်ပိုင်း အသစ်ထွက်တဲ့ ဟာတွေဆိုရင်တော့ပိုပြီးလည်းတာရှည်ခံတဲ့အတွက်ကြောင့် ဈေး
လည်းပိုပြီးတော့များသွားပြီ အဲ့ပေါ်မှုတည်တာပေါ့ ကျန်တာကတော့ဒီခွဲတဲ့စရိတ်ပေါ့နော် အဲ့ပေါ်တွေမှုတည်
ပါတယ် ။

Q. အခုကျွန်တော်တို့ဒီပေါင်ဆစ်ရိုးတွေပေါ့အဲ့လိုမျိုးဟာက ကျွန်တော်တို့နိုင်ငံမှာဆရာကြီးတစ်ဦးက ဆင်ဆွယ်နဲ့လုပ်ခဲ့တဲ့လို့ကြားလို့ဆရာ အဲ့တာလေးပြောပြပါဦးဆရာ ။

A. ဟုတ်ပါတယ် အဲ့တာကကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့တော်တော်လေးဂုဏ်ယူဖို့ကောင်းပါတယ် ဟိုးနှစ်ပေါင်းများစွာထဲက ဆရာကြီးဦးစံဘော် ခေတ်က ဒီဆင်ဆွယ်ကို သူလုပ်ခဲ့တာပေါ့နော် နောက်ကျွန်တော်
ရဲ့ဆရာကြီး ဆရာကြီးဦးကျော်မြင့်နိုင် ပေါ့နော် သူတို့အတူတူ လုပ်ခဲ့တာပါ ။ ဆိုတော့အဲ့အချိန်တုန်းက တော်တော်တော့ လုပ်ခဲ့တာပေါ့နော် ကျွန်တော်တို့ကတော့မမှီဘူးပေါ့ ဆိုတော့ အောင်မြင်တယ် ကမ္ဘာလည်းကျော်တယ် ။ ကျွန်တော် Malaysia မှာသွားလုပ်နေတဲ့အချိန်အဲ့ကလူတွေကလည်းသိတယ်
ကျွန်တော်ကိုတန်းမေးတာ အဲ့တာမျိုးကတော်တော်ဂုဏ်ယူဖို့ကောင်းပါတယ် ဆရာကြီးတွေဆောင်ရွှက်ခဲ့တာတွေက ။

Q. အောင်မြင်မှုလေးတွေလည်းရှိတယ်ဆိုတော့ (၉၅)% လောက်ကတော့သုံးကျတာပေါ့လေ အဲ့အတွက်Side Effect တွေဘာတွေရောဆရာ အဲ့တာလေးရှင်းပြပါဦး ။

A. ဟုတ်ပါတယ် အဲ့တာကလည်းခွဲစိတ်မှုတိုင်းမှာရှိတက်တဲ့ Side Effect တွေပေါ့နော် ဒါကတော့ဆရာတို့
များဆုံးခွဲစိတ်တာကတော့ခါးမှာဆေးထိုးပြီးတော့ခွဲစိတ်တာပေါ့နော် ဒါကမေ့ဆေဒ ၊ ထုံဆေးအပိုင်း ဖြစ် နိုင်တဲ့ Risk တွေရှိတယ် ။ နောက်တစ်ခုကကျတော့ဆရာတို့ဒီအစားထိုးတဲ့ Operation ရဲ့ Risk တွေပေါ့ နော် အကြမ်းဖျင်းပြောရင်တော့ ခွဲရင် ပိုးဝင်နိုင်တယ် ၊ ပြီးရင်ခုနကကျွန်တော်တို့ချိန်တဲ့ Aliment တွေကတည့်ရမှာမတည့်ဘဲပိုပြီးကောက်သွားမယ် ဒါမျိုးတွေပေါ့နော် နောက်တစ်ခုဒီထည့်ထားတဲ့ပစ္စည်းတွေ ပြုတ်ထွက်မယ် အဆစ်ပြုတ်ထွက်တာတွေဖြစ်မယ် ၊ သိပ်ပြီးတော့ Quality မရှိတဲ့ပစ္စည်းတွေသုံးရင်အဲ့ကနေပြီးတော့သတ္တုအမှုန်တွေထွက်လာတာတို့ ၊ ချောင်နေတာတို့ အဲ့လိုမျိုး Risk တွေတော့ရှိတာပေါ့။
နောက်တစ်ခုသူ့ခွဲစိတ်မှုကြောင့်သွေးခဲတာမျိုးလေးတွေလည်းရှိတက်ပါတယ် ၊ သွေးခဲတယ်ဆိုတာ ခြေသလုံးမှာသွေးခဲတယ် အဲ့သွေးခဲတာက နှလုံးထဲရောက်သွားတာတို့ ၊ အဆုတ်ထဲရောက်သွားတာတို့ အဲ့တာ လေးတွေလည်းဖြစ်တက်ပါတယ် ။ ဒါပေမယ့်ဆရာပြောချင်တာက ဒီ Risk တွေဖြစ်နိုင်ပေမယ့်လဲ ဒီဖြစ်နိုင်တဲ့ ရာခိုင်နှုန်းက ၁% တောင်မရှိပါဘူး ။

Q. ဆရာခုနကပြောသွားတဲ့သတ္တုအမှုန်တွေဆိုတာကလေဆရာ Poison သဘောမျိုးဖြစ်တက်လားဆရာ ။

A. လူတိုင်းတော့မဖြစ်တက်ပါဘူး ဒါပေမယ့် တစ်ခါတစ်လေ Reaction လာတာတော့ရှိတယ် Metal တွေက နေပြီးတော့ ဒါပေမယ့် အဲ့လောက်တော့ ပြသာနာမရှိပါဘူး ။ တစ်ချို့တွေကျတော့ ခန္ခာကိုယ်မှာ IronMetal တွေများသွားတာမျိုးတို့ ရှိဘူးပါတယ် ။

Q. ကျွန်တော်တို့ဒီ Operation Hour ကျတော့ဘယ်လောက်လောက်ကြာလဲဆရာ ။

A. Operation Hour က အကြမ်းဖျင်းတော့ (၁)နာရီခွဲ ကနေ (၂)နာရီပေါ့ အဲ့လောက်တော့ကြာပါတယ်ပုံမှန် ပေါ့နော် ။ ဒါပေမယ့်တစ်ချို့နိုင်ငံတွေမှာတော့သူတို့တွေကဒီခွဲစိတ်မှုတစ်မျိုးထဲလုပ်တယ်ပေါ့ သူ့ရဲ့ Team ကလည်းတစ်ခုတည်းရှိတယ်ဆိုရင် သူတို့ဆိုရင် နာရီဝက် တစ်နာရီအတွင်းပြီးအောင်လုပ်နိုင်တယ်လို့ပြောပါ
တယ် ။ ဒါပေမယ့်ကျွန်တော်အနေနဲ့တော့ပြောချင်တာက ဘယ်ခွဲစိတ်မှုဘဲဖြစ်ဖြစ် သေချာမှုကိုဦးစားပေးတာကောင်းပါတယ် ၊ မြန်ဆန်မှုကတော့ ဒုတိယပေါ့နော် Operation Hour နည်းလေလေ လူနာအတွက်လည်း Stress နည်းလေလေပါဘဲ ကျန်တဲ့တစ်ခြား Risk တွေလည်းနည်းတာပေါ့ ။

Q. ပြီးတော့ Patient ရဲ့ Satisfaction ပေါ့နော်ဆရာ ။

A. ဒီခွဲစိတ်မှုကတော့လူနာတော်တော်များများကတော့ ကျေနပ်ကြပါတယ် ခွဲပြီးရင်သူတို့အနေနဲ့ကအရင်ကသူတို့ရဲ့ Quality Of Life ဆုံးရှုံးခဲ့တာ သွားချင်တာမသွားနိုင်ဘူး ၊ အခုတော့ခွဲပြီးရင်သိပ်မနာတော့ဘူးကိုယ်သွားချင်တဲ့နေရာသွားနိုင်ပြီပေါ့ လမ်းလျှောက်လို့ရမယ် အဲ့လိုမျိုးပေါ့ ။

Q. ဒီ Operation လုပ်ရင်အသက်အရွှယ်နဲ့ရောဆိုင်လားဆရာ ။

A. အရမ်းငယ်လို့ရှိရင်တော့ Operation လုပ်လေ့မရှိပါဘူး ငယ်တယ်ဆိုတာက အရင်ကဆို (၆၀) ကျော်မှလုပ်လေ့ရှိပါတယ် ဒါပေမယ့် အခုနောက်ပိုင်းကျတော့ ဒီပစ္စည်းရဲ့သက်တမ်းပေါ့ ဘယ်လောက်ခံလဲပေါ့သူ့သက်တမ်းကအများဆုံးခံတာ(၁၅)နှစ်ပေါ့ ဆိုတော့အသက်ငယ်ငယ်မှာလုပ်ထားရင်ပြန်ပြီးခွဲစိတ်ရဖို့
Chance ရှိသေးတယ် ။ နောက်တစ်ခါပြန်ခွဲရမယ် ဒီပစ္စည်းကိုပြန်လဲရင်လဲရမယ် ဆိုတော့အဲ့တာကြောင့်
သိပ်ငယ်ရင်မလုပ်ကြဘူး(၆၀) အပေါ်လောက်မှလုပ်ကြတယ် တစ်ချို့လဲ နှစ်(၂၀) ၊ (၃၀) ခံတဲ့လူလဲရှိတယ် ဒါကဘယ်ပေါ်မှုတည်လဲဆိုတော့ ကိုယ်ဒီဟာထည့်ထားပြီးဘယ်လောက်သုံးလဲပေါ့ ဥပမာ - ဒါထည့်ပြီး
လှေကားအတက်အဆင်းအကြိမ်ပေါင်းများစွာလုပ်နေရင်တော့(၁၀) နှစ်တောင်ခံချင်မှခံမှာအဲ့လိုပေါ့နော်။
အခုနောက်ပိုင်းတွေမှာနည်းနည်းပိုပြီးတော့အသက်ငယ်တဲ့လူနာတွေကိုလုပ်လာတယ်ပေါ့နော် ဥပမာ -အသက် (၄၅)နှစ်နောက်ပိုင်းပေါ့အဲ့လောက်အထိကိုကျွန်တော်တို့လုပ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့နည်းပညာကလည်းတိုးတက်လာတယ် ၊ ပစ္စည်းတွေကလည်းပိုကောင်းလာတယ်ဆိုတော့နောက်တစ်ကြိမ်
ခွဲမယ်ဆိုလဲ ခက်ခက်ခဲခဲ ကြီးမရှိတော့ဘူး ပြန်ပြီးတော့လွယ်လွယ်ကူကူလုပ်နိုင်တယ်ပေါ့ ။

Q. အဲ့တာဆိုဆရာကျွန်တော်တို့တစ်ခြားကုသမှုတွေပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့(၄)မျိုးကုသနေတယ် ဆိုတော့တစ်ခြားနိုင်ငံတွေမှာရောဒီ(၄)မျိုးဘဲလား ဒါမှမဟုတ် တစ်ခြားကုသမှုအသစ်တွေရှိလားပေါ့နော် ဆရာ ။

A. ခွဲစိတ်မှုနဲ့ပတ်သက်ရင်တော့ဒီနည်းလမ်းတွေဘဲပေါ့နော် ဒါကဆရာတို့ပြောခဲ့တဲ့ ကုသမှုနည်းလမ်းတွေထဲကမှ ဒါနောက်ဆုံးပေါ့နော် အခုနောက်ပိုင်းမှာ တစ်ခြား Advance ဖြစ်တဲ့ဟာတွေက အရိုးနုပျက်စီးသွားတဲ့ နေရာမှာ အရိုးနုကိုအစားထိုးတာဒါကတော့စမ်းသပ်နေတုန်းဘဲရှိသေးတာပေါ့ ၊ အခုနောက်ပိုင်း Popular ဖြစ်နေတာက Stem Cell အဲ့တာကိုသုံးလိုက်လို့ရှိရင် ဒီ Cell လေးတွေက အရိုးနုကိုပြန်ပြီးတော့ပွားစေတယ် ပေါ့ ၊ စားနေတဲ့ ပါးနေတဲ့ အရိုးနုတွေပြန်ပြည့်လာမယ် နဂိုပုံမှန်အတိုင်းဖြစ်လာမယ်ပေါ့နော် ဒီ Stem Cell က တော့အခုလည်းစမ်းသပ်နေတုန်းဘဲ နိုင်ငံတော်တော်များများကတော့ အတည်မပြုသေးဘူး ။ တစ်ချို့နိုင်ငံ တွေမှာတော့လက်တွေ့သုံးနေတာတွေလည်းရှိတယ် အောင်မြင်မှုတွေလည်းရှိတယ် ဒါပေမယ့်ဒီဟာကအခုမှစတဲ့သဘောမျိုးရှိတော့ ဒါကိုလက်ခံဖို့အတွက်ဆိုအများကြီးစမ်းသပ်ရဦးမှာပေါ့ ။ ဒီ Stem Cell တာတကယ်
လို့အောင်မြင်သွားရင်တော့တော်တော်ကြီးကိုဝမ်းသာဖို့ကောင်းပါတယ် လူနာလည်းခွဲစိတ်စရာမလိုတော့ဘူး ပေါ့ ။


Dr. Kyaw Min Oo
M.B.,B.S, Dip.Med.Sc, M.Med.Sc (Ortho),
Spine Fellowship (Malaysia, Japan, Korea), CMIA (Malaysia)

Mon, Wed & Fri - 9:00 AM to 12:00 Noon
Tues, Thurs & Sat - 5:30 PM to 8:00 PM

🏥a ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံ�အမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။��☎️ - 01 2317617 ၊ 01 523 111၊ 01 523 222၊ 09 5202282၊ 09 5202283၊ 09 5202284

17/11/2018

In private hospital of Singapore

Undergoing surgery at a private hospital in Singapore? Here's how much it should cost.

Read more about the fee benchmarks: https://cna.asia/2DkkuP9

Photos from Ortho-Care Orthopedic Health Care Group's post 21/10/2018

ကျေးဇူးရှင် ဆရာကြီးနှင့် ဆရာအား သီတင်းကျွတ် ကန်တော့ခြင်း.....

Timeline photos 29/07/2017

သတိပြုစရာ တုပ်ကွေးရောဂါ (Influenza (သို့) flu)
~~~~~~~~~~~~~~~~~~~~
ယခုတလော လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေသော အကြောင်းအရာကား ကပ်ရောဂါအသွင်ဆောင်နေသော လူတုပ်ကွေး (H1N1) ပင်ဖြစ်သည်။
တကယ်တော့ တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်သော ရောဂါပင်ဖြစ်သည်။ တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ကို ပင်မ အုပ်စု (A,B,C & D)ဟု လေးမျိုး ခွဲခြားနိုင်သည်။ ၎င်း ပင်မအုပ်စု လေးခုတွင် ဗိုင်းရပ်စ် A,B နှင့် C သုံးမျိုးကသာ လူကို ရောဂါဖြစ်စေနိုင်သည်။ ၎င်း သုံးမျိုးထဲတွင်လည်း ဗိုင်းရပ်စ် A တစ်မျိုးတည်းကသာ ကပ်ရောဂါအသွင် ဆောင်နိုင်သည်။ ထို ဗိုင်းရပ်စ် A ကို ၎င်းတွင်ပါဝင်သည့် ပရိုတိန်း (hemagglutinin (H) နှင့် neuraminidase (N))နှစ်မျိုးပေါ်တွင် အခြေခံပြီး မျိုးစိတ်ကွဲပေါင်း (၁၈)မျိုးခန့် ထပ်မံခွဲခြားနိုင်သည်။ (H1-->H18 နှင့် N1-->N11)
ယနေ့ မြန်မာပြည်တွင် ကြုံတွေ့နေရသော လူတုပ်ကွေး H1N1သည် အထက်ဖော်ပြပါ မျိုးစိတ်ကွဲများထဲမှ မျိုးစိတ်တစ်ခုဖြစ်သည်။ ၂၀၀၉ ခုနှစ်ကတည်း စတင်ပေါ်ပေါက်လာသည်။ ရာသီဖျား (seasonal flu) အဖြစ် လူသားတို့ စတင်သတိပြုမိကြသည်။ တခြားမျိုးစိတ်ကွဲများကဲ့သို့ လေမှတဆင့် ကူးဆက်တတ်သည်။ ဖျားခြင်း၊ ကြွက်သားများနာကျင် ကိုက်ခဲခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည်။ သို့သော် တခြားမျိုးစိတ်ကွဲများထက် ပိုထူးခြာသည်ကား အသက်ရှူလမ်းကြောင်း(respiratory tract) ကိုပိုအန္တရာယ်ပေးတတ်ပြီး အသက်ရွယ် ကြီးလွန်း ငယ်လွန်းသူများ ကိုယ်ခံအားစနစ်အားနည်းလွန်းသူများကို အသက်အန္တရာယ်ပေးနိုင်သည်။
ထိုလူတုပ်ကွေး H1N1ကို မည်သို့ကာကွယ်ရမည်နည်း။
၁) အိပ်ရေးဝအောင်အိပ်ပါ (တနေ့ ၆-၈ နာရီခန့်)
၂) အသားဓါတ် ဗီတာမင်နှင့် အခြား အမျှင် ဆားဓါတ်တို့ကို လုံလောက်မျှတစွာ စားသုံးပါ။
၃)မိမိ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပါ။
၎) လူထူထပ်သောနေရာများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
၅) တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ။
၆) မကြာခဏ စနစ်တကျ လက်ဆေးပါ။
၇) ချောင်းဆိုး နှာချေလျှင် လက်ကိုင်ပဝါ တစ်ရှူးတို့ဖြင့်အုပ်ဆိုး အုပ်ချေပါ။
၈) မိမိအသုံးပြုပြီးသော နှာခေါင်းစည်း တစ်ရှူးတို့ကို စနစ်တကျ အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
၉) Flu ကာကွယ်ဆေး ထိုးထားပါ။
၁၀) ဖျားနာခဲ့လျှင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။

လူသားအားလုံး သက်ရှည်ကျန်းမာ ချမ်းသာကြပါစေ။

မျိုးထက် (စာပေခရမ်းပျိုးသူ)

Timeline photos 03/06/2017

အရိုးပွ/ပါးရောဂါအကြောင်း သိမှတ်စရာ အဖြာဖြာ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Other Health/Medical/ Pharmaceuticals in Yangon (show all)
Best Health Myanmar Cardiovascular Group Best Health Myanmar Cardiovascular Group
No. 23, Shin Saw Pu Road
Yangon, 11111

နှလုံး နှင့် သွေးကြောဆိုင်ရာ စစ်ဆေးကုသမှုများကို (၂၄) နာရီ၊ ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနေပါသည်

Bionime Myanmar Bionime Myanmar
No. 125(A) , Ngu War Street , Ahlone T/S
Yangon

Better Health For More People Yangon No.125(A) , Ngu War Street , Ahlone Tsp ,Yangon. Mandalay 38

University of Medical Technology - Yangon University of Medical Technology - Yangon
Insein Township, Aung Sann, Sint Ngu Ward, Lower Mingalardon Road
Yangon

The University of Medical Technology, Myanmar

Raffles Hospital Singapore Patient Liaison Office Myanmar Raffles Hospital Singapore Patient Liaison Office Myanmar
55(B), Tharyarwaddy Street, Sayarsan, Bahan Township
Yangon

Provide comprehensive health care services by communicating and coordinating with Raffles Hospital Singapore.

Holy Flying Tiger Heritage Holy Flying Tiger Heritage
No (224)B, (3) Quarter, Khaing Shwe War Street, Mayangon Township
Yangon

HFTH is the authorised distributor of Biotronik SE & Co. KG, Germany, Merit Medical system, Inc., US

Golden Myanmar Alliance Golden Myanmar Alliance
Building (A-1), Room (006), Ground Floor, Hninsi Street, Yuzana Highway Complex Housing, Kamayut Township
Yangon, 11041

GMA Distribution was founded in December 2015. Building network through out Myanmar mainly focus on

Workers' Hospital, Yangon Workers' Hospital, Yangon
Kyaik Ka San Road, Nat Mout Quarter, Tarmwe Township
Yangon

ဒီဆေးရုံကိုသံယောဇဉ် ရှိသူတွေအတွက် pa

Ananda Metta Charity Clinic Ananda Metta Charity Clinic
Min Ye' Kyaw Swar Street, 126 Quarter, East Dagon
Yangon

This is a Charity Clinic by WHITE HEARTS Healthcare Charity Group, located at Min Ye' Kyaw Swar Street, (126) quarter, East Dagon at Yangon, Myanmar.

Ca-R-Bon Ca-R-Bon
No. 93, Thein Byu Road, Botahtaung Tsp
Yangon, 1139

Activated Charcoal capsules

Online Family Organization - OFO Group-4 Online Family Organization - OFO Group-4
Yangon

သွေးလိုအပ်ပါက (သို့မဟုတ်) သွေးလှူ ဒါ?

1875 Health Care Service Customer Relations Page 1875 Health Care Service Customer Relations Page
Yangon

Customer Support and General Inquiries plus promotional material

DEVI SHWE DEVI SHWE
156street, Tarmwe Township
Yangon

ဒေဝီရွှေ(ဆေးဝါးကျွမ်းကျင်နှင့် သူ?