Healthy Animal

Sein Ngwe Mya Trading Co.,Ltd
Animal Health Product Department

05/03/2024

🤍 မိမိနဲ့အတူနေ အဖော်မွန် တိလေးတွေရဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာများကို လွယ်ကူစွာ ကာကွယ်ရန်နှင့် ဖြေရှင်းပေးဖို့ရန်အတွက် ပရိုဘိုင်အိုတစ်(Probiotics) ဆေးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🔊🙊 🦷

💙 မိမိတို့ တိလေးတွေမှာ ခံတွင်းနံ့နံခြင်း၊ သွားချေးများစတင်တက်လာခြင်း၊ သွားဖုံးရောင်ခြင်း စသည့် ပြသနာများ ကြုံတွေ့လာပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ထံ သွားရောက်ဆွေးနွေးတိုင်ပင်ခြင်း၊ ခံတွင်းကျန်းမာရေးကို အထောက်အကူပြုသော ပရိုဘိုင်အိုတစ်(Dental Probiotics)တိုက်ကျွေးခြင်းများ ပြုလုပ်သင့်ပါသည်။

🤍တိလေးများကြိုက်နှစ်သက်သော ဆိတ်နို့အပြင် ခံတွင်းကျန်းမာရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်သော အကျိုးပြုအဏုဇီဝလေးများ(Beneficial Microbes) ပါဝင်သည့် ပရိုဒန့် (Prodent)၊ ပလိပ်ဂတ်ပရိုဘိုင်အိုတစ်နို့ခဲ (Plaque Guard)၊ ပလိပ်ဂတ်ပရိုဘိုင်အိုတစ်နို့မှုန့် (Plaque Guard Powder) တို့ကို ကျွေးပေးခြင်းအားဖြင့် သွားခံတွင်းဆိုင်ရာ ပြဿနာများ လျော့နည်းစေနိုင်ပါသည်။ 😁

💙 ဆိတ်နို့အနံ့အရသာဖြင့် ပြုလုပ်ထားသော သွားခံတွင်းဆိုင်ရာပရိုဘိုင်အိုတစ်(Dental Probiotics) ဖြစ်သောကြောင့် တိလေးများ အထူးကြိုက်နှစ်သက်ပြီး နေ့စဉ်တိုက်ကျွေးနိုင်ပါသည်။

🤍သွားဖုံးရောင်ယမ်း၍ အစာမစားနိုင်ခြင်း၊ သွားချေးများလွန်စွာထူထပ်သောကြောင့် သွားကျောက်ခြစ်ပြီးသောအခါ၌လည်း ထိုဆေးများကို တိုက်ကျွေးခြင်းအားဖြင့် တိလေးများ၏ ခံတွင်းရောဂါများ ဖြစ်ပွားမှု လျော့နည်းစေသည်။

💊 𝗣𝗿𝗼𝗱𝗲𝗻𝘁 𝗼𝗿 𝗣𝗹𝗮𝗾𝘂𝗲 𝗚𝘂𝗮𝗿𝗱 ကတော့ ဆိတ်နို့ခဲဖြစ်ပါတယ်။ 🍼🥛
ပါဝင်ပစ္စည်းများ
Lactobacillus paracasei SD1, Lactobacillus rhamnosus SD4, Lactobacillus rhamnosus SD11, Lactobacillus fermentum SD7 - 104 CFU/tablet ဖြစ်ပါသည်။

🧂 အမှုန့်ဖြစ်သော 𝗣𝗹𝗮𝗾𝘂𝗲 𝗚𝘂𝗮𝗿𝗱 𝗣𝗼𝘄𝗱𝗲𝗿 (5 g) အား ရေ ၂၀၀ စီစီဖြင့် ဖျော်၍တိုက်ကျွေးခြင်း၊ အစာဖြင့်ရောကျွေးခြင်း၊ သီးသန့်ကျွေးခြင်းဖြင့် ကလေးငယ်များအလွယ်တကူစားသုံးနိုင်ပါသည်။

ပါဝင်ပစ္စည်းများ
Lactobacillus paracasei SD1, Lactobacillus rhamnosus SD4, Lactobacillus rhamnosus SD11, Lactobacillus fermentum SD7 - 107 CFU/gram ဖြစ်ပါသည်။

01/03/2024

🌾 တောင်သူလယ်သမားနေ့ 🌾

🌾 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗣𝗲𝗮𝘀𝗮𝗻𝘁𝘀 𝗗𝗮𝘆 🌾

မတ်လ ၂ရက်နေ့ ,၂၀၂၄ တွင် ကျရောက်သော တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမား ဦးကြီးတို့အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာဖြင့် လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်စုံပြီး စီးပွါရေးလာဘ်လာဘများ တိုးပွားပါစေလို့ ဆုတောင်း မေတ္တာ ပို့သ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🙏🙏

29/02/2024

𝗩𝗲𝘁𝗲𝗿𝗶𝗻𝗮𝗿𝗶𝗮𝗻 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲 𝗡𝗼𝘄 🔥👩‍⚕️👨‍⚕️

🐾 Job Opportunity: Veterinarian Position Available 🐾

Position: Veterinarian
Number of Opening: 1 (Male/Female)
Qualification: B.V.Sc
Work Experience: Minimum 2 years
Age Limit: Below 35

Job Description:
As a Veterinarian, you will be responsible for the care of small animals, providing medical attention and performing necessary operations. Teamwork is crucial and collaboration with colleagues is essential as per work requirements.

Job Requirements:
- Effective communication with clients
- Genuine love for pets and animals
- Willingness to learn and adapt
- Strong team collaboration skills
- Must have basic clinical knowledge

Job Benefits:
- Opportunity to learn and grow as a small animal clinic doctor and vet
- Mentorship provided by experienced Thai veterinarian
- Access to modern operation and clinical tools

How to Apply:
Interested candidates who meet the requirements are invited to submit their CVs with expected salary to our Viber number: 09450594999 or visit Pet Care Center during office hours.

Join our passionate team dedicated to the well-being of animals! Embrace the opportunity for professional growth and mentorship in a modern veterinary environment.




𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
Google Map link - https://goo.gl/maps/5dng3FVQScPd6sWt6

မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)
📱 09450593999
📱 09450594999

Photos from Pet Care Center-Yangon's post 28/02/2024
27/02/2024

✨ မိမိတို့နဲ့အတူနေ အရင်းနှီးဆုံးအဖော်မွန် တိလေးများရဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာဗဟုသုတလေးတစ်ခုကို မျှဝေချင်ပါတယ် 🦷🪥

🚩 အိမ်မွေးတိလေးတွေရဲ့ ခံတွင်းကျန်းမာရေးဟာ ဂရုတစိုက်စောင့်ကြည့်ရမယ့် ကျန်းမာရေးလက္ခဏာတွေထဲက တစ်ခုဖြစ်ပါသည်။ တိလေးများ၏ အသက် ၃ နှစ်မှ ၄ နှစ်နောက်ပိုင်းတွင် ခံတွင်းကျန်းမာရေးနှင့်ပတ်သက်သော ပြသနာရပ်များ စတင်ဖြစ်ပေါ်လေ့ရှိပါသည်။ 😵‍💫🙊 🦠

🚩 တိလေးများဟာ စားသုံးနေသော အစားအစာများမှတဆင့် သတ္တုဓာတ်များ၊ တံတွေး၏ pH level မမျှတခြင်း၊ ပုံမှန်သန့်ရှင်းရေးမလုပ်ပေးခြင်းများကြောင့် သွားများဟာ calculus လို့ခေါ်တဲ့ သတ္တုဓာတ်အလွှာလေး ဖြစ်ပေါ်လာပါသည်။ ထိုမှတဆင့် ပိုမိုများပြားလာကာ Plaque အဆင့်သို့ရောက်ရှိကာ သွားချေးများတက်လာပါသည်။ ထိုအဆင့်တွင် ဘတ်တီးရီးယားများ ပေါက်ပွားကာ သွားအခြေမှတဆင့် သွားဖုံးထဲသို့ ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်နေရာယူကာ သွားဖုံးရောင်ခြင်းများ၊ သွားနာခြင်း၊ အစာမစားခြင်းများ ဖြစ်ပေါ်လာပါသည်။ ခံတွင်းထဲရှိ ဘတ်တီးရီးယားပိုးမွှားဆိပ်များဟာ သွေးမှတဆင့် ကိုယ်တွင်းအင်္ဂါများဖြစ်သော နှလုံး၊ အဆုတ်၊ ကျောက်ကပ်များကို ရောက်ရှိပြီး မိမိချစ်ခင်ရသော တိလေးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသော တိတ်တဆိတ် အကြောင်းအရင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိမိတိလေးများ အစားပျက်လာပါက သွားဖုံးရောင်ခြင်းရှိ မရှိ ဆန်းစစ်ကာ နီးစပ်ရာ တိဆေးခန်းသို့ ခေါ်ဆောင်သွားပြီး အကောင်းဆုံးအကြံဉာဏ်များ ရယူဖို့ အကြံပြုလိုပါသည်။ 👨‍⚕️🩺🛄

🚩 ထိုကဲ့သို့ မဖြစ်အောင် မိမိကလေးငယ်များအား အစာစို အစာခြောက် မျှတစွာကျွေးပေးခြင်း၊ ခံတွင်းကျန်းမာရေး အထောက်အကူပြု ပရိုဘိုင်အိုတစ်(Probiotics) ဆေးများ တိုက်ကျွေးပေးခြင်း၊ ခံတွင်းနှင့်ပတ်သက်သော အရိုးတုများ၊ မြိုမကျနိုင်သော ကစားစရာများ၊ အရိုးများကိုက်စေခြင်း၊ ဖလိုရိုက်ပါသော တိသွားတိုက်ဆေးများဖြင့် သွားများ သန့်စင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါကြောင်း အကြံပြုပေးလိုက်ရသည်။ (လူသုံးသွားတိုက်ဆေးများအသုံးမပြုရပါ)🦷🪥

🚩 သွားချေးများအရမ်းတက်နေပြီဆိုပါက ဆရာဝန်ဖြင့်တိုင်ပင်ပြီး သွားကျောက်ခြစ်ခြင်း ပြုလုပ်ပေးသင့်ပါသည်။ 🤐👨‍⚕️🦷

နောင်များတွင်လည်း အိမ်မွေးတိလေးများနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို အလျဉ်းသင့်သလို တင်သွားပေးမည်ဖြစ်ပါသဖြင့် share ၍ ဗဟုသုတဖြန့်ဝေပေးနိုင်ပါသည်။ 🐶🐱🛄

23/02/2024

ရွံဗွက်လေးတွေပေနေပြီး အမြီးလေးလှုပ်ခါလှုပ်ခါရမ်းကာ လာကြိုနေတဲ့ သမီးလေး 𝗦𝘂𝗻𝗱𝗮𝘆 အနားကပ်မိချိန် မှာတော့ ကိုရွှေမောင်တစ်ယောက် သမီးလေးဆီမှ ခံတွင်းနံ့ဆိုးရလိုက်မိသည်။

သမီး‌လေးပါးစပ်မှ ပုပ်အဲ့‌အဲ့ အနံ့ဆိုးရနေတာ ကြာတာတော့ကြာပြီ။ အာဝုလေးတွေ ခံတွင်းနံ့ဆိုးခြင်းမှာ သူတို့လေးတွေ သဘာဝဟု အရင်ကတော့ ယူဆမိသည်။

သို့သော် အာဝုလေးတွေ ခံတွင်းနံ့ဆိုးခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာအချို့၏ အစောပိုင်း လက္ခဏာတစ်ရပ်ဟု ဟိုခပ်ဝဝ ဆရာဝန်ကြီးပြောတာကြားဖူးသည်။

𝗦𝘂𝗻𝗱𝗮𝘆 ကလည်း လူစကားမပြောတတ်တော့ သူ့သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ပြဿနာ ရှိမရှိမေးရခက်ပြီ။ ကိုရွှေမောင်တစ်ယောက် အာဝုတို့ ဘာသာစကားသင်ရမလိုဖြစ်နေ‌လေပြီ‌။

ဒီနေ့တော့ ကိုရွှေမောင် အလုပ်အားသည်။ မလှမ်းမကမ်းမှာဖွင့်ထားတဲ့ တိ‌ဆေးခန်းမှာ အရမ်းတော်တဲ့ ဟိုခပ်ဝဝဆရာဝန်ကြီး ရှိမရှိဖုန်းဆက်မေးကြည့်တော့ အချိန် ပေးဆွေးနွေးနိုင်ပါသည် ဖိတ်ခေါ်တော့ သိချင်တာတွေမေးဖို့ ဆေးခန်းကို အပြေးလေးလျှောက်လာမိသည်။

🏆 မှတ်မှတ်သားသား ဟိုခပ်ဝဝဆရာကြီးစကား

အာဝုလေးများတွင် ခံတွင်းနံ့ဆိုးခြင်းသည် ကျန်းမာရေးပြဿနာရှိသည်ဟု အမြဲမဆိုလိုသော်လည်း
သူတို့စားသည့်အရာမှ ယာယီ အနံ့အသက်ဆိုးများ ရှိကောင်းရှိနိုင်သည်။

သို့သော် သူတို့လေးတွေ ခံတွင်းနံ့ဆိုးခြင်းနှင့် ဆက်နွှယ်သော အဖြစ်များသော သွားကျန်းမာရေး ပြဿနာ နှစ်ခုရှိသည်-

❗သွားဖုံးရောင်ခြင်းနှင့်
❗သွားဖုံးရောဂါ။

🔔 အာဝုလေးများအတွက် သွားနှင့်ခံတွင်းကျန်းမာရေးသတိပေးလက္ခဏာများ

🦷 သွားနှင့်ခံတွင်းမှ အနံ့ဆိုးများထွက်နေခြင်း။
🦷 သွားဖုံးသွေးထွက်ခြင်း။
🦷 သွားများဆုံးရှုံးခြင်း။
🦷 သွားဖုံး အရောင် ဖျော့ခြင်း။

✅ဖြေရှင်းရန်နည်းလမ်းများ

✔️ဝါးစားရသောအစာခြောက်ကျွေးပေးခြင်း၊
✔️ခံတွင်းကျန်းမာရေးပရိုဘိုင်အိုတစ်(Dental Probiotics) များ တိုက်ကျွေးပေးခြင်း၊
✔️အရိုးတု (Dental Bone) များ ပေးဝါးခြင်း၊
မြိုမကျနိုင်သော ကစားစရာများပေးကစားခြင်း၊
✔️တိသုံး ဖလိုရိုက်သွားတိုက်ဆေးများဖြင့် သွားတိုက်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
⛔️(လူသုံးသွားတိုက်ဆေးများအသုံးမပြုရပါ)

Photos from CP Myanmar Careers's post 20/02/2024

🔥𝗖𝘂𝗿𝗿𝗲𝗻𝘁 𝗝𝗼𝗯 𝗢𝗽𝗲𝗻𝗶𝗻𝗴𝘀 𝗨𝗽𝗱𝗮𝘁𝗲 – 𝟮𝟬𝟮𝟰🔥

16/02/2024

🚨ကြက်တွေ အပူဒဏ်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ 🚨

မြန်မာနိုင်ငံဒေသအချို့တွင် အပူချိန်များ မြင့်တက်လျက်ရှိရာ အပူဒဏ် (Heat Stress) ကြောင့် မွေးမြူရေးတိရိစ္ဆာန်များ ရောဂါကျရောက်ခြင်း၊ ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်လျော့ချရေးကို အလေးပေးဆောင်ရွက်သင့်ပါသည်။

✅ အပူဒဏ်ခံရသည့် တိရိစ္ဆာန်များတွင် တွေ့ရနိုင်သည့်လက္ခဏာများ 🦠
- ပါးစပ်ဟ၍ အသက်ရှူခြင်း
- ရေသောက်နှုန်းမြင့်မားခြင်း
- အစာစားနှုန်းကျဆင်းခြင်း
- အင်အားချိနဲ့ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်း
- ဦးနှောက်သွေးကြောပျက်၍သေခြင်း

✅ အပူဒဏ်ကာကွယ်ခြင်း ☀️

ကြက်ခြံထဲသို့လာသော အပူသည် အဓိက ကြက်ခြံအမိုးမှ ဖြစ်ပြီး အဆောက်အဦး၏ ဒီဇိုင်း လေ၀င်လေထွက်ကောင်းမွန်မှု၊ တည်နေရာ၊ အသုံးပြုထားသောပစ္စည်းတို့ပေါ်တွင် အပူချိန်ရောက်ရှိမှု ပြောင်းလဲနိုင်သည်။

၁။ ပန်ကာလေအားဖြင့် မှုတ်ထုတ်ပြီး လေ၀င်လေထွက်ကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ကြက်များ၏ အပူဒဏ်ခံစားရမှုကို လျော့ချပေးပါသည်။ သို့သော် အဆိုပါလေကို ကြက်ခြံအပြင်ဘက်ရှိ အပူချိန်၊ စိုထိုင်းဆတို့နှင့် နီးစပ်စွာတူညီအောင် ပြုလုပ်ထားဖို့ အရေးကြီးပါသည်။ အပူချိန် ၃၂ • C အထက်ရောက်လာလျှင် ရေမှုံရေမွှားဖြန်း၍ အပူလျော့ချခြင်းကို စတင်ပြုလုပ်သင့်ပါသည်။

၂။တိရိစ္ဆာန်များအား သန့်ရှင်းကြည်လင်ပြီး အေးမြသောသောက်ရေကို လုံလောက်စွာ တိုက်ကျွေးပေးပါ။ ရေကို ၂၅ • C ရောက်အောင် ရေခဲအသုံးပြုခြင်း၊ ပိုက်လိုင်းအတွင်းမှ ရေကို မကြာခဏဖောက်ချပေးခြင်း၊ ကလိုရင်းထည့်သွင်းအသုံးပြုခြင်းအစား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အသုံးပြုခြင်းတိုိ့ကို ပြုလုပ်သင့်ပါသည်။

၃။ခင်းထားသော ဖွဲခင်းကို ခပ်ပါးပါးသာ ခင်းပေးပါ။

၄။မလိုအပ်ဘဲ အပူဒဏ်ပြင်းချိန်တွင် ကြက်များကို ရွေ့ပြောင်းခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ပါနှင့်။

၅။ခြံထဲတွင် ကြက်များအား ချောင်ချောင်ချိချိ ထားရှိပေးပါ။ အကယ်၍ ကြက်အကောင်ရေများပြားနေပါက လျော့ချပေးရပါမည်။

၆။ကြက်စာများတွင် ဗီတာမင် C , E တို့ကို ဖြည့်စွက်ကျွေးပါ။

၇။အပူဒဏ်ခံရသည့် လက္ခဏာများ ရှိ မရှိ ပုံမှန်စစ်ဆေးပေးပါ။

၈။အပူဒဏ်ခံရသည့်လက္ခဏာများ တွေ့ရှိပါက အထက်ပါနည်းလမ်းများအတိုင်း ပြုစုစောင့်ရှောက်ပေးပါ။ လိုအပ်ပါက နီးစပ်ရာ တိရိစ္ဆာန်ဆေးကုဆရာ၀န်နှင့် ပြသပေးပါ။

Ref: မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်

12/02/2024

“ပြည်ထောင်စုနေ့ (𝗨𝗻𝗶𝗼𝗻 𝗗𝗮𝘆)”

(၁၂.၂.၂၀၂၄)တွင်ကျရောက်သော

(၇၇)ကြိမ်မြောက် "ပြည်ထောင်စုနေ့ "ကို

လေးစားစွာကြိုဆိုအပ်ပါသည်။

02/02/2024

ဒေသအသီးသီးရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသော မွေးမြူရေးလုပ်ငန်းရှင်ကြီးများအားလုံးကို ကြီးပွား၊ တိုးတက်၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယနေ့ ၂-၂ -၂၀၂၄ နေ့၏ စျေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

ယခု ဖော်ပြထားသော ဈေးနှုန်းများဟာ ခြံဖမ်းဈေးနှင့် ခြံကောက်ဈေးများ ဖြစ်ပါတယ်။

Source : https://www.facebook.com/AnimalHealthCare.ST

29/01/2024

အူလမ်းကြောင်းဟာ ဘာကြောင့်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေရတာလဲ ⁉️🤨

ဇီဝကမ္မအရ ကြက်များ၏ အူလမ်းကြောင်းမှာ အစာဖြတ်သန်းမှုကြာချိန်က ၄/၅ နာရီခန့် ကြာမြင့်ပါတယ်
အူလမ်းကြောင်းဟာ အစာခြေဖျက်ခြင်း၊ အာဟာရ သယ်ယူပို့ဆောင်ခြင်း၊ အာဟာရ စုပ်ယူခြင်း၊ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပေးမှုတွင် အဓိက အစိတ်အပိုင်းဖြစ်ပါတယ်

အူလမ်းကြောင်း မကျန်းမာသည့်အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်လေ့ရှိလဲ❗️🤔🤔

အကျိုးပြုဘက်တီးရီးယား အကောင်ရေ လျော့ကျခြင်းနှင့် ဆိုးကျိုးပြု ဘက်တီးရီးယား အကောင်ရေများ တိုးလာခြင်းတို့ကြောင့် …
⚠️ အူရောင်ခြင်း၊
⚠️ ဝမ်းပျက်ဝမ်းလျောခြင်း၊
⚠️ အလေးချိန်ကျခြင်း၊
⚠️ ဉနှုန်းကျခြင်း ဖြစ်တတ်ပါတယ်။

✅ ဒီလို ပြဿနာ၊ အခက်အခဲတွေရှိနေရင် လက်ရှိကြုံနေရရင် အကောင်းဆုံး ဖြေရှင်းနည်းလမ်းများကို သိရှိနိုင်ပြီး
အူလမ်းကြောင်း ကျန်းမာပြီး သန့်ရှင်းသော ကြက်ဉ၊ ကြက်သားများကို ထုတ်လုပ်နိုင်ဖို့ ဒီဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်
ကြက်၊ ဘဲ၊ ငုံး၊ ဝက် မွေးမြူရေးနှင့် ကျန်းမာရေးအတွက် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ရန်ကုန် 0943121244 / 09422544250
☎️ မန္တလေး 09440008385 / 09402571957

22/01/2024

ဒေသအသီးသီးရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသော မွေးမြူရေးလုပ်ငန်းရှင်ကြီးများအားလုံးကို ကြီးပွား၊ တိုးတက်၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယနေ့ ၂၂- ၁ -၂၀၂၄ နေ့၏ စျေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

ယခု ဖော်ပြထားသော ဈေးနှုန်းများဟာ ခြံဖမ်းဈေးနှင့် ခြံကောက်ဈေးများ ဖြစ်ပါတယ်။

Source : https://www.facebook.com/AnimalHealthCare.ST

22/01/2024

မွေးမြူရေးလုပ်ငန်းရှင်များအတွက် သိရှိနိုင်ရန် 𝗔𝗦𝗙 (𝗔𝗳𝗿𝗶𝗰𝗮𝗻 𝗦𝘄𝗶𝗻𝗲 𝗙𝗲𝘃𝗲𝗿) 🐷

မိမိရဲ့ မွေးမြူရေးခြံအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ၀န်ထမ်းများကို သိရှိနိုင်ရန်နှင့် လိုက်ပါဆောင်ရွက်နိုင်ရန် ဒီအချက်များကို လုပ်ဆောင်သင့်ပါတယ် ….

ကြိုတင်ကာကွယ် 𝗔𝗦𝗙 အန္တရယ်

19/01/2024

ကိုယ်ခံစွမ်းအား ကောင်းမွန်စွာ ထုတ်လုပ်သော တိရစ္ဆာန်များ 🐔🐷🐮🦆

ကိုယ်ခံအားကောင်းတဲ့ တိရစ္ဆာန်တွေဖြစ်ဖို့ ဒီလိုမျိုး အချက်တွေ လိုအပ်ပါတယ်။

✅ အာဟာရပြည့်ဝသော တိရစ္ဆာန် ဖြစ်ခြင်း
✅ ကိုယ်ခံစွမ်းအား ကျစေသော ရောဂါများမရှိခြင်း
✅ ဒဏ်အမျိုးမျိုး မရရှိသော တိရစ္ဆာန်ဖြစ်ခြင်း
✅ ကျန်းမာသော တိရစ္ဆာန်ဖြစ်ခြင်း
✅ မှန်ကန်သော ကာကွယ်ဆေး အမှတ်တံဆိပ် သုံးစွဲခြင်း
✅ မှန်ကန်စွာ စနစ်တကျ သိုလှောင်၊ သယ်ဆောင်ထားရှိသော ကာကွယ်ဆေးဖြစ်ခြင်း
✅ နည်းလမ်းမှန်ကန်စွာ ကာကွယ်ဆေးပေးခြင်း
✅ နေရာဒေသနှင့် ကိုက်ညီသောကာကွယ်ဆေး အစီအစဉ်ဖြစ်ခြင်း

17/01/2024

ဒေသအသီးသီးရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသော မွေးမြူရေးလုပ်ငန်းရှင်ကြီးများအားလုံးကို ကြီးပွား၊ တိုးတက်၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယနေ့ ၁၇- ၁ -၂၀၂၄ နေ့၏ စျေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

ယခု ဖော်ပြထားသော ဈေးနှုန်းများဟာ ခြံဖမ်းဈေးနှင့် ခြံကောက်ဈေးများ ဖြစ်ပါတယ်။

Source : https://www.facebook.com/AnimalHealthCare.ST

16/01/2024

‼️ကျန်းမာသောတိရစ္ဆာန်များ ဖြစ်စေပြီး ထုတ်လုပ်မှုစွမ်းရည်ကို မြင့်တင်ပေးနိုင်သော အရည်အသွေးမှီ ဆေးဝါများ ‼️

ရာသီဥတုအလိုက် ဖြစ်ပေါ်တတ်သောကူးစက် ရောဂါများ၊ ပြင်ပမှ ရောဂါပိုးမွှားများ ခြံအတွင်းသို့ မ၀င်ရောက်နိုင်အောင်၊ ခြံအတွင်းမှ ပိုးမွှားများ ပြင်ပသို့ မပျံ့ပွှားစေအောင်၊ Bacteria, Virus, Protozoa နှင့် Fungus များကို အကောင်းဆုံး ကာကွယ်ထိန်းချုပ်ပေးနိုင် သော Disinfectant ခြံဖျန်းပိုးသတ်ဆေးများဖြစ်ပါတယ်။

11/01/2024

ယနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ ကြာသပတေးနေ့တွင် ကျရောက်သော “ကရင်နှစ်သစ်ကူးနေ့” အား မိဘပြည်သူများနှင့်အတူ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

04/01/2024

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား မိဘပြည်သူများနှင့်အတူ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

02/01/2024

မိမိမွေးမြူရေးခြံရဲ့ ခြင်အန္တရာယ် ကြိုတင်ကာကွယ်ပါ 🛡️ ⚔️💯

🦟 ခြင်တွေက ပူအိုက်စွတ်စိုသော ရာသီဥတု အခြေအနေကို ကြိုက်တယ် 🌦️အထူးသဖြင့် ရေတွင်း၊ ရေကန်၊ မြစ်ချောင်း၊ အင်း၊အိုင်၊ သောက်ရေ၊သုံးရေတို့တွင် အလွယ်တကူပေါက်ဖွားနိုင်ကြတယ်။ 🌊

🦟 ခြင်များသယ်ဆောင်သည့်ရောဂါများကြောင့် ကမ္ဘာကြီးတွင်လူပေါင်း 725,000ခန့် နှစ်စဉ် အသက်ဆုံးရှုံးနေရပြီး ကူးစက်ရောဂါများ၏ 17% သည် ခြင်မှတဆင့် သယ်ဆောင်သော ရောဂါများမှ ဖြစ်ပွါးနေရပါတယ်။

✅ ဒါကြောင့် ခြင်မှတဆင့်ကူးစက်နိူင်သော ကြက်ကျောက်ရောဂါ နှင့် ကြက်၊ ငှက်ဖျားရောဂါ များကိုကာကွယ်ပေးခြင်းဖြင့် ရောဂါကင်းဝေးသောမွေးမြူရေးကြက်များထုတ်လုပ်ဖို့ LARMAX Products ရှိတယ်ဆိုတာ မမေ့နဲ့နော်… 🐣🫶

📌 ရန်ကုန်ရုံး - ပျဉ်းမပင်စက်ရုံ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း-095208127 / 0943000245
📌 မန္တလေးရုံး - အမှတ်(၅၁၄/၄) လမ်း ၃၀၊ ၅၈လမ်း နှင့် ၅၉ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်
ဖုန်း 09774253477 / 09774253476
📌 တောင်ကြီးရုံး - အမှတ်(၁၇၈) ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်ကွက်၊ တောင်ကြီးမြို့
ဖုန်း 09457735862 / 09774253475
📌 မော်လမြိုင်ရုံး - အမှတ်(၃၄/A) ထား၀ယ်စုစျေးလမ်း၊ ပန်းဘဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့
ဖုန်း 05722401 / 09774253474

27/12/2023

Nutrichems Co.,Ltd (Thailand) မှ တင်သွင်းသော GM (+) နှင့် GM (-) ဘက်တီးရီးယားနှင့် Mycoplasma (CRD) ရောဂါပိုးများကို ထိရောက်စွာ သုတ်သင်ရှင်းလင်းနိုင်သော 𝗠𝘆𝗯𝗮𝗳𝗹𝗼𝘅 🩺💊

ကြက်၊ ဘဲ ၊ ငုံး ၊ ဝက်နှင့် နွားတို့တွင် ဘက်တီးရီးယားကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းနှင့် အစာချေလမ်းကြောင်း ရောဂါအမျိုးမျိုးကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ပြီး 𝗠𝘆𝗯𝗮𝗳𝗹𝗼𝘅 ကို သောက်ရေ (၁)လီတာလျှင် ဆေး (၁)စီစီ (သို့) ကိုယ်အလေးချိန် (၁၀)ကီလိုအတွက် ဆေး(၁)စီစီ နှုန်းဖြင့် (၃-၅) ရက်ဆက် တိုက်ရမှာ ဖြစ်ပါတယ်။ 💉💧

✅ ဘက်တီးရီးယားရောဂါပိုးအားလုံးကို ကျယ်ပြန့်စွာ ကာကွယ်ကုသနိုင်ခြင်း။
✅ အခြားပဋိဇီဝဆေးများ၏စွမ်းဆောင်ရည်ကို အနှောက်အယှက်မပေးခြင်း။
✅ မိနစ် ၃၀ အတွင်း သွေးထဲသို့ရောက်ရှိပြီး ဘက်တီးရီးယားရောဂါပိုးများကို သုတ်သင်ပေးနိုင်ခြင်း
✅ တိရစ္ဆာန်များ၏ကျန်းမာရေးကို ကောင်းမွန်တိုးတက်စေပြီး မွေးမြူရေးသမားများ၏ စိတ်ချမ်းသာပျော်ရွှင်မှုကို ပေးနိုင်ခြင်း။
✅ ဈေးကွက်တွင် ကြာရှည်စွာ အကောင်းဆုံးဆေးအဖြစ် ရပ်တည်နိုင်ခြင်း။

25/12/2023

🎄𝕸𝖊𝖗𝖗𝖞 𝕮𝖍𝖗𝖎𝖘𝖙𝖒𝖆𝖘 𝕿𝖔 𝖄𝖔𝖚 𝕬𝖑𝖑 🎄❄️💫🌟

ဒီနေ့လို ပျော်ရွင်စရာခရစ်စမ္မတ်နေ့ကြီးမှာ မိသားစုသူငယ်ချင်းများနဲ့တူတူ စိတ်ကျန်းမာကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒများပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

✨𝗪𝗲 𝘄𝗶𝘀𝗵 𝘆𝗼𝘂 𝗮 𝗠𝗲𝗿𝗿𝘆 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀✨

22/12/2023

ဘယ်လောက်ချွဲထထ အကုန်ရှင်းမဲ့ 𝗣𝗩𝗚 𝗛𝗲𝘅𝗶𝗻𝗲 (ပီဗွီဂျီ ဟက်ဇင်း) 🩺💊

မွေးမြူရေးတိရိစ္ဆာန်များဖြစ်တဲ့ ကြက်, ဝက်, ဘဲ, ငုံးတွေရဲ့ အသက်ရှုလမ်းကြောင်းမှာ ချွဲသလိပ်တွေကို အကုန်ရှင်းပေးနိုင်ဖို့ အာဂျင်တီနားနိုင်ငံ, VETANCO SA COMPANY ကနေ တင်သွင်းပြီး စိန်ငွေမြ ဆေးဝါးဌာနမှ ဖြန့်ဖြူးပေးနေပါပြီ

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုပြီးထိရောက်သည် 😇

𝗣𝗿𝗲𝘃𝗲𝗻𝘁𝗶𝗼𝗻_𝗜𝘀_𝗕𝗲𝘁𝘁𝗲𝗿_𝗧𝗵𝗮𝗻_𝗖𝘂𝗿𝗲
𝗦𝘂𝗰𝗰𝗲𝘀𝘀_𝗪𝗶𝘁𝗵_𝗢𝘂𝗿_𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻

19/12/2023

✨ ဒေသအသီးသီးရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသော မွေးမြူရေးလုပ်ငန်းရှင်ကြီးများအားလုံးကို ကြီးပွား၊ တိုးတက်၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယနေ့ ၁၉-၁၂-၂၀၂၃ နေ့၏ စျေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 🙏

ယခု ဖော်ပြထားသော ဈေးနှုန်းများဟာ ခြံဖမ်းဈေးနှင့် ခြံကောက်ဈေးများ ဖြစ်ပါတယ်။
Source : https://www.facebook.com/AnimalHealthCare.ST

Photos from Healthy Animal's post 18/12/2023

🥚🐣 ဥစားကြက်နှင့်မျိုးကြက်များအတွက်ကူးစက်မြန်ကော်ရေဇာရောဂါကိုကောင်းစွာကာကွယ်ထိမ်းချုပ်နိုင်စေဖို့…

ထိုင်းနိုင်ငံရှိဥစားကြက်နှင့်မျိုးကြက်ခြံများတွင်မဖြစ်မနေသုံးစွဲဲနေရသော...

👉 𝗡𝗼𝗯𝗶𝗹𝗶𝘀_𝗖𝗼𝗿𝘃𝗮𝗰𝟰 (နိုဘီးလစ်ကော်ဘက်ဖိုး) 💉𝗠𝗦𝗗 𝗔𝗻𝗶𝗺𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗼𝗿𝘆𝘇𝗮 𝗩𝗮𝗰𝗰𝗶𝗻𝗲

✅ ကူးစက်မြန်မျက်နှာရောင်ရောဂါ (Infectious Coryza) ဖြစ်စေသော အေ၊ဘီ၊စီ၊ဘီဘေရိယန့်စသောပိုးမျိုးများနှင့်အခြားပိုးမျိုးကွဲသစ်များကိုကောင်းစွာကာကွယ်နိုင်စေရန်။

✅ ဘက်တီးရီးယားအုပ်စု A,B,C,B variants စသည်ဖြင့်ခွဲခြားပြီး မျိုးကွဲ ၂၀ မျိုးကိုကောင်းစွာကာကွယ်ထိမ်းချုပ်နိုင်စေရန်။

✅ ကိုယ်ခံစွမ်းအားများ(Antibody production) လျှင်မြန်မြင့်မားစွာရရှိစေရန်။

✅ ကာကွယ်ဆေး၏တုံ့ပြန်မှုအနည်းဆုံးဖြစ်စေပြီး၊အမြင့်မားဆုံးကာကွယ်နိုင်သောကိုယ်ခံစွမ်းအားများဥကြက်မသက်တမ်းတစ်လျှောက်ရရှိစေရန်။

𝗚𝗩𝗔𝗛 𝗣𝗼𝘂𝗹𝘁𝗿𝘆 𝗞𝗶𝗹𝗹𝗲𝗱 𝗩𝗮𝗰𝗰𝗶𝗻𝗲

-corvac4

16/12/2023

🎖️ အရည်အသွေးမပြည့်ဝတဲ့ ဥထွက်နှုန်းကို အကောင်းဖြေရှင်းနိုင်ဖို့ နည်းလမ်း 🐣

ဥစားကြက်များ၊ ငုံးများနှင့် ဘဲများအတွက် အစာတွင် ရောစပ်ကျွေးရသော အာဟာရပြည့်ဝ၊ ဥအားတိုး ဖြည့်စွက်ဆေး TR A Plus-
ဥအရည်အသွေးကို သိသိသာသာ ကောင်းမွန်တိုးတက်ပြီး ထုတ်လုပ်မှုကောင်းကောင်း ရရှိစေနိုင်တဲ့ အားသားချက်
ဥသက်တမ်းရှည်ပြီး ကျန်းမာရေးကောင်းမွန်စေဖို့ ဗီတာမင်၊မင်နရယ်နှင့် အမိုင်နိုအက်ဆစ် အပါအဝင် ဆေးအမျိုးအစား (၁၆)မျိုးပါဝင်ထားတဲ့ အဆင့်မြင့်ဥအားတိုးဆေး TR A Plus ဆေးကို အမြို့မြို့အနယ်နယ်ရှိ မွေးမြူရေးအစာဆိုင်များတွင်လည်း စီပီဆေးဝါးများကို ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
TR A Plus အာဟာရပြည့်ဝ၊ ဥအားဖြည့်စွက်ဆေးကို ၂၀၀ ကီလိုအစာတွင် ဆေး(၁)ပေါင်နှုန်းရောစပ်၍ နေ့စဉ်ကျွေးပေးနိုင်ပါတယ်

စီပီဆေးဝါးအရောင်းဌာန

▶️ရန်ကုန်ရုံး - ရဲဘော်ဟောင်းလမ်း၊ ပျဉ်းမပင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း- 095208127 / 09979657678/ 095121606

▶️မန္တလေးရုံး - ပုလိပ်-တံတားဦးလေဆိပ်လမ်းဘေး၊ကွင်းအမှတ်(1327)၊ စကားအင်းကျေးရွာအုပ်စု၊ တံတားဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
ဖုန်း 09798551276/ 09774253477

▶️တောင်ကြီးရုံး - အမှတ်(၁၇၈) ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်ကွက်၊ တောင်ကြီးမြို့
ဖုန်း 09421010543 / 09774253475

▶️မော်လမြိုင်ရုံး - အမှတ်(၁၄) နှင်းဆီလမ်း၊ ပန်းဘဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့
ဖုန်း 09441940187/ 09969779095

14/12/2023

အာဖရိကဝက်အပြင်းဖျားရောဂါကို ကာကွယ်ရန်အတွက် ဥရောပနိုင်ငံများရှိ ဓာတ်ခွဲခန်းများ၏အသိအမှတ်ပြု အွမ်နီဆိုဒ်ပိုးသတ်ဆေး (Omnicide)🐷🐖🐷🐖🐷

ခြံတွင် လိုက်နာရန်အချက်တွေကဘာတွေလဲ?????
၁) ခြံအဝင်အဝသည်‌ရောဂါဝင်ရောက်လာမှုအတွက်ပထမဆုံးအဟန့်အတားဖြစ်ပါတယ်။ခြံအတွင်းသို့မဝင်မှီလူနှင့်ယာဥ်များကိုစနစ်တကျသန့်ရှင်းပြီးပိုးသတ်ဆေးဖျန်းရပါမယ်။
၂) ယာဥ်များကိုအွမ်နီဆိုဒ် (၃၀) စီစီလျှင် ရေ (၁) ဂါလံအချိုးဖြင့်ရော၍ပိုးသတ်ဆေးဖျန်းရပါမယ်။
၃) ပိုးသတ်ဆေးကန်တွင်ခြံတွင်းစီးဖိနပ်များကိုသေချာစွာနှစ်ပြီးမှခြံအတွင်းသို့ဝင်ရပါမယ်။
၄) ခြံစီးဖိနပ်နှစ်ရသောပိုးသတ်ဆေးကန်တွင် ဆေး (၄၅) စီစီလျှင် ရေ (၁) ဂါလံနှုန်းဖျော်ရပါမယ်။ (၂-၃) ရက်တစ်ခါပိုးသတ်ဆေးကိုအသစ်လဲပေးရပါမယ်။
၅) ခြံထဲသို့မဝင်မှီပိုးသတ်ပြီးသန့်ရှင်းထားသောခြံတွင်းစီးဖိနပ်နှင့်ခြံတွင်းဝတ်ယူနီဖောင်းကိုဝတ်ဆင်ရပါမယ်။
၆) တစ်ခုခုကိုမကိုင်တွယ်မှီလက်ဆေးပိုးသတ်ရပါမယ်။ ။

ခြံအဆောက်အဦးအတွက်လိုက်နာရန်အချက်တွေကဘာတွေလဲ?????
၁) စနစ်တကျသန့်ရှင်းရပါမယ်။ခြံကိုအမြင့်ပိုင်းများမှစတင်ပြီးမှအောက်ခြေသို့သန့်ရှင်းဆေးကြောရပါမယ်။
၂) ခြံအသုံးအဆောင်ပစည်းများကိုအွမ်နီဆိုဒ် ၁-၂% ရောစပ်၍ပက်ဖျန်းပြီး ၁၀-၁၅ မီနစ်ကြာထားရပါမယ်။
၃) ရေဖျန်းစက်ဖြင့်ပက်ဖျန်းသန့်ရှင်းဆေးကြောရပါမယ်။
၄) မျက်နှာပြင်များကိုခြောက်သွေ့စေရပါမယ်။
၅) အွမ်နီဆိုဒ်ဆေး (၃၀) စီစီလျှင်ရေ (၁) ဂါလံနှုန်းဖျော်စပ်၍ပက်ဖျန်းရပါမယ်။ (၁၅) မိနစ်ကြာအောင်ခြံအသုံးဆောင်ပစ္စည်းများကိုထိတွေ့ပက်ဖျန်းရပါမယ်။
၆) သန့်ရှင်းပိုးသတ်ပြီးသောခြံအသုံးအဆောင်ပစ္စည်းများကိုသာသုံးစွဲရပါမယ်။
၇) အဆောင်အဦးကိုအလုံပိတ်၍မှိုင်းတိုက်ပိုးသတ်ရပါမယ်။
၈) ပိုးသတ်ဆေးကန်ကိုခြံအဝင်အဝတွင်ထားပြီးအွမ်နီဆိုဒ်ဆေး (၄၅) စီစီလျှင်ရေ (၁) ဂါလံနှုန်းဖျော်စပ်၍သုံးစွဲရပါမယ်။

Photos from Healthy Animal's post 12/12/2023

❄️ ဆောင်းရာသီတွင်ကြုံတွေ့ရလေ့ရှိသောပြဿနာများက ဘာတွေပါလဲ ?????

▶အစာစားနှုံးလိုအပ်သည်ထက်ပို၍မြင့်တက်ခြင်း
▶ရေသောက်နှုံးကျဆင်းခြင်း
▶ကြက်များအရွယ်ညီမျှမှုမကောင်းခြင်း
▶အသက်ရှူလမ်းကြောင်းရောဂါများပို၍ဖြစ်ပွားတတ်ခြင်း
▶ကြက်ဥ နှင့် ကြက်သားထုတ်လုပ်မှုများ ကျဆင်းတတ်ခြင်း
▶စီးပွားရေးကိုထိခိုက်မှုဖြစ်စေခြင်း

ညဘက်တွင်ချမ်းအေးပြီး နေ့ဘက်တွင်ပူအိုက်နေသောကာလများမှာ ဘာတွေဖြစ်တတ်ပါသလဲ ?????

▶နေထိုင်ရအဆင်မပြေဖြစ်ပြီးဒဏ်များဖြစ်ပေါ်လာခြင်း
▶ကိုယ်ခံစွမ်းအားများကျဆင်းလာခြင်း
▶ကာကွယ်ဆေး၏ဒဏ်ပြန်မှုမြင့်မားလာခြင်း
▶ရောဂါခုခံနိုင်သောပဋိပစ္စည်းစွမ်းအားထုတ်လုပ်မှုများကျဆင်းခြင်း
▶ပဋိဇီ၀ဆေးများစွာကိုသုံးစွဲရခြင်း
▶ကြီးထွားဖွံ့ဖြိုးမှုများမညီမျှသောခြံဖြစ်လာခြင်း
▶ရောဂါများအလွယ်တကူ၀င်ရောက်တတ်ခြင်း
▶လိုအပ်သည်ထက်ပို၍ကုန်ကျစရိတ်မြင့်တက်လာခြင်း

ဒီလို ဒဏ်အမျိုးမျိုးကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး စွမ်းဆောင်ရည်အကောင်းဆုံး ST Compound (အက်စ်တီကွန်ပေါင်း) နှင့် ST HiC (အက်စ်တီဟိုင်းစီ) ဆေးကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်
ဆေးလက်ဖက်စားဇွန်း ၁ ဇွန်း လျှင် ရေ ၁-၂ ဂါလံနှုံးဖြင့် လိုအပ်သလိုတိုက်ကျွေးနိုင်ပါတယ်။

07/12/2023

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 🇲🇲

ယနေ့ ~ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင်ကျရောက်သော “(၁၀၃) ကြိမ်မြောက်အမျိုးသားနေ့”အား Sein Ngwe Mya Trading Co., Ltd မှကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ရှင့်။

Photos from Healthy Animal's post 28/11/2023

✨ 𝐂𝐚𝐫𝐞 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 , 𝐒𝐡𝐚𝐫𝐞 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 ✨
𝐭𝐡𝐞 𝟐𝟎𝐭𝐡 𝐂𝐏 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐃𝐫𝐢𝐯𝐞

🩸မြန်မာစီပီကုမ္ပဏီသည် သွေးလိုအပ်သူများရဲ့ ဘ၀ဆက်လက်ရှင်သန်ရေးအတွက် အစဉ်အမြဲ သွေးလှူဒါန်းနေပါသည်။

🩸𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟒 ရက်နေ့(သောကြာနေ့)တွင် အမျိုးသားသွေးလှူဘဏ်ကို မြန်မာစီပီကုမ္ပဏီမှ ၀န်ထမ်းများနှင့် Makro Myanmar မှဝန်ထမ်းများ စုစုပေါင်း 𝟏𝟑𝟑 ကျော် လူမှု၀န်းကျင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သွေး 𝟓𝟗,𝟖𝟓𝟎 𝐂𝐂 ကို သွေးလိုအပ်သူတို့အတွက် ပေးလှူခဲ့ပါသည်။

🩸ထိုသွေးလှူခြင်းအစီအစဉ်သည် မြန်မာစီပီ၏ ခံယူချက်ဖြစ်သော “နိုင်ငံတော်၊ ပြည်သူပြည်သားများ၊ ကုမ္ပဏီ” ထိုသုံးဦး သုံးဖလှယ်ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံထားပါသည်။

26/11/2023

✨ကြည်နူးရွင်ပြိုင် လတန်ဆောင်တိုင်✨

ခုကျရောက်လာမည့် တန်ဆောင်တိုင်လပြည့်နေ့မှာ ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း စိန်ငွေမြကုမ္ပဏီမိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🌟

ပျော်ရွှင်စရာ တန်ဆောင်မုန်းနေ့ထူးနေ့မြတ်လေးဖြစ်ပါစေ 🙏🙏🙏

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Merry Christmas and Happy New Year to All 🎄🎄
တန်ဆောင်မုန်းလပြည့်နေ့ အခါသမျတွင် စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမားခြင်းနှင့် ပြည့်စုံ၍ တန်ဖိုးရှိသော ကုသိုလ်ထူးများ ပြ...
Fullmoon Day of Thadingyut
Full Moon Day of Kasone
မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
မြန်မာ့တောင်သူလယ်သမားဦးကြီးများ ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေပြီး စီးပွားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း တောင...
Magic Cup Challenge
Gratitude
Our Corporate Video
"Prevention is better than Cure"
"Success WIth CP Medicines"
Farm Care

Telephone

Website

Address


PyinMaPin
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Other Yangon finance companies (show all)
Worldlink Express Shipping (W.E.S Group) Worldlink Express Shipping (W.E.S Group)
Than Thu Mar
Yangon

Insurance, Logistics & General Services

Phyo$AIA Life Insurance Phyo$AIA Life Insurance
22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon

💓မိသားစုကိုချစ်သောသူများအတွက်💓

NTK - Natsuki Authorized Money Changer NTK - Natsuki Authorized Money Changer
Yangon

Authorized Money Changer

Hmone Nathar Tun Hmone Nathar Tun
Yangon, 11071

If you're interested in protecting families from the comfort of your home, send me a message. I would be happy to discuss our opportunity with you. Keep dreaming!

Yumn - Forex and gold advisor Yumn - Forex and gold advisor
Yangon

နိုင်ငံတကာငွေကြေးနှင့်ကမ္ဘာ့ရွှေရ?

𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚 𝙋𝙖𝙮𝙋𝙖𝙡 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝘽𝙮 𝙈𝙤𝙚
Lanmadaw Street
Yangon

𝙋𝙖𝙮𝙋𝙖𝙡 𝘼𝙘𝙘𝙤𝙪𝙣𝙩 & 𝙀𝙭𝙘𝙝𝙖𝙣𝙜𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 Viber - 09959877552 , 09980385770

Myanmar Remit Myanmar Remit
Urban Asia Center, Room No 254, 2nd Floor , Corner Of 48th Street & Maha Bandula Road, Botataung Tsp
Yangon, 11221

We provide an official platform for receiving and recording the amount of money transferred to/from

Mangala Money Mangala Money
Yangon

ဘဏ် ငွေရေးကြေးရေး အာမခံ ရင်းနှီးမြှုပ်နှံမှု

Growth Up Together with Sithu Growth Up Together with Sithu
Yangon

Learning and Development, Organizational Development and Business Development

AIA Foster Financial Services AIA Foster Financial Services
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon

သင်နှင့် သင့်မိသားစုအတွက်

Forex Mining Myanmar Forex Mining Myanmar
Yangon

Advise for all