Revo IT&Mobile
IT & Mobile Sale Center
အကြိုက်ခြင်း တူတဲ.သူတွေ ရှိလား
Ai Tools တွေသုံးပြီး
online စီပွားရေး လုပ်မယ်ဆိုရင်
ဒါတွေသုံးကြည့်ပါ
1. Ideas ထုတ်ဖို့
ChatGPT https://chat.openai.com
Perplexity https://www.perplexity.ai
HuggingChat https://huggingface.co/chat/
2. Design တွေလုပ်ဖို့
Midjourney https://www.midjourney.com
Bing create https://www.bing.com/create
Mage https://mage.space
3. Website တည်ဆောက်ဖို့
10Web https://10web.io
Framer https://www.framer.com
Durable https://durable.co
5. Content Writing ရေးဖို့
Rytr https://rytr.me
Jasper https://www.jasper.ai
Writesonic https://writesonic.com
4. Chatbot တည်ဆောက်ဖို့
Dante https://dante-ai.com
Landbot https://landbot.io
Chatsimple https://www.chatsimple.ai
6. Automation လုပ်ဖို့
Make https://www.make.com/en
Zapier https://zapier.com
Bardeen https://www.bardeen.ai
Free လားလို့မေးရင် free တိုင်းလဲမကောင်း
ကောင်းတိုင်းလဲ မ free ပါဘူး
ပေးတာထက်ပိုတန်တဲ့ အရည်အချင်းရှိတဲ့
Tools တွေမို့ ရင်းရတာတန်ပါတယ်ဗျ
💠 မှတ်သားစရာ SAMSUNG Setting များ 💠
🔷️Connection ပိုင်းဆိုင်ရာများ
1️⃣Data warning ⚠️ပြနေပါက
Setting...connecting...data usage...billing cycle and data warning...data warning...မှာ 2.0 ကို 1000 ပြောင်းရေးပါ
Sim 2 card သုံးရင် 2 ခုလုံးလုပ်ပေးပါ....
2️⃣ Wifi Direct
ဖုန်းအချင်းချင်း data တွေ ကူးလို့ပါက
Wifi ဖွင့် wifi Direct နိတ် ဖုန်းအချင်းချင်း connect လုပ်ပါ...ချိတ်ဆတ်ပြီးပါက my file ကိုသွားပါ မိမိပေးပို့လိုသည့် file ကိုသွားပါ select လုပ်ပါ share နိတ်ပါ ပေါ်လာတဲ့အထဲက wifi Direct ကိုနိတ်ပါ ချိတ်ဆတ်ထားသောဖုန်းကိုနိတ်ပါ
3️⃣Data saver
ဖုန်းရဲ့ noti bar မှာ တြိဂံအလယ်မှာမြှား၂ချောင်းပုံလေးပေါ်နေရင် setting...connecting ... data usage ...data saver ကို off ပေးပါ
4️⃣wifi hotspots ဖွင့်မရပါက
Setting ထဲက power saving mode ကို off ပါ
🔷️Notifications
1️⃣noti တခုခုဝင်လို့ ကိုမဖတ်မချင်း အသံထွက်နေပါက....setting...Accessibility...advanced setting...notification reminder...off ပါ
2️⃣ဖုန်းဝင်/စာဝင် flashမီးလင်းလိုသူများ
Setting ...Accessibility...advanced setting...flash notification...camera flash ...on ပါ
🔷️Displaysပိုင်းဆိုင်ရာများ
• font size အကြီးအသေးလုပ်ခြင်း
• bold fontစာလုံးထူခြင်း
• font style စာလုံးဒီဇိုင်းပြောင်းခြင်း
• Adaptive brightness onထားလျင်ပြင်ပအလင်းအပေါ်မူတည်၍screen brightness ကိုအလင်းအမှောင်auto လုပ်ပါသည်အားကုန်မြန်စေပါသည်
Blue light filter ဖွင့်ထားပါက ညဘက်ဖုန်းအလင်းပြန်ခြင်းမျက်စိအလင်းစူးခြင်းမှကာကွယ်သည်
1️⃣Navigation bar(recent/home/back)
• Bottons မှာထားလျှင် ပုံသေပေါ်နေပါမည်
• Swipe gesture... swipe from bottomမှာထားလျှင် keyတွေပုံပျောက်ပီမျဥ်းတွေပုံပြောင်းပါသည်
• Swipe gesture...swipe from sides and bottom မှာထားလျှင် home keyနေရာမျဥ်းပဲပေါ်မှာဖြစ်ပြီးအောက်မှ ဖိဆွဲလျင် recent key ပုံမှန်ပွတ်ဆွဲလျင်Home key ဘယ်ညာဘေးမှပွတ်ဆွဲလျင် back key ဖြစ်ပါသည်
•
💠lock setting အကြောင်း
passwordနိတ်ပြီးok မနိတ်ပဲပွင့်ချင်သူများ
Setting ...lock screen...pin/pattern/password တခုခုမှက်ပါ first time မှက်တဲ့အခါ အောက်နားလေးက အဝိုင်း လေး(without tapping ok)ကို အမှန်ခြစ်ပြီ ok နိတ်second ထပ်မှက်.. ရပါပြီ
Password ထားတာကြာလို့ swipe lock သုံးမရသူများ
Setting...biometric and security....Other security setting.....Clear credentials.....Remove all content....ရပါပြီ
💠Screen Shot ရိုက်နည်း (၃)မျိုး
1️⃣Assistant menu မှရိုက်ချင်လျှင်
Setting ... Accessibility...Interaction and dexterity...assistant menu ...ကိုဖွင့်ပါ
2️⃣key ဖြင့်ရိုက်ချင်လျှင် vol+ key and power key တွဲနိတ်ပါ.....
3️⃣လက်ဖြင့်ညာမှဘယ်သို့ ပွတ်ဆွဲပြီးရိုက်လိုလျင်
Setting ... advanced feature ... motion and gestures... plam swipe to capture...ဖွင့်ပါ...
💠ဖုန်းလာလျှင် တချက်ထောက်ယုံနဲ့ ကိုင်ပြီးသား လိုချင်သူများ
Setting...accessibility.... interaction and dexterity....assistant menu...single tap to swipe ကိုဖွင့်ပါ....
💠ဖုန်းကိုင်တာနဲ့screen ပွင့်နေသူများ မလိုချင်လျင်
Setting...advanced feature...motion and gestures...lift to wake ...off ပါ
Screen 2ချက်ထောက်လျှင် screen ပွင့်ချင်သူများ
Setting...advanced feature ...motion and gestures...double tap to wake ....on ပါ
💠screen နှိတ်မရပဲ နိတ်သမျှ အသံထွက်စာဖတ်လျှင်
Setting....accessibility....screen reder...off ရန်
လိုရာသို့ လက်၂ချောင်းဖြင့် သွားပါ...
Ph lock ဖွင့်ဖို့လိုအပ်လျှင် pw တခုကို ၂ချက်
ဆတ်နိတ်ပြီးဖွင့်ပါ
Google assistant မှ အသံထွက်ဖတ်နေလျှင်
Google assistant ကို ဖွင့်ထားလို့ပါ ပိတ်ချင်ရင်တော့ setting ... assistant setting လို့ရိုက်ရှာပီနိတ်ပါ...ပေါ်လာတဲ့google page မှာ title 4 ခုရှိတယ် YOU/ASSISTANT/SERVICES/HOME ထဲက Assistant ကိုနိတ်ပါ အောက်ဆုံးထိဆွဲပီး assistant device အောက်က phone ကိုနိတ်ပါ...အပေါ်ဆုံးက google assistant ဆိုတာလေးကို ဘယ်သို့ရွေ့ပီးပိတ်နိုင်ပါတယ်
💠password ခတ်ထားပါလျတ် ဖုန်းဖွင့်လျှင် လော့ပွင့်နေသူများ
Setting...lock screen ...smart lock...မှာရှိတဲ့အချက်၃ချက်ကို ပိတ်ထားပေးဖို့လိုအပ်ပါတယ်
1️⃣On- body detection
မိမိခန္ဓာကိုယ်နှင့်ထိတွေ့နေလျင်
2️⃣Trusted places
တည်နေရာlocation သက်မှက်ထားလျှင်
3️⃣Trusted devices
သက်မှက်ထားသော devices များနှင့် ချိတ်ဆတ်ထားလျှင်(in 100 meters) exp ...watch ⌚ bluetooth earphone 🎧
ဖော်ပြပါ အချက် ၃ ချက်မှ တချက်ဖွင့်ထားမိခဲ့လျှင် screen lock ခတ်ထားသော်လည်း ဖွင့်တာနဲ့lock ပွင့်နေပါမည်......
⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
မိမိ Ph Factory Reset ချဖို့ SS Acc ကို Remove လုပ်မယ်ဆို Ui2 ကစပြီးမတူတော့ပါဘူးနော်
One Ui အထိက Remove Acc ပါပါတယ်
Ui2 ကစပြီးတော့ Remove Acc မဟုတ်တော့ပါဘူး
Sign out ဖြစ်သွားပါပြီ
Sign out ကဘယ်မှာလဲဆိုရင် Personal info ထဲမှာပါ
Personal info>More>Sign out ပါ
မိမိ SS Acc ရဲ့ Pass ထည့်ပြီး Sign out လုပ်နိုင်ပါတယ်
SS Acc ဖွင့်ရာမှာအလွယ်တစ်ကူပဲ G mail နဲ့သွားပြီးအလွယ်ဖွင့်တဲ့သူများ Factory Reset ချခါနီး SS Acc Remove/Sign out လုပ်ဖို့မှာ Verify လိုမျိုးပြတာဆိုအကောင်းဆုံးက OEM ကို on ပြီး Recovery mode ထဲက factory data reset ကိုချလိုက်ပါ
Recovery mode က
👇👇👇👇👇
Bixby key ပါတဲ့ model တွေဆို Power key+Volume up key+Bixby key ကိုစုံနှိပ်ပါ
Bixby မပါတဲ့ model တွေဆို Power key+Volume up key ကို
စုံနှိပ်ပါ
စုံနှိပ်ဆိုတာကတစ်ချက်ပါပဲ Ph ကို Power off ပြီးတော့ခဏနေရင်အပေါ်ကပြောထားတဲ့အတိုင်းစုံနှိပ်>Power တက်လာရင်လွှတ်>Recovery mode ထဲရောက်ပါပြီ>Recovery mode ထဲမှာတော့အပေါ်အောက်တွေကို Volume Up and Down key တွေနဲ့သွားရမှာဖြစ်ပြီး Enter အနေနဲ့ကတော့ Power key ကိုသုံးရပါမယ်
Recovery mode>Wipe factory data reset>factory data reset>Enter....
⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
Factory Reset ချမဲ့သူများအနေနဲ့အရင်
ဆုံး Factory Reset မချခင် Developer Options ထဲက OEM unlocking ဆိုတာကိုအရင်ဆုံး On ပြီးမှ Factory Reset ချပါ
အကယ်၍ OEM unlocking ကိုမ on ပဲ Factoty Reset ချရင်
FRP=Factory Reset Protection Log ကျပါမယ်🙂
OEM ကဘယ်ထဲရှိတာလဲဆိုရင် Developer Options ထဲမှာရှိပါတယ်…………
Developer Options ကဘယ်မှာလဲဆိုရင်????🤔
Setting>About phone>Software information>Build Number ကို 5 ချက်ဆက်တိုက်ခေါက်ပြီးတော့ Back နဲ့ပြန်ထွက်
ပြီး About Phone အောက်မှာကြည့်လိုက်ရင် Developer Options ပေါ်နေတာကိုတွေ့ပါလိမ့်မယ်🙂
တစ်ချို့ model တွေမှာ Developer Options Error ဆိုပြီးပေါ်
တဲ့ Model တစ်ချို့ရှိပါတယ်
အာ့အခါမျိုးကျ Build Number ကို Pass မတောင်းမချင်းဆက်တိုက်ခေါက်ပေးလိုက်ပါ/အဆင်ပြေပါလိမ့်မယ်:3☺
Ui2 ရဲ့တစ်ချို့ model တွေမှာ OEM on ဖို့အတွက်အရင်ဆုံး
Factory Reset ချပေးရတာတွေရှိပါတယ်………
အာ့လို Model ကျ Factory Reset ချပြီးမှ OEM ကို On လို့ရပါမယ်……………
တစ်ချို့ Model ကျ OEM unlocking on ဖို့ကိုတွေ့မှာမဟုတ်ပါဘူး……………
အလားတူပါပဲ Factory Reset ချပြီးမှ OEM unlocking ဆိုပြီး
ပေါ်ပါတယ်(May Be Galaxy Note Fan Edition)
Factory Reset ချရင် FRP Log ကျဖို့ကအရင်ကဆိုအကြောင်း
(2)ခုရှိပါတယ်
👇👇👇👇👇👇👇👇👇
(1)OEM Unlocking ကိုမ on ရင် FRP Log ကျပါတယ်🙂
(2)မိမိသုံးနေတဲ့ Ph မှာ SAMSUNG Acc ရှိရင် Reset ချပြီးပြန်တက်လာတဲ့အခါမှာ SS Acc မမှတ်မိရင် FRP Log ကျပါတယ်………🙂
အခုနောက်ပိုင်းမှာတော့ SS Acc မမှတ်မိရင် FRP Log ကျတာကို
ဖျက်သိမ်းလိုက်တဲ့အတွက် FRP Log ကျဖို့က OEM မ On ပဲ
Factory Reset ချတာပဲရှိပါတယ်
ဒါကြောင့် SS Acc မမှတ်မိတာတို့/Reset ချခါနီး SS Acc ကို Remove လုပ်ဖို့ Pass မမှတ်မိတာတို့ဆို OEM ကို On ပြီးတော့
Recovery mode ထဲဝင်ပြီး Factory data reset ဝင်ချလိုက်တာပါပဲ
⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
💠Back up ယူမယ်ဆိုလျှင်
Factory reset မချခင် မိမိတို့ data တွေ ကို back up ယူနည်း
Setting ...account and back up....
Back up restore ...ကိုသွားပါ
ဒီနေရာမှာ အကောင့် က gmail account ...samsung accoun နှစ်ခုရှိပါတယ်... အပေါ်ဆုံးက samsung account ဖြစ်ပီ အောက်ကတော့ gmail account ပါ....
Samsung account ...back up ယူမယ်ဆို Samsung account ကိုနှိတ်ပါ
ပေါ်လာတဲ့ page မှာ မိမိ backup ယူလိုတာကိုအမှန်ခြစ်လေးပေးပါ...မယူတာကိုဖြုတ်ထားပါ....
ဘာတွေbackup ယူထားလို့ရလည်း
1 ...Call log
2 ...Massages
3...Contacts
4...Cleander
5... Clock
6...setting
7...bixby home
8...Home screen
9...App
10...Documents
11...voice recordings
12...Music......ယူထားလို့ရပါတယ်
ကျွန်တော်ကတော့ များသောအားဖြင့်
Contacts ,Massages , Documents
သာ backup ယူထားတာပါ
မိမိလိုချင်တာကို အမှန်ခြစ်ပြီးရင်အောက်က backup ဆိုတာကို နိတ်ပါ
Upload လုပ်နေပါလိမ့်မယ် မိမိdata များရင်များသလို အချိန်ခနစောင့်ပါ ပြည့်သွားရင်ရပါပြီ....ပြန်ယူချင်တဲ့အခါ restore data နှိတ် ပြန် download လုပ်ရင် ရပါပြီ.....
Gmail account နဲ့ back up ယူမယ်ဆို
Back up my data ကို ဖွင့်
Back up account ကိုထည့်ထားပါ
Automatic restore ကို ဖွင့်ပေးထားရင် ပိုကောင်းပါတယ်....အာ့လိုတွေလုပ်ထားပြီးရင် google photo app ဖွင့် ပုံတွေ movie တွေ upload လုပ်ထားရင် တခါလုပ်ထားယုံနဲ့ မိမိက အကောင့်ထဲသွားမဖျက်မချင်း ရှိပါတယ်......auto ဖွင့်ထားရင် ....မိမိရိုက်သမျှ ပုံတွေ data ဖွင့်တာနဲ့ သူ့ပါသူ အကောင့်ထဲsave လုပ်ပါတယ်.........
တခုတော့မှက်ထားပေးပါ..
Samsung acc သည် samsung cloud
Gmail accသည် Google drive
မှာ data တွေကို သိမ်းပါတယ် ၂ခုစလုံးက Free 15 Gb ပဲ ရပါတယ်....မိမိbackupယူတဲ့ data က 15Gbမကျော်ဖို့လိုပါတယ်.......
Okay backup ယူပြီးရင်တော့ factory reset ချမယ် ....မချခင်မှာ Devoloper option ထဲက Oem ကို ဖွင့်ပါ.... account တွေ ဖြုတ်ပါ...ပြီးမှသာ ...reset ချပါ..........
⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
💠Near by device အသုံးပြုပုံ
ပေးပို့လိုသည့် ဖုန်း ကနေ file ကို select မှက် share နိတ် Near by share နိတ်ပါ
Location bluetooth wifi တွေဖွင့်ပေးဖို့access တောင်းမယ် turn on ဆိုတာနိတ်ပါ...ပေးပို့တဲ့ဖုန်းကအာ့လိုလုပ်ပြီးတာနဲ့ တခြားအာ့ feature ပါတဲ့ဖုန်းတွေမှာ device nearby share ဆိုပြီး noti သွားဝင်ပါမယ် လက်ခံမယ့်ဖုန်းက အာ့စာကိုဝင်ကြည့်တာနဲ့ ပို့တဲ့ဖုန်းမှာသွားပေါ်တယ် ပို့မယ်ဖုန်း ဟုတ်တယ်ဆို အာ့ဖုန်းကိုနိတ်ရင် share တဲ့ဖိုင်က အာ့ဖုန်းကို ပို့ပါမယ်
လက်ခံမယ့်ဖုန်းက access လုပ်ပေးလိုက်ရပါမည်.....noti barမှာရှိတဲ့ near by ကို အဖွင့်အပိတ်လုပ်စရာမလိုပါဘူး near by နဲ့share လုပ်ရင် တစ်ခြားဖုန်းတွေမှာ auto noti သွားတက်ပါတယ် ဝင်ကြည့်မှ share တဲ့ဖုန်းမှာ ကိုယ့်ဖုန်းအမျိုးအစားသွားပေါ်တာပါ....
⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
💠ဖုန်းနှင့်Tv ချိတ်ဆတ်လိုသူများ
1️⃣smart view ဖြင့်ချိတ်ဆတ်ခြင်း...
ဖုန်းမှsmartview ကို ဖွင့်ပါ ...
Ph to other device မှာ tv ရဲ့ name ကိုရှာပါ
Tv က smart tv ဖြစ်ရပါမယ် (led /lcd flat tv ဖြစ်တိုင်းsmart tv မဟုတ်ပါ) tv မှာ wifi ,bluetooth ပါရပါမယ် youtube facebook app တွေသုံးလို့ရနေရပါမယ် tv setting မှ screen mirroring ကိုဖွင့်မှဖုန်းမှာသွားပေါ်မှာပါ ဖုန်းမှာtv name ပေါ်လာရင် နိတ်ပြီချိတ်ပါ ခနစောင့်ပါ ...tv မှာဖုန်းရဲ့ မျတ်နှာပြင်အတိုင်းပေါ်လာပါလိမ့်မည်
Smart tv မဟုတ်တဲ့tv တွေကတော့ USB ပေါက်ပါရပါမယ်SCREEN MIRRORING ဆိုတဲ့ USB Deviceလေးဝယ်ရပါမယ်
2️⃣samsung DeX mode ဖြင့်ချိတ်ဆတ်ခြင်း
Type c to hdmi cable (or) ကြားခံပစ္စည်း လိုအပ်ပါတယ် (techno land ဆိုင်/computer အပိုပစ္စည်းဆိုင်မှာ ရှာဝယ်နိုင်ပါတယ်)tv နဲ့ ဖုန်းချိတ်ဆတ်ပြီးလျှင် ဖုန်း noti bar မှ dex ကိုဖွင့်ပါ tv နဲ့ချိတ်ပေးပါလိမ့်မည်
💠Laptop 💻/computer 🖥 ဖြင့် ချိတ်ဆတ်ခြင်း
1️⃣screen mirroring နဲ့ချိတ်လို့ရပါမယ်
သက်ဆိုင်ရာ applications လိုပါမယ် or အာ့feature ပါတဲ့ device ဖြစ်ရပါမယ်
2️⃣dex mode နဲ့ကတော့မစမ်းကြည့်ဖူးသေးပါ
3️⃣link to window နဲ့ချိတ်လို့ရပါမယ်
Laptop/pc မှာ Microsoft မှထုတ်ထားတဲ့ linkphone app လိုပါတယ် pc မှ linkphone app ကိုဖွင့် ပေါ်လာတဲ့ထဲက QR Code ကို ဖုန်းမှlink to window နဲ့ ဖတ်ပြီးချိတ်ဆတ်နိုင်ပါတယ်.....
⛔⛔⛔⛔⛔⛔⛔⛔⛔
Credit
သိန်း ၃ ထောင်တန်တဲ့ ကားပျံကို ရောင်းပြီ
========================
Samson Sky ဟာ ကားပျံကို တီထွင်နေတာ ၁၄ နှစ် ရှိပြီ ဖြစ်ပြီး အခုတော့ ကြိုတင် ရောင်းချပေးလိုက်ပါပြီ။ ကားပျံရဲ့အမည်က Samson Switchblade ဖြစ်ပြီး ဘီး ၃ ဘီး တပ်ဆင်ထားပါတယ်။ တောင်ပံတွေက Swiss Army Knife နဲ့ တူတဲ့အတွက် Switchblade လို့ အမည်ပေးထားတာ ဖြစ်ပြီး ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ တောင်ပံတွေကို ခေါက်ချိုးနိုင် ဆန့်ထုတ်နိုင်ပါတယ်။
ကားလို မောင်းနှင်နိုင်သလို လေယာဉ်လို ပျံသန်းနိုင်ပါတယ်။ လေယာဉ်လို သုံးမယ်ဆိုရင် အမြန်ဆုံး အနေနဲ့ ၁ နာရီကို မိုင် ၂၀၀ မောင်းနှင်နိုင်ပြီး အမြင့်ပေ ၁၆,၅၀၀ အထိ ပျံသန်းနိုင်ပါတယ်။ ကုမ္ပဏီက Skybrid နည်းပညာပါတဲ့ Samson 190 HP Liquid-cooled Three-cylinder Engine တပ်ဆင်ထားတယ်လို့ ပြောပါတယ်။
ကားပျံအတွင်းပိုင်းကို သားရေ၊ ကော်ဇော၊ သတ္တု၊ သစ်သား၊ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး စတီရီယို စပီကာနဲ့ Heads-up Display တွေ တပ်ဆင်ထားပါတယ်။
ကားပျံကို ဒေါ်လာ ၁၅၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၃ ထောင်ကျော် တန်ကြေး ရှိပါတယ်။ ကားပျံကို ဝယ်ယူချင်သူတွေဟာ Waiting List မှာ စာရင်းပေးသွင်းထားနိုင်ပါပြီ။
Ref : startupselfie
်းပညာက_ကမ္ဘာကြီးကို_စိုးမိုးတော့မှာလား
စီမံခန့်ခွဲရေးဂုရုကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ Peter Drucker က ၁၉၅၉ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ်မှာ knowledge worker အကြောင်း ရေးပြထားခဲ့တယ်။ knowledge worker ဆိုတာ ဉာဏ်ပညာသုံးပြီး အလုပ်လုပ်တဲ့ လူတွေကို ခေါ်တာပါ။ ၂၁ ရာစုနှစ်မှာ သူတို့ဟာ ခွန်အားသုံးပြီး အလုပ်လုပ်သူတွေကို ခြိမ်းခြောက်လိမ့်မယ်တဲ့။ တကယ်လည်း ဟုတ်ပါတယ်။ အခုခေတ်မှာ ခွန်အားသုံးအလုပ်လုပ်သူဟာ knowledge worker ရတဲ့ လစာဝင်ငွေထက် အလွန်နည်းတဲ့ လစာကိုပဲ ရပါတော့တယ်။
အခုတစ်ဖန် ခေတ်စားလာတဲ့ စကားက AI ဟာ knowledge worker တွေကို ခြိမ်းခြောက်နေပြီတဲ့။ ChatGPT ဆိုတဲ့ AI နည်းပညာကို ရည်ညွှန်းလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပေါ်လာခဲ့တာပါ။
တကယ်လို့ သင်ဟာ ယနေ့ခေတ်နည်းပညာတွေနဲ့ ကင်းကွာမနေဘူးဆိုရင် AI နည်းပညာနဲ့ ပန်းချီကားကို ဖန်တီးရေးဆွဲနိုင်တယ်၊ စာတွေရေးနိုင်တယ်ဆိုတာ သိမှာပါ။ Stable Diffusion ဆိုတဲ့ application နဲ့ ပျက်စီးနေတဲ့ ဓာတ်ပုံဟောင်းတွေကို ပြင်ပေးတာ၊ စာရိုက်ပြီး လိုချင်တဲ့ ပုံဆွဲခိုင်းတာစတာတွေလုပ်နိုင်တဲ့ AI နည်းပညာပေါ်နေခဲ့တာ ကြာပါပြီ။
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ပေါ်လာခဲ့တဲ့ ChatGPT ဟာ AI နည်းပညာအသစ်ပါ။ Chat ဆိုတာ စကားပြောတာ၊ GPT ဆိုတာ Generative Pre-trained Transformer ပါ။ ဒီနည်းပညာဟာ လူတွေမေးခွန်းမေးတာကို ပြန်ဖြေပေးတဲ့ Siri နဲ့ Chatbot နည်းပညာတွေထက် အများကြီးသာပါတယ်။ အဲဒါတွေဟာ မေးခွန်းတစ်ခုမေးရင် အဖြေတစ်ခုပဲ ပေးတယ်။ ChatGPT ကတော့ မေးခွန်းမေးရင်ဖြစ်ဖြစ် အကြံတောင်းရင်ဖြစ်ဖြစ် အကြံပေးနိုင်တယ်။ သုံးသပ်ဝေဖန်ချက် ပေးနိုင်တယ်။ ပညာဉာဏ်တော်တဲ့ သင့်သူငယ်ချင်းတစ်ယောက်က သင့်ကို အကြံပေးသလို စကားပြောပေးလိမ့်မယ်။ ChatGPT ပေါ်ပြီး သီတင်းပတ်အနည်းငယ် အကြာမှာ အဲဒါနဲ့ရေးထားတဲ့ စာအများအပြားကို အွန်လိုင်းမှာ တွေ့လာရတယ်။
လောလောဆယ်မှာ ဒီနည်းပညာဟာ သိပ်အဆင့်မမြင့်သေးပေမယ့် မကြာခင်မှာ သင့်အတွင်းရေးမှူးလုပ်တဲ့အလုပ်တွေ၊ ရှေ့နေတစ်ယောက်ရဲ့ဥပဒေဆိုင်ရာ အလုပ်တွေ၊ စာရေးဆရာတွေအတွက် ဝတ္ထုရေးတာစတာတွေကို အစားထိုးလာနိုင်တယ်။ (ဦးနှောက်သုံးစရာမလိုပဲ ChatGPT နဲ့ စာရေးတဲ့ စာရေးဆရာတွေ ပေါ်လာလိမ့်မယ်)။ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း စိုးရိမ်လာနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေကို အိမ်စာလုပ်ခိုင်းလိုက်ရင် သူတို့ဟာ ကိုယ်ပိုင်ဉာဏ်မသုံးဘဲ ChatGPT သုံးကြမှာကို စိုးရိမ်လို့ပါ။
မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံက မူပိုင်ခွင့်ပြုချက်ပေးတဲ့ ရုံးက ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့တယ်။ စာရေးဆရာကိုယ်တိုင်ရေးထားတဲ့ စာမူကိုပဲ မူပိုင်ခွင့်ပေးမယ်၊ AI နည်းပညာနဲ့ရေးထားတဲ့ စာမူတွေကို မူပိုင်ခွင့်မပြုပါတဲ့။ ဒါပေမဲ့ လူဦးနှောက်နဲ့ရေးတဲ့စာလား၊ AIဦးနှောက်နဲ့ရေးတဲ့စာလားဆိုတာ ခွဲခြားရအလွန်ခက်တဲ့ အချိန်ရောက်လာပါတော့မယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတယ်။ အင်ဂျင်စက်တွေပေါ်လာတော့ စက်မှုတော်လှန်ရေးခေတ်၊ ကွန်ပျူတာတွေပေါ်လာတော့ နည်းပညာခေတ်တွေဖြစ်လာခဲ့ကြတယ်။ မကြာခင် AI ခေတ်ရောက်လာတော့မှာ မလွဲပါ။
၁၁-၁-၂၀၂၃ ရက်နေ့ထုတ် စင်္ကာပူ The Straits Times သတင်းစာမှ "AI-generated content is taking over the world. But who owns it?" ဆောင်းပါးကို မှီးရေးထားတာပါ။
ဆရာ ဗန်းမော်သိန်းဖေ ရေးသားထားပါတယ် 🙏
60%off Ph: 099 8585 6161
လူကြီးမင်းတို့အနေနဲ. IT ပစည်းတွေကို စမတ်ကျကျ အသုံပြုနိုင်ပြီး ညောင်ညာ ခြင်းလည်း သက်သာစေဖို့ နှစ်သစ်ကူး အနေနဲ.
CEO chair များကို ပြင်ပ ပေါက်စျေး ထက် 60% လျော့ချ ပြီးဘယ်မှာမှ မရနိုင်တဲ.စျေးနဲ.ရောင်းချပေးသွားမှာပါ...
ရုံမျာ သုံဖို့ပဲ ဖြစ် ဖြစ် အိမ်မှာသုံဖို့ပဲဖြစ် ဖြစ် လူကြီးမိဘတွေကို သက်တော့သက်သာ ထိုင်စေဖို့ပဲဖြစ် ဖြစ် သင့်တော်ပါတယ်
ဒိီတစ်ကြိမ်ပဲရောင်းချပေးသွားမှာဖြစ်ပါတယ်
လက် ရှိပေါက်စျေး များကိုပြင်ပ Funiture ဆိုင်များမှာ စုံစမ်းနိုင်ပါတယ်
D082 အတွက် စုစု ပေါင်း 17 လုံး In stock ဖြစ်ပါတယ်
D081 အတွက် စုစုပေါ 13 လုံး In Stock ဖြစ်ပါတယ်
လူကိုယ်တိုင်လာရောက်ကြည့်ရှူလိုသူများအနေနဲ. လိပ်စာ ကို
CB သို့မဟုတ် ဖုန်းနံပါတ် ၀၉၉ ၈၅၈၅ ၆၁၆၁ ကို ဆက်သွယ်နိုင်ပါတယ်
ပုံ အသေးစိပ်ကို comment မှာ တင်ပေးထားပါတယ်
ဥိီးရသူ စနစ် ဖြစ်သောကြောင့် အရင်ဆက်သွယ်လာသူများကို ဥိိီးစားပေးရောင်းပေးသွားမှာဖြစ်ပါတယ် ....
●●●●●ဒိီတစ်ကြိမ်ပဲနော်●●●●●●●●●
#09985856161
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
11242