ACT Engineering Training Center

ACT Engineering Training Center

23/11/2023

■ Construction, ACMV အင်ဂျင်နီယာ နဲ့ 5 M's Management

Construction ပ​ရောဂျက်ကြီးတခု​ ​ဆောင်ရွက် ပြီဆိုရင် အဖွဲ့ ​တွေ အများ ကြီး အတူတူ လုပ်​ဆောင်ရပါတယ်။ စလုံး မှာ​တော့ Construction project ကြီး တခု ရဲ့ တန်ဖိုး လို့ ​ပြောရင် ​​ဒေါ်လာ သန်း ၁၀၀ ကျော်​က​နေ ၁၀၀၀ ​ကျော်​လောက်ထိ ရှိပါတယ် ။

အဲ့​လောက် တန်​ကြေး ရှိတဲ့ ပ​ရောဂျက်​တွေ ​​ဆောင်ရွက်ဖို့ Project Director ​တွေ Manager ​တွေ Engineer ​တွေ Supervisor ​တွေ Workers ​တွေ အားလုံး အတူတူ ​ဆောင်ရွက်ကြရတယ် ။

အဲ့လို လုပ်​ဆောင်ကြတဲ့ ​နေရာ မှာ စီမံခန့်ခွဲ မှု management ဆိုတာ အ​ရေး ပါလာတယ် ။

Contractor မှာ အလုပ်လုပ်တဲ့ ACMV အင်ဂျင်နီယာ တ​ယောက်အ​နေနဲ့ ​ရော ဘာ​တွေ ကိုစီမံခန့်ခွဲ ရမလဲ ဆိုတာ ဆက် ပြီး ဖတ်ကြည့် ရ​အောင် ဗျာ ။

5M လို့ အတို​ကောက် မှတ်ထားလို့ ရတဲ့ Man, Material, Method, Machines and Money ရယ် ဆိုတာ​တွေ ကလည်း ပ​ရောဂျက်​ မှာ ACMV အင်ဂျင်နီယာ တ​ယောက် management လုပ်ရမယ့် အရာ​တွေပဲ ဖြစ်ပါတယ် ။

Manpower ဆိုတာက​တော့ဟုတ်ပါဘီ ။ ACMV အင်ဂျင်နီယာ ရဲ့ ​အောက်မှာ ရှိတဲ့ Piping, Ducting, Electrical အလုပ်​တွေ ကို လုပ်​ပေးမယ့် supervisor ​တွေ worker ​တွေ ကို လုပ်ကွက် ​ပေးတက်ရမယ် ။ သတ်မှတ် ထားတဲ့ construction schedule နဲ့ work done ကိုလိုက်ပြီး Manpower အ​နေအထားကို သုံးသပ် နိင်ရမယ် ။ ဒါမှသာ project ရဲ့ schedule ကို အမှီလိုက်နိင်မှာ မလား ။

Materials ဆိုတာ က​တော့ sub con တိုင်း ကွန်ပလိန်း တက်တဲ့ အရာ ပဲ ။
လုပ်ကွက် ​ပေးတက်ဖို့ ဆိုတာ materials ကိုလည်း ဆိုဒ် ထဲအ​ရောက် ​ပေးထားနိင်ဖို့ procurement, delivery schedule ​တွေ storage plan ​တွေလုပ်ရတာ လဲ အင်ဂျင်နီယာပါပဲ ။ ဥပမာ MV fans တလုံး တပ်ဆင်မယ် ဆိုရင် fans တခုထဲရှိ​နေလို့ မရဘူး ။ လိုအပ်တဲ့ accessories ​တွေ ဖြစ်တဲ့ vibration isolator ​တွေ silencer ​တွေ ကိုလည်း အဆင်သင့် ဆိုဒ်ထဲ မှာ ​ရောက်​နေ​အောင် စီမံ ​ပေးရမှာလည်းACMVအင်ဂျင်နီယာပါပဲ ။

Method ဆိုတာ က​တော့ပိုပြီး ကျယ် ပြန့် ပါတယ် ။ Construction ဆိုတာ က Civil, Archi, MEP ဆိုပြီး ရှိတာကိုး ။ ACMV က MEP ​အောက်မှာ ရှိတာ ဆို​ပေမယ့် တခြား trade ​တွေနဲ့ လည်း ညှိပြီး ​လုပ်ရမှာပါ ။ Civil ရဲ့ slab casting schedule ​တွေ Archi ရဲ့ room Requirement ​တွေ ကိုလိုက် ပြီး Coordination Drawings ​တွေ slab penetrations ​တွေ shop Drawings ​တွေ ထုတ်ရမယ် ။

Method statement နဲ့ work safety procedure ​တွေ ကိုလည်း ပြင်ဆင်ပြီး အလုပ်သမား​တွေနားလည်​ပြီး လိုက်နာ​အောင် ရှင်းပြ​ပေးရမယ် ။ ဥပမာ chilled water pipe ကို install လုပ်ပြီးမှ ​ဆေးသုတ်မယ့် အစား installation အရင်လုပ်မယ့် Pipe ​တွေကို ​မြေပြင်မှာ အရင်​ဆေးသုတ်ပြီး မှ တပ်ဆင်ဖို့ စီမံ ​ပေးတာ က ပိုပြီး အဆင်​​ပြေပြီး အလုပ်တွင်ပါတယ် ။ ​နောက်ပြီး တပ်ဆင်မယ့် Equipment ​တွေကို တပ်မယ့် ​နေရာ အနီး မှာ storage လုပ်​ပေးထားတာ ။

Pipe Pressure Test လို Internal test plan ​တွေ Inspection ​တွေ ကိုလည်း ပြင်​ပေးရမယ် ။ T&C plan and schdule ကိုလည်း ပြင်​ပေးရမယ် ။

Pre frabication ​တွေ ကြိုစီစဥ် ထားတာ စတဲ့ အချက်​တွေ အားလုံး ဟာ ACMV အင်ဂျင်နီယာ ရဲ့ စီမံ ခန့်ခွဲ မှု method ​တွေပါပဲ ။

Machine ဆိုတာက​တော့ ကိုယ့် ရဲ့ အဖွဲ့ ​တွေ အလုပ်လုပ်​နေတဲ့ Tools ​တွေ Machine ​တွေ ကို ​ကောင်းမွန်​နေ​အောင် စီမံ ​ပေးရမယ် ။

အထပ်မြင့်​တွေ ဆို Equipment ​တွေပိုဖို့ Tower Crane ​Schedule ​တွေ စီစဥ် ​ပေးရတာ စသဖြင့်​ပေါ့ ။

အမြင့်မှာ အလုပ်လုပ်ဖို့ ဆိုရင်လည်း scafold ​တွေ scissor lift ​တွေ လို စတဲ့ လိုအပ်ချက်​တွေ ကိုလည်း ကြိုတင်စီစဥ် ​ပေးထားရမယ် ။

Money - ပ​ရောဂျက်​တွေ လည်ပတ်ဖို့ cash flow က အဓိကပါပဲ ။ Procurement အဆင့်မှာ ပဲ ဖြစ်ဖြစ် Construction အဆင့်မှာ ပဲ ဖြစ်ဖြစ် အင်ဂျင်နီယာ ​တွေက project cost ကို သက်သာ ​အောင် လုပ်​ပေးနိင်တယ် ။ Procurement stage မှာ ဆိုရင် alternative materials ​တွေ နဲ့ value engineering လုပ်​ပေးနိင်တာ​တွေ ၊ project equipment spec ​တွေ ကို ​ကောင်း​ကောင်း နားလည်ပြီး​တော့ တိတိကျကျ suppliers နဲ့ ညှိနိင်း နိုင်တာ ၊ materials delivery schedule ​တွေ တိတိကျကျ လုပ်​ဆောင်ပြီး​တော့ အပိုကုန်မယ့် storage ကုန်ကျစရိတ် ​တွေ ​လျော့ ချနိင်တာ​တွေ က အင်ဂျင်နီယာ တ​ယောက်ရဲ့ တာဝန် ​တွေပါပဲ ။

Construction Stages မှာ ဆိုရင်လဲ support ​တွေ​ပေါင်းပြီး install. လုပ်တာ​တွေ ၊ မတပ်ဆင်မှီ pre fabrication ကြိုလုပ်ထားနိင်တာ​တွေ ၊ scope of works ​တွေကို ​ကောင်း​ကောင်း နားလည်ပြီး တခြား Trade​ တွေနဲ့ ကြိုတင် ညှိနိင်းထားပြီး redo works ​တွေ ​လျော့ ချနိင်တာ​တွေ အားလုံးဟာ ၊ work progress ကိုလည်းသိထားပြီး VO ​တွေ payment claim ပြင်​ပေး ရတာ​တွေ အားလုံးဟာ အင်ဂျင်နီယာ စီမံ ခန့်ခွဲ မှုပါပဲ။

ဒီအချက် ​တွေက​တော့ construction အလုပ်ထဲ ​ရောက်လာမယ့် ACMV အင်ဂျင်နီယာ​တွေ ​တွေ့ ကြုံရမယ့် 5M management အပိုင်း​လေး​တွေပါပဲ ။

တကယ်လို့များ အလုပ် အင်တာဗျုး မှာ ACMV အင်ဂျင်နီယာ
တ​ယောက်အ​နေနဲ့ မင်းဘာလုပ်တက်လဲ ​မေးခံ ရရင် ဒီ​ကြောင်း​လေး​တွေပဲ ​ပြောပြ​ပေး လိုက်ပါ ။

ကျ​နော် တုန်းက​တော့ အလုပ်ဖြစ်တယ် ဗျ ။

Photos from ACT Engineering Training Center's post 05/11/2023

■ အဲကွန်း အခန်းတွင်း​လေသန့်ရှင်းမှု နဲ့ အဲကွန်း ​ရေသီးခြင်း (Condensation) အ​​​ကြောင်း

ကျ​နော်တို့ အိမ်မှာ တပ်ဆင်ထားတဲ့ အဲကွန်း မှာ ရေသီး​ရေ​ပေါက် ​လေး​တွေ ဖြစ်လာတာ ​ကြုံဘူး ကြမှာပါ ။ အဲ့ဒီ ​ရေသီး ​ရေ​ပေါက်​လေး​တွေ ဟာ အချိန်ကြာလာရင်ဖုန် ​တွေ နဲ့ ​ရောပြီး အဲကွန်းအတွင် မှို ​တွေ ကို ဖြစ်​စေပြီး အခန်း တွင်း ​လေသန့်ရှင်း မှု ကို ထိခိုက်​စေနိင်ပါတယ် ။

အဲကွန်း ရဲ့ condensation ကို ဖြစ်​စေနိင်တဲ့ အဓိကအချက် ၅ ချက် ရှိပါတယ် ။

ပထမ ဆုံး အချက်က - အဲကွန်းတပ်ဆင်မယ့် အခန်း ရဲ့ ပတ်ဝန်းကျင်​လေထုပါပဲ ။
​ပတ်ဝန်းကျင် ​လေထု ဆိုတာ အခန်း အပြင်ဘက်ရာသီဥတု ကိုသိထားဖို့ လိုပါတယ် ။ အပူချိန် (Temperature) လို့ ​ပြောလိုက်ရင် သာမိုမီတာနဲ့ တိုင်းတာလို့ ရတဲ့ အပူချိန် ဟာ
Dry Bulb Temperature လို့ သတ်မှတ်ပါတယ် ။ ​လေထုထဲမှာ ပါဝင်တဲ့ ​စိုထိုင်းမှု အပူချိန် Wet Bulb Temperature ကို သိချင်တယ် ဆိုရင်​တော့ Sling thermometer နဲ့ တိုင်းတာ ရပါတယ် ။

​လေထု နဲ့ ရာသီဥတု အ​ခြေအ​နေ ​တွေ က မတူကြတဲ့ အချိန်မှာ တွက်ချက်မှု ​တွေ လုပ်နိင်ဖို့ အတွက် အဲကွန်း အင်ဂျင်နီယာ ​တွေရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် အ​မေရိကန် အင်ဂျင်နီယာ Will carrier က Dry air ရဲ့ စံသတ်မှတ်ချက်တခုကို 1904 မှာတီထွင်ခဲ့တယ် ။

အဲ့ဒီစံသတ်မှတ်ချက်ဖြစ်တဲ့ Psychrometric Chart က​တော့ အဲကွန်း ဒီဇိုင်း ​တွေအတွက် အခြခံပါပဲ ။

ဒီ​နေ့ အချိန် မှာ​တော့ psychrometric chart ကို အွန်လိုင်း calculator ​လေး ​တွေ App ​လေး​တွေ နဲ့ အလွယ် တကူ ကြည့်လို့ ရ​နေပါဘီ ။

အခန်းမှာ ​(Condensation)ရေသီးတဲ့ ပြသနာဟာ​ အ​​ကြောင်း ​ပြောမယ် ဆိုရင် ​နေပြည်​တော် ​ဘောလုံး ကွင်း တည်​ဆောက်တုန်းက ကျ​နော့် သူငယ်ချင်း တ​ယောက် ကြုံခဲ့ ရတဲ့ ပြသနာ​လေး ရှိတယ် ။ VIP ပွဲကြည့် စင် က အခန်း ကို မှန်​တွေ နဲ့ အပြည့် တပ်ပြီး အဲကွန်း ကိုလည်း ရှယ်​အေး ​နေ​အောင် တပ်ထားတာ ။ ဒါ​ပေမယ့် ဦး​ဇော်​ဇော် တို့ ​ဘောလုံးပွဲလာကြည့် တဲ့ ​နေမှာ မှ အဲ့ဒီ မှန် တချက်လုံး ​condensation ဖြစ်ပြီးရေ​တွေ သီးပြီး ​ဘောလုံးပွဲ ကို ဝါးတားတား ပဲ ကြည့် ရ​တော့တယ် ။

ဘာ​ကြောင့် condensation ဖြစ်တာလဲ ဆိုတာ psychrometric ​ပေါ်မှာ ကြည့်လိုက်လို့ ရတယ် ။ အဲ့ဒီ အချိန် မှာ ပြင်ပ အပူချိန် က 35 DB နဲ့ 70 RH ​လောက် ရှိတယ် ။ သူရဲ့ condensation ဖြစ်မယ့် dewpoint temperature က 28.69 C ပဲ ရှိတယ် ။ ​အောက်ကပုံမှာ psychrometric calculator နဲ့ ပြထားပါတယ် ။

အခန်းရဲ့ အပူချိန် ဟာ 20 C ​လောက်ရှိတဲ့ အချိန်မှာ အခန်းမှာ တပ်ထားတဲ့ မှန်ရဲ့ အပြင်မျက်နှာပြင် အပူချိန် ဟာ dew point ဖြစ်တဲ့ 28.69 C ထပ်နိမ့် ​နေတဲ့ အတွက် condensation ဖြစ်လာတာပါ ။ ​

နောက်တချက်က အဲကွန်း အခန်း ရဲ့ ပြတင်း​ပေါက်​တွေ ဖွင့် ထား ရင်လည်း အခန်းတွင်းကို ပြင်ပ​လေ​တွေ ဝင်လာပြီး​တော့ air grilles ​နေရာ​တွေ မှာ condensation ဖြစ်နိင်ပါတယ် ။

ဒါက​တော့ ပြင်ပ ​လေထု​​ကြောင့် condensation ဖြစ်​စေတဲ့ အချက်တချက် အ​​ကြောင်း ပါပဲ ။ ​​

နောက်တချက်က တပ်ဆင်မယ့်အဲကွန်း အမျိုးအစားနဲ့ သက်ဆိုင်တဲ့ အချက်ပါပဲ ။ ကျ​​နော် တို့ အိမ်ခန်း ​တွေ မှာ တပ်ဆင်ကြတဲ့ အဲကွန်း ​တွေ ထဲ က အပူဖလှယ်​ပေးတဲ့ Refrigerant က အ​​​​ကြောင်း အမျိုးမျိုး​ကြောင့် ​လျော့ နည်း လာဘီဆိုရင် အပူ ဖလှယ်မှု (Heat Exchange) ​လျော့ နည်းလာပြီး​တော့ Indoor ရဲ့ evaporator coil မှာ ​condensation ဖြစ်ပြီး ​ရေခဲ အမှုန်​လေး​တွေ ​တွေ့ရမှာ ပါ ။

အဲ့လိုဖြစ်လာဘီ ဆိုရင် အဲကွန်း ဆားဗစ် အဖွဲ့ ​ခေါ် ပြီး စစ်​ဆေး သင့်​နေပါဘီ ။

Condensation ဖြစ်လာနိင်တဲ့ နံပါတ် ၃ အချက်က​တော့ အဲကွန်း ​လေ​အေး ​တွေ ကိုလမ်း​​ကြောင်း ပိတ် ထားသလို ဖြစ်ပြီး လိုအပ်တဲ့ ​လေပမာဏ မရလို့ပါပဲ ။ Ducted Unit Type ​တွေ မှာ အဖြစ်များပါတယ် ။

​နောက်ထပ် နံပတ် ၄ အချက်က Air Filter နဲ့ Evaporator Coil ​တွေ မှာ ဖုန်​တွေ ပိတ် ဆို့ ​နေရင်လည်း Condensation ဖြစ်မှာ ပါ ။

​နောက်ဆုံး နံပါတ် ၅ အချက်က​တော့ အဲကွန်းရဲ့ drain pipe ပိတ်ဆို့ ​နေခြင်း ကလည်း အဲကွန်း အတွင်း condensation ဖြစ်​စေနိင်ပါတယ် ။

ဒီအချက် ၅ ချက် က​တော့ အဲကွန်းတပ်ဆင်မယ့်သူတွေ အသုံးပြုသူ​တွေ သတိထားသင့်တဲ့ Condensation ပြသနာဖြစ်​စေတဲ့ အချက်​တွေပဲ ဖြစ်ပါတယ် ။

Photos from ACT Engineering Training Center's post 10/10/2023

Anti Condensation Grilles.

Photos from ACT Engineering Training Center's post 07/10/2023

ACMV နည်းပညာ ​တွေ ဘယ်လိုပဲ ​ပြောင်းသွား​ပေမယ့် အ​ခြေခံ သ​ဘောတရား​တွေ က​တော့ မ​ပြောင်းလဲပါဘူး ။

အင်တာနက်မှာ အဲ့အ​ခြေခံတွေကို တွက်ဖို့ App ​လေး​တွေ နဲ့ အလွယ် တကူ ​လေ့လာနိင်တယ် ။

Daikin က ထုတ်ထားတဲ့ Mcquay Duct Sizer, Pipe Sizer, Acoustic Analyzer ,Psychrometric Analyzer စတဲ့ App ​လေး​တွေ ။

ASHARE ရဲ့ Duct Fittings Losses Database လိုမျိုး​တွေ ကို​လေ့လာ နိင်ပါတယ် ။

Photos from ACT Engineering Training Center's post 30/08/2023

■ ACMV အင်ဂျင်နီယာ​တွေ အတွက် Fans Blower Selection ​တွေကို ​လေ့လာ ချင်ရင် system air ဝက်ဆိုဒ် မှာ ​ဆော့ဝဲလ်​တွေ free ​ပေးထားတာကို စမ်းကြည့်လို့ ရတယ် ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Address


Yangon

Other Trade Schools in Yangon (show all)
Zay Ya Theikdi Maritime Training Centre - ZYT MTC Zay Ya Theikdi Maritime Training Centre - ZYT MTC
မြန်မာ့ဂုဏ်ရည်လမ်း၊သာကေတစက်မှုဇုံ။
Yangon, 11231

Maritime Training Centre

Shin Rai International Vocational Institute Shin Rai International Vocational Institute
No. 150 B, New University Avenue Road, Bahan Township
Yangon, 11201

To human resources that meet international standards; to meet domestic demand and export internati

Thiha Electrical Engineering Thiha Electrical Engineering
1278 A , Tu Zi Thar 4 Street , 2 Quarter , North Okkalapa
Yangon, NORTHOKKALAPA 11031

electrical , wiring , piping , drawing ... etc ....

Gayunar Ahlin Vocational Training Center Gayunar Ahlin Vocational Training Center
No (58), Hledan Road, Kamayut Township
Yangon, 11041

AATC Air-conditioning Training Center AATC Air-conditioning Training Center
No. 28, Mya Khwar Nyo Housing (Aung Kaung Kyaw), Ayarwon Road, Tharkayta Township
Yangon, 11231

Our Course provides a simple understanding of Air-conditioning fundamentals for you.

Shin Rai International Institute Shin Rai International Institute
No. 150 B, New University Avenue Road, Bahan
Yangon, 11201

Shin Rai International Institute is the first vocational institution recognized by the Government of

Heaven Gate VSLTC Heaven Gate VSLTC
Palae Kyun Street
Yangon

စက်မှုလက်မှုနှင့်ကျွမ်းကျင်အသက်မွေးလုပ်ငန်းဆိုင်ရာသင်တန်းများကိုပို့ချပေးနေပါသည်။

Handi Handi
Yangon

အသက်မွေးဝမ်းကျောင်းပညာများ ပို့ချပေးနေသော သင်တန်းကျောင်း

Burma Vocational College Burma Vocational College
(36), Mya Sabe Street, 24 Ward, South Dagon Township
Yangon, 11433

Build Better Future

Fancy House Academy Fancy House Academy
56 B Kabar Aye Pagoda Road, (Opposite Side Of Chan Myae Yeik Tha Meditation Center), Yankin Township
Yangon, 11081

Our Academy aims to provide the highest level of hair, beauty and nail education in the country. -

Kaung Myat Business Advisor - Forex Kaung Myat Business Advisor - Forex
Botahtaung Pagoda Road, Myanmar, Burma (Myanmar)
Yangon

Forex Trading Advisor

Hype Think Language Academy Hype Think Language Academy
V49J+382, Kyaik Waing Pagoda Road
Yangon, 11061

Hype Think Language Academy is a branch of Hype Think that aims to provide quality education.