Lumbini Academy
Lumbini Academy
Nearby schools & colleges
Sayar Thant Zin
Sayar Thant Zin
Thamadi 4Th Street
Lumbini Academy is a K-12 private bilingual school in Yangon, Myanmar.
04/04/2022
♦️♦️♦️၂၀၂၂ -၂၃ ပညာသင်နှစ်အတွက်
Lumbini Academy ရန်ကုန်တွင် အောက်ဖော်ပြပါ သင်ကြားရေးဆရာ/ဆရာမများခန့်ထားရန်ရှိပါသည်။
၁။ Primary teachers
၂။ Secondary teachers
၃။ IGCSE O Level teachers
- Economic
- Business
- Accounting
၄။ Computer Teachers for primary
၅။ PE Teachers
၆။ Art Teachers
♦️♦️♦️ အမှတ်စဉ် (၁) နှင့် (၂) အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ(သို့) ပညာရေးတက္ကသိုလ် ဘွဲ့ရရှိထားသူ၊ သင်ကြားရေးအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
- English ဘာသာဖြင့် ဆက်သွယ်ပြောဆိုနိုင်ရပါမည်။ TESOL, ELT, ELTM, TKT လက်မှတ်ရရှိထားရပါမည်။
- ကလေးချစ်တတ်သူ၊ အရွယ်အလိုက် ပညာရေးစိတ်ပညာကို နားလည်သူဖြစ်ရပါမည်။
- မိမိ၏ပညာရှင်ဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် စဉ်ဆက်မပြတ်လေ့လာနိုင်သူဖြစ်ရပါမည်။
- ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုတတ်ရပါမည်။
♦️♦️♦️အမှတ်စဉ် (၃) IGCSE O Level ဘာသာရပ်သင်ဆရာများအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် M.Sc, M.A/P.hd ရရှိထားသူများ ဖြစ်ရပါမည်။
♦️♦️♦️အမှတ်စဥ် (၄)၊(၅)၊ (၆) များအတွက် သက်ဆိုင်ရာဘာသာရပ်သင်ကြားရေးကျွမ်းကျင်သူနှင့် အတွေ့အကြုံရှိသူများဖြစ်ရပါမည်/
♦️♦️♦️သင်ကြားရေးရာထူးအားလုံးအတွက် Online/On Campus သင်ကြားနိုင်ရပါမည်။
♦️♦️♦️လျှောက်ထားသူများအနေဖြင့် အလုပ်လျှောက်လွှာတွင် မိမိလျှောက်ထားလိုသည့် ရာထူးနေရာ ဖေါ်‌ပြကာ အောက်ဖော်ပြပါလိပ်စာသို့ လျှောက်လွှာများ ပေးပို့ခြင်းဖြင့်လည်းကောင်း၊ e-mail မှတဆင့်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
Lumbini Academy
အမှတ်(၂/က) ၊ သမာဓိ (၄) လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။
☎️ 09 785 654 545. 09 782 783 200
e-mail address: [email protected]
(လျှောက်လွှာတင်ရန်နောက်ဆုံးရက် April 17, 2022)
02/06/2020
ရက်စွဲ။ ။ ၂.၆.၂၀၂၀
မိဘများသိရှိစေရန်
- ပုံမှန်ကျောင်းများ ဇူလိုင်လ ၂၁ရက်နေ့စတင် ဖွင့်ရမည်ဟု အစိုးရကဆိုပါသည်။ ဇွန်၊ ဇူလိုင်တွင် အွန်လိုင်းမှ စသင်ပါမည်။ (စာမမေ့ရန် အကျင့်ရရန်) ဖြစ်ပါသည်။
*** ပုံမှန်ကျောင်းဖွင့်ရလျှင် ပုံမှန်အတိုင်းကျောင်းလည်းဖွင့်မည်။ အွန်လိုင်းနှင့်လည်း ပေါင်းစပ်သင်မည်။
- ကျောင်းဘယ်နှစ်ရက်တက်ရမည်ကို ယခုအချိန်၌ ယတိပြတ် မပြောနိုင်ပါ။ အစိုးရက မည်သို့ညွှန်ကြားမည်မသိ သောကြောင့်ဖြစ်ပါသည်။ သို့သော် နှစ်ချိန်ခွဲပြီး ကျောင်းတက်ရမည်ဆိုပါက (၃ ရက်ကျောင်းတက်၊ အွန်လိုင်း ၂ရက်) ဟုခန့်မှန်ထားပါသည်။ ဆရာ/ဆရာမများကတော့ ပို၍ အလုပ်လုပ် ရပါမည်။
- အွန်လိုင်းအစီအစဉ်ကို E – mail မှ ပို့ပေးပါမည်။
~ အွန်လိုင်းသင်ချိန်တွင် မိဘ (သို့မဟုတ်) ကလေးစောင့်ရှောက်သူ တစ်‌ယောက်‌ယောက်‌ရှိရန် လိုအပ်ပါသည်။
~ Laptop , Ipad , Smart Phone ရှိရပါမည်။ Laptop ရှိလျှင်ပိုကောင်းပါမည်။
*** အွန်လိုင်းအတွက် ကျသင့်ငွေပေးသွင်းရန် မလိုပါ။..................................................................................................
ကျောင်းအပ်နှံခြင်း / စာရင်းသွင်းခြင်းကို
- ဇွန်လ (၇)ရက် နောက်ဆုံးထားလုပ်ဆောင်ရပါမည်။
၁။ စာရင်းသွင်းခြင်း။
၂။ စာရွက်စာတမ်းကြေးပေးသွင်းခြင်း။ (ထို ၂ ခုလုပ်ရမည်)။
- ကျောင်းလခပထမအရစ်ကို ဇွန်လ - ပထမပတ် (သို့မဟုတ်) ဇူလိုင်လ - ပထမအပတ်အတွင်း၌ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပါသည်။
- ကျောင်းလခကို ၃ ရစ်ခွဲသွင်းရန်ရှိရာ အဆင်ပြေရန်အတွက် ပထမအရစ်ကိုတော့ ‌ပေးသွင်းရမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
လုမ္ဗိနီအကယ်ဒမီ
06/05/2020
School year 2020-21
School at Home Program
For unicode
မိဘများသို့
Covid-19 ကပ်ရောဂါ ကာကွယ်ရေးစီမံချက်များအတွက် အစိုးရ၏ထုတ်ပြန်ချက်များအရ Lumbini Academy ကျောင်း၏ ပုံမှန်ဖွင့်လှစ်သောအတန်းများအား ဇွန်လဆန်းတွင် ဖွင့်နိုင်မည်မဟုတ်ဟု ခန့်မှန််းချက် ထားပါသည်။ သို့ဖြစ်ပါသောကြောင့် ယခုအခါတွင် ကျောင်းသား၊ကျောင်းသူများ၏ သင်ကြား သင်ယူမှု ဆိုင်ရာအတွေ့အကြုံ အသစ်များ ရရှိနိုင်ရန်နှင့် ပုံမှန်အတန်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆက်စပ် လုပ်ဆောင်သင်ယူမှုများ ပိုမိုပြုလုပ်နိုင်ရန် စီမံဆောင်ရွက် လျှက်ရှိပါသည်။
မိမိတို့အနေဖြင့် ကလေးများအား မည်သည့်အခြေအနေအချိန်အခါတွင်မဆို သင်ယူမှုအတွေ့အကြုံ အသစ်များ ဖန်တီးလေ့လာသင်ယူနိုင်ရန် နှင့် ၂၁ရာစုပညာရေးစနစ်တွင် ဆန်းသစ်ရန်ပိုမိုလိုအပ်လာသော သင်ယူမှုဆိုင်ရာ နည်းနာများကို လက်တွေ့ပြုလုပ်ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ အတွေ့အကြုံမှ လေ့လာသင်ယူမှုပြုခြင်းသည် အကောင်းဆုံးသော နည်းလမ်းတခုဖြစ်သည့် အလျောက် ကလေးများအားလည်း ကိုယ်တွေ့ကိုယ်ကြုံ သင်ယူမှုများ ရစေလိုပါသည်။
ထိုအတွက်ကြောင့် ယခုလတ်တလော ပညာရေးဝန်ကြီးဌာန၏ ပြောဆိုချက်များ အပေါ်မူတည်ပြီး စာသင်ခန်းသင်ကြားရေးမှ အွန်လိုင်းစနစ်ဖြင့်သင်ကြားရေးသို့ School at Home Program ဖြင့် ယာယီစတင်ရန် ဆုံးဖြတ်ထားကြပါသည်။
ယခုအွန်လိုင်းသင်ကြားရေးအစီအစဉ်တွင် ကလေးများ၏ အသက်အရွယ်ဖွံ့ဖြိုးမှုနှင့်အညီသာ လုပ်ဆောင်ရမည့် စာသင်ချိန်များ နှင့် အင်တာနက်အသုံးပြုချိန် အကန့်အသတ်များကိုလည်း စီစဉ်ထားရှိပါသည်။
သို့ဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် School at Home Program စနစ်ဖြင့် သင်ကြားနေ သည့်ကာလများအတွက် နှုန်းထားများကိုလည်း သင့်တင့်မျှတသည့် နှုန်းထားကိုသာ ကောက်ခံသွားမည် ဖြစ်ပါသည်။ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် တက်ရောက်မည့် Lumbini Academy၏ ကျောင်းသား၊ ကျောင်းသူများထံသို့ School at Home Program အွန်လိုင်းစနစ်ဖြင့် သင်ယူမှုဆိုင်ရာများအတွက် ကျောင်းစီမံရေးရာဌာနမှ လာမည့်ရက်များအတွင်း ဆက်သွယ်မေးမြန်းမည် ဖြစ်ပါသည်။
ဒသမတန်း အတန်းများမှာ မေလ ၁၁ရက်နေ့တွင် စတင်မည်ဖြစ်ပါသည်။
သူငယ်တန်းမှ နဝမတန်းအထိ ယာယီစမ်းသပ်အွန်လိုင်းသင်ကြားရေးများကို ဇွန်လပထမအပတ်တွင် စတင်သွားမည် ဖြစ်ပါသည်။ သင်ကြားရေးသင်ခန်းစာများသည် Live Stream သင်ကြားခြင်းများ Critical Thinking ဆိုင်ရာချဉ်းကပ်သင်ကြားခြင်းများ ပါဝင်ပါမည်။
အသုံးပြုရမည့် ပညာရေးဆိုင်ရာ Website များ၊ Application များ အား ဆက်လက်အသိပေး အကြောင်း ကြားသွားမည်ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းများဖွင့်ခွင့်ပြုသည့်အချိန်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
School Management Team
For Zawgyi
မိဘများသို့
ထိုအတွက်ကြောင့် ယခုလတ်တလော ပညာရေးဝန်ကြီးဌာန၏ ပြောဆိုချက်များ အပေါ်မူတည်ြ့ပီး စာသင်ခန်းသင်ကြားရေးမှ အွန်လိုင်းစနစ်ဖြင့်သင်ကြားရေးသို့ School at Home Program ဖြင့် ယာယီစတင်ရန် ဆုံးဖြတ်ထားကြပါသည်။
လေးစားစွာဖြင့်
10/02/2020
21/12/2019
EKS members!
သူငယ်ချင်းတို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေမှာစိတ်ဝင်စားရင်သေချာဖတ်ကြည့်နော်
✅ မြန်မာနိုင်ငံသည် (၉) ကြိမ်မြောက် အာဆီယံဝန်ကြီးများဆိုင်ရာ သဘာဝဘေးလျော့ပါးရေးညှိနှိုင်း အစည်းအဝေး (AMCDRR) တွင်ပါဝင်မှာဖြစ်ပါတယ်
✅ ထိုအစည်းအဝေးမှာ သဘာဝဘေးလျော့ပါးရေးပါးရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးသွားမည်ဖြစ်ပါတယ်။
✅ အစည်းအဝေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင်းရှိကလေးသူငယ်နှင့် လူငယ့်အသံများ၊ အကြံပြုချက်များ ရရှိနိုင်ရေး ဆွေးနွေးပွဲများ၊ ညှိနှိုင်းမှုများအစပြု ဆောင်ရွက်လျှက်ရှိ ပါသည်။
သူငယ်ချင်းတို့အနေနဲ့ ကလေးသူငယ်၊ လူငယ်အခြေပြု သဘာဝ ဘေးလျော့ပါးရေးနှင့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စများတွင် ဆွေးနွေးလိုပါက အောက်ဖော်ပြပါ link မှ တဆင့်ဖြေပြီး နိုင်ငံအဆင့်လှုပ်ရှားမှုမှာ ပါဝင်နိုင်ပါတယ်နော်
https://www.surveymonkey.com/r/CYConsultations2019-MY?lang=my (Unicode)
https://www.surveymonkey.com/r/CYConsultations2019?lang=my (Zaw Gyi)
lang=my
Photos from Lumbini Academy's post 20/12/2019
Lumbini Academy ကျောင်းသား ကျောင်းသူများရဲ့ Science and Arts Fair ကိုမနက်ဖြန်ကျင်းပသွားမှာဖြစ်ပါတယ်။
ကျောင်းသားကလေးတွေရဲ့ Science နဲ့ အနုပညာဆိုင်ရာ ဖန်တီးချက်တွေကို မိဘများထံကပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ကျောင်းဝင်းထဲမှာ ကားဝင်ခွင့် မပြုနိုင်တာကိုလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
Photos from T & H Maths Centre's post 02/12/2019
Photos from A Little Eco Lodge's post 24/11/2019
အင်္ဂါဂြိုဟ်မှာ ပျံသန်းမယ့် နာဆာ ရဟတ်ယာဉ်စီမံကိန်းကို ဦးဆောင်သူ မြန်မာအမျိုးသမီး - BBC News မြ 02/11/2019
အင်္ဂါဂြိုဟ်မှာ ပျံသန်းမယ့် နာဆာ ရဟတ်ယာဉ်စီမံကိန်းကို ဦးဆောင်သူ မြန်မာအမျိုးသမီး - BBC News မြ NASA ရဲ့ ၂၀၂၀ အင်္ဂါဂြိုဟ် စီမံကိန်းမှာ ဦးဆောင်သူ မြန်မာ အမျိုးသမီး မမီမီအောင်။ အမေရိကန် အာကာသ အေဂျင်ဆီ (NASA) ဟာ ၂၀...
21/07/2019
Vacancy Announcement
Lumbini Academy တွင် အောက်ဖေါ်ပြပါသင်ကြားရေးနေရာများတွင် တာဝန်ထမ်းဆောင်ရန်အတွက် သင်ကြားရေးစိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
(၁) မူလတန်းအငယ်ဆင့်သင်ဆရာ (၂)ဦး
(၂) ICT ဆရာ(မူလတန်း)
(၃) ICT ဆရာ(အလယ်တန်း၊အထက်တန်း၊ IGCSE)
အမှတ်စဉ်(၁)အတွက်
ကလေးချစ်တတ်ပြီး၊ မူလတန်းအရွယ်ကလေးငယ်များ သင်ကြားရေးစိတ်ဝင်စားသူ
အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ပြောဆိုဆက်သွယ်တတ်သူ
ဆက်လက်လေ့လာသင်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
အမှတ်စဉ်(၂၊၃)နေရာများအတွက်
IT ပညာရပ်နှင့် ပတ်သက်ပြီး ကောင်းစွာနားလည်တတ်ကျွမ်းသူဖြစ်ရပါမည်။
မူလတန်းမှ အထက်တန်းအရွယ်ထိကလေးများသင်ကြားရေးတွင် စိတ်ဝင်စားသူဖြစ်ရပါမည်။
AIနှင့်ပတ်သက်သည့် ဗဟုသုတရှိသူဖြစ်ရပါမည်။
IGCSE ဖြေဆိုမည့်ကလေးများကို သင်ကြားနိုင်ရပါမည်။
စိတ်ဝင်စားသူများအနေဖြင့်
အောက်ဖေါ်ပြပါလိပ်စာ(သို့) အီးမေးတို့သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
အမှတ် ၂က၊ သမာဓိ ၄လမ်း၊ ဆ ကရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
ဖုန်း- ၀၉ ၇၈၂ ၇၈၃ ၂၀၀၊ ၀၉၇၇၈ ၆၅၄ ၅၄၅
အီးမေး - [email protected]
20/07/2019
Photos from U.S. Embassy Rangoon's post 08/07/2019
23/06/2019
ဒီ ဓာတ်ပုံ ဟာ ဟားဗတ် တက္ကသိုလ် စာကြည့်တိုက် ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော် လေးေ ကာင်း လို့ ဘာသာ ပြန်ပေး လိုက် တာပါ။ အောင်မြင် မှု ရရှိခဲ့သူ တွေ ရဲ့ နောက်ကွယ်မှာ ဘယ်ေ လာက်ထိ ကြိုးစား အားထုတ် ခဲ့ရတာ ရှိသလဲ ဆိုတာကို ဒါလေး ကသက်သေ ပြ နေ ပါတယ်။ ဟားဗတ် တက္ကသိုလ် က ဆရာ တွေ ပြောပြ လေ့ ရှိတာ ကတော့ သင့် ဘ၀မှာ စိတ်တိုင်း ကျ ဖို့နဲ့ ကောင်းတဲ့ ဝေဖန်မှု ရချင် ရင်တော့ ဟားဗတ် တက္ကသိုလ် မှာ ပညာသင် နေတဲ့ အချိန် နေေ ရာင် နဲ့ ထိတွေ့ဖို့ အချိန် မရှိဘူး။ ကမ္ဘာ့ ထိပ်ဆုံး ကျောင်း တစ်ကျောင်း အနေနဲ့ ဟားဗတ် က နာ မည်ကြီး ပုဂ္ဂိုလ် တွေ အများကြီး မွေးထုတ် ပေးခဲ့ တယ်။
အဲ့ထဲမှာ နိုဘယ်လ် ဆုရှင် ၃၃ ဦး၊ အမေရိကန် သမ္မတ ၇ ဦး နဲ့ နယ်ပယ် အသီးသီး က ထူးချွန် ထက်မြတ်သူတွေ ပါတယ်။ ဘာကြောင့် ဟားဗတ် ဟာ သူတို့ရဲ့ မွေးရပ် ဇာတိ ဖြစ်နေ တာလဲ။ ဟားဗတ် ကျောင်းသား တွေ ဟာ ဘယ်လို စိတ်ဓာတ် နဲ့ တွေးခေါ်မှု တွေကို ရရှိခဲ့ ကြ တာလဲ။ ဒီ အဖြေ ကို လူပေါင်း များစွာ လိုက်ရှာ နေကြ တယ်။ ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံ မှာ ရေးထား တဲ့ ဆုံးမစာ လေး ကတော့ အဖြေပေး ပါ လိမ့်မယ်။ တိုတောင်း တဲ့ စာသားလေး တွေ ဟာ လေးနက် တဲ့ တွေးခေါ်မှု တွေ ပေးပြီး စိတ်ဓာတ် တက်ကြွ စေတယ်။
ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့် တိုက် နံရံပေါ် က အချက် ၂၀ ဆုံးမ စာ ကတော့ -
( ၁ ) ဒီအချိန် မှာ အိပ်ငိုက် နေလျှင် မင်း အိပ်မက် မက် လိမ့်မည်။ ဒီ အချိန်မှာ ကြိုးစား လျှင် မင်းအိပ်မက် အကောင် အထည် ဖော်နိုင် မည်။
( ၂ ) ငါ လစ်လျှူ ခဲ့သော ယနေ့ သည် မနေ့က နောက်ရက် တွင် ပျက်စီး လိုသော သူ ၏ ဆုတောင်းခြင်း ပင်။
( ၃ ) အချိန် နှောင်းပြီ ဟု ထင်လိုက် သော အချိန်သည် အစောဆုံး အချိန် ပင် ဖြစ်သည်။
( ၄ ) ယနေ့ အလုပ် ကို နောက်နေ့ အထိ မဆွဲပါနှင့်။
( ၅ ) စာ ကြိုးစား ချိန် ပင်ပန်း တာဟာ တခဏပါ။ မကြိုးစား လိုက်ပါမှ တသက် တာ ပင်ပန်းမှာ။
( ၆ ) သင်ယူ တာဟာ အချိန် မရှိတာ မဟုတ်ဘူး။ ကြိုးစား အားထုတ်မှု မရှိတာပါ။
( ၇ ) စိတ်ချမ်းသာမှု ဟာ အဆင့် သတ်မှတ် ထားတာ ရှိချင်မှ ရှိလိမ့်မည်။ အောင်မြင်မှု မှာတော့ ရှိတယ်။
( ၈ ) သင်ယူ တာဟာ လူ့ ဘ၀ရဲ့ အားလုံး မဟုတ်ပါ။ လူ့ ဘ၀ရဲ့ တစ်စိတ် တစ်ပိုင်း လေး ကိုတောင် မှ မအောင်မြင် နိုင်ဘူး ဆိုရင် ဘာလုပ် နိုင်ဦး မှာလဲ။
( ၉ ) မရှောင်ဖယ် နိုင်တဲ့ ပင်ပန်း ဆင်းရဲမှု များကို ခံစားပါ။
( ၁၀ ) သူများထက် ပိုစော၊ ပို ကြိုးစား နိုင်မှ အောင်မြင်မှု အရသာ ကို ခံစားရမှာ။
( ၁၁ ) ဘယ်သူမှ လွယ်လွယ် ကူကူ နဲ့ မအောင်မြင် နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော ပင်ကိုယ် ထိန်း နိုင်စွမ်းအား နှင့် မလျှော့ သော ဇွဲ လုံ့လတို့မှ ရရှိ လာတာ။
( ၁၂ ) အချိန် ဟာ အမြဲတမ်း ကုန်ဆုံး နေတယ်။
( ၁၃ ) ဒီနေ့ ယိုသော သားရည် သည် နောက်နေ့ ၏ မျက်ရည် ဖြစ်လိမ့်မည်။
( ၁၄ ) ခွေးလို သင် လူကြီး လူကောင်း လို ကစားပါ။
( ၁၅ ) ဒီနေ့ မသွား လျှင် နောက်နေ့ ပြေးရလိမ့်မည်။
( ၁၆ ) အနာဂတ် ကို ရင်နှီး မြုပ်နှံ နေတဲ့ သူဟာ ယခုလက်တွေ့ ကို သစ္စာ ရှိသူပါ။
( ၁၇ ) ပညာရည် အဆင့်အတန်း ဟာ ၀င်ငွေ အဆင့် အတန်း ကို ကိုယ်စား ပြုတယ်။
( ၁၈ ) တနေ့တာ ကုန်ဆုံးသွား လျှင် ပြန်မလာ တော့ပါ။
( ၁၉ ) အခု တောင်မှ သင် ၏ ပြိုင်ဖက် သည် စာရွက် ကို အဆက်မပျက် လှန်နေပြီ။
( ၂၀ ) အကျပ် အတည်း အခက်အခဲ မရှိလျှင် အကျိုး အမြတ် မရ နိုင်ပါ။
နေလင်းအောင် ဘာသာ ပြန်သည်။
__________________________
https://www.facebook.com/pethanhtike.yit
Photos from Lumbini Academy's post 15/06/2019
15/06/2019
ယုံကြည်မှုရှိသော ကလေးများဖြစ်ဖို့…
------------------------------------------
၂၀၁၅ခုနှစ်မှာ Bill Clinton ရဲ့ ဒုတိယအကြိမ် ဖိတ်ကြားမှုကြောင့် Clinton ရဲ့ သမီး Chelsea Clinton ရယ်၊ အန္ဒိယနိုင်ငံမှာ ကလေးအခွင့်အရေးလှုပ်ရှားသူ နိုဘယ်ဆုရှင် Kailash Satyarthiရယ်၊ Sun Mediaရဲ့ ဥက္ကဌ Yang Lanတို့နဲ့အတူ Clinton Global Initiatve Annual Meetingရဲ့ အဖွင့်Panelမှာ စကားပြောခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် Bill Gate အပါအဝင် နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါဝင်တာမို့ ဒူးတုန်မိပါတယ်။ ဒါပေမယ့် ကျွန်မ ဘေးမှာ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အားပေးတဲ့အပြင် သင်ပြပေး၊ အကြံဥာဏ်ပေးကြတဲ့ သူတွေကြောင့် ကျွန်မ ပြောချင်တဲ့အရာတွေကို ပြောတတ်သလောက် အကောင်းဆုံးပြောခဲ့ပါတယ်။ အရမ်းကြောက်ခဲ့ရသလို၊ အရမ်းလည်းကျေနပ်ခဲ့ပါတယ်။ သင်ယူခဲ့ရတာတွေ အများကြီးထဲက လူအများရှေ့မှာ စကားတွေပြောတဲ့အခါ ရဲရဲဝံ့ဝံ့နဲ့ စကားပြောနိုင်အောင် ကလေး ကတည်းက ဘာတွေ ဘယ်လို လုပ်ပေးသင့်တဲ့တယ်ဆိုတာ ကျွန်မ ရဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် ဝေမျှချင်ပါတယ်။
၁) လေ့ကျင့်မှု
------------------
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးတော်တော်များများဟာ စာသင်ခန်းရှေ့ထွက်ပြီး အားလုံးကို ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေ ပြောပြခိုင်းတာ နည်းပါတယ်။ အခု စနစ်သစ်မှာ အများကြီး ထည့်သွင်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို အထောက်အထားတွေနဲ့ တင်ပြခိုင်းတာ၊ မျှဝေခိုင်းတာဟာ အသက်ကြီးလို့ အလုပ်ခွင်ထဲ ရောက်တဲ့အခါ မကြောက်အောင်၊ လူရှေ့သူရှေ့ ယုံကြည်မှုရှိစွာ ပြောရဲအောင် လေ့ကျင့်သင်ကြားပေးရာ ရောက်ပါတယ်။ ကလေးတွေကို တင်ပြခိုင်းတဲ့အခါ ထင်ရာပြောခိုင်းတာထက် သက်သေအထောက်အထားပါတဲ့ ထင်မြင်ယူဆချက်တွေကို အခြားကလေးတွေ နားထောင်ချင်အောင်၊ စိတ်ဝင်စားအောင် တင်ပြနိုင်ဖို့လည်း ပံ့ပိုးပေးဖို့လိုပါတယ်။ ငယ်ငယ်လေးကတည်းက မိသားစုစကားဝိုင်းမှာ လူရာသွင်းပြီး ဆွေးနွေးခွင့်ပေးခြင်း၊ ကလေးတွေ စကားကို နားထောင်ပြီး ကွာဟမှုလေးတွေ၊ အဆက်စပ်မဲ့တာလေးတွေအပေါ် မေးခွန်းပြန်ထုတ်ခြင်း တွေကလည်း ကလေးတွေကို လူအများရှေ့မှာ စကားပြောရဲအောင်၊ သူတို့အမြင်တွေ ဖေါ်ထုတ်ခွင့်ရအောင် လေ့ကျင့်ပေးသလိုပါပဲ။
၂) ယုံကြည်မှု
-------------------
ယုံကြည်မှုဆိုတဲ့အခါ ကလေးတွေကိုယ်တိုင် ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ကလည်း အရေးကြီးသလို ကလေးအပေါ် ယုံကြည်ပေးနေတဲ့ လူကြီးတွေရှိနေတယ်ဆိုတာ ကလေးကိုယ်တိုင် သိနေဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကို ယုံကြည်ပေးတဲ့သူတွေကို အကောင်းဆုံးလုပ်ပြချင်တာ သဘာဝပါပဲ။ အောင်မြင်တဲ့အခါ ချီးကျူးသလို အဆင်မပြေတဲ့အခါ သင်ယူစရာကို အတူတူ ဆွေးနွေးပေးမယ့် ဆရာ၊မတွေ၊ လူကြီးတွေနဲ့ နေရတဲ့ကလေးဟာ အမှားကနေလည်း သင်ယူနိုင်တယ်ဆိုတာသိလို့ မှားနိုင်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ယုံကြည်မှုရှိရှိနဲ့ ပြောရဲမှာပါ။ ဒါကြောင့် ကလေးတွေဟာ တစ်ခုမဟုတ်တစ်ခု အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ ယုံကြည်သလို အောင်မြင်မှု၊ ကျရှုံးမှုတိုင်းကနေ သင်ခန်းစာယူတတ်အောင် ဘေးကနေ ပံ့ပိုးပေးဖို့လိုပါတယ်။ ကလေးကို ဖိအားတော့မပေးပါနဲ့။ ဖိအားပေးခံရတဲ့ကလေးက ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့လွယ်ပြီး အားငယ်လွယ်ပါတယ်။
၃) ပိုင်နိုင်မှု
----------------
ပြောမယ့်အကြောင်းအရာကို သိအောင် ပိုင်နိုင်အောင် ပံ့ပိုးပေးဖို့လိုသလို၊ စကားပြောစွမ်းရည်၊ အသုံးအနှုန်း စတာတွေ တိုးတက်အောင် ပံ့ပိုးပေးဖို့လိုပါတယ်။ ကလေးကို ယုံကြည်တယ်ပြောပြီး လိုအပ်တာတွေ လမ်းညွှန်မှုမပေးရင်လည်း မရပါဘူး။ ကလေးတွေက သူတို့ ပြောမယ့်အကြောင်းအရာကို သေချာသိအောင်၊ ပြောမယ့် ဘာသာစကား အသုံးအနှုန်းစတာတွေနဲ့ အကျွမ်းတဝင်ဖြစ်အောင်၊ လေ့ကျင့်တဲ့နေရာမှာလည်း ပံ့ပိုးပေးဖို့လိုပါတယ်။ အကြောင်းအရာနဲ့ ဘာသာစကား မသိရင် ယုံကြည်မှုလည်း မရှိနိုင်ပါဘူး။ ကလေးကိုယ်တိုင်လည်း လေ့လာသင့်တဲ့ပုံစံ နဲ့ လေ့လာရမယ့်အကြောင်းအရာတွေကိုလည်း လမ်းညွှန်ပေးပါ။ ပြောမယ့်အကြောင်းအရာတွေ ပိုင်နိုင်အောင် ကျောင်းစာတင်သာမက သင့်လျော်တဲ့ အပြင်စာတွေကိုလည်း ဖတ်ခိုင်းပါ။ အခြားသူတွေစကားပြောတဲ့အခါ နားထောင်ခိုင်းပါ၊ နားထောင်ပြီး ပြန်လည် သုံးသပ်ခိုင်းပါ၊ သင်ယူစရာထုတ်နှုတ်ခိုင်းပါ။
ကလေးတွေ ကြီးလာတဲ့အခါ လုပ်ငန်းခွင်ထဲမှာ အမြဲတမ်း သူများပြောတာပဲ နားထောင်တတ်စေချင်တယ်၊ ကိုယ့်အမြင်ကို မပြောရဲဘဲ အမြဲ ယုံကြည်မှုကင်းမဲ့နေစေချင်တယ်ဆိုရင် ကလေးတွေကို ငါတို့ လူကြီးတွေက အမြဲမှန်တယ်ဆိုပြီး လုပ်ပါ၊ ကလေးရဲ့အမြင်ပြောလာရင် တစ်ခါတည်း ပါးစပ်ပိတ်လိုက်ပါ၊ ရိုက်ပလိုက်ပါ။
ကလေးကို ရဲရင့်စွာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်အမြင်ကို ဖေါ်ထုတ်နိုင်စေချင်တယ်ဆိုရင်တော့ သူတို့ ပြောမယ့် အကြောင်းအရာတွေ အကြောင်း ရှုထောင့်ပေါင်းစုံက မြင်တတ်အောင် လေ့ကျင့်ပေးပါ၊ ဗဟုသုတတွေ တိုးအောင် စာဖတ်ခိုင်းပါ၊ အောင်မြင်မှု ကျရှုံးမှုတွေကနေ သင်ယူတတ်အောင် ပံ့ပိုးပေးပါ၊ ထင်မြင်ယူဆချက်တွေကို နားထောင်ပေးပါ၊ ကလေးတွေရဲ့ အမြင်တွေ ပိုပြီး ခိုင်မာအောင် မေးခွန်းတွေမေးပါ။ ကလေးတွေရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပေးပါ။ ဒီလိုပံ့ပိုးမှုတွေသာ ရခဲ့ရင် ယုံကြည်မှုရှိရှိ လူရှေ့ထွက်ပြီး ကိုယ့်အမြင်တွေကို အခြားသူတွေနဲ့ ဖလှယ်နိုင်မှာသေချာပါတယ်။ ကလေးတိုင်း ယုံကြည်မှုရှိစွာ ကြီးပြင်းနိုင်ကြပါစေ။
မေတ္တာဖြင့်….
Sayarma-ဆရာမ
12/06/2019
IELTS အမှတ်ပေးစနစ်ရဲ့ ပဲ့ကိုင်ရှင် Teacher Nicola Edwards နဲ့သင်ကြားခွင့်ရမယ့် IELTS Course ကို စတင်ပါတော့မယ်။
IELTS Course တွေကို နှစ်ပေါင်းများစွာကြာအောင် သင်ကြားပြသပေးခဲ့သည့်အပြင် အမှတ်ပေးစည်းမျဉ်းများကိုလည်း ကျွမ်းကျင်စွာ Guideline လုပ်ပေးနိုင်သူ၊ အမှတ်ပေးအဖွဲ့အစည်းများမှာပါဝင်ပြီး ကိုယ်တိုင်လည်း ကိုင်တွယ်အမှတ်ပေးခဲ့သူ ဝါရင့်ဆရာမတယောက်ဖြစ်ပြီး
British Council မှာလည်း ပညာရေးပိုင်းဆိုင်ရာများမှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ Teacher များကိုပါ training လုပ်ပေးခဲ့သူ Professor Nicola ဟာ အာရှနိုင်ငံများမှာ အတွေ့အကြုံ ၁၅ နှစ်၊ မြန်မာနိုင်ငံမှာ ၆ နှစ် အတွေ့အကြုံများရှိတာကြောင့် အာရှနိုင်ငံများမှ ကျောင်းသူ၊ကျောင်းသားများအကြောင်းကို ပိုမိုနားလည်နေပြီး သူမရဲ့ ကျောင်းသူကျောင်း ပေါင်းများစွာဟာလည်း ထူးချွန်ကြပြီး ကမ္ဘာအနှံ့မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။
ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီ အလိုက် အားသာချက် ၊ အားနည်းချက်တွေကို အမြဲတမ်း ကြည့်ရှုပေးပြီး လိုအပ်တာတွေကို ဘယ်လိုဖြည့်စည်းရမလဲဆိုတာ တွေ ၊ သင်ယူလေ့လာရာမှာသာမက စဉ်းစားတွေးခေါ်မှုပိုင်း အတွက် အရည်အချင်းတွေပါ မြှင့်တင်ပေးသွားမှာပါ။
ဒီသင်တန်းဟာ အချိန်ကာလ အားဖြင့် နာရီပေါင်း (၆၀)ကျော် ၊ (၂)လခွဲခန့် ကြာမြင့်မှာဖြစ်ပြီး တလကို USD 125 သာ သင်တန်းကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။ နာရီ ၆၀ တောင် လေ့ကျင့်သင်ကြားခွင့်ရသလို IELTS အတွေ့အကြုံရင့်ကျက်လှတဲ့ International teacher နဲ့သင်ယူရမှာဖြစ်တဲ့အပြင် သင်တန်းကြေးကလည်း မျှတလွန်းတာကြောင့် အခုပဲ http://bit.ly/ielts-au-signup မှာ စာရင်းသွင်းလိုက်ပါစို့နော်။
June လ (၁၇) ရက်နေ့မှစတင်ပြီး တင်္နလာ၊ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အမေရိကန်တက္ကသိုလ်ရန်ကုန်၊ အမှတ် 11A၊ အင်းယားလမ်း၊ ဖုန်းနံပါတ် ၀၉၇၇၉၀၀၀၉၀၀ တွင်မေးမြန်းစုံစမ်းနိုင်ပါတယ်။
နာဆာမှာ သိပ္ပံပညာရှင် ဖြစ်ချင်တယ်ဆိုတဲ့ နိုင်ငံကိုယ်စားပြုကလေးငယ် မေဖူးပွင့်ဇွန် 04/06/2019
နာဆာမှာ သိပ္ပံပညာရှင် ဖြစ်ချင်တယ်ဆိုတဲ့ နိုင်ငံကိုယ်စားပြုကလေးငယ် မေဖူးပွင့်ဇွန် ကြီးလာရင် ဆရာဝန် ၊ အင်ဂျင်နီယာ လုပ်မယ်ဆိုပြီး အော်ဟစ်ကြွေးကြော်နေတဲ့ မြန်မာကလေးငယ်တွေကြားမှာ နာဆာမှာ သိပ္ပ....
Photos from Big Bad Wolf Books - MM's post 29/05/2019
The Pre-Collegiate Program of Yangon 24/05/2019
The Pre-Collegiate Program of Yangon Application Form
17/05/2019
07/05/2019
To our high school graduates,
Embassy of Japan in Myanmar Ministry of Education, Culture, Sports, Science, and Technology of Japan (MEXT) offers scholarships to international students who wish to study at Japanese universities, colleges of technology, and specialized training colleges under the Japanese Government (MEXT) Scholarship Program for 2019. Pleas...
UNESCO Sport and the SDGs Youth Funshop 2019 in South Korea 07/05/2019
UNESCO Sport and the SDGs Youth Funshop 2019 in South Korea The UNESCO Sport and the SDGs Youth Funshop is back! Apply now to participate in the 2019 UNESCO Sport and the SDGs Youth “Funshop” in Seoul on 5 – 8 September!
Home Page 23/04/2019
Home Page မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကို ရှာဖွေလေ့လာခြင်း
22/04/2019
၎တန်း၊ ၈တန်းဖြေသူများ အကုန်အောင်ပါသည်။
မဲခေါင်လူငယ် တီထွင်မှုပြိုင်ပွဲ (အပိုင်း ၂ ) 20/04/2019
မဲခေါင်လူငယ် တီထွင်မှုပြိုင်ပွဲ (အပိုင်း ၂ ) မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ ပြိုင်ပွဲကို လူငယ်တွေ စိတ်ဝင်စားလာအောင် ဘာတွေ လုပ်နေပါသလဲ။ ပြ.....
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
Night activities 1
Category
Telephone
Address
No. 2(A) Thamadi 4th Street , Thingangyun Tsp
Yangon
11071
Opening Hours
Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Other Preschools in Yangon (show all)
Scarlet Preschool & Learning Academy Scarlet Preschool & Learning Academy
No. 77, ThdarYone Street, 2 North Quarter, Thaketa Tsp
Yangon
Wisdom School Shwe Pyi Thar Wisdom School Shwe Pyi Thar
အမှတ်(၄၃၅)/ပန်းခြံစု(၄)လမ်း/၂၄ရပ်ကွက်/ရွှေပြည်သာမြို့နယ်
Yangon
Baton International Baton International
No. 151, Yarza Dirit Lane, 14/5 Ward, Shwe Paukkan, North Okkalapa Township
Yangon, 11032
Lay the foundation for future success
Universe Pre-School Universe Pre-School
51/A Thayawaddy Road, Sayarsan Ward , Bahan Township
Yangon
Early Childhood Care and Development Service
Laugh and Learn Preschool Laugh and Learn Preschool
Thida Street
Yangon, 11101
Baby Star Preschool Baby Star Preschool
မြို့မငြိမ်းလမ်းမကြီး
Yangon
Nursery & Preschool
Petals pre.school Petals pre.school
အမှတ် 7/သီရီမဂ်လာလမ်း (သုခမှတ်တိုင်နီး)
Yangon
Welcome�
Myat Mon preschool Myat Mon preschool
Sabal Street, 47Ward, North Dagon
Yangon
Shine Khant Shine Khant
Yangon
Shine Khant
Rainbow Pre-School Rainbow Pre-School
No. 467, 50 QTR, Sein Pann Myaing Street, North Dagon TSP
Yangon
Play, Learn and Grow Together
Htoo Aung Kaung pre school Htoo Aung Kaung pre school
Yangon
teacher soesoe-09254322559
YLEC YLEC
25, Thiri Street , Sanchaung
Yangon
Physical and mental are fully secure in preschool.