Soon Rice Delivery - စွန် ဆန်အရောက်ပို့

We aim to provide you with the best quality rice and delivery service to your door step.

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 13/06/2024

ရွှေဘိုထူးထူးရှယ် (Premium Quality) နှင့် FDA ရ KKပဲဆီများကို ဝန်ထမ်းများဝေဖို့ လစဉ်မပျက်ယုံကြည်စွာမှာယူပေးတဲ့ 𝘼𝙨𝙖𝙝𝙞 𝙇𝙤𝙞 𝙃𝙚𝙞𝙣 𝘾𝙤.,𝙇𝙩𝙙 ကို စွန် team မှအထူးကျေးဇူးတင်ပါတယ်ရှင်။

ရုံးများ၊ ကုမ္ပဏီ များမှမိမိတို့ဝန်ထမ်းများအတွက်ဝေပေးချင်လျှင်သော်လည်း၊ လိုအပ်သောနေရာများ၌လှူဒါန်းလိုလျှင်သော်လည်းကောင်း ဆန်လိုပြီဆို စွန် ကိုသတိရပေးပါနော်။

စွန် မှာ ၂ သ်ိန်းနီးပါးဆန်ကနေ ၅သောင်းကျော်တန်ဆန်အမျိုးအစားအစုံအလင်ရှိပါတယ်။ ဆန်အိတ်အရွယ်အစားကလည်း ၂၄ ပြည်အိတ်ကြီးကစလို့ ၁၂ ပြည်၊ ၆ပြည်၊ ၃ ပြည်၊ ၁ ပြည် (2kg) အထိ ဆိုဒ်စုံရှိပါတယ်ရှင့်။
မိမိပေးလိုသည့် Budget ပေါ်မူတည်ပြီးအသင့်တော်ဆုံးနဲ့ Quality ကောင်းတဲ့ဆန်ကိုသာရွေးပေးပါတယ်ရှင် 🙏

🚚 ပို့ဆောင်လိုသည့်နေရာများသို့အရောက် ကားနှင့်ကုန်ချဖို့လုပ်သားပါ သေချာစီစဉ်ပြီးပို့ဆောင်ပေးပါတယ်ရှင့်။

Hotline Ph : 09947999499 /095113676
Facebook messenger မှလည်းလွတ်လပ်
စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး

08/06/2024

ကာကာ - ရွှေဘိုထူးထူးရှယ်အိတ်ကြီး ၁ အိတ်ယူမယ်။ တောင်ဒဂုံကိုပို့ပေး။

မင်မင် - Deli ခ 4000 ကျပါတယ် မ။

ကာကာ - Deli ပေးရမှာလား။ အာ့ဆိုမယူတော့ဘူး။

မင်မင် - ရပါတယ် ရပါတယ် 🥹🥲

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 08/06/2024

ဝန်ထမ်း 111 ယောက်စာအတွက် ရွှေဘိုထူးထူးရှယ် (Premium Quality) 24kg အိတ်များကိုယုံကြည်စွာမှာယူပေးတဲ့ 𝙐𝙣𝙞𝙘𝙝𝙖𝙧𝙢 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝘾𝙤.,𝙇𝙩𝙙 ကို စွန်team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

ရုံးများ၊ ကုမ္ပဏီ များမှမိမိတို့ဝန်ထမ်းများအတွက်ဝေပေးချင်လျှင်သော်လည်း၊ လိုအပ်သောနေရာများ၌လှူဒါန်းလိုလျှင်သော်လည်းကောင်းဆန်လိုပြီဆို စွန် ကိုသတိရပေးပါနော်။

စွန် မှာ ၂ သ်ိန်းနီးပါးဆန်ကနေ ၅သောင်းကျော်တန်ဆန်အမျိုးအစားအစုံအလင်ရှိပါတယ်။ ဆန်အိတ်အရွယ်အစားကလည်း ၂၄ ပြည်အိတ်ကြီးကစလို့ ၁၂ ပြည်၊ ၆ပြည်၊ ၃ ပြည်၊ ၁ ပြည် (2kg) အထိ ဆိုဒ်စုံရှိပါတယ်ရှင့်။
မိမိပေးလိုသည့် Budget ပေါ်မူတည်ပြီးအသင့်တော်ဆုံးနဲ့ Quality ကောင်းတဲ့ဆန်ကိုသာရွေးပေးပါတယ်ရှင် 🙏

🚚 ပို့ဆောင်လိုသည့်နေရာများသို့အရောက် ကားနှင့်ကုန်ချဖို့လုပ်သားပါ သေချာစီစဉ်ပို့ဆောင်ပေးပါတယ်ရှင့်။

Hotline Ph : 09947999499 /095113676
Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 07/06/2024

ပုံလေးတွေကြည့်ပြီး မင်မင်ပါအပျော်တွေကူးစက်နေပါပြီ 🥺❤️
မွေးနေ့အလှူလေးအတွက် ဆေးရုံသန့်ရှင်းရေးမိသားစု ၆၀ ကျော်ကို ဆန် လှူဒါန်းရန်စွန် မှ ယုံယုံကြည်ကြည်မှာယူပေးတဲ့ ဆရာမျိုး ကို မင်တို့ စွန် team ကကျေးဇူးတင်ပါတယ်ရှင် 🙏🏻

မွေးနေ့မှစ၍ ဆရာ့ဘဝမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အခုလိုပဲအမြဲတက်ကြွလန်းဆန်းပြီး ပိုနုပျိုနိုင်ပါစေဒေါက်တာ။
အမြဲပေးကမ်းဝေမျှနိုင်သောလက်တစ်စုံသာဖြစ်ရပါစေကြောင်း မင်တို့ စွန် team မှမွေးနေ့ဆုတောင်းပေးလိုက်ပါတယ်ရှင်🙏🏻

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

29/05/2024

အားလုံးစောင့်မျှော်နေကြတဲ့ Mother’s Day Campaign ရဲ့ Winner ဆုရှင်လေးပေါ်ထွက်လာပါပြီ 🎉🎊🎉
Campaign Post လေး Error တက်သွားတဲ့ကြားက စိတ်ဝင်တစားနဲ့ပါဝင်ယှဉ်ပြိုင်ပေးတဲ့ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို မင်တို့ စွန် team ကကျေးဇူးတင်ပါတယ်ရှင့်။
ပြိုင်ပွဲဝင်တိုင်းတော်ကြလွန်းလို့ မင်တို့ရွေးချယ်ရခက်ခဲခဲ့ပါတယ်။ စွန် team ဆုံးဖြတ်ချက်နဲ့ စကားတင် ၅ ယောက်အရင်ရွေးထုတ်ပြီး Winner ကို ၅ ယောက်ထဲမှ မဲပြန်နှိုက်ပြီးပေးလိုက်ပါတယ်နော်။
Winner ဆုရှင်လေးဘယ်သူဖြစ်မလဲဆိုတာ Video လေးကိုဆုံးအောင်ကြည့်ပေးနော်။
Winner ဆုရှင်လေး ChatBox မှာ လာ Hi ပေးပါရှင်။
အခုမရလိုက်တဲ့ ပြိုင်ပွဲဝင်တွေလည်းစိတ်မကောင်းမဖြစ်ပါနဲ့နော်။ နောက်ထပ် Campaing တွေလုပ်ဖို့ရှိလို့ စွန် Page ကို See first လုပ်ထားနော် 🧡

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

29/05/2024

ဟယ်လို။ စွန် ဆန်ကအသစ်ခန့်ထားတဲ့ မင်မင် ပါရှင့်။ မင်မင် Bambi လို့ခေါ်ပါတယ်။

မင်မင့်ကိုချစ်ရင် chatbox မှာ hi ပြီး စွန် ဆန်အားပေးသွားကြပါအုံးရှင်။

ရွှေစျေး ဒေါ်လာစျေးတွေတက်လို့ဘာမှဝယ်မရရင် စျေးမတက်တဲ့ဆန်လာဝယ်ပါနော်။
မြန်မြန်လေးတော့လာနော်။

အခုမှာရင် စနေလမ်းကြောင်းထဲပါပါမယ်။ လာမှာကြနော်။ မင်မင်စောင့်နေမယ် 🥺❤️

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဆန်လှူ
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

12/05/2024

Happy Mother’s Day to all the mothers out there 🤍
အမေများနေ့မှာမေမေတွေကိုဂုဏ်ပြုတဲ့အနေနဲ့ စွန် မှာ ကျပ် ၂သိန်းဖိုးပြည့်အောင် ဝယ်တဲ့မေမေတိုင်းကို ဟင်းချက်စားစရာတွေပါတဲ့ ကြိမ်ခြင်းတောင်းလှလှလေးတစ်လုံးလက်ဆောင်ပေးသွားမှာပါဖြစ်ပါတယ်ရှင့်။

Chat box မှာ Hi လိုက်ရုံနဲ့ စွန် မှရရှိနိူင်သောဆန်အမျိုးအစားနှင့် စျေးနှုန်းလေးတွေကိုသိရမှာပါရှင့်။ လိုချင်တဲ့ဆန်အမျိုးအစားလေးရှိရင်လည်း chat box မှာလွတ်လပ်စွာမေးမြန်းနိုင်ပါတယ်ရှင့်။

🗓️ Promotion Period 12th May - 15th May
☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

08/05/2024

ကဲ အားလုံးစောင့်မျှော်နေတဲ့ စွန်ရဲ့ Mother’s Day Giveaway လေးလာပြီနော် 🎁🥳
အမေများနေ့မှာမေမေတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ✨Premium Quality ရွှေဘိုထူးထူးရှယ် ၂၄ ပြည် တစ်အိတ် နှင့် မြေပဲဆီ 1 ပိဿာ✨
လက်ဆောင်ပေးပါမယ်ရှင့် ။
Mother’s Day Giveaway Campaign လေးမှာ ပါဝင်ဖို့အတွက် -

1️⃣ Soon Rice Delivery - စွန်ဆန်အရောက်ပို့ page ကို Like & Follow လုပ်ထားရပါမယ်
2️⃣ ဒီ Post ကို #အရည်အသွေးမြင့်စွန်ဆန် လို့ရေးပြီး Public နဲ့ share ပေးရပါမယ်
3️⃣ ပြီးရင် comment section မှာ
🔸ကိုယ့်မိသားစုကိုအမြဲချက်ကျွေးဖြစ်တဲ့ ထမင်းနဲ့ပက်သက်တဲ့ချက်ပြုတ်နည်းလေးကိုအဆင့်အဆင့်ပြောပြပြီး ချက်ပြုတ်ပြီးသားပုံလေးနဲ့တကွတင်ပေးရမှာပဲဖြစ်ပါတယ်။ ချက်ပြုတ်တဲ့အစားအစာက ထမင်းနဲ့လုပ်တဲ့စားစရာဖြစ်ရပါမယ်
ဥပမာ။ ။ ထမင်းကြော်၊ ထမင်းပေါင်း၊ ဆန်ပြုတ်၊ ဆူရှီ

ပြိုင်ပွဲဝင်သူများထဲမှ စည်းကမ်းချက်တွေနဲ့ကိုက်ညီပြီး အကောင်းဆုံးပုံလေးနဲ့တကွဟင်းချက်နည်းအဆင့်အဆင့်ကိုတင်ပြပေးနိုင်တဲ့သူကိုစွန်မှ
“🎁 Premium Quality ရွှေဘိုထူးထူးရှယ်၂၄ပြည်အိတ်ကြီး ၁ အိတ်
🎁 KK ပဲဆီ ၁ ပိဿာတစ်ဗူး” ကိုဆုလက်ဆောင်ပေးမှာပဲဖြစ်ပါတယ်။

🎉 Winner ကို မေလ 25ရက်နေ့မှာကြော်ငြာပေးသွားမှာဖြစ်ပါတယ်ရှင့်။
🗓️ ပြိုင်ပွဲဝင်ကာလကတော့ 7th May - 21st May အထိဖြစ်လို့ အပြေးလေးဝင်ပြိုင်လိုက်တော့နော်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

မှတ်ချက်။ ။ Giveaway လေးကိုနယ်ပို့ပေးလို့အဆင်မပြေလို့ ရန်ကုန်မြို့တွင်းနေထိုင်သူများသာပါဝင်ပေးပါနော် 🙏🏻

Soon Rice Delivery - စွန် ဆန်အရောက်ပို့ We aim to provide you with the best quality rice and delivery service to your door step.

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 03/05/2024

𝐒𝐙𝐘𝐇 𝐉𝐞𝐭𝐭𝐲 ကုမ္ပဏီမှ မိမိဝန်ထမ်းများအတွက် ဆန်အိတ်ရေ 400 ကို စွန် မှယုံယုံကြည်ကြည်မှာယူပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်ရှင့်။
ဆန်လှူတိုင်း စွန် ကိုသတိရပေးလို့ဝမ်းသာပီတိဖြစ်ရပါတယ်ရှင် 🙏🏻

အခုလိုမျိုးခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ အခြေခံစားသုံးကုန်ဖြစ်တဲ့ ဆန် လှူရသောအကျိုး​ကြောင့် SZYH Jetty မိသားစုဝင်အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပြီး စီးပွား​လာဘ်လာဘများဆထပ်တပိုးပြီး ပိုအောင်မြင်တိုးတက်ပါစေကြောင်းဆုမွန်​ကောင်း​တောင်း​ပေးပါတယ် 🙏🙏🙏

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

26/04/2024

🚚 မနက်ဖြစ် စနေမြို့ထဲလမ်းကြောင်းလေးရှိပါတယ်ရှင့်။
မနက်စောစော ၇နာရီမှစထွက်မှမို့ လမ်းကြောင်းထဲပါချင်ရင်အခုပဲအပြေးလေးလာမှာပေးပါနော် 🫶🏻

တနင်္လာနေ့ဆိုစျေးအပြောင်းအလဲဖြစ်တတ်လို့ စျေးမပြောင်းခင်လာမှာထားမှစိတ်ချရမယ်နော်🙂‍↔️

Hotline Ph☎️ : 09947999499 /095113676
Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး

10/04/2024

မင်မင်တို့စွန် ဆန်အရောက်ပို့ကို April 12 မှစပြီး April 18 အထိပိတ်ပါတယ်ရှင့်။

သင်္ကြန်ပိတ်ရက်ဆန်ကြိုမှာချင်ရင် မှာထားလို့ရပါတယ်ရှင့်။ April 19 မှာ ဆိုင်ပြန်ဖွင့်ပြီး reply များစပြန်ပေးပါမယ်ရှင့်။

စွန် ပရိသတ်ကြီးလည်းနှစ်သစ်မှာ ဘေးရန်ကင်းကွာ၍စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ စွန် ဆန်အရောက်ပို့မိသားစုမှ ဆုမွန်ကောင်းပို့သပေးလိုက်ပါတယ်ရှင်🙏🙏🙏

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 09/04/2024

သင်္ကြန်အခါသာမယမှာမိမိတ်ို့ဝန်ထမ်းများအတွက် စွန် မှယုံယုံကြည်ကြည်မှာယူပေးကြတဲ့ Corporate Company အသီးသီးကို စွန် team မှအထူးကျေးဇူးတင်ရှိပါတယ်ရှင််။

ကိုင်ကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသကဲ့သို့ လုပ်ငန်းတစ်ခုလုံး ကောင်းမွန်စွာလည်ပတ်နိူင်စေဖို့အဘက်ဘက်မှတာဝန်ကျေပွန်ကြသောမိမိတို့ဝန်ထမ်းများအပေါ် ပြန်လည်စောင့်ရှောက်ကူညီပေးကြတဲ့ Corporate Company ကြီးများကို မင်မင်တို့ကလည်းအမြဲလေးစားအတုယူလျက်ပါ ❤️

အားလုံးနှစ်သစ်မှာ ဘေးရန်ကင်းကွာ၍စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ စွန် ဆန်အရောက်ပို့မိသားစုမှ ဆုမွန်ကောင်းပို့သပေးလိုက်ပါတယ်ရှင်🙏🙏🙏

🚚 ဆန်အရောက်ပို့များကို April 12 ရက်နေ့အထိပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။

Hotline Ph : 09947999499 /095113676
Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 26/03/2024

🦅 စွန်နှင့်အတူဝေမျှကူညီဖေးမလှူ 🧡

💦💦 မကြာခင်ကျရောက်တော့မယ့်သင်္ကြန်အခါသာမယမှာ ဆန်နှင့်ဆီကို
- လိုအပ်သောနေရာများ၌လှူဒါန်းလိုသူများ
- ကုမ္ပဏီများ ၊စက်ရုံ ၊ အလုပ်ရုံများမှ မိမိတို့ ဝန်ထမ်းများအားဝေပေးချင်သူများအတွက် စွန်မှ “လုပ်အားဒါနအလှူအဖြစ်ထုတ်ပိုးခ ကုန်တင်ကုန်ချခလုံးဝမယူပဲ” ထုတ်ပိုးပေးမှာပါရှင့်။

စွန် မှာ ၂ သ်ိန်းနီးပါးဆန်ကနေ ၅သောင်းကျော်တန်ဆန်အမျိုးအစားအစုံအလင်ရှိပါတယ်။ ဆန်အိတ်အရွယ်အစားကလည်း ၂၄ ပြည်အိတ်ကြီးကစလို့ ၁၂ ပြည်၊ ၆ပြည်၊ ၃ ပြည်၊ ၁ ပြည် (2kg) အထိ ဆိုဒ်စုံရှိပါတယ်ရှင့်။

မိမိပေးလိုသည့် Budget ပေါ်မူတည်ပြီးအသင့်တော်ဆုံးနဲ့ Quality ကောင်းတဲ့ဆန်ကိုသာရွေးပေးပါတယ်ရှင် 🙏

🚚 အလှူဒါနပြုလုပ်လိုသူများအတွက် လှူဒါန်းလိုတဲ့ နေရာများသို့အရောက် ကားနှင့်ကုန်ချဖို့လုပ်သားနဲ့တကွသေချာစီစဉ်ပို့ဆောင်ပေးပါတယ်ရှင့်။

Hotline Ph : 09947999499 /095113676
Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး

20/03/2024

🌸စံပယ်ဆန်မွှေး STOCK ပြန်ဝင်ပြီဗျို့ !!!
နောက်သတင်းကောင်းကတော့ စျေးနည်းနည်းပြန်ကျပါတယ်။ တခါရရင် Stock ကအများကြီးမရလို့ ကုန်သွားရင်ပြန်ရဖို့ခက်လို့ ရှိတုန်းလေးဝယ်လှောင်ထားကြပါနော်။

ရွှေဘိုထူးရှယ်လို ထမင်းသားရှည်ရှည် ရနံ့မွှေးမွှေးလေးလည်းစားချင်တယ် ရွှေဘိုလောက်လည်းစျေးကြီးပေးမစားချင်ဘူးဆို စံပယ်မွှေးဆန် လေးစားကြည့်ပါနော်။

စံပါယ်မွှေးဆန်ဆိုလို့ အနံ့ကအီအီမွှေးမွှေးကြီးမဟုတ်ဘူးနော်။ နှစ်ချို့ဆန်ဖြစ်လို့ ဆီးချိုသွေးတိုးသမားတွေအတွက်လည်း သင့်တော်ပါတယ်။

တချို့ ဘာစမာတီဆန်အစားထိုးစားကြပါတယ်။ ထိုင်းမျိုးစေ့ကိုပြည်တွင်းမှာပဲစိုက်ပျိုးထုတ်လုပ်ထားပြီး Export ဆန်အရည်အသွေးအပြည့်မှီလို့ စမ်းသပ်စားကြည့်ဖို့အကြံပြုပါရစေရှင်။
ဆီးချိုသမားတွေအတွက်တော်တော်အဆင်ပြေတဲ့ဆန်လေးပါ။ စားဖူးသူတိုင်းသိပါတယ်ရှင့်🥰

☎️: 09947999499 /095113676
📨 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#စံပါယ်မွှေးဆန်
#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

19/03/2024

ဆန်တွေလည်းစုံပြီ။ ဆိုင်တွေလည်းစုံပြီ။ ခုထိထမင်းကောင်းကောင်းမရနိူင်သေးတဲ့အိမ်ရှင်မများအတွက်

👉 ထမင်းအိုးတည်ရင်

(၁)ဆန်၊ (၂)အိုးအရွယ်အစား၊ (၃)ရေ၊ (၄)မီး စတဲ့အချိုးအစားတွေ ညီနေဖို့အရေးကြီးပါတယ်။

🔸 ချက်မယ့်ဆန်နဲ့ တန်တဲ့အိုးအရွယ်အစားဖြစ်ရပါမယ်။
တစ်ပြည်အိုးကို၂ပြည်ထည့်ချက်လို့မရသလို၂ပြည်ဝင်အိုးထဲကို နို့ဆီဗူး၂ဗူးစာပဲ ထည့်ချက်ရင်လဲ ထမင်းကောင်းမထွက်တတ်ပါဘူး။
🔸 နောက်တစ်ချက်ကတော့ ရေနည်းပြီး မီးပြင်းနေရင် ရေဆူမြန်ပြီး ဆန်သားက ကောင်းကောင်းမဆန့်ထွက်နိုင်တာကြောင့် ထမင်းလုံးတိုတိုနဲ့မာမာကြီးတွေ ဖြစ်နေတတ်ပါတယ်။
🔸 ရေများပြီး မီးအားနည်းနေရင်လည်း ရေဆူကြာတာကြောင့် အနူးလွန်ပြီး ထမင်းသားပွပွကြီးတွေ ဖြစ်နေတတ်ပါတယ်။
🔸သူ့အိုး၊ သူ့ဆန်၊ ရေ၊ မီး သင့်တင့်မျှတပြီး အပတ်လည်နေမှ ထမင်းကောင်းဆန်လှဖြစ်မှာပါ။

အဲ့ဒီလိုမျိုး ထမင်းချက်နည်းတွေမမှန်ကန်တာကြောင့် ထမင်းမကောင်းတာမျိုးဖြစ်နေတတ်ပါတယ်။

👉 ဂတ်စ်မီးနဲ့ချက်တဲ့အခါ ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။

ဂတ်စ်မီးဖိုနဲ့ ထမင်းချက်တဲ့အခါ မီးအားပြင်းတာကြောင့်အထူးဂရုပြုသင့်ပါတယ်။ ထမင်းရည် ဆူပွက်မြန်တာကြောင့် ဆန်သားဟာ မဆန့်ခင်မှာပဲ ဆူပွက်နေတဲ့ရေထဲမှာအပေါ်အောက်ရွေ့လျားနေတတ်ပါတယ်။ ဆူပွက်ချိန်ကြာတာကြောင့် ထမင်းရည်လည်း ပျစ်လာတတ်ပါတယ်။
အဲ့ဒီအခါ ထွက်လာတဲ့ထမင်းက တိုတိုမာမာနဲ့ စီးစီးကြီး ဖြစ်နေတတ်ပါတယ်။ ဂတ်စ်မီးနဲ့ ချက်တဲ့အခါ အဖြစ်များလေ့ရှိပါတယ်။
ထင်း၊ မီးသွေးမီးနဲ့ ချက်ပြုတ်တဲ့အခါမှာလည်း မီးအားပြင်းတာကြောင့် ဂရုပြုသင့်ပါတယ်။

👉 ဒီတော့ မီးကို ဘယ်လိုချိန်ရမလဲ?

🔸 ကိုယ်ထည့်ထားတဲ့မီးတောက်ဟာ တည်ထားတဲ့ထမင်းအိုးဖင်ရဲ့အပြင်ကိုမထွက်ရင်ရပါပြီ။
🔸 ထမင်းအိုးဖင်မျက်နှာပြင်အပြည့်နီးနီးလေးရှိနေအောင်မီးကိုချိန်ထားသင့်ပါတယ်။
🔸 အိုးရဲ့ဘေးနံရံတွေအထိ မီးတောက်လျှံထွက်နေပြီဆိုရင်တော့ မီးအားပြင်းနေပါပြီ။
🔸 ဒါ့အပြင် မီးတောက်ကထမင်းအိုးဖင်ရဲ့ အလယ်နားမှာပဲ စုစုငွေ့ငွေ့လေးဖြစ်နေရင်လည်း မီးအားနည်းနေတတ်ပါတယ်။
🔸 မီးပြင်းရင်လည်းထမင်းအမှန်မရတတ်သလို မီးပျော့နေရင်လည်းထမင်းကောင်း မရနိုင်ပါဘူးရှင့်။

👉 နောက်အရေးကြီးတဲ့အချက်က ထမင်းနှပ်တဲ့အချိန်ဖြစ်ပါတယ်။

🔸 ထမင်းရည်ငှဲ့ပြီးမီးဖိုပေါ်ပြန်တင်တဲ့အချိန် ဂက်စ်မီးကိုခပ်ပြင်းပြင်းလေး ပေးထားရပါမယ်။ အိုးထဲက ထမင်းသားတွေကိုအသားကျစေဖို့ လုံလောက်တဲ့အပူငွေ့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ငှဲ့ပြီးခါစ ထမင်းထဲမှာ ထမင်းရည်ကျန်ရှိနေတာကြောင့် မီးပြင်းတဲ့အခါမှာလည်း ထမင်းမတူးနိုင်ပါဘူး။ မီးအပူကြောင့် ကျန်ရှိနေတဲ့ ထမင်းရည်တွေဟာ အငွေ့အဖြစ်ထွက်ပြီး ထမင်းသားကို နပ်သွားစေပါတယ်။

🔸 မီးနည်းပြီး လုံလောက်တဲ့အပူငွေ့မရတဲ့အခါ ထမင်းရည်ကျန်နေတတ်တာကြောင့် ထမင်းသားစီးထွေးပြီး မနူးမနပ်ဖြစ်နေတတ်ပါတယ်။

🔸ထမင်းအိုးအဖုံးကြားလေးတွေမှာ အငွေ့ပြင်းပြင်းတွေ ထွက်လာတဲ့အချိန်မှာတော့ မီးကိုလျှော့ချရပါမယ်။အငွေ့လျှံထွက်လာချိန် မီးမလျှော့မိတဲ့အခါ ထမင်းအိုးတူးတတ်ပါတယ်။

👉 ငှဲ့ချက်တာနဲ့ ပေါင်းအိုးနဲ့ချက်တာ ဘာကွာလဲ?

🔸 ငှဲ့ချက်ရင်ထမင်းရည်ငှဲ့ပစ်တဲ့အတွက် ထမင်းမှာရှိတဲ့ အစီးဓါတ် အချွဲဓါတ်တွေကုန်ပြီး ထမင်းပိုလှပါတယ်။ ဘယ်ချိန်စားစား ဘယ်အချိန်ခူးခူး ထမင်းသားတောင့်တောင့်လေးတွေက အချောင်းလိုက် မွမွလေးရနိုင်ပါတယ်။ ဆီးချို သွေးတိုးသမားများအတွက်လည်း ငဲ့ချက်ထမင်းက စားသုံးဖို့ ပိုမိုသင့်တော်ပါတယ်။

🔸 ပေါင်းချက်တဲ့ထမင်းကတော့ ပူပူလေး ခူးစားတဲ့အခါ ထမင်းသားလှပါတယ်။ ထွေးထွေးအိအိလေးနဲ့ မွှေးမွှေးလေးဖြစ်နေပါမယ်။
ထမင်းရည်မငှဲ့ပစ်တာကြောင့် အဆီအနှစ်ပိုများတဲ့ထမင်းကိုရရှိပါတယ်။
ဒါပေမယ့် အေးသွားတဲ့အချိန် ထမင်းခူးတဲ့အခါမှာ အဆီအနှစ်ကြောင့် စီးခဲနေတတ်ပါတယ်။ထမင်ခူးတဲ့အခါ ဇွန်းထဲမှာအခဲလိုက်ပါလာတတ်ပါတယ်။

👉 မီးအချိန်အဆ၊ ထမင်းနှပ်တာ၊ ဒီအချက်တွေသိပြီးပြီဆိုတော့ ဘယ်လိုဆန်မျိုးဆို ရေဘယ်လောက်ထည့်ကြမလဲ ?

🔸မင်မင်တို့ဆီကရောင်းအားအကောင်းဆုံးရွှေဘိုကတော့ ဆန်ထဲမှာရေအကြိုက်ဆုံးဆန်ပါ။ သူ့ကိုမချက်ခင် ၁၅ မိနစ်လောက်ရေစိမ်ပြီးမှချက်ရင် ထမင်းသားပိုရှည်ထွက်ပါတယ်။ ပုံမှန် ဆန် ၁ ခွက် ရေ ၂ ခွက်နှုန်းထည့်ပေးရပါတယ်။

🔸 ရှမ်းဆန်လိုထမင်းမျိုးကိုချက်မယ်ဆိုရင်တော့ ဆန်အချိုးနဲ့ရေအချိုးတူညီစွာထည့်ပေးပြီး ရေခမ်းချက်မှ ရှမ်းဆန်ရဲ့ အစီးဓါတ် အနှစ်အရသာအပြည့်အဝရမှာဖြစ်ပါတယ်။

🔸 ယေဘုယျအားဖြင့်ဆန်ဟောင်းနှစ်ချို့ဆန်ဆိုရေကြိုက်လို့ ရေပိုထည့်ပေးရပါတယ်။
ဆန်သစ်စားသုံးသူများကတော့ ရေကိုလျှော့ထည့်ပေးမှ ထမင်းသားပြဲထွက်ခြင်းမှသက်သာစေမှာပါ။

ကဲ ဒီလောက်ဆိုရင် မင့်ရဲ့အိမ်ရှင်မတွေအတွက် ဆန်ရွေးမှန်လျက်နဲ့ ထမင်းချက်မမှားလောက်တော့ပါဘူးနော်။
အားလုံးဆန်ဝယ်မှန်လို့ ထမင်းချက်မှန်ကာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုထမင်းဝိုင်းလေးဖြစ်ပါစေနော်🥰။

အရည်အသွေးမြင့် ဆန်အမျိုးအစားအစုံအလင်ကို "စွန်ဆန်"နဲ့အတူ မီးဖိုခန်းထဲအရောက် မှာယူလိုက်ပါ။

Hotline Ph : 09947999499 /095113676
📨 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး #အလှူဆန် #ဆန်လှူ
#အရည်အသွေးမြင့်စွန်ဆန်

16/03/2024

စွန် တံဆိပ်ဆန်ကို အနယ်နယ် အရပ်ရပ်မှရပ်ကွက်ဆန်လက်လီ လက်ကားဆိုင်များ၊ တစ်နိုင်တစ်ပိုင်ကုန်စုံဆိုင်လေးများ၊ စားသောက်ဆိုင်များစသည်တို့ကို ပွဲရုံအထိုင်လက်ကားစျေးဖြင့် ပို့ဆောင်ခအသက်သာဆုံးပို့ဆောင်ပေးပါတယ်ရှင်။

စွန် မှာ ၂ သ်ိန်းနီးပါးဆန်ကနေ ၅သောင်းကျော်တန်ဆန်အမျိုးအစားအစုံအလင်ရှိပါတယ်။ ဆန်အိတ်အရွယ်အစားကလည်း ၂၄ ပြည်အိတ်ကြီးကစလို့ ၁၂ ပြည်၊ ၆ပြည်၊ ၃ ပြည်၊ ၁ ပြည် ရှိလို့ကိုယ့် နယ်ဒေသ၊ ကိုယ့်ဆိုင်နဲ့အဆင်ပြေမယ့် ဆန်အမျိုးအစား၊ အိတ်အရွယ်အစားကို လက်လီ၊ လက်ကား အနယ်နယ်အရပ်ရပ်မှရွေးချယ်မှာယူန်ိုင်ပါတယ်ရှင်။ ဆန်စက်၊ ပွဲရုံမှသေချာသန့်စင်ထားသောဆန်ကောင်း ဆန်သန့် များကိုစျေးမှန် အရည်အသွေးမှန်စွာ စွန် တံဆိပ်ကိုလက်ကားဝယ်ယူနိုင်ပါတယ်ရှင်။

ဆန်ဆိုင်အခုမှစဖွင့်ချင်တဲ့လက်လီဆိုင်လေးများကိုလည်း မင်ကအရောင်းသွက်ဆုံးဆန်များကိုကိုယ်တိုင်ရွေးပေးပြီး မင်သိသလောက်ကိုအကြံဉာဏ်ပေးပေးပါတယ်ရှင်။

စွန် ဆန်ကိုစမ်းသပ်စားသုံးကြည့်တယ်ဆို Page မှဒါရိုက်ဝယ်ယူနိုင်ရုံသာမက Online Supermarkets တွေဖြစ်ကြတဲ့ 𝙎𝙝𝙤𝙥.𝙘𝙤𝙢, 𝙆𝘽𝙕 𝙥𝙖𝙮 𝙢𝙖𝙧𝙠𝙚𝙩, 𝘾𝙞𝙩𝙮 𝙈𝙖𝙡𝙡 𝙤𝙣𝙡𝙞𝙣𝙚, 𝙐𝘼𝘽 𝙢𝙖𝙧𝙠𝙚𝙩𝙥𝙡𝙖𝙘𝙚, 𝙁𝙤𝙤𝙙 𝙋𝙖𝙣𝙙𝙖 များမှလည်းတစ်နိုင်ငံလုံးအိမ်အရောက်ပို့စနစ်နှင့်ဖြန့်ပေးပါတယ်ရှင်။ စွန် ဆန်ကိုစားကြည့်ပြီး ကြိုက်ကြလို့ ဆန်လက်လီဆိုင်လေးတွေက ရောင်းချင်လို့ လက်ကားပေးပါဆိုပြီးဆက်သွယ်လာတဲ့သူတိုင်းကို မင်က အရမ်းကျေးဇူးတင်ပါတယ်။

မင်ကလေ တခြားနေရာမှာသာစိတ်မရှည်တာ စျေးရောင်းရင်စိတ်အယ်မတန်ရှည်တာမို့ သိချင်တာရှိ အားမနာတမ်းလာမေးပါနော်။
☎️ Hotline Ph/ Viber : 09947999499 /095113676
📨 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #ရွှေဘိုထူးရှယ် #ဆန်ရောင်းဝယ်ရေး #ဝန်ထမ်းဆန် #အလှူဆန် #ဆန်လှူ
#အရည်အသွေးမြင့်စွန်ဆန် #ဆန်လက်ကား #ဆန်လက်လီ #ဆန်ချော #ဆန်သစ် #ဆန်ဟောင်း #ဆန်ကြမ်း #စကွဲ #ကောက်ညှင်း

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 13/03/2024

𝘼𝙨𝙖𝙝𝙞 𝙇𝙤𝙞 𝙃𝙚𝙞𝙣 𝘾𝙤.,𝙇𝙩𝙙 မှ မိမိတို့ဝန်ထမ်းများအတွက် ရွှေဘိုထူးထူးရှယ် (Premium Quality) နှင့် KK မြေပဲဆီများကို လစဉ်အမြဲ စွန် မှ ယုံကြည်စွာမှာယူပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင် 🙏🏻

အခုလိုအချိန်ကာလမှာ
🔸လိုအပ်သောနေရာများ၌လှူဒါန်းလိုသူများအတွက်သော်လည်းကောင်း၊
🔸မိမိအိမ်ထောင်စုအတွက် တစ်နိုင်တစ်ပိုင် ဝယ်ယူစားသုံးလိုလျှင်သော်လည်းကောင်း၊
🔸ကုမ္ပဏီများ ၊စက်ရုံ ၊ အလုပ်ရုံများမှ မိမိတို့ ဝန်ထမ်းများအား ဝေပေးချင်လျှင်သော်လည်းကောင်း အဘက်ဘက်မှ အဆင်ပြေအောင် သင့်တင့်သောစျေးနှုန်းများနဲ့ ဆိုဒ်ကြီး ၂၄ပြည်ကနေ ဆိုဒ်အသေးဆုံး 1kg (နို့ဆီဗူး၄လုံး) အထိ ဆိုဒ်စုံရှိပါတယ်ရှင်။မိမိပေးလိုသည့် Budget ပေါ်မူတည်ပြီးအသင့်တော်ဆုံးနဲ့ Quality ကောင်းတဲ့ဆန်ကိုသာရွေးပေးပါတယ်ရှင် 🙏
✅ အရောက်ပို့ Service ယူပါကကုန်ကားနှင့်တကွ ဆန်အတင်အချလုပ်ပေးရန် လုပ်သားပါထည့်ပေးပါတယ်ရှင်။

Hotline Ph ☎️: 09947999499 /095113676
📨 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန်
#အလှူဆန် #ဆန်အလှူ #ဆန်လှူ #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

13/03/2024

အမျိုးတို့ရေ ဒီနေ့မြို့ထဲလမ်းကြောင်းလေးရှိပါတယ်ရှင့်။ နေ့လည် ၂ နာရီမှာစထွက်ပါမယ်ရှင်။ မှီချင်ရင်အခုလာပြီး order လေးအပြေးလာတင်ပါနော်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 07/03/2024

မွေးနေ့အလှူလေးအတွက်မြောင်းမြပေါ်ဆန်းရှယ် ၁ ပြည်အိတ် 232 အိတ် နဲ့ ပဲဆီ၂၅ ကျပ်သား 116 ဗူးကိုယုံကြည်စွာမှာယူပေးတဲ့ မွေးနေ့ရှင် မမကို မင်တို့ စွန် team မှကျေးဇူးအထူးတင်ပါတယ်ရှင့်။ အခုလိုလိုအပ်နေသူများကို ဆန်နှင့်ဆီ လှူရခြင်းအကျိုးကြောင့် ဘဝမှာ မတောင်းမတမကြောင့်မကြနေရပြီး ကြံစည်လုပ်ဆောင်သမျှအရာရာတိုင်းအဆင်ပြေချောမွေ့ပါစေကြောင်း စွန် Team မှဆုတောင်းပေးပါတယ်ရှင် 🙏🙏🙏

အလှူဒါနပြုလုပ်လိုသူများ၊ ဝန်ထမ်းဆန်ဝေချင်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ဆီများကို ၂၄ပြည်မှစ၍ ၁ပြည်အိတ်အထိစျေးနှုန်းအသက်သာဆုံးထားပြီးသေချာထုတ်ပိုးစီစဉ်ပို့ဆောင်ပေးပါတယ်ရှင့်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

24/02/2024

မီးကိုချစ်ရင် ဆန်လာမှာကြပါလားဟင် ?
ဘာမှတော့ဆိုင်ဘူး မီးမေမေ့ကိုစျေးကူရောင်းပေးချင်လို့ 🥺
ဒီနေ့မှာရင် နေ့လယ်လမ်းကြောင်းလေးရှိပါတယ်လို့။
အားပေးကြပါအုံးရှင်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 22/02/2024

စွန်စွန့်လို ကောက်ညှင်းငချိတ်ကြိုက်တဲ့သူရှိလားရှင် ?
စွန်စွန် ကတော့အရမ်းကြိုက်။ ငချိတ်ပေါင်းပူပူလေးကို နှမ်းထောင်းလေးဖြူး ပဲပြုတ်လေးရယ် ငါးခြောက်လေးရယ်နဲ့စားရတဲ့အရသာကဘာနဲ့မှမလဲနိုင်ဘူး 🥺
စွန်စွန် ကငချိတ်ကိုဗမာဆန်ဆန်စားရတာကြိုက်သလို ထိုင်းဆန်ဆန်အချိုလုပ်စားရတာလည်းကြိုက်တယ်။ သာခွေယိုင်ကတော့ စွန့် အကြိုက်ဆုံးပါ 🤤
စွန့် လိုပဲငချိတ်ကြိုက်တဲ့ချစ်သောတို့ရှိရင် စွန်စွန့် ဆီမှာ ငချိတ်မှာလို့ရပါတယ်။ ရွှေဘိုကောက်ညှင်းငချိတ်မလို့ အရောင်းအစင်း၊အနံ့ ၊အရသာအားလုံးပြည့်စုံပါတယ်ရှင့်။

2kg - 9500 ks
1kg - 5250 ks

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန် #ကောက်ညှင်းငချိတ် #ငချိတ်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 14/02/2024

🍚💖𝙇𝙤𝙫𝙚 𝙞𝙨 𝙞𝙣 𝙩𝙝𝙚 𝙧𝙞𝙘𝙚 🍚💖

လူတိုင်းလူတိုင်းအချစ်ခံရဖို့ထိုက်တန်ပါတယ်။ ပျော်ရွှင်ဖို့ထိုက်တန်ပါတယ်❤️✨

ဆန်အိတ်လာပို့တဲ့ခဏအတွင်း မင့်ရဲ့ဝယ်သူတွေစက္ကန့်ပိုင်းလောက်စိတ်ကြည်နူးသွားရင်ကိုကျေနပ်ပါပြီ။

အချစ်နေ့မှာဆန်ပို့ရင်း စွန်စွန်ကအချစ်တွေမျှဝေခဲ့ပါတယ် 🌹🍫

အချစ်တွေတိုးအောင် 1500 လျှော့ပေးတဲ့ Promotion လေးလည်း 16 ရက်နေ့အထိရှိပါသေးတယ်။
မြန်မြန်လာမှာထားကြနော်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 14/02/2024

Happy Valentine’s Day my sweet customers ❤️

ချစ်သောတွေကို ပန်းနဲ့chocolate ပေးဖို့စွန်စွန် လာနေပြီရှင့် 🌹🍫
အချစ်တွေတိုးအောင် 1500 ကျပ်လည်းလျှော့ပေးထားတယ်နော် 🤍
Promotion လေးက 16ရက်နေ့အထိရသေးလို့ အခုလာမှာရင်မှီသေးတယ်နော်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

10/02/2024

အချစ်ကိုယူချင် ယောက္ခမအချစ်အရင်ရအောင်ယူ‼️

Valentines Day မှာကိုယ့်ချစ်သူကိုလေးလက်ဆောင်ပေးတာတော့ဟုတ်ပါပြီ။ တကယ့်မိန်းချုပ်ကြီးကိုချုပ်ဖို့ကပိုအရေးကြီးတယ်မထင်ဘူးလား ? 🤭
တချိန်တော်ရမယ့် မေမေယောက္ခမကို မီးဖိုချောင်ထဲမရှိမဖြစ်လိုအပ်တဲ့ ဆန်နဲ့ဆီကို စွန်မှမှာပေးကြည့်လိုက်။ ယောက္ခမဆီကအချစ်တွေလည်းတိုး သူ့သမီးလေး/သားလေးနဲ့လည်းပိုသဘောတူကြည်ဖြူလို့ အရာအားလုံးအိုကေစိုပြေနေမှာနော်။
စွန်စွန် ကလည်းမြှားနတ်မောင်လုပ်ပေးချင်လွန်းလို့ 6ပြည်အထက်ဆို 1500 လျှော့ပေးပါမယ် !!!
Valentines Day အထူးလျှော့စျေးလေးမို့လက်လွှတ်မခံသင့်ဘူးနော်။ မေမေယောက္ခမ မှမဟုတ်ဘူး Vday မှာကိုယ်ချစ်တဲ့သူတွေဖြစ်တဲ့ ကိုယ့်ရဲ့မေမေ၊ ဖေဖေ၊ ချစ်သူခင်သူတွေအတွက်လည်းလက်ဆောင်ပေးလို့ရတယ်နော်။
Vday အမှီလာမှာတဲ့သူတွေကို စွန်စွန် က Chocolate နဲ့ ပန်း လည်းပေးအုံးမှာကွာ 🍫💐

🗓️ Promotion Period : 9th Feb - 16th Feb

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 09/02/2024

🍚💖𝙇𝙤𝙫𝙚 𝙞𝙨 𝙞𝙣 𝙩𝙝𝙚 𝙧𝙞𝙘𝙚 🍚💖
အချစ်တွေနဲ့ပြည့်နှက်နေတဲ့ February လမှာ စွန်စွန်ကလည်း ချစ်သောတွေကိုအချစ်တွေပေးချင်လို့ 😚
အချစ်တွေတိုးအောင် Valentines Day နေ့အမှီမှာတဲ့Orderတိုင်း 12ပြည်ကစပြီး 1500 လျှော့ပေးမယ်ရှင် 🫶🏻
Valentines Day အထူးလျှော့စျေးလေးမို့လက်လွှတ်မခံသင့်ဘူးနော်။
Vday အမှီလာမှာတဲ့သူတွေကို Vday မှာစွန်စွန် က Chocolate နဲ့ ပန်း လည်းပေးအုံးမှာကွာ 🍫💐
🗓️ Promotion Period : 9th Feb - 16th Feb

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

07/02/2024

မင် တို့ဆီ နာမည်ဆန်းဆန်းလေးနဲ့ ဆန်ရောက်ထားလို့။ မင့် ကာကာတွေကြိုက်လောက်မယ်ထင်တယ်။နာမည်လေးက ရွှေဝါထွန်းတဲ့။ သူကဆန်ကြမ်းမျိုးပါ။ ဒါပင်မဲ့စားရတာ ကြမ်းကြမ်းကြီးမဟုတ်ပဲ ထွေးထွေးလေးနဲ့စားလို့ကောင်းတယ်။ မဂျမ်းတောကြိုက်တဲ့သူဆိုဒီဆန်လေးကိုလည်းကြိုက်ကြမှာ။ စျေးလေးလည်းမဂျမ်းတောထက်တော်တော်သက်သာတယ်။ ဆန်ဟောင်းဖြစ်လို့ ရွှေဘိုဆန်၊ ပေါ်ဆန််းတို့နဲ့ရောချက်စားလည်းအဆင်ပြေတယ်နော်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 25/01/2024

လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ မိသားစုနည်းတဲ့အိမ်၊ ထမင်းသိပ်မချက်ဖြစ်တဲ့အိမ်ဆို ဒီလိုစွန်ကထုတ်တဲ့ ၃ပြည်အိတ်လေးတွေနဲ့ဆိုကွက်တိနော် 😍
အိတ်အရောင်လေးတွေပေါ်လိုက်ပြီးအထဲကဘာဆန်အမျိုးစားတွေလဲပြောပြပေးမယ်နော်။
❤️ စွန်နီ - ရွှေဘိုထူးထူးရှယ် (Premium Quality)
💚 စွန်စိမ်း - ရွှေဘိုထူးရှယ်၊ Premium Quality ထက်တဆင့်နိမ့်
💙 စွန်ပြာ - ပေါ်ဆန်းမွှေးရှယ်

Water Proof လည်းဖြစ်တယ်။ ဆန်အကြာကြီးသိမ်းထားရလို့ ပိုးတက်မယ့်အန္တရာယ်လည်းဝေးတယ်။
လက်ဆောင်ပေးချင်လည်းအဆင်ပြေ။ လှလည်းလှ တနိုင်တပိုင်သယ်သွားရုံပဲ။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဝန်ထမ်းဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 23/01/2024

မွေးနေ့အလှူလေးအတွက် အိမ်ခြေ၅၀၀ စာဆန်၁ပြည်အိတ်ရေ ၁၀၀၀ ကိုစွန် မှယုံကြည်စွာမှာယူပေးတဲ့ မွေးနေ့ရှင် မပြည့်ပြည့်ကြည်လင်းကို မင်တို့စွန် team မှအထူးကျေးဇူးတင်ပါတယ်ရှင်။
ပုံလေးတွေကြည့်ပြီးတကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။
အခုလို လိုအပ်နေသူများကိုကူညီရခြင်းအကျိုးကျေးဇူးကြောင့် မရဲ့ဘဝမှာအခက်အခဲမရှိကြံစည်လုပ်ဆောင်သမျှအရာရာတိုင်းအဆင်ပြေချောမွေ့ပြီး အမြဲပေးကမ်းဝေမျှနိုင်သောလက်တစ်စုံသာဖြစ်ရပါစေကြောင်း စွန် Team မှဆုတောင်းပေးပါတယ်ရှင် 🙏🙏🙏

အလှူဒါနပြုလုပ်လိုသူများ၊ ဝန်ထမ်းဆန်ဝေချင်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ဆီများကို ၂၄ပြည်မှစ၍ ၁ပြည်အိတ်အထိစျေးနှုန်းအသက်သာဆုံးထားပြီးသေချာထုတ်ပိုးစီစဉ်ပို့ဆောင်ပေးပါတယ်ရှင့်။

☎️ : 09947999499 /095113676
📩 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #အလှူဆန် #ဆန်အလှူ #ဝန်ထမ်းဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #အရည်အသွေးမြင့်စွန်ဆန်

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 18/01/2024

မင်အခု Diet လုပ်နေတော့ အမြဲစားဖြစ်နေတဲ့ စွန် က ဆန်လုံးညိုလေး Review ပေးမယ်နော်။ ဟီး ကိုယ့်ဆန် ကိုယ်ပြန်အားပေးပြီး review ရေးမှာဆိုတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာပေါ့နော်။

အခု Batchရောက်တဲ့ Brown Rice (ဆန်လုံးညို) က အရင်batch တွေထက် Quality ပိုကောင်းအောင်လုပ််ထားပါတယ်။ စားလိုက်ရင် ဖောက်ဖောက်ဖောက်ဖောက်နဲ့ လုံးဝမမာဘူးနော်။ ဝါးနေရတဲ့ textureလေးကိုကချစ်စရာလေး 🥰

ရိုးရိုးဆန်မစားပဲ ဆန်လုံးညိုစားတော့ဘာဖြစ်လဲဆို ပေါ့ပါးပါတယ်။ လူကထမင်းစားပြီး ဗိုက်လေးလေးကြီးဖြစ်မနေပဲ နေရထိုင်ရတာပေါ့ပါးပြီးနေလို့ကောင်းပါတယ်။ ပြီးတော့ ဗိုက်ချပ်ပါတယ်။ ထမင်းဖြူမဟုတ်တော့ များများမစားနိုင်ဘူး။ BrownRice လက်နှစ်ဆုပ်စာဆိုတော်တော်ဝနေပါပြီ။ ပြီးတော့ Brownrice ကအမျှင်ဓါတ်များလို့တော်တော်ကိုအဆာခံပါတယ်။ မင် ဆို နေ့လည်တစ်နပ်ပဲစားပြီး ညနေစာမစားပဲ Juice လောက်ပဲသောက်ပြီးနေနိုင်ပါတယ်။ နောက်နေ့မိုးလင်းရင်ဗိုက်လေးချပ်ကပ်နေရော။
ပြီးတော့ ရိုးရိုးဆန်တွေထက် ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှုလျော့နည်းလို့ သွေးအတွင်းသကြားဓာတ်နဲ့အင်ဆူလင်ပမာဏကိုထိန်းပေးနိုင်တယ်။ သွေးတိုး၊ ဆီးချိုသမားများ စားသင့်တဲ့ဆန်ထဲမှာပါပါတယ်။

Brownrice ကိုဘယ်လိုချက်ရမှန်းမသိလည်းစိတ်မပူနဲ့နော်။ 1kg, 2kg package လေးတွေနဲ့နောက်မှာ ချက်နည်း၊ ရရှိမယ့်အကျိုးကျေးဇူးတွေအကုန်ရေးပေးထားပါတယ်ရှင့်။

ကဲ မင့်လိုလှချင်ရင် စွန် က Brownrice ဝယ်စားကြည့်ကြနော် 🤭

🤎Brownrice 1kg : 3,000 mmk
🤎Brownrice 2kg : 6,000 mmk

☎️ : 095113676 09947999499 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
📨: Page Messenger မှလည်း အသေးစိတ်လေ့လာဝယ်ယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ထူးထူးရှယ်ဆန် #ထူးရှယ်ဆန် #ဆန် #ဆန်ရောင်းဝယ်ရေး #ဆန်လုံးညို
#ခရမ်းရောင်ဆန် #အရည်အသွေးမြင့်စွန်ဆန

Photos from Soon Rice Delivery - စွန် ဆန်အရောက်ပို့'s post 16/01/2024

ဆန်လက်ဆောင်လည်းပေးချင်တယ်။ အရမ်းအကြီးကြီးလည်းမပေးချင်ဘူး။ သေးသေးလေးနဲ့လှလှလေးပေးချင်ရင်ဒီလိုမျိုးလေးတွေ မင်တို့ စွန် မှာမှာလို့ရပါတယ်ရှင့်။ မိမိကြိုက်နှစ်သက်ရာ ဆန်ကို 1kg, 2kg လေစုပ် block တုံးလေးတွေနဲ့ထည့်ပေးပြီး အိတ်လှလှလေးတွေနဲ့ထည့်ပေးပါတယ်ရှင်။

Corporate bulk order များလည်းလက်ခံပါတယ်ရှင်။ အိတ်ကြီး ၁၀ အိတ်မှစပြီးပွဲရုံအထိုင်လက်ကားစျေးပေးပေးပါတယ်ရှင်။

☎️ : 095113676/ 09947999499
📨 Facebook messenger မှလည်းလွတ်လပ်စွာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

#ရွှေဘိုပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေး #ပေါ်ဆန်းမွှေးထိပ်စ #ရွှေဘိုထူးထူးရှယ် #ထူးရှယ်ဆန် #စံပါယ်မွှေးဆန် #ဆန်လုံးညို #ခရမ်းရောင်ဆန်
#ဆန် #ဆန်ရောင်းဝယ်ရေး
#အရည်အသွေးမြင့်စွန်ဆန်

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အားလုံးစောင့်မျှော်နေကြတဲ့ Mother’s Day Campaign ရဲ့ Winner ဆုရှင်လေးပေါ်ထွက်လာပါပြီ 🎉🎊🎉Campaign Post လေး Error တက်သွားတ...
စွန် တံဆိပ်ဆန်ကို အနယ်နယ် အရပ်ရပ်မှရပ်ကွက်ဆန်လက်လီ လက်ကားဆိုင်များ၊ တစ်နိုင်တစ်ပိုင်ကုန်စုံဆိုင်လေးများ၊ စားသောက်ဆိုင်မျ...
နေ့မအား ညမအားမင်တို့စွန် Team ကြိုးစားနေပါတယ်။ စားသုံးသူတွေလက်ထဲအလျင်မှီရောက်ဖို့က မင်တို့ရဲ့တာဝန်ပါ။ စားသုံးသူတွေကိုစိတ...
🎊Thadinkyut Giveawayလေး🎊 ရဲ့ Winner ဆုရှင်လေးတွေထွက်ပေါ်လာပါပြီ 🥳🥳စည်းကမ်းချက်တွေနဲ့ကိုက်ညီပြီး ပုံလေးနဲ့အလိုက်ဖက်ဆုံးစာ...
We’re proudly announcing that Soon Rice is on Food Panda finally 🐼🎉 ဆန်ကုန်သွားတာမသိလိုက်လို့ ဆန်မှာရင်ဘယ်နေ့ရောက်မှာလဲဆ...

Category

Telephone

Website

Address


အသောကလမ်း၊ ဘုရင့်နောင်၊ မရမ်းကုန်းမြို့နယ်၊
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Other Food & Grocery in Yangon (show all)
Aisha online shop Aisha online shop
မဂ်လာတောင်ညွန်မြို့နယ်
Yangon

Cosmetics skin care လက်လီလက်ကား

May Hlaing May Hlaing
Yangon
Yangon, 11241

male

Soe Sandar စားသုံးဆီရောင်းဝယ်ရေး Soe Sandar စားသုံးဆီရောင်းဝယ်ရေး
Yangon

Soe Sandar စားသုံးဆီရောင်းဝယ်ရေး 09775772463 09420083838 ရန်ကုန်

Aung Htoo San Aung Htoo San
Than Street
Yangon, HLAINGTOWNSHIP

ဆန္ ၊ ဆီ နဲ႔ အျခားကုန္မ်ိဳးစံုကို ​ေ?

Theint Padaythar Online Shop Theint Padaythar Online Shop
Mingaladon
Yangon

မင်္ဂလာပါရှင့်

U Nay Win U Nay Win
Yangon, 273099

UNayWin

ဝလုံးလေး Olineshopping ဝလုံးလေး Olineshopping
ရန်ကုန်
Yangon

ဝလုံးလေး Olineshopping

Yoon NanDar Yoon NanDar
၁/ရပ်ကွက်သာကေတ
Yangon

အတွေ့အကြုံများSharing လုက်ပေးမယ့်

Tamil Marlaie India Store Tamil Marlaie India Store
Pazundaung
Yangon