Excel Myanmar

Excel Myanmar

You may also like

Elizabeth Sandoval
Elizabeth Sandoval

RPA and Excel Developer

01/07/2024

စာမသင်ရတာကြာပြီဗျ
Excel ဆောင်းပါတွေလည်း မရေးဖြစ်ပါဘူး

ခုတလောဖြင့်
Excel free course လေးတွေပြန်သင်မလား
စိတ်ကူးလေးရ

အရင်လို့ တစ်အိမ်ဝင်တစ်အိမ်ထွက်
လိုက်သင်ပေးရမလား
Online Free Course လေးပဲ သင်ရမလားပေါ့

ခက်တာက
ကျွန်တော်က excel ကို online သင်ရင်
ဘယ်လိုမှ သင်လို့အဆင်မပြေဘူးလို့
စိတ်ထဲ ခံစားမိလို့
Online မသင်ဖြစ်တာပါ

အဲ့တော့
Critical Thinking ရယ်
Excel Logic လေးတွေရယ်
ကျွန်တော် ဆောင်းပါးရေးနေကြ
ကျွန်တော်အာဘော်လေးတွေပါပါမယ့်

1 -3 minutes စာ
Short Video အတိုလေးတွေလုပ်ပြီး
နေ့တိုင်း အားရင်အားသလို
Post တင်ပေးပါမယ်ဗျာ

အိမ်လိုက်သင်ဖို့တော့ စဉ်းစားလိုက်ပါအုံးမယ်
Love you guys ❤️❤️❤️

20/11/2023

အားလုံးပဲမင်္ဂလာပါခင်ဗျ
ခုပြောပြမယ့် ခေါင်းစဉ်လေးကတော့
How to speed up your excel marco
ပဲဖြစ်ပါတယ်

1.ပထမဆုံးတစ်ခုက
Switch Off Automatic Calculationsပါ
Calculate ကို auto ကနေ
manual ပြောင်းထားရမှာပါ

2.ဒုတိယကတော့ Screen Updating ကို
ပိတ်ပစ်တာပါ
Stop the Screen Updating

3.တတိယကတော့ Status Bar update
လုပ်တာကို ပိတ်ထားရပါမယ်
Disable Status Bar Updates

4.နောက်ဆုံးတစ်ခုကတော့ Events တွေ
အကုန်လုံးကို ပိတ်ထားပေးရပါမယ်
Prevent Excel Events from Running

VBA ကိုသုံးတဲ့အခါမှာ module အစနဲ့အဆုံးမှာ
ကျွန်တော်တော့ အောက်ပါ code လေးတွေကို
အမြဲထည့်သုံးပါတယ်

With သုံးပုံသုံးနည်းတော့ မပြောပြတော့ပါဘူး
VBA ရေးတတ်တဲ့ intermediate levelကသူတွေ
သိပြီးသားဖြစ်မှာပါ

With Application
.Calculation = xlCalculationManual
.ScreenUpdating = False
.DisplayStatusBar = False
.EnableEvents = False
End With

စေတနာများဖြင့်

19/11/2023

အပြင်းစား Excel ဒိုင်ကြောင်များ (5)

ဒီတစ်ပတ်တော့
Do Loop အကြောင်းလေးလင်းမယ်ဗျာ
VBA မှာ Do Loop ဆိုတာ
အတော်လေးကိုအသုံးဝင်ပါတယ်
Do loop မှ မရေးတတ်ရင်
VBA ရေးတတ်တယ်လို့ ပြောလို့မရသေးပါဘူး

Do Loop မှာအခြေခံအားဖြင့် 3မျိုးရှိပါတယ်

(A)
Do Until Loop

(B)
Do While Loop

(C)
For Loop

ဒီနေ့တော့ Do Until Loop အကြောင်းလေးပြောပါမယ်

Do Until Loop ဆိုတာ ပေးထားတဲ့
true criteria value မရောက်မချင်း
continue repeating သွားတဲ့သဘောပါ
true criteria value ရောက်သွားရင်
Run ထားတဲ့ VBA ကို endsub ရပ်လိုက်မှာပါ

ဥပမာလေးနဲ့ပြောမှပိုရှင်းမယ်ထင်တယ်

*******
Dim N as Integer

N = 0

Do Until n = 10

n = n + 1

Loop

Endsub
*********

အပေါ်မှာရေးထားတဲ့ loop statement အရ

N ဆိုတာကို zero နဲ့တူညီတယ်လို့သဘောထားပါမယ်

ပြီးရင် N ရဲ့ value က 10 မဖြစ်မချင်း
N ကို 1 ထပ်ပေါင်းမယ်လို့ ပြောတာပါ

N က 10 ဖြစ်သွားရင်တော့
Endsub ဖြစ်သွားပြီး
VBA code ကိုအဆုံးသက်လိုက္မှာပါ

ဒါက VBA ကိုစာသင်ခန်းထဲမှာသင်တဲ့ပုံစံပေါ့ဗျာ
သို့ပေမဲ့ 80% သော user တွေက
နားလည်သလိုလိုနဲ့ နားမလည်ဘူးဗျ

အဲတော့ လက်တွေ့ operation က
ဥပမာ တစ်ခုခုနဲ့ပြောမှပိုအစဉ်ပြေမယ်ဗျ

Augment (1)

ABC ဆိုတဲ့ စတိုးဆိုင်တစ်ခုကို ပစ္စည်းပို့မယ်ဗျာ
နေ့စဉ် delivery ကို report လုပ်ရတယ်ပေါ့ဗျာ
မန်နေဂျာက report မှာ
လစဉ် 9 ရက္နေ့ထိပဲ delivery service ပေးမယ်ဗျာ
10 ရက်ဆိုတာနဲ့ ပစ္စည်းမပို့တော့ဘူး

ဒါကို VBA မှာ loop statement ရေးပြပါမယ်နော်

အရောင်းစာရင်း report date ကို
N လို့သက္မှတ်ပါမယ်

N = report date

အဲတော့ N က 1 to 30 ထဲက အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့

N က 10ရက္မဖြစ်မချင်း N ကို ပစ္စည်းပို့မယ်ဗျာ

Do Until n = 10
n = n + 1
Loop

ပြောရရင် N = 10 မဖြစ်မချင်း
N ကို +1 ပေါင်းမယ် ပစ္စည်းပို့မယ်ပေါ့

N = 1
N = 1+1
N = 2+1
N= 3+1
N = 4+1
N= 5+1
N= 6+1
N= 7+1
N= 8+1
N= 9+1
N= 10 endsub ( stop the VBA code )

N = 10 ဖြစ်တာနဲ့ loop statement မလာတော့ပဲ
endsub ဖြစ်သွားမှာပါ

Dim n as Integer
N = 0
Do Until N = 10
N = N + 1
Loop
Endsub

Summary

ဒါက do until loop အကြောင်းလေးပါ
ကျွန်တော်က ခုနောက်ပိုင်း စာမသင်ဖြစ်တော့ဘူးဗျ
VBA ကို Excel နဲ့တွဲသင်တဲ့အခါ
အခက်အခဲရှိတာက
Operationမှာ ဖြစ်နေတဲ့
User Event ကို VBA statement တစ်ခုအဖြစ်
ပုံမဖော်နိုင်တာပဲဗျ
Coding ရေးရတာက ဘာမှမခက်ခဲဘူးဗျ
အရမ်းကိုလွယ်ကူပါတယ်
သို့ပေမဲ့
Excel နဲ့ automation work flow သွားတဲ့နေရာမှာ
Operation နဲ့ ရေးထားတဲ့ VBA code logic နဲ့
တစ်သားထဲမကျရင်
ခင်ဗျားဘာသာ ဘယ်လောက်ကြီးပဲ VBA ကျွမ်းကျွမ်း
ခင်ဗျား Excel file ကို ဘယ်သူမှသုံးမှာမဟုတ်ဘူးဗျ

16/11/2023

ကဲကဲ စာမသင်ရတာလည်းအတော်ကြာပြီဆိုတော့
December လထဲ weekend တိုင်းကို
အရင်လို အိမ်တွေလိုက်ပြီး
excel free လိုက်သင်ပေးပါမယ်

ကျွန်တော်က စက်ဘီးသမားဆိုတာ့
သိပ်အဝေးကြီးတွေတော့ လိုက်မသင်နိုင်ပါဘူး

စမ်းချောင်း၊ လှည်းတန်း၊ ရန်ကင်း မြို့နယ်တွေထဲက
ကျောင်းမပြီးသေးတဲ့ ခလေးတွေရှိရင်
သူငယ်ချင်း ၃ ယောက် အနဲဆုံးစုပြီး
အိမ်ဖြစ်ဖြစ် ကော်ဖီဆိုင်ဖြစ်ဖြစ်
Excel Basic၊ Excel Intermediate၊ Excel Advanced level
အဆင်ပြေတဲ့ course အိမ်တိုင်ယာရောက်
Free လိုက်သင်ပေးပါမယ်ခင်ဗျ

(20 နဲ့ 25 နှစ်ကြား ခလေးတွေပဲ သင်မှာပါ
အိုကြီးအိုမတွေ မသင်ပါဘူး ခင်ဗျ 😁😁😁)

လူစုပြီး နေရာရှာပြီးမှ phone ဆက်ပါနော်
(ထပ်ရှင်းပြရလောက်အောင် သောက်ချိန်ကပိုမနေလို့ပါ ❤️❤️❤️)

စိတ်ဝင်စားရင်
Phone 09972265170 ကို ဆက်သွယ်ပြီး
Register လုပ်လို့ရပါတယ်

28/08/2023

ကျွန်တော် ဒီ page ကနေ
spreadsheet ဆောင်းပါးတွေရေးပါတယ်

“အပြင်းစား excel ဒိုင်ကြောင်များ”ခေါင်းစဉ်နဲ့
ရောက်တတ်ရာရာတွေရေးပါတယ်

“Data များပေါ်လမ်းလျောက်ခြင်း” ဆိုတဲ့
ခေါင်းစဉ်နဲ့လည်း ရေးပါတယ်

သို့ပေမဲ့
ကျွန်တော် personal account မှာတော့
ဒိုင်ကြောင်တွေ
ကဗျာတွေ
သောက်ပေါစစ်စစ်ဖြစ်ကြောင်းတွေ
ကျွန်တော်တို့ Universe အကြောင်းတွေ
စသဖြင့် ရေးပါတယ်

အဲ့တော့ဗျာ
ဖြစ်နိုင်ရင် excel လေ့လာချင်ရင်
Excel page နဲ့ Group ကိုပဲ like, follow လုပ်ထားရင်
အဆင်ပြေပါတယ်ခင်ဗျ

Personal Account က
ကျွန်တော်ရဲ့ တစ်ချို့ပို့နဲ့စာသားတွေက
အဂေါ်လွန်နေတာတွေများတော့
ဒီဘက်ကလူတွေကို အားနာလို့ပါ 😂😂😂

Universe မတူရင် ရှင်းပြရတာခက်လို့ပါနော် ❤️❤️❤️

ဆောင်းပါးတွေ အရေးကျဲနေပေမယ့်
သတိရပါတယ်ဗျာ အားလုံးကို ❤️

26/08/2023

Data များပေါ်လမ်းလျောက်ခြင်း (၁၂၃)

ဒီတစ်ပတ်ဖြင့် power position တွေအကြောင်း
ရေးချင်လာလို့ရေးပါမယ်

Power Position လို့ပြောလိုက်ရင်
Dimensions အကြောင်းလဲ ပြောရမှာပဲ

ကျွန်တော်တို့ data မှာ
အလျားလိုက်နဲ့ ဒေါင်လိုက်နဲ့ ဆိုပြီးရှိတယ်
သို့ပေမဲ့
အစွန်းနှစ်ဖက်က အရာတွေကို
ကျွန်တော်တို့က မေ့ထားကြတယ်ဗျ

အစနဲ့အဆုံး
အမှန်နဲ့အမှား
ကောင်းခြင်းဆိုးခြင်း စသဖြင့်ပေါ့

Data မှာလည်း
Start Point and End Point ဆိုတာရှိတယ်
1 ကနေ 10 လို့ပြောလိုက်ရင်
ခင်ဗျားအတွေးက
1 နဲ့ 10 ကိုပဲ မြင်ယောင်လာမယ်
2,3,4,5,6,7,8,9 ကို တန်းပြီးမမြင်ဘူးဗျ

အဲ့သဘောပဲ
1 + 3 = 4 ဆိုရင်
1 နဲ့ 3 ပေါင်းလို့ 4 ရတဲ့ process flow ကိုပဲ
စတင်စဉ်းစားမိတာပဲ

7-3 = 4 ကို မမြင်ဘူးဗျ

အဖြေက တူတူပဲဗျ

အဲ့တော့ဗျာ
Excel မှာ
Sumifs နဲ့ formula process flow တစ်ခု
တည်ဆောက်လို့ရသလို့

Same Data ကိုပဲ
Pivot နဲ့ Function process flow တစ်ခု
တည်ဆောက်လို့ရတယ်

အဲ့လိုပဲ
Power BI နဲ့ DAX တို့ Measure တို့နဲ့
Power Automate နဲ့ပေါင်းပြီး
Cloud Flow တွေ တည်ဆောက်လို့ရတယ်

အဖြေက တူတူပဲဗျ

ဘာကွာလဲဆိုရင်
Productive ဘယ်လောက်ထိ
မြန်မြန်ဖြစ်ထွန်းလည်းပဲကွာတာဗျ

ခင်ဗျားက 3 နာရီ ဒါမှမဟုတ်
3 ရက်လောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ
ရလာတဲ့ အဖြေတစ်ခုကို
ခင်ဗျားဟာ တန်ဖိုးထားမိမှာပဲ
နောက်ဆုံးအဖြေထွက်လာလို့
ဂုဏ်ယူချင်ယူမိမှာပဲ

သို့ပေမယ့်
ခင်ဗျားလုံးဝမသိသေးတဲ့ universe တစ်ခုမှာကြ
3 မိနစ်နဲ့ process flow တစ်ခုလုံးပြီးချင်လည်း
ပြီးနေနိုင်တယ်နော်

ကျွန်တော်တို့ရဲ့ မသိခြင်းများဟာ
ကျွန်တော်တို့ ကိုယ်တိုင်ရဲ့အသုံးဝင်မူတွေ
ဖြစ်နေနိုင်ပါတယ်

❤️❤️❤️

21/07/2023

Data များပေါ်လမ်းလျောက်ခြင်း

ဒီအချိန်ဒီအခါမှာ
Data Analysis သမားတွေမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့အရာက

“ခေတ်နဲ့လူနဲ့အန်ကိုက်မဖြစ်တဲ့ပြဿနာ” ပါ

ခင်ဗျားကိုယ်ခင်ဗျား data analysis သမားလို့
ပြောရင် အခြေခံဘာတွေလိုအပ်မလဲက
အရင်စကြတာပေါ့

-အခြေခံ excel knowledge ရှိရပါမယ်
-အခြေခံ file structure အကြောင်းသိရပါမယ်
(xml,csv,xlsb,jason file တွေ
ဘယ်လိုအလုပ်လုပ်လဲ စသည်ဖြင့်ပေါ့)
-automation process အနည်းအကျင်း
တို့ထိမိရပါမယ်
-very basic SQL knowledge လေးရှိရပါမယ်
-PowerBi ကို virtualization မဟုတ်ပဲ
DAX ပိုင်းတွေ သေချာလေ့လားထားရပါမယ်

အပေါ်က အချက်တစ်ချို့လောက်ကို
တို့ထိမိထားရင်
Data Analysis နဲ့ ပတ်သက်တဲ့
အလုပ်တစ်ခုခုခေါ်ရင်
အလွယ်တစ်ကူ ရနိုင်ပါလိမ့်မယ်
(ဖောလို့တော့ မရဘူးပေါ့ ဖောလို့ရခဲ့ရင်လည်း
တစ်ကယ် operation လုပ်တဲ့အခါ
အဖေကယ်ပါ အမေကယ်ပါတွေ
အော်ရပါလိမ့်မယ် 😂😂😂)

နောက်တစ်ခုက
အပေါ်ကပြောတဲ့ အချက်တွေက
သင်တန်းတွေ
တစ်ကူးတစ်ကသွားတတ်မှမဟုတ်ပါဘူး
ကိုယ်ဝါသနာတစ်ကယ်ပါရင်
Self study လုပ်ရင်းနဲ့ကို
လေ့လာလို့ရပါတယ်
အချိန်လေးနဲနဲတော့ပေးရမှာပေါ့

နောက်ဆုံးတစ်ခုက
မကြွယ်ဖို့ပါပဲ
ကျွန်တော်တို့လောကမှာ ကြွယ်လို့မရပါဘူး
ကြွယ်တဲ့ကောင်ခံရတာပါပဲ

Low profile အမြဲနေပါ

တစ်ချို့က
ကိုယ်ကိုယ်ကိုယ် သိပ့်တော်တယ်ထင်တဲ့
လူတွေတွေ့ခဲ့ဖူးတယ်
သိပ်တော်တယ်ထင်လာတဲ့အခါ
ကိုယ်သောက်လုပ်ကို ကိုယ်မလုပ်တော့တာပဲဗျ

ဘဝမှာ
ဖြစ်သမျှပြဿနာသေးသေးလေးတွေဟာ
ကိုယ်သောက်လုပ်ကို ကိုယ်မလုပ်တာကနေစတာပဲဗျ

ဥပမာ
ချစ်တယ်ပြောရမှာ မပြောတာမျိုးပေါ့ 😂😂😂

Summary

“ခေတ်နဲ့လူနဲ့အန်ကိုက်မဖြစ်တဲ့ပြဿနာ”ဆို
ဘာမှမဟုတ်ဘူး
က်ုယ်ထက်တော်တဲ့ သူတွေများနေရင်
အဲ့ပြဿနာက စတော့တာပဲ

ဖြေရှင်းနည်းက လွယ်လွယ်လေး
ကိုယ်သောက်လုပ်ကို ကိုယ်လုပ်ပါပေါ့

ဘဝကို
ဆားပုလင်းနှင်းမောင်မဆန်မိဖို့လိုပါတယ်
Love you guys ❤️❤️❤️

23/05/2023

လုပ်ငန်းခွင်မှာရှိတဲ့ Manual Workflow တွေကို
Automation setup လုပ်ချင်သူတွေရှိရင်
ကျွန်တော်ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျ

Saturday/ Sunday Weekend တိုင်း
အောက်ပါ project များကို
အိမ်တိုင်ယာရောက် Service ပေးပါတယ်ခင်ဗျ

နေ့စဉ်ဖြတ်သန်းနေရတဲ့
Daily Manual Workflow တွေကို
Uipath နဲ့ RPA automation robot များ
User စိတ်ကြိုက်ဖန်တီးပေးပါတယ်ခင်ဗျ

Ping me here
☎️ 09972265170

02/05/2023

ခုမှစပြီး excel လေ့လာချင်သူများအတွက်
File လေး share ပေးလိုက်ပါတယ်ခင်ဗျ

Excel က ကိုယ်ဘာကိုယ် self study လုပ်မှ
ပိုပြီးကျွမ်းကျင်တဲ့အရာမျိုးပါ ❤️❤️❤️

Comments မှာ file links လေးပေးထားပါတယ်

26/03/2023

Personal ကိစ္စလေးတွေကြောင့်
April သင်မယ် Power BI online course လေးကို
ကျွန်တော် page ကနေပဲ free sharing လုပ်ပေးပါတော့မယ်ခင်ဗျ

April လမှစပြီး Every Sunday တိုင်း
တစ်နာရီစာ Training Video လေးတွေ
Free Sharing လုပ်ပေးပါမယ်ခင်ဗျ

Registration လုပ်ထားပေးတဲ့သူများ
Page ကနေပဲ free လေ့လာနိုင်ပါတယ်ခင်ဗျ

ကျေးဇူးတင်ပါတယ်

Photos from Excel Myanmar's post 14/03/2023

အကို excel ဆောင်းပါးတွေ ဘယ်လိုရေး

စမ်းချောင်းလမ်းဘေး
ချမ်းအေး ဝမ်းရေးအတွက်
လမ်းနဘေးက
ဈေးသည်မလေးကိုကြွေရင်းရေးပါသည်ပေါ့
❤️❤️❤️

11/03/2023

Created Pivot Table in Excel with RPA ❤️❤️❤️

RPA နဲ့ excel မှာ Pivot Table လေးလုပ်ကြည့်ရအောင်
RPA Automation Project လေးတွေ
sharing လုပ်ပေးပါမယ်ဗျ

10/03/2023

(EP_1 ) Power BI Beginner to Pro Course ❤️❤️❤️

Data Extraction & Transforms

Full Course ကို April တစ်လလုံး
Every Sunday တစ်နာရီစာ
Training Video လေးတွေ
Page ကနေ free sharing လုပ်ပေးပါမယ်ခင်ဗျ

07/03/2023

AI နဲ့ Excel နဲ့ တွဲသုံးကြမယ်ဗျာ
Excel user interface မှာ သုံးမှာပါနော်
Peace ❤️❤️❤️

03/03/2023

အပြင်းစား excel ဒိုင်ကြောင်များ

ဘဝမှာ တစ်ခါမှမမှားဖူးတဲ့လူတွေဟာ
ဘာတစ်ခုမှလည်း
ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖူးတဲ့လူတွေပဲဗျ

ကျွန်တော်တို့က
သိပ်တော်သိပ်တတ်နေတဲ့ လူတွေမှမဟုတ်တာဗျာ
ဒါကို လက်ခံတတ်ဖို့လိုပါတယ်

ဝန်ထမ်းဘဝ နှစ်၂၀ လောက်မှာ
ဘာတွေမှားခဲ့လည်း မေးရင်
အကုန်မှားခဲ့တာပဲဗျ

ကျွန်တော် excel စလေ့လာစဉ်ကအကြောင်း
ပြောပါမယ်

ပထမဆုံးသတိထားမိတာက
အလျားလိုက်မျဉ်းကြောင်းတွေနဲ့
ထောင်လိုက်မျဉ်းကြောင်းတွေပဲဗျ

လူတော်တော်များများက
Sumifs ဆိုတဲ့ formula ကိုသုံးရင်
ထောင်လိုက်မျဉ်းကြောင်းတွေဖြစ်တဲ့
Columns တွေကိုပဲ တွေးမိတယ်

Sumifs ကို အလျားလိုက် သုံးတဲ့သူ
မရှိသလောက်ပဲဗျ

ဒါဟာ ဘာလို့လည်းလို့
မေးခွန်းထုတ်တဲ့သူမရှိသလောက်ပဲ

အဓိကကတော့
Data Structures ကြောင့်ပါ

Data structures တွေဟာ default အနေနဲ့
ထောင်လိုက်တွေပဲ ဖြစ်သင့်တာကို

ဥပမာ

Date Product Sales Qty
01/02/2023 Book 2950 10

သို့ပေမယ့် ကိုယ်ကိုယ်တိုင်
Final report တစ်ခုလုပ်တဲ့အခါ
အပေါ်ကပြောတဲ့
ထောင်လိုက် data structures မဟုတ်တော့ပဲ့
အလျားလိုက်တွေ လုပ်ကြတာများတယ်

ဘာလို့လဲလို့မေးရင်
အလွယ်လုပ်ကြတာလို့ဖြေရမှာပါပဲ
ကိုယ်အဆင်ပြေရင်ပြီးရော
ကိုယ်ကြည့်လို့ လှရင်ပြီးရောပေါ့ဗျာ

ပုံမှန် data သမားတစ်ယောက်ဆိုရင်
ERP, SQL တွေခနထားပါ
ထောင်လိုက် data structures ဆိုရင်
လိုသလိုပြောင်းလို့ရတယ်
Excel မှာဆိုရင်
Pivot လို Function မျိုးသုံးတတ်တဲ့လူဟာ
ဘယ်တော့မှ
အလျားလိုက် data structures ကို
ကိုယ်ရဲ့ raw data အဖြစ်မသုံးကြဘူးဗျ

ဒါက data သမားတစ်ယောက်ရဲ့
Basic knowledge ဖြစ်သလို့
Data cleaning ပိုင်းအတွက်လည်း
အခြေခံသိကို သိရမယ် အရာပါ

သို့ပေမဲ့
ခုလက်ရှိ ကျွန်တော်တို့ရဲ့
Office environment မှာအဓိကဖြစ်နေတဲ့
ပြဿနာက data cleaning ပြဿနာပါ

အလျားလိုက် data တွေကို
ထောင်လိုက်ပြန်လုပ်နေရတာကိုက
အလုပ်တစ်ခုလိုဖြစ်နေတာပါ

ထောင်လိုက် raw data ဘယ်လိုတည်ဆောက်မလဲ
Date ဆိုတဲ့ Title တစ်ခုရှိပြီဆိုရင်

01/02/2023 02/02/2023 03/02/2023

ဒီလို အလျားလိုက် created မလုပ်ရပါဘူးခင်ဗျ

Date ဆိုတဲ့ Title တစ်ခုရဲ့အောက်ကနေမှ
ထောင်လိုက် data structures တစ်ခု
တည်ဆောင်ရပါတယ်

ဥပမာ

Date
01/02/2023
02/02/2023
03/02/2023

ဒီလို ထောင်လိုက်တည်ဆောက်ရပါမယ်

ဒါကိုမှ နောက်ထပ် excel sheet အသစ်တစ်ခုမှာ
Final Report တစ်ခုတည်ဆောက်ပြီး
ကိုယ်လိုချင်တဲ့ အလျားလိုက်
Final Report တစ်ခုထြတ်ယူရမှာပါ
(Pivot, Sumifs, vlookup, index, etc….)

Summary

အပေါ်က ပြောခဲ့တာတွေက
ကျွန်တော် excel သုံးတဲ့ နှစ် ၂၀ သက်တန်းအတွင်း
ဖြေရှင်းခဲ့ရတဲ့ အရာတွေထဲမှာ
ထပ်ခါထပ်ခါ ဖြေရှင်းရတဲ့ အရာတွေထဲတစ်ခုပါ

အဲ့တော့ဗျာ
Reporting တစ်ခုလုပ်ဆိုရင်
(Power BI, Sql, SAP, ERP, Oracle, etc….)
ဘာပဲသုံးသုံး
Raw Data အတွက်
ထောင်လိုက် data structures sheet တစ်ခု
အမြဲလိုပါတယ်

ကိုယ်လိုချင်တဲ့ Final Report အတွက်ဆိုရင်
Raw data ကနေမှ data ကို ယူသုံးရပါမယ်
Raw data ဟာ ဘယ်တော့မှ
ခင်ဗျားရဲ့ Final Report မဖြစ်သင့်ပါဘူး
Raw data ဟာအမြဲတန်း
ထောင်လိုက် data structures ဖြစ်ကိုယ်ဖြစ်ရပါမယ်

ကဲကဲ ဒီနေ့တော့ ဒီလောက်ပါပဲ
Peace ❤️❤️❤️

26/02/2023

Batch-2 လာမယ့် စနေ၊ တနင်္ဂနွေ စပါမယ်နော်
❤️❤️❤️

23/02/2023

Automation နဲ့ ကျွန်တော်

လွန်ခဲ့တဲ့ 6 နှစ်လောက်ကပေါ့
Automation ကို စတင်ထိတွေမိတဲ့အကြောင်းလေး လွေးရအောင်ပါ

ကျွန်တော်က excel သမားပါ
Power App တွေ ခေတ်မစားခင်အချိန်ပေါ့ဗျာ

PC 10 လုံးနဲ့ လူတစ်ယောက်နဲ့
Crypto တွေ Mining လုပ်နေတဲ့အချိန်
RPA ကို သွားတွေပါတယ်

သူက တစ်ခုခုကို တစ်ခုခုနဲ့
ဟက်တာမဟုတ်ပါဘူး
Computer မှာရှိတဲ့ mouse cursor ကို
Control လုပ်တဲ့ သဘောပါ

ဥပမာ
Website တစ်ခုက data တွေကို
Web Data script လုပ်ပြီးယူတယ်ဆိုပါစို့
Excel VBA နဲ့ ယူလို့ရပါတယ်

သို့ပေမဲ့
RPA သဘောတရားက အဲ့လိုမဟုတ်ဘူး
လူတစ်ယောက်က website ပေါ်မှာရှိတဲ့
Text, Information တစ်ခုခုကို
Mouse cursor နဲ့ select ပေးမယ်
ပြီးရင် excel sheet ထဲကို
copy paste လုပ်မယ်ပေါ့

ဒီလို manual process ကို လူလုပ်မယ်ဆိုရင်
Data များရင် များသလို
အနည်းဆုံး 3/4 နာရီကြပါလိမ့်မယ်
ပြီးတော့ process တစ်ခုလုံးဟာ
repeatedly အကြိမ်ကြိမ်လုပ်ရတာမျိုးပါ

လူသဘောတရားအရလည်း
ကိစ္စတစ်ခု အကြောင်းအရာတစ်ခုကို
အကြိမ်ကြိမ်လုပ်ရတဲ့အခါ
Concentration လျော့ကြတတ်ပါတယ်
Concentration လျော့ရင်
အမှားများတတ်ပါတယ်

ဒါကို RPA နဲ့ အစားထိုးလိုက်တဲ့အခါ
ကျွန်တော်တို့ ပိုပြီးကောင်းမွန်တဲ့
ပိုပြီး မြန်ဆန်တိကျတဲ့
Workflow တစ်ခုကို ရရှိလာပါတယ်

ဒါက RPA သဘောတရားကို
အလွယ်ကးဆုံးပြောပြတဲ့သဘောပါ

သို့ပေမဲ့
RPA မှာလည်း အားနည်းချက်တွေရှိပါတယ်
လူတွေကို Promote လုပ်ရတာ ခက်ပါတယ်
ပြောရရင်
Workflow တစ်ခုရဲ့
Manual process တစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့
လူတွေကို promote လုပ်ရတာ
အရမ်းခက်ပါတယ်

၂နှစ် ၃ နှစ် Manual process မှာ
ကျင့်သားရနေတဲ့ လူတစ်စုကို
ဒါတွေ လုပ်စရာမလိုတော့ဘူး
အရင်က ၃ ရက်လောက် လူအများကြီးနဲ့
Data Entry လုပ်ရတဲ့ အရာကြီးက
နာရီပိုင်းအတွင်း လူတစ်ယောက်ထဲက
လုပ်လို့ရသွားတဲ့အခါ
ရုတ်တရက် ဖြစ်လာတဲ့
Magical moment တစ်ခုကို
နားလည်လက်ခံလာအောင် ရှင်းပြရတာ
အတော်လေးလေး ခက်ပါတယ်

ခုခေတ်စားနေတဲ့ ChatGPT လို AI တွေဟာ
အရင်က corporate level မှာပဲရှိခဲ့တာပါ
Public level ကို ခုမှရောက်လာတာပါ
အဲ့လိုပဲ RPA ဟာလည်း
ခုလက်ရှိ corporate level မှာပဲရှိပါသေးတယ်

အဲ့တော့ဗျာ
AI နဲ့ RPA နဲ့သာ တစ်သားထဲရှိသွားကြည့်
ခင်ဗျားတို့ရဲ့ workflow environment တွေမှာ
Data Entry ဆိုတဲ့ level တွေဟာ
ပျောက်ခြင်းမလှ ပျောက်ကွယ်သွားမှာ
အသေအချာပဲဗျ

ကဲကဲ ဘော်ဒါတို့
သိပ့်လည်းမစိုးရိမ်ကြပါနဲ့
အသစ်အသစ်တွေမှာလည်း
သူ့အားနည်းချက်နဲ့သူပါ
ကျွန်တော်တို့က ပါဝင်ပတ်သက်နေဖို့ပဲလိုတာပါ

Peace ❤️❤️❤️

23/02/2023

RPA (Robotic Process Automation)
အတန်းလေးတွေဖွင့်ရင်
စိတ်ဝင်စားတဲ့သူရှိလားခင်ဗျ

ဒီမှာက RPA ကို လူသိပ့်မသိသေးတဲ့အတွက်
မေးကြည့်တာပါ

စိတ်ဝင်စားတဲ့လူများရင်
RPA သင်တန်းတွေ ဖွင့်ပေးပါမယ်
(UiPath နဲ့ သင်မှာပါခင်ဗျ)
❤️❤️❤️

21/02/2023

ကဲကဲ ဘော်ဒါတို့
Batch 2 စပါပြီခင်ဗျ

Excel Automation with VBA course
လေးသင်ပါမယ်
(Coding experience မလိုပါ)

ဒီတစ်ခါက free မဟုတ်ပါဘူးနော်
8 hours course ပါ
Saturday and Sunday တစ်ရက် 4 hours နဲ့
2 days only ပါခင်ဗျ
(In person သင်မှာဖြစ်ပါတယ်)

***အသေးစိတ်ကို comments မှာ ဖတ်ပေးပါ

I. Introduction to Excel Automation and VBA
A. What is Excel Automation and VBA?
B. Benefits of Excel Automation
C. Setting up the Development Environment

II. Understanding the Excel Object Model
A. What is an Object?
B. Excel Object Model Hierarchy
C. Workbook Object
D. Worksheet Object
E. Range Object

III. Writing Your First Macro
A. Recording a Macro
B. Running a Macro
C. Editing a Macro
D. Saving a Macro
E. Assigning a Macro to a Button

IV. Understanding VBA Code
A. VBA Syntax
B. Variables
C. Control Structures
D. Loops
E. Functions and Subroutines

V. Excel Automation Techniques
A. Working with Worksheets
B. Working with Cells and Ranges
C. Formatting Cells and Ranges
D. Working with Charts and Graphs
E. Data Analysis and Manipulation

VI. Error Handling and Debugging
A. Types of Errors
B. Debugging Tools
C. Error Handling Techniques

VII. Conclusion
A. Recap of Course Content

20/02/2023

Excel Automation with VBA course
Bath 1
လာ join ပေးတဲ့ ကိုကိုမမများ
ကျေးဇူးတင်ပါတယ်ခင်ဗျ ❤️❤️❤️

09/02/2023

ChatGPT နဲ့ Excel အကြောင်းလွေးထားတဲ့ဆောင်းပါးလေးတွေလာပါမယ်နော်
ဘော်ဒါတို့ ❤️❤️❤️

ကျွန်တော်တို့ဘေးမှာ
အသစ်အသစ်တွေအများကြီးပါနော် ❤️❤️❤️

05/02/2023

(လူပြည့်သွားပါပြီ ခင်ဗျ)

ကဲကဲ ဘော်ဒါတို့
ကျွန်တော် စာပြန်သင်ပါပြီနော်

Excel Automation with VBA course
လေးသင်ပါမယ်

ဒီတစ်ခါက free မဟုတ်ပါဘူးနော်
8 hours course ပါ
Saturday and Sunday တစ်ရက် 4 hours နဲ့
2 days only ပါခင်ဗျ
(In person သင်မှာဖြစ်ပါတယ်)

***အသေးစိတ်ကို comments မှာ ဖတ်ပေးပါ

The following is a sample outline for a course on Excel Automation using VBA:

I. Introduction to Excel VBA
* What is VBA and its uses
* Differences between VBA and Macro Recorder
* Setting up the Excel VBA Environment
* Introduction to the Excel Object Model

II. Recording and Running Macros
* How to Record Macros
* How to Run Macros
* Understanding the VBA Code Generated by the Macro Recorder
* Debugging and Debugging Tools

III. VBA Programming Fundamentals
* Variables and Data Types
* Constants and Enumerations
* Arrays
* Operators and Expressions
* Conditional Statements (If Then Else)
* Loops (For Next, Do While)
* Sub Procedures and Functions

IV. Working with the Excel Object Model
* Understanding the Excel Object Model
* Accessing the Properties and Methods of Excel Objects
* Creating and Modifying Worksheets
* Working with Ranges
* Sorting and Filtering Data
* Using Pivot Tables and Pivot Charts

V. Interacting with Other Office Applications
* Automating Outlook

VI. Best Practices and Tips for VBA Development
* Designing and Structuring Your Code
* Using Error Handling Techniques
* Debugging and Debugging Tools
* Optimizing Code Performance

VII. Final Project and Conclusion
* Develop a project using Excel VBA to demonstrate the knowledge acquired in the course.
* Final thoughts and conclusion.

13/01/2023

ကျွန်တော် ဆောင်းပါးတွေအရေးကျဲနေပေမယ့်
Weekend တိုင်း free sharing training လေးတွေလိုက်သင်ဖြစ်ပါတယ်

Corporate Training လေးတွေလည်းသင်ဖြစ်ပါတယ်
Photo တွေဘာတွေရိုက်ပြီး
post မတင်ဖြစ်တာပဲရှိတာပါ

၃ ယောက်လောက် စုနိုင်ရင်
ကျွန်တော် အိမ်ဖြစ်ဖြစ်ကော်ဖီဆိုင်ဖြစ်ဖြစ်
လိုက်သင်ပေးဖြစ်ပါတယ်

အဓိကအားဖြင့်
ကိုယ်ရဲ့ Related Work မှာ Apply ဖြစ်မယ့်
ဟာလေးတွေ ရွေးသင်ဖြစ်ပါတယ်
Training ဆန်ဆန်မသင်ဖြစ်တာများတယ်

သင်ဖြစ်တာက
Workflow automation ပိုင်းတွေများပါတယ်
RPA, UiPath, Powwr BI , Power Automate တွေလည်းသင်ဖြစ်ပါတယ်

ခင်ဗျားရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက
Repeating process တွေကို
အထပ်ထပ်အခါခါ လုပ်စရာမလိုအပ်ပဲ
Workflow Automation နဲ့ သွားနိုင်ခဲ့ရင်
ခင်ဗျားတို့ အချိန်ကုန်သက်သာတာပေါ့ဗျာ

Workflow automation မှာဘာတွေပါလည်းဆိုရင်
အကုန်ပါတယ်ပဲပြောရမှာပါ
Excel basic ကနေ
Power Applications တွေထိ
Power Virtual Agent တွေထိ
UiPath တို့ Robotics Process Automation တွေထိ
လိုအပ်ရင်အကုန်ထည့်သုံးပါတယ်
(Coding knowledge မလိုအပ်ပါဘူး)

ကျွန်တော်တို့က subject တစ်ခုကို
Destination တစ်ခုသက်မှတ်ပြီး
ရောက်အောင်သွားရတဲ့အခါ
သက်တောင့်သက်သာနဲ့ သွားချင်ရင်
Workflow Automation ကို
ထည့်စဉ်းစားဖို့လိုလာပါပြီ

ကျွန်တော် weekend တိုင်း
ကျွန်တော်သိသမျှတတ်သမျှလေူတွေကို
ကျွန်တော်အချိန်တွေထဲက ဖဲ့ယူပြီး
ဝေမျှပေးနေပါတယ်ခင်ဗျ

Idea Sparks တစ်ခုခုရှိမယ်
လုပ်ချင်စိတ်ရှိမယ်
ရှေ့တိုးချင်တဲ့ လူငယ်မှန်သမျှ
ကျွန်တော်ရှိက အကူအညီတောင်းလို့ရပါတယ်ခင်ဗျ
100 % free ပါ ❤️❤️❤️

PS: excel သင်တန်း Power BI သင်တန်း
တတ်ချင်တာမျိုးလောက်နဲ့တော့
ကျွန်တော်ကို contact မလုပ်ပါနဲ့နော်

အလုပ်မှာ data တွေကိုယ်တိုင်ကိုင်တွယ်နေရပြီး
အဲ့ဒီအတွက် apply ဖြစ်မယ့် အရာတစ်ခုခုကို
Setup လုပ်ဖို့ အကူအညီလိုချင်နေတာမျိုးဆိုရင်
ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်
❤️❤️❤️

16/12/2022

Power App တွေအကြောင်း
Al Builder နဲ့ CDS အကြောင်းလေးတွေ
Share လုပ်ဖို့ရှိပါတယ်

January လထဲ Free Sharing Class တစ်ခုဖွင့်ပါမယ်

Free Sharing ဆိုပေမယ်
Database နဲ့ Related ဖြစ်တဲ့ work flow logic ရှိမှ
နားလည်နိုင်မှာဖြစ်တဲ့အတွက်

လူ ၂၀ လောက်ပဲ သင်ပါမယ်ဗျ

Coming Soon in January ❤️❤️❤️

09/12/2022

ဒီနေ့တော့
data အကြောင်း database အကြောင်း
data type အကြောင်းလေးတွေ
လွေးရအောင်ပါ

Tech ပိုင်းပြောမှာဆိုတော့
ဖတ်ရတာ နဲနဲတော့ ထောက်နေပါလိမ့်မယ်
ဒါပေမဲ့ ပေါ့ပေါ့ပါးပါးပဲ ရေးထားပါတယ်
😁😁😁

Data ဆိုတာဘာလဲ။

ရိုးရိုးရှင်းရှင်း ပြောရရင်
ဒေတာဟာ မြင်နေ၊တွေ့နေ၊ တွေးနေရတဲ့
အရာတွေနဲ့ သက်ဆိုင်တဲ့
အချက်အလက်တွေ ဖြစ်တယ်။

ဥပမာအားဖြင့်
သင့်အမည်၊ အသက်၊ အရပ်၊ ကိုယ်အလေးချိန်စသည်ဖြင့် သင့်နှင့်သက်ဆိုင်တဲ့
ပတ်သက်ဆက်နွယ်နေတဲ့
အချက်အလက်တွေကိုခေါ်တာပါ။
ရုပ်ပုံ၊ ရုပ်ပုံ၊ ဖိုင်၊ pdf စတဲ့
အချက်အလက်ကိုလည်း ဒေတာလို့ခေါ်နိုင်ပါတယ်

Database ဆိုတာဘာလဲ။

ဒေတာဘေ့စ်ဆိုသည်မှာ အချက်အလက်များကို စနစ်တကျ စုစည်းထားမူပါပဲ

Storage တစ်ခုခု ( cloud, server, heard drive etc…) မှာ ထည့်သွင်းသိမ်းစည်းထားတာပေါ့ဗျာ

သိမ်းတဲ့နေရာမှာလည်း
ပိုလွယ်ကူ ပိုမြန်ဆန်မယ့် နည်းလမ်းတွေကို
အသုံးပြုကြတာကိုပဲ
Data base လို့ အလွယ်တစ်ကူခေါ်နိုင်တာပေါ့

ဥပမာလေးတွေနဲ့ပြောရရင်

အွန်လိုင်းတယ်လီဖုန်းလမ်းညွှန်တစ်ခုကို
Database တည်ဆောက်မယ်ဆိုပါစို့
လူများ၏ဒေတာ၊ ဖုန်းနံပါတ်များနှင့်
အခြားအဆက်အသွယ်အသေးစိတ်အချက်အလက်များကို database ထဲမှာ
ထည့်သွင်းတာပါပဲ

Wi-Fi telecom co.Ltd တစ်ခု
Database တည်ဆောက်မယ်ဆိုပါစို့
ငွေတောင်းခံမှု၊ သုံးစွဲသူနှင့်ပတ်သက်သည့် ပြဿနာများကို စီမံခန့်ခွဲရန်၊ အမှားအယွင်းဒေတာကို ကိုင်တွယ်ရန် database ကိုအသုံးပြုပြီး
ပိုလွယ်ပိုမြန်တဲ့ service တစ်ခုကို
ဖန်တီးရတာပါပဲ

Facebook ကိုလည်း စဉ်းစားကြည့်ရအောင်ဗျာ
ဂရုများ၊ ပေ့များ၊ ကိုယ်ပိုင်အကောင့်များ၊
၎င်းတို့၏ သူငယ်ချင်းများ၊
အဖွဲ့ဝလှုပ်ရှားမှုများ၊ မက်ဆေ့ချ်များ၊
ကြော်ငြာများနှင့် အခြားအရာများနှင့် သက်ဆိုင်သည့် အချက်အလက်များကို သိမ်းဆည်းရန်၊ ကိုင်တွယ်ရန်နှင့် တင်ပြရန် database ကိုသုံးပြီး
ဖေ့ဘုတ်ဆိုတာဖြစ်လာရတာပါပဲ

Types of Databases

အခြေခံအားဖြင့် နှစ်မျိုးလောက်ခွဲလို့ရပါတယ်
တစ်ကယ်က ဒါထက်ပိုများပါတယ်

-Distributed databases
-Relational databases

-Distributed databases

ဒါကနားလည်လွယ်အောင်ပြောရရင်
Database ကို တစ်နေရာထဲမထားပဲ
ဖြန့်ဝေသိမ်းစီးထားတာမျိုးပါ
ဥပမာအနေနဲ့ဆိုရင်
Apache Ignite, Apache Cassandra, Apache HBase, Couchbase Server, Amazon SimpleDB, Clusterpoint, and FoundationDB
တို့ကိုပြောရမှာပါ

-Relational databases

ဒါကို Relational DBMS လို့လည်းခေါ်ပါတယ်
စျေးကွက်တွင် လူကြိုက်အများဆုံး
DBMS အမျိုးအစားဖြစ်သည်။
RDBMS စနစ်ကို ဥပမာ အနေနဲ့ပြောရရင်
MySQL၊ Oracle နှင့် Microsoft SQL Server
တို့ကိုပြောရမှာပါ

Type of database ပြီးရင်
ထပ်ပြောရမှာက Database Components အကြောင်းပါ

ပုံ့မှန်အားဖြင့် 4 မျိုးရှိပါတယ်

Hardware

ဒါကရှင်းပါတယ်
ကွန်ပျူတာများ၊ I/O စက်များ၊
storageကိရိယာများ ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရွန်နစ် စက်ပစ္စည်းတွေပါဝင်မှာပါ။
ဒါတွေကို ကွန်ပျူတာများ နဲ့ လက်တွေ့ operation အကြား ချိတ်ဆက်ပေးတာပါ

Software

Database တစ်ခုလုံးကို စီမံခန့်ခွဲရန်နှင့် ထိန်းချုပ်ရန်အတွက် အသုံးပြုသည့် ပရိုဂရမ်ကိုခေါ်တာပါ

၎င်းတွင် database ဆော့ဖ်ဝဲကိုယ်တိုင်၊
လည်ပတ်မှုစနစ်၊ သုံးစွဲသူများအကြား
ဒေတာမျှဝေရန်အသုံးပြုသည့်
ကွန်ရက်ဆော့ဖ်ဝဲနှင့် database အတွင်းရှိ ဒေတာဝင်ရောက်ခြင်းအတွက် အပလီကေးရှင်းပရိုဂရမ်များဖြင့် control လုပ်ခြင်းကိုခေါ်တာပါ

Data
ဒါက အပေါ်မှာ ရှင်းပြထားပြီးသားပါ
Data ကတော့ data ပေါ့ဗျာ
ခင်ဗျားတို့ဘေးမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို
Data လို့ခေါ်တာပါ

Procedure

ဒါကတော့ရှင်းပါတယ်
ဘာမလုပ်ရဘူး ဘာလုပ်ရမယ်နဲ့
ဘာကိုလုပ်လို့ရတယ်
ဘာကိုလုပ်လို့မရဘူးဆိုတဲ့
စည်းကမ်းချက်တွေကို အပေါ်က ဆော့ဖ်ဝဲနဲ့
Related လုပ်ပြီး ကန့်သက်ထားခြင်းမျိုးပါပဲ

ဒါကတော့ အခြေခံလေးတွေပါ
နောက်များအားရင်နဲ့ ရေးဖို့စိတ်ရှိရင်
sql တို့ nosql တို့ အပိုင်းလေးတွေ
Detail ရေးပါမယ်ဗျာ
ဒီနေ့တော့ ဒီလောက်ပါပဲ ❤️❤️❤️

09/11/2022

စာလည်းမရေးဖြစ်တာကြာပြီဆိုတော့
ဒီနေ့ Error တွေအကြောင်းရေးပါမယ်
အမှားတွေအကြောင်းပေါ့ဗျာ

Data အကြောင်းပြောရင်
“ပါဝင်ပတ်သက်မူ” ဆိုတာကိုပြောမှရမယ်ဗျ

Error တစ်ခုဖြေရှင်းတဲ့နေရာမှာလည်း
ကိုယ်ကဘယ်အတိုင်းအတာထိ
ပါဝင်ပတ်သက်လည်းဆိုတာ အရင်ရှာဖွေရပါမယ်

ကျွန်တော်တို့ data science မှာ
စကားတစ်ခုရှိတယ်ဗျ

“လူတိုင်းက ခင်ဗျားမှားတဲ့အကြောင်း
ခင်ဗျားကိုပြောလာပြီဆိုရင်
သေချာတယ် အဲဒီအမှားမှာ
သူတို့ပါ ပါဝင်ပတ်သက်နေတယ်ဆိုတာ”

ခုခေတ် technology နယ်ပယ်မှာ
မှားတာဟာ ပြဿနာမဟုတ်တော့ဘူးဗျ

ဒါကို ကျွန်တော်တို့ နားလည်ထားဖို့လိုတယ်

ကျွန်တော်တို့ ဆီမှာက
အမှားတွေများနေပေမယ့်
မှားတဲ့သူက ဘယ်သူဘယ်ဝါဆိုတာ
သေသေချာချာရေရေရာရာ မသိသလို
ဘယ်သူမှလည်း မှားသွားတဲ့ကြောင်းကို
ဝန်မခံတတ်ကြဘူးဗျ

တစ်ချို့ဆို တစ်ဘဝလုံးတစ်ခါမှမမှားဖူးဘူးဗျ
😁😁😁

ဥပမာလေးနဲ့ပြောမယ်ဗျာ

ကျွန်တော်တို့
တစ်ယောက်ယောက်ကိုချစ်တယ်ဆိုပါစို့
ချစ်နေတာကို ချစ်တယ်လို့ဝန်ခံဖို့လိုတယ်ဗျ
တစ်ချို့က ဝန်မခံတတ်ကျဘူးဗျ
အဲ့တော့ ဘာဖြစ်လည်း
ချစ်ပြီးမှ မှားကြတာပေါ့ဗျာ 😁😁😁

အစထဲက မှားချင်လို့
ချစ်လိုက်တာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့

အချစ်က အမှားမဟုတ်ဘူးဗျ
မှားပြီးမှ ချစ်ကြတာများပါတယ် 😂😂😂

ဟာ excel အကြောင်းရေးနေတာ
ဘယ်တွေရောက်ကုန်ပါလိမ့်

ကဲကဲ ဒီနေတော့ ဒီလောက်ပဲဗျာ
Btw အချစ်က အမှားမဟုတ်ဘူးနော်
တစ်ကယ်လို့ မှားခဲ့ရင်လည်း
မှားချင်လို့ ချစ်ခဲ့တာလို့မှတ်လိုက်ပါ

18/10/2022

Infinity တွေရဲ့ အကြောင်း

Number တွေက ရေတွက်လို့ရတယ်
1 ကနေ 10000 ထိရေတွက်မယ်
သို့ပေမယ့်
10000 ပြည့်ရင် ခင်ဗျားရပ်လိုက်မယ်
မရပ်ခဲ့ရင် ဆက်ရေတွက်လို့ရပါတယ်
100000
1000000
10000000 စသည်ဖြင့်ပေါ့ဗျာ

ခင်ဗျားအတွေးတွေ ရပ်လိုက်မှပဲ
ရေတွက်ခြင်းဟာရပ်တန့်သွားပါတယ်
ကျွန်တော်တို့က
က်ုယ်နဲ့သက်ဆိုင်ရာအရာတွေကို
တွေးကြတာပါပဲ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
Infinity တွေအများကြီးရှိနေပါတယ်
ဥပမာ
1 Centimeter မှာ 10 millimeter ရှိတယ်
1 millimeter မှာ 10 micrometer ရှိတယ်
1 micrometer မှာ 10 nanometer ရှိတယ်
ဒါကိုဆက်တွေးရင် တွေးသလို
Infinity တွေရှိလာပါလိမ့်မယ်
ခင်ဗျား ရပ်လိုက်မှပဲ ရပ်သွားမှာပါ

အဲ့တော့ဗျာ
ကျွန်တော် အပေါ်က infinity အကြောင်းကို
လမ်းထိပ်က ဆိုက်ကားဆရာ
အကိုကြီးနဲ့ပြောဖြစ်တယ်

သူ့ reply က ဒီလိုဗျ
အကိုပြောတာကို နားထောင်းယုံနဲ့နားမလည်ဘူးဗျ
လိုက်တွေးကြည့်လိုက်မှ နားလည်လာတာတဲ့

အဲလိုပဲ
ကျွန်တော်ဘော်ဒါ sales manager နဲ့
ပြောဖြစ်တော့
ငါနားမလည်တာတော့ မဟုတ်ဘူး
ဒါပေမယ့်
မင်း infinity က လက်တွေ့ဘဝမှာ
ဘာမှသုံးစားလို့မရပါဘူးကွာတဲ့

အဲ့တော့ဗျာ
လူတစ်ယောက်နဲ့တစ်ယောက်
Conversation မှာ
နားထောင်ပေးလိုက်ယုံနဲ့မပြီးဘူးဗျ
လိုက်တွေးပေးဖို့လည်းလိုတယ်

အထူးအဖြင့် ကိုယ်နဲ့ရင်းနှီးတဲ့ လူတွေ
ကိုယ်ကို သူတို့ရဲ့ infinity တွေအကြောင်း
ပြောပြလာတဲ့ အခါမှာပေါ့
(ကိုယ်ထမင်းစားနေချိန်
အမေဘေးနားလာပြောတဲ့ စကားတွေမျိုးပေါ့)

လူတိုင်းက သူ့ universe နဲ့ သူ ရှိကြတာပဲဗျ
အသုံးဝင်မူနဲ့
လိုအပ်ချက်အပြင်းအပျော့ကြောင့်သာ
တန်ဖိုးထားမူ အာရုံစိုက်မူကွာသွားကြတာပါ

Summary

ခင်ဗျားမှာ idea တစ်ခုရှိလာပြီ
အတွေးတစ်ခုရှိလာပြီဆိုရင်
ရသလောက် ဆက်တွေးထားစေချင်တယ်
Infinity ကိုမရပ်လိုက်စေချင်ဘူးဗျ

ကျွန်တော်တို့မြီမာပြည်မှာက
အတွေးလေးတစ်ခုရလာတယ်
Idea spark ပေါ့ဗျာ
1 ကနေ 20 လောက်ထိပဲ ရေတွက်ပြီး
ရပ်ပစ်လိုက်တယ်
ဆက်မတွေးတော့ဘူး

ရလာတဲ့ infinity သေးသေးလေးကို
Promote လုပ်ဖို့ကြိုးစားတော့တာပဲဗျ

ကိုယ်မှာ ခိုင်ခိုင်မာမာဘာမှမရှိပဲ
ရှိနေတဲ့ အရာသေးသေးလေးကို
Marketing ဆန်လိုက်ကြတာပဲ

အကျိုးဆက်ကတော့
ဘာမှဖြစ်မလာတာပဲပေါ့ဗျာ
ဘာမှဖြစ်မလာတာများလာတဲ့အခါ
တွေးရမှာ ကြောက်လာရော
ကြောက်လာတဲ့အခါ
တစ်စုံတစ်ခုကို ယုံကြည်လိုက်တော့တာပဲဗျ

ဘာကိုလည်းဆိုရင်
ခုခေတ်အနေအထားနဲ့
ဥပမာပြောရရင်
Game ပေါင်းငါးရာတို့ ဘာတို့ပေါ့ဗျာ
😂😂😂

ကိုယ်ပိုင်အတွေးတွေခိုင်ခိုင်မာမာနဲ့
ကိုယ်ပိုင် universe တွေဖန်တီးနိုင်ကြပါစေဗျ
Peace ❤️❤️❤️

12/10/2022

“လူငယ်ခြေကျတွေအကြောင်း”

ကျွန်တော်က
1985 born ဆိုတော့ 37/38 ပေါ့ဗျာ
20/25 တန်းကကြည့်ရင် လူကြီးပေါ့
အဲ 60 တန်းကကြည့်ရင် လူငယ်ပေါ့ဗျာ

Technology ရပ်ဝန်းကနေရပ်ပြီး
မနီးမဝေးအနေအထားကနေပြောရရင်
40 တန်းမှာ technology နဲ့ လူနဲ့
မသိမသာဝေးလာတတ်တယ်

လွန်ခဲ့တဲ့ 10 နှစ်
ကျွန်တော်တို့ 30 ဝန်းကျင်ကသုံးခဲ့တဲ့
Tech ဟာ ခု 40 ဝန်းကျင်မှာ လူရာမဝင်တော့ဘူး

အသစ်အသစ်တွေဟာ
အချိန်နဲ့အမျှတိုးဝင်နေတာပါ
အဲ့တော့ 60 တန်းကလူဆိုရင်ပိုဆိုးသွားပါပြီ
တစ်ချို့ဆို tech ကို
မယုံကြည်တော့တဲ့ လူတွေတောင်ရှိနိုင်ပါတယ်

ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့
Life Cycle တစ်ခုပါ

နည်းပညာဆိုတဲ့သဘောတရားကလည်း
သူနဲ့ဝေးလေ ခက်လေပဲဗျ

အဲ့တော့ဗျာ
ခင်ဗျားက 20/25 တန်းက လူငယ်တစ်ယောက်ဆိုရင်
ကိုယ် career နဲ့ related ဖြစ်တဲ့
Technology တစ်ခုခုကို
နီးနီးကပ်ကပ်လေ့လာထားသင့်တယ်
စိတ်ဝင်တစ်စားဖြစ်နေဖို့လည်းလိုတယ်

အဲလိုမှမဟုတ်ရင်
လွန်ခဲ့တဲ့ နှစ် 20 က
လက်နှိပ်စက်ရိုက်တဲ့ရုံးဝန်ထမ်းတွေဟာ
Tech အပြောင်းအလဲမှာ
ဘယ်နားကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိဖြစ်ခဲ့ရတာပေါ့

တစ်ခုတော့ရှိတာပေါ့ဗျာ

လွန်ခဲ့တဲ့ 5 နှစ်က
နည်းပညာအသစ် နည်းစနစ်အသစ်ကြောင့်
ဘက်စ်ကား ယာဉ်နောက်လိုက်တွေ
အလုပ်လက်မဲ့ဖြစ်သွားပေမယ့်

ခေတ်ကြောင့်ပဲ
ဘက်စ်ကား ယာဉ်နောက်လိုက်တွေ
ပြန်အလုပ်ရတာမျိုးတွေတော့ရှိတာပေါ့
သူ့ universe နဲ့ သူတော့ပျော်စရာကြီးပေါ့ဗျာ

ဒါကတော့ အပေါ်ကပြောတဲ့
60 တန်းက tech ကို မယုံကြည်တဲ့လူတွေများတဲ့အခါ
Time Machine နဲ့
ခေတ်နောက်ပြန်ဆွဲတယ်လို့ခေါ်ပါတယ် 😂

နိဂုံးချုပ်ရရင်
ကျွန်တော်တို့ ခုဖြတ်သန်းနေရတဲ့ခေတ်မှာ
လူငယ်ခြေကျတွေ များလာဖို့ရှိပါတယ်

အဲ့ဒီ လူငယ်ခြေကျတွေထဲမှာ
ကိုယ်မပါဖို့အတွက်က
ကိုယ်မှာပဲ တာဝန်ရှိပါတယ်နော်

ခင်ဗျားအသက် 60 မှာ
Technology ကို မယုံကြည်တဲ့လူတစ်ယောက်
ခင်ဗျားကိုခင်ဗျား အဖြစ်မခံပါနဲ့ဗျာ

ကျွန်တော်တို့မှာ သူများတွေလို့
စီလီကွန်တောင်ကြားတွေဘာတွေလည်းရှိတာမဟုတ်ဘူးဗျ

လူငယ်ခြေကျတွေမဖြစ်ဖို့လိုပါတယ်နော် ❤️❤️❤️

08/10/2022

တခါတခါ
ဒီလိုပေါတောတောနေတဲ့အခါ
ငတုံးလိုနေတဲ့အခါ

ကျွန်တော်အပေါ်မြင်တဲ့
လူတွေရဲ့ ထင်မြင်ချက်၊ expectation က
လမ်းလွဲသွားတတ်ကြတယ်

ကျွန်တော်ကလည်း
အဲ့လိုလွဲအောင်လုပ်ရတာကို
အရသာတွေ့ပါတယ်

ဒီလိုငတုံးက
ဆောင်းပါးတွေးရေးတယ်
စာတွေသင်တယ်
ကဗျာတွေရေးတယ်

တစ်ကယ်က
ကျွန်တော်ဆိုတဲ့ ငတုံးက

“အခက်အခဲကို လမ်းလွှဲတာမဟုတ်ဘူး
အခက်အခဲကို ဘဝနဲ့ရင်းပြီး
အနုပညာဆန်လိုက်တာ”

ကျွန်တော်သိသလောက်
ကျွန်တော်တတ်သလောက်
လက်ဆင့်ကမ်းသွားမှာပါခင်ဗျ

ငလမဆရာကြီးများသို့
peace ❤️❤️❤️

03/10/2022

အထင်သေး အမြင်သေးမူများနဲ့ “Idea Spark”

Excel အကြောင်းနဲ့နွယ်ပြီး
Self-centered theoryအကြောင်း
ရေးချင်လာလို့ပါဗျ

အားလုံးထဲမှာမှ အဆင့်တစ်ဖြစ်ချင်တာမျိုး
ကိုယ်ပဲ အမှတ်အများဆုံးရချင်တာမျိုး
ကိုယ်ပဲ ဇာတ်လိုက်မင်းသား/မင်းသမီးဖြစ်ပြီး
ကျန်တဲ့သူတွေက
ဇာတ်ပို့ဇာတ်ရံလို့ထင်နေတာမျိုး

ဒါကို Self-centered theory လို့ခေါ်တယ်

ငယ်ငယ်ကဖြင့်
ဒါကလူသဘောသဘာဝပါလို့ ထင်မြင်မိတာပေါ့
ခုအသက်နဲနဲကြီးလာမှ သတိထားမိတာက
ဒါက လူသဘာဝမဟုတ်ဘူးဗျ
မြီမာပြည်ရဲ့ သဘောသဘာဝဖြစ်နေတာဗျ

ဘဝမှာ အချိန်တိုင်း
ဆရာကြီးဖြစ်နေလို့မရဘူးလေ
သူများတွေကိုလည်း ပေးဖြစ်ဖို့
အခွင့်အရေးလေးတွေ ပေးရပါမယ်
လက်ဆင့်ကမ်းပေးရမယ်ပေါ့ဗျာ

Excel မှာလည်း
ခင်ဗျားက vlookup ရတယ်ဟုတ်

သို့ပေမယ့်
index match နဲ့ သုံးရင်လည်း
vlookup နဲ့တူတူအဖြေထွက်ပါတယ်
index match က ပိုပေါ့ပါးပါတယ်

vlookup က left to right
vertical column တွေကိုသုံးရတယ်
right to left သုံးချင်ရင်
ခင်ဗျား ဘယ်လိုသုံးမလည်း
စဉ်းစားဖူးလား

vlookup လိုပဲ
hlookup ရှိတယ်
xlookup ရှိတယ်

formula မသုံးပဲ
VBA မှာ ကိုယ်ပိုင် customize function ထည့်ပြီး
function သီးသန့်နဲ့
formula မပါပဲ excel သုံးလို့ရပါတယ်

နောက်ဆုံး excel မသုံးပဲ
Uipath နဲ့ လိုချင်တဲ့ report ကို
Automation Setup လုပ်လို့ရနေပါပြီ

ဒါတောင်
ကျွန်တော် မသိတာတွေအများကြီးပါ

အဲ့တော့ဗျာ
ခင်ဗျားတို့က ဆရာကြီးလား
ဒီခေတ်ကြီးမှာ ဆရာကြီးလုပ်လို့မရတော့ပါဘူး

ဆရာကြီးဖြစ်သွားပြီဆိုတာနဲ့
အဝေးကြီးမှာ ကျန်ခဲ့ပါလိမ့်မယ်
သောက်ပေါကြီးဖြစ်သွားပါလိမ့်မယ်
ဒီခေတ်ကြီးမှာ ဆရာကြီးဆိုတာတွေ
မရှိသင့်တော့ပါဘူးနော်

ကျွန်တော်တို့တွေရဲ့ အားနည်းချက်ကလေ
ကိုယ့်အတွေး ကိုယ်အမြင်တွေကို
ဘောင်မကျော်နိုင်တာပဲဲဗျ

Idea Spark ဆိုတာ
ချီးပါရင်းနဲ့ ရလည်းတန်ဖိုးရှိတာပဲဗျ
ချီးဆော်နံတာမနံတာက သူတို့သောက်လုပ်ပါ

အဲ့တော့ဗျာ
“လက်ဆင့်ကမ်းပေးပါပေါ့”
“ပေါ့ပါးလိုက်ပါပေါ့”

ဆရာကြီးတွေတွေ့လာခဲ့ရင်လည်း
Just delete it လုပ်လိုက်ပါပေါ့

အဓိကကဖြင့် ရိုးသားလိုက်ပါပေါ့ဗျာ

ရှေ့လေးကို မဆိုသလောက်လေးတိုးပြီး
ရိုးသားလိုက်ရင်
အဆင်ပြေသွားမယ့်အရာတွေ
ဘဝမှာ အများကြီးရှိရဲ့နဲ့
ရှေ့မတိုးပဲ တင်းခံနေတဲ့
ဆရာကြီးအုပ်စုထဲ သွားယောင်မနေစမ်းပါနဲ့ဗျာ

လလလလ အရာတွေနဲ့
လလလလ ဘဝတွေကို
သတ္တိရှိရှိ just delete it လုပ်လိုက်စမ်းပါဗျာ

❤️❤️❤️

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Created Pivot Table in Excel with RPA ❤️❤️❤️RPA နဲ့ excel မှာ Pivot Table လေးလုပ်ကြည့်ရအောင်RPA Automation Project လေးတွ...
(EP_1 ) Power BI Beginner to Pro Course ❤️❤️❤️Data Extraction & TransformsFull Course ကို April တစ်လလုံးEvery Sunday တစ်...
AI နဲ့ Excel နဲ့ တွဲသုံးကြမယ်ဗျာExcel user interface မှာ သုံးမှာပါနော်Peace ❤️❤️❤️#excelMyanmar#HMK
တခါတခါ ဒီလိုပေါတောတောနေတဲ့အခါငတုံးလိုနေတဲ့အခါကျွန်တော်အပေါ်မြင်တဲ့လူတွေရဲ့ ထင်မြင်ချက်၊ expectation ကလမ်းလွဲသွားတတ်ကြတယ်...
Excel နဲ့ RPA ဆောင်းပါးလေးတွေဖတ်ချင်ရင် #excelMyanmar page လေးကိုLike / See first နဲ့ follow လေးလုပ်ထားပေးပါအပတ်စဉ် tech...
VBA ကို coding ရေးရမှာပျင်းတဲ့သူတွေအတွက်ပါVBA editor add in လေးတွေလုပ်ထားပါတယ်Sale Manager တစ်ယောက်ကworkflow နဲ့ work st...
Video ထဲမှာ ကွီးပါလာတယ်နော် အားပေးကြပါအုံး🤣😂🤣😂#HMK
Vlookup_right_to_left
#Dublicate_add_remove #excelMyanmar #HMK
AI with Excel
excelMyanmar မှ revolution အသစ်အနေနဲ့excel/access/outlook and any other program တွေကိုလုံးဝဖွင့်စရာမလိုပဲAI feature နဲ့ ...
Excel for Warehousing(100% free online course)Chapter_1Inventory Monitoring မှာအရေးကြီးတဲ့FIFIO/FEFO calculation ကို exc...

Telephone

Address

Yangon

Other Information Technology Companies in Yangon (show all)
Delight Myanmar Group Delight Myanmar Group
No. 6, 1st Floor, Sanchaung Street, Sanchaung Township
Yangon, 11111

Delight Myanmar ( Hotline -09-427411120, 09-427330877)

ProFix IT Solution ProFix IT Solution
ProFix/Zawgyi 2 Nd/Street/42 Qtr/Northdagon Township
Yangon

M-Tech ICT Solution M-Tech ICT Solution
Yangon, 11111

We are providing IT related services quickly. If you want to buy Gift Card and Activation Key, you can buy with full guarantee. We also provide the best service if you want to make...

High Tech-IT High Tech-IT
16street
Yangon

No-302, Building A,Highway Complex Housing,Yangon.

Hikvision Myanmar Hikvision Myanmar
Room(305) 3rd Floor. SOHO Bo Myat Tun Tower. Bo Myat Tun Street , Lower Block, Botahtaung Township
Yangon, 310052

Welcome to Hikvision Myanmar’s official page!

IT.Project Management by KZN IT.Project Management by KZN
1200 Yadanar Road
Yangon, 11091

Mobile Application (Android / IOS) Development and IT Project Management Services

YK Two Fashion & Accessories YK Two Fashion & Accessories
Yangon

Only good quality will be sold👍

Wing World Wing World
B2/1, Yadanar Housing , Yadanar Road, South Oakkalarpa
Yangon

Memory Stick များအားစျေးနှုန်းချိုသာစွာဖြင

Linux For You Linux For You
89 Street
Yangon

Welcome to our page!

Wai Sensei Wai Sensei
အမှတ်၂၄၇ စက္ကဝတ်၃လမ်း စျရပ်ကွက် ​မြောက်ဥက္ကလာပမြို့နယ်
Yangon, 11031

Welcome Wai Sensei Japanese Language School

AdSpace Co., Ltd AdSpace Co., Ltd
Yangon, 111111

Develop Software, Application, Website and E-Commerce

Smart4U Smart4U
Thingangyun
Yangon

� �������