Cooking By Nwe ni

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cooking By Nwe ni, Grocers, လွိဳင္သာယာ, Yangon.

Photos from Cooking By Nwe ni's post 27/05/2024

တရုတ်အခေါ် -ချွှန်ဝှားကျောင်းပင်

Price-15000 (၄ပေကျော်အမြင့်)

👇👇👇👇

Sichuan pepper ( မက်ခါသီး )
~~~~~~~~~~~~~
မက်ခါသီးသည် ကယားပြည်နယ်အပြင် အခြားသောနေရာ ဒေသတွင်လည်း ဟင်းခအမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။ မက်ခါသီးရဲ့ အရသာက ငရုပ်ကောင်း နှင့် ဆင်တူ၍ ၎င်းအရသာက လျှာကို ထုံပြီး ပူရှိန်း ပူရှိန်းဖြင့်ပြီး ငရုတ်ကောင်းထက်၍ ပိုထုံးသောကြောင့် မြန်မာလူမျိူ းအများစုက နှစ်သက်လေ့မရှိဘူးဆိုသော်လည်း တိုင်းရင်းသားအချိူ့က ဒေသဟင်းခ အမွှေးအကြိုင်ဖြစ် အမြဲ သုံးစွဲလေ့ရှိပါတယ်။

မက်ခါသီးနှင့်ကယားလူမျိုးစုများ
******************************
ကယားလူမျိုးစုများက မက်ခါသီးကို မရှိမဖြစ် ဟင်းခအမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။၎င်း တို့က မက်ခါသီး ရယူပုံမှာ အဝါရောင်ပန်းပွင့်လေးကနေ အစိမ်းရောင်အသီးအဖြစ်သို့ ၊ အစိမ်းရောင်အသီးလေးတွေ့မှအနီရောင် ပြောင်းပြီးရင့်မှည့်လာတဲ့အထိ ထာပြီးမှ ၎င်းအသီးကို ခူးပြီးအခြောက်လှမ်းထားရကြပါတယ်။အသီး ခြောက်သွေ့သွားပြီးလျှင် အသီးကိုခူးပြီး နေ့စဉ်ချက်ပြုပ်ရေးအတွက် သိမ်းယူထားပါတယ်။

ကယန်း၊ကယားလူမျိုးများက ၎င်းအသီးကို အလိုရှိသလို ဟင်းချက်ရာတွင်လည်ကောင်း ၊ ကယန်း/ကယားဆန်ပြုတ် ၊ ကယန်း/ကယားဝက်အူချောင်း၊ကယားတာလပေါ့ဟင်း ၊ ပဲပုပ်ထောင်း၊ အသားဟင်းအမျိုးမျိုးမှာငြုပ်ကောင်းကဲ့သို့အမှုန့်ထောင်းပြီး ခတ်စားကြပါတယ်။ မက်ခါသီး မှုန့်က အသားဟင်းအရသာကို ပို့ပြီးကောင်းမွန်စေသလို့ အသားညီးနံလည်း ပျောက်ကင်းစေပါတယ်။ ၎င်း ပူစပ် စပ် ရှတတ ဖြစ်သောအရသာသည် ခေါင်ရည်နှင့်လည်း အလွန်လိုက်ဖက်ပါပေတယ်။ မက်ခါသီးအပြင် အရွက်ကိုလည်းဟင်းခတ် အမွှေးအကြိုင်အဖြစ်အသုံးပြု့လို့ရပါသေးတယ်။

မက်ခါသီး နှင့် တရုတ်လူမျိုးများ
*****************************
တရုတ်လူမျိုးလူမျိုးက မက်ခါသီးကို ချွမ်းဝှားကျောင်း ဟုခေါ်ပါတယ်။ မက်ခါသီးကို ချွမ်းဝှါးကျောင်ဟုခေါ်ရခြင်းမှာ ချွမ်းဆိုတာ ဒေသကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်ပြီး ဝှားကျောင်းဆိုတာငြုပ်သီးတမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တရုတ်ပြည်မကြီး ချွှမ်းဒေသက လူတွေက မက်ခါသီးကိုငြုပ်သီးတစ်မျိုးဟုသဘောထားသောကြောင့် ၎င်းမက်ခါသီးမပါရင် လုံး၀ ထမင်းမစားတတ်ကြပါဘူး။ သူတို့ချက်တဲ့ဟင်းတွေမှာလဲ အသီးအရွက်ထက် မက်ခါသီး ကပိုပြီးများပါတယ်။ ချွမ်းဝှားကျောင်းကို တရုတ်အများစုက ဟင်းလျာများ၏ ငါးအကြော်နှပ် ၊ ပုဇွန်ကြော်ချက် နှင် အသားကင်များတွင်မပါမဖြစ် အမွှေးနံသာတမျိုးအဖြစ် ချက်ပြုတ်စားသုံးလေ့ရှိပါတယ်။

မက်ခါသီးရှိသော ဒေသအလိုက် အခေါ်အဝေါ်များ -

မြန်မာ = သီဟရာဇာ
ကယား = မက်ခါသီး(ꤤ꤬ꤞꤛꤢ꤬ꤞꤢꤧ꤬(အီဈာစယ်))
တရုတ် = ချွှမ်းဝှားကျောင်း
ကယန်း = Anthan´
ကချင်~ machyang si (မကျန်ဆီ့)
ရှမ်း~ မာကပ်
အင်္ဂလိပ်~ Sichuan peppercorns
Bio name=Zanthoxylum acanthopodium DC
Common name=Indonesian lemon Pepper
Family: Rutaceae

ထွန်းမင်းလတ်၊မိုးဗြဲ၊

22/01/2024

အိမ်လုပ်မဆလာ_ကိုယ်တိုင်လုပ်နည်းများ
အိမ်ရှင်မ တိုင်အတွက် ဟင်းကောင်းတစ်ခွက်ရဖို့ဆိုရင် အမြဲသုံးနေရသော မဆာလာအမှုန့်မို့ ဝယ်မသုံးရလေးအောင်လုပ်ထားလို့ရပါတယ်ရှင့်
အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတစ်ခုဖြစ်ပါသည်။
ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာပိုပြည့်စုံသည်မဟုတ်ပေလော။ ယခုကဲ့သို့ ရောဂါများထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များအလွယ်တကူမဖွင့်သောကာလတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆလာလုပ်နည်းကိုတင်ပြလိုက်ပါသည်။

မဆလာလုပ်ရန်

၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း

၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ကရဝေးရွက်-၂ ရွက်

၆။ သစ်ဂျပိုးခေါက်-၁ခေါက်

၇။ နာနတ်ပွင့်-၁ ပွင့်

၈။ လေးညှင်း-၂ ပွင့်

၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။

ထိုအရာများအားလုံးကို ပထမဦးစွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အောင်လှော်ပီးနောက် ဖယ်ထားပါ။ ထို့နောက် ကျန်အရာများအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုပေါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ထောင်းပါ။ မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချင်းထောင်းပါ။ မိမိနှစ်သက်သည့်အနေအထားအတိုင်း မှုန့်ညက်အောင်ထောင်းလည်းရသကဲ့သို့ ခပ်ကြမ်းကြမ်းထောင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်းရပါသည်။ သို့သော် ဆုံထဲတွင်ကြိတ်ထားသော မဆလာက ပိုအရသာရှိသည်ဟုထင်ရသောကြောင့် မိမိနှစ်သက်ရာနည်းကိုသုံးနိုင်ပါသည်။

********
နောက်တနည်းက
#ငါးမျိုးစပ်မဆလာ

ဒံပေါက် /အသားနှပ် /အသားကင် များအတွက် မဆလာ လုပ်နည်း လေးကတော့ .....

၁ ။ ဖာလာ ၂ ကျပ်သား
၂ ။ ဇာပွင့် ၂ ကျပ်သား
၃ ။ နာနတ်ပွင့် ၂ကျပ်သား
၄ ။ ဇီရာ ၅ ကျပ်သား
၅ ။ ဇာရိတ်ဖိုသီး တစ်လုံး

ဒါတွေအားလုံးကို သေချာရေဆေးပြီး အခြောက်ခံပါ ။ပူနေတဲ့ အိုးအဖုံး တစ်ခုပေါ်မှာ ခနတင်ထားပြီး အပူပေးပါ (သီးသန့်လှော်စရာ မလိုပါ ) ။ပြီးရင် အမှုန့်ကြိတ်စက်နှင့် ကြိတ်ပြီးရင် သုံးလို့ ရပါပြီ

အထက်ဖော်ပြပါ အမယ်များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆိုင်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာလုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန်သတိပြုရပါမည်။ မိမိတို့အိမ်တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီးအိမ်လုပ်မဆလာကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။

စုမြတ်မြတ်မိုး (Green Way)
********
ဒုတိယနည်း

မဆလာ ပြုလုပ်နည်း
မဆလာ လုပ်နည်း ပြောပါဆိုလို့ အခုပြောပါပြီး

အသားငါးမဆလာ

နာနတ်စေ့

၂၀သား

ပဲနံ့သာ၊ကရဝေး ၂ကျပ်သားစီ

သစ်ချပိုးခေါက် ၂ကျပ်ခွဲသား

ဇီရာ ၁ဝသား

လေးညှင်း၊ငရုပ်ကောင်း ၂ကျပ်သားစီ

ဇာဒိပိုသီး ၁လုံး

နာနတ်ပွင့်၊ဇာဒိပိုပွင့် ၂ကျပ်သားစီ

ဖာလာစေ့ ၂ကျပ်သား

ဘိန်းစေ့ ၁၀သား

Methods

ပါဝင်ပစ္စည်း အားလုံးကို တစ်မျိုး မတူးမခြစ်အောင်လှော်ထားပါ။ပြီရင်းရော၍ထောင်းပါ။ ဇာဒိပိုသီးကိုအားခွဲ၍အဆန်ကို ဓားဖြင့်ပါးပါးလှီးမှလှော်ထောင်းပါ။
Credit Kyaw Linne Thine
*************
ညီအစ်ကိုမောင်နှမတွေ ဗဟုသုတရဖို့အတွက် မဆလာအကြောင်းလေး ပြောပြချင်ပါတယ်။ မဆလာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အိန္ဒိယလူမျိုးတွေ စတင်သုံးစွဲလာခဲ့တာပါ။ ယခုဆိုလျှင် အာရှတိုက် ဟင်းတော်တော်များများမှာ မဆလာပါမှ ပိုမွှေးပြီး စားလို့ကောင်းနေသလိုပဲ။ မဆလာမှာပါတဲ့ ပစ္စည်းတွေကလည်း ဆေးဘက်ဝင်ဆိုတော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။

ယခုမဆလာထဲမှာ အခြေခံအကျဆုံးလည်းဖြစ် လူသုံးအများဆုံးလည်းဖြစ်တဲ့ Masala အကြောင်းလေးပြောချင်ပါတယ်။ Garam ရဲ့အဓိပ္ပာယ်ကတော့ ပူပူပြင်းပြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အသားငါးတွေ၊ အသီးအရွက်တွေ အားလုံးခြုံပြီး သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်းပါ။ ဒါတွေအား လုံး သမအောင် ရောမွှေလိုက်လျှင်ရပါပြီ။


Bay Leaf Powder (သစ်ကြံပိုး) ၂၀ ဂရမ်
Fennel Powder (စမုန်စပါး) ၅၀ ဂရမ်
Star Anise Powder (ကရဝေး) ၁၀ ဂရမ်
Cardamon Powder (ဇီရာ) ၅၀ ဂရမ်
Pepper Powder (နံနံစေ့) ၂၀ ဂရမ်
Cinnamon Powder (ဖာလာ) ၁၀ ဂရမ်
Black pepper powder (ငရုတ်ကောင်း) ၁၀ ဂရမ်
Clove powder (လေးညှင်း) ၁၀ ဂရမ်
Nutmeg powder (ဇာတိပ်ဖိုလျ) ၁၀ ဂရမျ
Fenugreek powder (ပဲနံ့သာ) ၅၀ ဂရမ်

နောက်တစ်ခုကတော့ Biryani Masala ကိုလေ့လာကြရအောင်။ သူ့ကိုတော့ ဒံပေါက်မဆလာလို့လည်း ခေါ်ပါတယ်။ ဒံပေါက်အတွက် ကြက်သား၊ ဆိတ်သား၊ ကြက်သည်းမြစ် စတဲ့အသားတွေအတွက်သာမက အာလူး၊ ခရမ်းသီးအပြင် အခြား အသီး အရွက်တွေအတွက်လည်းသုံးပါတယ်။ ပါဝင်ပစ္စည်းတွေကိုတော့ အသေ အချာကြိတ်ပြီး ရောမွှေလိုက်ရင်ရပါပြီ။

Masala
Bay Leaf Powder (ကရဝေး) ၅ ဂရမ်
Fennel Powder (စမုန်စပါး) ၂၀ ဂရမ်
Star Anise Powder (နာနတ်ပွင့်) ၂၀ ဂရမ်
Cardamon Powder (ဖာလာ) ၅ ဂရမ်
Pepper Powder (ငရုတ်ကောင်း) ၁၀ ဂရမ်
Cinnamon Powder (သစ်ကြံပိုး) ၁၅ ဂရမ်
Clove Powder (လေးညှင်း) ၁၀ ဂရမ်
Coriander Powder (နံနံစေ့) ၂၀ ဂရမ်
Mace Powder (ဇာတိပ္ဖိုလ်ပွင့်) ၅ ဂရမ်
Cumin Powder (ဇီရာ) ၂၀ ဂရမ်
Dry Ginger Powder (ချင်း) ၅ ဂရမ်
Dry Onion Powder (ကြက်သွန်နီ) ၅ ဂရမ်
Dry Garlic Power (ကြက်သွန်ဖြူ) ၅ ဂရမ်

နောက်တစ်မျိုးကတော့ တရုတ်မဆလာလို့ခေါ်တဲ့ Five Spice powder အကြောင်း လေးလေ့လာကြည့်ရအောင်။ မဆလာကို တရုတ်တွေကလည်း ဖန်တီးစားသုံးကြတာ တွေ့ရပါတယ်။ တရုတ်မဆလာကို အသားငါးတွေထဲမှာ အနံ့သက်ကောင်းအောင်ဆိုပြီး သုံးကြတာပါ။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စတဲ့ အကြော်တွေမှာလည်း သုံးကြပါတယ်။ အသားတွေကို Marinade အရသာသွင်းတဲ့အခါ သုံးလိုက်ရင် တကယ်ပဲ ရနံ့ကောင်းသွားပြီး ပုံမှန်ထက်ပိုပြီး ကြာကြာခံတာပေါ့။ ကဲပါဝင်ပစ္စည်းတွေ လေ့လာကြည့်ကြရ အောင် ပါဝင်ပစ္စည်းတွေကတော့ အရမ်းမများပါဘူး။ Five Spice powder ဆိုတဲ့အတိုင်း ၅ မျိုးတည်းပါ။ သူ့ကိုလည်း အသေချာလေး ကြိတ်ပြီးရောသမမွှေလိုက်လျှင် ရပါပြီ။

Spice powder
Cinnamon powder (သစ်ကြံပိုး) ၅၀ ဂရမ်
Clove powder (လေးညှင်း) ၃၀ ဂရမ်
Fennel Seed power (စမုန်စပါး) ၁၀ဝ ဂရမ်
Star Anise powder (နာနတ်ပွင့်) ၅၀ ဂရမ်
Szechuan pepper power (ဇီချွမ်ငရုတ်ကောင်း) ၃၀ ဂရမ်
Credit Win Zaw @ Mario Win Zaw
Credit to original photograhers

31/12/2023

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေရှင် 🥰

18/08/2023

နဂါမောက်သီးပေါချိန်လေး လုပ်စားကြည့်ရအောင် …https://www.facebook.com/ReturnLegacyWithMayTam/videos/237846008666741/?vh=e&mibextid=v7YzmG

Photos from Cooking By Nwe ni's post 04/06/2023

#နန်းကြီးသုပ်

Photos from Cooking By Nwe ni's post 31/05/2023

ချစ်တို့ရေ … ဒီနေ့တော့ အစုံသုပ်လေး လုပ်စားဖြစ်ပါတယ်…
လုပ်စားရတာ လွယ်လို့ လုပ်စားကြည့်ပါနော်…
လူနည်းရင်တော့ ဝယ်စားပြီး လူများရင်တော့ အိမ်မှာ လုပ်စားကြည့်နော် … အရမ်းမခတ်လို့ အဆင်ပြေမှာပါ…
အစုံသုပ်နေနဲ့ တွဲပြီး ဗူးသီး+ပဲပင်ပေါက် ဟင်းခါးလေးနဲ့ ဆိုတော့ အပြင်မှာစားရသလို အတွဲမိနေရောဘဲ…
ဗူးသီးဟင်းခါး က မကျက်သေးလို့ မရိုက်လိုက်ရဘူး…

စာကြပါအုံးနော် … ချစ်တို့❤️

Photos from Cooking By Nwe ni's post 31/03/2023

အိမ်နားက စာသင်တိုက် မှ စာသင်သားကိုရင်တွေ စာမေးပွဲဖြေချိန် ဆွမ်းထွက်မခံရအောင် နေ့စဉ်ဆွမ်းဟင်းများ ချက်ကပ်တာပါရှင် 🙏🏻🙏🏻🙏🏻
တပည့်တော်ချက်ကပ်တဲ့ ဆွမ်းဟင်းတွေဘုန်းပြီး အကုန်လုံးဖြေဆိုနိုင်ပါစေ 🙏🏻

ဒီနေ့မီနူး

ဝက်ချိုပေါင်း
သရက်ချဉ်သုပ်
ငရုပ်သီးကြော်
ဟင်းခါး

13/02/2023

နွယ်နီ အဖေရဲ့ စိုက်ခင်းလေးပါ…
သဘာဝအော်ဂန်းနစ်စိုက်ခင်းလေးပေါ့… ရန်ကုန်မှာနေပြီး စိတ်ချမ်းသာအောင် အပင်လေးတွေစိုက်ထားတော့ စိတ်ချမ်းသာတာပေါ့ ❤️…..

23/01/2023

❤️….

Photos from Cooking By Nwe ni's post 18/12/2022

ချစ်တို့ရေ 2023 မှာ Cooking by Nweni လေးကို သေချာလေး post တင်ပေးမှာမို့လို့ အားပေးကြပါအုံးနော်…. Profile လည်း ပြောင်းချင်လို့ No1 or No2
လေးရွေးပေးကြပါအုံးနော် ❤️
အရမ်းချစ်တယ် 😍

07/11/2022

ချစ်တို့ရေ နွယ်နီ ရဲ့ မွေးရက် လေးကို မှန်းပေးပါ…
မှန်တဲ့ လူ ပံ့သကူငွေ ၅၀၀၀ ယူနော်….
စပြီး မာန့်လို့ရပါဘီ….

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

နွယ်နီ အဖေရဲ့ စိုက်ခင်းလေးပါ…သဘာဝအော်ဂန်းနစ်စိုက်ခင်းလေးပေါ့… ရန်ကုန်မှာနေပြီး စိတ်ချမ်းသာအောင် အပင်လေးတွေစိုက်ထားတော့ စ...

Category

Telephone

Website

Address

လွိဳင္သာယာ
Yangon
11401

Other Food & Grocery in Yangon (show all)
Aisha online shop Aisha online shop
မဂ်လာတောင်ညွန်မြို့နယ်
Yangon

Cosmetics skin care လက်လီလက်ကား

May Hlaing May Hlaing
Yangon
Yangon, 11241

male

Soe Sandar စားသုံးဆီရောင်းဝယ်ရေး Soe Sandar စားသုံးဆီရောင်းဝယ်ရေး
Yangon

Soe Sandar စားသုံးဆီရောင်းဝယ်ရေး 09775772463 09420083838 ရန်ကုန်

Aung Htoo San Aung Htoo San
Than Street
Yangon, HLAINGTOWNSHIP

ဆန္ ၊ ဆီ နဲ႔ အျခားကုန္မ်ိဳးစံုကို ​ေ?

Theint Padaythar Online Shop Theint Padaythar Online Shop
Mingaladon
Yangon

မင်္ဂလာပါရှင့်

U Nay Win U Nay Win
Yangon, 273099

UNayWin

ဝလုံးလေး Olineshopping ဝလုံးလေး Olineshopping
ရန်ကုန်
Yangon

ဝလုံးလေး Olineshopping

Yoon NanDar Yoon NanDar
၁/ရပ်ကွက်သာကေတ
Yangon

အတွေ့အကြုံများSharing လုက်ပေးမယ့်

Tamil Marlaie India Store Tamil Marlaie India Store
Pazundaung
Yangon