Salai Entertainment

Salai Entertainment

Salai Entertainment

06/10/2023

အတွင်းခွန်အားအမြန်ပြည့်စေတဲ့အစားစာ

၁။ ဒိန်ချဉ် ထန်းလျက်/ပျားရည် တဖန်ခွက် သေးသေးလေးပေါ့ ၊ရေခဲမပါရဘူ။း

၂။ မုန်လာဥနီကို နွားနို့ သကြားနဲနဲဆားနဲနဲ နဲ့ဖျော်သောက်ပါ ရေခဲမပါရဘူး။

၃။ ကြက်ဥအကာကျက်၃လုံးကို အနှစ်ဖယ် ပျားရည်နဲနဲ သံပုရာတစိတ်ညှစ်ထည့် ၊ ဆားနဲနဲထည့် ။

၄။ ငါးရှဉ့်ချဉ်စပ် ၊ ငါးရှဉ့်ခြောက်စပ် ၊ ငါးရှဉ့်မဆလာ ။

၅။ ရုံးပတီသီးကြော် - ကင် - ပြုတ် ။

၆။ ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊ပျားရည်နဲနဲ နဲ့ကြော်စားပါ။

၇။ ကြက်ဥနှင့်ဂတ်စ်ပါသောအချိုရည်တမျိုးကို အမြှပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။မွှေပြီးပြီးချင်းအမြှုပ်မငြိမ်ခင် အမြန်သောက်ပါ ။

၈။ ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ ။

၉။ အုန်းစိမ်းရည်၊ကြံရည်၊ဓါတ်ဆားရည်၊ဂလူးကို့စ်ရည် ၊ပဲပိစပ်နို့ရည်(ပဲနို့) သောက်လို့ရပါတယ် ။

၁၀။ အသားနီသား ငါးကျပ်သားခန့်အတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲနဲ့သုပ်ပြီး တဝက်ကျက်အနေအထားထိသာ ကင်၍စားပါ။

၁၁။ ပုစွန်ရေနွေးဖျော ၊ခရမ်းချဉ်သီး၊သံပုရာသီး နဲ့ကြက်သွန်နီ စိမ်းများများထည့်ပြီး သုပ်စားလဲရပါတယ် ။

VA Loans - ရုံးပတီသီးအစွမ်း အံ့မခန်း - Shwe Taw Win 30/06/2023

ရုံးပတီသီးအစွမ်း အံ့မခန်း

ရုံးပတီသီးကို ရေနွေးဖျောသောက်ခြင်းကြောင့် ရရှိနိုင်သော အကျိုးအာနိသင်

ဖတ်ရန် - အောက်ကလင့်အား နှိပ်ပြီး Follow Link ဆိုတာလေးကို နှိပ်ခါ ဖတ်လို့ရပါပြီခင်ဗျာ ။

VA Loans - ရုံးပတီသီးအစွမ်း အံ့မခန်း - Shwe Taw Win For many individuals, obtaining a mortgage is a necessary step towards homeownership. However, veterans and military members in the United States have access to a special type of mortgage known as a VA loan. Backed by the US government, VA loans offer unique benefits and opportunities to those who h...

Determining Eligibility - Fb - Shwe Taw Win 30/06/2023

တန်ဖိုးဖြတ်လို့မရတဲ့ ဆေးဖက်ဝင် မှိုကွန်ချာ

Follow Link ဆိုတာလေးကိုနှိပ်ပြီး ဖတ်လို့ရပါပြီခင်ဗျာ

Determining Eligibility - Fb - Shwe Taw Win For military members, owning a comfortable home for their families is often a cherished dream. To support them in achieving this goal, the government has established the VA loan program. This program is specifically designed to assist veterans in obtaining affordable home financing, bringing them on...

06/02/2023

အပင်ပန်းဆုံး လူ (၄) မျိုး

02/02/2023

ဦးနှောက်ရှိတဲ့
ယောက္ခမ နဲ့ ချွေးမ ဆိုတာ
**********************

ကိုယ်တွေက သားရှင်ပဲဆိုပြီး
ချွေးမအပေါ် မတရားအနိုင်ကျင့်
မလေးမစား ဆက်ဆံမိရင်…

နောက်ဆုံးပိတ် အထိခိုက်ဆုံးသူ
စိတ် အဆင်းရဲဆုံးသူက
ကိုယ့်ရဲ့သားပဲ ဆိုတာ
ဦးနှောက်ရှိတဲ့ သားရှင်တိုင်းက
သိပါတယ်။

ကိုယ့်ယောက္ခမတွေနဲ့ မတည့်
တကျက်ကျက် ဖြစ်နေရင်…

ကြားထဲက
ကိုယ့်ကို လုပ်ကိုင်ရှာဖွေ ကျွေးမွေး
စောင့်ရှောက်ပေးနေတဲ့
ကျေးဇူးရှင် ကိုယ့်လင်သားပဲ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့
မပျက်စီးသင့်ဘဲ
ပျက်စီးဆုံးရှုံး ရတတ်တယ် ဆိုတာ
ဦးနှောက်ရှိတဲ့ ချွေးမတိုင်းက
သိပါတယ်။

ယောက္ခမနဲ့ ချွေးမဆိုတာ…
အများအားဖြင့်
အင်အားရှိသူက အင်အားနည်းသူကို
ဖိနှိပ် ဆက်ဆံတတ်ကြတာ
အာဏာ ပါဝါပြချင်ကြတာ
တစ်ယောက်ကို တစ်ယောက်က
အကောင်း မမြင်တတ်ကြတာတွေက
ရှေးယခင်ကတည်းကပါပဲ။

ယောက္ခမနဲ့ ချွေးမ မတည့်တာ
အဆင်မပြေ ဖြစ်ကြတာဟာ
ကိုယ်တစ်ဦး တစ်ယောက်တည်း
မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။

ဒီလိုကိစ္စတွေကို
ပြဿနာ ကြီးကြီးမားမားရယ်လိုလည်း
ခံစားမနေပါနဲ့။

မတည့်ကြရင် နေပါ။
မလေးမစား မလုပ်မိကြဖို့သာ
အဓိကပါ။

သားရှင်တွေနဲ့
သမီးချွေးမ ပတ်သက်မှုကို
ထပ်တူကျဖို့
သိပ် မမျှော်လင့်ပါနဲ့။
အတင်းကြီးလည်း မကြိုးစားပါနဲ့။

မျှော်လင့်သလို ဖြစ်မလာတဲ့အခါ
စိတ်ထောင်း ကိုယ်ကြေဖြစ်မယ့်သူက
ကိုယ်ဖြစ်နေလို့ပါ။

ယောက္ခမနဲ့ ချွေးမ အကြားမှာ
ပြဿနာ ကြီးကြီးမားမား မဖြစ်အောင်
ကြားထဲက
ကိုယ့်သား၊ ကိုယ့်လင်ယောက်ျား
အနေ မခက်အောင်
ဆင်ခြင်တတ်ဖို့သာ
အဓိက ပိုကျပါတယ်။

ဦးနှောက်ရှိတဲ့ ယောက္ခမတွေက…
သားကို မဆုံးရှုံးတဲ့အပြင်
သမီးတစ်ယောက်ကိုပါ ရအောင်
အရယူလိုက်နိုင်ပါတယ်။

ဦးနှောက်ရှိတဲ့ ချွေးမက
ယောက္ခမတွေကို မိဘအရာထားပြီး
မိမိလင်ယောက်ျားရဲ့
ယုံကြည်မှု လေးစားမှု အချစ်
အရာအားလုံးကို
အပိုင်သိမ်းယူနိုင်ခဲ့ပါတယ်။

လွယ်တော့ မလွယ်ဘူး။

#ဒါပေမဲ့…
လောကမှာ
ဦးနှောက်ရှိတဲ့ သူတွေက
အကျိုးမရှိတဲ့ အလုပ်ဆို
မလုပ်တတ်ကြပါဘူး။

မူရင်းCredit-Ma pui (ဇလပ်မြေ

29/01/2023

#အသက်၆၀ကျော်လောက်
ရှိတဲ့

အမျိုးသားကြီး
တယောက်နဲ့
၁၆နှစ်လောက်အရွယ်
အမျိုးသမီးငယ်လေး
တယောက်..

ည ၇နာရီအချိန်လောက်
ကျမထမင်းဟင်း
ရောင်းနေတုန်းမှာ

သမီးရေ ဒီနားမှာ
အမျိုးသားအဆောင်
ရှိတယ်ဆိုလို့
ဦးလေးကိုလမ်းညွှန်
ပြလားဆိုပြီး”

မေးလာတဲ့ဦးလေးကြီး
တယောက်ကို

ထမင်းဟင်းရောင်း
နေရင်းနဲ့
ကျမ လှမ်းပြီး
ကြည့်လိုက်မိတော့
အသက်၆၀ကျော်
လောက်ရှိတဲ့
အမျိုးသားကြီးတယောက်နဲ့
၁၆နှစ်လောက်အရွယ်
အမျိုးသမီးငယ်လေး
တယောက်ကို
တွေ့လိုက်ရပါတယ်

ဒါနဲ့ကျမလည်း
စျေးရောင်းနေရင်းနဲ့
လှမ်းပြီး
ပြောလိုက်ပါတယ်

ဟိုရှေ့နားမှာတော့
ဆေးကျောင်းတက်နေတဲ့
ကျောင်းသားလေးတွေနေတဲ့
အမျိုးသားအဆောင်
ရှိပါတယ်

ဦးလေးကဘယ်သူနဲ့
တွေ့ချင်တာပါလည်း
ကျောင်းသားရဲ့
နာမည်လေးကို
ပြောကြည့်ပေးပါလား

ကျမရဲ့အမျိုးသားရဲ့
တပည့်တွေဆိုတော့
ကျောင်းသားတွေနဲ့
ကျမသိပါတယ် လို့”

ကျမကပြောလိုက်မိတော့

ဦးလေးနဲ့တော့
သိတဲ့သူမရှိပါဘူးကွယ်
ဦးလေးတွေ့ချင်တာက
ဧရာဝတီ တိုင်းသား
တယောက်နဲ့ပါ တဲ့”

ဦးလေးကဧရာဝတီ
တိုင်းကကျောင်းသားကို
တွေ့ပြီးဘာလုပ်ချင်လို့
ပါလည်း”လို့

ကျမကစပ်စုလိုက်တော့
ဦးလေးက
ရွှေတောကပြန်လာတာပါ
အခုလမ်းစရိတ်ပြတ်သွားလို့

ကိုယ့်နယ်သား
အချင်းချင်းကိုပြောပြပြီး
အကူအညီတောင်းချင်လို့
ပါတဲ့

ဒါ့ကြောင့်
ကျောင်းသားတွေရှိတဲ့
အဆောင်သာ
လိုက်ပြပေးပါကွယ် ” လို့

ပြောလာတာကြောင့်
အဲလိုဆိုရင်
ကျမတို့လိုက်ပို့ပါမယ်

ဒီ သမီးလေးနဲ့ပါလာတဲ့
အထုပ်တွေကိုတော့
ဒီမှာခဏချထားခဲ့နော်
ဦးလေး “လို့ပြောပြီး

ဆိုင်ထဲကတယောက်ကို
ကျောင်းသားလေးတွေနေတဲ့
အဆောင်ရှိရာကို
လိုက်ပြီးအပို့ခိုင်းလိုက်ပါတယ်

ဦးလေးကြီးထွက်သွားတော့
ဆိုင်မှာနေရစ်ခဲ့တဲ့
သမီးလေးကိုလှမ်းပြီးကြည့်
လိုက်မိတော့
ကောင်တာထဲက
ထမင်းဟင်းတွေကိုငေးပြီး
ကြည့်နေတာကို
တွေ့လိုက်ရပါတယ်

အချိန်ကည ၇နာရီလောက်
ရှိနေပြီဆိုတော့
ထမင်းဆာနေရှာတယ်
ထင်ပါရဲ့ရှင်

ဒါနဲ့ကျမက သမီးလေး
ထမင်းစားမလားလို့”
မေးလိုက်တော့
ခလေးမလေးက
ပါးစပ်ကအသံမထွက်ဘဲ
ခေါင်းလေးဘဲငြိမ့်
ပြတာကိုတွေ့လိုက်တာနဲ့
ဆိုင်က လူတွေကို
အမြန်ခူးပြီး
ကျွေးခိုင်းလိုက်ပါတယ်

သူခင်မျာအတော်လေးကို
ဆာနေရှာတယ်
ထင်ပါရဲ့ရှင်ခေါင်းလေးငုံပြီး
ပလုပ်ပလောင်းနဲ့
စားနေတာလေ

သူ့ရဲ့ မျက်လုံးမှာလည်း
မျက်ရည်စတွေနဲ့ပါ

ကျမလည်းသူ့အနားသွားပြီး
သမီးလေးအားမနာနဲ့နော်
ဝအောင်စားသိလား
ထမင်းဟင်းတွေအများကြီး
ရှိတယ်နော်

ဒါနဲ့သမီးတို့က
ဘယ်လိုဖြစ်လာတာ
လည်းလို့”မေးလိုက်တော့

သမီးတို့ဆီမှာ
ရေတွေကြီးနေတော့
အလုပ်မရှိတာနဲ့
အဖေ့မိတ်ဆွေက
ရွှေတောကိုလာခဲ့ပါလား
ဆိုတာနဲ့
လိပ်ကြ ဆိုတဲ့ရွှေတောကို
ထွက်လာခဲ့ကြတာပါ

ဒီကိုရောက်တော့
အလုပ်ကမဖြစ်ပါဘူး
အဖေ့မိတ်ဆွေကလည်း
စီးပွားရေးကမပြေလည်
ပါဘူး

ဒါနဲ့ဘဲ ထမင်းအလကား
ထိုင်စားနေရတာကို
အားနာလာပြီး
သမီးတို့ပြန်လာခဲ့ကြတာပါ

သမီးတို့ထွက်လာတာ
၂ရက်ရှိပါပြီ
ဘုန်းကြီးကျောင်းကို
အကူအညီတောင်းပြီး
ညအိပ်ခဲ့ရတာပါတဲ့”

အမှန်ဆိုရင်တော့လိပ်ကြ နဲ့
မန္တလေးက
သိတ်မဝေးလှပါဘူး
ကားနဲ့ဆိုရင်တော့၆နာရီ
လောက်တော့
မောင်းရမယ်ထင်ပါတယ်

ဒါနဲ့ကျမကသမီးတို့ထဲမှာ
ပိုက်ဆံမပါဘဲနဲ့
ဘာနဲ့သွားမယ်လို့စိတ်ကူးပြီး
ထွက်လာတာလည်းလို့”
မေးကြည့်လိုက်တော့

အဖေကသမီး
နားကပ်လေးကို
မတ္တရာမြို့ပေါ်
ရောက်ရင်ရောင်းပြီး
ခရီးစရိတ်လုပ်မယ်လို့
စီစဉ်ထားပေမဲ့

ရွှေဆိုင်တွေကဘောင်ချာ
မပါလို့မဝယ်ကြပါဘူး

ကားခပေးစရာမရှိလို့
ပါလာတဲ့
စောင်လေးတွေကို
ထုပ်ပေးတော့လည်း
ကားဆရာတွေက
ညာပြောတယ်ထင်ပြီး
မတင်ကြပါဘူး

ဒါနဲ့သမီးတို့လည်း
မတ္တရာမြို့ပေါ်က
ဘုန်းကြီးကျောင်းမှာ
ခွင့်တောင်းပြီးညအိပ်ရတာပါ

ဒီနေ့မနက်စာထမင်းကိုတော့
ဘုန်းကြီးကျောင်းက
ကျွေးလိုက်တာပါတဲ့”

အဲလိုသူနဲ့ကျမ
ပြောနေတုန်းမှာ
အဆောင်ကျောင်းသား
သွားရှာတဲ့သူ့အဖေ
ပြန်ရောက်လာပါတယ်

ဦးလေးတို့
နယ်သားနဲ့တွေ့ခဲ့လားလို့”
ကျမက မေးလိုက်တော့

အဆောင်မှာကိုယ့်
ဧရာဝတီတိုင်းသားက
တယောက်မှမရှိပါဘူး
တူမကြီးရယ်တဲ့”

ဦးလေးကတွေ့ရင်ကော
ဘယ်လိုပြောမှာ
လည်းလို့”
ကျမရဲ့အမေးစကားကို့
တွေ့ရင်တော့ပြောပြပြီး
အကူအညီတောင်းမလို့ပါ

သူတို့ဆီက
လမ်းစရိတ်ချေးသွားပြီး
ဟိုရောက်ရင်သူတို့
အိမ်ကိုသွားပြီး ပေးဖို့
လိပ်စာပါယူသွားမယ်လို့
စိတ်ကူးထားတာပါ” လို့
ဦးလေးကြီးက
ပြန်ဖြေရှာပါတယ်

ပြီးတော့တဆက်ထဲ
ကဲဦးလေးတို့ပြန်တော့မယ်
အခုလိုအဆောင်
လိုက်ရှာပေးတာနဲ့

သမီးလေးကိုထမင်း
ကျွေးတဲ့အတွက်ပါ
ကျေူဇူးတင်ပါတယ်ကွယ်

ကျေးဇူးစကားဆိုပြီး
သမီးလေးနဲ့အတူပြန်မလို့
ပါလာတဲ့
အဝတ်ထုပ်ကိုဆွဲပြီး
ဆိုင်ထဲကအထွက်မှာ

ကျမက သမီးလေးရဲ့
လက်ကို လှမ်းဆွဲလိုက်ပြီး
ခဏနေပါအုံးရှင်

ဦးလေးရဲ့အခက်အခဲကို
ကျမ ကူညီလိုက်ပါရစေ

ငွေဘယ်လောက်
လိုတာပါလည်း ” လို့
မေးလိုက်တော့

မန္တလေးရန်ကုန်
ရထားခက ၁၀၀၀၀ ဆိုရင်
ရပါပြီတဲ့

ရန်ကုန်ရောက်ရင်တော့
အသိတွေရှိတာမို့
မပူရေတာ့ပါဘူး

သမီးရဲ့နားကပ်ကလေးကို
ယူထားလိုက်ပါ
တန်ဘိုးက၁၀၀၀၀တော့
မကတန်ပေမဲ့
အဲလောက်ဘဲပေးလိုက်ပါ လို့”
ပြောပြီးအကူအညီ
တောင်းရှာပါတယ့်

ဒါနဲ့ကျမ က
ကဲ ဦးလေး ထမင်းလေး
အရင်စားလိုက်ပါအုံး
ပြီးရင်

ဦးလေးဖြစ်ချင်တဲ့ဆန္ဒကို
ပြေလည်အောင်
ကျမလုပ်ပေးပါမယ်ဆိုပြီး”
ထမင်းကျွေးဖို့စီစဉ်လိုက်တော့့

မနက်ထဲကဖျားနေလို့
မစားတော့ပါဘူး

ကော်ဖီနဲ့အဖျားကြဆေးလေးဘဲ
တိုက်ပေးပါ”လို့
ပြောလာတာနဲ့
ကျမလည်းကော်ဖီလေး
အမြန်ဖျော်ပေးပြီး
အဖျားကြဆေးလေးပါ
တိုက်လိုက်ပါတယ်

ဦးလေးကြီး
ကန်တော့ပါရဲ့နော်လို့”
ပြောပြီး
သူရဲ့နဖူးကို
ကျမစမ်းကြည့်လိုက်တော့
ကျစ်ကျစ်တောက်ကို
ပူနေတာပါ

ဒါနဲ့ကျမက
ဦးလေးကြီးဖျားနေတာဘဲ
မပြန်ပါနဲ့လား
ဒီမှာတညလောက်အိပ်ပြီးမှ
ပြန်ပါနော်”လို့
ကျမက တားပေမဲ့
လက်မခံပါဘူး

ကဲဦးလေးရေ
ပြန်ချင်တယ်ဆိုရင်လည်း
လမ်းစရိတ်ကို
ကျမပေးလိုက်ပါမယ်

သမီးလေးရဲ့နားကပ်ကိုလည်း
ကျမချွတ်မယူပါဘူး” လို့
ပြောလိုက်ပြီး

သူကတသောင်းဘဲ
တောင်းပေမဲ့
ငွေ ၃၀၀၀၀ ကျပ်ကို
ကျမထိုင်ကန်တော့ပြီး
ပေးလိုက်ပါတယ်

ဆိုင်ထဲမှာထမင်းစားနေတဲ့
ဆရာမလေး
တယောက်ကလည်း
တထောင်တန်လေးတွေကို
ပေးလိုက်ပါသေးတယ်

သူခင်မျာဝမ်းသာလွန်းလို့
တုန်တုန်ရီရီနဲ့ဆုတွေပေးရင်း
မျက်ရေတွေကြနေရှာပါတယ်

ထိုင်ကန်တော့နေတဲ့
ကျမမှာလည်း
မျက်ရည်စတွေနဲ့ပေါ့

ပုသိမ်ချောင်းသာ
ရောက်ရင်လည်း
သူတို့ဆီကိုဝင်ခဲ့ဘို့ဆိုပြီး
လိပ်စာလည်းပေးသွားပါ
သေးတယ်ရှင်

သူပေးတဲ့လိပ်စာပါနေရာက
သူအိမ်မဟုတ်ပါဘူး

အဲဒီလိပ်စာထဲကနေရာ
ကလူတွေကို
သူနေတဲ့နေရာမေးရင်
သိပါတယ်တဲ့
သူနေတာက
ချောင်ကျတဲ့နေရာမို့ပါတဲ့

ကျမဘဝမှာအလှူကြီးတွေ
ပေးခဲ့တုန်းကတောင်မှ
အခုလိုပီတိမျိုးကို
မခံစားခဲ့ရဖူးပါဘူးရှင်

ကျမ မှာအခုပြုလိုက်ရတဲ့
ကုသိုလ်အလှူအတွက်
ကြည်နူးမှု့မျက်ရေတွေ
ဝေလာပါတယ်

ခဏနေတော့
ကဲတူမရေဦးလေး
ပြန်တော့မယ်” ဆိုပြီး
သမီးလေးကိုလက်ဆွဲပြီး
ထွက်သွားပါတယ်

မှောင်နေပြီဆိုတော့
လိုင်းကားကမရှိတော့ပါဘူး
လိုက်ပို့ပေးရအောင်လည်း
ကားကအဆင့်သင့်မရှိပြန်

အဲလိုနဲ့
နာရီဝက်လောက်နေတော့
အိမ်ကကားနဲ့ညစျေးတန်း
သွားတဲ့
သမီးလေးတွေ
ပြန်လာကြတာလည်းမြင်ရော

ဒါနဲ့ကျမကပြာကယာထပြီး
သမီးရေ
ကားမရပ်နဲ့တော့
ကျုံးဘေးကနေပြီး
ဘူတာကြီးကိုသွားတဲ့
လမ်းတလျောက်ကို
အမြန်မောင်းပြီး
လိုက်ကြည့်စမ်းပါ

ဦးလေးကြီးတယောက်နဲ့
ခလေးမလေးတယောက်ကို
တွေ့ရင်မေးပြီး
ဘူတာကို လိုက်ပို့
ပေးလိုက်ပါနော်လို့”
ခိုင်းလိုက်ပါတယ်

ခဏနေတော့
သမီးကဖုန်းဆက်ပြီး
ပြောလာပါတယ်

အမေပြောတဲ့
ဦးလေးကြီးတို့၂ယောက်ကို
သမီးတို့ဘူတာကို
လိုက်ပို့နေပါပြီတဲ့”ရှင်

ကဲ… ယနေ့အဖို့
ကျမပြုလိုက်တဲ့
ကောင်းမှု့ကုသိုလ်လေးက
တန်ဘိုးအားဖြင့်
မများပေမဲ့

ဖြူစင်တဲ့စိတ်ထားလေးနဲ့
လှုလိုက်မိတာမို့
ကြည်နူးပိတီဖြစ်မိတာကြောင့်
ကျမရဲ့ Fri တွေကို
မျှဝေပါတယ်

Myint Myint Oo

မူရင်းရေးသားအားလေးစားစွာဖြင့်

05/11/2022

မိန်းမဖျက်လို့ပျက်ရတာ မဟုတ်ရပါခင်ဗျာ
*****************************************

တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်

ဘုန်းဘုန်း #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်တောင်

ပျက်တယ် ဆိုတာ ဟုပ်သလား? ဘုရား တဲ့။

ဟေ

ငါ့ တပည့် အသဲကွဲ လာပြီ ထင်တယ် ကွ

မ ဟုပ်ပါ ဘုရား သိချင်လို့ပါတဲ့ လေ။

သူ တကယ် အသဲ ကွဲ မကွဲ တော့ မစပ်စု တော့ ပါ။

ဒီလိုရှိတယ် ငါ့ တပည့်ရဲ့ မင်းကို မေးပါရစေအုံးတော့ မင်းကို

ဘယ်သူက မွေးတာလဲ?

အမေ ကလေ ဘုရား

အေး မင်း အမေ ဟာ ဘာလဲ မိန်းမလား ယောက်ျားလား

ဘုန်းဘုန်း ကလည်း အမေ ပါဆို မိန်းမ ပေါ့ ဘုရား။

ဟုပ်ပါပြီ မိန်းမ များစွာထဲက မိန်းမ တစ်ယောက် ဖြစ်တဲ့ မင်းအမေက

မင်းကို ပျက်စီးအောင်များ ဖျက်စီး တာ ရှိသလား? ဒါမှ မဟုပ် မပျက်စီးအောင်

ကောင်းအောင်များ လမ်းညွှန်သလား? မင်း ဖြေကြည့်

ကောင်းအောင် လိမ်မာ အောင် လမ်းမှား မရောက်အောင်

လမ်းပြတာ ပေါ့ ဘုရား။

ဒါဆို မင်း အမေလည်း မိန်းမ လေကွာ မိန်းမ က ဖျက်သလား

ကောင်းအောင် လမ်းပြသလား? စဉ်းစား ပေါ့။

အေး

မောင်တို့ နားလယ်မှု့ လွဲ နေတာလေး ကို ငါ ပါချုပ် ဆရာတော်ကြီး တရား

နာထားရလို့ သိတယ် ဖြေနိုင်တယ်ကွ။

ဒီ လို ကွာ တို့ မြန်မာ စာပေမှာ တားမြစ်တဲ့ အက္ခရာ ရှိတယ်

ဘာဖြစ်မယ် ထင်လဲ?

#မ ဆိုတဲ့ အက္ခရာ လေ ကွာ

ဥပမာ ပြ ပေးမယ် ကွာ မင်း နားလယ် အောင်

သူတပါး အသက် #မသတ်စေချင်ရင်

မ ရှေ့က ခံပြီး မသတ်နဲ့။

မ ခိုးစေချင်ရင် မ ဆိုတာလေးနှင့် တားမြစ်တယ်

#မခိုးနှင့် မကောင်းဘူး

#မသတ်နှင့် မကောင်းဘူး

#မသောက်နှင့် မကောင်းဘူး

#မလုပ်ဘို့ရာ တားမြစ်ချက် မှန်သမျှ #မ ရှေ့က ခံ ရေးတယ် လေကွာ

သစ်ပင် မ ခုပ်ရ

ကွမ်း မ ထွေးရ

လာဘ်။ မ စားရ

အနိုင် မ ကျင့်ရ

ဖဲ မ ရိုက်ရ

ကြက် မ တိုက်ရ

ဘိန်း မ ရှူရ

ဆေးလိပ် မ သောက်ရ

ထို ဥပမာ ထဲက မ အက္ခရာ လေး ဖြုပ်ပြီး အကုန်လုပ်မယ်

ဆိုရင် ဘာဖြစ်မလဲ?။

မလုပ်ရလို့ တားမြစ်ထားတဲ့ မ အက္ခရာ ကို ဖြုပ် အကုန်လုပ်ရင်

ထောင်ကျနိုင်တယ် အပါယ်ကျနိုင်တယ် လူတော မတိုး ဖြစ်နိုင်တယ်

အရှက်‌လည်း ကွဲတတ်တယ်။

ဘာဖြစ်လို့ လဲဆိုရင် မ ဆိုတဲ့ တားမြစ်ချက်ကို ဖြုပ်ပြီး ချိုးဖေါက်လို့

မဟုပ်လား။

ကိုယ့်ရဲ့ ဘဝ ထဲ မှာ #မ ဆိုတဲ့ တားမြစ်ချက် လေး ဖြစ်တဲ့

မ အက္ခရာ ကို ဖျက်ပြီး မလုပ်သင့် တာကို လုပ်ရင် ဘဝ ပျက်တတ်တယ်

ဆိုတဲ့ အဓိပ္ပါယ် ပါ ငါ့ တပည့် ရဲ့။

အမျိုးသမီး ဖြစ်တဲ့ မ ဖျက် လို့ ပျက်တာ မဟုပ်ဖူး

တားမြစ်ချက် မ ကို ဖျက်ပြီး မကောင်းတာလုပ် လို့ပါကွယ် လို့

ဖြေလိုက်မိပါရဲ့။

စာ ဖတ် သူ များ သဘော ပေါက်နိုင်ကြပါစေ။။။။။

31/10/2022

#ဆေးဘက်ဝင်ငပိရည်ဖျော်နည်း

ငါးပိ ထဲမှာ ရေငွေ့ဓာတ်၊ ထုံးဓာတ်နှင့် အသားဓာတ် တို့ ပါရှိနေပါတယ်။ ဦးစွာ ငါးပိရည်ကျိုတဲ့ အခါမှာ နနွင်း (ဆနွင်း)မှုန့်ကို ထည့်၍ ကျိုပေးရမှာပါ။ ဘာကြောင့်လဲ ဆိုရင် နနွင်းမှုန့်က အညှီအဟောက် များကို လွန်စွာ ပြေပျောက်စေတဲ့ အပြင် အရောင်လှရုံ သာမက ငါးပိရည်၏ အနံ့နှင့် အရသာကိုပါ ပိုကောင်းစေနိုင် လို့ပါပဲ။ နနွင်းနှင့် ရောကျိုပြီး ပွက်ပွက်ဆူ လာတဲ့အခါ အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူ နိုင်နိုင် ထည့်ပေးလိုက် ခြင်းဖြင့် စားချင်စဖွယ် ဆေးဖက်ဝင် ငါးပိဖျော်ရည် ရပါပြီ။

အစပ်ကြိုက် သူများက ငရုတ်သီးစိမ်း ကို လှော်၍ ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီးစိမ်း လှော်က ငါးပိရည်ရနံ့ကို ပို၍ ဆွဲဆောင်မှု ဖြစ်စေရုံ သာမက ငရုတ်သီးစိမ်း စားလို့ ဗိုက်နာခြင်း မှလည်း ကြိုတင် ကာကွယ်ရာ ရောက်ပါတယ်။ (ငရုတ်သီး အကျက်မှုန့်ကိုမှ ကြိုက်သူ များကလည်း မိမိအလိုရှိသလို ထည့်လို့ရပါတယ်) ဆေးဖက်ဝင် ငါးပိရည်ဖျော် အတွက် အချိုမှုန့် မထည့်သင့် ပါဘူး။ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် အနည်းငယ် ထည့်ပေး နိုင်ပါတယ်။ သို့မဟုတ် မိမိ အဆင်ပြေရာ ပြုတ်ထားသော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသား အနည်းငယ်ကို အရိုးနွှင်၍ ငါးပိရည်ထဲ ခတ်ပေးနိုင်ပါတယ်။ ထမင်းဝိုင်း ပြင်ခါနီးမှာ ငါးပိရည်ခွက် ထဲကို သံပရာရည် ညှစ်ထည့်ပေး လိုက်ပါဦး၊ သံပရာရည်က သွေးတိုးကို ထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငန်၊ စပ် အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည် တစ်ခွက်ရပါပြီ။

အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ် သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊ ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ် အမျိုးမျိုး၊ ရေနွေးဖြောထားတဲ့ ပဲစောင်းလျားသီး၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှိုနားတို၊ စာကလေး ခြေတောက်၊ ပဲပုစွန် စတဲ့ သဘာဝ ဟင်းသီးဟင်းရွက် များကို ငါးပိရည်ဖြင့် တွဲဖက် စားခြင်းဖြင့် ခံတွင်းလိုက် စေသလို..
ဆေးဘက်လည်းဝင်မှာအမှန်ပါ ။

29/10/2022

ငါတို့နိုင်ငံမှာ
တစ်ကယ်ရှိခဲ့တယ်
~~~~~~~~~~~~~~~~~~~~~~~~
ပိုက်ဆံအကြွေ ဆယ်ပြား၊ တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။

လက်ဘက်ရည်တစ်ခွက်၊ ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့ အခါမှစားရတဲ့ အလွန်အရသာရှိတဲ့ အစားအစာဖြစ်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်။

အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့စတုဒိသာကို ဘာရောဂါမှမကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။

မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။

ဘာအကြောင်းကြောင့် နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင် လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ကျောင်းကားစီးရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး အိပ်ပြီးမနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှမဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။

ပြန်တွေးလိုက်ရင်
အရာရာဟာ လွမ်းစရာကြီးပါပဲလေ ...

26/10/2022

"အတွေးလွန် ကျွန်ဖြစ်"

ဖားတစ်ကောင်ဟာ
ကင်းခြေများတစ်ကောင်
လမ်းလျှောက် လာတာကိုမြင်တော့
ဒီလိုစဉ်းစားမိတယ်။

ငါ့မှာ ခြေနှစ်ချောင်း
လက်နှစ်ဖက်ရှိတာတောင်
လမ်းလျှောက်ရတာ ခက်ခဲတယ်
တခါတစ်လေ ဘယ်ညာမှားပြီး
ခြေလှမ်းတွေ လွဲနေတတ်သေးတာ
ဒါပေမယ့် ဒီကောင်ကြီးက
ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ
ဘယ်လိုများ လမ်းလျှောက်သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ
ဒီကင်းခြေများ ဒီခြေထောက်က
အရင်လှမ်း ဟိုခြေထောက်က
နောက်မှလမ်းဆိုပြီး
သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး"

အဲ့ဒါနဲ့ … ဖားက
ကင်းခြေများကို သွားပြီး
ဒီလိုမေးလိုက်တယ် …

ဒီလောက်များတဲ့
ခြေထောက်တွေနဲ့
မင်းဘယ်လို လမ်းလျှောက်သလဲ
ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ
ဘယ်လိုမှ တွေးမရဘူး
ခြေထောက်တစ်ချောင်းချင်းစီကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ
တော်တော်မလွယ်တဲ့ ကိစ္စပဲ"

ငါလည်း မွေးကတည်းက
ဒီလိုပဲ လျှောက်လာခဲ့တာ
ဒီကိစ္စနဲ့ပတ်သတ်ပြီး
တစ်ခါမှ မတွေးဖူးပါဘူး။

ဘာပဲဖြစ်ဖြစ်မေးလာပြီ
ဆိုတော့လည်း အဖြေရှာရမှာပေါ့
နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်
ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး
တွေးကြည့်နေရောတဲ့ …!

အဲ့ဒီအတွေးမျိုးဟာ
ကင်းခြေများအတွက်
ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ
ဘယ်ခြေထောက်ကိုကျတော့
နောက်မှရွေ့ရမလဲ ဆိုပြီး
ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့
စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး
တည့်တည့်တောင်လျှောက်လို့မရတော့ပဲ
ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။

ဒါနဲ့ ဖားကိုပြောတာပေါ့
မင်းနောက်တစ်ခါ တခြား
ကင်းခြေများတွေကို
ဒီလိုမေးခွန်းမျိုး
ဘယ်တော့မှ သွားမမေးမိစေနဲ့
နားလည်လား …!
ငါ့ဖာသာ ဒီပုံစံအတိုင်း
လမ်းလျှောက်လာခဲ့တာ
ဘာပြသနာမှမရှိခဲ့ဖူးဘူး။

အခုမင်းမေးခွန်းကြောင့်
ငါလမ်းလျှောက်ရတာတောင်
ခက်ကုန်ပြီ
ဘယ်ခြေထောက်အရင်
စလှမ်းရမှန်းမသိတော့ဘူး
ဘယ်လိုလုပ်မလဲ"?

ကျွန်တော်တို့ လူတွေလည်း
ဒီအတိုင်းနေ နေကြတာ
အေးချမ်းနေကြပြီ
ဒါပေမဲ့ တခြားလူတွေက
သူတို့ပြသနာ အသီးသီးတွေ
ယူလာပြီးပြောကြတဲ့အခါ
ကိုယ်သွားနားထောင်ပြီး
သူတို့နဲ့အတူ သွားပြီး
စိတ်ရှုပ်စိတ်ညစ်ရရော။

ဘဝက နေလို့ရ
စားလို့လောက်ငှနေရင်
ဘာမှပူလောင်စရာမရှိဘူး
တစ်ခြားလူတွေ
ဘဝကောင်းစားနေတာမြင်ရော…

ဟိုလူကဒီလိုကောင်းစားနေတာ။
ဒီလူက ဒီလို စိန်ရွှေ ရတနာ
ပိုက်ဆံတွေ ချမ်းသာတာ
အိမ်ရှိတာ … ကားရှိတာ
ရည်းစားချောချောလေး ရှိတာ
ဆိုတာတွေလည်း မြင်ရော …
ကိုယ့်ဖာသာကိုယ်
လျှောက်ပြီးတွေးတော့တာ …!
နောက်ဆုံးတော့ သောကတွေက
ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေ
တော့တာပါပဲ ဘယ်သူဘာပြောပြော
ကိုယ့်လမ်းကိုယ် မှန်မှန်လေး
လျှောက်လှမ်း သွားပါ
သူများပြောစကားတွေနဲ့
လမ်းမှားမရောက်ပါစေနဲ့
မတွေဝေပါနဲ့။

24/10/2022

ရန်သူကို မိတ်ဆွေလို သဘောထားပြီး
ဆက်ဆံပါ... တဲ့ ...

ဘယ်နှယ့် ... 🤔 ...

🌶 ငရုတ်သီးကို သကြားလုံးလို သဘောထားပြီး
🍭 စုတ်ကြည့်ပါ ...

🐍 မြွေပွေးကို ကြိုးခွေလိုသဘောထားပြီး
🤌🏼 ကိုင်ကြည့်ပါ ...

ရန်သူ ကို မိတ်ဆွေလို သဘောထားလည်း
ရန်သူက ရန်သူပါပဲ ...

ရန်သူက ရန်သူပီသတဲ့အခါ
ဘယ်သောအခါမှ
မိတ်ဆွေလို သဘောမထားနိုင်ပါ။

🙅🏻‍♂️🙅🏻🙅🏻‍♀️

24/10/2022

“ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်
စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်”

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။

ငွေဝင်တဲ့ လမ်းကြောင်းတွေကို
သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။

မလိုအပ်ပဲထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။

အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့
ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။

သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။

နွားတွေ၊ ကြက်တွေအုပ်လိုက် မွေးသလိုပါပဲ။

သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊
ဥတွေ ဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။

ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။

ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို
ငွေတွေ လေဖြတ်သွားလိမ့်မယ်။
အင်အား မရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။

မြတ်ချင်မြတ်၊ ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုး
မလုပ်ရဘူး။

သေချာတာလောက်ကိုပဲ လုပ်ရမယ်။

မြတ်ရင်တော့ အများကြီးမြတ်မယ်၊
ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို

ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။

မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ
ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။

(သူများပြောတာကို မယုံနဲ့၊
ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။

ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာပဓာန မဟုတ်ဘူး။

ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။
အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။

(မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။

(အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။

ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင်
အဲဒီကို သွားကြမှာ)

ဆရာဖေမြင့်
” ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် "

23/10/2022

🍀ငှက်ပျောသီး ဘယ်လိုရောင်းလဲဗျ?
ဆိုင်ရှင်က ပြန်ဖြေတယ်
ငှက်ပျောသီးတစ်ဖီး နှစ်ထောင်
တစ်လုံးချင်း နှစ်ရာ ပါ။

အဲဒီ့ အချိန်မှာပဲ ဆိုင်ထဲကို
အမျိုးသမီးတစ်ယောက် ဝင်လာပြီး
" ကျမ ငှက်ပျောသီးဝယ်ချင်လို့
ငှက်ပျောသီး ဘယ်စျေးလဲ " လို့
မေးပြန်တယ်။

ဆိုင်ရှင်က ပြန်ဖြေတယ်။
ငှက်ပျောသီးက တစ်ဖီး တစ်ထောင် တစ်လုံးချင်းကျ တစ်ရာပါ

ဒါကိုကြားတော့
ပထမဝယ်သူအမျိုးသားက ဒေါသထွက်နေတဲ့
အကြည့်နဲ့ ဆိုင်ရှင်ကိုကြည့်လိုက်တယ်။

အဲဒါကို ရိပ်စားမိတဲ့ဆိုင်ရှင်က
ပထမဝယ်သူအမျိုးသားကို ဟိုအမျိုးသမီး
မမြင်အောင် မျက်စေ့တစ်ဖက် မှိတ်ပြပြီး
ခနလေး စောင့်ဖို့ပြောတယ်။

အမျိုးသမီးက
ဝယ်ခြမ်းပြီးတော့ ဆိုင်ထဲကအထွက်မှာ နှုတ်က
" ဆိုင်ရှင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင်
ကျမကလေးတွေ ဗိုက်ဆာနေကျတာ
ဒါတွေကိုစားပြီး အရမ်းပျော်သွားကြလိမ့်မယ် "
လို့ ပြောရင်း ထွက်သွားပါတယ်။

အမျိုးသမီးထွက်သွားတော့မှ
ဆိုင်ရှင်က ပထမဝယ်သူကို
ကျနော် ခင်ဗျားကို သက်သက်စျေးတင်ပြီး
ရောင်းတာ မဟုတ်ပါဘူး။

ဒီအမျိုးသမီးက
ဖတဆိုး ကလေး ၄ ယောက်ရဲ့မိခင်
မုဆိုးမတစ်ယောက်ပါ။

ဒါပေမယ့် သူမက
ဘယ်သူ့ဆီကမှ ဘယ်လိုအကူအညီမှ
ယူလေ့မရှိဘူး။

ကျနော် သူ့ကိုကူညီဖို့
အများကြီးကြိုးစားကြည့်ပြီးပါပြီ
မအောင်မြင်ဘူး။

အဲဒါနဲ့
ကျနော်လည်း နည်းလမ်းတစ်ခု
စဉ်းစားမိသွားတယ်။

ဒီအမျိုးသမီး ကျနော့်ဆိုင်မှာ
ဘာပဲ လာဝယ် လာဝယ်
အနည်းဆုံးစျေးနှုန်းနဲ့
လျှော့ပြီးရောင်းပေးလိုက်မယ်။

အဲဒါဆိုရင်
သူ့ကိုကူညီရာလည်းရောက်မယ်။

ပြီးတော့ ဒီအမျိုးသမီးရဲ့
ဘယ်သူ့ရဲ့ အကူအညီမှမလိုဘူးဆိုတဲ့
ယုံကြည်ချက်ကိုလည်း မထိခိုက်တော့ဘူးပေါ့။

ပြီးတော့
ဒီအမျိုးသမီးက တစ်ပါတ်လုံးမှာမှ
တစ်ရက်ပဲလာဝယ်တာ။ သူမ လာဝယ်တဲ့
နေ့ဆိုရင် ဆိုင်ကပိုပြီးရောင်းရတယ်။

အဲဒီတော့မှ ပထမဝယ်သူလည်း
သဘောပေါက်သွားပြီး စိတ်ထဲလဲ
မကောင်းဖြစ်သွားမိတယ်။

တစ်ပါးသူကို ကူညီခြင်းရဲ့အရသာကို
ကူညီဖူးသူတွေပဲ သိပါတယ်လို့ ပြောရင်း
ဝယ်ခြမ်းပြီးပြန်သွားပါတော့တယ်။

ဒီအဖြစ်အပျက်မှာ
ဆိုင်ရှင်ပုဂ္ဂိုလ်ဟာ အတုယူသင့်တဲ့သူပါ။

တစ်ဖက်သားကို
ကူညီလည်း ကူညီလိုက်တယ်။

တစ်ဖက်သားရဲ့
စိတ်ခံစားချက်ကိုလည်း ငဲ့ကွက်တယ်။
ယုံကြည်ချက်ကိုလဲ မပျက်ယွင်းစေဘူး။

သူစျေးလျှော့ပေးတာ
တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့
ပေးကမ်းလှူဒါန်းလိုက်တာပါ။

တစ်ဖက်သားက သိတောင်မသိလိုက်ပါဘူး။

ကျနော်တို့ အားလုံးလည်း ဒီလိုဆိုင်ရှင်ကို
အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း
ရှိသူတွေ ဖြစ်ကြရအောင်လားဗျာ။

23/10/2022

ကိုယ့်ဗူးရဲ့အပေါက်ကို အရင်ဖာနိုင်အောင် စဥ်းစားရင်း ကြိုးစားပါအုံးမိတ်ဆွေ။

23/10/2022

လူတွေနဲ့စကားပြောရင် သိပ်မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မရောလိုက်နဲ့။
ကိုယ့်အားနည်းချက်ကို နင်းသွားတတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မစပ်စုနဲ့။
အထင်သေးအမြင်သေး ပြန်ကြည့်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်တယ်။

လူတွေနဲ့စကားပြောရင် ဖြတ်မပြောနဲ့။
မယဥ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်အတင်းမပြောနဲ့။
သူ့အကြောင်းလဲ တစ်ခြားလူတွေကို သင်ပြောမှာပဲလို့ သတ်မှတ်တတ်တယ်။

သိထားရမှာက
လူတိုင်းက စိတ်သောကများကြတဲ့အတွက်
ပေါ့ပေါ့ပါးပါးစိတ်ချမ်းသာစရာစကားပဲ
ကြားချင်ကြတယ်။

သို့ဖြစ်၍ သူတစ်ပါး စိတ်ချမ်းသာဖို့
အဓိကထား ရည်ရွယ် ပြောဆိုပါ။

စကားဆိုတာ အမှန်တရား
ဖြစ်စေဦးတော့ ပြောသင့် မပြောသင့်
ချင့်ချိန်ပါ။

မှန်တဲ့စကားက နားထောင်သူအတွက်
အကျိုးရှိကောင်းရှိမယ်။
ပြောတဲ့သူအတွက်တော့ အန္တရာယ် အသွယ်သွယ်
ရန်အသွယ်သွယ် ဖြစ်ပွားတတ်တယ်။

အရမ်းရင်းနှီးသူပင် ဖြစ်ပါစေ
စကားကိုချင့်ချိန်ပြောလိုက်ပါ။

21/10/2022

မိန်းကလေးများ အမြတ်တနိုး
ယူသင့်သော ယောကျာ်း (၁၀)မျိုး

(၁)စကားနည်းပြီး အကျင့်စာရိတ္တကောင်းသော
တည်တည်ကြည်နေ ထိုင်တတ်သော ယောကျာ်း………

(၂)အဖေရင်းပမာ ကိုကြီးပမာ ဆုံးမပဲ့သင် လမ်းပြ
ပေးတတ်သော ယောကျာ်း………

(၃)အတတ်ပညာ အရည်အချင်း အမျှော်အမြင်ကြီးမာ
လှသော ယောကျာ်း……………

ပုံမှန်အားဖြင့် မိန်းမဆို စိတ်မဝင်စား မိမိတစ်ဦးထဲ
ချစ်ခင် မြတ်နိူးတတ်သော ယောကျာ်း………

(၅)မိန်းမတစ်ယောက်နဲ့ယှဉ်ပြိုင်ကာ
ရန်တုမဖြစ်တတ်သော ယောကျာ်း………

(၆)မိမိဘဝအား…… အမေရင်းပမာ နှမရင်းပမာ
လေးစား စောင့်ရှောက် တတ်သော ယောကျာ်း………

(၇)အားလပ်ချိန်တွေ အိမ်မှုကိစ္စ ဝိုင်းကူညီတတ်သော
ယောကျာ်း…………

(၈)ကိုယ်ကိုယ်ထပ် မိသားစု အပေါ် တာဝန်သိတတ်
သော ယောကျာ်း…………

(၉)တစ်ကိုယ်ရေးသန့်ရှင်းမှု စည်းကမ်း စနစ်
ပြည်စုံသော ယောကျာ်း…………

(၁၀)အပေါင်းအသင်း အပျော်အပါး လိုအပ်တာထပ်
ပို၍ မမက်မောတတ်သော ယောကျာ်း………

ထို ယောကျာ်းမျိုးအား………မိန်းကလေးများ
လေးစားယုံသာမက မြတ်မြတ်နိူးနိူး ချစ်ခင်ကြပါတယ်။

Credit

21/10/2022

တစ်ညနေမှာ ပင်ပန်းတဲ့အလုပ်တွေပြီးတော့
အမေက ကျွန်တော်နဲ့ ဖေဖေ့အတွက်
ညစာလုပ်​ပေးပါတယ်။

သူမက ကြက်ဥပန်းကန်ရယ် ၊ အသုပ်စုံနဲ့
မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်ကို
အဖေ့ရှေ့မှာ တင်လိုက်တယ်..။

ချက်ခြင်း သတိထားမိတာက ပန်းကန်ပြားပေါ်က မီးလောင်ကျွမ်းထားတဲ့ ပေါင်မုန့်ပါပဲ။

သူ အပြစ်တင်တော့မှာ လားဆိုပြီး စောင့်မျှော်နေပေမယ့် အဖေက အားရပါးရစားရင်း ပြုံးပြီး ကျောင်းမှာ တစ်နေ့တာ ဘယ်လိုကုန်ဆုံးခဲ့လဲလို့ ကျွန်တော့်ကို မေးတော့တယ်။

အဖေက ဘာမှ မပြောသော်လည်း....

မီးလောင်ထားတဲ့ မုန့်အတွက် အမေက အဖေ့ကို တောင်းပန်ပါတယ်။

မေမေကို ဖေဖေ ပြန်လည်တုန့်ပြန်တဲ့ စကားက ကျွန်တော် ဘယ်တော့မှ မေ့နိူင်မှာ မဟုတ်ပါဘူး။

"ရှင်မရယ် ၊ယောက်ျားက ပေါင်မုန့်မီးကင်ဆို ကျွမ်းနေတာမျိုးမှ ကြိုက်တာ" တဲ့။

ညဘက် အိပ်ယာဝင်တော့ အဖေက ကျွန်တော့်ကို နမ်းဖို့ ရောက်လာပါတယ်။

" မီးလောင်ထားတဲ့ ပေါင်မုန့်ကို တကယ်ကြိုက်လားလို့ '' ဖေဖေ့ကို မေး​ကြည့်ပါတယ်။

သူက ကျွန်​တော့်ကို ပွေ့ဖက်ပြီးပြောတယ်
"သားမေမေက အလုပ်များတဲ့နေ့တွေဆို အရမ်းပင်ပန်းနေပြီ...''

" ​ဖေ​ဖေတို့အတွက် ဒီအစားအစာ​တွေပြင်ဆင်ဖို့ သူ အချိန်လုပြီး အ​​​မြန်လုပ်ရတယ်၊ မရည်ရွယ်ပဲဖြစ်သွားတဲ့ကိစ္စအတွက်နဲ့ ပင်ပန်းနေတဲ့ မေမေ့ကို ထပ်ပြီး အပြစ်တင်ရင် သူစိတ်မကောင်းဖြစ်မှာပေါ့....''

" မီးကျွမ်းနေတဲ့ ပေါင်မုန့်က ဘယ်သူ့ကိုမှ မနာကျင်နိူင်ဘူး...''

"ဒါပေမယ့် စကားလုံး​တွေကတော့ အလွန် နာကျင်စေနိူင်တယ်...''

မပြီးပြည့်စုံရင်တောင်မှ စေတနာနဲ့ လုပ်ပေးထားတဲ့ အခြားသူတွေရဲ့တန်ဘိုးကို ကျွန်တော်တို့သိဘို့ လိုပါတယ်။

ဘယ်သူမှ မပြီးပြည့်စုံ​ကြပါဘူး။

#လယ်တွင်းသားစောချစ်

20/10/2022

ခင်ပွန်းသည်က သူ့မိန်းမကိုပြောတယ်–

'' ငါ သူငယ်ချင်းတွေနဲ့ အပြင်သွားဦးမယ်...''

သူမက ပြန်ဖြေတယ် -

'' သွားလေ..' တဲ့။

ခဏကြာတော့ သားဖြစ်သူက..

“မေမေ၊ အကြို စာမေးပွဲမှာ သားရဲ့
အခြေအနေကို သိခဲ့ရတယ်...
မကောင်းဘူး မေမေ...''

သားဖြစ်သူသည် မိခင်ထံမှ ကြိမ်းမောင်းခြင်းကို
ခံရမည်ဟု မျှော်လင့်သော်လည်း
အံ့အားသင့်သွားသည်။

မိခင်ဖြစ်သူက အေးအေးဆေးဆေး ပြောခဲ့သည်–

" ဘာမှမဖြစ်ပါဘူးသားရယ်.. သား ကြိုးစားရင်
စာမေးပွဲကြီးမှာ ဖြေနိူင်မှာပါ ဒီလိုမှမဟုတ်ရင်တော့ နောက်တစ်နှစ် ထပ်ဖြေရမှာပေါ့ သား အပေါ်မှာပဲမူတည်ပါတယ်...''

နောက်နေ့မှာ အပြင်က ပြန်လာတဲ့ သူ့သမီးက
သူ့ဆီလာပြီး မဝံ့မရဲနဲ့ ပြောတယ်-

" အမေ၊ သမီးရဲ့ကားနဲ့ သူများကားကို တိုက်လာတယ်...''

သမီးက အမေစိတ်ဆိုးမှာကို ကြောက်ပေမယ့်
သူ့အမေစကားကြောင့် အံ့အားသင့်သွားတယ်။

“ သမီးရယ် ကားကို ဝပ်ရှော့သွားပြီး ပြင်လိုက်ပေါ့..'' တဲ့။

အမှားတစ်ခုကိုမြင်လျင် လူတယောက်သည် ရုတ်တရက် စိတ်ဆိုးဒေါသထွက်ခါ ပြောင်းလဲ သွားတတ်သော်လည်းသူမသည် တည်ငြိမ်နေသည်။

လူတိုင်းက သူ့ဆီလာပြီး ...

“တစ်ခုခုမှားနေသလား... ဘာလို့ဒီလောက်တည်ငြိမ်နေတာလဲ" လို့မေးတယ်။

သူမက ပြုံးပြီး ပြန်ပြောတယ်။

“လူတိုင်းဟာ ကိုယ့်ဘဝအတွက် ကိုယ်ပဲ တာဝန်ရှိတယ်ဆိုတာ နားလည်ဖို့ အချိန်အတော်ကြာယူခဲ့ရတယ်..''

" ကိုယ့်ရဲ့စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေဟာ သူများရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး.. ကိုယ့်ရဲ့စိတ်ခံစားမူကိုပဲ ပိုဆိုးစေတယ်....''

"လာမေးရင် အကြံဥာဏ်ပေးရုံပဲ ပေးနိုင်တယ်... အဆင်ပြေမူကတော့ မင်းတို့တွေလိုက်နာနိုင်မလား မလိုက်နာနိူင်ဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်..''

" မင်းတို့ဆုံးဖြတ်သမျှ၊ အကျိုးဆက်တွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဲ့ဒါတွေနှင့်အတူ မင်းတို့နေထိုင်ရမှာဖြစ်သည်။ ဘယ်သူ့ရဲ့လုပ်ရပ်အတွက်မှ မေမေတာဝန်ယူလို့မရဘူး..''

" ကိုယ့်ကိုကိုယ်ပဲ ထိန်းချုပ်နိုင်တယ်ဆိုတာ မေမေ သိလာတယ်...''

" မေမေ့အလုပ်က မင်းတို့ကို ပြုစုစောင့်ရှောက်ဖို့၊ မင်းတို့ကိုချစ်ဖို့၊ အားပေးဖို့ပဲ...''

" ဒါပေမယ့် မင်းတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မင်းတို့ရဲ့ပျော်ရွှင်မှုကို ရှာဖွေဖို့ကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်..''

" ဒါကြောင့် အေးအေးဆေးဆေး နေပြီး မင်းတို့ရဲ့ ပြဿနာတွေကို မင်းတို့ကိုယ်တိုင်ပဲ ဖြေရှင်းခွင့်ပေးတာပါ ''

သူမ ဒီလို ရှင်းပြလိုက်တော့ အားလုံးနူတ်ဆိတ်သွားကြတယ်။

အဲဒီနေ့ကစပြီး အိမ်မှာရှိတဲ့လူတိုင်းဟာ ဘာလုပ်ရမယ်ဆိုတာ အတိအကျသိတဲ့အတွက် မိသားစုက ပိုမိုကောင်းမွန်လာကြတယ်။

Saya U Khin Zaw ( ဘာသာပြန် )

20/10/2022

မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ........🌸🌼

ယောက်ကျားတစ်ယောက်
မိန်းမတစ်ယောက်ကို
ဘယ်လောက်ချစ်လဲဆိုတာ မယူခင်
ဘယ်လိုလိုက်ပိုးပန်းတာ
ဘယ်လိုမရရအောင်လိုက်ခဲ့တာနဲ့ ဆုံးဖြတ်လို့မရဘူး
ကလေးမွေးပီးတဲ့အချိန်မှာမှ
သူဘယ်လောက်ချစ်လဲဆိုတာ သိရမှာပါ

ကိုယ်ဝန်ဆောင် ကလေးမွေး
ကလေးထိန်း ဒီချိန်တွေမှာ မိနိးမတွေဟာ
အလုပ်မရှိ ဝင်ငွေမရှိကြပါဘူး .
ဒီချိန်ကာလတွေဟာ မိနိးမတွေအတွက်
ကိုယ့်ယောက်ကျားဘယ်လိုလဲဆိုတာကို
အကြည်လင်ဆုံး အပြတ်သားဆုံး
အကောင်းဆုံးသိရတဲ့အချိန်ပါပဲ

တစ်ချို့မိန်းမတွေက ယောက်ကျားဖက်ကမိသားစုရဲ့
အေးတိအေးစက် ဆက်ဆံတာမျိုးကို ခံရတတ်ပါတယ်
တစ်ချို့ကြတော့လဲ အနိမ်ခံရတတ်တယ်
တစ်ချို့ကြတော့ ယောက်ကျားဖောက်ပြန်တာခံရတယ်
တစ်ချို့ကြပြန်တော့ ငွေလက်ဖြန့်တောင်းလို့ဆိုပီး
အပြောခံရပြန်ရော
ကိုယ့်မှာတော့ ညတိုင်းကလေးထိန်း
အိပ်ရေးပျက် အရမ်းပင်ပန်းနေတာ
ဘယ်သူမှမသိ နားမလည်
အချစ်ဆိုတာ အရမ်းကို ကြည်နူးစရာကောင်းပါတယ်
ဒါပေမဲ့ အိမ်ထောင်ရေးဘဝဟာ အရမ်းကို
လက်တွေ့ဆန်လွန်းတယ်

တစ်ချို့ မိန်းမတွေ ကလေးမွေးပီး ထွက်လာတယ်
ယောက်ကျားက သတင်းစာထိုင်ဖတ်နေမယ်
တစ်ချို့ မိနိးမတွေ ကလေးမွေးပီးထွက်လာတယ်
တစ်မိသားစုလုံး ကလေးနားပဲ အာရုံရောက်ပီး
မိမိကို မေ့နေတတ်ကြတယ်
တစ်ချို့မိန်းမတွေ ကလေးမွေးပီးထွက်လာတယ်
ယောက်ကျားက အရင်ဆုံး * မိန်းမရေအရမ်းချစ်တယ်နော် ကျေးဇူးပါ ပင်ပန်းသွားပီ *
ဆိုတဲ့ စကားကြားလိုက်ရတယ်

ကလေးမွေးတယ် ဆိုတာ
ရိုးရိုးမွေးမွေး ခွဲပဲမွေးမွေး အသက်နဲ့ရင်းပီးမွေးရတာ
မိန်းမတိုင်း ကလေးမွေးရမယ် ဒါသဘာဝပဲဆိုပီး
လျစ်လျူရှူ့ခံရတဲ့မိန်းမတွေ အများကြီးပါ
သူတို့အတွက် စကားတစ်ခွန်း အပြူမှူတစ်ခုဟာ
ဘယ်လိုတောင် ထိရောက်မူ့ရှိလဲဆိုတာ
ဘာလို့နားမလည်ပေးနိုင်ကြတာလဲ

အိမ်တစ်အိမ်မှာ မိန်းမတစ်ယောက်
ရပ်တည်နိုင်မူ့ နေရာရမူ့ဟာ
ယောက်ကျားတစ်ယောက်ရဲ့
အရည်အချင်းရှိမူ့နဲ့
လူစိတ်ပီသမူ့အပေါ်၌သာ သက်ဆိုင်နေပါတယ်
ယောက်ကျားက နိမ်တယ်
အမြဲအပစ်ပြောတယ်ဆိုရင် အဲ့မိန်းမဟာ
အဲ့အိမ်မှာ ကျွန်သာသာပဲရှိမယ်
အိမ်သားအားလုံးနဲ့ နိမ်တာ ပြောတာ
ဆိုတာ ခံရမြာပဲ
ယောက်ကျားက မိန်းမဖက်မှာရှိမယ်
ငါ့မိန်းမ ငါချစ်တယ် ငါဖူးဖူးမှုတ်ထားမယ်
ဘုရင်မတစ်ပါးလို ငါထားမယ်
ငါတောင်မခိုင်းရက်ဘူး
ငါအလိုလိုက်မယ်ဆိုတဲ့မိန်းမ
ဘယ်အိမ်သားမှ မနိမ်ရဲဘူး မပြောရဲကြဘူး

အချစ်ခံရတယ် အချစ်မခံရဘူးဆိုတာ
မယူခင်မှာသိရတာမဟုတ်ပါဘူး
ကလေးရပီးမှသိရတာပါ

19/10/2022

ကြည့်ပေါင်းပါ
```````````````````

ကိုယ်ကျိုးရှာ ခရီးသွားတွေများတဲ့ လောကကြီးထဲ
မျက်နှာချိုချိုလေးတွေနဲ့ အနားရောက်လာတိုင်း မိတ်ဆွေအစစ်လို့တော့ မထင်လိုက်ပါနဲ့ ။ တချို့တွေက လူထက် လာဘ်ကိုခင်လို့သာ အပေါ်ယံအပြုံးတွေနဲ့ မျှားနေတာ ။

ဒါဟာ ကျွန်တော်တို့အနားမှာ ရှိတဲ့မိတ်ဆွေတိုင်းဟာ မကောင်းဘူးလို့ ဆိုတာမဟုတ်ဘူး ။ ဒီလူဟာ စိတ်ရင်းနဲ့လား အပေါ်ယံလားဆိုတာကို ခွဲခြားဆက်ဆံတတ်ဖို့ပါ ။ ကျွန်တော်အရင်က ဆရာနန္ဒာသိန်းဇံရဲ့ "မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း"ဆိုတဲ့ စာအုပ်လေးထဲမှာ ဖတ်ဖူးပါတယ် ။

စွန်ငှက်တွေဟာ သာမန်အချိန်တွေမှာ တစ်ကောင်နဲ့တစ်ကောင် ချစ်ခင်ကြတယ် ။ ပြေလည်နေကြတယ် ။
ဒါပေမဲ့ တစ်ကောင်သောစွန်ဟာ အစာတစ်ခုကို ရတော့မယ့်အခါ ၊ ရသွားတဲ့အခါမှာ ။ အဲဒီစွန်နဲ့ အခြားသောစွန်တွေဟာ ရန်သူတွေဖြစ်သွားကြတယ်တဲ့ ။ အဲဒီအစာကို ထိုစွန်ကို မစားစေချင်လို့ ၊ မရစေချင်လို့ အခြားစွန်တွေကဝိုင်းပြီး နှုတ်သီးနဲ့ဆိတ်ကြ ၊ ခြေသည်းတွေနဲ့ ကုတ်ဖဲ့လုပ်ကြတယ်တဲ့ ။ အဲအစာကို သူ့ကိုမရစေချင်ဘူး မစားစေချင်ဘူး ။ ငါတို့ပဲ ရချင်တယ် ၊ ငါတို့ပဲစားချင်တယ်ဆိုတဲ့ စိတ်နဲ့ ရန်ပြုကြတော့တာပဲတဲ့လေ ။

အဲဒီလိုနည်းနဲ့တူတဲ့ မိတ်ဆွေတွေလည်း လောကမှာ အများကြီးရှိပါတယ် ။ သာတုန်းခဏနားပြီး ကိုယ်ဒုက္ခနဲ့ကြုံမှ အနားက ရှောင်သွားကြတဲ့ မိတ်ဆွေတွေလည်း လောကမှာအများကြီးရှိပါတယ် ။ ဒါကြောင့် ကြည့်ပေါင်းပါ တချို့က အပေါ်ယံအပြုံးပဲလှတာ အတွင်းက နှလုံးမလှဘူး ။

#ပုရစ်

Want your establishment to be the top-listed Arts & Entertainment in Johor Bahru?
Click here to claim your Sponsored Listing.

Videos (show all)

သီချင်းတပုဒ်ထုတ်လိုက်ရာမှ ကျိကျိတက်ချမ်းသာသွားတဲ့ Ayonimous#ayonimous #ထားလိုက်#အဆိုတော်
အဆန်းကျယ်ဆုံး နဲ့ ကျောချမ်းဖွယ်ရာ တောနက်ကြီးတွေထဲက ရှာဖွေတွေ့ရှိမှု ( ၅ ) ခု

Telephone

Website

Address

18, Jalan Mega 1/8 Tmn Perindustrian Nusa Cemerlang Bahru
Johor Bahru
79200

Other Arts & Entertainment in Johor Bahru (show all)
SM Masai Studio Centre SM Masai Studio Centre
No. 12, Today's Market, Jalan Masai Lama, Bandar Sri Alam
Johor Bahru, 81750

Ssi Intense Methodical Ssi Intense Methodical
Johor Bahru

Company that has various business in it from the service sector & online business. MA0311646-K JM0990156-K

Second Symph Second Symph
Johor Bahru

Welcome and enjoy relaxing acoustic symphony. Spread the love yall :)

StageCraft Theatre Productions StageCraft Theatre Productions
73-01, Jalan ADDA 3/1, ADDA HEIGHTS
Johor Bahru, 81100

We're a Johor Bahru theatre company that thinks it's about time JB had a more happening theatre scene. Follow us so as not to miss great Malaysian and foreign theatre shows that we...

Angels Scissors & Crafts Angels Scissors & Crafts
Taman Mutiara Bestari
Johor Bahru, 81300

Ghost Investigator Team Ghost Investigator Team
Johor Bahru

We Hunt The Truth

Miss_SARRAreza Miss_SARRAreza
Johor Bahru

ISOS SYSTEM

Gelang Patah FM Gelang Patah FM
Jalan Muafakat, Kampung Melayu
Johor Bahru, 81550

Menghiburkan anda dengan lagu2 permintaan dari anda....

Jayson Cyrellyus Jayson Cyrellyus
Johor Bahru

This is my life guys..�

Mey mey online shop Mey mey online shop
Johor Bahru

មានលក់ផលិតផលគ្រប់មុខនៅក្នុងក្រុមហ៊ុន NNP

V Box知音人 Plaza Pelangi V Box知音人 Plaza Pelangi
Plaza Pelangi, Lot 5. 12, Level 5, Jalan Kuning, Taman Pelangi
Johor Bahru, 80400

V Box 知音人~ 给予您一流的卡拉OK体验!! 赶紧拨电预约 ~ Johor Jaya Outlet : 07 - 3521999 Plaza Pelangi Outlet : 07 - 3311882

Eliga88 Eliga88
Jalan Pahlawan
Johor Bahru

Entertainment