Kyaw Naing

Advocacy

Photos from Kyaw Naing's post 31/01/2024

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်

မျှော်မှန်းချက် (Vision)

ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity).များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်။

ဦးတည်ချက် (Objectives)

(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။

(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။

(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။

(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(စ) ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်။

ရပ်တည်ချက် (Position)

(က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။

(ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။

(ဂ) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။

ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။

(ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။

(င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။

(စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။

(ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။

(ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။

(ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။

လုပ်ငန်းစဉ် အဆင့်ဆင့်

(က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။

(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။

(ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။

(ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။

(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။

(ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ ဖွဲ့စည်းခြင်း။

(ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။

(ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။

(င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။

(စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။

ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်သွယ်ရန်-
၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)
၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)
၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)
၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)

Joint Position Statement by Allied Organisations
Engaged in Revolutionary Struggle
towards Annihilation of Military Dictatorship
and Establishment of a Federal Democratic Union

31 January 2024

Vision

In order to preserve and promote the unique characters and identities of diverse ethnic communities that form our nation, we envision the establishment of a federal democratic union that upholds the principles of democracy, national equality and self-determination in its constituent states.

Objectives

A. To overturn the usurpation of state power by the military, and to terminate the involvement of the armed forces in politics.

B. To ensure that all armed forces operate solely under the command of a civilian government elected through democratic processes.

C. To abrogate the constitution of 2008 in its entirety, and to quash all attempts to reinstate its provisions.

D. To draft and promulgate a new constitution that embodies federalism and democratic values, garnering the consensus of all relevant parties,

E. To establish a new federal democratic union in accordance with the proposed federal democratic constitution.

F. To institute a system of transitional justice in order to address and remedy the injustices inflicted upon innocent parties throughout the conflict.

Positions

A. We declare the seizure of state power by the Myanmar military on 1 February 2021 to be devoid of any legitimacy, and thus oppose and reject this seizure unequivocally.

B. This seizure of power was in violation of the constitution of 2008, which was itself authored and imposed unilaterally by the military. The militarys own actions through their unconstitutional act have invalidated the 2008 constitution.

C. The outcome of the 2020 general election should not be construed as an endorsement of the political framework outlined in the 2008 constitution but as a mandate for revolutionary change and the establishment of a new political system. The will of the voters, as demonstrated in the election results, bestows legitimacy upon the bodies working to reverse the military coup dtat and to implement a new political system, specifically, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG). The stewardship of the nation in the post-revolutionary era shall be entrusted to all relevant parties in the cause of the revolution; it is under their collective leadership that we will forge a new nation.

D. Any election held under the provisions of the constitution of 2008 would not serve to restore democracy; it would merely serve to perpetuate military rule indefinitely.

E. The armed forces shall hold no right to participate in any future political discourse.

F. A new federal democratic constitution formulated with the consensus of all relevant parties is imperative for assuring self-determination, national equality, democracy, peace and stability.

G. We reject any initiatives to monopolise political power exclusively among the privileged.

H. We pledge to engage constructively with the efforts of the Association of Southeast Asian Nations and the United Nations in seeking viable solutions for Myanmar.

I. Our commitment to peaceful coexistence with neighbours shall stand as a cornerstone for regional peace and stability.

Action Plans

A. Continued political and military pressure (internal and external) against the military junta.

B. Negotiations with the responsible leadership of the Myanmar military to terminate military rule and for peaceful transition of power, subject to their unconditional acceptance of the six political objectives.

C. Upon overturning of military rule and final annihilation of the military junta or a military-backed administration, establishment of a Transitional National Unity Government (T-NUG) for a federal level and transitional state/federal unit governments to achieve peace, stability and reconstruction.

C-1. Enactment of a transitional federal democratic constitution involving all parties and entities that participated in the revolution against the military dictatorship.

C-2. Formation of a Transitional National Unity Government (T-NUG) in the post-revolutionary period, led collectively by representatives of allied revolutionary groups, in accordance with the transitional constitution.

C-3. Federal units to freely constitute local governments at respective state/federal unit level.

D. Convention of a nationwide political conference involving all interested parties to deliberate on the establishment of a federal democratic union.

D-1. Establishment of state/federal units and demarcation of state/federal unit boundaries through peaceful political discourse, involving all main stakeholders during the transitional period.

E. Drafting and promulgation of a federal democratic constitution.

F. Establishment of a new federal democratic union.

To bring to fruition the vision, objectives, and positions we have stated, and to implement the action plans we have detailed, we are committed to the creation of robust mechanisms for cooperation across all strategically significant sectors. Moreover, we pledge to persist in our revolutionary endeavours, maintaining unwavering cooperation and collaboration with our allied revolutionary forces.

Contacts:

1. Salai Htet Ni (CNF) (+91 69097 51721)
2. Aung Sun Myint (KNPP) (+66 307 49087)
3. Pdoh Saw Tah Doh Moo (KNU) (+66 646459113)
4. U Tin Tun Naing (NUG) (+1 9383007007)

15/01/2024
11/12/2023

ကလေး "ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်" ဖြစ်လာအောင်


လိပ်ပြာလေးအကြောင်း သင်ချင်တဲ့ ဆရာတစ်ယောက် က ကလေးငယ်တွေကို သစ်ပင်တစ်ပင်အောက် ခေါ်သွားတယ်။အဲဒီသစ်ပင်ရဲ့ သစ်ကိုင်းလေး တစ်ကိုင်းမှာ အဖြူရောင် ခြည်လုံးလေးတစ်လုံးနဲ့တူတဲ့ အလုံးကလေး တွယ်ကပ် နေတာကို ဆရာကပြတယ်။ ကလေးတွေက စိတ်ဝင်တစား အနီးကပ်ပြီး ကြည့်ကြတယ်။ ကလေးတွေက သိပ်စိတ်ဝင်စားကြတယ်။အဲဒီအဖြူလုံးလေးထဲက အကောင်လေးဟာ ဥအိမ်ကလေးထဲကအတင်းတိုးထွက်နေတာကို ကလေးတို့တွေ့ရတယ်။ ဒီတော့ ကလေးတွေပိုစိတ်ဝင်စားတာပေါ့။ဆရာက `ကလေးတို့ဥအိမ်လေးကို သေသေချာချာ ကြည့်ရှု လေ့လာကြပါ`လို့မှာပြီး စာသင်ခန်းထဲမှာကျန်နေတဲ့ စာအုပ်တစ်အုပ် သွားယူတယ်။လေ့လာကွညျ့ရှုနတေဲ့ ကလေးတွေထဒကကလေးတစ်ယောက်ဟာ ကြည့်နေရင်းအတင်းဆိုးထွက်ဖို့ ကြိုးစားနေတဲ့ အကောင်ကလေးကို သနားလာတယ်။ ဒီတော့ အကောင်လေးအပြင်ကို လွယ်လွယ် ကူကူထွက်လာနိုင်အောင် ဘယ်လိုကူညီရမလဲစဥ်းစားတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ကတ်ကြေးငယ်ငယ်လေးနဲ့ ဥအိမ်အပေါက်ကလေးကို ပိုကျယ်လာအောင်ချဲ့ပေးလိုက်တယ်။အဲဒီတော့ အထဲက အကောင်လေးဟာ အတင်းထိုးထွက်ပြီး လေထဲကို ပျံတက်သွားတယ်။ အတောင်လေးတွေမှာ အရောင်တွေစုံနေတဲ့ လိပ်ပြာလေးတစ်ကောင် ဥအိမ်ထဲက ထွက်လာတာတွေ့တော့ ကလေးတွေ သိပ်သဘောကျတယ်။ လိပ်ပြာလေးကို လိုင်ကြည့်ကြတယ်။ လေထဲမှာ ခဏပျံဝဲပြီး လိပ်ပြာလေးဟာ မြေကြီးပေါ်ကျပြီး `မြေကြီးပေါ်မှာ ယက်ကန်ယက်ကန် ဖြစ်နေတာ တွေ့ရတယ်။ခဏကြာတော့ မြေမှုန့်တွေထဲမှာ ရုန်းကန်ရင်း လိပ်ပြာလေး သေသွားတာ တွေ့ရတယ်။

အခြေအနေကိုသိသွားတဲ့ ဆရာက ကလေးတွေကို `လိပ်ပြာကလေး ဘာကြောင့်သေ သွားတာလဲ `လို့မေးပါတယ်။ ကလေးတွေက `ပြုတ်ကျလို့ သေတာ `လို့ ဖြေကြပါတယ်။

လိပ်ပြာကလေး ဥအိမ်ထဲက ထွက်နိုင်အောင်ဘာလုပ်နေတာတွေ့သလဲ လို့ ဆရာကမေးပါတယ်။` တိုးထွက်နေပါတယ်`လို့ ကလေးတွေက ဖြေကြပါတယ်။

`ဘာဆက်ဖြစ်သလဲ`လို့ ဆရာက မေးပါတယ်။ ဒီတော့ လိပ်ပြာကလေးထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တဲ့ကလေးက `သား လိပ်ပြာလေးကို သနားလို့ သူ သက်သက်သာသာနဲ့ထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တာပါ`လို့ ပြောတယ်။

ဒီတော့ ဆရာက ` သားက လိပ်ပြာကလေးကို သက်သက် သာသာနဲ့ ထွက်လာစေချင်တယ်ဆိုတဲ့ ကူညီချင်တဲ့စိတ်ထားက သိပ်ကောင်းတဲ့စိတ်ကူး ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ကူညီလိုက်တဲ့အတွက် လိပ်ပြာလေးသေ သွားတာ`လို့ ပြောလိုက်တော့ ကလေးတွေ နားမလည်နိုင် ဖြစ်သွားကြတယ်။

ဒီတော့ ထွက်ပေါက်ကျယ်အောင် စေတနာနဲ့ချဲ့ပေးလိုက်တဲ့ကလေးက `ဆရာ သားကသူ့ကိုကူညီတာကြောင့် သူက ဘာလို့သေ သွားရတာလဲလို့ မေးပါတယ်။

ဆရာက ရှင်းပြပါတယ်။ သားက စေတနာနဲ့ကူညီတာကောင်းပါတယ်။ ဒါပေမဲ့ လိပ်ပြာလေးဟာ ဥအိမ်ထဲကနေ အဆင်သင့်မဖြစ်မီ အပြင်လောကထဲ ရောက်သွားတော့ လောကဓံကို ကြံ့ကြံ့မခံနိုင်သေးဘူး။ ဒါကြောင့် ခဏပျံဝဲပြီး ပြုတ်ကျ သေ သွားတာပေါ့။ လိပ်ပြာကလေးဟာ သူ့အားသူကိုးပြီး ဥအိမ်လေးထဲကနေ အတင်းတိုးထွက်ဖို့ ကြိုးစားရုန်းကန်တဲ့အခါ သူ့ရဲ့ ကိုယ်ခန္ဓာဟာ ပိုသန်မာလာတယ်။ နောက်ဆုံး အသန်မာ အရင့်ကျက်ဆုံးအဆင့်ရောက်တော့ သူ့မှာရှိတဲ့ အင်အားကို အစွမ်းကုန်သုံးပြီး တိုးလိုက်တဲ့အခါ ဥအိမ်ကလေး ပွင့်သွားတယ်။ အဲဒီအချိန်မှာ qထွက်လာတဲ့ လိပ်ပြာကလေးရဲ့ အရောင်အသွေးတွေက ပိုတောက်ပတယ်။ ပျံနိုင်စွမ်းအားလည်း ပိုကောင်းတယ်။ ကောင်းကောင်း သန်မာရင့်ကျက်ပြီးမှ ထွင်လာတဲ့အတွက် အပြင်လောကမှာလည်း ကြံ့ကြ့ံခံနိုင်တယ် လို့ ဆရာက ရှင်းပြပါတယ်။

"လိပ်ပြာကလေးလို ကြ့ံကြ့ံခံနိုင်ဖို့ ဘာလုပ်ဖို့ လိုသလဲ " လို့ ဆရာက ကလေးတွေကို မေးပါတယ်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားအားထုတ်ရမယ်လို့ ကလေးတွေက ပြန်ဖြေနိုင်ကြပါတယ်။

ဒီ ဖြစ်ရပ်ကလေးဟာ သားသမီးတွေ ကို သိပ်ချစ်တဲ့ မိဘ၊ သိပ်ချစ်လို့ သားသမီးတွေ ကို လိုလေသေးမရှိအောင် လိုက်ကူညီပေးတတ်တဲ့ မိဘတွေ အတွက် အထူးသတိပေးနေတဲ့ ဖြစ်ရပ်ကလေးဖြစ်ပါတယ်။ ကလေးကိုချစ်တော့ ကလေးမပင်ပန်းအောင် ၊ ကလေးသက်သာအောင် ဆိုတဲ့စေတနာကောင်းနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါတယ်။ ကလေးတွေသူတို့ဘာသာ လုပ်နိုင်တာတွေကိုတောင် လူကြီးမိဘတွေက ကူညီလုပ်ပေးတတ်ကြပါတယ်။ ဥပမာ ကလေးရဲ့လွယ်အိတ်ကအစ မိဘက လိုက်ကူသယ်ပေးတာတို့၊ ကလေးရေးရမယ့်စာကို မိဘက ကူညီရေးပေးတာတို့ စတာတွေလုပ်ပေးကြပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာကို လူကြီးမိဘ တွေက ဝိုင်းကူလုပ်ပေးနေတော့ လးကြီးရဲ့အကူအညီကို နေရာတိုင်းမှာ ရချင်တဲ့စိတ်က ကလေးတွေမှာ ဖြစ်လာပါတယ်။ အဲဒီကနေ ပိုဆိုးတဲ့အကျင့် တွေရလာပါတယ်။ ကိုယ်နိုင်တာကိုတောင် ကိုယ်မလုပ်ချင်တော့တဲ့စိတ် ဖြစ်လာပါတယ်။ အရာရာလူကြီးမိဘက လုပ်ပေးစေချင်တဲ့စိတ်တွေဖြစ်လာပါတယ်။ တစ်နည်းပြောရရင် ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ် မရှိတော့ပါဘူး။ဒီအလေ့အကျင့်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချတဲ့စိတ်လည်း ဖြစ်မလာတော့ပါဘူး။ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ကလေး၊ နေရာတိုင်းမှာ သူတစ်ပါးကိုသာအားကိုးတဲ့စိတ်ဖြစ်နေတဲ့ ကလေးဟာ နဖူးတွေ့ ဒူးတွေ့ ပတ်ဝန်းကျင် လောကထဲဝင်တဲ့အခါ အခက်အခဲတွေ အများကြီး ကြုံလာရပါတော့တယ်။ လူတော မတိုးရဲတော့ပါဘူး။

တကယ့်ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြချင်ပါတယ် ။ နာမည်ကြီးကျောင်းမှာထားပြီး ကလေးရဲ့လွယ်အိတ်၊ ထမင်းချိုင့် စတာတွေကို လူကြီးကလွယ်ပြီး ကျောင်းကြိုပ့ု့လုက်နေတဲ့မိခင်တစ်ဦးရဲ့အဖြစ်ပါ။ အမေက ကျောင်းအဝင်ဂိတ်ဝနားအထိ လွယ်အိတ်၊ ထမင်းချိူင့်တွေကိုလွယ်ပြီး လိုက်ပို့ပါတယ်။ ကလေးကကျောင်းဂိတ်ဝကနေ စာသင်ခန်းအထိ သူ့ပစ္စည်းသူ သယ်ရပါတယ်။ အဲဒီတော့ ကလေးက `မေမေ ဒီနားက ရပ်ကြည့်နေနော်။ ဘယ်မှမသွားနဲ့`လို့ ပြောရင်း အမေရှိနေသေးသလားဆိုတာ နောက်ပြန်တကြည့်ကြည့်နဲ့ အတန်းထဲ ဝင်သွားတဲ့ကလေးမျိုးတွေ ရှိနေပါတယ်။ ဒီလိုကလေးတွေဟာ လောကကို ရင်ဆိုင်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ ကြံ့ခိုင်မှုတွေ ဘယ်ကရနိုင်မှာလဲ။ လိပ်ပြာကလေး ခဏပျံဝဲပြီး မြေပေါ်ပြုတ်ကျတာမျိုး မဖြစ်နိုင်ဘူး လား။ လောကနဲ့ထိတွေ့ရင်ဆိုင်တဲ့နေရာမှာ လူကြီးမိဘတွေက အစစအရာရာ လိုက်လုပ်မပေးနိုင်ပါဘူးး။ ကလေးတွေဟာ အချိန်တန်ရင် သူတို့ဘဝ သူတို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မလွဲမသွေ ကြုံတွေ့ရမယ့် လောကသဘာဝ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်တဲ့ စွမ်းရည် သတ္တိ တွေ ရှိဖို့လိုပါတယ်။ အဲဒီ အစွမ်းသတ္တိတွေကို ငယ်ငယ်ကတည်းက တဖြည်းဖြည်း လေ့ကျင့်မွေးပေးဖို့၊ ပြုစုပျိုးထောင်ပေးဖို့် လိုပါတယ် ။

မိဘတွေက သားသမီး တွေကို ရင်အုပ်မခွာနေချင်၊ ထားချင်ကြပေမဲ့ ရင်အုပ်က ခွာထွက်သွားတဲ့အခါ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ထိန်းနိုင်သိမ်းနိူင်တဲ့ ကလေးတွေ ဖြစ်အောင် လေ့ကျင့်ပေးဖို့ဟာ သိပ်အရေးကြီးပါတယ်။ ပိုအရေးကြီးပါတယ် ။ လက်တွေ့ဘဝ အခြေအနေနဲ့လည်း ပိုကိုက်ညီပါတယ်။ ကလေးတို့အတွက် လိုအက်ချက်ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သူ့အရွယ်နဲ့ လုပ်တတ်ရမယ့်၊ သူတို့လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်တတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ စတင်လုပ်ချိန်မှာ သေသပ်မှုကောင်းချင်မှကောင်းမှာပါ။ စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ပေးရင် ကလေးဟာ လုပ်နိုင်စွမ်းရည် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင် လုပ်နိုင်စွမ်းတိုးတက်လာပြီး လုပ်နိုင်လာတာလေးတွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိပမှတ်ပြုတော့ ကလေးဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကလေးတွေဟာ လုပ်ရဲကိုင်ရဲ ရှိပါတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိတယ်။ ကိုယ်တိုင်လည်း ကြိုးစားလုပ်ကိုင်တတ်တဲ့အတွက် လုပ်တတ်ကိုင်တတ်တဲ့စွမ်းရည်ဟာ တိုးတက်လာပါတယ်။

ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ လူကြီးတွေဘက်က စိတ်ရှည်ဖို့လိုပါတယ်။ ဥပမာ ထမင်းကိုဇွန်းနဲ့စပြီး စားတဲ့အလေ့အကျင့်လုပ်စမှာ ထမင်းတွေဖိတ်ကျံတာ၊ ပေကျံတာတွေများမှာပါ။ လူကြီးကျွေးတာလောက်လည်း မြန်မှာမဟုတ်ပါဘူး။ အဲဒီလို မသေမသပ်ဖြစ်နေတာကို စိတ်ရှည်ရှည် လေ့ကျင့်ပေးရင်၊ လေ့ကျင့်ပေးတဲ့အတွက်အချိန်တော့ယူပါတယ်။ ဒါပေမဲ့နောက်ပိုင်း ကလေးဟာ သူ့ဘာသာစားတတ်သွားရင် လူကြီးကနေပြီးအချိန်ယူကျွေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ပေးစဥ်က ကုန်ခဲ့တဲ့အချိန်နဲ့နောက်ပိုင်း သက်သာတဲ့အချိန်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လေ့ကျင့်စဥ်က ပေးရတဲ့အချိန်ဟာကုန်သင့်ကုန်ထိုက်တဲ့အချိန်ဆိုတာ သိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သးတို့နိုင်တဲ့ အလုပ်ကလေးတွေကို ကိုယ်တိုင်လုပ်တတ်အောင် လေ့ကျင့်ပေးဖို့် အထူးလိုအပ်ပါတယ်။ချစ်တဲ့အတွက် ကလေးတို့လုပ်ရမယ့် အလုပ်တွေကို လူကြီးမိဘ ၊ အဘိုးအဘွား တွေက လုပ်ပေးနေတာဟာ `ပေါ့စေလိုလို့ကြောင်ရုပ်ထိုး၊
ဆေးအတွက် လေး `ဆိုတဲ့စကားလိုဖြစ်တတ်ပါတယ်။ သနားလို့၊ ချစ်လို့ လုပ်ပေး၊ လုပ်ပေးနေတဲ့ အတွက်မလုပ်တတ်၊ မလုပ်တတ်တော့ သူတစ်ပါးကို အားကိုးရင်း နောက်ဆုံး တော့ သူများအပေါ်မှီခိုအားထားပြီး အသက်ရှင်ရတဲ့ ဘဝမျိုး ရောက်နိုင်ပါတယ်။ ပတ်ဝန်းကျင်က ငြိုငြင်လာတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

သူ့အရွယ်နဲ့သူ လုပ်နိုင်တာတွေ လုပ်တတ်တဲ့ ကလေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ကလေးတွေ ၊ ဘဝကိုရင်ဆိုင်ဖို့ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

စာရေးသူ
ဒေါက်တာသိန်းလွင်( ပညာရေးစိတ်ပညာပါရဂူ )

( ကလေးကို ချစ်ရင် မခြောက်ပါနဲ့ ) စာအုပ်မှ ထုတ်နှုတ်တင်ပြ သည် ။

20/09/2023

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ချုပ်ဆိုမှုအောင်ပွဲအထိမ်းအမှတ် ဖျော်ဖြေမှုမှတ်တမ်း(၁၉၆၀)

၁၉၆၀ ပြည့်နှစ် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်စာချုပ် ချုပ်ဆိုမှုအောင်ပွဲအထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မြန်မာယဉ်ကျေးမှုအဖွဲ့နဲ့အနုပညာရှင်များသွားရောက်ဖျော်ဖြေခဲ့တဲ့ပုံရိပ်လေးတွေပါ

简介:缅甸文化代表团1960年10月3日在北京举行访华首次演出开幕式。吴努总理、奈温将军、周恩来在观看演出后,和缅甸艺术家们合影。

01.ကဗျာလွတ်ယိမ်း - မန္တလေးပန်တျာကျောင်းအဖွဲ့
02.ရွှေစွန်ညို - ရုပ်ရှင်မင်းသမီးများအဖွဲ့
03.တပင်တိုင်အက - မန္တလေးအငြိမ့်အဖွဲ့
04.ကရင်ဒုံးအက - မန္တလေးနိုင်ငံတော်ဆရာအတတ်သင်သိပ္ပံ
05.လီရောတာကောအက - ကချင်ပြည်နယ်အဖွဲ့သူအဖွဲ့သားများ
06.အဆိုအတီး - ဦးအံ့ကြီး
07.ရှမ်းကိန္နရီအက - ရှမ်းပြည်နယ်အဖွဲ့
08.ပိုက်ကွန်အက - ရန်ကုန်အနောက်ပိုင်းအဖွဲ့
09.စန္နကိန္နရီ - မန္တလေးဆရာအတတ်သင်သိပ္ပံ၊ရန်ကုန်ဆရာအတတ်သင်သိပ္ပံ ပန်တျာကျောင်းသားဟောင်းများအဖွဲ့
10.အောင်မင်္ဂလာယိမ်း - မန္တလေး
11.ခေတ်နှစ်ပါးသွားအက - မန္တလေးပန်တျာကျောင်းသူကျောင်းသားဟောင်းများအဖွဲ့
12.ပဒေသာယိမ်း - ရန်ကုန်ဆရာအတတ်သင်သိပ္ပံ
13.နယ်နိမိတ်စာချုပ်သီချင်း - မြန်မာယဥ်ကျေးမှုအဖွဲ့သူအဖွဲ့သားများ

Photos from Kyaw Naing's post 26/06/2023

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

ဆလိုင်းတင်မောင်ဦး
(၁၉၅၀ - ၁၉၇၆)

၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စစ်အာဏာရှင်တို့ ၏ မတရား ကြိုးပေးကွပ်မျက်ခံခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုဆလိုင်းတင်မောင်ဦးမှ ကြိုးစင်ပေါ်တွင် ဖက်ဆစ်တို့အား နောက်ဆုံးပြောကြားခဲ့သည့် စကားလုံးများ

"You can kill my body but you can never kill my beliefs and what i stood for. I will never kneel down under military boots!!!"

Salai Tin Maung Oo
(1950 - 1976)

1976 JUNE 26th, In his own words before he was lynched by military regime.

photo credit; google.com

Kyaw Naing

20/02/2023

[ ဗုဒ္ဓစကား - ပါရဂူ ]

၂၀။ "ဝါဒငြင်းခုံမှု"

၁။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း နှစ်မျိုးစလုံးသည် ဝါဒငြင်းခုံမှု၏ အဆိပ်သီးများ ဖြစ်ကြကုန်သည်။ ဤ သေးနုပ် သိမ်ဖျင်းသည့် အရာဝတ္ထုများသည် စိတ် ငြိမ်းချမ်းမှု၏ အကြောင်း မဟုတ်ပေ။ သို့ဖြစ်၍ ဝါဒငြင်းခုံမှုသည် ကောင်းကျိုးကို မဖြစ်စေတတ်ဟု အထင်ရှိသော သူသည် မည်သည့်အခါမျှ ဝါဒငြင်းခုံမှုကို မပြုလုပ်ပေ။

၂။ အချို့သောသူတို့က မြတ်၏ဟု အထင်ရှိသော တရားကိုပင် အချို့သောသူတို့က ယုတ်၏ဟု အထင်ရှိကြသည်။ ပုဂ္ဂိုလ်အားလုံးသည် ကိုယ့်ငါးချဉ်ကို ကိုယ်ချဉ်တတ်ကြသည်ဖြစ်ရာ ယင်းတို့၏ ဝါဒအနက် အဘယ်ဝါဒသည် မှန်ကန်သင့်လျော်သည်ဟု ပြောမည်နည်း။

၃။“ငါတို့၏ တရားသာလျှင် တင်းပြည့် ကျပ်ပြည့် ဖြစ်သည်။ အခြားသူများ၏ တရားသည် ချွတ်ယွင်းချက် ရှိသည်" ဟု သူတို့ ပြောကြသည်။ ဤသို့လျှင် သူတို့သည် အချင်းချင်း ပဋိပက္ခ ဖြစ်ကြပြီးလျှင် ဝါဒငြင်းခုံမှုကို ပြုကြသည်။ အသီးသီး ကိုယ့်ဝါဒကိုသာ မှန်ကန်သည်ဟု ဆိုကြသည်။

၄။ သူတစ်ပါးတို့၏ ကဲ့ရဲ့ စွပ်စွဲချက်ဖြင့် ယုတ် ရတော့မည်၊ ချွတ်ယွင်းချက် ရှိရတော့မည်ဆိုလျှင် မည်သည့်ဝါဒ၊ မည်သည့်လမ်းစဉ်မျှ အကောင်း ရှိနိုင်တော့မည် မဟုတ်ပေ။ အားလုံးပင် ကိုယ့်ဝါဒ၊ ကိုယ့်လမ်းစဉ် ကို အကောင်းပြော၍ သူတစ်ပါးတို့၏ ဝါဒ၊ သူတစ်ပါး တို့၏ လမ်းစဉ်ကိုမူ အဆိုး ပြောကြသည်။

၅။ မိမိဝါဒ၊ မိမိလမ်းစဉ်ကို ချီးကျူးပြောဆိုကြ သကဲ့သို့ သူတို့သည် တရားကောင်း၊ တရားမှန်ကို ပူဇော် ကျင့်ကြံလျှင် အယူဝါဒအားလုံး၊ လမ်းစဉ်အားလုံးသည် မှန်ကန်နိုင်သည်။ အကြောင်းမူကား သူတို့၏ အထံ၌ စင်ကြယ်မှုရှိသည် ဟူ၍ သာလျှင် သူတို့ အထင်ရှိကြသည်။

၆။ ဗြာဟ္မဏတို့သည် အခြားပုဂ္ဂိုလ်များထံမှ တစ်စုံတစ်ခု သင်ကြားစရာ မရှိပေ။ သူတို့၏အမြင် သူတို့၏ အယူအဆသည် အမြတ်ဆုံး ဖြစ်သည်ဟု မစွဲပြပေ။ သူတို့သည် ဝါဒ ငြင်းခုံမှုမှအပ ဖြစ်ကြသည်။ အကြောင်းမူကား အခြားသော လူတို့၏ ဓမ္မလမ်းစဉ်၊ ဓမ္မဝါဒတစ်ခုခုကို ကောင်းသည်၊ မြတ်သည်ဟု သူတို့ အယူ မရှိကြပေ။

၇။ အချို့သော ပုဂ္ဂိုလ်တို့သည် “ငါတို့ သိသမျှ၊ မြင်သမျှသည် မှန်ကန်သည်။ ငါတို့အ၏မြင်၊ ငါတို့၏ အယူအဆသာလျှင် စင်ကြယ်သည်” ဟု အယူရှိကြကုန်သည်။ သို့ရာတွင် ဗုဒ္ဓကမူ စင်ကြယ်မှုကို တစ်နည်း တစ်လမ်းအားဖြင့်သာလျှင် ပြဆိုတော်မူသည်။

၈။ ကြည့်သောသူသည် နာမ်ရုပ်ကို တွေ့မြင်ရလိမ့်မည်။ နာမ်ရုပ်ကို တွေ့မြင်ရလျှင် နာမ်ရုပ်ကို တွေ့မြင်ရသလောက်ပင် အသိဉာဏ် ရှိပေလိမ့်မည်။ သူသည် အနည်းငယ်ဖြစ်စေ၊ များများဖြစ်စေ တွေ့ မြင်မည် ဖြစ်သော်လည်း ပညာရှိကမူ ဤမျှလောက်ဖြင့် စင်ကြယ်မှုဟု မယူဆပေ။

၉။ မိမိ ကြံဆထားသည့် အယူဝါဒများကို သာလျှင် အကောင်းထင်ပြီး ဝါဒငြင်းခုံမှုကို ဇွဲသန်စွာဖြင့် ပြုလုပ်သူကို ကျိုးကြောင်းပြောပြ ဆုံးမရန်နှင့် ငြိမ်းချမ်း အောင် ပြုလုပ်ရန် အလွန် ခဲယဉ်းသည်။ သူ စွဲလမ်း ယူဆ ထားသည့် အယူဝါဒ၌သာလျှင် အကောင်းရှိသည်၊ စင်ကြယ်မှု ရှိသည် ဟူ၍ ပြောလည်း ပြောဆိုသည်။ ယူလည်း ယူဆသည်။

၁ဝ။ ဗြာဟ္မဏတို့ကမူ တစ်မျိုးပင်။ သူတို့သည် မည်သည့်အခါမျှ တွေးတောယုံမှားခြင်း မရှိကြ။ အမြင် အယူအဆကိုလည်း သူတို့ မမှုပေ။ အသိဉာဏ်ကိုလည်း သူတို့ မလေးစားပေ။ သူတို့သည် အမျိုးမျိုးသော အယူ ဝါဒကို သိသောကြောင့် အခြားပုဂ္ဂိုလ်များ သင်ကြားသည့် အယူဝါဒတို့ကို လျစ်လျူရှုကြကုန်သည်။

၁၁။ ဤ ကမ္ဘာလောက၌ သံယောဇဉ် အနှောင်အဖွဲ့ကို စွန့်ပယ်ပြီးသော ရဟန်းသည် ဝါဒ ငြင်းခုံနေကြ သူတို့၏ အကြား၌ မည်သည့်ဘက်သားမျှ မဟုတ်ပေ။ ရဟန်းသည် ဤ မငြိမ်မသက်သော လောကကြီးထဲ၌ ငြိမ်းချမ်းသူ လျစ်လျူရှုသူ အဖြစ်ဖြင့်သာလျှင် နေသည်။ သူသည် အခြားပုဂ္ဂိုလ်များ သင်ကြား လေ့လာသည့် အယူဝါဒများကို မသင်ကြား မလေ့လာတော့။

၁၂။ ရဟန်းသည် အာသဝေါ (အလျင်) တရား အဟောင်းတို့ကို ပယ်ဖျက်၍ အာသဝေါတရား အသစ်ကို လည်း မပွားစည်းတော့ပေ။ ဂိုဏ်းကွဲ၊ ဝါဒကွဲ အမျိုးမျိုးတို့မှလည်း ကင်းလွတ်သွားတော့သည်။ ဤကမ္ဘာ လောက၏ ကျော့ကွင်းထဲ၌ အမိမခံရတော့ပေ။

၁၃။ တူမျှခြင်း၊ ကဲလွန်ခြင်း၊ ယုတ်လျော့ခြင်းကို အယူရှိသူ အလေးပြုသူသာလျှင် ဝါဒငြင်းခုံခြင်း၊ အငြင်းပွားခြင်းကို ပြုလုပ်သည်။ ကွဲပြားခြားနားချက် သုံးမျိုး၌ ယိမ်းယိုင် တုန်လှုပ်ခြင်း မရှိသူ တည်တံ့ ခိုင်မြဲသူ၏ အယူအဆ၌မူ အဘယ်အရာသည် တူမျှသည့်အရာ၊ ကဲလွန်သည့်အရာ၊ ယုတ်လျော့သည့်အရာ ဖြစ်နိုင်ဦးမည်နည်း။ တူမျှခြင်း၊ မတူမျှခြင်းကို အယူမရှိသူသည် အဘယ်ပုဂ္ဂိုလ်နှင့် ဝါဒငြင်းခုံမှုကို ပြုလုပ်တော့မည်နည်း။

၁၄။ အချို့သော သူတို့သည် "ငါတို့၏ လမ်းစဉ်၊ ငါတို့၏ အယူဝါဒသာလျှင် စင်ကြယ်သည်၊ သူတစ်ပါးတို့၏ အယူဝါဒ၌ စင်ကြယ်မှု အဘယ်မှာ ရှိသနည်း" ဟု စွဲမြဲစွာ ပြောဆိုသည်။ "ငါတို့ လိုက်နာ ယူဆသည့် လမ်းစဉ်ဝါဒသာလျှင် စင်ကြယ်ဖြင့်မြတ်၏” ဟု ပြောဆိုကြသူတို့သည် မိမိကိုယ်ကို ဝါဒအမျိုးမျိုးလမ်းစဉ် အသွယ်သွယ်တို့နှင့် ချည်နှောင်ထားကြသည်။

၁၅။ သူတို့သည် ဝါဒငြင်းခုံမှုကို ပြုလုပ်ရန် အတွက် စည်းဝေးသဘင်တို့တွင် သွားရောက်ပြီးလျှင် တစ်ဦးသည် အခြားတစ်ဦးကို လူအ လူညံ့လုပ်ဖို့ ကြိုးစားကြသည်။ မိမိကိုယ်ကို ကျမ်းဂန်စာပေ တတ်သိ ကျွမ်းကျင်သည်ဟု ယူဆသူတို့သည် ကောင်းချီးသြဘာ ရယူလိုသည့် သဘောဖြင့် ဝါဒငြင်းခုံမှုကို ပြုလုပ်ကြသည်။

၁၆။ စည်းဝေးသဘင်တို့၌ ကျမ်းဂန်စာပေ အကြောင်းကို ပြောဆိုကြသည့် အခါတွင် သူတို့သည် ကောင်းချီးသြဘာကို ခံယူလိုသည့် သဘောဖြင့် သူတစ်ပါးတို့ကို စကား စစ်ထိုးကြသည်။ အကယ်၍ သူတို့သည် ဝါဒငြင်းခုံခြင်း၌ အရေးနိမ့်သွားလျှင် ရှက်သဖြင့် ခေါင်းမဖော်ရဲကြတော့ပေ။ ကဲ့ရဲ့ ရှုတ်ချခြင်း ခံရသည့် အခါတွင်မူ သူတို့သည်အမျက်ဒေါသ ထွက်လာပြီးလျှင် သူတစ်ပါးတို့၏ အပြစ်ကို ရှာဖွေလေတော့သည်။

၁၇။ ဝါဒငြင်းခုံမှုကို ပြုလုပ်သူသည် သူတစ်ပါး တို့ကိုသော်လည်း ထိခိုက်နစ်နာစေသည်။ သို့မဟုတ် မိမိကိုယ်ကိုသော်လည်း ထိခိုက်နစ်နာစေသည်။ ဝါဒငြင်းခုံမှု၏ ဤအဆိပ် ဤအပြစ်ကို ကြည့်ပြီးလျှင် ဝါဒငြင်းခုံမှုမှ ရှောင်ကြဉ်ခြင်းသာလျှင် အကောင်းဆုံး ဖြစ်သည်။ အကြောင်းမူကား ဝါဒငြင်းခုံမှု၌ ချီးကျူး သြဘာ ပြုသည်ကို ခံယူလိုသည့် လောဘမှတစ်ပါး အခြား ဘာကျေးဇူးမျှ မရှိပေ။

၁၈။ စည်းဝေးသဘင်၌ တစ်ခါတစ်ရံတွင် သူတို့သည် အခြားသောသူတို့၏ ဝါဒကို ချိုးဖျက်၍ ချီးကျူး သြဘာပြုခြင်းကို ရယူကြသည်။ ယင်းသို့ ချီးကျူးသြဘာ ပြုခြင်းကို ခံရသည့်အခါတွင် သူတို့သည် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ အနိုင်ရသည့် မာန်မာနဖြင့် သွေးကြွပြီးလျှင် ဦးခေါင်း မိုးအထိ ထောင်၍ လျှောက်ကြသည်။ ပွဲလယ်သဘင်၌ အနိုင်ရလိုက်သဖြင့် သူတို့သည် တစ်သက်တွင် လူဖြစ်ရကျိုးနပ်သလို ထင်နေကြသည်။

၁၉။ သို့ရာတွင် သူတို့၏ ထိုအောင်စိတ် အောင်မာန်သည် အဆုံးတစ်နေ့ ကျသောအခါ သူတို့၏ ကျဆုံး မှု၏အကြောင်း ဖြစ်လာသည်။ သို့ဖြစ်၍ အမြော်အမြင် ရှိသူသည် ဝါဒငြင်းခုံမူကို မပြုလုပ်သင့်ပေ။ ဝါဒငြင်းခုံမှု ကို ပြုလုပ်သဖြင့် အတွင်းသဘော စင်ကြယ်မှု မဖြစ်နိုင်ပေ။ မာန်မာန ပွားများခြင်း၏ အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။

၂၀။ ဝါဒငြင်းခုံခြင်းကို ပြုလုပ်လိုသည့် ငါ၏ မာန်မာနသည် ရှေးယခင်က ပျက်စီးကွယ်ပျောက် သွားလေပြီ။ ယခုအခါတွင် ဝါဒငြင်းခုံမှုကို အဘယ်မှာ ပြုလုပ်တော့မည်နည်း။

၂၁။ လူတို့သည် မိမိတို့၏ အယူဝါဒကို စွဲ၍ အခြား ပုဂ္ဂိုလ်များနှင့် ဝါဒငြင်းခုံခြင်းကို ပြုလုပ်ကြပြီးလျှင် မိမိကိုယ်ကို လူတော် လူကောင်းဟု ပြောဆိုစေလိုကြသည်။ ‘သူတို့သာလျှင် တရားကို ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်။ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကား လူယုတ်လူညံ့ ဖြစ်သည်' ဟု ပြောဆိုကြသည်။

၂၂။ ဤသို့လျှင် တစ်ဦးနှင့်တစ်ဦး အချင်းများ ကြပြီးလျှင် ဝါးငြင်းခုံမှုကို ပြုလုပ်ကြသည်။ အခြား ပုဂ္ဂိုလ်များကို လူယုတ် လူအ ဟု ပြောဆိုကြသည်။ ယင်းတို့အနက် အဘယ်ပုဂ္ဂိုလ်၏ ဝါဒသည် မှန်ကန်ဦး မည်နည်း။

၂၃။ အခြားပုဂ္ဂိုလ်များ၏ တရားဓမ္မကို မသိသူသည် အကယ်၍ လူမိုက် လူအ ဖြစ်ရမည်ဆိုလျှင် ဤ ကိုယ့်အယူဝါဒနှင့်ကိုယ် ရှိကြသူ ပုဂ္ဂိုလ်အားလုံးသည် လူမိုက် လူအ ချည်းသာလျှင် ဖြစ်ရပေလိမ့်မည်။

၂၄။ တစ်ယောက်နှင့်တစ်ယောက် လူမိုက် လူအ ဟူ၍ ပြောဆိုနေကြသူတို့သည် လူတော် လူကောင်း မဟုတ်ကြပေ။ အကြောင်းမူကား သူတို့သည် မိမိ၏ အယူဝါဒကိုသာလျှင် အမှန်ဟု ယူဆကြ၍ သူတစ်ပါးတို့ကိုမူ လူမိုက် လူအ ဟု ထင်မှတ်ကြသောကြောင့် ဖြစ်သည်။

၂၅။ အချို့ပုဂ္ဂိုလ်များက ယုတ္တိယုတ္တာရှိသည်၊ မှန်ကန်သည်ဟု ထင်မှတ်သည့် အရာကိုပင် အခြားပုဂ္ဂိုလ် များက ယုတ္တိယုတ္တာ ကင်းကွာသည် ဟူ၍လည်းကောင်း၊ မမှန်ကန် ဟူ၍လည်းကောင်း ပြောဆိုကြကုန်သည်။ ဤသို့လျှင် အချည်းနှီး အငြင်းပွားကြပြီးလျှင် ဝါဒငြင်းခုံမှုကို ပြုကြကုန်သည်။

၂၆။ "ငါတို့၏ အယူဝါဒသာလျှင် တကယ့်တကယ် အနှစ်သာရရှိသည်”ဟု စွဲမြဲစွာ ယူဆကြပြီးလျှင် ဝါဒငြင်းခုံမှုကို ပြုကြသော သူတို့သည် မိမိကိုယ်ကို လူဖြစ်ကျိုးနပ်သူ၊ အောင်မြင်သူ ဟူ၍ အထင်ရှိနေကြသည်။ မာန်မာန ယစ်မူးကြပြီးလျှင် သူတို့သည် ထောင်လွှားမောက်မာ နေကြသည်။ မိမိတို့၏ မာန်မာနဖြင့်ပင်လျှင် မိမိကိုယ်ကို အဘိသိက် သွန်းလောင်းနေကြသည်။ ဤအရာအားလုံးသည် ဝါဒစွဲ ဂိုဏ်းစွဲကို လက်ခံသိမ်းပိုက်ထားခြင်း၏ အကျိုးတရား မဟုတ်လျှင် အဘယ်အရာ ဟုတ်ဦးမည်နည်း။

၂၇။ “ဤအယူဝါဒ၌သာလျှင် စင်ကြယ်မှု ရှိသည်” ဟူ၍ စွဲမြဲစွာ ယူဆသော သူတို့သည် အခြားသော အယူဝါဒ၌မူ စင်ကြယ်မှု မရှိဟူ၍ ပြောဆိုကြသည်။ ဤသို့ မိမိ၏ အယူဝါဒ၊ မိမိ၏ လမ်းစဉ်ကိုသာလျှင် မြဲမြံသည်၊ ခိုင်ခံ့သည် ဟူ၍ ပြောဆိုကြသော ဤ ဂိုဏ်းစွဲ ဝါဒစွဲ ပုဂ္ဂိုလ်များသည် အယူဝါဒ အမျိုးမျိုးနှင့် ချည်နှောင် ရစ်ပတ် နေကြကုန်၏။

၂၈။ အကြင်ပုဂ္ဂိုလ်သည် ရှိသမျှ ဝါဒစဉ်ဆက်ကို စွန့်ပယ်၏။ ထိုပုဂ္ဂိုလ်သည် တစ်ဖန် မည်သူနှင့်မျှ ဝါဒငြင်းခုံမှုကို မပြုလုပ်တော့ပေ။

၂၉။ တည်တံ့ခိုင်မြဲခြင်း မရှိသော သူသည်သာလျှင် ဝါဒငြင်းခုံမှုကို ပြုလုပ်သည်။ ယိမ်းယိုင်ခြင်း မရှိသော သူသည် အဘယ်သူနှင့် ဝါဒငြင်းခုံမှုကို ပြုလုပ်တော့မည်နည်း။ အကြင်သူသည် အတ္တဝါဒကိုလည်းကောင်း၊ ဥစ္ဆေဒဝါဒကိုလည်းကောင်း အယူမရှိ။ ထိုသူသည် ဂိုဏ်းစွဲ၊ ဝါဒစွဲ စွဲစရာ မလိုတော့ပေ။ ထိုသူသည် ဂိုဏ်းစွဲ၊ ဝါဒစွဲ ဟူသမျှကို ဆေးကြော သုတ်သင်ပြီးပြီ ဖြစ်၍ တစ်စုံတစ်ယောက်သောသူနှင့် အဘယ်မှာ ဝါဒ ငြင်းခုံမှုကို ပြုလုပ်တော့မည်နည်း။

၁-၁၂ သု-နိ (မဟာဗျူဟ သုတ္တ)
၁၃ သု-နိ (မာဂဏ္ဍိယ သုတ္တ)
၁၄-၂၀ သု-နိ (ပသုရ သုတ္တ)
၂၁-၂၈ သု-နိ (စူဠဗျူဟ သုတ္တ)
၂၉ သု-နိ (ဒုဋ္ဌဋ္ဌက သုတ္တ)

ဗုဒ္ဓစကား

ပါရဂူ

[အစ အဆုံး ပြန်လည်ပြင်ဆင် တည်းဖြတ် ထုတ်ဝေခြင်း]
အဋ္ဌမအကြိမ် (၁၉၉၈)
ရာပြည့်စာအုပ်တိုက်
#ဗုဒ္ဓစကား
#ပါရဂူ

#ဓမ္မနှင့်တော်လှန်

15/02/2023

[ ဗုဒ္ဓစကား - ပါရဂူ ]

၁၉။ "ရာဂကင်းကွာမှု"

၁။ ရေနည်းသည့် နေရာ၌ ငါးများသည် ခုန်ပျံ လူးလွန့်သကဲ့သို့ အချင်းချင်း အတွင်းသဘော ဆန့်ကျင်ကြပြီးလျှင် အပြေးအလွှား ကြိုးစားလုပ်ကိုင်လျက် ရှိကြသော လူတို့ကို တွေ့ရ၍ ငါ၏ စိတ်နှလုံး၌ တုန်လှုပ်လာမိသည်။

၂။ ကမ္ဘာလောကသည် အနှစ် မရှိ။ အရပ် မျက်နှာ ထက်ဝန်းကျင် အားလုံးသည် တုန်လှုပ်နေသည် ဟု ထင်သည်။ ဤကမ္ဘာလောက၌ ငါသည် ငါ့အတွက် လဲလျောင်းမှီခိုရာ ရှာသော်လည်း ဘယ်နေရာမှာမျှ မတွေ့ ရပေ။

၃။ ဤသူတို့သည် အဆုံးအထိ တိုက်ခိုက်ရန်ပြု နေကြလိမ့်မည် ဖြစ်သည်ကို တွေ့ရ၍၊ ငါသည် ဤကမ္ဘာလောကကြီးကို အလွန်ပင် ငြီးငွေ့ စက်ဆုပ်ခြင်း ဖြစ်မိသည်။ ထိုအခါ၌ နှလုံးတွင် စူးဝင်နေသော မြင်ဖို့ရန် ခဲယဉ်းလှသည့် လှံသွားကို မြင်ရ၏။

၄။ အကယ်၍ လှံသွား စူးဝင်၍ နေလျှင် လူသည် ပြေးလွှားလှုပ်ရှား၍သာ နေလိမ့်မည်၊ သို့ရာတွင် အတွင်း၌ စူးဝင်၍ နေသော လှံသွားကို ဆွှဲနှုတ်ပစ်လိုက်လျှင် မူကား ပြေးလွှား လှုပ်ရှားခြင်းကို ရပ်လျက် ထိုသူသည် နေရာတစ်နေရာ၌ တည်ငြိမ်သွားပေလိမ့်မည်။

၅။ မွေးဖွားဖြစ်ပေါ်လာသည့် အရာဝတ္ထု ပျောက်ပျက် မသွားစေရန် အဘယ်သူ စွမ်းနိုင်အံ့နည်း။

၁-၄ သု-နိ (အတ္တဒဏ္ဍသုတ်)
၅ ဒီ-နိ (မဟာပရိနိဗ္ဗာနသုတ်)

ဗုဒ္ဓစကား

ပါရဂူ

[အစ အဆုံး ပြန်လည်ပြင်ဆင် တည်းဖြတ် ထုတ်ဝေခြင်း]
အဋ္ဌမအကြိမ် (၁၉၉၈)
ရာပြည့်စာအုပ်တိုက်
#ဗုဒ္ဓစကား
#ပါရဂူ

#ဓမ္မနှင့်တော်လှန်

14/02/2023

[ ဗုဒ္ဓစကား - ပါရဂူ ]

၁၈။ "အဆိပ်ချို"

၁။ မျက်စိ၊ နား၊ နှားခေါင်း၊ လျှာ၊ ကိုယ်ကာယ တို့၏ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ တို့နှင့် ပေါင်းဆုံ ထိတွေ့ခြင်းကြောင့် ရရှိသော သုခကို ငါသည် အာရုံတို့၏ အဆိပ်ချို ဟူ၍ ခေါ်ဆိုသည်။

၂။ အရွယ်နှင့် ပြည့်စုံသူ ပုဂ္ဂိုလ်တစ်ယောက်သည် ကူးသန်း ရောင်းဝယ်ရေးအလုပ်၊ လယ်ယာအလုပ်၊ အခ စား အလုပ်များကို လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းသည်။ မိမိ၏ နေ့စဉ် လုပ်ခင်းဆောင်တာများကို လုပ်ရာ၌ သူသည် ကြီးလေးသည့် ဆင်းရဲဒုက္ခကို ခံစားရသည်။ သို့ရာတွင် သူသည် အာရုံခံစားမှု ဝတ္ထုကို ရရှိရန် အတွက် နေ့ညမပြတ် ကြိုးစားအားထုတ်၏။ ဤမျှ ကြိုးစား အားထုတ်ပါလျက်နှင့် အကယ်၍ သူသည် စိတ်ဆန္ဒရှိသည့် ပစ္စည်းဝတ္ထုကို မရရှိခဲ့လျင် စိတ်ညှိုးနွမ်းပြီး ပင်ပန်းဆင်းရဲရသည်။

၃။ အကယ်၍ သူသည် မိမိကြိုးပမ်းမှုအတွက် အကျိုးထင်ပြီး အလိုရှိသည့် ပစ္စည်းဝတ္ထုကို ရရှိလျှင် နေ့ညဉ့်မပြတ် မင်းဆိုးနှင့် သူခိုများ သူ့ ဥစ္စာကို လုယက် ခိုးယူသွားမှာကို လည်းကောင်း၊ မီးဘေးနှင့် ရေဘေး၊ လေဘေးကြောင့် သူ၏ဥစ္စာ ပျက်စီး ဆုံးပါးသွားမှာကို လည်းကောင်း၊ ရန်သူ စိတ်ထားသည့် သူ၏ အပေါင်းအသင်းများ သူ့ ဥစ္စာ ဆုံးရှုံးနစ်နာအောင် လုပ်မှာကို လည်းကောင်း၊ တွေးတော ပူပန်နေရသည်။ ဤ စိုးရိမ် ပူပန်မှုတို့ဖြင့် သူ၏ စိတ်နှလုံးသည် အမြဲတမ်း ထိတ်လန့် ချောက်ချားနေရသည်။ အကယ်၍ သူ၏ စိုးရိမ်မှုသည် စိုးရိမ်သည့်အတိုင်း အမှန်ဖြစ်လာသော် ထိုသူ၏ ဒုက္ခသည် အပိုင်းအခြား မရှိတော့ပေ။

၄။ ဤအာရုံများ အတွက်ကြောင့်ပင်လျှင်၊ မင်း သည် အခြားမင်းတစ်ပါးနှင့် လည်းကောင်း၊ ခတ္တိယမျိုး တစ်ဦးသည် အခြားခတ္တိယမျိုးတစ်ဦးနှင့် လည်းကောင်း၊ ဝေဿမျိုးတစ်ဦးသည် အခြားဝေဿမျိုးတစ်ဦးနှင့် လည်းကောင်း၊ အမေသည် သားနှင့် လည်းကောင်း၊ သား သည် အမေနှင့် လည်းကောင်း၊ အဖေသည် သားနှင့် လည်း ကောင်း၊ နှမသည် မောင်နှင့် လည်းကောင်း၊ မိတ်ဆွေသည် မိတ်ဆွေနှင့် လည်းကောင်း ရန်ပြုကြသည်။ ဤ အာရုံတို့ကို အကြောင်းပြု၍ ဆဲရေး တိုင်းထွာခြင်းကို ပြုလုပ်ကြသည်။ ထိုးကြိတ်ခြင်းကို ပြုလုပ်ကြသည်။ လက်နက်များဖြင့် ထိုးခုတ် သတ်ဖြတ်ခြင်းကို ပြုလုပ်ကြသည်။ သေသည်အထိပင် ဆင်းရဲဒုက္ခကို ခံစားကြရသည်။

၅။ ဤအာရုံများကို ရရှိခံစားရေး အတွက်ကြောင့်သာလျှင် လူတို့သည် တိုက်ခိုက် ရန်ပြုရန် အသင့် ဖြစ်ကြသည်။ကြောက်မက်ဖွယ်ရာ စစ်ပွဲများ၌ ဝင်နွှဲကြသည်။ ကြီးကျယ်သည့် စစ်ပွဲများ ဖြစ်ပေါ်ပြီးနောက် စစ်မြေပြင်၌ လူပေါင်းများစွာ သေကြေ ပျက်စီးကြသည်။ လူပေါင်းများစွာ အနာတရ ဒဏ်ရာရကြသည်။ အာရုံတို့၏ ဤအဆိပ်ချို အတွက်ကြောင့် လူတို့သည် သေသည့်တိုင် ဆင်းရဲဒုက္ခကို ခံစားကြရသည်။

၆။ ဤအာရုံ ခံစားမှုအတွက် လူပေါင်းများစွာ တို့သည် သူခိုး ခိုးကြသည်။ ဓားပြ တိုက်ကြသည်။ ခရီးသွားများကို လုယက်ကြသည်။ သူများ သားမယား ကို ပြစ်မှားကြသည်။ မင်းနှင့် အစိုးရသည် အာရုံခံစားမှု၏ သားကောင်ဖြစ်ကြသည့် ထို သူခိုး၊ ဓားပြ၊ သူများ သားမယား ပြစ်မှားသူများကို ဖမ်းဆီး၍ အပြစ်ဒဏ် ပေးကြသည်။ ယင်းတို့၏ ခြေလက်များကို ဖြတ်ပစ်သည်။ နား၊ နှာခေါင်းများကို ဖြတ်ပစ်သည်။ ဦးခေါင်းကို ဖြတ်ပစ်သည်။

၇။ ဤ အဆိပ်ပြွမ်းနေသည့် အာရုံခံစားမှု အတွက်ကြောင့်သာလျှင် လူသည် ကိုယ်နှုတ်နှလုံးဖြင့် ဤလောက၌ ကြီးကျယ်လေးလံသည့် ပြစ်မှုကို ကျူးလွန်သည်။ သေသည်၏ အခြားမဲ့၌ မကောင်းရာသို့ လားရ၏။

၈။ အာရုံ ခုံမင်တွယ်တာမှုကို စွန့်လွှတ်လိုက်မှ သာလျှင် လူသည် အာရုံမှ ကင်းလွတ်နိုင်သည်။

၉။ အာရုံတို့၏ ချိုမြိန်မှုနှင့် အဆိပ်ကို လည်းကောင်း၊ အာရုံတို့မှ လွတ်မြောက်မှုကို လည်းကောင်း၊ ယထာဘူတ ကျနမှန်ကန်စွာ သိမြင်သည့် ပညာရှင်သည် မိမိကိုယ်တိုင်လည်း အာရုံတို့ကို စွန့်ပယ်သည်။ သူတစ်ပါးတို့အားလည်း အာရုံတို့ကို စွန့်ပယ်ရန် ညွှန်ကြား ဆုံးမသည်။

၁၀။ အလှ၏ ချိုမြိန်ခြင်းသည် အဘယ်အရာနည်း၊ အလွန်လှပသူ မိန်းမပျိုကို ကြည့်၍ စိတ်နှလုံးထဲ၌ ပေါ်လာသည့် ယစ်မူးတတ်သော သုခသည်ပင် အလှ၏ ချိုမြိန်ခြင်း ဖြစ်သည်။

၁၁။ သို့ရာတွင် ဤအလှ၏ ချိုမြိန်ခြင်း၌လည်း ဖောက်ပြန် ပြောင်းလဲမှု ရှိသည်။ ထိုလှပသူ မိန်းမပျို သည်ပင် အိုမင်းရင့်ရော်သည့်အခါ၌ ခါးကိုင်း နားထိုင်း လာ၏။ တောင်ဝှေးမပါဘဲ လမ်းမလျှောက်နိုင်။ သူ၏ အင်္ဂါကြီးငယ်တို့သည် လျော့ရဲအားပျော့လာ၏။ သွား ကျိုး ဆံဖြူလာ၏။ လည်တိုင် လှုပ်ရမ်းလာ၏။ ပါးရေ တွန့်လာ၏။ ထိုအခါ၌ သူ၏ ယခင်အရသာ ပြည့်ဝလျက်ရှိသော အလှနှင့် စွဲမက်စရာ အယဉ်တို့သည် ပျက်စီးဖောက်ပြန် သွားတော့သည်။ ဤကား အလှ၏ အပြစ် ဒေါသ ဖြစ်သည်။

၁၂။ အလှအာရုံ၌ ခုံမင်တပ်မက်မှု မထားခြင်း သည်ပင်လျှင် အလှကြောင့် ဖြစ်ပေါ်သည့်ဘေးမှ လွတ်မြောက်ခြင်း၏ မှန်ကန်သော လမ်းစဉ်ဖြစ်၏။ အလှ၏ ချိုမြိန်ခြင်းသည် အဘယ်အရာနည်း။ အလှ၏ အပြစ် ဒေါသသည် အဘယ်အရာနည်း။ ထိုအပြစ်ဒေါသမှ ငါတို့ အဘယ်ကဲ့သို့ လွတ်မြောက်နိုင်သနည်း။ ဤ အချက် အလုံးစုံကို ယထဘူတ ကျနစွာ သိမြင်သည့် ပညာရှင်သည် မိမိကိုယ်တိုင်လည်း အလှအာရုံမှ လွတ်မြောက်အောင် ပြုလုပ်သည်။ သူတစ်ပါးအားလည်း အလှ အာရုံမှ လွတ်မြောက်မည့် လမ်းကြောင်းအတိုင်း လျှောက်ရန် ညွှန်ကြား ဆုံးမသည်။

၁-၁၂ မ-နိ (မဟာဒုက္ခက္ခန္ဓ သုတ္တ)

ဗုဒ္ဓစကား

ပါရဂူ

[အစ အဆုံး ပြန်လည်ပြင်ဆင် တည်းဖြတ် ထုတ်ဝေခြင်း]
အဋ္ဌမအကြိမ် (၁၉၉၈)
ရာပြည့်စာအုပ်တိုက်
#ဗုဒ္ဓစကား
#ပါရဂူ

#ဓမ္မနှင့်တော်လှန်

Want your public figure to be the top-listed Public Figure in Kuala Lumpur?
Click here to claim your Sponsored Listing.

Telephone

Website

Address

Cheras
Kuala Lumpur

Other News Personalities in Kuala Lumpur (show all)
Asu Rabies Asu Rabies
Mangarai
Kuala Lumpur

Metro Bangla News Metro Bangla News
Jalan Genting Kelang
Kuala Lumpur, 53200

Metro Bangla News is the most popular channel in abroad as well as Malaysia. This is the Malaysia Facebook Fan page of Metro Bangla News which is known as Orang Bangladeshi

সিঙ্গাপুর প্রবাসী সিঙ্গাপুর প্রবাসী
Kuala Lumpur, 50200

follow to follow back👍 আল্লাহর সৃষ্টি কতই না সুন্দর))

Hishamuddin Hashim Hishamuddin Hashim
Jalan Tun Razak
Kuala Lumpur

Public Figure

Sheikh Sumon Sheikh Sumon
Plaza Haji Taib
Kuala Lumpur, 50350

Allah is Almighty & Allah is watching me.

Friends Of Dato Saifuddin Friends Of Dato Saifuddin
Kuala Lumpur

Menteri di Kementerian Komunikasi dan Multimedia Malaysia dan Ahli Parlimen Indera Mahkota, Pahang.

Dato Sri Tan Tai Wee Dato Sri Tan Tai Wee
Kuala Lumpur

All about scammer Dato Sri Tan Tai Wee

Probashi Support Team Page Probashi Support Team Page
Kuala Lumpur

প্রবাসে বাঙ্গালীর কণ্ঠস্বর!

Rayyan Lins Rayyan Lins
Kuala Lumpur, 54200

I m Rayyan. Train to be as Kids Icon

Ahmad.Azhar.19 Ahmad.Azhar.19
Kuala Lumpur

From Kuala Lumpur Malaysia

Saiful Electrical Saiful Electrical
Kuala Lumpur

ইলেকট্রিক্যাল সকল ভিডিও দেখার জন্য আমাদের সাথেই থাকুন