PHYO PHYO Enterprise Travel & Tours

PHYO PHYO Enterprise Travel & Tours

AIR TICKETS

01/09/2024

၁.၉.၂၀၂၄ မှစပီး Passport လျှောက်ထားခြင်း စာအုပ်ဖိုး ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ပြောင်းလဲသတ်မှတ်ကြောင်း
သိရှိရပါတယ်။
အသစ်လျှောက် - ၄၀၀၀၀ ကျပ်
သက်တမ်းတိုးခြင်း -၄၀၀၀၀ ကျပ်
ပျောက်ဆုံး/ပျက်စီးခြင်း - ၉၆၀၀၀ ကျပ်

15/08/2024

PV...နဲ့ PJ. ပြည်ပ ကို

ဘယ်လိုပုံစံမျိုး နှင့်

ထွက်ခွာလို့ရတယ်ဆိုတာ

နိုင်ငံ ပေါင်းစုံက အေးဂျင့်တွေက

TT..IG..FB တွေမှာ ပြောပြလေ
သူတို့က( အကွက်တွေ) သိလေ ဖြစ်နေပြီ မို့
မြန်မာ လူငယ်တွေအတွက်
အခက်တွေ့စေတာ မို့
ကျမတောင် Page မှာ မမျှဝေတာ ကြာပြီ။

အခု ရန်ကုန် လေဆိပ်မှာ လူအုပ်ကြီး
ပြည်ပ ထွက်ခွာခွင့်မရတာထက်
ပြည်တော်ပြန် အယောက် ( ၃ သိန်း ) ကျော်
မြန်မာပြည် ကို
ပြန် စေလွှတ် ခံနေရတာ သိရင်
ပိုတောင် တုန်လှုပ်သွားအုံးမယ် ။
အိမ်နီးနားချင်း နိုင်ငံက
မြန်မာအေးဂျင့်တွေကို မှာချင်တာက
ဆိုရှယ်မှာ မမျှဝေဘဲ မြေပြင်ကနေဘဲ
နှုတ်ဆိတ်စွာ နဲ့ လှုပ်ရှား
အကျိုးဆောင် ပေးစေချင်ပါတယ်။

03/08/2024

🍀..ဒီပုံက နေပြည်တော်က PP ရုံးပါ။
PV တွေကို၂ ရက်နေ့ကစပိတ်ပါတယ်။
🍀..PV ဖြင့်တယ်အလည်ထွတ်မည်ဆိုပါက
အင်မီဂရေးရှင်း ကောင်တာမှာ
Hotel🏨 Booking ပြရပါမည်။

🍀..လေယာဥ်လက်မှတ်
အသွားပြန်ပြရပါမည်။🛫🛫🛫
💰..Show Money ပြရပါမည်။
🍀..ထိုင်း ကို PV ဖြင့်သွားပြီး
ဘတ်ရိုက်မယ့်သူများက
🍀...မှတ်ပုံတင်မူရင်း နဲ့ သန်းခေါင်စာရင်း ယူသွားကြပါ ။
🍀..IPA letter ဖြင့်လည်းထွက်ခွာခွင့်ပိတ်လိုက်ပါပြီ။

26/07/2024
19/07/2024

ဘယ်အရာ ကို ဘဲ လုပ်လုပ်
လောကမှာ အလုပ်တစ်ခုကို
စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။

ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊ လူအထင်ကြီးလောက်အောင် လုပ်ပြစရာ မလိုဘူး။

#အရေးကြီးတာ က
#သူများ #မကောင်း #ကြောင်းတွကို
#အပြစ်တင် ဝေဖန် ပြော မနေဘဲ

#လောကကြီးကို #နာကျည်းနေရင်တောင်

နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အခါ
အနာဂတ်မှာ

အိပ်မက်..လှလှ...တွေနဲ့
ထိုက်တန် တယ်ဆိုတဲ့

သက်သေပြပြီးသား ဖြစ်လာပါလိမ့်မယ်။ ❤️💯

05/07/2024

AYA Visa Card တွေ ငွေချေလို့မရတဲ့ ပြဿနာ
…………………….. …………………….. ………………

💬Facebook Live Chat နဲ့ရော AYA Bank Hotline နဲ့ရော ပြောပြီးတဲ့အခါ အဖြေထွက်လာပါတယ်။

❗️အရင်ကတစ်လကို တစ်ကဒ်လျှင် သိန်း(၅၀) အထိ သုံးလို့ရတာကနေ 3rd July ကစလို့ တစ်ကဒ်က်ို (၂၅)သိန်းအထိပဲ သုံးလို့ရတော့တာကြောင့် Payment တွေ Failed ဖြစ်နေတာပါ။

‼️ကိုယ့်သုံးထားတဲ့ amount ကို တစ်ချက် ပြန်စစ်ကြည့်ကြည့်ကြပါ။

📌သုံးထားတာ ၂၅သိန်းကျော်သွားရင်တော့ ငွေထပ်ချေလို့ရမှာ မဟုတ်တော့ပါ။

❓အကယ်၍ ကိုယ်က ကဒ်ထဲကို သိန်း(၅၀)ထည့်လာပြီး အခု (၂၅)သိန်းပဲ သုံးလို့ရတယ်ဆိုတော့ ကျန်တဲ့ပိုက်ဆံ ဘယ်လိုပြန်ထုတ်မလဲ ?

💸AYA Pay နဲ့ Bank Account နဲ့ ချိတ်ထားတယ်ဆိုရင် နီးစပ်ရာ AYA Bank ကိုသွားပါ။ Card ထဲကနေ Bank Account ထဲကို ပြန်ပြောင်းထည့်ချင်လို့ပါလို့ပြောလိုက်ပါ။ ၃ရက်ကနေ တစ်ပတ်အတွင်း ပြန်ရပါတယ်။
တပြားမှ ပေးစရာမလိုပါ။

🏦Bank Account မရှိဘူး။ မြန်မြန်ပြန်ရချင်တယ်ဆိုရင်တော့ AYA Pay ရဲ့ Cash in from Visa Card function ကနေ ပြန်ထုတ်လို့ရပါတယ်။ ထုတ်တဲ့ amount ရဲ့ 3% ဖြတ်ပါတယ်။
(ဥပမာ -၁၀သိန်းထုတ်ရင် ၃သောင်းဖြတ်ပါတယ်)

⛔️ပိုက်ဆံနှမြောရင်တော့ Bank Account ဖွင့်ပြီး Bank Account ထဲပဲပြန်ထည့်ဖို့ အကြံပေးလိုပါတယ်။

19/06/2024

Pageက​နေဆက်သွယ်လို့မရရင်
Telegram / Tiktok / Viber က​နေ

ဆက်သွယ်လို့ရအောင် 🤍
အကောင့်လေး ဖွင့်ပေး ထားပါ့မယ် 😊

Telegram -

Tiktok -

Viber -

Link တွေ က နောက်မှ လာပေးမယ်နော် ။
ကိုယ်စား ဖွင့်ပေး မယ့်သူရှိရင် လည်း
ဖွင့်ပေးထားတာပါ ။ Link ထဲ လာခဲ့ပါ့မယ်
🏠

09/06/2024

စာအုပ်အသစ်လျှောက် သူတွေကိုဘဲ
PV ပေးပါတော့မယ် ။
သက်တမ်းကျန်သေးတဲ့ စာအုပ်တွေဆို
pvမပြောင်းပေးတော့ဘူးတဲ့ ။
PJ ကနေ PV ချိန်းဖို့ QR ရထားသူတွေ
ပိုက်ဆံ ပလုံပါ ။

06/06/2024

6.6.2024
ကြာသပတေးနေ့🎉🎈
ယနေ့မှအစ ပြည်တွင်း.....ပြည်ပ
၇ရက် သားသမီး များ အားလုံး
သောကအပူ၊မြူမျှမတွေ့၊😊
သာယာချမ်းမြေ့ကြပါစေ။🙏
Kpay ကို ATM နဲ့ ထုတ်လို့ရတာ
ဒီနေ့မှ သိရပြီး ..% မပေးခဲ့ရလို့.
ပျော်နေသော ကျမ😍😍

04/05/2024

သြော်..... 8 လပိုင်း ကတည်းက
အားလုံးကို အသိပေး ခဲ့တာ
ကျမ ကြို ပြောခဲ့သမျှ
တစ်ကယ် ဖြစ်လာ ပြီပေါ့ ။

30/04/2024

မောင်ရဲထက် မေးထားတာလေးကို
RP ပြန်တာ photo CM မရ လို့
ပို့စ်တင်ပြီးဖြေ ပေးလိုက်ပါတယ် ။
လက်ရှိ အခြေနေ က
ရှေးခေတ်ကလို
စာအုပ်လေးရ
လေယာဥ်လက်မှတ်လေးဝယ်
ဗီဇာ ကျတာနဲ့ ပြည်ပ ထွက်လို့ရတဲ့
ခေတ် မဟုတ်တော့ဘူး။
တစ်နှစ်စာ ကြိုတင်
အခွန် အရင်ဆောင်ဖို့ လုပ်ဆောင်ပါ။
PJ. ကိုင်ထားရင် အောက်ဖော်ပြပါ
အချက် ( 8)အရင်လုပ်ဆောင်ရပါမယ် ။

29/04/2024

မြန်မာပြည်မှာ လက်ရှိ
TRENDS အဖြစ်ဆုံး☀☀☀
EPC ကြောင့်လည်း 💡💡💡
ခန္တီပါရမီ တော်တော်ရှိနေပါပြီ ။
ကာစတန်မာ👥👥👥
(...ဆိုးတာ... )လောက်တော့
စာဖွဲ့မနေတော့ပါဘူး☹️

28/04/2024

Smart (UID) မပါရင်
Passport မထုတ်ပေးဘူးဆိုပြီး
ကြော်ငြာချက်ရှိပါတယ် ။
မန္တလေး က လိုတယ်။
UID ကမန်းလေးကလူ
စစ်ကိုင်းမှာလုပ်လည်းရ။
ရန်ကုန်က မန်းလေးလုပ်‌လည်းရ။
မှတ်ပုံတင် မူရင်းပါရင်ရပါပီ။
မိမိရောက်ချင်တဲ့နေရာရောက်
လဝက ရုံးမှာ စမတ်ကဒ် ကို
နယ် ကျော်လုပ်လို့ရပါတယ်။
အချက်အလက်တွေ မှန်နေရင်ပေါ့
အချက်အလက်တွေ မှားရင်တော့
ကိုယ့်မှတ်ပုံတင်လုပ်ထားတဲ့
ရုံးမှာ သွားပြန်ပြင်ပေးရတယ်။
ကိုယ့်မြို့နယ်ရုံး လုပ်ရင် တော့
အမှားပြင်ရလွယ်တယ်။
ချက်ချင်းပြင်လို့ရ။ခဏ္ဍလေးနဲ့ စမတ်ကဒ်ထွက်အဆင်ပြေသွားမယ်။

24/04/2024

မြန်မာနိုင်ငံမှာ💥
ကုမ္ပဏီ ဝန်ထမ်းလစာ
အနိမ့်ဆုံး တစ်ခ ၄ သိနိးက စပြီး💥

💥တစ်နှစ်ဝင်ငွေ ၄၈သိန်းနှင့်အထက်ဆို
(..ဝင်ငွေခွန်...)စတင်​ဆောင်ရပါမယ်။💸
👥..အတူနေ မိဘ ၂ ပါး
👥...ယောက္ခမ ၂ပါး ရှိရင်
ဦးရေအလိုက် လျော့တယ်။
💥အပျိုကြီး လူပျိုကြီး ဆိုရင်
အခွန်ဆောင်ရတာ များပါတယ်။💥
ဝင်ငွေခွန်ဆောင်ရင်🌟🌟🌟
ဘာအကျိုးခံစားခွင့်ရှိလဲ လို့မေးရင်..📌
အိမ် ကား ခြံလိုပစ္စည်းမျိုးဝယ်ရင်
အခွန်ပြန်ဆောင်ရတဲ့အခါ

ကိုယ်ဝယ်ထားတဲ့ငွေက လစာရထားတဲ့ ဝင်ငွေခွန်ဆောင်ထားပြီး🔔🔔🔔
ငွေဖြူဖြစ်ကြောင်းပြရင်း
ခုနှိမ်လို့ရပါတယ်။🖍🖍🖍
၄၈သိန်း အောက်ရလို့ အခွန်မဆောင်ရသူကရော ပုံမှန်လစာ ငွေဖြူ ဖြစ်လားဆိုရင်
ဖြစ်ပါတယ် ..🖌😊..အဲဒီအတွက်
အ​ထောက်အထားကို သက်ဆိုင်ရာ
လုပ်ငန်းရှင်
HR ​​တွေက​နေတဆင့်
အခွန်ရုံးက​နေ ချလံ​တောင်းရပါမယ် ။

အဲဒါ​တွေပြပြီး ​ငွေဖြူလုပ်လို့ရပါတယ်။ အဲဒီလိုမှမဟုတ်ရင် အခွန်ရုံးမှာ ကိုယ်တိုင်သွား​တောင်းလို့လည်း ရပါတယ် ။
သို့သော်လည်း 🖌🖌🖌

အခြေခံ ကင်းလွတ်ခွင့်
20%၊ အိမ်ထောက်ဖက် အတွက် ကင်းလွတ်ခွင့်

💥အတူနေမိဘအတွက် ကင်းလွတ်ခွင့်
💥 18နှစ်အောက် ခလေး အတွက် ကင်းလွတ်ခွင့်တွေရှိပါတယ် ။
အဲ့ဒီ ကင်းလွတ်ခွင့်တွေထဲ
ကိုယ် ပါရင်တော့ 48သိန်းသမားက
မဆောင် ရဖို့များပါတယ်။♦♦♦♦
နှစ်တစ်နှစ်အတွင်း စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ 📌
သက်သာခွင့်များကိုနုတ်ပယ်ပြီးနောက် ကျန်ငွေအပေါ် အောက်ပါ ဝင်ငွေအလွှာလိုက်နှုန်းထားအတိုင်း
ဝင်ငွေခွန်ကျသင့်ပါမည်။

🖍၂၀၁၈ ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက် ဥပဒေပုဒ်မ၁၉ (ဂ)🖍

စည်းကြပ်ရန် ဝင်ငွေအလွှာ စည်းကြပ်ရန် ဝင်ငွေနှုန်း
စဉ် မှ ထိ
ကျပ် ကျပ်
(၁) ၁ ၂၀၀၀၀၀၀ ၀ ရာခိုင်နှုန်း
(၂) ၂၀၀၀၀၀၁ ၅၀၀၀၀၀၀ ၅ ရာခိုင်နှုန်း
(၃) ၅၀၀၀၀၀၁ ၁၀၀၀၀၀၀၀ ၁၀ ရာခိုင်နှုန်း
(၄) ၁၀၀၀၀၀၀၁ ၂၀၀၀၀၀၀၀ ၁၅ ရာခိုင်နှုန်း
(၅) ၂၀၀၀၀၀၀၁ ၃၀၀၀၀၀၀၀ ၂၀ ရာခိုင်နှုန်း
(၆) ၃၀၀၀၀၀၀၁ နှင့်အထက် ၂၅ ရာခိုင်နှုန်း

22/04/2024

💥ဒီနေ့ ကစပြီး ပတ်စပို့စ် ရုံး
ပြန်ဖွင့်တာနဲ့passportလုပ်မယ့်သူများ
💥UID (စမတ်ကတ်)
မဖြစ်မနေလိုပါတယ် 💥

💥မရှိရင်passportထုတ်မရပါလို့
ကြော်ငြာထားပါတယ်။💥

17/04/2024

💦💦💦💦💦💦💦💦💦💦
မြန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနှစ်၏
နှစ်သစ်ကူး သင်္ကြန်အခါသမယလေးမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး👥👤
ဘေးအန္တရာယ်ကင်း၍
စိတ်နှလုံးအေးချမ်းပြီး 💦
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍
စိတ်၏ချမ်းသာခြင်း🌿
ကိုယ်၏ကျန်းမာခြင်း💉💊
ဘေးရန်အပေါင်းကင်းဝေးခြင်း
စီးပွားရေးများတိုးတက်ခြင်း💸💸
အစစအရာရာ အဆင်ပြေကြပါစေလို့
PHYO PHYO Enterprise Travel & Tours မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏

09/04/2024

💥💥💥💥💥💥💥💥💥
"အခွန်ဆောင်"ရတဲ့ကိစ္စပါ။
ပြည်ပရောက်နေသူများက
🌀သံရုံးမှာ အခွန်ဆောင်ပြီးမှ
မြန်မာပြည် ပြန်လာကြတာ
အကောင်းဆုံးပါဘဲ ။🔔🔔🔔
♦♦အခု တစ်နှစ်စာအခွန် ကြိုကောက်
အစီစဥ်ဖြစ်သွားပါပြီ ။♦♦
အရင်က ၆ လစာဘဲ အခွန်ဆောင်ရတာပါ။
🌀မြန်မာပြည်ရောက်မှ အခွန်ဆောင်ရင်
ရုံးမှာ ဖောင်တင်ဖို့ မီးစက်နဲ့
မိတ္တူဆွဲ ခ ပေးရတာနဲ့ တင်
၂ သောင်းကျော်ကျတယ် ။💫💫💫
🌀စာအုပ်ထဲက (စည်းတံဆိပ်တုံး)တွေရော
အရှေ့ မျက်နှာစာ ကာလာနဲ့
မိတ္တူ ပေးရတာမို့ပါ ။
🌀စည်းတံဆိပ် တုံး စာအုပ်ထဲ
မများတဲ့ သူတွေ အတွက်ကတော့
မိတ္တူ ခ သက်သာပါတယ်။
🌀သဘေ်ာသား တွေဆိုလည်း နိုင်ငံအဝင်အထွက်များတော့ သူတို့လည်း
မိတ္တူ စာရွက် ပေးရတာ အထပ်လိုက်ပါဘဲ ။
🌀 PJ (passport for job)ကိုင်ထားရင်
ပြည်ပထွက်ထားထားမထွက်ထားထားဆောင်ရပါတယ်နော်။
🌀PV သမားက အခွန်မဆောင်ရပါဘူး။
🌀အခွန်ကနိုင်ငံအလိုက်စျေးကွာတာမို့လို့
သံရုံးမှာလို တစ်နေ့ထဲမပြီးပါဘူး။
🌀အရမ်းတွေလွယ်တာကို..ခက်ခဲအောင်...သူတို့ဆီမှာဖောင်တင်ထားပြီး
ရက်ချိန်း ထပ်ပေးပါတယ် ။
🌀အခွန် ဘယ်လောက်ကျပါသလဲဆိုတာကို
တွက်ချက်တာက တစ်ပတ်စောင့်ရပါတယ်။
🌀..ချိန်းထားတဲ့ရက်ပြည့် ပြန်ရင်
မြန်မာ့စီးပွားရေး ဘဏ္ဍ်မှာ ငွေသွားသွင်း
ချလံရ နောက်တစ်ပတ် ထပ်ချိန်းနဲ့
၂ ပတ်လောက်က အချိန်ကုန်သွားပြီ။😞
🌀ရုံးတွေမှာ ဦးစီးမှူးရောက်လာတာက
၁၀ နာရီ သူရောက်လာမှ
ဖောင်တင်တာနဲ့ ချလံ ကိစ္စ လုပ်ရမည့်
🔥🔥 လူတွေက မနက် ၈ နာရီ လောက်ကတည်းက တန်းစီ စောင့်နေရတာပါ ။
🌀လူဘယ်လောက်များများ
နေ့လည် ၂ နာရီဆို ပိတ်ပြီပါပြီ။ 😌😌
🌀တိုးရင်းဝှေ့ရင်း နေဘယ်လောက်ပူပူ
ထိုင်စရာမရှိ ရုံးတွေ မီးမလာ🔥😢
🌀ရုံးတွေက မှောင်မဲ စုတ်ချာ နေတော့
လူအုပ်ကြောင့်..အဆောက်ဦးပြိုကျရင်
ပြည်သူတွေက ပြန်လျော်ပေးခဲ့ရမယ့်
အနေထားရှိတယ်။💥💥💥
အခွန်တင်ဖို့က☀☀☀☀
အိမ်ထောင်စု မူရင်း /မိတ္တူ
မှတ်ပုံတင် မူရင်း /မိတ္တူ
ပတ်စပို့စ် မူရင်း/ မိတ္တူ
ရပ်ကွက်က ထေက်ခံစာ
OWIC
🌀..မူရင်းတွေကခနပဲတိုက်စစ်ပြီး
ပြန်ပေးပါတယ် ။
🌀အဲဒီအချိန် ကိုယ်က passport ရုံးမှာလုပ်စရာရှိတာသွားလုပ်ထားလို့ရပါတယ် ။
၁။လဝကစစ်
၂။EID စစ် ( smart card UID)လိုလာပါပြီ
၃။ဓါတ်ပုံရိုက် ရပါတယ်။

အဲ့အဆင့်တွေပြီးသွားရင်တော့ ✨✨✨
🌀..လ၀ကက စစ်ထားတဲ့မိတ္ထူတွေရယ် ၊Qrရယ်၊ကိုယ်ရေးအချက်အလက်ဖြည့်ထားတဲ့formရယ်၊pjသက်တမ်းတိုး သို့
🌀PJလုပ်မယ့်သူတွေဆို Labour card၊

🌀Pjကိုင်ထားတဲ့သူတွေက
အခွန်စာရွက်မူရင်းနဲ့မိတ္ထူ၊

🌀အိမ်ထောင်စုပြောင်းတာ
မကြာသေးတဲ့သူတွေကရဲစခန်းထောက်ခံစာ
🌀ရပ်ကွက်ထောက်ခံစာ၊ဓာတ်ပုံpassport

🌀 အဲ့တာတွေတင်/ထပ်စစ်ပြီးမှန်ရင်
လက်ဗွေနှိပ်၊လက်မှတ်ထိုး

ပြီးရင်တော့ စလစ်စောင့်လို့ရပါပြီ ။
🌀..မူရင်းမိတ္ထူ ရှိသမျှလိုသမျှစာရွက်တွေအကုန်မိတ္ထူဆွဲထားပါ ။
🌀စာရွက်မပြည့်စုံပါက
အလှည့်ကျော်သွားနိုင်ပါတယ်။
🌀ကိုယ်ရေးအချက်အလက်ကိုလည်းပြည့်ပြည့်စုံစုံဖြည့်သွားပါ ။

🌀သူတို့မေးတာနဲ့ကိုယ်ဖြေတာ
လွဲရင်ပြန်ပြင်ရနိုင်ပါတယ် ။
🌀passportအသစ်/PVသမားတွေကအလုပ်သိပ်မရှူပ်ပေမယ့်
🌀PJ,PSကိုင်ထားတဲ့သူတွေက
အခွန်ကိစ္စလေးတွေရှိပါတယ်နော် ။
🌀online bookingဖြစ်သွားတဲ့အတွက်
အမြန်လုပ်လို့သိပ်မရတော့ပါ ။
🌀ရန်ကုန်မှာပတ်စပို့စ်ရုံးမှာတော့
သက်ဆိုင်ရာ ကောင်တာတွေမှာ
ရေသန့်ဗူးလေးတွေ အလကား တိုက်ပါတယ် ။❤❤

01/04/2024

Smart Card က ဘာအတွက်လုပ်နေရတာလဲလို့မေးရင် လူကြီး လူငယ်မရွေး♦♦

ကိုဗစ်ဆေးစာရွက်လို
မရှိ မဖြစ် လိုအပ်တယ်လို့
အလွယ်မှတ်ထားပေး♦

E-id or Smard Card သွားလုပ်ရင်
ဘာတွေလိုအပ်လည်းဆိုတော့💠💠💠
မိမိ နေထိုင်ရာ နီးစပ်ရာ လ ဝ က ရုံးမှာ
💠မှတ်ပုံတင်မူရင်း၊ မိတ္တူ
💠 သန်းခေါင်စာရင်း မိတ္တူလေး
လိုလိုမယ်မယ်ယူသွားပါ ။
💠နိုင်ငံတော်က ( အခမဲ့)
လုပ်ဆောင်ပေးတယ်ဆိုပေမယ့်
💠တစ်ချို့ လဝက ရုံးတွေက
သူတို့ ရုံးစည်းတံဆိပ်တုံး အပါ
💠ဖောင်တစ်စောင်ကို ငါးရာကျပ် နဲ့
ရောင်းပါတယ်။
💠 ဗဟန်း လဝက ရုံးဆိုလျှင်
အလှူငွေ ၃ ထောင်ကျပ် ပေးရပါမယ်
ပလစတစ်လောင်းခ ၅ရာကျပ်
💠၄ ထောင်လောက်ကုန်ပါမယ်။
💠သွားခ လာခ မနက်စာ အအေး
ထမင်းဖိုး ရေသန့် ကော်ဖီ ဖိုးတွေက
ကိုယ့်ဘာသာ အပိုငွေဆောင်သွားပါ ။
💠 ပိုက်ဆံ လုံးဝ မတတ်နိုင်တဲ့
အခြေခံ လူတွေ အတွက်
💠 ရပ်ကွက် တိုင်းရဲ့ ဓမ္မာရုံတွေမှာ
(အခမဲ့ ဝန်ဆောင်) မှု့တွေပေးပါတယ်။
အဓိက မှာချင်တာက
💠ရုံးကရောင်းတဲ့...သူတို့ဆီက
ဖောင်လေးကို
မှန်အောင်ဖြည့်ပေးပါ။
💠နာမည် ဖြည့်ရာတွင် ​မှတ်ပုံထဲက
မြန်မာလို စာလုံးပေါင်း နာမည် နှင့်
💠အဂ်လိပ်လိုနာမည်ရေးပေးပါရန်
ပတ်စပို့စ်လုပ်ထားလျှင်

💠 ပတ်စပို့စ် ရုံးက ရေးပေးလိုက်တဲ့
စာအုပ်ထဲက အဂ်လိပ်စာလုံးပေါင်း
နာမည်အတိုင်းရေးပေးပါရန်

♦မိမိ နာမည် စာလုံးပေါင်း
မှားနေလည်းအမှားအတိုင်းရေးပါ ။
ဥပမာ မိမိ နာမည် ( စုစု )ကို

♦ပတ်စပို့စ် စာအုပ်ထဲမှာ
(Hsu Hsu) လို့ ပေါင်းပေးထားရင်
အာ့လိုသာရေးပါ။
♦ငါ့နာမည်စာလုံးပေါင်း♦
အမှန်က (Su Su) ဆိုပြီး
အမှန်ကိုပြင်မရေးပါနှင့်🚫
💠လိပ်စာထည့်ရာတွင် မိမိ
မှတ်ပုံတင် ကဒ် နောက်ကျောက
လိပ်စာအတိုင်း ဖောင်မှာ ဖြည့်ရေးပါ။

💠 လက်ရှိ နေရပ် လိပ်စာရေးရန်မလိုအပ်ပါ
ဘာလို့လဲဆိုတော့
💠လဝက ရုံးတွေက မိမိနေရပ်ဇာတိက
လဝက ရုံးတေံကို လှမ်းချိတ်
ဆာဗာ စစ်လို့ လွဲရင်
💠smardcard မထုတ်ပေးပါဘူး။
အစကနေပြန်လုပ်ရပါမယ်။
အချိန်ကုန် လူပင်ပန်း ရှုပ်ထွေးကုန်ပါမယ်။
💠..ကဒ်မှာ ဓာတ်ပုံ နဲ့ ထွက်မှာမို့
ကွန်ပြူတာ အရှေ့ကိုရောက်လျှင်🖥🖥
📸📸ကင်မရာကို စူးရှစွာနဲ့
တည့်တည့်ကြည့်ပါ..
ပုံထဲမှာ
မျက်လုံးတွေ စွေစောင်းမထွက်လာဖို့ပါ ။😔
ပြီးလျှင်
ဘယ်ဘက် လက် ၄ ချောင်း✋
လက်ဗွေ Scan နှိပ်ပါ
ညာဘက် လက် ၄ ချောင်း🤚
လက်ဗွေ Scan နှိပ်
ဘယ်ညာ လက်မ ၂ ချောင်း
Scan နှိပ်ပါ။👍
Eye Scan ဖတ်ဖို့ အတွက် လေးထောင့်စက် အမဲ အသေးလေးကို လက် နှစ်ဖက်နဲ့ကိုင်ပြီး
မှန်ဘီလူးကြည့်သလို အနီးကပ် မျက်လုံးနဲ့ကြည့်လိုက်ပါ။📹📹🎥📼
♦..သနပ်ခါး လိမ်းထားရင်ဖျက်ပါ
♦..မိတ်ကပ်လည်းမလိမ်းသွားပါနှင့်
😰...ချွေးတွေ နဲ့ ရာသီဥတုက ပူတာနဲ့
🤡...မိမိက လှနေလည်း
အဖြူအမဲကာလာဘဲထွက်လာမှာမို့ပါ။
♦..တစ်ချို့ လဝက တွေက တစ်နေ့ကို
အယောက် 70 ဘဲ လုပ်ပေးတာမို့
မနက် ၄ နာရီထဲက သွားတန်းစီကြရပါတယ်။
♦ တာမွေရုံး ကဆို
မနက် ၉ နာရီ ဖောင်ရောင်း
၁၀ နာရီဆို ကုန်သွားပါပြီ။
♦..စမ်းချောင်း လဝက ရုံးဘက်မှာလည်း
လူတွေများလို့အဆင်မပြေ ပြန်ဘူး ။
♦..အဆင်မပြေမှု့တွေ များ လာတော့
ပွဲစားတွေ ပေါ်ပေါက်လာပါတယ်။
♦..စျေးနှုန်း တွေက တစ်သောင်းခွဲကနေ
၄ သောင်းခွဲအထိ ယူနေကြပါတယ် ။
♦..Smard card လုပ်ရင် မခက်ခဲပါဘူး။
♦...မှတ်ပုံတင်မူရင်းတွေလည်း
♦..လဝက..ပြန်မသိမ်းပါဘူး။
♦..ယခုယာယီထုတ်ပေးလိုက်တဲ့
အဖြူမဲ စာရွက်ကို
နောက်ပိုင်းကျရင် Digital card နဲ့
ပြန်လဲပေးမှာပါ ။
♦..မှတ်ပုံတင်ကဒ်တွေက အတုလုပ်လို့မရ
လေဆာနဲ့ စစ်လို့ရသွားမည့်သဘောပေါ့။
♦..အခု လေဆိပ်မှာ မှတ်ပုံတင်ကဒ်ပါ
scan ဖတ်စစ်ဆေးနေပါပြီ။♦

Photos from PHYO PHYO Enterprise Travel & Tours's post 20/03/2024

သကြင်္န်အပြီး ( 22.4.2024 )ရက်ကစ၍
Passport လုပ်မယ့်သူတွေ
( သက်တမ်းတိုး အသစ် အကုန်ပါ)
နိုင်ငံခြားကနေ အလည်ပြန်လာသူများလည်း လုပ်ဆောင်ရမှာပါ ။
UID ခေါ် Smart Card လိုတယ်လို့
ရုံးက website ကနေ
ကြော်ငြာ ထုတ်ပြန်ထားပါတယ် ။

ကိုယ့်မြို့နယ် လဝက မှာလုပ်ရမှာပါ။
ရပ်ဝေးရောက်နေလို့ဆိုပြီး
မိသားစုဝင်တွေကို လုပ်ခိုင်းလို့မရပါ ။
ကိုယ်စားလှယ်မရပါ
မျက်ကြည်လွှာ ဖတ်
လက်ဗွေနှိပ်
ဓါတ်ပုံရိုက်...ရတော့
ကိုယ်တိုင်လုပ်မှ ရမှာပါ။
UID Card ကြိုတင်ပြင်ဆင်လုပ်ထားကြပါ။⬇️⬇️

09/03/2024

ပြည်တွင်းလေကြောင်း လိုင်းများမှ

အောက်ပါ route တွေကို
name change ခွင့်မပေးတော့ပါဘူးနော်။

MNA လေကြောင်းလိုင်း

(1) Yangon –Kawthaung –Yangon
(2) Yangon – Kalemyo – Yangon
(3) Mandalay – Kalemyo – Mandalay
(4) Kalemyo – Monywa – Kalemyo
(5) Mandalay – Khamti – Mandalay
(6) Khamti – Monywa – Khamti
(7) Monywa – Hommalinn – Monywa
(8) Mandalay – Hommalinn – Mandalay
(9) Mandalay – Myitkyina – Mandalay
(10) Bhamo – Myitkyina – Bhamo
(11) Mandalay – Bhamo – Mandalay
(12) Yangon – Myitkyina –Yangon
(13) Myitkyina – Putao – Myitkyina
(14) Yangon – Sittwe –Yangon
-----------------------------------------------------------------
Air Thanlwin

Air Thanlwin ရဲ့ name change policy ပါ။
Tachileik အဝင်အထွက ််ခရီးစဉ်များ
Yangon-Tachileik-Yangon
mandalay-Tachileik-Tachileik

Name change( နာမည်ပြောင်း) လုံးဝပေးမပြောင်းတော့ပါဖူးနော်
တစ်ခြား sector တွေကတော့ change fees ယူပြီး တစ်ခါပေးပြောင်းပါတယ်
-----------------------------------------------------------------
AKBZ(Mingalar Airline )

AIR KBZ airline (Mingalar Airline ) မှ ပြည်တွင်းခရီးစဉ် များအားလုံးအတွက်
10-JAN-24 မှစ၍ ဖြတ်သောလက်မှတ်များအား
Namechange( နာမည်ပြောင်း)၍
မရတော့ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။
Spelling change သာရပါမယ်ရှင့်။
-----------------------------------------------------------------
MYP

မန်းရတနာပုံလေကြောင်းလိုင်းက 1-Feb-2024 မစပြီးလက်မှတ်ဖြတ်ပြီးရင် နာမည်ပေးမပြောင်းတော့ပါဖူးရှင်။
cancel လုပ်ပီး refund (or) cancel လုပ်လိုက်လို့ထွက်လာတဲ့ခုံကိုပြန်ယူလို့ရပါတယ်ရှင့်။

05/03/2024

လေကြောင်းလိုင်း လောက က ပျက်စီးနေတာကြာပြီ။
စီးပွားရေးအရဆို မလုပ်သင့်တော့ဘူး။
လေယာဥ်ရုံးတွေကို စိုးမိုးထားတဲ့ ဂိုဏ်းချုပ်အကြီးစား
အေးဂျင့်တစ်ခုရှိတယ် ။ သူဘဲ စိုးမိုးထားတာ ။
ပြည်တွင်း လေယာဥ်လက်မှတ် စျေးတွေက....
လေယာဥ်လက်မှတ်ရောင်းလာတဲ့ သက်တမ်းတစ်လျှောက်
မမြင်ဘူး မကြားဘူးတဲ့ စျေးနှုန်းတွေ ဖြစ်ကုန်လာတာ
ရင်တုန်ကြမှာစိုးလို့ မပြောပြတာ
အရင်လို စျေးတန်တန် နဲ့ လက်မှတ်တွေရနေမှာလို့
ကာစတန်မာ တွေကို....အတွေးမဝင်စေချင်တော့ဘူး။
စစ်ဘေးရှောင် သမားတွေ ပြည်တွင်း လေယာဥ်စီးရင်
ပတ်စပို့စ်ကိုင်
ဒေါ်လာ နဲ့ ဝယ်မစီးရတာကိုဘဲ ကျေးဇူးပြန်တင်နေရတယ်။
အခုဖြစ်နေတာက....
ဘာလေယာဥ် အမျိုးအစား နဲ့ဘဲ လက်မှတ်ဖြတ်ဖြတ်
လေဆိပ်မှာ ရောက်လာတဲ့ လေယာဥ်နဲ့ ခရီးသည် တွေကို
လုံးပေါင်းတင်ချလိုက်တာပါဘဲ ။

Photos from PHYO PHYO Enterprise Travel & Tours's post 05/03/2024

ရန်ကုန်...ထိုင်းသံရုံးမှာ ဗီဇာ လိုချင်သောမိတ်ဆွေများ
အွန်လိုင်း က​နေ appointment ယူလို့ရပါတယ်။

Appointment ယူရန် လင့်ခ် 👇👇👇
https://www.thaiconsularyangon.com/visa

Videos (show all)

လေယာဥ်တစ်တန်ကားတစ်တန်စက်လှေ တစ်တန်ဖြင့်ဘုရားဖူး 😊
8.8.2024🍀🍀🍀
မေးပေးအုံး 😍💖
ကျမကိုယ်တွေ့ ကံကောင်း၊လာဘ်ရွှင် ၊ငွေအမြဲဝင်သောနည်းလမ်း- မလိမ်နဲ့-မညာနဲ့-မငြီးညူနဲ့-နေရာတကာကပ်သပ်တွက်ချက် တစ်ပြားကို နှစ်...
Express ကားဘီးလဲနေချိန်ကားအသေး မောင်းသူကျမက မီးထိုး ပေးထားတာ.ပြည်တော်ပြန်တွေ ကို ကိုယ်တိုင်လိုက် စောင့်ရှောက် တာဝန်ယူ
မြန်မာနိုင်ငံမှာ💥 ကုမ္ပဏီ ဝန်ထမ်းလစာ အနိမ့်ဆုံး တစ်ခ ၄ သိနိးက စပြီး💥💥တစ်နှစ်ဝင်ငွေ ၄၈သိန်းနှင့်အထက်ဆို (..ဝင်ငွေခွန်...)...
💦💦💦💦💦💦💦💦💦💦မြန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနှစ်၏ နှစ်သစ်ကူး သင်္ကြန်အခါသမယလေးမှာ.မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး👥👤.ဘေးအန္တရာယ်...
💥💥💥💥💥💥💥💥💥"အခွန်ဆောင်"ရတဲ့ကိစ္စပါ။ပြည်ပရောက်နေသူများက.🌀သံရုံးမှာ အခွန်ဆောင်ပြီးမှမြန်မာပြည် ပြန်လာကြတာ အကောင်းဆုံးပါဘဲ ။🔔...
Smart Card က ဘာအတွက်လုပ်နေရတာလဲလို့မေးရင် လူကြီး လူငယ်မရွေး♦♦ကိုဗစ်ဆေးစာရွက်လိုမရှိ မဖြစ် လိုအပ်တယ်လို့ အလွယ်မှတ်ထားပေး♦...
ငိုမနေပါရစေနဲ့... ဒီဝဠ်ကြွေးတွေထဲ 🎵🎵🎵

Telephone

Website